Sunday, August 12, 2012
လူ့သမိုင်းအကြို သတ္တဝါ တစ်မျိုး၏ ရုပ်ကြွင်းတွေ့ရှိ
နိုင်ငံတကာမှ သုတေသန ပညာရှင်များ ပါဝင်သည့် အဖွဲ့ တစ်ခုမှာ လူ့သမိုင်း အကြို သတ္တဝါ မျိုးစိတ် ၂ မျိုးတို့မှာ အာဖရိက တိုက်တွင် လွန်ခဲ့သည့်နှစ် ၂ သန်းခန့်က နေထိုင်ခဲ့ကြသည်ကို တွေ့ရှိခဲ့ပြီ ဖြစ်သည်။ အမေရိကန် ၊ ဂျာမန်နှင့် ဗြိတိန် နိုင်ငံသား လူသားဆင့် ကဲ ပြောင်းလဲ ဖြစ် တည်မှု ဗေဒပညာရှင်များမှ ယခုလို တွေ့ရှိ ခဲ့ခြင်း ဖြစ်ကာ ဗုဒ္ဓဟူး နေ့က ဗြိတိန် သိပ္ပံ မဂ္ဂဇင်း ဖြစ်သည့် Nature တွင် ရေး သား ဖော်ပြခဲ့သည်။
