Sunday, March 31, 2013

သမ္မတ ဦးသိန်းစိန် မတ်လ (၃၁)ရက်နေ့ ရေဒီယိုမိန့်ခွန်း ကောက်နှုတ်ချက် (၅)

"ပဉ္စမ အချက်ကတော့ တိုင်းပြည်တည်ငြိမ်အေးချမ်းရေးနဲ့ ဥပဒစိုးမိုးရေးပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ ရဟန်း ရှင်လူ ပြည်သူအများစုဟာ တည်ငြိမ်အေးချမ်းတဲ့ တိုင်းပြည် တရားဥပဒေစိုးမိုးတဲ့ တိုင်းပြည်ဖြစ်ဖို့ အလွန် လိုလားကြားပါတယ် တည်ငြိမ်းအေးချမ်းမှုမရှိခဲ့လို့ ဖွံ့ဖြိုးတိုးတက်မှု နောက်ကျကျန်ရစ်ခဲ့ရတာ ကိုအားလုံး ကြုံတွေ့ခဲ့ရပြီးဖြစ်ပါတယ်။

တိုင်းပြည်စီးပွားရေးဖွံ့ဖြိုးအောင်၊ တိုင်းပြည်တည်ငြိမ်းအေးချမ်းမှုရှိအောင် ၀ိုင်းဝန်းကူညီဆောင်ရွက်ပေးကြဖို့ကိုလည်း သမ္မတဦးသိန်းစိန်က မတ်လ ၃၁ရက် ရေဒီယို မိန့်ခွန်းမှာ မေတ္တာရပ်ခံ

"တတိယအချက်ကတော့ တိုင်းပြည်စီးပွားရေး ဖွံ့ဖြိုးတိုးတက်အောင် ၀ိုင်းဝန်းကူညီ ပေးကြဖို့ ဖြစ်ပါ တယ်။ ရေမြင့်ရင် ကြာတင့်တယ်ဆိုသလို တိုင်းပြည်ရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်သလောက် ပြည်သူများရဲ့ လူမှု စီးပွားဘ၀ဟာ လည်း မြင့်မားလာ မှာ ဖြစ်ပါတယ်။

ဧပြီလမှစ ကျပ်ငွေ၂သောင်း ၀န်ထမ်းလစာတိုးမည်ဟု သမ္မတ ဦးသိန်းစိန်က မတ်လ ၃၁ရက် ရေဒီယိုမိန့်ခွန်းမှာ ထည့်သွင်းပြောကြား

"ဒုတိယ အချက်အနေနဲ့ ၀န်ထမ်းများရဲ့ လစာနဲ့ ထောက်ပံ့ကြေး ကိစ္စဖြစ်ပါတယ်။ အဆိုပါကိစ္စနဲ့ ပတ်သက်ပြီး တိုင်းပြည်ရဲ့ စီးပွားရေးအခြေအနေ ရငွေသုံးဆွဲရသည့် ဘတ်ဂျတ်ပေါ်မှာတွက်ချက်ပြီး အခါအားလျော်စွာ တိုးမြင့်ထောက်ပံ့ပေး သွားမှာ ဖြစ်ကြောင်း ကျွန်တော်ပြောကြားခဲ့ပြီး ဖြစ်ပါတယ်။

ပြည်ပရောက် မြန်မာလုပ်သားများ ထိရောက်သည့် အကာအကွယ်ပေးရန်လို

Photo: ပြည်ပရောက် မြန်မာလုပ်သားများ ထိရောက်သည့် အကာအကွယ်ပေးရန်လို
Sunday, March 31, 2013

အလုပ်အကိုင် ရှားပါးမှုကြောင့် ပြည်ပနိုင်ငံများသို့ သွားရောက် အလုပ်လုပ်
ကိုင်ကြသူများနှင့် ပြည်တွင်း လုပ်ကိုင်သူများအား အလုပ်သမား ရေးရာ ဝန်ကြီးဌာနအပါအဝင် သက်ဆိုင်ရာဌာနများမှ ထိရောက်သည့် အကာအ
ကွယ်ပေးရန်လိုအပ်ပြီး ဂျော်ဒန်နိုင်ငံတွင် သွားရောက် အလုပ် လုပ်ကိုင်နေ
သူများ၏ ဖြစ်ရပ်မှအဓိက သာဓက တစ်ခုဖြစ်ခဲ့ကြောင်း ၈၈မျိုးဆက် ကျောင်း
သားများ အဖွဲ့မှ မသက်သက်အောင်က ပြော ကြားသည်။

ဂျော်ဒန်နိုင်ငံတွင် သွားရောက် အလုပ်လုပ်ကိုင်နေသူများမှ လုပ်ခလစာ
နည်းပါးခြင်း၊ လူမျိုးအဆင့်အတန်း ခွဲခြားဆက်ဆံခြင်း၊ အစားအဟာရ နည်းပါးခြင်းစသည်တို့ကြောင့် တစ်လခွဲကျော်ကြာ ဆန္ဒပြတောင်းဆို
ခဲ့ကြသော်လည်း တစုံတရာ တုံ့ပြန်မှုမရှိသည့်အပြင် အမျိုးသမီးအဆောင် များပေါ်တွင် တက်ရောက်၍ အတင်းအကျပ် အကြမ်းဖက်ရိုက်နှက်မှုများ
ထိ ပြုလုပ်ခဲ့မှုများကြောင့် ဆက်လက် အလုပ်လုပ်ကိုင်ခြင်း မပြုတော့ ဘဲ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာသော အလုပ်သမားများ၏ ၎င်းတို့ကြုံတွေ့ခဲ့ရသည့် အခက်အခဲများအား ရှင်းလင်းမှုပြု လုပ်စဉ် ပြော ကြားခဲ့ခြင်းဖြစ်သည်။

“အရင်ဆုံး ကာကွယ်ရမယ်၊ ပညာပေးရမယ်၊ သွားတဲ့သူတွေကတော့
အေဂျင်စီတွေတရားဝင်လာ မဝင်လား ဘယ်သိနိုင်မလဲ၊”ဟု ဂျော်ဒန်သို့ သွားရောက်ခဲမှုတွင် တရားမဝင်အေဂျင်စီမှန်း မသိခဲ့သည့် အတွက် ယ
ခုကဲ့သို့ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းနှင့် တရားဝင်အေဂျင်စီများကို အများ သိစေရန် ကြေငြာသင့်ကြောင်း မသက်သက်အောင်က ပြောကြားသည်။

သံရုံးမရှိသည့်နိုင်ငံများတွင် သွားရောက်အလုပ်လုပ်ကိုင်မှုကို ဆင်ခြင်သင့်
ပြီး၊ အခက်အခဲ ဖြစ်ပါကလည်း အစိုးရတာဝန်ရှိသူများမှ ထိရောက် သည့်
အကာအကွယ် ပေးသင့်ကြောင်း ပြောကြားသည်။ ယခုကဲ့သို့ ပြင်ပတွင် သွားရောက်အလုပ်လုပ်ကိုင်ရခြင်းမှာ ပြည်တွင်း အလုပ်အကိုင် ရှားပါး
မှုကြောင့် ဖြစ်ပြီး မြန်မာနိုင်ငံ၏ လက်ရှိအချိန်တွင် အလုပ်အကိုင်ရှား
ပါးရခြင်းမှာ နိုင်ငံရေးတည်ငြိမ်မှု မရှိခြင်းကြောင့် ဖြစ်ပြီး ပြည်ပ ရင်းနှီးမှု များကို ဖိတ်ခေါ်နေသော်လည်း ပြည်တွင်းငြိမ်းချမ်းမှု မရှိသောကြောင့် ယခုချိန်ထိ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အားနည်းနေခြင်း ဖြစ် ကြောင်း ဆက်လက်ပြောကြားသည်။

မြန်မာနိုင်ငံ၏ ပြည်တွင်းငြိမ်ချမ်းရေး ရရှိပြီး၊ ပဠိပက္ခများ၊ ပြဿနာ အရှုပ်
အထွေးများကို ပြေလည်အောင် ဖြေရှင်းပြီးမှသာ နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုး
တိုးတက်လာမည် ဖြစ်ကြောင်း၊ သို့သော်လည်း အလုပ်သမားအရေးနှင့် ပတ်သက်၍ ပြည်ပတွင်သာမက ပြည်တွင်းရှိ အလုပ်သမား များ မှာလည်း အခွင့်အရေး အပြည့်အဝ မရရှိသည့်အပြင် ပြည်ပနိုင်ငံများမှ လာရောက်
လုပ်ကိုင်သည့် စီးပွားရေး လုပ်ငန်းများတွင်ပင် မြန်မာလုပ် သားများ ဖိနှိပ်ချုပ်ချယ် ခံရမှုများရှိကြောင်းကို ဥပမာများဖြင့် ဖြည့်စွက်ပြောကြား
သည်။

“အိမ်က မိဘတွေကလည်း စိတ်ပူကြတယ်ပေါ့နော်၊ အဲချိန်မှာသာ လူကြီးတွေ ရောက်လာခဲ့မယ်ဆိုရင် ကျွန်တော်တို့အတွက် အားအ
ရမ်းရှိ သွားပါပြီ၊ အခုကျန်ခဲ့တဲ့ လူဦးရေးကလည်း ပြန်မှာပါ၊ သူတို့မှာ မိသာစုအခက်အခဲတွေ ရှိပါတယ်၊ လူကြီးတွေရောက်လာမှာကို တ
လလောက်စောင့်ခဲ့ပါတယ်၊ မိသားစုအခက်အခဲတွေနဲ့ အလွှဲသာလို့ အလုပ်ပြန်ဆင်းကြတာပါ။”ဟု ဂျော်ဒန်နိုင်ငံတွင် ကျန်ရှိသော အလုပ်
သမား များ အလုပ်ပြန်လည် ဆင်းကြရခြင်းနှင့် ပတ်သက်၍ ပြန်လည်
ရောက်ရှိလာသူတစ်ဦးဖြစ်သည့် ကို ဇာနည်မောင်က ပြောကြားသည်။

မြန်မာနိုင်ငံမှ တာဝန်ရှိသူများ လာရောက်ဖြေရှင်းမည့်အချိန်ကို တလကျော်
ကြာ စောင့်ဆိုင်းခဲ့သေးကြောင်း၊ သို့သော်လည်း လာရောက် ဖြေ ရှင်းခြင်း မရှိခဲ့သောကြောင့် မိသားစု အခြေအနေနှင့် လက်ရှိနေထိုင်ရသော အခက်
အခဲများကြောင့် အလုပ်ပြန်ဆင်းခဲ့ကြကြောင်း၊ အချို့မှာ ပြန်ရန် လပိုင်းသာ ကျန်ရှိသူများဖြစ်ကြောင်း၊ အလုပ်ပြန်ဆင်းသူများအနေဖြင့်လည်း ယခင်က
ကဲ့သို့ပင် အခွင့်အရေးများ မရရှိကြကြောင်း၊ တာဝန်ရှိသူများအနေဖြင့် ကျန်ရှိ မြန်မာနိုင်ငံသား အလုပ်သမားများအား အခွင့်အရေးများ ရရှိစေရန်
ဆောင်ရွက်ပေးသင့်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ပြည်ပနိုင်ငံများတွင် သွားရောက်အလုပ်လုပ်ကိုင်သူများအနေဖြင့် မိမိ
သွားရောက်မည့် နိုင်ငံနှင့် ချိတ်ဆက်ပေးသည့် အေဂျင်စီတို့ကို စိစစ်သင့်
ပြီး အထူးသဖြင့် မိန်ကလေးများအနေဖြင့် နိုင်ငံခြားတိုင်းပြည်များသို့ သွားရောက်ရာတွင် ဆင်ခြင်သင့်ကြောင်း၊ တတ်နိုင်သမျှ သွားရောက်
ခြင်း မပြုသင့်ကြောင်းအပြင်ာပည်ပ နိုင်ငံများတွင် အလုပ်လုပ်ကိုင် နေ
သူများကိုလည်း အစိုးရ တာဝန်ရှိသူများမှ ထိရောက်သည့် အကာ အ
ကွယ် ပေးမှုများ ပြုလုပ်ပေးသင့်ကြောင်း၊ လက်ရှိအချိန်ထိ အကာအ
ကွယ်ပေးမှု အလွန်အားနည်းနေသေးကြောင်း ကိုဇာနည်အောင်မှ ဆက်
လက် ပြောကြားသည်။

လုပ်ခလစာ အမေရိကန် ဒေါ်လာ ၁၅၅ မှ ၂၀၀ သို့ တိုးပေးရေး၊ မြန်မာလူမျိုး
များနှင့် ကိုက်ညီသည့် အစားအသောက်များ ကျွေးမွေးပေးရန်နှင့် စက်ရုံအုပ်
ချုပ်သူများ၏ လူမျိုးရေးခွဲခြား ဆက်ဆံမှုများ အဆုံးသတ်ပေးရန်ဆန္ဒပြ
တောင်းဆိုမှုများ ဖြစ်ပွားခဲ့သည်မှာ လွန်ခဲ့သည့် ဖေဖော်ဝါ ရီလ ၁၄ ရက်နေ့
ကတည်းက ဖြစ်ပြီး ယခုအချိန်တွင် အလုပ်သမားအများစုမှာ မြန်မာနိုင်ငံ
သို့ ပြည်လည်ရောက်ရှိနေပြီ ဖြစ်ကြောင်း သိရ သည်။

ယခုအခါ ဂျော်ဒန်နိုင်ငံတွင် အခြေအနေအရ ဆက်လက်အလုပ်လုပ်ကိုင်နေ
ရသော အလုပ်သမားများမှာ ၉၀၀ ခန့်ရှိသေးကြောင်း၊ ကျန်ရှိ မြန်မာ လုပ်သား
များမှာလည်း ယခင်ကကဲ့သို့ အခက်အခဲများ ရှိနေသေးကြောင်းနှင့် မြန်မာ
အစိုးရ တာဝန်ရှိသူများဘက်မှ အကောင်းဆုံး ထိရောက်သည့် အကာအကွယ်
ပေးသင့်ကြောင်း ရန်ကုန်သို့ ပြန်လည် ရောက်ရှိလာသူများထံမှ သိရသည်။

ဝေယံ
The Myanma Age
အလုပ်အကိုင် ရှားပါးမှုကြောင့် ပြည်ပနိုင်ငံများသို့ သွားရောက် အလုပ်လုပ် ကိုင်ကြသူများနှင့် ပြည်တွင်း လုပ်ကိုင်သူများအား အလုပ်သမား ရေးရာ ဝန်ကြီးဌာနအပါအဝင် သက်ဆိုင်ရာဌာနများမှ ထိရောက်သည့် အကာအကွယ်ပေးရန်လိုအပ်ပြီး ဂျော်ဒန်နိုင်ငံတွင် သွားရောက် အလုပ် လုပ်ကိုင်နေသူများ၏ ဖြစ်ရပ်မှအဓိက သာဓက တစ်ခုဖြစ်ခဲ့ကြောင်း ၈၈မျိုးဆက် ကျောင်းသားများ အဖွဲ့မှ မသက်သက်အောင်က ပြော ကြားသည်။

ကင်ညက်တာ ကင်ညာရွေးကောက်ပွဲတွင်အနိုင်ရ

Photo: ကင်ညက်တာ ကင်ညာရွေးကောက်ပွဲတွင်အနိုင်ရ
Sunday, March 31, 2013

ကင်ညာရွေးကောက်ပွဲတွင် မစ္စတာကင်ညက်တာသည် ၎င်း၏ပြိုင်ဘက်ကို အနိုင်ရကာ ကင်ညာသမ္မတအဖြစ် ရွေးချယ်ခံရကြောင်း ကင်ညာအထက် တရားရုံး လွှတ်တော်က စနေနေ့တွင် ထုတ်ပြန်လိုက်သည်။

အသက်၅၁နှစ် ရှိပြီဖြစ်သည့် မစ္စတာကင်ညက်တာသည် ကင်ညာနိုင်ငံ တည်ထောင်ရေးတွင် ဦးဆောင်ဦးရွက်ပြုသည့် ခေါင်းဆောင်၏ သားဖြစ်ပြီး မဲအရေအတွက်၅၀.၀၇ရာခိုင်နှုန်းဖြင့် အနိုင်ရခဲ့ခြင်း ဖြစ်သည်။

အထက်လွှတ်တော်၏ ဆုံးဖြတ်ချက်ကြောင့် မစ္စတာကင်ညက်တာသည်
နိုင်ငံ၏လေးဦးမြောက်သမ္မတ ဖြစ်လာမည်ဖြစ်ပြီး အသက်အငယ်ဆုံး သမ္မတလည်းဖြစ်လာမည်ဖြစ်သည်။

ဝန်ကြီးချုပ် ရိုင်လာ အိုဒင်ဂါသည် မဲအရေအတွက်၄၃.၃၁ရာခိုင်နှုန်း ရရှိခဲ့ပြီး တရားရုံးလွှတ်တော်တွင် ရွေးကောက်ပွဲရလာဒ်ကို နည်းပညာ ပိုင်းသုံးပြီး မှားယွင်းမှုများနှင့်ပြုလုပ်ခဲ့ကြောင်း အရေးဆိုထားသည်။

၎င်းသည် အထက်လွှတ်တော်၏ဆုံးဖြတ်ချက်ကို နာခံလိုက်နာမည်ဟု
ဆိုကြောင်း သိရသည်။

အိုဒင်ဂါက “ကင်ညာတွင် ဒီမိုကရေစီသည် စမ်းသပ်မှုအဆင့်သာရှိနေသေး
သည်”ဟု ဆိုကြောင်း သိရသည်။

“ကျွန်တော် အထက်လွှတ်တော်ကိုဒီရွေးကောက်ပွဲတရားဝင်ဖြစ်တယ်ဆို
တာ သေချာစေဖို့အတွက် တောင်းခံတဲ့ တောင်းခံလွှာတစ်ခုကို တင်တာပါ။ အဲဒါဟာ ကျွန်တော်တို့နိုင်ငံရဲ့ တရားဥပဒေစိုးမိုးရေး လွတ်လပ်ခွင့်ကို ယုံကြည်ဖို့အတွက် စမ်းသပ်မှုပါပဲ။ ဒီမိုကရေစီအရေး အတွက် လုပ်မှာပါ။ ကင်ညာနိုင်ငံသားတွေအားလုံးအတွက်ပါ”ဟု ၎င်းကဆက်လက်ပြော
ကြားသည်။

ပြည်သူများ တရားရုံးလွှတ်တော်မှ ၎င်းအရေးဆိုမှုအပေါ် အမိန့်ထုတ်ပြန်
မည့်အချိန်ကို စောင့်နေချိန်တွင် မြို့တော်နိုင်ရိုဘီ လွှတ်တော် ပတ် ဝန်း
ကျင်တွင် လူစုလူဝေးများရှိနေသောကြောင့် ပဋိပက္ခတားဆီးရေးရဲ
များစောင့်ကြပ်လျက်ရှိကြောင်း သိရသည်။

နိုင်ငံတစ်ဝှမ်းတွင်လည်း လုံခြုံရေးများ တိုးမြှင့်ချထားပြီး လူစုလူဝေးများပြု
လုပ်ခြင်းကို တားမြစ်ထားသည် ဟုသတိပေးချက် ထုတ်ပြန်ထား ကြောင်း သိရသည်။

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးဘန်ကီမွန်းသည် ကင်ညက်တာ၊အို
ဒင်ဂါတို့ကို ကုလသမဂ္ဂသည် ကင်ညာအစိုးရနှင့် ပြည်သူများ ကို ထောက်
ခံကြောင်း ပြော ကြားခဲ့ကြောင်း သိရသည်။

“ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးသည် ကင်ညာနိုင်ငံအနေနှင့် နိုင်
ငံ၏ ဒီမိုကရေစီအရေးနှင့် ငြိမ်းချမ်းရေးကို ပိုမိုခိုင်မြဲစေမည့် ငြိမ်းချမ်း ပြီး ယုံကြည်လောက်သည့် ရွေးကောက်ပွဲကိုကျင်းပခဲ့ခြင်းအပေါ် ဂုဏ်ယူကြောင်း
ထပ်လောင်းပြောကြားကြောင်း၊ ၎င်းတည်ငြိမ်မှုနှင့် ငြိမ်းချမ်း သည့်အခြေအနေ
ကို ထိန်းထားရန်တိုက်တွန်းသည်”ဟု တိုက်တွန်းပြောကြားကြောင်း မစ္စတာ
ဘန်ကီမွန်းရုံးမှ ထုတ်ပြန်သည့် ထုတ်ပြန်ချက် တစ်ခုတွင် ပါရှိကြောင်း သိရ
သည်။

အိမ်ဖြူတော် ပြန်ကြားရေးဝန်ကြီး ဂျေးကာနေးက ကင်ညာတွင် ငြိမ်းချမ်း
သည့်ရွေးကောက်ပွဲဖြစ်ခဲ့၍ ဂုဏ်ပြုကြောင်းဆိုခဲ့သည်။

လွန်ခဲ့သည့် ရက်သတ္တပတ်က နိုင်ငံ၏တရားစီရင်ရေးလွှတ်တော်ချုပ်က မဲရုံ၃၃၀၀၀ကျော်မှ မဲရုံ ၂၂ ရုံ၏ ရလာဒ်ကို ထုတ်ပြန်ခဲ့သော်လည်း မစ္စတာအိုဒင်ဂါ၏ရှေ့နေများက ကွာခြားချက်များရှိသည်ဟုဆိုကြောင်း သိရသည်။

မစ္စတာကင်ညက်တာနှင့် မစ္စတာအိုဒင်ဂါတို့သည် ကင်ညာနိုင်ငံ ပထမဆုံးသမ္မတ၏ သားနှင့် ဒုသမ္မတ၏သားများ ဖြစ်ကြသောကြောင့် ၁၉၆၀ ပြည့်နှစ်များမှ နိုင်ငံရေးပုံရိပ်များကို ထင်ဟပ်လာနေစေကြောင်း သိရသည်။

Ref:CNN
The Myanma Age
ကင်ညာရွေးကောက်ပွဲတွင် မစ္စတာကင်ညက်တာသည် ၎င်း၏ပြိုင်ဘက်ကို အနိုင်ရကာ ကင်ညာသမ္မတ အဖြစ် ရွေးချယ်ခံရကြောင်း ကင်ညာအထက် တရားရုံး လွှတ်တော်က စနေနေ့တွင် ထုတ်ပြန်လိုက်သည်။

လျှပ်စစ်မီးရရှိရေးကော်မတီ ဥက္ကဋ္ဌ နှင့် ရွာသားများ အပြန်အလှန် တရားဆွဲ

ပြည်ခရိုင်၊ ၀က်ထီးကန်မြို့နယ်၊ လွှစင်ကုန်း ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအေးစိုးမှ ကျေးရွာ လျှပ်စစ်မီး ရရှိရေးအတွက် လွန်ခဲ့သော (၆)နှစ်ခန့် က ငွေကျပ်သိန်း(၄၆၀) ကောက်ခံခဲ့ပြီး မီးတိုင်(၅၀) နှင့် ထရန်စဖော်မာ တစ်လုံးသာ တပ်ဆင်ပြီးစီးခဲ့မှုအပေါ် မကျေနပ်၍ တာဝန်ရှိသူများသို့ အဆင့်ဆင့် တိုင်ကြားရာမှ အပြန်အ လှန်တရား ဆွဲမှုပေါ်ပေါက် ခဲ့ကြောင်းကျေး ရွာသူကျေး ရွာသားများ က ပြောကြားသည်။

ရွှေဝါရောင်သံဃာတော်များ ကွန်ရက်နှင့် နိုင်ချုပ် တို့ ပူးပေါင်းသတင်း စာရှင်းလင်း

Photo: ရွှေဝါရောင်သံဃာတော်များ ကွန်ရက်နှင့် နိုင်ချုပ် တို့ ပူးပေါင်းသတင်း
စာရှင်းလင်း
Sunday, March 31, 2013

ရွှေဝါရောင်သံဃာတော်များ ကွန်ရက်နှင့် နိုင်ချုပ် တို့ ပူးပေါင်း၍ အဓိကရုဏ်း ဒုက္ခသည်များ အား ကူညီပေးနေခြင်းနှင့် ပတ်သတ်၍ စာနယ်ဇင်းရှင်းလင်းပွဲ
ကို ဘားလမ်း city star ဟိုတယ်၌ ယနေ့ မွန်းလွဲ ၁ နာရီက ပြုလုပ်ခဲ့ကြောင်း
သိရသည်။

ရှင်းလင်းပွဲတွင် နိုင်ချုပ်မှကိုညိုထွန်းနှင့် ရွှေဝါရောင်သံဃာတော်များကွန်ရက်မှဦးဇင်း ဦးပြည်ကျော်တို့က မိတ္ထီလာ၊ ပဲခူး၊ ကြို့ပင်ကောက်အစရှိသောမြို့နယ်
များတွင် ကူညီထောက်ပံ့ရေးပစ္စည်းများပေးအပ်ခဲ့ခြင်းနှင့် ဒုက္ခသည်အချို့အား ရန်ကုန်သို့ခေါ်ဆောင်လာခဲ့ခြင်း ကိစ္စများအပေါ်ရှင်းလင်းပြောကြားခဲ့ကြောင်း
သိရသည်။

Popular Myanmar News Journal
ရွှေဝါရောင်သံဃာတော်များ ကွန်ရက်နှင့် နိုင်ချုပ် တို့ ပူးပေါင်း၍ အဓိကရုဏ်း ဒုက္ခသည်များ အား ကူညီပေးနေခြင်းနှင့် ပတ်သတ်၍ စာနယ်ဇင်းရှင်းလင်းပွဲကို ဘားလမ်း city star ဟိုတယ်၌ ယနေ့ မွန်းလွဲ ၁ နာရီက ပြုလုပ်ခဲ့ကြောင်းသိရသည်။

ပညာေ ရး အားနည် မှု နှင့် အယုံ လွယ်ခြင်း တို့ ကြောင့် ပဋိပက္ခ များ ဖြစ်စေ ခဲ့ဟု ဟိန္နူဘာ သာရေး အဖွဲ့ သုံးသပ်

Photo: ပညာရေး အားနည်မှု နှင့် အယုံလွယ်ခြင်းတို့ ကြောင့် ပဋိပက္ခများ ဖြစ်စေခဲ့ဟု ဟိန္နူဘာသာရေးအဖွဲ့ သုံးသပ်

Saturday, March 30, 2013

ပညာရေး အားနည်းခြင်းများနှင့် မြန်မာပြည်သူတို့ အယုံလွယ်ခြင်းများကြောင့် လတ်တလော ပဋိပက္ခများ ဖြစ်ပွားနေခြင်းဖြစ်ကြောင်း ဟိန္နူဘာသာရေးအဖွဲ့

အစည်းမှ တာဝန်ရှိသူတစ်ဦးက မြန်မာ့ငြိမ်းချမ်းရေးစင်တာ (MPC)တွင် ပြု

လုပ်သည့် လူ့အရပ်ဖက်အဖွဲ့အစည်းများနှင့် ဘာသာပေါင်းစုံဆွေးနွေးပွဲတွင်

ပြောကြားခဲ့သည်။

“ကျွန်တော်က အရင်ပညာရေးပိုင်းတခုမှာ တာဝန်ထမ်းဆောင်ဖူးတယ်။ အဲဒါကြောင့်ဒီလိုမျိုး ပြဿနာတွေဖြစ်အောင် ကောလာဟလတွေနဲ့ ပြော

တာကို ပြည်သူတချို့ရဲ့ ပညာရည်အားနည်းမှုတခုကြောင့် ဖြစ်ရတယ်လို့ ကျွန်တော် ထင်တယ်။ ပြီးတော့ မြန်မာနိုင်ငံသူ နိုင်ငံသားတွေကလည်း သဘောထားပြည့်ဝပြီး အယုံလွယ်ကြတာရယ် အထိမခံရွှေပန်းကန်

တွေဖြစ်နေတာရယ်ကြောင့် ဖြစ်ပါတယ်”ဟု ၎င်းက ပြောကြားသည်။

အဆိုပါဆွေးနွေးပွဲအား ယနေ့ မွန်းလွဲ ၂နာရီခန့်မှ စတင်ကျင်းပခဲ့ရာ ဘာသာရေးအဖွဲ့အစည်းများ အပါအဝင် အရပ်ဖက်အဖွဲ့အစည်း စုစု

ပေါင်း ၄၉ဖွဲ့ တက်ရောက် ဆွေးနွေးကြောင်း သိရှိရသည်။

သီတဂူဆရာတော်မှလည်း အဆိုပါ အကြမ်းဖက်မှုကိစ္စရပ်နှင့် ပါတ်သက်၍ ဘာသာရေးခေါင်းဆောင်တစ်ယောက် အနေဖြင့် အင်မတန်ရှုံ့ချကြောင်း၊

မြန်မာနိုင်ငံသည်လူ့အရိုင်းအစိုင်းများနေသည့် နိုင်ငံမဟုတ်ကြောင်းနှင့် မြန်မာနိုင်ငံတွင် နေထိုင်ကာ မြန်မာနိုင်ငံ ရေသောက်သည့်အတွက် မြန်မာ့မူအား လေးစားလိုက်နာရန် လိုကြောင်း သဝဏ်လွှာပေးပို့ကာ ဖတ်ကြားစေခဲ့သည်။

နိုင်ငံရေး ပါတီအချို့နှင့် လွှတ်တော်ကိုယ်စားလှယ်အချို့ ကိုယ်စား ဒီမိုကရက်တစ်ပါတီ(မြန်မာ)၏ အတွင်းရေးမှူး ဒေါ်သန်းသန်းနုက

ဆွေးနွေးပွဲသို့ တက်ရောက်လာသည့် လူဦးရေ ၁၀၀နီးပါးခန့်ရှိသည့်

အတွက် တစ်ဦးချင်းစီ၏ ပါတ်သက်မှုနှုန်းနှင့် ပြန်လည်ပြုပြင်မည်ဆို

ပါက ယခုကိစ္စရပ်များ ဆက်လက်ဖြစ်ပွားစရာ အကြောင်း ရှိတော့မည်

မဟုတ်ကြောင်း သုံးသပ်ပြောကြားသည်။

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့တက်ရောက်လာသည့် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးဇင်ဝိုင်းကလည်း ယခုကဲ့သို့ ဖြစ်ရခြင်းမှာ နောက်ကွယ်တွင် အဖွဲ့အစည်းတစ်ခု ရှိနေသည်ကို သိရှိသည့် နိုင်ငံတော်အစိုးရအဖွဲ့ အနေနှင့်

လည်း ယင်း ကိစ္စရပ်အား မြန်မြန်ဖေါ်ထုတ်၍ သိရှိရုံတင်သိရှိသည် မဟုတ်ဘဲ အရေးယူမှုများ ပြုလုပ်သွားသင့်ကြောင်း ပြောကြားသည်။

ထို့ပြင် လက်ရှိဖြစ်ပွားနေသည့် အဓိကရုဏ်းများ ဆက်လက်မဖြစ်ပွားစေ

ရန်အတွက် နိုင်ငံတော်အစိုးရအဖွဲ့သာမက ယခုတက်ရောက်လာကြသည့် အဖွဲ့အစည်းအသီးသီးတို့မှလည်း ပါဝင်ကာ သက်ဆိုင်ရာအာဏာ ပိုင်အ

ဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရန် ကတိပြုသင့်ကြောင်း သဘော

တူ လက်မှတ်ရေးထိုးကာ ကြေညာချက် ၁၀ ချက် ထုတ်ပြန်ခဲ့သည်။

ယင်းဆွေးနွေးပွဲအား မြန်မာနိုင်ငံတည်ငြိမ်အေးချမ်းရေးနှင့် သဟဇာတဖြစ်ရေး

အတွက် အရပ်ဖက်လူ့အဖွဲ့အစည်းနှင့်ဘာသာပေါင်းစုံ ဆွေးနွေးပွဲ ခေါင်း

စဉ်ဖြင့် မြန်မာ့ ငြိမ်းချမ်းရေးစင်တာနှင့် စီးပွားရေးနှင့် လူမှုရေးအကြံပေးအဖွဲ့

တို့မှ ဦးစီးကျင်းပ ခြင်းဖြစ်ပြီး ဆွေးနွေးပွဲအပြီးတွင် ဘာသာရေးပေါင်းစုံအတူ တကွယှဉ်တွဲနေထိုင်ရေးနှင့် စပ်လျဉ်း၍ ပညာပေးဆွေးနွေးမှုများနှင့် ကျောင်း

သင်ခန်းစာများတွင် ပြဠာန်းပေးရန် အချက်တို့ပါကြောင်း သိရသည်။

The Myanma Age
ပညာရေး အားနည်းခြင်းများနှင့် မြန်မာပြည်သူတို့ အယုံလွယ်ခြင်းများကြောင့် လတ်တလော ပဋိပက္ခများ ဖြစ်ပွားနေခြင်းဖြစ်ကြောင်း ဟိန္နူဘာသာရေးအဖွဲ့ အစည်းမှ တာဝန်ရှိသူ တစ်ဦးက မြန်မာ့ငြိမ်း ချမ်းရေးစင်တာ (MPC)တွင် ပြုလုပ်သည့် လူ့အရပ်ဖက်အဖွဲ့အစည်းများနှင့် ဘာသာပေါင်းစုံဆွေးနွေးပွဲ တွင်ပြောကြားခဲ့သည်။

လူမျိုး၊ ဘာသာရေး အဓိကရုဏ်းများ ထပ်မံ မဖြစ်စေရန် အရေးပေါ်ကာလ စီမံခန့်ခွဲရေး ဗဟိုကော်မတီ ဖွဲ့စည်း

အရေးပေါ်ကာလ စီမံခန့်ခွဲရေး ဗဟို ကော်မတီတစ်ရပ်အား နိုင်ငံတော် သမ္မတရုံးမှ မတ်လ ၃၀ ရက်နေ့ ရက်စွဲဖြင့် ဖွဲ့စည်းခဲ့ကြောင်း မတ်လ ၃၀ ရက် ည ၈ နာရီတွင် နိုင်ငံပိုင် မီဒီယာများမှတစ်ဆင့် သတင်းထုတ်ပြန်ခဲ့ပြီး အဆိုပါ ကော်မတီ အနေဖြင့် လူမျိုး၊ ဘာသာရေး အဓိကရုဏ်းများ ထပ်မံမပေါ်ပေါက်စေရန် လုပ်ဆောင်သွားမည်ဟု သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရန်ကုန်နှင့် နေပြည်တော်မြို့တွင်းတွင် အားဖြည့်ပြေးဆွဲရန် စီတီးဘတ်စ် အစီး ၅၀ ရောက်ရှိ

ဗန္ဓုလသယ်ယူပို့ဆောင်ရေးကုမ္ပဏီလိမိတက်မှ ရန်ကုန်နှင့် နေပြည်တော်မြို့တွင်းတွင် အားဖြည့်ပြေးဆွဲရန် စီတီးဘတ်စ် အစီး ၅၀ ကို တရုတ် ယူတောင်ကုမ္ပဏီမှ မတ်လ နောက်ဆုံးအပတ်တွင် တင်သွင်းခဲ့ကြောင်း သိရသည်။

Saturday, March 30, 2013

ဝန်ကြီး ဌာနများ ၏ အဆင့်မြင့် အရာရှိ ကြီးအချို့ တာဝန်မှ ရပ်စဲ၊ ဌာန လွှဲပြောင်း လိုက်

အစိုးရ ဝန်ကြီးဌာနအချို့မှ အဆင့်မြင့် အရာရှိကြီးများ အပါအဝင် အရာရှိ ၅၀ ကျော်ကို မတ်လ ၂၈ ရက်နေ့တွင် တာဝန်မှ ရပ်စဲကာ အငြိမ်းစားပေးလိုက်ပြီး အချို့ကို ဌာနလွှဲပြောင်းတာဝန်ပေးလိုက်ကြောင်းအစိုးရ ဌာနများနှင့် နီးစပ်သည့် အသိုင်းအဝိုင်း မှတဆင့် သိရသည်။

“အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံးကျည်ချထားပြီး တောင်ကိုရီး ယားနှင့် စစ်ဖက်ဖြစ်ပွားသည့် အခြေအနေဟု ကင်ဂျုံအမ်ဆို”

Photo: “အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံးကျည်ချထားပြီး တောင်ကိုရီး
ယားနှင့် စစ်ဖက်ဖြစ်ပွားသည့် အခြေအနေဟု ကင်ဂျုံအမ်ဆို”
Saturday,March 30, 2013

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအမ်က အမေရိကန်မြို့ကြီးများအား တိုက်ခိုက်မည့် ဒုံးကျည်များ ချထားရေး အစီအစဉ်အား လက်မှတ်ရေးထိုး ခဲ့သည့်အပြင် အိမ်နီးချင်းတောင်ကိုရီးယားနှင့်လည်း စစ်မက်ဖြစ်ပွားသည့် အခြေအနေအဖြစ် ထုတ်ဖော်ပြောဆိုခဲ့သည်။

နိုင်ငံပိုင် KNCA သတင်းဌာနက ထုတ်လွှင့်ချက်အရ “တောင်နဲ့မြောက် ကိုရီးယား နှစ်နိုင်ငံကြား မည်သည့်အရေးကိစ္စမဆိုအား စစ်မက်ဖြစ် ပွားနေသည့် ကာလအတိုင်း ဆောင်ရွက်သွားမည်”ဟု မြောက်ကိုရီး
ယားတို့က ဆိုထားပြီး အမေရိကန်မြို့ကြီးများအား တိုက်ခိုက်မည့် အစီအစဉ်ဟု ဖော်ပြထားသော ပုံကြမ်းတစ်ရပ်ကိုလည်း ထုတ်လွှင့်
သွားခဲ့သည်။

အဆိုပါ ပုံကြမ်းတွင် တိုက်ခိုက်မည့် ပစ်မှတ်များအဖြစ် ကယ်လီဖိုးနီးယား၊ နယူးမက္ကဆီကို၊ အရီဇိုးနား၊ တက္ကဆပ်၊ အာကင်ဆတ်၊ အိုကလာဟိုးမား၊ မစ္စစ္စပီ၊ ဂျော်ဂျီယာ၊ အလာဘားမားနှင့် တောင်ကယ်ရိုလိုင်းနား တို့ကို
ဖော်ပြထားသည်။

ဖေဖော်ဝါရီလအတွင်းက မြောက်ကိုရီးယားတို့၏ တတိယမြောက်နျူ စမ်းသပ်မှုအပြီး ကုလသမဂ္ဂနှင့် အနောက်နိုင်ငံတို့၏ ထပ်မံ၍ ပိတ်ဆို့ အရေးယူမှု ခံရပြီး ကတည်းက တိုက်ခိုက်မှုများ ပြုလုပ်သွားမည့် မြောက်
ကိုရီးယားတို့က နေ့စဉ်လိုလို ခြိမ်းခြောက်မှု ပြုခဲ့ကြသည်။

PN055/ Ref: CNN,BBC,usatoday
Popular Myanmar News Journal

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအမ်က အမေရိကန်မြို့ကြီးများအား တိုက်ခိုက်မည့် ဒုံးကျည်များ ချထားရေး အစီအစဉ်အား လက်မှတ်ရေးထိုး ခဲ့သည့်အပြင် အိမ်နီးချင်းတောင်ကိုရီးယားနှင့်လည်း စစ်မက်ဖြစ်ပွားသည့် အခြေအနေအဖြစ် ထုတ်ဖော်ပြောဆိုခဲ့သည်။

ဒိုက်ဦးတွင် သစ်ခိုးတင် ကားများ ဖမ်းဆီး

Photo: ဒိုက်ဦးတွင် သစ်ခိုးတင် ကားများ ဖမ်းဆီး
Saturday,March 30, 2013

ရန်ကုန်-မန္တလေး အမြန်လမ်းမပေါ်ရှိ မိုင်တိုင်အမှတ် ၇၂ အနီးတွင် တရားမဝင်သစ်များ သယ်ဆောင်လာသော ကားနှစ်စီးနှင့်အတူ ကျွန်းသစ်ခွဲသားဆိုဒ်စုံ ၅၁ ချောင်း ဖမ်းဆီးရမိခဲ့ကြောင်း ပဲခူးတိုင်း၊ ဒိုက်ဦးမြို့နယ်၊ အုတ်ရှစ်ကုန်း ရဲစခန်းမှ သိရသည်။

အဆိုပါ ကျွန်းသစ်နှင့် ကားများကို ပြီးခဲ့သည့်  ၂၈ ရက် နေ့လည် ၁ နာရီခန့်က အုတ်ရှစ်ကုန်း(အမြန်လမ်း) ရဲစခန်းနှင့် သစ်တောဦးစီး
ဌာနတို့ ပူးပေါင်း ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တရားမဝင်သစ်များ ဖမ်းဆီးနေစဉ် မျက်မြင်တွေ့ရှိသူ ကိုမောင်ဆန်း
က “ကားနှစ်စီးက တံတားပေါ်ကအဆင်း ရဲတွေက ထွက်တားတယ်။ အဲလိုတားတော့ ကားနှစ်စီးက မလှမ်းမကမ်းမှာ ရပ်သွားပြီး ကားပေါ်
က လူတွေက ကျွန်းတောထဲကို ဝင်ပြေးကြတယ်။ လူတွေ ထွက်ပြေး
တဲ့နောက်ကို ရဲ သုံးလေးယောက်လည်း ပြေးလိုက်သွားတယ်။ ဖမ်း
တော့ မမိခဲ့ဘူး” ဟု ပြောကြားသည်။

မန္တလေးမှ ရန်ကုန်သို့ သွားသည့်လမ်းအတိုင်း မောင်းနှင်လာသည့် ၂က/၂၃၂၈ တိုယိုတာ ပရိုဘော့စ် အဖြူရောင်ယာဉ်နှင့် ၃ဂ/၂၃၇၆ ကားဒီးနား မီးခိုးရောင်ယာဉ် နှစ်စီးပေါ်တွင် တင်ဆောင်လာသော ကျွန်းသစ်မှာ တစ် တန်နီးပါးရှိကြောင်းနှင့် လက်ရှိ (မှောင်ခို) ဒေသ
ပေါက်ဈေးမှာ မြန်မာငွေကျပ် ၃ သိန်းနီးပါးခန့် ရှိကြောင်း ဒိုက်ဦးမြို့
နယ် သစ်တောဦးစီးဌာန၊ ဆာပါခြုံ ဘိနယ် တောအုပ် ဦးခင်သိန်းက
ပြောကြားသည်။

“ကျွန်တော်တို့ ရဲစခန်းမှာ အမှုဖွင့်ပြီး ဆက်လက်စုံစမ်းသွားမှာပါ။ ဒီတစ်လျှောက်လုံးက ကျွန်းသစ်ထွက်တဲ့ နယ်မြေဆိုတော့ ဘယ်
နေရာက သယ်လာတယ်ဆိုတာ မှန်းရခက်တယ်။ ဖမ်းဆီးရတဲ့ သစ်တွေကိုတော့ မြန်မာ့သစ်တောကို ပြန်လွှဲပေးရတယ်၊” ဟု ယင်း
က ဆက်လက်ပြောကြားသည်။

တရားမဝင်သစ်များ သယ်ဆောင်မှုကို အုတ်ရှစ်ကုန်း ရဲစခန်းမှ ဒုရဲအုပ် ရာဇာလင်းက အပိုင် ရဲစခန်း တွင် ပြည်သူပိုင်ပစ္စည်း အလွဲသုံးစားမှု ၆/၁
ဖြင့် တရားလိုလုပ် အမှုဖွင့်ထားပြီး ဖမ်းဆီးရမိသည့်  မော်တော်ယာဉ်များ
နှင့် ပတ်သတ်၍ ကညနရုံးတွင် မှတ်ပုံတင်ထားခြင်း ရှိ၊မရှိ စစ်ဆေးသွား
မည်ဖြစ်ကြောင်း သိရသည်။

၂၀၁၁ ခုနှစ်မှ စတင်၍ သုံးနှစ်အတွင်း လေးကြိမ်ဖမ်းဆီးရရှိခဲ့မှုတွင် တစ်ကြိမ်သာ ခိုးထုတ်သူများကို ဖမ်းမိခဲ့ကြောင်း နှင့် ဖမ်းမိသူ ၆ ဦးအား ထောင်ဒါဏ် ၁၀ နှစ် ချမှတ်ခဲ့ကြောင်း အုတ်ရှစ်ကုန်း ရဲစ
ခန်းမှ သိရသည်။

ရည်မွန်
The Myanma Age

ရန်ကုန်-မန္တလေး အမြန်လမ်းမပေါ်ရှိ မိုင်တိုင်အမှတ် ၇၂ အနီးတွင် တရားမဝင်သစ်များ သယ်ဆောင်လာသော ကားနှစ်စီးနှင့်အတူ ကျွန်းသစ်ခွဲသားဆိုဒ်စုံ ၅၁ ချောင်း ဖမ်းဆီးရမိခဲ့ကြောင်း ပဲခူးတိုင်း၊ ဒိုက်ဦးမြို့နယ်၊ အုတ်ရှစ်ကုန်း ရဲစခန်းမှ သိရသည်။

အဓိကရုဏ်းဖြစ်ပွားခဲ့သည့် ဒေသများတွင် ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်

ရန်ကုန်(မဇ္ဈိမ)။ ။ မိတ္ထီလာမြို့၏ လက်ရှိအခြေအနေမှာ တည်ငြိမ်လျက်ရှိသော်လည်း ကျန်းမာရေး ချို့ယွင်းမှုများ ရှိသည်ဟု ဒေသခံ မဖြူက မဇ္ဈိမသို့ပြောသည်။မဖြူက “နေရာတိုင်းမှာ လူတွေက ညှပ်နေလို့ ကူးစက်မှုတွေ ပိုများလာတယ်။ လူအချင်းချင်း ထိပြီးအိပ်ရတာ တော်တော်ဆိုးတယ်” ဟု ဆိုသည်။

တောင်ကိုရီးယားနှင့် စစ်ဖြစ်နေသည့် အခြေအနေဟု မြောက်ကိုရီး ယား ကြေညာ

Photo: တောင်ကိုရီးယားနှင့် စစ်ဖြစ်နေသည့် အခြေအနေဟု မြောက်ကိုရီး
ယား ကြေညာ
Saturday,March 30, 2013

တောင်နှင့်မြောက် ကိုရီးယားနှစ်နိုင်ငံသည် ၁၉၅၀-၅၃ ခုနှစ်
က ဖြစ်ပွားခဲ့သည့် စစ်ပွဲအား အပစ်အခတ် ရပ်စဲသည့် သဘော
တူညီချက်ဖြင့်သာ ရပ်ဆိုင်းထားခဲ့ခြင်းဖြစ်ပြီး နှစ်နိုင်ငံ ငြိမ်းချမ်း
ရေးသဘောတူစာချုပ် ချုပ်ဆိုနိုင်ခြင်း မရှိသေးချေ။

တောင်ကိုရီးယားနှင့် စစ်ပွဲဖြစ်ပွားသည့် အနေအထားသို့ ရောက်ရှိနေ
ပြီဖြစ်ကြောင်း မြောက်ကိုရီးယားနိုင်ငံက ယနေ့ (မတ်လ ၃၀) ကြေညာ
လိုက်သည်။ ကိုရီးယားကျွန်းဆွယ်တွင် မကြာသေးမီကစ၍ စစ်ရေးတင်း
မာမှုများ မြင့်တက်လာခဲ့ခြင်း ဖြစ်သည်။ နှစ်စဉ်ကျင်းပသည့် တောင်ကိုရီးယားနှင့် အမေရိကန်တို့၏ ပူးတွဲစစ်ရေးလေ့ကျင့်မှုအတွင်း အမေရိကန်၏ B-52, B-2 ဗုံးကြဲလေယာဉ်များ တောင်ကိုရီးယား ကောင်းကင်ယံတွင် ပျံသန်းပြခဲ့ပြီးနောက် မြောက်ကိုရီးယားကလည်း ၎င်းတို့၏ တာဝေးပစ် ဒုံးကျည်များကို ပစ်ခတ်ရန် အသင့်အနေအထားအဖြစ် ပြင်ဆင်ထားခဲ့သည်။

တောင်နှင့်မြောက် ကိုရီးယားနှစ်နိုင်ငံသည် ၁၉၅၀-၅၃ ခုနှစ်က ဖြစ်ပွားခဲ့သည့် စစ်ပွဲအား အပစ်အခတ် ရပ်စဲသည့် သဘောတူညီချက်ဖြင့်သာ ရပ်ဆိုင်းထားခဲ့ခြင်းဖြစ်ပြီး နှစ်နိုင်ငံ ငြိမ်းချမ်းရေးသဘောတူစာချုပ် ချုပ်ဆိုနိုင်ခြင်း မရှိသေးချေ။

ငြိမ်းချမ်းရေးစာချုပ်နှင့် စစ်ပွဲဖြစ်နိုင်ခြေအကြား ကာလရှည်ကြာ လိပ်ခဲတည်းလည်း ဖြစ်ခဲ့သော ကိုရီးယားကျွန်းဆွယ်၏ အခြေအနေမှာ နောက်ဆုံးတွင် အပြီးသတ်သွားပြီဖြစ်ကြောင်း၊ ရန်စမှုတစ်စုံတစ်ရာမှာ အလုံးစုံ ပဋိပက္ခနှင့် နျူကလီးယားစစ်ပွဲဆီ
သို့ ဦးတည်သွားစေနိုင်ကြောင်း မြောက်ကိုရီးယား၏ ထုတ်ပြန်ချက်
တွင် ပါရှိကြောင်း Channel NewsAsia က ဖော်ပြသည်။

Source: Channel NewsAsia
Planet Myanmar Network
တောင်နှင့်မြောက် ကိုရီးယားနှစ်နိုင်ငံသည် ၁၉၅၀-၅၃ ခုနှစ် က ဖြစ်ပွားခဲ့သည့် စစ်ပွဲအား အပစ်အခတ် ရပ်စဲသည့် သဘော တူညီချက်ဖြင့်သာ ရပ်ဆိုင်းထားခဲ့ခြင်းဖြစ်ပြီး နှစ်နိုင်ငံ ငြိမ်းချမ်းရေးသဘောတူစာချုပ် ချုပ်ဆိုနိုင်ခြင်း မရှိသေးချေ။

“ပြုပြင်နိုင်ရန်အတွက် ရတနာဓာတ်ငွေ့ကမ်းလွန် ပိုက်လိုင်း ၂ လိုင်း သဘာဝဓာတ်ငွေ့ ပို့လွှတ်မှုရပ်တန့်”

ရတနာ ဓာတ်ငွေ့ကမ်းလွန် ပလက်ဖောင်း အထွေထွေ ပြုပြင်ခြင်း လုပ်ငန်းများ ဆောင်ရွက်မည်ဖြစ်၍ ကန်ဘောက်- မြိုင်ကလေးပိုက်လိုင်းနှင့် ရန်ကုန်-ပြည်-မြန်အောင် ပိုက်လိုင်းများသို့ သဘာဝဓာတ်ငွေ့ ပို့လွှတ်မှုများ ရပ်တန့်ထားမည်ဟု လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန အသိပေး ထုတ်ပြန်သည်။

ကိုးရက်ကြာ ပိတ်ထားခဲ့ရသော မိတ္ထီလာမြို့ စည်ပင်သာယာဈေးအား မတ်လ ၃၀ ရက် နံနက် ၉ နာရီတွင် ပြန်လည်ဖွင့်လှစ်

Photo: ကိုးရက်ကြာ ပိတ်ထားခဲ့ရသော မိတ္ထီလာမြို့ စည်ပင်သာယာဈေးအား မတ်လ ၃၀ ရက် နံနက် ၉ နာရီတွင် ပြန်လည်ဖွင့်လှစ်
Saturday,March 30, 2013

ကိုးရက်ကြာ ပိတ်ထားခဲ့ရသော မိတ္ထီလာမြို့ စည်ပင်သာယာ ဈေးကြီးနှင့် ကပ်လျှက်တည်ရှိသော ပိတောက်မြိုင် ဈေးတို့အား မတ်လ ၃၀ ရက်နေ့ နံနက် ၉ နာရီတွင် ပြန်လည် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

“ဈေးက အခုဖွင့်ထားပြီ ဆိုပေမယ့် ဆိုင်ခန်းအများစုကတော့ မထွက်ကြသေး
ဘူး၊ ညနေ ဘယ်နှစ်နာရီ ပိတ်မယ်ဆိုတဲ့ ညွှန်ကြားချက်တော့ မရှိသေးဘူး၊ မိတ္ထီလာတစ်မြို့လုံး အကောင်းကျန်တာဆိုလို့ ဒီဈေးတစ်ခုပဲ ရှိတယ်။

အရင်တုန်းကတော့ ဒီဈေးက စည်းကမ်းထိန်းသိမ်းမှု အရမ်းအားနည်းတယ်၊ အခုတော့ ဘယ်လိုလာမယ် မသိသေးဘူး။ မီးသတ်ကားနဲ့ မီးသတ်အင်အား
ကို နေ့ညမပြတ် အဆင်သင့် ထားပေးစေချင်တယ်၊ နောက်ပြီး တကယ်လို့ အရေးကြုံလာရင် တာဝန်ရှိသူတွေ အနေနဲ့ ပြတ်ပြတ်သားသား လျှင်လျှင်မြန်
မြန် အရေးယူ ဆောင်ရွက်ဖို့ လိုအပ်တယ်” ဟု မိတ္ထီလာမြို့စည်ပင်သာယာ
ဈေး အတွင်းရှိ သဇင်ပလတ်စတစ် ရောင်းဝယ်ရေးမှ ကိုမင်းအောင်နိုင်က
ပြောသည်။

ဈေးပြန်ဖွင့်လှစ်ခြင်းနှင့် ပတ်သက်၍ မိတ္ထီလာမြို့ စည်ပင်သာယာရေး ကော်
မတီမှ တာဝန်ရှိသူ တစ်ဦးကလည်း “ဒီနေ့မနက် ကိုးနာရီမှာ ဈေးကို ပုံမှန်
အတိုင်း ပြန်ဖွင့်ထားပါတယ်။ ညနေငါးနာရီလောက်မှ ဈေးပြန်ပိတ်ပါမယ်။

မနက်ဖြန်လည်း ပုံမှန်အတိုင်း ပြန်ဖွင့်နိုင်ဖို့ ရှိပါတယ်၊ လုံခြုံရေး အနေနဲ့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ သက်ဆိုင်ရာ တာဝန်ရှိသူတွေ၊ နောက် ဈေးအ
ကျိုးတော်ဆောင်အဖွဲ့၊ ဈေးမိဈေးဖတွေ အားလုံးရှိပါတယ်” ဟု ပြော
သည်။

မိတ္ထီလာဈေးကြီးမှာ အနီးအနားရှိ မြို့နယ်များဖြစ်သော ရမည်းသင်း၊
ပျော်ဘွယ်၊ သာစည် အစရှိသော မြို့များမှပင် လာရောက် ဈေးဝယ်လေ့
ရှိသော ဈေးကြီးတစ်ခုဖြစ်ပြီး မှတ်ပုံတင်ထားသောဆိုင်ခန်းပေါင်း လေး
ထောင်ကျော်နှင့် ယာယီပျံကျ ဆိုင်ခန်းပေါင်း သုံးထောင်ကျော် ရှိကြောင်း သိရသည်။

မိတ္ထီလာဈေးအား မတ်လ ၃၀ ရက်နေ့ မနက် ၁၀ နာရီ ၀န်းကျင်က တွေ့ရစဉ်
Eleven Media Group
ကိုးရက်ကြာ ပိတ်ထားခဲ့ရသော မိတ္ထီလာမြို့ စည်ပင်သာယာ ဈေးကြီးနှင့် ကပ်လျှက်တည်ရှိသော ပိတောက်မြိုင် ဈေးတို့အား မတ်လ ၃၀ ရက်နေ့ နံနက် ၉ နာရီတွင် ပြန်လည် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ရန်ကုန်မြို့၏အဝေးပြေးကားဂိတ်များပိတ်ပြီ

ရန်ကုန်မြို့၊ ခရီးသည်နှင့်ကုန်ကားဂိတ်များဖြစ်သည့် အောင်မင်္ဂလာဂိတ်နှင့် ဘုရင့်နောင်ဂိတ်တို့အား ရခိုင်ဒေ သ အပါအ၀င် မြန်မာပြည်အနှံ့အပြားသို့ ကုန်ပစ္စည်းများ သယ်ယူပို့ဆောင်ရေးလမ်းကြောင်းအား ၂၉ ရက်နေ့ ညနေ အချိန်အား နောက်ဆုံးထား၍ သယ်ယူပို့ဆောင်ပေးမည်ဖြစ်ကြောင်း အရေးပေါ်အခြေအနေ အကြောင်းကြောင်းကြောင့် စိုးရိမ်ပူပန်လျက် ကားဂိတ်များမှ သင်္ကြန်ရက်များအထိ ယာယီ ပိတ်ထား လိုက်ရခြင်းဖြစ်ကြောင်း၊ ကုန်ပစ္စည်းမှာယူကြသည့် နယ်ကုန်သည်များ ထံမှ သိရှိရပါသည်။

Friday, March 29, 2013

သမ္မတဟောင်း ဂျင်မီကာတာ မြန်မာပြည်လာမည်

သမ္မတဟောင်း ဂျင်မီကာတာ မြန်မာပြည်လာမည်
Friday, March 29, 2013

အမေရိကန် သမ္မတဟောင်း ဂျင်မီကာတာ ဟာ အခုလာမယ့် ဧပြီလဆန်းမှာ
မြန်မာနိုင်ငံကို သွားရောက်ဖို့ရှိနေပါတယ်။ ပဋိပက္ခဖြစ်တဲ့နေရာတွေမှာ ငြိမ်း
ချမ်းရေးတည်ဆောက်နိုင်အောင် ဘယ်လို အကူအညီပေးမလဲဆိုတာကို စူးစမ်းလေ့လာဖို့အတွက် မြန်မာနိုင်ငံနဲ့ နီပေါလ်နိုင်ငံကို မတ်လ ၂၉ ရက်နေ့ ကနေ ဧပြီ ၆ ရက်နေ့ အထိ သွားရောက်မှာဖြစ်တယ်လို့ သိရပါတယ်။

နီပေါလ်နိုင်ငံကို အရင်သွားပြီးမှ မြန်မာနိုင်ငံကို သွားရောက်မှာပါ။မြန်မာနိုင်ငံ
မှာတော့ လက်ရှိ မြန်မာနိုင်ငံ ဒီမိုကရေစီကူးပြောင်းမှုလုပ်ငန်းတွေမှာ ဘယ်လို
အကူအညီတွေ ပေးနိုင်မလဲ ဆိုတာကို သမ္မတဟောင်း Carter အပါအ၀င် Carter Center က ကိုယ်စားလှယ်အဖွဲ့တွေ လေ့လာစူးစမ်းသွားမှာဖြစ်
ပါတယ်။

သမ္မတဟောင်း ဂျင်မီကာတာ မြန်မာနိုင်ငံ မလာခင်မှာပဲ၊ Carter Center ကိုယ်စားလှယ်အဖွဲ့ဟာ မြန်မာနိုင်ငံကို သွားရောက်ခဲ့ပြီး၊ သမ္မတဦးသိန်း
စိန်ရဲ့ ငြိမ်းချမ်းရေးစင်တာ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံညှိုနှိုင်းမှုတွေလုပ်ခဲ့
တယ်လို့ ငြိမ်းချမ်းရေးစင်တာ တာဝန်ရှိသူတဦးက ဗွီအိုအေ မြန်မာပိုင်း
ကို ပြောပါတယ်။

ဒါကြောင့် သမ္မတဟောင်း ဂျင်မီကာတာ ဟာ မြန်မာနိုင်ငံကို လာရောက်
တဲ့အခါ သမ္မတဦးသိန်းစိန်အပါအ၀င် မြန်မာအစိုးရပိုင်းက ခေါင်းဆောင်
တွေ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌဒေါ်အောင်ဆန်းစုကြည်အပါအ
ဝင် နိုင်ငံရေးခေါင်းဆောင်တွေ၊ အရပ်ဖက်လူမှု အဖွဲ့အစည်းအသီးသီးက ကိုယ်စားလှယ်တွေကို တွေ့ဆုံမယ်လို့ မျှော်လင့်ရပါတယ်။ Carter Center ဟာ ကမ္ဘာအရပ်ရပ်မှာ ဒီမိုကရေစီရေးနဲ့ လူ့အခွင့်အရေးအတွက် တွန်းအား
ပေးဆောင်ရွက်နေသလို၊ ပဋိပက္ခဖြစ်နေတဲ့နေရာတွေ မှာ ငြိမ်းချမ်းရေးရနိုင်ဖို့ အကူအညီပေး ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။

ဒါကြောင့်လည်း မြန်မာနိုင်ငံတွင်းက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာလည်း ပါဝင် အကူအညီပေးနိုင်ဖွယ်ရှိတယ်လို့ သိရပါတယ်။

အမေရိကန်သမ္မတဟောင်း ဂျင်မီကာတာ
VOA အမေရိကန် သမ္မတဟောင်း ဂျင်မီကာတာဟာ အခုလာမယ့် ဧပြီလ ဆန်းမှာမြန်မာနိုင်ငံကို သွားရောက်ဖို့ရှိနေပါတယ်။ ပဋိပက္ခဖြစ် တဲ့နေရာတွေမှာ ငြိမ်း ချမ်းရေးတည်ဆောက်နိုင်အောင် ဘယ်လိုအကူအညီပေးမလဲဆိုတာကို စူးစမ်းလေ့လာဖို့ အတွက် မြန်မာနိုင်ငံနဲ့ နီပေါလ်နိုင်ငံကို မတ်လ ၂၉ ရက်နေ့ ကနေ ဧပြီ ၆ ရက်နေ့ အထိ သွားရောက်မှာဖြစ်တယ်လို့ သိရပါတယ်။

မိတ်ဆွေကောင်း သူယုတ် ခွဲခြားနည်း

Photo: မိတ်ဆွေကောင်း သူယုတ် ခွဲခြားနည်း
Friday, March 29, 2013

မိတ်ဆွေကောင်း အင်္ဂါခုနှစ်ပါး
၁) ပေးနိုင်ခဲသော အရာဝတ္ထုကို ပေးခြင်း။
၂) ပြုနိုင်ခဲသော အမှုကိစ္စကို ပြုလုပ်ခြင်း။
၃) သည်းခံနိုင်ခဲသော အရာကို သည်းခံခြင်း။
၎) မိမိ၏လျှို့ဝှက်အပ်သောအရာကို မိမိ၏အဆွေခင်ပွန်းအား ဖွင့်ဟပြောကြားခြင်း။
၅) မိမိမိတ်ဆွေ၏ လျှို့ဝှက်အပ်သောအရာကို လျှို့ဝှက်ထားခြင်း။
၆) ဘေးရန်အန္တရာယ်တွေ့ကြုံလာသောအခါ၌ မိမိ၏မိတ်ဆွေကို စွန့်ပစ်မထားခြင်း။
၇) ပစ္စည်း ဥစ္စာကုန်ခန်းပျက်စီးခြင်းကြောင်း မိမိ၏မိတ်ဆွေအား အထင်သေး၍ မိမိကိုယ်ကိုမူအထင်ကြီးမောက်မာပြီး မထေမဲ့မြင် မပြုတတ်ခြင်း။

သူယုတ်အင်္ဂါ (မိတ်ဆွေကောင်းအင်္ဂါ၏ အပြန်)
၁) ပေးနိုင်ခဲသော အရာဝတ္ထုကို မပေးခြင်း။
၂) ပြုနိုင်ခဲသော အမှုကိစ္စကို မပြုလုပ်ခြင်း။
၃) သည်းခံနိုင်ခဲသော အရာကို သည်းမခံခြင်း။
၎) မိမိ၏လျှို့ဝှက်အပ်သောအရာကို မိမိ၏အဆွေခင်ပွန်းအား ဖွင့်ဟ မပြောကြားခြင်း။
၅) မိမိမိတ်ဆွေ၏ လျှို့ဝှက်အပ်သောအရာကို မလျှို့ဝှက်ထားခြင်း။
၆) ဘေးရန်အန္တရာယ်တွေ့ကြုံလာသောအခါ၌ မိမိ၏မိတ်ဆွေကို စွန့်ပစ်ထားခြင်း။
၇) ပစ္စည်း ဥစ္စာကုန်ခန်းပျက်စီးခြင်းကြောင်း မိမိ၏မိတ်ဆွေအား အထင်သေး၍ မိမိကိုယ်ကိုမူအထင်ကြီးမောက်မာပြီး မထေမဲ့မြင် ပြုတတ်ခြင်း။

(အင်္ဂုတ္တိုရ်ပါဠိတော်၊ သတ္တကနိပါတ်၊ ပဌမမိတ္တသုတ်)
အရှင်ဇ၀န(မေတ္တာရှင်)ရွှေပြည်သာ
မေတ္တာရိပ်မိတ်ဆွေကောင်း အင်္ဂါခုနှစ်ပါး
၁။ ပေးနိုင်ခဲသော အရာဝတ္ထုကို ပေးခြင်း။
၂။ ပြုနိုင်ခဲသော အမှုကိစ္စကို ပြုလုပ်ခြင်း။
၃။ သည်းခံနိုင်ခဲသော အရာကို သည်းခံခြင်း။
၎။ မိမိ၏လျှို့ဝှက်အပ်သောအရာကို မိမိ၏အဆွေခင်ပွန်းအား ဖွင့်ဟ   ပြောကြားခြင်း။

မိန်းမချောချောလှလှပိုးပန်းလိုလျှင်လိုက်နာရမည့်အချက် (၁၀)ချက်

Photo: မိန်းမချောချောလှလှပိုးပန်းလိုလျှင်လိုက်နာရမည့်အချက် (၁၀)ချက်
Friday, March 29, 2013

( ၁ ) ယဉ်ကျေးပျူငှာစွာ ဆက်ဆံပါ။

( ၂ ) ကိုယ် ပြောချင်တာထက် သူပြောချင်တာကို အရင်နားထောင်ပေးပါ။

( ၃ ) သူစိတ်ကောက်နေလျှင် စိတ်ပြေသည့်အထိ စိတ်ရှည်ရှည်ထား
ပြီး နူးညံ့ပျော့ပျောင်းသော ကိုယ်နှုတ်အမူအရာဖြင့် ပြန်ချော့ပါ။

( ၄ ) အခါအားလျော်စွာ သင်တတ်နိုင်သလောက် လက်ဆောင်ပစ္စည်းများ ၀ယ်ပေးခြင်းဖြင့် သူ၏ ယုံကြည်မှုကို ရယူပါ။

( ၅ ) သူနှင့် သွားနေစဉ် (သို့ ) တွေ့ နေစဉ် အခြားမည်သည့် မိန်းမကိုမှ မည်မျှပင်ချောနေ လှနေသည် ဖြစ်စေ လုံးဝစိတ်ဝင်စားမှု မပြပါနှင့်။

( ၆ ) သင့်ကိုယ်သင် ငွေကြေးချမ်းသာပြည့်စုံမှုထက် ရိုးသားကြိုးစားပြီး ထက်မြတ်သူဖြစ်ကြောင်း သူလက်ခံလာအောင် ပြပေးပါ။

( ၇ ) သင်မဟုတ်တာ (သို့ ) မလုပ်သင့်တာ တစ်ခုကို သူသိထားလျှင် ဇွတ်အတင်း ညာပြီး ငြင်းမနေပါနှင့်။ မိမိအမှားကို ယောက်ျားပီပီ လက်ခံ
ပြီးနောက်မဖြစ်စေရဘူးဟု သူယုံကြည်လာအောင် ပြောဆိုဖြောင်းဖြပြီး ကတိပေးပါ။

( ၈ ) ငါကယောက်ျား နင်ကမိန်းမ ငါပြောသမျှ နင်နားထောင်ရမယ် ၊ လုပ်ရ
မယ် ဆိုတဲ့ အယူအဆကို လုံးဝစွန့် လွှတ်ပြီး နှစ်ဦးနှစ်ဘက် တရားမျှမျှတတ ဖြစ်အောင် အမြဲ သတိပြုပြောဆိုသွားလာလုပ်ဆောင်းပါ။

( ၉ ) သူနှင့် သွားတွေ့ လျှင် တကိုယ်ရေသန့် ရှင်းအောင် လုပ်ပြီး သပ်သပ်ရပ်
ရပ် ၀တ်စားဆင်ယင် ပြီးမှ သွားတွေ့ ပါ။

( ၁၀ ) သင်နှင့်သူ လာတွေ့ စဉ် (သို့ ) သင့်အား သူ့ ဓာတ်ပုံပို့ လိုက်လျှင်
ဖြစ်စေ သူပြင်ဆင်မထားလျှင် ကြည့်မကောင်း ဖြစ်နေလျှင်သော၎င်း ၊ပြင်ဆင်ထားသော် လည်း တစ်ခုခု လိုအပ်နေရင်ကြည့်မကောင်းဖြစ်နေ
လျှင်သော်၎င်း ကဲ့ရဲ့ ဝေဖန်ခြင်းမပြုပါနှင့်။ အမြဲလှတယ်၊တအားချစ်စရာ
ကောင်းတယ်လို့ သာပြောပေးပါ။

Myawady News( ၁ ) ယဉ်ကျေးပျူငှာစွာ ဆက်ဆံပါ။
(၂) ကိုယ် ပြောချင်တာထက် သူပြောချင်တာကို အရင်နားထောင်ပေးပါ။
( ၃ ) သူစိတ်ကောက်နေလျှင် စိတ်ပြေသည့်အထိ စိတ်ရှည်ရှည်ထား ပြီး နူးညံ့ပျော့ပျောင်းသော ကိုယ်နှုတ်အမူအရာဖြင့် ပြန်ချော့ပါ။

မြောက်ပိုင်းခြိမ်းခြောက်မှု တောင်ကိုရီးယားလူထု စစ်ရေးဖြင့် တုန့်ပြန်လို

မြောက်ပိုင်းခြိမ်းခြောက်မှု တောင်ကိုရီးယားလူထု စစ်ရေးဖြင့် တုန့်ပြန်လို
Friday, March 29, 2013

အိမ်နီးချင်းမြောက်ကိုရီးယားရဲ့ နေ့စဉ်ခြိမ်းခြောက်မှုကို ခံနေရတဲ့ တောင်
ကိုရီးယား နိုင်ငံက စစ်တမ်း တခုမှာ စစ်ရေးနဲ့ တုံ့ပြန်ဖို့ အများစုက လက်
ခံတာကို တွေ့ရပါတယ်၊ Gallup Korea က ပြီးခဲ့တဲ့ သီတင်းပါတ် အတွင်း လုပ်ခဲ့တဲ့ စစ်တမ်းမှာ မြောက်ကိုရီးယားဖက်က ရန်စတဲ့ အနေနဲ့အတိုင်းအ
တာ တခုအထိ တိုက်ခိုက်မယ် ဒါမှမဟုတ် လုံးဝစစ်ပွဲကို စတင်မယ်လို့ စစ်တမ်းကောက်တဲ့ ထက်ဝက်နီးပါးက တုံ့ပြန်ပါတယ်၊ မြောက်ကိုရီးယား
ဖက်က စစ်ရေး ရန်စမှုတွေကို တောင်ကိုရီးယားတပ်ဖက်က ၁၀ ဆပြန်ပြီး လက်တုံ့ပြန်မယ် ဆိုတဲ့ စစ်အရာရှိတယောက်ရဲ့ ပြောကြားချက်ကို ၇၀ ရာခိုင်နှုန်းကျော်က ထောက်ခံခဲ့ကြပါတယ်၊ တချိန်ထဲမှာပဲ မြောက်ကိုရီး
ယားရဲ့ရန်ကို တိုက်ရိုက် ကာကွယ်တားဆီးတဲ့အနေနဲ့ ကိုရီးယား ကျွန်း
ဆွယ်ကို စစ်လေယာဉ်တွေ စေလွှတ်ခဲ့တယ်လို့ အမေရိကန်စစ်တပ်က
ပြောပါတယ်။

အမေရိကန်အလယ်ပိုင်း လေတပ်အခြေစိုက်စခန်းကနေ B-2 ဗုံးကြဲလေ
ယာဉ်တွေ ဟာ ကိုရီးယားကျွန်းဆွယ် အနောက်တောင်ကမ်းလွန်မှာရှိတဲ့ ကျွန်းဆီကို ကြာသပတေးနေ့က ပျံသန်းသွားခဲ့ကြပြီးတဲ့နောက်မှာမှ မနားဘဲ လေတပ်စခန်းဆီကို တောက်လျှောက် စုစုပေါင်း ကီလိုမီတာ ၂ သောင်းအကွာအဝေး ပျံသန်းလာခဲ့ကြပါတယ်၊ အမေရိကန် နဲ့ တောင်
ကိုရီးယား နိုင်ငံတွေအပေါ် မြောက်ကိုရီးယားရဲ့ ခြိမ်းခြောက်မှုတွေ တိုး
နေချိန်မှာ အခုလို တိုက်လေယာဉ်တွေကို စေလွှတ်ခဲ့တာဖြစ်ပါတယ်။

တောင်ကိုရီးယားနိုင်ငံ၊ အမေရိကန်ပြည်ထောင်စုနဲ့ Pacific သမုဒ္ဒရာထဲ
မှာရှိတဲ့ သူ့ရဲ့ မဟာမိတ်တွေအပေါ် Nuclear လက်နက်နဲ့ တိုက်ခိုက်မယ်
လို့ မြောက်ကိုရီးယားဖက်က ခြိမ်းခြောက်မှု အပါအဝင် လတ်တလော
ရန်စမှုတွေကြောင့် ခုလို B-2 တိုက်လေယဉ်တွေကို ကိုရီးယားကျွန်း
ဆွယ်ဖက် ပျံသန်းခဲ့တာဖြစ်တယ်လို့ အမေရိကန်ကာကွယ်ရေး
ဝန်ကြီး Chuck Hagel ကပြောကြားခဲ့ပါတယ်။

တောင်ကိုရီးယားသမ္မတ Park Geun-hye ကလဲ မြောက်ကိုရီးယားအစိုး
ရက ငြိမ်းချမ်းရေးကို ထိခိုက်စေတဲ့ ခြိမ်းခြောက်မှုတွေ လုပ်နေတာကို သူ့နိုင်ငံအနေနဲ့ ဒီတိုင်းငုံ့ခံနေမှာမဟုတ်ဘူးလို့ ပြောခဲ့ပါတယ်၊ တောင်
ကိုရီးယားနိုင်ငံ၊ ကုလသမဂ္ဂအဖွဲ့၊ကြက်ခြေနီအဖွဲ့တွေတို့နဲ့ ရှိနေတဲ့ အရေးပေါ်ဆက်သွယ်ရေးလမ်းကြောင်းတွေကိုမြောက်ကိုရီးယားအစိုး
ရက ဖြတ်တောက်ခဲ့ပါတယ်၊ တောင်နဲ့မြောက်ကိုရီးယား ၂နိုင်ငံစက်မှု
ဇုံဖြစ်တဲ့ Kaesong စက်မှုဇုံမှာတော့ ကြာသပတေးနေ့က နယ်စပ်
ဖြတ်ကျော်မှုတွေဟာ ပုံမှန်အတိုင်းပဲရှိနေပါတယ်။

မြောက်ကိုရီးယားခေါင်းဆောင်နဲ့ တပ်ဖွဲ့များ
VOA အိမ်နီးချင်းမြောက်ကိုရီးယားရဲ့ နေ့စဉ်ခြိမ်းခြောက်မှုကို ခံနေရ တဲ့ တောင်ကိုရီးယား နိုင်ငံကစစ်တမ်းတခုမှာ စစ်ရေးနဲ့တုံ့ပြန်ဖို့ အများစုကလက်ခံတာကို တွေ့ရပါတယ်၊ Gallup Korea က ပြီးခဲ့တဲ့ သီတင်းပါတ်အတွင်းလုပ်ခဲ့တဲ့ စစ်တမ်းမှာ မြောက်ကိုရီးယား ဖက်က ရန်စတဲ့ အနေနဲ့အတိုင်းအတာ တခုအထိ တိုက်ခိုက်မယ် ဒါမှမဟုတ် လုံးဝစစ်ပွဲကို စတင်မယ်လို့ စစ်တမ်းကောက်တဲ့ ထက်ဝက်နီးပါးက တုံ့ပြန်ပါတယ်၊ မြောက်ကိုရီးယား ဖက်က စစ်ရေးရန်စမှုတွေကို တောင်ကိုရီးယားတပ်ဖက်က ၁၀ ဆပြန်ပြီး လက်တုံ့ပြန် မယ်ဆိုတဲ့ စစ်အရာရှိတယောက်ရဲ့ ပြောကြားချက်ကို ၇၀ ရာခိုင်နှုန်းကျော် က ထောက်ခံခဲ့ကြပါတယ်၊ တချိန်ထဲ မှာပဲ မြောက်ကိုရီးယားရဲ့ရန်ကို တိုက်ရိုက် ကာကွယ်တားဆီးတဲ့အနေနဲ့ ကိုရီးယား ကျွန်းဆွယ်ကို စစ်လေယာဉ်တွေ စေလွှတ်ခဲ့တယ်လို့ အမေရိကန်စစ်တပ်ကပြောပါတယ်။

မြန်မာသမ္မတမိန့်ခွန်း အမေရိကန်ကြိုဆို

မြန်မာသမ္မတမိန့်ခွန်း အမေရိကန်ကြိုဆို
Friday, March 29, 2013

မြန်မာနိုင်ငံတွင်း အကြမ်းဖက်မှုတွေကို အစိုးရက ကိုင်တွယ်ဖြေရှင်းရာမှာ ဥပဒေနဲ့အညီ လူ့အခွင့်အရေး စံနှုန်းစံထားတွေကိုပါ လေးစားလိုက်နာဖို့ အမေရိကန်ပြည်ထောင်စုက တိုက်တွန်းပါတယ်။ မကြာခင်က ဖြစ်ခဲ့တဲ့ လူမျိုးရေး ဘာသာရေးအဓိကရုဏ်းတွေနဲ့ပတ်သက်လို့ အပြန်အလှန်လေး
စားမှုနဲ့ သည်းခံစိတ်မွေးဖို့ သမ္မတဦးသိန်းစိန်ရဲ့ နိုင်ငံတ၀ှမ်း ပြောတဲ့ မိန့်
ခွန်းကိုလည်း အမေရိကန်ပြည်ထောင်စုက ကြိုဆိုခဲ့ပါတယ်။ အပြည့်အစုံ
ကို ကိုသားညွန့်ဦးက တင်ဆက်ပေးမှာပါ။

မြန်မာနိုင်ငံတွင်း ဘာသာရေးနဲ့လူမျိုးရေးအခြေခံ အကြမ်းဖက်မှုတွေ
အပေါ်မှာ မနေ့တုန်းက သမ္မတဦးသိန်းစိန်က နိုင်ငံတ၀ှမ်းကို မိန့်ခွန်းပြောကြား
သွားတဲ့အပေါ်မှာ အမေရိကန်ပြည်ထောင်စုက အခြေခံ အားဖြင့် ကြိုဆိုခဲ့ပါတယ်။

ဒါပေမယ့် အကြမ်းဖက်မှုတွေကို ကိုင်တွယ်ရာမှာတော့ လူ့အခွင့်အရေး
အခြေခံတွေကို လေးစားလိုက်နာဖို့ အမေရိကန်ပြည်ထောင်စုအနေနဲ့ တိုက်တွန်းတဲ့အကြောင်း နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ Victoria Nuland
က မနေ့က ပုံမှန်သတင်းစာရှင်းလင်းပွဲအတွင်း ပြောသွားတာပါ။

“ဒီမိုကရေစီရေးအတွက်၊ မတူကွဲပြားတဲ့ ဘာသာရေးအယူအဆအားလုံး အတူယှဉ်တွဲတည်ရှိမှုနဲ့ ပွင့်လင်းမြင်သာမှုတွေအတွက် သီးခံကြဖို့၊ အပြန်
အလှန်လေးစားကြဖို့ သမ္မတဦးသိန်းစိန်ရဲ့ တိုက်တွန်းချက်ကို ထောက်ခံပါ
တယ်။ မြန်မာပြည်သူတွေအနေနဲ့ သူတို့သမတထံကနေ ကြားရဖို့ လိုအပ်တဲ့ စကားမျိုးပါ။ အခြေအနေတွေ ပြန်လည်တည်ငြိမ်မှုရဖို့ အစိုးရ ကြိုးပမ်း
ချက်တွေကို အမေရိကန်ပြည်ထောင်စုက အားပေးနေပါတယ်။

ဒီလို ဆောင်ရွက်တဲ့နေရာမှာလည်း လူ့အခွင့်အရေးကို လေးစားလိုက်နာပြီး၊ ဥပဒေအတိုင်း ညီညွတ်ဖို့ လိုပါတယ်။ နိုင်ငံသားတွေကို အကာအကွယ်ပေးဖို့ လိုအပ်ချက်ရှိလာရင်၊ အင်အားသုံးဖြေရှင်းနည်းကို နောက်ဆုံးအခြေ
အနေကျမှ အသုံးပြုမယ်လို့ သမ္မတဦးသိန်းစိန် ပြောဆိုတာကို သတိပြုမိပါတယ်။

လုံခြုံရေးအရ ဆောင်ရွက်ချက်တွေမှာ လူ့အခွင့်အရေးကို အကာအ
ကွယ်ပေးဖို့ ၊ လူ့အခွင့်အရေးချိုးဖောက်မှု မဖြစ်စေဖို့လိုမယ်ဆိုတာကို
ကျမတို့ ထပ်ပြီး ထောက်ပြလိုပါတယ်။ ”

မိတ္တီလာမြို့ကနေ စတင်ခဲ့တဲ့ အကြမ်းဖက်မှုတွေဟာ မန္တလေးတိုင်း၊ မကွေးတိုင်းနဲ့ ပဲခူးတိုင်း ဒေသအချို့အထိ ကူးစက်ပျံနှံသွားတာကြောင့် အခြေအနေတွေအပေါ်မှာ အမေရိကန်ပြည်ထောင်စုအပါအ ၀င်နိုင်ငံတ
ကာက စိုးရိမ်မကင်းဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် မနေ့က သမ္မတဦးသိန်းစိန်
နိုင်ငံတ၀ှမ်း မိန့်ခွန်းပြောတဲ့နောက်ပိုင်းမှာတော့ အခြေအနေတွေဟာ အတော်လေး တည်ငြိမ်လာသလို၊ အကြမ်းဖက်ဒဏ်ခံခဲ့ရတဲ့ ဒုက္ခသည်တွေ
ကို အကူအညီပေးရေးလုပ်ငန်းတွေကိုလည်း လူမှုအဖွဲ့အစည်းတွေက စတင်ဆောင်ရွက်နေကြပြီဖြစ်ပါတယ်။ ဒါပေမယ့် ရန်ကုန်အပါအ၀င် နယ်အတော်များများမှာတော့ လုံခြုံရေးတွေ တင်းကြပ်ထားဆဲပါ။
ဖြစ်ခဲ့တဲ့နေရာတွေမှာလည်း ပုဒ်မ ၁၄၄ ထုတ်ပြန်ထားတုန်းပါပဲ။

မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂလူ့အခွင့်အရေးကိုယ်စားလှယ် သောမတ်
အိုဟေး ကင်တာနားကလည်း အကြမ်းဖက်မှုတွေ အခြားမြို့တွေကိုပါ ကူးစက်မှုမဖြစ်အောင် အရေးယူကိုင်တွယ်မှုတွေ အလျင်အမြန်ဆောင်
ရွက်ဖို့ မြန်မာအစိုးရကို တိုက်တွန်းနေပါတယ်။ လူနည်းစုတွေအပေါ် အကြမ်းဖက်မှုတွေမှာ တာဝန်ရှိသူတွေကို အရေးယူကိုင်တွယ်ဖို့လည်း တိုက်တွန်းပါတယ်။ လူမျိုးရေးနဲ့ ဘာသာရေး ခွဲခြားဆက်ဆံမှုတွေအပေါ် ထိထိရောက်ရောက် ကိုင်တွယ်ဖို့ကိုလည်း မစ္စတာကင်တာနားက တိုက်
တွန်းခဲ့ပါတယ်။

နိုင်ငံတ၀ှမ်းမှာရှိတဲ့ မွတ်ဆလင်လူနည်းစုတွေအပေါ်မှာ ခွဲခြားဆက်ဆံ
မှုတွေနဲ့ အမုန်းတရားတွေနဲ့ အကြမ်းဖက်မှုတွေဖြစ်လာအောင် လှုံဆော်
တဲ့ လူအုပ်စုတွေကို အစိုးရအာဏာပိုင်တွေအနေနဲ့ ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းတာမျိုး မလုပ်ဘူးလို့ မစ္စတာကင်တာနားက ဝေဖန် ထားပါတယ်။ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပါအတိုင်း ဘာသာရေး
နဲ့ နိုင်ငံသား အခွင့်အရေးတွေကို အကာအကွယ်ပေးဖို့အတွက် အစိုးရ
အပြင် လွှတ်တော်ပိုင်း၊ တရားရေးပိုင်း၊ အမျိုးသားလူအခွင့်အရေးကော်
မရှင်တို့အနေနဲ့လည်း အရေးယူဆောင်ရွက်ပေးဖို့ တိုက်တွန်းထားပါတယ်။

VOA
ကိုသားညွန့်ဦး
မြန်မာနိုင်ငံတွင်း အကြမ်းဖက်မှုတွေကို အစိုးရက ကိုင်တွယ်ဖြေရှင်း ရာမှာ ဥပဒေနဲ့အညီ လူ့အခွင့်အရေး စံနှုန်းစံထားတွေ ကိုပါ လေးစား လိုက်နာဖို့ အမေရိကန်ပြည်ထောင်စုက တိုက်တွန်းပါ တယ်။ မကြာခင်က ဖြစ်ခဲ့တဲ့ လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်းတွေနဲ့ ပတ်သက်လို့ အပြန်အလှန်လေးစားမှုနဲ့ သည်းခံစိတ်မွေးဖို့ သမ္မတ ဦးသိန်းစိန် ရဲ့ နိုင်ငံတ၀ှမ်း ပြောတဲ့ မိန့်ခွန်းကိုလည်း အမေရိကန်ပြည်ထောင်စုက ကြိုဆိုခဲ့ပါတယ်။ အပြည့်အစုံကို ကိုသားညွန့်ဦးက တင်ဆက်ပေးမှာပါ။

အိမ်ရှင်ကိုရိုက်ပြီးတော့ အိမ်လုဖို့ ကြိုးစားတာဘယ်လိုမှ မသင့်တော်ကြောင်း သီတဂူဆရာတော်ကြီးက ပြောကြား

အိမ်ရှင်ကိုရိုက်ပြီးတော့ အိမ်လုဖို့ ကြိုးစားတာဘယ်လိုမှ မသင့်တော်ကြောင်း သီတဂူဆရာတော်ကြီးက ပြောကြား။
Friday, March 29, 2013

တို့မြန်မာနိုင်ငံကို ဗုဒ္ဓဘာသာ ရောက်တာနှစ်၂၀၀၀ရှိပြီ။ ခရစ်ယာန်တွေ၊ အစ္စလာမ်တွေ ရောက်လာတာက အင်္ဂလိပ်ဝင်မှ ရောက်လာတာ။ အဲဒီ
နောက်မှ ရောက်လာတာ ဆိုတော့ နှစ်တစ်ထောင်မပြောနဲ့ တစ်ရာ တစ်ရာ့ငါးဆယ်လောက်ပဲ ရှိသေးတယ်။ ဒါကို ပြောရမယ်ဆိုရင် ဗုဒ္ဓဘာသာက အိမ်ရှင်နိုင်ငံပါ။

အဲဒီလို Invade လုပ်ပြီးတော့ ဝင်ရောက်လာကြတဲ့ ပုဂ္ဂိုလ်တွေ၊ Migrate လုပ်ပြီးတော့ ဝင်ရောက် လာကြတဲ့ လူတွေက ဧည့်သည်တွေ။

အိမ်ရှင် ဗုဒ္ဓဘာသာတွေက ဧည့်သည် တခြားဘာသာခြား လူမျိုးတွေကို
နှစ်နှစ်ကာကာ Warmly Welcome လုပ်လို့၊ တိုင်းပြည်ထဲမှာ Church
တွေရော၊ ဗလီတွေရော နေရာတကာမှာ အေးအေးဆေးဆေး ရှိနေကြပြီ။

အဲဒီတော့ အိမ်ရှင်က ဧည့်သည်ကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုလက်ခံရင် ဧည့်သည် တွေကလည်း ဒီအိမ်ရှင်ရဲ့ အိမ်ထဲမှာအေးအေးချမ်းချမ်းနဲ့ အိမ်ရှင်နဲ့ လက်တွဲပြီးတော့ နေဖို့ကောင်းတယ်။ အိမ်ရှင်ကိုရိုက်ပြီးတော့ အိမ်လုဖို့ ကြိုးစားတာကတော့ ဘယ်လိုမှမလျော်တဲ့ ကိစ္စပဲ။အဲဒါကြောင့် ငြိမ်းချမ်းစွာနေကြပါလို့ တိုက်တွန်းပါတယ်။

The Voice Weekly တို့မြန်မာနိုင်ငံကို ဗုဒ္ဓဘာသာ ရောက်တာနှစ်၂၀၀၀ရှိပြီ။ ခရစ်ယာန်တွေ၊ အစ္စလာမ် တွေ ရောက်လာတာက အင်္ဂလိပ်ဝင် မှ ရောက်လာတာ။ အဲဒီ နောက်မှ ရောက်လာတာဆိုတော့ နှစ်တစ်ထောင်မပြောနဲ့ တစ်ရာ တစ်ရာ့ငါးဆယ်လောက်ပဲ ရှိသေးတယ်။ ဒါကို ပြောရမယ်ဆိုရင် ဗုဒ္ဓဘာသာက အိမ် ရှင်နိုင်ငံ ပါ။

ပြည်ထဲရေးဌာနသည် ပဋိပက္ခများဖြေရှင်းရာတွင် ထိရောက်ရန်လိုအပ်ဟု ၈၈မျိုးဆက်ကျောင်းသားများပြော

fdg29.3.13
၈၈မျိုးဆက် ကျောင်းသားများအနေဖြင့်တူညီသည့် ဘာသာဝင်များအကြား သွေးထိုး လှုံ့ဆော်မှုများ၊ အကြမ်းဖက်သတ်ဖြတ်မှုများအား လက်ခံမည်မဟုတ်ကြောင်း၊ ဒေသ အသီးသီးရှိဘာသာရေး၊ လူမှုရေး၊ အရပ်ဖက် အဖွဲ့အစည်းများစုစည်းပြီး ပဠိပက္ခများကို ကြိုတင်ကာကွယ်တားဆီးကြရန်၊ ဘာသာရေးခေါင်းဆောင်များ၊ နိုင်ငံတော် တာဝန်ရှိသူများမှ ပဠိပက္ခများ အမြန်ဆုံး ရပ်တန့်ရာတွင် ပါဝင်ပူးပေါင်းကြရန်နှင့် ပဠိပက္ခများအား ဖြေရှင်းရာတွင် ပြည်ထဲရေးဌာန၏ လုပ်ပိုင်ခွင့်နှင့် ပဋိပက္ခဖြေရှင်းရာ တွင် ထိရောက်ထက်မြက်ရန် လိုအပ်ကြောင်း ကိုဂျင်မီမှ ရှင်းလင်း ပြောကြားသည်။

Thursday, March 28, 2013

ကောလဟလနဲ့ လက်ဦးမှုယူ တိုက်ခိုက်တာမလုပ်ကြဖို့ ၈၈မျိုးဆက်တိုက်တွန်း

မိတ္တီလာမြို့ အဓိကရုဏ်းကနေတဆင့်ဆူပူအကြမ်းဖက်မှုဖြစ်ပေါ်စေ မယ့် ကောလဟလကြောင့် စိုးရိမ်ပူပန်နေတဲ့ အပြစ်မဲ့ပြည်သူတွေ အချင်းချင်း လက်ဦးမှုယူပြီး တိုက်ခိုက်တာမျိုးတွေ မဖြစ်စေချင်ဘူးလို့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က အသိပေးပြောကြား လိုက်ပါတယ်။

ပဲခူးတိုင်း မင်းလှ၊ စစ်ကွင်းမြို့တွေမှာ ဗလီတွေ အဖျက်ဆီးခံရ

ရန်ကုန်မြို့နဲ့ မိုင်၁၀၀ ကျော်လောက်သာဝေးတဲ့ ရန်ကုန်-ပြည် ကားလမ်းတလျှောက်မှာရှိတဲ့ ပဲခူးတိုင်းမြို့နယ်အချို့မှာ အစ္စလာမ်
ဘာသာဝင်တွေရဲ့ ဗလီကျောင်းတွေနဲ့ နေအိမ်တွေကို ဒီကနေ့မှာလည်း အကြမ်းဖက် ဖြိုဖျက်ခဲ့ကြ တယ်လို့ RFA က စုံစမ်းသိရပါ
တယ်။

နိုင်ငံတော်သမ္မတ၏ မိတ္ထီလာကိစ္စအပါအဝင် လတ်တလော ဆူပူမှုများနှင့် စပ်လျဉ်း၍ ပြည်သူလူထုသို့ ပြောကြားသောမိန့်ခွန်း

Photo: နိုင်ငံတော်သမ္မတ၏ မိတ္ထီလာကိစ္စအပါအဝင် လတ်တလော ဆူပူမှုများနှင့် စပ်လျဉ်း၍ ပြည်သူလူထုသို့ ပြောကြားသောမိန့်ခွန်း
Thursday, March 28, 2013

''ကျွန်တော်တို့ ပြည်သူ၊ ကျွန်တော်တို့ နိုင်ငံသားတဦးချင်းစီရဲ့ အသက် အိုးအိမ်စည်းစိမ်ကို ထိပါးလာရင်တော့ ကျွန်တော့်ကို အခြေခံဥပဒေ
က အပ်နှင်းထားတဲ့ နိုင်ငံတော်သမ္မတရဲ့ လုပ်ပိုင်ခွင့်တွေ၊ လုံခြုံရေး အဖွဲ့အစည်းတွေ၊ အုပ်ချုပ်ရေး အဖွဲ့အစည်းတွေရဲ့ အင်အားကို အ
သုံးပြုပြီး အကာအကွယ်ပေးသွားဖို့ ဆုံးဖြတ်ထားပြီး ဖြစ်ပါတယ်။

ပြည်သူလူထု တစ်ရပ်လုံး ကလည်း မေတ္တာကို အရင်းခံ၊ ကိုယ်ချင်း
စာတရားကို လက်ကိုင်ထားပြီး အမြင်ကျယ်ကျယ်၊ သတိကြီးကြီးနဲ့ ဝိုင်းဝန်းကူညီ ပူးပေါင်း ဆောင်ရွက်ကြဖို့ ကျွန်တော် အလေးနက် တိုက်တွန်းမေတ္တာ ရပ်ခံပါတယ်''

သာမန်ပုဂ္ဂလိက အငြင်းပွားမှု၊ သာမန်မှုခင်းတခုကို အကြောင်းပြုပြီး မိတ္ထီလာမှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခများ တည်ငြိမ်စ ပြုလာသည့် အခြေအနေမှာ ပြည်သူလူထုကြီးရဲ့ ရိုးသားမှုကို အခွင့်ကောင်းယူပြီး ရန်ကုန်မြို့ အပါအဝင် မြန်မာနိုင်ငံဒေသ အနှံ့အပြားတွင် ဆူပူမှုများ ကူးစက်ပျံ့နှံ့ရန် လှုံ့ဆော် လုပ်ဆောင်လာမှုများကို စိတ်မချမ်းမြေ့ ဖွယ် တွေ့မြင်နေရပါတယ်။

ဒါကြောင့် ဒီကိစ္စများနဲ့ပတ်သက်ပြီး ကျွန်တော်ရဲ့ သဘောထားနဲ့ အစိုးရရဲ့ ရပ်တည်ချက်များကို ရှင်းလင်းပြောကြား သွားမှာ ဖြစ်ပါတယ်။

ကျွန်တော့်အနေနဲ့ အင်အားသုံးပြီး ပြဿနာတွေကိုဖြေရှင်းတာကို မနှစ်မြို့ပါ။ ဒါပေမဲ့ ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ် လုံခြုံမှု
ကို ထိပါးတဲ့လုပ်ရပ် မှန်သမျှကိုတော့ လုံးဝ လက်သင့်ခံမှာ မဟုတ်ဘဲ လိုအပ်လျှင် မြို့ပြအင်အားသုံးပြီး ထိထိရောက်ရောက် တားဆီးနှိမ်နင်း
သွားရမှာ ဖြစ်ပါတယ်။ ဒီနေရာမှာ တရားဥပဒေစိုးမိုးရေးတွင် အဓိက တာဝန်ရှိနေတဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေနဲ့ ဥပဒေနဲ့အညီ ရဲဝံ့ပြတ်
သား စွာ ဆောင်ရွက်ကြဖို့ ပြောကြားလိုပါတယ်။

ဒီမိုကရေစီရဲ့ ရေသောက်မြစ်လို့ဆိုရမယ့် တစ်ဦးတစ်ယောက်ချင်းစီရဲ့ လွတ်လပ်ခွင့်ဆိုတာ သူတပါးကို ထိခိုက်မှုမရှိပဲ လွပ်လပ်ခြင်းရဲ့ အရသာ
ကို အားလုံးခံစားနိုင်ဖို့ ဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေ
ခံဥပဒေမှာလည်း မိမိယုံကြည်ရာကို လွတ်လပ်စွာ ကိုးကွယ်ပိုင်ခွင့်အား နိုင်ငံသားအခွင့်အရေး အနေနဲ့ အာမခံချက် အပြည့်အဝ ပေးထားပါတယ်။

ဒီနေရာမှာ မွန်မြတ်တဲ့ ကိုးကွယ်ယုံကြည်မှုကို ခုတုံးလုပ်ပြီး အလွဲသုံးတဲ့ အယူသီး အစွန်းရောက်လုပ်ရပ်တွေ၊ မတူညီတဲ့ ဘာသာတရားတွေအကြား အမုန်းတရားတိုးပွားအောင် လုပ်ဆောင်မှုတွေ၊ ကိုယ်ကျိုးစီးပွားနဲ့ယှဉ်တဲ့ နိုင်ငံရေး၊ စီးပွားရေးအမြတ်ထုတ် လုပ်ဆောင်လာမှုတွေကိုပပျောက်သွား
အောင် ကျွန်တော်တို့ အစိုးရအနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ တည်ဆဲ ဥပဒေများနဲ့အညီ ထိထိရောက်ရောက် အရေးယူဆောင်ရွက်သွားမှာ ဖြစ်တယ်ဆိုတာ သတိပေးပြောကြား လိုပါတယ်။

ယခုမိတ္ထီလာမှာ ဖြစ်ပျက်ခဲ့တဲ့ဖြစ်စဉ်ကို ဖြေရှင်းတဲ့နေရာမှာ ယခင်ကနဲ့
မတူဘဲ အသိုက်အဝန်းတွေကြားမှာ နားလည်မှုတွေနဲ့ ယုံကြည်မှုတွေ ပြန်လည်တည်ဆောက်နိုင်ဖို့ အတွက် အရပ်ဘက် လူ့အဖွဲ့အစည်းတွေရဲ့ ပူးပေါင်းပါဝင်မှု၊ ဘာသာပေါင်းစုံက ခေါင်းဆောင်တွေရဲ့ ပူးပေါင်းဆောင်
ရွက်မှု၊ နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ ပူးပေါင်းကူညီမှု၊ မီဒီယာများရဲ့ ပိုမိုတာဝန်သိသိ၊ တာဝန်ရှိရှိ သတင်းဖော်ပြမှု၊ ပြည်သူတွေရဲ့ အသက်အိုး
အိမ် စည်းစိမ်လုံခြုံမှုနဲ့ ပြန်လည်ထူထောင်ရေး လုပ်ငန်းများအတွက် ဘုန်း
တော်ကြီးများ အပါအဝင် လုံခြုံရေး အဖွဲ့အစည်းများနဲ့ တပ်မတော်တို့ရဲ့ မှန်ကန်တဲ့ အခန်းကဏ္ဍက ပါဝင်မှုတွေကို တွေ့ရှိရပါတယ်။

တချို့ဒေသတွေမှာ ငြိမ်းငြိမ်းချမ်းချမ်း နေထိုင်နေကြတဲ့ ပြည်သူလူထုတွေ အထိတ်တလန့် ဖြစ်အောင်၊ အကြမ်းဖက်မှုတွေဖြစ်အောင်၊ ကောလာ
ဟလတွေနဲ့ သွေးထိုးလှုံ့ဆော် နေတာတွေ ရှိပေမယ့် ဒါတွေကတဆင့် အကြမ်းဖက်မှုတွေအဖြစ် ရောက်ရှိ မသွားရအောင် ဒေသဆိုင်ရာ အုပ်ချုပ်ရေးအာဏာပိုင်တွေ၊ အရပ်ဘက်လူ့အဖွဲ့အစည်းတွေ၊ ရပ်မိရပ်ဖတွေနဲ့ ဘာသာရေးခေါင်းဆောင်တွေ ပူးပေါင်းကော်မတီတွေ၊ ဘာသာရေး အဓိကရုဏ်း ကာကွယ်တားဆီးရေးအဖွဲ့တွေ ဖွဲ့စည်းပြီး ကာကွယ်ပေးနေ ကြတာတွေကိုလည်း အပြု သဘောဆောင်သော ဖြစ်ရပ်များအဖြစ် တွေ့မြင်နေရပါတယ်။

သွေးထိုးမှုတွေ လှုံ့ဆော်မှုတွေကြောင့် အခြားမြို့ကြီးများကို ပဋိပက္ခ
များ ကူးစက်မယ့် အန္တရာယ်ကိုလည်း အရပ်ဘက်လူ့အဖွဲ့အစည်းတွေ၊ ရပ်မိရပ်ဖတွေနဲ့ သက်ဆိုင်ရာ အစိုးရအဖွဲ့အစည်းတွေ၊ လုံခြုံရေး အဖွဲ့
အစည်းတွေအားလုံး ဝိုင်းဝန်းကာကွယ် လုပ်ဆောင်နေကြတာကို လည်း
တွေ့ရတဲ့ အတွက် ကျေးဇူးတင် ဝမ်းမြောက်မိ ပါတယ်။ မတူညီတဲ့ တိုင်းရင်းသားတွေ၊ လူမျိုးစုတွေနဲ့ မတူညီတဲ့ ကိုးကွယ် ယုံကြည်မှုတွေ အကြား အချင်းချင်း အပြန်အလှန်လေးစားမှု၊ နားလည်မှုရှိတဲ့၊ ယဉ်ကျေး
တဲ့ လူ့အဖွဲ့အစည်းမှာ နေထိုင်တဲ့ နိုင်ငံတစ်နိုင်ငံအဖြစ် ကမ္ဘာပေါ်မှာ ဂုဏ်သိက္ခာရှိရှိ ရပ်တည် နိုင်ဖို့အတွက် ကြိုးပမ်းနေကြတယ်ဆိုတာကိုလ
ည်း သက်သေထူရာ ရောက်ပါတယ်။

ကျွန်တော်တို့အစိုးရအနေနဲ့ အင်အားသုံးဖြေရှင်း ကိုင်တွယ်မှုတွေကို တတ်နိုင်သမျှ ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ခဲ့ရတဲ့ အကြောင်းရင်း
ကတော့ မိမိတို့ နိုင်ငံသားများရဲ့ အရှိန်ယူစ ဒီမိုကရေစီကျင့်စဉ်များ စမ်းသပ်ကျင့်သုံးမှုကို အဟန့်အတားဖြစ်ပြီး အချိန်မတိုင်မီ ပျက်စီး
သွားနိုင်မယ့် အန္တရာယ်ကို ရှောင်ရှားလိုတဲ့အတွက်ကြောင့်ပဲ ဖြစ်ပါ
တယ်။

ယခုကာလတို အတွင်း မြေစမ်းခရမ်းပျိုးနေတဲ့ ပြုပြင်ပြောင်းလဲရေးများနဲ့ ဒီမိုကရေစီ ရှင်သန်ရေးများကို မဆုံးရှုံးစေလိုတဲ့အတွက်ပဲ ဖြစ်ပါတယ်။

ဒါပေမဲ့ ကျွန်တော်တို့ ပြည်သူ၊ ကျွန်တော်တို့ နိုင်ငံသားတဦးချင်းစီရဲ့ အသက် အိုးအိမ်စည်းစိမ်ကို ထိပါးလာရင်တော့ ကျွန်တော့်ကို အခြေ
ခံဥပဒေက အပ်နှင်းထားတဲ့ နိုင်ငံတော်သမ္မတရဲ့ လုပ်ပိုင်ခွင့်တွေ၊ လုံခြုံရေး အဖွဲ့အစည်းတွေ၊ အုပ်ချုပ်ရေး အဖွဲ့အစည်းတွေရဲ့ အင်အားကို အသုံးပြုပြီး အကာအကွယ်ပေးသွားဖို့ ဆုံးဖြတ်ထားပြီး ဖြစ်ပါတယ်။

ပြည်သူလူထု တစ်ရပ်လုံး ကလည်း မေတ္တာကို အရင်းခံ၊ ကိုယ်ချင်း
စာတရားကို လက်ကိုင်ထားပြီး အမြင်ကျယ်ကျယ်၊ သတိကြီးကြီးနဲ့ ဝိုင်းဝန်းကူညီ ပူးပေါင်း ဆောင်ရွက်ကြဖို့ ကျွန်တော် အလေးနက် တိုက်တွန်းမေတ္တာ ရပ်ခံပါတယ်။

မြ၀တီ

''ကျွန်တော်တို့ ပြည်သူ၊ ကျွန်တော်တို့ နိုင်ငံသားတဦးချင်းစီရဲ့ အသက် အိုးအိမ်စည်းစိမ်ကို ထိပါးလာ ရင်တော့ ကျွန်တော့်ကို အခြေခံဥပဒေက အပ်နှင်းထားတဲ့ နိုင်ငံတော်သမ္မတရဲ့ လုပ်ပိုင်ခွင့်တွေ၊ လုံခြုံရေး အဖွဲ့အစည်းတွေ၊ အုပ်ချုပ်ရေး အဖွဲ့အစည်းတွေရဲ့ အင်အားကို အသုံးပြုပြီး အကာအကွယ်ပေးသွားဖို့ ဆုံးဖြတ်ထားပြီး ဖြစ်ပါတယ်။

ပုသိမ်-ရန်ကုန် ရထား ပြေးဆွဲမည်

လာမည့် ဇွန်လမှ စတင်၍ ပုသိမ်- ရန်ကုန် ရထားလိုင်း သယ်ယူ ပို့ဆောင်ရေးကို အကောင် အထည် ဖော်မည်ဖြစ်ကြောင်း ရထား ပို့ဆောင်ရေး ဝန်ကြီး ဌာနမှ တာဝန်ရှိသူ တစ်ဦး ထံက သိရသည်။

ထိုင်းရောက် မြန်မာ အလုပ်သမားများကြား HIV ကူးစက်နှုန်း တိုးလာ

Photo: ထိုင်းရောက် မြန်မာ အလုပ်သမားများကြား HIV ကူးစက်နှုန်း တိုးလာ
Thursday, March 28, 2013

ထိုင်း-မြန်မာနယ်စပ်ရှိ မြန်မာ ရွှေ့ပြောင်း အလုပ်သမားများကြား HIV ကူးစက်ခံရမှုနှုန်း တိုးလာကြောင်း လူမှုရေးနှင့် ကျန်းမာရေး ဆိုင်ရာ ၀န်ဆောင်မှုများပေးနေသည့် မဲဆောက်မြို့ အခြေစိုက် အစိုးရမဟုတ်
သော အဖွဲ့အစည်းများ(NGO)ထံမှ သတင်းရရှိသည်။

၂၀၀၉ ခုနှစ်မှ စတင်၍ ရွှေ့ပြောင်း အလုပ်သမားများ၏ ဖွံ့ဖြိုးတိုး
တက်ရေးလုပ်ငန်းများ လုပ်ကိုင်ခဲ့သည့် လူမှုရေးနှင့် ကျန်းမာရေး ဖွံ့ဖြိုးတိုးတက်ရေး အသင်း(SHDA)၏ လေ့လာထားချက်အရ ၂၀၁၀ ပြည့်နှစ် နောက်ပိုင်းတွင် ပိုမိုတိုးလာကြောင်း သိရသည်။

SHDA မှ ဒါရိုက်တာ ဦးရာဇာက“အရင်နှစ်တွေက ဆိုရင် မယ်တော်ဆေး
ခန်းမှာ သွေးစစ်တာနဲ့ ကျနော်တို့ဆီကို ရောက်လာတဲ့ လူဦး ရေက တနှစ်
မှာ အသစ်၂၀၀ တွေ့ခဲ့တယ်။ အခုနောက်ပိုင်း တနှစ်ကို လူနာအသစ် ၃၅၀
လောက်ထိ တိုးလာတယ်”ဟု ပြော သည်။

နယ်စပ်နှင့် ပြည်တွင်းမှ လူနာများအား အခမဲ့ ကျန်းမာရေးစောင့်ရှောက်
မှု ပေးနေသည့် မယ်တော်ဆေးခန်းမှ ဒုတိယညွှန်ကြား ရေး မှူး ဒေါက်တာ
အဲ့သ၀ါ က“HIV ဖြစ်နှုန်းက တိုးလာတယ်။

ဒါပေမယ့် တချို့ပြောင်းရွှေ့လုပ်သားတချို့က ကျန်းမာရေး အာမခံမရှိတော့
ဆေးဝါးမရဘူး။ ARV မရပေမယ့် သူတို့အတွက်အိမ်တိုင်ရာရောက် စောင့်
ရှောက်မှုပေးတာတွေတော့ လုပ်တယ်”ဟု ပြော သည်။

မယ်တော်ဆေးခန်း ၏ ကျန်းမာရေး စောင့်ရှောက်မှုကိုရယူသည့် HIV ပိုး ကူးစက်ခံထားရသူပေါင်း ၁၀၀ ကျော်ရှိပြီး အများစု မှာ အမျိုးသမီးများဖြစ်
ကာ ၎င်းတို့ အနက် သုံးပုံ ၁ ပုံသာ ထိုင်းအစိုးရ ကျန်းမာရေး ဌာန၏
ဆေးဝါးကုသမှုကို ရရှိကြောင်း ဒေါက်တာ အဲ့သ၀ါ က ပြောသည်။

သို့သော် ရွှေ့ပြောင်း အလုပ်သမားများသည် စားဝတ်နေရေး အဆင်ပြေနိုင်
မည့် နေရာဒေသများသို့ ရွှေ့ပြောင်းနေရခြင်းများ ရှိရာ တချို့ ရပ်ကွက်များ
တွင် ကူးစက်ခံရမှုနှုန်း လျော့ကျသည်များလည်း ရှိကြောင်း HIV/AIDS ကူးစက်မှု ကာကွယ်တားဆီးရေး အသိပညာပေး လုပ်ငန်းများ အဓိက လုပ်ကိုင်နေသည့် မဲဆောက် အခြေစိုက် World Vision မှ တာဝန်ရှိသူ တဦးက ပြောသည်။

“ကျနော်တို့ တာဝန်ယူရတဲ့ ရပ်ကွက်တွေမှာ ပြောင်းရွှေ့မှုနှုန်း အရမ်းများတော့ အသိပညာပေး လုပ်ငန်းတွေလုပ်ရတာ သိပ် မထိ ရောက်သလို ဖြစ်တယ်။ သေသွားတာတွေ၊ ပြောင်းရွှေ့
သွားတာတွေကြောင့် တချို့ရပ်ကွက်တွေမှာ လျော့တယ်”ဟု
World Vision မှ ဦးနေဦး က ပြောသည်။

SHDA မှ ဒါရိုက်တာ ဦးရာဇာ ကလည်း ARV ကုထုံးလိုအပ်နေသည့် HIV Positive များအတွက် ဆေးဝါးရရှိမှု အခြေအနေ အခက် အခဲများရှိပြီး အကူညီပေးမှုများ လိုအပ်ကြောင်း ပြောသည်။

“ARV လွယ်လွယ်ကူကူ ရဖို့အတွက်က အလုပ်သမား တော်တော်များများမှာ တရားဝင် လက်မှတ် အထောက်အထား မရှိကြဘူး။

ကျနော်တို့အဖွဲ့က စောင့်ရှောက်ထားတဲ့ လူတွေ အတွက်တော့ အလှူရှင် တယောက်က ၀ယ်တိုက်နေပါတယ်”ဟု ဦးရာဇာက ဆက်ပြောသည်။

ထို့အပြင် မဲဆောက်မြို့ရှိ NGO များနှင့်ဆက်သွယ်ကာ ဆေးဝါးကု
သနေသူများ အတွက် မယ်တော် ဆေးခန်းနှင့် မဲဆောက် ဆေးရုံ ကြီး
တို့မှ ARV ရရှိသော်လည်း အကန့်အသတ်ရှိကြောင်း Social Action
for Woman(SAW) အဖွဲ့မှ သိရသည်။

SAW မှ တာဝန်ရှိသူ တဦးဖြစ်သည့် ဦးမင်းမင်းက“ ARV ရဖို့အတွက်က အကန့်အသတ် တွေရှိပါတယ်။ ဘယ်ကမှ မရဘူးဆိုရင် ၀ယ်တိုက်ရတာ များတယ်။ လူနာတယောက်ကို ARV ဆေးဝါးဖိုး ကုန်ကျစရိတ်က ၁ လမှာ ဘတ် ၃,၀၀၀ ကနေ ၄,၅၀၀ ကြားမှာ ရှိပါတယ်”ဟု ပြောသည်။

ထိုင်း-မြန်မာ နယ်စပ် မဲဆောက်မြို့တွင် ရွှေ့ပြောင်း လုပ်သားများအကြား HIV ကျန်းမာရေး ၀န်ဆောင်မှုများ ပေးနေသည့် လူမှု အဖွဲ့အစည်းများမှာ မယ်တော်ဆေးခန်း၊ SAW ၊ MAP ဖောင်ဒေးရှင်း၊ World Vision နှင့် SHDA တို့ဖြစ်ကြောင်း သိရသည်။

မဲဆောက် ဒေသ၌ လာရောက် အလုပ်လုပ်နေသော မြန်မာ အလုပ်သမား ၂ သိန်း ခန့် ရှိကြောင်း အလုပ်သမားအရေး ဆောင်ရွက် နေသူများက ခန့်မှန်း
ပြောဆိုကြသည်။

မဲဆောက်မြို့ရှိ မယ်တော် ဆေးခန်း (ဓာတ်ပုံ – မြတ်စုမွန် / ဧရာဝတီ)
ဧရာဝတီ
ထိုင်း-မြန်မာနယ်စပ်ရှိ မြန်မာ ရွှေ့ပြောင်း အလုပ်သမားများကြား HIV ကူးစက်ခံရမှုနှုန်း တိုးလာကြောင်း လူမှုရေးနှင့် ကျန်းမာရေး ဆိုင်ရာ ၀န်ဆောင်မှုများပေးနေသည့် မဲဆောက်မြို့ အခြေစိုက် အစိုးရမဟုတ်သော အဖွဲ့အစည်းများ(NGO)ထံမှ သတင်းရရှိသည်။

“လက်ပံတောင်းကြေးနီစီမံကိန်း အရေး ဆားလင်းကြီး၌ ဆန္ဒထုတ်ဖော်ခွင့် ရရှိ”

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနှင့် ပတ်သက်၍ ယနေ့ နေ့လည် ၁ နာရီတွင် ပြုလုပ်မည့် ဆန္ဒဖော်ထုတ်မှုအား ဆားလင်းကြီးမြို့နယ် ရဲတပ်ဖွဲ့မှူး ရုံးမှ ခွင့်ပြုပေးပြီးဟု သိရသည်။

အမေရိကန်တွင် ဗုဒ္ဓဘာသာ ရှေးဟောင်း ပစ္စည်းများ ပြသရေး ဆွေးနွေး

အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့မှ Metropolitan Museum of Art ၏ အရှေ့တောင်အာရှဆိုင်ရာ Florence and Herbert Living Curator of the Arts မှ Mr. John Guy နှင့် ယဉ်ကျေးမှု ဝန်ကြီး ဦးအေးမြင့်ကြူတို့ မတ်လ ၂၆ ရက်နေ့က တွေ့ဆုံရာ၌ အမေရိကန်တွင် ဗုဒ္ဓဘာသာ ရှေးဟောင်း ပစ္စည်းများ ပြသရေး ဆွေးနွေးခဲ့ကြောင်း သိရသည်။

ရန်ကုန်မှာ ဘာသာပေါင်းစုံ ဆုတောင်းပွဲ ကျင်းပမယ်

Photo: ရန်ကုန်မှာ ဘာသာပေါင်းစုံ ဆုတောင်းပွဲ ကျင်းပမယ်
Thursday, March 28, 2013

မိတ္ထီလာမြို့က မတည်ငြိမ်မှုတွေဟာ အရေးပေါ် အခြေအနေ ကြေညာပြီး တပ်မတော်က တာဝန်ယူပြီး တဲ့နောက် အေးချမ်းသွားပြီလို့ ဆိုပေမယ့် တခြားနယ်မြို့တွေကို ကူးစက်ပျံ့နှံ့လာခဲ့ပြီး ရန်ကုန်မှာ လည်း ကောလ
ဟာလတွေနဲ့ ပြည်သူအများစိုးရိမ်မကင်းဖြစ်နေကြရပါတယ်။

ယနေ့ မတ်လ ၂၈ ရက် နေ့လယ် ၂ နာရီမှာတော့ ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးဆုတောင်းပွဲ တခုကို  ရန်ကုန်တိုင်း၊ ဗိုလ်တထောင်မြို့
နယ်၊ သိမ်ဖြူလမ်းနဲ့ မဟာဗန္ဓုလ လမ်းထောင်က ၀ိုင်အမ်စီအေ-
YMCA အဆောက်အအုံမှာ ကျင်းပသွားမယ်လို့ သတင်းရရှိပါတယ်။

ငြိမ်းချမ်းမှုတွေအတွက် ဘာသာပေါင်းစုံက ဘာသာရေး ခေါင်းဆောင်တွေ စုဝေးပြီး ဆုတောင်းပွဲကျင်းပတာဟာ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး
အတွက်  နမိတ်ကောင်းတခုဖြစ်ပါတယ်။

မကြာသေးမီ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ပြည်ထောင်စုနေ့ကလည်း  ဘာသာရေး ခေါင်းဆောင်တွေ စုပေါင်းပြီး စည်းဝေးမှု တခုကို ရန်ကုန်
တိုင်း သံလျင်မြို့နယ်မှာ ကျင်းပခဲ့ပါသေးတယ်။

ဧရာဝတီ

မိတ္ထီလာမြို့က မတည်ငြိမ်မှုတွေဟာ အရေးပေါ် အခြေအနေ ကြေညာပြီး တပ်မတော်က တာဝန်ယူပြီး တဲ့နောက် အေးချမ်းသွားပြီလို့ ဆိုပေမယ့် တခြားနယ်မြို့တွေကို ကူးစက်ပျံ့နှံ့လာခဲ့ပြီး ရန်ကုန်မှာ လည်း ကောလဟာလတွေနဲ့ ပြည်သူအများစိုးရိမ်မကင်းဖြစ်နေကြရပါတယ်။

မြန်မာနဲ့ မူဆလင် အပြန်အလှန် လေးစားဖို့လိုကြောင်း အရှင်ဝီရသူ မိန့်ကြား

မန္တလေးမြို့ မစိုးရိမ်ကျောင်းတိုက် ဆရာတော် အရှင်ဝီရသူက မိတ္ထီလာအရေးအခင်းမှာ သံဃာတစ်ပါး သတ်ဖြတ်ခံရမှုကြောင့် ခုလိုမလိုလားအပ်တဲ့ အရေးအခင်းကြီးတစ်ခု ဖြစ်ပေါ်ခဲ့ရကြောင်း၊ လုံခြုံရေးတပ်ဖွဲ့ တွေ အနေနဲ့လည်း အရေးယူမှုများစွာ အားနည်းခဲ့ကြောင်းနဲ့ လက်ရှိမြို့တချို့မှာ ဖြစ်ပွားနေတဲ့ ဆူပူဖျက်ဆီးမှုတွေနဲ့ ပတ်သက်ပြီး ဒေသခံမဟုတ်တဲ့ ပြင်ပကလူတွေ ပါဝင်နေတယ်လို့ ယူဆကြောင်း RFA ကိုပြောဆိုလိုက်ပါတယ်။

မန္တလေးတိုင်းဒေသကြီးအတွင်းရဲလုပ်ငန်းများထိရောက်စွာဆောင်ရွက်နိုင်ရေးဖွဲ့စည်းပုံတိုချဲ့ဆောင်ရွက်မည်

မန္တလေးတိုင်းဒေသကြီးအတွင်း ရဲလုပ်ငန်းများပိုမိုဆောင်ရွက်နိုင်ရန် ဖွဲ့စည်းပုံတိုးချဲ့ဆောင်ရွက် သွား မည်ဖြစ်ကြောင်း ပထမအကြိမ်တိုင်းဒေသကြီး လွှတ်တော် ဆဌမပုံမှန်အစည်း အဝေးမှသိရသည်။

တပ်မေ တာ် ကာကွယ်ရေး ဦးစီး ချုပ် ဗိုလ်ချုပ် မှူးကြီး သရေ စည်သူ မင်းအောင် လှိုင် (၆၈) နှစ်မြောက် တပ်မေ တ်ာနေ့ အထိမ်း အမှတ် ဧည့်ခံ ပွဲနှင့် ဂုဏ်ပြု ညစာ စားပွဲတ က်ရောက်

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သရေစည်သူ မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ တို့က တည်ခင်း ဧည့်ခံသည့် ၂ဝ၁၃ ခုနှစ် (၆၈)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် ဧည့်ခံပွဲနှင့် ဂုဏ်ပြု ညစာစားပွဲကို ယနေ့ညပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန် ဥပစာရင်ပြင်၌ ကျင်းပသည်။

ပဲခူးတိုင်းအနောက်ခြမ်းက အဓိကရုဏ်းသတင်း နောက်ဆက်တွဲ

Photo: ပဲခူးတိုင်းအနောက်ခြမ်းက အဓိကရုဏ်းသတင်း နောက်ဆက်တွဲ
Wednesday, March 27, 2013

ဒီကနေ့ နေ့လယ်ကစပြီး ပေါင်းတည်မြို့မှာ ထွက်ပေါ်ခဲ့တဲ့ ကောလဟာ
လတွေကြောင့် ဒီကနေ့ မတ်လ ၂၇ ရက်နေ့ ည ၆ နာရီအချိန်မှာပေါင်း
တည်မြို့နယ်တစ်ခုလုံးကို မြို့နယ် အုပ်ချုပ်ရေးမှုး လက်မှတ်ထိုးပြီး ထုတ်ပြန်ကြေညာလိုက်ပါတယ်။

ပဲခူးတိုင်းဒေသကြီး အနောက်ပိုင်းခရိုင်အတွင်းက ဇီးကုန်း၊အုတ်ဖိုနဲ့ကြို့ပင်
ကောက်မြို့နယ်တွေမှလည်း အဓိကရုဏ်းတွေ ဖြစ်ပွားခဲ့တဲ့အတွက် သက်
ဆိုင်ရာ ရဲတပ်ဖွဲ့နဲ့စစ်တပ်က ပူးပေါင်းပြီး လုံခြုံရေးယူထားတဲ့ အပြင် လူငါးယောက်ထက် ပိုမစုရသည့် တားမြစ်ချက်ပါဝင်သည့် ပုဒ်မ ၁၄၄ ကိုလည်း ထုတ်ပြန်ခဲ့ပါတယ်။

RFA

ဒီကနေ့ နေ့လယ်ကစပြီး ပေါင်းတည်မြို့မှာ ထွက်ပေါ်ခဲ့တဲ့ ကောလဟာ လတွေကြောင့် ဒီကနေ့ မတ်လ ၂၇ ရက်နေ့ ည ၆ နာရီအချိန်မှာပေါင်း တည်မြို့နယ်တစ်ခုလုံးကို မြို့နယ် အုပ်ချုပ်ရေးမှုး လက်မှတ်ထိုးပြီး ထုတ်ပြန်ကြေညာလိုက်ပါတယ်။

ဇီးကုန်းနှင့် မင်းလှတွင် ဆူပူမှုများဖြစ်ပွား

ပဲခူးတိုင်း မင်းလှ၊ နှင့်ဇီးကုန်းမြို့နယ်တို့တွင် ပုဒ်မ၁၄၄ ထုတ်ပြန်ထားသော်လည်း ယနေ့နေ့လည်တွင် ဆူပူဖျက်ဆီးမှုများဖြစ်ပွားခဲ့သည်ဟု ဒေသခံများက မဇ္ဈိမကိုပြောသည်။

ကာကွယ်ရေး ဦးစီးချုပ်၏ မိန့်ခွန်းအပေါ် ပါတီနှင့် အဖွဲ့အစည်းများက ကြိုဆို

မတ်လ ၂၇ ရက်နေ့ နံနက်ပိုင်း နေပြည်တော်တွင် ပြုလုပ်ခဲ့သည့် ၆၈ နှစ်မြောက် တပ်မတော်နေ့ အခမ်းအနားတွင် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက် ပြောကြားခဲ့ သည့် မိန့်ခွန်းအပေါ် ပါတီနှင့် အဖွဲ့အစည်းများက ကြိုဆိုခဲ့သည်။

Wednesday, March 27, 2013

တပ်မတော်နေ့ ဂုဏ်ပြု ညစာစားပွဲသို့ တက်ရောက်မည့် အနုပညာရှင်များ

မတ်လ ၂၇ ရက်နေ့ နေပြည်တော်တွင် ကျင်းပပြုလုပ်သော တပ်မတော်နေ့ ဂုဏ်ပြု ညစာစားပွဲသို့ တက်ရောက်မည့် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးနာယက ပန်းချီ စိုးမိုး၊ ဥက္ကဌ ဦးဇင်ဝိုင်း၊ ဒုဥက္ကဌ ဦးလူမင်းတို့နှင့်အတူ သရုပ်ဆောင်များ ဖြစ်ကြသည့် ဝေဠုကျော်၊ စိုးရန်အောင်၊ စိုးမြတ်သူဇာ၊ အိန္ဒြာကျော်ဇင် တို့ကို တွေ့ရစဉ်။ ဓာတ်ပုံ- ဇင်ဝိုင်းဖေ့စ်ဘုတ်မှ

Popular Journal
တပ်မတော်နေ့ ဂုဏ်ပြု ညစာစားပွဲသို့ တက်ရောက်မည့် အနုပညာရှင်များ

မတ်လ ၂၇ ရက်နေ့ နေပြည်တော်တွင် ကျင်းပပြုလုပ်သော တပ်မတော်နေ့ ဂုဏ်ပြု ညစာစားပွဲသို့ တက်ရောက်မည့် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးနာယက ပန်းချီ စိုးမိုး၊ ဥက္ကဌ ဦးဇင်ဝိုင်း၊ ဒုဥက္ကဌ ဦးလူမင်းတို့နှင့်အတူ သရုပ်ဆောင်များ ဖြစ်ကြသည့် ဝေဠုကျော်၊ စိုးရန်အောင်၊ စိုးမြတ်သူဇာ၊ အိန္ဒြာကျော်ဇင် တို့ကို တွေ့ရစဉ်။ ဓာတ်ပုံ- ဇင်ဝိုင်းဖေ့စ်ဘုတ်မှ

Popular Journal

၆၈ နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြ အခမ်းအနားတွင် စစ်လက်နက်ပစ္စည်းများကို ပထမဆုံးအကြိမ် ထုတ်ဖော်ပြသ၊ ဒီမိုကရေစီ စနစ်ဖြင့် ချီတက်ရာတွင် တပ်မတော်အပါအ၀င် ပြည်သူတစ်ရပ်လုံးက စည်းကမ်းရှိရန်နှင့် ဥပဒေကို လေးစားလိုက်နာရန် အရေးကြီးကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ပြောကြားခဲ့

မတ်လ ၂၇ ရက်နေ့က ကျင်းပသည့် ၆၈ နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြ အခမ်းအနားကို နေပြည်တော်၌ ပြုလုပ်ခဲ့ပြီး တင့်ကားများ၊ တိုက်လေယာဉ်များ၊ လေယာဉ် အမြောက်နှင့် ဒုံးကျည်များ အစရှိသည့် စစ်လက်နက် ပစ္စည်းများကို ပထမဆုံးအကြိမ် ထုတ်ဖော်ပြခဲ့ပြီး ဒီမိုကရေစီ စနစ်ဖြင့် ချီတက်ရာတွင် တပ်မတော်အပါအ၀င် ပြည်သူတစ်ရပ်လုံးက စည်းကမ်းရှိရန်နှင့် ဥပဒေကို လေးစားလိုက်နာရန် အရေးကြီးကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့ပါသည်။