Monday, January 21, 2013

ဦးနှောက်မှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မည်

၂၀၁၂ ခုနှစ် ဇန်န၀ါရီလမှ ဒီဇင်ဘာလအထိ မထသလက်အောက်ရှိ ခရီးသည်တင် ယာဉ်လိုင်းများမှ ယာဉ်တိုက်မူပေါင်း ၂၇၆ မှု ဖြစ်ပွားခဲ့ပြီး ၁၁၁ ဦး သေဆုံးကာ ၇၈၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

သားဂိမ်းဖြတ်ဖို့အတွက် အဖေဖြစ်သူက ဂိမ်းလူသတ်သမားငှား

Photo: သားဂိမ်းဖြတ်ဖို့အတွက် အဖေဖြစ်သူက ဂိမ်းလူသတ်သမားငှား
Sunday, January 20, 2013 

တရုတ်ပြည်မှာ ဖြစ်ပါတယ်။ အသက် ၂၃ နှစ်အရွယ် ဂိမ်း ဝါသနာအိုး သားလေး ကို ဂိမ်းဖြတ်ဖို့အတွက် အဖေဖြစ်သူက ကြေးစားဂိမ်း လူသတ် သမား ငှားရမ်းခြင်း ဖြစ်ပါတယ်။

ကြားရရင် ရယ်စရာ သတင်းလို ဖြစ်နေပေမယ့် သူ့သား တကယ် ဂိမ်းဖြတ် သွားပါတယ်။ အွန်လိုင်းဂိမ်းဝါသနာ အိုးဖြစ်ပြီး အထက်တန်းကျောင်သား ဘဝက စလို့ ယနေ့ချိန်ထိကို စွဲစွဲမြဲမြဲ ဆော့လာသူ ဖြစ်ပါတယ်။ Xiao Feng လို့ အမည်ရတဲ့ သားဖြစ်ပြီး အဖေဖြစ်သူကတော့ Mr Feng ဖြစ်ပါတယ်။

Xiao ရဲ့  Level ဟာ တော်တော်လေးမြင့်တဲ့ အနေအထား တစ်ခုကို ရောက်နေပြီး သူ့ Character ကလည်း ဂိမ်းထဲမှာ တော်တော်လေး ကြမ်း နေပါတယ်။ မအိပ်မစားနဲ့ကို စော့တာကြောင့် အဖေဖြစ်သူက စိတ်ကူး တစ်ခု ရပြီး ကြေးစား ဂိမ်း ဇာတ်ကောင် လူသတ်သမား Hit man တစ်ယောက် ငှား လိုက်ပါတယ်။ ပြီးတော့ ဂိမ်းထဲမှာ Xiao ကိုအပြတ်အသတ် နှိပ်စက်ပြီး ဂိမ်းလောကက စွန့်ခွာသွားချင်လောက်အောင် ဆုံးမလိုက်ပါတယ်။

နောက်ဆုံး သားလေး Xiao ဆီက ထွက်လာတဲ့ စကားကတော့ "အဖေ ကျွန်တော်နဲ့ အဆင်ပြေတဲ့ အလုပ်တစ်ခုရှာတော့မယ်။ ဂိမ်းနဲ့ အကျိုးမပေး ဘူးဗျ" --- လို့ ဆိုလာခြင်း ဖြစ်ပါတယ်။

ယင်း Hit man တစ်ယောက်တင်မကတော့ပဲ နောက်ထပ် Hit man တွေ အများအပြား အလုပ်ဖြစ်နေပြီလို့ ဆိုပါတယ်။ ဂိမ်း အသေအလဲ စွဲနေတဲ့ လူငယ် များကို ဂိမ်းဖြတ်ဖို့အတွက် မိဘတွေက ငွေကြေး မြောက်များစွာပေး လို့ ကြေးစားငှားရမ်းနေပြီလို့ ဆိုပါတယ်။ အခုဆိုရင် ၃ လအတွင်းပဲ အဲ့လို ကြေးစားငှားဖို့ တောင်းဆိုတာ ၂၀၀ ကျော်မက ရှိနေပြီး နောက်ဆိုရင် တရုတ် ဆိုင်ဘာ ကွန်ရက် အဖွဲ့ချုပ်ကတောင် တရားဝင် ဂိမ်း Hit man ငှားရမ်းမယ့် ဝန်ဆောင်မှုများ ပြုလုပ်နိုင်ချေ ရှိကြောင်း သိရပါတယ်။
--
Ref: pocketlint

http://www.innewsmyanmar.com/2013/01/blog-post_20.html
International news for myanmarတရုတ်ပြည်မှာ ဖြစ်ပါတယ်။ အသက် ၂၃ နှစ်အရွယ် ဂိမ်း ဝါသနာအိုး သားလေးကို ဂိမ်းဖြတ်ဖို့အတွက် အဖေဖြစ်သူက ကြေးစားဂိမ်း လူသတ် သမား ငှားရမ်းခြင်း ဖြစ်ပါတယ်။ ကြားရရင် ရယ်စရာ သတင်းလို ဖြစ်နေပေမယ့် သူ့သား တကယ် ဂိမ်းဖြတ် သွားပါတယ်။ အွန်လိုင်းဂိမ်းဝါသနာ အိုးဖြစ်ပြီး အထက် တန်းကျောင်သားဘဝကစလို့ ယနေ့ချိန်ထိကို စွဲစွဲမြဲမြဲ ဆော့လာ သူ ဖြစ်ပါတယ်။ Xiao Feng လို့ အမည်ရတဲ့ သားဖြစ်ပြီး အဖေဖြစ်သူကတော့ Mr Feng ဖြစ်ပါတယ်။

စက်လှေနစ်မြုပ်မှု ငါးရက်မြောက်သော်လည်း ဆယ်ယူရန်ကြိုးစားဆဲဖြစ်

Photo: စက်လှေနစ်မြုပ်မှု ငါးရက်မြောက်သော်လည်း ဆယ်ယူရန်ကြိုးစားဆဲဖြစ်
Sunday, January 20, 2013 

ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင် သင်္ဘောဆိပ်ကမ်းတွင် လွန်ခဲ့သော လေးရက်ခန့်က ရန်ကုန်မှ မြိတ်သို့ထွက်ခွာမည့်
ငွေဝင်တိုးအမည်ရှိ ကုန်တင်စက်လှေကြီးတစ်စီး နစ်မြုပ်သွားကြောင်း 
သိရပြီး တစုံတရာ ထိခိုက်သေကြေမှု မဖြစ်ပွားခဲ့သော်လည်း
စက်လှေပေါ်ပါ ကုန်ပစ္စည်းများ ပျက်စီးဆုံးရှုံးပြီး ယခုချိန်ထိ
ပြန်လည်ဖော်ယူနိုင်ရန် ကြိုးစားလျက်ရှိကြောင်း ယင်းဆိပ်ကမ်းရှိ အလုပ်သမားတာဝန်ခံက ပြောကြားသည်။

ယင်းသင်္ဘောသည် ဇန်နဝါရီလ ၁၅ရက်နေ့တွင် နံနက် လေးနာရီ
ခန့်တွင် အသင့်တင်ထားသော ကုန်ပစ္စည်းများဖြင့် စက်လှေ ထွက်ရန် ပြင်ဆင်စဉ် ဦးလှည့်ရင်း ရေစီးအားကြောင့် ယခုကဲ့သို့ တိမ်းမှောက်ရခြင်းဖြစ်ကြောင်း စက်လှေပိုင်ရှင်က ပြောကြား သည်။

“စက်လှေပေါ်မှာ ငရုတ်သီး၊ ကြက်သွန်၊ ဆန်၊ ကြက်စာနှင့် အခြားကုန်ပစ္စည်းတွေ ပါတယ်။ ထွက်ဖို့ တစ်နာရီလောက်
အလိုမှာ ဖြစ်တာ၊ ကာလပေါက်ဈေးဆိုရင် စက်လှေချည်းပဲ တစ်ထောင်လောက်တန်တယ်’’ ဟု ပိုင်ရှင်ဦးသန်းဦးမှ
ပြောကြားသည်။

စက်လှေ ပြန်လည်ဖော်ယူရန် ရန်ကုန်မှ အဖွဲ့တစ်ခုအား
သိန်း၁၄၀ ဖြင့် ငှားရမ်းထားပြီး အမြန်ဆုံး ပြန်လည်ဖော်ယူ
နိုင်ရန် ကြိုးစား လျက်ရှိကြောင်းလည်း ပြောကြားသည်။
ပြန်လည်ဖော်ယူ ရရှိပါကလည်း အားလုံးကို အချိန်ကာလ တစ်ခုအထိ ပြန်လည်မွမ်းမံ ယူရမည်ဖြစ်ကြောင်း၊ လွန်းတင်ခြင်း၊ အင်ဂျင်များပြန်လည်ပြုပြင်ခြင်းများ ဆောင်ရွက်ရမည် ဖြစ်ကြောင်း
လည်း ပြောကြားသည်။

“ဟိုရက်ကဆို ကျွန်တော်တို့ စက်လှေအနားတောင် ကပ်လို့
မရပါဘူး။ ပစ္စည်းဆယ်ယူသူများက ဝိုင်းပြောကြလို့ပါ။ ပစ္စည်း ဆယ်သူများက ဘယ်ကလာမှန်း မသိပါဘူး။ ကျွန်တော်တို့ ပိုင်ရှင်တွေတောင် ကိုယ့်စက်လှေက ကုန်ပစ္စည်းတွေကို တစ်ခုမှ မရသေးပါဘူး။ ပေါ်လာတာနဲ့ အကုန်ဝိုင်း လုကြတာပါ”ဟု ပြန်လည် ဆယ်ယူရာတွင် စက်လှေပေါ်ပါ ပစ္စည်းများအား ရရှိသူ ယူနိုင်သည်ဟု သတင်းများထွက်နေခြင်းအပေါ် ဦးသန်းဦးမှ ဆက်လက်ပြောကြားသည်။

“စက်လှေ ပေါ်မှာ အစုံပဲ၊ ဆန်၊ကြက်သွန်၊ ကုန်စုံ၊ တခြားကုန်တွေ
လည်း ပါတယ်၊ ကာလတန်ဖိုးဆို ကုန်ချည်းပဲ သိန်းလေးရာ၊ ငါးရာ
လောက်ရှိမယ် ထင်တယ်”ဟု ဆိပ်ကမ်းမှ အလုပ်သမား တစ်ဦးက ပြောကြားသည်။

စက်လှေ အားပြန်လည်ဆယ်ယူရာတွင် သင်္ဘောဝမ်းတွင်းရှိ
ကုန်များအား အပြင်ထုတ်ပြီး ပေပါခွံများအား အစားထိုး၍
ပြန်လည်ဆယ်ယူကြမည်ဖြစ်ကြောင်းလဲ ပြောကြားသည်။

ယင်းကုန်တင်စက်လှေ နစ်မြုပ်မှုနှင့် ပတ်သက်၍ ဆိပ်ကမ်း အာဏာပိုင်များအား မေးမြန်းခဲ့သော်လည်း တစ်စုံတရာ
ပြန်လည် ဖြေကြားခွင့် မရှိကြောင်း ယင်းဆိပ်ကမ်းမှ နယ်ထိမ်းက ပြောကြားသည်။

အောင်ပြည့်
The Myanma Ageရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင် သင်္ဘောဆိပ်ကမ်းတွင် လွန်ခဲ့သော လေးရက်ခန့်က ရန်ကုန်မှ မြိတ်သို့ ထွက်ခွာ

787 Dreamliner လေယာဉ် များ ဘိုးရင်း ကုမ္ပဏီ ပြန်လည် စစ်ဆေးမည် ကျွန်းသစ်လုံး (၁၀၀၀)ခန့် ဖမ်းဆီးရမိ

Photo: 787 Dreamliner လေယာဉ်များ ဘိုးရင်း ကုမ္ပဏီ ပြန်လည် စစ်ဆေးမည်
Sunday, January 20, 2013 

ဘိုးရင်း ကုမ္ပဏီ ထုတ် 787 Dreamliner လေယာဉ် များတွင် တပ်ဆင် ထားသော ဘက်ထ ရီသည် မီးလောင်မှုကို ဖြစ်ပေါ် စေနိုင်သည့် အန္တရာယ် ရှိသောကြောင့် ကမ္ဘာ တစ်ဝန်းရှိ အဆိုပါ လေယာဉ်များ ပျံသန်းမှုကို ရပ်တန့်၍ စစ်ဆေး သွားမည် ဖြစ်ကြောင်း ဘိုးရင်း ကုမ္ပဏီက ဇန်နဝါရီ 
၁၇ ရက် တွင် ပြောကြား ခဲ့သည်။

ဂျပန် လေကြောင်းလိုင်းမှ Dreamliner လေယာဉ်သည် ဇန်နဝါရီ ၁၆ ရက်က အရေးပေါ် ဆင်းသက် ခဲ့ပြီးနောက် အမေရိကန် လေယာဉ် ပျံသန်းရေး ဆိုင်ရာ စီမံခန့်ခွဲမှု ဌာနချုပ် FAA က ယင်းလေယာဉ် ပျံသန်းမှု အားလုံးကို ရပ်တန့်ရန် အမိန့် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

ထို့နောက်တွင် ဂျပန်၊ အိန္ဒိယနှင့် ချီလီနိုင်ငံ တို့ရှိ လေယာဉ် ပျံသန်းရေး အဖွဲ့အစည်း များက အဆိုပါ လေယာဉ်များ ပျံသန်းမှုကို ရပ်တန့်ခဲ့ခြင်း
ဖြစ်သည်။ 

All Nippon ဂျပန် လေကြောင်း လိုင်းမှ S787 Dreamliner လေယာဉ် တစ်စင်း ဘက်ထရီ ယိုစိမ့်မှုကြောင့် အရေးပေါ် ဆင်းသက် ခဲ့ပြီးနောက် အဆိုပါ လေယာဉ် တွင် တပ်ဆင်ထားသော ဘက်ထရီသည် မီးလောင် နိုင်ဖွယ် ရှိကြောင်း FAA က ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

မြ၀တီ ဘိုးရင်း ကုမ္ပဏီ ထုတ် 787 Dreamliner လေယာဉ်များတွင် တပ်ဆင် ထားသော ဘက်ထရီသည် မီးလောင်မှုကိုဖြစ်ပေါ် စေနိုင်သည့် အန္တရာယ် ရှိသောကြောင့် ကမ္ဘာတစ်ဝန်းရှိ အဆိုပါ လေယာဉ်များ

ကေအိုင်အို ဌာနချုပ်အစည်းအဝေးတွင် KIA ဦးစီးချုပ် ဂမ်ရှောင် ဒဏ်ရာရ ထားသောကြောင့် မတက်ရောက်နိုင်

ကေအိုင်အို ဌာနချုပ်အစည်းအဝေးတွင် KIA ဦးစီးချုပ် ဂမ်ရှောင် ဒဏ်ရာရ ထားသောကြောင့် မတက်ရောက်နိုင်
==========================================
လိုင်ဇာ ဇန်န၀ါရီလ (၂၁) ရက်
 လိုင်ဇာမြို့ KIC  ဥက္ကဌ ဦးအင်ဘန်လှ ပိုင် ကျင်ရှင်းဟိုတယ်တွင် ဇန်န၀ါရီလ (၁၉) ရက်နေ့ ညနေ (၂) နာရီ မှ (၃) နာရီခွဲအထိ KIA/KIO နှင့် ဗဟိုကော်မတီဝင်များနှင့် အရာရှိကြီးများ (၇၀) ဦး အစည်းအဝေးပြုလုပ်ခဲ့ ကြပါသည်။
 အစည်းအဝေးသို့ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂမ်ရှောင် တက်ရောက်နိုင်ခြင်းမရှိကြောင်း သိရှိရသည်။ ဌာနချုပ် သတင်းရပ်ကွက်၏ ပြောဆိုချက်အရ ဦးစီးချုပ်မှာ ဇန်န၀ါရီလ (၂) ရက်နေ့ ခယာတောင်စခန်းတွင် လေယာဉ်ပစ်သေနတ်တပ်ဆင်မှုကို စစ်ဆေးနေစဉ် အစိုးရလေတပ် လေယာဉ်မှ ပစ်ခတ်မှုကြောင့် ဒဏ်ရာရရှိခဲ့ ကြောင်း ဒဏ်ရာကို လိုင်စင်ပို့တွင် ကုသနေသော်လည်း သက်သာခြင်းမရှိသည့်အတွက် (၁၄) ရက်နေ့က တရုတ်နိုင်ငံသို့ ပို့ဆောင်ပြီး ဆေးဝါးကုသမှု ခံယူနေသည့်အတွက် ခေါင်းဆောင်များ အစည်းအဝေးသို့ တက်ရောက်နိုင်ခြင်းမရှိကြောင်း သိရှိရသည်။
 ဗိုလ်ချုပ်ဂမ်ရှောင်၏ ကျန်းမာရေးအခြေအနေ မည်သို့ရှိကြောင်းကို မည်သူမှ တိတိကျကျမသိဘဲ လျှို့ဝှက်ထားကြောင်း သိရှိရသည်။ အစည်းအဝေးတွင် KIO ဥက္ကဌ ဦးဇောင်းဟရားမှ ဦးဆောင်ပြီး အစိုးရမှ ထုတ်ပြန်သောသတင်းထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး ဆွေးနွေးခဲ့ကြောင်း KIA အရာရှိတစ်ဦးပြောကြားချက် အရ သိရှိရသည်။ လိုင်ဇာမြို့ KIC ဥက္ကဌ ဦးအင်ဘန်လှပိုင်ကျင်ရှင်းဟိုတယ်တွင် ဇန်န၀ါရီ လ (၁၉) ရက်နေ့ ညနေ (၂) နာရီ မှ (၃) နာရီခွဲအထိ KIA/ KIO နှင့် ဗဟိုကော်မတီဝင်များနှင့် အရာရှိကြီးများ (၇၀) ဦး အစည်း အဝေးပြု လုပ်ခဲ့ ကြပါသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ကိုရီးယားခရီးစဉ်တွင် တောင်ကိုရီးယား၏ ပထမဆုံးအမျိုးသမီးသမ္မတ ပက်ဂျွန်ဟေးနှင့် တွေ့မည်

ဒေါ်အောင်ဆန်းစုကြည်၏ ကိုရီးယားခရီးစဉ်တွင် တောင်ကိုရီးယား၏ ပထမဆုံးအမျိုးသမီးသမ္မတ ပက်ဂျွန်ဟေးနှင့် တွေ့မည်
Monday, January 21, 2013

မကြာမီက တောင်ကိုရီးယားသမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံခဲ့ရသော ပထမဆုံးအမျိုးသမီးသမ္မတ ပက်ဂျွန်ဟေးသည် လာမည့်အပတ်တွင်း၌ ဆိုးလ်မြို့တော်တွင် မြန်မာနိုင်ငံအတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်း
စုကြည်နှင့်တွေ့ဆုံမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ဇန်န၀ါရီ ၂၈ တွင် စတင်မည့် ကိုရီးယားသို့ ငါးရက်ကြာ အလည်အပတ် ခရီးစဉ်အတွင်း ပက်ဂျွန်ဟေးနှင့် တွေ့ဆုံရန် ရှိနေခြင်းဖြစ်သည်။ ပက်ဂျွန်ဟေးသည် ဒေါ်အောင်ဆန်းစုကြည်နှင့် ဇန်န၀ါရီ၂၉ရက်တွင် တွေ့ဆုံဖွယ်ရှိကြောင်း တောင်ကိုရီးယားအရာရှိ
တစ်ဦးကို ကိုးကား၍ယွန်ဟပ်သတင်းကဖော်ပြသည်။

ဒေါ်အောင်ဆန်းစုကြည်သည် တောင်ကိုရီးယားတွင် ပြုံချန်းမြို့၌ ကျင်းပမည့် ဆောင်းရာသီအထူးအိုလံပစ် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်မည်ဖြစ်ကာ ဆိုးလ်အမျိုးသားတက္ကသိုလ်မှ ချီးမြှင့်သော ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့ကိုလည်း ဖေဖော်ဝါရီ ၁ ရက်တွင် လက်ခံရယူ
သွားမည်ဖြစ်သည်။

Ref: Yonhap
7Day News Journal
မကြာမီက တောင်ကိုရီးယားသမ္မတအဖြစ်ရွးချယ်တင်မြှောက်ခံခဲ့ရသော ပထမဆုံးအမျိုး သမီးသမ္မတ ပက်ဂျွန်ဟေးသည် လာမည့်အပတ်တွင်း၌ ဆိုးလ် မြို့တော်တွင် မြန်မာနိုင်ငံ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်နှင့်တွေ့ဆုံမည်ဖြစ်ကြောင်း သတင်းရရှိသည်။

အမှန်တကယ် တိုက်ခိုက်ရေး ဆောင်ရွက် နေမှုနှင့် သဏ္ဍာန်တူသော စစ်ရေး လေ့ကျင့်ခန်းများ ပိုမိုပြုလုပ် သွားရန် တရုတ်စီစဉ်

အမှန်တကယ် တိုက်ခိုက်ရေး ဆောင်ရွက် နေမှုနှင့် သဏ္ဍာန်တူသော စစ်ရေး လေ့ကျင့်ခန်းများ ပိုမိုပြုလုပ် သွားရန် တရုတ်စီစဉ်
Monday, January 21, 2013

အရှေ့တရုတ် ပင်လယ်ရှိ အငြင်းပွား နေသော ကျွန်းစုများအား တိုင်းတာရေး ဆောင်ရွက်သွားရန် စီစဉ်ထား ကြောင်းနှင့် တိုက်ပွဲဝင် အသင့်ရှိ နေစေရန် ၎င်း၏ စစ်ဘက်အား တောင်းဆိုထားကြောင်း တရုတ် နိုင်ငံက ထုတ်ပြန် ကြေညာ ခဲ့ပါသည်။ ရေပိုင်နက် အငြင်းပွားမှုနှင့် ပတ်သက်၍ ဂျပန်နိုင်ငံနှင့် တင်းမာမှုများ မြင့်တက် နေစဉ် အတွင်း တရုတ်နိုင်ငံ၏ အထက်ပါ ကြေညာချက် ထွက်ပေါ်လာ ပါသည်။

တရုတ် နိုင်ငံသည် ၎င်း၏ ကျွန်းစု နယ်မြေများနှင့် ကျောက်တန်း များဆိုင်ရာ မြေပုံ ရေးဆွဲရေး အစီအစဉ်၏ အစိတ်အပိုင်း အဖြစ် အရှေ့တရုတ် ပင်လယ်ရှိ Diaoyu ကျွန်းစုအား တိုင်းတာရေး
ဆောင်ရွက်သွားရန် ရှိကြောင်း တရားဝင် သတင်း ဌာန တစ်ခုက
ထုတ်ပြန်ခဲ့ ပါသည်။ 

တရုတ် နိုင်ငံသည် အမှန်တကယ် တိုက်ခိုက်ရေး ဆောင်ရွက် နေမှုနှင့် သဏ္ဍာန်တူသော စစ်ရေး လေ့ကျင့်ခန်းများ ပိုမိုပြုလုပ် သွားရန် စီစဉ်ထား ကြောင်းနှင့် ဖြစ်ပေါ် လာနိုင်သည့် စစ်ပွဲအတွက် အသင့်ပြင်ဆင် ထားရန် စစ်ဘက် အကြီးအကဲ များနှင့် တပ်ဖွဲ့ဝင် များအား တိုက်တွန်း ပြောကြားထားကြောင်း တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် (PLA) ဌာနချုပ်မှ စစ်ဦးစီးချုပ်က ပြောကြား ခဲ့သည်ဟု PLA ၏ နေ့စဉ် သတင်း ထုတ်ပြန်ရေး ဌာနက ရေးသား ဖော်ပြခဲ့ ပါသည်။

မြ၀တီ အရှေ့တရုတ်ပင်လယ်ရှိ အငြင်းပွား နေသော ကျွန်းစုများအား တိုင်း တာရေး ဆောင်ရွက်သွားရန်စီစဉ်ထား ကြောင်းနှင့် တိုက်ပွဲဝင်အသင့် ရှိ နေစေရန် ၎င်း၏စစ်ဘက်အား တောင်းဆိုထားကြောင်း တရုတ် နိုင်ငံ က ထုတ်ပြန် ကြေညာခဲ့ပါသည်။ ရေပိုင်နက် အငြင်းပွားမှုနှင့် ပတ်သက် ၍ ဂျပန်နိုင်ငံနှင့် တင်းမာမှုများ မြင့်တက် နေစဉ်အတွင်း တရုတ်နိုင်ငံ၏ အထက်ပါ ကြေညာချက် ထွက်ပေါ်လာပါ သည်။

ရဲအရာရှိက အရပ်သား တစ်ဦးကို ထိုးနှက်ပြီး သေနတ်ပြ ခြိမ်းခြောက်မှု အား စစ်ဆေး အရေးယူမည်


ကချင်ပြည်နယ် မိုညှင်းခရိုင်ဟိုပင်မြို့နယ်ခွဲ မြသီတာရပ်ကွက်တွင်နေထိုင်သော ဦးဝင်မြင့်အားဟိုပင် ရဲစခန်းမှ ဒုရဲအုပ်ဦးအောင်မျိုးအေးက ဆိုင်ကယ်အချက်ပြမီးမပြသည့်ကိစ္စဖြင့် ထိုးနှက်ကာလက်နက်ပြ ခြိမ်းခြောက်ခဲ့ခြင်းကို အမှုမှန် ပေါ်အောင် စစ်ဆေးသွားမည် ဖြစ်ကြောင်း မိုးညှင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူ တစ်ဦးက The Voice Weekly သို့ ပြောကြားသည်။

မြေမြှုပ်မိုင်းကြောင့် မသန်စွမ်းဖြစ်ခဲ့သူများ စားဝတ်နေရေး ခက်ခဲလျက်ရှိ

Photo: မြေမြှုပ်မိုင်းကြောင့် မသန်စွမ်းဖြစ်ခဲ့သူများ စားဝတ်နေရေး ခက်ခဲလျက်ရှိ
Monday, January 21, 2013

ပဲခူးတိုင်းအတွင်း ပြည်တွင်းစစ်လက်ကျန် မြေမြှုပ်မိုင်းများကြောင့်
ကိုယ်ခန္ဓာ မသန်စွမ်းဖြစ်ခဲ့သူများအနေဖြင့် စားဝတ်နေရေးအတွက်
အလုပ်အကိုင် ရရှိစေရန် လိုအပ်နေကြောင်း ကျောက်ကြီး မြို့နယ်တွင်း
ရှိ မသန်စွမ်းများအား အကူအညီပေးနေသူ တစ်ဦးက မြန်မာ့ခေတ်သို့
ပြောကြားသည်။

အဆိုပါ မြေမြှုပ်မိုင်းများကြောင့် ကျောက်ကြီးမြို့နယ်တွင်း ၁၉၈၁ ခုနှစ်မှ ၂၀၁၀ ခုနှစ်ထိ အသက်ရှင်ကျန်ရစ်ပြီး မသန်မစွမ်းဖြစ်လျက်ရှိသူဦးရေ ၆၀၀ ဝန်းကျင်ခန့်ရှိကြောင်းနှင့် မသန်စွမ်းများအနေဖြင့် ခန္ဓာကိုယ်ချို့ယွင်းမှု၊ စီးပွားရေးကျပ်တည်းမှုတို့ ကြောင့် အခြေခံလူတန်းစား ဘဝမှ တိုးတက်လာခြင်း မရှိကြောင်း သိရသည်။

မြေမြှုပ်မိုင်းများကြောင့် မသန်စွမ်းဘဝ ရောက်ရှိသူများနှင့် ပက်သက်၍
ကျောက်ကြီးမြို့သို့ ရောက်ရှိခဲ့သော ဒေါ်အောင်ဆန်းစုကြည်က "မြှေမုပ်မိုင်းကြောင့် မိမိတို့ ဘဝတွေ အင်မတန်မှ ခက်ခဲနေရတဲ့ ပြည်သူ
တွေအတွက် ဘယ်လိုကျွန်မတို့က ကူညီနိုင်မလဲဆိုတာကို လေ့လာတဲ့
သဘောနဲ့လာခဲ့တာပါ" ဟု ပြောကြားသည်။

၎င်းးက "ဒီလိုကူညီဖို့အတွက် အဖွဲ့တွေလဲအများကြီးရှိပါတယ်။ ရံပုံငွေ လှူဒါန်းထားတဲ့ နိုင်ငံတွေလည်း အများကြီးရှိပါတယ်။ လှူဒါန်းသမျှဟာ ထိရောက်ရဲ့လား။ ကူညီမှုတွေဟာ လုံလောက်ရဲ့လား။ ကျွန်မတို့
စောင့်ကြည့်ပေးဖို့လိုပါတယ်"ဟု ထပ်မံပြောကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်မှ အဆိုပါ ဒေသများသို့ လာရောက်ခြင်းနှင့် ပက်သက်၍ အသက် ၄၄ နှစ်အရွယ်ရှိပြီ ဖြစ်သော ကိုမြင့်တင်က "အသက် ၁၆ နှစ်အရွယ်မှာ တောထဲ ပိုက်ပစ်ရင်းနဲ့ မိုင်းမှန်ခဲ့တယ်။ အစိုးရဘက်ကကောဘယ်သူဆီကမှ ဘာအကူအညီမှ မရဘူး။ အမေစု လာတဲ့အတွက် အလုပ်အကိုင်တွေ ရဖို့မျှော်လင့်တယ်။ ကျွန်တော်တို့ မသန်စွမ်းတွေကြောင့်မိသားစု စားဝတ်နေရေး ကျပ်တည်းတယ်လေ" ဟု ၎င်း၏မျှော်လင့်ချက်အား ပြောကြားသည်။

အဆိုပါ မိုင်းများကြောင့် မသန်စွမ်းဖြစ်နေသူများတွင် ချို့တဲ့ဆင်းရဲသော
အရပ်သားများ အများအပြားရှိပြီး တပ်မတော်သားများလည်း ရှိကြောင်း
သိရသည်။

"ကျွန်တော်တို့ဆီမှာ ညီအစ်ကို လေးယောက်ရှိတယ်။ အမေအပါအဝင်
ဆို ၅ ယောက်ကျွန်တော် မိုင်းထိတော့ လက်မောင်းတစ်ဖက်ပြုတ်သွား
သလိုပဲ၊ အိမ်ကစီးပွားရေး ကျပ်တည်းသွားတယ်" ဟု ၂၀၁၀ ခုနှစ်တွင်
မြေမြှုပ်မိုင်းကြောင့် ခြေထောက်တစ်ချောင်းဖြတ်လိုက်ရသူ အသက်
၁၈ နှစ်အရွယ်ဖြူလေးက ပြောကြားသည်။

ထို့အပြင် ၎င်းးတို့ မသန်စွမ်းများအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်
လာရောက်ခြင်းအပေါ် ၎င်းတို့၏ အလုပ်အကိုင်အခွင့်အရေးများအပြင်
ထောက်ပံ့ကြေးများပါ ရရှိနိုင်ဖွယ်ရှိသည်ဟု ကြားသိထားကြောင်း
ပြောကြားသည်။

ပဲခူးတိုင်းနှင့် ကရင်ပြည်နယ် နယ်စပ်အတွင်း ပြည်တွင်းစစ်များ ပြင်းထန်စွာ
ဖြစ်ပွားခဲ့သည့် အချိန်များတွင် စစ်ကြောင်းများအား တိုက်ခိုက်ရန်အတွက်
ထောင်ထားခဲ့သော မြေမြှုပ်မိုင်းများသည် ယနေ့ အချိန်ထိ ကောင်းမွန်စွာ
ရှင်းလင်းနိုင်ခြင်း မရှိသေးကြောင်း ကျောက်ကြီးမြို့နယ်တွင်းတွင်
နေထိုင်သူများ ထံမှသိရသည်။

စူးရှ
ဓါတ်ပုံ - စူးရှ
The Myanma Age ပဲခူးတိုင်းအတွင်း ပြည်တွင်းစစ်လက်ကျန် မြေမြှုပ်မိုင်းများကြောင့် ကိုယ် ခန္ဓာ မသန်စွမ်းဖြစ်ခဲ့သူများအနေဖြင့် စားဝတ်နေရေးအတွက် အလုပ် အကိုင်ရရှိစေရန် လိုအပ်နေကြောင်း ကျောက်ကြီး မြို့နယ်တွင်းရှိ မသန်စွမ်းများအား အကူအညီပေးနေသူ တစ်ဦးက မြန်မာ့ခေတ် သို့ ပြောကြားသည်။

ငြိမ်းချမ်းရေးအတွက်မည်သည့်အခန်းကဏ္ဍကဖြစ်ဖြစ် ပါဝင်ဆောင်ရွက်သွားမည်ဟု ဒေါ်အောင်ဆန်းစုကြည်ပြောကြား

Photo: ငြိမ်းချမ်းရေးအတွက်မည်သည့်အခန်းကဏ္ဍကဖြစ်ဖြစ် ပါဝင်ဆောင်ရွက်သွားမည်ဟု ဒေါ်အောင်ဆန်းစုကြည်ပြောကြား
Monday, January 21, 2013

နေပြည်တော်တွင် ကျင်းပပြုလုပ်လျက်ရှိသည့် ပြည်သူ့လွှတ်တော် အစည်း အဝေးများ မစတင်မီ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ကော့မှူးမဲ ဆန္ဒနယ် မှ ပြည်သူ့လွှတ်တော် ကိုယ်စား လှယ်ဒေါ်အောင်ဆန်း စုကြည်အား လွှတ်တော်အစည်းအဝေး မစတင်မီ မီဒီယာများနှင့်တွေ့ဆုံစဉ် ငြိမ်းချမ်းရေး ကိစ္စရပ်များနှင့် ပတ်သက်၍ မေးမြန်းရာတွင် "ငြိမ်းချမ်းရေးအတွက်ဆိုရင် ဘယ်အခန်း ကဏ္ဍက ပဲ ဖြစ်ဖြစ်ပါဝင် သွားပါမယ်" ဟု ယင်းက
ပြောကြားသည်။

ပြည်သူ့လွှတ်တော် အစည်း အဝေးများ မစတင်မီ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ကော့မှူးမဲ ဆန္ဒနယ် မှ ပြည်သူ့လွှတ်တော် ကိုယ်စား လှယ်ဒေါ်အောင်ဆန်း စုကြည်အား လွှတ်တော်အစည်းအဝေး မစတင်မီ မီဒီယာများနှင့်တွေ့ဆုံစဉ်

ဗညားဦး (နေပြည်တော် မှ ပေးပို့သည်)
Yangon Media Group နေပြည်တော်တွင် ကျင်းပပြုလုပ်လျက်ရှိသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးများ မစတင်မီ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ကော့မှူးမဲ ဆန္ဒနယ် မှ ပြည်သူ့လွှတ်တော် ကိုယ်စား

ဇန်န၀ါရီလ ၂၁ ရက်နေ့အတွက် ရည်ညွှန်းနိုင်ငံခြား ငွေလဲလှယ်နှုန်း

Photo: ဇန်န၀ါရီလ ၂၁ ရက်နေ့အတွက် ရည်ညွှန်းနိုင်ငံခြား ငွေလဲလှယ်နှုန်း
Monday, January 21, 2013 

ယနေ့ ဇန်န၀ါရီ ၂၁ ရက်နေ့ မြန်မာနိုင်ငံတော် ဗဟိုဘဏ်က သတ်မှတ်သော ရည်ညွှန်းနိုင်ငံခြား ငွေလဲလှယ်နှုန်း Reference Foreign Exchange Rate မှာ အမေရိကန်တစ်ဒေါ်လာကို မြန်မာငွေ ၈၅၈ ကျပ် သတ်မှတ်ကြောင်း သိရသည်။

ထို့အပြင် Cross Exchange Rate အရ
တစ်ယူရို - ၁၁၄၁.၉ ကျပ်၊
စင်္ကာပူ တစ်ဒေါ်လာ - ၆၉၈.၉၀ ကျပ်၊
စတာလင်ပေါင် တစ်ပေါင် - ၁၃၆၀.၃ ကျပ်၊
ဂျပန်ယန်း တစ်ရာ - ၉၅၅.၂၄ ကျပ်၊
သြစတြေးလျဒေါ်လာ တစ်ဒေါ်လာ - ၉၀၀.၈၃ ကျပ်၊
တရုတ်ယွမ် တစ်ယွမ် - ၁၃၈.၀၄ ကျပ်၊
အိနိ္ဒယရူပီး တစ်ရူပီး - ၁၅.၉၉၀ ကျပ်၊
ကိုရီးယားဝမ် တစ်ရာ -၈၁.၀၅၈ ကျပ်၊
မလေးရှား ရင်းဂစ် တစ်ရင်းဂစ် - ၂၈၄.၅၃ ကျပ်
ထိုင်းဘတ် တစ်ဘတ် - ၂၈.၈၆၀ ကျပ် သတ်မှတ်သည်။

Mrtv-4 ယနေ့ ဇန်န၀ါရီ ၂၁ ရက်နေ့ မြန်မာနိုင်ငံတော် ဗဟိုဘဏ်က သတ်မှတ်သော ရည်ညွှန်းနိုင်ငံခြား ငွေလဲ လှယ်နှုန်း Reference Foreign Exchange Rate မှာ အမေရိကန် တစ်ဒေါ်လာကို မြန်မာငွေ ၈၅၈ ကျပ် သတ်မှတ်ကြောင်း သိရသည်။

သမ္မတအိုဘားမား ဒုတိယသက်တမ်း ကျမ်းသစ္စာဆို

Photo: သမ္မတအိုဘားမား ဒုတိယသက်တမ်း ကျမ်းသစ္စာဆို
Monday, January 21, 2013 

အမေရိကန် သမ္မတရွေးကောက်ပွဲမှာ ဒုတိယအကြိမ် အနိုင်ရခဲ့တဲ့ အမေရိကန်သမ္မတ ဘရက်အိုဘားမား ဟာ အိမ်ဖြူတော်မှာ တနင်္ဂနွေနေ့က တရားဝင် ကျမ်းသစ္စာ ကျိန်ဆိုခဲ့ပါတယ်။ သမ္မတကတော် မစ်ရှဲလ်အိုဘားမား ရဲ့ မိသားစုပိုင် သမ္မာကျမ်းစာအုပ်ပေါ် လက်တင်ပြီး ဒုတိယသမ္မတ သက်တမ်း တာဝန်အတွက် ကျမ်းသစ္စာ ကျိန်ဆိုခဲ့တာဖြစ်ပါတယ်။ ဒုတိယသမ္မတ ဂျိုးဘိုင်ဒန် ဟာလည်း တနင်္ဂနွေနေ့မှာပဲ ကျမ်းကျိန်းခဲ့ပါတယ်။
 
အစောပိုင်းကတော့ သမ္မတ အိုဘားမား ဟာ အစဉ်အလာအတိုင်း အာလင်တန် (Arlington) အမျိုးသား စစ်သင်္ချိုင်းမှာ လူမသိ သူမသိ ကျဆုံးခဲ့တဲ့ စစ်သည်တွေအတွက် အုတ်ဂူမှာ သွားရောက် ပန်းခွေချ
ခဲ့ပါတယ်။ အမေရိကန် ဖွဲ့စည်းပုံအခြေခံဥပဒေအရ သမ္မတတာဝန် ယူမယ့်သူတွေ အနေနဲ့ ဇန်နဝါရီလ ၂၀ ရက်နေ့မှာ ကျမ်းသစ္စာ ကျိန်ဆိုရတာဖြစ်ပါတယ်။
 
ဒီနှစ် ဇန်နဝါရီ ၂၀ ရက်နေ့ဟာ တနင်္ဂနွေ ရုံးပိတ်ရက်ဖြစ်နေတဲ့အတွက် အမျိုးသား ရင်ပြင်ကို မျက်နှာမူထားတဲ့ Capitol Hill လွှတ်တော် အဆောက်အဦးရှေ့ အများပြည်သူရှေ့မှောက် ကျမ်းသစ္စာကျိန်ဆိုပွဲကို တနင်္လာနေ့မှာ လုပ်မှာဖြစ်ပါတယ်။ ၀ါရှင်တန်ဒီစီ မြို့တော်က သမ္မတကျမ်းကျိန်ပွဲကို ပြည်သူပေါင်း ၈ သိန်းလောက် လာရောက်ကြမယ်လို့ ခန့်မှန်းထားပါတယ်။

ဗွီအိုအေ
အမေရိကန် သမ္မတရွေးကောက်ပွဲမှာ ဒုတိယအကြိမ် အနိုင်ရခဲ့တဲ့ အမေရိကန်သမ္မတ ဘရက်အိုဘားမားဟာ အိမ်ဖြူတော်မှာ တနင်္ဂနွေနေ့က တရားဝင်ကျမ်းသစ္စာကျိန်ဆိုခဲ့ပါတယ်။ သမ္မတ ကတော် မစ်ရှဲလ်အိုဘားမားရဲ့ မိသားစုပိုင် သမ္မာကျမ်းစာအုပ်ပေါ် လက်တင်ပြီး ဒုတိယသမ္မတ သက်တမ်းတာဝန်အတွက် ကျမ်းသစ္စာ ကျိန်ဆိုခဲ့တာဖြစ်ပါတယ်။ ဒုတိယသမ္မတ ဂျိုးဘိုင်ဒန် ဟာလည်း တနင်္ဂနွေနေ့မှာပဲ ကျမ်းကျိန်းခဲ့ပါတယ်။

အစောပိုင်းကတော့ သမ္မတအိုဘားမားဟာ အစဉ်အလာအတိုင်း အာလင်တန် (Arlington) အမျိုးသား စစ်သင်္ချိုင်းမှာ လူမသိသူမသိ ကျဆုံးခဲ့တဲ့ စစ်သည်တွေအတွက်အုတ်ဂူမှာ သွားရောက်ပန်းခွေချခဲ့ပါတယ်။ အမေရိကန် ဖွဲ့စည်းပုံအခြေခံဥပဒေအရ သမ္မတတာဝန်ယူမယ့်သူတွေ အနေနဲ့ ဇန်နဝါရီလ ၂၀ ရက်နေ့မှာ ကျမ်းသစ္စာ ကျိန်ဆိုရတာဖြစ်ပါတယ်။

ဒီနှစ် ဇန်နဝါရီ ၂၀ ရက်နေ့ဟာ တနင်္ဂနွေ ရုံးပိတ်ရက်ဖြစ်နေတဲ့အတွက် အမျိုးသားရင်ပြင်ကို မျက်နှာမူ ထားတဲ့ Capitol Hill လွှတ်တော် အဆောက်အဦးရှေ့ အများပြည်သူရှေ့မှောက် ကျမ်းသစ္စာကျိန်ဆိုပွဲကို တနင်္လာနေ့မှာ လုပ်မှာဖြစ်ပါတယ်။ ၀ါရှင်တန်ဒီစီ မြို့တော်က သမ္မတကျမ်းကျိန်ပွဲကို ပြည်သူပေါင်း ၈ သိန်းလောက် လာရောက်ကြမယ်လို့ ခန့်မှန်းထားပါတယ်။

ဗွီအိုအေ

ပန်းခူးသွားစဉ် ကလေးငယ်သုံးဦးမိုင်းနင်းမိမှုဖြစ်ပွား



Photo: ပန်းခူးသွားစဉ် ကလေးငယ်သုံးဦးမိုင်းနင်းမိမှုဖြစ်ပွား
Monday, January 21, 2013

ဗန်းမော်- မန်ဝိုင်းကြီးကားလမ်းမဘေး မန်းဝိန်းကြီး စိန့်ပထရစ်ချပ်က် ဒုက္ခသည်စခန်းနှင့် ၅ မိုင်ခန့်အကွာ ကားလမ်းမဘေးတွင် ဇန်န၀ါရီလ ၂၀ ရက်ကလေးငယ်သုံးဦး ပန်းခူးသွားစဉ် မိုင်းနင်းမိမှုဖြစ်ပွားခဲ့ကြောင်းသိရသည်။

မိုင်းနင်းမိမှုကြောင့် တစ်ဦးမှာ နေရာ၌ပင်သေဆုံးခဲ့ပြီး တစ်ဦးမှာ ဒဏ်ရာရရှိ၍ နမ့်ခမ်းပြည်သူ့ဆေးရုံသို့တက်ရောက်ကုသမှုခံယူခဲ့ရကြောင်း တစ်ဦးမှာ ထိခိုက်ဒဏ်ရာအနည်းငယ်သာရရှိခဲ့ကြောင်းသိရသည်။

အဆိုပါကလေးငယ်များမှာ ကျောင်းပိတ်ရက် ပန်းရောင်းရန် ပန်းခူးသွားစဉ် ယခုကဲ့သို့ မိုင်းနင်းမိမှုဖြစ်ပွားခဲ့ကြောင်း၊ မိုင်းနင်းမိသည့် ကလေးငယ် သုံးဦးစလုံး အသက် ၁၄ နှစ်အရွယ် ၇ တန်းကျောင်းသားကလေးများ
ဖြစ်ကြောင်းသိရသည်။

“ပန်း သွားခူးကြတာ အနွေးထည်မရှိလို့ ၀ယ်ဖို့ဆိုပြီး၊ အခု လက်နဲ့
ပေါင်နဲ့လှုပ်လို့မရဘူး”” ဟု မိုင်းနင်းမိ၍ နမ့်ခမ်းဆေးရုံသို့ တက်ရောက်
ဆေးကုသမှုခံယူရသူ ကလေးငယ် ဆန်မိုင်ကပြောသည်။
မိုင်းနင်းမိမှုကြောင့် ၄င်းသည် ဦးခေါင်း ၊ လက်၊ ၀မ်းဗိုက်နှင့် တင်ပါး
တို့တွင် ဒဏ်ရာများရရှိခဲ့ပြီး ဗုံးဆံစ ၂၀ ခုကျော် ထုတ်ယူခဲ့ရကြောင်း နမ့်ခမ်းပြည်သူ့ဆေးရုံ တာဝန်ကျ သူနာပြု ဆရာမတစ်ဦးကပြောသည်။

အဆိုပါအရပ်ဒေသ၌ မြန်မာ့တပ်မတော်နှင့် ကချင်လွတ်မြောက်ရေး
တပ်မတော်နှစ်ခုစလုံးရှိသဖြင့် မိုင်းမှာ မည်သည့်ဖက်က ထောင်သည့်မိုင်းမှန်း မပြောတတ်သော်လည်း ယခုကဲ့သို့ မိမိကလေးငယ်မိုင်းနင်းမိသည့်
ဖြစ်စဉ်အပေါ် များစွာဝမ်းနည်းမိကြောင်း အဆိုပါ ကလေးငယ်၏ဖခင် ဦးဂွန်မိုင်ကဆိုသည်။

“ အခုဒီလိုဖြစ်လာ( တိုက်ပွဲများဖြစ်နေခြင်းကို ဆိုလိုခြင်းဖြစ်) တော့ အရင်ကလိုတောင်ယာလည်းကောင်းကောင်းမလုပ်နိုင်တော့ စီးပွားရေးအဆင်မပြေတော့ဘူး။ စီးပွားရေးကျပ်တည်းချိန် ဒီလိုကလေးတွေက ပန်းခူးရောင်းရတော့ အခုလိုဖြစ်လာတာ ဘယ်လိုပြောရမှန်းတောင်မသိတော့ဘူး။ အရမ်းဝမ်းနည်းတာပဲ”” ဟု ၄င်းကပြောသည်။

အဆိုပါ နေရာသို့ လူကြီးမိဘများမှ ကလေးငယ်များအား သွားစေခိုင်းခြင်း
မရှိသော်လည်း ကလေးငယ်များမှာ တရုတ်ပြည်သို့ရောင်းချရာတွင်
ဈေးကောင်းရသည့်အတွက် ပန်းခူးရန် အဆိုပါနေရာသို့သွားလေ့
ရှိကြခြင်းဖြစ်ကြောင်း ၊ ပန်းမှာ သစ်ခွအနွယ်ဝင်ပန်းတစ်မျိုးဖြစ်ပြီး တစ်ပိဿလျှင် တရုတ်ငွေ ၅ ထောင် ( မြန်မာငွေ ၇ သောင်းခန့်) ရရှိကြောင်းသိရသည်။

ဥာဏ်လင်းအောင်
(နမ့်ခမ်းမှ ပေးပို့သည်)
Popular Myanmar News Journal
ဗန်းမော်- မန်ဝိုင်းကြီးကားလမ်းမဘေး မန်းဝိန်းကြီး စိန့်ပထရစ်ချပ်က် ဒုက္ခသည်စခန်းနှင့် ၅ မိုင်ခန့်အကွာ ကားလမ်းမဘေးတွင် ဇန်န၀ါရီလ ၂၀ ရက်ကလေးငယ်သုံးဦး ပန်းခူးသွားစဉ် မိုင်းနင်းမိမှုဖြစ် ပွားခဲ့ကြောင်း သိရသည်။

ဇောတိက စီမံကိန်းမှ သဘာဝဓာတ်ငွေ့ပိုက်လိုင်း သွယ်တန်းရန် လုပ်ဆောင်နေသော သင်္ဘောတစ်စီး နစ်မြုပ်မှုဖြစ်ပွား

မုတ္တမ ကမ်းလွန်ဒေသမှ ရှာဖွေတွေ့ရှိထားသည့် ဇောတိက သဘာဝဓာတ်ငွေ့ စီမံကိန်းအတွက် ပင်လယ်တွင်း ပိုက်လိုင်း သွယ်တန်းနေသည့် PTTEP ကုမ္ပဏီပိုင် PANRITH သင်္ဘောသည် ဇန်န၀ါရီလ ၁၇ ရက်နေ့က ပိုက်လိုင်း သွယ်တန်းမှု ပြုလုပ်နေစဉ် ရေအောက် ကျောက်ဆောင်နှင့် တိုက်မိသဖြင့် နစ်မြုပ်မှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိပါသည်။

သံဖြူဇရပ်ဈေး မီးလောင်ပြာကျ၊ သန်းပေါင်း တသိန်းခန့် ဆုံးရှုံးဟု ခန့်မှန်း

Photo: သံဖြူဇရပ်ဈေး မီးလောင်ပြာကျ၊ သန်းပေါင်း တသိန်းခန့် ဆုံးရှုံးဟု ခန့်မှန်း
Monday, January 21, 2013

ဆိုင်ခန်းပေါင်း ၆၀၀ ခန့် မီးလောင်ပြာကျကာ ဆုံးရှုံးမှုတန်ဖိုး သန်းပေါင်း တသောင်းအထက် ရှိသည်ဟု ခန့်မှန်းထားသည့် မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့၊ စက်သစ်ရပ်ရှိ အမှတ် (၁) မြို့မဈေး မီးလောင်ကျွမ်းမှုကြောင့် ဇန်နဝါရီလ ၁၉ ရက်နေ့ ညပိုင်းတွင် ဖြစ်ပွားခဲ့သည်။

ည ၁၁ နာရီဝန်းကျင်မှ စတင်လောင်ကျွမ်းသည့် မီးကြောင့် ဈေးအတွင်းရှိ
ရွှေဆိုင် ၉၅ ခန်း၊ လျှပ်စစ်ပစ္စည်းအရောင်းဆိုင် ၂၇ ခန်း၊ ကုန်ခြောက်ဆိုင် 
၄၁ ခန်း၊ အထည်ဆိုင် ၂၁၅ ခန်း၊ ကုန်စုံဆိုင် ၇၆ ခန်း အပါအဝင် စုစုပေါင်း ဆိုင်ခန်းပေါင်း ၅၉၆ ခန်းနှင့် ဈေးအပြင်ဘက်ရှိ စားသောက်ဆိုင်တန်းတခုလုံး မီးထဲပါသွားခဲ့သည်။

မြို့နယ် မီးသတ်တပ်ဖွဲ့မှ အချိန်မီ ရောက်မလာခြင်းနှင့် လျှင်မြန်စွာ ကူးစက်လောင်းကျွမ်းခြင်းကြောင့် ဆုံးရှုံးမှု များပြားရခြင်း ဖြစ်သည်ဟု မြို့ခံများက ပြောသည်။

“ဆယ်နာရီခွဲကျော်ကျော်လောက်မှာ မီးစလောင်တယ်။ ၁၂ နာရီလောက်မှ မီးသတ်က ရောက်လာတယ်။ မီးလောင်တာလည်း ခဏချင်းပဲ။ ကျနော့် မျက်ရှေ့မှာတင် ခဏလေး ကူးသွားတာပဲ” ဟု မီးငြိမ်းသတ်ရာတွင် ပါဝင်သူတဦးက ပြောသည်။

သံဖြူဇရပ်နှင့် နီးစပ်ရာ ကျေးရွာများနှင့် မုဒုံမြို့နယ်အတွင်းရှိ မီးသတ်ကား ဆယ်စီးကျော် လာရောက် ဝိုင်းကူ ငြိမ်းသတ်ခဲ့ကြသော်လည်း မီးအားပြင်းသည့်အတွက် ငြိမ်းသတ်နိုင်ခြင်း မရှိဘဲ နံနက် ၄ နာရီခန့်
ရောက်မှသာ မီးစွယ်ကြိုးသွားခဲ့သည်ဟု ဆိုသည်။

"ကျနော်တို့ဆိုင်မှာ ဘာပစ္စည်းမှ မထားဘူး။ ဆိုင်ခန်းပဲ ပါသွားတယ်။ ဆိုင်ခန်းတန်ဖိုးသက်သက်ကို သိန်းနှစ်ရာလောက် ရှိတယ်” ဟု ရွှေဆိုင်ပိုင်ရှင်တဦးက ပြောသည်။

ရွှေဆိုင်မှ လွဲ၍ ကျန်သည့်ဆိုင်များသည် ဆုံးရှုံးမှုတန်ဖိုး များပြားသည်ဟု သိရသည်။

“မွန်အမျိုးသားနေ့နဲ့ နီးလို့ ဝယ်လှောင်ထားတာ။ ဒီလိုဖြစ်မယ်လို့လည်း ဘယ်သူမှ တွက်မထားလို့ ဆိုင်မှာပဲ ပစ္စည်းတွေ ပုံထားတာ။ အခုဘာမှ မကျန်တော့ဘူး” ဟု အထည်ဆိုင်ရှင် အမျိုးသမီးတဦးက ပြောသည်။ သူမ၏ ဆိုင်မှ အနည်းဆုံး သိန်း ၃၀၀ အထက် ဆုံးရှုံးမှု ရှိမည်ဟု ခန့်မှန်းသည်။

မီးလောင်ခြင်းကြောင့် ထိခိုက်ဒဏ်ရာရသူနှင့် သေဆုံးသူ မရှိဘဲ လူနေရပ်ကွက်သို့လည်း ကူးစက်ခြင်း မရှိကြောင်း သိရသည်။

လျှပ်စစ်ဝါယာကြိုး ရှော့ဖြစ်ကာ လောင်ကျွမ်းခြင်း ဖြစ်သည်ဟု မြို့နယ်အာဏာပိုင်အဖွဲ့က အထက်သို့ အစီရင်ခံရန်အတွက် မြို့နယ်လျှပ်စစ်အင်ဂျင်နီယာဌာနနှင့် ညှိနှိုင်းသော်လည်း လျှပ်စစ်အင်ဂျင်နီယာဌာနက လက်မခံကြောင်းလည်း ၎င်းတို့နှင့် နီးစပ်သူများထံမှ သိရသည်။

သံဖြူဇရပ်မြို့မဈေးကို ၁၉၈၄ ခုနှစ်ဝန်းကျင်တွင် ဆောက်လုပ်ခဲ့ပြီး
ဈေးသစ်ပြန်လည်တည်ဆောက်ရန်အတွက် လွန်ခဲ့သည့် ၃ နှစ်ခန့်ကပင် မြို့နယ်စည်ပင်က စီစဉ်ခဲ့ဘူးသည်ဟု ဆိုင်ခန်းပိုင်ရှင်များက ပြောသည်။

လွန်ခဲ့သည့် ၂၀၀၈ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့တွင်လည်း ဆိုင်ခန်းပေါင်း ၁,၁၂၄ ခန်း ရှိသည့် မွန်ပြည်နယ်၊ မော်လမြိုင်မြို့၏ အမှတ် (၁) ဈေးကြီး
တခုလုံး မီးလောင်ပြာကျခဲ့သည်။

ကောင်းဝါ
Than Lwin Times
ဓာတ်ပုံ - Eleven Media Groupဆိုင်ခန်းပေါင်း ၆၀၀ ခန့် မီးလောင်ပြာကျကာ ဆုံးရှုံးမှုတန်ဖိုး သန်းပေါင်း တသောင်းအထက်ရှိသည်ဟု ခန့်မှန်းထားသည့် မွန်ပြည် နယ်၊ သံဖြူဇရပ်မြို့၊ စက်သစ်ရပ်ရှိ အမှတ် (၁) မြို့မဈေး မီးလောင်ကျွမ်း မှုကြောင့် ဇန်နဝါရီလ ၁၉ ရက်နေ့ ညပိုင်းတွင် ဖြစ်ပွားခဲ့သည်။

ကေအိုင်အေကို တာဝန်ခံမည့် လူပုဂ္ဂိုလ်(သို့) အဖွဲ့အစည်း ရှိဖို့ လိုပါတယ်

Photo: ကေအိုင်အေကို တာဝန်ခံမည့် လူပုဂ္ဂိုလ်(သို့) အဖွဲ့အစည်း ရှိဖို့ လိုပါတယ်
Sunday, January 20, 2013 

၂၀၁၁ ခုနှစ် ဇွန်လက စပြီး ယနေ့ ၂၀၁၃ ဇန်န၀ါရီထိ ၁ နှစ်ခွဲကျော် ကြာမြင့်ခဲ့တဲ့ ကချင်ဒေသအတွင်းက စစ်ပွဲ တွေနဲ့ ပက်သတ်ပြီး ယခုအချိန်မှာတော့ လူတွေ အပြည့်အ၀ အာရုံစိုက်လာကြပါပြီ။ ကံကောင်းတယ်လို့ ပြော လို့ ရအောင် ပြည်တွင်း ဆူပူမှုတွေ မရှိတာကိုပဲ ကျေးဇူးတင်ရမလိုလို ပါပဲ။ စစ်ပွဲ စတင်ချိန်က စလို့ ငြိမ်းချမ်း ရေး စကားကို တပ်မတော်ကလည်း တွင်တွင်သုံးခဲ့တယ်။ ကေအိုင်အေ ဘက်ကလည်း နိုင်ငံရေးအရ ဆွေးနွေး မယ်ဆိုတဲ့ ကိစ္စကို အပြင်းအထန် ဆွေးနွေးခဲ့တယ်။ အဖြေကတော့ စစ်ပွဲ ၁ နှစ်ခွဲကြာလာတဲ့အထိ ငြိမ်းချမ်းရေး မရနိုင်တာပါပဲ။

 ကေအိုင်အေ ရဲ့ အနေအထားကို သုံးသပ်ကြည့်မယ်ဆိုရင်တော့ ကေအိုင်အေ ဆိုတာ ကေအိုင်အို အဖွဲ့ရဲ့ လက်နက်ကိုင် တပ်ဖွဲ့ ဖြစ်ပါတယ်။ အပစ်အခတ် ရပ်စဲထားချိန်ကာလမှာ လိုင်ဇာမြို့မှာ ဌာနချုပ်ထားပြီး သီးသန့် နေထိုင်တဲ့ တပ်ဖွဲ့ပါ။ သို့သော်လည်း ကေအိုင်အေရဲ့ တပ်စခန်းတွေ တည်ရှိတဲ့ မြေပုံအရတော့ ကေအိုင်အေဟာ သာမန် အပစ်ရပ် သောင်းကျန်းသူ အဖွဲ့တစ်ဖွဲ့ မဟုတ်ဘူးလို့ သုံးသပ်ရနိုင်ပါတယ်။ အဲဒီ နောက် တာပိန်ရေအား လျှပ်စစ်ပြဿနာ ဖြစ်တယ်။ တိုက်ပွဲတွေ စတင်လာတယ်။ တိုက်ပွဲကာလ အစမှာတော့ နယ်မြေ ပြဿနာ အဖြစ် စတင်ခဲ့ပေမယ့် အချိန်ကြာလာတာနဲ့ အမျှ ကိုယ်ပိုင်အုပ်ချုပ်ရေး ဆိုတဲ့ ခေါင်းစဉ်တွေ ပါလာခဲ့ပါတယ်။ ဆုံးဖြတ်ချက် အတိအကျ မချနိုင်ခဲ့တဲ့ ဆွေးနွေးပွဲများ အဆုံး၊ လဂျားယန်ကို ရိက္ခာပို့ အုပ်ချုပ် မှု လုပ်ရန် ဆိုတဲ့ အကြောင်းကြားစာ အပြီးမှာတော့ အစိုးရသစ် လက်ထက် အပြင်းထန်ဆုံး တိုက်ပွဲ တစ်ခု အသွင် ဖြစ်လာခဲ့ပါတယ်။

 
ဒီအချိန်မှာ တပ်မတော်ရဲ့ အနေအထားကိုလည်း ထည့်မစဉ်းစားလို့ မရပါဘူး။ မြစ်ကြီးနားမှာ မပခ စစ်ဌာနချုပ် ဖွင့်ထားတဲ့ တပ်မတော်ဟာ လွတ်လပ်ရေး ရပြီးကထဲက မြန်မာနိုင်ငံရဲ့ တပ်မတော် အဖြစ်ရပ်တည်ခဲ့တာ ဖြစ်ပါ တယ်။ အပစ် အခတ် ရပ်စဲထားချိန် အတွင်း ကချင်ပြည်နယ် အတွင်း သယံဇာတတွေရဲ့ မှောင်ခိုလမ်းကြောင်းမှာ ကေအိုင်အေနဲ့အတူ တပ်မတော် စခန်းတွေလည်း အကျိုးအမြတ်တွေ ရရှိခဲ့ကြတာလဲ လူတိုင်း သိနေတဲ့ အချက်ပါ။ အပစ်အခတ် ရပ်စဲရေး ပျက်ပြယ်ပြီ ဆိုတာနဲ့ ကေအိုင်အေ တပ်ရင်းတွေ ၀ိုင်းရံအခြေကျပြီး ဖြစ်တဲ့ ကချင်ပြည်နယ်ရဲ့ တပ်စခန်းတွေမှာ လုံခြုံမှု မရှိတော့ပါဘူး။

 စစ်ပွဲ တစ်ခုရဲ့ သဘောတရားအရတော့ ရန်သူ၊မိမိ (၂)မျိုးသာ ခွဲခြားပြီး ကိုယ့်ကိုကိုယ် ကာကွယ်ရမှာပဲ ဖြစ်ပါ တယ်။ တပ်မတော် စခန်းကို ကေအိုင်အေက ဘေးက တောင်ကုန်းကနေ စိုးမိုးပြီး ပစ်ခတ်တယ်ဆိုရင် ထိုစခန်း ကို သိမ်းပိုက်ထိန်းချုပ်ဖို့ ကြိုးစားရမှာပဲ ဖြစ်ပါတယ်။ အတွင်းပိုင်းအထိ ထိုးဖောက်နေတဲ့ တပ်မတော် စခန်းတွေ အတွက် အုပ်ချုပ်ဆက်သွယ်မှု ဆောင်ရွက်ရာမှာ ထိခိုက်ကျဆုံးမှုတွေ ရှိလာရင် အဆိုပါ လမ်းကြောင်း တစ်လျှောက်ကိုလည်း ရှင်းလင်းရမှာပဲ ဖြစ်ပါတယ်။ မိမိကိုယ်မိမိ ခုခံကာကွယ်ခြင်းမှ အပ ဆိုတဲ့ စကားဟာ အရမ်းကို ကျယ်ပြန့်ပါတယ်။ အဆိုးဆုံး အဓိပါယ်ဖွင့်ရင် ကိုယ့်ကိုကိုယ် မသေအောင် ခုခံကာကွယ်ဖို့ ကိုယ့်ကို သတ်မယ့်သူကို အရင်သတ်ရတာပါပဲ။ တပ်မတော်ကလည်း ထိုနည်းဗျူဟာ အတိုင်း ကျင့်သုံးသလို၊ ကေအိုင် အေဘက်ကလည်း ထိုအတိုင်းပဲ ကျင့်သုံးမှာ ဖြစ်ပါတယ်။

 
အပစ်အခတ်တွေ စတင်ခဲ့တဲ့ တစ်နှစ်ခွဲကျော်မှာ လျွှတ်တော် အစည်းအဝေးတွေ အကြိမ်ကြိမ် ပြုလုပ်ခဲ့ပေမယ့် ထိရောက်တဲ့ ဆွေးနွေးမှုမျိုး မရှိခဲ့ပါဘူး။ ကချင်စစ်ပွဲရပ် ဆိုတဲ့ ဆန္ဒပြမှု မတိုင်ခင်မှာ သမ္မတကြီးက ထိုးစစ်ရပ် ဆိုတဲ့ အမိန့်ထုတ်ပြန်ခဲ့သလို ငြိမ်းချမ်းရေး ဖော်ဆောင်မှုကော်မတီကိုလည်း သမ္မတရုံး ၀န်ကြီး တစ်ပါး ဦးဆောင်ပြီး ဖွဲ့စည်းခဲ့ပါတယ်။ အစိုးရအဖွဲ့အနေနဲ့ လက်ရှိ ကချင်ပြည်နယ် အစိုးရနဲ့ စင်ပြိုင် နောက်ထပ် အစိုးရ တစ်ခုဖွဲ့ပေးဖို့၊ အစိုးရရဲ့ အာဏာသက်ရောက်မှု မဖြစ်နိုင်တော့တဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ တစ်ခု ပေးဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒီကြားထဲမှာ လက်ပံတောင်းလို ဆူပူမှုမျိုးတွေ၊ ရခိုင်က ဘင်္ဂလီအရေးတွေကြောင့် ဖြေရှင်းနေရတဲ့ အခက်အခဲတွေလည်း ရှိပါတယ်။

 
ကချင်စစ်ပွဲအတွက် ငြိမ်းချမ်းရေး ကြိုးပမ်းမှုတွေကို ကြည့်မယ်ဆိုရင် ကော်မရှင်ဖွဲ့တယ်၊ဆွေးနွေးတယ် ဆိုတာက တစ်ခု၊ သမ္မတကြီးက နေပြည်တော်ကို လာရောက် ဆွေးနွေးဖို့ ဖိတ်ခေါ်တာက တစ်ခုဟာ ၂၀၁၃ မတိုင်ခင်မှာ ရှိခဲ့ပေမယ့် ကေအိုင်အေရဲ့ နိုင်ငံရေးအရ ဆွေးနွေးမှုနဲ့ အပြန်အလှန် မယုံကြည်မှုတွေကြောင့် အကောင်အထည် မပေါ်လာခဲ့ပါဘူး။

 ယခု ၂၀၁၂ နှစ်ဆန်းပိုင်းမှာတော့ သမ္မတနဲ့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်တို့ရဲ့ အဆုံးစွန်သော အလျော့ ပေးမှုတွေကို တွေ့မြင်ရပါတယ်။ လွှတ်တော် အမတ်များရဲ့ စိတ်ဝင်စားမှုတွေကိုလည်း တွေ့မြင်ရပါတယ်။ ဒါပေမယ့် အပစ်အခတ်ရပ်စဲပါ့မယ်ဆိုတဲ့ ကေအိုင်အေရဲ့ ကတိကို ရဖို့ တာဝန်ခံနိုင်တဲ့သူ၊ အကြမ်းဖက်မှုတွေ မပြုလုပ်အောင် တွန်းအားပေး လုပ်ဆောင်သွားမယ်လို့ ကြွေးကြော်ဝံ့တဲ့သူ၊ နှစ်ဖက် အဖွဲ့အစည်းကြားမှာ နိုင်ငံငြိမ်းချမ်းရေးအတွက် ဆောင်ရွက်ပါ့မယ်လို့ ပြောဆိုတဲ့သူကတော့ ပေါ်မလာသေးပါဘူး။

 လက်နက်ကိုင် တပ်ဖွဲ့ ၂ ခု ရင်ဆိုင်ထားတဲ့ နေရာမှာ နှစ်ဖက်စလုံး တစ်ပြိုက်နက် အပစ်မရပ်နိုင်ရင် စရပ်တဲ့သူ သေဆုံးမှု များပြားတာပါပဲ။ အပစ်ရပ်ဖို့ ကြေငြာခဲ့ပြီး နောက်တစ်နေ့မှာ ကာမိုင်းရဲစခန်းကို ၀င်စီးတာက သက်သေပါ။ အပစ်ရပ်ဆိုပြီး အကြမ်းဖက်လာ၇င်တော့ ခုခံကာကွယ်ရမှာ ဖြစ်ပါတယ်။ ထွက်သွားဆိုပြီး ပိုက်ဆံနဲ့ အော်လို့ မရသလို နောက်တစ်ဖန် မလာရောက်နိုင်အောင်လဲ မောင်းထုတ်ရမှာက စစ်ပွဲသဘောပါ။

 ဒီတော့ ကချင်စစ်ပွဲကို ရပ်ဆိုတာ တစ်ဖက်သတ် အပစ်ရပ်ယုံနဲ့ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ ဆွေးနွေးနေစဉ်မှာလဲ ပစ်ခတ်မှုတွေ ရှိလာနိုင်ပါတယ်။ လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဒွဲဘူ ပြောသလို အပစ်ရပ်ဆိုတာ လွှတ်တော်မှာ တင်သွင်းယုံနဲ့ ပြီးသွားနိုင်မှာ မဟုတ်သလို အပစ်အခတ်တွေလည်း ရပ်စဲမသွားနိုင်ပါဘူး။ ကေအိုင်အေ လိုချင်တာဟာ အပစ်အခတ်ရပ်စဲမှုတင် မဟုတ်ဘဲ ကေအိုင်အေ ဦးစီးတဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင် အစိုးရ၊ ကချင်ဒေသ အစိတ်အပိုင်းတွေကို ကိုယ်ပိုင် စီမံခန့်ခွဲခွင့်တွေ ဆိုတာကိုလည်း ထည့်စဉ်းစား ပေးရမှာပါ။ သိနေပါလျှက် မသိဟန်ဆောင်ပြီး နာမည်ကောင်းထွက်ယုံ ကချင်စစ်ပွဲအကြောင်း ပြောနေဖို့ အချိန် မဟုတ်တော့ဘူး ဆိုတာ ပြည်သူ တစ်ရပ်လုံး သဘောပေါက်နေပါပြီ။

 တပ်မတော် စခန်းတွေ ဆုတ်ပေးဖို့ ကေအိုင်အေက တောင်းဆိုပါလိမ့်မယ်။ ခပ်လွယ်လွယ် စကားနဲ့ ဆုတ်ဆို တိုင်း ဆုတ်လို့ မရတာတွေကို တစ်နှစ်ခွဲကျော် သက်သေပြခဲ့ပြီးပါပြီ။ အပစ်ရပ်တာတွေ ဖြစ်စေချင်တယ်ဆိုရင် တော့ ကေအိုင်အေဘက်က တာဝန်ခံပေးမယ့်၊ ကေအိုင်အေကို ငြိမ်းချမ်းရေး စကားဝိုင်းထဲ ရောက်အောင် လုပ်ပေးနိုင်မယ့် လူတစ်ယောက် (သို့မဟုတ်) အဖွဲ့အစည်း တစ်ခုပဲ လိုအပ်တယ်ဆိုတာ ကချင်စစ်ပွဲ အတွက် အဖြေပါ။ အဖြေမရှိတဲ့ ပုစ္ဆာကို ကျွန်တော်တို့ မဲပေးခဲ့သူတွေ နောက်ထပ် ဘယ်လောက်ကြာကြာ ဆက်တွက် နေကြအုံးမလဲဗျာ။…

Opposite Eye ၂၀၁၁ ခုနှစ် ဇွန်လက စပြီး ယနေ့ ၂၀၁၃ ဇန်န၀ါရီထိ ၁ နှစ်ခွဲကျော် ကြာမြင့်ခဲ့တဲ့ ကချင်ဒေသအတွင်းက စစ်ပွဲတွေနဲ့ ပက်သတ်ပြီး ယခု အချိန်မှာတော့ လူတွေအပြည့်အ၀ အာရုံစိုက်လာကြပါပြီ။ ကံကောင်း တယ်လို့aပာလို့ရအောင် ပြည်တွင်း ဆူပူမှုတွေ မရှိတာကိုပဲ ကျေးဇူး တင်ရမလိုလိုပါပဲ။