Tuesday, January 22, 2013
KIA သောင်းကျန်းသူအဖွဲ့ လွယ်ဂျယ်မြို့ အား တိုက်ခိုက်သိမ်းပိုက်ရန် ပြင်ဆင်
KIA အဖွဲ့  အနေဖြင့် အစိုးရမှ ငြိမ်းချမ်းရေး ဆွေးနွေးရန် အကြောင်းကြားထားသော်လည်း လက်မခံဘဲ UNFC နှင့် ဆွေးနွေးရန်
သာ အကြောင်းပြန်ခဲ့သည်။ ယခုအခါ
KIAအဖွဲ့ မှ မိုင်ဂျာယန် မြို့ နှင့် ကပ်လျက် ရှိသော လွယ်ဂျယ်မြို့ အား တိုက်ခိုက်သိမ်းပိုက်ရန် တပ်များ စုစည်းရွေ့ ပြောင်းနေကြောင်း လွယ်ဂျယ်မြို့ အား သိမ်းပိုက်ရန်အတွက် KIA ဒုစစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော် ကိုယ်တိုင် တိုက်ပွဲအား ကွပ်ကဲရန် မိုင်ဂျာယန်မြို့ သို့ ရောက်ရှိနေကြောင်းသိရှိရသည်။
ယာဉ်ထိန်းအင်အား ၂၀၀ ကျော်ဖြင့် မြို့နယ် ၄ မြို့နယ်တွင် စည်းကမ်းမဲ့ယာဉ်များ စစ်ဆေးအရေးယူမှု ယနေ့စတင်
ယာဉ်စည်းကမ်းလိုက်နာမှု မရှိသော ယာဉ်များအား စစ်ဆေးအရေးယူ ရန် မရမ်းကုန်း၊ ဗဟန်း၊ကမာရွတ်နှင့် စမ်းချောင်းမြို့နယ်ရှိ နေ
ရာ ၇ ခုတွင် ယာဉ်ထိန်းအင်အား ၂၀၀ ကျော်ဖြင့် ယနေ့စတင်ဆောင် ရွက် နေပြီ ရန်ကုန်တိုင်း ယာဉ်ထိန်းရဲတပ်ဖွဲ့ ဒုတပ်ဖွဲ့မှူး ဦးသာဌေး က ပြောသည်။
မြဝတီတစ်ဖက်ကမ်း မဲဆောက်ကုန်သွယ်ရေးဇုန်အတွက် ဘတ် ၅၁ ဘီလီယံသုံးမည်
တပ်ခ် ပြည်နယ်၊ မဲဆောက်ခရိုင် ထိုင်း-မြန်မာ နယ်စပ်၌ အထူး စီးပွားရေးဇုန် တည်ဆောက်ရန်အတွက် ထိုင်းဝန်ကြီးအဖွဲ့ အစည်း အဝေးမှ အတည်ပြု လိုက်ပြီဖြစ်သည်။
မန္တလေးခရိုင်အတွင်း ဆိုင်ကယ်စီးဦးထုပ်မဆောင်း၍ ညပိုင်းသေဆုံးသူ ၁၇၄ဦးအထိ ရှိလာ
မန္တလေးခရိုင်အတွင်း၂၀၁၁-၂၀၁၂ခုနှစ်အတွင်းက ညပိုင်းဖြစ်သည့် ည
၆ နာရီမှ ည၁၂နာရီအတွင်း ယာဉ်တိုက်မှု အများဆုံးဖြစ်ခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး
ယာဉ်စည်းကမ်းထိန်းသိမ်းရေးအဖွဲ့မှ
ခရိုင်
အတွင်း ယာဉ် တိုက်မှုစာရင်းထုတ်ပြန်ချက်များအရ သိရသည်။
ဆီးဂိမ်းစ် ကြော်ငြာဒီဇိုင်း ပြိုင်ပွဲ ကျပ်သိန်း ၁၀၀ ကျော် ချီးမြှင့်မည်
မြန်မာနိုင်ငံတွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ၂၇ ကြိမ်မြောက် ဆီးဂိမ်းစ်ပြိုင်ပွဲ လှုံ့ဆော် ကြော်ငြာ ဒီဇိုင်း ပြိုင်ပွဲတွင် ဆုရရှိသူများကို ဆ
ုကြေးငွေ ကျပ် သိန်း ၁၀၀ ကျော် ချီးမြှင့်သွားမည်ဖြစ်ကြောင်း အားကစားနှင့် ကာယပညာ ဦးစီးဌာနမှ သိရသည်။
‹
›
Home
View web version