Tuesday, February 19, 2013
ပူတာအို ဒေသနှင့် ဆွမ်ပရာ ဘွမ်သို့ တပ်မတော်မှ ရိက္ခာနှင့် ထောက်ပံ့ရေး ပစ္စည်းများ ထောက်ပံ့ ပေးပို့၊ ဆက်လက် ပေးပို့လျက်ရှိ
ကချင်ပြည်နယ် ပူတာအိုမြို့သည် မြစ်ကြီးနားမြို့မှ (၂၁၈) မိုင်အကွာတွင် ရှိပြီး သာမန်အချိန် မော်
တော်ယာဉ်ဖြင့် တစ်ညအိပ်ခရီးသာ သွားရောက် ရသဖြင့် လမ်းပန်းဆက်သွယ်မှု လွယ်ကူပြီး ကုန်စည် စီးဆင်းမှု အဆင်ပြေချောမွေ့ကာ ဒေသခံ တိုင်းရင်းသားများ၊ ဝန်ထမ်း များအတွက် ပညာရေး၊ ကျန်းမာရေးနှင့် လူမှုစီးပွား အခြေအနေများ တိုးတက် ကောင်းမွန် ခဲ့သည်။
တိုင်းရင်းဆေးကုသည့်လက်မှတ်မရှိဘဲ ကုစားသူများအား ဒဏ်ကြေး(၁၀)ဆတိုးမြှင့်
တိုင်းရင်းဆေးခန်းဖြင့်ဆေးကုရာတွင် ကုသခွင့်လက်မှတ်မရှိဘဲ ဆေး ကုသသူများကို ယခင်သတ်မှတ်ထားသည့်ဒဏ်ကြေး ထက်(၁၀)ဆ တိုးမြှင့်သက်မှတ် ပြဋ္ဌာန်းလိုက်ြ
ပီဖြစ်ကြောင်း တိုင်းရင်းဆေးကောင်စီ မှ သိရသည်။
နျူကလီးယား ဓာတ်အားပေးစက်ရုံတည်ဆောက်ရန် ကာဇက်စတန်နှင့် ဂျပန်ကုမ္ပဏီများ သဘောတူစာချုပ်ချုပ်ဆို
ဂျပန်နိုင်ငံမှ Japan Atomic Power ကုမ္ပဏီနှင့် Marubeni ကော် ပရိုရှင်းတို့သည် ကာဇက်စတန်နိုင်ငံတွင် နျူကလီးယား ဓာတ်အားပေး စ
က်ရုံများ တည်ဆောက်ရေးစီမံကိန်း ဆောင်ရွက်ရန် ကာဇက်စတန် အစိုးရနှင့် သဘောတူစာချုပ်ကို ဖေဖေါ်ဝါရီ ၁၈ ရက်က လက်မှတ်ရေး ထိုးခဲ့ကြသည်။
ဘရာဇီးနိုင်ငံ မှာ ကျင်းပမယ့် ၂၀၁၄ ကမ္ဘာ့ ဖလားဘောလုံး ပွဲ တိုက်ရိုက် ထုတ်လွှင့် ပြသခွင့် Sky Net ရုပ်သံလိုင်း ရရှိ
ပြည်တွင်းရုပ်သံလိုင်းတခုဖြစ်တဲ့ Sky Net ချန်နယ်ကနေ ဘရာဇီးနိုင်ငံ မှာ ကျင်းပမယ့် ၂၀၁၄ ကမ္ဘာ့ဖလားဘောလုံးပွဲအ
ပြင် FIFA က ပြုလုပ် မယ့် အခြားဘောလုံးပွဲတွေကို တိုက်ရိုက်ထုတ်လွှင့် ပြသခွင့် ရရှိသွားပါ တယ်။
ဒဂုံဆိပ်ကမ်းရှိ တန်ဖိုးနည်း အိမ်ရာနှစ်ခု အတွက် အစိုးရက ငွေဘီလီယံ ၆၀ ကျော် စိုက်ထုတ်သုံးစွဲမည်
ရန်ကုန်တိုင်း ဒေသကြီး၊ ဒဂုံဆိပ်ကမ်း မြို့နယ်တွင် အစိုးရတန်ဖိုးနည်း အိမ်ရာနှစ်ခုဖြစ်သည့် ဧရာဝဏ်နှင့် ရတနာ အိမ်ရာနှစ်ခု
အတွက် ငွေ ကျပ် ဘီလီယံ ၆၀ ဒသမ ၅၅ စိုက်ထုတ်ကုန်ကျခံ သုံးစွဲသွား မည် ဖြစ်ကြောင်း ဆောက်လုပ်ရေး ၀န်ကြီးဌာန ဒုဝန်ကြီးက ယနေ့ ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် ထုတ်ဖော် ပြောဆို လိုက်သည်။
ယခုနှစ် နွေရာသီ ဓာတ်အားပြတ်တောက်မှု ဆိုးရွားမေည် မဟုတ်ဟု လျှပ်စစ်ဝန်ကြီး ကတိပြု
ယခုနှစ် နွေရာသီတွင် ဓာတ်အား ပြတ်တောက်မှု ယခင်နှစ်များကဲ့သို့ ဆိုးရွားမည် မဟုတ်ကြောင်း လျှပ်စစ်ဝန်ကြီး ဦးခင်မောင်စိုးက ယနေ့ ပြည်ထောင်စု
လွှတ်တော် အစည်းအဝေးတွင် ကတိပြုပြောဆို လိုက်သည်။
ထိုင်းနိုင်ငံ တောင်ပိုင်းတွင် ဗုံးပေါက်ကွဲ မှုများ ဖြစ်ပွား လုံခြုံရေး သုံးဦး သေဆုံး
မငြိမ်မသက်ဖြစ်နေသည့် ထိုင်းနိုင်ငံတောင်ပိုင်း ပတ္တနီမြို့ လယ်ကောင် ၌ ဖေဖော်ဝါရီ ၁၆ ရက်မှစ၍ ဗုံးသုံးလုံး ပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ
အပျော် တမ်း လုံခြုံရေး ဝန်ထမ်း သုံးဦး သေဆုံး ခဲ့ပြီး အရပ်သားများ အပါအဝင် ခုနစ်ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
အိန္ဒိယနိုင်ငံသို့ ရောက်ရှိနေသော ဗြိတိန်ဝန်ကြီးချုပ်က အိန္ဒိယနိုင်ငံနှင့် ဆိုက်ဘာလုံခြုံရေးဆိုင်ရာ သဘောတူညီချက် ချုပ်ဆိုပြီး တိုက်လေယာဉ် ရောင်းချရေး သဘောတူစာချုပ် ချုပ်ဆိုနိုင်ရန် ကြိုးပမ်း
ဗြိတိန်ဝန်ကြီးချုပ် ဒေးဗ
စ်ကင်မရွန်းသည် ဖေဖော်ဝါရီလ ၁၉ ရက် နေ့တွင် အိန္ဒိယနိုင်ငံနှင့် သမိုင်းဝင် သဘောတူညီချက်အဖြစ် ဆိုက်ဘာ လုံခြုံရေးဆိုင်ရာ သဘောတူစာချုပ်တစ်ရပ်ကို ချုပ်ဆို မည်ဖြစ်ကြောင်း သိရသည်။ ဗြိတိန်နိုင်ငံသား သန်းပေါင်းများစွာ တို့၏ ကိုယ်ပိုင်အချက် အလက်များသည် ဒုစရိုက်ဂိုဏ်းများ၏ ခိုးယူခံရမည့် အန္တရာယ် ကျရောက်နေပြီး လုံခြုံရေးဆိုင်ရာ အကြီးအကဲက အိန္ဒိယနိုင်ငံရှိ ဌာနများက သိမ်းဆည်းပေးထားသော ဘဏ်ငွေ စာရင်းများ၊ ခရက်ဒစ်ကတ်များနှင့် ကျန်းမာရေးဆိုင်ရာ အချက်အလက်များမှာ မသမာသူများ၏ ခိုးယူမှုကို လွယ်လင့်တကူ ခံရနိုင်ကြောင်း ဗြိတိန်အစိုးရအဖွဲ့သို့ သတိပေးခဲ့သည်။
“စဖစ်ဖိုင်းယားလေယာဉ်တွေ ထွက်လာရင် လာကြည့်ဖို့ ဖိတ်ခေါ်ပါတယ်” လို့ Mr.David J.Cundall ပြောကြား
မြေပေါ်မြေအောက် ထောက်လှမ်းရှာဖွေရေး စက်ကိရိယာကို ပြည်ပမှ ဌားရမ်းထားသည့်အတွက် နှစ်ပတ်သုံးပတ်နေလျှင် စဖစ်ဖိုင်းယား လေ ယာဉ်
ပျံများနှင့်ပတ်သက်သည့် သတင်းကောင်းပေးနိုင်မည်ဟု Mr.David J.Cundall က ယနေ့ သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။
ဧည့်မထ ဆန်တန်ချိန် ၅၀၀၀ ဂျပန်နိုင်ငံသို့ ၂၀၁၃ ခုနှစ် မေလဆန်းအတွင်း စတင် တင်ပို့မည်၊ ကိုရီးယားနိုင်ငံသို့လည်း လုံးတီးဆန် တင်ပို့သွားရန်စီစဉ်နေ
မြန်မာနိုင်ငံမှ ဧည့်မထဆန် တန်ချိန် ၅၀၀၀ ကို ဂျပန်နိုင်ငံသို့ ၂၀၁၃
ခုနှစ် မေလဆန်းအတွင်း စတင် တင်ပို့တော့မည်ဖြစ်ကြောင်း မြန် မာနိုင်ငံ လယ်ယာစီးပွားရေး အများပိုင်ကော်ပိုရေးရှင်း(Myanmar Agribusiness Public Corporation Limited-MAPCO) မှ ဒေါက်တာ စိုးထွန်းက ပြောသည်။
ဦးအောင်မင်း ဦးဆောင်တဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီနဲ့ ဒုတိယဗိုလ်ချုပ်ကြီး ယွက်စစ် ဦးဆောင်တဲ့ RCSS တို့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့  မှာ တွေ့ဆုံဆွေးနွေး
ဒီကနေ့ ဖေဖေါ်ဝါရီ ၁၉ ရက်နေ့မှာ ပြည်ထောင်စု
ုဝန်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီနဲ့ ဒုတိယဗိုလ်ချုပ်ကြီး ယွက်စစ် ဦးဆောင်တဲ့ ရှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီ RCSS တို့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့ မှာ တွေ့ဆုံဆွေးနွေးနေကြပါတယ်။
တစ်နှစ်ခွဲကျော် ကာလအတွင်း လာဘ်စားမှု၊ အမှုကြန့်ကြာမှုနှင့် တရားခံသေဆုံးမှု အပါအ၀င် ထုတ်ပယ်ခံနှင့် ရာထူးချခံရမှုများတွင် စုစုပေါင်းရဲတပ်ဖွဲ့ဝင် လေးထောင်နီးပါးရှိပြီး ရဲအရာရှိ ၁၀၅၇ ဦးပါဝင်
တစ်နှစ်ခွဲကျော်ကာလအတွင်း လာဘ
်စားမှု၊ အမှုကြန့်ကြာမှု၊ တရား ခံသေဆုံးမှုအပါအ၀င် ထုတ်ပယ်ခံနှင့် ရာထူးချခံရသည့် ရဲဝန်ထမ်းဦးရေ မှာ လေးထောင်နီးရှိပြီး ယင်းတို့အနက် ရဲအရာရှိ ၁၀၅၇ ဦးပါ ၀င်ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ ထုတ်ပြန်ဖြေကြားချက်အရ သိရ သည်။
မိုဘိုင်းဆင်းကတ် ပျောက်ဆုံးခြင်းအတွက် ဆောင်ရွက်ရာတွင် နယ်မြို့များ၌ အချိန်ကြန့်ကြာမှုများ ရှိနေ
မိုဘိုင်းဖုန်းဆင်းကတ် ပျောက်ဆုံးသူများအနေဖြင့် ဆင်းကတ် အသစ် ပြန်လည်လျှောက်ထားရာတွင် နယ်မြို့များ၌ ကြန့်ကြာမှုများ ရှိ
နေကြောင်း စုံစမ်းသိရှိရသည်။
‹
›
Home
View web version