Friday, March 22, 2013

သမ္မ တ အမိန့်ထမ်းဆောင်ရန် တပ်မတော် အသင့်ဖြစ်


Photo: သမ္မတ အမိန့်ထမ်းဆောင်ရန် တပ်မတော် အသင့်ဖြစ်
Friday, March 22, 2013

နိုင်ငံတော်သမ္မတရုံးရဲ့ အရေးပေါ်အခြေအနေ ကြေညာချက်ပါ အချက်များကိုဆောင်ရွက်ရန် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံ တပ်ရင်း၊ တပ်ဖွဲ့များက အဓိကရုဏ်းဖြစ်ပွားနေသည့် မိတ္ထီလာမြို့နှင့် အခြားမြို့များ၏ လုံခြုံရေး အခြေအနေများကို ထိန်းသိမ်းရန် အသင့်ဖြစ်နေပြီ ဖြစ်ကြောင်း အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်မှ အရာရှိတစ်ဦးက RFA သို့ ညနေ ၄ နာရီ ၄၅ မိနစ်တွင် အတည်ပြု ပြောကြားသည်။

ဓာတ်ပုံ - Eleven Media Group
RFA

နိုင်ငံတော်သမ္မတရုံးရဲ့ အရေးပေါ်အခြေအနေ ကြေညာချက်ပါ အချက်များကိုဆောင်ရွက်ရန် အလယ်ပိုင်း တိုင်း စစ်ဌာနချုပ် လက်အောက်ခံ တပ်ရင်း၊ တပ်ဖွဲ့များက အဓိကရုဏ်းဖြစ်ပွားနေသည့် မိတ္ထီလာမြို့နှင့် အခြားမြို့များ၏ လုံခြုံရေး အခြေအနေများကို ထိန်းသိမ်းရန် အသင့်ဖြစ်နေပြီ ဖြစ်ကြောင်း အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်မှ အရာရှိတစ်ဦးက RFA သို့ ညနေ ၄ နာရီ ၄၅ မိနစ်တွင် အတည်ပြု ပြောကြားသည်။

မြောက် ကိုးရီယား အရေးကို တရုတ်တို့ ပြင်းထန်စွာ တုံ့ပြန်ရန် အမေရိကန်မျှော်လင့်


Photo: မြောက်ကိုးရီယားအရေးကို တရုတ်တို့ ပြင်းထန်စွာ
တုံ့ပြန်ရန် အမေရိကန်မျှော်လင့်
Friday, March 22, 2013

အမေရိကန်အနေနှင့် တရုတ်သည် ကုလသမဂ္ဂက
အသစ်ချမှတ်သော စီးပွားရေးပိတ်ဆို့မှုများကို ပိုမို အထမြောက်လာစေရန် မြောက်ကိုးရီးယားအစိုးရအား စီးပွားရေးထောက်ကူနေမှုများကို ပြန်လည်စစ်ဆေးရန်
ပြင်းထန်သော တုံ့ပြန်မှုများ ထုတ်ပြန်သင့်ကြောင်း
အမေရိကန် ထိပ်တန်းအရာရှိုတစ်ဦးက သောကြာနေ့တွင်
ပြောကြားသည်။

အကြမ်းဖက်မှုနှင့် ဘဏ္ဍာရေးအဖွဲ့ အမေရိကန် ဘဏ္ဍာရေး
ဝန်ကြီးဒေးဗစ်ကို ဟန်ကတရုတ်ဘဏ်များနှင့် ထိန်းညှိုပေး
သူများသည် ကုလ သမဂ္ဂ အဖွဲ့ချုပ် လုံခြုံရေးကောင်စီမှ
ထုတ်ပြန်သည့် ထုတ်ပြန်ချက်သစ်ကို အလေးထားမည်ဟု
ယုံကြည်ကြောင်း ဆိုသည်။

မြောက်ကိုးရီးယားသို့ တရားမဝင်စီးဆင်းနေသောကို တားဆီးခြင်းသည် ဖေဖော်ဝါရီ၁၂ရက်က နယူးကလီးယား
စမ်းသပ်မှုကို ဆန့်ကျင်သည့် အနေနှင့် လုပ်ဆောင်သော ပိတ်ဆို့အရေးယူမှုများ၏ အဓိကအချက်ဖြစ်ကြောင်း ဆိုသည်။

တရုတ်သည် ပိတ်ဆို့အရေးယူသည့်ကိစ္စနှင့်ပတ်သက်၍ အမေရိကန်နှင့်၎င်းတို့လည်း လုပ်ဆောင်ရန် ဆွေးနွေးခဲ့
သော်လည်း မြောက်ကိုးရီးယား၏ တစ်ဦးတည်းသော မဟာမိတ်ဖြစ်သည့်အပြင် ကုန်သွယ်မှု အဓိကစီးပွားဖက်
လည်း ဖြစ်သည်။

“လုံခြုံရေးကောင်စီက လုပ်ဆောင်မယ့် ပိတ်ဆို့အရေးယူ
မှုတွေ လုပ်ဆောင်သွားမယ် ဆိုတာကလွဲလို့ ဘာမှမကြား
ရဘူး။ အဲဒီပိတ်ဆို့မှုတွေ လုပ်ဆောင်ရာမှာ တရုတ်အစိုးရ
အနေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ လုံးဝမျှော်လင့်ပါတယ်” ဟု ၎င်းက ဘေဂျင်းတွင် သတင်းထောက်များကို ပြောကြားသည်။

တရုတ်တို့သည်လည်း မြောက်ကိုးရီးယားနှင့် စပ်လျဉ်း၍
စိတ်ပျက်မှုများ ရှိလာနေပြီဟု တရုတ်ကျွမ်းကျင်သူများက ဆိုသည်။ယင်းအပြင် မကြာမီက လုပ်ဆောင်ခဲ့သော
နျူကလီးယားစမ်းသပ်မှု၊ ယခင်နှစ်ဒီဇင်ဘာက စမ်းသပ်ခဲ့သည့် တာဝေးပစ်ဒုံးကျည်များ၊ အမေရိကန်နှင့် တောင်ကိုးရီးယားကို
ပြုလုပ်ခဲ့သော ခြိမ်းခြောက်မှုများလည်း ရှိခဲ့သည်။

“တရုတ်နိုင်ငံ အမြင်အရဆိုရင်မြောက်ကိုးရီးယားကို
အရေးကြီးကြောင်း သတ်မှတ်ထားပါတယ်။ မြောက်ကိုးရီးယား များကို လေးစားမှု ရှိတယ်” ဟု ဘေဂျင်းရင်းမင်းတက္ကသိုလ်မှ
နိုင်ငံတကာလေ့လာရေးကျောင်း တွဲဖက်ပါမောက္ခ မစ္စတာ
ဂျင်ကန်ရွန်က ဆိုသည်။

“တရုတ်တွေမှာ စိတ်ဝင်စားမှုတွေ ရှိခဲ့ပါတယ်။ တတိယ
အကြိမ်မြောက် နယူးကလီးယားစမ်းသပ်မှုဟာ တရုတ်နိုင်ငံရဲ့ စိတ်ဝင်စားမှုကို လျော့ သွားစေပြီး စိတ်သဘောမကျမှုများကို
ပြသရပါမယ်” ဟု ဆိုသည်။

မစ္စတာကိုဟန်သည် ဂျပန်၊ တောင်ကိုးရီးယားနိုင်ငံအရာရှိ
များထံ လည်ပတ်ပြီးနောက် တရုတ်နိုင်ငံသို့ ဝင်ရောက် လည်ပတ်ခဲ့ခြင်း ဖြစ်သည်။

“တရုတ်ဘဏ်နှင့် တရုတ်ထိန်းသိမ်းသူများဟာ လုံခြုံရေး
ကောင်စီရဲ့ ထုတ်ပြန်ချက်ကို လိုက်နာကြလိမ့်မယ်၊ လုပ်
လိမ့်မယ်လို့ ကျွန်တော်ယုံကြည်တယ်”ဟု ၎င်းက ဆိုသည်။

Ref: Reuters
The Myanma Age
အမေရိကန်အနေနှင့် တရုတ်သည် ကုလသမဂ္ဂက အသစ်ချမှတ်သော စီးပွားရေးပိတ်ဆို့မှုများကို ပိုမို အထမြောက်လာစေရန် မြောက်ကိုးရီးယားအစိုးရအား စီးပွားရေးထောက်ကူနေမှုများကို ပြန်လည်စစ်ဆေးရန်
ပြင်းထန်သော တုံ့ပြန်မှုများ ထုတ်ပြန်သင့်ကြောင်းအမေရိကန် ထိပ်တန်းအရာရှိုတစ်ဦးက သောကြာနေ့တွင်
ပြောကြားသည်။

သဘော တူညီ ချက်များဖြင့် ရှမ်းနှင့် ကယား ညီလာခံ ပြီးဆုံး


Photo: သဘောတူညီချက်များဖြင့် ရှမ်းနှင့် ကယား ညီလာခံ ပြီးဆုံး
Friday, March 22, 2013

တိုင်းရင်းသားအားလုံး၏ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိသော ဖယ်ဒရယ်
ပြည်ထောင်စု တည်ဆောက်ရန်၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရန် သို့မဟုတ် အခြေခံ ဥပဒေအသစ်တရပ် ရေးဆွဲရန်၊ ပင်လုံညီလာခံကို အခြေခံသော ညီလာခံကြီး တရပ် ကျင်းပသွားရန်တို့ အပါအဝင် အချက် ၄ ချက်ကို ရှမ်းနှင့် ကယား ညီလာခံ တက်ရောက်လာသော ကိုယ်စားလှယ်များ သဘောတူလိုက်ကြသည်။

လားရှိုးမြို့ရှိ လားရှိုးမိုတယ်တွင် ကျင်းပသော ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်မှ နိုင်ငံရေပါတီများနှင့် လက်နက် ကိုင် အဖွဲ့အစည်းများ၏ “ငြိမ်းချမ်းရေးအတွက် ယုံကြည်မှု တည်ဆောက်ခြင်း ဆွေးနွေးပွဲ” 
ခေါင်းစဉ်ဖြင့် သုံးရက်ကြာ ညီလာခံ ကျင်းပ အပြီးတွင်သောကြာနေ့က 
သတင်းစာရှင်းလင်းပွဲ ပြုလုပ်၍ ထိုကဲ့သို့ ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

“တိုင်းရင်းသားတွေ ကိုယ်၌က ကိုယ့်ကြမ္မာကိုယ် ဖန်တီးခွင့် မရသေးလို့၊ ဗဟိုချုပ်ကိုင်မှု အားရှိပြီးတော့ ပြည်နယ်တွေရဲ့ လုပ်ဆောင်ပိုင်ခွင့်တွေ
နည်းနေတယ်။ တိုင်းရင်းသားတွေ ကိုယ်တိုင် ဖန်တီးယူလို့ မရသေးဘူး။ ဒါကြောင့် ဒီကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို ထပ်ခါ ထပ်ခါ တောင်းဆိုရတာပါပဲ” ဟု ဦးဆောင်ကျင်းပသော ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းလိတ် က ပြောသည်။

၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလက ကျင်းပသော ညီလာခံတွင် ရှမ်းပြည်နယ်မှ လက်နက်ကိုင်အဖွဲ့ လေးဖွဲ့၊ နိုင်ငံရေးပါတီ သုံးခုနှင့် အခြား ရှမ်းလူမှု အဖွဲ့အစည်းများသာ ပါဝင်ဆွေးနွေးခဲ့သည်။

ယခုညီလာခံတွင် ဖိတ်ကြားထားသော အဖွဲ့အစည်းပေါင်း ၂၅ ဖွဲ့မှ ၂၁ ဖွဲ့ ပါဝင် တက်ရောက်လာသဖြင့် ပိုမို ကျယ်ပြန့်သော တိုင်းရင်းသားများ၏ သဘောထားအား ထုတ်ပြန်နိုင်ခြင်းနှင့် လက်နက်ကိုင် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ ကိုယ်တိုင် တက်တက်ကြွကြွ ပါဝင် ဆွေးနွေးလာ၍ ယခင် ညီလာခံထက် အားသာချက်ဖြစ်သည်ဟု သူက ပြောသည်။

“အစိုးရနဲ့ အပစ်အခတ် ရပ်စဲထားတဲ့ အဖွဲ့အစည်းတွေ ကိုယ်တိုင် တက်တက်ကြွကြွ ပါဝင်ဆွေးနွေးလာတာတွေ့ရတယ်။ နောက် 
အမျိုးသမီးများရဲ့ နိုင်ငံရေးကိစ္စနဲ့ လူမှုရေးကိစ္စမှာ ပါဝင်လှုပ်ရှား လာတာ တွေ့ရလို့ အရင်ညီလာခံထက် ပိုမိုအားသာလာတဲ့အချက်ပါပဲ” ဟု မဇ္စျိမကို ပြောသည်။

ညီလာခံ တက်ရောက်ခဲ့သော ကယန်းအမျိုးသားပါတီမှ အထွေထွေအတွင်းရေးမှူး ဦးနန်းရီက “ကျနော်တို့ ထုတ်ပြန်တဲ့အတိုင်း တနိုင်ငံလုံး တိုင်းရင်းသားတွေရဲ့တန်းတူရေးနဲ့ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်ရမှ ထာဝရ ငြိမ်းချမ်းရေးရမယ်။ ဒီအတိုင်းပဲ တဆင့်ပြီး တဆင့်လုပ်သွားဖို့ ကြိုးစားသွားမယ်ဆိုတဲ့ ရည်ရွယ်ချက် ရှိတယ်” ဟု ပြောသည်။

တိုင်းရင်းသားဒေသများအတွင်း အစိုးရ စစ်တပ်များ အင်အား တိုးချဲ့မှု
များနှင့် တိုက်ခိုက်မှုများ ပြုလုပ်ခြင်းသည် အပစ်အခတ် ရပ်စဲထားသော အခြေအနေအား ထိခိုက်စေသဖြင့် နိုင်ငံရေး နည်းလမ်းအရ တွေ့ဆုံဆွေးနွေး အဖြေရှာသင့်ကြောင်းလည်း သဘောတူခဲ့သည်။

ထို့ပြင် ဘာသာရေး၊ လူမျိုးရေး၊ အဓိကရုဏ်းများ ဖြစ်ပွားစေရန် ဖန်တီး လှုပ်ဆော်သော မည်သည့် ပုဂ္ဂိုလ်၊ အဖွဲ့အစည်းကို မဆို ပြင်းထန်စွာ ရှုံ့ချကြောင်းလည်း ပါရှိသည်။

ယခုကဲ့သို့ ညီလာခံအား ဆက်လက် ကျင်းပနိုင်ရန် ကြိုးပမ်းသွားကြမည် ဟုလည်း သဘောတူညီခဲ့ကြသည်။

ရှမ်းနှင့် ကယားပြည်နယ် အတွင်းရှိ ရှမ်း၊ ကယန်း၊ ကရင်နီ၊ လားဟူ၊ ကိုးကန့်၊ ဝ၊ တအောင်း (ပလောင်)၊ ဓနု၊ အင်း စသည့်လူမျိုးများမှ နိုင်ငံရေးပါတီ ၁၀ ခု၊ လက်နက်ကိုင် အဖွဲ့အစည်း ၁၁ ဖွဲ့တို့မှ ကိုယ်စားလှယ်များနှင့် လေ့လာသူ လူမှုအဖွဲ့အစည်း ၂၂ ဖွဲ့ ပါဝင်ရာ စုစုပေါင်း ညီလာခံ တက်ရောက်သူ ၂၀၀ ခန့် ရှိသည်။

ငြိမ်းချမ်းရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် သမ္မတရုံး ဝန်ကြီး ဦးအောင်မင်းနှင့် လျှပ်စစ်ဝန်ကြီး ဦးခင်မောင်စိုး၊ သစ်တောဝန်ကြီး ဦးဝင်းထွန်း၊ ငြိမ်းချမ်းရေး စင်တာမှ ဦးလှမောင်ရွှေ၊ ဒါရိုက်တာ အဖွဲ့ဝင် ဒေါက်တာ မင်းဇော်ဦးနှင့် ဦးအောင်နိုင်ဦးတို့လည်း ညီလာခံ ပထမနေ့တွင် တက်ရောက်ခဲ့ကြသည်။

ဦးအောင်မင်း၏ ပထမနေ့ မိန့်ခွန်းတွင် ငြိမ်းချမ်းရေး ရရှိရန် အထူးလိုအပ်နေသဖြင့် အခက်အခဲ ကြုံတွေ့နိုင်သော်လည်း 
တိုင်းရင်းသားများနှင့် တပ်မတော်အစိုးရကပါ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းတွင် ပါဝင် ပူးပေါင်းရန် လိုအပ်ကြောင်း ပြောဆိုခဲ့သည်။ 

ဓါတ်ပုံ - စူပါ (DVB TV News)

ဖနိဒါ 
မဇ္စျိမ
တိုင်းရင်းသားအားလုံး၏ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိသော ဖယ်ဒရယ် ပြည်ထောင်စု တည်ဆောက်ရန်၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရန် သို့မဟုတ် အခြေခံ ဥပဒေအသစ်တရပ် ရေးဆွဲရန်၊ ပင်လုံညီလာခံကို အခြေခံသော ညီလာခံကြီး တရပ် ကျင်းပသွားရန်တို့ အပါအဝင် အချက် ၄ ချက်ကို ရှမ်းနှင့် ကယား ညီလာခံ တက်ရောက်လာသော ကိုယ်စားလှယ်များ သဘောတူလိုက်ကြသည်။

ရေသောက်ခြင်းနှင့် ကျန်းမာရေး အကျိုးကျေးဇူး

Photo: ရေသောက်ခြင်းနှင့် ကျန်းမာရေး အကျိုးကျေးဇူး
Friday, March 22, 2013

၁။ ဦးနှောက်၏ ၇၅ ရာခိုင်နှုန်းကို ဖွဲ့စည်းထောက်ပံ့ပေးခြင်း။

၂။ ခန္ဓာကိုယ် အပူချိန်ကို ထိန်းညှိပေးခြင်း။

၃။ သွေး၏ ၈၃ ရာခိုင်နှုန်းကို ပြန်လည်ဖြည့်ဆည်းပေးခြင်း။

၎။ ကြွက်သား ၏ ၇၅ ရာခိုင်နှုန်းကို ပြန်လည်ဖြည့်ဆည်းပေးခြင်း။

၅။ အရိုး၏ ၂၂ ရာခိုင်နှုန်းကို ဖွဲ့စည်းထောက်ပံ့ပေးခြင်း။

၆။ အစားအစာကို စွမ်းအင်အဖြစ်သို့ ပြောင်းလဲပေးခြင်း။

၇။ အဆိပ်အတောက်ကို ဖယ်ရှားပေးခြင်း။

၈။ ခန္ဓာကိုယ်မှ အဟာရဓာတ်များ ဆွဲယူရန် ဆောင်ရွက်ပေးခြင်း။

၉။ အသက်ရှုရန် အောက်ဆီဂျင် သန့်အောင်ထုတ်ပေးခြင်း။

၁၀။ အရိုးအသား အချိုင့်အဆက်များကို သန်မာစေခြင်း။

၁၁။ ဆဲလ်ရှင်သန်ရန် အဟာရနှင့် အောက်ဆီဂျင်များ သယ်ဆောင် ထားပေးခြင်း။

၁၂။ လုပ်ငန်းခွင်တွင် လုပ်ဆောင်ချက်တိုးမြင့်ပေးခြင်း။

၁၃။ ခေါင်းမူး၊ ခေါင်းကိုက် သက်သာစေခြင်း။

၁၄။ ပင်ပန်း နွမ်းနယ်မှု သက်သာ၍ လန်းဆန်းစေခြင်း။

၁၅။ ကင်ဆာဖြစ်နိုင်လျော့နည်းခြင်း။

၁၆။ အားကစားလုပ်လျှင် လုပ်ဆောင်ချက် မြင့်တင်စေခြင်း။

၁၇။ ကျောက်ကပ်ကျန်းမာရေး အထောက်အပံ့ပေးခြင်း။

၁၈။ ပိုမို ငယ်ရွယ်၍ ကျန်းမာစေအောင် ဖန်တီးပေးနိုင်ခြင်း။
---
Ref: medicfact
Aung Kham (TSJ team)
-
http://blog.techspace.com.mm/2013/03/blog-post_9078.html

-
TechSpace Journal
၁။ ဦးနှောက်၏ ၇၅ ရာခိုင်နှုန်းကို ဖွဲ့စည်းထောက်ပံ့ပေးခြင်း။

တစ်ဖက် နိုင်ငံသို့ ရောင်းစားခြင်း ခံနေရသော ကျေးလက် မိန်းမပျိုလေး များအား ရှာဖွေ ဖော်ထုတ် ကူညီပေးသင့်

Photo: တစ်ဖက် နိုင်ငံသို့ ရောင်းစားခြင်း ခံနေရသော ကျေးလက် မိန်းမပျိုလေး များအား ရှာဖွေ ဖော်ထုတ် ကူညီပေးသင့် 
Friday, March 22, 2013

မကွေးတိုင်း ဒေသကြီး ပခုက္ကူ ခရိုင် မြိုင်မြို့နယ် နှမ်းဆီကန် ကျေးရွာရှိ မိန်းမပျိုလေး နှစ်ဦးအား လိမ်လည် လှည့်ဖြား၍ တစ်ဖက် နိုင်ငံသို့ 
ရောင်းစားခြင်း ခံခဲ့ရကြောင်း သတင်း ရရှိသည်။

''ကျွန်မနဲ့ မဌေးပိုကို မန္တလေးမှာ အိမ်အကူ အလုပ် လုပ်ရမယ် ဆိုပြီး ခေါ်ဆောင် သွားတာပါ။ ၂ဝဝ၇ ခုနှစ် သင်္ကြန် မကျခင် အချိန်မှာပါ''ဟု ခြောက်နှစ်ကြာ ကွဲကွာနေပြီး   ဇာတိ ရပ်ရွာသို့ ကံကောင်းခြင်း များစွာဖြင့် ပြန်ရောက်လာသော မခင်စိုးက ပြောသည်။ 

မခင်စိုးနှင့် မဌေးပို တို့အား မန္တလေး-မူဆယ်-ရွှေလီမှ တစ်ဆင့် တစ်ဖက်နိုင်ငံ အတွင်းသို့  ခေါ်ဆောင်လျက် အသက်အရွယ် ကြီးမားသော အဘိုးအို၏ မယားအဖြစ် ရောင်းစားခြင်း ခံခဲ့ ရသည်ဟု မခင်စိုးက ဆက်လက်
ပြောပြသည်။ 

တစ်ဖက် နိုင်ငံ အတွင်း ရောက်၍ မဌေးပိုနှင့်  မခင်စိုးအား လူချင်း ခွဲထုတ်ရန် လုပ်ဆောင်လာသည်။ မခင်စိုးအား ဈေးသွားဝယ်ရန် အကြောင်းပြ၍ လူချင်း ခွဲထုတ်သည်ကို အချိန် ကြာလာသ ည်နှင့် အမျှ ရိပ်မိ၍ တည်းခိုခန်းသို့ အမြန်ဆုံး ပြန်လာခဲ့သည်။ 

တည်းခိုခန်း၌ ကျန်ခဲ့သူ မဌေးပိုမှာ ပျောက်ဆုံး သွားခဲ့ရာ ယနေ့တိုင် 
သတင်း အစအန မရရှိ တော့ကြောင်း သိရသည်။ ကျန်ခဲ့သူ မခင်စိုးအား  တစ်ဖက်နိုင်ငံ အတွင်း အဘိုးအို တစ်ဦး၏ မယားအဖြစ် ရောင်းစားခြင်း ခံခဲ့ရသည်။ မခင်စိုး သည် အချိန် မနှောင်းခင် သတ္တိ ရှိရှိဖြင့် ထွက်ပြေး ခဲ့သည်။

စွန့်စား ထွက်ပြေးရာတွင် ကူညီ စောင့်ရှောက်သူ များနှင့် တွေ့ဆုံခဲ့၍ မခင်စိုး၏ ဘဝသည် အကျည်းတန် ရုပ်ဆိုးခြင်း ဘေးမှ ကင်းလွတ် 
ခဲ့ရသည်။ လူသားချင်း စာနာစွာ ကူညီ စောင့်ရှောက်သူ များနှင့် တွေ့ဆုံ၍ ဝမ်းရေးအတွက် အလုပ် လုပ်ကိုင်ရင်း ဝမ်ရှီတုံ အမည်ရှိ အမျိုးသားနှင့် အိမ်ထောင် ကျခဲ့သည်။ 

ယခုအခါ ဝမ်ယုချီ အမည်ရှိ ငါးနှစ်သား အရွယ် သားကလေး တစ်ယောက် ရရှိနေပြီ ဖြစ်ကြောင်း မခင်စိုးက ပြောပြသည်။ မခင်စိုးသည် ဇာတိ ရပ်ရွာနှင့် ခြောက်နှစ်တာ ကာလအထိ ခွဲခွာရ၍ အမျိုး သားနှင့် ယောက္ခမ
ဖြစ်သူအား   ခွင့်ပန်ကာ နှမ်းဆီကန် ရွာနေ မွေးမိခင် အိုကြီးကို ခေါ်ယူရန် ၂ဝ၁၃ ခုနှစ် မတ်လဆန်းက ရွာသို့ ပြန်ရောက် လာခဲ့သည်။  

''အဖေက မရှိတော့ ပါဘူး။ ကျန်ခဲ့တဲ့ အမေ့ကို ခေါ်ယူဖို့ ပြန်လာတာပါ၊ သူတို့ကလည်း ခွင့်ပြုပါတယ်။ လမ်းမှာ အခက်အခဲ မရှိအောင် မြန်မာစကား တတ်တဲ့သူတို့ ဆွေမျိုး အမျိုးသမီး အဖော် နဲ့ ပြန်ရောက် လာတာပါ။ ကျွန်မက ပြန်သွားမှာပါ။ သားလေးကလည်း ဟိုမှာ ကျန်ခဲ့ပါတယ်။ သည်ရောက်တော့ ကျွန်မနဲ့ အတူ ရောင်းစားခံခဲ့ ရတဲ့ မဌေးပို အကြောင်း ကြားရတော့ အလွန်ပဲ စိတ်မကောင်း ဖြစ်မိပါတယ်''ဟု မခင်စိုးက ပြောသည်။

မဌေးပို၏ ဆွေမျိုးသားချင်း မိဘများသည် မဌေးပို အရေး ကိစ္စအား
ဖြေရှင်းပေးရန် သက်ဆိုင် ရာသို့ တိုင်ကြားထားပြီ ဖြစ်ကြောင်း ဒေသခံ တစ်ဦးက ပြောသည်။ 

မသိ နားမလည်သော ကျေးလက်ဌာနေ မိန်းမပျို လေးများအား တစ်ဖက်
နိုင်ငံသို့ လှည့်စားကာ ရောင်းစားနေသော  လုပ်ရပ်များကို နိုင်ငံတော်မှ ထိရောက်စွာ အရေးယူလျက် ဒုက္ခ ရောက်နေသော မိန်းမပျို လေးများကို အမြန်ဆုံး ရှာဖွေဖော်ထုတ် ကူညီ ပေးသင့်ကြောင်း ဒေသခံ ပြည်သူများက  လိုလားတောင့်တ နေကြောင်း သိရသည်။

နေဦးမောင် (ပခုက္ကူ)
မြဝတီ
မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင် မြိုင်မြို့နယ် နှမ်းဆီကန် ကျေးရွာရှိ မိန်းမပျိုလေး နှစ်ဦးအား လိမ်လည်လှည့်ဖြား၍ တစ်ဖက်နိုင်ငံသို့ ရောင်း စားခြင်း ခံခဲ့ရကြောင်း သတင်း ရရှိသည်။''ကျွန်မနဲ့ မဌေးပိုကို မန္တလေးမှာ အိမ်အကူ အလုပ် လုပ်ရမယ် ဆိုပြီး ခေါ်ဆောင် သွားတာပါ။ ၂ဝဝ၇ ခုနှစ် သင်္ကြန် မကျခင် အချိန်မှာပါ''ဟု ခြောက်နှစ်ကြာ ကွဲကွာနေပြီး ဇာတိ ရပ်ရွာသို့ ကံကောင်းခြင်းများစွာဖြင့် ပြန်ရောက်လာသော မခင်စိုး က ပြော သည်။

God' s Army နောက် တဖွဲ့ လာပြီလား


Photo: God's Army နောက်တဖွဲ့ လာပြီလား 
Friday, March 22, 2013

မူးယစ်ဆေးဝါးဖြန့်တဲ့နေရာလို့ သတင်း ထွက်နေတဲ့  ထိုင်းမြန်မာနယ်စပ် မဲဆောက်-မြ၀တီချစ်ကြည်ရေး တံတားအောက် သောင်းရင်းမြစ် အတွင်းရှိ  ရေလယ်ကျွန်းကို ကရင်လူငယ် လက်နက်ကိုင်အဖွဲ့တခုက 
ဒီမနက်  ၆း၀၀ နာရီခန့်မှာ  ၀င်ရောက် ထိန်းချုပ်လိုက်ပါတယ်။

ဒီအဖွဲ့ခေါင်းဆောင် စောမိုရှေးက  လက်နက်ကိုင်အင်အား ၂၅ ဦးခန့်နဲ့   ဝင်ရောက် ထိန်းချုပ်တာလို့ ဧရာဝတီကို ပြောပါတယ်။

၂ ဧကလောက်ပဲ အကျယ်အ၀န်း ရှိတဲ့ ဒီနေရာမှာ  မူးယစ်ဆေးဝါး
ရောင်းဝယ် ဖြန့်ချိနေတာ အနှစ် ၂၀ နီးပါးရှိပြီလို့ သူက ထပ်ပြောပါတယ်။

ဒီမနက် ၀င်ရောက်စီးနင်းမှုက  လူငယ်များရဲ့ အနာဂတ်
ကောင်းမွန်ဖို့အတွက် ရည်ရွယ်ပါတယ် တဲ့။

ထိုင်း နဲ့  မြန်မာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကတော့ ရေလယ်ကျွန်းကို ခပ်လှမ်းလှမ်းကနေ အကဲခတ်နေကြတာ တွေ့ရပါတယ်။

ဒီအဖွဲ့က ဘယ်သူတွေလဲ။
သူတို့နောက်ကွယ်မှာ ဘယ်သူတွေ ရှိလဲ။
သူတို့ရဲ့ ဒီမနက် ရေလယ်ကျွန်း ၀င်ရောက်စီးနင်းမှုဟာ လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်က ပေါ်လာတဲ့ God's Army ရဲ့ လှုပ်ရှားမှုတွေကို သတိရစေပါတယ်။

God's Army လို့ သူတို့ကိုယ်သူတို့ အမည်ပေးထားတဲ့ ကရင်လက်နက်ကိုင် အဖွဲ့အကြောင်း တစေ့စောင်းကို သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၄၈) http://burma.irrawaddy.org/archives/23007 မှာလည်း ဖတ်ခဲ့ကြရမှာပါ။

ဒီမနက် ထိုင်းမြန်မာနယ်စပ် ရေလယ်ကျွန်းကို ကရင်လက်နက်ကိုင်တစု ၀င်ရောက်ထိန်းချုပ်တဲ့သတင်း အပြည့်အစုံကို ဧရာဝတီ ပင်မ စာမျက်နှာမှာ မကြာခင် ဖော်ပြပေးမှာ ဖြစ်ပါတယ်။ 

ဓာတ်ပုံ - ပြည်တော်မြင့်/ဧရာဝတီ
ဧရာဝတီ
မူးယစ်ဆေးဝါးဖြန့်တဲ့နေရာလို့ သတင်း ထွက်နေတဲ့ ထိုင်းမြန်မာနယ်စပ် မဲဆောက်-မြ၀တီချစ်ကြည်ရေး တံတားအောက် သောင်းရင်းမြစ် အတွင်းရှိ ရေလယ်ကျွန်းကို ကရင်လူငယ် လက်နက်ကိုင်အဖွဲ့တခုက ဒီမနက် ၆း၀၀ နာရီခန့်မှာ ၀င်ရောက် ထိန်းချုပ်လိုက်ပါတယ်။

လက်ပံတောင်းေ တာင် ကြေးနီ စီမံကိန်း တရားဝင် ဆန္ဒပြရန် ခွင့်ပြုလိုက်ပြီ

Photo: လက်ပံတောင်းတောင် ကြေးနီစီမံကိန်း တရားဝင်ဆန္ဒပြရန် 
ခွင့်ပြုလိုက်ပြီ
Friday, March 22, 2013

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို တရားဝင်ကန့်ကွက်ဆန္ဒပြရန် တင်ပြမှုကို မတ်လ (၂၁) ရက်နေ့တွင် ဆားလင်းကြီးမြို့နယ် ရဲတပ်ဖွဲ့မှူးမှ ခွင့်ပြုပေးလိုက်ပြီဖြစ်ကြောင်း လက်ပံတောင်းသို့ရောက်ရှိနေသော Hot News သတင်းထောက်မှ သတင်းပေးပို့သည်။ 

တုံရွာသူ မဌေးဦး နှင့် မဌေးနွယ်တို့ က ဦးဆောင်ကာ မတ်လ (၁၈) ရက်နေ့တွင် စာဖြင့်တင်ပြခဲ့ခြင်းဖြစ်ပြီး ၊ ၃ ရက်အကြာတွင် ယခုကဲ့သို့ ခွင့်ပြုလိုက်ခြင်းဖြစ်သည်။ 

မတ်လ ၂၃ ရက်နေ့တွင် တုံရွာထိပ်မှ စတင်ကာ ပုသိမ်မုံရွာ လမ်းဆုံအထိ အင်အား (၅၀၀ )ခန့်ဖြင့် စီတန်းဆန္ဒပြခွင့်ကို ခွင့်ပြုခဲ့ခြင်းဖြစ်သည်။ 

မွန်းလွဲ၁ နာရီမှ ညနေ ၄ နာရီအထိ ဆန္ဒထုတ်ဖော်ခွင့်ရပြီး လက်ပံတောင်းတောင် ကြေးနီ စီမံကိန်း ဖျက်သိမ်းရေး ၊ မီးလောင်ဗုံးဖြင့် ဖြိုခွင်းသည့် တာဝန်ရှိသူ ဖော်ထုတ်အရေးယူရေး ၊ 
ပုဒ်မ ၁၄၄ ရုပ်သိမ်းပေးရေး ကြွေးကြော်သံများ ဖြင့် စီတန်းလှည့်လည် မည်ဖြစ်ကြောင်းသိရသည်။ 

စီတန်းလှည့်လည်ခြင်းကို ဦးဆောင်မည့် သူ ၂ ဦးနက် မဌေးနွယ်ဆိုသူမှာ စုံစမ်းစစ်ဆေးရေးကော်မရှင်တွင် အဖွဲ့ဝင်အဖြစ်ပါဝင်သော ဒေသခံ ဦးဘိုဌေး ၏ သမီးဖြစ်ကြောင်းသိရသည်။ ယင်းခွင့်ပြုချက်ကို ဆားလင်းကြီးမြို့နယ် ရဲတပ်ဖွဲ့မှူး လက်မှတ်ရေးထိုးကာ စာအမှတ် ၁၀၀၂(၀၆)/၁၀၃/ဦး ၁ ဖြင့် ခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

Hot News
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို တရားဝင်ကန့်ကွက်ဆန္ဒပြရန် တင်ပြမှုကို မတ်လ (၂၁) ရက်နေ့တွင် ဆားလင်းကြီးမြို့နယ် ရဲတပ်ဖွဲ့မှူးမှ ခွင့်ပြုပေးလိုက်ပြီဖြစ်ကြောင်း လက်ပံတောင်း သို့ရောက် ရှိနေသော Hot News သတင်းထောက်မှ သတင်းပေးပို့သည်။ 

လေဖြတ်ခြင်း ကို ကာကွယ်ေ ပးနိုင် တဲ့ ထောပတ်သီး

Photo: လေဖြတ်ခြင်းကို ကာကွယ်ပေးနိုင် တဲ့ ထောပတ်သီး
Thursday, 21 March 2013

ထောပတ်သီးစားသုံးခြင်းသည် ကိုယ်ခန္ဓာအတွက်လိုအပ်သော အာဟာရများကိုဖြည့်တင်းပေးနိုင်ရုံ သာမက သဘာဝမှရသော
သကြား ဓာတ်ကိုထောက်ပံ့ပေးခြင်း၊ကိုယ် အလေးချိန်ကျဆင်း
စခြင်း၊အကျိုး ပြုကိုလက်စတီရောကိုတက်စေပြီး ဆိုးကျိုးပေးသော
ကိုလက်စတီရော ကိုကျဆင်းစေခြင်း စသည့်အချက်များ ကိုရရှိ
စေနိုင်သည်ဟုသိရသည်။ယခု လေ့လာမှုတွင် ဖော်ပြထားချက်
အရ လေဖြတ်ခြင်းကိုပါ ထောပတ်သီးက ကာကွယ်ပေးနိုင်ကြောင်း
ဖော်ထုတ် နိုင်ခဲ့သည်။

ယခုလေ့လာမှုသည် အမျိုးသား ကျန်းမာရေးနှင့် အာဟာရဆိုင်ရာစစ် တမ်း
(National Health and Nutrition Examination Survey, NHANES) မှရ
ရှိခြင်းဖြစ်ပြီး ၂၀၀၁ ခုနှစ်မှ ၂၀၀၈ခုနှစ်အတွင်း လေ့လာခဲ့ သည်။အမေရိ
ကန်နိုင်ငံသား အသက် ၁၉နှစ်အထက်ရှိသူ ၁၇၅၆၇ဦးကို လေ့လာခဲ့သော ယခုလေ့လာမှုတွင် ၃၄၇ဦးသည် နေ့စဉ်ထောပတ်သီးကို စားသုံးပေးသူ
များဖြစ်ကြောင်းေ ဖာ် ထုတ်နိုင်ခဲ့သည်။ အဆိုပါ ထောပတ် သီး နေ့စဉ် စားသုံးပေးသူများ၏ ကျန်းမာရေးအခြေအနေကို မေးခွန်း များ မေးမြန်းခြင်း၊ စမ်းသပ်ခြင်းများ ဖြင့်လေ့လာခဲ့သည်။

ထောပတ်သီးနေ့စဉ် စားသုံးသူ များသည် ကျန်းမာရေးနှင့်ညီညွတ်သော
စားသုံးမှုပုံစံ အညွှန်းကိန်းဖြစ် သည့် healthy eating index,HEI နှင့်
အနီးစပ်ဆုံးသူများဖြစ်လာ ကြောင်း၊ ထောပတ်သီးနေ့စဉ်စားသုံး သူများသည်မစားသုံးသူများထက်နေ့ စဉ်ထောပတ်သီးမှအမျှင်ဓာတ်၃၆%၊ ဗီတာမင်အီး၂၃%၊မက်ဂနီစီယမ် သတ္ထုဓာတ်၁၃%၊ပိုတက်စီယမ် ၁၆%နှင့်ဗီတာမင်ကေ ၄၈%ပိုမိုရရှိ ကြောင်းသုတေသနတွင်ဖော်ပြထား သည်။

ထို့ပြင်ကျန်းမာရေးအတွက် သင့်တော်သောအဆီဓာတ်များကို
ထောပတ်သီးနေ့ စဉ်စားသုံးပေးပါက မစားသုံးသူများထက် ၁၈% ပိုမိုရရှိ ကြောင်းလည်းဖော်ပြထားသေးသည်။ ယခုလေ့လာမှုကပြဆိုသော ရလဒ်မှာ ကိုယ်ခန္ဓာဇီဝဖြစ်စဉ် ချို့ယွင်းမှု (metabolic syndrome)ကြောင့်ဖြစ် ရသောလေဖြတ်ခြင်းကိုလည်း ၅၀% လျှော့ချပေးနိုင်ကြောင်းပင်ဖြစ်သည်။

ယခုလေ့လာမှုကို National Nutrition Journal တွင်ပုံနှိပ်ဖော် ပြထားခြင်းဖြစ်
သည်။

သန့်စင်
Myanmar News Update
ထောပတ်သီးစားသုံးခြင်းသည် ကိုယ်ခန္ဓာအတွက်လိုအပ်သော အာဟာရများကိုဖြည့်တင်းပေးနိုင်ရုံ သာမက သဘာဝမှရသော သကြားဓာတ်ကိုထောက်ပံ့ပေးခြင်း၊ကိုယ် အလေးချိန်ကျဆင်း စခြင်း၊အ ကျိုး ပြုကိုလက်စတီရောကိုတက်စေပြီး ဆိုးကျိုးပေးသောကိုလက်စတီရော ကိုကျဆင်းစေခြင်း စသည့်အချက်များ ကိုရရှိစေနိုင်သည် ဟုသိရသည်။ 

သင်္ကြန်ရက်အ တွင်း ရန်ကုန် တိုင်း မြို့နယ်၂၀ ကို မူလ အတိုင်း ရေေ ပးမည်


Photo: သင်္ကြန်ရက်အတွင်း ရန်ကုန်တိုင်း မြို့နယ်၂၀ ကို မူလအတိုင်း ရေပေးမည်
Thursday, 21 March 2013

ရန်ကုန် (မဇ္ဈိမ)။ ။ လာမည့် သင်္ကြန်ရက်များတွင် ရန်ကုန် စည်ပင်သာယာ နယ်နိမိတ် အတွင်းရှိ မြို့နယ် ၂၀ အား ပုံမှန်အတိုင်း ရေပေးဝေသွားမည်
ဖြစ်ကြောင်း စည်ပင်သာယာရေး ကော်မတီက ဆိုသည်။

တာမွေ၊ မင်္ဂလာတောင်ညွှန့်၊ ပုဇွန်တောင်၊ ဗိုလ်တထောင်၊ မင်္ဂလာဒုံ၊ အင်းစိန်၊ မရမ်းကုန်း၊ ရန်ကင်း၊ ကမာရွတ်၊ လှိုင်၊ လှိုင်သာယာ၊ ရွှေပြည်သာ၊ တောင်ဥက္က
လာ၊ မြောက်ဥက္ကလာ၊ သင်္ကန်းကျွန်း၊ သာကေတ၊ ဒေါပုံ၊ ဒဂုံမြို့သစ် မြောက်
ပိုင်း၊ ဒဂုံမြို့သစ် တောင်ပိုင်းနှင့် အရှေ့ ဒဂုံမြို့နယ်တို့အား သင်္ကြန် အကြိုနေ့မှ
အတက်နေ့အထိ ပေးဝေနေကျ အစီအစဉ်အတိုင်း ရေပေးသွားမည်ဟု စည်ပင်ကော်မတီ၊ အင်ဂျင်နီယာဌာန (ရေသန့်နှင့် သန့်ရှင်းမှု) ဌာနမှ ပြောသည်။

“ကျန်မြို့နယ်တွေဖြစ်တဲ့ မြို့လယ်ပိုင်းက မနက် ၇ နာရီမှ ၁၁ နာရီအထိရယ်၊ ညနေ ၃ နာ၇ီမှ ၆ နာရီအထိလို့ တနေ့ နှစ်ကြိမ်နဲ့ အလုံ၊ ကြည့်မြင်တိုင်၊ စမ်းချောင်းမြို့နယ်တို့ကိုတော့ မနက် ၇ နာရီကနေ ၁၀ နာရီအထိ တနေ့ တကြိမ် ရေပေးသွားမှာပါ။ အဲဒီ အချိန်အတိုင်း မဏ္ဍပ်တွေကိုလည်း
ပေးသွားမှာပါ။ အခါတိုင်းနှစ်အတိုင်း ပေးဝေသွားမှာ ဖြစ်ပါတယ်” ဟု ဒု-ဌာနမှူး ဦးအောင်ဆန်းဝင်း က ပြောသည်။

ရန်ကုန် မြို့လယ်ပိုင်းရှိ မြို့နယ်များမှာ ကျောက်တံတား၊ ပန်းဘဲတန်း၊ လသာ၊ လမ်းမတော်၊ ဗဟန်း၊ ဒဂုံမြို့နယ်တို့ ပါဝင်သည်။

ရေကစား မဏ္ဍပ်များတွင် ၁ လက်မမှ ၁.၅ လက်မနှင့် ၂ လက်မ ပိုက်လိုင်းများသာ စည်ပင် ရေပေးဝေရေး ပိုက်လိုင်းမှ သွယ်ယူ အသုံးပြုခွင့် ပေးသွားမည် ဖြစ်သည်။

“စည်ပင်က ရေ ယူသုံးမယ့် မဏ္ဍပ်တွေအနေနဲ့ ၁ လက်မနဲ့ ၁.၅ ပိုက်
သုံးရင် ကျပ် ၁ သိန်း၊ ၂ လက်မပိုက်က ကျပ် ၁ သိန်းခွဲ ပေးသွင်းရပါမယ်။ အင်းလျားနဲ့ ကန်တော်ကြီးက ရေ ယူသုံးသူတွေအနေနဲ့ ၃ လက်မ ပိုက်လိုင်းကို ခွင့်ပြုပေးသွားမှာ။ ၃ လက်မ ပိုက်သုံး မဏ္ဍပ်တွေက ရေ
သွယ်ယူခ ကျပ် ၂.၂ သိန်းကို သင်္ကြန်အကြိုနေ့ နေ့လည် ၁၂ နာရီ
အမီ ပေးသွင်းရမှာ ဖြစ်ပါတယ်” ဟု မဏ္ဍပ် ဆောက်ရန် စီစဉ်နေသူ ဦးအောင်မင်း က ဆိုသည်။

အဆိုပါ ရေပိုက်ဖိုးများမှာ ယခင်နှစ်နှုန်းထားထက် ထက်ဝက်ခန့် တက်လာကြောင်း သိရသည်။

ခင်မျိုးသွယ် 
Myanmar News Update
ရန်ကုန် (မဇ္ဈိမ)။ ။ လာမည့် သင်္ကြန်ရက်များတွင် ရန်ကုန် စည်ပင်သာယာ နယ်နိမိတ် အတွင်းရှိ မြို့နယ် ၂၀ အား ပုံမှန်အတိုင်း ရေပေးဝေသွားမည် ဖြစ်ကြောင်း စည်ပင်သာယာရေး ကော်မတီက ဆိုသည်။