နဲ့ အိုက်တင်ပိုင်းလည်း မနိုင်
သေးဘူး”လို့ပြောတဲ့ နန်းသူဇာက ကြော်ငြာ မှာ တစ်ခေတ်ဖြစ်လာနိုင် မလားဆိုတာ
ကတော့ ကံနဲ့ပဲဆိုင်တယ် လို့ပြောပါတယ်။ ကြော်ငြာ မင်းသမီး နန်းသူဇာက
သရုပ်ဆောင်ဘက်ကို မလုပ်ဖြစ်ပေမယ့် အဆိုဘက် ကို လုပ်ဖြစ်လာပါတယ်။ အဆိုကို
ငယ်ငယ်လေး ကတည်းက စိတ်ဝင်စားခဲ့တာ ဖြစ်တဲ့ နန်းသူဇာက သူငယ်ချင်း တစ်ယောက်
နဲ့ပေါင်းပြီး CAPPUCCINO ဆိုတဲ့ အဖွဲ့နာမည်နဲ့ တစ်ကိုယ်တော် စီးရီးလည်း
ပြင် ဆင်နေပါတယ်။ သရုပ်ဆောင်မလုပ်ဖြစ်ပေ မယ့်
အဆိုတော်လုပ်ဖြစ်လာတဲ့အကြောင်းကို
ရှင်းပြတဲ့ နန်းသူဇာ က…”၅တန်း လောက်ကတည်းက အိမ်မှာ သီချင်းစဆို နေပြီး
၃တန်းက တည်းက ဒီအလုပ်ကို စိတ်ဝင်စားတာ။ အခုလည်း သီချင်းတွေပဲ လုပ်ဖြစ်နေ
တယ်။ ဒါပေမဲ့ သီချင်းချည်းပဲ လုပ်သွားမှာ မဟုတ်ပါ ဘူး။ ကြော်ငြာလည်း
ရိုက်သွားမှာပါ။ ကိုယ် တကယ်ဝါသနာပါတဲ့ အလုပ်ကတော့ အဆိုတော်ပါ”
လို့ပြောပါတယ်။ တစ်ကိုယ်တော် စီးရီးလည်း နောင် နှစ်ထဲမှာထွက်ရှိ
မှာဖြစ်ကြောင်း ပြောတဲ့ နန်းသူဇာ ကလတ်တလောမှာ အချစ်ရေးက တော့
အဆင်ပြေနေတယ်လို့ ပြော ပါတယ်။
No comments:
Post a Comment