Monday, August 6, 2012
Memorial of Marilyn Monroe
လွန်ခဲ့တဲ့ နှစ် ၅၀ က ယနေ့ (သြဂုတ်လ ၅ ရက်) မှာ ကမ္ဘာပေါ်က ရုပ်ရှင်ချစ် ပရိသတ် အများအပြားဟာ အထူးပင် ဝမ်းနည်း ပူဆွေးခဲ့ကြရပါတယ်။ အဲဒီနေ့မှာ သူတို့ သိပ်ချစ်ကြတဲ့ ကမ္ဘာကျော် အလှဘုရင်မ တစ်ပါးဖြစ်သူ ဟောလိဝုဒ်ရဲ့ ညှို့မင်းသမီး မာရီလင် မွန်ရိုးတစ်ယောက် ကွယ်လွန်သွားခဲ့လို့ပါပဲ။ သူမရဲ့ သေဆုံးမှုနောက်မှာ ပဟေဠိသဖွယ် ဖြစ်ရပ်များကြောင့် သူမရဲ့ ပရိသတ်များဟာ သို့လောသို့လော အတွေးပွားခဲ့ရမှုများလည်း ဖြစ်ခဲ့ရပါတယ်။ အချို့ကတော့ နှစ်အတန်ကြာသည်အထိ သူမဟာ မသေသေးဘဲ လူမသိ သူမသိ တစ်နေရာမှ ပုန်းရှောင်နေခဲ့တာပါလို့ ယုံကြည်နေခဲ့ကြပါတယ်။ ယနေ့အခါမှာတော့ သူမ ကွယ်လွန်သွားခဲ့တာ နှစ်ပေါင်း ၅၀ တိုင်ခဲ့ပြီဖြစ်ပြီး နှစ်ပေါင်း မည်မျှပင် ကြာစေ ကမ္ဘာ့ရုပ်ရှင်ချစ် ပရိသတ်တွေရဲ့ ရင်ထဲမှာ ရှင်သန်ဆဲဖြစ်တဲ့ သူမအား အမှတ်ရတဲ့အနေနဲ့ ယနေ့မှာ သူမရဲ့ ဓါတ်ပုံတွေကို စုစည်း ဖော်ပြပေးလိုက်ပါတယ်။
ဒါကတော့ မွန်ရိုး အမှတ်တရအဖြစ် ပြုလုပ်ထားတဲ့ အမြင့် ၁၆ မီတာ ရှိ ရုပ်တုကြီး ဖြစ်ပါတယ်။ ဒီရုပ်တုကြီးကို လအလိုက် အမေရိကန် မြို့ကြီးများမှာ လှည့်လည် ပြသလေ့ ရှိတယ်လို့ သိရပါတယ်။ ရုပ်တုဟာ မွန်ရိုးရဲ့ ကမ္ဘာကျော် ဓါတ်ပုံဖြစ်တဲ့ မြေအောက်ရထား ဘူတာရဲ့ လေထွက်ပေါက် အပေါ် ရပ်နေတဲ့ဟန် ဖြစ်ပြီး သူမရဲ့ လန်နေတဲ့ စကပ်အောက်မှာ အတွင်းခံများအထိ ထည့်သွင်း ထုလုပ်ထားတာ ဖြစ်တဲ့အတွက် အချို့ကတော့ မနှစ်မြို့ကြဘူးလို့ ဆိုပါတယ်။
ဒီဓါတ်ပုံလေးကတော့ ၁၉၆၂ ခုနှစ်အတွင်းက ရိုက်ကူးခဲ့တာ ဖြစ်ပြီး သူမရဲ့ နောက်ဆုံး ဓါတ်ပုံများထဲက တစ်ပုံလို့ ပြောလို့ ရပါတယ်။
No comments:
Post a Comment
‹
›
Home
View web version
No comments:
Post a Comment