Tuesday, September 25, 2012
မီဒီယာကို ပြည်သူပိုင် အခြေအနေဖြင့်သာ လုပ်ကိုင်ခွင့်ပေးရန်လိုအပ်ဟု ဆို
ဒီမိုကရက်တစ်မြန်မာ့အသံ ၊ ပြန်ကြားရေးဝန်ကြီးဌာန နှင့် ဆွီဒီရေဒီယိုတို့ ပူးပေါင်းကျင်းပသည့် လူထု ကိုယ်စားပြု အသံလွှင့်လုပ်ငန်းဆိုင်ရာ ဆွေးနွေးပွဲ ဒုတိယမြောက်နေ့ကို ယနေ့ စက်တင်ဘာလ ၂၅ ရက် နံနက် ၉နာရီက ကမ္ဘာအေးဘုရားလမ်း အင်းယျားလိတ်ဟိုတယ်မှာ ပြုလုပ်ခဲ့သည်။
အဆိုပါ ဆွေးနွေးပွဲတွင် နိုင်ငံရေးအကူးအပြောင်းနှင့် မီဒီယာပြုပြင်ပြောင်းလဲမှု အခန်းကဏ္ဍကို အထူးပြုဆွေးနွေးခဲ့ပြီး ယင်းဆွေးနွေးချက်များတွင် အဓိကအားဖြင့် လူထုကိုယ်စားပြု အသံလွှင့်လုပ်ငန်း ထုတ်လွှင့်မှု လုပ်ငန်းလုပ်ကိုင်မည်ဆိုပါက အစိုးရထိန်းချုပ်မှု ပိုင်းဆိုင်ရာအခန်းကဏ္ဍကို ပြုပြင်ပြောင်းလဲရန်လိုအပ်ကြောင
်း၊ လွတ်လပ်သည့် ပုဂ္ဂိုလ်များပါဝင်ရန်လိုအပ်ပြီး
လွတ်လပ်သည့် ဖြစ်စဉ်များပေါ်ပေါက်ရန်လိုအပ်ြေ
ကာင်း၊ အသံလွှင့်လုပ်ငန်းဆိုင်ရာ တိကျသည့် ပြဌာန်းချက်များချမှတ်ထားရန်လို
အပ်ကြောင်း၊ နိုင်ငံရေးသမာများ၏ ဖိအားပေးမှုကို သတိထားနိုင်ရန်လိုအပ်ကြောင်း၊ သေချာသည်မှာ အစိုးရပိုင်းသည် အုပ်ချုပ်ရေးကိုသာ ကျွမ်းကျင်သည့်အစိတ်အပိုင်းဖြစ်
သောကြောင့် မီဒီယာကို ပြည်သူပိုင်အခြေအနေဖြင့်သာ လုပ်ကိုင်ခွင့်ပေးရန်လိုအပ်ကြော
င်း စသဖြင့် ဆွေးနွေးခဲ့ကြသည်။
From- Popular Myanmar News Journal
No comments:
Post a Comment
‹
›
Home
View web version
No comments:
Post a Comment