Thursday, December 20, 2012
အမျိုးသမီးအိမ်ထဲ ခိုးဝင်ပြီး မတော်တရော်ပြုခဲ့သူအား ထောင်ဒဏ်နှင့် ကြိမ်ဒဏ်ပေး
စင်္ကာပူနိုင်ငံတွင် အသက်(၂၄)နှစ်အရွယ် အမျိုးသားတစ်ဦးဟာ ရှေ့နေသင်တန်းဆင်းနေသူ အမျိုးသမီး တစ်ဦး၏အိမ်ထဲသို့ ခိုးဝင်ခဲ့ပြီး အိမ်ရှိအမျိုးသမီးအား မတော်တရော် ကိုယ်ထိလက်ရောက် ပြုမူ
ခဲ့သောကြောင့် ထောင်ဒဏ် နှစ်နှစ်ခွဲနှင့် ကြိမ်ဒဏ်လေးချက် ကျခံစေရန် တရားရုံးက ပြစ်ဒဏ်ချခဲ့ကြောင်း သိရသည်။
ဒါ့အပြင် ၎င်းအား methamphetamine မူးယစ်ဆေး သုံးစွဲမှုအတွက် နောက်ထပ် ပြစ်ဒဏ်သုံးနှစ် ထပ်တိုးတာမို့ စုစုပေါင်း ထောင်ဒဏ် ငါးနှစ်ခွဲ ကျခံရမှာဖြစ်ကြောင်း သိရသည်။
ပြစ်မှုကျူးလွန်သူ အမျိုးသားဟာ အချိန်ပြည့် စစ်မှုထမ်းနေသူတစ်ဦးဖြစ်ပြီး ၎င်းကျူးလွန်ခဲ့တာကို ဝန်ခံ
ခဲ့ကြောင်း သိရသည်။
From :
Shwemyanmar media group
No comments:
Post a Comment
‹
›
Home
View web version
No comments:
Post a Comment