နိုင်ငံရေးပါတီများ
အနေနှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အစိုးရ၊ ပြည်ထောင်စု အစိုးရနှင့်
သတ်ဆိုင်ရာ လွှတ်တော်များမှ တာဝန်ရှိသူများတိုက်ရိုက်တွေ့ဆုံ
ဆွေးနွေးနိုင်ရန် ပြည်ထောင် စု ရွေးကောက် ပွဲ ကော်မရှင်က တာဝန်ယူ
စီစဉ်ပေးမည်ဖြစ်ကြောင်း ယင်းကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက ပြောကြားသည်။
နိုင်ငံရေး
ပါတီများနှင့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်တို့
ဇန်နဝါရီလ ၃ ရက်နေ့က တွေ့ဆုံစဉ် ၎င်းက ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။
ယခင်က နိုင်ငံရေးပါတီများ အနေနှင့် သက်ဆိုင်ရာ အစိုးရ၊ လွှတ်တော်သို့ တင်ပြ
ဆွေးနွေးစရာရှိပါက ကော်မရှင်သို့ ဦးစွာ အကြောင်းကြားရပြီး ကော်မရှင်က
ကြားခံအနေနှင့်သာ တာဝန်ယူ မေးမြန်းပေးကြောင်း ရခိုင်တိုင်းရင်းသားများ
တိုးတက်ရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးအုန်းတင်က ပြောဆို သည်။ သက်ဆိုင်ရာ
ပြည်ထောင်စုအစိုးရ၊ လွှတ်တော်တို့နှင့် ပါတီတစ်ခုချင်းက တွေ့ဆုံပြီး
အခက်အခဲများကို တင်ပြမည့်အစား ပါတီများအားလုံး ပါဝင်သော ဆွေးနွေးပွဲများ
ကျင်းပကာ အားလုံး၏ တူညီသော အခက်အခဲများကို ဆွေးနွေးပြီး သက်ဆိုင်ရာ
ပြည်ထောင်စုအစိုးရနှင့် လွှတ်တော်တို့တွင် တင်ပြသင့်ကြောင်း တိုင်းရင်းသား
စည်းလုံးညီညွတ်ရေးပါတီမှ ဦးခင်မောင်ကြီးက ပြောကြားသည်။ “ကော်မရှင်က အခုလို
စီစဉ်ပေးတာ ကော်မရှင်အနေနဲ့ နိုင်ငံရေး ပါတီတွေကို ပိုတာဝန်ခံမယ်လို့
ယူဆတယ်” ဟု အမျိုးသားဒီမိုကရေစီ အင်အားစု ပါတီဥက္ကဋ္ဌ ဦးခင်မောင်ဆွေက
သုံးသပ်ပြောကြားသည်။ နိုင်ငံရေးပါတီများ အနေနှင့် နိုင်ငံတော် သမ္မတ၊
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌတို့နှင့် ယခင်က တွေ့ဆုံခဲ့သော်လည်း ပြည်ထောင်စု
ရွေးကောက်ပွဲ ကော်မရှင်က ကြားဝင်စီစဉ်ပေးခဲ့ခြင်း မရှိခဲ့ကြောင်း ၂၀၁၃
ခုနှစ် ဇန်နဝါရီ ၇ ရက်နေ့ထုတ် The Voice ဂျာနယ်တွင် ဖော်ပြထားပါသည်။
No comments:
Post a Comment