Tuesday, August 7, 2012

ပြန်ကြားရေး ဝဘ်ဆိုဒ်တွင် ဟက်ကာတို့ ခြိမ်းခြောက်စာ ဝင်ရေးသွား





ရန်ကုန် (မဇ္ဈိမ) ။        ။ ပြန်ကြားရေးဝန်ကြီးဌာန၏ အင်တာနက် ဝဘ်ဆိုက် စာမျက်နှာအား အင်္ဂါနေ့နံနက်မှ စတင်၍ ဟက်ကာများက ဝင်ရောက်တိုက်ခိုက်ကာ ခြိမ်းခြောက်စာ များ ရေးသားခဲ့ပြီး ဝက်ဆိုဒ်မှာ နာရီအတော်ကြာ ဝင်ရောက်ကြည့်ရှု မရဘဲ  ဖြစ်သွားခဲ့ရသည်

လစ်ဗျားကြားဖြတ်အစိုးရ အာဏာလွှဲပေးတော့မည်



ထရီပိုလီ သြဂုတ် ၆

လစ်ဗျားကြားဖြတ်အစိုးရအဖွဲ့သည် လစ်ဗျားခေါင်းဆောင်ဟောင်း မူအာမာ ဂဒါဖီကို ဖြုတ်ချပြီး တစ်နှစ်အတွင်းနိုင်ငံ့ တာဝန်များအား အသစ်ရွေးချယ်တင် မြှောက်ခဲ့သော ကွန်ဂရက်လွှတ်တော်သို့ သြဂုတ် ၈ ရက်တွင် လွှဲပြောင်းပေးမည် ဖြစ်ကြောင်း အသွင်ကူးပြောင်းရေး ကောင်စီမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦး က သြဂုတ် ၆ ရက် နံနက်ပိုင်းတွင် သတင်းထောက်များကို ပြောကြားခဲ့ကြောင်း သိရသည်။

၈၈၈၈ အခမ်းအနား ပြည်ထောင်စုအဆင့် အစိုးရအဖွဲ့ကခွင့်ပြု

ယနေ့( သြဂုတ်လ ၇ ရက်)ညနေ ၄း၃၀ နာရီက ၈၈၈၈အရေးတော်ပုံ ငွေရတုအကြို ဝါဆိုသင်္ကန်းကပ်လှူပူဇော်ပွဲ အခမ်းအနားအတွက် ပြင်ဆင်နေချိန်တွင် ပြည်ထောင်စုဝန်ကြီးနှစ်ဦးဖြစ်ကြသော စက်မှုဝန်ကြီးဌာန ၀န်ကြီး ဦးစိုးသိန်းနှင့် မီးရထားပို့ဆောင်ရေး ၀န်ကြီးဌာန ၀န်ကြီး ဦးအောင်မင်းတို့သည် အခမ်းအနားကျင်းပမည့် မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ အလယ်တိုက်ကြီး၊ ဒက္ခိဏာရာမဘုရားကြီးကျောင်းတိုက်သို့ ရောက်ရှိလာကြကာ ကျောင်းထိုင်ဆရာတော
်များကို ဂါရ၀ပြုပြီးနောက် ၈၈မျိုးဆက်ကျောင်းသားများနှင့် ရင်းနှီးစွာတွေ့ဆုံခဲ့ကြသည်။ ထိုသို့ တွေ့ဆုံရာတွင် မနက်ဖြန်ပြုလုပ်မည့် ရှစ်လေးလုံးအခမ်းအနားအတွက် ၎င်းတို့ ရောက်ရှိလာကြခြင်းဖြစ်ကြောင်း၊ ထိုသို့ လာရောက်ရန် နိုင်ငံတော်သမ္မတကြီးထံ ခွင့်တောင်းပြီးနောက် သမ္မတ၏ ခွင့်ပြုချက်ဖြင့် လာရောက်ခဲ့ခြင်းဖြစ်ကြောင်း၊ ဒါကြောင့် မနက်ဖြန် ပြုလုပ်မည့် ရှစ်လေးလုံးနေ့အခမ်းအနားကို ပြည်ထောင်စုအဆင့် အစိုးရ အဖွဲ့က ခွင့်ပြုလိုက်ခြင်းအား ပေါ်လွင်စေလိုသောကြောင့် ယခုကဲ့သို့ လာရောက်ခဲ့ခြင်းဖြစ်ကြောင်း တို့ကို ၀န်ကြီးဦးစိုးသိန်းက ပြောကြားသွားပြီး ဆရာတော်ကြီးများအတွက် န၀ကမ္မ အလှူငွေ ကျပ်နှစ်သိန်းနှင့် ၈၈မျိုးဆက်ကျောင်းသားများအဖွဲ့သို့ အလှူငွေကျပ် ဆယ်သိန်းကို ၀န်ကြီး နှစ်ဦးမှ ပေးအပ်သွားခဲ့ကြသည်။ အဆိုပါ လက်ခံရရှိငွေ ဆယ်သိန်းကို ၈၈မျိုးဆက်ကျောင်းသားများမှ ရှစ်လေးလုံးနှစ်ပတ်လည်အခမ်းအနား ကျင်းပရေးကော်မတီသို့ ဆက်လက်လွှဲပြောင်း ပေးအပ်ခဲ့သည်။ ညနေ ၅း၂၀ ခန့်တွင် ၀န်ကြီး နှစ်ဦးသည် ဒက္ခိဏာရာမဘုရားကြီးကျောင်းတိုက်မှ ပြန်လည်ထွက်ခွာသွားခဲ့ကြသည်။

Spyware ကာကွယ်ခြင်းအစီအမံ




၁။ Spyware ဆိုသည်မှာ

Spyware ၏ အဓိပ္ပါယ်ဖွင့်ဆိုချက်။
Spyware ဆိုသည်မှာ “ကွန်ပျူတာ အသုံးပြုသူများ၊ ကွန်ပျူတာ ထိန်းချုပ်သူ များ၏ ပြုလုပ်လိုမှုနှင့် ဆန့်ကျင်၍ မိမိ၏ စက်အတွင်းကို အလို အလျောက်ဝင်ရောက်ကာ၊ အသုံးပြုသူ၏ စက်အတွင်းရှိ လျှို့ဝှက်ချက်များ၊ အရေးကြီးမှတ်တမ်းများ၊ မိမိလုပ်သမျှ အားလုံးကို ရယူသွားနိုင်သော ကွန်ပျူတာ ညွှန်ကြားချက်စနစ် ဖြစ်ပါသည်။ (ကွန်ပျူတာသတင်းအချက် အလက်များ ကာကွယ်ဆောင်ရွက်မှုအဖွဲ့အစည်း (IPA) ဂျပန် ကွန်ပျူတာ ကွန်ရက်လုံခြုံရေးအဖွဲ့အစည်း (JNSA) နှင့် Spyware တန်ပြန်ရေး အဖွဲ့အစည်း (WG) စသည့် အဖွဲ့အစည်းများ၏ အဓိပ္ပါယ်ဖွင့်ဆိုချက်။)
ယခုလတ်တလော ၀င်ရောက်တိုက်ခိုက်နေသော Spyware သည် မိမိအသုံးပြုထားသော သတင်းအချက်အလက်များကို ၀င်ရောက်မှတ်ယူပြီး ပြင်ပသို့ အလိုအလျောက် သတင်းပေးပို့ခြင်း စသည့် အလားတူလုပ်ငန်းများကို ပြုလုပ်တတ်ပါသည်။ ထို့အပြင် ဖိုင်လဲလှယ်ခြင်း အသုံးပြုမှု နှင့် ထိန်းချုပ်ထားသော မိမိ၏လျှို့ဝှက်သတင်းအချက် အလက်များကို ပေါက်ကြားစေသော W32/Antinny ဗိုင်းရပ်စ်သည် Spyware နှင့် အလားတူပင် ဖြစ်ပါသည်။
ထို့အပြင် “Hijacker” ပရိုဂရမ်သည် Browser ကို အပိုင်စီးဝင်ရောက်ပြီး ကွန်ပျူတာ အသုံးပြုသူကို မသိစေဘဲ တစ်ခြားဆိုဒ်များကို ဖိတ်ခေါ်တတ်ပါသည်။ ကွန်ပျူတာအသုံးပြုသူကို မသိစေဘဲ မိမိရှာဖွေကြည့်ရှု ထားသမျှကိုလည်း ဖော်ပြပေးနိုင်ပါသည်။ ထိုကဲ့သို့ သတင်းအချက်အလက်များကို စုဆောင်းပြီး ထိုသတင်း အချက်အလက်များကို အသုံးပြုခြင်းများ ပြုလုပ်သော ကြောင့် Spyware အမျိုးအစားတစ်မျိုး ဟုခေါ်ဆို နိုင်ပါသည်။
သို့သော် သတင်းအချက်အလက်များ စုဆောင်းခြင်းကိစ္စကို အသုံးပြုသည့် ပရိုဂရမ်အားလုံးကို spyware ဟု မခေါ်ဆိုနိုင်ပါ။
ဥပမာ၊ ကွန်ပျူတာ၏ အလိုအလျောက်စနစ် နှင့် အလိုအလျောက် သတင်းအချက် အလက်များကို မှတ်ယူသော ပရိုဂရမ်တစ်ခုဖြစ်သည့် “key locker” သည် အသုံးပြုသူယုံကြည်စိတ်ချရနိုင်ပြီး အကျိုးရှိသည့် စနစ်ဖြစ်သည်။ သို့သော် ၄င်းစနစ်တွင် စုဆောင်းထားသော သတင်းအချက်အလက်များကို သတင်းပို့သည့် အခြေခံလုပ်ငန်း စနစ်ကို ပေါင်းစပ် ထားသည့်အတွက် အခြားသူတစ်ဦးမှ မိမိ၏ကွန်ပျူတာကို အသုံးပြုပါက Spyware ဖြစ်ပေါ်နိုင်ပါသည်။
အထူးသဖြင့် အများသုံး Net Cafe များရှိ ကွန်ပျူတာများတွင် Spyware ရှိနေနိုင်သဖြင့် အခြား အသုံးပြုသူများ၏ မှတ်တမ်းမှတ်ရာများကို ရယူနိုင် ပါသည်။ လုပ်ငန်းသဘောအရဆိုလျှင် Cyber ပြစ်မှု ကျူးလွန်ခြင်း တစ်ရပ်ဖြစ်ပါသည်။
Spyware တန်ပြန်ရေး ဆော့ဖ်ဝဲလ်နှင့် ပတ်သက်၍ ရှာဖွေတွေ့ရှိထားသော ပရိုဂရမ်သည် အသင်းအဖွဲ့များ စသည် တို့တွင် အသုံးပြုသော အုပ်ချုပ်ရေးစနစ်သုံး ဆော့ဖ်ဝဲလ်၏ အစိတ်အပိုင်းများ ဖြစ်ပါသည်။
ထို့အပြင် ထိုဆော့ဖ်ဝဲလ်ကို ပြဌာန်းသောဘက် နှင့် ဆော့ဖ်ဝဲလ်ကို လက်ခံသောဘက်တို့၏ သဘောထားကွဲလွဲမှုများ ကြောင့် အင်တာနက် အဆင်ပြေချောမွေ့ရေးကို ရည်ရွယ် ဖန်တီးထားသော ဆော့ဖ်ဝဲလ်များတွင် ပြဌာန်းမှုများကို လက်ခံသောဘက်တွင် Spyware ရှိနေပါက ခွဲခြားသတ်မှတ်ခြင်းများ ခံရပါသည်။ ထိုပြသနာ၏ အများစုသည် Adoware ဟုခေါ်သော ကြော်ငြာစသည်တို့ကို အလိုအလျောက်ဖော်ပြသော ဆော့ဖ်ဝဲလ်များနှင့် Spyware များ၏ ခွဲခြားထားသော အစိတ်အပိုင်းများ ဖြစ်ပါသည်။
ယခုကဲ့သို့ Spyware များသည် မရေရာသည့်အစိတ်အပိုင်းများတွင် ရှိနေသည်ကို အမြဲသတိပြုနေရပါမည်။ အကယ်၍ Spyware တန်ပြန်ရေး ဆော့ဖ်ဝဲလ်များတွင် Spyware များကို ရှာဖွေတွေ့ရှိ ခဲ့လျှင်လည်း ထိတ်လန့်စရာ မလိုပါ။ အဘယ်ကြောင့်ဆိုသော် Spyware များအားလုံးသည် မိမိ၏ သတင်းအချက်အလက်များကို ထုတ်ဖော်ပေး နိုင်သည့် အကြောင်းတရားများ မဟုတ်၍ဖြစ်ပါသည်။ မိမိမလိုချင်သော ဆော့ဖ်ဝဲလ်များ ကို ရှင်းလင်းဖယ်ရှားခြင်းများ ပြုလုပ်ရန် အကြံပြုပါသည်။

ရည်ညွှန်းချက်…
Spyware (key locker) များ တစ်စတစ်စတိုးတက်ပြောင်းလဲလာမှု…. ဘဏ်များ နှင့် မသမာသူများ ထိတ်တိုက်ရင်ဆိုင်မှု။
မူရင်း :သတင်းအချက်အလက်များ လုံခြုံမှု ၂၀၀၆ ခုနှစ် ပုံစံ
http://www.ipa.go.jp/security/vuln/20060322_ISwhitepaper.html

၁။ Spyware ဘယ်လို ၀င်ရောက်လာသလဲဆိုရင်
Spyware ၀င်ရောက်လာပုံမှာ အများအားဖြင့် အသုံးပြုသူ မသိချိန်အတွင်းတွင် မိမိ၏ကွန်ပျူတာအတွင်းသို့ ထည့်သွင်း (install) လုပ်ရာမှတဆင့် ၀င်ရောက်ပါသည်။ ထို့အပြင် ဗိုင်းရပ်စ်များ၊ worm များ၏ အစိတ်အပိုင်း တစ်ခုအနေဖြင့် ၀င်ရောက်ခြင်း မျိုးလည်း ဖြစ်တတ်ပါသည်။

၁) အင်တာနက် အသုံးပြုစဉ်အတွင်း အခမဲ့ပေးသော ဆော့ဖ်ဝဲလ်များ နှင့် ဈေးနှုန်းသက်သာသော ဆော့ဖ်ဝဲလ်များ၊ လက်ဆောင်အဖြစ်ပေးသော ဒေါင်းလုပ်များ (*2)၊ install (*3) များ မှတဆင့် ၄င်းပရိုဂရမ်များတွင် ကပ်တွယ်နေသော Spyware များ မှတဆင့် ၀င်ရောက်လာပါသည်။
Website များမှတဆင့် ဒေါင်းလုပ် လုပ်ထားသော ဖိုင်များသည် တစ်ခါတစ်ရံ Spyware များဖြစ်နိုင်ပါသည်။ Website များကို ရှာဖွေသောအခါတွင် ဖော်ပြထားသော ဒေါင်းလုပ် ခွင့်ပြုချက်၊ အခမဲ့ ဆော့ဖ်ဝဲလ်များကို မိမိကွန်ပျူတာ အတွင်း ထည့်သွင်းသည့် အခါ ဖော်ပြသောခွင့်ပြုချက်များ၊ စည်းကမ်းများကို သေချာဖတ်ရှုပြီး မလိုအပ်သောအပိုင်းကို မိမိစက်အတွင်းသို့ မထည့်သွင်းမိစေရန် အရေးကြီးပါသည်။ အကယ်၍ လိုအပ်ခဲ့ လျှင်လည်း ဒေါင်းလုပ် လုပ်ထားသော ဖိုင်များအား ဗိုင်းရပ်စ် စစ်ဆေးချက်များပြုလုပ်ပြီးမှသာ မိမိစက်အတွင်းသို့ ထည့်သွင်းရန် အကြံပြုပါသည်။

2) တရားမ၀င်သော webpage များသို့ ဝင်ရောက်ခြင်း မှတဆင့် ၀င်ရောက်လာပါသည်။

3) Spam mail များတွင် ဖော်ပြသောလင့်ခ် (URL) များသို့ဝင်ရောက်ရာမှတဆင့် တရားမ၀င်သောဆိုဒ်များသို့ ရောက်ရှိသွားပြီး ထိုမှတဆင့် ၀င်ရောက်လာနိုင်ပါသည်။
အီးမေးလ်များတွင် ဖော်ပြသောလင့်ခ်များနှင့် ကြော်ငြာအစရှိသည်တို့တွင် ဖော်ပြသောလင့်ခ်များသို့ ၀င်ရောက် ကြည့်မိလျှင်သော်၎င်း၊ Spyware များရှိသော Website များသို့ ၀င်ရောက်မိလျှင်သော်၎င်း Spyware များဝင်ရောက် စေနိုင်သဖြင့် လင့်ခ်များ ကို နှိပ်သည့်အခါတွင် မိမိလိုအပ်သော လင့်ခ်များကိုသာ ၀င်ရောက်ရန် အကြံပြုပါသည်။
2) ၊ 3) နည်းလမ်းအရ လုံခြုံမှုအားနည်းသော ဆိုဒ်များတွင် Spyware များ ရှိနေနိုင်သည့် အတွက်ကြောင့် အထူး သတိပြုရန်လိုအပ်ပါသည်။ ထိုကိစ္စတွင် တရားမ၀င်သော Webpage များသို့ ၀င်ရောက်မကြည့်ရှုရန်နှင့် Window update အစရှိသည် များကို ပြုလုပ်ခြင်းအားဖြင့် အားနည်းချက်များကို ဖြေရှင်းပေးနိုင်ပါသည်။ Browser ၏ လုံခြုံမှုစနစ် ကို မြှင့်တင်ခြင်းသည် Spyware တန်ပြန်ရေးအစီအမံ တစ်ရပ်အနေဖြင့် လိုအပ်ပါသည်။

4) ဗိုင်းရပ်စ် (Virus) မေးလ် (mail) နှင့် ဆက်ဆက်နေသော ဖိုင် (file) များမှတဆင့် ၀င်ရောက်ခြင်း။
5) ဖိုင်များအပြန်အလှန်လဲလှယ်ခြင်း (P2P ဆော့ဖ်ဝဲလ်) ကိုအသုံးပြုခြင်း မှတဆင့် ၀င်ရောက်ခြင်း။
ဖိုင်များ အပြန်အလှန် လဲလှယ်ခြင်း မှတဆင့် ဒေါင်းလုပ် လုပ်ထားသော ဖိုင်များအတွင်းတွင် Virus များနှင့် Spyware များ တွယ်ကပ်ပါရှိနေခြင်းများ ဖြစ်နေနိုင်ပါသည်။ ဒေါင်းလုပ် လုပ်ထားသော ဖိုင်များအား မဖြစ်မနေ ဗိုင်းရပ်စ်စစ်ဆေး ခြင်းကို ပြုလုပ်သင့်ပါသည်။
သို့သော် Winny မှတဆင့် ဖိုင်များလဲလှယ်ခြင်းကိစ္စတွင် W32/Antinny ဗိုင်းရပ်စ်ကဲ့သို့သော ပိုးများဝင်ရောက်၍ နိုင်ငံအတွင်းပံျ့နှံ့သွားပါက တစ်ခြားနိုင်ငံ၏ အခမဲ့ ဗိုင်း ရပ်စ် နှိမ်နင်းခြင်း ဆော့ဖ်ဝဲလ် အစရှိသည်တို့ဖြင့် စုံစမ်းရန် မဖြစ်နိုင် သောအခြေအနေများရှိပါသဖြင့် အထူးဂရုပြုရန် လိုအပ်ပါသည်။
၂။ ကွန်ပျူတာ အသုံးပြုသူများအတွက် spyware နှိမ်နင်းရေး ၅ ချက်။
Spyware နှိမ်နင်းခြင်းသည် လက်ရှိအသုံးပြုနေသော ဗိုင်းရပ်စ်နှိမ်နင်းရေးနှင့် အတူတကွ အသုံးပြုရန် လိုအပ်ပါသည်။ ဗိုင်းရပ်စ် နှိမ်နင်းရေးတွင် ဆွေးနွေးတင်ပြထားသည့် အတိုင်း နှိမ်နင်းရေး တစ်ခုခုကို လုပ်ဆောင်လျှင် လုံလောက် ပြီဟု ထင်မြင်ယူဆခြင်းသည် အန္တရာယ်ရှိပါသည်။ တရားမ၀င်သောဆိုဒ်များသို့ ၀င်ရောက်ခြင်းကြောင့် Spyware များစွာဝင်ရောက်စေနိုင်သဖြင့် အောက်တွင်ဖော်ပြထားသော အချက် ၅ ချက်ကို လိုက်နာရန် အကြံပြုအပ်ပါသည်။
Spyware နှိမ်နင်းခြင်း ဆော့ဖ်ဝဲလ် ကှိုအသုံးပြုပြီး ရံဖန်ရံခါ မိမိအသုံးပြုသော ကွန်ပျူတာအတွင်း စစ်ဆေးခြင်းများ ပြုလုပ်ပါ။
(1) မိမိ၏ကွန်ပျူတာကို update လုပ်ပါ။
(2) သံသယဖြစ်ဖွယ် ဆိုဒ်များနှင့် အီးမေးလ် များကို အထူးသတိပြုပါ။
(3) မိမိကွန်ပျူတာ ၏ လုံခြုံရေး စနစ်ကိုမြှင့်တင်ပေးပါ။
(4) အကယ်၍ အရေးကြီးသော ဖိုင်များကို အရန်အဖြစ် ကူးယူထားပါ။
အကယ်၍
မိမိကိုယ်ပိုင် ကွန်ပျူတာ မဟုတ်လျှင် မိမိ၏ အရေးကြီးသော သတင်းအချက် အလက်များကို ထိုစက် အတွင်း မထည့်သွင်းမိပါစေနှင့်။

(1) Spyware နှိမ်နင်းခြင်းဆော့ဖ်ဝဲလ်ကှို အသုံးပြု၍ မိမိအသုံးပြုသောကွန်ပျူတာကို စစ်ဆေးကြပါစို့။
Spyware နှိမ်နင်းခြင်း ဆော့ဖ်ဝဲလ်(သို့) ဗိုင်းရပ်စ်နှိမ်နင်းရေး ဆော့ဖ်ဝဲလ်ကို အသုံးပြု၍ ကာကွယ်တားမြစ်နိုင်ပါ သည်။ သို့သော် မိမိအသုံးပြုသော ဗိုင်းရပ်စ်နှိမ်နင်းရေး ဆော့ဖ်ဝဲလ်သည် Update version ဖြစ်ရန်လိုအပ်ပါသည်။
ထို့အပြင် မိမိစက်အတွင်းရှိ ဗိုင်းရပ်စ်နှိမ်နင်းရေး ဆော့ဖ်ဝဲလ်မှ Spyware ကို စုံစမ်းတွေ့ရှိပါက ၄င်းကို ဖယ်ရှားရန် လိုအပ်ပါသည်။ ထိုသို့ပြုလုပ်ခြင်းသည် အသုံးပြုသူကိုယ်တိုင် တာဝန်ယူ၍ လုပ်ဆောင်ရပါမည်။
လတ်တလော ဗိုင်းရပ်စ်နှိမ်နင်းခြင်း ဆော့ဖ်ဝဲလ်များတွင် Spyware စုံစမ်းပေးခြင်းမျိုးပါဝင်ပါသည်။ သို့သော် အဆိုပါ ဆော့ဖ်ဝဲလ်များသည် ကွန်ပျူတာအတွင်းရှိ Spyware များအားလုံးကို စုံစမ်းနှိမ်နင်းပေးရန် ခက်ခဲတတ်ပါသည်။ Spyware နှင့် ဗိုင်းရပ်စ်နှိမ်နင်းခြင်း ဆော့ဖ်ဝဲလ်များသည် နည်းစနစ်အသစ်များကို အသုံးပြု၍ တစ်စတစ်စ တိုးတက်အောင် ဖန်တီးထားသော်လည်း ထိုဆော့ဖ်ဝဲလ်များရှိနေသဖြင့်ဟုဆိုကာ လုံးဝယုံကြည်ထား၍မရနိုင်ပါ။

(2) မိမိ၏ ကွန်ပျူတာကို update လုပ်ခြင်း။
မိမိကွန်ပျူတာရှိ လုံခြုံရေးစနစ်အားနည်းပါက Spyware များကိုရှာဖွေတွေ့ရှိနိုင်ပါသည်။ လုံခြုံရေးစနစ် အားကောင်းစေရန် ကွန်ပျူတာကို Update လုပ်ရန်လိုအပ်ပါသည်။ လုံခြုံရေးစနစ် ဆော့ဖ်ဝဲလ်သည် (OS) အတွင်းသာလျှင်မက မိမိ အသုံးပြုသော ဆော့ဖ်ဝဲလ်များတွင်လည်း ရှိတတ်ပါသည်။
Window အသုံးပြုသူသည် Microsoft update ကို ရံဖန်ရံခါလုပ်ပေးရန် အကြံပြုပါသည်။ တခြားသော (OS) နှင့် software များအသုံးပြုသူသည် မိမိ အသုံးပြုသော အမျိုးအစားမှထုတ်လုပ်ထားသော လုံခြုံရေးစနစ် ဆော့ဖ်ဝဲလ်များကို အသုံးပြုပါ။

» Windows Update (Microsoft)
  http://update.microsoft.com/microsoftupdate/v6/default.aspx

(3) သံသယဖြစ်ဖွယ်ဆိုဒ်များနှင့် အီးမေးလ်များကို အထူးသတိပြုခြင်း။

♦ Website အတွင်းဝင်ရောက် လေ့လာခြင်း။
မကောင်းသော Website များအတွင်းသို့ဝင်ရောက်မိလျှင် ထိုမှတဆင့် မိမိစက်အတွင်းသို့ Spyware များအလိုအ လျှောက် ၀င်ရောက်လာနိုင်ပါသည်။ ထို့ကြောင့် အထူးသတိပြု၍ အဆိုပါ Website များအတွင်းသို့ မချဉ်းကပ်ရန်၊ မ၀င်ရောက်ရန် လိုအပ်ပါသည်။ အကယ်၍ ၀င်ရောက်လိုပါက မိမိ Browser ၏ လုံခြုံမှုစနစ်ကို မြှင့်တင်ပြီးမှသာ ၀င်ရောက်ပါ။

♦ အသုံးဝင်သော Tools များ ဒေါင်းလုပ် (download) လုပ်ခြင်း။
Shareware နှင့် freeware များကို Website မှ ဒေါင်းလုပ်ပြုလုပ်လျှင် ယုံကြည်စိတ်ချရသော ဆိုဒ်များမှရယူပါ။ အလားတူ ဖိုင်များအချင်းချင်း လဲလှယ်ခြင်း (P2P) မှရရှိသော ဆော့ဖ်ဝဲလ်များသည် သတိပြုရန်လိုအပ်ပါသည်။ ထိုဖိုင် များကို မိမိစက်အတွင်းသို့ မထည့်သွင်းမီ Spyware နှိမ်နင်းခြင်း၊ ဗိုင်းရပ်စ်နှိမ်နင်းခြင်း စနစ်များကို ပြုလုပ်ရန် လိုအပ်ပါသည်။

♦ သံသယဖြစ်ဖွယ်မေးလ်များ။
ဗိုင်းရပ်စ် မေးလ်များကဲ့သို့ပင် သံသယဖြစ်ဖွယ် မေးလ်များတွင် တွဲပါနေသော ဖိုင်များကို ဖွင့်မိသောအခါတွင်၎င်း၊ ထိုမေးလ်များအတွင်းရှိ ဆိုဒ်များသို့ ၀င်ရောက်မိလျှင်၎င်း၊ Spyware များ မိမိစက်အတွင်းသို့ အလိုအလျှောက် ၀င်ရောက်လာနိုင်ပါသည်။
အောက်ပါအချက်များကို လိုက်နာပါ။
・သံသယဖြစ်ဖွယ် မေးလ် (mail) များတွင်တွဲပါနေသော ဖိုင် (file) များကိုမဖွင့်ရ။
・သံသယဖြစ်ဖွယ် မေးလ် (mail) များတွင်တွဲပါနေသော လင့်ခ် (link) များကိုမဖွင့်ရ။
သတိပြု: .exe, .pif, .scr များပါဝင်သော ဖိုင်များတွင် Spyware များပါဝင်နိုင်ပါသဖြင့် ထိုဖိုင်များကို မဖွင့်မှီ ဗိုင်းရပ်စ် စစ်ဆေး/နှိမ်နင်းခြင်းများကို ပြုလုပ်ရန်လိုအပ်ပါသည်။
♦ နားမလည်သော ကြော်ငြာများ၊ သတင်းများ
မိမိနားမလည်သော ကြော်ငြာများ၊ သတင်းများ မိမိစက်၏မျက်နှာပြင်တွင်ပေါ်လာပါက၊ စက်၏မျက်နှာပြင်တွင်ပေါ် လာသော ခလုတ်များကိုနှိပ်မိလျှင် တစ်ပါတည်းထည့်သွင်းထားသော Spyware များ မိမိစက်အတွင်းသို့ အလိုအလျှောက် ၀င်ရောက်နိုင်ပါသည်။ စဉ်းစားရခက်နေပါက ကြက်ခြေခတ်ခလုတ် (X) (Alt+F4) ကိုနှိပ်ပါ။
・Pop up မေးလ် (mail) များကို ကြက်ခြေခတ် ခလုတ်ကိုနှိပ်၍ပိတ်ပါ။
・နားမလည်သောသတင်းများကို ကြက်ခြေခတ် ခလုတ်ကိုနှိပ်၍ပိတ်ပါ။
♦ တုပထားသော Spyware ဆန့် ကျင်ခြင်း။
လတ်တလောတွင် ‘တုပထားသော Spyware ဆန့်ကျင်ခြင်း’ ဆော့ဝဲလ်များကို အသုံးပြုလာကြပါသည်။ ၄င်းတို့သည် ယုံကြည်စိတ်ချရသည်ဟု ထင်ရသော်လည်း ၄င်း ဆော့ဝဲလ်များအတွင်းတွင် Adware နှင့် Trogen များ ပါဝင်နေပါသည်။ မိမိ၏စက်အတွင်းရှိ Spyware များကိုရှာဖွေတွေ့ရှိကြောင်း အသိပေးပြီး ၄င်းတို့ကို ဖယ်ရှားလိုပါက ၄င်းတို့၏ ထုတ်ကုန်ပစ္စည်းများကို အတင်းအဓမ္မ ၀ယ်ယူစေခိုင်းစေတတ်ပါသည်။
ထို့အပြင် မိမိ၏စေခိုင်းချက်မပါပဲ အလိုအလျှောက် ကွန်ပျူတာကို စစ်ဆေးခြင်းများဖြစ်ပေါ်ပါက ‘တုပထားသော Spyware ဆန့်ကျင်ခြင်း’ ဆော့ဝဲလ်များ ဖြစ်နိုင်ပါသည်။ သံသယဖြစ်ဖွယ်ကြော်ငြာများ၊ သတင်းများကို မ၀င်ရောက်မိစေ ရန် လိုအပ်ပါသည်။
အောက်ပါအချက်များတွင် ပါဝင်သော နှိမ်နင်းရေးဆော့ဝဲလ်များသည် အခမဲ့ Spyware / Virus များကို စစ်ဆေး ဖယ်ရှားပေးပါသည်။ လိုအပ်ပါက စစ်ဆေးမှုပြုလုပ်ပါ။

ကွန်ပျူတာ၏ လုံခြုံရေးစနစ်ကို မြှင့်တင်ပါ။

♦ ကိုယ်ပိုင် firewall များကို အသုံးပြုပါ။
တခြားကွန်ပျူတာများမှတဆင့် သံသယဖြစ်ဖွယ်ဆိုဒ်များသို့ဝင်ရောက်ခြင်းမှ Spyware များသည် မိမိကွန်ပျူတာ အတွင်းသို့ ၀င်ရောက်နိုင်ပါသည်။ မိမိကွန်ပျူတာသည် မှန်ကန်စွာ စီစဉ်ထားပါက firewall မှသံသယဖြစ်ဖွယ်များကို တားမြစ်ပေးပါသည်။ ထို့အပြင် ကွန်ပျူတာအတွင်းရှိ Spyware မှသတင်းအချက်အလက်များ ပြန့်ပွားမှုကို တားမြစ်ပေး တတ်ပါသည်။ (မိမိကွန်ပျူတာတွင် လုံခြုံရေး ဆော့ဝဲလ် firewall စနစ် ပါရှိလျှင်၎င်း၊ window vista တွင်ပါသော window firewall စနစ်ပါလျှင်၎င်း)
သတိ: Router ၏စနစ် နှင့် window XP တွင်ပါသော window firewall စနစ်သည် Spyware များအတွင်းမှ အပြင်သို့ မရောက်နိုင်ရန် ကာကွယ်ခြင်းမပြုနိုင်ပါ။

♦ Browser လုံခြုံရေးစနစ်ပြုလုပ်ခြင်း။
အင်တာနက် ကြည့်ရှုနေစဉ် Browser လုံခြုံရေးစနစ်ပြုလုပ်ရန် အကြံပြုပါသည်။ ယခင်က တင်ပြထားသည့်အတိုင်း မယုံကြည်ရသော ဆိုဒ်များအတွင်းသို့ ၀င်ရောက်မိပါက မိမိကွန်ပျူတာ၏လုံခြုံရေးစနစ်သည် မြင့်မားနေရန်လိုအပ်ပါသည်။ မိမိသတိမပြုမိချိန်အတွင်း မကောင်းသော Active များနှင့် စာညွှန်းများ မှတဆင့် Spyware များကို မိမိကွန်ပျူတာ အတွင်း သို့ဝင်ရောက်စေနိုင်ပါသည်။
Window အသုံးပြုသူသည် Internet Explorer 6 ကိုအသုံးပြုပါက Internet ၏ လုံခြုံရေးစနစ်သည် မဖြစ်မနေ 「medium」အထက်တွင် ရှိနေရပါမည်။ Internet explorer 7 ကိုအသုံးပြုပါက「medium-high」အထက်တွင် ရှိနေရပါမည်။ ထို့အပြင် Spyware များကို cookie (*4) ကိုလည်း အင်တာနက်၏ Privacy စနစ်ကို 「medium」အထက်တွင်ထားရှိပါ။

Internet Explorer ဖြင့်လုံခြုံရေးစနစ်ကိုကာကွယ်ပါ။(Microsoft ကုမ္ပဏီ)
http://www.microsoft.com/resources/documentation/windows/xp/all/proddocs/en-us/zone_ovr.mspx?mfr=true

♦ မလိုအပ်ဘဲ Administrator mode (*5) ကိုမသုံးရ။
Administrator mode ကိုသုံးသည့်အခါ ကွန်ပျူတာတွင် မမှန်ကန်သော ပရိုဂရမ်များ ရှိနေပါက ကွန်ပျူတာ ထိန်းချုပ်မှု စနစ် အတွင်းသို့ အလိုအလျှောက် ၀င်ရောက်နိုင်ပါသည်။ ထို့ကြောင့် မလိုအပ်ဘဲ Administrator mode ကိုအသုံးမပြုရန် လိုအပ်ပါသည်။

(5) လိုအပ်သော ဖိုင်များကို အရန်အဖြစ် ကူးယူထားခြင်း
မည်သည့်အခြေအနေတွင်ဖြစ်စေ မိမိကွန်ပျူတာကို လုံခြုံစိတ်ချနိုင်စေရန် ကွန်ပျူတာ၏စနစ်ကို အသစ်ပြန်စရပါမည်။ ထိုသို့ မပြုလုပ်မီ အရေးကြီးသော ဖိုင်များကို အရန်အဖြစ် ကူးယူထားရန် လိုအပ်ပါသည်။
မယုံကြည်ရသော ပရိုဂရမ်များ ၀င်ရောက်၍သော်၎င်း၊ ကွန်ပျူတာ၏ စနစ်ကို ပြောင်းလဲလို၍သော်၎င်း၊ နဂိုအတိုင်း ပြန်လည် ပြင်ဆင်မွန်းမံရန် ကွန်ပျူတာစနစ်ကို အသစ်ပြန်စရပါမည်။ မိမိ၏ လိုအပ်သောအချက်အလက် ဖိုင်များကို အရန်အဖြစ် ကူးယူထားခြင်းများ ပြုလုပ်ရပါမည်။ ထို့အပြင် အသုံးပြုထားသော မူရင်း CD-ROM များကို သေသေချာချာ သိမ်းဆည်းထားရပါမည်။ အကယ်၍ မိမိကွန်ပျူတာ၏စနစ်ကို မွန်းမံလိုက်သည့်အခါ မူရင်း CD-ROM မှတဆင့် ကူးယူခြင်းဖြင့် နဂိုအတိုင်းပြန်လည်ဖြစ်ပါမည်။
အကယ်၍ မိမိကိုယ်ပိုင်ကွန်ပျူတာမဟုတ်လျှင် မိမိ၏အရေးကြီးသော သတင်းအချက်အ လက်များကို ထိုစက်အတွင်း မသွင်းမိပါစေနှင့်။
အများသုံး internet-cafe များတွင် လျှို့ဝှက်နံပါတ်များကို မထည့်မိစေရန် လိုအပ်ပါသည်။ ထိုသို့ မဖြစ်စေရန် အထူးဂရုပြုရပါမည်။

ဝေါဟာရ ရှင်းလင်းချက်
(*1) Adware
ကြော်ငြာများကို အလိုအလျှောက် ဖော်ပြပေးသော ဆော့ဝဲလ်။ မိမိ၏ကွန်ပျူတာ မျက်နှာပြင်တွင် ကြော်ငြာများ၊ အခမဲ့ အသုံးပြု၍ရသည်ဟူသောစာတန်းများ ပေါ်လာတတ်သည်။ မိမိကွန်ပျူတာ၏ သတင်းအချက်အလက်များ၊ သွားရောက် လေ့လာထားသော Website များအစရှိသည့် အချက်အလက်များကို ကူးယူပြီးအပြင်သို့ဖြန့်ဝေပါသည်။

(*2) Download
Website များမှသတင်းအချက်အလက်များကို မိမိ၏ ကွန်ပျူတာအတွင်းသို့ ကူးယူခြင်း။

(*3) Install
ဆော့ဝဲလ်များကို မိမိ၏ကွန်ပျူတာအတွင်းသို့ ထည့်သွင်းခြင်း။ ထိုမှတဆင့် ထို ဆော့ဝဲလ်များကို အသုံးပြုနိုင်ပါသည်။

(*4) Cookie
Web server နှင့် Web browser များတွင် အသုံးပြုသူ၏ ကိုယ်ပိုင်အချက်အလက်များ၊ ၀င်ရောက်လေ့လာသော ဆိုဒ်များ၊ အပြန်အလှန်လုပ်ဆောင်ချက်များအတွက် တပ်ဆင် ထားသော အစိတ်အပိုင်း။

(*5) Administrator mode
ကွန်ပျူတာ (OS) တွင် အသုံးပြုသူ၏ လုပ်ပိုင်ခွင့်များကို စနစ်တကျ ထိန်းချုပ်သည့် စနစ်ပါရှိပါသည်။ Administrator mode သည် ထိုကွန်ပျူတာတွင် ဘာမဆိုလုပ်ဆောင်နိုင်သော အထူးအခွင့်အရေး Mode ဖြစ်သည်။ ထို့အပြင် User mode ကိုပါထည့်သွင်းထားပြီး ၄င်းမှတဆင့် လုံလောက်စွာအသုံးပြုနိုင်ပါသည်။ အသေးစိတ်အားဖြင့် မိမိအသုံးပြုသော ကွန်ပျူတာ၏အညွှန်းများကို သေချာဖတ်ရှု ပါ။

ကိုးကားချက်:
♦ Spyware ကြောင့်ဖြစ်သော ပျက်စီးမှုကိုကာကွယ်ရန် သတိပေးခြင်း
http://www.ipa.go.jp/security/topics/170720_spyware.html
♦ Spywareကာကွယ်ခြင်း အစီအမံ(Microsoft ကုမ္ပဏီ)
http://www.microsoft.com/security/pc-security/spyware-prevent.aspx
♦ Symantec ကုမ္ပဏီ
http://www.symantec.com/
♦ Mcafee ကုမ္ပဏီ
http://www.mcafee.com/us/
♦ Spyware Information Center
http://www.ca.com/us/spyware.aspx
♦ Panda Software
http://www.pandasecurity.com/usa/
♦ Webroot
http://www.webroot.com.au/En_AU/4

ဤအစီအမံစာအုပ်ကို အောက်ပါအဖွဲ့အစည်းများ၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် ထုတ်ဝေပါသည်။
♦ ဂျပန် ကွန်ပျူတာ ကွန်ရက်လုံခြုံရေးအဖွဲ့အစည်း (JNSA)
Spyware တန်ပြန်ရေး အဖွဲ့အစည်း (WG)
http://www.jnsa.org/
http://www.jnsa.org/spyware/
♦ ဂျပန် Complex Café အဖွဲ့အစည်း Japan Complex Café Association (JCCA)
http://www.jcca.ne.jp/
※ဤစာအုပ်သည် ကွန်ပျူတာသတင်းအချက်အလက်များ ကာကွယ်ဆောင်ရွက်မှုအဖွဲ့အစည်း (IPA) ၏ ကွန်ပျူတာကွန်ရက် လုံခြုံရေးစင်တာမှ ပြဌာန်း ထုတ်ဝေပါသည်။ ဂျပန်အစိုးရ၏ဘာသာပြန်မှုဖြင့် အရှေ့တောင်အာရှနိုင်ငံများသို့ အခမဲ့ဖြန့်ဝေပေးမည်ဖြစ်ပါသည်။ ထို့ပြင် ဤစာအုပ်သည် ဂျပန်အစိုးရ၏ ခွင့်ပြုချက်မရဘဲ စီးပွားဖြစ်ကူးယူအသုံးပြုခြင်း၊ လွှဲပြောင်းပေးခြင်း၊ ထုတ်လွှင့်ပြသခြင်းများ မပြုလုပ်ရ။ (ဆက်သွယ်ရန်: အစိုးရ၏ ကွန်ပျူတာသတင်းအချက်အလက်များ၏ကွန်ရက်လုံခြုံရေးစင်တာ(NISC)〒100-0014 တိုကျိုမြို့ချိရောဒရပ်ကွက်
"Be Secure, Aware and Vigilant"

ဥပဒေဆိုတာလူ့အဖွဲ့အစည်း ကိုကာကွယ်စောင့်ရှောက်ဖို့လို့ ဒေါ်အောင်ဆန်းစုကြည်ပြော

ပြည်သူ့လွှတ်တော်၏ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီသစ်တွင် ဥက္ကဋ္ဌအဖြစ် တာဝန်ယူမည့် ဒေါ်အောင်ဆန်းစုကြည်က
“ခံစားချက်ကတော့ ဒါအလုပ်ဖြစ်အောင်တော့ လုပ်ရမယ်ဆိုတာပေါ့။ အခွင့်အရေးရှိသလောက်ကိုပဲ ဥပဒေစိုးမိုးရေး မြှင့်တင်ရေး အတွက် အသုံးချရမယ်လို့ ဒီလိုပဲရိုးရိုးခံစားချက်ပါပဲ။
ဒီဟာကတော့ ငြိမ်းချမ်းရေးနဲ့ တိုက်ရိုက်တော့ မဆက်သွယ်ဘူး ကော်မတီက ဥပဒေစိုးမိုးရေးကို ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ခွာလို့မရဘူး ဒါတွေကတော့ဆက်နွယ်နေမှာပဲ ဥပဒေစိုးမိုးရေး ပြည်တွင်းငြိမ်းချမ်းရေးဆိုတာ အမြဲပဲ ဆက်နွယ်နေတာပဲ
ဥပဒေဆိုတာ လူ့အဖွဲ့အစည်းကို ထိန်းချုပ်ဖို့လို့ထင်တယ် အမေကတော့ ဒီလိုမယုံကြည်ဘူး ဥပဒေဆိုတာ လူ့အဖွဲ့အစည်းကိုကာကွယ်ဖို့ စောင့်ရှောက်ဖို့ လူ့အဖွဲ့အစည်းက ရသင့်ရထိုက်တဲ့အခွင့်အေ၇းကို ကာကွယ်ဖို့ စောင့်ရှောက်ဖို့ ဒီပုံစံနဲ့ပဲလုပ်သွားမှာပါ”ဟု ကော်မတီသစ်တွင် ဥက္ကဋ္ဌအဖြစ် တာဝန်ယူရမည်နှင့်ပတ်သက်၍ သတင်းထောက်များ၏ မေးမြန်းမှုကို ဖြေကြားသွားသည်။

သမ္မတကြီးဦးသိန်းစိန်ကို ဖိနပ် နှင့်ပေါက်ခဲ့သော မိုးသီးဇွန်း သြဂုတ်လတွင်း ပြန်လာလျှင် လေဆိပ်မှစီးကြို၍ ဘာလုပ်သင့်သနည်း

ပြည်သူချစ်တဲ့ သမ္မတကြီးကို မအေ၊ နှမ၊ ငါ... မိုးမွှန်အောင် ဆဲပြီး ဖိနပ်ဖြင့် ပစ်ပေါက်ခဲ့ရာတွင် ဦးအောင်ခဲ့သူ မိုးသီးဇွန်း ဟာ သြဂုတ်လ မှာ ပြန်လာတော့မှာ ဖြစ်ပြီး ၎င်း ပြန်လာပါက မျိုးချစ် မြန်မာ အများအပြားမှ လေဆိပ်မှ စောင့်ကြိုပြီး ဆင်ကြယ်၊ မြင်းကြယ်၊ တာယာ ဖိနပ်များဖြင့် ပစ်ပေါက်ဖို့ စီစဉ်နေကြကြောင်း သတင်းရရှိပါတယ်။


ယနေ့ ကမ္ဘာ့အလည်မှာ မြန်မာဆိုပြီး လက်မ ထောင်နိုင်အောင်၊ ဒေသတွင်းနိုင်ငံများသာ မက အနောက်ဥရောပ က ပါ ချီးကျူး အသိအမှတ်ပြု ခံရအောင် ကြိုးစားနိုင်သည့် လွတ်လပ်ပြီး မြန်မာလူမျိုးအားလုံးထဲတွင် အထူးချွန် အပြောင်မြောက်ဆုံး လက်တွေ့ကျကျ လုပ်ဆောင်သက်သေပြခဲ့သူ သမ္မတကြီး ဦးသိန်းစိန် ဝန်ကြီးချုပ် ရာထူးဖြင့် နယူးယောက် မြို့ကို ရောက်စဉ်တုန်းက ၈၈ ကျောင်းသောင်း ခေါင်းဆောင် ဆိုပြီး အဖမ်းခံရမှာ ကြောက်လို့ ထွက်ပြေးတိမ်းရှောင်သွားသူ မိုးသီးဇွန်း ဦးဆောင်တဲ့ အမေရိကားက မြန်မာ ၂၀ ခန့်က အဆင့်တန်းမရှိ ဆဲရေးတိုင်းထွာ အော်ဟစ်ခဲ့ကြတဲ့ အပြင် ၎င်းတို့ စီးထားတဲ့ ဖိနပ်များ နှင့်လည်း ပစ်ပေါက်ခဲ့ကြပါတယ်။

ထိုး အဆင့်တန်းမရှိ အော်ဟစ်ဆဲဆို ကာ ဖိနပ်နှင့် ပစ်ပေါက်သူများဟာ ၎င်း တို့ရဲ့ လုပ်ရပ်များကို ဂုဏ်ယူဝင့်ကြွားစွာနဲ့ Facebook, Twitter, youtube နဲ့ ဘလော့ စာမျက်နှာများမှာ တကမ္ဘာလုံးသိအောင် ဖြန့်ဝေကာ မြန်မာနိုင်ငံသား များကို တကမ္ဘာလုံးက အထင်သေးစေခဲ့ပါတယ်။ ပြည်ပအခြေစိုက် မီဒီယာများကလည်း မြန်မာဘာသာ သာ မက အင်္ဂလိပ်ဘာသာ ဖြင့်ပါ ကမ္ဘာသိအောင် ထုတ်လွှင့်ခဲ့ကြပြီး ဦးသိန်းစိန် ရဲ့ သိက္ခာကို အဖက်ဆည်မရ အောင် လုပ်ဆောင်ခဲ့ကြပါတယ်။



နာမည်ပျက်များဖြင့် ကျော်ကြားနေပြီး ABSDF ဥက္ကဌ ဘဝ မှ အာဏာရှင်ဆန်မှုကြောင့် ဥက္ကဌပြုတ်သွားသူ ဦးမိုးသီးဇွန် နဲ့ အဖွဲ့ဟာ သြဂုတ်လ အတွင်း မြန်မာနိင်ငံသို့ ပြန်လည် ရောက်ရှိရန် ရှိကြောင်း သိရပြီး အခြေအနေကို တွေးကြောက်နေတဲ့ ဦးမိုးသီးဇွန်က ရက်အတိအကျ ကို ထုတ်ဖော်ကြေညာခြင်း မရှိသေးပါဘူး။

ဦးမိုးသီးဇွန် နှင့်အတူ ABSDF၏ ပထမဆုံး ဥက္ကဌအဖြစ် တာဝန်ယူခဲ့သူ ဦးထွန်းအောင်ကျော်၊ ကိုကိုလေး၊ ကိုရင်အေး၊ ကိုမူးသာ၊ ကိုကိုအောင် တို့ပါ ပြန်လာမယ်လို့ သိရပါတယ်။

မိုးသီးဇွန်တို့ အဆင့်တန်းမရှိ အောက်တန်းစား ဆန်စွာဖြင့် ဦးသိန်းစိန်ကို ဆဲဆိုခဲ့စဉ်က ပုံစံကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

 ကဲဒီတော့ သမ္မတကြီးဦးသိန်းစိန်ကို ဖိနပ် နှင့်ပေါက်ခဲ့သော မိုးသီးဇွန်း သြဂုတ်လတွင်း ပြန်လာလျှင် လေဆိပ်မှစီးကြို၍ ဘာလုပ်သင့်သနည်း?


အာရှမယ်ကမ္ဘာဆုကို Susie Lee ဆွတ်ခူး

သြဂုတ်၅။ ။ အမေရိကန်နိုင်ငံ၊ ဆန်ဖရန်စစ္စကိုမြို့တွင် အာရှမယ်ကမ္ဘာရွေးပွဲ ကျင်းပခဲ့ရာ Susie Lee အမည်ရ အမျိုးသမီးမှ အာရှမယ်ကမ္ဘာ သရဖူ ကို ဆွတ်ခူးခဲ့သည်။

ယင်းအာရှမယ်ကမ္ဘာ ဖိုင်နယ်ပွဲစဉ်တွင် အမေရိကန်၊ တရုတ်၊ အင်ဒိုနီးရှားနှင့် အခြားသော နိုင်ငံများမှ အာရှနွယ်ဖွား လက်ရွေးစင် အယောက် ၂၀ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။ 





၂၀၁၄ မြန်မာအာဆီယံဥက္ကဋ္ဌအဖြစ် တာဝန်ယူချိန်တွင် ဂျပန်နိုင်ငံမှ ကူညီမည်

 

လာမည့် ၂၀၁၄ ခုနှစ်တွင် မြန်မာနိုင်ငံမှအာဆီယံဥက္ကဋ္ဌအဖြစ် တာဝန်ယူချိန်တွင် မြန်မာအစိုးရအား ဂျပန်နိုင်ငံမှအပြည့်အဝ အကူအညီ ကောင်းများ ပေးအပ်သွားမည်ဖြစ်ကြောင်း မြန်မာတိုင်းရင်းသား လူမျိုးများ ဆိုင်ရာ စေတနာရှင် ဂျပန်သံအမတ်ကြီး H.EMr.Yohei Sasakawaက ပြောကြားကြောင်း ပြည်တွင်း အပတ်စဉ်ထုတ် မြန်မာပို့စ်ဂျာနယ်တွင် ဖော်ပြပါရှိသည်။

“မြန်မာနိုင်ငံခြားရေးဝန်ကြီး  ဂျပန်နိုင်ငံကို လာရောက်စဉ်က ၂၀၁၄ ခုနှစ် အာဆီယံဥက္ကဋ္ဌနေရာ အတွက် မြန်မာနိုင်ငံကို ကူညီထောက်ပံ့ပေးဖို့နဲ့ ပတ်သက်ပြီး ညှိနှိုင်းဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။ ဂျပန်နိုင်ငံအနေနဲ့ အပြည်ပြည်ဆိုင်ရာညီလာခံတွေမှာ မြန်မာနိုင်ငံကို Capacity Building မြှင့်တင်ပေးနိုင်ဖို့ အဓိကဆွေးနွေးမှာဖြစ်ပါတယ်။ သင်တန်းတွေပို့ချဖို့လည်း စီစဉ်ထားပါတယ်။ မြန်မာနိုင်ငံအတွင်း ဝင်ရောက်လုပ်ကိုင်မယ့် ပြည်ပမီဒီ ယာတွေကိုလည်း အားပေးကူညီမှာဖြစ်ပြီး ရုပ်သံထုတ်လွှင့်ခြင်းနဲ့ သင်ဆိုင်တဲ့ပညာရပ်ပိုင်းဆိုင်ရာ ပံ့ပိုးမှုတွေကိုလည်း ကူညီမှာပါ။ နေပြည်တော်ရှိ အစိုးရတာဝန်ရှိသူတွေကလည်း ဆက်သွယ်မှုမြှင့်တင်လိုကြောင်း အခိုင်အမာပြောကြားခဲ့တဲ့အတွက် ဂျပန်အစိုးရက Optical fiber ပမာဏအများကြီးကို ရန်ကုန်နဲ့နေပြည်တော်မှ ၂၀၁၄ မတိုင်မီပံ့ပိုးပေးမှာဖြစ်ပါတယ်” ပာု စေတနာရှင် ဂျပန်သံအမတ်ကြီး H.E Mr. Yohei Sasakawa က ပြောကြားကြောင်း ပြည်တွင်းအပတ်စဉ်ထုတ် မြန်မာပို့စ်ဂျာနယ်တွင် ဖော်ပြပါရှိသည်။

မြန်မာနိုင်ငံအတွင်း ၁၉၇၆ ခုနှစ်မှ စတင်၍ အကူအညီကောင်းများပေးလျက်ရှိသည့် ဂျပန်နိုင်ငံ၏ နီပွန်ဖောင်ဒေးရှင်းသည် လက်ရှိအချိန်တွင် ပြည်တွင်းရှိ ပညာရေး၊ ကျန်းမာရေးနှင့် စိုက်ပျိုးရေးကဏ္ဍသုံးခုတွင် အဓိက ကူညီပံ့ပိုးဆောင်ရွက်လျက်ရှ
ိသည့်အပြင် ရှမ်းပြည်နယ်၌ စာသင်ကျောင်များ ဆောက်လုပ်ခြင်း၊ ကျေးရွာများသို့ တိုင်းရင်းဆေးသေတ္တာများ ဖြန့်ဝေခြင်း၊ ဆေးဖက်ဝင်အပင်များ စိုက်ပျိုးခြင်း၊ ရွေ့လျားဆေးခန်းများ တည်ဆောက် ခြင်း၊ ခြေတုလက်တုနှင့် အရိုးတုများ ကုသတပ်ဆင်ခြင်းဆိုင်ရာ သင်တန်းကျောင်းများ တည်ဆောက်ခြင်း၊ ကရင်ပြည်နယ်တွင် စံပြစိုက်ပျိုးခြင်းနှင့် သင်တန်းပို့ချခြင်းများကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

“အစိုးရဝန်ထမ်းတွေထဲက ဝန်ထမ်းအချို့ကို အာဆီယံဥက္ကဋ္ဌနေရာကို လေ့လာနိုင်ဖို့အတွက် အာဆီယံဥက္ကဋ္ဌ တာဝန်ထမ်းဆောင်ဖူးတဲ့ နိုင်ငံ တွေကို စေလွှတ်သွားမှာဖြစ်ပါတယ်”ပာု၎င်းက ဆက်လက်ပြောကြားခဲ့သည်။

မြန်မာနိုင်ငံသည် အစိုးရသစ်လက်ထက်မှစတင်၍ နိုင်ငံရေး၊ စီးပွားရေးပြုပြင်ပြောင်းလဲမှုများကို လုပ်ဆောင်ပြသခဲ့သည့်အတွက် ဂျပန်နိုင်ငံ အစိုးရအနေဖြင့် မြန်မာနိုင်ငံ၏ ပေးဆောင်ရမည့်ကြွေးကျန်များ
ကို လျော်ပေးခဲ့သည့်အပြင် နည်းပညာအကူအညီကောင်းများ၊ ငွေကြေး အကူအညီ ကောင်းများကိုလည်း ထပ်မံပံ့ပိုးပေးခဲ့ကြောင်း သိရသည်။

Ref:မြန်မာပို့စ်

Broadband အင်တာနက်ချိတ်ဆက်မှုများထက် အဆ ၁၀၀ ပိုမြန်သည့် အင်တာနက်ကွန်ရက်ကို Google မိတ်ဆက်

 

နည်းပညာကုမ္ပဏီကြီးဖြစ်သည့် Google က broadband အင်တာနက်ချိတ်ဆက်မှုများထက် အဆ ၁၀၀ ပိုမို လျင်မြန်သည့် အင်တာနက်ကွန်ရက်သစ်ကို အမေရိကန်နိုင်ငံရှိ Kansas နှင့် Missouri ပြည်နယ်နှစ်ခုအတွက် မိတ်ဆက်ပေးခဲ့ ကြောင်း သိရသည်။ Google Fiber ဟုခေါ်သည့် အလွန်လျင်မြန်သော အဆိုပါ gigabit အင်တာနက်ဝန်ဆောင်မှုကို တစ်လလျှင် အမေရိကန်ဒေါ်လာ ၇၀ ဖြင့်လည်းကောင်း အင်တာနက်နှင့် တီဗွီဝန်ဆောင်မှုအတွက် တစ်လလျှင် အမေရိကန်ဒေါ်လာ ၁၂၀ ဖြင့်လည်းကောင်း ဝယ်ယူအသုံးပြု နိုင်မည်ဖြစ်သည်။ တီဗွီဝန်ဆောင်မှုတွင် အဝေးထိန်း ခလုတ်ပါဝင်သည့် Nexus 7 tablet တစ်လုံးပါဝင် ကြောင်းသိရသည်။



Google Fiber ဟုခေါ်သော အင်တာနက်ကွန်ရက်သစ်၏အမြန်နှုန်းသည် တစ်စက္ကန့်လျှင် 1 gigabit ရှိပြီး ရှည်လျားသည် ရုပ်ရှင်ကို download ပြုလုပ်ခြင်းနှင့် 3-D ဆေးကုသမှုဓာတ်ပုံများကိုပေးပို့ခြင်းတို့အတွက် မိနစ်အနည်းငယ်ဖြင့် ပြုလုပ်နိုင်ကြောင်း Google မှပြောကြားခဲ့သည်။

Google ကုမ္ပဏီသည် Google Fiber ဝန်ဆောင်မှုကို Missouri ပြည်နယ်ရှိ Kansas City နှင့် Kansas ပြည်နယ်ရှိ Kansas City တို့တွင် နေထိုင်သူများအတွက်ခွဲဝေပေးမည်ဖြစ်ပြီး အဆိုပါဒေသများတွင်နေ ထိုင်သူများအနေဖြင့် အမေရိကန်ဒေါ်လာ ၁၀ စရန်ပေးသွင်းကာ မှတ်ပုံတင်ထားနိုင်ကြောင်း သိရသည်။

လက်ရှိတွင် Kansas ပြည်နယ် Kansas City နှင့် Missouri ပြည်နယ် Kansas City တို့တွင်သာအသုံးပြု နိုင်သေးသည့် အထက်ပါဝန်ဆောင်မှုကို Missouri ပြညန်နယ် Kansas City မြောက်ဘက်ပိုင်းနှင့် တောင် ဘက်ပိုင်းတို့တွင် တိုးချဲ့ပေးသွားဖွယ်ရှိကြောင်း Google မှပြောကြားခဲ့သည်။ သို့ရာတွင် ဝန်ဆောင်မှုပေးမည့် အချိန်ကိုမူ ကုမ္ပဏီမှပြောကြားခဲ့ခြင်းမရှိချေ။

Ref: NYTimes/CNET

နိုင်ငံမဲ့ရိုဟင်ဂျာများအရေးနှင့် သမ္မတကြီး၏သဘောထားအပေါ် ဒုတိယဗိုလ်ချုပ်ကြီးချစ်ဆွေ၏ အမြင်

ကိုသိန်းစိန်ကMan of Principal ပဲ။ သူက ဟိုးအရင်ထဲက စည်းစနစ်နဲ့ နေတဲ့သူ။ ပြီးတော့ ရောင့်ရဲတင်းတိမ်မှု လည်း ရှိတယ်။ လောဘဇောတိုက်မယ့် သူလည်းမဟုတ်ဘူး။ ကိုသိန်းစိန်အ ကြောင်းပြောရရင် အရင်နိုင်ငံတော် ၀န်ကြီးချုပ်လိုပေါ့နော်။ သူက သူအငြိမ်း စားသွားတဲ့အခါကြလို့ ငွေတစ်ပြားတစ် ချပ်ပိုလာရင် ကျွန်တော်ကို ဆဲကြပါ၊ ဆို ကြပါ၊ ထောက်ပြစမ်းပါဆိုတာမျိုးပါ။
ကို သိန်းစိန်အနေနဲ့ကလည်း ရှူးရှူးဒိုင်းဒိုင်း လုပ်တတ်တဲ့ ခေါင်းဆောင်တစ်ယောက် မဟုတ်ပါဘူး။ ရခိုင်ကရိုဟင်ဂျာအရေးနဲ့ ပတ်သက်ပြီး ကိုသိန်းစိန်ရဲ့ သဘောထား အပေါ် အမြင်ကိုပြောရမယ်ဆိုရင်For Most People Near Enough is Good Enough. အဲ့ဒါက လူအများစုကတော့ ရိုး ရိုးသားသားနဲ့ ကျေကျေနပ်နပ်လေးရရင် ရောင့်ရဲတင်းတိမ်ကြတာပဲ။

နောက်တစ်ခု For few people good enough is never enough. ဒါကတော့ လူနည်းစု တွေက လောဘဇောတွေမသက်နိုင်ဘူး ဆိုတာမျိုးပါ။
ကိုသိန်းစိန်ကတော့ ပထမ ပုဂ္ဂိုလ်မျိုးပါ။ ကိုသိန်းစိန် ပြောတာတွေ ကလည်း ဒီရိုဟင်ဂျာကိစ္စနဲ့ပတ်သက်ရင် အားလုံး လမ်းမှန်ကမ်းမှန်တွေပါပဲ။

ကိုသိန်းစိန် က ဘယ်တော့မှ လက်လွတ်စပယ်လုပ် တဲ့လူမျိုးလည်းမဟုတ်ဘူး။ ဟိုးအရင်ထဲ က အရမ်းကို ရိုးရိုးသားသားနေခဲ့တာ။ သူရော သူ့မိသားစုရောပေါ့နော်။ အား လုံးက ဟိတ်ဟန်မရှိဘူး။ ဒီကိစ္စနဲ့ပတ် သက်ပြီးတော့ ကိုသိန်းစိန်က ပညာရှင် တွေနဲ့တိုင်တိုင်ပင်ပင် လုပ်သွားမှာပါ”

ဒုတိယဗိုလ်ချုပ်ကြီး ချစ်ဆွေ(ခ)စာရေး ဆရာကြီး နောင်စစ်သည်
နိုင်ငံမဲ့ရိုဟင်ဂျာများအရေးနှင့် သမ္မတကြီး၏သဘောထားအပေါ် ဒုတိယဗိုလ်ချုပ်ကြီးချစ်ဆွေ၏ အမြင် 

ပြည်ထောင်စုဝန်ကြီးတွေ မုံရွာ မြို့ မှာ အခြေအတင်စကားများ

 
စစ်ကိုင်းတိုင်း၊မုံရွာမြို့တွင်ပြုလုပ်သည့်လယ်ယာကဏ္ဍနှ င့် သား ငါး ဖွံ့ဖြိုး တိုး တက်ရေး   ဆွေးနွေး ပွဲ သည် ပြည်ထောင် စု ၀န် ကြီးများ တစ် ဦးနှင့် တစ်ဦး အပြန် အလှန် ပုဂ္ဂိုလ်ရေး ပုတ် ခတ်ပြော ဆို ကြပြီး နောက်ပိုင်း ပွဲပျက် သွားခဲ့ကြောင်း ဋ္ဌာန ဆိုင်ရာများနှင့် နီးစပ်သည့် ဒေသခံ တို့က ပြောသည်။သြဂုတ်၅ရက်နေ့ မုံရွာမြို့၊  မြို့တော်ခန်းမ၌ နေ့လည် ၁ နာရီတွင် ပြုလုပ်သည့် ယင်း အ လုပ် ရုံ ဆွေးနွေးပွဲသို့ စစ် ကိုင်းဒေသကြီး ၀န်ကြီးချုပ်၊ စီးပွား/ကူးသန်း ၀န်ကြီး၊ သမ၀ါယမ၀န်ကြီး၊ လုပ်ငန်းရှင်များ၊ လယ်သမား ကိုယ် စား လှယ် များ တက်ရောက် ခဲ့ကြောင်း ယနေ့ ထုတ် မြန်မာ့အလင်း သတင်းစာ စာမျက်နှာ ၃ တွင် ရေး ထား သည်။

“စီးပွား/ကူးသန်းဝန်ကြီး ဦးဝင်းမြင့်က အခမ်းအနားကို ဒေါက်တာခင်မောင်ညိုကို အလွတ်သဘော ခေါ်လာတယ်။ အဲဒါကို သမ၀န်ကြီးက လမ်းဘေးကကောင် ခေါ်လာတယ်လို့ ပြောတယ်။ အဲဒီကနေ စဖြစ်တာပဲ တဲ့။ ၂း၁၅နာရီမှာ အခမ်းအနား ပျက်သွားတယ်”ဟု အစိုးရဋ္ဌာနများနှင့် နီးစပ်သူဒေသခံတစ်ဦးက ပြောသည်။


ယင်းသို့အပြန်အလှန် ဖြစ်ပွားနေစဉ်ကာလအတွင်း စစ်ကိုင်း ၀န်ကြီးချုပ် ဦးသာအေးက ကြားဝင် ဖျန်ဖြေရာ၊ သမ၀န်ကြီးဦးအုန်းမြင့်က “မင်းက မင်းဒေသကို ရောက်လို့ အချိုးပြောင်းနေတာလား။ မင်းလည်း သတိထား ၊ မင်းကိုလည်း ပြုတ်အောင် လုပ်မယ်” ဟုပြောဆိုခဲ့ကြောင်း ကိုယ်တိုင် တက်ရောက်ခဲ့သူတစ်ဦးကို ကိုးကား၍ အထက်ပါဒေသခံက ပြောသည်။

မုံရွာရောက် ၀န်ကြီးများ ဆွေးနွေးပွဲတက်ရောက်စဉ် အရက်သောက်ထားကြခြင်း ရှိမရှိ မသိရသေးပေ။
ထိုနေ့က မုံရွာတွင် ရာသီဥတုကောင်းမွန်ပြီး များစွာ ပူပြင်းခြင်းမရှိဟု ဆိုသည်။

ဆွေးနွေးပွဲအတွင်း ၀န်ကြီးတို့၏ အပြန်အလှန် ပြောဆိုမှုများသည် လုပ်ငန်းသဘောများ မဟုတ်ဘဲ ပုဂ္ဂိုလ်ရေး စိန်ခေါ်မှုများ၊ တစ်ဦးနှင့်တစ်ဦး လေးစားမှု မရှိသော စကားလုံးများဖြစ်နေပြီး၊ မကျောနပ်မှုများ ကြီးထွားကာ အပြန်အလှန် လုပ်ကြံမှုများဖြစ်လာမည်ကို စိုးရိမ်ကြောင်း မုံရွာ-သာစည်လမ်းတွင် နေထိုင်သည့် ဒေသခံတစ်ဦးက ပြောသည်။

“ပြည်ထောင်စုဝန်ကြီးတွေဖြစ်ပြီး အစည်းအဝေးမှာ ရုန်းရင်းဆန်ခတ် ဖြစ်ကြတယ်။ သူတို့တွေဘေးမှာ လက်နက်တွေလည်း ကိုယ်စီရှိကြတယ်။ အပြန်အလှန် လုပ်ကြံတာတွေဖြစ်မှာကို လူတွေက စိုးရိမ်နေတယ်။ အဲလိုဖြစ်ရင် ကျွန်တော်တို့မြို့ နာတယ်” ဟု ယင်းဒေသခံကပြောသည်။

“၀န်ကြီးတွေကအရင်တုန်းက ဗဟိုဦးစီးချုပ်ကိုင်စနစ်တုန်းက တစ်ယောက်နဲ့တစ်ယောက် ဒီလိုမပြောရဲကြဘူး။ အရင်တုန်းက အငြိုးအတေးတွေကို အခု ပြောလို့ရပြီလို့ ယူဆကြတယ် ထင်တယ်။ တစ်ယောက်နဲ့တစ်ယောက် လေးစားမှုလည်း မရှိကြဘူး” ဟု ထိုဒေသခံအမျိုးသားက ပြောသည်။

ထိုအလုပ်ရုံဆွေးနွေးပွဲသည် တံခါးပိတ်ဆွေးနွေးပွဲဖြစ်ပြီး မုံရွာမြို့ ဒေသခံ သတင်းထောက်များ တက်ရောက် သတင်းယူခွင့်မရခဲ့ပေ။ယနေ့ထုတ် နိုင်ငံပိုင်သတင်းစာများတွင်မူ ဆွေးနွေးပွဲနှင့်ပတ်သက်၍စာမျက်နှာအပြည့် ဖော်ပြထားသည်ကို တွေ့ရသည်။
ဆွေးနွေးပွဲရောက် ၀န်ကြီးများ သပ်သပ်ယပ်ယပ် ၀တ်စားထားပြီး တည်ငြိမ်အေးဆေး အိနြေ္ဒကြီးမားစွာ ထိုင်နေကြပုံကိုလည်း ထည့်သွင်းထားသည်။

မြန်မာမော်ဒလ်လောကမှ ရွှေစင်အကြောင်းတစေ့တစောင်း



မော်ဒယ်ရွှေစင်ကို သြဂုတ်လ၂၁ရက် ၁၉–ခုနှစ်တွင် တရားရုံးချုပ်ရှေ့နေ ဦးကျော်မြိုင် ၊ မေမေဒေါ်ခင်ဝင်းကြည်တို့မှ မန္တလေးမြို့တွင် မွေးဖွားခဲ့သည်။ မွေးချင်း(၃)ဦးအနက် အငယ်ဆုံးသမီးဖြစ်ပြီး အစ်ကို (၂)ဦးရှိသည်။ ပညာရေးအနေဖြင့် ဥပဒေမာစတာဘွဲနှင့် DBL တက်ရောက်ပြီးစီးခဲ့ပြီဖြစ်သည်။
(သူကိုင်တဲ့ တယ်လီဖုန်း ဟမ်းဆက်ကအစ စီးတဲ့ ဇိမ်ခံကား အဆုံး အမေရိကန် ဒေါ်လာ သိန်းချီ အကုန်အကျခံ ၀ယ်ထားတဲ့ အကြောင်း လူသိရှင်ကြား ပြောခဲ့သူပါ။


သူနဲ့ပတ်သက်ပြီး နာမည်ကျော် သူဌေးကြီးတဦးက အစစ အရာရာ နိုင်ငံခြားဈေးဝယ်ထွက်တိုင်း အမေရိကန် ဒေါ်လာတွေ တထပ်ကြီး ပေးလေ့ရှိတယ်လို့လည်း နံမည်ကြီးတယ်။သူ့ကို Lucky လေး လို့ ချစ်စနိုးခေါ်ပါသတဲ့။နောက်တခုက သူက တကယ်လဲ အဲဒီစပွန်ဆာချစ်သူအတွက် ကံကောင်းခြင်းတွေ ယူဆောင်ပေးခဲ့၊ မပေးခဲ့တော့ ကာယကံရှင်ပဲ သိမှာပါ။သူ ကစားပွဲသွားတိုင်း ရွှေစင်က အမြဲလိုက်ရသူလေးပါ တဲ့။ ရွှေစင်ပါတဲ့အတွက် အမြဲပဲ အနိုင်တွေ ရခဲ့လို့လား မသိဘူး။(ဟိုတစ်လော ကတော့ ဒေါ်လာ သန်း၄၀ ရှုံးတယ်လို့ ၀ီးကလီးထဲမှာ ရေးထားတာ ဘယ်သဌေးလည်း မသိဘူး။
မနှစ်ကတော့ ရွှေစင်တယောက် ချစ်သူနဲ့ စကားများ ရန်ဖြစ်ရာကနေ ရန်ကုန် ပြည်သူ့ ဆေးရုံကြီးမှာ ၁၉ ချက် ချုပ်လိုက်ရပါသတဲ့။ဒီလောက် ပိုက်ဆံလည်း တတ်နိုင်ရဲ့သားနဲ့ ပြည်သူ့ဆေးရုံဘာကြောင့် တက်ရသလဲ ဆိုပြီး ပရိတ်သတ်က စိတ်ဝင်စားကုန် တာပေါ့။တကယ်တော့ မှုခင်းသဘော သက်ရောက်သွားလို့ အဲဒီတုန်းက ပုဂ္ဂလိက ဆေးရုံမတက်ခဲ့တာပါ တဲ့။)
အနုပညာဘ၀အစ
မန္တလေးမြို့တွင် တစ်နှစ်နီးပါးခန့် မော်ဒယ်ပြုလုပ်ခဲ့သည်။ မန္တလေးမြို့တွင် အရီးတောင်းလက်ဖက်၊ ဗလာစာအုပ်၊ မိုးနတ်မယ်ပါတိတ်
ရွှေဆိုင်ကြော်ငြာတွေ ရိုက်ကူးပြီး Step အင်္ကျီကြော်ငြာပြိုင်ပွဲအတွက် ရန်ကုန်သို့ ရောက်ရှိလာခဲ့သည်။
၂၀၀၉ ခုနှစ် တွင် ကျင်းပခဲ့သော Step Fashion Boy & Girl Model & Photo Contest 2009 တွင် ၀င်ရောက်ယှဉ်ပြိုင်ရာမှ ဆုရရှိခဲ့ပြီး အနုပညာလောကသို့ စတင် ၀င်ရောက်လာခဲ့သူဖြစ်သည်။
လက်ရှိ ရွှေစင့်အကြောင်း
လက်ရှိဝင်ငွေထက် ငွေကြေးသုံးစွဲမှုများနေသည့်တက်သစ်စ မော်ဒယ်လ်ရွှေစင်ကို ပြည်တွင်းဂျာနယ်များနှင့် အနုပညာ အသိုင်းအ၀န်းတွင် ဝေဖန် ပြောဆိုနေကြပြီး မည်သည့်ထိပ်တန်း စီးပွားရေးလုပ်ငန်းရှင်နှင့် ငြိစွန်းနေသည် ကိုလည်း သိချင် နေကြသည်။“ဟန်းဖုန်းက LV တံဆိပ် (Limited Edition) သိန်း ၃၆၀ ပေးရပါတယ်။ လက်ရှိမှာတော့Branded တွေကိုအကြိုက်များနေတယ်။Branded တွေကိုပဲsetလိုက်ဝယ်သုံး ဖြစ်တယ်။ ဈေးဝယ်ထွက်တဲ့အခါမှာလည်း ပြည်ပမှာ ဈေးဝယ်ဖြစ်တယ်။
ဈေးတခါဝယ်ရင် ဒေါ်လာ ၉ သောင်း နဲ့ ၁ သိန်းကြား သုံးဖြစ်ပါတယ်” ဟု မော်ဒယ်လ် ရွှေစင်က သြဂုတ်လ ၁၉ ရက်နေ့ထုတ် 7 day ဈေးဝယ်လမ်းညွှန် ဂျာနယ်တွင် ဖြေဆိုထားသည်။
သူ၏ ပိုင်ဆိုင်မှုများနှင့်ပတ်သက်၍ သြဂုတ်လအတွင်း ဖြန့်ချိခဲ့သည့်The Crime ဂျာနယ်နှင့် အင်တာဗျူးတွင်လည်း “ဒီကိုလာစတုန်းက မာ့ခ်တူး အလုံးလေးတွေကို သဘောကျနေတဲ့ အချိန်ဆိုတော့ မာ့ခ်တူး ၀ယ်ဖြစ်တယ်။ရှုတင်သွားရင် ပစ္စည်းက အရမ်းများတော့ တစီးတည်းနဲ့ အဆင်မပြေဘူး။ ဒါနဲ့ နောက်တစီး ၀ယ်မယ်ဆိုပြီး စဉ်းစားလိုက်တော့ အဲဒီအချိန်မှာ မာစီဒီးကို အရမ်းကြိုက်နေတာနဲ့ မာစီဒီးပဲ ၀ယ်ဖြစ်သွားတယ်။နောက်တစီးက စီလီယာ တူးဒိုးလေး။ ပြိုင်ကား ဒီဇိုင်းလေး ဆိုတော့ ညနေပိုင်း အရမ်းပင်ပမ်းနေရင် အမိုးလေးဖွင့်ပြီး စိတ်ပြေလက်ပျောက် မောင်းဖို့ ဝယ်လိုက်တယ်” ဟု ဖြေဆိုခဲ့သည်။
မော်ဒယ်လ်ရွှေစင်သည် မန္တလေးသူတဦးဖြစ်ပြီး ၂၀၀၉ ခုနှစ် တွင် ကျင်းပခဲ့သော Step Fashion Boy & Girl Model & Photo Contest 2009 တွင် ၀င် ရောက် ယှဉ်ပြိုင်ရာမှ ဆုရရှိခဲ့ပြီး အနုပညာလောကသို့ စတင်ဝင်ရောက်လာသူဖြစ်သည်။ဂျာနယ်နှင့်မဂ္ဂဇင်းစာမျက်နှာများပေါ်တွင်အထက်ပါအတိုင်း ဖြေကြားခဲ့ပြီးနောက် ဝေဖန်ပြောဆိုမှုများ ပြင်းပြင်းထန်ထန် ပေါ်ထွက်လာခဲ့သည့်အပြင် တက်သစ်စ မော်ဒယ်လ်တဦးအနေနှင့် ယခုကဲ့သို့ သုံးစွဲနိုင်ခြင်းကြောင့် မြန်မာနိုင်ငံမှ မော်ဒယ်လ်များ၊ သရုပ်ဆောင်များဝင်ငွေ ကောင်းနေပြီလားဟုWeeklyElevenဂျာနယ်တွင် ရေးသားထားသည်ကိုလည်း တွေ့ရသည်။
 
အမည်ရင်း- ရွှေစင်
အဖအမည်- ဦးကျော်မြိုင်

အမိအမည်- ဒေါ်ခင်ဝင်းကြည်

မွေးသက္ကရာဇ်- သြဂုတ်လ ၂၁ ရက်

မွေးချင်း- ၃ ယောက်

မွေးရာဇာတိ- မန္တလေးမြို့
Weekly Eleven ဂျာနယ်မှ တာဝန်ခံ အယ်ဒီတာ ကိုဝေဖြိုးက“တိုင်းပြည်ကဆင်းရဲနေတယ်။တိုင်းပြည်မှာရှိတဲ့ လူတော်တော် များများက ငွေကို ဒီလောက်အထိ မသုံးနိုင်ဘူး။ လူတော်တော်များများက တနေ့စာ တနေ့ကို အနိုင်နိုင် ရှာဖွေနေရတဲ့ အချိန်မှာ ဒီလိုစကားမျိုး ပြောတယ်ဆိုတာ အဓိပ္ပာယ်မရှိပါဘူး။ ကြွားပဲပြောပြော၊ ဘာပဲပြောပြော ရေးသားဖော်ပြတဲ့လူက နောက်ကွယ်က အကြောင်းကို သိကို သိမှရမယ်။ မြန်မာနိုင်ငံရဲ့ သရုပ်ဆောင် မော်ဒယ်လ်လောကရဲ့အခြေအနေကိုအားလုံးသိပြီးသားပါ”ဟုယင်းဂျာနယ်တွင် ရေးသား ဖော်ပြထားသည်။“တက်သစ်စ မော်ဒယ်လ်တယောက်က မြန်မာငွေ သိန်း ဆယ်ဂဏန်းတောင် သုံးဖို့ဆိုတာ မလွယ်သေးပါဘူး။ ဒီအခြေ အနေမှာ သူ့အနေနဲ့ ဒီလောက်သုံးနေတယ် ဆိုတာတွေ ဖြေထားတော့ ဒီဝင်ငွေက ဘယ်ကရနေလည်း ဆိုတာလူစိတ်ဝင်စားစရာ ပို ဖြစ်လာစေတယ်” ဟု နာမည်ကြီး ဓာတ်ပုံဆရာ တဦးက ပြောသည်။
မြန်မာပြည်အနုပညာလောကတွင်ရုပ်ရည်ချောမောသည့်အနုပညာရှင်သစ်များ ပေါ်ထွက်လာပါက ငွေကြေးထောက်ပံ့မည့် စီးပွားရေးလုပ်ငန်းရှင်(စပွန်ဆာ)ကြီးများ ပေါ်ထွက်လာတတ်သည်။“နာမည်ကြီးပြီးရုပ်ချောတဲ့ မော်ဒယ်လ်တို့၊ မင်းသမီးတို့ ပေါ်လာပြီဆို ငွေတတ်နိုင်တဲ့ စီးပွားရေးသမားတွေက အရင် လာ ကြတာ။ ဒီလောကထဲ စ၀င်တာ အချိန်ဘယ်လောက်မှ မရှိသေးဘူး၊
ငွေတွေ ဒီလောက် သုံးနေတယ်ဆိုတော့ တော်ရုံ စီးပွားရေး လုပ်ငန်းရှင်တော့ မဟုတ်ဘူး။ဒါကြောင့် အချိန် ခဏအတွင်းမှာ ငွေသုံးတာက အစ၊ဖုန်းဆိုလည်း တော်ရုံ ၀ယ်လို့မရတဲ့ ဟာမျိုးတွေ ၀ယ်ပေးထားတာလို့ သိရတယ်” ဟု ပြည်တွင်း ဂျာနယ်လောကမှ ၀ါရင့်သတင်းထောက်တဦးက ဆိုသည်။
မော်ဒယ်လ်ရွှေစင်သည် စစ်အစိုးရနှင့် နီးစပ်သည့် စီးပွားရေးလုပ်ငန်းရှင် တဦး၏ ငွေကြေးထောက်ပံ့မှုကို ခံနေရကြောင်းပြည်တွင်း ဂျာနယ်လောကမှ သတင်းထောက်တဦးက ဆိုသည်။
“မော်ဒယ်လောက ဆိုတာလည်း သိတဲ့အတိုင်း အကပ်မရှိရင် ပေါက်ဖို့ မလွယ်ဘူး။ ပိုက်ဆံ မရှိရင် လုပ်ဖို့မလွယ်ဘူး။အေဂျင်စီနဲ့ ချိတ်ထားလို့ ကိုယ့်ကိုခေါ်ရင် သောင်းဂဏန်းလောက်တော့ ရတာပေါ့။ ဒါကြောင့်လည်း ထောက်ပံ့ပေးမယ့် လူတွေ ရှာကြတာ” ဟု မိတ်ကပ်လိမ်းသည့် အလှဖန်တီးရှင် တဦးက ပြောသည်။
“မော်ဒယ်လ်လောကမှာ ရှိတဲ့ လူတိုင်းကိုတော့ ဒီလို လုပ်စားနေတယ်လို့ မပြောချင်ပါဘူး။အနုပညာကို စိတ်ဝင်စားပြီး မော်ဒယ်လ် လောကထဲဝင်လာတဲ့သူတွေရှိပါတယ်။ခက်တာက မြန်မာပြည် မော်ဒယ်လ် ဈေးကွက်ကလည်း နိုင်ငံတကာလောက် မကျယ်ပြန့်ဘူး။ရတဲ့ ငွေကြေးနည်းတယ်။ပွဲတခုမှာပါမယ်ဆိုကိုယ်ကတောင် ပြန်စိုက်ရမယ့်အနေအထားတွေ ရှိနေတော့ ငွေချမ်းသာတဲ့ သူတွေရှာပြီး ပျက်စီးကြတာများတယ်” ဟု နာမည်ကြီး မော်ဒယ်လ်အေဂျင်စီမှ တာဝန်ရှိသူတဦးက ပြောသည်။

မောင်စူးစမ်း အင်္ဂါဂြိုလ်ပေါ် အောင်မြင်စွာ ဆင်းသက်နိုင်


အင်္ဂါဂြိုလ်ရောက် မောင်စူးစမ်း အာကာသ ယာဉ်က ပထမဆုံး ပေးပို့ လိုက်တဲ့ မှတ်တမ်း ဓာတ်ပုံ၊ ဓာတ်ပုံများ- အယ်ဂျာဇီးယား အွန်လိုင်း သတင်းစာမျက်နှာ

အမေရိကန် အာကာသ သိပ္ပံ ဌာနလို့ ခေါ်တဲ့ NASA နာဆာ အဖွဲ့ရဲ့ မောင်စူးစမ်း ခေါ် (Curiousity) အမည်ရ စူးစမ်းရေး ယာဉ် ငယ်ဟာ အင်္ဂါဂြိုလ် (ဂြိုလ်နီကြီး ) စူးစမ်း လေ့လာရေးအတွက် ယမန်နေ့ သြဂုတ်လ ၆ ရက်နေ့ က အောင်မြင်စွာနဲ့ ဆင်း သက်နိုင်ခဲ့ပြီဖြစ်ပါတယ်။



အမေရိကန် သမ္မတ အိုဘားမားကတော့ ဒါဟာ နည်းပညာနဲ့ပတ်သက်လို့ ထူးထူးခြားခြား အောင်မြင်မှုကြီးဖြစ် တယ်လို့ ဆို ပါတယ်။



အခု အလေးချိန် ၁ တန် ရှိတဲ့ မောင်စူးစမ်း ရဲ့ စူးစမ်းလေ့လာရေး ခရီးစဉ်ဟာ အဓိက ဂြိုလ်နီကြီးပေါ်မှာ သက်ရှိ နဲ့ ရေ ရှိ၊ မရှိ အဓိက လေ့ လာဖို့ အတွက် အရေးကြီးတဲ့ ခြေလှမ်းတခုကို အောင်မြင်စွာနဲ့ စတင်လိုက်တာ လည်း ဖြစ်ပါတယ်။



အာကာသ စူးစမ်းလေ့လာရေး ယာဉ်ဟာ ၈ လခန့်အကြာ အာကာသထဲမှာ ခရီးနှင်ခဲ့ပြီး အခုလို ယမန်နေ့ မနက် စောစော ပိုင်း က အောင်မြင်စွာ အင်္ဂါဂြိုလ်ပေါ် ဆင်းသက်နိုင်ခဲ့ပြီး ပထမဆုံး ဓာတ်ပုံကို နာဆာ ထိန်းချုပ်ရေး စခန်းက ရလိုက်ချိန်မှာ တော့ နာဆာဝန်ထမ်းတွေရဲ့ ၀မ်းမြောက်ဝမ်းသာ အောင်မြင်မှု အတွက် အော်သံဟာ ဘ၀ဂ် ညံသွားခဲ့တယ်လို့ ဆိုပါတယ်။



ဒီ အင်္ဂါဂြိုလ် စူးစမ်းလေ့လာရေး မစ်ရှင်ရဲ့ အရေးအကြီးဆုံး အပိုင်းဖြစ်တဲ့ အခုလို ဆင်းသက်တဲ့ အပိုင်း ကို အောင်မြင်ခြင်း အတွက် ၀န်ထမ်းတွေ က ပျော်ရွင်ကြည်နူးကြတာလည်းဖြစ်ပါတယ်။ တနာရီကို မိုင်ပေါင်း ၁ သောင်းကျော် အမြန်နှုန်းနဲ့ ဆင်းသက်လာ တဲ့ မောင်စူးစမ်း အာကာသ ယာဉ်ကို အရှိန်နှေးသွားအောင် လို့ လေထီးစနစ်၊ အရှိန်ထိမ်း မောင်းနှင် စနစ် တွေကို သုံးခဲ့ရပြီး ခက်ခက်ခဲခဲ ဂြိုလ်မျက်နှာပြင်ကို ဆင်းသက်ခဲ့ရတာပါလို့ ယမန်နေ့က အယ်ဂျာဇီးရား သတင်းမှာလည်း ဖော်ပြ သွားပါတယ်။