Showing posts with label ကျန်းမာရေး. Show all posts
Showing posts with label ကျန်းမာရေး. Show all posts

Friday, December 14, 2012

မိန်းကလေးများ အလေးမထားမိသည့် ကျန်းမာရေး ထိခိုက်စေနိုင်သော အချက်များ


မိန်းကလေးများ အလေးမထားမိသည့် ကျန်းမာရေး ထိခိုက်စေနိုင်သော အချက်များ

မိန်းကလေးတွေဟာ အလှအပနောက်ကို လိုက်ရင်း ကျန်းမာရေး ထိခိုက် စေနိုင်တာတွေကို အလေးမထား မိတာမျိုး ဖြစ်တတ်ကြ ပါတယ်။

(၁) စိတ်ညစ်တိုင်း အစာစားလေ့ရှိခြင်း

ယောကျာ်းလေးအများစုက ပျော် ရွှင်တဲ့အခါမျိုးမှာ အစာပိုစား တတ်ကြပြီး မိန်းကလေးတွေကတော့ စိတ်ညစ်တဲ့အခါမှာ အချိုနဲ့ ကယ်လိုရီများတဲ့ အစားအစာတွေကို ပိုစားလေ့ရှိပါတယ်။ စိတ်ညစ်လို့ စားတဲ့အစားအစာတွေ က သင့်ခါးအနေအထားကို ပြောင်းလဲ စေပြီး သင့်ကို ဝလာစေပါတယ်။ စိတ် ညစ်တာကို အစာစားပြီး ဖြေဖျောက်ဖို့ ကြိုးစားတာထက် လေ့ကျင့်ခန်း လုပ်တာ၊ ယောဂကျင့်တာ၊ အပေါင်းအသင်းတွေနဲ့ ပျော်ပျော်ပါးပါး နေတာ တွေနဲ့ အစားထိုး လုပ်ဆောင်ကြည့်ပါ။

(၂) ဝသည်ဟု ထင်မြင်နေခြင်း

မိန်းကလေးတွေက ခန္ဓာကိုယ်ကို ဝတယ်လို့ သူများပြောမှာကို ကြောက်ရွံ့ တတ်ကြပြီး ဝိတ်ချနေတယ်လို့လည်း တွင်တွင် ပြောတတ်ကြ ပါတယ်။ လေ့လာ မှုအရ မိန်းကလေးတွေရဲ့ ၉၀ ရာခိုင်နှုန်း လောက်က သူတို့ရဲ့ ခန္ဓာကိုယ်ပုံပန်း သဏ္ဌာန်ကို ပြုပြင်လိုကြပါတယ်။ ခန္ဓာကိုယ်က အဆီတွေကို ခွဲစိတ် ဖယ်ရှားနိုင်တယ်ဆိုပေမယ့် အစားအ သောက်နဲ့ ကိုယ်အလေးချိန် လျှော့ချတာ က အကောင်းဆုံးနည်းလမ်းပါ။

(၃) မိတ်ကပ်မဖျက်ဘဲ အိပ်စက်ခြင်း

ညအိပ်တဲ့အခါ မိတ်ကပ်မဖျက်ဘဲ အိပ်စက်တာကြောင့် တစ်နေကုန် မျက် နှာပေါ်မှာ လိမ်းခြယ်ထားတဲ့ မိတ်ကပ် တွေ၊ ကပ်ငြိနေတဲ့ ဖုန်တွေနဲ့ ထွက်လာတဲ့ ချွေးတွေ မျက်နှာမှာရှိတဲ့ ချွေးပေါက်တွေကို ပိတ်စေပါတယ။် မျက်လုံးမှာ ဆိုးထားတဲ့ မျက်တောင်ကော့ဆေးရည်ကို မဖျက်ဘဲ အိပ်တာက မျက်လုံးကို ယားယံတာ၊ ပိုး ဝင်တာတွေကို ဖြစ်စေပါတယ်။ ညအိပ်ရာမဝင်မီ သင့်မျက်နှာမှာ လိမ်းခြယ်ထားတဲ့ မိတ်ကပ်တွေကို သေ ချာစွာ သန့်စင်ပေးဖို့လိုပါတယ်။ မျက်နှာ သန့်စင်ရာမှာ ကြေးချွတ်အားမပြင်းတဲ့ မျက်နှာသစ်ဆေးရည်ကို အသုံးပြုပါ။ မျက်နှာသစ်ပြီးပါက အစိုဓာတ်ထိန်းပေး နိုင်တဲ့ ညလိမ်းခရင်မ်လိမ်းအိပ်ပါ။

(၄) ယောကျာ်းလေးများနှင့် ရင်ပေါင်တန်းကာ သောက်စားခြင်း

ဒီကနေ့ခေတ်မှာ မိန်းကလေးတွေဟာ ယောကျာ်းလေးတွေနဲ့ ရင်ပေါင် တန်းကာ မူးယစ်သောက်စား တတ်လာပါတယ်။ ဒါဟာ ကောင်းတဲ့ အမူအကျင့်တော့ မဟုတ်ပေမယ့် လက်ခံကျင့်သုံးသူ များလာပါတယ်။ မိန်းကလေးတွေဟာ ယောကျာ်းလေးတွေထက် ခန္ဓာကိုယ်အနည်းငယ် ပိုပြီးသေးသွယ်တာကြောင့် အရက်ရဲ့ပြင်းအားကို လျှော့ချဖို့ ခန္ဓာ ကိုယ်မှာ ရေဓာတ်အသုံးပြုမှု အနည်းငယ် ပိုနည်းပါတယ်။ လူမှုရေးအရ အပေါင်းအသင်းတွေနဲ့ ဆက်ဆံရေးမပျက်ချင်ဘူးဆိုတဲ့ ဆင်ခြေတစ်ခုနဲ့တော့ အရက်ဆက်သောက် မနေသင့်ပါဘူး။ အရက်က ခန္ဓာကိုယ်ကို ဆိုးကျိုးများ စွာဖြစ်စေတယ်ဆိုတာ သင်သိပြီးသားဖြစ်ပါလိမ့်မယ်။ သင့်အနေနဲ့ လုံးဝမသောက်သုံးလို့ မဖြစ်တဲ့အခြေအနေမျိုးမှာ အရက်နဲ့ အချိုရည်ကို တစ်လှည့် စီသောက်ပြီး အရက်သောက်သုံးမယ့် ပမာဏကို လျှော့ချပါ။

(၅) ဘရာစီယာအရွယ်အစား မှားယွင်းစွာ ဝတ်ဆင်နေမိခြင်း

မိန်းကလေးတွေရဲ့ ၇၀ ရာခိုင်နှုန်း လောက်က ဘရာစီယာအရွယ်အစားကို မှားယွင်းစွာ ဝတ်ဆင်ထားတတ်ကြပါတယ်။ ကိုယ့်ခန္ဓာကိုယ်နဲ့ မကိုက်ညီတဲ့ ဘရာစီယာကို ဝတ်ဆင်တာက သင်ရဲ့ ဝတ်စားဆင်ယင်မှုကို ကြည့်ရဆိုးစေရုံ သာမက နောက်ကျော၊ လည်ပင်းနဲ့ ရင် သားနာကျင်မှုတွေကို ဖြစ်စေပါတယ်။ ဒါ့အပြင် အသက်ရှူကျပ်တာ၊ ကိုယ်ခန္ဓာ အနေအထားပုံစံမကျတာ၊ အရေပြား ယားယံတာ၊ သွေးလှည့်ပတ်မှုမကောင်းတာနဲ့ ဝမ်းဗိုက်မအီမသာ ဖြစ်တာတွေ အထိ ဖြစ်စေနိုင်ပါတယ်။ သင့်ခန္ဓာကိုယ်နဲ့ ရင်သားအရွယ် အစားကို သေချာစွာ သိအောင်လေ့လာပါ။ ဘရာစီယာ ဝယ်ယူတဲ့အခါ ရင်သားကို အထောက်အပံ့ ကောင်းကောင်းပေး နိုင်ပြီး သင့်ရင်သားအရွယ်အစားနဲ့ ကိုက် ညီတာကို ရွေးချယ်ဝယ်ယူပါ။

(၆) အတိတ်ကဖြစ်ရပ်များကို မမေ့ပျောက်နိုင်ခြင်း

စိတ်ဖိစီးမှုက သင့်စိတ်ရော၊ ခန္ဓာကိုယ်ပါ ကျန်းမာမှုအတွက် အဟန့်အတား ဖြစ်စေပါတယ်။ မိန်းကလေးတွေက ယောကျာ်းလေးတွေထက် စိတ်ဖိစီးမှုနဲ့ ဆက်စပ်နေတဲ့ စိတ်ဓာတ်ကျတာနဲ့ စိုးရိမ် စိတ်များတာတွေကို နှစ်ဆပိုမို ခံစားတတ် ကြပါတယ်။ သုတေသီတွေရဲ့ လေ့လာမှုအရ မိန်းကလေးတွေဟာ ယောကျာ်းလေးတွေထက် အတိတ်က အကြောင်းအရာတွေကို မမေ့ပျောက် နိုင်ဘဲ တမ်းတပူဆွေးမှုတွေ လွန်ကဲနေတတ် ပါတယ်။ စိတ်ငြိမ်အောင် တရား ထိုင်တာ၊ ယောဂ ကျင့်တာတွေက စိတ်ဖိစီးမှုတွေကို လျော့ ကျအောင် ကူညီပေးနိုင်ပါတယ်။

(၇) လေးလံလွန်းသော ဘေးလွယ်အိတ်

မိန်းကလေးအများစုက သူတို့ အသုံးအဆောင်တွေကို သွားလေရာမှာ အဆင်ပြေပြေ အသုံးပြုနိုင်အောင် အိတ်ထဲထည့်ပြီး ယူဆောင် တတ်ကြပါ တယ်။ အသေးအဖွဲလေးတွေဆိုပေမယ့် အားလုံး စုပေါင်းလိုက်တဲ့အခါ သင့်ပခုံးကို ဝန်ပိစေပြီး ကြာရှည်လာတဲ့အခါ သင့်ကျန်း မာရေးကို ဒုက္ခပေးနိုင် ပါတယ်။ သင့်ဘေးလွယ်အိတ် အရွယ်အစားက သိပ်ကြီးလွန်းနေရင် အနေတော် အရွယ်အိတ်ကို ပြောင်းပါ၊ အိတ်ထဲမှ မလိုအပ်တဲ့ အသုံး အဆောင် တွေကို တစ်ပတ်တစ်ခါ ရှင်းလင်းဖယ်ရှားပေးပါ။

(၈) ဒေါက်မြင့်ဖိနပ်စီးခြင်း

ဒေါက်မြင့်ဖိနပ်စီးတာက ခန္ဓာကိုယ် မှအဆစ်အပေါ် ဖိအားကျရောက်စေပြီး အရိုးအဆစ်ရောင်ရမ်းတာ၊ ခြေမ နာကျင်တာ၊ ခါးနာတာနဲ့ အရွတ်မှာ ဒဏ်ဖြစ်တာတွေဖြစ်စေပါတယ်။ ဒေါက်မြင့်ဖိနပ်ကြောင့်ဖြစ်ရတဲ့ ဒဏ်တွေ သက်သာစေဖို့ နေ့စဉ်စီးတဲ့ ဖိနပ်ရဲ့ ဒေါက်အမြင့်ဟာ တစ်လက်မခွဲ ထက် မပိုသင့်ပါဘူး။ သင်စီးတဲ့ဖိနပ်ဟာ အဆစ်အပေါ် ဒဏ်မပိစေတဲ့ ဖိနပ်မျိုး ဖြစ်ရပါမယ်။

(၉) အိပ်ရေးဝ၀ မအိပ်စက်ခြင်း

ကံမကောင်းစွာဘဲ မိန်းကလေးတွေက ယောကျာ်းလေးတွေထက် အိပ်ရေး ပျက်တာကို ပိုမိုခံစားရတတ်ပါတယ်လို့ မစ်ချီကန်တက္ကသိုလ်မှ လေ့လာမှုအရ သိရပါတယ်။ အိပ်ပျက်များတဲ့ မိန်းကလေးတွေက အစာစားချင်စိတ် ဖြစ်ပေါ် စေပြီး နှလုံးရောဂါ ဖြစ်ပွားနှိုင်ခြေကလည်း မြင့်မားစေပါတယ်။ နှစ်နှစ် ခြိုက်ခြိုက် အိပ်ပျော်စေဖို့ ညဘက်အိပ်ခါနီးမှာ ကဖင်းဓာတ်ပါတဲ့ ကော်ဖီ၊ လက်ဖက်ရည်နဲ့ တခြားအချို ရည်တွေ မသောက်ပါနဲ့။ အိပ်ရာဝင်ခါနီး လေ့ကျင့်ခန်း လုပ်တာကိုလည်း ရှောင်ပါ။ အိပ်ခါနီး နွားနို့ပူပူတစ်ခွက် သောက်တာ၊ ကြက်သီးနွေးရေနဲ့ ရေချိုးပေးတာတွေက သင့်ကို နှစ်နှစ် ခြိုက်ခြိုက် အိပ်ပျော်စေဖို့ ကူညီပေးပါတယ်။

(၁၀) သားသမီးများကို ဂရုစိုက်နေရခြင်း

မိန်းကလေးတွေက ကိုယ့်ကိုယ်ကိုယ် ကျန်းမာဖို့အပြင် အိမ်ထောင် ထိန်းသိမ်း ရတဲ့ တာဝန်လည်း ရှိတာကြောင့် အိမ်သားတွေရဲ့ ကျန်းမာရေး ကိုလည်း ဂရုပြုရပါတယ်။ အထူးသဖြင့် သားသမီးတွေ နေမကောင်းတဲ့အခါ၊ ထိခိုက် ဒဏ်ရာရတဲ့အခါ အိမ်ထောင်ရှင်မမှာ တာဝန် အပိုတွေ ပိစေပါတယ်။ သင့်ကလေးငယ်တွေ အအေးမမိအောင် မိုးရေထဲ ထွက်ဆော့တာကို တားမြစ်ပါ။ ကလေးတွေဟာ ပြေးလွှား ဆော့ကစား တတ်ကြတာကြောင့် အိမ်တွင်း၊ အိမ်ပြင်မှာ ချော်လဲနိုင်တာ၊ တိုက်မိခိုက်မိနိုင်တာတွေကို ရှင်းလင်းထားပါ။

ဇာခြည်ဝင်း(ဆေးဝါးတက္ကသိုလ်)

---------------------------------
Post From : Aye Chan Mon


မိန်းကလေးတွေဟာ အလှအပနောက်ကို လိုက်ရင်း ကျန်းမာရေး ထိခိုက် စေနိုင်တာတွေကို အလေးမထား မိတာမျိုး ဖြစ်တတ်ကြ ပါတယ်။

Tuesday, September 18, 2012

ဂါက် (GOUT) သမား ဝက်သား မစားနှင့်




**PublicHealth** ဆရာဝန်များ၏ ပြောပြချက်အရငယ်စဉ်ဘဝမှာပိုးကြောင်အဆစ်အမျက်စသည်တို့ ရောင်ရမ်း
ကိုက်ခဲ ခြင်းကို လေးဖက်နာဟုခေါ်တွင်၍ ကြီးပြင်းသည့်အခါ၌ အိုင်အက်စ်အို(ISO) များခြင်း၊

Wednesday, September 12, 2012

ကိုယ်အလေးချိန်တက်စေသော အံ့အားသင့်ဖွယ်ရာ အကြောင်းငါးရပ်


Photo: ကိုယ်အလေးချိန်တက်စေသော အံ့အားသင့်ဖွယ်ရာ အကြောင်းငါးရပ်


ကိုယ်အလေးချိန်တက်လာတဲ့အခါ အစားများတာ၊ အထိုင်များပြီး ကိုယ်လက်လှုပ်ရှားမလုပ်တာနဲ့ အဆီအအိမ့်နဲ့ အချိုမှုန့်တွေ စားတာတွေကြောင့်လို့ပဲ ထင်မြင်တတ် ကြပါတယ်။ တချို့လူတွေကျတော့ ဒီအလေ့အထမလုပ်မိဘဲ ကိုယ်အလေးချိန် တက်လာတဲ့အခါ အကြောင်းရင်းရှာမရဘဲ စိတ်ပျက်လက်ပျက် ဖြစ်တတ်ကြပါတယ်။ ဒါကြောင့် သင်မသိသေးတဲ့ ကိုယ်အလေးချိန်တက်စေတဲ့ အကြောင်းငါးရပ်ကို ဖော်ပြပေးလိုက်ပါတယ်။

၁။ စိတ်ဖိစီးမှု
စိတ်ဖိစီးမှုဟာ အစာစားဖြစ်အောင် တွန်းအားပေးပါတယ်။ အကြာကြီး စိတ်ဖိစီးမှုဒဏ်ခံရရင် ခန္ဓာကိုယ်ကနေ ကော်တီဇုန်းနဲ့ အင်ဆူလင် ထုတ်လုပ်မှု တိုးလာပါတော့တယ်။ အဲဒီအခါ အစာစားချင်တဲ့ ဆန္ဒများလာပြီး ကယ်လိုရီများတဲ့ အစာတွေကိုသာ ရွေးစားမိတတ်ပါတယ်။

ဖြေရှင်းနည်း
စိတ်ခံစားချက်ကောင်းစေတဲ့ ဟော်မုန်းပမာဏ ထိန်းနိုင်ဖို့ စိတ်ဖိစီးမှုကို တတ်နိုင်သမျှ လျှော့ချပါ။

၂။ အချိုတု
သကြားအစားသုံးတဲ့ အချိုတုတွေဟာ ခန္ဓာကိုယ်သွယ်လျလိုသူတွေအတွက်တော့ မကောင်းပါဘူး။ အဝလွန်ခြင်းအကြောင်း လေ့လာမှုအရ တစ်ပတ်အတွင်း ဆေးသကြား (Aspartame) ပါတဲ့ အချိုရည် ၂၁ မျိုး သောက်သူတွေဟာ မသောက်သူတွေထက် ကိုယ်အလေးချိန် မြင့်တက်နိုင်ခြေ နှစ်ဆကျော်ရှိကြောင်း သိရပါတယ်။

ဖြေရှင်းနည်း
သကြားရော သကြားအစားထိုး အချိုတုကိုပါ အလွန်အကျွံ မစားသောက်ပါနဲ့။

၃။ အိပ်ရေးပျက်ခြင်း
ခန္ဓာကိုယ် အားပြည့်လန်းဆန်းဖို့ တစ်ညမှာ ခုနှစ်နာရီကနေ ကိုးနာရီလောက် လိုအပ်ပါတယ်။ အိပ်ချိန်မလုံလောက်ဘဲ အိပ်ရေးပျက်ရင် စိတ်ခံစားချက် ကောင်းစေတဲ့ ဆီရိုတိုနင်နဲ့ ဒိုပါမင်းဓာတ်တွေ မထွက်ရှိတော့ဘဲ အချိုစာတွေ စားမိတတ်ပါတယ်။

ဖြေရှင်းနည်း
ဟားဗတ်လေ့လာမှုအရ တစ်ညမှာ ငါးနာရီသာအိပ်တဲ့ အမျိုးသမီးတွေဟာ တစ်ညမှာ ခုနှစ်နာရီနဲ့အထက် အိပ်သူတွေထက် ကိုယ်အလေးချိန် မြင့်တက်နိုင်ခြေ ၃၂ ရာခိုင်နှုန်း ပိုများကြောင်း သိရပါတယ်။ ဒါကြောင့် ခန္ဓာကိုယ်သွယ်လျချင်ရင် အိပ်ရေးဝဝ အိပ်ပါ။

၎။ အစာမြန်မြန်စားခြင်း
အစားအသောက်ကို နှေးနှေးနဲ့ ကြေညက်အောင် ဝါးစားပေးရင် အစာအလွန်အကျွံစားချင်စိတ်ကို ဖြေရှင်းနိုင်ပါလိမ့်မယ်။ ဗြိတိန်ဆေးဂျာနယ်က ထုတ်ဝေတဲ့ ဂျပန်လူမျိုး ၃၀၀၀ ကျော်ကို လေ့လာမှုအရ အစာကို မြန်မြန်စားသူတွေဟာ နှေးနှေးစားသူတွေထက် အဝလွန်နိုင်ခြေနှစ်ဆ ပိုများကြောင်း သိရပါတယ်။

ဖြေရှင်းနည်း
အစားမြန်ပြီး ဗိုက်ပြည့်တဲ့အထိ စားတဲ့သူတွေဟာ အဝလွန်နိုင်ခြေသုံးဆ ပိုများပါတယ်။ ဒါကြောင့် အစာစားတဲ့အခါ နှေးနှေးနဲ့ ကြေညက်အောင် ဝါးစားပါ။

၅။ မထိန်းချုပ်နိုင်သော အချက်များ
မျိုးရိုးဗီဇ FTO Gene လို့ခေါ်တဲ့ ဝစေတဲ့ မျိုးရိုးဗီဇတွေဟာ ယင်းဗီဇမရှိသူတွေထက် အဝလွန်နိုင်ခြေ ၆၀ ရာခိုင်နှုန်း ပိုများပါတယ်။

အဆီဆဲလ်
တချို့လူတွေမှာ အဆီဆဲလ်များစွာ ရှိနေပါတယ်။ ကိုယ်အလေးချိန်တက်ခြင်း၊ လျော့ကျသွားခြင်းတွေဟာ အဆီဆဲလ် အရေအတွက်ကို မပြောင်းလဲနိုင်ပါဘူး။ အဆီဆဲလ်များသူတွေဟာ အဆီဆဲလ်နည်းသူတွေထက် အစားအသောက် ပိုပြီးစားတတ်ကြပါတယ်။

Credit - Good Health


ကိုယ်အလေးချိန်တက်လာတဲ့အခါ အစားများတာ၊ အထိုင်များပြီး ကိုယ်လက်လှုပ်ရှားမလုပ်တာနဲ့ အဆီအအိမ့်နဲ့ အချိုမှုန့်တွေ စားတာတွေကြောင့်လို့ပဲ ထင်မြင်တတ် ကြပါတယ်။ တချို့လူတွေကျတော့ ဒီအလေ့အထမလုပ်မိဘဲ

ဦးနှောက်ကို ထိခိုက်ပျက် စီးစေသော အမူအကျင့် ( ၉ ) ချက်

ဦးနှောက်ကို ထိခိုက်ပျက်စီးစေသော အမူအကျင့် ( ၉ ) ချက်  

*နံနက်စာ မစားသုံးခြင်း။*
နံနက်စာ မစားတဲ့သူတွေ ဟာ သွေးထဲမှာ သကြားဓာတ်ပမာဏနည်းပါးတတ်ပါတယ်။သကြားဓာတ်
ပမာဏ နည်း လို့ ဦးနှောက်ကို လုံလောက်တဲ့ အဟာရ မပံ့ပိုးပေးနိုင်လို့
ဦးနှောက်ကို ယိုယွင်းစေပါတယ်။
*
**အစားအလွန်အကျွံစားသုံးခြင်း။*
အစာကို အလွန် အကျွံစားသုံးတဲ့အခါ ဦးနှောက်သွေးလွတ်ကြောကို မာစေပြီး
စိတ်စွမ်းအားကို လျော့ကျ စေပါ တယ်။
*
**ဆေးလိပ်သောက်ခြင်း။*
ဦးနှောက်ကို ကျုံစေလို့ အယ်လ်ဇိုင်းမားရောဂါဖြစ်ပွားစေတတ်ပါတယ်။

*သကြားအများအပြားစားသုံးခြင်း။*
သကြားစားသုံးမှုများလွန်တာဟာ ပရိုတိန်းနဲ့ အာဟာရဓာတ်တွေ စုပ်ယူမှုကို
အဟန့်အတားဖြစ်စေလို့ အာဟာရ ဓာတ် ချို့ တဲ့ပြီး ဦးနှောက်ဖွံ့ဖြိုးမှုကို
အနှောင့် အယှက်ဖြစ်စေပါတယ်။

*လေထုညစ်ညမ်းခြင်း။*
ခန္ဒာကိုယ်ထဲမှာ ဦးနှောက်ဟာ အောက်စီဂျင်ကို အများဆုံးသုံးစွဲသူဖြစ်ပါတယ်။
ညစ်ညမ်းတဲ့ လေထုကို ရှူလိုက် တဲ့ အခါ ဦးနှောက်ကို
အော်စီဂျင်ပို့လွှတ်မှုလျော့နည်းသွားလို့ ဦးနှောက်စွမ်းရည် လျော့ကျမှုဖြစ်ပွားတတ်
ပါ တယ်။

*အိပ်ရေးပျက်ခြင်း။*
အိပ်စက်တာဟာ ဦးနှောက်ကို အနားရစေပါတယ်။တာရှည် အိပ်ရေးပျက်တာဟာ ဦးနှောက်ဆဲလ်တွေ သေဆုံးမှုကို တိုးပွားစေပါတယ်။

*ခေါင်းစွပ်နှင့်အိပ်ခြင်း။*
ခေါင်းစွပ်နှင့် အိပ်စက်တာဟာ ကာဗွန်ဒိုင်အောက်ဆိုဒ် စုစည်းမှုကိုတိုးမြင့်စေပြီး
အောက်စီဂျက်စုစည်းမှုကို လျော့ကျစေတဲ့အတွက် ဦးနှောက်ပျက်စီးမှုကို
ဖြစ်စေနိုင်ပါတယ်။

*နေမကောင်းစဉ် ဦးနှောက်ကို အလုပ်ပေးခြင်း။*
နေမကောင်းတုန်း အလုပ်တို ပင်ပင်ပန်းပန်းလုပ်မယ်၊ စာကြိုးစားမယ်ဆိုရင်
ဦးနှောက်စွမ်းရည်လျော့ကျပြီး ဦးနှောက် ကို ထိခိုက်စေပါတယ်။
*
**နိုးကြားတဲ့ အတွေးအခေါ်မရှိခြင်း။*
ဦးနှောက်ကို လေ့ကျင့်ပေးဖို့ တွေးခေါ်တာဟာ အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။
ဦးနှောက်ကို နှိုးဆွတဲ့ အတွေးအခေါ်မရှိတာဟာ ဦးနှောက်ကျုံတတ်ပါတယ်။

Credit   -  Shin Thant May


*နံနက်စာ မစားသုံးခြင်း။*
နံနက်စာ မစားတဲ့သူတွေ ဟာ သွေးထဲမှာ သကြားဓာတ်ပမာဏနည်းပါးတတ်ပါတယ်။သကြားဓာတ်
ပမာဏ နည်း လို့ ဦးနှောက်ကို လုံလောက်တဲ့ အဟာရ မပံ့ပိုးပေးနိုင်လို့
ဦးနှောက်ကို ယိုယွင်းစေပါတယ်။
*

Thursday, September 6, 2012

TB ဆေးမတိုးတာ ပိုဆိုးလာ


 
TB ရောဂါဆေးမတိုးမှု့ ပြင်းပြင်းထန်ထန် ဖြစ်တဲ့အဆင့် ကမ္ဘာတဝှမ်းမှာ အများကြီးတိုးပွားလာတာကို အမေရိကန်နိုင်ငံမှာလုပ်တဲ့ လေ့လာမှု့အသစ်တခုမှာ တွေ့ရှိလိုက်ပါတယ်။

Singapore, USA ဆေးပညာ၊ ဆရာဝန်၊ သူနာပြုများနှင့် CT Scan






ကျွန်ုပ်ခေါင်းမူးရောဂါရှိသည်။ လူတိုင်း ခေါင်းမူး၊ ခေါင်းကိုက်၊ ခေါင်းကိုက်၊ ခေါင်းခဲ စသဖြင့် ဦးခေါင်းရောဂါ အနည်းနှင့်အများ ခံစားဖူးကြသည် ပင်ဖြစ်သည်။ အများအားဖြင့် ပင်နဒေါ၊ ဘတ်စပရို၊ ပါရာစီတမော့ စသည့် အက်စပရင်ဆေးများ၊ တိုင်းရင်းဆေးများကို စားလိုက်ပါက သက် သာသွားလေ့ရှိပါသည်။

Wednesday, September 5, 2012

တင်ပါးကြီးခြင်းသည်ကျန်းမာရေးအ တွက်ကောင်း





တင်ပါးကြီးခြင်းသည် ကျန်းမာရေးအတွက် ကောင်းကြောင်း လေ့လာချက်အသစ်အရ သိရသည်။ တင်ပါးနှင့် ပေါင်လုံးကြီးခြင်း သည် ဗိုက်ပူခြင်း ထက်စာလျှင် ကျန်းမာရေးကို ဆိုးရွားစေသော ကိုယ်လက်စထရော အမျိုးအစားကို လျော့နည်းစေပြီး သွေးလွှတ်ကြော နံရံများ မာကြောမှုကို ကာကွယ်ပေးသည့် ကျန်းမာရေးအတွက် ကောင်းသော ကိုယ်လက်စထရော အမျိုးအစားကို မြင့်တက်စေကြောင်း လေ့လာချက် အသစ်များအရ သိရသည်။

Tuesday, September 4, 2012

မိခင်လောင်းတို့သိစေဖို့


 

Michael Clancy သည် USA Today Newspaper အတွက် "- "မွေးရာပါကျောရိုးအမြှေးကျွံခြင်း" ကိုခွဲစိတ်ပြုပြင်ပုံအဆင့်ဆင့်ကို မှတ်တမ်းတင်ရန် ခွဲစိတ်ခန်းထဲသို့ ရောက်ရှိနေသည်။ ခွဲစိတ်မှု ကို သားအိမ်အ တွင်း မှာသာပြုလုပ်မည်ဖြစ်၏။ ကိုယ်ဝန်မှာ 21 ပတ်သာရှိသေးသည်။ အခန့်မသင့်လျှင်ကလေးသေသွား

Thursday, August 30, 2012

သား အိမ်ခေါင်း ကင်ဆာ ဆိုတာ



လူတွေအသိများတာက သားအိမ်ကင်ဆာလို့ ခေါ်ကြတယ်။ အမှန်တကယ်တော့ သားအိမ်လည်တံကင်ဆာ (သို့) သားအိမ် ခေါင်း ကင်ဆာလို့ခေါ်ပါတယ်။ အပေါ်ပိုင်းမှာရှိတဲ့ သားအိမ်ရဲ့ ကိုယ်ထည်မဟုတ်ပါဘူး။ သားအိမ်ကိုယ်ထည်ကလည်း သူ့ဟာသူ သီးခြားကင်ဆာဖြစ်နိုင်ပါတယ်။ စာရင်းဇယားအရ မြန်မာနိုင်ငံမှာ ရှိတဲ့ အမျိုးသမီးတွေ အဖြစ်အများဆုံးကင်ဆာဖြစ်ပါတယ်။

Saturday, August 25, 2012

ညီမလေးများမမများသိစေဖို့

 



 
ရောဂါရှိသူများ ပဋ္ဋိသန္ဓေတားဆေး မစားသင့်ပါ

ကျောက်ကပ်ဝေဒနာသည်များဝမ်းမြောက်ဖွယ်


ကျောက်ကပ်ဝေဒနာခံစားနေရသူများမှာ လူလည်းပင်ပန်း၊ငွေကြေးကုန်ကျမှု့ များပြားသော ရောဂါတစ်ခုဖြစ်ပါသည်။ သိန်းထောင်ချီ၍
ချမ်းသာသောသူပင် ဒေ၀ါလီ ခံ ရသော ရောဂါ ပါ ။ ကျောက်ကပ်ဆေးနေရသူများမှာ လူလည်းနာ ငွေလဲကုန်လှပါသည်။အချိန်အခိုက်အတန့်တခုသာ
ထိန်းထားနိုင်ပြီး မရဏမင်းထံ သွားရသည်သာများပါသည်။

မြန်မာ မိန်းကလေးငယ်များ ယမကာ သောက်သုံးမှုများလာ



ရန်ကုန် ည အချိန် စားသောက်ဆိုင်အနီး လမ်းပေါ်တွင် ဘီယာခွက် သယ်သွားသည့် မိန်းကလေးငယ် တဦး (ဓာတ်ပုံ – Reuters)

ဆယ်ကျော်သက် အရွယ် မြန်မာ အမျိုးသမီးငယ်များ ၏ မူးယစ်စေတတ်သော အဖျော်ယမကာ သောက်သုံးမှုနှုန်းမှာ ယခုနှစ် အနည်းငယ် အတွင်း တဖြည်းဖြည်းမြင့်တက်လာနေကြောင်း ပြည်တွင်း လူမှုရေးအဖွဲ့တဖွဲ့မှပြုလုပ်သည့် စစ်တမ်းတခုက ဆို သည်။

နိုင်ငံတော်၊ မဏ္ဍိုင်ကြီးသုံးရပ်နှင့် သားရွှေအိုး ထမ်းခြင်း



၂၀၀၈ ခုနှစ်တွင် အတည်ပြု ပြဋ္ဌာန်းခဲ့သော နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ နိုင်ငံတော်၏ အချုပ်အခြာ အာဏာ သုံးရပ်ကို ၂၀၁၀ ပြည့်နှစ်တွင် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ တစ်ရပ် ကျင်းပပြီးနောက် တသီးတခြားစီ ပိုင်းခြား ကျင့်သုံးခဲ့သည်မှာ ယနေ့ဆိုလျှင် တစ်နှစ်နှင့် ခြောက်လ နီးပါး ရှိနေပြီဖြစ်ပါသည်။ ဒီမိုကရေစီ စနစ်ကို အကောင်အထည် ဖော်ရန်

KIA ၏ စစ်ရေးလှုပ်ရှားမှုများ အစိုးရ၏ နောက်တန်း စခန်းဖက် ဦးတည်လာ





ကချင်ပြည် လွတ်မြောက်ရေး တပ်မတော် (KIA) သည် အစိုးရ၏ နောက်တန်း စခန်းဖက်ကို ပိုမို စစ်ဆင်လာနေ သည်ဟု KIA တပ်မှူးတဦး ကပြော ပါသည်။

ယမန်နေ့၌တိုက်ပွဲ(၅)ကိမ် ဖြစ်ပွားခဲ့ရာတွင်အများစုသည်လိုင်ဇာစစ်ဌာနချုပ် နှင့်ဝေးသောအစိုးရ၏ှရှေ့တန်းတပ်ဖွဲ့၏ ထောက်ပို့လမ်းကြောင်း နေရာများ၌
ဖြစ်ပွားခဲ့ပါသည်။ တိုက်ပွဲသည် ကေအိုင်အေ တပ်မဟာ (၂) မှ တပ်ရင်း (၅) တပ်ဖွဲ့ သည် မိုညင်းခရိုင် မြို့လှမြို့နယ်ခွဲ ပန်ခေါန်ယန်ရွာတွင် အစိုးရခလရ ၂၇၄ တပ်ဖွဲ့နှင့် တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု KIA ဖက်ကဆိုပါသည်။

Thursday, August 23, 2012

ပျော်ရွှင်ဆင်နွှဲ ဟင်္သာတ တက္ကသိုလ် ကာယဗလမောင်၊ ကာယအလှမယ်ပြိုင်ပွဲ

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့ တွင်တည်ရှိ သည့် ဟင်္သာတ တက္ကသိုလ် ၏ ၂ဝ၁၁-၂ဝ၁၂ ပညာ သင်နှစ် ကာယ ဗလမောင်၊ ကာယအလှမယ်ပြိုင်ပွဲ ကို သြဂုတ် ၁၈ရက်က ဟင်္သာတ တက္ကသိုလ် ရွှေ ဟင်္သာခန်းမကြီး၌ စည်ကားစွာ ကျင်းပခဲ့သည်။
ပြိုင်ပွဲသို့ ဘာသာရပ်အသီးသီးမှ ကာယဗလမောင် ၉ ဦးနှင့် ကာယအလှ မယ် ၁၄ ဦး ပါဝင်ယှဉ်ပြိုင်ကြ သည်။

Friday, August 17, 2012

အားဖြည့်အချိုရည်နှင့် အရက် တွဲဖက် သောက်သုံးခြင်းကြောင့် ကျန်းမာရေးထိခိုက်နိုင်


အားဖြည့်အချိုရည်နှင့် အရက် တွဲဖက် သောက်သုံးခြင်းကြောင့် ကျန်းမာရေးထိခိုက်နိုင်အားဖြည့် အချိုရည်များကို အရက်ဖြင့် တွဲဖက် သောက်သုံးခြင်းသည် ကျန်းမာရေးအတွက် ဆိုးကျိုးများ ဖြစ်ပေါ်စေနိုင်ကြောင်း သိရှိရသည်။

Thursday, August 16, 2012

စိတ်ခံစားမှု ကောင်းစေမည့် အချက် ၁၀ ချက်


·

ဘဝမှာ နေ့စဉ်ကြုံတွေ့နေရတဲ့ ပြဿနာတွေကြောင့် စိတ်ရှုပ်ထွေးမှု တွေကတော့ ကြုံတွေ့ရတတ်ပါတယ်။ ဒါတွေကို အကြာကြီး အချိန်ဆွဲ မထားဘဲ အောက်ပါ နည်းလမ်းတွေကို သုံးကြည့်ပါ။  ငါးမိနစ်လောက်နဲ့ စိတ်ခံစားမှု ကောင်းလာ နိုင်ပါတယ်။

Wednesday, August 15, 2012

Samsung Galaxy S3 ကို Root လုပ်ကြည့်ရအောင်



ကြိုတင်လိုအပ်ချက်။ ။

* Root မလုပ်ခင် မိမိ Computer ပေါ်တွင်အောက်ပါ Link မှ Driver ကို Install လုပ်ပါ။

ဆာကိုဇီးကသူ့နိုင်ငံမှာခါင်းမြှီးခြုံရန်မလိုကြောင်းအမိန့်ပေး



အများပြည်သူဆိုင်ရာနေရာများ
တွင် ၊ မူဆလင်အမျိုးသမီးများ ဘူးရ်ကာ(burqa) ခေါ် ခေါင်းမြီးခြုံ ဝတ်ရုံဝတ်ဆင်ခြင်းမှ တားမြစ်ရန် မိန့်ကြားလိုက်ကြောင်း ၊

အချိုမှုန့်စားသုံးခြင်း၏ဆိုးကျိုးများ




မြန်မာလူမျိုးတွေဟာ ၁၉၇၃ ခုနှစ်လောက်ကထိ အချိုမှုန့် လုံးဝ မသုံးခဲ့ဘူး။ အချိုမှုန့်အစား ပုဇွန်ခြောက်တို့၊ ငပိတို့၊ ကြက်သွန်နီတို့ကိုသာ သုံးခဲ့ကြပါတယ်။ အဲဒီလို အသုံးပြုခဲ့တုန်းက ကင်ဆာ၊ ဆီးချို၊ သွေးချို၊ အရိုးပွ၊ သွေးတိုးတို့လို ရောဂါမျိုးဖြစ်တဲ့သူ အရမ်းနည်းပါတယ်။ နောက်ပြီး မှတ်ဉာဏ်နဲ့ပတ်သက်ပြီးလည်း