Edit This Menu
Friday, March 29, 2013
မြောက်ပိုင်းခြိမ်းခြောက်မှု တောင်ကိုရီးယားလူထု စစ်ရေးဖြင့် တုန့်ပြန်လို
အိမ်နီးချင်းမြောက်ကိုရီးယားရဲ့ နေ့စဉ်ခြိမ်းခြောက်မှုကို ခံနေရ တဲ့ တောင်ကိုရီးယား နိုင်ငံကစစ်တမ်းတခုမှာ စစ်ရေးနဲ့တုံ့ပြန်ဖို့ အများစုကလက်ခံတာကို
တွေ့ရပါတယ်၊ Gallup Korea က ပြီးခဲ့တဲ့
သီတင်းပါတ်အတွင်းလုပ်ခဲ့တဲ့ စစ်တမ်းမှာ မြောက်ကိုရီးယား ဖက်က ရန်စတဲ့
အနေနဲ့အတိုင်းအတာ တခုအထိ တိုက်ခိုက်မယ် ဒါမှမဟုတ် လုံးဝစစ်ပွဲကို စတင်မယ်လို့ စစ်တမ်းကောက်တဲ့ ထက်ဝက်နီးပါးက တုံ့ပြန်ပါတယ်၊ မြောက်ကိုရီးယား ဖက်က
စစ်ရေးရန်စမှုတွေကို တောင်ကိုရီးယားတပ်ဖက်က ၁၀ ဆပြန်ပြီး
လက်တုံ့ပြန် မယ်ဆိုတဲ့ စစ်အရာရှိတယောက်ရဲ့ ပြောကြားချက်ကို ၇၀
ရာခိုင်နှုန်းကျော် က ထောက်ခံခဲ့ကြပါတယ်၊ တချိန်ထဲ မှာပဲ
မြောက်ကိုရီးယားရဲ့ရန်ကို တိုက်ရိုက် ကာကွယ်တားဆီးတဲ့အနေနဲ့ ကိုရီးယား
ကျွန်းဆွယ်ကို စစ်လေယာဉ်တွေ စေလွှတ်ခဲ့တယ်လို့ အမေရိကန်စစ်တပ်ကပြောပါတယ်။
မြန်မာသမ္မတမိန့်ခွန်း အမေရိကန်ကြိုဆို
မြန်မာနိုင်ငံတွင်း အကြမ်းဖက်မှုတွေကို အစိုးရက ကိုင်တွယ်ဖြေရှင်း ရာမှာ
ဥပဒေနဲ့အညီ လူ့အခွင့်အရေး စံနှုန်းစံထားတွေ ကိုပါ လေးစား လိုက်နာဖို့
အမေရိကန်ပြည်ထောင်စုက တိုက်တွန်းပါ တယ်။ မကြာခင်က ဖြစ်ခဲ့တဲ့ လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်းတွေနဲ့ ပတ်သ က်လို့ အပြန်အလှန်လေးစားမှုနဲ့ သည်းခံစိတ်မွေးဖို့ သမ္မတ ဦးသိန်းစိန် ရဲ့ နိုင်ငံတ၀ှမ်း ပြောတဲ့ မိန့်ခွန်းကိုလည်း အမေရိကန်ပြည်ထောင်စုက ကြိုဆိုခဲ့ပါတယ်။ အပြည့်အစုံကို ကိုသားညွန့်ဦးက တင်ဆက်ပေးမှာပါ။
ပြည်ထဲရေးဌာနသည် ပဋိပက္ခများဖြေရှင်းရာတွင် ထိရောက်ရန်လိုအပ်ဟု ၈၈မျိုးဆက်ကျောင်းသားများပြော
၈၈မျိုးဆက်
ကျောင်းသားများအနေဖြင့်တူညီသည့် ဘာသာဝင်များအကြား
သွေးထိုး လှုံ့ဆော်မှုများ၊ အကြမ်းဖက်သတ်ဖြတ်မှုများအား လက်ခံမည်မဟုတ်ကြောင်း၊
ဒေသ အသီးသီးရှိဘာသာရေး၊ လူမှုရေး၊ အရပ်ဖက် အဖွဲ့အစည်းများစုစည်းပြီး
ပဠိပက္ခများကို ကြိုတင်ကာကွယ်တားဆီးကြရန်၊
ဘာသာရေးခေါင်းဆောင်များ၊ နိုင်ငံတော် တာဝန်ရှိသူများမှ ပဠိပက္ခများ
အမြန်ဆုံး ရပ်တန့်ရာတွင် ပါဝင်ပူးပေါင်းကြရန်နှင့် ပဠိပက္ခများအား
ဖြေရှင်းရာတွင် ပြည်ထဲရေးဌာန၏ လုပ်ပိုင်ခွင့်နှင့် ပဋိပက္ခဖြေရှင်းရာ တွင်
ထိရောက်ထက်မြက်ရန် လိုအပ်ကြောင်း ကိုဂျင်မီမှ ရှင်းလင်း ပြောကြားသည်။
Subscribe to:
Comments (Atom)