Showing posts with label သတင်း. Show all posts
Showing posts with label သတင်း. Show all posts

Thursday, January 10, 2013

မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ်တွင် မီးလောင်မှုဖြစ်ပွားလျက်ရှိ



မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် ရှိ အောင်သုခဓမ္မာရုံအနီးယနေ့ နံနက် (၁၀) ခွဲ ခန့် တွင် မီးလောင်မှုဖြစ်ပွားလျက်ရှိကြောင်းသိရသည်။သတင်းအပြည့်အစုံကို ဆက်လက် ဖော်ပြသွားမည်ဖြစ်ပါသည်။

မန်းကိုကို
Yangon Media Group

Wednesday, January 9, 2013

KIA တပ်ရင်း (၂၄) ၏ ရှေ့ကာ ကင်းပွိုင့် တခု လက်လွှတ်လိုက်ရ


KIA တပ်ရင်း (၂၄) ၏ ရှေ့ကာ ကင်းပွိုင့် တခု လက်လွှတ်လိုက်ရ

KIA 120 mm 02ဗန်းမော်-လိုင်ဇာလမ်းကြောင်း ဖွန်းပျဉ်ဘွမ်ရှိ ကချင်ပြည်လွတ်လပ်ရေး တပ်မတော် KIA အမှတ် (၂၄) တပ်ရင်း၏ ရှေ့ကာ ကင်းစခန်း တခုယနေ့ ညနေ (၃) နာရီအချိန်ခန့်က လက်လွှတ် လိုက်ရကြောင်း KIA စစ်ရုံးချုပ် အရာရှိ တဦးက ပြောသည်။

မြေပုံမြို့မှ ဘင်္ဂါလီများ လူမျိုးအ မည်အ မျိုးမျိုးခံယူ မှုများ ရှိနေသည်ဟုဆို



မြေပုံမြို့ရှိဘင်္ဂါလီများအား၁၉၈၂ဥပဒေအရစစ်ဆေးမှုများပြုလုပ်လျှက်ရှိရာလူမျိုးနေရာတွင်အမည်အမျိုးမျိုးခံယူ
လျက်ရှိနေ ကြောင်းသိရသည်။

မြေပုံမြို့မှ ဘင်္ဂါလီများ လူမျိုးအ မည်အ မျိုးမျိုးခံယူ မှုများ ရှိနေသည်ဟုဆို



မြေပုံမြို့ရှိဘင်္ဂါလီများအား၁၉၈၂ဥပဒေအရစစ်ဆေးမှုများပြုလုပ်လျှက်ရှိရာလူမျိုးနေရာတွင်အမည်အမျိုးမျိုးခံ
ယူလျက်ရှိနေ ကြောင်းသိရသည်။

ကက်ရှ်မီးယားမှာ အိန္ဒိယနဲ့ပါကစ္စတန် တိုက်ခိုက်မှုဖြစ်


 
အိန္ဒိယနဲ့ပါကစ္စတန် နယ်စပ်စစ်ဆေးရေးဂိတ်တခု။

အိန္ဒိယနဲ့ ပါကစ္စတန် နှစ်နိုင်ငံ ပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ ကက်ရှ်မီးယားဒေသ နယ်စပ်တနေရာမှာ ပါကစ္စတန်ဘက်က ပစ်ခတ်မှုကြောင့် အိန္ဒိယတပ်သား နှစ်ဦး ကျဆုံးတယ်လို့ အိန္ဒိယဘက်က ပြောဆိုလိုက်ပါတယ်။

ကာကွယ်ရေးဝန်ကြီးအဖြစ် သမ္မတအမည်တင်တဲ့ မစ္စတာ Hagel


ဒီမိုကရက်သမ္မတ အိုဘားမားက ရီပတ်ဘလီကင်ပါတီ အထက်လွှတ်တော်အမတ်ဟောင်း Chuck Hagel ကို ကာကွယ်ရေးဝန်ကြီးအဖြစ် အမည်စာရင်းတင်သွင်းလိုက်ပါတယ်။

Monday, December 31, 2012

KIA ခေါင်းဆောင် များအား အကြမ်း ဖက်သောင်းကျန်း သူများအဖြစ် ပြတ်ပြတ် သားသား အရေးယူသင့်



KIA အဖွဲ့အစည်းအနေဖြင့် ၂၀၁၁ ခုနှစ် ဇွန်လမှစတင်ပြီး အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ချိုးဖျက်ကာ တိုင်းရင်းသားရွာများ အနီးတဝိုက်တွင် မိုင်းထောင်ခြင်း၊ ရထားလမ်း၊ ကားလမ်း၊ တံတားများအား မိုင်းခွဲဖျက်ဆီးခြင်း၊ အပြစ်မဲ့ဒေသခံပြည်သူ လူထုအား အကြောင်းမဲ့ ပစ်ခတ် သတ်ဖြတ်ခြင်း၊ ကချင်ပြည်နယ်အတွင်းရှိ ဒေသခံတိုင်းရင်းသားလူမျိုး (ယောက်ျား/မိန်းမ)များအား အတင်းအဓမ္မ

ဒီဇင်ဘာလ ၂၉/၃၀ ရက်နေ့ တိုက်ပွဲ များတွင် KIA အဖွဲ့ဝင် ၁၅၀ ကျော်ကျဆုံး

Photo: a rare historic photo of KIA fighters praying  before going to battlefield

 
တပ်ချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်မှ KIA အဖွဲ့အား လမ်းကြောင်းရှင်းမည့်အကြောင်း ပေးပို့ခဲ့သည့် ဒီဇင်ဘာလ ၂၃ ရက်နောက်ပိုင်းတွင် KIA အဖွဲ့မှ စစ်ရေးပြင်ဆင်မှုများ ပြုလုပ်ခဲ့ပြီး အစိုးရတပ်များ ရိက္ခာသယ်ယူနေခြင်းအား တိုက်ခိုက်ခဲ့ပါ သည်။ အစိုးရတပ်များမှ ဒီဇင်ဘာလ ၂၅ ရက်နေ့မှ စပြီး ပြန်လည်တိုက်ခိုက်ခဲ့ရာမှ တိုက်ပွဲများပိုမိုပြင်းထန် လာခဲ့သည်။

HIV ပိုးနှင့်မလိုချင်သော ကိုယ်ဝန်အားတားဆီးနိုင်သောဖိုက်ဘာမျှင်


HIV ပိုးနှင့်မလိုချင်သော ကိုယ်ဝန်အားတားဆီးနိုင်သောဖိုက်ဘာမျှင်

မလိုချင်သော ကိုယ်ဝန်တား ခြင်းနှင့် HIV ပိုးကူးစက်ခြင်းမှ တားပေးခြင်းစသောကိစ္စနှစ်ရပ် အား တပြိုင်တည်းပြေလည်စေသော နည်းမှာ ကွန်ဒုံးအသုံးပြုခြင်းပင် ဖြစ် သည်။ သို့သော် ကွန်ဒုံးမှာလည်း အခြေအနေအရပ်ရပ်တွင် အဆင်မ ပြေကဲ့သို့ လူကြိုက်လည်းမများခဲ့ပေ။ ယခုအခါဝါရှင်တန်တက္ကသိုလ်မှယင်း ပြဿနာနှစ်ရပ်လုံးအားတစ်ပြိုင်ထဲ ဖြေရှင်းပေး နိုင်မည့်အခြားနည်းတစ်ခု ကို တီထွင်နိုင်ခဲ့လေသည်။ ယင်းကဲ့ သို့ တီထွင်နိုင်ခဲ့သည့်အတွက် ဝါရှင်တန် တက္ကသိုလ် မှ လေ့လာသူ များအား ဘေလ်နှင့်မီလင်ဒါဂိတ် အဖွဲ့အ စည်းမှ ဒေါ်လာ ၁သန်းဆုချီးမြင့်ခဲ့လေသည်။ ယင်းပစ္စည်းမှာ ဗို့အားမြင့်ချည်ငင်စက် မှထုတ်လုပ်ထားသောအဝတ်ဖြစ်ပြီး ယင်း အဝတ်မှာ နာနိုအရွယ်အစားဖိုက်ဘာ မျှင်များဖြင့် ထုတ်လုပ်ထား၍ ယင်း ဗိုက်ဘာမျှင်များမှာလည်း လူ၏ခန္ဓာ ကိုယ်အပူချိန်တွင် ပျော်ဝင်ကာ သန္ဓေ တားဆေးများ၊HIV တားဆေးများထုတ် ပေးနိုင်သည်။ ယင်း ဖိုက်ဘာမျှင်များ ဖြင့်ရက်လုပ်ထားသောအဝတ်မှာ ဈေး ပေါပြီးသီးခြားဆန်ကာ၊ ကိုယ်ဝန်လို ချင်သောအချိန်တွင် အချိန်မရွေးပြန် ရနိုင်ပေသည်။ ဗို့အားမြင့်ချည်ငင်စက် ဆိုသည်မှာ လျှပ်စစ်လှိုင်းကို အသုံးပြု ၍လျှပ်စစ်မှုန်များ ပါဝင်သောအရည် ကို အရှိန်အဟုန်မြှင့်ညစ်ထုတ်၍ သေးငယ်သော နာနိုဖိုက်ဘာမျှင်များ ထုတ်လုပ်ပေးနိုင်သော စက်ဖြစ်သည်။ ယင်းဖိုက်ဘာမျှင်များသည် ဆေးများ ကို သိုလှောင်ထားနိုင်ရုံသာမက ဆေး များကို ခန္ဓာကိုယ်တွင်းသို့ ပို့ဆောင်ရာ တွင်လည်း အခြားသော ဂျယ်များ၊ ဆေးလုံးများ၊ ဆေးပြား များထက် ပို၍ အကျိုးသက်ရောက်မှု ရှိသည်။ ထို့ပြင် အခြားသောနည်းများဖြင့် ပို့ဆောင် လျှင် လုပ်ဆောင်ရန် ခက်ခဲသောခန္ဓာ ကိုယ်တွင်းမှ မော်လီကျူးကြီးများ ဖြစ် ကြသည်။ ပရိုတင်းများ၊ အန်တီဘော် ဒီ များနှင့်လည်းတစ်သားတည်းပူးပေါင်း လုပ်ဆောင်နိုင်လေသည်။ လေ့လာ သူများက ပထမအနေဖြင့် HIV ကာ ကွယ်ဆေး antiretroviral ဆေးများ အား FDA မှ ခွင့်ပြုထားသောပိုလီမာ ဖြင့် ရောနှော၍ ဆေးထိုးအပ်မှတစ်ဆင့် ထုတ်နိုင်သောပျစ်ချွဲသည် အရည် ဖြစ်သည်အထိ ဖျော်လိုက်သည်။ ထို့ နောက် ယင်းအရည်များကို ဗို့အားမြင့် ချည်ငင်စက် ကို အသုံးပြု၍ဖိုက်ဘာမျှင် များရအောင် ပြုလုပ် လေသည်။ ယင်း ဖိုက်ဘာမျှင်များဖြင့်ပြု လုပ်ထားသော အဝတ်ကို ကိုယ်တွင်းသို့ မိန်းမကိုယ် မှတစ်ဆင့်တိုက်ရိုက်သော်လည်းကောင်း၊ သားအိမ်အား ထိန်းပေးထားသော ကွင်းများတွင်သော်လည်းကောင်းတပ် ဆင်အသုံးပြုနိုင်သည်။ ထိုအဝတ်မှာ ရုပ်ပိုင်းဆိုင်ရာအရ သုက်ပိုးများမဝင် နိုင်အောင် တားဆီးပေးနိုင်သကဲ့ သို့ ပျော်ဝင်သွားပြီးနောက် ဆေးများကို ထုတ်ပေး၍လည်း HIV ပိုးနှင့်သန္ဓေ မရနိုင်ရန် တားပေးနိုင်သည်။ဖိုက် ဘာမျှင်တစ်မျိုးမှာထည့်ပြီး မိနစ်ပိုင်း အတွင်းပျော်ဝင်သွား၍မလိုလားအပ်သော သန္ဓေ နှင့်လိင်မှ တစ်ဆင့် ကူးစက်နိုင် သော ရောဂါများအား တားဆီးနိုင် ၍ နောက်ဖိုက်ဘာတစ်မျိုးမှာတဖြည်းဖြည်း ပျော်ဝင်ပြီး ရက်အနည်း ငယ်ကြာသည် အထိခံကာတဖြည်းဖြည်းဆေးကိုထုတ် လွှတ်ပေးပြီး HIV နှင့်ကိုယ်ဝန်ရခြင်း တို့အား ကာကွယ်ပေးသည်။
မိုင်ကိ 
Ref: MNT
Health Updates Journal


မလိုချင်သော ကိုယ်ဝန်တား ခြင်းနှင့် HIV ပိုးကူးစက်ခြင်းမှ တားပေးခြင်းစသောကိစ္စနှစ်ရပ် အား တပြိုင် တည်းပြေလည်စေသော နည်းမှာ ကွန်ဒုံးအသုံးပြုခြင်းပင် ဖြစ်သည်။ သို့သော် ကွန်ဒုံးမှာလည်း အခြေ အနေအရပ်ရပ်တွင် အဆင်မ ပြေကဲ့သို့

၂၀၁၁ ခုနှစ်မြန်မာ့ ရုပ် ရှင်ထူးချွ ဆုပေးပွဲ အခမ်းအနား ဆုရရှိသူ များစာရင်း


၁။ ၂၀၁၁ ခုနှစ်အတွက် အကောင်းဆုံး မြန်မာ့ရုပ်ရှင် ဓာတ်ပုံဆုကို ဦးတင့်ဆန်းမှ ပန်းကြာဝတ်မှုန် ရုပ်ရှင် ဇာတ်ကားဖြင့်ရရှိခဲ့သည်။

ထာဝရအလင်းတန်း’ ရုပ်ရှင် အကယ်ဒမီ ၈ ဆုရ



 

၂၀၁၁ ခုနှစ်အတွက် အကောင်းအဆုံး အမျိုးသမီး အကယ်ဒမီ ဆုရှင် မယ်လိုဒီ။ (ဒီဇင်ဘာလ ၃၀၊ ၂၀၁၂)။
 
 
လောလောလတ်လတ် ကျင်းပခဲ့တဲ့ ၂၀၁၁ ခုနှစ် အတွက် မြန်မာ့ ရုပ်ရှင် ထူးချွန်ဆု ပေးပွဲမှာတော့ တနှစ်လုံး အတွက် မြန်မာရုပ်ရှင်ကားကြီး ၁၅ ကား ရှိတဲ့ အထဲကနေ အကယ်ဒမီ ဆုတွေ ရွေးချယ် ပေးအပ်ခဲ့ပါပြီ။ ဒီအခြေအနေမှာ မြန်မာ့ ရုပ်ရှင် အဆင့်အတန်း၊ အခြေအနေနဲ့ အကယ်ဒမီ ဆုရွေးချယ်မှုကရော လွတ်လပ်မှု ရှိခဲ့ပါသလား ဆိုတာကို မသိင်္ဂီထိုက်က စုစည်း တင်ပြထားပါတယ်။

Wednesday, December 26, 2012

Chavez 'walking' after cancer surgery






Venezuelan officials have said Chavez might not return in time for his January 10 inauguration [Reuters]

Nicolas Maduro, Venezuela's vice president, has announced that President Hugo Chavez is up and walking two weeks after cancer surgery in Cuba, but the news did little to ease uncertainty surrounding the leader's condition.

Body found in home of US arsonist gunman




The gunfire initially kept firefighters from battling the blazes that burned down several houses [Reuters]

Police have found human remains in the burned-out home of the New York state ex-convict who killed two firefighters and believe the victim is the gunman's sister.

အငြင်းပွား ကျွန်းအနီး ဂျပန် တိုက်လေယာဉ်တွေစေလွှတ်

 

တရုတ်နိုင်ငံက ရေကြောင်းဆိုင်ရာ ထောက်လှမ်းရေး လေယာဉ်တစင်း ပျံသန်းနေတာကို ဂျပန်ကမ်းခြေစောင့်တပ်ဖွဲ့မှ ရိုက်ကူးထားသည့် မှတ်တမ်းပုံ။

ပိုင်ဆိုင်မှုအတွက် အငြင်းပွားနေတဲ့ အရှေ့တရုတ် ပင်လယ်ပြင်တွင်း ဂျပန်နိုင်ငံက တိုက်လေယာဉ်တွေ စေလွှတ်ခဲ့တဲ့နောက် တရုတ်နိုင်ငံက အရေးပေါ်

အိန္ဒိယ ရုန်းရင်းဆန်ခတ်မှုအတွင်း ဒဏ်ရာရ ရဲတပ်ဖွဲ့ဝင် သေဆုံး


 
 
အိန္ဒိယ ဆန္ဒပြပွဲအတွင်း အထိကရုဏ်းနှိမ်နှင်းရေး ရဲတပ်ဖွဲ့ဝင်များကို တွေ့ရစဉ်။

အုပ်စုလိုက် အဓမ္မပြုကျင့်ခံခဲ့ရတဲ့ အသက် ၂၃ နှစ်အရွယ် ကျောင်းသူလေးရဲ့ အမှုနဲ့ ပတ်သက်ပြီး မကျေနပ်ကြတဲ့ လူထုကြီးရဲ့ ဆန္ဒပြပွဲအတွင်း အိန္ဒိယရဲ တဦး ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိခဲ့ပြီးနောက် - နယူးဒေလီဆေးရုံတရုံမှာ သေဆုံးသွားခဲ့ပါတယ်။

Tuesday, December 18, 2012

ပုဂ္ဂလိက လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးရေးဆောင်ရွက်ရန် ကမ်းလှမ်းထားသည့် ပြည်တွင်းပုဂ္ဂလိက ကုမ္ပဏီပေါင်း ၁၂ခုရှိပြီး တရုတ်၊ဂျပန်၊ကိုရီးယားကုမ္ပဏီများနှင့် ပူးပေါင်းကာ မဂ္ဂါဝပ် ၅၀၀ ၀န်းကျင် ထုတ်လုပ်နိုင်သည့် ဓာတ်အားပေးစက်ရုံ ၃ရုံကို တည်ဆောက်သွားမည်

Photo: ပုဂ္ဂလိက လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးရေးဆောင်ရွက်ရန် ကမ်းလှမ်းထားသည့် ပြည်တွင်းပုဂ္ဂလိက ကုမ္ပဏီပေါင်း ၁၂ခုရှိပြီး တရုတ်၊ဂျပန်၊ကိုရီးယားကုမ္ပဏီများနှင့် ပူးပေါင်းကာ မဂ္ဂါဝပ် ၅၀၀ ၀န်းကျင် ထုတ်လုပ်နိုင်သည့် ဓာတ်အားပေးစက်ရုံ ၃ရုံကို တည်ဆောက်သွားမည်

Tuesday, 18 December 2012
ပုဂ္ဂလိက လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးရေးလုပ်ငန်းများ ဆောင်ရွက်ရန် ကမ်းလှမ်းထားသည့် ပြည် တွင်း ပုဂ္ဂလိက ကုမ္ပဏီပေါင်း ၁၂ခုရှိပြီး အဆိုပါ ကုမ္ပဏီများသည် လကိရှိအချိန်တွင် ဒေသအချို့၌ လုပ်ငန်း ပိုင်းဆိုင်ရာ လေ့လာမှုများ ဆောင်ရွက်နေကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊လျှပ်စစ်စွမ်းအားဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဦးခင်မောင်ဇော်က ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် ပြောကြားခဲ့သည်။

လျှပ်စစ်ကဏ္ဍတွင် ပုဂ္ဂလိက ပါဝင်ဆောင်ရွက်နိုင်ခွင့်များကို ၂၀၁၂ခုနှစ်မှ စတင်ဆောင်ရွက်နေကြောင်း၊၂၀၁၃ခုနှစ်တွင် ပိုမိုတွင် ကျယ်လာမည်ဖြစ်ကြောင်း၊ပုဂ္ဂလိကပိုင်းမှ ကမ်းလှမ်းထားသည့် ကုမ္ပဏီ ၁၂ ခု သည် ယခုအခါ သက်ဆိုင်ရာ ဒေသတွင် Physical Study များ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရ သည်။

''လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးရေး လုပ်ငန်းတွေကို ပြည်တွင်းက ကုမ္ပဏီတွေကိုပေးမယ်ဆိုတာ အခုသတ်မှတ်ချက်က သူတို့တွေသည် ဖြန့်ဖြူးရေးပိုင်းမှာတင်မဟုတ်ဘူး။နွေရာသီမှာ လျှပ်စစ်ဓာတ်အား မလုံလောက်လို့ ဓာတ်အား လျော့ပေးရတဲ့ အခြေအနေမှာ ပြည်သူတွေကို လုံလောက်အောင်ပေးနိုင်ဖို့ ထုတ်လုပ်ရေးလုပ်ငန်းတွေကိုပါ လုပ်ရမယ်လို့ သတ်မှတ်ချက်ပေးထားပါတယ်''ဟု လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန၊လျှပ်စစ်စွမ်းအားဦးစီးဌာန၊ညွန်ကြားရေးမှူးချုပ် ဦးခင် မောင်ဇော်က ပြောကြားခဲ့သည်။

လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးခြင်းဆိုင်ရာ လုပ်ငန်းများကို အစိုးရမှ ကိုင်တွင်ဆောင်သည့် နိုင်ငံ များတွင် ရှားရှားပါးပါး မြန်မာတစ်နိုင်ငံသာ ကျန်ရှိတော့ကြောင်း၊သို့သော် လက်ရှိအချိန်တွင် ပုဂ္ဂလိက ပိုင်းမှ ပါဝင်ဆောင်ရွက်မှုကို မလွှဲမသွေ လက်ခံဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်မြို့တော် လျှပ်စစ် ဓာတ်အားပေးရေးအဖွဲ့မှ ဥက္ကဌ ဦးအောင်ခိုင်က ပြောကြားခဲ့သည်။

ထို့ပြင် တရုတ်၊ဂျပန်၊ကိုရီးယားကုမ္ပဏီများနှင့် ပူးပေါင်းကာ မဂ္ဂါဝပ် ၅၀၀ ၀န်းကျင် ထုတ်လုပ်နိုင်မည့် ဓာတ် အားပေးစက်ရုံ ၃ ရုံကို တည်ဆောက်သွားမည်ဖြစ်ကြောင်း ဦးခင်မောင်ဇော်က ဆက်လက် ပြောကြားခဲ့ သည်။

''လှော်ကားမှာ တရုတ်ကုမ္ပဏီ ချိုင်းနားဟိုက်ဒရိုလန်ချာနဲ့ ၅၅၀ မ ဂ္ဂါဝပ်တည်ဖို့ MOU ထိုးပြီး ဖြစ်ပါတယ်။သာကေတမှာ KV(Korea)နဲ့ ၅၀၀မဂ္ဂါဝပ် ဘသာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံတည်ဖို့ MOA ထိုးပြီး ဖြစ်ပါတယ်။သာကေမှာပဲ ဂျပန်နဲ့ ၅၀၀ မဂ္ဂါဝပ်တည်ဖို့ စီစဉ်ထားပါတယ်။နောက်တစ်ခုက ထိုင်းနိုင်ငံနဲ့ ပူးပေါင်းပြီး အလုံမှာ ၁၂၀ မဂ္ဂါဝပ် ထုတ်ဖို့ရှိပါတယ်။စုစုပေါင်း ၁၆၅၀ မဂ္ဂါဝပ်လောက် ၂၀၁၅- ၂၀၁၆မှာ သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံတွေ တည်ဆောက်ပြီး ဓာတ်အားပေးဖို့ရှိပါတယ်''ဟု  ဦးခင်မောင်ဇော်က ပြောကြားခဲ့သည်။

လက်ရှိ အချိန်တွင် မြန်မာနိုင်ငံလုံး၌ လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်မှု ၁၅၄၂.၃ မဂ္ဂါဝပ် ထုတ်လုပ်ပေး
နေပြီး နွေရာသီတွင် လျှပ်စစ်ဓာတ်အား လိုအပ်ချက်ပမာဏမှာ ၁၈၀၀ မဂ္ဂါဝပ် လိုအပ်လျက်ရှိကြောင်း  သိရှိရသည်။

လက်ရှိအချိန်တွင် ရန်ကုန်မြို့၏ လျှပ်စစ်ဓာတ်အားသုံးစွဲမှု ပမာဏမှာ ၇၃၈ မဂ္ဂါဝပ်ရှိပြီး နွေရာသီရောက် ရှိလာပါက ၈၅၀ မဂ္ဂါဝပ်အထိ သုံးစွဲကြောင်း သိရှိရသည်။

Eleven Media Group ပုဂ္ဂလိက လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးရေး လုပ်ငန်း များ ဆောင်ရွက်ရန် ကမ်းလှမ်းထားသည့် ပြည် တွင်း ပုဂ္ဂလိက ကုမ္ပဏီပေါင်း ၁၂ခုရှိပြီး အဆိုပါ ကုမ္ပဏီများသည် လကိရှိ

ဗိုလ်ချုပ်လမ်းနှင့် ဆူးလေဘုရားလမ်းဆုံရာ မီးပွိုင့် ယာဉ်တိုက်မှု


ဗိုလ်ချုပ်လမ်းနှင့် ဆူးလေဘုရားလမ်းဆုံရာ မီးပွိုင့်တွင် Suzuki Pickup ကားတစ်စီးနှင့် Toyota အိမ်စီးကားတစ်စီးတို့ ဒီဇင်ဘာလ ၁၈ ရက်နေ့ နေ့လည် ၂ နာရီ ၃၅ မိနစ်ခန့်က ယာဉ်တိုက်မှုဖြစ်ပွားရာ Suzuki Pickup ကားမှာ တိမ်းမှောက်သွားကြောင်း သိရသည်။ အဆိုပါ ယာဉ်တိမ်းမှောက်မှုကြောင့် ဒဏ်ရာရရှိသူမရှိကြောင်းလည်း သိရသည်။ ဗိုလ်ချုပ်လမ်းနှင့် ဆူးလေဘုရားလမ်းဆုံရာ မီးပွိုင့်တွင် Suzuki Pickup ကားတစ်စီးနှင့် Toyota အိမ်စီးကားတစ်စီးတို့ ဒီဇင်ဘာလ ၁၈

အမေရိကန်ပြည်တွင်း လက်နက်ထိန်းချုပ်ရေး

Photo: အမေရိကန်ပြည်တွင်း လက်နက်ထိန်းချုပ်ရေး

Tuesday, 18 December 2012
ဒီဇင်ဘာ ၁၄ရက် သောကြာနေ့က Connecticut ပြည်နယ် Newtown မြို့ကလေးက Sandy Hook မူလတန်းကျောင်းမှာ မူလတန်း ကျောင်းသားကျောင်းသူလေး ၂၀နဲ့ ကျောင်းအုပ်ဆရာမကြီး အပါအ၀င် ဆရာမ ၆ဦးကိုသေဆုံးစေခဲ့တဲ့ သေနတ်ပစ်ခတ်မှုဟာ အမေ ရိကန်သမိုင်းမှာ အဆိုးဝါးဆုံး ကြေကွဲဖွယ်ဖြစ်ရပ် တခုဖြစ်ပြီး ဒီဖြစ်ရပ်ကြောင့် အမေရိကန်နိုင်ငံ မှာ သေနတ်ကိုင်ဆောင်ခွင့် ထိန်း ချုပ်ရေးဆိုင်ရာ အခြေအတင် ဆွေးနွေးမှုတွေ တကျော့ပြန် တွေ့လာခဲ့ရပါတယ်။ ဒီလို အခြေအတင် ဆွေးနွေးမှု လုပ်သူ တွေရှိ နေသလို တချိန်မှာပဲ မေရီလန်းပြည်နယ် Baltimore မြို့မှာတော့ သေနတ်အစား တခြားပစ္စည်းတွေ ၀ယ်ယူဖို့ အလဲအလှယ်လုပ်တဲ့ အစီအစဉ် အတွက် တက်တက်ကြွကြွ ပါဝင်သူတွေက သူတို့ရဲ့ သေနတ်တွေကို လာအပ်နေကြတာပါ။ အပြည့်အစုံကိုတော့ ဒေါ်ခင်မျိုးသက် က ပြောပြပေးထားပါတယ်။

အမေရိကန်နိုင်ငံမှာ အခုလို ၀မ်းနဲကြေကွဲဖွယ် လူအများအပြား တပြိုင်ထဲ သေဆုံးမှု တခုကြုံလာတိုင်း နိုင်ငံသားတွေအတွက် ခွင့်ပြု ထားတဲ့ သေနတ်ကိုင်ဆောင်ခွင်ဆိုင်ရာ ပိုပြီးတင်းကြပ်တဲ့ ဥပဒေတွေ ထုတ်ပြန်ပြီး ထိန်းချုပ်လိုက်ရင် ဒီလိုသေနတ်နဲ့ ပစ်ခတ်မှုတွေ ပိုလျော့ပါးသွားလေမလားလို့ မေးခွန်းတွေ ထုတ်တတ်ကြပါတယ်။ ဒါပေမယ့် အဖြေကတော့ မရှိသေးပါဘူး။

အခုဖြစ်ပွါးခဲ့သလိုမျိုး သေနတ်နဲ့ ပစ်ခတ်သေဆုံးရမှု ဖြစ်ရပ်ဆိုးတွေ ဖြစ်ပွါးနေပေ မယ့် သေနတ်ကိုင်ဆောင်ခွင့် ဥပဒေကိုတိုးပြီး တင်းကြပ်ဖို့ လက်မခံသူ တွေဘက်က အနိုင်ရသွားတာ များပါတယ်။ အမေရိကန်နိုင်ငံမှာ အိမ်ထောင်စုအားလုံးပေါင်းရဲ့ သုံးပုံတပုံမှာ သေနတ်ပိုင်ဆိုင်သလို အစိုးရပိုင်းမှာဆိုရင်လည်း ထပ်တင်းကြပ်ဖို့ အဆိုပြုလိုက်တိုင်း သံသယတွေနဲ့ပဲ သံသရာလည်နေတာပါ။

သေနတ်ကိုင်ဆောင်ခွင့်ပြုထားတာဟာ ကိုယ့်ကိုယ်ကို ခုခံကာကွယ်ဖို့ ဖြစ်ပြီး ဒါဟာ အခြေခံ ရပိုင်ခွင့်ဖြစ်နေတယ်လို့ သေနတ်ကိုင် ဆောင်ခွင့် လိုလားသူတွေက ဥပဒေ ကိုထောက်ပြ ငြင်းဆိုကြပါတယ်။

Neil Kravitz ဟာ မေရီလန်ပြည်နယ်က လိုင်စင်ရ သေနတ်နဲ့ ကျည်ဆံ အရောင်းအ၀ယ်လုပ်သူတဦးပါ။

" အခုလိုပစ်ခတ်မှုဖြစ်ခဲ့ရတာဟာ အတော့်ကို ကြေကွဲဖို့ ကောင်းပါတယ်။ ဒီအမှုမှာ ဆိုရင် စိတ်မနှံ့သူတယောက်ရဲ့ လက်ထဲ သူ့အမေရဲ့ သေနတ်တွေ ရောက်သွားပြီး အခုလို သူများတွေကို လျှောက်ပစ်သတ်တဲ့ ဆိုးဝါးတဲ့ ရာဇ၀တ်မှုဖြစ်ခဲ့သလို ဒါက ကိုယ့်ကိုယ်ပိုင် သေနတ် အတွက် ကိုယ်တာဝန်ယူတဲ့ ကျွန်တော့်လိုလူနဲ့ သက်ဆိုင်တယ်လို့ ပြောလို့ မရပါဘူး။"

ဒီကိစ္စမှာ ပြဿနာ အရင်းခံက လူတဦးတယောက်ရဲ့ တာဝန်ခံနိုင်မှု က အဓိကလို့ သူက ယုံကြည်ပါတယ်။ သေနတ်ဆိုတဲ့ အရာကို မော်တော်ကားလို အသုံးတည့်တဲ့ အရာတခုအဖြစ် သူကသတ်မှတ်ပြီး တာဝန်ခံနိုင်မှု မရှိတဲ့ လူရဲ့ လက်ထဲရောက်သွားရင် သေစေနိုင်တဲ့ လက်နက်တခု ဖြစ်သွားနိုင်တယ်လို့ သူက ခံယူပါတယ်။

ဒါပေမယ့် Connecticut ပြည်နယ် အထက်လွှတ်တော် အမတ် Chris Dodd ကတော့ အခုလို လူတဦးတယောက်ရဲ့ တာဝန်ခံနိုင်မှု ပေါ်မူတည်ပြီး ကာလကြာရှည်စွာ ချမှတ်ခဲ့တဲ့ ဥပဒေတွေကနေ အမေရိကန် ကလေးငယ်တွေရဲ့ အသက်ကို ကာကွယ်နိုင်လောက်တဲ့ အနေအထား ရှိမရှိ မေးခွန်းထုတ်ခဲ့ပါတယ်။ ဒီနေရာမှာ တာဝန်ကို အားလုံးက စုပေါင်းပြီး ယူကြဖို့ပါ။

“ဒီကနေ့ အမေရိကန်နိုင်ငံမှာ နိုင်ငံသားတွေဟာ နေ့တိုင်း အန္တရာယ်ကြားမှာ သွားလာနေကြရတာပါ။ ဘာဖြစ်လို့လဲဆိုတော့ ကျည်ဆံအပြည့်နဲ့ သေနတ်တွေသယ်ပြီး လွတ်လွတ်လပ်လပ် သွားလာခွင့်တွေရနေလို့ဆိုတာကို တွေးမိတော့ ကျွန်တော်အတော့်ကို လန့်သွားပါတယ်။"

တချိန်ထဲမှာပဲ စနေနေ့က Maryland ပြည်နယ် Baltimore မြို့က ကုန်တိုက်ကြီးထဲမှာ မြို့နယ်အာဏာပိုင်တွေပါ ပါဝင်ဆောင်ရွက်တဲ့ သေနတ်နဲ့ တခြားပစ္စည်းလဲလှယ်ရေး အစီအစဉ် ကျင်းပခဲ့ပါတယ်။ ဒီအစီအစဉ်မှာ ပါဝင်လှုပ်ရှား လာသူ အများအပြားရှိပါတယ်။ ကိုယ်ပိုင်အဖြစ် မှတ်ပုံတင်ထားတဲ့သေနတ် ဒါမှမဟုတ် မှတ်ပုံတင်မရှိတဲ့ သေနတ်တွေကို ဒေသခံ တွေက ရဲတွေကိုအပ်ကြသလို သေနတ်လာအပ် သူတွေကို ရဲတွေက ဒေါ်လာတရာတန် ပစ္စည်းဝယ်ခွင့် လက်မှတ်တွေ ထုတ်ပေးပါတယ်။

"အခုလာပြီးအပ်တဲ့သေနတ်တွေ အားလုံးကို ကျွန်တော်တို့က မီးရှို့ဖျက်ဆီးဖို့ အစီအစဉ်ရှိပါတယ်။ Connecticut မှာ ဖြစ်သွားခဲ့တဲ့ ပစ်ခတ်မှုက သိပ်ကိုကြောက်စရာကောင်းပါတယ်။ ဒါမျိုး ထပ်ပြီး ဖြစ်တာမမြင်ချင်တော့ ပါဘူး။ အထူးသဖြင့် ကျွန်တော်တို့ရဲ့ ဒီ Baltimore မြို့မှာမဖြစ်စေချင်တာပါ။"

ရာသီဥတုက သိပ်ကို အေးနေပေမယ့် ဘယ်လ်တီမိုး မြို့ခံတွေဟာ စိတ်ရှည်လက်ရှည် တန်းစီပြီး သေနတ်တွေ အပ်နေကြပါတယ်။

"အခုလို လုပ်တာဟာ ကလေးတွေရှိတဲ့ အိမ်တွေမှာ ရှိနေတဲ့ သေနတ်တွေကို ဖယ်ပစ်ဖို့ အကောင်းဆုံး လုပ်ရပ်လို့ ကျမထင်ပါတယ်။ ကလေးရှိတဲ့ နေရာမှာ သေနတ် အနီးအနားမှာ ရှိနေတာမျိုးဟာ ဘယ်တော့မှ မကောင်းဘူး ဆိုတာ ကျမတို့ အားလုံး သိနေတာပဲလေ"

စနေနေ့ တနေ့ထဲမှာတင် သေနတ် အလက်ပေါင်း ၅၀၀ လောက် လာပြီး အပ်နှံခဲ့ကြတာပါ။ ဒီအစီအစဉ်ကို လုပ်ဖို့ ကမကထလုပ်တဲ့ သူကတော့ တခြား မြို့တွေမှာလည်း အလားတူ လုပ်ဖို့ ဆုံးဖြတ်ထားတယ်လို့ ဆိုပါတယ်။ Connecticut က ဖြစ်ရပ်ကို လက်တွေ့ မြင်ခဲ့ရတဲ့ ဒေသခံတွေ ကတော့ အမေရိကန်နိုင်ငံမှာ သေနတ်ကိုင်ဆောင်မှုကို ထိမ်းချုပ်ဖို့ လိုနေပြီ လို့ပြောဆိုကြသလို ဒီလိုဖြစ်ရပ်ဆိုး မဖြစ်သင့်ပဲ ဖြစ်ပွါးခဲ့ရတာအတွက် ဒေါ်သထွက်နေကြပါတယ်။

ဗွီအိုအေ ဒီဇင်ဘာ ၁၄ရက် သောကြာနေ့က Connecticut ပြည်နယ် Newtown မြို့ကလေးက Sandy Hook မူလတန်းကျောင်းမှာ မူလတန်း ကျောင်း

အစောဆုံးသော ကရင့်နှစ်သစ်ကူး ပွဲတော် သြစတြေးလျားနိုင်ငံ ဟိုဘတ်မြို့မှာ ကျင်းပပြီးစီး

Photo: အစောဆုံးသော ကရင့်နှစ်သစ်ကူး ပွဲတော် သြစတြေးလျားနိုင်ငံ ဟိုဘတ်မြို့မှာ ကျင်းပပြီးစီး

Tuesday, 18 December 2012
ကရင်သက္ကရာဇ် ၂၇၅၂ခုနှစ်အတွက် ကျရောက်တဲ့ ကရင်နှစ်သစ်ကူးနေ့ အခမ်းအနားကို အစောဆုံးဖြစ်အောင် ကြိုတင် ကျင်းပပြီးစီးသွားခဲ့ တာကတော့ သြစတြေးလျားနိုင်ငံ တောင်ဘက်ပိုင်းမှာ ရှိတဲ့ တက်စ်စမေးနီးယားပြည်နယ် Tasmania. ဟိုဘတ်မြို့ Hobartပဲ ဖြစ်ပါတယ်။ 

တက်စ်စမေးယားပြည်နယ် Tasmania.ဟာ အခြားသြစတြေးလျားနိုင်ငံရှိ ပြည်နယ်များတွင် ကရင်လူမျိုး အခြေချ ရောက်ရှိနေထိုင်မှု အနောက်ကျဆုံးနဲ့ ကရင်လူဦးရေ အနည်းဆုံးပြည်နယ် ဖြစ်ပြီး ကရင်နှစ်သစ်ကူးပွဲတော်ကိုလည်း ပထမဦးဆုံး အကြိမ် ကျင်းပပြုလုပ်ခဲ့ကြခြင်းလည်း ဖြစ်ပါတယ်။

အဆိုပါ ပွဲတော်ကို အဲဒီပြည်နယ်ရောက် တက်ကြွလှုပ်ရှားသူများနဲ့ အခြားပြည်နယ်က တက်ကြွလှုပ်ရှားသူတွေရဲ့ ကူညီပံ့ပိုးမှုနဲ့အတူ ပထမဦးဆုံးနဲ့ အစောဆုံးသော ကရင်နှစ်သစ်ကူး ပွဲတော်ကြီး ဖြစ်အောင် ဒီဇင်ဘာလ ၁၅ရက်နဲ့ ၁၆ရက်တွင် အစီအစဉ်တွေ အပိုင်းလိုက် ခွဲပြီး အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ခဲ့တာပါ။

အဲခေါင်သောင့်ကရင်သက္ကရာဇ် ၂၇၅၂ခုနှစ်အတွက် ကျရောက်တဲ့ ကရင်နှစ်သစ်ကူးနေ့ အခမ်းအနားကို အစောဆုံးဖြစ်အောင် ကြိုတင် ကျင်းပပြီးစီးသွားခဲ့

စာဆိုတော်နေ့ အထိမ်းအမှတ် စာပေပြိုင်ပွဲ များကျင်းပ

Photo: စာဆိုတော်နေ့ အထိမ်းအမှတ် စာပေပြိုင်ပွဲ များကျင်းပ

Tuesday, 18 December 2012
မွန်ပြည်နယ် ကျိုက်ထိုမြို့ မရမ်းကုန်း ရပ်ကွက် အမှတ်(၆) အခြေခံပညာ အထက်တန်းကျောင်း၌ ယမန်နေ့ နံနက် ၉ နာရီက စာဆိုတော်နေ့ အထိမ်းအမှတ် စာပေပြိုင်ပွဲများကို မော်လမြိုင်မြို့နယ် စာရေးဆရာ အသင်းမှ ကြီးမှူးကျင်းပရာ စာပေပြိုင်ပွဲသို့ မော်လမြိုင်မြို့နယ် စာရေးဆရာ
အသင်းဝင်များ၊ မော်လမြိုင် မြို့နယ် ပညာရေးမှူး ဦးအောင်စိုးမြင့်၊ မော်လမြိုင်မြို့နယ် ကာတွန်း ဆရာများ၊ ပန်းချီဆရာများ၊ မော်လမြိုင် မြို့နယ် ကျောင်းပေါင်းစုံမှ ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း ၁၅ဝ ဦးခန့် တက်ရောက် သည်။

စာပေပြိုင်ပွဲတွင် စာစီစာကုံးနှင့် ကာတွန်းပြိုင်ပွဲကို နံနက် ၉ နာရီမှ ၁၁ နာရီထိ လည်းကောင်း၊ ကဗျာနှင့် ပန်းချီ ပြိုင်ပွဲကို မွန်းလွဲ ၁ နာရီမှ ညနေ ၃ နာရီထိလည်းကောင်း၊ အထက်တန်း၊ အလယ်တန်း၊ မူလတန်း အဆင့်(၃)ဆင့် ခွဲခြား၍ ယှဉ်ပြိုင် ခဲ့ကြသည်။

စာပေပြိုင်ပွဲ၌ ဆုရရှိသူ များအား ဒီဇင်ဘာ ၂၆ ရက်တွင် ကျင်းပမည့် စာပေ ဟောပြောပွဲတွင် ဆုချီးမြှင့်ပေး သွားမည်ဖြစ်ကြောင်း သတင်းရရှိ သည်။

မြ၀တီ မွန်ပြည်နယ် ကျိုက်ထိုမြို့ မရမ်းကုန်း ရပ်ကွက် အမှတ်(၆) အခြေခံပညာ အထက်တန်းကျောင်း၌ ယမန်နေ့ နံနက် ၉ နာရီက စာဆိုတော်နေ့