Showing posts with label အနုပညာ. Show all posts
Showing posts with label အနုပညာ. Show all posts

Monday, December 31, 2012

၂၀၁၁ ခုနှစ်မြန်မာ့ ရုပ် ရှင်ထူးချွ ဆုပေးပွဲ အခမ်းအနား ဆုရရှိသူ များစာရင်း


၁။ ၂၀၁၁ ခုနှစ်အတွက် အကောင်းဆုံး မြန်မာ့ရုပ်ရှင် ဓာတ်ပုံဆုကို ဦးတင့်ဆန်းမှ ပန်းကြာဝတ်မှုန် ရုပ်ရှင် ဇာတ်ကားဖြင့်ရရှိခဲ့သည်။

ထာဝရအလင်းတန်း’ ရုပ်ရှင် အကယ်ဒမီ ၈ ဆုရ



 

၂၀၁၁ ခုနှစ်အတွက် အကောင်းအဆုံး အမျိုးသမီး အကယ်ဒမီ ဆုရှင် မယ်လိုဒီ။ (ဒီဇင်ဘာလ ၃၀၊ ၂၀၁၂)။
 
 
လောလောလတ်လတ် ကျင်းပခဲ့တဲ့ ၂၀၁၁ ခုနှစ် အတွက် မြန်မာ့ ရုပ်ရှင် ထူးချွန်ဆု ပေးပွဲမှာတော့ တနှစ်လုံး အတွက် မြန်မာရုပ်ရှင်ကားကြီး ၁၅ ကား ရှိတဲ့ အထဲကနေ အကယ်ဒမီ ဆုတွေ ရွေးချယ် ပေးအပ်ခဲ့ပါပြီ။ ဒီအခြေအနေမှာ မြန်မာ့ ရုပ်ရှင် အဆင့်အတန်း၊ အခြေအနေနဲ့ အကယ်ဒမီ ဆုရွေးချယ်မှုကရော လွတ်လပ်မှု ရှိခဲ့ပါသလား ဆိုတာကို မသိင်္ဂီထိုက်က စုစည်း တင်ပြထားပါတယ်။

Friday, December 14, 2012

အကောင်း ဆုံးဗေဒင် လက်ဆောင်

မွေးနေ့ ရက်များက ပြောသော လူတယောက်ရဲ့ အမူအကျင့်များ..............

ဒီနေ့ ဖူးစာက သူငယ်ချင်းတွေကို  ၂၀၀၅ ခုနှစ် နိုဝင်ဘာလက ဖူးစုံ ဆယ်ကျော်သက် မဂ္ဂဇင်းထဲက ဆောင်းပါးရှင် ၀င်းကိုကို ရေးသားထားတဲ့ မွေးနေ့ အလိုက် တိရိစ္ဆာန်အကောင်လေး များနဲ့ တင်စားထားတဲ့လူတယောက်ရဲ့ အမှုအကျင့်တွေ ဘယ်လိုရှိတယ်ဆိုတာ ကိုယ့်မွေးနေ့ရက်လေးနဲ့တွက်ကြည့်ရတဲ့  ဗေဒင် လေးကို ပြန်လည်ကူးယူတင်ပြပေးလိုက်ပါတယ်..ရှင်  ကျွန်မ တွက်ကြည့်တော့ အားလုံးနီးပါး မှန်နေတယ်လေ။ သူငယ်ချင်းတို့လည်း ဗေဒင် ၀ါသနာ ပါသည်ဖြစ်စေ ၀ါသနာ မပါလည်း အပျော်သဘောလေးတော့ တွက်ကြည့်လိုက်နော်........ ။

(၁)ဇန်န၀ါရီ

၀၁ - ၀၉ ခွေး

၁၀ - ၂၄ ကြွက်

၂၅ - ၃၁ ခြင်္သေ့

(၂)ဖေဖော်ဝါရီ

၀၁ - ၀၅ ကြောင်

၀၆ - ၁၄ ချိုးငှက်

၁၅ - ၂၁ လိပ်

၂၂ - ၂၈ ကျားသစ်နက်

(၃)မတ်

၀၁ - ၁၂ မျောက်

၁၃ - ၁၅ ခြင်္သေ့

၁၆ - ၂၃ ကြွက်

၂၄ - ၃၁ ကြောင်

(၄)ဧပြီ

၀၁ - ၀၃ ခွေး

၎ - ၁၄ ကျားသစ်နက်

၁၅ - ၂၆ ကြွက်

၂၇ - ၃၀ လိပ်

(၅)မေ

၀၁ - ၁၃ မျောက်

၁၄ - ၂၁ ချိုးငှက်

၂၂ - ၃၁ ခြင်္သေ့

(၆)ဇွန်

၀၁ - ၀၃ ကြွက်

၎ - ၁၄ လိပ်

၁၅ - ၂၀ ခွေး

၂၁ - ၂၄ မျောက်

၂၅ - ၃၀ ကြောင်

(၇)ဇူလိုင်

၀၁ - ၀၉ ကြွက်

၁၀ - ၁၅ ခွေး

၁၆ - ၂၆ ချိုးငှက်

၂၇ - ၃၁ ကြောင်

(၈)သြဂုတ်

၀၁ - ၁၅ မျောက်

၁၆ - ၂၅ ကြွက်

၂၆ - ၃၁ လိပ်

(၉)စက်တင်ဘာ

၀၁ - ၁၄ ချိုးငှက်

၁၅ - ၂၇ ကြောင်

၂၈ - ၃၀ ခွေး

(၁၀)အောက်တိုဘာ

၀၁ - ၁၅ မျောက်

၁၆ - ၂၇ လိပ်

၂၈ - ၃၁ ကျားသစ်နက်

(၁၁)နိုဝင်ဘာ

၀၁ - ၁၆ ခြင်္သေ့

၁၇ - ၃၀ ကြောင်

(၁၂)ဒီဇင်ဘာ

၀၁ - ၁၆ ခွေး

၁၇ - ၂၅ မျောက်

၂၆ - ၃၁ ချိုးငှက်

(၁)ခွေး မွေးနေ့

၁။ အကယ်၍ သင့်မွေးရက်သည် ခွေး ဖြစ်ပါက အလွန် သစ္စာရှိပြီး သဘောကောင်းသူဖြစ်သည်။ သင်၏ သစ္စာရှိမှုကို လုံးဝ သံသယ ဖြစ်စရာ မလိုပေ။ အလုပ်နှင့်ပတ်သက်ပြီး ရိုးသား ဖြောင့်မတ်ကာ အလုပ်ကို လေးစားသူ ဖြစ်ပြီး ပင်ကိုစိတ်ရင်း အားဖြင့် လည်း ရိုးသားသူတစ်ဦး ဖြစ်သည်။ အများတကာနှင့်ဆက်ဆံရာတွင် မိမိကိုယ်မိမိ ရိုကျိုး၊ နှိမ့်ချ ဆက်ဆံတတ်သူလည်း ဖြစ်သည်။ ထို့ကြောင့် မိတ်တွေအပေါင်းအသင်းများ အလယ်တွင် အားလုံး၏ ချစ်ခင်မှုကိုရယူနိုင်စွမ်း ရှိပြီး ၀တ်စားဆင်ယင်မှုနှင့် ပတ်သက်၍ လည်း လိုက်ဖက်သည့်အ၀တ်အစားများကို ရွေးချယ်တတ်သည်။ အသစ်အဆန်းကို မက်မောတတ်သူ ဖြစ်သဖြင့်ခေတ်ပေါ် အ၀တ် အစား မ၀ယ်နိုင်သည့် အခါများတွင် စိတ်ဓါတ်ကျလေ့ ရှိသည်။ ဘ၀ကို သက်သက်သာသာ ကျော်ဖြတ်သူများ ဖြစ်ပြီး အပေါင်း အသင်းများ အလယ်တွင်ထင်ပေါ် ကျော်ကြားသူလည်း ဖြစ်သည်။ သိက္ခာရှိသော အပေါင်း အသင်းများနှင့်သာ ပေါင်းသင်းလေ့ ရှိသူလည်း ဖြစ်သည်။

(၂)ကြွတ် မွေးနေ့

၂။ အကယ်၍ သင့်မွေးနေ့သည် ကြွက်ဖြစ်ပါက သင်သည် အပေါင်းအသင်းများအားနောက်ပြောင်တတ်သူ ဖြစ်သည်။ ပျော်ရွှင်တတ်သော အငွေ့အသက်များသင့်မျက်ဝန်းတွင် တွေ့မြင်နေရသည့်အတွက် လူတိုင်းကို ဆွဲဆောင်နိုင်စွမ်းရှိသည်။ ထို့ကြောင့် လူအများက သင်နှင့် ပေါင်းသင်းရန် လိုလားကြပြီးလူစုံသည့် ပွဲလမ်း သဘင်များတွင်လည်း သင်ရှိနေစေရန် လိုလား ကြသည်။ သို့သော်သင်သည် စိတ်ဆတ်သူ ဖြစ်သည်။ သင်နှင့် စကားပြောရန် အပေါင်းအသင်းများက စကားလုံးကို ရွေးချယ် ပြောမှသာ ဖြစ်သည်။ စကား အမှားမခံ။ တစ်စုံတယောက်ကစကားမှား ပြောမိလျှင်လည်း ခွင့်လွှတ်နိုင်စွမ်း မရှိသူ ဖြစ်သည်။

(၃)ခြင်္သေ့ မွေးနေ့

၃။ အကယ်၍ သင့်မွေးနေ့သည် ခြသေ့င်္င့်္ ဖြစ်ပါက သင်သည် ခြင်္သေ့၏ သဘောထားနှင့်ဆန့်ကျင်စွာ ငြိမ်းချမ်းရေးကို လိုလား နှစ်သက်သူ ဖြစ်သည်။ ရန်ကိုရှောင်ရှားလေ့ ရှိပြီး တင်းမာမှု အခြေအနေ မျိုးကိုပါ လက်မခံတတ်သူ ဖြစ်သည်။ အိမ်တွင်းမှာထက် အပြင်မှာ ပျော်မွေ့သူ ဖြစ်ပြီး တစ်နေရာတည်းတွင် ကြာရှည်နေရန် မလိုလားသူလည်း ဖြစ်သည်။ မွေးရာပါ ခေါင်းဆောင် ဗီဇ ရှိသူ ဖြစ်သည်။လုပ်ငန်းခွင်တွင် အပေါင်း အသင်းများအား အလုပ် တွင်ကျယ်စေရန် နည်းပရိယာယ်ကြွယ်ဝစွာဖြင့် စည်းရုံး သိမ်းသွင်း နိုင် သူလည်း ဖြစ်သည်။ သူတပါး၏ချစ်ခင် မြတ်နိုးမှုကို လိုလားပြီး တစုံတစ်ယောက်က ကိုယ့်ကို ဂရုစိုက်ပြီဆိုလျှင် ကိုယ်က သူ ဂရုစိုက်တာထက် အဆပေါင်း များစွာ တုံ့ပြန်မှု ပေးသည်။ စိတ်သဘော ကောင်းလွန်းခြင်းကြောင့် အပေါင်း အသင်းများက မြှောက်ပင့်ခိုင်းစေတတ်သည်ကို အထူး သတိပြုပါ။

(၄)ကြောင် မွေးနေ့

၎။ အကယ်၍ သင့်မွေးနေ့သည် ကြောင် ဖြစ်ပါက သင်သည် အလွန်အမင်း ချစ်ခင်ဖွယ်ကောင်းသူ ဖြစ်သည်။ တခါတရံတွင် လိုအပ်သည်ထက် ပိုပြီး ရှက်နေတတ်သည်။ဖြတ်ထိုးဥာဏ် ရှိသည်။ တစ်ယောက်တည်း ငြိမ်ငြိမ် သက်သက် နေရသည်များကို ပိုပြီးလိုလားသည်။ အရာရာကို စေ့စေ့စပ်စပ် သိလိုစိတ် ပြင်းပြပြီး တစ်စုံတစ်ခုကိုလေ့လာပြီ ဆိုလျှင် ရေဆုံးရေဖျားလိုက်တတ် သည်။ ပုံမှန်အနေအထားဖြင့် သင်သည်အေးဆေးတည်ငြိမ်သူ ဖြစ်သည်။ သို့သော် အခြေအနေအရ လိုအပ်လာပါက မီးတောင် တစ်ခု ပေါက်ကွဲသလို ပေါက်ကွဲနိုင်စွမ်း ရှိသူ လည်းဖြစ်သည်။ ခေတ်မီ အ၀တ်အစားများကို နှစ်သက်သည်။ ပတ်ဝန်းကျင်မှ မိတ်ဆွေများ က သင့်အားခေတ်မီသူ တစ်ဦး အဖြစ် သတ်မှတ်ထားကြသည်။ ပတ်ဝန်းကျင်နှင့်ရောထွေးနေတတ်သော်လည်း သူစိမ်းများ နှင့် စကားပြောဆိုရန် ၀န်လေးတတ်သည်။အပေါင်းအသင်း ပေါင်းရာတွင် လူရွေး ပေါင်းတတ်သူ တစ်ဦးလည်း ဖြစ်သည်။

(၅)လိပ် မွေးနေ့

၅။ အကယ်၍ သင်၏ မွေးရက်သည် လိပ် ဖြစ်ပါက သင်သည် အရာရာကို အကောင်းမြင်တတ်သူတစ်ဦး ဖြစ်ပြီး စိတ်နှလုံးကောင်း ရှိသူ ဖြစ်သည်။ သင်၏ ကြင်နာမှုများကိုသင့်ပတ်ဝန်းကျင်က အမြဲတစေ ဂရုပြုမိကြပြီး ကိုယ်တိုင်က ငြိမ်းချမ်းရေးကို မြတ်နိုးသူ ဖြစ်သည်။ တစုံတစ်ယောက် မှားနေသည်ကို မြင်ဦးတော့ ပြုပြင်ပေးရန်ဝန်လေးသူ ဖြစ်သည်။ မည်သူနှင့်မျှ ထိပ်တိုက် ရင်ဆိုင်မှု မပြုလို။ထို့ကြောင့် ပတ်ဝန်းကျင်မှ မိတ်ဆွေများက သင့်အား ချစ်ခင်ကြသည်။ လူတစ်ဦးတစ်ယောက် အကြောင်းကိုမှနောက်ကွယ် မှာ အတင်းမပြောတတ်။ မည်သူ့ပေါ်မဆို ချစ်ခင်မှုတွေ ပေးအပ်သော်လည်း ကိုယ့်အပေါ်မှာ မည်သူကမျှ တုံ့ပြန်မှုမရှိ။ အရာရာမှာ ရက်ရောသူ တစ်ဦး ဖြစ်သည်။

(၆)ချိုးဌက် မွေးနေ့

၆။ အကယ်၍ သင့်မွေးနေ့သည် ချိုးငှက် ဖြစ်ပါက သင်သည် ပျော်ရွှင်စွာနေထိုင်လေ့ ရှိပြီး ဘ၀မှာ ကံကောင်းသူ တစ်ဦးလည်း ဖြစ်သည်။ ပတ်ဝန်းကျင်အခြေအနေက မည်သို့ပင် ဖြစ်စေကာမူ ပျော်ရွှင်နေလေ့ ရှိပြီး ပတ်ဝန်းကျင်၏ဂယက်ရိုက်မှုနှင့်ကင်းကွာ နေတတ်သည်။ ရောက်လေရာတိုင်းမှာ ကိုယ့်ပျော်ရွှင်မှုတွေကို မျှဝေတတ်သူ ဖြစ်သည်။ အပေါင်းအသင်းများ ကြားတွင် ကိုယ်က ခေါင်းဆောင် ဖြစ်သည်။ မိတ်ဆွေများ အရေး ကြုံတိုင်း နှစ်သိမ့် အားပေးတတ်သူလည်း ဖြစ်သည်။ အပေါ်စီး ဆက်ဆံမှုကို မလို လား။ ဤသို့ ဆက်ဆံတတ်သူ များနှင့်ဝေးအောင် နေတတ်သည်။ လုပ်ငန်းခွင်တွင် စံနစ်တကျ လုပ်ကိုင်ဆောင်ရွက်တတ်သည်။ အထူး သတိပြုရန်မှာ သင်သည် ချစ်လွယ်တတ်သူ တစ်ဦးဖြစ်သည်။

(၇)ကျားသစ်နက် မွေးနေ့

၇။ အကယ်၍ သင်သည် ကျားသစ်နက် တစ်ဦး ဖြစ်ပါက လျှို့ဝှက်တတ်သူ တစ်ဦးဖြစ်သည်။ ပတ်ဝန်းကျင် ဖိအားတွေ မည်မျှပင် များပြားစေကာမူ အလွယ်တကူဖြေရှင်းနိုင်စွမ်း ရှိသည်။ တခါတရံတွင် အပေါင်းအသင်း များနှင့်အတင်းပြောရ သည်ကို ၀ါသနာ ပါသည်။ ဆန္ဒရှိသည့်အတိုင်း ဖြစ်အောင်ကြိုးစားတတ်သော်လည်း သင့် ဆန္ဒမှာ ရံဖန်ရံခါတွင် လက်တွေ့ ဖြစ်နိုင်စွမ်းမရှိ။ ယင်းကဲ့သို့သော အခြေအနေတွင် မိတ်ဆွေ အချို့နဲ့ ဆက်ဆံရေးပျက်ပြားတတ်သည်။ အခက်အခဲ ကြုံတွေ့နေရသော မိတ်ဆွေများ ကို ကူညီတတ်သူဖြစ်သည်။

(၈)မျောက် မွေးနေ့

၈။ အကယ်၍ သင့်မွေးနေ့သည် မျောက် ဖြစ်ပါက စိတ်မရှည်၊ တက်ကြွမှု လွန်ကဲသူဖြစ်သည်။ အရာရာကို အမြန်ဆုံး ပြီးမြောက် လိုသူ ဖြစ်သည်။ ရိုးသားသောနှလုံးသားပိုင်ရှင် ဖြစ်ပြီး အများ၏ အာရုံ စိုက်မှုကို ခံယူလိုသူ လည်းဖြစ်သည်။ မိမိ လုံခြုံမှုကို အထူး ဂရုစိုက်တတ်သူ တစ်ဦးဖြစ်ပြီးကိုယ့်ဂုဏ်သတင်းနှင့် ပတ်သက်၍ အငြိ အစွန်း ရှိလာပြီ ဆိုလျှင် လူတိုင်းကိုလိုက်ပြီး ဖြေရှင်းတတ် သူ ဖြစ်သည်။ ထို့ကြောင့် မည်သည့်အလုပ် ကိုမဆိုစမလုပ်ခင် ကတည်းက သတိကြီးစွာ ထားတတ်သူများ ဖြစ်သည်။ ဆဌမ အာရုံ ၏ နှိုးဆော်မှုကြောင့် အန္တရာယ် ကျရောက်ခြင်းမှ ကင်းဝေးတတ်သည်။ ငွေကြေးကိုတန်ဖိုးထားတတ်သူ များလည်းဖြစ်တတ်သည်။

အကောင်းအဆိုးတွေနဲ့ တွဲနေတတ်တဲ့ သူငယ်ချင်းတို့ရဲ့ မွေးနေ့ ဗေဒင်လေးမှာ အကောင်းလေးတွေဆိုယင်တော့ ၀မ်းသာမိမှာပေါ့
 အဆိုးအညံ့လေးတွေ ဆိုယင်လည်း ကိုယ့်ရဲ့ အကျင့် စိတ်ဓါတ် ခံယူချက်လေးတွေကိုပြုပြင်ပြီး  မိမိဘ၀ရဲ့ အောင်မြင်မှုကို ကိုယ်တိုင်ပဲ့ကိုင်ကြရအောင်နော်။

ဆောင်းပါးရှင် ကိုဝင်းကိုကို  ကျေးဇူးပါရှင်

သူငယ်ချင်းများ အားလုံး ဘ၀မှာ ကံကောင်းခြင်းနဲ့ အောင်မြင်မှုတွေကို ပိုင်ဆိုင်နိုင်ပါစေရှင်။

၁၁.၁၂.၂၀၁၂                                                                              

khaingwarmoe
မွေးနေ့ ရက်များက ပြောသော လူတယောက်ရဲ့ အမူအကျင့်များ..............

(၁)ဇန်န၀ါရီ

၀၁ - ၀၉ ခွေး

၁၀ - ၂၄ ကြွက်

၂၅ - ၃၁ ခြင်္သေ့

ဆောင်းဥတုတွင် အချဉ်အရသာ များများစားသင့်


ဆောင်းဥတုတွင် အချဉ်အရသာ များများစားသင့် 
http://www.myawady.net.mm/health/preventing/item/1811-2012-12-14-10-26-55
ဆောင်းရာသီတွင် နှင်းကျပြီး ပြင်ပ လောက ဓာတ်တွင် အအေးပတ် ဖွဲ့သော ကာလ ဖြစ်သည်။

ပြင်ပတွင် အေးသော အခါလူတို့၏ ခန္ဓာကိုယ် မွေးညှင်းပေါက် များမှချွေး မထွက်တော့ သဖြင့် ကိုယ်တွင်း အောင်းသော အပူဓာတ်မှာ အခြား ရာသီဥတု များထက် ပိုလွန်း နေပေသည်။ ထို့ကြောင့် အလွန်အေးသော နံနက်ခင်းနှင့် ညဥ့်နက်ပိုင်း တို့တွင် ပါးစပ်ဟ လိုက်သောအခါ အခိုးများ ထွက်နေသည်ကို ပင်မြင်နိုင် ပေသည်။

ဆောင်းတွင် အေးသဖြင့် လူအများမှာ ရေနွေကြမ်းကို ပိုမို သောက်လေ့ ရှိကြသည်။ နံနက် အိပ်ရာ ထချိန်မှ စပြီး တစ်နေကုန် ရေနွေး ကြမ်းကိုသာ တစ်အိုးပြီး တစ်အိုး သောက်လေ့ ရှိကြသည်။ ထိုသို့ ရေနွေကြမ်း (အဖန်ရည်) သောက်သူ များမှာ ဝမ်းချုပ်ပြီး နောက်ဆက်တွဲ လိပ်ခေါင်း ရောဂါ ရတတ်ပေသည်။ လက်ဖက်ခြောက် အဖန်ရည်၏ သတ္တိလူကို ပိန်စေသည်။ အဆီကို ကျစေသည်။ သို့သော် အသောက်များလျှင် ဝမ်းချုပ် တတ်သည်။ လက်ဖက်ခြောက် များတွင် ဆိုးဆေးများ ပါလျှင် အစာအိမ်နှင့် အူလမ်းကြောင်းကို အဆိပ်အတောက် ဖြစ်စေနိုင် သည်ကိုသတိပြု သင့်သည်။

ဆောင်းဥတုတွင် အပြင်အေး၊ အတွင်းပူ ဖြစ်သဖြင့် အပူအစပ်နှင့် ဝမ်းချုပ်စေသော မာသော အစာ ကောက်ညှင်း၊ ဆန်စေးများ ကိုလည်း ရှောင်ကြဉ် သင့်သည်။ ရေအေးကို များများ သောက်သင့်သည်။ ညအိပ်ရာ ဝင်ချိန်တွင် ရေတစ်ဖန်ခွက် နံနက်အိပ်ရာ ထချိန်တွင် ရေတစ်ဖန်ခွက် မှန်မှန် သောက်သင့်သည်။ ဝမ်းချုပ်သော ဓာတ်အခံရှိလျှင် ထိုထက်ပို၍ ရေနှစ်ဖန်ခွက် (လီတာ) သို့မဟုတ် သောက်ရေသန့် ဘူးသေး တစ်ဘူး စာသောက်ခြင်းဖြင့် ဝမ်းမှန်ပြီး ကျန်းမာရေး ကောင်းစေ


ဆောင်းရာသီတွင် နှင်းကျပြီး ပြင်ပ လောက ဓာတ်တွင် အအေးပတ် ဖွဲ့သော ကာလ ဖြစ်သည်။

ပြင်ပတွင် အေးသော အခါလူတို့၏ ခန္ဓာကိုယ် မွေးညှင်းပေါက် များမှချွေး မထွက်တော့ သဖြင့် ကိုယ်တွင်း အောင်းသော အပူဓာတ်မှာ အခြား ရာသီဥတု များထက် ပိုလွန်း နေပေသည်။ ထို့ကြောင့် အလွန်အေးသော နံနက်ခင်းနှင့် ညဥ့်နက်ပိုင်း တို့တွင် ပါးစပ်ဟ လိုက်သောအခါ အခိုးများ ထွက်နေသည်ကို ပင်မြင်နိုင် ပေသည်။

Wednesday, December 12, 2012

၂ဝ၁၂ ခုနှစ် ၁၂ လပိုင်း ၁၂ ရက်ကို အတိတ်နိမိတ် ကောင်း ဟု သတ်မှတ်၍ လက်ထပ်ကြသည့် ဟောင်ကော င်နှင့် စင်ကာပူမှ စုံတွဲများ

၂ဝ၁၂ ခုနှစ် ၁၂ လပိုင်း ၁၂ ရက်ကို အတိတ်နိမိတ် ကောင်းဟု သတ်မှတ်၍ လက်ထပ်ကြမည့် ဟောင်ကောင်နှင့် စင်ကာပူမှ စုံတွဲများ
Wednesday, December 12, 2012 

၂ဝ၁၂ ခုနှစ် ၁၂ လပိုင်း ၁၂ ရက်အား အတိတ်နိမိတ် ကောင်းသော နေ့ တစ်နေ့ အဖြစ် သတ်မှတ်ကာ စင်ကာပူနှင့် ဟောင်ကောင်တို့မှ ချစ်သူစုံတွဲ 
အများအပြားသည် လက်ထပ် မင်္ဂ လာပွဲ ကျင်းပ သွားနိုင်ဖွယ် ရှိကြောင်း ၎င်း နိုင်ငံများမှ အာဏာပိုင် အဖွဲ့များက ခန့်မှန်း ပြောကြားထားသည်။

၁ဝ/၁ဝ/၁ဝ နှင့် ၁၁/၁၁/၁၁ ရက်များတွင်လည်း ချစ်သူစုံတွဲ အများစုက ရွှေလက်တွဲ ခဲ့ကြသည်။ ၂ဝ၁၂ ခုနှစ် ဒီဇင်ဘာ ၁၂ ရက်ကို အချစ်နေ့စွဲ သင်္ကေတအဖြစ် သတ်မှတ်ကာ မင်္ဂ လာပွဲများ ဆင်နွှဲရန် စုံတွဲ ၆၉၆ တွဲ ထံမှ လက်ထပ်ခွင့် လျှောက်လွှာများကို ရရှိထားကြောင်း
ဟောင်ကောင်ရှိ လက်ထပ်ခွင့် မှတ်တမ်းတင်ရေး ဌာနမှ ပြောကြား ခဲ့သည်။

အောက်တိုဘာလ အတွင်း၌ လက်ထပ်ရန် လျှောက်လွှာတင်သူ ဦးရေမှာ ၁၇၇ ဦးသာ ရှိပြီး ၁၂/ ၁၂/၂ဝ၁၂ တွင် လက်ထပ်မည့် စုံတွဲမှာ အောက်တို ဘာ လထက် ၄ ဆ နီးပါး ပိုများကြောင်း အဆိုပါ ပြော ရေးဆိုခွင့် ရှိသူက ပြောကြားသည်။

စင်ကာပူ နိုင်ငံတွင်လည်း အဆိုပါ နေ့တွင် လက်ထပ်ရန် စုံတွဲ ၅၄ဝ က လက်ထပ်ခွင့် လျှောက်လွှာတင်ထားကြောင်း စင်ကာပူနိုင်ငံ ၏ လက်ထပ်ခွင့် မှတ်တမ်း တင်ရေးဌာန၏ ဝက်ဘ် ဆိုက်တွင် ဖော်ပြခဲ့သည်ဟု သိရသည်။

မြ၀တီ


၂ဝ၁၂ ခုနှစ် ၁၂ လပိုင်း ၁၂ ရက်အား အတိတ်နိမိတ် ကောင်းသော နေ့ တစ်နေ့ အဖြစ် သတ်မှတ်ကာ စင်ကာပူနှင့် ဟောင်ကောင်တို့မှ ချစ်သူစုံတွဲ အများအပြားသည် လက်ထပ် မင်္ဂ လာပွဲ ကျင်းပ သွားနိုင်ဖွယ် ရှိကြောင်း ၎င်း နိုင်ငံများမှ အာဏာပိုင် အဖွဲ့များက ခန့်မှန်း ပြောကြားထားသည်။

Saturday, September 29, 2012

ထွန်းအိန္ဒြာဗိုနှင့် တွေ့ဆုံခြင်း

ထွန်းအိန္ဒြာဗိုနှင့် တွေ့ဆုံခြင်း
တစ်ကိုယ်တော်ဖျော်ဖြေပွဲများစွာ ပြုလုပ်ခဲ့ပြီး လုပ်ခဲ့သမျှ တစ်ကိုယ်တော်ပွဲ တိုင်းလည်း ရုံပြည့်ရုံလျှံ အားပေးခြင်းခံရသူ အဆိုတော်သရုပ်ဆောင် ထွန်းအိန္ဒြာဗိုဟာ ရန်ကုန်မှာ လေးကြိမ်မြောက် တစ်ကိုယ်တော်ဖျော်ဖြေပွဲ ကို နိုဝင်ဘာ ၂၈ ရက် အမျိုးသားဇာတ်ရုံမှာ ကျင်းပတော့မှာဖြစ်ပါတယ်။ ထွန်းအိန္ဒြာဗိုဟာ တစ်ကိုယ်တော်စီးရီး ၁၁ ခွေနဲ့ အတွဲခွေစီးရီးများစွာ သီဆိုထားပြီး ရန်ကုန်မှာ တစ်ကိုယ်တော်ဖျော်ဖြေပွဲ သုံးကြိမ်နဲ့ မန္တလေးမှာ တစ်ကြိမ်၊ အမေရိကန်ပြည်ထောင်စုမှာ ခုနစ်ကြိမ် ပြု လုပ်ခဲ့ပြီးဖြစ်ပါတယ်။ အကျိုးအမြတ်အားလုံးကို ပြန်လှူဖို့ ရည်ရွယ်ထားတဲ့ သူမရဲ့တစ် ကိုယ်တော်ေ ဖျာ်ဖြေပွဲအကြောင်းနဲ့ ရုပ်ရှင်ဇာတ်ကား ရိုက်ကူးမှုပိုင်းမှာ ပြောင်းလဲသွားတဲ့ သူမရဲ့သဘောထားများကို တွေ့ဆုံမေးမြန်းဖြစ်ခဲ့ပါတယ်။

Wednesday, September 19, 2012

ဒါကိုတာ ဖန်နင်းနှင့် ကာရာဆကို ဒယ်လ်လာရီအိုတို့ သရုပ်ဆောင်သော "Now Is Good" ဇာတ်ကား ပွဲဦးထွက်ပြသ



ဒါကိုတာ ဖန်နင်းနှင့် ကာရာဆကို ဒယ်လ်လာ ရီအိုတို့ ပါဝင် သရုပ်ဆောင် ထားသည့် "Now Is Good" ဇာတ်ကားအား ပွဲဦးထွက်ပြသခဲ့ကြောင်း သိရသည်။

လူမှုထူးချွန်ဆု ချီးမြှင့်ခံရသည့် ခရစ္စတီးနား အဂီးလဲရာ


ကမ္ဘာကျော် အဆိုတော် ခရစ္စတီးနား အဂီးလဲရာသည် လော့စ်အိန် ဂျလိစ်မြို့တွင် ကျင်းပသော American Latino Media Arts ဆုပေး ပွဲတွင် လူမှု ထူးချွန်ဆု ချီးမြှင့်ခံခဲ့ ရကြောင်း သိရသည်။

Tuesday, September 18, 2012

မိခင်ကို စိတ်ချမ်းသာစေခဲ့တဲ့ မယ်သီလရှင် သင်ဇာဝင့်ကျော်

သတင်း၊ ဓာတ်ပုံ - ပေါ်ပြူလာ ဂျာနယ်

"သမီးရဲ့ မယ်သီလရှင် ဝတ်ထားတဲ့ပုံလေးကို မြင်ရတော့ ဝမ်းသာပီတိဖြစ်ခဲ့ ရတယ်ဆိုတဲ့ သင်ဇာဝင့်ကျော်ရဲ့ မိခင် ဒေါ်အေးယဉ်သန်း "

မုံရွာမြို့နယ်မှူးကို သပိတ်သမများ တရားစွဲမည်

ကြေးနီတောင် စီမံကိန်းအရေးတွင် အဖမ်းခံခဲ့ရပြီး 
စက်တင်ဘာ ၁၄ ရက်နေ့က ပြန်လည်လွတ်မြောက် 
 လာသည့် အမျိုးသမီး ၃ ဦးကို ကြိုဆိုလာစဉ်
မုံရွာမြို့ လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းအရေးတွင် အဖမ်းခံ ခဲ့ရပြီး ပြန်လည် လွတ်မြောက်လာသည့် အမျိုးသမီး ၃ ဦးက မုံရွာမြို့နယ် မှူးကို တရားစွဲဆို သွားမည်ဖြစ်ကြောင်း သိရသည်။

ကျောက်တော် မြို့နယ် အတွင်း ရခိုင်သားပိုင် ကျွဲ၊ နွားများ ဆက်တိုက် ပျောက်ဆုံးနေ


ကျောက်တော်မြို့နယ် သရီချောင်းနယ်မြေမင်း သားတောင်ကျေးရွာ အုပ်စု၊ ပေါက်တော  ကျေးရွာအုပ်စု၊ ကျောက်တလုံးကျေးရွာ အုပ်စုတို့ တွင် ရခိုင်-ကုလားအဓိကရုဏ်းမှ  စပြီး ကျွဲ၊ နွားများ ပျောက်ဆုံးနေသည်မှာ ယနေ့ထိတိုင် ဖြစ်ပွားလျှက် ရှိနေသည်။

Monday, September 17, 2012

Robocop ဇာတ်ကား ပြန်လည်ဆန်းသစ်ရိုက်ကူး

(Robocop ရုပ်ရှင်ဇာတ်ကားရိုက်ကွင်း)
(၁၉၈၀)ပြည့်လွန် နှစ်များက စိတ်ကူးယဉ် သိပ္ပံသူရဲကောင်း တစ်ဦးဖြစ်ခဲ့သော ရဲစက်ရုပ် Robocop အနေဖြင့် ရုပ်ရှင် ပိတ်ကားပြင်ပေါ် ပြန်လည် ရောက်ရှိလာတော့မည် ဖြစ်သည်။ The Killingစတား ရုပ်ရှင်မင်းသား ဂျိုးလ် ကင်နာမန်းသည် ယခုအခါ ခေတ်သစ် Robocopဘဝကို ဆက်ခံသူ ဖြစ်လာခဲ့သည်။ တိုရန်တိုတွင် ရိုက်ကူးနေသော ဇာတ်လမ်းတွင် ကင်နာမန်းသည် Robocop ဝတ်စုံသစ်နှင့် အသား တကျ ဖြစ်အောင် လေ့ကျင့်နေ သည်ကို တွေ့ရသည်။

အစိုးရတပ်နှင့် KIA တို့ ဌာနချုပ် လိုင်ဇာအနီးတွင် တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားနေ

တရုတ်နယ်စပ်အနီးရှိ ကချင်လွတ်လပ်ရေး တပ်ဖွဲ့ KIA ၏ ဗဟိုဋ္ဌဌာနချုပ် လိုင်ဇာမြို့ အနီး ထိုးစစ်ဆင်တိုက်ခိုက်လာသော အစိုးရ တပ်ဖွဲ့ များကို KIA နှင့် ABSDF (မြောက်ပိုင်း) ကျောင်းသားတပ် ပူးပေါင်းအဖွဲ့များက အပြင်းအထန် ခုခံတိုက်ခိုက်နေရာ  ယနေ့ နံနက် ၅ နာရီခွဲခန့်ကစ၍ ယခု သတင်းရေးသားနေချိန် မွန်းလွဲပိုင်းအထိ နှစ်ဘက်တိုက်ပွဲ ပြင်း ထန်စွာ ဖြစ်ပွားနေကြောင်း သိရသည်။

မလေးသို့ တရားမ၀င် ထွက်ခွာသူဘင်္ဂလီလူမျိုး ၁၂၀ ဦးကို ထပ်မံဖမ်းမိပြန်ပြီ

  ဘင်္ဂလားဒေ့ခ်ျနိုင်ငံ ဒုတိယမြို့တော်  စစ်တကောင်းကနေ မလေးရှားနိုင်ငံသို့ တရားမ၀င်ထွက်ခွာသူ လူပေါင်း ၁၂၀ကို ရဲတပ်ဖွဲ့မှ ယနေ့စက်တင်ဘာ ၁၇ ရက်နေ့တွင် ဖမ်းဆီးလိုက်သည်။

သူတို့သည် စစ်တကောင်းမြို့နယ် ဘင်္ဂခါးလီ ဒေသမှ ပင်လယ်ကိုဖြတ်ကျော်ကာ  တရားမ၀င်လမ်းမှ တဆင့် ထွက်ခွာရန် ကြိုးစားသူရာ၌ ယခုလိုဖမ်းဆီး ခံ လိုက်ရသည်ဟု သိရသည်။

အကျဉ်းသား (၅၁၄)ဦးတို့ အား ပြစ်ဒဏ်မှ လွတ်ငြိမ်းခွင့်ပြုခြင်း


ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်၊  နိုင်ငံတော် သမ္မတသည် နိုင်ငံတော် တည်ငြိမ်ရေးနှင့် ထာဝရ ငြိမ်းချမ်းမှု  ဖော်ဆောင်ရေး အတွက် လည်းကောင်း၊ လူသားချင်း စာနာ ထောက်ထားမှုကို အလေးပေးသော အားဖြင့် လည်းကောင်း၊ နိုင်ငံတော်၏ မေတ္တာနှင့် စေတနာကို နားလည်ကြပြီး နိုင်ငံတော်တည်ဆောက်ရေးတွင် တစ်ဖက်တစ်လမ်းမှ အထောက် အပံ့ဖြစ်စေသည့် နိုင်ငံ သားများ အဖြစ်သို့ ပြုပြင် ပြောင်းလဲစေ

(KIA)တပ်ရင်း(၅)မှ ပေါ်တာဆွဲခေါ် သွားသော ပါတီဝင်လူငယ်များကို ထောက်ခံစာနှင့်ပြန်ရွေးမည့် NLDပါတီ

ကချင်လွတ်မြောက်ရေးတပ်မတော်(KIA) တပ်ရင်း(၅)မှ စစ်တပ်ကိစ္စ ရပ်များတွင် အသုံးပြုရန် ဖားကန့် ကျောက်တောမှ  ပေါ်တာဆွဲသွားသော လူ(၃၀)တွင်  နိုင်ငံရေးပါတီဝင် လူငယ်နှစ်ဦး ပါဝင်နေ ကြောင်း သိရှိရသည်။

 အဆိုပါ လူငယ်(၂) ဦးမှာ NLDပါတီဝင် များဖြစ်ပြီး KIAစစ်တပ်သည် NLD
ပါတီဝင် မိဘများမှမွေးဖွားလာသော သားသမီးများ၊ NLDပါတီဝင်များ ကို ပြန်လွှတ်ပေးလေ့ရှိကြောင်းမိုးညင်းNLDပါတီဝင်တစ်ဦးထံကသိရသည်။

စာနယ်ဇင်းကောင်စီ (ယာယီ) ပြန်ဖွဲ့ပြီ

ယနေ့ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ)
 ဖွဲ့စည်းသည့် အခန်းအနားတွင် တွေ့ရသည့်
 ပြန်ကြားရေးဝန်ကြီး ဦးအောင်ကြည်
ပြန်ကြားရေးဝန်ကြီး အပြောင်းအလဲ ပြုလုပ်ပြီးနောက်ပိုင်း ပထမဆုံး မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) ကို အဖွဲ့ဝင် ၂၇ ဦးဖြင့် ယနေ့ ပြန်လည်ဖွဲ့စည်း လိုက်သည်။
အဆိုပါ အဖွဲ့တွင် ဥက္ကဋ္ဌ အဖြစ် တရားရုံးချုပ် အငြိမ်းစား တရားသူကြီး ဦးခင်မောင်အေး၊ ဒု ဥက္ကဋ္ဌ အဖြစ် ပြည်သူ့ခေတ် ဂျာနယ် အတိုင်ပင်ခံ အယ်ဒီတာ ဦးဝံသ၊  အတွင်းရေးမှူး အဖြစ် The Voice Weekly ဂျာနယ် အယ်ဒီတာချုပ် ကိုကျော်မင်းဆွေနှင့် ပေါ်ပြူလာဂျာနယ် မှ ဒေါ်နန်း ကလျာဝင်းက တွဲဘက်အတွင်းရေးမှူး အဖြစ် ဆောင်ရွက်မည်ဖြစ်သည်။

ကချင် ငြိမ်းချမ်းရေးအတွက် လက်မှတ်ရေးထိုး တောင်းဆိုမည်

စက်တင်ဘာလ ၁၅ ရက်နေ့တွင် ၈၈မျိုးဆက်ကျောင်း
သားများက ကချင်စစ်ဘေးဒဏ်ခံ ပြည်သူများအတွက်
 ငွေကျပ် သိန်း ၁၇၅ သိန်း လှူဒါန်းသည်
ဦးမင်းကိုနိုင် ဦးဆောင်သည့် ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့သည် ကချင်ပြည်နယ် ငြိမ်းချမ်းရေး ခရီးစဉ်အတွင်း  ဖားကန့်ဒေသသို့ ယနေ့ ရောက်ရှိခိုက်တွင် ကချင်ဒေသ ငြိမ်းချမ်းရေးအတွက် စုပေါင်း လက်မှတ်ရေးထိုး တောင်းဆိုမှုတခု ပြုလုပ်ရန် စီစဉ်နေကြောင်း သတင်းရရှိသည်။
စက်တင်ဘာလ ၁၄ ရက်နေ့က ကချင်ပြည်နယ်သို့ ရောက်ရှိနေကြသော ၈၈ မျိုးဆက်ကျောင်းသားများ ဖြစ်ကြသည့် ဦးမင်းကိုနိုင်၊ ဦးပြုံးချို၊ ဦးဌေးကြွယ်၊ ဦးသက်ဇော်နှင့် ဦးမာကီး တို့ ၅ ဦးသည် ယမန်နေ့နှင့် ယနေ့တွင် ဖားကန့်ဒေသ ကချင်စစ်ပြေး ဒုက္ခသည်စခန်းများသို့ သွားရောက်ကာ အလှူငွေများ ပေးအပ်ခြင်း၊ အားပေးနှစ်သိမ့်ခြင်းများ ပြုလုပ် နေကြသည်။

လူကုန်ကူးခံ မြန်မာ ၂၂ ဦးကို ထိုင်းတောင်ပိုင်းတွင် ကယ်တင်

ချွန်ဘူရီမြို့နယ်ရှိ အချောင် လှေဆိပ်တွင်
 ရောင်းစားခံရသူများထဲမှ တချို့
ထိုင်းနိုင်ငံ တောင်ပိုင်း ချွန်ဘူရီမြို့နယ်ရှိ အချောင် လှေဆိပ် တွင် ရေလုပ်သား အဖြစ် ရောင်းစား ခံထားရ သည့် မြန်မာ နိုင်ငံသား ၂၂ ဦးကို ထိုင်း အာဏာပိုင်များက မကြာသေးခင် ရက်ပိုင်းက သွားရောက် ကယ်တင်ခဲ့သည်။
ရောင်းစား ခံထားရသည့် မိသားစုဝင်များ၏ တိုင်ကြားချက်အရ ပြီးခဲ့သည့် စက်တင်ဘာ ၁၃ ရက်က ထိုင်းလူကုန်ကူးမှု တိုက်ဖျက်ရေး အဖွဲ့ Anti-Human Trafficking Division (AHTD)နှင့် ထိုင်းနိုင် ငံရောက် မြန်မာနိုင်ငံသားများ အဖွဲ့ Myanmar Association Thailand (MAT) တို့ ပူးပေါင်း၍ သွားရောက် ကယ်တင်ခဲ့ကြောင်း MAT အဖွဲ့မှ ဒါရိုက်တာ ဦးကျော်သောင်းက ဧရာဝတီသို့ ပြော သည်။

နှစ် ၄၀ ကျော်အတွင်း ပထမဆုံး အမျိုးသမီး သံအမတ် ခန့်အပ်

နိုင်ငံခြားရေး ၀န်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် တာဝန်ရှိ ဒေါ်ယဉ်ယဉ်မြင့် ဆိုသူ အမျိုးသမီးကို ဘရူနိုင်း ဒါရုဆလမ် နိုင်ငံဆိုင်ရာ သံအမတ်ကြီးအဖြစ် သမ္မတ ဦးသိန်းစိန်က ခန့်အပ်လိုက်ကြောင်း ယမန်နေ့က အစိုးရ သတင်းစာများတွင် ဖော်ပြသည်။ ဒေါ်ယဉ် ယဉ်မြင့် သည် နိုင်ငံခြားရေး ဝန်ကြီးဌာန လေ့ကျင့်ရေး၊ သုတေသနနှင့် နိုင်ငံခြားဘာသာ ဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ် ဖြစ်ပြီး အိန္ဒိယ နိုင်ငံဆိုင်ရာ မြန်မာသံအမတ် အဖြစ် ခန့်အပ်ခံရသော ဒေါ်အောင်ဆန်းစုကြည်၏ မိခင် ဒေါ်ခင်ကြည်ပြီးလျှင် နှစ်ပေါင်း ၄၀ ကျော်အတွင်း ပထမဆုံး အမျိုးသမီး သံအမတ် အဖြစ် ခန့်အပ်ခံရခြင်း ဖြစ်သည်။ ဒေါ်ခင်ကြည် ၁၉၆၀ မှ ၁၉၆၇ ခုနှစ်အထိ တာဝန် ထမ်းဆောင်ခဲ့ကြောင်း သိရသည်။

From- ဧရာဝတီ