Friday, August 3, 2012

ဟိုက်ဒရိုဂျင်ပါအောက်ဆိုဒ်စက်ရုံ(ချောက်) မီးလောင်

နေပြည်တော် သြဂုတ် ၂ စက်မှုဝန်ကြီးဌာန စက္ကူနှင့် အိမ်သုံးပစ္စည်းလုပ်ငန်း ဟိုက်ဒရိုဂျင်ပါအောက် ဆိုဒ်စက်ရုံ (ချောက်)၌ သဘာဝဓာတ်ငွေ့ကိုအသုံးပြုလျက် ပုံမှန်ထုတ်လုပ်မှု လုပ်ငန်းဆောင်ရွက်စဉ် ယနေ့မွန်းလွဲ ၁၂ နာရီ မိနစ် ၅ဝ ခန့်တွင် Main Unit ရှိ Oxidation Tower မှ ပုံမှန် မဟုတ်သော ထူးခြားသည့် အသံများ ပေါ်ထွက် လာပြီးနောက် ဟိုက်ဒရိုဂျင်ပါဝင်သော ဓာတုအရည် Working Solution များ အောက်သို့စီးကျလာပြီး ပေါက်ကွဲမှုသုံးကြိမ် ဖြစ်ပေါ်ကာ မီးလောင်မှုဖြစ်ပွားခဲ့သည်။ မီးလောင်မှုဖြစ်ပွားရာသို့ ချောက်မြို့၊ ညောင်ဦးမြို့နှင့်ကျောက်ပန်းတောင်းမြို့တို့မှ မီးသတ်ကားများ ရောက်ရှိလာပြီး ငြှိမ်းသတ်ခဲ့ရာ ညနေ ၄ နာရီခွဲခန့်တွင် မီးထိန်းနိုင်ပြီး ညနေ ၆ နာရီတွင် မီးငြိမ်းခဲ့သည်။ မီးလောင်မှုဖြစ်စဉ်ကြောင့် စက်ရုံအတွင်းရှိ အခြားအဆောက်အအုံများ ပျက်စီးမှုမရှိသော်လည်း ပေါက်ကွဲမှု အရှိန်ကြောင့် ပြတင်းပေါက်မှန်များသာ ကွဲအက်ပျက်စီးခဲ့ပြီး စက်ရုံဝန်ထမ်းငါးဦးနှင့် မီးသတ်ဝန်ထမ်း တစ်ဦးတို့အနည်း ငယ်ဒဏ်ရာရသည့်အနက် ဓာတုအရည်ထိမှန်သည့် ဝန်ထမ်းတစ်ဦးသာ ချောက်မြို့ ပြည်သူ့ဆေးရုံ၌ တက်ရောက်ကုသလျက်ရှိကြောင်း၊ တပ်မတော်သားများမှ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက် လျက်ရှိကြောင်း၊ မီးလောင်မှုဖြစ်ပွားရာ စက်ရုံသို့ စက်မှုဝန်ကြီးဌာနမှ တာဝန်ရှိသူများရောက်ရှိပြီး လိုအပ်သည်များ စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။

ဆရာမျိုးဟန်ကို – 2012, August လ အတွက် ဗေဒင် ဟောစတမ်း

| August 3, 2012 |
၁။ တနင်္ဂနွေသားသမီးများ အတွက်
ယခု အတွင်း အလုပ်အကိုင်ကိစ္စများ အဆင်ပြေလာသော်လည်း ငွေကြေးကိစ္စများ အဖတ်မတင် အဆင်မပြေဖြစ်နေမည်။ အလုပ်အသစ် နေရာအသစ်များ ပြောင်းရွှေ့လုပ်ကိုင်ရမည်။ ဒီလတွင်းမှာ ဖြစ်ချင်တာတွေ ဆုံးဖြတ်ချက်တွေ ရည်ရွှယ်ချက်တွေ များနေသော အချိန်လေး ဖြစ်ပါတယ်။ အလုပ်အကိုင် ကိစ္စများ အတွက် အဆင်ပြေနေသော အချိန်လေး ဖြစ်သော်လည်း အလုပ် ထဲတွင် စိတ်မပျော်ပဲ ဖြစ်နေမည်။ အထက်လူကြီးများမှ အကူညီပေးသူ ပေါ်လာမည်။ ယခုလအတွင်း ငွေကြေးများ ကံကောင်းလာမည်။ အဆင်ပြေနေမည်။
အပိုကုန်ငွေများနေသော အချိန်လေး ဖြစ်ပါသည်။ ခရီးယာယီကိစ္စများ သွားရမည်။ ပညာရေးမှာ ရည်မှန်းချက် တိုးတက်လာမဲ့ အချိန်လေးပါ။ အချစ်ရေးမှာ ချစ်သူနဲ့ဒီလအတွင်း အဆင်ပြေလိုက် ၊ မပြေလိုက်နဲ့ဖြစ်နေပြီး စိတ်ပျော်ရွှင်မှုများလည်း ညစ်လိုက် ပျော်လိုက်ဖြစ်နေမည်။ အိမ်ထောင်ရေးမှာ နှလုံးသားချင်း ဝေးနေသော အချိန်လေးပါ။ ကျန်းမာရေးမှာ ဗိုက်အောင့်ခြင်း အစားမှားခြင်း ဖြစ်မည်။ အကျိုးပေးသော ဂဏန်း ။ ။ ၈ ၀ ၇ ၀ ယတြာ = ကံကောင်းစေရန်အတွက် တနင်္ဂနွေနေ့နံနက် ၉ နာရီ ၄၅ မီနစ် မိမိနေအိမ်ဘုရားတွင် ဆွမ်းတော် ကပ်လှူ၍ ဆုတောင်း လိုက်ပါ။
၂။ တနင်္လာ သားသမီးများ အတွက်
ယခုလအတွင်း လိုရာဆန္ဒများ ပြည့်စုံလာမည်။ ရည်ရွယ်နေသော စိတ်ကူးများ အဆင်ပြေလာမည်။ အလုပ်အကိုင် ကိစ္စများ အတွက်နဲ့ စိတ်ပျော်လာရမည်။ အထက်လူကြီးတွေနဲ့ ပြုလုပ်သော ကိစ္စများတွင် အဆင်ပြေနေမည်။ ငွေကြေးကိစ္စများ ဒီလအတွင်း အဆင်ပြေနေမည်။ ငွေကြေးကိစ္စများ စုဆောင်းမိသော အချိန်လေးပါ။ ခရီးကိစ္စ အဆင်မပြေ သေးပါဘူး။ မသွားတာ ကောင်းပါတယ်။
ပညာရေး မှာ ကံကောင်းနေသော နေ့ရက်လေးပါ။ အချစ်ရေးမှာ စိတ်တူ ကိုယ်တူ အချစ်ကို ပိုင်ဆိုင်ခွင့် ရမည်။ ဒီလအတွင်း အိမ်ထောင်ရေးမှာ အဆင်ပြေ နေသော အချိန်လေးပါပဲ။ ကျန်းမာရေးမှာ ခါးနာ ၊ ခြေထောက်နာ အနည်းငယ် ဖြစ်မည်။ အကျိုးပေးသော ဂဏန်းများမှာ ။ ။ ၂ ၅ ၉ ၁ ယတြာ = တနင်္လာနေ့ နံနက် ၉ နာရီ ၄၅ မိနစ်တွင် မိမိ နေအိမ်ဘုရားတွင် နှစ်သက်ရာ သစ်သီး ၅ မျိုးကပ်လှူ၍ ကံကောင်း လာစေရန် အတွက် ဆုတောင်းလိုက်ပါ။
၃။ အင်္ဂါ သားသမီးများ အတွက်
ဒီလအတွင်းမှာ ရည်ရွယ်သော ကိစ္စများ အဆင်မပြေသေးပါ။ ဖြစ်ချင် လုပ်ချင်သော စိတ်ကူးများ နောက်ပိုင်းမှ အဆင်ပြေလာမည်။ အထက်လူကြီးများနဲ့ လုပ်ကိုင် ဆောင်ရွက်လိုက်ပါ။ ဒီလအတွင်း စိတ်ပျော်ရွှင်မှုများနှင့် စိတ်ညစ်မှုများ သင့်တင့်ရှိပါသည်။ စီးပွားရေး ငွေကြေးကိစ္စများ ကူည်ီပေးသူ ပေါ်မည်။ ငွေကြေးများ မရခင်က ကုန်နေသလို ဖြစ်နေမည်။ ငွေဝင်ကိန်းရှိပါသည်။ ရအောင်သာ စုဆောင်းပါ။
ပရဟိတ ကိစ္စများ အတွက် စိတ်ညစ်နေရမည်။ ဒီလအတွင်း ပညာရေး ကိစ္စများ အဆင်ပြေပါသည်။ ခရီးတွေကတော့ မသွားတာ ကောင်းပါတယ်။ မိမိရဲ့ စိတ်များ စိတ်တခြား လူတစ်ခြားနဲ့ ဖြစ်နေမည်။ မိတ်ဆွေများမှ ကူညီပေးသူ ပေါ်မည်။ ဒီလအတွင်း အချစ်ရေးမှာ ပုံမှန်ပြန်လည် အဆင်ပြေမည်မည်။ စိတ်ညစ်စရာ မရှိပါဘူး။ အိမ်ထောင်ရေး စကားများနေရမည်။ အခုလ ကျန်းမာရေးမှာ မျက်စိအားနည်း ၊ ခေါင်းကိုက်ခြင်း ဖြစ်မည်။ ကျန်းမာရေး ဂရုစိုက်ပါ။ အကျိုးပေးသောဂဏန်းများမှာ ။ ။ ၅ ၉ ၀ ၂ ယတြာ = အင်္ဂနေ့ နံနက် နံနက် ၉ နာရီ ၄၅ မိမိနေအိမ် ဘုရားတွင် ပန်း ၃ မျိုး ကပ်လှူ၍ ကံကောင်း လာစေရန် အတွက်ဆုတောင်းယူပါ။
၎။ ဗုဒ္ဓ္ဓဟူး သားသမီးများ အတွက်
ဒီလတွေမှာ လိုချင်တာတွေ မရသေးဘူး။ မလိုချင်တာတွေ မရလာလိမ့်မည်။ အလုပ်အကိုင်တွေ အဆင်ပြေနေပေမဲ့ အလုပ်အတွက်နဲ့ စိတ်ညစ်နေရမည်။ အပြောင်းအလဲ တစ်ခုခုဖြစ်မည်။ ငွေကြေးအတွက်နဲ့ စိတ်ညစ် နေရမည်။ ရုက်တစ်ရက် ငွေကုန်ကျမှုများ ရှိပါသည်။ ဒီလတွေထဲ အနည်းငယ် စိတ်ညစ်နေရမည်။ ငွေကြေးများ ကုန်ကျမှု များနေမည်။
ခရီးကိစ္စများ အဆင်ပြေမည်။ အချစ်ရေးမှာ ချစ်သူနဲ့ အဆင်ပြေနေပေမဲ့ စကားပြောဆိုမှုများ အဆင်မပြေပဲ ဖြစ်နေမည်။ အိမ်ထောင်ရေးမှာ အဆင်ပြေမဲ့ အချိန်လေးပါ။ ဒီလအတွင်း ကျန်းမာရေးမှာ ဦးခေါင်းပိုင်း ကျန်းမာရေးညံနေမည်။ ယတြာ = ကံကောင်းစေရန်အတွက် ဘုရားတွင် မိမိမွေးနေတွင် ပန်းကန်ပြား တစ်ချပ်ပေါ်တွင် ဖယောင်းတိုင် ၁ တိုင်ထွန်း၍ လိုရာဆုတောင်းပါ။ အကျိုးပေးသောဂဏန်း ။ ။ ၇ ၆ ၅ ၃
၅။ ကြာသပတေး သားသမီးများ အတွက်
ဒီလအတွင်း မိမိဖြစ်ချင်တာတွေ မျှော်လင့်တာတွေ တွေ့ရလိမ့်မယ်။ နေရာသစ် ရရှိမည်။ အလုပ်အကိုင်များတွင် အထက်လူကြီးနဲ့ ပက်သက်ပြီး အခက်ကြုံနေရမည်။ ငွေဝင်မည့် လမ်းစပေါ်မည်။ ငွေကြေးကိစ္စများတွေမှာ အဆင်ပြေနေမည်။ ငွေရဖို့ သေချာနေပြီ ငွေဝင်နေမည်။ ခရီးယာယီ တွေသွားမယ် ဆိုရင် မိမိရဲ့ အဖော်နဲ့ သွားပါ အကျိုးရှိပါသည်။
အချစ်ရေးမှာ ဆွတ်ပျံ့ဖွယ်ရာ အချစ်ဇတ်လမ်းလေး တွေ့ရမည်။ အိမ်ထောင်ရေးမှာ အခုအချိန်မှာ အတွဲညီနေမဲ့ အချိန်လေးပါပဲ။ ကျန်းမာရေး သင့်တင့်လေးပါ ခါးနာ ဒူးနာ ဖြစ်နေမည်။ ယတြာ = ကြာသပတေးနေ့ နံနက် ၉ နာရီ ၄၅ မီနစ်အချိန် နေအိမ် ဘုရားတွင် ပန်း အနီရောင် ၇ ပွင့်တင်လှူ၍ လိုရာဆုတောင်းပါ။ အကျိုးပေးသော ဂဏန်း ။ ။ ၆ ၅ ၁ ဝ
၆။ သောကြာသားသမီးများ အတွက်
ဒီလအတွင်းမှာ စိတ်မောလူမော ဖြစ်နေရမည့် အချိန်လေးပါ။ အလုပ်အကိုင်များ ပုံမှန်လေးပါပဲ ပြုလုပ်နေရမည်။ အထက်လူကြီးနဲ့ ပြောဆိုပါက အဆင်မပြေသေးပါဘူး။ ငွေကြေးကိစ္စများ ငွေကတော့ ရစရာတွေ ဘယ်မှာနေမှန်းမသိပေမဲ့ ဒီလထဲမှာ ကုန်စရာတွေက အများကြီးပါ။ မိမိမျှော်မှန်း နေသော ကိစ္စများ အဆင်မပြေသေးပါ။ခရီးတွေကတော့ အခု အချိန်မှာ မသွားတာ ကောင်းပါတယ်။ သူတစ်ပါး ကိစ္စများမှာလည်း ပါဝင်ကူညီရမည်။
မိမိရဲ့ သုံးနေသော ပစ္စည်းများ ပျောက်ရှတာတို့ ပျက်တာတို့ ဖြစ်မည်။အချစ်ရေးမှာ အဆင်ပြေဖို့ မရှိသေးပါဘူးဗျာ။ အိမ်ထောင်ရေး မှာရန်များနေရမည်။ ကျန်းမာရေးမှာ ဗိုက်နာ ဗိုက်အောင့် ဖြစ်မည်။ ယတြာ = သောကြာနေ့ နံနက် ၉ နာရီ ၄၅ မီနစ် အချိန် နေအိမ်ဘုရားတွင် ပန်းသီး ၃ လုံးကိုတင်လှူ၍ ကံကောင်း လာစေရန် အတွက်ဆုတောင်းယူပါ။ အကျိုးပေးသောဂဏန်း ။ ။ ၆ ၀ ၃ ၎
၇။ စနေသားသမီးများ အတွက်
ဒီလအတွင်းမှာ ရည်ရွ ယ်တာလေးတွေ အောင်မြင်နေမည်။ အလုပ်ကိစ္စများ စီးပွားရေးကိစ္စတွေ မှာတော့ အဆင်ပြေလာမည်။ အထက်လူကြီးနဲ့ အတူတူပြုလုပ်ဆောင်ရွှက် တာတွေ သိပ်အဆင်မပြေဘူး ဖြစ်နေပါသည်။အလုပ်ထဲ စိတ်မပျော်ပဲ အလုပ်လုပ်နေရမည်။ လူတစ်ခြား စိတ်တစ်ခြား ဖြစ်နေတာပါ။ ငွေကြေးကိစ္စတွေမှာ အဆင်မပြေသေးပါဘူးဗျာ မရခင်က ကုန်ကုန်နေလို့ စိတ်ညစ်နေရမည်။
ငွေကတော့ ဝင်လာမှာပါ။ ခရီးကိစ္စများ သွားလာမှု အဆင်မပြေသေးပါဘူး။ ဒီလအတွင်း စနေသားသမီးများ အပြောင်းအလဲ တစ်ခုခုဖြစ်မည်။ အချစ်ရေးကတော့ လွမ်းနေရမည်။အိမ်ထောင်ရေးကတော့ ရန်ဖြစ်နေမည့် အချိန်လေးပါ။ အခုလ ကျန်းမာရေး အနေနဲ့ ဦးခေါင်းပိုင်း ကျန်းမာ ရေးညံ့မည်။ ခေါင်းမူးတာတို့ ဖြစ်မည်။ ယတြာ = စနေနေ့ နံနက် ၉ နာ၇ီ ၄၅ မီနစ်တွင် မိမိနေအိမ်ဘုရားတွင် ကိတ်မုန့် ဆွမ်းတော်ကပ်လှူရင်း လိုရာ ဆုတောင်းယူပါ။ ကံကောင်းလာမည်။ အကျိုးပေးသော ဂဏန်း ။ ။ ၈ ၇ ၃ ၇
(ဆရာကြီး မင်းသိင်္ခ ၏ တပည့် – ဆရာမျိုးဟန်ကို – ဖုန်း-၀၁၇ ၂၂၆၀ ၇၁၅ )
August လ လေးတွင် မိမိရဲ့ဘဝလေး များလည်း (၁၁) မီးငြိမ်း၍ အေးချမ်းပါစေ။

မြေနီကုန်း မီးပွိုင့်အနီး ယာဉ် ငါးစီးဆင့် တိုက်မှုဖြစ်

| August 3, 2012 |

ရန်ကုန်မြို့ရှိ ယာဉ်အသွားအလာ ထူထပ်သော မြေနီကုန်း မီးပွိုင့်အနီးတွင် ဝါဆိုလပြည့် ကြာသပတေးနေ့ မွန်းတည့်ခါနီးအချိန်က မော်တော်ယာဉ် ငါးစီး ဆင့်ကဲ တိုက်မှုတခု ဖြစ်သွားခဲ့ရာ ယာဉ်ကြောပိတ်ဆို့မှု ကို ပိုမို ကြန့်ကြာသွားစေခဲ့သည်။

ပြည်လမ်းမပေါ်တွင် မောင်းနှင်နေခဲ့သော အမှတ် ၄၈ ဘတ်စ်ကားလိုင်းမှ မီနီဘတ်စ် တစီးက ဘရိတ်ပေါက်ပြီး နံဘေး ယာဉ်ကြောရှိ အငှားယာဉ်စီတစီးကို ဝင်တိုက်သည်။ ထိုမှတဆင့် အငှားယာဉ်က ရှေ့မှကားကို တိုက်ကာ ဆင့်ကဲ တိုက်မှု ဖြစ်သွားရသည်။

ဘတ်စ်ကားကြောင့် အငှားယာဉ်နှစ်စီး နှင့် အိမ်စီးကား ဆလွန်း နှစ်စီး ပါဝင်သော တိုက်မှုတွင် ယာဉ်များပေါ်တွင် လိုက်ပါလာသူများ ထိခိုက်ဒဏ်ရာရမှု အနည်းငယ်သာ ရှိခဲ့သည်။ ဘတ်စ်ကား အတိုက်ခံရသော တက္ကစီတစီးမှာ ဆိုးရွားစွာ ပျက်စီးသွားပြီး ကျန်ကားများ ပျက်စီးမှု နည်းခဲ့သည်။

“မီနီဘတ်စ် ၄၈ ကားသမားကတော့ တိုက်ပြီးပြီးချင်းပဲ ကားပေါ်က ဆင်းပြေးသွားတယ်” ဟု သိရသည်။
ယာဉ်တိုက်မှု ဖြစ်ပွားပြီးနောက် တနာရီကျော် ကြာအထိပင် တိုက်မှု ဖြစ်ပွားသော ကားများကို လမ်းပေါ်မှ မဖယ်ရှား
နိုင်သေးဘဲ ဖြစ်နေရသလို လူအများကလည်း ဝိုင်းအုံ ကြည့်နေကြပြီး ယာဉ်ကြောများ ပိတ်ဆို့နေခဲ့ရသည်။

တရုတ်နိုင်ငံအနောက်တောင် ပိုင်းတွင် ပေါက်ကွဲမှုဖြစ်ပွား ၁ ဦးသေဆုံး ၂၅ ဦး ဒဏ်ရာ ရရှိချန်ဒူး

တရုတ်နိုင်ငံအနောက်တောင်ပိုင်း စီချွမ်ပြည်နယ်ရှိ အဆောက်အအုံ တစ်ခုတွင် သြဂုတ် ၂ ရက် ဒေသ စံတော်ချိန် မွန်းလွဲ ၂ နာရီ မိနစ် ၄၀ တွင် ရုံးတစ်ရုံး၏ မြေအောက်ခန်းတွင် ပေါက်ကွဲခဲ့ခြင်းဖြစ်သည်။ ပေါက်ကွဲမှုကြောင့် ပထမဆုံးထပ်မှာ ဆိုးရွားစွာပျက်စီးခဲ့ပြီး လေးထပ်မှ ရှစ်ထပ်အထိ ပျက်စီးမှုများရှိခဲ့ကြောင်း သိရသည်။

မြန်မာ့သွင်းကုန်ပိတ်ဆို့မှု ဥပဒေသက်တမ်းတိုးဖို့ အမေရိကန်လွှတ်တော် ၂ ရပ် အတည်ပြု

၂၀၀၃ ခုနှစ်က ချမှတ်ခဲ့တဲ့ မြန်မာနိုင်ငံကနေ သွင်းကုန်ပိတ်ဆို့မှု ဥပဒေကို အမေရိကန် အထက်နဲ့ အောက် လွှတ်တော် နှစ်ရပ်စလုံးကနေ မနေ့က သက်တမ်း တစ်နှစ် ထပ်တိုးလိုက်ပါ တယ်။ မြန်မာနိုင်ငံတွင်း ပြောင်းလဲမှုတွေ အပေါ် အသိအမှတ်ပြုပေမဲ့ အပြောင်းအလဲတွေ ထပ်ဖြစ်လာဖို့ မျှော်လင့်ပြီး ဒီ ဥပဒေ ကြမ်းထဲမှာ အမေရိကန် သမ္မတရဲ့ လျှော့ပေါ့ပေးနိုင်တဲ့ လုပ်ပိုင်ခွင့်တွေ ထည့်သွင်းပေးထားတယ်လို့ ဒီ ဥပဒေ သက်တမ်းတိုးရေး အဆိုတင်သွင်းတဲ့ ဥပဒေပြု အမတ်တွေက ပြောပါတယ်။ ဒါနဲ့ပတ်သက်လို့တော့ ကိုသားညွန့်ဦးက အကြောင်းစုံ တင်ပြပေးထားပါတယ်။
အခုလို ၂၀၀၃ ခုနှစ် မြန်မာနိုင်ငံနဲ့ပတ်သက်လို့ သွင်းကုန်ပိတ်ဆို့မှု ဥပဒေကို လွှတ်တော် နှစ်ရပ်စလုံး သက်တမ်း တိုးလိုက်တဲ့အပေါ် မြန်မာ့ဒီမိုကရေစီရေးနဲ့ ပတ်သက်ပြီး အလေးပေးဆောင်ရွက်ကြတဲ့ လွှတ်တော် အမတ်တွေက ကြိုဆိုလိုက်ကြပါတယ်။ ဒီဥပဒေထဲမှာပဲ သမ္မတ အာဏာနဲ့ လျှော့ပေါ့ ပေးနိုင်တဲ့ လုပ်ပိုင်ခွင့် ကိုလည်း ထည့်သွင်းထားပါတယ်။ ဒါကြောင့် အရေးယူမှု ဥပဒေ သက်တမ်း တိုးလိုက်တယ် ဆိုပေမယ့် မြန်မာနိုင်ငံက အပြောင်းအလဲတွေအပေါ်တည်ပြီး အရေးယူမှုတွေကို လျှော့ပေါ့ပေးဦးမယ့် လက္ခဏာလည်း တွေ့ရပါတယ်။
ဒီ ဥပဒေ သက်တမ်းတိုးရေး အတွက် အောက် လွှတ်တော်မှာ အဓိက ကမ ကထ ဆောင်ရွက် သူ အောက်လွှတ်တော် အမတ် Joseph Crowley ကတော့ ဒီ ဥပဒေကို သက်တမ်းတိုးလိုက်တာဟာ အမေရိကန် ပြည်ထောင်စုအနေနဲ့ မြန်မာ လူ့အခွင့်အရေးအတွက် အလေးအနက် ရှိနေတယ် ဆိုတာကို ပြသတာ ဖြစ်တယ်လို့ ပြောပါတယ်။
“မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေး အခြေအနေတွေ တိုးတက်လာစေဖို့ အမေရိကန်ဘက်က ကူညီဖို့ ပိုင်းဖြတ်ထားတယ်ဆိုတာကို ပြသတဲ့ ဥပဒေကြမ်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇန်န၀ါရီလတုန်းက မြန် မာနိုင်ငံကို ကျနော်ရောက်ခဲ့ပါတယ်။ ဒါဟာ ၁၂ နှစ်အတွင်း အောက်လွှတ်တော်ကနေ ပထမဆုံး သွားရောက်တဲ့ လွှတ်တော်အမတ်တဦးခရီးစဉ်ဖြစ်ခဲ့ပါတယ်။
ပြောင်းလဲမှုတွေ ဖြစ်လာနိုင်ခြေ ရှိတယ်ဆိုတာကို ကျနော် မျက်မြင် တွေ့ခဲ့ပါတယ်။ လွတ်မြောက်တော့မယ် ဆိုတဲ့ မျှော်လင့်ချက်တွေနဲ့ နိုင်ငံရေးအကျဉ်းသားတွေ မိသားစုဝင်တွေနဲ့ တွေ့ခဲ့ပါ တယ်။
အမျိုးသားပြန်လည်သင့်မြတ်ရေး ဖြစ်လာနိုင်တယ်ဆိုတဲ့ မျှော်လင့်ချက်ရှိတဲ့ တိုင်းရင်းသား လူနည်းစုတွေနဲ့ တွေ့ခဲ့ပါတယ်။ သတ္တိပြောင်မြောက်တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခဲ့ပါတယ်။”
မြန်မာအာဏာပိုင်တွေနဲ့ နီးစပ်သူတွေကတော့ အခုလို အနောက်နိုင်ငံတွေ အထူးသဖြင့် အမေရိ ကန် ပြည်ထောင်စုက ပိတ်ဆို့ အရေးယူမှုတွေဟာ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်ကြောင့် ဖြစ်တယ်ဆိုပြီး စွပ်စွဲမှုတွေ ဟိုးကတည်းက ရှိနေတာပါ။ အောက်လွှတ်တော်အမတ် ဂျိုးဇက် ခရော်လေ ကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သူ လူချင်း တွေ့ခဲ့စဉ်မှာ အခုလို အရေးယူမှုတွေ လုပ်ဖို့ဆိုတာကို တိုက်တွန်းတာမျိုး မလုပ်ခဲ့ဘူးလို့ ပြောပါတယ်။
“မြန်မာနိုင်ငံကို နိုင်ငံတကာ ဖိအားတွေ လျှော့ပေါ့သွားဖို့ ဒေါ်စုက တိုက်တွန်းပါတယ်။ ဒါပေမယ့် လည်း ဒီ ဥပဒေကို သက်တမ်းတိုးပြီး ပြုလွယ်ပြောင်းလွယ်ဖြစ်အောင် လုပ်ထားခြင်းအားဖြင့် နိုင်ငံရေး အကျဉ်းသားတွေ အားလုံး ခြွင်းချက်မရှိ အမြန်ဆုံးလွတ်မြောက်လာဖို့၊ ကချင်နဲ့ ရိုဟင်ဂျာတို့ အပါအ၀င် မြန်မာနိုင်ငံက လူနည်းစုတွေ တိုင်းရင်းသားတွေအပေါ် အကြမ်းဖက်မှုတွေ ရပ်ဖို့ မြန်မာ နိုင်ငံမှာ စစ်မှန်တဲ့ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်ဖို့ အမေရိကန်ပြည်ထောင်စုက လိုလားတယ် ဆိုတာကို ပြလိုက်တာပါ။ ဒါကြောင့် ဒီဥပဒေ သက်တမ်းတိုးရေးအတွက် ကျနော် အပြင်းအထန် တိုက်တွန်းတာပါ။”
၂၀၀၃ ခုနှစ် မြန်မာနိုင်ငံနဲ့ပ တ်သက်လို့ သွင်းကုန် ပိတ်ဆို့မှု ဥပဒေဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီမိုကရေစီ လှုပ်ရှားသူတွေကို မြန်မာနိုင်ငံ အထက်ပိုင်း ဒီပဲယင်းအနီးမှာ အစိုးရလိုလားသူတွေက အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်ပြီးနောက် အမေရိကန် ပြည်ထောင်စုက မြန်မာစစ်အစိုးရကို အရေးယူခဲ့တဲ့ ဥပဒေဖြစ်ပါတယ်။ ဥပဒေဟာ ပြီးခဲ့တဲ့ ဇူလှိုင် ၂၈ ရက်နေ့က သက်တမ်းကုန်ခဲ့တာပါ။
အခု ဒီဥပဒေကို နောက်ထပ် သုံးနှစ်ဆက်သွားဖို့ အောက်လွှတ်တော်က ဆုံးဖြတ်တာဖြစ်ပေမဲ့ အရေးယူမှု ဆက်လုပ် မလုပ်ဆိုတာကို တနှစ်ချင်း သုံးသပ် ဆုံးဖြတ်ရမှာဖြစ်ပါတယ်။
ဒါကြောင့် မြန်မာနိုင်ငံအပေါ် အမေရိကန်က သုံးနှစ်အရေးယူမှု သက်တမ်း ထပ်တိုးမယ် ဆိုပြီး ပြောဆိုနေတဲ့အချက်ဟာ မှားယွင်းတယ်လို့ အထက်လွှတ်တော်အမတ် မက်ကောနယ်ရဲ့ ကြေညာချက်မှာ ဖော်ပြပါတယ်။ ဒီ ဥပဒေကို လွှတ်တော်နှစ်ရပ်ကနေ တနှစ်ချင်း သက်တမ်းတိုးရမှာဖြစ်တယ်လို့ မစ္စတာ မက်ကောနယ်က ပြောပါတယ်။
ဒါ့အပြင် ဒီ ဥပဒေ သက်တမ်းတိုးတာကြောင့် အမေရိကန်အစိုးရကနေ ဒီနှစ်အစောပိုင်းတုန်းက ရင်းနှီး မြှုပ်နှံမှုနဲ့ ငွေကြေးဝန်ဆောင်မှုတွေ ပိတ်ပင်ထားတာကို လျှော့ပေါ့ပေးခဲ့တာအပေါ် သက်ရောက်မှု ရှိမှာ မဟုတ်ပါဘူးလို့လည်း ထောက်ပြပါတယ်။ ဒီ ဥပဒေပါ လိုလား သတ်မှတ် ချက်တွေ ပြည့်စုံမှုရှိလာတာနဲ့ ဒီ တားမြစ်မှု ဥပဒေကို လျှော့ပေါ့ပေးနိုင်တဲ့ အခွင့်အာဏာကိုလည်း ထည့်သွင်းထားပါတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် အခုလို အမေရိကန်အစိုးရပိုင်းက လုပ်ပိုင်ခွင့်အရ အရေးယူမှုတွေ လျှော့ပေါ့ပေးမယ်လို့ စဉ်းစားတဲ့အခါမှာလည်း မြန်မာနိုင်ငံထဲက အပြောင်းအလဲတွေကိုတင် ထည့်သွင်းစဉ်းစား တာမဟုတ်ဘဲ နိုဗယ်ငြိမ်းချမ်းရေးဆုရှင် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုပါ နီးနီးကပ်ကပ် တိုင်ပင်ညှိနှိုင်းဖို့ အထက် လွှတ်တော်အမတ် မက်ကောနယ်က အမေရိကန်အစိုးရကို အလေးအနက် တိုက်တွန်းထားပါတယ်။
ရင်းနှီးမြှုပ်နှံမှုသစ်တွေ မြန်မာနိုင်ငံမှာ ၀င်ရောက်လုပ်ကိုင်ခွင့် အမေရိကန် ပြည်ထောင်စုက ခွင့်ပြုထားတဲ့အပေါ် ကြိုဆိုပေမဲ့ အမေရိကန် ရင်းနှီးမြှုပ်နှံမှုတွေကြောင့် အပြုသဘော အကျိုးဖြစ်ထွန်းမှုတွေ ရှိတယ်ဆိုတာကို မြန်မာလူထုရော ကမ္ဘာကပါ သိဖို့ ကျင့်ဝတ်သိက္ခာနဲ့ တာဝန်ယူမှု ရှိတဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ဖြစ်ဖို့လည်း အထက်လွှတ်တော်အမတ် မက်ကောနယ်က တိုက်တွန်းထားပါတယ်။
အခု သက်တမ်းတိုးလိုက်တဲ့ ၂၀၀၃ မြန်မာနိုင်ငံ လွတ်မြောက်ရေးနဲ့ ဒီမိုကရေစီ အက်ဥပဒေဟာ အတည်ဖြစ်ဖို့ကတော့ သမ္မတအိုဘားမား လက်မှတ်ထိုးဖို့ ကျန်ပါသေးတယ်။ အခြား ဥပဒေ တရပ် ဖြစ်တဲ့ ၂၀၀၈ ခုနှစ် JADE ဥပဒေကိုလည်း မကြာခင် အမေရိကန်လွှတ်တော်အတွင်း သက်တမ်းတိုးရေး မတိုးရေး ဆွေးနွေး ဆုံးဖြတ်ကြရဦးမှာဖြစ်ပါတယ်။

သမ္မတ ဦးသိန်းစိန် မနက်ဖြန် စစ်တွေလာမည်

နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည်  စစ်တွေကို မနက်ဖြန် လာရောက်မည် ဖြစ်ကြောင်း သိရသည်။

“ ဟုတ်တယ်။ ကျွန်တော်တို့ တစ်မြို့လုံး လေဆိပ်ကို မနက်ဖြန် သမ္မတကြီးကို သွားကြိုဖို့ စီစဉ်နေပါတယ်” ဟု အမည် မဖေါ်လိုသူ နိုင်ငံရေး သမား တစ်ဦးက ပြောသည်။
သမ္မတကြီးသည် သြဂတ်စ်လ ၃ ရက်နေ့ နံနက်တွင် စစ်တွေမြို့သို့ အထူး လေယာဉ်ဖြင့် ရောက်ရှိမည်ဟု သိရသည်။
သမ္မတ ဦးသိန်းစိန်အား စစ်တွေတစ်မြို့လုံး နိုင်ငံတော် အလံများ၊ ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ ကြိုဆိုဖွယ်ရှိသည်ဟု စစ်တွေအမတ် ဦးအောင်မြကျော်ကလည်း ပြောသည်။
ယခုအခါ စစ်တွေ လေဆိပ် အပါအ၀င် အရေးကြီးသော နေရာများကို လုံခြုံရေး တင်းကျပ်ထားလိုက်ပြီ ဖြစ်ကြောင်း သိရသည်။
ယခု ခရီးစဉ်သည် သမ္မတ ဦးသိန်းစိန်သည် ရခိုင်ဆူပူ အကြမ်းဖက်မူ ဖြစ်ပွားပြီးနောက်ပိုင်း ပထမဆုံး အကြိမ် စစ်တွေသို့ လာရောက် လည်ပတ်ခြင်း ဖြစ်ကြောင်း သိရသည်။

ဒီမိုကရေစီ ခရီးကြမ်းနဲ့ ဒေါ်အောင်ဆန်းစုကြည်

အသံဖိုင်နားဆင်ရန်

ဒေါ်အောင်ဆန်းစုကြည်နဲ့ ကင်တားနား တွေ့ ဆုံ

မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာ ကင်တားနားဟာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ
ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီကနေ့ တက္ကသိုလ် ရိပ်သာလမ်း နေအိမ်မှာ
တွေ့ဆုံ ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
ဆွေးနွေးပွဲနဲ့ ပတ်သက်တဲ့ အသေးစိတ် အချက်အလက် တွေကိုတော့
နှစ်ဘက်လုံးက ထုတ်ပြန်ကြေညာတာ မရှိသေးပါဘူး။
မစ္စတာ ကင်တားနားဟာ ပြီးခဲ့တဲ့ ရက်တွေအတွင်း အင်းစိန်ထောင်ကို သွားရောက်ခဲ့ပြီး နိုင်ငံရေး အကျဉ်းသား တချို့ နဲ့ တွေ့ဆုံခဲ့သလို ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေ၊ ကျောင်းသား အဖွဲ့အစည်းတွေ နဲ့လဲ တွေ့ဆုံခဲ့ပါတယ်။
ဒါ့အပြင် ရခိုင်ပြည်နယ် စစ်တွေနဲ့ မောင်တောမြို့တွေက ရခိုင်တိုင်းရင်းသားနဲ့
မွတ်စလင် ဒုက္ခသည်တွေကို သွားရောက် ကြည့်ရှုခဲ့ပါတယ်။
မစ္စတာ ကင်တားနားဟာ အခုတခေါက် ခရီးစဉ်အတွင်း သမ္မတ ဦးသိန်းစိန်နဲ့
တွေ့ဖို့ စီစဉ်ထားသလို လူထုအခြေပြု အဖွဲ့အစည်းတွေနဲ့လည်း တွေ့ဆုံဖို့ ရှိတယ်လို့လည်း သိရပါတယ်။
RFA Burmese

ဆရာမျိုးဟန်ကို - 2012, August လ အတွက် ဗေဒင် ဟောစတမ်း

၁။ တနင်္ဂနွေသားသမီးများ အတွက်
ယခု အတွင်း အလုပ်အကိုင်ကိစ္စများ အဆင်ပြေလာသော်လည်း ငွေကြေးကိစ္စများ အဖတ်မတင် အဆင်မပြေဖြစ်နေမည်။ အလုပ်အသစ် နေရာအသစ်များ ပြောင်းရွှေ့လုပ်ကိုင်ရမည်။ ဒီလတွင်းမှာ ဖြစ်ချင်တာတွေ ဆုံးဖြတ်ချက်တွေ ရည်ရွှယ်ချက်တွေ များနေသော အချိန်လေး ဖြစ်ပါတယ်။ အလုပ်အကိုင် ကိစ္စများ အတွက် အဆင်ပြေနေသော အချိန်လေး ဖြစ်သော်လည်း အလုပ် ထဲတွင် စိတ်မပျော်ပဲ ဖြစ်နေမည်။ အထက်လူကြီးများမှ အကူညီပေးသူ ပေါ်လာမည်။ ယခုလအတွင်း ငွေကြေးများ ကံကောင်းလာမည်။ အဆင်ပြေနေမည်။
အပိုကုန်ငွေများနေသော အချိန်လေး ဖြစ်ပါသည်။ ခရီးယာယီကိစ္စများ သွားရမည်။ ပညာရေးမှာ ရည်မှန်းချက် တိုးတက်လာမဲ့ အချိန်လေးပါ။ အချစ်ရေးမှာ ချစ်သူနဲ့ဒီလအတွင်း အဆင်ပြေလိုက် ၊ မပြေလိုက်နဲ့ဖြစ်နေပြီး စိတ်ပျော်ရွှင်မှုများလည်း ညစ်လိုက် ပျော်လိုက်ဖြစ်နေမည်။ အိမ်ထောင်ရေးမှာ နှလုံးသားချင်း ဝေးနေသော အချိန်လေးပါ။ ကျန်းမာရေးမှာ ဗိုက်အောင့်ခြင်း အစားမှားခြင်း ဖြစ်မည်။ အကျိုးပေးသော ဂဏန်း ။ ။ ၈ ၀ ၇ ၀ ယတြာ = ကံကောင်းစေရန်အတွက် တနင်္ဂနွေနေ့နံနက် ၉ နာရီ ၄၅ မီနစ် မိမိနေအိမ်ဘုရားတွင် ဆွမ်းတော် ကပ်လှူ၍ ဆုတောင်း လိုက်ပါ။
၂။ တနင်္လာ သားသမီးများ အတွက်
ယခုလအတွင်း လိုရာဆန္ဒများ ပြည့်စုံလာမည်။ ရည်ရွယ်နေသော စိတ်ကူးများ အဆင်ပြေလာမည်။ အလုပ်အကိုင် ကိစ္စများ အတွက်နဲ့ စိတ်ပျော်လာရမည်။ အထက်လူကြီးတွေနဲ့ ပြုလုပ်သော ကိစ္စများတွင် အဆင်ပြေနေမည်။ ငွေကြေးကိစ္စများ ဒီလအတွင်း အဆင်ပြေနေမည်။ ငွေကြေးကိစ္စများ စုဆောင်းမိသော အချိန်လေးပါ။ ခရီးကိစ္စ အဆင်မပြေ သေးပါဘူး။ မသွားတာ ကောင်းပါတယ်။
ပညာရေး မှာ ကံကောင်းနေသော နေ့ရက်လေးပါ။ အချစ်ရေးမှာ စိတ်တူ ကိုယ်တူ အချစ်ကို ပိုင်ဆိုင်ခွင့် ရမည်။ ဒီလအတွင်း အိမ်ထောင်ရေးမှာ အဆင်ပြေ နေသော အချိန်လေးပါပဲ။ ကျန်းမာရေးမှာ ခါးနာ ၊ ခြေထောက်နာ အနည်းငယ် ဖြစ်မည်။ အကျိုးပေးသော ဂဏန်းများမှာ ။ ။ ၂ ၅ ၉ ၁ ယတြာ = တနင်္လာနေ့ နံနက် ၉ နာရီ ၄၅ မိနစ်တွင် မိမိ နေအိမ်ဘုရားတွင် နှစ်သက်ရာ သစ်သီး ၅ မျိုးကပ်လှူ၍ ကံကောင်း လာစေရန် အတွက် ဆုတောင်းလိုက်ပါ။
၃။ အင်္ဂါ သားသမီးများ အတွက်
ဒီလအတွင်းမှာ ရည်ရွယ်သော ကိစ္စများ အဆင်မပြေသေးပါ။ ဖြစ်ချင် လုပ်ချင်သော စိတ်ကူးများ နောက်ပိုင်းမှ အဆင်ပြေလာမည်။ အထက်လူကြီးများနဲ့ လုပ်ကိုင် ဆောင်ရွက်လိုက်ပါ။ ဒီလအတွင်း စိတ်ပျော်ရွှင်မှုများနှင့် စိတ်ညစ်မှုများ သင့်တင့်ရှိပါသည်။ စီးပွားရေး ငွေကြေးကိစ္စများ ကူည်ီပေးသူ ပေါ်မည်။ ငွေကြေးများ မရခင်က ကုန်နေသလို ဖြစ်နေမည်။ ငွေဝင်ကိန်းရှိပါသည်။ ရအောင်သာ စုဆောင်းပါ။
ပရဟိတ ကိစ္စများ အတွက် စိတ်ညစ်နေရမည်။ ဒီလအတွင်း ပညာရေး ကိစ္စများ အဆင်ပြေပါသည်။ ခရီးတွေကတော့ မသွားတာ ကောင်းပါတယ်။ မိမိရဲ့ စိတ်များ စိတ်တခြား လူတစ်ခြားနဲ့ ဖြစ်နေမည်။ မိတ်ဆွေများမှ ကူညီပေးသူ ပေါ်မည်။ ဒီလအတွင်း အချစ်ရေးမှာ ပုံမှန်ပြန်လည် အဆင်ပြေမည်မည်။ စိတ်ညစ်စရာ မရှိပါဘူး။ အိမ်ထောင်ရေး စကားများနေရမည်။ အခုလ ကျန်းမာရေးမှာ မျက်စိအားနည်း ၊ ခေါင်းကိုက်ခြင်း ဖြစ်မည်။ ကျန်းမာရေး ဂရုစိုက်ပါ။ အကျိုးပေးသောဂဏန်းများမှာ ။ ။ ၅ ၉ ၀ ၂ ယတြာ = အင်္ဂနေ့ နံနက် နံနက် ၉ နာရီ ၄၅ မိမိနေအိမ် ဘုရားတွင် ပန်း ၃ မျိုး ကပ်လှူ၍ ကံကောင်း လာစေရန် အတွက်ဆုတောင်းယူပါ။
၎။ ဗုဒ္ဓ္ဓဟူး သားသမီးများ အတွက်
ဒီလတွေမှာ လိုချင်တာတွေ မရသေးဘူး။ မလိုချင်တာတွေ မရလာလိမ့်မည်။ အလုပ်အကိုင်တွေ အဆင်ပြေနေပေမဲ့ အလုပ်အတွက်နဲ့ စိတ်ညစ်နေရမည်။ အပြောင်းအလဲ တစ်ခုခုဖြစ်မည်။ ငွေကြေးအတွက်နဲ့ စိတ်ညစ် နေရမည်။ ရုက်တစ်ရက် ငွေကုန်ကျမှုများ ရှိပါသည်။ ဒီလတွေထဲ အနည်းငယ် စိတ်ညစ်နေရမည်။ ငွေကြေးများ ကုန်ကျမှု များနေမည်။
ခရီးကိစ္စများ အဆင်ပြေမည်။ အချစ်ရေးမှာ ချစ်သူနဲ့ အဆင်ပြေနေပေမဲ့ စကားပြောဆိုမှုများ အဆင်မပြေပဲ ဖြစ်နေမည်။ အိမ်ထောင်ရေးမှာ အဆင်ပြေမဲ့ အချိန်လေးပါ။ ဒီလအတွင်း ကျန်းမာရေးမှာ ဦးခေါင်းပိုင်း ကျန်းမာရေးညံနေမည်။ ယတြာ = ကံကောင်းစေရန်အတွက် ဘုရားတွင် မိမိမွေးနေတွင် ပန်းကန်ပြား တစ်ချပ်ပေါ်တွင် ဖယောင်းတိုင် ၁ တိုင်ထွန်း၍ လိုရာဆုတောင်းပါ။ အကျိုးပေးသောဂဏန်း ။ ။ ၇ ၆ ၅ ၃
၅။ ကြာသပတေး သားသမီးများ အတွက်
ဒီလအတွင်း မိမိဖြစ်ချင်တာတွေ မျှော်လင့်တာတွေ တွေ့ရလိမ့်မယ်။ နေရာသစ် ရရှိမည်။ အလုပ်အကိုင်များတွင် အထက်လူကြီးနဲ့ ပက်သက်ပြီး အခက်ကြုံနေရမည်။ ငွေဝင်မည့် လမ်းစပေါ်မည်။ ငွေကြေးကိစ္စများတွေမှာ အဆင်ပြေနေမည်။ ငွေရဖို့ သေချာနေပြီ ငွေဝင်နေမည်။ ခရီးယာယီ တွေသွားမယ် ဆိုရင် မိမိရဲ့ အဖော်နဲ့ သွားပါ အကျိုးရှိပါသည်။
အချစ်ရေးမှာ ဆွတ်ပျံ့ဖွယ်ရာ အချစ်ဇတ်လမ်းလေး တွေ့ရမည်။ အိမ်ထောင်ရေးမှာ အခုအချိန်မှာ အတွဲညီနေမဲ့ အချိန်လေးပါပဲ။ ကျန်းမာရေး သင့်တင့်လေးပါ ခါးနာ ဒူးနာ ဖြစ်နေမည်။ ယတြာ = ကြာသပတေးနေ့ နံနက် ၉ နာရီ ၄၅ မီနစ်အချိန် နေအိမ် ဘုရားတွင် ပန်း အနီရောင် ၇ ပွင့်တင်လှူ၍ လိုရာဆုတောင်းပါ။ အကျိုးပေးသော ဂဏန်း ။ ။ ၆ ၅ ၁ ဝ
၆။ သောကြာသားသမီးများ အတွက်
ဒီလအတွင်းမှာ စိတ်မောလူမော ဖြစ်နေရမည့် အချိန်လေးပါ။ အလုပ်အကိုင်များ ပုံမှန်လေးပါပဲ ပြုလုပ်နေရမည်။ အထက်လူကြီးနဲ့ ပြောဆိုပါက အဆင်မပြေသေးပါဘူး။ ငွေကြေးကိစ္စများ ငွေကတော့ ရစရာတွေ ဘယ်မှာနေမှန်းမသိပေမဲ့ ဒီလထဲမှာ ကုန်စရာတွေက အများကြီးပါ။ မိမိမျှော်မှန်း နေသော ကိစ္စများ အဆင်မပြေသေးပါ။ခရီးတွေကတော့ အခု အချိန်မှာ မသွားတာ ကောင်းပါတယ်။ သူတစ်ပါး ကိစ္စများမှာလည်း ပါဝင်ကူညီရမည်။
မိမိရဲ့ သုံးနေသော ပစ္စည်းများ ပျောက်ရှတာတို့ ပျက်တာတို့ ဖြစ်မည်။အချစ်ရေးမှာ အဆင်ပြေဖို့ မရှိသေးပါဘူးဗျာ။ အိမ်ထောင်ရေး မှာရန်များနေရမည်။ ကျန်းမာရေးမှာ ဗိုက်နာ ဗိုက်အောင့် ဖြစ်မည်။ ယတြာ = သောကြာနေ့ နံနက် ၉ နာရီ ၄၅ မီနစ် အချိန် နေအိမ်ဘုရားတွင် ပန်းသီး ၃ လုံးကိုတင်လှူ၍ ကံကောင်း လာစေရန် အတွက်ဆုတောင်းယူပါ။ အကျိုးပေးသောဂဏန်း ။ ။ ၆ ၀ ၃ ၎
၇။ စနေသားသမီးများ အတွက်
ဒီလအတွင်းမှာ ရည်ရွ ယ်တာလေးတွေ အောင်မြင်နေမည်။ အလုပ်ကိစ္စများ စီးပွားရေးကိစ္စတွေ မှာတော့ အဆင်ပြေလာမည်။ အထက်လူကြီးနဲ့ အတူတူပြုလုပ်ဆောင်ရွှက် တာတွေ သိပ်အဆင်မပြေဘူး ဖြစ်နေပါသည်။အလုပ်ထဲ စိတ်မပျော်ပဲ အလုပ်လုပ်နေရမည်။ လူတစ်ခြား စိတ်တစ်ခြား ဖြစ်နေတာပါ။ ငွေကြေးကိစ္စတွေမှာ အဆင်မပြေသေးပါဘူးဗျာ မရခင်က ကုန်ကုန်နေလို့ စိတ်ညစ်နေရမည်။
ငွေကတော့ ဝင်လာမှာပါ။ ခရီးကိစ္စများ သွားလာမှု အဆင်မပြေသေးပါဘူး။ ဒီလအတွင်း စနေသားသမီးများ အပြောင်းအလဲ တစ်ခုခုဖြစ်မည်။ အချစ်ရေးကတော့ လွမ်းနေရမည်။အိမ်ထောင်ရေးကတော့ ရန်ဖြစ်နေမည့် အချိန်လေးပါ။ အခုလ ကျန်းမာရေး အနေနဲ့ ဦးခေါင်းပိုင်း ကျန်းမာ ရေးညံ့မည်။ ခေါင်းမူးတာတို့ ဖြစ်မည်။ ယတြာ = စနေနေ့ နံနက် ၉ နာ၇ီ ၄၅ မီနစ်တွင် မိမိနေအိမ်ဘုရားတွင် ကိတ်မုန့် ဆွမ်းတော်ကပ်လှူရင်း လိုရာ ဆုတောင်းယူပါ။ ကံကောင်းလာမည်။ အကျိုးပေးသော ဂဏန်း ။ ။ ၈ ၇ ၃ ၇
(ဆရာကြီး မင်းသိင်္ခ ၏ တပည့် - ဆရာမျိုးဟန်ကို - ဖုန်း-၀၁၇ ၂၂၆၀ ၇၁၅ )
August လ လေးတွင် မိမိရဲ့ဘဝလေး များလည်း (၁၁) မီးငြိမ်း၍ အေးချမ်းပါစေ။

ကင်တားနားခရီး အပေါ် NLD ဦးတင်ဦးနဲ့ မေးမြန်းချက်

အသံဖိုင်နားဆင်ရန်