Monday, August 13, 2012

ဒုသမ္မတဘယ်သူဖြစ်မလဲ (ပေးစာ)

တပ်မတော်သား အစုအဖွဲ့မှ ဒုသမ္မတ ဖြစ်လာသော ဗိုလ်ချုပ်ကြီး တင်အောင် မြင့်ဦးသည် ကျန်းမာရေး အခြေ အနေကြောင့် ဇူလိုင်လ ၂ ရက်နေ့တွင် နှုတ်ထွက်လွှာ တင်သွင်း ခဲ့ကြောင်း နိုင်ငံပိုင် ရုပ်မြင် သံကြားမှ ဇူလိုင်လ ၄ ရက်နေ့တွင် ကြေညာ ခဲ့ပါသည်။ ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ နှုတ်ထွက် သွားသော ဒုသမ္မတ နေရာတွင် ၇ ရက်အတွင်း အစားထိုး ခန့်အပ်ရန် ဖြစ်သော်လည်း ယခုအချိန်ထိ ဒုသမ္မတသစ် ခန့်အပ်နိုင်ခြင်း မရှိသေးချေ။

ဒုသမ္မတ လောင်းအဖြစ် တပ်မတော် သား ကိုယ်စားလှယ်များ အစုအဖွဲ့က ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ယခင် ဗိုလ်ချုပ် ကြီးဟောင်း ဦးမြင့်ဆွေအား အမည်စာရင်း တင်သွင်း ထားသော်လည်း ဦးမြင့်ဆွေသည် အခြေခံ ဥပဒေတွင် ပါရှိသော အချက်များနှင့် ကိုက်ညီမှုမရှိဟု လွှတ်တော် အသိုင်းအဝိုင်းမှ ဝေဖန်မှုများ ရှိခဲ့ကြောင်း သတင်း ထွက်ပေါ်ခဲ့ ပါသည်။


ပြည်ခိုင်ဖြိုး ပါတီနှင့် နီးစပ်သော အသိုင်း အဝိုင်းအနေဖြင့် တပ်မတော်တွင် ဗိုလ်ချုပ် အဆင့်ဖြင့် တာဝန် ထမ်းဆောင်ခဲ့ပြီး ပြည်ခိုင်ဖြိုး ပါတီ အတွင်းရေးမှူး ဖြစ်သူ လက်ရှိ ပြည်သူ့ လွှတ်တော် ကိုယ်စား လှယ် ဦးဌေးဦးအား ဒုသမ္မတ နေရာအတွက် မျှော်မှန်း လျက်ရှိကြသည်။ စစ်ဘက်နှင့် နီးစပ်သော အသိုင်း အဝိုင်း ဘက်မှလည်း ယခင် ဗိုလ်ချုပ်ကြီးဟောင်း လက်ရှိ ကော်မရှင်ဥက္ကဌ ဦးတင်အေးနှင့် ရေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဥာဏ်ထွန်းတို့အား ရွေးချယ် နိုင်ကြောင်း သတင်းများ ထွက်ပေါ် လျက်ရှိသည်။
ဦးဌေးဦးသည် တပ်မတော်တွင် တာဝန်ထမ်း ဆောင်စဉ်တွင် လည်းကောင်း၊ ပြည်ခိုင် ဖြိုးပါတီ၌ တာဝန် ထမ်းဆောင်စဉ် တွင်လည်းကောင်း ပေါင်းသင်း ဆက်ဆံ ရေးပြေပြစ်ပြီး ယခင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ လက်ရင်း တပည့် တစ်ဦးအဖြစ် နာမည်ရှိသူ တစ်ဦးဖြစ်ပါသည်။


ဦးတင်အေးသည် ဗိုလ်ချုပ်ကြီး တာဝန်ထမ်း ဆောင်စဉ်က တပ်မတော်၏ စစ်လက်နက် ပစ္စည်းကိစ္စ များနှင့် တပ်မတော်၏ ဦးပိုင် ကော်ပိုရေးရှင်းကို ဦးဆောင်ခဲ့  သူတစ်ဦး ဖြစ်ပါသည်။ တပ်မတော် တစ်ရပ် လုံး၏ သက်သာ ချောင်ချိရေး ကိစ္စရပ်များအတွက်  ဖြည့်ဆည်း ဆောင်ရွက်ပေး နိုင်ခဲ့သူ ဖြစ်ပြီး စီးပွားရေး အမြင်ရှိသူ တစ်ဦး ဖြစ်ပါသည်။

ဗိုလ်ချုပ်ကြီး ဥာဏ်ထွန်းသည် လက်ရှိရေတပ် ဦးစီးချုပ် ဖြစ်ပြီး ၎င်းသည် ရေတပ်နှင့် ပတ်သက်၍ တိုးတက် ခေတ်မီအောင် စွမ်းဆောင်နိုင်သူ တစ်ဦးဟု အသိအမှတ် ပြုခံရသူ တစ်ဦးဖြစ်ပါသည်။ ခေတ်မီ စစ်ရေယာဉ်နှင့် လက်နက်ပစ္စည်းများ များစွာ တည်ဆောက် တပ်ဆင်မှုများ ပြုလုပ်ခဲ့သူ ဖြစ်ပါသည်။
နေပြည်တော် ဝန်ထမ်းရပ်ကွက်နှင့် နီးစပ်သော အသိုင်းအဝိုင်း ကလည်း ဦးတင်အေးနှင့် လက်ရှိ ပြည်ထဲရေး ဝန်ကြီး ဗိုလ်ချုပ်ကြီး ကိုကိုတို့အား ရွေးချယ် နိုင်ကြောင်း သတင်းများ ထွက်ပေါ် လျက်ရှိပါသည်။ ဗိုလ်ချုပ်ကြီး ကိုကိုသည် အလုပ်လုပ် ကိုင်ရာတွင် တိကျပြတ်သား မှုရှိသဖြင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်မှ လည်း အသိအမှတ်ပြုထား ခြင်းခံရသူတစ်ဦး ဖြစ်ပါသည်။

ဒုသမ္မတ ရာထူးနှင့် ပတ်သက်၍ အသိုင်းအဝိုင်း အမျိုးမျိုးတို့က ထင်ကြေး အမျိုးမျိုးပေးကာ ခန့်မှန်း ကြလျက် ရှိသကဲ့သို့ လွှတ်တော် ကိုယ်စားလှယ် အများစုကလည်း တပ်မတော်သား ကိုယ်စားလှယ် အစုအဖွဲ့မှ တင်သွင်းခံရမည့် ဒုသမ္မတလောင်း အမည်စာရင်းကို စိတ်ဝင် တစား မျှော်လင့် စောင့်စားလျက် ရှိကြောင်း သိရှိရပါသည် ။

ဧရာဝတီတိုင်း၊ မြောင်းမြမြို့နယ်က ဒီမိုကရေစီချစ်မြတ်နိုးသူ NLD ပါတီဝင်များ ၄င်းတို့ပါတီကိုပြန်လည် ဆန္ဒပြခြင်း



2012 ခုနှစ်၊ သြဂုတ်လ 12 ရက်နေ့ မနက် 1200 ချိန်မှာ မြောင်းမြမြို့၊ NLD ပါတီက ဦးမြင့်ကျော်ဦးဆောင်ပြီးတော့ ဧရာဝတီတိုင်းဒေသကြီးအတွင်းမှာရှိတဲ့ မြို့နယ်အသီးသီးက 11 ရက်နေ့ညမှာ လာရောက်ပူးပေါင်းကြတဲ့ ပါတီဝင်များနဲ့ စုစုပေါင်း အင်အား (500)ခန့်ဟာ ယနေ့ မြောင်းမြမြို့၊ မြို့နယ်ပါတီရုံးကနေစပြီးတေ
့ မြို့ကို ပတ်ကာ ဆန္ဒပြခဲ့ပါတယ်၊ ဆန္ဒပြတဲ့သူတွေက ပင်နီတိုက်ပုံဝတ်ဆင်ထားပြီးတော့ သူတို့ရဲ့လက်ထဲမှာ “”ပွဲလှန့်ဖျာခင်း၊ စရိုက်ပျက် အကျင့်ပျက် အကျင့်တန် တို့လက်မခံ၊ ပါတီထဲက မောင်းထုတ်ကြ ” “သမိုင်း ၀င်ပါတီရုံးကို သမိုင်းမရှိသူ အိမ်မပြောင်းနဲ့” “တပည့်မွေး ဆရာမွေး တိုက်ကျွေးစည်းရုံးသူ အလိုမရှိ “ “ပါတီသန့်စင်ဖို့ နိုင်ငံရေး မိတ်စ္ဆာတွေမောင်းထုတ်ကြ “ “ပါတီအတွင်းဝင်မွှေဆုံးမတွေကို (မြင်အောင်ကြည့်ကြ) မိအောင်ဖမ်းကြ။“”ပွဲလှန့်ဖျာခင်း၊ စရိုက်ပျက် အကျင့်ပျက် အကျင့်တန် တို့လက်မခံ၊ ပါတီထဲက မောင်းထုတ်ကြ ” “သမိုင်းဝင်ပါတီရုံးကို သမိုင်းမရှိသူ အိမ်မပြောင်းရ“ စတဲ့ ဆိုင်းဘုတ်များကိုင်ဆောင်ကြွေးကြော်ခဲ့ပါတယ်. ။
သူတို့ဆန္ဒပြရတဲ့ရည်ရွယ်ချက်ကတော့ ပါတီအတွင်းမှာ သဘောထားကွဲလွဲမှုတွေဖြစ်နေပြီးတော့ လက်ရှိ ပါတီညီလာခံကျင်းပရေးကော်မရှင်ဖွဲ့စည်းမှုမှာလဲ ခေါင်းဆောင်ပိုင်း ရွေးချယ်မှုတွေမှာ ပါတီဝင်တွေရဲ့ သဘောထား ဆန္ဒမရယူဘဲ ဒီမိုကရေစီနည်းလမ်းမကျဘဲ ရွေးချယ်ခဲ့တဲ့အတွက် ယခုလို ဆန္ဒပြရခြင်းဖြစ်ကြောင်းနဲ့ လက်ရှိ ပါတီရုံးပြုလုပ်ထားတဲ့နေရာ မြောင်းမြမြို့၊ (၄)ရပ်ကွက်၊ ဦးဘချိုလမ်းနေ ပါတီဝင် ဦးစိုးမင်းနေအိမ်ကနေပြီးတော့ (၅)ရပ်ကွက်၊ ဦးဘချိုလမ်းမှာရှိတဲ့ လက်ရှိမြောင်းမြမြို့နယ်၊ ညီလာကျင်းပရေးကော်မရှင် ဥက္ကဌ ရှေ့နေ ဦးရန်နိုင်နေအိမိကို ပြောင်းရွှေ့ခဲ့တာကိုလည်း ပါတီဝင်တွေရဲ့ ဆန္ဒရယူခြင်းမရှိခဲ့ဘူးလို့ သိရှိရပါတယ်၊ မြောင်းမြမြို့နယ်၊ NLD ပါတီအနေနဲ့ 2012 ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲဝင်ရောက်ဖို့အတွက် ပါတီဝင်တွေက နိုင်ငံရေးစိတ်ဝင်းစားသူ နိုင်ငံရေးအတွေ့အကြုံရှိသူ 1990 အရွေးချယ် ကိုယ်စားလှယ် ဖြစ်တဲ့ ဦးစိုးမင်းကို ထောက်ခံခဲ့ပေမယ့်.. ပါတီခေါင်းဆောင်ပိုင်းတွေက ငွေကြေးချမ်းသာတဲ့ ဒေါ်ခိုင်ဇင်ဦး(ရှေ့နေ ဦးရဲနိုင်တပည့်)ဖြစ်သူကို ရွေးချယ်ခဲ့ခြင်းများ လည်းရှိခဲ့ပါတယ်၊ ဒါကြောင့်လဲ ပါတီဝင်များအကြားမှာ သဘောထားကွဲလွဲမှုများရှိ ခဲ့တယ်လို့သိရပါတယ်။
ယခုအခါမှာတော့ ဧရာဝတီတိုင်းဒေသကြီးအတွင်းက NLD ပါတီဝင်တွေအနေနဲ့ သူတို့မြို့နယ်မှာလည်း ယခုလို ပါတီတွင်း ဒီမိုကရေစီကျကျ မလုပ်ဆောင်မှု၊ ဒေါ်စုကြည်ကိုယ်တိုင် ဒီမိုကရေစီနည်းလမ်းအတိုင်းကျင့်သုံးရန် ပြောဆိုနေသော်လည်းမြို့နယ် ပါတီမှ လူကြီးများက သူတို့သဘောဆန္ဒအတိုင်း ဆောင်ရွက်နေခြင်းများ၊ ပါတီဗဟိုမှ လူကြီးအချို့ရဲ့ သဘောဆန္ဒများအား ကျေနပ်မှုမရှိတဲံအတွက် ဧရာဝတီတိုင်းဒေသကြီးအတွင်းမှာရှိတိဲ့၊ ပုသိမ်၊ ဟင်္သာတ၊ ဖျာပုံ၊ မအူပင် စတဲ့ မြို့ကြီးများမှာပါ ဆန္ဒပြမယ်၊ ရှု့ချပွဲတွေပြုလုပ်မယ်လို့ သိရပါတယ်။

NLD ပါတီဝင်တွေက သူတို့ပါတီမှာ သဘောာထားကွဲလဲနေတဲ့အတွက် ပါတီတွင်းသဘောထားကွဲလွဲမှုတွေရှိခဲ့တာကို လူကြီးတွေက ဒီမိုကရေစီနည်းလမ်းကျကျ မလုပ်ဆောင်ခြင်းနဲ့ ဒီမိုကရေစီ လိုလားသူ ဒေါ်စုကြည်ကိုယ်တိုင်း ဒီမိုကရေစီနည်းလမ်းမကျတာတွေ ရှိတဲ့အတွက် ဆန္ဒပြရခြင်းဖြစ်ကြောင်းနဲ့ ဧရာဝတီတိုင်းဒေသကြီးမှာရှိတဲ့ မြို့နယ် အသီးသီးက ပါတီဝင်တွေက လည်းသက်ဆိုင်ရာမြို့နယ်များ မှာ ဆန္ဒပြသွားဖြစ်ကြောင်း၊ ဒေါ်စုက ဒီကစ္ဒကို ဘယ်လိုနည်းလမ်းတွေနဲ့ ဖြေရှင်းပေးမှာလဲ..

လူနည်းစုဖြစ်တဲ့ ဒီပါတီအတွင်းမှာတောင် ငြိမ်သက်အောင်၊ ညီညွတ်အောင် မအုပ်ချုပ်ချုပ်နိုင်ရင် မြို့နယ်အသီးသီး၊ တိုင်းအသီးအသီးက ပြည်သူလူထုတွေကို ဘယ်လို ကောင်းအောင် အုပ်ချုပ်မလဲ.. တခြားနိုင်ငံတွေနဲ့ရော ဘယ်လို အဆင်ပြေအောင် ပေါင်းသင်းဆက်ဆံမှာလဲ.. ဒီလို မညီညွတ်မှုများရှိနေတဲ့အတွက် အခြားပါတီတွေမှ ၄င်းတို့ပါတီအား အထင်အမြင်သေးလာနိုင်သဖြင့် ပါတီဝင်များမှလည်း နှုတ်ထွက်သွားမည်ဖြစ်ကြောင်း ပါတီဝင်းများက ပြောကြားခဲ့ကြပါတယ်။