Monday, September 3, 2012

Myanmar Drafts Urban Development Plan For Economic Development

YANGON, Sept 1 (Bernama) -- Myanmar is drafting an urban development plan under the leadership of a planning commission, headed by President U Thein Sein, giving priority to two major cities of Yangon and Mandalay, of which Yangon was once a model city in Asia.

ဆီးရီးယားမှာ တပတ် အတွင်း လူပေါင်း ၁,၆၀၀ သေ ဆုံး


 

ဆီးရီးယားနိုင်ငံမှာ အစိုးရတပ်တွေနဲ့ အတိုက်အခံတွေကြား တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ ၁၈ လကြာ ကာလအတွင်း ပြီးခဲ့တဲ့ ရက်သီတင်းပတ်မှာ သေဆုံးရသူ ၁,၆၀၀ ဖြစ်သွားတာမို့  အသေအပျောက် အများဆုံး သီတင်းပတ်ဖြစ်နေတယ်လို့ ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့ UNICEF က ပြောပါတယ်။ သေဆုံးရသူတွေထဲမှာ ကလေးငယ်တွေ ပါဝင်နေတယ်လို့ UNICEF အဖွဲ့ ပြောခွင့်ရ ပက်ထရစ် မက်ကော်မစ် (Patrick McCormick) က ပြောပေမဲ့ အတိအကျကိုတော့ ထုတ်မပြောပါဘူး။  

တရားဝင်မုဒိန်းကျင့်ခွင့် မွတ်စလင်နိုင်ငံများတွင်ရှိသည်

Typical Muslim couple ..............Muslim man married 12 years girl(wonderful marriage)


 

Myanmar to allow daily newspapers next year: Minister


September 3, 2012


YANGON: Myanmar’s new information minister yesterday predicted newspapers would be able to publish daily from early 2013, heralding fresh reform for a sector recently freed from decades of draconian censorship.
Aung Kyi told the Myanmar Times that state-owned newspapers – currently the only news publications able to be printed daily – would also be revamped with private sector involvement in the coming months.
“It is my sincere belief that daily [private sector] newspapers are essential for a democratic country,” said Aung Kyi, who replaced a prominent hardliner last week when he was appointed as part of a cabinet reshuffle seen as promoting reformists in Myanmar’s government.

မိုးလေ၀သ သတင်း



(၂၀၁၂ ခုနှစ်၊ စက်တင်ဘာ(၃)ရက်နေ့ နံနက်(၇း၀၀)နာရီအချိန် ထုတ်ပြန်ချက်)

ဘင်္ဂလားပင်လယ်အော်အခြေအနေ။ကပ္ပလီပ
င်လယ်ပြင်နှင့်ဘင်္ဂလားပင်လယ်အော်တို့တွင်မုတ်သုံလေအား

အသင့်အတင့်မှအားကောင်းနေပါသည်။

ယနေ့ညနေအထိခန့်မှန်းချက်။စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊မန္တလေးတိုင်းဒေသကြီးနှင့်မကွေးတိုင်း

ဒေသကြီးတို့တွင်နေရာကွက်ကျား၊ရှမ်းပြည်နယ်နှင့်ကယားပြည်နယ်တို့တွင်နေရာကျဲကျဲ၊စစ်ကိုင်းတိုင်းဒေသကြီး

အထက်ပိုင်း၊ချင်းပြည်နယ်နှင့်ရခိုင်ပြည်နယ်တို့တွင်နေရာစိပ်စိပ်နှင့်ကျန်တိုင်းဒေသကြီးနှင့်ပြည်နယ်တို့တွင်နေရာ

အနှံ့အပြားမိုးထစ်ချုန်းရွာပြီး၊ပဲခူးတိုင်းဒေသကြီး၊တနင်္သာရီတိုင်းဒေသကြီး၊ကချင်ပြည်နယ်၊ရခိုင်ပြည်နယ်၊ကရင်

ပြည်နယ်နှင့်မွန်ပြည်နယ်တို့တွင်နေရာကွက်ပြီးမိုးကြီးနိုင်ပါသည်။ရွာရန်ရာနှုန်းပြည့်ဖြစ်ပါသည်။

မြန်မာ့ပင်လယ်ပြင်။မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့်ကမ်းလွန်ပင်လယ်ပြင်တို့တွင်တစ်ခါတစ်ရံမိုးသက်လေ

ပြင်းများကျရောက်ပြီးလှိုင်းအသင့်အတင့်မှလှိုင်းကြီးနိုင်ပါသည်။မိုးသက်လေပြင်းကျစဉ်ရေပြင်/မြေပြင်လေသည်

တစ်နာရီလျှင်မိုင်(၃၅)အထိတိုက်ခတ်နိုင်ပါသည်။

နောက်(၂)ရက်အတွက်ခန့်မှန်းချက်။မုတ်သုံလေအားအသင့်အတင့်ရှိမည်။

နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။နေရာကွက်ကျားမိုးထစ်ချုန်း

ရွာမည်။ရွာရန်ရာနှုန်းပြည့်ဖြစ်ပါသည်။

ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက် ယနေ့ညနေအထိခန့်မှန်းချက်။မိုးအသင့်အတင့်ထစ်ချုန်း

ရွာမည်။ရွာရန်ရာနှုန်းပြည့်ဖြစ်ပါသည်။

မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက် ယနေ့ညနေအထိခန့်မှန်းချက်။နေရာကွက်ကျားမိုးထစ်ချုန်း

ရွာမည်။ရွာရန်ရာနှုန်း(၈၀)ဖြစ်ပါသည်။

"မိုးလေဝသနှင့်ဇလ‌ဗေဒ ညွှန်ကြားမှုဦးစီးဌာန"

ရခိုင်ပြည်နယ်လုံးဆိုင်ရာ လူထုစည်းဝေးပွဲ ကျင်းပမည်


မကြာသေးခင်က ဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခတွေနဲ့ ပတ်သက်ပြီး ရသေ့တောင်မြို့မှာ ရခိုင်ပြည်နယ်လုံးဆိုင်ရာ လူထု စည်းဝေးပွဲကြီးတစ်ရပ် ကျင်းပဖို့ စီစဉ်ထားရာမှာ အဲဒီ စည်းဝေးပွဲကို စက်တင်ဘာ (၂၅) ရက်နေ့မှာ ကျင်းပဖို့ လူထုစည်းဝေးပွဲ ဖြစ်မြောက်ရေး ကော်မတီက မနေ့က ဆုံးဖြတ်လိုက်ပါတယ်။
လူထုစည်းဝေးပွဲကို ရခိုင်ပြည်နယ် (၁၇) မြို့နယ်က ကိုယ်စားလှယ်တွေ အပါအဝင် ချင်းပြည်နယ်

ကချင်ဒုက္ခသည် ကူညီရေးအဖွဲ့ မိုင်းပေါက် ကွဲမှုနှင့်တွေ့ကြုံ



ကချင်ပြည်နယ် ဖားကန့် ကျောက်စိမ်းတွင်း နယ်မြေအတွင်း ကယ်ဆယ်ရေးစခန်း (၃၁) ခုမှာ ခိုလှုံနေကြတဲ့ စစ်ဘေးရှောင် ဒုက္ခသည်တွေအတွက် အနီးတ၀ိုက် ရွာတွေက ရိက္ခာနဲ့ ပစ္စည်းတွေ သွားရောက်

စုံစမ်းရေးအဖွဲ့ကို ခုံရုံး ကန့်ကွက်






လွှတ်တော်နဲ့ ခုံရုံးကြားက ဖွဲ့စည်းပုံအခြေခံ ဥပဒေပါ အားနည်းချက်တွေကြောင့် ဖြစ်နေတဲ့ တိုက်ပွဲဟာ မပြီးသေးပါဘူး။ အရှိန်ပိုရနေတဲ့ သဘောလည်းမြင်နေရပါတယ်။

မလေးရှားတွင် မြန်မာတစ်ဦးဆိုင်ပိတ်အရိုက်ခံရ(နောက်ဆက်တွဲ-ဓာတ်ပုံ)



 




1.9.2012 ည ၉နာရီဝန်းကျင်က မလေးရှားနိုင်ငံ.ကွာလာလမ်ပူမြို့.ပေါ်သစ်မြန်မာစားသောက်
ဆိုင်မှာ သွားရောက်စားသုံးသူ မြန်မာပြည်သားတစ်ယောက်အား ဆိုင်တံခါးပိတ်ပြီး ၀ိုင်းဝန်းရိုက်နှက်မှုတစ်ခုဖြစ်ပွားခဲ့ပါတယ်...၀ိုင်းဝန်းရိုက်နှက်ရုံမျှမက ပိုက်ဆံအိတ်နှင့် ဖုန်းကိုပါ လုယက်ယူနှင်ထားပြီး ဆိုင်အောက်လမ်းမဘေးတွင် သွားရောက်ပစ်ထားခဲ့ရာ မလေးလူမျိုးများက တွေ့ရှိပြီး ဆေးရုံကားခေါ်ပေးသောကြောင့် အသက်ချမ်းသာ၇ခဲ့ပါသည်..ယခုအခါ ကွာလာလမ်ပူမြို့ဆေးရုံကြီးတွင် အတွင်းလူနာအဖြစ် ဆေးကုသမှုခံယူနေကြောင်း ကြားသိရပါသည်..

အမေရိကန် သမ္မတရွေးပွဲ အကြိတ်အနယ် မဲဆွယ်လှုပ်ရှား

 
 


ရီပတ်ပလစ်ကန် သမ္မတလောင်း မစ်ရွန်မနီ အိုဟိုင်းအိုး ပြည်နယ်မှာ မဲဆွယ် လှုပ်ရှားနေစဉ်။ (စက်တင်ဘာလ ၁ ရက် ၂၀၁၂)ဒီသီတင်းပတ်ထဲမှာ ဒီမိုကရက်တစ် ပါတီက မြောက်ကာရိုလိုင်းနား ပြည်နယ် ရှားလော့ (Charlotte) မြို့မှာ တနိုင်ငံလုံး အတိုင်းအတာနဲ့ ပါတီညီလာခံ ကျင်းပဖို့ ပြင်ဆင်နေကြသလိုပဲ ဒီမိုကရက်တစ် ပါတီဝင် အမေရိကန် သမ္မတ ဘားရက် အိုဘားမား (Barack Obama) ကရော သူ့ပြိုင်ဘက်

ကေအိုင်အို-ပလောင် လွတ်မြော က်ရေး ပူးပေါင်း တပ်နဲ့ အစိုးရတပ် အကြား တိုက်ပွဲဆက်





ရှမ်းပြည်မြောက်ပိုင်းမှာ ကေအိုင်အိုနဲ့ပလောင် လွတ်မြောက်ရေး တပ်မတော် ပူးပေါင်းတပ်တွေနဲ့ မြန်မာအစိုးရတပ်တွေအကြား တိုက်ပွဲတွေ မကြာခဏ ဖြစ်နေတာကြောင့် ဒေသခံ ပြည်သူ ထောင်ဂဏန်းလောက် ပြည်တွင်း တောတောင်တွေအတွင်း စစ်ဘေးလွတ်ရာ တိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

Sunday, September 2, 2012

ရန်ကုန်ပြည်သူ့အ ကျိုးဆောင် ကွန်ရက် တာဝန်ခံအား အာဏာ ပိုင်များ ထိန်းသိမ်း


လက်ပံတန်းတောင် ကြေးနီစီမံကိန်းမှ လျော်ကြေးငွေမပေးဘဲ လယ်မြေသိမ်းထားမှုနှင့် ပတ်သက်၍ လယ်သမား များဘက်မှ အကူအညီပေးနေသော ရန်ကုန်ပြည်သူ့အကျိုးဆောင် ကွန်ရက် တာဝန်ခံ ကိုဝေဠုအား သြဂုတ် ၃၁ ရက်နေ့ည ၈ နာရီခန့်တွင် မြင်းမူမြို့၌ အာဏာပိုင်များက ထိန်းသိမ်းလိုက်ကြောင်း သတင်းရရှိသည်။

ရှေးမြန်မာ တို့၏ လှိုဏ်ေ ခါင်း တူးအတ တ်ပ ညာနှင့် ရည် ရွယ် ချက်များ

Photo: "ရှေးမြန်မာတို့၏ လှိုဏ်ခေါင်းတူးအတတ်ပညာနှင့် ရည်ရွယ်ချက်များ"
ကဲ သူငယ်ချင်းတို့၊ ဒီနေ့တော့ အလုပ်နားရက်လေးကို အပြင်မထွက်ပဲ အတီးကိုယ်တိုင် ဝင်ရောက်လေးလာခဲ့ရဖူးတဲ့ လျှို့ဝှက်ရှေးဟောင်း မြေအောက်ဥမင်တခုအကြောင်းကိုတင်ဆက်ပေးပါရစေ။(အမှန်က ပိုက်ဆံကုန်မှာဆိုးလို့ သာဖြစ်တယ်)
ဒီအကြောင်းကို မပြောခင်မှာ ရှေးမြို့ဟောင်းနဲ့ ဘုရားတွေရှိ လှိုဏ်တွေနဲ့ ရည်ရွယ်ချက်ကို အရင်ရှင်းလင်းပါရစေ။ရှေးလူကြီးတွေဟာ အကြောင်းအမျိုးမျိုးကြောင့် ရှေးဟောင်းသာသနိက အဆောက်အဦးတွေနဲ့ စေတီဘုရားပုထိုးတချို့တွေဆီမှာ ဥမင် လှိုဏ်ခေါင်းတလျှောက်တွေ ဖောက်လုပ်ခဲ့ကြပါတယ်။ဘာရည်ရွယ်ချက်တွေနဲ့ အပင်ပန်းခံပြီး တော့ ဖောက်ခဲ့ကြသလဲဆိုတာကို အတီး လေ့လာမိသလောက်တင်ပြပေးပါ့မယ်။ ပြီးရင်တော့ သူငယ်ချင်းတို့ သိထားတာလေးတွေနဲ့ အမြင်တွေကို သုံးသပ်ဆွေးနွေးကြတာပေါ့ မဟုတ်ဘူးလား။ 
(၁) ရှေးဟောင်း အဆောက်အဦးများတွင် ပင်လယ်ဝသို့ မြစ်ဝထိရောက်အောင် ဥမင် ဖောက်လုပ်ကာ ထိုဥမင်မှ တဆင့် ရေတို့ကို လိုချင်သည့် အဆောက်အဦးနေရာထိရောက်အောင် ဝင်ရောက်စေပြီး အဆောက်အဦး၏အပူချိန်ကို ထိန်းညှိပေးခြင်း
အားလုံးသိကြတဲ့ အတိုင်းပါပဲ။ ရေရဲ့သဘောဟာ ကုန်းမြေထက် စာရင် အပူရှိန်ကို စုပ်ယူနည်းပါးပီး ပတ်ဝန်းကျင်ကို အေးမြစေတယ်။ညအခါရောက်လို့ရှိရင်လည်း စုပ်ယူထားပြီးတဲ့ အပူရှိန်ကို ကုန်းမြေလောက် ကြီးမြန်မြန်ဆန်ဆန် မကုန်ခန်းစေပဲ တဖြေးဖြေးနဲ့ ပြန်ထုတ်ပေးပြီး အနီးအနားကို နွေးထွေးစေတယ်ဆိုတာကိုတော့ လူတိုင်းသိရှိကြပြီးဖြစ်ပါတယ်။ ရှေးရှေးတုန်းက လူကြီးတွေဟာ ဒီနည်းလမ်းကို အသုံးပြုပြီးတော့ပဲ အဆောက်အဦးတွေနဲ့ အပူချိန်ကို ထိန်းညှိပေးလိုက်တာပါပဲ။ဒီပညာရပ်ဟာ သူ့ခေတ်သူ့အခါမှာတော့ အဆင့်အမြင့်ဆုံး ပညာရပ်(High Tec)တခုဖြစ်ခဲ့တာပေါ့။
အနီးစပ်ဆုံးဥပမှာပေးရရင်တော့ ရှေးဟောင်းပုဂံမြို့က ဘုရားပုထိုး တချို့နဲ့ ရွှေတိဂုံဘုရားကြီးပဲဖြစ်ပါတယ်။ပုဂံမြို့ရှိ ဘုရားအတော်များများကတော့ ဧရာဝတီမြစ် ရေစီးကြောင်းပြောင်းလဲမှူနဲ့ အတူ ဂူတွေရော။စေတီတွေပါ မျောပါပျက်စီးကုန်ပြီဖြစ်လို့လေ့လာရန်မလွယ်ကူတော့ပေမဲ့လည်း ရွှေတိဂုံဘုရားကြီးကတော့ အခုထိလေးလာလို့ရနိုင်ပါသေးတယ်။အာဏာပိုင်နဲ့ ဘုရားဂေါပက လူကြီးတွေ ရဲ့ ခွင့်ပြုချက်ရမယ်ဆိုရင်ပေါ့။(ဟဲဟဲ ကြပ်ပေးလိုက်ပြီ)။ကမ္ဘာမှာဆိုရင်တော့ ဒီနည်းပညာကို သုံးထားတဲ့ အဆောက်အဦးကတော့ ကမ္ဘောဒီးယားနိုင်ငံက  နာမည်ကျော် အန်ကောဝတ်ကျောင်းတော်ကြီးပဲဖြစ်ပါတယ်။ပုဂံခေတ်နဲ့ခေတ်ပြိုင်ဖြစ်ခဲ့ပြီး ကမ္ဘာ္ဘ့အကြီးဆုံး ဟိန္ဒုဘာသာ ပုထိုးတော်ကြီး(တကယ်တော့ ထေရဝါဒနဲ့ မဟာယာန များပါရောနှောလျှက်ရှိ)ကိုကြည့်ချင်းအားဖြင့် ဒီနည်းပညာရပ်ဟာ ရှေးခေတ်က အရှေ့တောင်အာရှ ဒေသမှာ အတော်အတန်ထွန်းကားခဲ့တာ မြေကြီးလက်ခတ်မလွဲနိုင်ပါဘူး။ ဒီပညာရှင်တွေဟာလဲ ပုဂံအပါအဝင် အနီးအနားဒေသတော်တော်များများကို ပျံ့နှံ့နေထိုင်ခဲ့ကြတယ်လို့ယူဆမိပါတယ်။ကွာခြားချက်ကတော့ အန်ကောဝတ် ကျောင်းတော်ကြီးဟာ တခုတည်းကိုပဲ သဘာဝကျောက်တုံးကြီးများနဲ့ နှစ်ပေါင်းများစွာ အချိန်ယူဆောက်လုပ်ခဲ့ပြီးတော့ ပုဂံဒေသက စေတီပုထိုးများကတော့ လက်ဖြစ်အုတ်တွေအသုံးပြုပြီး များများနဲ့ မြန်မြန် တည်ဆောက်ခဲ့ကြတာပါပဲ။(မြန်မာတွေလေ သိတယ်မဟုတ်လား)ရလဒ်ကတော့ ပုဂံဘုရားများဟာ သဘာဝမြေကြီးကို အသုံးပြုထားတဲ့ အတွက် နှစ်ပေါင်းများစွာကြာလာတဲ့အခါမှာတော့ မြေကြီးတို့ရဲ့ သဘောအရ မြေဩဇာ အသွင်ဆောင်ကာ  အပင်များပေါက်လာပြီး ထိန်းသိမ်းဖို့ အလွန်ခက်ခဲနေပါပြီ။
(၂) ရှေးမြန်မာတွေဟာ  ဥမင်တလျှောက်သွယ်တန်းထားတဲ့ ဒီရေအားကို အသုံးပြုပြီးတော့ လိုအပ်တဲ့ စက်ယန္တရားများကိုလည်ပတ်စေခြင်း
အနီးစပ်ဆုံးဥပမာကတော့ ရွှေတိဂုံဘုရားဌာပနာတိုက်အတွင်းရှိ သုံးစက္ကန့်လည်ပြီး တစက္ကန့်နားတတ်တဲ့  ဓားစက်လှံစက်ကြီးပဲဖြစ်ပါတယ်။ဒီအကြောင်းနဲ့ပတ်သတ်ပြီး ကျွန်တော် အရင်ရေးသားပြီးဖြစ်တဲ့ စက္ကေ္ကာမပညာရပ်များအကြောင်းမှာအကျယ်တဝင့်ရေးသားပြီးဖြစ်လို့ ဒီမှာတော့ မရေးသားပေးတော့ပါဘူး။စိတ်ဝင်စားသူများကျွန်တော့ပို့စ်အဟောင်းကိုသာ သွားရောက်ဖတ်ရှူဖို့တိုက်တွန်းပါရစေ။
(၃) မမျှော်လင့်ပဲ ကျရောက်လာတတ်သော စစ်မက်ဘေးများကြုံလာပါက မြေအောက်ဥမင်လှိုဏ်ခေါင်းများမှ ထွက်ပြေးလွတ်မြောက်နိုင်ခြင်း
ဒီနေရာမှာတော့ အားလုံးသိရှိသဘောပေါက်ကြမယ်လို့ထင်ပါတယ်။ အခက်အခဲများနှင့်ရုတ်တရက်ကြုံလာပါက ရန်သူလက်မှလွတ်မြောက်အောင် ကြိုတင်စီစဉ်ထားတဲ့ ရှေးလူကြီးများရဲ့အမြှော်အမြင်ရှိတဲ့ အစီအစဉ်တခုပါပဲ။
ဒီမှာတော့ ကျွန်တော်တို့ မြန်မာတွေက ခံစစ်ပါမဟုတ်ပဲ ရှေ့တန်း တိုက်စစ်မှာပါသုံးခဲ့ကြောင်းကိုကြုံလို့တင်ပြပါရစေ။အလောင်းမင်းတရားကြီး ဦးအောင်ဇေယျလက်ထက်မှာ မြန်မာတွေညီညီညွတ်ညွတ်နဲ့ အိမ်နီးချင်း ယိုးဒယားကို သွားစွာခဲ့တာကို အားလုံးသိကြပြီးဖြစ်မှာပါ။ တုတ်ပြီး ဓားပြီးဆေးများထိုးထားပြီး ဘယ်သောအခါမှ မကျဆုံးသော မြို့လို့ အမည်ရတဲ့ ယုဒ္ဓယ မြို့ကို ဝါးရင်းတုတ်မှာ ထမီစပတ်ပြီး တတ်သိမ်းခဲ့လောက်အောင် ဖြတ်ထိုးဥာဏ်ကောင်းခဲ့ကြတဲ့ ကျွန်တော်မြန်မာတွေပါ။(အမှန်က ဝါးရင်းတုတ်မဟုတ်ပါ  ဝါးတိုနှစ်ချောင်းကို ဆက်ထားသော နံချပ်ကူ အမျိုးအစားလက်နက်တမျိုးသာဖြစ်ပါတယ်)။ယိုးဒယားတွေက မြန်မာတွေကို အညံ့မခံ မြို့တံခါးပိတ်ကာ အထဲမှာပဲ မြို့ထဲ မရှိရှိတဲ့မြေလေးပေါ်မှာ လုပ်ကိုင်စားသောက်ကြတော့ တို့မြန်မာတွေဘာလုပ်တယ်မှတ်လဲ?။ သူတို့လိုပဲ မြို့ပြင်မှာစခန်းချ စိုက်ပျိုးလုပ်ကိုင်စားပြီး ဘယ်မှ မသွားနိုင်အောင် ပိတ်ဆို့ထားပါတော့တယ်။တချိန်ထဲမှာပဲ မြို့ပြင်ကနေမြို့ထဲရောက်အောင် ဥမင်လှိုဏ်ခေါင်းတခုကိုစတင်ဖောက်လုပ်ပါတော့တယ်။ စိတ်ဓာတ်စစ်ဆင်ရေးအနေဖြင့်လဲ တနေ့ကို အမြောက်ဆံအလုံးကျ မြို့တွင်းကိုမှန်မှန်ထုပေးပြီး ယိုးဒယားတွေကို လက်ဆောင်ပေးပါတယ်။ ကြာလာတော့ ယိုးဒယားတွေမှာလဲ  အစာရေစာငတ်ပြတ်မှုဒဏ်ကတဖက်။ ဘယ်နေ့ ကိုယ့်အိမ်ခေါင်မိုးပေါ်ကို အမြောက်ဆံကျလာတော့မလဲဆိုတဲ့ စိတ်ဓာတ်ကျဆင်းမှူနဲ့ အတူ  မြို့တံခါးကြီးလဲပွင့် ပြီး ကျဆုံးသွားပါတော့တယ်။
ကဲ ဒီလောက်ဆိုရင်တော့ ရှေးလူကြီးတွေရဲ့ ရည်ရွယ်ချက်တွေကို သဘောပေါက်လောက်ပါပြီနော်။  ဆက်လက်ပြီး အတီးကိုယ်တိုင် ဝင်ရောက်လေ့လာခဲ့တဲ့ မြေအောက်လှိုဏ်ဂူတခုအကြောင်းကို တင်ပြပေးပါ့မယ်။အဲဒီနေရာဟာရန်ကုန်မြို့နဲ့ အနီးဆုံးနေရာမှာရှိလို့ တချို့လဲ ရောက်ဖူးပြီးသားဖြစ်ပါလိမ့်မယ်။ လွန်ခဲ့တဲ့ ဆယ်စုနှစ်တခုစာ အတီးရဲ့ တက္ကသိုလ် ကျောင်းသားဘဝက အတွေ့အကြုံလေးတခုပါ။တိတိကျကျ ပြောရရင်ဖြင့် ၂၀၀၂ ခုနှစ်ကပေါ့ဗျာ။အတီးတယောက် ပညာရင်နို့သောက်စို့နေတဲ့ ကျောင်းတော်ကြီးနားမှာ  ပင်လယ်ဝနဲ့ အနားမှာရှိတဲ့စေတီဘုရားတဆူထိရောက်အောင်မြန်မာဘုရင်တွေ ဖောက်လုပ်ထားတဲ့ရှေးဟောင်း မြေအောက်ဥမင်လှိုဏ်ခေါင်းတခုနေရာကို သတင်းအတိအကျရလိုက်ပါတယ်။ဟီး အတီးတယောက် အရူး အမဲသားစားမိသလိုဖြစ်ပြီပေါ့။ဒါနဲ့ ဘယ်ရမလဲ စိတ်ဝင်စားတဲ့ သူငယ်ချင်းတချို့ကိုအပြန်မှာထန်းရည်တိုက်ပါ့မယ်လို့ ပရိယယ်ဆင်ပြီးတော့စု  တဖက်ကလဲ အဲတုံးက ရှိတဲ့ ချစ်သူလေးကို ခေါ်(အဲတုံးကရှိ အခုမရှိတော့ ။တခါတည်းကြုံလို့ကြေငြာလိုက်သည်)။သူ့ရဲ့ သူငယ်ချင်းများပါ ပါလာ။ ထိုသို့သော သူငယ်ချင်းကောင်မလေးများနှင့်ရင်းနှီးချင်သော အတီး၏သူငယ်ချင်း အထီးတချို့ကပါ လိုက်လာကာ အတီးဦးဆောင်သော သူငယ်ချင်းတသိုက်  ရှေးဟောင်းနယ်မြေသို့ ပျော်ပျော်ကြီးချီတက်သွားပါတော့သည်။မြေအောက်လှိုဏ်ဂူ၏တည်နေရာမှာကား  ပင်လယ်ဝနှင့်မနီးမဝေး။ ယခင်က နန်းတော်ရာဟု အတီးယူဆထားသော ကုန်းမြေမြင့်ကြီးတခု(ယခု စစ်တပ်မှ စခန်းချထားလျှက်ရှိ)နှင့် တန်ခိုးကြီးဘုရားတဆူတို့ အကြားဟိန္ဒုဘုရားရှိခိုးကျောင်းဆောင်တခု၏အောက်တည့်တည့်တွင်ရှိနေပါသည်။မည်သို့မည်ပုံ  ဟိန္ဒုဘုရားရှိခိုးကျောင်းနှင့် မြန်မာဘုရင်များပတ်သက်သည်ကို ဂေါပကလူကြီးများထံတွင် စုံစမ်းပါသော်လည်း ထိုနေ့က တာဝန်ကျသော ဘုရားလူကြီးထံမှ ရေရေရာရာမသိရှိခဲ့ရပါ။မတတ်နိုင်။ ကိုယ့်ဟာကို အတွင်းသို့ဆင်း၍စုံဆန်းရပေတော့မည်။ဘုရားကျောင်း၏ခန်းမကျယ်နောက်ရှိ လျှိုဝှက်တံခါးတချပ်မှနေ၍အောက်သို့ လှေကား တခုကို ဆင်းပြီးသွားသည့်အချိန်မှာတော့  မြေအောက်တွင် နောက်ထပ် စေတီငယ်တဆူကို ဘွားကနဲ တွေ့ရှိရလေသည်။ ထိုစေတီ၏ပတ်ပတ်လည်တွင်တော့ မရေမတွက်နိုင်သော မှောင်အတိကျနေသော ဥမင်လှိုဏ်ခေါင်းများကိုစတင်တွေ့ရှိပါတော့သည်။ ထို့နောက် ရှေ့၌ရှိသော စေတီငယ်မှာပင် အန္တရယ်ကင်းဘေးရှင်း ရှိခိုးဦးချပြီးနောက်တွင်တော့ အတီးတို့ ကျောင်းသားတသိုက်၏ မဟာစွန့်စားခန်းစတင်ပါတော့သည်။မြေအောက်ဂူဟု ဆိုလိုက်သည်နှင့် နိုင်ငံခြား ရုပ်ရှင်များထဲတွင်တွေ့ရသော ခန်းမကျယ်ကြီးများ၊ကညင်ဆီမီးတိုင်များဖြင့် ထိန်ထိန်လင်းနေသောလမ်းကြောင်းများဟု ထင်လိုက်ပါက တက်တက်စင်အောင်လွဲပါလိမ့်မည်။ လက်တွေ့မှာကား ပြောင်ချော နေသော မြေသားနံရံများနှင့် မှောင်အတိကျကာ မတ်တပ်ရပ်၍ပင်မရ ခါးကုန်းကာသွားရသော လမ်းကြောင်းများပင်ဖြစ်ပါသည်။ထိုအတွက်ကြိုတင်ပြင်ဆင်လာသည့်အရာများကား ကြိုးခွေတခွေ။ဓာတ်မီးတလက်။ဖွက်၍ယူလာသော တောလိုက်ဓားမြောင်တချောင်း။ လမ်းပြလိုက်လာသော ဂေါပကလူကြီးတယောက်နှင့် ဖယောင်းတိုင်တထုပ်သာပါလာပါသည်။ မတတ်နိုင်။ရှေ့ဆက်စရာရှိတာတော့ ဆက်ရမည်ဖြစ်သည်။
စေတီငယ်၏နောက်ဖက် ကျကျ တွင် ပထမဆုံးမြင်ရသောလမ်းကြောင်းအားရွေးချယ်၍ အတီးဦးဆောင်ကာစတင်ဝင်ရောက်ပါတော့သည်။ဝင်လိုက်သည်နှင့် တပြိုင်နက်တည်းပင် လင်းဆွဲ အနည်းငယ်တို့ ထပျံကြလေသည်။ထိုလင်းဆွဲများငြိမ်အောင် ခဏစောင့်ပြီးသည့်နောက်တွင်တော့ ဂူအတွင်းသို့ဆက်လက်ဝင်ခဲ့ကြလေသည်။ ပထမ ရှေ့ဆုံးမှ သွားနေသော အတီးမှာ နောက်ဆုံးသို့ထူးဆန်းစွာပင်ပြန်ရောက်သွားပါလေသည်။အကြောင်းမှာမူ လမ်းကြောင်းများကို ဝင်္ကဘာ သဖွယ်ကွေ့ပတ်ဖောက်လုပ်ထားသောကြောင့်ပင်ဖြစ်သည်။ထိုသို့ပင် လမ်းအတော်များများကို ဖောက်လုပ်ထားသောကြောင့် အတီးတို့ လူတသိုက်သည် မူလဝင်လာရာ စေတီငယ်လေးသို့ပင်မျက်စိလည်ကာပြန်ရောက်လာပါလေတော့၏။အနောက်မှ လိုက်လာနိုင်ဖွယ်ရှိသော ရန်သူအားမျက်စိလည်အောင် အမြော်အမြင်ကြီးစွာပြုလုပ်ထားခြင်းဖြစ်နိုင်၏။ထိုသို့ ခါးကုန်းကုန်း ကုန်းကုန်းဖြင့်ပင် မိနစ်အနည်းငယ် ဒုက္ဒခံပြီးသည့်နောက်တွင်တော့ လမ်းကြောင်းရှည်တခုအားစတင်တွေ့ရှိပါလေ၏။ ထိုလမ်းကြောင်း ရှည်အတိုင်း အတော်ကြာအောင်ဝင်လိုက်သည့်နောက်တွင်တော့  လမ်းကြောင်းမှာ ပိုမိုကျဉ်းမြောင်းကာ ခါးကုန်းရသည့်အနေအထားမှ နေ၍ လေးဘက်ထောက်ကာ ဝင်ရသည့်အနေအထားသို့ရောက်ရှိသွားပါသည်။ ထိုအဆင့်တွင်တော့  ရုပ်ရှင်ကဲ့သို့ ထင်ကာ လိုက်လာသောသူများ၊မိန်းကလေးများနှင့် နဲနဲ ဝသောသူများ လက်မြှောက်၍ပြန်လှည့်သွားကြပါတော့သည်။ အတီးနှင့် ဇွဲကောင်းသော သူငယ်ချင်းလေးယောက်သာ ကျန်ပါတော့သည်။လမ်းပြပါလာတဲ့ ဂေါပကလဲ ဘယ်ရောက်သွားမှန်းမသိတော့ပါ။ ပေါက်သည့်နဖူး မထူးတော့လေသည်။သိချင်သည့်စိတ်က ပြင်းထန်သောကြောင့် လေးဘက်ထောက်ကာပင် ပိုးဟပ်များဖြင့်ပြည့်နှက်နေသော လမ်းကြောင်းအားဆက်လက်ချီတက်ကြပါတော့သည်။ထိုနည်းအတိုင်း ၁၀မိနစ်ခန့် သွားလိုက်သောအခါ လမ်းသည် အဖြေးဖြေးကျဉ်းမြောင်းသထက်ကျဉ်းမြောင်းလာကာ အဆုံးတွင်တော့ လူတကိုယ်စာ သာဝင်နိုင်သည့်  တွင်းနက်ကြီးတခုသာတွေ့ရပါတော့သည်။ တွင်းထဲသို့ ဓာတ်မီးဖြင့်ထိုး၍စူးစမ်းပါသောလည်း အလင်းရောင်သာ ဆုံးသွား၏။ တွင်းကားမဆုံးသေးပဲ ရေသံများ အောက်ခြေတွင်ကြားရချေ၏။ ပါလာသော ကြိုးတခွေနှင့်မည်သို့မျှအလုပ်မဖြစ်သဖြင့် လက်လျှော့ကာ နောက်ကြောင်းသို့လေးဘက်ထောက်၍ နောက်လမ်းကြောင်းတခုရှာရန် ဆုတ်ခဲ့ရတော့သည်။ အဝင်မှနေ၍ နောက်လမ်းကြောင်းတခုအားရှာလတ်သော် မူလလမ်းကြောင်းထက်ပိုမိုကျယ်ဝန်းသော်လည်း မတ်တပ်ရပ်၍မရ ခါးကုန်း၍ပင်သွားရသည့်လမ်းကြောင်းနောက်တခုအားထပ်မံတွေ့ရှိလေတော့၏။ ထိုလမ်းကြောင်းအတိုင်း သူငယ်ချင်းလေးယောက်သား ဆက်သွားလိုက်ရာ ၁၅မိနစ်မှကြာသော ဂူ၏ နံရံများသည် ပိုမိုပြောင်ချောစိုစွတ်လာကာ အောက်ခြေတွင် ရေအနည်းငယ်ဝပ် လာလေတော့သည်။ ဆက်လက်သွားရာတွင်တော့ရွှံ့သားများဖြင့် သာ အတိပြီး၍မြေအောက်သို့ စိုက်ဆင်းသွားသော အပေါက်ဝတခုကို ဘွားကနဲမြင်ရတော့၏။သို့သော်လည်း မည်သူမှ စမဆင်းရဲ တယောက် မျက်နာ တယောက်ကြည့်နေမိကြ၏။ မတတ်နိုင်။ ကိုယ်ရေးတဲ့ ဇာတ် ကိုယ်နိုင်အောင်တော့ ကရမည်ဖြစ်သည်။ဤသို့ဖြင့်ပင် သူရဲကောင်းကြီး မောင် အတီး တယောက်  ရဲဝင့်စွာဖြင့်ပင် စ၍ဆင်းလေတော့သည်၊ရွှံ့လှေခါးများမှာကား မည်မျှပင် သတိထားပါသော်လည်း ပြောင်ချောနေချင်း၊တထစ်နဲ့ထထစ် အတော် အလှမ်းကွာနေချင်းတော့ကြောင့် ပင်နောက်ဆုံးတွင်တော့ အတီး တယောက် ပန်းခြံ၌ လျှောစီး သလို ခြေကားယား၊လက်ကားယားဖြင်ပင် တွင်းထဲသို့ကျသွားပါတော့သည်။ ကံကောင်းစွာပင် တွင်း၏ အဆုံးမှာကား ခါးလယ်လောက်သာသာရှိသော မြေအောက်ရေကန် တခုရှိနေ၍ပင် အထိအခိုက်မရှိသာပင်ဖြစ်လေ၏။ထိုလမ်းကြောင်းအတိုင်းပင် နောက်မှ လိုက်လာသော နှစ်ယောက်လည်းရေကန်အတွင်းသို့ ပလုံကနဲမည်အောင် လိုက်ကျလာပါတော့သည်။ တိုတိုပြောကြပါစို့။ အပေါ်တွင် ကျန်ခဲ့သော ဓာတ်မီးနှင့်တယောက်မှာလည်း သူတယောက်တည်းနှင့် နောက်ကြောင်းပြန်မလှည့်ရဲသောကြောင့် ခဏအကြာတွင်တော့ အသံနက်ကြီးဖြင့်အော်ကာ ရေကန်အတွင်းသို့လိုက်ဆင်းလာပါတော့သည်။ ထိုရေကန်အားလေ့လာကြည့်ရာတွင်တော့ ခါးလယ်သာသာလောက် အနည်းငယ်လှုပ်ရှားမှူရှိနေသော ရေရှိချင်း။ ပြောင်ချော၍ အတန်ငယ်မြင့်မားသော အမိုးရှိချင်းတို့မှလွဲ၍ ထူးခြားမှူမရှိလှပေ။ ထို မြေအောက် ရေကန် က ဖြတ်၍ မှောင်နေသော တခြားတဖက်အား စူးစမ်းလေ့လာချင်သော်လည်း  မခံနိုင်လောက်အောင် အသက်ရှုကြပ်လာချင်း။(မြေအောက်၌ အောက်စီဂျင် လျော့နည်းလာသောကြောင့်)ပါလာသော ဖယောင်တိုင်များရေ ရေစိုကာ  လေးယောက်ပေါင်း ဓာတ်မီးတချောင်းသာရှိတော့ချင်း(ဓာတ်မီး အားကုန်ခဲ့သော် အမှောင်ထဲတွင် ဒုက္ခရောက်နိုင်ခြင်း၊ ထန်းရည်သောက်ချင်၍ လိုက်လာပြီးမှ အကြောက်လွန်နေပြီဖြစ်သော သူငယ်ချင်း များအား ငဲ့ညာ၍သာ နောက်ကြောင်းပြန်လှည့်ဖို့ ဆုံးဖြတ်ခဲ့ရပါတော့သည်။ ထို့နောက်တွင်သော ချောမွတ်နေသော တွင်းကြီးအား မရရအောင် ကုတ်ကပ်ပြီး ပြန်တက်ပြီး နောက်တွင်တော့ အပြင်သို့ ပြန်ရောက်လာပါတော့သည်။
အ ပြင်ရောက်ပြီးသည့်နောက်တွင်တော့ မည်သူမည်ဝါမှန်းခွဲမရနိုင်အောင် ရွှံ့လူးကာ ဘုရားကျောင်းရှေ့ ရေတွင်း၌ပင် ရေမိုးချိုး၍ထန်းရည်ဆိုင်သို့ကတိအတိုင်းပျော်ပျော်ကြီးချီတက်သွားပါလေတော့သည်။
နောက်ပိုင်း တွင်လည်း ထပ်မံ သွားရောက်ရန် ကြိုးပမ်းခဲ့ပါသော်လည်း အင်ဒီယာနာဂျုံး အတီးနောက်သို့ မည်သူမှမလိုက်ရဲပဲ ထွက်ပြေးကြခြင်း။ တယောက်တည်းလဲ ဝင်ခွင့်မပြုခြင်းစသည့်အကြောင်းများကြောင့် ယနေ့ထက်တိုင် မရောက်နိုင်တော့ချေ။ကဲ ဒီလောက်ဆိုရင်တော့ ဒီရှေးဟောင်းလှိုဏ်ဂူဟာ ဘယ်မှာရှိတယ်ဆိုတာ အကုန်လုံးရိပ်မိလောက်မယ်ထင်ပါတယ်။ မသိသေးပဲ သွားချင်တဲ့ လူများ အတွက်တော့ အတီးပြောပြလိုက်ပါ့မယ်။ ရန်ကုန်မြို့ကနေပြီး အလွန်ဆုံး  တနာရီခွဲသာသာလောက် လိုင်းကားစီးရင်တောင်ရောက်နိုင်တဲ့   သန်လျင် မြို့နယ် ကျိုက်ခေါက်ဘုရားအနီး  ရန်ကုန်အရှေ့ပိုင်း တက္ကသိုလ် နဲ့ သုံးခွ သို့ သွားရာ လမ်းမဘေး ညာဘက်ခြမ်းက ဟိန္ဒုဘုရားကျောင်းဆောင်ငယ်လေးရဲ့ အောက်တည့်တည့်မှာရှိတဲ့   ""တာဝဂူ""ပဲဖြစ်ပါတယ်။ ဪ သွားပြီးလေ့လာပြီးရင်လဲ ဘုရားကျောင်းအတွက် အလှူငွေလေးဘာလေးထည့်ဖို့ မမေ့နဲ့ဦးနော်။ဒီနေ့တော့ ဒီလောက်ပါပဲ။ နောက်ရက်မှပဲ ရန်ကုန်မြို့လယ်ခေါင်တည့်တည့် ကမ်းနားလမ်းပေါ်က  လှိုဏ်တွေအကြောင်းကို တင်ဆက်ပေးပါတော့မယ်။ လူသားအားလုံးကို လေးစားလျှက် အတီး(ဝါးလုံးရှည်)
Photo via internet

ကဲ သူငယ်ချင်းတို့၊ ဒီနေ့တော့ အလုပ်နားရက်လေးကို အပြင်မထွက်ပဲ အတီးကိုယ်တိုင် ဝင်ရောက်လေးလာခဲ့ရဖူးတဲ့ လျှို့ဝှက်ရှေးဟောင်း မြေအောက်ဥမင်တခုအကြောင်းကိုတင်ဆက်ပေးပါရစေ။(အမှန်က ပိုက်ဆံကုန်မှာဆိုးလို့ သာဖြစ်တယ်)

မလေးမှာတွင် မြန်မာတစ်ဦးအားဆိုင်ပိတ်ရိုက်


1.9.2012 ည ၉နာရီဝန်းကျင်က မလေးရှားနိုင်ငံ.ကွာလာလမ်ပူမြို့.ပေါ်သစ်မြန်မာစားသောက်ဆိုင်မှာ သွားရောက်စားသုံးသူ မြန်မာပြည်သားတစ်ယောက်အား ဆိုင်တံခါးပိတ်ပြီး ၀ိုင်းဝန်းရိုက်နှက်မှုတစ်ခု ဖြစ်ပွားခဲ့ပါတယ်...၀ိုင်းဝန်းရိုက်နှက်ရုံမျှမက ပိုက်ဆံအိတ်နှင့် ဖုန်းကိုပါ လုယက်ယူနှင်ထားပြီး ဆိုင်အောက်လမ်းမဘေးတွင် သွားရောက်ပစ်ထားခဲ့ရာ မလေးလူမျိုးများက တွေ့ရှိပြီး ဆေးရုံကားခေါ်ပေးသောကြောင့် အသက်ချမ်းသာ၇ခဲ့ပါသည်..ယခုအခါ ကွာလာလမ်ပူမြို့ဆေးရုံကြီးတွင် အတွင်းလူနာအဖြစ် ဆေးကုသမှုခံယူနေကြောင်း ကြားသိရပါသည်..မကြာမီ photo များတင်ပေးပါမည်......

အစိုးရနှင့်တတိယ အကြိမ် တွေ့ဆုံရန် KNU ခရီးစဉ် စတင်



ကရင်အမျိုးသားအစည်းအရုံး-KNU ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့သည် မြန်မာအစိုးရနှင့် တတိယအကြိမ် တွေ့ဆုံရန် စက်တင်ဘာလ ၁ရက်နေ့၊ မနက် ၈နာရီခွဲတွင် ကရင်ပြည်နယ်၊ မြ၀တီမြို့မှ စတင်ထွက်ခွါခဲ့ သည်။

သင်္ဘောတစ် ကာတို့ ရဲ့ ထိပ်ခေါင်-The ship of all ships


.... ဆိပ်ခံဘော ၄ ခု၊ သင်္ဘောကိုယ်ထည် ၁၈ခုတို့ အား
တင်ဆောင်ကာ တရုတ်နိုင်ငံ နန်တုံဆိပ်ကမ်းမှ တင်ဆောင်ထွက်ခွာလာစဉ်... The ship of all ships: The largest cargo transport ship in the world, the Blue Marlin of Dockwise, carries four pontoons and 18 hulls on its back from Nantong Port, China

သမ္မတကြီး ဦးသိန်းစိန်ရဲ့ ရခိုင် အရေး နောက်ဆုံး ဆောင်ရွက်နေမူ အပေါ် ဝေဖန်ခြင်း


ရခိုင်ပြည်နယ်အတွင်း ဖြစ်ပေါ်ခဲ့တဲ့  ဆူပူ အကြမ်းဖက်မူ ဖြစ်စဉ် အတွင်းမှာ   ဖမ်းဆီးခံထားရတဲ့ သူတွေ အပေါ် သမ္မတကြီး ဦးသိန်းစိန်မှ (ပြင်ပ ပယောဂတွေကြောင့်) ကျောသား ရင်သားခွဲခြားပြီး ဘက်လိုက် ဆောင်ရွက် နေတယ်ဆိုပြီး  ဝေဖန်မူများ ထွက်ပေါ်နေတဲ့ နေရာမှာ အခု  နောက်ဆုံး ထွက်လာတဲ့  ပြည်တွင်း အခြေစိုက် Coral Arakan News Agency မှ သတင်း ဆောင်းပါး တစ်ပုဒ်က စိတ်ဝင်စားစရာ ကောင်းတဲ့ အတွက် စာဖတ်ပရိသတ်တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။
(အယ်ဒီတာအဖွဲ့)
——————————

မိမိကွန်ပြူတာ Window အတက်မြန်စေဖို့ AusLogics BoostSpeed..လာပါပြီး


သုံးရတာလဲ တော်တော်လေးကောင်းပါတယ်.. လွယ်ပါတယ်.. window တက်တာမြန်သလို shut down လဲ မြန်လာတယ် ..နောက်ပြီးတော့ Internet connection ကိုလဲ မြန်အောင် လုပ်ပေး ပါတယ်. အောက်မှာကတော့ သူ့ရဲ့ လုပ်ဆောင်ချက်တွေပါ...

ဒေါက်တာနိုင်အောင် ၁၉၉၂ ထုတ်ပြ န်ကြေငြာချက်





ABSDF မြောက်ပိုင်းတွင်ဖမ်းဆီးထားခြင်းခံထားရသောစပိုင်များနှင့်ပတ်သက်ပြီး
ABSDF ဥက္ကဌဒေါက်တာနိုင်အောင်၏ထုတ်ပြန်ကြေငြာချက်

ကျနော်ကချင်ဒေသကိုသွားရောက်ပြီးတစ်လအကြာမှာ ရက်စက်ကြမ်းကြုတ်တဲ့စစ်အစိုးရ အပေါ်ယခင်ကထက် ကိုပိုပြီး ခါးသီးစွာခံစားခဲ့ရပါတယ်၊ ကျနော်အဖမ်းဆီးခံနေရသူများရဲ့ပြောကြားထွက်ဆိုချက်အားလုံးကို သဘော ထားရိုးစွာဖတ်ရှု့နားထောင်ခဲ့ပါတယ်၊

ရင်းနှီးမြှုပ်နှံလိုေ သ်ာလ ည်း ဥပဒေသ စ် ဒိန်းမတ် ဘဝ င်မကျသေး




ဒိန်းမတ်နိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များကမြန်မာနိုင်ငံတွင် လာရောက် ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်တစားရှိလှသော်လည်း ရေးဆွဲနေသည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေသစ်အပေါ် အားမလိုအားမရဖြစ်နေသေးကြောင်း ထိုင်းနိုင်ငံဆိုင်ရာ ဒိန်းမတ် သံအမတ်ကြီး Mr. Mikael Hemniti Wintherက ပြောဆိုလိုက်သည်။

တိုရွန်တိုစတား သတင်းစာတိုက်ရှေ့ မြန်မာနိုင်ငံသားများ ဆန္ဒပြ



ကနေဒါနိုင်ငံ တိုရွန်တိုမြို့က တိုရွန်တိုစတား သတင်းစာတိုက်ရှေ့မှာ ကနေဒါရောက် မြန်မာနိုင်ငံသားတွေ စုဝေးပြီး ဆန္ဒပြခဲ့ကြပါတယ်။ ရခိုင်ပြည်နယ် အရေးနဲ့ ပတ်သက်ပြီး ကနေဒါနိုင်ငံ တိုရွန်တိုမြို့ မှာ ရိုဟင်ဂျာတွေ ဆန္ဒပြကြတာနဲ့ ပတ်သက်ပြီး တိုရွန်တိုစတား သတင်းစာမှာ မှားယွင်းတဲ့ အချက်အလက်တွေ ထည့်သွင်း ဖော်ပြခဲ့တဲ့အတွက် မြန်မာနိုင်ငံသားတွေက ကန့်ကွက် ဆန္ဒပြခဲ့ကြတာလို့ သိရပါတယ်။

မြန်မာကုမ္ပဏီ၏ လျှောက်ထားမှုကြောင့် ကျောက်စိမ်းများကို ဝရမ်းချိတ်ပိတ်ထား









မြန်မာနိုင်ငံကချင်ပြည်နယ်ဖားကန့်မြို့နယ်မှထွက်ရှိသောယူရိုသန်းချီတန် ကျောက်စိမ်းတုံးနှစ်တုံး နှင့်ပတ်သက်၍
 မြန်မာနှင့် တရုတ် ကျောက်စိမ်းကုမ္ပဏီတို့ တရုတ်နိုင်ငံ ကွမ်တုံပြည်နယ် ဖူဆန်မြို့ ပြည်သူ့တရားရုံးတွင် တရားရင်ဆိုင်နေပြီး မြန်မာကုမ္ပဏီ၏ လျှောက်ထားမှုကြောင့် ကျောက်စိမ်းတုံးများကို ချိပ်ပိတ်ထားကြောင်း သီတာ မြနန်းကုမ္ပဏီ၏ ထုတ်ဖော်ပြောကြားချက်အရ သိရပါသည်။

သမ္မတရုံး ဝန်ကြီးနှ စ်ဦးနှ င့် ABSDF ဗဟိုဥက္က ဌဟောင်း များေ ဆွးနွေး မှုများပြုလုပ်

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတရုံး ဝန်ကြီး နှစ်ဦးနှင့် ပြည်ပမှ ပြန်လည် ရောက်ရှိ နေသည့် မြန်မာ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုက ရက်တစ် တပ်ဦး ABSDF ဗဟိုဥက္ကဌ ဟောင်းများတို့ ငြိမ်းချမ်းရေး ဖော်ဆောင်နိုင်ရေး ဆွေးနွေးမှုများကို ယနေ့

မန္တလေးတွင် သမ္မတကြီးကို ထောက်ခံကြောင်း ရဟန်းရှင် ပြည်သူ ၄၀၀၀၀ ကျော် ဆန္ဒဖော်ထုတ်





မန္တလေးတွင် ယနေ့ နံနက်ပိုင်းမှ စ၍ ရဟန်းရှင် ပြည်သူများ စုပေါင်းကာ ပြည်ထောင်စုမြန်မာနိုင်ငံတော် သမ္မတကြီး ဦးသိန်စိန်၏  နိုင်ငံတော် ဖွဲ့ဖြိုးတိုးတက်စေရန် အပြောင်းအလဲလုပ်ဆောင်မှုများ ကို

Saturday, September 1, 2012

ကိုယ်ကျိုးစီးပွား ကာလွန်းလျှင် ရင်းနှီးမြှုပ်နှံမှု အလာနည်းမည်








 

လွှတ်တော်တွင် ရေးဆွဲနေသော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေတွင် ကိုယ်ကျိုးစီးပွား ကာကွယ်သည့်အပိုဒ်များ ထည့်သွင်းလာနေသောကြောင့် အတည်ပြုပြဌာန်းမည့် ယင်းဥပဒေသည် မြန်မာ့စီးပွားရေးကို ချုပ်ကိုင်ထားသော ထိပ်သီးစီးပွားရေးသမားများကိုသာ အကျိုးဖြစ်စေပြီး နိုင်ငံခြားရင်းနှီးမြှုပ်သူများကို ဆွဲဆောင်မှု နည်းစေမည်ဟု ဝေဖန်နေကြသည်။

သမ္မတထံစာတင်သည့် ဆင်ပေါင်ဝဲတောင်သူများအား တပ်က ခေါ်ယူမေးမြန်း




ဆင်ပေါင်ဝဲမြို့နယ်အတွင်းရှိ စစ်တပ်သိမ်းယူထားသောမြေများအာြး
ပန်လည်လုပ်ကိုင်လိုမှုဖြင့် သမ္မတထံအသနား ခံ စာတင်ထားသော ဒေသခံများအား စစ်တပ်ကခေါ်ယူမေးမြန်းခဲ့ကြောင်း
 ကာယကံရှင်များထံက သိရသည်။

ဝေကုမ္ပဏီ၊ နှင့်် ရွှေဂေါင်ဂေါင်း ကုမဏ္ဏီမှ လူပေါင်း ၆၀ ကျော် အား KIA မှ ယမ်းဂိုေ ထာင်ဖောက်ခွဲပြီးသတ်




 
ကျွန်တော်တို့ ကချင်ပြည်နယ်အတွက် မည့်သည့်အချိန်ကမှ ကောင်းကျိုးမပေးခဲ့တဲ့ KIA အဖွဲ့ဟာ ငြိမ်းချမ်းရေးကိုမျက်ကွယ်ပြုထားပြီး အကြမ်းဖက် အဖွဲ့အစည်းဖြစ်ကြောင်း ဘီလူးမှန်းသိအောင် အစွယ် ထုတ်ပြလျက် ရှိပါတယ်၊ KIA ဟာ ကချင်ပြည်နယ်နဲ့ ကချင်တိုင်းရင်းသားတွေကို ကိုယ်စားပြုတဲ့ အဖွဲ့အစည်းမဟုတ်တဲ့အတွက် ပြည်နယ်ရဲ့အလှအပတွေ၊ ဖွံ့ဖြိုးတိုးတက်မှုအတွက်အရေးပါတဲ့ လမ်း၊ တံတား၊

KIA အဖွဲ့ မိုင်းထောင်ရာမှ ကိုယ့်မိုင်းနှင့်ကိုယ် မိုင်းပေါက်ကွဲ၍သေဆုံး





ပြီးခဲ့တဲ့ သြဂုတ်လ(၃၀)ရက်နေ့က KIA တပ်မဟာ(၂)လက်အောက်ခံ တပ်ရင်း(၅)မှ KIA တပ်ဖွဲ့ဝင် များသည် မိုးညှင်းမြို့အရှေ့ဘက် လခြမ်းတောင်ရွာအနီးတွင် မိုင်းထောင်ခြင်းများ ပြုလုပ်ရာမှ အခန့်မသင့်၍ မတော် တဆ မိုင်းပေါက်ကွဲကာ KIA တပ်ဖွဲ့ဝင်တစ်ဦး သေဆုံးသွားတယ်လို့ သိရပါတယ်။

မြန်မာအစိုးရစစ်တပ်တွေ မိုးညှင်းမြို့ ပတ်ဝန်းကျင်မှာ လှုပ်ရှားသွားလာနေကြောင်းနဲ့ ရွာတွေမှာ KIA အမာခံ အဖွဲ့ဝင်များရှိ/မရှိ ၀င်ရောက်စစ်ဆေးနေမှုအား သတင်းရရှိ၍ လာရောက်မိုင်းထောင်တာဖြစ်တယ် လို့ လခြမ်း တောင်ရွာခံတစ်ဦးထံမှ သိရှိရပါတယ်။
KIA တပ်ဖွဲ့တွေအနေနဲ့ နည်းလမ်းမျိုးစုံအသုံးပြုကာ လူသစ်စုဆောင်းလျက်ရှိပြီး စုဆောင်း ရရှိတဲ့ ဒေသ ခံတွေ ကို အခြေခံစစ်သင်တန်းနှင့် မိုင်းသင်တန်းတွေ သင်ကြားပေးတယ်ဆိုပေမဲ့ တကယ့်လက်တွေ့ မှာတော့ သေနတ်ပစ်တတ်ရုံနဲ့ မိုင်းတွေ့ဘူးရုံလောက်သာ သင်ကြားပေးခဲ့တာကြောင့် ယခုလို ဖြစ်စဉ် များနှင့် ကြုံတွေ့ နေရတာဘဲ ဖြစ်ပါတယ်။

အလားတူ ၂၀၁၁ ခုနှစ် ဒီဇင်ဘာ(၁၈)ရက်နေ့တွင် မိုးကောင်းမြို့နယ် ထိုးပူနှင့် ဆားမှော်အကြား မိုင်တိုင်အမှတ် ၆၇၈/၁၁ နှင့် ၁၂ အကြားရှိ ရထားလမ်းအား မိုင်းထောင်ဖောက်ခွဲစဉ် KIA တပ်ဖွဲ့ဝင်နှစ်ဦး မိုင်းပေါက်ကွဲကာ သေဆုံးခဲ့ရပါတယ်။ KIA အဖွဲ့မှ မြန်မာအစိုးရ စစ်တပ် ဘက်မှ ဖောက်ခွဲ ဖျက်ဆီးခြင်းဖြစ်သည်ဟု သတင်းအမှား များထုတ်လွှင့်ကာ ပြောဆိုခဲ့သော်လည်း ရထားလမ်းဘေး တွင် သေဆုံးနေသော KIA ယူနီဖောင်းဝတ် စစ်သား နှစ်ဦးမှာ KIA အဖွဲ့၏ လုပ်ရပ် များဖြစ်ကြောင်း ဒေသခံကချင်လူမျိုးများ မြင်တွေ့နိုင်စေရန် ထာဝရဘုရား သခင်မှ ဒဏ်ခတ် ခဲ့ခြင်းဖြစ်ပါသည်။
 
From: KDN

OIC အတွင်းရေးမှူးနှင့် အဖွဲ့ နောက်အပတ် မြန်မာကို ရောက်မည်


 
အစ္စလာမစ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (အိုအိုင်စီ) အထွေထွေ အတွင်းရေးမှူးEkmeleddin Ihsanoglu နှင့် အဖွဲ့သည်နောက်အပတ်တွင် မြန်မာနိုင်ငံသို့ရောက်ရှိမည်ဟု သတင်း ရရှိသည်။

ရခိုင်မှ အိုးအိမ်မဲ့ ဒုက္ခသည်များအား သြစတြေးလျ တိုက်ရိုက်ကူညီမည်



  သြစတြေးလျနိုင်ငံသည် ရခိုင်ပြည်နယ်တွင် ဖြစ်ပွါးခဲ့သည့် ပဋိပက္ခများကြောင့် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည့် လူပေါင်း ၁၄,ဝဝဝ ခန့်အား လိုအပ်မည့် အခြေခံ ပစ္စည်းများ ပေးအပ်နိုင်ရန် ရည်ရွယ်၍ အရေးပေါ် အကူအညီအဖြစ် အမေရိကန် ဒေါ်လာ ၁ သန်းကို မြန်မာနိုင်ငံသို့ ပေးအပ်မည် ဖြစ်သည်။

“အိမ်တွေကို စွန့်ခွါထွက်ပြေးပြီး အခုလောလောဆယ် ယာယီစခန်းတွေမှာ ခိုလှုံနေကြတဲ့ လူ ၁၄,ဝဝဝ အတွက် အရေးပေါ် အကူအညီအဖြစ် အဝတ်အစား၊ စောင်တွေ နဲ့ တခြား အခြေခံ ပစ္စည်းတွေ ဖြစ်တဲ့ ခြင်ထောင်၊ အိပ်ရာခင်း၊ ဆပ်ပြာလို ပစ္စည်းတွေကို ပေးအပ် ကူညီဖို့ ဖြစ်ပါတယ်” ဟု သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး ဘော့ဘ်ကား Bob Carr က ဆိုသည်။


အိမ်တွေကို စွန့်ခွါထွက်ပြေးပြီး အခုလောလောဆယ် ယာယီစခန်းတွေမှာ ခိုလှုံနေကြတဲ့ လူ ၁၄,ဝဝဝ အတွက် အရေးပေါ် အကူအညီပေးအပ် ကူညီဖို့ ဖြစ်ပါတယ် (ဓါတ်ပုံ မဇ္ဈိမ)

Iran urges non-aligned nations role in Syria

 
The Non-Aligned Movement was unable to reach an agreement on the ongoing crisis in Syria [AFP]
Iran’s Supreme Leader Ayatollah Ali Khamenei has said that emerging nations have a greater right than the West or the UN to help resolve Syria's escalating civil war.

KIA သောင်း ကျန်းသူအဖွဲ့မှ အလင်းဝ င်ရောက်လာသူများ


 ၂၀၁၂ ခုနှစ်၊ သြဂုတ်လ ၂၆ ရက်နေ့ ၁၆၃၀ ချိန်ခန့်တွင် ပြည်သူ့စစ်အဖွဲ့များနှင့် ဆက်သွယ်၍ မုံးကိုးတပ်စခန်းသို့ KIA သောင်းကျန်းသူ တပ်ရင်း (၃၆) မှ တပ်ခွဲမှူးအဆင့်ရှိသူ လောက်လိုင်မိုင် ဦးစီးပြီး ဒုတိယတပ်ကြပ် မာလ၊

စစ်ပြေး ဒုက္ခသည်များ အရေးမှ စစ်ပွဲ ရပ်ရေးကို ကန်တောင်းဆို

 
Ka_Chin_Blank_war

သြဂုတ်လကုန်အတွင်း၌ တရုတ်နိုင်ငံဖက်၌ ရှိနေသော ကချင် စစ်ပြေးဒုက္ခသည်များ အပြီးတိုင် ပြောင်းရွှေ့ရန် တရုတ် အာ ဏာပိုင်တို့က လိုလားသော်လည်း လက်တွေ့၌ တထောင်နီးပါးမျှ ကျန်ရှိနေသေးသည်ဟု ကချင် ဒုက္ခသည် ကော်မီတီမှ အဖွဲ့ဝင် တဦးက ပြောပါသည်။

KIA လူကြီးများ ကိုမကြေနပ်လို့ လုံးခင်းသို့ အစုလိုက် အလင်းဝင် (အထူးသတင်း)




KIA လူကြီးများ၏ လက်အောက်ငယ်သားများ အပေါ်  အတင်းအဓမ္မအမိန့်ပေးစေခိုင်းခြင်း စစ်ဆင်းရေးအမိန့် မလိုက်နာသူများကို သေဒဏ်အထိပေးခြင်း စသည့် ပြင်းထန်သော အမိန့်များ ပေးခြင်း ဆက်ကြေး ကောက်ခံရရှိသော ငွေများကို ဗဟိုသို့ပေးပို့နေရပြီး လက်အောက်သို့ ထောက်ပံ့ ခွဲဝေ ပေးခြင်း မရှိခြင်းတို့ကြောင့် လုံးခင်းမြို့နယ် တစ်ဝိုက်တွင်လှုပ်ရှားနေသာ KIA အဖွဲ့ အင်အား ၆၀ ဦးခန့်သည် ယမနေ့က လက်နက်နှင့် အလင်း ၀င်ရောက်ခဲ့သည်ဟုသိရှိရပါသည်။ သတင်းအပြည့်အစုံကို ဆက်လက်တင်ပြပေးပါမည်။

ကမ္ဘာ့စားနပ်ရိက္ခာဈေးနှုန်း အဆမတန် မြင့်မားနေ



 


နွေရာသီရဲ့ ပြင်းထန်တဲ့ အပူဒဏ်အောက်မှာ အမေရိကန်နဲ့ ဥရောပ အရှေ့ပိုင်းက ကောက်ပဲသီးနှံတွေ ခြောက်သယောင်းကုန်ပါတယ်။

သတင်းထောက်များအား ဇာဂနာ ဆဲဆိုတာ (ရုပ်သံ)












သတင်းထောက်များအား ဇာဂနာ ဆဲဆိုလိုက်တာ
တစ်ခန်းလုံးဆူညံသွားတာပဲ။
ခင်ဗျားတို့  ဗမာလို့ နားမလည်းဘူးလားတဲ့
 ခင်ဗျားတို့  **** ပဲတဲ့ ။


Friday, August 31, 2012

သေဆုံးပြီးသူများ မြန်မာပြည်သွားနိုင်ပြီ


Black List ထဲကနေပယ်ဖျက်လိုက်တဲ့
 နိုင်ငံခြားသားအမည် တထောင်ကျော်ကို
 သမ္မတရုံးက ဒီကနေ့ ထုတ်ပြန်လိုက်ရာမှာ
 သေဆုံးသူတချို့ရဲ့ နာမည်တွေကို
တွေ့ရပါတယ်။


ကွယ်လွန်သွားပြီးဖြစ်တဲ့
- ဖိလစ်ပိုင်သမ္မတဟောင်း ကိုရာဇန်အကွီနို၊
- သတင်းစာဆရာ ကြေးမုံ ဦးသောင်း၊
- ပါမောက္ခဒေါက်တာအေးကျော်၊
- အမေရိကန် လွှတ်တော်အမတ်ဟောင်း Sonny Bono တို့ရဲ့ အမည်တွေ ပါဝင်နေပါတယ်။

ဦးဝီရသူ ဦးဆောင်မယ့် ဆန္ဒပြခွင့် အာဏာပိုင်တွေဘက်က ရက်ရွှေ့ခိုင်းဖို့ ပြော

 

 

 မန္တလေးမြို့မှာ နိုင်ငံရေးအကျဉ်းသားဟောင်း ဆရာတော် ဦးဝီရသူ ဦးဆောင်မယ့် 
ရခိုင်အရေးသမ္မတဦးစိန်ရဲ့ရပ်တည်ချက်အပေါ်ထောက်ခံတဲ့ဆန္ဒပြပွဲတွေကို  
အာဏာပိုင်တွေဘက်က မူလကခွင့်ပြုထားတဲ့ ရက်မှာ ဆန္ဒပြခွင့်မပေးတာကြောင့်ရက်ရွှေ့ဆိုင်းလိုက
ရတယ်လို့ ဆရာတော် ဦးဝီရသူက RFA ကို ဒီကနေ့ မိန့်ကြားပါတယ်။