မြန်မာ့လွတ်လပ်ရေးသမိုင်းတွင်ထင်ရှားခဲ့သော
သခင်ဗဟိန်းကို ၁၉၁၇ ခုနှစ် ဇွန်လ ၂၇ ရက် ဗုဒ္ဓဟူးနေ့တွင် အင်းဝမြို့
ကိုင်းတန်းရပ်၌ အဖ ပွဲစားကြီး ဦးမှင်၊ အမိ ဒေါ်ဦးတို့မှ ဖွားမြင်ခဲ့သည်။
မွေးချင်း ၇ ယောက် အနက် နို့ညှာဖြစ်သည်။ အမည်ရင်းမှာ မောင်ဗဟိန်းဖြစ်သည်။
ညီ ငယ်မောင်သန်းနိုင်မှာ ဂျပန်ခေတ် မင်္ဂလာဒုံစစ်တက္ကသိုလ်
ပထမပတ်ကျောင်းဆင်းဖြစ်၍ ဖက်ဆစ်တော်လှန်ရေးတွင် တိုင်း (၇) မှ ပါဝင်ခဲ့ သည်။

ငယ်စဉ်က
အင်းဝမြို့ မူလတန်းကျောင်း၊ မန္တလေး အေဘီအမ် မိန်းကလေးကျောင်း၊
သကျသီဟဘုရားအနီး ဆရာငုံကျောင်းနှင့်
မန္တလေးအမျိုးသားအထက်တန်းကျောင်းတို့တွင် ပညာသင်ကြားခဲ့သည်။ ၁၉၃၅ တွင်
တက္ကသိုလ်ဝင်တန်း စာမေးပွဲကို မြန်မာစာ၊ အင်္ဂလိပ်စာ၊ ရာဇ ဝင် (သမိုင်း) ဘာသာ
(၃) ခုစလုံးတွင် ဂုဏ်ထူးရခဲ့သည်။ ၁၉၃၅ – ၃၇ တွင် မန္တလေးဥပစာကောလိပ်၌
ပညာဆက်လက်သင်ယူသည်။ ၁၉ ၃၆ – ၃၇ အိုင်အေအထက်တန်းကို
ပါဠိဂုဏ်ထူးဖြင့်အောင်ခဲ့သည်။ ထို့နောက် ရန်ကုန်တက္ကသိုလ် သို့ ပြောင်းရွှေ့ပ
ညာသင် ခဲ့ပြီး ၁၉၃၈ – ၃၉ ဘီအေ အထက်တန်းတွင် ပညာသင်ကြားနေ စဉ် ရေနံမြေ
သပိတ်ပေါ်ပေါက် လာရာ နိုင်ငံရေးလောကသို့ အချိန်ပြည့် ဝင်ရောက်ဆောင်ရွက်
ခဲ့သည်။

























