Edit This Menu
Monday, September 17, 2012
(KIA)တပ်ရင်း(၅)မှ ပေါ်တာဆွဲခေါ် သွားသော ပါတီဝင်လူငယ်များကို ထောက်ခံစာနှင့်ပြန်ရွေးမည့် NLDပါတီ
ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)
တပ်ရင်း(၅)မှ စစ်တပ်ကိစ္စ ရပ်များတွင် အသုံးပြုရန် ဖားကန့် ကျောက်တောမှ ပေါ်တာဆွဲသွားသော လူ(၃၀)တွင်
နိုင်ငံရေးပါတီဝင် လူငယ်နှစ်ဦး ပါဝင်နေ
ကြောင်း သိရှိရသည်။အဆိုပါ လူငယ်(၂) ဦးမှာ NLDပါတီဝင် များဖြစ်ပြီး KIAစစ်တပ်သည် NLD
ပါတီဝင် မိဘများမှမွေးဖွားလာသော သားသမီးများ၊ NLDပါတီဝင်များ ကို ပြန်လွှတ်ပေးလေ့ရှိကြောင်းမိုးညင်းNLDပါတီဝင်တစ်ဦးထံကသိရသည်။
စာနယ်ဇင်းကောင်စီ (ယာယီ) ပြန်ဖွဲ့ပြီ
ယနေ့
မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ)
ဖွဲ့စည်းသည့် အခန်းအနားတွင်
တွေ့ရသည့်
ပြန်ကြားရေးဝန်ကြီး ဦးအောင်ကြည်
|
ပြန်ကြားရေးဝန်ကြီး အပြောင်းအလဲ ပြုလုပ်ပြီးနောက်ပိုင်း ပထမဆုံး
မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) ကို အဖွဲ့ဝင် ၂၇ ဦးဖြင့် ယနေ့
ပြန်လည်ဖွဲ့စည်း လိုက်သည်။
အဆိုပါ အဖွဲ့တွင် ဥက္ကဋ္ဌ အဖြစ် တရားရုံးချုပ် အငြိမ်းစား တရားသူကြီး
ဦးခင်မောင်အေး၊ ဒု ဥက္ကဋ္ဌ အဖြစ် ပြည်သူ့ခေတ် ဂျာနယ် အတိုင်ပင်ခံ အယ်ဒီတာ
ဦးဝံသ၊ အတွင်းရေးမှူး အဖြစ် The Voice Weekly ဂျာနယ် အယ်ဒီတာချုပ် ကိုကျော်မင်းဆွေနှင့် ပေါ်ပြူလာဂျာနယ် မှ ဒေါ်နန်း ကလျာဝင်းက
တွဲဘက်အတွင်းရေးမှူး အဖြစ် ဆောင်ရွက်မည်ဖြစ်သည်။
ကချင် ငြိမ်းချမ်းရေးအတွက် လက်မှတ်ရေးထိုး တောင်းဆိုမည်
စက်တင်ဘာလ
၁၅ ရက်နေ့တွင် ၈၈မျိုးဆက်ကျောင်း
သားများက ကချင်စစ်ဘေးဒဏ်ခံ
ပြည်သူများအတွက်
ငွေကျပ် သိန်း ၁၇၅ သိန်း လှူဒါန်းသည်
|
ဦးမင်းကိုနိုင် ဦးဆောင်သည့် ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့သည်
ကချင်ပြည်နယ် ငြိမ်းချမ်းရေး ခရီးစဉ်အတွင်း ဖားကန့်ဒေသသို့ ယနေ့
ရောက်ရှိခိုက်တွင် ကချင်ဒေသ ငြိမ်းချမ်းရေးအတွက် စုပေါင်း လက်မှတ်ရေးထိုး
တောင်းဆိုမှုတခု ပြုလုပ်ရန် စီစဉ်နေကြောင်း သတင်းရရှိသည်။
စက်တင်ဘာလ ၁၄ ရက်နေ့က ကချင်ပြည်နယ်သို့ ရောက်ရှိနေကြသော ၈၈
မျိုးဆက်ကျောင်းသားများ ဖြစ်ကြသည့် ဦးမင်းကိုနိုင်၊ ဦးပြုံးချို၊
ဦးဌေးကြွယ်၊ ဦးသက်ဇော်နှင့် ဦးမာကီး တို့ ၅ ဦးသည် ယမန်နေ့နှင့်
ယနေ့တွင် ဖားကန့်ဒေသ ကချင်စစ်ပြေး ဒုက္ခသည်စခန်းများသို့ သွားရောက်ကာ
အလှူငွေများ ပေးအပ်ခြင်း၊ အားပေးနှစ်သိမ့်ခြင်းများ ပြုလုပ် နေကြသည်။
လူကုန်ကူးခံ မြန်မာ ၂၂ ဦးကို ထိုင်းတောင်ပိုင်းတွင် ကယ်တင်
ချွန်ဘူရီမြို့နယ်ရှိ အချောင် လှေဆိပ်တွင်
ရောင်းစားခံရသူများထဲမှ တချို့
|
ထိုင်းနိုင်ငံ တောင်ပိုင်း ချွန်ဘူရီမြို့နယ်ရှိ အချောင် လှေဆိပ် တွင်
ရေလုပ်သား အဖြစ် ရောင်းစား ခံထားရ သည့် မြန်မာ နိုင်ငံသား ၂၂ ဦးကို ထိုင်း
အာဏာပိုင်များက မကြာသေးခင် ရက်ပိုင်းက သွားရောက် ကယ်တင်ခဲ့သည်။
ရောင်းစား ခံထားရသည့် မိသားစုဝင်များ၏ တိုင်ကြားချက်အရ ပြီးခဲ့သည့်
စက်တင်ဘာ ၁၃ ရက်က ထိုင်းလူကုန်ကူးမှု တိုက်ဖျက်ရေး အဖွဲ့ Anti-Human
Trafficking Division (AHTD)နှင့် ထိုင်းနိုင် ငံရောက် မြန်မာနိုင်ငံသားများ
အဖွဲ့ Myanmar Association Thailand (MAT) တို့ ပူးပေါင်း၍ သွားရောက်
ကယ်တင်ခဲ့ကြောင်း MAT အဖွဲ့မှ ဒါရိုက်တာ ဦးကျော်သောင်းက ဧရာဝတီသို့ ပြော
သည်။
နှစ် ၄၀ ကျော်အတွင်း ပထမဆုံး အမျိုးသမီး သံအမတ် ခန့်အပ်
နိုင်ငံခြားရေး ၀န်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် တာဝန်ရှိ ဒေါ်ယဉ်ယဉ်မြင့်
ဆိုသူ အမျိုးသမီးကို ဘရူနိုင်း ဒါရုဆလမ် နိုင်ငံဆိုင်ရာ သံအမတ်ကြီးအဖြစ်
သမ္မတ ဦးသိန်းစိန်က ခန့်အပ်လိုက်ကြောင်း ယမန်နေ့က အစိုးရ သတင်းစာများတွင်
ဖော်ပြသည်။ ဒေါ်ယဉ် ယဉ်မြင့် သည် နိုင်ငံခြားရေး ဝန်ကြီးဌာန လေ့ကျင့်ရေး၊
သုတေသနနှင့် နိုင်ငံခြားဘာသာ ဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ် ဖြစ်ပြီး
အိန္ဒိယ နိုင်ငံဆိုင်ရာ မြန်မာသံအမတ် အဖြစ် ခန့်အပ်ခံရသော
ဒေါ်အောင်ဆန်းစုကြည်၏ မိခင် ဒေါ်ခင်ကြည်ပြီးလျှင် နှစ်ပေါင်း ၄၀ ကျော်အတွင်း
ပထမဆုံး အမျိုးသမီး သံအမတ် အဖြစ် ခန့်အပ်ခံရခြင်း ဖြစ်သည်။ ဒေါ်ခင်ကြည် ၁၉၆၀
မှ ၁၉၆၇ ခုနှစ်အထိ တာဝန် ထမ်းဆောင်ခဲ့ကြောင်း သိရသည်။
From- ဧရာဝတီ
တိုင်းရင်းသားပေါင်းစုံညီလာခံမှ သဘောထားထုတ်ပြန်
ပြည်တွင်းငြိမ်းချမ်းရေး
လုပ်ငန်းစဉ်တွင် တိုင်းရင်းသား လူမျိုးအဖွဲ့ပေါင်းစုံတို့၏
ပါဝင်ပတ်သက်မှုနှင့် ညီညွတ်သော ဘုံရပ်တည်ချက်ရရှိရေး ကို ဦးတည်၍
လွတ်မြောက်နယ်မြေတွင် စက်တင်ဘာလ ၁၄ ရက်မှ ၁၆ ရက်ထိ ကျင်းပခဲ့သော
ပြည်တွင်းပြည်ပ တိုင်းရင်းသားပေါင်းစုံ ကိုယ်စားလှယ် ၁၃၀
ကျော်ပါဝင် တက်ရောက်ခဲ့သည့် ညီလာခံမှ အချက် ၈ ချက်ပါ
ထုတ်ပြန်ကြေငြာချက်တစ်ရပ်ကို ယနေ့ စက်တင်ဘာလ ၁၇ ရက်တွင်
ထုတ်ပြန်ခဲ့ကြောင်းသိရသည်။ ထုတ်ပြန်ကြေငြာချက်အပြည့်အစုံမှာ အောက်ပါ အတိုင်းဖြစ် သည်။
ရခိုင်သမိုင်း ပညာရှင် ဒေါက်တာ အေးချမ်းကို ရခိုင်အမျိုးသားများက ရန်ကုန် လေဆိပ်တွင်ကြိုဆို
ကြိုဆိုရာတွင် ရခိုင် ရဟန်းတော်များ၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီမှ အဖွဲ့ဝင်များ၊ ရခိုင်ဂီတ အနုပညာရှင်များ၊ လိုင်မြို့နယ်မှ ရခိုင်ရိုးရာ အမျိုးသမီး အကအဖွဲ့ဝင်များနှင့် ရခိုင်တိုင်းရင်း သား စာပေ ယဉ်ကျေးမူ အဖွဲ့မှ အဖွဲ့ဝင်များ ပါဝင်ကြောင်း သိရသည်။
အမျိုးသမီး ရင်သားကို နေ့စဉ် ကြည့်ရှုခံစားသည့် အမျိုးသားများ၏ ကျန်းမာရေးကောင်းမွန်နိုင်
လှပကျော့ရှင်းသည့် အမျိုးသမီးတဦး၏ ရင်သားအလှကို နေ့စဉ် (၁၀)မိနစ်စီ
ကြည့်ရှုခံစားခြင်းသည် အမျိုးသားများအတွက် ကျန်းမာရေးကောင်း မွန်စေကြောယင်း အလေ့အကျင့်ကြောင့် ရရှိလာသည့် လှုံဆော်မှုသည် နာရီဝက် ကြာအောင် လေ့ကျင့်ခန်းများ ပြုလုပ်ခြင်းနှင့် ညီမျှကြောင်း ဒေါက်တာ ကာရန် ၀ီသာဘီက ပြောကြားခဲ့ခြင်း ဖြစ်သည်။ ဒေါက်တာ ၀ီသာဘီ ဦးဆောင်သော ဂျာမနီနိုင်ငံ ဆေးရုံ(၃)ခုမှ ဆရာဝန်များသည် အမျိုးသား
ပိုဆိုးလာတဲ့ကချင်ပြည်နယ်
KNG
၊ ဧရာဝတီ၊ မဇ္ဈိမနဲ့ ရှမ်းသံတော်ဆင့် သတင်းမီဒီယာ blog တွေမှာ
မကြာမကြာဖော်ပြနေတဲ့ လူပြောသူပြောများတဲ့ ကချင်ပြည်နယ်ဘက် ကို
ပြီးခဲ့တဲ့အပတ်က ဖားကန့်မှာကျောက်လုပ်နေတဲ့
ကျွန်တော့် ဦးလေးတွေနဲ့ သွားဖြစ်တယ်။ သူတို့လည်း နယ်မြေ အခြေအနေကြည့် ရင်း
ဒုက္ခသည်တွေကို လှူရင်းတန်းရင်း အတူတူသွားခဲ့ကြတယ်။ သူတို့ရဲ့
လုပ်ငန်းတွေကတော့ စစ်ရေးအခြေအနေမကောင်းလို့ ခဏရပ်ထားရတယ်။ ဟိုရောက်မှပဲ
ကြောက်ရကောင်းမှန်း သိတော့တယ်ဗျာ။ လက်နက်ကြီးသံတွေ ဖားကန့်ကနေ မကြာခဏ
ကြားနေရ တယ်။ ဒေသခံတွေမေးကြည့်တော့ကေအိုင်အေကို "ဝ" စစ်တပ် ထိုးစစ်ဆင်မည်
သမ္မတ အမိန့်အောက်မှာစစ်တပ်အနေနဲ့တရုတ်က သတို့သမီးသန်း(၂ဝဝ) လိုအပ်ချက်ရှိနေ၍ မြန်မာအမျိုးသမီးများ လူကုန်ကူး မခံရရန် ဂရုပြုသင့်
တရုတ်အစိုးရအနေဖြင့်လူကုန်ကူးမှု လမ်းကြောင်းအားအနည်းငယ် ဖွင့်ပေး
ထားကြောင်းသိရသည့်အတွက်မြန်မာနိုင်ငံ
သူနိုင်ငံ သားများ ၏လုံခြုံရေးကို မိမိတို့ကိုယ်တိုင် ထိန်းသိမ်းရန်
အရေးကြီး လာကြောင်း မြန်မာ အမျိုးသမီးအခွင့်အရေး လှုပ်ရှားနေသူ ဒေါ်စူစန်နာ
လှလှစိုး က ပြောသည်။တရုတ်ပြည်သို့ လူကုန်ကူးခံရသူ အရေအတွက်များပြားနေခြင်းမှာ တရုတ်ပြည် အစိုးရချမှတ်ထားသော One Child ပေါ်လစီကြောင့် အိမ်ထောင်သည်အများစု ကလေးယူရာ တွင်ယောက်ျားလေးသာ အယူများနေခြင်းကြောင့် တရုတ်ပြည်တွင် သတို့သမီးသန်း၂ဝဝ)ဝန်းကျင် လိုအပ် လျှက်ရှိသည့်အတွက် အိမ်နီးချင်းနိုင်ငံများမှ အမျိုးသမီးများ လူကုန်ကူးခံနေ ရခြင်းဖြစ်ကြောင်းကိုလည်း သိရသည်။
ကာ/ချုပ်ရုံးရှေ့တွင်ပါ စစ်ရပ်စဲရေး ဆန္ဒပြမည်
ရန်ကုန် (မဇ္ဈိမ) ။ ။ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးအတွက်
စက်တင်ဘာလ ၂၁ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ
ငြိမ်းချမ်းရေးနေ့တွင် ပြည်တွင်းရှိ လူမှုအဖွဲ့စည်း ၁၉ ဖွဲ့က နေပြည်တော်ရှိ
သမ္မတရုံး၊ လွှတ်တော် များရှေ့နှင့် ကာကွယ်ရေး ဦးစီးချုပ်ရုံးရှေ့တို့တွင်
ဆန္ဒပြုပွဲများ ပြုလုပ်သွားမည်ဟု ကချင်ငြိမ်းချမ်းရေးကွန်ယက်မှ
ကိုဂျော်ဂွန်းက မဇ္ဈိမကို ပြောသည်။ “စာတင်ထားတယ်။ ခွင့်ပြုသည်ဖြစ်စေ
ခွင့်မပြုသည်ဖြစ်စေ ကျနော်တို့လုပ်မှာ” ဟု ကိုဂျော်ဂွန်း ကပြောသည်။
အာရှဒေသ နယ်မြေအငြင်းပွားမှု ကြီးထွားလာမှာ အမေရိကန် စိုးရိမ်
ဂျပန်နိုင်ငံ
တိုကျိုမြို့၊ ယိုကိုတ လေတပ် စခန်းကို
အမေရိကန် ကာကွယ်ရေးဝန်ကြီး Leon
Panetta
(လယ်) ဆိုက်ရောက်လာစဉ်။
|
အာရှ-ပစိဖိတ် ဒေသက နယ်မြေပိုင်နက် အငြင်းပွားမှုတွေဟာ ပဋိပက္ခတွေကို
ဦးတည်ပြီး ပျံ့နှံ့လာမှာ စိုးရိမ်မိတဲ့အကြောင်း အမေရိကန် ကာကွယ်ရေးဝန်ကြီး
Leon Panetta ကပြောပါတယ်။ သီတင်းတပတ်ကြာ ဒေသတွင်း ခရီးစဉ်အစ အဖြစ်
ဂျပန်နိုင်ငံ တိုကျိုမြို့ကို တနင်္ဂနွေနေ့ က ရောက်မလာ ခင်မှာပဲ ကာကွယ်ရေး
ဝန်ကြီးက သတင်းထောက်တွေ ကို ပြောလိုက်တာပါ။
ဆီးရီးယား အစိုးရအတွက် အီရန်စစ်တပ် အကူအညီပေး
| အီရန်
တော်လှန်ရေး ပြည်စောင့်တပ်ရဲ့ တပ်မှူး
Mohammad Ali Jafari အီရန်နိုင်ငံ
တီဟီရန်မြို့မှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေစဉ်။
|
အီရန်နိုင်ငံရဲ့ တော်လှန်ရေး ပြည်စောင့် အထူးတပ်က ဆီးရီးယား နိုင်ငံမှာ
စစ်ဘက်နဲ့ မဆိုင်တဲ့ အကူ အညီတွေ ကို ပေးအပ်နေတဲ့ အကြောင်း အီရန်က
ပြောလိုက်ပါတယ်။ အနီးစပ်ဆုံး မဟာမိတ်ဖြစ်တဲ့ ဆီးရီးယားအပေါ် ပြင်ပက
တိုက်ခိုက်မှုတွေ လုပ်လာမယ် ဆိုရင်တော့ စစ်ရေးအရ ပါဝင်ကူညီကောင်း
ကူညီသွားမယ်လို့လည်း ပြောဆိုခဲ့တာပါ။
ပင်လုံလို ညီလာခံခေါ်ယူဖို့ တိုင်းရင်းသားတွေ တိုက်တွန်း
တိုင်းရင်းသား လူမျိုးများ ညီလာခံကို ထိုင်းနိုင်ငံ၊
ချင်းမိုင်မြို့မှာ ကျင်းပနေစဉ်။
|
မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေး ရရှိဖို့အ တွက် ပင်လုံလို ညီလာခံကြီးတရပ်
ကျင်းပပြီး ဆွေးနွေးအဖြေရှာမယ် ဆိုရင် ညီလာခံ ဖြစ်မြောက်ရေး အတွက်
ညှိနှိုင်းစဉ်ကာလတည်းက တိုင်းရင်းသား လူမျိုးစုတွေ ပါဝင်ခွင့်ရဖို့
လိုအပ်ကြောင်း တိုင်းရင်းသားလူမျိုးများ ညီလာခံအပြီးမှာ ထုတ်ပြန်
လိုက်ပါတယ်။ တနင်္ဂနွေနေ့ ညနေပိုင်းက ပြီးဆုံးသွားတဲ့
တိုင်းရင်းသားလူမျိုးများ ညီလာခံက နိုင်ငံရေးဆိုင်ရာ လုပ်ငန်းစဉ် ၆
ချက်ကိုလည်း ထုတ်ပြန်ခဲ့ပါတယ်။ ဒါဟာ နိုင်ငံတော်သမ္မတ က ထုတ်ပြန်ခဲ့တဲ့
ငြိမ်းချမ်းရေး ဆွေးနွေးရေး လုပ်ငန်းစဉ် ၈ ချက်မှာ သဘောမတူညီတဲ့ အချက်တွေ
ပါဝင်တာကြောင့်လို့ ဆိုပါတယ်။ ဒီသတင်းအပြည့် အစုံကိုတော့ ထိုင်းအခြေစိုက်
သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။
လက်ပန်းတောင်း ကြေးနီစီမံကိန်းနဲ့ လယ်သမားအရေး
မုံရွာ လက်ပန်းတောင် ကြေးနီစီမံကိန်းကို ဒေသခံ လယ်သမားတွေ
ကန့်ကွက်ဆန္ဒပြကြတဲ့ သတင်းဟာ ဒီသတင်း ပတ် မြန်မာသတင်းတွေမှာ အတော်လေး
လွှမ်းမိုးနေရာ ယူခဲ့ပါတယ်။ ကြေးနီစီမံကိန်းကြောင့် လယ်ယာမြေ ဧက ၇ထောင်ကျော်
သိမ်းယူခံရတယ်ဆိုပြီး လယ်သမားတွေဖက်က သူတို့လယ်မြေတွေ ပြန်လည်ရရှိရေးအတွက်
ဆန္ဒပြခဲ့ကြတာပါ။ ဒါ့အပြင် ဒီ စီမံကိန်းကြောင့် ဒေသပတ်ဝန်း ကျင်ကိုလည်း
ထိခိုက်မှုရှိနေတာကြောင့် ဒီစီမံကိန်းကို ရပ်ပစ်ဖို့ လယ်သမားတွေဖက်က
လိုလားနေကြတာပါ။
ကုလညီလာခံ မြန်မာကိုယ်စားလှယ် အဖွဲ့ဝင်အဖြစ် ခွန်ထွန်းဦးကိုလျာထား
| ရှမ်းတိုင်းရင်းသား နိုင်ငံရေးခေါင်းဆောင် ဦးခွန်ထွန်းဦး အကျဉ်းထောင်မှ ပြန်လည် လွတ်မြောက်လာစဉ်က |
အခုလာမယ့် ကုလသမဂ္ဂ အထွေထွေညီလာခံ တက်ရောက်ဖို့ အတွက် သမ္မတ ဦးသိန်းစိန်
ဦးဆောင်တဲ့ မြန်မာ ကိုယ်စားလှယ် အဖွဲ့ထဲမှာ ရှမ်းတိုင်း ရင်းသား
နိုင်ငံရေးခေါင်းဆောင် တဦးဖြစ်တဲ့ ဦးခွန်ထွန်းဦး ပါဝင်မယ်လို့ သတင်းတွေ
ထွက်ပေါ်နေပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ အမေရိကန် အခြေစိုက် NED ဒီမိုကရေစီ
ရန်ပုံငွေအဖွဲ့ရဲ့ ဒီမိုကရေစီ ဆုကို လက်ခံရယူဖို့၊ ၀ါရှင်တန် ဒီစီကို
ရောက်ရှိနေတဲ့ ဦးခွန်ထွန်းဦးကို ကိုသားညွှန့်ဦးက ဆက်သွယ် မေးမြန်းတဲ့အခါ
ဦးခွန်ထွန်းဦးက အခုလို စပြီး ပြောခဲ့ပါတယ်။
ဆူဒန်နဲ့ တူနီးရှားနိုင်ငံက အမေရိကန်သံတမန်တချို့ ဌာနေပြန်ခေါ်
| အမေရိကန်အလံတွေကို မီးရှို့ပြီး ဆန္ဒပြနေကြတဲ့
ကင်ညာ မူစလင်အဖွဲ့တခု။
|
ဆူဒန်နဲ့ တူနီးရှားမှာရှိတဲ့ အမေရိကန်သံရုံးတွေက သံရုံးဝန်ထမ်း
မိသားစုတွေနဲ့ သံရုံးမှာ မရှိမဖြစ်သူကလွဲလို့ ၀န်ထမ်းအားလုံး
အဲဒီနိုင်ငံတွေကနေ ပြန်လည်ထွက်ခွာဖို့ အမေရိကန်ပြ ည်ထောင်စုက
ညွှန်ကြားထားပါတယ်။ အဲဒီနှစ်နိုင်ငံစလုံးမှာ အမေရိကန်ဆန့်ကျင်ရေး
အကြမ်း ဖက်မှုတွေ အရှိန်မြင့်လာ တာကြောင့် အမေရိကန်နိုင်ငံ သားတွေ အနေနဲ့
ခရီးသွား လာရာမှာ သတိထားဖို့ အမေရိကန် နိုင်ငံခြားရေးဌာန က နိုင်ငံသားတွေကို
သတိပေးထားပါတယ်။
တရုတ်ပြည်မှာ ဂျပန်ဆန့်ကျင်းရေး ဆန္ဒပြ
| တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့ ဂျပန် သံရုံးအနီး ဆန္ဒပြနေကြတဲ့ တရုတ်နိုင်ငံသားများ။ |
တရုတ်နိုင်ငံထဲမှာ ဂျပန်ဆန့်ကျင်ရေး ဆန္ဒပြမှုတွေ ဒုတိယနေ့အဖြစ် ဒီကနေ့
တနင်္ဂနွေနေ့မှာ ဆက်ဖြစ်နေတာကြောင့် တရုတ်နိုင်ငံထဲမှာရှိတဲ့
ဂျပန်နိုင်ငံသားတွေနဲ့ သူတို့ စီးပွားရေးလုပ်ငန်းတွေကို အကာအကွယ်ပေးဖို့
ဂျပန် ၀န်ကြီးချုပ် Yoshihiko Noda က တရုတ်နိုင်ငံကို တောင်းဆိုထားပါတယ်။
Sunday, September 16, 2012
New iphone 5 review
The awaiting is over! The new gadget
from Apple hit the stores, unveiling the best-kept secret of the summer.
Here are the characteristics of the new phone:The new iPhone 5 is just 4 inches thin (which is about 7.6 mm). The
specialists from Apple created a new nano-SIM card which is almost 50%
smaller than a regular micro-SIM. There is another surprise with the
creation of the chip, required for the transformation from LTE into a
world phone. Usually, it takes two chips for such phones- one for voice
and other- for data. The iPhone engineers revolutionized the process, as
the new gadget needs only one chip. The new Lightning connector of the
iPhone 5 is almost 80% smaller than the regular 30-pin connector. The
camera of the phone is much smaller than the previous models- near 20%.
It has new functions, like panorama and dynamic low-light mode. The new
A6 chip is smaller than the previous A5 version and much faster. The
chip is almost 22% smaller than the one used in the previous gadgets and
near two times faster than A5. Thus, iPhone 5 is thinner (near 18%) and
lighter than iPhone 4S (20%).
The new display of the iPhone 5 is also
innovative for the iFans. The screen is larger than the display of
ဒေါ်အောင်ဆန်းစုကြည် ညနေ ၇ နာရီ ၅၀ မိနစ်တွင်ရန်ကုန်မြို့မှ စတင်ထွက်ခွာမည်ြ
ဒေါ်အောင်ဆန်းစုကြည်သည် စက်တင်ဘာ ၁၆ ညနေ ၇
နာရီ ၅၀ မိနစ်တွင် ထိုင်းအဲဝေးလေကြောင်းလိုင်း TG 306 လေယာဉ်ဖြင့်
အမေရိကန်ခရီးစဉ်အတွက် ရန်ကုန်မြို့မှ စတင်ထွက်ခွာမည်ဖြစ်သည်။
ထိုင်းအဲဝေးလေကြောင်းလိုင်းတွ င် Business Class တန်းမှ စီးနင်းလိုက်ပါမည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
From -7DayNewsJournal
ဒေါက်တာအေးချမ်း ရောက်ချိန် နိုင်ငံတော်က သမိုင်းညီလာခံ ပြုလုပ်ပေးသင့်
ဒေါက်တာအေးချမ်း ရောက်နေချိန်မှာ နိုင်ငံတော်က သမိုင်းညီလာခံတခုကိုပြုလုပ်ပေးသင့်တယ်။တနေ့ က ဒေါက်တာအေးချမ်းနဲ့ 
စကားပြောဖြစ်ပါတယ် ။ရခိုင်ပြည်လုံးဆိုင်ရာညီလာခံကို သွားမှာမို
Apple ရဲ့ CEO Steve Jobs နှင့် Microsoft အကြီးအကဲ ဖြစ်သူ Bill Gates တို့ရဲ့ဟာသ video
လွန်ခဲ့သော
ရက်ပိုင်းမှာ ရှေ့ဆင့်နောက်ဆင့်ဆိုသလို ကမ္ဘာကျော်နည်းပညာ
ကမ္ဘာနှစ်ခုဖြစ်တဲ့ Samsung နဲ့ Apple တို့ရဲ့ နာမည်ကျော် Mobile ဖုန်း
တွေကို အပြိုင်အဆိုင် ကြေညာသွားခဲ့ပါတယ်။
အခုရက်ပိုင်းမှာတော့ မြန်မာနိုင်ငံအပါအ၀င် ကမ္ဘာတစ်ဝန်းလုံး၏ Facebook
နှင့် Internet တွေမှာ Apple ရဲ့ iPhone 5 နဲ့ Samsung ရဲ့ Galaxy Series
ဖုန်းတွေ အကြောင်းကို ယှဉ်ပြိုင်ငြင်းခုံနေကြတာတွေ့ရမှာပါ။
တူနီးရှားက အမေရိကန် စာသင်းကြောင်း မိရှိ့ ဖျက်ဆီးခံရ(ဓာတ်ပုံ)
![]() |
| တူနီးရှားနိုင်ငံက အမေရိကန် စာသင်ကျောင်းကိုလည်း အလွတ်မပေး၊ မီးရှို့ဖျက်ဆီးရပုံ |
ဘာသာရေး သင့်မြတ်ဖို့ ပုပ်ရဟန်း မင်းကြီး တိုက်တွန်း

ပုပ်ရဟန်းမင်းကြီး ဘန်းနဲနစ် (Pope Benedict)။
ပြဿနာတွေ
ကြုံနေရတဲ့ အရှေ့အလယ်ပိုင်း ဒေသမှာ ငြိမ်းချမ်းရေးနဲ့ ဘာသာရေး
လွတ်လပ်ခွင့်အတွက် လက်ဘနွန် နိုင်ငံဟာ စံနမူနာ တခုအဖြစ် ပြသဖို့
ပုပ်ရဟန်းမင်းကြီး
ဘန်းနဲဒစ် (Benedict) က တိုက်တွန်းလိုက်ပါတယ်။ ရိုမန်ကက်သလစ်
ခရစ်ယာန်ဂိုဏ်းရဲ့ အကြီးအကဲ ပုပ်ရဟန်းမင်းကြီး စနေနေ့က ကြွလာတဲ့ Beirut
မြို့မှာတော့ လူတွေက သောင်းသောင်းဖြဖြ ကြိုဆိုခဲ့ကြပြီး သမ္မတ နန်းတော်မှာ
လက်ဘနွန် အစိုးရ တာဝန်ရှိသူတွေ ဘာသာရေး ခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့တာပါ။
ပုပ်ရဟန်းမင်းကြီး
ဘန်းနဲဒစ် (Benedict) က တိုက်တွန်းလိုက်ပါတယ်။ ရိုမန်ကက်သလစ်
ခရစ်ယာန်ဂိုဏ်းရဲ့ အကြီးအကဲ ပုပ်ရဟန်းမင်းကြီး စနေနေ့က ကြွလာတဲ့ Beirut
မြို့မှာတော့ လူတွေက သောင်းသောင်းဖြဖြ ကြိုဆိုခဲ့ကြပြီး သမ္မတ နန်းတော်မှာ
လက်ဘနွန် အစိုးရ တာဝန်ရှိသူတွေ ဘာသာရေး ခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့တာပါ။နှစ်ဖက်စလုံးကို ထောက်ပံ့ မည်ဟု OIC ပြော
ရခိုင်ပြည်နယ်
စစ်တွေမြို့တွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခများကြောင့် – ပြီးခဲ့သည့်
ဇွန်လအတွင်းက ဘုန်းကြီးကျောင်းတခုတွင် ခိုလှုံနေသူများကို တွေ့ရစဉ် (ဓာတ်ပုံ
– Reuters)
တည်ဆောက်ရေးများအတွက် နှစ်ဖက်စလုံးကို ကူညီထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း
အစ္စလမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) မှ ကိုယ်စားလှယ် Mr. Ufuk
Gokcen က ပြောသည်။မိုဟာမက်ဗီဒီယိုက လစ်ကိုဖျက် ချပေးရန် အိမ်ဖြူတော် ၏ တောင်းဆို ချက်ကို Google ပယ်ချ

အရှေ့အလယ်ပိုင်းဒေသတွင် အမေရိကန်ဆန့်ကျင်ရေးဆန္ဒပြပွဲများ ဖြစ်ပေါ်စေသည့် အငြင်းပွားဖွယ် YouTube
ဗီဒီယိုကလစ် အင်တာနက်တွင် ဆက်လက်ထားရှိမည်ဟူသော
ဆုံးဖြတ်ချက်ကို ပြန်လည်စဉ်းစားပေးရန် အိမ်ဖြူတော်၏ တောင်းဆိုချက်ကို Google က သောကြာနေ့တွင် ပယ်ချလိုက်သည်။အာဆီယံ အမျိုးသမီး ချန်ပီယံရှစ်ပြိုင်ပွဲတွင် မြန်မာက ဖိလစ်ပိုင်ကို ဂိုးပြတ်နိုင်

ရန်ကုန် (မဇ္ဈိမ) ။ ။ ဗီယက်နမ်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေသည့် အာဆီယံအမျိုးသမီး ချန်ပီယံရှစ် (AFF Women’s Championship
2012) ဘောလုံးပြိုင်ပွဲ၏ အဖွင့်ပွဲစဉ်တွင် မြန်မာအမျိုးသမီးအသင်းက ဖိလစ်ပိုင် အသင်းအား (၃-ဝ)ဂိုးဖြင့် ဂိုးပြတ်အနိုင်ယူနိုင်ခဲ့သည်။အိန္ဒိယစီးပွားရေး ဆုံးဖြတ်ချက်တွေ အပေါ် ဝန်ကြီးချုပ်ကာကွယ်

အိန္ဒိယ၀န်ကြီးချုပ် မန်မိုဟန်ဆင်း။ (နိုဝင်ဘာလ ၂၅၊ ၂၀၁၁)။
အိန္ဒိယနိုင်ငံမှာ
ဘဏ္ဍာရေးလိုငွေပြမှုကို လျှော့ချနိုင်ဖို့နဲ့ နိုင်ငံခြား
ရင်းနှီးမြှုပ်နှံမှုတွေကို စွဲဆောင်နိုင်ဖို့ ရည်ရွယ်ပြုလုပ်တဲ့ စီးပွားရေး
ပြုပြင်ပြောင်းလဲရေး
မူအပေါ်
ဝေဖန်နေတာကို ဝန်ကြီးချုပ် မန်မိုဟန်ဆင်း
မူအပေါ်
ဝေဖန်နေတာကို ဝန်ကြီးချုပ် မန်မိုဟန်ဆင်း ဒေါ်အောင်ဆန်းစုကြည် အမေရိ ကန်ခရီးစဉ်

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပဲခူးမြို့က ထောက်ခံသူများကို မိန့်ခွန်းပြောကြားခဲ့စဉ်။ (သြဂုတ်လ ၁၄၊ ၂၀၁၁)။
Subscribe to:
Posts (Atom)








