Sunday, September 23, 2012

ခိုးဝင်သည့် ဘင်္ဂလားဒေရှ် များအား အိန္ဒိယတွင် ထောင်ဒဏ်နှင့်ငွေဒဏ်ချမှတ်


အာင်ပန် ၊ ၊အိန္ဒိယနိုင်ငံ အရှေ့မြောက်ဖက် ရှိပြည်နယ်တခုဖြစ်သော (မြန်မာပြည်စစ်ကို င်းတိုင်းနှင့်ကပ်လျက်) မဏိပူရပြည်နယ် အတွင်း သို့ ခိုးဝင်လာသောဘင်္ဂလားဒေ့ရှ်နိုင်ငံသား (၂၂)ဦးအား အင်ဖာမြို့အရှေ့ပိုင်း တရားရုံးမှ တရားသူကြီး JudicialMagistrateက ထောင်ဒါဏ်(၂)နှ စ်နှင့် ငွေဒါဏ်ရူပီးငွေတသောင်းပေးဆောင်ရန် ပြီးခဲ့သည်ကြာသ ပတေးနေ့က ပြစ်ဒါဏ်ချမှတ်ခဲ့သည်။

ရိုဟင်ဂျာတိုင်းရင်းသား ဟုတ်မဟုတ်ကို တရားဥပဒေအရ လွှတ်တော်က ဆုံးဖြတ်မည်


နိုင်ငံတော်က ရိုဟင်ဂျာတိုင်းရင်းသားဆိုသည်မှာ မရှိကြောင်း တရား ၀င်ပြောကြားထားသောကြောင့် ရိုဟင်ဂျာဟုခေါ်ဝေါ် သုံးနှုန်းရန်ဆွေးနွေး ချက်ကို ငြင်းဆန်ကြောင်း ရခိုင်တိုင်းရင်းသားတိုးတက်ရေးပါတီမှ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဒေါ်အေးနုစိန်က ယနေ့ကျင်းပသည့် 
ရခိုင်ပြည်နယ် ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်ရင်ကြားစေ့ရေး  အလုပ်ရုံဆွေးနွေးပွဲဒုတိယနေ့ ဆွေးနွေးပွဲတွင် ဆွေးနွေးခဲ့ကြောင်းသိရသည်။

သင်္ဘောသား ၁၃ ဦး သတ်ဖြတ်မှု နော်ခမ်းတို့ ၀န်ခံပြီ

မဲခေါင်မြစ်အတွင်း တရုတ်သင်္ဘောသားများ သေဆုံးမှုအတွက် သံသယဖြစ်ခံရသူ ရွှေတြိဂံဒေသ ဂိုဏ်းခေါင်းဆောင် နော်ခမ်း နှင့် တခြား ၅ ယောက်များက ၎င်းတို့တွင် အပြစ်ရှိကြောင်း သောကြာနေ့က တရုတ်နိုင်ငံ တရားရုံးတွင် ထွက်ဆိုလျှောက်လဲလိုက်ကြသည်ဟု တရုတ်သတင်းဌာနတို့က ရေးသားကြသည်။

၆၅ နှစ်မြောက် ပြည်ထောင်စုနေ့ ကျင်းပနေသည့်
 NLD အဖွဲ့ဝင်များ
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီက ညီလာခံခေါ် ယူရေး ပြင်ဆင်လျက်ရှိရာ အောက်ခြေအဆင့်ဆင့်တွင် အငြင်းပွားမှု များ ဖြစ်ပွားနေပြီး ညှိနှိုင်းဆောင်ရွက်နိုင်ခြင်း မရှိဘဲ တင်းမာနေသူများကို ချန်ခဲ့တော့မည်ဖြစ်ကြောင်း သိရသည်။
ပြည်နယ်နှင့်တိုင်း အများစုတွင် NLD ညီလာခံ ခေါ်ယူနိုင်ရေးအတွက် ရပ်/ကျေး၊ မြို့နယ်၊ ခရိုင်နှင့် တိုင်းအဆင့်ဆင့် လူရွေးချယ်မှု ပြုလုပ်ရာ၌ လူသစ်များ အချင်းချင်း၊ လူဟောင်းများအချင်းချင်း၊ လူသစ်နှင့် လူဟောင်း အကြား၊ လူကြီးနှင့် လူငယ်များအကြား အငြင်းပွားမှုများ ဖြစ်ပွားနေသည်။

မြောက်ဦးမြို့တွင် အိမ်ခြံဈေး နှစ်ဆမြင့်တက်

မြောက်ဦးမြို့ဝင် တနေရာ
ရခိုင်ပြည်နယ် မြောက်ဦးမြို့တွင် ပြီးခဲ့သည့်လနှင့် ယခုလအတွင်း အိမ်ခြံမြေ ဝယ်ယူသူ များပြားလာမှုကြောင့် ဈေး တက်လာနေသည့် ဟု ဒေသခံများထံမှ သိရသည်။
မြန်မာအစိုးရက မြောက်ဦးမြို့ကို ရှေ့ဟောင်း သမိုင်းဝင်မြို့အဖြစ် သတ်မှတ် လိုက်ပြီး နောက်ပိုင်း ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းရှင်များ က ဈေးပေးဝယ်လာသောကြောင့် အိမ်ခြံမြေဈေးမှာ နှစ်ဆခန့် မြင့်တက် လာနေကြောင်း မြောက်ဦးမြို့ခံ ဦးသူရက ပြောသည်။

"နိုင်ငံတော်သမ္မတဦးသိန်းစိန် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နန်နင်းမြို့၌ ကျင်းပသည့် (၉) ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲသို့ တက်ရောက်ခဲ့ပြီး နေပြည်တော်သို့ ပြန်လည်ရောက်ရှိ"

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နန်နင်းမြို့တွင် ကျင်းပသည့် (၉) ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲသို့ တက်ရောက်ခဲ့ပြီး ယနေ့နံနက် (၁၁) နာရီမိနစ် (၄၀) တွင် နန်နင်းမြို့မှ အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်း အထူးလေ ယာဉ်ဖြင့် နေပြည်ေ တာ် သို့ ပြန်လည်ရောက်ရှိကြသည်။

ဂျပန်မှာ တရုတ်ဆန့်ကျင်ရေး ဆန္ဒပြ


အမျိုးသားရေး ဝါဒီ အဖွဲ့ တခု ကနေ ဒီ ဆန္ဒပြပွဲကို စည်းရုံး လုပ်ဆောင် ခဲ့တာ  ဖြစ်ပါတယ်။အရှေ့တရုတ် ပင်လယ်က  ကျွန်းစု အငြင်းပွားမှု ကိစ္စ အရှိန်  မြင့်လာနေချိန်၊ဂျပန် နိုင်ငံ တိုကျို မြို့တော်မှာ လူပေါင်း ရာနဲ့ချီပြီး တရုတ် ဆန့်ကျင်ရေး ကြွေးကြော် ဆန္ဒပြခဲ့ကြ ပါတယ်။

 တောင်ငူမြို့တွင် ရထားလမ်းဖြတ်ကူးသော မှန်လုံယာဉ်နှင့် အမှတ် ၅ အဆန်အမြန်ရထား တိုက်မှုဖြစ်ပွား


တောင်ငူမြို့ စက်တင်ဘာ ၂၂ ရက်နေ့ ည  ၁၀ နာရီအချိန်ခန့်တွင် ရန်ကုန်မှ ညနေ ၃ နာရီတွင် စတင်ထွက်ခွာသောအမှတ် ၅ အဆန် အမြန်ရထားနှင့် လွိုင်ကော်မှ  ရန်ကုန်သို့ ထွက်ခွာလာသော ခရီးသည်တင် မှန်လုံအမြန်ယာဉ်တို့ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

အဓိဂရုဏ်းကြောင့် ဘင်္ဂလာဒေခ်ျ့ စစ်တကောင်း ရမ်ဂါမတီတွင် အရေးပေါ် ပုဒ်မ ၁၄၄ ထုတ်


ဘင်္ဂလာဒေခ်ျ့ နိုင်ငံ စစ်တကောင်းတောင်တန်းနယ် သက်လူ မျိုးများ နေထိုင်ရာ ရမ်ဂါမတီခရိုင်တွင် သက်ကျောင်းသားများနှင့် ပြောင်းရွှေ့ အခြေချ နေထိုင်သူ ဘင်္ဂလီ လူမျိုးများအကြား အပြန်အလှန် တိုက်ခိုက် မူများ ပေါ်ပေါက်ပြီးနောက် ယခုအခါ  ပုဒ်မ ၁၄၄ ထုတ်ပြန်လိုက်ပြီဟု The Dailystar သတင်းအရ သိရသည်။

တက္ကသိုလ်ဝင်စာမေးပွဲဝင်ခွင့် လျှောက်လွှာကြေး အပိုကောက်ခံ


ဘုရားသုံးဆူမြို့အထက ပညာရည်ချွန် ဆုပေးပွဲအခမ်းအနား
ထိုင်း-မြန်မာနယ်စပ်၊ ဘုရားသုံးဆူမြို့ရှိ အစိုးရအထက် တန်းကျောင်းတွင် ၂၀၁၃ ခုနှစ်  တက္ကသိုလ်ဝင်တန်း စာမေးပွဲဝင် ခွင့်လျှောက် လွှာ အပိုငွေများကောက်ခံခဲ့ကြောင်း ကျောင်း သားမိဘများ ထံမှ သိရသည်။

နယူးယောက်မြို့ ရောက်မြန်မာတွေနဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံ


မြန်မာ့ဒီမိုကရေစီခေါင်းဆောင်  ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ရဲ့ ၁၇  ရက်ကြာ အမေရိကန် ပြည်ထောင်စု  ခရီးစဉ်ရဲ့ ဒုတိယ ခရီးတထောက်  အဖြစ် နယူးယောက်မြို့ကို ရောက်နေစဉ်မှာ စက်တင်ဘာလ ၂၁ ရက်နေ့ကတော့ နယူးယောက်နဲ့ ရပ်ဝေး ရပ်နီးက မြန်မာနိုင်ငံဖွား တိုင်းရင်းသားတွေနဲ့ Queens College မှာ  တွေ့ဆုံခဲ့ပါတယ်။

ကျူးကျော်နေအိမ် အဓမ္မဖျက်သိမ်းမှု တစ်ပတ်ဆိုင်းငံ့


မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် အတွင်းကဇီးအုတ်နဲ့ ကံကြီး ကုန်းကျေးရွာတွေမှာ လွန်ခဲ့တဲ့ (၂) ရက်ကစလို့ ကျူးကျော်နေအိမ်တွေ အဓမ္မ ဖျက်သိမ်းမှုကို ဒီကနေ့ တစ်ပတ်ဆိုင်းငံ့ လိုက်တယ်လို့ သိရပါတယ်။

ပျဉ်းမနားမြို့ဦးကျေးရွာနေအိမ်များ ဖျက်သိမ်းခံရ

နေပြည်တော်၊ ပျဉ်းမနားမြို့ဦးကျေးရွာ အရှေ့ပိုင်းမှာရှိတဲ့ အိမ်ကြီးအိမ်ကောင်း ၁၀၀ နီးပါးလောက်ကို မြို့နယ် မြေစာရင်း ဦးစီးဌာနက လယ်ယာမြေပေါ် ကျူးကျော်ဆောက်ထားတဲ့ အိမ်တွေဆိုပြီး ပုဒ်မ ၄၈(က)နဲ့ တရားစွဲ၊ ဖိအားပေး ဖျက်ခိုင်းနေတဲ့ အတွက် အခုရက်ပိုင်း အတွင်း နေ့စဉ်ရက်ဆက် ဆိုသလို နေအိမ်တွေကို ဖျက်ပေးနေရတယ်လို့
 RFA က စုံစမ်းသိရပါတယ်။

အိုးပျဉ်တောင်ကျေးရွာတွင် ဘင်္ဂလီများ၏ ရန်ကို စိုးရိမ်း၍ လုံခြုံရေး ချထား


မင်းပြားမြို့နယ်၊ ပန်းမြောင်းအုပ်စု၊ အိုးပျဉ်တောင်ကျေးရွာတွင် လက်မ ချေကျေးရွာမှဘင်္ဂလီများ၏ရန်ကို  စိုးရိမ်သဖြင့် အမှတ်(၅၄၀)တပ်ရင်း မှ လုံခြုံရေးတပ်သား(၇)ဦးခန့် ချ ထားကြောင်း သတင်း ရရှိသည်။

ကျူးကျော်သူများဝိုင်းဝန်းဆန္ဒပြကြသဖြင် မန်းမြို့တော်ဝန် ပိတ်မိနေခဲ့


မန္တလေးပုသိမ်ကြီးမြို့နယ် မကွေးကျောင်း တိုက်တွင်ကျူးကျော်သူများ အား ယနေ့ နေ့လည်က သွားရောက်တွေ့ဆုံဆွေးနွေး ခဲ့သည့် မန်းမြို့တော်ဝန်ကိုကျူးကျော် တစ်ထောင်ခန့်က ၀န်းရံဆန္ဒပြကြသဖြင့် အဆိုပါကျောင်းတိုက်တွင် ၁နာရီခွဲကြာပိတ်မိနေခဲ့သည်။

မြိတ်တွင် ၈၈ အဖွဲ့ အတုပေါ်


ကျာက်မီးသွေး စက်ရုံနှင့် ပတ်သက်၍  မြိတ်မြို့တွင် ၈၈ မျိုးဆက်ကျောင်းသား များဟုဆိုကာ အဖွဲ့တု တစ်ခုပေါ်ပေါက် နေကြောင်း မြိတ်မြို့အခြေစိုက် ၈၈ မျိုး ဆက်ကျောင်းသားများအဖွဲ့က ယနေ့ သတင်းထုတ်ပြန် လိုက်သည်။

ကျောက်မီးသွေး စက်ရုံဆောက်လုပ်မည့် ကိစ္စနှင့် ပတ်သက်၍ ဒေသခံ များက  စိုးရိမ်နေချိန်တွင် ယင်းအဖွဲ့သည် ကျောက်မီးသွေး စက်ရုံ၏ ကောင်းကျိုးများ ကိုသာ  လူထုကို ပြောဆို စည်းရုံးနေကြောင်း အထက်ပါ အဖွဲ့မှ ၈၈ မျိုးဆက်ကျောင်း သား  ဦးအောင်နိုင်ဦးက ရှင်းပြသည်။

Saturday, September 22, 2012

ဒေါသထွက်နေသော တရုတ်လူအုပ်က အမေရိကန် သံအမတ်ကို ၀ိုင်းတိုက်ခိုက်


တရုတ်က ပိုင်ဆိုင်သည်ဟု ကန့်ကွက်လျက် ရှိသောကျွန်းကို ဂျပန်ကလည်း ပိုင်ဆိုင်ကြောင်း ပြသနေမှု အတွက် ဂျပန်ဘက်မှ ဘက်လိုက်သည်ဟု အမေရိကန်ကို ဒေါသ ထွက်နေသောလူအုပ်ကြီးက အမေရိကန် သံအမတ်ကြီး စီးနင်း လိုက်ပါလာသော ကားကို ဝိုင်းဝန်း တိုက်ခိုက် ခဲ့ကြကြောင်း Telegraph သတင်းတစ်ရပ်က ဖော်ပြထားသည်။
လူအင်အား ၅၀ ခန့်ရှိသော လူအုပ်သည် သံအမတ်ကြီး ကားကို ဝိုင်းဝန်း တိုက်ခိုက် ခဲ့သော်လည်း လုံခြုံ ရေး အစောင့်များက ကာကွယ်နိုင်သဖြင့် သံအမတ်ကြီး ဂယ်ရီလော့ကီ လွတ်မြောက် သွားခဲ့ပြီး ကားတွင် အနည်းငယ်ထိခိုက် မှု ရှိခဲ့သည်။ တရုတ်နိုင်ငံ အမေရိကန် သံရုံးက ကြေညာချက် တစ်စောင်ကို အဆိုပါ ကိစ္စရပ်နှင့် ပတ်သက်၍ ထုတ် ပြန်ခဲ့သည်။
“သံရုံး အရာရှိများ အနေနှင့် စိုးရိမ် မှုများကို တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဌာနကို တင်ပြထားကြောင်း၊ အမေ ရိကန် ပိုင်ဆိုင်မှုများနှင့် နိုင်ငံသားများကို ကာကွယ် ပေးပါရန် တိုက်တွန်းကြောင်း” ကြေညာချက်တွင် ဖော်ပြထားသည်။
အမေရိကန် သံရုံး အနီးရှိ ဂျပန် သံရုံးကို တရုတ် လူအုပ်ကြီးက ဆန္ဒပြ နေစဉ် အမေရိကန် သံအမတ်ကြီးကားကို ဆန္ဒပြသူများ၏ ဒေါသက မြားဦး လှည့်သွားခြင်း ဖြစ်သည်။
အငြင်းပွားနေသောကျွန်းကို ဂျပန်က ဝယ်မည့် အစီအစဉ်အတွက် နောက်တက်မည့် တရုတ်ခေါင်းဆောင် ဟု တစ်ပြေးနေသူ ဒုတိယသမ္မတ ရှီချီပင်းကလည်း ရှုတ်ချ စကား ပြောဆို လိုက်ပြီး “ဂျပန်အနေနဲ့ တရုတ်ရဲ့ အချုပ် အခြာကို ထိပါးမယ့် အပြောအဆို၊ အမူ အရာတို့ကို ထိန်းချုပ် သင့်ပါတယ်” ဟု ဝေဖန် လိုက်သည်။
တရုတ် ပညာရှင်များက ကျွန်းအရေးတွင် ဂျပန်ဘက်၌ အမေရိကန်ရှိ နေကြောင်း သုံးသပ်ပြောဆိုကြကာ အမျိုးသားရေး စိတ်ဓာတ် အားကောင်း နေသည်နှင့် အမျှ အမေရိကန် မုန်းတီးရေး စိတ်ဓာတ်သည်လည်း ရေချိန်မြင့်လာ သည်။ တရုတ် အတိုက်အခံ အနုပညာရှင် ‘အိုင်ဝေဝေ’ ကပင်လျှင် ၎င်းင်း၏ Twitter ၌ ]အမေရိကန် နယ်ချဲ့ဝါဒ ကျဆုံးပါစေ၊ ငါတို့အကြွေးတွေပြန်ပေး’ ဟု ရေးသား ဖော်ပြထားသည်။
အမေရိကန် သံရုံးများသည် အာရပ် ကမ္ဘာတွင်လည်း အစ္စလာမ်ဘာသာကို စော်ကားသည့် ရုပ်ရှင်ကားကြောင့် အန္တရာယ် ကြုံနေရလျက် ရှိသည်။
From ;

Friday, September 21, 2012

ပြည်သူ့ရင်ပြင်ဆန္ဒဖော်ထုတ်ပွဲ

ရဲတပ်ဖွဲ့ဝင်များ ဖြောင်းဖျတားဆီးနေသည့်ကြားကပင်လျှင် ဆန္ဒဖော်ထုတ်သူအဖွဲ့သားအချို့သည် ပြည်သူ့ရင်ပြင်အတွင်း သို့ ရောက်ရှိခဲ့ကြပြီး ဆန္ဒဖော်ထုတ်မှုကိုပြုလုပ်ခဲ့ကြသည်။ 

ပြည်သူ့ရင်ပြင်ရှေ့သို့ဆက်လက်ထွက်ခွာကြစဉ်

ငြိမ်းချမ်းရေးဆုတောင်းကြသူများ ဒဂုံစင်တာရှေ့မှ ပြည်သူ့ရင်ပြင်ဆီသို့ဆက်လက်ထွက်ခွာလာကြစဉ်
 

ဒဂုံစင်တာရှေ့ဆုတောင်းကြစဉ်

စက်တင်ဘာ(၂၁)ရက်နေ့ နံနက် ၅ နာရီခန့်က ရန်ကုန်မြို့ ဒဂုံစင်တာရှေ့တွင် ကချင်ငြိမ်းချမ်းရေးကွန်ရက်နှင့် လူမှုအဖွဲ့အစည်းအချို့ ပြည်တွင်းစစ်ရပ်စဲရေးအတွက် ငြိမ်းချမ်းစွာဆုဆောင်းနေကြစဉ်
 

မြို့တော်ခန်းမရှေ့တွင်ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်

ယနေ. နံနက် ၉ နာရီ ၁၅ မိနစ် ၀န်းကျင် မှစ ပြီးဆူးလေ မြို.တော်ခန်းမ ရှေ. မှစတင်ကာ အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့တွင် ပြည်တွင်း ၌ ငြိမ်းချမ်းစေချင်သူများက ငြိမ်းချမ်းရေး သီချင်းများကို လှည့်လည်သီဆိုကာ ပြည်တွင်းစစ်ပွဲများ ရပ်ဆိုင်းရေး အတွက်ကို အနုပညာဆန်စွာ ဖြင့် ဆန္ဒဖော်ထုတ်လျှက်ရှိနေကြသည်။ 

နေပြည်တော်သို့ ထွက်ခွါမယ့်ကားတွေကို အာဏာပိုင်တွေက ဖိအားပေး

( ရန်ကုန်အခြေအနေ )
 ၂၁ စက်တင်ဘာ ၂၀၁၂။ ဒီနေ့မနက် ၃ နာရီက နေပြည်တော် ကိုထွက်ဖို့စုရပ်အဖြစ်လုပ်ထားတဲ့ ရန်ကုန်မြို့၊မြေနီကုန်းမှာရှိတဲ့ ဒဂုံစင်တာ မှာ နေပြည်တော်သို့ထွက်ခွါမယ့်ကားတွေကို အာဏာပိုင်တွေ က ဖိအားပေးခဲ့တဲ့အတွက် ကားသမားတွေက သတင်းထောက်တွေအပြင် ကချင်တိုင်းရင်းသားတွေကိုထားရစ်ခဲ့ပြီး ကားတွေကို နောက်ကြောင်းပြန်မောင်းသွားခဲ့ကြအပြီးမှာ စမ်းချောင်းမြို့
နယ်ရဲတပ်ဖွဲ့က တာဝန်ရှိသူတွေနဲ့ နေပြည်တော်ကိုသွားကြမယ့် ကချင်တိုင်းရင်းသားတွေကြား စကားအခြေအတင်ပြောဆိုမှုတွေ ဖြစ်ခဲ့ပါတယ်။

စိုက်ပျိုးစရိတ်ချေးငွေ ဖြတ်ယူမှု တိုင်ကြားသူများပြား

ပျိုးနုတ်နေသော လယ်သမားတချို့ကို တွေ့ရစဉ်
တောင်ကုတ်နှင့် မာန်အောင်မြို့နယ်က လယ်သမားများအား စိုက်ပျိုးစရိတ် ထုတ်ချေးရာတွင် ငွေဖြတ်ယူမှုများ ရှိနေသဖြင့် မကျေနပ်သူများ၏ တိုင်ကြားမှု များပြားလာကြောင်း သတင်းရရှိသည်။
လယ်သမားများအရေး ဆောင်ရွက်ပေးနေသူ တောင်ကုတ်မြို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် မြို့နယ် ညီလာခံကျင်းပရေး ကော်မရှင်ဥက္ကဋ္ဌ ဦးစိုးချစ်မောင်က “ကျနော်တို့ တောင်ကုတ်မြို့နယ်မှာ စိုက်ပျိုးစရိတ် ချေးတဲ့အခါမှာ ငွေဖြတ်ယူတာတွေ ရှိတော့ မကျေနပ်လို့ ဒီရက်ပိုင်းအတွင်း အုပ်စု သုံးခုက လာတိုင်တာတွေ ရှိတယ်။ တိုင်တဲ့ လယ်သမားတွေကတော့ အဓိက စိုက်ပျိုးစရိတ် ချေးငွေရဖို့အတွက် ပိုက်ဆံပေးရမယ်ဆိုပြီး တောင်းယူတဲ့ အမှုတွေပါ” ဟု ဦးစိုးချစ်မောင်က ပြောသည်။

ရခိုင်မြောက်ဖျားပိုင်း တိုင်းရင်းသားကျေးရွာများ ဆန်ပြတ်လပ်

ဘူးသီးတောင်မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးသင်
 ပညာရေးကျောင်း ဖွင့်ပွဲတခုတွင် ရိုးရာ တူရိယာများနှင့်
အတူ တွေ့ရသော မြို ၊ ခမီး တိုင်းရင်းသား တချို့
ရခိုင်ပြည်နယ်နှင့် ဘင်္ဂလားဒေ့ရှ် နယ်စပ်ရှိ ဘူးသီးေ တာင်၊ မောင်တောမြို့နယ်အတွင်းမှ တိုင်းရင်းသား ကျေးရွာ ၁၀၀ ကျော် တွင် ဆန် ရှားပါးပြတ်လပ်မှုနှင့် ကြုံတွေ့နေရကြောင်း သိရသည်။

မြန်မာ အဓိကရုဏ်းပုံများ ဝဘ်ဆိုက်တင်၍ အိန္ဒိယ ကျောင်းဆရာတဦး ဖမ်းဆီးခံရ


နယူးဒေလီ (မဇ္ဈိမ) ။       ။ အိန္ဒိယ အရှေ့မြောက် ပြည်နယ်သားများအပေါ် အကြမ်းဖက် တိုက်ခိုက်မှု များ ဖြစ်ပေါ်လာစေရန် လံှု့ဆော်မှု ဖြစ်စေခဲ့သည့် “၂ဝ၁၂ မြန်မာပြည် အဓိကရုဏ်း ရင်ဖိုဖွယ် ပုံများ” Burma Riots Thrilling Pictures 2012 အား အင်တာနက် ဝဘ်ဆိုက်တခုပေါ် လုပ်ကြံဖန်တီး၍ တင်ခဲ့သည် ဟူသော စွပ်စွဲချက်ဖြင့် အိန္ဒိယနိုင်ငံ၊ မုံဘိုင်းအခြေစိုက် ကျောင်းဆရာ တဦးအား အိန္ဒိယ သတင်းဆက်သွယ်ရေးဆိုင်ရာ ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်သည်။

ငြိမ်းချမ်းရေး လမ်းလျှောက်ဆုတောင်းပွဲ ဟန့်တားကန့်သတ်ခံနေရ

ငြိမ်းချမ်းရေးနေ့အတွက် လှုပ်ရှားမှု ရန်ကုန်တွင်း ယနေ့ စက်တင်ဘာလ ၂၁ ရက်စောစောကတည်းက ကန့်သတ်မှု၊ ဖိအားပေး ခြိမ်းခြောက်မှုများ ဖြစ်နေပါတယ်။ 

ဒီကနေ့ စတင်ရောင်းမယ့် iPhone 5 ကို စွဲလန်းသူများ


 လွန်ခဲ့တဲ့ တစ်ပတ်ကတည်းက နယူးယောက်မြို့က 
စတိုးဆိုင်ရှေ့ တန်းစီစောင့်နေတဲ့  iphone
 ချစ်သူများ ၊
ကမ္ဘာတလွှားက သန်းနဲ့ချီတဲ့ Apple ချစ်သူတွေက ဒီကနေ့ စက်တင်ဘာလ ၂၁ ရက်နေ့မှာ ကမ္ဘာ တလွှား နိုင်ငံပေါင်း ၉ နိုင် ငံမှာရှိတဲ့ Apple စတိုးတွေ ကရောင်းချ မယ့် iPhone 5 ကို သူထက်ငါ အလျင် ရရေးအတွက် တန်းစီ စောင့်ဆိုင်းနေကြတာ မနေ့ ကတည်းကပါ။ 

ဗီယက်နမ်ရိုးရာ Ao' Da'i ၀တ်စုံ


              အိမ်မှာ အများက ကိုရီးယားကားများကို ကြိုက်ကြပါတယ်။ ကျွန်မကတော့ ကြိုက်တဲ့ကားဆိုရင်တော့ ကြည့်ဖြစ်ပါတယ်။ အခုတစ်လော ကျွန်မထိုင်းလိုင်းက လာနေတဲ့ Golden Bride ဆိုတဲ့ Series ကို ကြည့်ဖြစ်ပါတယ်။ မင်းသားက ကိုရီးယားဖြစ်ပြီး သူရဲ့သတို့သမီးကတော့ ဗီယက်နမ်သူကလေးပါ။

သားအမိနှစ်ဦးကို ကားဖြင့် တိုက်မိခဲ့သူအား ဖမ်းဆီးနိုင်ခြင်း မရှိသေး

ရန်ကုန်တိုင်း ဒေသကြီး မြောက်ဥက္ကလာပမြို့နယ် သုဓမ္မာလမ်း ပေါ်တွင် စက်တင်ဘာ ၉  ရက်နေ့ည ၉နာရီ ၃၀မိနစ်တွင် သားအမိနှစ်ဦးအား တိုက်မိခဲ့သော ယာဉ်မောင်းနှင့် မော်တော်ယာဉ်အားအား ၁၀ရက်ကြာသည် အထိ ဖမ်းဆီးနိုင်ခြင်း မရှိသေးကြောင်း ယင်းအမျိုးသမီး၏ ဖခင်ဖြစ်သူ ဦးစိန်ထွန်းက The Voice Weekly သို့ပြောကြားသည်။

စီးပွားရေးေ တွ ပွင့်လင်းမြင်သာဖို့  ဒေါ်စုပြော

မြန်မာနိုင်ငံမှာ နိုင်ငံရေး ပြုပြင်ပြောင်းလဲ မှုတွေ လုပ်လာချိန်မှာ နိုင်ငံတကာ
 ကုမ္ပဏီကြီးတွေက ဝင်ရောက် လုပ်ကိုင် ဖို့ ဆန္ဒရှိနေကြသ လို ဒေါ်အောင်ဆန်းစုကြည် က ဒီလို လာလုပ်ကြမယ့် လုပ်ငန်းတွေအနေနဲ့ 
 ပွင့်လင်း မြင်သာမှု ရှိဖို့ လိုတယ်လို့ ပြောပါတယ်။နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့ကြီး ဖြစ်တဲ့ Amnesty International အဖွဲ့ရဲ့ ဝါရှင်တန် ဒီစီရုံးကနေ ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ပြုတဲ့ အခန်းအနားတစ်ခုမှာ သူက ပြောကြား ခဲ့တာ ဖြစ်ပါတယ်။

ရခိုင် ပါတီ ၂ ခု ပေါင်းစည်းရေး ALD မှ RNDP ကို ကမ်းလှမ်းပြီ

ပါတီ နှစ်ခု တပါတီ အဖြစ် ပေါင်းစည်းရေး အတွက် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD)က ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) ကို ကမ်းလှမ်းလိုက်ပြီ ဖြစ်သည်။

ဘင်္ဂါလီညှဉ်းပန်းမှုကြောင့် ဟိန္ဒူများ စစ်တွေသို့ ပြောင်းရွှေ


အတူနေ ဘင်္ဂါလီမူဆလင်များ၏ ညှဉ်းပန်း ဖိအားပေးမှုကြောင့် မိမိတို့နေထိုင်ရာ ကျေးရွာမှ ထွက်ပြေးလာခဲ့ရသော ပေါက်တောမြို့နယ် အတွင်းမှ ဟိန္ဒူလူမျိုး (၂၅) ဦးတို့သည် ယနေ့ မနက်ပိုင်းတွင် စစ်တွေဈေး ဖောင်တော်ဆိပ်သို့ ရောက်ရှိရာ လံခြုံရေးတပ်ဖွဲ့ များ အပါအ၀င် တာဝန်ရှိသူများက သွားကြိုကာ စစ်တွေမြို့ မင်းဗာကြီးလမ်းပေါ်ရှိ ဟိန္ဒူဒုက္ခသည် စခန်းသို့ လိုက်လံပို့ဆောင် ပေးခဲ့ကြသည်။

မြန်မာ့ရေပိုင်နက်အတွင်း မူဆလင်လက်နက်ကိုင်အဖွဲ့ ၀င်ရောက်လာ


မြန်မာနိုင်ငံ ပင်လယ်ပြင် ရေပိုင်နက် အတွင်း မူဆလင် လက်နက်ကိုင်အဖွဲ့
စက်လှေတစီးနဲ့ ၀င်ရောက်လာတဲ့အတွက်  ဧရာဝတီတိုင်း ဖျာပုံခရိုင်အတွင်းက ပင်လယ်နဲ့နီးတဲ့ ကျေးရွာတွေမှာ ဒီကနေ့ကစလို့ လုံခြုံရေးအဖွဲ့တွေ အရေးပေါ်  ဖွဲ့စည်း တာဝန်ပေးအပ်နေတယ်လို့ RFA က စုံစမ်းသိရပါတယ်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဒေသခံများ ထပ်မံဆန္ဒပြ


စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ လက်ပံတောင်းတောင်  ကြေးနီ စီမံကိန်းလုပ်ငန်း ဆက်လက် လုပ်ဆောင်နေတဲ့ နေရာကို ကျေးရွာ (၁၀) ရွာက ဒေသခံ ၁,၀၀၀ နီးပါးလောက် ဒီကနေ့ သွားရောက်ပြီး တားမြစ်ဆန္ဒပြခဲ့ကြပါတယ်။