Tuesday, October 2, 2012

အလုပ်သမား ခုနှစ်ဆယ်ကို မကျေနပ်သဖြင့် အလုပ်သမား သုံးရာကျော် ဆန္ဒဖော်ထုတ်

ဒဂုံဆိပ်ကမ်းမြို့နယ် ကနောင်မင်းသားကြီး လမ်းပေါ်ရှိ အာရှနဂါး(MMM) အထည်ချုပ် စက်ရုံရှိ အလုပ်သမား သမား အယောက် ခုနှစ်ဆယ်ခန့် ကိုမကျေနပ်သဖြင့် အလုပ်သမား သုံးရာကျော်က၎င်းတို့၏ စက်ရုံရှေ့တွင် ဆန္ဒ ထုတ်ဖော် ခဲ့ကြောင်း မျက်မြင်များနှင့် ဆန္ဒပြစက်ရုံ အလုပ်သမား များက  ပြောကြားသည်။

နိုင်ငံခြားသား ခရီးသည်တွေကို ရခိုင် သွားခွင့်ပြုပြီ

ရခိုင်ပြည်နယ်က အခင်းဖြစ်ပွားပြီးနောက် ၃လလောက် ပိတ်ထားရာက နိုင်ငံခြားသား  ခရီးသည်တွေကို အခုအခါ ပြန် သွားလည် ခွင့်ပြုပြီလို့ သိရပါတယ်။
နိုင်ငံခြားသား ခရီးသည်တွေကို အရင်ကလို လွတ်လွတ်လပ်လပ် သွား လာခွင့်ပြု တာ မဟုတ်သေးဘဲ ကြိုတင်ခွင့်ပြုချက်နဲ့ မှ သွားလို့ရ တာ ဖြစ်ပါတယ်။

မြန်မာ-တရုတ် “ရွှေ” သဘာဝဓာတ်ငွေ့နှင့် ရေနံပိုက်လိုင်း စီမံကိန်း အပေါ် မြန်မာပြည်သူလူထု၏ သဘောထား ထုတ်ပြန်ချက်

မြန်မာ-တရုတ် “ရွှေ”သဘာဝဓာတ်ငွေ့နှင့်
 ရေနံပိုက်လိုင်းစီမံကိန်းအပေါ်
 မြန်မာပြည်သူလူထု၏ သဘောထား
ထုတ်ပြန်ချက်





                                               ရက်စွဲ။၁အောက်တိုဘာ ၂၀၁၂ 
               
 မြန်မာနိုင်ငံအနောက်ဖက်ကမ်းရိုးတန်း ရခိုင်ပြည်နယ်ကျောက်ဖြူမြို့မှ တရုတ်နိုင်ငံ ယူနန်ပြည်နယ် သိုသွယ်တန်းမည့်  ရွှေသဘာဓာတ်ငွေ့ နှင့်ရေနံပိုက်လိုင်းစီမံကိန်း သည်မြန်မာနိုင်ငံ၏မြို့နယ်(၂၁)မြို့နယ် ကိုဖြတ်သန်းသွားပါသည်။ ထိုစီမံကိန်းတွင်

ခဝဲခြံတွင် နေ့အချိန် စိန်နှင့် ရွှေထည် သိန်းသုံးထောင်ကျော် ဖေါက်ထွင်း ခံရ (သတင်းအပြည့်အစုံ)

ရန်ကုန်တိုင်း ဒေသကြီး မရမ်းကုန်းမြို့ နယ် အမှတ်(၂) ရပ်ကွက်၊ ဒေးဗစ်ရွှေနု လမ်း( ခဝဲခြံ မှတ်တိုင်အနီး)ရှိ အိမ်အမှတ်(၅-ခ)တွင် စက်တင် ဘာလ ၂၈ ရက်နေ့က အိမ်ဖောက်ထွင်း မှု ဖြစ်ပွားခဲ့ရာ စိန်၊ ရွှေ လက်ဝတ်ရတနာ ကျပ်သိန်း ၃၀၀၀ ကျော်ဖိုး ခိုးယူခံခဲ့ရကြောင်း အိမ်ရှင်နှင့် ဆွေမျိုး တော်စပ်သည့် အသက် ၃၅အရွယ်ရှိ အမျိုးသမီး တစဦးက The Voice Weekly သို့ပြောကြားသည်။

ကမ္ဘာမူစလင်အဖွဲ့ချုပ် (OIC) ရခိုင်ပြည်နယ်တွင် အခြေစိုက်ရန်ကြိုးပမ်း မှုအား ဆန္ဒပြကန့်ကွက်သွားမည်

ကမ္ဘာမူစလင်အဖွဲ့ချုပ် (OIC) သည် ရခိုင်ပြည် နယ်တွင်း အခြေစိုက်၍ ရခိုင်လူမျိုးတို့နှင့်ဘင်္ဂါ လီလူမျိုးတို့အတူယှဉ်တွဲ နေထိုင်နိုင်ရန် နှင့် ဘာသာရေးလုပ်ငန်းများလုပ်ဆောင်မည့်အစီ အစဉ်အား အစိုးရအဖွဲ့မှခွင့်ပြု မည်ဟု ကြားသိရသောကြောင့် ရခိုင်လူမျိုးများ အနေဖြင့် ဆန္ဒပြကန့်ကွက် သွား မည်ဖြစ်ကြောင်းကိုစစ်တွေမြို့ရှိ ၀ံလက်ဖောင်ဒေးရှင်း မှ အမှုဆောင် ဦးသိန်းဝင်း ကပြောသည်။

တားမြစ်ဆေးသုံးစွဲမှု အားကစားလောကမှပြည်သူကြားပံျ့နှံ့

တားမြစ်ဆေးသုံးစွဲမှုဆန့်ကျင် ရေးညီလာခံသို့ တက်ရောက်လာသူ ကိုယ်စားလှယ်များ၏ အဆိုအရ စွမ်း ဆောင်ရည်မြှင့်တင်ပေးသော တား မြစ်ဆေးများသုံးစွဲမှုသည် အားကစား လောကတွင်သာမ က ပြည်သူ့ ကျန်း မာရေးနယ်ပယ်သို့ပါပံျ့နှံ့လာကြောင်း သိရသည်။

Sunday, September 30, 2012

ရခိုင်ပြည်နယ် ပဋိပက္ခ သတိရှိရှိကိုင်တွယ်ရန် ကုလအတွင်းရေးမှူးချုပ်ပြောကြား

မြန်မာနိုင်ငံရခိုင်ပြည်နယ်ကပဋိပက္ခဟာ  ပြည်တွင်း ပြုပြင်ပြောင်းလဲရေး လုပ်ငန်း စဉ်တွေအပေါ် ထိခိုက်စေနိုင်တဲ့အပြင် တိုင်းပြည်နယ်နိမိတ် ကို ကျော်လွန်ပြီး တခြားနိုင်ငံတွေဆီအထိပါ သက်ရောက်မှုတွေ ရှိလာနိုင်တဲ့အတွက် သတိရှိရှိနဲ့ ကိုင်တွယ်ဖြေရှင်းဖို့ အရေးကြီးကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းက ပြောလိုက်ပါတယ်။

ဆန်ဖရန် Freedom Forum မှာ ဒေါ်စု မိန့်ခွန်းပြော

အမေရိကန် ပြည်ထောင်စုမှာ ၁၇ ရက်ကြာခရီးစဉ်နဲ့ ရောက်ရှိနေတဲ့ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် က ယုံကြည်ချက်အတိုင်း ငြိမ်းချမ်းတဲ့ ဘ၀နဲ့ နေထိုင်နိုင်တဲ့ လူ့အဖွဲ့အစည်း တရပ် ဖြစ်လာအောင် ၀ိုင်းဝန်း ကူညီကြဖို့  ပြောဆိုလိုက်ပါတယ်။ စက်တင်ဘာလ ၂၈ ရက်နေ့က ဆန်ဖရန်ဆစ္စကိုမြို့မှာ ကျင်းပခဲ့တဲ့ Freedom Forum ဆွေးနွေးပွဲမှာ အခုလို ပြောဆို လိုက် တာဖြစ်ပါတယ်။

ဖားအံ ဆက်ဆံရေးရုံး ကိစ္စ၌ ကေအန်ယူ ဗဟိုနှင့် KNLA ပြသနာဖြစ်

စက်တင်ဘာ ဆွေးနွေးပွဲ အပြီး အမှတ်တရကရင် အမျိုးသား လွတ်မြောက်ရေး တပ်ဖွဲ့ (KNLA) ၏ အကြီးအကဲ ဗိုလ်ချုပ်ကြီး မူတူးဆေးဖိုး၏ ယနေ့ ဖွင့်လှစ် လိုက်သော က ရင်ပြည်နယ် ဖားအံမြို့ပေါ်က ဆက်ဆံရေးရုံး ကိစ္စကို KNU ဗဟို အဆင့် ဆက်ဆံရေးရုံး မဟုတ်ကြောင်း ကြေညာချက် တစောင် ထုတ်ပြန် ခဲ့ပါသည်။

မူးယစ်ဆေးဝါး ငွေကျပ်သိန်းပေါင်း ၃၅၂၀ တန်ဖိုး ဖမ်းဆီးရမိ

စက်တင်ဘာလ ၂၆ ရက်နေ့ ၁၁ နာရီအချိန် ဆင်ကျော့ ပြည်သူ့စစ်အဖွဲ့မှ စိုင်းပညာဦးစီး ၈ ဦးသည် မူးယစ်ဆေးဝါး သတင်းအရလားရှိုးမြို့ နယ်၊ နောင်မွန် ကျေးရွာအုပ်စု၊ ဟန်နားကျေးရွာရှိ ဗြုံးကျင်း အဟောင်းတွင် ကင်းပုန်းဝပ် စောင့်ဆိုင်းနေခဲ့ပါသည်။

ရွာသား ၅ ဦး သေနတ်ပစ်ခံရ

ဧရာဝတီတိုင်း ဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျုံပျော်မြို့နယ်၊ ရှားခဲတိုက်နယ်၊ ရှားခဲကျေး ရွာ၌ စက်တင်ဘာ ၂၆ရက်နေ့တွင် သေနတ်  (၅)ချက် ပစ်ခတ်ခံရပြီး ရွာသား (၅)ဦး ထိမှန်ခဲ့ကြောင်း သိရပါသည်။

Saturday, September 29, 2012

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းရန်မရှိ

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို  ရပ်ဆိုင်းရန် အစီအစဉ် မရှိကြောင်း လက်ပံတောင်းတောင် ကြေးနီစီမံ ကိန်းနှင့်ပတ်သက်သော စာနယ်ဇင်းရှင်းလင်းပွဲတွင် မြန်မာစီးပွားရေးဦးပိုင်လီမိတက်မှ အကြီး တန်းအရာရှိ ဦးဝင်းကြည်ကပြောသည်။

"စပြီးလုပ်တုန်းက ဘာပြဿနာမှမရှိပါဘူး။ ဒေသခံတွေကိုယ်တိုင် ကြည်ကြည်ဖြူဖြူနဲ့ လျော်ကြေးတွေယူတယ်။

ပြည့်တန်ဆာ လုပ်ငန်းများ တရားဝင် လုပ်ကိုင်ခွင့် ရရန် တောင်းဆိုသွားမည်

ပြည့်တန်ဆာ လုပ်ငန်းများ တရားဝင် လုပ်ကိုင်ခွင့် မရသော မြန်မာနိုင်ငံတွင်
 ပြည့်တန်ဆာ လုပ်ငန်း (လိင်လုပ်ငန်း)များ တရားဝင် လုပ်ကိုင်ခွင့် ရရန် လွှတ်တော် အမတ်များထံတင်ပြ တောင်းဆိုသွား မည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ပြည့်တန်ဆာများ  ကွန်ရက် (Sex Worker In Myanmar Network) ဥက္ကဋ္ဌ ဒေါ်နှင်းနှင်းယုက ပြောကြားသည်။

"နိုင်ငံတော်သမ္မတဦးသိန်းစိန် မြန်မာ-အမေရိကန်ကုန်သည်ကြီးများ အသင်းမှ ဥက္ကဌနှင့်အမှုဆောင်များအား လက်ခံတွေ့ဆုံ"


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတဦးသိန်းစိန်သည် စက်တင်ဘာ (၂၈)ရက် ဒေသစံတော်ချိန် ညနေ(၆)နာရီတွင် ခေတ္တတည်းခိုသည့် အမေရိကန်ပြည်ေ ထာင်စု နယူးယောက်မြို့ရှိ The Mark ဟိုတယ် ဧည့်ခန်းမ၌ မြန်မာ-အမေရိကန် ကုန်သည်ကြီးများအသင်းမှ ဥက္ကဌ နှင့်အမှုဆောင်များအား လက်ခံတွေ့ဆုံသည်။

ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းအတွက် ဂျပန်နိုင်ငံမှ ကူညီထောက်ပံ့ရန် မည်သည့် သဘောတူညီချက်မှ မရှိသေး

မြန်မာနိုင်ငံ၏ အထူးစီးပွားရေးဇုန်တစ်ခုဖြစ်သော ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းတွင် ဂျပန်နိုင်ငံမှ ကူညီထောက်ပံ့ပေးရန် မည်သည့် သဘောတူညီချက်မှ မရှိသေးဟု ဂျပန်နိုင်ငံကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင် များအသင်းချုပ် JCCI  ၏ မဲခေါင်ဒေဆိုင်ရာ စီးပွားရေးလေ့လာမှုကော်မတီ ဥက္ကဌ မစ္စတာကိုဟိ ၀ါတာနာဘဲ က ပြောကြားခဲ့သည်။

ကချင်စစ်ပွဲများ ရပ်တန့်သွားရန် KIA ဘက်ကလည်း ပစ်ခတ်တိုက်ခိုက်မှုများကို တားဆီးသော အမိန့်ထုတ်ပေးရန် လိုအပ်သည်ဟု နိုင်ငံတော်သမ္မတ ပြောကြား

ကချင်ပြည်နယ်တွင် ဖြစ်ပွားလျက်ရှိသော စစ်ပွဲများရပ်တန့်ရန် KIA ဘက်ကလည်း ပစ်ခတ်တိုက်မှုများ ကိုတားဆီးသော အမိန့်ထုတ်ပေးရန်လိုအပ်သည်ဟု နိုင်ငံတော်သမ္မတဦးသိန်းစိန်က ပြောကြားခဲ့သည်။ အမေရိ ကန် ပြည်ထောင်စုတွင် စက်တင်ဘာလ ၂၈ ရက်နေ့က မြန်မာမီဒီယာသမား များနှင့် တွေ့ဆုံရာ တွင် မေးမြန်းချက်များကို ဖြေကြားရာ၌ ထိုသို့ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

၂၀၁၅ ခုနှစ် အထိသာ သမ္မတအဖြစ် တာဝန်ထမ်းဆောင်သွားမည့် ဆုံးဖြတ်ချက်အား တိုင်းပြည်၏ အခြေအနေ၊ ပြည်သူများ၏ ဆန္ဒပေါ် မူတည်ပြီး အနာဂတ်ကို ဆုံးဖြတ်သွားမည်ဟု သမ္မတဦးသိန်းစိန် ပြောကြား

မိမိ၏ ကျန်းမာရေး အခြေအနေနှင့် အသက်အရွယ်အရ ၂၀၁၅ ခုနှစ်အထိသာ သမ္မတအဖြစ် တာဝန်ထမ်းဆောင် သွားမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားထားမှုသည် တိုင်းပြည်၏ အခြေအနေ၊ ပြည်သူများ၏ ဆန္ဒပေါ်တွင် မူတည်ပြီး အနာဂတ်ကို ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း သမ္မတဦးသိန်းစိန်က အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့ အာရှအသင်းနှင့် စက်တင်ဘာလ ၂၇ ရက်နေ့က တွေ့ဆုံရာတွင် ပြောကြားခဲ့သည်။

မန်းတွင် နိုင်ငံရေးအကျဉ်းသားဟောင်းများ ကွန်ယက်ဖွဲ့စည်း

Photo: မန်းတွင် နိုင်ငံရေးအကျဉ်းသားဟောင်းများ ကွန်ယက်ဖွဲ့စည်း

မန္တလေး-စက်တင်ဘာ၂၉

နိုင်ငံရေးအကျဉ်းသားဟောင်းများတွေ့ဆုံပွဲနှင့်ကွန်ယက်ဖွဲ့စည်းပွဲကို စက်တင်ဘာ၂၉ရက်နေ့နေ့လည်က မန္တလေးရှိ ကံတက်ကုန်းမစိုးရိမ်ကျောင်းတိုက်တွင် ပြုလုပ်ခဲ့သည်။
အဆိုပါပွဲတွင်တိုင်းနှင့်ပြည်နယ်၃ခု၊မြို့နယ်၁၅ခုမှနိုင်ငံရေးအကျဉ်းသားတစ်ရာကျော်တက်ရောက်ကြသည်။
ပွဲအပြီးတွင်နိုင်ငံရေးအကျဉ်သားဟောင်းတစ်ဦးမှထောင်အတွင်းနေထိုင်မှူ ပါဖောမန့်ပြသခဲ့သည်။  စိုင်းလမင်း
နိုင်ငံရေး အကျဉ်းသားဟောင်းများတွေ့ ဆုံပွဲနှင့်ကွန်ယက်ဖွဲ့ စည်းပွဲကို စက်တင် ဘာ၂၉ရက်နေ့နေ့လည်က မန္တလေးရှိ ကံတက်ကုန်း မစိုးရိမ်ကျောင်းတိုက်တွင် ပြုလုပ်ခဲ့သည်။ အဆိုပါပွဲတွင်တိုင်းနှင့်ပြည်နယ် ၃ခု၊မြို့နယ်၁၅ခုမှနိုင်ငံရေး အကျဉ်းသား တစ်ရာကျော် တက်ရောက်ကြသည်။
ပွဲအပြီးတွင်နိုင်ငံရေးအကျဉ်သားဟောင်းတစ်ဦးမှထောင်အတွင်းနေထိုင်မှူ ပါဖောမန့်ပြသခဲ့သည်။
 
 
From- Popular Myanmar News Journal

ဖားအံမြို့ KNLA တပ်မဟာများ ဆက်ဆံရေးရုံးဖွင့်ပွဲသို့ လူပရိဿတ် ၂၀၀နီးပါး တက်ရောက်

ကရင်ပြည်နယ်၊ ဖားအံမြို့ အမှတ်(၄)ရပ်ကွက်ရှိ ကန်သာဦးခမ်းမအနီးရှိ အဆောက်အဦတစ်ခုတွင် KNLA တပ်မဟာများ ဆက် ဆံရေးရုံးဖွင့် ပွဲ အခမ်း အ နားကို ယနေ့မနက် ၉နာရီက စတင် ကျင်းပခဲ့ရာ လူပရိဿတ် ၂၀၀နီးပါး တက်ရောက်ခဲ့သည်ဟု သိရ သည်။

သွားရည်ကျစရာ မြန်မာ့ဖုန်းဈေးကွက်

မိုဘိုင်းဖုန်း အသုံးပြုနေသော အမျိုးသားတဦးနှင့် 
အများသုံးဖုန်း အသုံးပြုနေသော အမျိုးသမီးတဦး
တို့ကို ၂၀၁၂ မတ်လ အတွင်းက ရန်ကုန်မြို့တွင် မြင်ရစဉ်
Blackbery ဖုန်း၊ iPhone ဖုန်း အမျိုးအစားများကို မြန်မာနိုင်ငံတွင် တွင်တွင် ကျယ်ကျယ် အသုံးပြုခြင်းမရှိ။ အကြောင်းရင်းကို ကြည့်ပါ က မြန်မာနိုင်ငံတွင် လက်ရှိအသုံးပြုနေသည့် ကွန်ရက်သည် မကြာခဏ လိုင်းပူးနေတတ်ခြင်း၊ ဖုန်းနှင့်အင်တာနက် ဝန်ဆောင်မှုပေးသည့် Data service အလွန်ရှားပါးခြင်း၊ ဈေးအလွန်ကြီးမားခြင်း၊ လိုင်း ကြည်လင်ပြတ်သားမှု မရှိခြင်း စသည်တို့အပြင် ဖုန်းတော်တော် များများသည် ကွန်ရက်တခုနှင့် တခုအကြား လိုင်းချိတ်ဆက် အသုံးပြုမ ရခြင်း စသည်တို့ကြောင့် ဖြစ်သည်။

မြောက်ကိုရီယားနဲ့ မြန်မာ ဆက်ဆံရေးအဆုံးသတ်ရန် ကန် အားထုတ်မှု ကန့်ကွက်ခံရ

ကွန်မြူနစ် မြောက်ကိုရီယားနိုင်ငံက အရှေ့တောင် အာရှ နိုင်ငံ တနိုင်ငံဖြစ် တဲ့ မြန်မာနဲ့ ဆက်ဆံရေးကို အဆုံးသတ်ရေး အမေရိကန် က မြန်မာ ကို တောင်းဆိုမှုကို ယမန်နေ့ သောကြာနေ့က ကန့်ကွက်လိုက်ပါတယ်။ 

ချူလာလောင်ကွန်တက္ကသိုလ်မှာ မြန်မာ့အရေး ဘာတွေ ဆွေးနွေး

မြန်မာနိုင်ငံမှာ သမ္မတ ဦးသိန်းစိန် တက်လာပြီး နောက်ပိုင်း ပြုပြင်ပြောင်း လဲရေး လုပ်ငန်းစဉ်များ အကောင် အထည်ဖော် ဆောင်ရွက်လာ ချိန်မှာ မြန်မာ့ အရေးဟာ အိမ်နီးချင်းနိုင်ငံများ အတွက်ရော၊ နိုင်ငံတကာ အတွက်ပါ စိတ်ဝင်စားစရာဖြစ်နေ တဲ့အတွက် မကြာခဏ မြန်မာ့ အရေး ဆွေးနွေး ပွဲတွေ လုပ်လာတာ ခပ်စိပ်စိပ် ဖြစ်နေပါတယ်။ 

RFA -က စစ်တွေ သတင်းလွှင့်ရာမှာ ရပ်ကွက်နာမည်ကို ပဋိပက္ခဖြစ်အောင် ဖန်တီးနေခြင်း

စစ်တွေ သတင်းဖေါ်ပြရာမှာ အတည်ပြုချက် မရှိတာကို သတင်းထောက် အား ချက်ချင်းဖြုတ်ခိုင်းလိုက်ကြတော့ ရခိုင်ပြည်နယ်၊ စစ်တွေမြို့ ရွှေပြည် သာ ရပ်ကွက်က ရေခဲချောင်းရောင်းတဲ့ ကလေးတစ်ဦးဟာ ဒီကနေ့နံနက် ၁၁ နာရီခန့်က ရိုဟင်ဂျာရပ်ကွက်တစ်ခုဖြစ်တဲ့ အင်ပါလာ (အောင်မင်္ဂလာ)ရပ်ကွက်ကို ဈေးသွားရောင်း ရာက ပြန်ထွက်မလာ တာကြောင့် အသတ်ခံရတယ်ဆိုတဲ့ ကောလာဟ လ ဖြစ်ပေါ်ခဲ့ပြီး နေ့လည် ပိုင်းမှာ သံဃာတော်နဲ့ပြည်သူတစ်ထောင်ခန့် စုဝေးပြီး အခုလို -RFA- က

ထွန်းအိန္ဒြာဗိုနှင့် တွေ့ဆုံခြင်း

ထွန်းအိန္ဒြာဗိုနှင့် တွေ့ဆုံခြင်း
တစ်ကိုယ်တော်ဖျော်ဖြေပွဲများစွာ ပြုလုပ်ခဲ့ပြီး လုပ်ခဲ့သမျှ တစ်ကိုယ်တော်ပွဲ တိုင်းလည်း ရုံပြည့်ရုံလျှံ အားပေးခြင်းခံရသူ အဆိုတော်သရုပ်ဆောင် ထွန်းအိန္ဒြာဗိုဟာ ရန်ကုန်မှာ လေးကြိမ်မြောက် တစ်ကိုယ်တော်ဖျော်ဖြေပွဲ ကို နိုဝင်ဘာ ၂၈ ရက် အမျိုးသားဇာတ်ရုံမှာ ကျင်းပတော့မှာဖြစ်ပါတယ်။ ထွန်းအိန္ဒြာဗိုဟာ တစ်ကိုယ်တော်စီးရီး ၁၁ ခွေနဲ့ အတွဲခွေစီးရီးများစွာ သီဆိုထားပြီး ရန်ကုန်မှာ တစ်ကိုယ်တော်ဖျော်ဖြေပွဲ သုံးကြိမ်နဲ့ မန္တလေးမှာ တစ်ကြိမ်၊ အမေရိကန်ပြည်ထောင်စုမှာ ခုနစ်ကြိမ် ပြု လုပ်ခဲ့ပြီးဖြစ်ပါတယ်။ အကျိုးအမြတ်အားလုံးကို ပြန်လှူဖို့ ရည်ရွယ်ထားတဲ့ သူမရဲ့တစ် ကိုယ်တော်ေ ဖျာ်ဖြေပွဲအကြောင်းနဲ့ ရုပ်ရှင်ဇာတ်ကား ရိုက်ကူးမှုပိုင်းမှာ ပြောင်းလဲသွားတဲ့ သူမရဲ့သဘောထားများကို တွေ့ဆုံမေးမြန်းဖြစ်ခဲ့ပါတယ်။

မာစီးဒီးစ်အသင်းသို့ ပြောင်းရွှေ့ရန် လူးဝစ်ဟယ်လ်မီတန် ဆုံးဖြတ်

လူးဝစ်ဟယ်လ်မီတန်သည် ယခုအခါ ဖော်မြူလာဝမ်း ပြိုင်ပွဲဝင် မာစီဒီးစ် အသင်းသို့ ပြောင်းရွှေ့ရန် ဆုံးဖြတ်လိုက်ပြီဟု သိရှိရသည်။ မက္ကလာရင် အသင်းက ဗြိတိန်သား ဟယ်လ်မီတန် အနေဖြင့် မွေးရပ်မြေတွင် ဆက်လက်ရှိနေရန် မျှော်လင့်ခဲ့သော်လည်း ရည်မှန်းချက် ကြီးမားသည့် ဂျာမန်အခြေစိုက် မာစီဒီးစ်က မိုက်ကယ် ရှူမေကာ နေရာတွင် ရေရှည် ဆက်ခံရန် ဟယ်လ်မီတန်အား ခေါ်ယူခဲ့ခြင်း ဖြစ်သည်။

သမီးဖြစ်သူ ကို ဆွဲဆောင်နိုင် သူအား ဒေါ်လာ ၆၅ သန်း ဆုချီးမြှင့် မည်ဟု ဟောင်ကောင် သူဌေးကြီးကြေညာ

ဟောင်ကောင်မှ လုပ်ငန်းရှင် သူဌေးကြီး တစ်ဦးသည် ၎င်း၏ လိင်တူ စိတ်ဝင်စား သည့် သမီးဖြစ်သူအား ကျလောက်အောင် ဆွဲဆောင်နိုင် သည့် သတို့သားလောင်းကို ဒေါ်လာ (၆၅)သန်း ဆုချီးမြှင့်မည်ဟု အတည်ပြု ကြေညာခဲ့သည်။ တစ်ကမ္ဘာလုံးမှ အမျိုးသားတိုင်း အခွင့်အရေးရှိမည့် ယင်းအစီအစဉ်အတွက် လျှောက်ထားသူများကို လက်ခံသွားမည်ဟု စီဆီလ်ချာအိုက ဆိုသည်။ လက်ရှိတွင်

ထိုင်းအာဏာပိုင်များနှင့် အလုပ်သမားအဖွဲ့အစည်းများ မြန်မာရွှေ့ပြောင်း အလုပ်သမားများအရေး ဆွေးနွေး




Migrant meeting 1ထိုင်းနိုင်ငံအတွင်း ရွှေ့ပြောင်းအလုပ်သမားများအရေးနှင့် ပက်သက်၍ ထိုင်းနိုင် ငံ တာ့ခ်ခရိုင်မှ တာဝန်ရှိသူများနှင့် မြန်မာရွှေပြောင်း အလုပ်သမား အဖွဲ့အစည်းများ အကြားဆွေးနွေးပွဲတစ်ရပ်ကို ယနေ့နံနက် ၉ နာရီ အချိန် ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့တွင် ပြုလုပ်ခဲ့သည်။
ဆွေးနွေးပွဲသို့ တာ့ခ်ခရိုင် ဒု-၀န်၊ တာ့ခ်ခရိုင်လူဝင်မှုကြီးကြပ်ရေးဌာန၊ တာ့ခရိုင် မဲဆောက်မြို့နယ်ရဲတပ်ဖွဲ့၊ တာ့ခ်ခရိုင် စက်မှုလုပ်ငန်းရှင်ကြီးများ အသင်းနှင့် တိုင်းရင်းသားများလူ့အခွင့်အရေးဆိုင်ရာ ဆပ်ကော် မတီ၊ ရှေ့နေများေ ကာင်စီ တို့က တက်ရောက်ပြီး၊ ထိုင်းနိုင်ငံ အခြေစိုက် မြန်မာရွှေ့ပြောင်းအလုပ်သမားများအရေးဆောင်ရွက်နေသော YCOWA၊ ALC၊ BLC ၊ BP၊ DPNSနှင့် တခြားအဖွဲ့များ၊ လူ့အခွင့်အရေးဆောင်ရွက်နေသော AHRDOနှင့် လူကုန်ကူးမှုတိုက် ဖျက်ရေး အဖွဲ့များ တက်ရောက်ကြသည်။

ထားဝယ်စီမံကိန်း အရှိန်မြှင့်ရန် မြန်မာ-ထိုင်း ပူးတွဲကော်မတီ ဖွဲ့မည်

Thein-Sein-and-Yingluck-Shinawatra-at-New-York
မြန်မာသမ္မတ ဦးသိန်းစိန်နှင့် ထိုင်းဝန်ကြီးချုပ် ယင်လပ် 
ရှင်နာဝပ်ထရာ တို့ အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့သို့
 ရောက်ရှိနေစဉ် ထားဝယ် ရေနက်ဆိပ်ကမ်း စီမံကိန်းကိစ္စကို 
၂ဝ၁၂ ခုနှစ်၊ စက်တင်ဘာလ ၂၆ ရက်နေ့က ဆွေးနွေးခဲ့ကြသည်။

မဇ္ဈိမ သတင်းဌာန ။        ။ အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့သို့ ရောက်ရှိနေကြသော ထိုင်းဝန်ကြီးချုပ် ယင်လပ် ရှင်နာဝပ်ထရာ နှင့် မြန်မာ သမ္မတ ဦးသိန်းစိန်တို့သည် ထားဝယ်ရေနက် စီမံကိန်းကို အရှိန်အဟုန် မြှင့်တင်ရန် အတွက် အဆင့်မြင့် ညှိနှိုင်းဆောင်ရွက်ရေး ကော်မတီတရပ်ကို ထိုင်းနှင့်မြန်မာ ပူးတွဲဖွဲ့စည်းရန် ကြာသပတေးနေ့က သဘော တူညီခဲ့ကြသည်။

ဘဏ္ဍာရေး အခက်အခဲများ ကြုံတွေ့နေရသည့် စီမံကိန်း ရှေ့ဆက်နိုင်ရေးအတွက် နှစ်နိုင်ငံ ထိပ်တန်း အစိုးရ အရာရှိများ ပါဝင်ကြသည့် ‘အဆင့် သုံးဆင့်’ ပါဝင်သော အုပ်စုများအား စုစည်း ချိတ်ဆက်၍ လုပ်ဆောင်ရန်
ဖြစ်သည်။

နွေရာသီ ရန်ကုန်မီးမပျက်ရန် ဂျပန်ကူမည်

ယခုနှစ်ကုန်မှစ ကြုံတွေ့ရတော့မည်မဟုတ်ကြောင်း လျှပ်စစ်ဝန်ကြီးဌာနမှ အရာရှိတစ်ဦးကပြောသည်။ "ဂျပန်ကမီးစက်၁၃လုံးပေးသွားမယ်လို့သဘောတူထားပြီးဖြစ်တယ်။မီးစက်တလုံးကိုလျှပ်စစ်ဗို့အား၄၀၀ထွက်ရှိ နိင်၍ပြည်တွင်းတွင် အသုံးပြုနေသော ထရန်စဖော်မာ တစ်လုံး၏လျှပ်စစ်ထွက်ရှိမှု ထက်၂ဆနီးပါးပို ထွက်မည်ဖြစ်ကြောင်း၊မီးစက်တလုံး၏တန်ဖိုးမှာ ကန်ဒေါ်လာ၁၀သန်းခန့်ရှိကြောင်း၊နွေရာသီ ရန်ကုန်မြို့လျှပ်စစ်မီး မပျက်စေရေး အတွက်ဂျပန်နိင်ငံမှကူညီမည်ဖြစ်၍အဆိုပါမီးစက်များကို ရန်ကုန်တိုင်းဒေသကြီး တစ်ခုထဲအတွက်အသုံးပြုသွားမည်ဖြစ်ကြောင်းလျှပ်စစ်ဝန်ကြီးဌာနမှဦးဆောင်ညွှန်ကြားရေးမှူးဦးမြင့်အောင် ကပြောသည်။မီးစက်များကို လှော်ကား၊သာကေတ၊အင်းစိန်၊ရွာမနှင့် အလုံစသည့် သဘာဝဓါတ်ငွေ့စက်ရုံများတွင် ထားရှိသွားမည်ဟုသိရသည်။ 

From- Popular Myanmar News Journal

သမီးဖြစ်သူကို ဆွဲဆောင်နိုင်သူအား ဒေါ်လာ ၆၅ သန်း ဆုချီးမြှင့်မည်ဟု ဟောင်ကောင်သူဌေးကြီးကြေညာ

ဟောင်ကောင်မှ လုပ်ငန်းရှင် သူဌေးကြီး တစ်ဦးသည် ၎င်း၏ လိင်တူ စိတ်ဝင်စားသည့် သမီးဖြစ်သူအား ကျလောက်အောင် ဆွဲဆောင်နိုင်သည့် သတို့သားလောင်းကို ဒေါ်လာ (၆၅)သန်း ဆုချီးမြှင့်မည်ဟု အတည်ပြု ကြေညာခဲ့သည်။ 

စစ်တွေတွင် လုံခြုံရေး တင်းကျပ်၊ သတင်းအမှားထုတ်ပြီး ဆူပူမူ ဖြစ်အောင်ဖန်တီးမူများ ရှိနေ

ယနေ့ စစ်တွေ၏ အခြေအနေမှာ တည်ငြိမ်နေသော်လည်း အင်ဘာလာ
 ကျေးရွာအနီး တ၀ိုက်တွင် လုံခြုံရေးကို အင်အားဖြည့် တိုးချဲ့ ချထားကြောင်း
သတင်းရရှိသည်။

“ ရေခဲချောင်းရောင်းတဲ့ ကောင်လေး သေဆုံးတယ်ဆိုတာက ဖြစ်နိုင်ခြေ မရှိ
 ဖြစ်နေပါတယ်။

ပိတောက်ပင် ရေနံမှော် လက်ယက်တွင်း မီးလောင်မှုဖြစ်ပြီး လေးဦး ဒဏ်ရာရ

မကွေးတိုင်းဒေသကြီး၊ သရက်မြို့နယ်၊  ပိတောက်ပင်ကျေးရွာ၊ ပိတောက်ပင်
 ရေနံမှော် ရွှေရာသီကုမ္ပဏီ လက်ယက် တွင်းတိမ် လုပ်ကွက်တွင် စက်တင်ဘာ၂၅ ရက် ညနေ ၆ နာရီ ၁၀ မိနစ်က မီးလောင်မှုတစ်ခု ဖြစ်ပွားခဲ့ရာ ရေနံတွင်း လုပ်သား လေးဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အာဆီယံ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာ အရာရှိကြီင်္း များနှင့် ဆက်သွယ်ရေး ဥပဒေပြုသူများ ကောင်စီ အလွတ် သဘော အစည်း အဝေး အထိမ်းအမှတ် တံဆိပ်ခေါင်း ထုတ်မည်


ဆက်သွယ်ရေး၊ စာတိုတ်နှင့် ကြေးနန်း ၀န်ကြီးဌာနမှ ငွေ(၅၀၀) ကျပ်တန် အထူးထုတ် စာပို့ တံဆိပ်ခေါင်းသစ်နှစ်မျိုးအား အောက်တိုဘာ (၁)ရက်နေ့ တွင် စတင်၍ တိုင်းဒေသကြီး/ပြည်နယ်/ ခရိုင်/မြို့နယ် ဆက်သွယ်ရေး စခန်း (စာတိုတ်) များ၌ စတင် ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။
၎င်းတံဆိပ်ခေါင်းနှစ်ခုအား ယခုနှစ် အောက်တိုဘာလ တွင် ကျင်းပမည့် ဒုတိယအကြိမ် အာဆီယံ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဆိုင်ရာ အရာရှိကြီးများနှင့် ဆက်သွယ်ရေး ဥပဒေပြုသူများ ကောင်စီတို့၏ အလွတ်သဘော အစည်းအဝေး အထိမ်းအမှတ် 2nd TELSOM-ATRC Leaders Retreat အဖြစ် ထုတ်ဝေခြင်းဖြစ်သည်။

From- Popular Myanmar News Journal

ကောလဟာလကြောင့် စစ်တွေ မငြိမ်သက်မှုဖြစ်

 

စစ်တွေမြို့မှာ လူမျိုးရေး ပဋိပက္ခတွေကြောင့်
 နေအိမ်  အတော်များများ မီးရှို့ဖျက်ဆီး ခံခဲ့ရပါတယ်။
ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ကလေးငယ်တဦးပျောက်ဆုံးရာ ကနေ ကောလဟာလသတင်းတွေ ထွက်ပေါ်လာပြီး လူထုေ တွကြား စိုးရိမ်ပူပင်မှုတွေဖြစ်ပြီး မငြိမ်မသက်မှုတွေရှိနေပါတယ်။ ဒီအကြောင်းနဲ့ပတ်သက်ပြီးစစ်တွေမြို့ရဲ့နောက်ဆုံးအခြေအနေကို ဆက်သွယ်စုံစမ်းထားတဲ့ မဆုမွန်က ဆက်ပြောပြပေးပါမယ်။

ကျောင်းသူ တစ်ဦးကို ကျောင်းထုတ်ရန် လုပ်ရာမှ ကျောက်ဖြူတွင် ကျောင်းအုပ်ဆရာမကြီးကို ကျောင်းသားများ ကန့်ကွက်

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ ပညာရေး ကောလိပ်တွင် ကျောင်းသူ တစ်ဦးကို ကျောင်းအုပ် ဆရာမကြီးက ကျောင်းထုတ်ရန် စီစဉ်ရာမှ ယခုလ ၂၆ ရက်နေ့ ညနေက ဆူပူ ကန့်ကွက်မူ တစ်ခု ပေါ်ပေါက်ခဲ့သည်။

“ ဖြစ်တာက ကျောက်ဖြူမြို့ ပညာရေး ကောလိပ်မှာ ဖြစ်တာပါ။ ညနေ ၆ နာရီ ၃၀ မှာ ကျောင်းသား ကျောင်းသူ တွေစုပြီး အဲဒီ မခင်မီမီကျော် ဆိုတဲ့ ကျောင်းသူကို ကျောင်းမထုတ်ဖို့ တောင်းဆို ရာကနေ ဖြစ်တာပါ။ ဒါကို ကန့်ကွက်တဲ့ အခါ ဆန္ဒပြတဲ့ ပုံစံမျိုး ဖြစ်သွားပါတယ်” ဟု အမည်မဖေါ်လိုသူ ကျောင်းသား တစ်ဦးက ပြောသည်။

တောင်တရုတ်ပင်လယ် နှင့် မဟာဗျူဟာရေးရာ (အပိုင်း-၁)


(ပုံ-၁ : တောင်တရုတ်ပင်လယ် နယ်မြေပိုင်နက် အငြင်းပွားမှုပြ မြေပုံ) (Agency France Press)


နိဒါန်း အရှေ့တောင်အာရှမှာ နိုင်ငံအချင်းချင်း စစ်မက်ဖြစ်ပွားစေမယ့် ပဋိပက္ခဖြစ်နိုင်ချေအရှိဆုံး နေရာ တခုကို လက်ညှိုး ထိုးပြပါ ဆိုရင် မဟာဗျူဟာလေ့လာသူအများစုက တောင်တရုတ်ပင်လယ်ကို လက်ညှိုး ထိုးပြကြမှာဖြစ်ပါတယ်။ 

တက်စာကြိုက်တတ်သူတို့အတွက် သဘာဝဖြေဆေး



            သဘာဝဖြေဆေး ရှောက်ဘီလူး
 
   ထမင်းဟင်းချက်တတ်သူပီပီ ရောက်လေရာအရပ်ရှိ အသားငါးဈေးကိုတော့ ကျွန်မ သွားလေ့သွားထရှိပါတယ်။ မနှစ်က ငပုတောမြို့နယ်အပိုင် သင်ကမ်းကုန်းရွာလေးကို အလုပ် တာဝန်နဲ့ ရောက်သွားခဲ့ပါတယ်။

၂၀၁၅ ရွေးကောက်ပွဲ USDP နှင့် NLD ပြိုင်ဆိုင်ရမည့်ပွဲလို့ သမ္မတ ဦးသိန်းစိန်ပြောကြား

လာမယ့် ၂၀၁၅ ရွေးကောက်ပွဲဟာ ကြံ့ ခိုင်ဖွံ့ဖြိုးရေးပါတီ (USDP)နဲ့ အမျိုးသား  ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီတို့  အကြိတ် အနယ် ပြိုင်ဆိုင်ကြရမယ့်  ရွေးကောက်ပွဲဖြစ်ကြောင်း သမ္မတကြီး ဦးသိန်းစိန်က အာအက်ဖ်အေကို စက်တင်ဘာလ ၂၈ ရက်က ပြော လိုက်ပါတယ်။

နေပြည်တော်ဆန္ဒထုတ်ဖော်ပွဲဦးဆောင်သူ(၂)ဦးအား ဒဂုံတရားရုံးတွင် စတင်စစ်ဆေး

အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့ တွင်  နေပြည်တော်သို့သွားရောက် ရန်ဆန္ဒ ထုတ်ဖော်ရန် ဦးဆောင်သူနှစ်ဦးအား  မြို့နယ်(၆)မြို့နယ်မှ အမှုဖွင့်ထားမှုနှင့်ပတ်သက်၍ ဒဂုံမြို့နယ်တရားရုံးတွင် ယနေ့ စက်တင် ဘာလ(၂၈)ရက်နေ့တွင် ရုံးချိန်းစတင်စစ်ဆေးနေပြီဖြစ်သည်။

 ကိုဂျော်ဂွမ်းနှင့် မမေစံပယ်ဖြူ (ဖြူဖြူခေါန်ထွယ်) တို့အား တရားစွဲဆိုမှုကို ဒဂုံမြို့ နယ်ရဲစခန်းမှူး ဦးထွန်းထွန်းဝင်းမှ တရားလိုပြသက်သေအဖြစ် ထွက်ဆိုခဲ့သည်။

စစ်တွေရဲ့ ယနေ့ ဂယက် မောင်တောမြို့ထိ ရိုက်ခတ်

စစ်တွေမြို့တွင် အဓိဂရုဏ်း  ဖြစ်ပေါ်နေပြီ ဆိုသော ကောလဟလ သတင်းကြောင့်  မောင်တောမြို့ တည်ငြိမ်ရေး ပျက်ပြားသွား ခဲ့သည်ဟု သိရသည်။

“စစ်တွေမှာ ရခိုင်နဲ့ ဘင်္ဂလီတွေ ပြဿနာဖြစ်နေပြီ  သတင်း ကြားတာနဲ့ ဒီမှာလည်း ရခိုင် တွေ ဈေးဆိုင်တွေကိုသိမ်း ကိုယ့်အိမ်ကိုယ်ဝင်၊ ဘင်္ဂလီတွေ လည်းဆိုင်တွေ ပိတ်ပြီး ပြေးကြတော့ တစ်မြို့လုံးဆူသွားတယ်” ဟု မောင်တောမှ အိမ်ရှင်မ အမျိုးသမီး တစ်ဦးက ပြောသည်။