Edit This Menu
Tuesday, October 9, 2012
မြန်မာနိုင်ငံဆိုင်ရာ ချက်သမ္မတနိုင်ငံ သံအမတ်ခန့်အပ်
ဥရောပ သမဂ္ဂအဖွဲ့ဝင် နိုင်ငံတနိုင်ငံဖြစ်တဲ့ ချက်သမ္မတနိုင်ငံနဲ့ မြန်မာနိုင်ငံတို့ သံတမန် ဆက်ဆံရေး ပြန် လည် စတင်လိုက်ပါပြီ။
မြစ်ကြီးနားမြို့တွင် အုပ်စုဖွဲ့သားမယား ပြုကျင့်သူများအား ဖမ်းဆီးရမိ
၂၀၁၂ ခုနှစ် အောက်တိုဘာလ ၃ ရက် ည ၉ နာရီ ၅ မိနစ်တွင် မြစ်ကြီးနားမြို့၊
ကြာရာပတ္တီး (ဘီ) နယ်မြေ၊ တပ်ကုန်း ရပ်ကွက်၊ ဦးချစ်ဆွေ၏ ရာဘာခြံဝင်းအတွင်းရှိ နေအိမ်တွင် နေထိုင်သော ဒေါ်----- (၄၀)နှစ် (ဘ) ဦးဖုန်းငို၊
ရာဘာခြံ အလုပ်သမသည် သား(၂)ဦး၊ အမီး(၃) ဦးတို့ နှင့် အတူ အိပ်ပျော်နေစဉ်
နေအိမ်ပေါ်သို့ လူတက်လာသံကြား၍ လန့်နိုးပြီး ကြည့်ရှုရာ နေအိမ်ပေါ်၌ အမည်
မသိလူ (၁) ဦး၊ နေအိမ်
Monday, October 8, 2012
ပုဂံမြို့ဟောင်းတွင် အဆောက်အဦးအသစ်များ ရပ်တန့်စေရေး သမ္မတထံစာတင်မည်
ကမ္ဘာ့ရှေးဟောင်းယဉ်ကျေးမှုအေ မွအနှစ်စာရင်းဝင်လို၍
ပုဂံမြို့ဟောင်း၌ အဆောက်အဦးအသစ်များ တိုးချဲ့ ဆောက်လုပ်နေ့သည့် ကိစ္စအား
နိုင်ငံတော်သမ္မတထံ တင်ပြတောင်းဆိုကြမည် ဖြစ်သည်။
ပုဂံမြို့ဟောင်းနယ်မြေအတွင်းရှိ
ဟိုတယ်များ၊ စားသောက်ဆိုင်များ၊ ကဇာတ် ဖျော်ဖြေရေး၊ လူနေအိမ် များ
ဆောက်လုပ်နေမှု အပေါ် နိုင်ငံတော်သမ္မတထံသို့ စာတင် သွားမည်ဖြစ်ကြောင်း
ပုဂံရှေးဟောင်းနယ်မြေ ယဉ်ကျေးမှု ထိန်းသိမ်းစောင့်ေ ရှာက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့က သိရှိရသည်။
ပုဂံမြို့ဟောင်းနယ်မြေအတွင်
မလေးရှားသံအမတ်ကြီး ဦးဆောင်သည့်အဖွဲ့ ရခိုင်ဒုက္ခသည်စခန်းများသို့ သွားရောက်

ရခိုင်ပြည်နယ်ရှိ ဘေးဒဏ်သင့်ဒေသမှ ပြည်သူများအတွက်
လူမှုရေးအကူ အညီ များပေးရန် ရောက်ရှိ နေသည့် မလေးရှားနိုင်ငံ သံအမတ်ကြီး
H.E>Dr Ahmad Faisal Muhamad ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့မှာ
စစ်တွေမြို့ နယ်ရှိ ဘေးဒဏ် သင့်ဒုက္ခသည် စခန်း များသို့ အောက်တိုဘာလ(၈)ရက်နေ့က
သွားရောက်လေ့ လာခဲ့သည်။ အဆိုပါသံအမတ်ကြီးသည် အောက်တိုဘာလ(၇)ရက်နေ့က စစ်တွေမြို့ သို့ ရောက်ရှိခဲ့ခြင်းဖြစ်ပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ
အကူအညီပေးရေး လုပ်ငန်းများ ဆောင်ရွက်ရန် ရောက်ရှိလာ ခြင်းဖြစ်ပြီး
၎င်းနှင့်အတူ ဘာသာရေးအသင်းအဖွဲ့ များမှ ခေါင်းဆောင်များအပါအဝင် (၄၅) ဦး
ပါဝင်သည်။

ရခိုင်ပြည်နယ်ရှိ ဘေးဒဏ်သင့်ဒေသမှ ပြည်သူများအတွက်
လူမှုရေးအကူ အညီ များပေးရန် ရောက်ရှိ နေသည့် မလေးရှားနိုင်ငံ သံအမတ်ကြီး
H.E>Dr Ahmad Faisal Muhamad ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့မှာ
စစ်တွေမြို့ နယ်ရှိ ဘေးဒဏ် သင့်ဒုက္ခသည် စခန်း များသို့ အောက်တိုဘာလ(၈)ရက်နေ့က
သွားရောက်လေ့ လာခဲ့သည်။ အဆိုပါသံအမတ်ကြီးသည် အောက်တိုဘာလ(၇)ရက်နေ့က စစ်တွေမြို့ သို့ ရောက်ရှိခဲ့ခြင်းဖြစ်ပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ
အကူအညီပေးရေး လုပ်ငန်းများ ဆောင်ရွက်ရန် ရောက်ရှိလာ ခြင်းဖြစ်ပြီး
၎င်းနှင့်အတူ ဘာသာရေးအသင်းအဖွဲ့ များမှ ခေါင်းဆောင်များအပါအဝင် (၄၅) ဦး
ပါဝင်သည်။ပြည်ပရင်းနှီးမြှုပ်နှံမှုများအပေါ် လုပ်ငန်းရှင်များက အားမရဖြစ်နေ
နိုင်ငံခြားငွေရင်းနှီးမြှု ပ်နှံမှုဥပဒေမူရေးဆွဲနေချိန် ၌ ပြည်ပမှစီးပွားရေးလုပ်ငန်းရှင်များက ရင်းနှီးမြှုပ်နှံမှု နေကြသည့် အပေါ် တွင် ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်များနှင့် ဘဏ်လုပ်ငန်းရှင်များက အားရမှု မရှိကြောင်း သိရှိရသည်။
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေမှုကြမ်းကို နိုင်ငံတော်သမ္မတမှလွှတ်တော်ဆီ
ပြန်ချပေးနေချိန်တွင် အဆိုပါ ဥပဒေ၌ပါဝင်သည့် ကန့်သတ်ချက်များမှာ
များပြားနေခြင်းကြောင့် ယခုကဲ့သို့ အားမရဖြစ် နေကြောင်း
စီးပွားရေး လုပ်ငန်းရှင်တို့ က ဆိုသည်။
မြန်မာနိုင်ငံရင်းနှီးမြှုပ
မြန်မာကို ဥပမာပေး၍ တောင်ကိုရီးယားသမ္မတက မြောက်ကိုရီးယားအား အပြောင်းအလဲလုပ်ရန် တိုက်တွန်း
တောင်ကိုရီးယားသမ္မတ လီမြောင်ဘတ်က ကမ္ဘာပေါ်တွင် မည်သည့်တိုင်းပြည်မှ
ကမ္ဘာလုံးဆိုင်ရာ ဒီမိုကရေစီ လှုပ်ရှားမှု ဖြစ်ပေါ်လာသည်ကို ငြင်းဆန်၍မရကြောင်း၊
ဒီမိုကရေစီ လှုပ်ရှားမှုများသည် မြောက်အာဖရိက၊ အရှေ့ အလယ်ပိုင်းနှင့်
မြန်မာတို့မှ အာဏာရှင်အစိုးရများကို ဖြုတ်ချပြီး အပြောင်းအလဲများနှင့်
ပွင့်လင်းမှုတို့ ကို ဖော်ဆောင် ရန် တွန်းအားပေးနေကြောင်း ပြောကြားလိုက်သည်။
သမ္မတ ဦးသိန်းစိန် ယခုနှစ် နိုဘယ်ငြိမ်းချမ်းရေးဆု ထိပ်ဆုံးထင်ကြေး ငါးဦး စာရင်းတွင်ပါဝင်
ယခုနှစ် အောက်တိုဘာလ ၁၂ ရက်နေ့တွင် နိုဘယ်ငြိမ်းချမ်းရေး ဆုရသူကို
ထုတ်ပြန်ကြေညာ မည်ဖြစ်ရာ မြန်မာသမ္မတ ဦးသိန်းစိန်မှာ ထိပ်ဆုံးက
ထင်ကြေးပေးခံရသူ ၅ ဦးတွင် ပါဝင်လျက်ရှိကြောင်း Bloomgerg သတင်း တွင်ဖော်ပြ
ထားသည်။
နိုဘယ်ငြိမ်းချမ်းရေးဆုအတွက် နာမည်စာရင်း တင်သွင်း ထားသူ လူပုဂ္ဂိုလ်နှင့်
အဖွဲ့အစည်းပေါင်းမှာ ၂၃၁ ခု ရှိကြောင်း နိုဘယ် ငြိမ်းချမ်းရေး
ဆုရွေးချယ်ရေးကော်မတီ သတင်း Website တွင်ဖော်ပြထားသည်။ဒေါ်အောင်ဆန်းစုကြည်ပြောကြားသည့် ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး
"ကျွန်မတို့ နိုင်ငံပညာရေးစနစ်ကို အင်မတန်မှ ပြုပြင်ပြောင်းလဲဖို့
လိုပါတယ်။ အင်မတန်မှကို အခြေအနေ ဆိုးနေ ပါတယ်။ အခြေခံပညာရေးစနစ်ဟာ
ကလေးတွေအတွက် တကယ်ပညာပေးတဲ့စနစ်ကို မဟုတ်ပါ ဘူး။ ကျောင်း မသွားနိုင်တဲ့
ကလေးတွေ နှုန်းကလည်း အရမ်းကိုများပါတယ်။ နယူးယောက်မှာ ကလေးတိုင်းကျောင်း သွားရေး
ကိစ္စနဲ့ပတ်သက်ပြီး ၀င်ပြီးဆွေးနွေးခဲ့တာရှိတယ်။ အဲဒီကိစ္စနဲ့ပတ်သက်ပြီး
အစီအစဉ်တွေ လုပ်ငန်းတွေ အကောင်အထည်ဖော်ဖို့က ရည်ရွယ်ချက်ရှိပါတယ်။
မကြာခင်လည်း လုပ်နိုင်မယ်လို့ မျှော်လင့်ပါတယ်။ အခြေခံ
ပညာရေးကိုလည်းလုပ်ရမယ်။ အဆင့်မြင့်ပညာရေးကိုလည်း လုပ်ရမယ်။ ဒီ့အပြင်
အသက်မွေးဝမ်းကျောင်း ပညာနဲ့ ကျောင်းပြင်ပ ပညာရေးကိုလည်း လုပ်ရပါမယ်"
ဒေါ်အောင်ဆန်းစုကြည်ပြောသည့် တရုတ်ခရီးစဉ်ကိစ္စ
"တရုတ်နိုင်ငံကို သွားဖို့က ဘာမှ အစီအစဉ်မရှိသေးပါဘူး။ ဒါပေမဲ့လည်း
သွားချင်တဲ့စိတ်တော့ရှိပါတယ်။ သွားချင် တဲ့စိတ်ဆိုတာကလည်း အမေရိကန်
ပြည်ထောင်စုကိုသွားလို့ ဒီတရုတ်နိုင်ငံကနေပြီးတော့
စိုးရိမ်မှာ စိုးလို့ဆိုတဲ့ စိတ်နဲ့မဟုတ်ပါဘူး။ တရုတ်နိုင်ငံက
အိမ်နီးချင်းနိုင်ငံလည်း ဖြစ်တယ်။ အိမ်နီး ချင်းနိုင်ငံကြားမှာ
ဆက်ဆံရေး ကောင်းဖို့ဆိုတာလည်း အရေးကြီးလို့ သွားချင်တဲ့စိတ်ရှိတာပါ။
တရုတ်နိုင်ငံ သူ၊ နိုင်ငံသားတွေ ကလည်း ကျွန်မတို့ကို တော်တော်လေး ဖေးဖေးမမ
ရှိပါတယ်။ တရုတ်နိုင်ငံကပြည် သူတွေ နဲ့ မြန်မာပြည် သူတွေကြားမှာ
ပိုပြီးရင်းနှီးမှု ရှိစေချင်လို့ သွားချင်တာပါ။ တရုတ်နိုင်ငံကပဲ ဖြစ်ဖြစ်
အမေရိကန်ပြ ည်ထောင် စုကပဲ ဖြစ်ဖြစ် မြန်မာနိုင်ငံက ဟိုဘက်ဒီဘက် သိပ်ပြီးတော့
နီးစပ်သွားမှာ စိုးရိမ်မှုတွေကတော့ ရှိဖို့မလိုဘူးလို့ ထင်ပါတယ်"
From- 7Day News Journal
စစ်တွေ အောင်မင်္ဂလာရပ်ကွက် လုံခြုံရေး တိုးမြှင့်ချထား
စစ်တွေမြို့တွင်
ယမန်နေ့က မီးလောင်မှု ဖြစ်ပွားခဲ့သည့် အောင်မင်္ဂလာ ရပ်ကွက် လမ်းအစမှ အဆုံး
ပိတ်ထား ကာ လုံခြုံရေးတပ်များ တိုးမြှင့်၍ ချထားကြောင်း ရခိုင်ဒေသခံ တစ်ဦးက
ပြောသည်။
မျိုးဆက်သစ်ပြဿနာ ဒေါ်အောင်ဆန်းစုကြည် မှတ်ချက်ပြုပြောကြား
"အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကတော့ ရုန်းကန်ခဲ့ရတာ အနှစ် ၂၀ ကျော်ပါပြီ။
အနှစ် ၂၀ ကျော်လို့လည်း အားလုံးသိတာလည်းမဟုတ်ဘူး။ အားလုံးမှန်တာလည်း
မဟုတ်ပါဘူး။ အခုမှ အရင်တုန်းကထက်စာရင် ပိုပြီးတော့
လုပ်ပိုင်ခွင့်တွေရလာလို့ နိုင်ငံရေးပါတီတစ်ခုအနေနဲ့ ပီပီပြင်ပြင်
ရပ်တည်နိုင်ဖို့ ကြိုးစားနေရတဲ့ အချိန်ပါ။ ဒီကြိုးစားနေတဲ့နေရာမှာ မျိုးဆက်သစ်တွေ အများကြီးလိုပါတယ်။
မျိုးဆက်သစ်တွေ ရှာတဲ့နေရာမှာ အဓိက ပြဿနာ တစ်ခုနဲ့ သွားသွားပြီး တိုးပါတယ်။
အဲဒီပြဿနာက ဘာလဲဆိုတော့ အင်မတန်မှ ညံ့ဖျင်းခဲ့တဲ့ ပညာရေးပြဿနာပါ။
နှစ်ပေါင်း ၅၀ ကျော် ညံ့ဖျင်းခဲ့တဲ့ ပညာရေးပြဿနာကြောင့်
မျိုးဆက်သစ်တွေထဲမှာ လုပ်နိုင်ကိုင်နိုင်တဲ့အရည်အချင်းပြည့်ဝတဲ့သူတွေ
ရှားသွားပါတယ်။ ကျွန်မတို့ရဲ့ ပြည်သူတွေ မတော်လို့ မဟုတ် ပါဘူး။ ပညာရေးစနစ်
ညံ့ဖျင်းလို့ဖြစ်ရတဲ့ ပြဿနာပါ။ ဒီအကျိုးဆက်ကို ကျွန်မတို့ တတ်နိုင် သလောက်
ပြုပြင်နိုင် ဖို့၊ ရုန်းထွက်နိုင်ဖို့ ကြိုးစားရမယ်"
From- 7Day News Journal
လာဘ်ပေးလာဘ်ယူ ကိစ္စများကို မီဒီယာများက ဖော်ထုတ် ရေးသားကြရန် ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း
တရားဥပဒေ စိုးမိုးရေးနှင့် လာဘ်ပေးလာဘ်ယူ ကိစ္စရပ်များကို ဖော်ထုတ် ရေးသားကြ ရန် ဒေါ်အောင် ဆန်းစုကြည် က အောက်တိုဘာလ ၈ ရက်နေ့ ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် တိုက်တွန်း ပြောဆို လိုက် သည်။ယင်းကဲ့သို့ ဖော်ထုတ် ရေးသားကြရာတွင် ပုဂ္ဂိုလ်ရေး ပုတ်ခတ် ရေးသားခြင်းမျိုး မဟုတ်ဘဲ တိတိ ကျကျ မှန်မှန် ကန်ကန် ရေးသားပေးကြရန် လိုအပ်ကြောင်း ပြောကြားလိုက်သည်။
From- The Voice Weekly
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ အမေရိကန်ခရီးစဉ်သတင်းစာရှင်းလင်းပွဲ အနှစ်ချုပ်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ ယနေ့ ပြုလုပ်သော အမေရိကန် ခရီးစဉ် သတင်းစာရှင်းလင်းပွဲတွင် ခရီးစဉ်အား သွားရောက်ရခြင်း ရည်ရွယ်ချက်၊ မီဒီယာ၏ အရေးပါမှု၊ မြန် မာနိုင်ငံ ၏ တရားစီ ရင်ရေး၊ ပညာရေးနှင့် ကျန်းမာရေးဆိုင်ရာ ကဏ္ဍများနှင့် ပတ်သက်ပြီး ရှင်းလင်းပြောကြား ခဲ့ပါသည်။
စည်းကမ်းမဲ့အငှားယာဉ်များကိုလည်း မထသ ကိုင်တွယ်တော့မည်
ရန်ကုန်မြို့တွင်းပြေးဆွဲလျှက်ရှိသော
အငှားယာဉ်များ စည်းကမ်းဖောက် ဖျက်နေမှုများနှင့်ပတ်သက်၍ အလျှင် အမြန်အရေး
ယူဆောင် ရွက်နိုင်ရန် ကြပ်မတ်သွားမည်ဖြစ်ကြောင်း မထသ(ဗဟို) က သိရသည်။
ရန်ကုန်မြို့တော်တွင် တက္ကစီယာဉ်များပြားလာပြီး ယာဉ်စည်းကမ်းဖောက်
ဖျက်မှုကြောင့် ယာဉ်ကြော ပိတ် ဆို့ခြင်း၊ ကြပ်တည်းခြင်း များကြောင့်
စက်တင်ဘာလ (၂၈)ရက်နေ့ နိုင်ငံရေး နှင့် လုံခြုံရေးညှိနှိုင်း အစည်းအဝေး တွင်
ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်ဦးမြင့်ဆွေက မထသ(ဗဟို) အား တာဝန်ပေး
အပ်ထား လိုက်ခြင်း ဖြစ်သည်။
From- Shwe Myitmakha Media Group
အစ္စလာမ်ဘာသာသည် အကြမ်းဖက်တဲ့ဘာသာမဟုတ်ပါဘူး ဟု ၈၈ ကျောင်းသား ဦးကံညွန့်ဆို
သမ္မတ တာဝန် ယူရဲသည်ဟု ဒေါ်အောင်ဆန်းစုကြည် ပြော
ဆယ်ခုနှစ်ရက်ကြာ အမေရိကန် ခရီးစဉ်သို့ သွားရောက်ခဲ့ပြီး ယင်းခရီးစဉ်နှင့် ပတ်သက်သော အောက်တိုဘာ ၈ ရက်နေ့က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံးတွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် က မိမိအနေဖြင့် သမ္မတ တာဝန်ကို ယူရဲကြောင်း သတင်း မီဒီယာများသို့ ရဲဝံ့စွာ ပြောကြားသည်။
စစ်တွေ OIC ရုံးဖွင့်လှစ်ခြင်း ကန့်ကွက်ဆန္ဒပြပွဲ ယခုလ ၁၀ ရက်တွင်ပြုလုပ်ခွင့်ရရှိ
စစ်တွေတွင် OIC ရုံးဖွင့်လှစ်ခြင်းအား ကန့်ကွက်သည့်အနေဖြင့် စစ်တွေမြို့တွင်း အမျိုးသမီးထုသီးသန့် လှည့်လည်လမ်းလျှောက်၍
ဆန္ဒဖော်ထုတ်ခွင့်ကို ယခုလ ( ၁၀ )ရက်နေ့ တွင်ဒေသတွင်း အစိုးရမှ
နှုတ်ဂတိဖြင့် ပြုလုပ်ခွင့်ပေးလိုက်ကြောင်း ၄င်းဆန္ဒဖော်ထုတ်ပွဲ
တာဝန်ရှိသူတစ်ဦးထံမှသိရသည်။
ဘင်္ဂလားဒေ့ရှ် နိုင်ငံသံရုံးရှေ့တွင် ယနေ့ထပ်မံဆန္ဒပြမည်
ဘင်္ဂလားဒေ့ရှ်
နိုင်ငံ ကောက်ဘဇားခရိုင်နှင့် နေရာအချို့တွင် ဗုဒ္ဓဘာသာဝင်များ
အကြမ်းဖက်ခံရမှုနှင့် ပတ်သက်၍ ရန်ကုန်မြို့ရှိ သံဃာများက
ယနေ့မွန်းလွဲပိုင်းတွင်လည်း ထပ်မံဆန္ဒပြဦးမည်ဟု သိရှိရသည်။
ယနေ့မွန်းလွဲ ၁ နာရီခွဲဝန်းကျင်တွင် ပြည်သူ့ယင်ပြင်ရှေ့တွင်စုဝေးကာ
အင်းလျားလမ်းရှိ ဘင်္ဂလားဒေ့ရှ် သံရုံးရှေ့ သို့ သွားရောက် ဆန္ဒထုတ်ဖေါ်မည်ဟု
ယခုလောလောဆယ်ရရှိသည့် သတင်းများအရ သိရသည်။
ယခင်သီတင်းပတ်
ကြာသာပတေးနေ့နှင့် သောကြာနေ့များတွင် အသီးသီးဆန္ဒထုတ်ဖေါ်ခဲ့ကြရာ
ယနေ့ဆန္ဒပြမှု သည် တတိယနေ့မြောက် ဆန္ဒပြမှု ဖြစ်မည်ဖြစ်သည်။
From- Yangon Press International
ယခင်သီတင်းပတ် ကြာသာပတေးနေ့နှင့် သောကြာနေ့များတွင် အသီးသီးဆန္ဒထုတ်ဖေါ်ခဲ့ကြရာ ယနေ့ဆန္ဒပြမှု သည် တတိယနေ့မြောက် ဆန္ဒပြမှု ဖြစ်မည်ဖြစ်သည်။
ဧရာဝတီ မြစ်ဆုံစီမံကိန်း ဆက်လက်လုပ်ဆောင်ပါက အလယ်ပိုင်းဒေသ ကန္တာရ ဖြစ်သွားနိုင်ဟုဆို
မြန်မာနိုင်ငံ
ဧရိယာ တစ်ခုလုံး၏ ၅၅ ရာခိုင်နှုန်းခန့် ရယူဖြတ်သန်း စီးဆင်း နေသော
ဧရာဝတီမြစ်ကြီးတွင် မြစ်ဆုံ စီမံကိန်းကို ဆက်လက် အကောင်အထည်ဖော်
တည်ဆောက်ပါက မြန်မာနိုင်ငံ အလယ်ပိုင်းဒေသ တစ်ခုလုံး ကန္တာရ အဖြစ် ပြောင်းလဲ
သွားနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ပညာရှင် ဦးထွန်းလွင်က အောက်တိုဘာလ ၃
ရက်နေ့တွင် ရန်ကုန်မြို့ တော်ဝင်နှင်းဆီသီရိ ခန်းမ၌ ကျင်းပပြုလုပ်သည့်
ဧရာဝတီမြစ်ဆုံ စီမံကိန်း ရပ်ဆိုင်းခြင်း တစ်နှစ်ပြည့် အခမ်းအနားတွင်
ပြောကြားသည်။
ဘင်္ဂလာတွင် ဗုဒ္ဓသမိုင်းဝင်များ မီးရှိုးဖျက်ဆီးလုယူခံရသော ကိစ္စနှင့်ပတ်သက်၍ ဆွေးနွေး
မြေပြင်မှာ လေယာဉ် ၂ စီး တိုက်
![]() |
|
မြေပြင်မှာ လေယာဉ် ၂ စီး တိုက်မိကြပုံ၊
|
ယာဉ်တိုက်မှုဆိုတာ များသော အားဖြင့် ကားတိုက်မှုလို့ပဲ မျက်စေ့ ထဲ မြင်နေကြမှာပါ။
အခုတော့ အဲဒီလိုမဟုတ်ပါဘူး။ လွန်ခဲ့တဲ့ အောက်တိုဘာလ ၆ ရက်နေ့က စပိန်နိုင်ငံ မက်ဒရစ် ဘာရာဂျာ့စ် လေဆိပ်မှာ လေယာဉ်ချင်း တိုက်မိတဲ့ ယာဉ်တိုက်မှု ဖြစ်သွားခဲ့ပါတယ်။
ဖြစ်ပုံကလည်း ခရီးသည်တင် လေယာဉ် ၂ စင်း မြေပြင်မှာ တိုက်မိကြတာ လည်းဖြစ်ပါတယ်။
အခုတော့ အဲဒီလိုမဟုတ်ပါဘူး။ လွန်ခဲ့တဲ့ အောက်တိုဘာလ ၆ ရက်နေ့က စပိန်နိုင်ငံ မက်ဒရစ် ဘာရာဂျာ့စ် လေဆိပ်မှာ လေယာဉ်ချင်း တိုက်မိတဲ့ ယာဉ်တိုက်မှု ဖြစ်သွားခဲ့ပါတယ်။
ဖြစ်ပုံကလည်း ခရီးသည်တင် လေယာဉ် ၂ စင်း မြေပြင်မှာ တိုက်မိကြတာ လည်းဖြစ်ပါတယ်။
Sunday, October 7, 2012
ရိုဟင်ဂျာအရေး ဆောင်ရွက်မပေးနိုင်ကြောင်း ဦးသိန်းညွှန့် ပြော
ရခိုင်ပြည်နယ်မှာ မွေးဖွားကြီးပြင်းသော
မည်သူ့ကိုမဆို နိုင်ငံသားအဖြစ် လက်ခံ
အသိမှတ်ပြုသော်လည်း
‘ရိုဟင်ဂျာ’
ဟူသည် မြန်မာနိုင်ငံ သမိုင်းကော်မရှင်က
အသိမှတ်ပြုထားသော
လူမျိုးများထဲတွင်မပါဝင်၍ ရိုဟင်ဂျာ အရေးကို ဆောင်ရွက်ပေးမည် မဟုတ်ကြောင်း
အမျိုးသား ဒီမိုကရေစီ ပါတီသစ် NNDP ခေါင်းဆောင် ဦးသိန်းညွှန့် က
ပြောဆို လိုက်သည်။
KIA ကချင်ပြည်နယ် အနှံ အပြား မိုင်းထောင် နေ
အောက်တိုဘာလ(၄) ရက်တွင် ကချင်ပြည်နယ်၊ မြို့လှမြို့နယ်ခွဲ၊ အုတ်ချီရွာမှ
ရွာသား (၃) ယောက်ဟာ ကျွဲပျောက်၍ သွားရောက်ရှာဖွေစဉ် မြို့လှမြို့နယ်ခွဲရဲ့
အရှေ့ဘက် (၇) မိုင်လောက်ဝေးတဲ့နေရာမှာ ရှိတဲ့ ကိုင်းကြိုး လွင်တောင်ယာစုနဲ့ နန့်မလင်းတော ကြား
အမတ်ကြီးကုန်းရွာကို သွားတဲ့လမ်းပေါ်မှာ KIA ထောင်ထားတဲ့မိုင်းကို
နင်းမိပြီး မိုင်းပေါက်ကွာလို့ တစ်ယောက်သေ ဆုံးသွားတယ်လို့သိရပါတယ်။
ရန်ုကုန်မြို့ရှိ ကမ္ဘောဇ ဘဏ်များ၌ တစ်ရက်အတွင်း ကျပ်သန်းကိုးထောင် ခန့် ထုတ်ယူ
ယခု ရက်ပိုင်း အတွင်း ထွက်ပေါ်နေသော ကောလဟာလ
သတင်း များကြောင့် ရန်ကုန်မြို့တွင်းရှိ ကမ္ဘောဇဘဏ်များ၌
တစ်ရက်အတွင်း ကျပ်သန်း ကိုးထောင်ခန့် (ရှစ်ဘီလီယံ၊ ကိုးဘီလီယံ) နီးပါး
ငွေလာရောက်ထုတ်ယူမှုများဖြစ်ပေါ်ခဲ့ကြောင်း ကမ္ဘောဇဘဏ် ဒုတိယ ဥက္ကဋ္ဌ ဦးသန်းလွင် မှ မြန်မာနိုင်ငံ ဘဏ်များ အသင်း၌ ပြုလုပ်သော ဘဏ်လုပ်ငန်း ဆိုင်ရာ ရှင်းလင်းပွဲ အခမ်း အနား၌ ပြောကြား ခဲ့သည်။
၂လအတွင်း မြို့နယ်ရဲတပ်ဖွဲ့စခန်း (၃၃)ခုမှ ဖမ်းဆီးရရှိသည့် ခိုးကူးခွေ ခုနှစ်သောင်းကျော် ဖျက်ဆီး
၂၀၁၂ ခုနှစ် သြဂုတ်လ (၂၅)ရက် မှ အောက်တိုဘာ (၃)ရက် အတွင်း ရန်ကုန်တိုင်းဒေသကြီးမြို့နယ်
ရဲတပ်ဖွဲ့ စခန်း (၃၃)ခုမှ ဖမ်းဆီးသိမ်း ဆည်း ရရှိသော
ဆင်ဆာမဲ့နိုင်ငံခြားခွေ (ညစ်ညမ်း ၊သီချင်း ၊ဇာတ်လမ်း တွဲ) VCD , DVD အချပ်
များ နှင့် မြန်မာ ခိုးကူးခွေ (ကာရာအိုကေ ၊ ဇာတ်လမ်း ၊ လက်ဝှေ့ ၊ တရား)
စသည့် VCD ,DVD စုစုပေါင်း (၇၇၉၃၅) ချပ် ကို ပြန်ကြားရေး ၀န်ကြီးဌာန
၊မြန်မာ့ရုပ်ရှင် လုပ်ငန်း ဗီဒီယို ဆင်ဆာ မန္တလေးမြို့လျှပ်စစ် ပုဂ္ဂလိက လွှဲမည်
မန္တလေးမြို့တော် စည်ပင်သာယာ နယ်နမိတ် အတွင်းက မြို့နယ်တွေ အားလုံးကို
လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးရေး လုပ်ငန်း၊ ဓါတ်အားခ ကောက်ခံေ ရး
လုပ်ငန်းတွေကို
အများပိုင် ကုမ္ပဏီ တစ်ခုကို လွှဲပြောင်းဆောင်ရွက်ဖို့
စီစဉ်နေပြီး စမ်းသပ် ဆောင်ရွက်မှုတွေ စတင်နေပြီလို့ မန္တလေး တိုင်း ဒေ သကြီး
ဝန်ကြီးချုပ် ဦးရဲမြင့်က ပြောပါတယ်။
အဲသည့် ကုမ္ပဏီကမှ လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးရာမှာ လိုအပ်တဲ့ လျှပ်စစ်ပိုင်းဆိုင်ရာ တည်ဆောက်မှုအပိုင်းတွေကို ဆောင်ရွက်ရမှာဖြစ်ပြီး ဓါတ်အားပုံမှန်ဖြစ်ဖို့ လုပ်ဆောင် ရမှာ ဖြစ်တယ် လို့ ဆိုပါတယ်။
အဲသည့် ကုမ္ပဏီကမှ လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးရာမှာ လိုအပ်တဲ့ လျှပ်စစ်ပိုင်းဆိုင်ရာ တည်ဆောက်မှုအပိုင်းတွေကို ဆောင်ရွက်ရမှာဖြစ်ပြီး ဓါတ်အားပုံမှန်ဖြစ်ဖို့ လုပ်ဆောင် ရမှာ ဖြစ်တယ် လို့ ဆိုပါတယ်။
ပုပ်ရဟန်းမင်းကြီးရဲ့ ဘဏ္ဍာစိုးဟောင်း ထောင်ကျ
ရိုမန်ကက်သလစ် ခရစ်ယာန် ဘာသာဝင်တွေရဲ့ သာသနာပိုင် ပုပ်ရဟန်း မင်းကြီး
ဘယ်နဲဒစ်(တ်) (Pope Benedict) ရဲ့ ဘဏ္ဍာထိန်းဖြစ်ခဲ့သူကို၊
ပုပ်ရဟန်းမင်း ကြီးရဲ့ ကိုယ်ရေးကိုယ်တာ စာရွက်စာတမ်းတွေ ခိုးယူပြီး စာနယ်ဇင်း သမား တစ်ဦးဆီကို ပေးပို့ခဲ့မှုဟာ ပြစ်မှုထင်ရှားတယ်လို့၊ ဗာတီကန် (Vatican) က တရားရုံးတစ်ရုံးကနေ စနေနေ့က ဆုံးဖြတ်လိုက် ပါတယ်။
ပုပ်ရဟန်းမင်း ကြီးရဲ့ ကိုယ်ရေးကိုယ်တာ စာရွက်စာတမ်းတွေ ခိုးယူပြီး စာနယ်ဇင်း သမား တစ်ဦးဆီကို ပေးပို့ခဲ့မှုဟာ ပြစ်မှုထင်ရှားတယ်လို့၊ ဗာတီကန် (Vatican) က တရားရုံးတစ်ရုံးကနေ စနေနေ့က ဆုံးဖြတ်လိုက် ပါတယ်။
Subscribe to:
Comments (Atom)










+U+Mayanlwan.jpg)



