Wednesday, October 10, 2012

မြန်မာ-ကိုရီးယားစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန် သမ္မတနှစ်ဦးသဘောတူ ဆိုးလ်

မြန်မာသမ္မတဦးသိန်းစိန်သည် တောင်ကိုရီးယားသမ္မတ လီမြောင်ဘတ်နှင့် နှစ်နိုင်ငံစီးပွားရေး ပူးပေါင်းဆောင် ရွက်ရန် ဆွေးနွေးခဲ့ရာတွင် နှစ်နိုင်ငံကြား ရင်းနှီးမြှုပ်နှံမှု အာမခံချက်ပေးရေး စာချုပ်ကို ညှိနှိုင်းရန်လည်း သဘောတူခဲ့သည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ခရီးသွားဝင်ရောက်မှုစာရင်း၌ တရုတ်လူမျိုးဦးရေကို ကျော်လွန်ကာ ဂျပန်ခရီးသွားများက ဒုတိယ နေရာသို့ ရောက်ရှိ

မြန်မာနိုင်ငံသို့ ခရီးသွားဧည့်သည်များ လာရောက်ရာတွင် အဓိက ၀င်ပေါက်ဖြစ်သော ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ခရီးသွား ၀င်ရောက် မှု၌ တရုတ်လူမျိုးခရီးသွားဦးရေကို ကျော်လွန်ကာ ဂျပန်ခရီး သွားများက ဒုတိယနေရာသို့ ရောက်ရှိ လာကြောင်း သတင်းရရှိပါသည်။

ဘင်္ဂလားဒေ့ရှ် ဘာသာရေး အကြမ်းဖက်မှုအပေါ် စစ်တွေတွင် သံဃာတော်များ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်

ရခိုင်ပြည်နယ်အတွင်း ဇွန်လပိုင်းက ရခိုင်-ဘင်္ဂါလီ အရေးအခင်း များ ဖြစ် ပွား အပြီး ပထမဆုံး တရားဝင် ဆန္ဒဖော်ထုတ်ပွဲ တစ်ရပ်ကို ယနေ့မွန်း လွဲ ၂ နာရီခန့်က စစ်တွေမြို့ ရှိ သံဃာတော်များ ဦးဆောင် ကျင်းပပြုလုပ်ခဲ့သည်။ စစ်တွေမြို့တွင် ဘင်္ဂလားဒေ့ရှ် ကောင်စစ်ဝန်ရုံးရှေ့ ၌ ပြုလုပ်သော အဆိုပါ ဆန္ဒဖော်ထုတ်ပွဲတွင် စစ် တွေမြို့တွင်းရှိ ဘင်္ဂါလီ

အမေရိကန်နိုင်ငံ၏ နျူကလီးယားစွမ်းအင်သုံးလေယာဉ်တင်သင်္ဘောကြီး (၂)စီး အရှေ့တောင်အာရှဒေသအတွင်းသို့ ရောက်ရှိ

အမေရိကန်နိုင်ငံ၏ နျူကလီးယားစွမ်းအင်သုံး အဆင့်မြင့်ေ လယာဉ်တင် သင်္ဘောကြီး (၂)စီးဖြစ်သော USS John C. Stennis နှင့် USS George Washington တို့သည် ယခုအပတ်အတွင်း အာဆီယံဒေသ သို့ ရောက်ရှိလာခဲ့သည်။ ယနေ့ (၉-၁၀-၂၀၁၂) ရက်နေ့တွင် လေယာဉ် တင်သင်္ဘော USS John C. Stennis သည် ထိုင်းနိုင်ငံ၊ ဖူးခက် ကမ်းခြေတွင်၎င်း၊ USS George Washington သည် မလေးရှားနိုင်ငံ port klang ဆိပ်ကမ်းတွင်၎င်း ရပ်နားထားကြောင်း သိရှိရသည်။ ယခုကဲ့သို့ အာဆီယံနိုင်ငံများသို

မြန်မာအနေနှင့် နိုင်ငံတကာအသိုင်းအ၀ိုင်းတွင် ပြန်လည်ဝင်ဆံ့နိုင်ရေး စီးပွားရေးဝန်းကျင်ကောင်းတစ်ခုဖန်တီးနေကြောင်း သမ္မတပြောကြား

မြန်မာနိုင်ငံအနေနှင့် နိုင်ငံတကာအသိုင်းအ၀ိုင်းတွင် ပြန်လည်ဝင်ဆံ့နိုင်ရေးအတွက် လိုအပ်သည့် စီးပွားရေး ၀န်းကျင်ကောင်းတစ်ခုကို ဖန် တီးနေ ကြောင်း နိုင်ငံတော် သမ္မတဦးသိန်းစိန်က အောက်တိုဘာလ ၉ရက် တွင် တောင်ကိုရီးယားနိုင်ငံ KOTRA ဌာနချုပ်ရုံး၌ ပြု လုပ်သော မြန်မာရင်းနှီးမြုပ်နှံမှုဖိုရမ်တွင် မိန့်ခွန်းပြောကြား စဉ် ထည့်သွင်းပြောကြားသွားသည်။

Asia World ကုမ္ပဏီမှ ကျပ်သန်းထောင်ကျော် ရရန်ရှိသည်ဟု လုပ်ငန်းရှင် ၁ဝ ဦး ဆို

Asia World ကုမ္ပဏီမှ ပေးရန်ကျန်ရှိနေသည့် အကြွေးများကို သုံးလ အတွင်း မပေးချေလျှင် အဆိုပါ ကုမ္ပဏီအား ဆန္ဒဖော်ထုတ်၍ အကြွေးတောင်းမည် ဟု ဆောက်လုပ် ရေး လုပ်ငန်းရှင် ၁ဝ ဦးက ပြော သည်။ Asia World ကုမ္ပဏီဘက်မှ ဆောက်လုပ်ရေး လုပ်ငန်းရှင် ၁ဝဦး ကိုပေးရမည့် ကျပ်သန်းပေါင်း ၁၁၁၆ ဒသမ ဝ၁ ကို ယခုတိုင် မပေးချေသေး သည့် အတွက်ကြောင့် ယခုကဲ့သို့ ပြောကြားခြင်းဖြစ်

ရခိုင် အမျိုးသမီးများ ဆန္ဒပြရန် လျှောက်ထားမှု ကန့်သတ်ချက်ဖြင့် ခွင့်ပြု

ရခိုင်ပြည်နယ် အနှံ့ မှီတင်း နေထိုင်လျှက် ရှိသည့် မြန်မာ အမျိုးသမီးများ၏ ဘဝ လုံခြုံရေးအတွက် ဆန္ဒ ဖော်ထုတ် ရန် စစ်တွေမြို့ရှိ ရခိုင် အမျိုးသမီးများက ခွင့်ပြုချက်တောင်းခံထားမှုကို ပြည်နယ် ရဲတပ်ဖွဲ့မှူးက ကန့်သတ်ချက်ဖြင့် ခွင့်ပြု လိုက်ကြောင်း ယင်းဆန္ဒဖော်ထုတ်ပွဲကို ဦးဆောင် ပြုလုပ်မည့် ဒေါ်ညိုအေးက The Voice Weekly သို့ ပြော ကြားသည်။

စစ်တွေရောက် အဝေးသင် တက္ကသိုလ် ကျောင်းသားများ လုံခြုံရေး စိတ်မချ

စစ်တွေမြို့သို့  အဝေးသင် တက္ကသိုလ် စာမေးပွဲ ဖြေဆိုရန် ရောက်နေကြ သည့် နယ်မှ  ကျောင်းသား ကျောင်းသူများ အနေဖြင့် လတ်တလော စစ်တွေတွင်  ဖြစ်ပွားနေသော အခြေအနေများကြောင့် လုံခြုံရေး စိတ်မ ချ ဖြစ်နေကြ သည်ဟု ဆိုသည်။

မြောက်ကိုရီးယား ဒုံးကျည်ကြွားမယ့်အစား ပြည်သူကို ဝအောင်ကျွေးသင့်

တောင်ကိုးရီးယားရဲ့  ပဲ့ထိန်းတပ် ဒုံးကျည်တွေကို လက်ရှိထက် သုံးဆပိုမို တဲ့ အကွာ အဝေးထိ ပစ်နိုင်စွမ်း ရှိအောင် ချဲ့ထွင်ခွင့်ပြုတဲ့ စစ်ရေးသဘော တူညီ ချက်တစ်ရပ်ကို အမေရိကန်နဲ့ တောင်ကိုးရီးယားတို့ လက်မှတ်ရေး ထိုးပြီး နှစ်ရက်အကြာမှာ မြောက်ကိုးရီးယားက သူ့ရဲ့ ဒုံးကျည်တွေဟာ အမေရိကန် ပြည်ထောင်စုအထိ ရောက်အောင် ပစ်နိုင်စွမ်းရှိတယ် လို့ အောက်တို ဘာ (၉)ရက်နေ့ အင်္ဂါနေ့က သတိပေးလိုက်ပါတယ်။

ဘင်္ဂလားဒေ့ရှ် သံအမတ်ကြီးက ရခိုင်အမျိုးသား ကွန်ရက်နှင့် တွေ့ဆုံလိုဟု ဆို

မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ် သံအမတ်ကြီးက ရန်ကုန်အခြေစိုက် ရခိုင်အမျိုးသားကွန်ရက်နှင့် တွေ့ဆုံ စကားပြောလိုသည်ဟု အလွတ် သဘော ကမ်း လှမ်းကြောင်း သတင်းရရှိသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းများ ဖျက်ဆီးခံရမှုနှင့် ပတ်သက်ပြီး ရန်ကုန်အခြေစိုက် ဘင်္ဂလားဒေ့ရှ်သံရုံးရှေ့ တွင် သံဃာတော်များ ဦးဆောင် ဆန္ဒပြပွဲများ ဆက်တိုက် ဖြစ်ပွားနေသည့် ကိစ္စနှင့်ပတ်သက်၍ မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ် သံအမတ်ကြီးက ရခိုင်အမျိုးသား ကွန်ရက်နှင့် တွေ့ ဆုံ စကားပြောလိုသည်ဟု သံရုံးဝန်ထမ်းတဦးမှတဆင့် ကမ်းလှမ်းခဲ့ကြောင်း အဆိုပါ ကွန်ရက် ဥက္ကဋ္ဌ ကိုတင်ထူးအောင်က ဧရာဝတီကို ပြောသည်။

ကချင်နှင့် ရခိုင်ပြည်နယ် နယ်စပ်ဂိတ်ပေါက်များမှ ယခုနှစ်ကုန်သွယ်မှု ဒေါ်လာသန်းရာနှင့်ချီကာ လျော့ကျသော်လည်း မြန်မာနိုင်ငံ၏ နယ်စပ်ကုန်သွယ်မှု ခြောက်လအတွင်း အမေရိကန်ဒေါ်လာ ၁ ဒသမ ၆ ဘီလျံအထိ မြင့်တက်

မြန်မာနိုင်ငံ၏ နယ်စပ်ကုန်သွယ်မှုမှာ မှောင်ခိုတင်သွင်းမှုများ များပြားနေသေးခြင်း၊ ကချင်နှင့် ရခိုင်ပြည်နယ်များရှိ နယ်စပ်ဂိတ်ပေါက်များမှ ကုန်သွယ်မှုအပြည့်အ၀မပြုနိုင်သေးသည့် အခြေ အနေများရှိသော်လည်း နယ်စပ် ကုန်သွယ်မှုပမာဏမှာ ခြောက်လအတွင်း အမေရိကန်ဒေါ်လာ ၁ ဒသမ ၆ ဘီလျံကျော်အထိ မြင့်တက်ခဲ့ကြောင်း စီးပွားရေးနှင့် ကူး သန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ချက်များအရသိရသည်။

မြောက်ကိုရီးယား တာဝေးပစ်ဒုံးလက်နက် အမေရိကန်ထိရောက်နိုင်

အောက်တိုဘာ (၉) ရက်တွင် အစိုးရတပ်များ ခံစစ်ယူ ထားသော ဒေါ့ဖုန်း ယန်မှ ၅ မိုင်ခန့် အကွာရှိ လွယ်ဂျေဘွမ်စခန်းအား KIA တပ်မဟာ(၅) တပ်ရင်း  (၂၄) မှ ၀င်ရောက် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အဆိုပါစခန်းတွင် အစိုးရတပ်ရင်းတစ်ရင်းမှ ခံစစ်ယူထားစဉ် KIA တပ်များမှ နေ့လည် (၁) နာရီခွဲခန့်မှ စတင်ထိုးစစ်ဆင်ခဲ့ရာ အစိုးရတပ်၏ လက်နက်ကြီး လက်နက်ငယ်ပစ်ခတ် မှုကြောင့် KIA  တပ်များ အကျအဆုံးများစွာဖြင့် ညနေ(၃)  နာရီခန့်တွင် ပြန်ဆုတ် သွားကြောင်း သိရပါသည်။

မြောက်ကိုရီးယား တာဝေးပစ်ဒုံးလက်နက် အမေရိကန်ထိရောက်နိုင်

တောင်ကိုရီးယားနိုင်ငံက သူ့ရဲ့ပဲ့ထိန်းတပ် ဒုံးကျည်တွေ ပျံသန်းရောက် ရှိနိုင်တဲ့ အကွာအဝေးကို ထပ်ပြီးတော့ တိုးမြှင့်ဖို့ ခွင့်ပြုကြောင်း တောင် ကိုရီးယားနဲ့ အမေရိကန်အစိုးရတို့ သဘောတူ လက်မှတ်ထိုးလိုက်ပြီး တဲ့နောက် နှစ်ရက်အကြာမှာပဲ မြောက်ကိုရီးယားက သူတို့ရဲ့ ဒုံးကျည်တွေ ဟာ အမေရိကတိုက်ကို ရောက်အောင် ပစ်ခတ်နိုင်တယ်လို့ သတိပေးသွား ပါတယ်။

မြန်မာ့တပ်မတော် အင်အား ၂၀ ရာခိုင်နှုန်းသုံး၍ ကေအိုင်အေအား တိုက်ခိုက်နေ

alt

ကချင်လွတ်မြောက်ရေးတပ်မတော် KIA ကို အစိုးရတပ် ၁၂၀ ရင်းခန့်က စစ်ဆင်နေပြီး ယင်းပမာဏမှာမြန်မာနိုင်ငံ တပ်အင်အားစုစုပေါင်း၏ ၂၀ ရာခိုင်နှုန်းကို အသုံးပြုထားကြောင်း စစ်ရေးစောင့်ကြည့်လေ့လာ သူများက ဆိုသည်။“KIA ကို ထိုးစစ်ဆင်နေတာ  တပ်မ ၆၆၊ ၇၇၊ ၈၈ တို့ပေါ့။ မကြာသေးခင် ကလည်း တပ်မ ၃၃  ထပ်တိုးလာသေး တယ်” ဟု KIA ပြော ရေး ဆိုခွင့်ရှိ သူ ဦးလနန်က ပြောပြသည်။

ဖားကန့်မြို့နယ်တွင် တိုက်ပွဲ ပြန်လည် ဖြစ်ပွားနေ

ချင်းမိုင်(မဇ္စျိမ)။   ။ တလခန့်ကြာ ငြိမ်သက်နေခဲ့ရာမှ ဖားကန့်မြို့နယ်အတွင်း ကချင်လွတ်လပ်ရေးအဖွဲ့ KIO တပ်နှင့် အစိုးရတပ်များအကြား အင်္ဂါနေ့ နံနက်ပိုင်းက တနာရီကျော်ကြာ တိုက်ပွဲဖြစ်ပွားခဲ့သည်။

ကားမိုင်းဘက်မှ တက်လာသော အင်အား ၂၀၀ ကျော်ရှိ အစိုးရ စစ်ကြောင်းအား လုံးခင်း ကျေးရွာအုပ်စု၊ လယ်ပြင်ကျေးရွာအနီး ဖားကန့်လမ်း၊ ပဇောက်ကွေ့တွင် KIO ၏ တပ်မဟာ ၂ လက်အောက်ခံ တပ်ရင်း ၆ တပ်ဖွဲ့နှင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း KIA ရှေ့တန်းမှ ဗိုလ်ကြီး လဒွဲ က ပြောသည်။  

ရခိုင်များကိုပါ ကူညီရန် OIC အား မလေးရှား တောင်းဆို

နယူးဒေလီ (မဇ္ဈိမ) ။       ။ ကမ္ဘာ့မူဆလင်အဖွဲ့ကြီး OIC မှ ကောက်ခံရရှိထားသော လှူဒါန်းမှုများကို ရခိုင်ပြည်နယ် အတွင်းရှိ ရိုဟင်ဂျာများအတွက်သာမကဘဲ ရခိုင် တိုင်းရင်းသားများ အတွက်ပါ ထောက်ပံ့ကူညီ မှုများ ပြုလုပ်သွားရန် မလေးရှားနိုင်ငံက တောင်းဆိုလိုက်သည်။

လက်ပံတောင်း စီမံကိန်း ရပ်ရန် ရွာသင်္ချိုင်းတွင် သရုပ်ဖော် ဆန္ဒပြ

နယူးဒေလီ (မဇ္ဈိမ) ။        ။ လက်ပံတောင်း ကြေးနီစီမံကိန်း ကန့်ကွက်သည့်အနေဖြင့် ဘိုးဘွားများ၏ အုတ်ဂူသို့ သွားရောက် တိုင်တည်သည့် သရုပ်ဖော် ဆန္ဒပြပွဲ (Performance Art)တရပ် အင်္ဂါနေ့ နေ့လည် က ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

မြန်မာနဲ့ တောင်ကိုရီးယားသမ္မတတို့ ၂ နိုင်ငံဆက်ဆံရေးတိုးမြှင့်ဖို့ ဆွေးနွေး

သမ္မတဦးသိန်းစိန်နှင့် တောင်ကိုရီးယားသမ္မတ အီမြောင်ဘတ်။ မြန်မာသမ္မတ ဦးသိန်းစိန်ဟာ သူ့ရဲ့ တောင်ကိုရီးယားခရီးစဉ် ဒုတိယနေ့ ဒီကနေ့ ညနေစောင်းက သမ္မတ အီမြောင်ဘတ်နဲ့ တွေ့ဆုံပြီး ရင်းနှီးမြှုပ်နှံ မှုတွေကို အာမခံမယ့် သဘောတူညီမှု ရ ရှိအောင် နှစ်နိုင်ငံ အကြား ဆွေးနွေး ညှိနှိုင်းသွားကြမယ်လို့ တောင်ကိုရီးယားသမ္မတရုံးက သတင်း ထုတ်ပြန်ခဲ့ပါတယ်။ ဒီကနေ့ အစောပိုင်းတုန်းကတော့ သမ္မတ ဦးသိန်းစိန်ဟာ တောင်ကိုရီးယားနိုင်ငံ က အလတ်စားနဲ့ အသေးစား စီးပွားရေးလုပ်ငန်း ရှင်တွေ နဲ့ တွေ့ဆုံခဲ့တာပါ။ အပြည့်အစုံကိုတော့ ဘန်ကောက်ရုံးကနေ ၀ိုင်းတော်သား ကိုဇော်ဝင်းလှိုင်က တင်ပြပေး ထားပါတယ်။

ဆူဇူကီ ကား စက်ရုံ မြန်မာမှာ တည်ဆောက်မယ်

အိန္ဒိယ နိုင်ငံတွင် ထုတ်လုပ် တပ်ဆင်သည့် Maruti Suzuki Car၊ ဓာတ်ပုံ- autoinfoz.com
ဂျပန်နိုင်ငံက ဆူဇူကီ မော်တာ ကော်ပိုရေးရှင်းကြီးက မြန်မာနိုင်ငံမှာ စက်ရုံဆောက်ဖို့ အစီအစဉ်ရှိပြီး တနှစ်မှာ ကား အစီးပေါင်း ၂၀၀၀၀ က ၃၀၀၀၀ ( ၂ သောင်းကနေ ၃ သောင်းထိ) တပ်ဆင် ထုတ်လုပ်ဖို့ အစီအစဉ် ရှိပါတယ်တဲ့။ 
မြောက်ကိုရီယားနိုင်ငံက သူတို့မှာ အမေရိကန်ပြည်ထောင်စု ကုန်းတွင်းပိုင်း အထိ ပစ်ခတ်နိုင်တဲ့ မဟာဗျူဟာမြောက် ဒုံးကျဉ်တွေ ပိုင်ဆိုင်ထား တယ်လို့ ယမန်နေ့ အောက်တိုဘာလ ၉ ရက်နေ့ က ပြောလိုက်ပါတယ်တဲ့။ 

ထိုင်းနိုင်ငံမှ မြန်မာရွှေ့ပြောင်းအလုပ်သမားများ မြန်မာနိုင်ငံထဲသို့ ပြန်လည်ဝင်ရောက် လုပ်ကိုင်မှုများပြားလာ

ထိုင်းနိုင်ငံတွင်လုပ်အားခနည်းပါးလာမှုနဲ့ လူနေမှုအသုံး စရိတ် မြင့်မား လာခြင်းကြောင့်  မြန်မာရွှေ့ပြောင်းအလုပ်သမားများမှ မိမိနိုင်ငံမှ စက်ရုံများ သို့ ပြန်လည်သွားရောက် လုပ်ကိုင်မှု များပြားလာကြောင်း သိရှိရသည်။

Tuesday, October 9, 2012

OIC အလို မရှိကြောင်း ရဟန်းတော်များ စစ်တွေတွင် ဆန္ဒပြတောင်းဆို

စစ်တွေတွင် ရဟန်းတော် အပါး ၇၀၀ ခန့်က ယနေ့ နေ့လည် ၂ နာရီကျော် က စစ်တွေမြို့ရှိ ဘင်္ဂလာဒေခ်ျ့ သံရုံးရှေ့သို့ သွားရောက်ပြီး OIC ကို အ လို မရှိကြောင်း ငြိမ်းချမ်းစွာ ဆန္ဒပြ တောင်းဆို ခဲ့ကြသည်ဟု သတင်း ရရှိသည်။

စစ်တွေ ရဟန်းတော်များ ဆန္ဒပြပွဲ လူပေါင်းသောင်းချီ ပူးပေါင်းပါဝင်

စစ်တွေတွင်  ယနေ့ ပြုလုပ်သော ရဟန်းတော်များ ဦးဆောင် ဆန္ဒပြပွဲသို့
လူပေါင်းသောင်းချီ ပူးပေါင်း ပါဝင်လာ သဖြင့် လူထု လူပ်ရှားမူ ဆန္ဒပြပွဲ တစ်ခု အဖြစ်သို့ ပြောင်းလဲ ရောက်ရှိသွားပြီ ဖြစ်ကြောင်း ဦးဆောင် ဆရာတော်  တစ်ပါးက နိရဉ္စရာသို့ မိန့်ကြားသည်။

ရွှေပြည်သာ မြို့နယ်တွင်း အုပ်ချုပ်ရေးမှူးအဖြစ် အမျိုးသမီး ၁၃ ဦး ရွေးချယ်ခံခဲ့ရ

ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ် အမှတ်(၈)ရပ်ကွက် အုပ်ချုပ်ရေးမှူးရွေးချယ်ရေးအတွက်  ဆယ်အိမ်စုကိုယ်စား လှယ်ရွေးချယ်  ရာတွင်အမျိုးသမီး(၁၃)ဦး ရွေးချယ်ခံခဲ့ရကြောင်း သိရှိရသည်။

ချောင်းသာ အမှတ်၆၅ မူလွန်ကျောင်းဆရာမလုံလောက်မှုပြဿနာ ကြုံတွေ့နေရ

ချောင်းသာရှိမူလတန်းလွန်ကျောင်းတွင် အစိုးရမှ တရားဝင်ချ ထားပေးေ သာ ဆရာအင် အားနှင့် ကျောင်းသားအင်အားနည်းနေရသည်ဟု ဆရာ ဦးအောင်နိုင် သူကပြောသည်။
“ရှိသင့်တဲ့အင်အားနဲ့ရှိနေတဲ့ ဆရာအင်အားမမျှတော့ လေ့ကျင့်ခန်းတွေလဲ ပြန်မ စစ်နိုင် နဲ့ ပညာရေးပိုင်းအားနည်းတယ်။သင်ကြားရတာလဲအခန်းမှာ ကလေးတွေပြည့် ကျပ်နေတော့အာရုံမစိုက်နိုင်တော့ဘူး” ဟုချောင်းသာေ ကျးရွာ အမှတ် ၆၅ မူလွန်ကျောင်းမှ ဆရာဦးအောင်နိုင်သူကပြောသည်။ အဆိုပါကျောင်းတွင် တရားဝင်ချထားပေးသည့် ကျောင်းအုပ်အပါအ၀င် ဆရာ ၆ဦးနှင့် ကျောင်း အကျိုးတော်ဆောင်အသင်းနှင့် ကျောင်းသားမိဘ များမှ ပူးပေါင်းကာ ဆရာ ၄ဦးဌား၍ ကလေးများ၏ ပညာရေးအားအားဖြည့် လျှက်ရှိသည်။ယခုပညာသင်နှစ် တွင် ကျောင်းသားအင်အား ၄၇၃ဦးနှင့် ဆရာအင်အားမျှ တမှုရှိသော်လည်း လာမည့်စာသင်နှစ်တွင် တိုးလာမည့်ကျောင်း သားဦးရေနှင့် ဆရာအင်အား မလောက် ဌ ကြောင်း ၄င်းကပြောသည်။

၂၀၁၄ ခုနှစ်အတွက် DV ကံစမ်းမဲ လျှောက်နိုင်ပြီ

Picture အမေရိကန်ပြည်ထောင်စုကို လာရောက်နေထိုင်လိုသူတွေအတွက် DV Lottery လို့ခေါ်တဲ့ ဒီဗွီ ကံစမ်းမဲ ထိုးနိုင်တဲ့အချိန် တခေါက်ရောက် လာပြန်ပါပြီ။ DV Lottery Diversity Visa အစီအစဉ် ကို အောက်တို ဘာလ ၂ ရက်နေ့မှာ စတင်ပြီးတော့ နိုဝင်ဘာလ သုံးရက်နေ့ မှာ လျှောက် လွှာ ပိတ် မှာ ဖြစ် ပါတယ်။ ဒီသတင်းနဲ့ပတ်သက်လို့ ဗွီအိုအေ ပါရှန်းဌာန ကနေပြီးတော့ Mana Rabiee ရဲ့ သတင်းလွှာကို ပေါင်း စပ်ပြီး မအေးသန္တာကျော် က တင်ပြပေး ထားပါတယ်။

မြန်မာ ကြွေးမည် ပြဿနာ ADB ကူညီမည်

မြန်မာနိုင်ငံ၏ ကြွေးမည် ပြဿနာ ဖြေရှင်းရေးအတွက် အာရှ ဖွံ့ဖြိုးရေး ဘဏ်(ADB)က အကူအညီ ပေးရန် ရှိကြောင်း သိရသည်။ ပဏာမ အစီအစဉ်အနေနှင့် ငွေကြေးဆိုင်ရာ နည်းနာပိုင်း အကူအညီပေးမည်ဖြစ်ကြောင်း ADB အကြီးအကဲ Haruhiko Kuroda ကို ကိုးကား၍ Reuters သတင်းတွင် ရေးသားထားသည်။ Kuroda သည် ယခုအပတ်အတွင်း ဂျပန်နိုင်ငံ တိုကျိုမြို့တွင် ကျင်းပ မည့် နိုင်ငံ တကာ ငွေကြေး ရန်ပုံငွေအဖွဲ့(IMF) အစည်းအဝေး တက်ရောက်ရန်ရှိပြီး မြန်မာနိုင်ငံအကူအညီ အစီအစဉ်ကို မကြာ ခင် စတင်နိုင် ရန် မျှော် လင့် ထားသည်ဟုလည်း သတင်းထောက်များကို ပြောကြားကြောင်း သိရသည်။
From- ဧရာဝတီ

ရခိုင်ပြည်နယ် စစ်တွေမြို့ဘင်္ဂလားဒေ့ရှ် ကောင်စစ်ဝန်ရုံးရှေ့တွင် ရခိုင်သံဃာတော်များ ဆန္ဒထုတ်ဖော်

ယနေ့နေ့လည် ၁ နာရီအချိန် တွင် စစ်တွေမြို့ အောင်မြေကုန်း ကျောင်း (စစ်တွေဘောလုံးကွင်းရပ်ကွက်) မှ သံဃာတော်များ စုပေါင်း ၍ ဘင်္ဂလားဒေ့ရှ်ကောင်စစ်ဝန်ရုံးရှေ့ တွင် အချက် ၅ ချက်ဖြင့် ဆန္ဒဖော် ထုတ်လျက်ရှိကြောင်း သတင်းရရှိ ပါသည်။

ကမ္ဘာ့ပထမဆုံး ပုဂ္ဂလိက အာကာသလွန်းပျံယာဉ် လွှတ်တင်

ကမ္ဘာ့ပထမဆုံး ပုဂ္ဂလိက အာကာသသွား လွန်းပျံယာဉ်ကို SpaceXက တနင်္ဂနွေနေ့ညတွင် လွှတ်တင်လိုက်ကြောင်း သိရှိရသည်။ SpaceX သည် လူလိုက်ပါခြင်း မရှိသော ကုန်တင်Capsuleယာဉ် တစ်စင်းကို အာကာသထဲရှိ နိုင်ငံတကာ အာကာသစခန်း (ISS)သို့ ပေးပို့ မည် ဖြစ်သည်။

ဒုံးကျည်ပစ်ခတ်နိုင်သည့် အကွာအဝေးတိုးမြှင့်မည့်ဟု တောင်ကိုရီးယားကြေညာ

မိမိတို့ နိုင်ငံမှ ပစ်ခတ်နိုင်သော ဒုံးကျည် အကွာအဝေးကို တိုးမြှင့် မည်ဖြစ်ကြောင်း တောင်ကိုရီးယား စစ်ဘက်က အတည်ပြု ကြေညာ ခဲ့သည်။ တောင်ကိုရီးယား အစိုးရသည် မိမိတို့၏ ကာကွယ်ရေး ကဏ္ဍအတွက် တပ်ဆင်ထားသော ဒုံးကျည်များ ရောက်ရှိနိုင်သည့် အကွာအဝေး ကန့်သတ်ချက်ကို (၁၈၅)မိုင်သာ ထားရှိမှုအား ပယ်ဖျက်ရန် သဘောတူညီခဲ့သည်။ အမေရိကန်နှင့် အခြားသော နိုင်ငံများနှင့် ဆွေးနွေးပြီးနောက် တောင်ကိုရီးယားသည် ဒုံးကျည် ရောက်ရှိနိုင်မှု နယ်ပယ်ကို မြှင့်တင်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ပြီး သမ္မတ

Suzuki ကုမ္ပဏီ မြန်မာတွင် ရင်နှီးမြှုပ်နှံရန် စိတ်ဝင်စား

ဂျပန် Suzuki Motor Corp ကားထုတ်လုပ်ရေး ကုမ္ပဏီက မြန်မာနိုင်ငံ ရန်ကုန်မြို့ သီလ၀ါ အထူးစီးပွားရေးဇုန် စီမံကိန်းတွင် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ရန် စိတ်ဝင်စားနေကြောင်း သတင်းရသည်။ Suzuki ကုမ္ပဏီ အနေဖြင့် ၂၀၁၅ ခုနှစ်ခန့်တွင် ဖွံ့ဖြိုးလာမည့် မြန်မာ့ စီးပွားရေး ဈေးကွက် ကို ခန့်မှန်း၍ ကား အစိတ်အပိုင်းများ အပါအ၀င် တနှစ်လျှင် ကား အစီးရေ ၂၀၀၀၀ မှ ၃၀၀၀၀ အထိ ထုတ် လုပ်သွားနိုင်ရန် မျှော်လင့်ပြီး စက်ရုံတည်ဆောက်၍ ရင်းနှီးမြှုပ်နှံရန် ရည်ရွယ်ခြင်း ဖြစ်သည်ဟု Reuters သတင်း၌ ဖော်ပြထား သည်။ သို့သော် မည်သည့် ဆုံးဖြတ်ချက်မှ မချရသေးကြောင်း Suzuki ပြောရေးဆိုခွင့်ရှိသူက ပြောသည်ဟုလည်း ဆိုသည်။
From- ဧရာဝတီ

နိုဘယ်လ် ဆေးသိပ္ပံဆု ဂျပန်နဲ့ ဗြိတိန် သိပ္ပံပညာရှင်တွေ ရရှိ

၂၀၁၂ ခုနှစ်အတွက် ဆေးပညာဆိုင်ရာ နိုဘယ်လ်ဆုကို stem cell နဲ့ ပတ်သက်တဲ့ သုတေသန လုပ်ငန်းတွေကို လုပ်ကြတဲ့ ဂျပန်နိုင်ငံသား Shinya Yamanaka နဲ့ ဗြိတိန်နိုင်ငံသား John Gurdon တို့ ဆွတ်ခူး သွားပါ တယ်။ဆုရသူတွေကို ဆွီဒင်နိုင်ငံ၊ စတော့ခ်ဟုမ်းမ်စ်မြို့မှာ တနင်္လာနေ့ က ကြေညာခဲ့တာပါ။ Adult cell လို့ခေါ်တဲ့ ဆဲလ်တွေကနေ ဘယ်လို တစ်ရှုးပုံသဏ္ဌာန်မျိုးကိုမဆို ဖွဲ့စည်းဖြစ်ပေါ်စေဖို့ အသုံးပြုနိုင်မယ့် stem cell တွေ ဖွဲ့စည်ြး ဖစ်ပေါ်စေမယ့် နျူကလီးယားအစီအစဉ်ပြန်လုပ်တဲ့ လုပ်ငန်းစဉ်တရပ်ကို သုတေသနပြုခဲ့ကြတဲ့အတွက် အဲဒီသိပ္ပံပညာ ရှင် နှစ်ဦးကို နိုဘဲလ်ဆု ချီးမြှင့်ခဲ့တာပါ။

ဒေါ်အောင်ဆန်းစုကြည် အိန္ဒိယ ခရီးစဉ် သွားရန်ရှိ

NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် သည် လာမည့် နိုဝင်ဘာလ လယ်ပိုင်း၌ အိန္ဒိယ နိုင်ငံသို့ သွားရောက် ရန်ရှိကြောင်း သတင်းရသည်။ ခရီးစဉ်၏ အသေးစိတ် အစီအစဉ်ကိုမူ အတိအကျ မသိရှိ ရသေးကြောင်း NLD အသိုင်းအ၀ိုင်းက ပြောသည်။ ၎င်းကို ယနေ့တွင် ရန်ကုန်အခြေစိုက် အိန္ဒိယ သံရုံးက ညစာစားပွဲ ဖိတ်ထားကြောင်း သိရသည်။ အောက်တိုဘာ ၁၀ ရက်တွင် ဒေသဖွံ့ဖြိုးရေး အတွက် ရန်ကုန် တိုင်း ကော့မှူးမြို့နယ်သို့ သွားရောက်မည် ဖြစ်သည်ဟုလည်း ဆိုသည်။ ဒေါ်အောင်ဆန်းစုကြည် သည် ကော့မှူး မြို့နယ် ပြည် သူ့ လွှတ်တော် ကိုယ်စားလှယ် ဖြစ်သည်။
From- ဧရာဝတီ

တရုတ်က ဧရာဝတီတိုင်း အတွက် ဒေါ်လာ ၃ သန်း အတိုးမဲ့ချေး

ရေဘေး ဒုက္ခ ခံခဲ့ရသည့် ဧရာဝတီတိုင်းအား ရေနစ်မြုပ်မှုကင်းဝေးစေရန် တာတမံများ ပြုလုပ်၍ ထိန်းသိမ်းခြင်း ဆောင်ရွက်ရေး အတွက် တရုတ်နိုင်ငံက ဧရာဝတီတိုင်း ဒေသကြီး အစိုးရအဖွဲ့ကို အတိုးမဲ့ချေးငွေ အမေရိကန်ဒေါ်လာ ၃ သန်း ချေးပေးကြောင်း သိရသည်။ ထိုငွေများဖြင့် ဒေသအတွင်းရှိ တာတမံများ၊ တာပေါင်များကို မြှင့်တင်ရန်၊ ပန်းတာ၊ ဖျက်တာများ၊ ရေထိန်း တံခါးများ တည်ဆောက်ခြင်း ဆောင်ရွက်ရန် စီမံချက်များ ရေးဆွဲပြီး လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနသို့ တင်ပြထားပြီးဖြစ် ကြောင်း တိုင်းဒေသကြီး အစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးသိန်းအောင်က ပြောကြားသည်။
From- ဧရာဝတီ

ဖက်ဒရာယ်စနစ် အကောင်အထည် ဖော်ရန် ဒီမို ၁၀ ပါတီ သဘောတူ

ဖက်ဒရာယ် ပြည်ထောင်စု စနစ် အကောင်အထည် ဖော်ရန် မဟာမိတ် ဒီမိုကရေစီ ၁၀ ပါတီ သဘောတူညီမှု ရရှိကြောင်း သတင်းရသည်။ ယမန်နေ့က ရန်ကုန်မြို့၌ ကျင်းပသော အစည်းအဝေးတွင် ဒေသတခုချင်းအလိုက်၊ တိုင်းရင်းသား ပြည်နယ်များ အလိုက် စီမံခန့်ခွဲခွင့် အပြည့်ရရှိမည့် စနစ်ကို အကောင်အထည်ဖော်ရန် သဘောတူကြခြင်း ဖြစ်ကြောင်း သိရသည်။ ဒီမိုကရေစီ ၁၀ ပါတီ၌ ရှမ်း၊ မွန်၊ ချင်း၊ ရခိုင် စသည့် တိုင်းရင်းသား ပါတီများအပြင် NDF ၊ ဒီမိုကရက်တစ် ပါတီ(မြန်မာ)၊ ပြည်ထောင်စု ဒီမိုကရေစီ ပါတီ၊ ညီညွတ်ရေး နှင့် ငြိမ်းချမ်းရေး စသည့် ပါတီများလည်း ပါဝင်သည်။
From- ဧရာဝတီ

သေမင်းတမန် အကျဉ်းသားဟောင်း စာရေးဆရာကြီး ကွယ်လွန်


 မစ္စတာ အိရစ် လိုမက်စ်၊ ဓာတ်ပုံ- express.co.uk
ဒုတိယ ကမ္ဘာစစ်ကာလအတွင်းက ဖက်ဆစ်ဂျပန်တို့ရဲ့ သေမင်း တမန် ရထားလမ်းဖောက်လုပ်မှုမှာ အကျဉ်းသား သုံ့ပန်း ဖြစ်ခဲ့ရတဲ့ စကော့တလန်လူမျိုး စစ်ပြန်ကြီးဖြစ်တဲ့ မစ္စတာ အိရစ် လိုမက်စ် ( Mr. Eric Lomax) ဟာ ယမန်နေ့ အောက်တိုဘာလ ၈ ရက်နေ့က ကွယ် လွန် သွားပါတယ်။

ဘင်္ဂလားဒေ့ရှ် ၀န်ကြီးချုပ် ဗုဒ္ဓဘာသာအကြီးအကဲများနှင့်တွေ့

ဘင်္ဂလားဒေ့ရှ်ဝန်ကြီးးချုပ်  Sheikh Hasina ဟာ ပြီးခဲ့တဲ့သီတင်း ပါတ် က ထောင်ချီတဲ့ မူဆလင်လူအုပ်စု က ဒါဇင်နဲ့ ချီတဲ့ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းတွေ နဲ့ အိမ်ခြေ ၅၀ လောက်ကို ဖျက်ဆီးမီးရှို့ခဲ့တဲ့ Cox’s Bazar ဒေသကို တနင်္လာနေ့ က သွားရောက်ခဲ့ပါတယ်။

လူထုလိုလားရင် ဒေါ်အောင်ဆန်းစုကြည် သမ္မတအဖြစ် တာဝန်ထမ်းဆောင်မည်

ပည်သူလူထု လိုလားရင် သူ့အနေနဲ့ သမ္မတ တာဝန်ကိုလည်း ယူနိုင် တယ် လို့ မြန်မာ့ ဒီမိုကရေစီ  ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်က ပြော လိုက် ပါတယ်။

ရှမ်းမြောက် မုန်ဂိုးဒေသတွင် မြန်မာ အစိုးရနှင့် KIA ကြား တိုက်ပွဲဖြစ်

မုန်ဂိုးဒေသမှ KIA စစ်သားများ။ရှမ်းပြည်မြောက်ပိုင်း မုန်ဂိုး (Munggu) ဒေသ နောင်ဟမ် (Nawng Hem)နှင့် ရွှေအိုင် (Shwi Ai) တွင် မြန်မာအစိုးရတပ် ခလရ (၆၉) တပ်နှင့်
 မုန်ဂိုးဒေသမှ KIA စစ်သားများ။
 ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) တပ်မဟာ (၄)၊ အရပ်သား ကာကွယ်ရေးတပ်ဖွဲ့ (MHH) တပ်ခွဲ (၅)တို့ ယနေ့ နံနက် ၁၀ ခွဲချိန်တွင် တိုက်ပွဲဖြစ်ပွားနေကြောင်း ရှေ့တန်းမှ KIA အရာရှိတဦး KNG ကချင်သတင်းဌာနသို့ပြောသည်။

အောက်တိုဘာလ ၈ရက်၊ ၂၀၁၂ခုနှစ်။ စဖန်းရှောင်း (ကေအိုင်စီ)

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ မေတ္တာမြို့နယ်ခွဲ သပြုချောင်းရွာမှစ၍ အာရှလမ်းမကြီးတစ်လျှောက်တွင် အောက်တိုဘာလ ၅ ရက်နေ့မှစ၍ ထိုင်းနိုင်ငံဘက်ခြမ်းမှ တရားမ၀င် ခိုးဝင်လာသော ဆိုင်ကယ်များကို နယ်မြေခံ အစိုးရစစ်တပ်များက ဖမ်းဆီးအ ရေးယူလျက်ရှိသည်။