Edit This Menu
Friday, December 14, 2012
အစိုးရ ပူးပေါင်းတပ်များ KIA ကို ယနေ့ နံနက် ထိုးစစ်ဆင်
ကချင်ပြည်နယ် လဂျားယန်ဒေသအတွင်းရှိ ကချင်လွတ်လပ်ရေး တပ်မတော် (KIA) စခန်းများကို ယနေ့နံနက်တွင်အစိုးရ ပူးပေါင်း တပ်ရင်းများက ထိုးစစ်ဆင်
တိုက်ခိုက်ပြီးနောက် KIA က အမြင့်ဆုံး တပ်လှန့်ထားကြောင်း သိရသည်။ဆောင်းဥတုတွင် အချဉ်အရသာ များများစားသင့်
ဆောင်းရာသီတွင် နှင်းကျပြီး ပြင်ပ လောက ဓာတ်တွင် အအေးပတ် ဖွဲ့သော ကာလ ဖြစ်သည်။
ပြင်ပတွင် အေးသော အခါလူတို့၏ ခန္ဓာကိုယ် မွေးညှင်းပေါက် များမှချွေး
မထွက်တော့ သဖြင့် ကိုယ်တွင်း အောင်းသော အပူဓာတ်မှာ အခြား ရာသီဥတု များထက်
ပိုလွန်း နေပေသည်။ ထို့ကြောင့် အလွန်အေးသော နံနက်ခင်းနှင့် ညဥ့်နက်ပိုင်း
တို့တွင် ပါးစပ်ဟ လိုက်သောအခါ အခိုးများ ထွက်နေသည်ကို ပင်မြင်နိုင် ပေသည်။
ပြင်ပတွင် အေးသော အခါလူတို့၏ ခန္ဓာကိုယ် မွေးညှင်းပေါက် များမှချွေး မထွက်တော့ သဖြင့် ကိုယ်တွင်း အောင်းသော အပူဓာတ်မှာ အခြား ရာသီဥတု များထက် ပိုလွန်း နေပေသည်။ ထို့ကြောင့် အလွန်အေးသော နံနက်ခင်းနှင့် ညဥ့်နက်ပိုင်း တို့တွင် ပါးစပ်ဟ လိုက်သောအခါ အခိုးများ ထွက်နေသည်ကို ပင်မြင်နိုင် ပေသည်။
လုပ်ခ ထိုင်းဘတ် ၃၀၀ ရရှိရေး မြန်မာ အလုပ်သမားများ တောင်းဆိုရန် လှုံ့ဆော်
ထိုင်းနိုင်ငံတွင်
အလုပ်လုပ်ရန် ထိုင်းနယ်စပ် မဲဆောက်မြို့ကို ဖြတ်ကျော်မည့် မွန်ပြည်နယ်မှ
ရွှေ့ပြောင်း အလုပ်သမားများ (ဓာတ်ပုံ – Steve Tickner /
ဧရာဝတီ)အစိုးရ အတည်ပြုချက် ရလျှင် Visa ကတ် မြန်မာ နိုင်ငံသားများ ပြည်ပတွင် အသုံး ပြုနိုင်မည်
နိုင်ငံတကာ အီလက် ထရောနစ် ငွေပေးချေခြင်း တစ်ရပ် ဖြစ်သော Visa ကတ် စနစ်ကို
မြန်မာ နိုင်ငံသားများ ပြည်ပ တွင် အသုံး ပြုနိုင်ရန် မြန်မာ အစိုးရ၏ အတည်
ပြုချက် ရရှိရန်သာ လိုအပ် ကြောင်း Visa မှ ထုတ်ကုန်များ ဖော်ထုတ်ရေး
အကြီးကဲ Niki Manby က The Voice Weekly သို့ ပြောကြားသည်။
မြေငလျင်သတင်း မြေငလျင်သတင်း (မြန်မာစံတော်ချိန်၀၉း၀၀ နာရီအချိန် ထုတ်ပြန်ချက်)
၂၀၁၂ခုနှစ်၊ဒီဇင်ဘာလ(၁၄)ရက်နေ့ မြန်မာစံတော်ချိန်(၀၈)နာရီ(၄၇)မိနစ် (၃၂)စက္ကန့်အချိန်တွင် မန္တလေးမြေ ငလျင်စခန်းမှမြောက်ဘက် မိုင် (၆၀)ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း(သပိတ်ကျ င်းမြို့၏
အရှေ့တောင်ဘက် (၇)မိုင်ခန့်အကွာ)ကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး
(၄.၈)အဆင့်ရှိ အင်အား အနည်းငယ်ရှိသောမြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း
တိုင်းထွာ ရရှိပါသည်။
အက်စစ်ကြောင့် ကျန်းမာရေးထိခိုက်ကြောင်း သံသယရှိသည့် ကလေးငယ် (၄)ဦး ကျန်းမာရေးစစ်ဆေး
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သတင်းထုတ်ပြန်ရေး
အဖွဲ့ သတင်း ထုတ်ပြန်ချက် (၁၂/၂ဝ၁၂)၂ဝ၁၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၄ ရက် ၁၃၇၄ ခု၊
နတ်တော်လဆန်း ၁ ရက်အက်စစ်ကြောင့် ကျန်းမာရေး ထိခိုက်ကြောင်း သံသယရှိသည့် ကလေးငယ် (၄) ဦးအား ကျန်းမာရေး စစ်ဆေးမှု သတင်း ထုတ်ပြန်ခြင်း

ထိုင်း-မြန်မာ နယ်စပ်တွင် တလလျှင် ကလေး ၂ဝ ခန့် ရောင်းဝယ်ခံရနေဆဲ
HREIB မှ ဒါရိုက်တာ
ကိုအောင်မျိုးမင်း က ဗုဒ္ဓဟူးနေ့က ကျင်းပသော ကလေးသူငယ် ကူးသန်းရောင်းဝယ်မှု
ပပျောက်ရေး အခမ်းအနားတွင် ပြောကြားလိုက် သည်။
နိုင်ငံတကာ ကလေးကူးသန်းရောင်းဝယ်မှု ဆန့်ကျင်တားဆီးရေးနေ့မှာ ဒီဇင်ဘာလ ၁၂ ရက်နေ့ဖြစ်ပြီး မြန်မာနိုင်ငံ တွင် အထိမ်းအမှတ် အခမ်းအနားကို ယခုနှစ်တွင်မှ ပထမဆုံး အကြိမ်အဖြစ် ကျင်းပပြုလုပ်ခြင်းဖြစ်သည်။

“အခုနောက်ပိုင်း အစိုးရနဲ့ NGO တွေရဲ့ အသိပညာပေး လုပ်ဆောင်မှုတွေကြောင့် ကလေး ကူးသန်းရောင်းဝယ်မှုက လျော့လာပေမယ့်လည်း ပညာပေး ချိတ်ဆက်မှု အားနည်းပြီး စားဝတ်နေရေး နိမ့်ကျလို့၊ ရွှေ့ပြောင်းရင်းနဲ့ လူကုန်ကူး ခံရတဲ့ အဖြစ်တွေကတော့ ရှိနေသေးတာပဲ” ဟု ကိုအောင်မျိုးမင်း က ဆိုသည်။
ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ် Excel Tower Hotel တွင် ပြုလုပ်ခဲ့သော အခမ်းအနားတွင် ဒု-ရဲမှူး ဒေါ်အေးမြင့် က ၂ဝ၁၂ ခုနှစ်အတွင်း လူကုန်ကူးမှုများအထဲမှ ၁၆ နှစ်အောက် ကလေးသူငယ် ကူးသန်းရောင်းဝယ်မှု ၂၂ မှု ပါဝင်ခဲ့ပြီး ကလေး ၃၂ ဦးတွင် လက်ထပ်ထိမ်းမြားခံရသူ ၁၃ ဦး၊ အဓမ္မ စေခိုင်းမှုခံရသူ ၉ ဦး၊ ပြည့်တန်ဆာအဖြစ် စေခိုင်းခံရသူ ၈ ဦးနှင့် အဓမ္မ တောင်းရမ်းစေခိုင်းခြင်း ခံရသူ ၁ ဦး ပါဝင်ခဲ့သည်ဟု ပြောဆိုသွားသည်။
လူကုန်ကူးမှု
ဖြစ်စဉ်များတွင် ၇ဝ ရာခိုင်နှုံးသည် တရုတ်နိုင်ငံသို့ အဓမ္မ
ရောင်းစားခံရပြီး ၂ဝ ရာခိုင်နှုန်းမှာ ထိုင်းနိုင်ငံရှိ
ငါးဖမ်းသင်္ဘောများသို့ ရောင်းစားခံရကာ ၁ဝ ရာခိုင်နှုန်းသည် ပြည်တွင်းတွင်
ပြည့်တန်ဆာနှင့် လုပ်အား ခေါင်းပုံဖြတ် ရန် အဓမ္မ တောင်းရမ်းစေခိုင်းမှုများ
အတွက် ကူးသန်းရောင်းဝယ်ခံရကြောင်း ဒေါ်အေးမြင့် က ဆက်လက်ရှင်းပြ သည်။
ကလေးကူးသန်းရောင်းဝယ်မှုကို ရာဇဝတ်မှုအဖြစ် သတ်မှတ်လိုက်သည့် ရာဇဝတ်မှု တားဆီးရေး သဘောတူ စာချုပ်ကို အီတလီနိုင်ငံ၊ ပါလာမိုမြို့တွင် ၂ဝဝဝ ပြည့်နှစ်၊ ဒီဇင်ဘာလ ၁၂ ရက်နေ့က ချုပ်ဆိုနိုင်ခဲ့၍ ထိုနေ့အား ကလေးသူငယ် ကူးသန်းရောင်းဝယ်မှု ဆန့်ကျင်တားဆီးရေးနေ့အဖြစ် သတ်မှတ်ခဲ့ခြင်း ဖြစ်သည်။ မြန်မာနိုင်ငံကမူ ထိုစာချုပ်ကို ၂ဝဝ၃ ခုနှစ်တွင် အတည်ပြု လက်မှတ်ရေးထိုးခဲ့သည်။
မြန်မာနိုင်ငံသည် ၂ဝဝ၄ ခုနှစ်တွင် ကမ္ဘာ့နိုင်ငံများနှင့်တန်းတူ ကုလသမဂ္ဂ၏ နိုင်ငံဖြတ်ကျော် မှုခင်းများအဖွဲ့တွင် အဖွဲ့ဝင်အဖြစ်နှင့် ပါဝင် လတ်မှတ်ရေးထိုးခဲ့ပြီး နောက်ဆက်တွဲ လူကုန်ကူးမှု တိုက်ဖျက်ရေးနှင့် လူမှောင်ခို သွားလာမှု တိုက်ဖျက်ရေး စာချုပ်များတွင် လက်မှတ် ရေးထိုးခဲ့သည်။
၂ဝဝ၅ ခုနှစ်တွင် လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေကို မြန်မာနိုင်ငံတွင် ပြဋ္ဌာန်းခဲ့ပြီး လူကုန်ကူးမှု တားဆီး
နှိမ်နှင်းရေးအဖွဲ့ကို ဖွဲ့စည်းခဲ့သည်။ ၂ဝ၁၂ ခုနှစ်တွင် ရပ်ကွက်ကျေးရွာ အဆင့်အထိ လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေး အဖွဲ့များ၊ အထူးစောင့်ကြည့် အဖွဲ့များ ထားရှိခဲ့ပြီး မဲခေါင်မြစ်ဝှမ် ဒေသ ၆ နိုင်ငံနှင့် ပူးပေါင်းကာ ဆောင်ရွက်လျက် ရှိသည်။
မြန်မာနိုင်ငံတွင် ၂ဝဝ၆ ခုနှစ်မှ ၂ဝ၁၂ ခုနှစ်၊ နိုဝင်ဘာလ အထိ တနိုင်ငံလုံးတွင် လူကုန်ကူးမှုပေါင်း ၈၈၅ မှုကိုဖော်ထုတ် အရေးယူနိုင်ခဲ့ပြီးလူကုန်ကူးခံရသူ ၁,၉၃၈ ဦးကို ကယ်တင်နိုင်ခဲ့ကာ တရားခံ ၂,၄၅၃ ဦးကို အရေးယူနိုင်ခဲ့သည်။
From : ရန်ကုန် (မဇ္ဈိမ) ။
နိုင်ငံတကာ ကလေးကူးသန်းရောင်းဝယ်မှု ဆန့်ကျင်တားဆီးရေးနေ့မှာ ဒီဇင်ဘာလ ၁၂ ရက်နေ့ဖြစ်ပြီး မြန်မာနိုင်ငံ တွင် အထိမ်းအမှတ် အခမ်းအနားကို ယခုနှစ်တွင်မှ ပထမဆုံး အကြိမ်အဖြစ် ကျင်းပပြုလုပ်ခြင်းဖြစ်သည်။
“အခုနောက်ပိုင်း အစိုးရနဲ့ NGO တွေရဲ့ အသိပညာပေး လုပ်ဆောင်မှုတွေကြောင့် ကလေး ကူးသန်းရောင်းဝယ်မှုက လျော့လာပေမယ့်လည်း ပညာပေး ချိတ်ဆက်မှု အားနည်းပြီး စားဝတ်နေရေး နိမ့်ကျလို့၊ ရွှေ့ပြောင်းရင်းနဲ့ လူကုန်ကူး ခံရတဲ့ အဖြစ်တွေကတော့ ရှိနေသေးတာပဲ” ဟု ကိုအောင်မျိုးမင်း က ဆိုသည်။
ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ် Excel Tower Hotel တွင် ပြုလုပ်ခဲ့သော အခမ်းအနားတွင် ဒု-ရဲမှူး ဒေါ်အေးမြင့် က ၂ဝ၁၂ ခုနှစ်အတွင်း လူကုန်ကူးမှုများအထဲမှ ၁၆ နှစ်အောက် ကလေးသူငယ် ကူးသန်းရောင်းဝယ်မှု ၂၂ မှု ပါဝင်ခဲ့ပြီး ကလေး ၃၂ ဦးတွင် လက်ထပ်ထိမ်းမြားခံရသူ ၁၃ ဦး၊ အဓမ္မ စေခိုင်းမှုခံရသူ ၉ ဦး၊ ပြည့်တန်ဆာအဖြစ် စေခိုင်းခံရသူ ၈ ဦးနှင့် အဓမ္မ တောင်းရမ်းစေခိုင်းခြင်း ခံရသူ ၁ ဦး ပါဝင်ခဲ့သည်ဟု ပြောဆိုသွားသည်။
ဒု-ရဲမှူး ဒေါ်အေးမြင့်
ကလေးကူးသန်းရောင်းဝယ်မှုကို ရာဇဝတ်မှုအဖြစ် သတ်မှတ်လိုက်သည့် ရာဇဝတ်မှု တားဆီးရေး သဘောတူ စာချုပ်ကို အီတလီနိုင်ငံ၊ ပါလာမိုမြို့တွင် ၂ဝဝဝ ပြည့်နှစ်၊ ဒီဇင်ဘာလ ၁၂ ရက်နေ့က ချုပ်ဆိုနိုင်ခဲ့၍ ထိုနေ့အား ကလေးသူငယ် ကူးသန်းရောင်းဝယ်မှု ဆန့်ကျင်တားဆီးရေးနေ့အဖြစ် သတ်မှတ်ခဲ့ခြင်း ဖြစ်သည်။ မြန်မာနိုင်ငံကမူ ထိုစာချုပ်ကို ၂ဝဝ၃ ခုနှစ်တွင် အတည်ပြု လက်မှတ်ရေးထိုးခဲ့သည်။
မြန်မာနိုင်ငံသည် ၂ဝဝ၄ ခုနှစ်တွင် ကမ္ဘာ့နိုင်ငံများနှင့်တန်းတူ ကုလသမဂ္ဂ၏ နိုင်ငံဖြတ်ကျော် မှုခင်းများအဖွဲ့တွင် အဖွဲ့ဝင်အဖြစ်နှင့် ပါဝင် လတ်မှတ်ရေးထိုးခဲ့ပြီး နောက်ဆက်တွဲ လူကုန်ကူးမှု တိုက်ဖျက်ရေးနှင့် လူမှောင်ခို သွားလာမှု တိုက်ဖျက်ရေး စာချုပ်များတွင် လက်မှတ် ရေးထိုးခဲ့သည်။
၂ဝဝ၅ ခုနှစ်တွင် လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေကို မြန်မာနိုင်ငံတွင် ပြဋ္ဌာန်းခဲ့ပြီး လူကုန်ကူးမှု တားဆီး
နှိမ်နှင်းရေးအဖွဲ့ကို ဖွဲ့စည်းခဲ့သည်။ ၂ဝ၁၂ ခုနှစ်တွင် ရပ်ကွက်ကျေးရွာ အဆင့်အထိ လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေး အဖွဲ့များ၊ အထူးစောင့်ကြည့် အဖွဲ့များ ထားရှိခဲ့ပြီး မဲခေါင်မြစ်ဝှမ် ဒေသ ၆ နိုင်ငံနှင့် ပူးပေါင်းကာ ဆောင်ရွက်လျက် ရှိသည်။
မြန်မာနိုင်ငံတွင် ၂ဝဝ၆ ခုနှစ်မှ ၂ဝ၁၂ ခုနှစ်၊ နိုဝင်ဘာလ အထိ တနိုင်ငံလုံးတွင် လူကုန်ကူးမှုပေါင်း ၈၈၅ မှုကိုဖော်ထုတ် အရေးယူနိုင်ခဲ့ပြီးလူကုန်ကူးခံရသူ ၁,၉၃၈ ဦးကို ကယ်တင်နိုင်ခဲ့ကာ တရားခံ ၂,၄၅၃ ဦးကို အရေးယူနိုင်ခဲ့သည်။
From : ရန်ကုန် (မဇ္ဈိမ) ။
တရုတ်၏ တိုက်ရိုက် အထောက်အပံ့ကို ကေအိုင်အေ ရရှိနေပြီလား..
ဦးအောင်မင်းပြောသည့်
တရုတ်ကိုလည်းကြောက်ရတယ်ဆိုတဲ့ စကား အတိုင်း ဖြစ်လာပါတော့မယ်။ ကေအိုင်အေသည်
၈၈ မတိုင် ခင်က ဗကပ ဆီမှ အကူအညီများ ရရှိရန် ဗကပဆိုပြီး လုပ်ခဲ့ကာ
တရုတ်မှ အကူအညီများ ယူခဲ့ဖူးသည်။ ၈၈ နောက်ပိုင်း ကာလတွင် လည်း ကေ အိုင်အေ၏
အဓိက ၀င်ငွေ စီးဆင်း သည့် နိုင်ငံမှ တရုတ်နိုင်ငံ ဖြစ်သည် ဆိုတာကလည်း ငြင်းစရာမရှိ။
Thursday, December 13, 2012
Wednesday, December 12, 2012
မြောက်ကိုရီးယား ဒုံကျည်လွှတ်တင်မှု နိုင်ငံတကာကို အံသြစေေ လာက်အောင် အောင်မြင်ခဲ့

၁၂-၁၂-၂၀၁၂ နေ့တွင် မြောက်ကိုရီးယားက နှောင့်နှေးမည်ဟု ယူဆခဲ့ကြသော တာဝေးပစ်ရော့ကတ်ကို လွှတ်တင်ခဲ့ပြီး နိုင်ငံတကာ အသိုင်းအ၀ိုင်းကို
အံ့အားသင့်စေခဲ့သည်။
ဂျပန်နိုင်ငံ အိုကီနာဝါကျွန်းပေါ်ကျော်ပြီး
အံ့အားသင့်စေခဲ့သည်။
ဂျပန်နိုင်ငံ အိုကီနာဝါကျွန်းပေါ်ကျော်ပြီး HSBC ငွေကြေး ခ၀ါချမှု လျော်ကြေးပေးဖို့ သဘောတူ

ကမ္ဘာ့အကြီးဆုံးဘဏ်ကြီးတွေထဲက တခုဖြစ်တဲ့ HSBC ဘဏ်ကြီးက သူ့ရဲ့ ငွေကြေး ခဝါချမှု ကျူးလွန်ခဲ့တာနဲ့ပတ်သက်ပြီး အမေရိကန်
အာဏာပိုင်တွေကို လျှော်ကြေးငွေ အမေရိကန်ဒေါ်လာ သန်းပေါင်း ၁,၉၀၀ ပေးလျော်ဖို့အတွက် သဘောတူညီခဲ့ပါတယ်။
အာဏာပိုင်တွေကို လျှော်ကြေးငွေ အမေရိကန်ဒေါ်လာ သန်းပေါင်း ၁,၉၀၀ ပေးလျော်ဖို့အတွက် သဘောတူညီခဲ့ပါတယ်။Tuesday, December 11, 2012
ကမ္ဘာကျော် နည်းပညာ ကုမ္ပဏီ Intel မှ ထုတ်ကုန်များ ကို မြန်မာနိုင်ငံ၌ တရားဝင် ဖြန့်ချိမည်

အဆိုပါ Intel သည် ဆီမီးကွန်ဒတ်တာ (Semiconductor) ထုတ်လုပ်သည့် ကုမ္ပဏီကြီးတစ်ခု အနေဖြင့် မြန်မာနိုင်ငံသို့ ပထမဦးဆုံးအကြိမ် တရားဝင်
ဝင်ရောက်လာခြင်းဖြစ်ပြီး
၎င်း၏ထုတ်ကုန်များဖြစ်သည့် CPU, Mother board, Solid-state Drive (SSD)
စသည့်ပစ္စည်းများအား စတင်ဖြန့်ချိနေပြီဖြစ်ကြောင်း သိရှိရသည်။
''မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ချီးကျူးအားရမိပါတယ်။ ပြီးတော့
အမျိုးသား
Subscribe to:
Posts (Atom)