Monday, January 21, 2013

သမ္မတအိုဘားမား ဒုတိယသက်တမ်း ကျမ်းသစ္စာဆို

Photo: သမ္မတအိုဘားမား ဒုတိယသက်တမ်း ကျမ်းသစ္စာဆို
Monday, January 21, 2013 

အမေရိကန် သမ္မတရွေးကောက်ပွဲမှာ ဒုတိယအကြိမ် အနိုင်ရခဲ့တဲ့ အမေရိကန်သမ္မတ ဘရက်အိုဘားမား ဟာ အိမ်ဖြူတော်မှာ တနင်္ဂနွေနေ့က တရားဝင် ကျမ်းသစ္စာ ကျိန်ဆိုခဲ့ပါတယ်။ သမ္မတကတော် မစ်ရှဲလ်အိုဘားမား ရဲ့ မိသားစုပိုင် သမ္မာကျမ်းစာအုပ်ပေါ် လက်တင်ပြီး ဒုတိယသမ္မတ သက်တမ်း တာဝန်အတွက် ကျမ်းသစ္စာ ကျိန်ဆိုခဲ့တာဖြစ်ပါတယ်။ ဒုတိယသမ္မတ ဂျိုးဘိုင်ဒန် ဟာလည်း တနင်္ဂနွေနေ့မှာပဲ ကျမ်းကျိန်းခဲ့ပါတယ်။
 
အစောပိုင်းကတော့ သမ္မတ အိုဘားမား ဟာ အစဉ်အလာအတိုင်း အာလင်တန် (Arlington) အမျိုးသား စစ်သင်္ချိုင်းမှာ လူမသိ သူမသိ ကျဆုံးခဲ့တဲ့ စစ်သည်တွေအတွက် အုတ်ဂူမှာ သွားရောက် ပန်းခွေချ
ခဲ့ပါတယ်။ အမေရိကန် ဖွဲ့စည်းပုံအခြေခံဥပဒေအရ သမ္မတတာဝန် ယူမယ့်သူတွေ အနေနဲ့ ဇန်နဝါရီလ ၂၀ ရက်နေ့မှာ ကျမ်းသစ္စာ ကျိန်ဆိုရတာဖြစ်ပါတယ်။
 
ဒီနှစ် ဇန်နဝါရီ ၂၀ ရက်နေ့ဟာ တနင်္ဂနွေ ရုံးပိတ်ရက်ဖြစ်နေတဲ့အတွက် အမျိုးသား ရင်ပြင်ကို မျက်နှာမူထားတဲ့ Capitol Hill လွှတ်တော် အဆောက်အဦးရှေ့ အများပြည်သူရှေ့မှောက် ကျမ်းသစ္စာကျိန်ဆိုပွဲကို တနင်္လာနေ့မှာ လုပ်မှာဖြစ်ပါတယ်။ ၀ါရှင်တန်ဒီစီ မြို့တော်က သမ္မတကျမ်းကျိန်ပွဲကို ပြည်သူပေါင်း ၈ သိန်းလောက် လာရောက်ကြမယ်လို့ ခန့်မှန်းထားပါတယ်။

ဗွီအိုအေ
အမေရိကန် သမ္မတရွေးကောက်ပွဲမှာ ဒုတိယအကြိမ် အနိုင်ရခဲ့တဲ့ အမေရိကန်သမ္မတ ဘရက်အိုဘားမားဟာ အိမ်ဖြူတော်မှာ တနင်္ဂနွေနေ့က တရားဝင်ကျမ်းသစ္စာကျိန်ဆိုခဲ့ပါတယ်။ သမ္မတ ကတော် မစ်ရှဲလ်အိုဘားမားရဲ့ မိသားစုပိုင် သမ္မာကျမ်းစာအုပ်ပေါ် လက်တင်ပြီး ဒုတိယသမ္မတ သက်တမ်းတာဝန်အတွက် ကျမ်းသစ္စာ ကျိန်ဆိုခဲ့တာဖြစ်ပါတယ်။ ဒုတိယသမ္မတ ဂျိုးဘိုင်ဒန် ဟာလည်း တနင်္ဂနွေနေ့မှာပဲ ကျမ်းကျိန်းခဲ့ပါတယ်။

အစောပိုင်းကတော့ သမ္မတအိုဘားမားဟာ အစဉ်အလာအတိုင်း အာလင်တန် (Arlington) အမျိုးသား စစ်သင်္ချိုင်းမှာ လူမသိသူမသိ ကျဆုံးခဲ့တဲ့ စစ်သည်တွေအတွက်အုတ်ဂူမှာ သွားရောက်ပန်းခွေချခဲ့ပါတယ်။ အမေရိကန် ဖွဲ့စည်းပုံအခြေခံဥပဒေအရ သမ္မတတာဝန်ယူမယ့်သူတွေ အနေနဲ့ ဇန်နဝါရီလ ၂၀ ရက်နေ့မှာ ကျမ်းသစ္စာ ကျိန်ဆိုရတာဖြစ်ပါတယ်။

ဒီနှစ် ဇန်နဝါရီ ၂၀ ရက်နေ့ဟာ တနင်္ဂနွေ ရုံးပိတ်ရက်ဖြစ်နေတဲ့အတွက် အမျိုးသားရင်ပြင်ကို မျက်နှာမူ ထားတဲ့ Capitol Hill လွှတ်တော် အဆောက်အဦးရှေ့ အများပြည်သူရှေ့မှောက် ကျမ်းသစ္စာကျိန်ဆိုပွဲကို တနင်္လာနေ့မှာ လုပ်မှာဖြစ်ပါတယ်။ ၀ါရှင်တန်ဒီစီ မြို့တော်က သမ္မတကျမ်းကျိန်ပွဲကို ပြည်သူပေါင်း ၈ သိန်းလောက် လာရောက်ကြမယ်လို့ ခန့်မှန်းထားပါတယ်။

ဗွီအိုအေ

ပန်းခူးသွားစဉ် ကလေးငယ်သုံးဦးမိုင်းနင်းမိမှုဖြစ်ပွား



Photo: ပန်းခူးသွားစဉ် ကလေးငယ်သုံးဦးမိုင်းနင်းမိမှုဖြစ်ပွား
Monday, January 21, 2013

ဗန်းမော်- မန်ဝိုင်းကြီးကားလမ်းမဘေး မန်းဝိန်းကြီး စိန့်ပထရစ်ချပ်က် ဒုက္ခသည်စခန်းနှင့် ၅ မိုင်ခန့်အကွာ ကားလမ်းမဘေးတွင် ဇန်န၀ါရီလ ၂၀ ရက်ကလေးငယ်သုံးဦး ပန်းခူးသွားစဉ် မိုင်းနင်းမိမှုဖြစ်ပွားခဲ့ကြောင်းသိရသည်။

မိုင်းနင်းမိမှုကြောင့် တစ်ဦးမှာ နေရာ၌ပင်သေဆုံးခဲ့ပြီး တစ်ဦးမှာ ဒဏ်ရာရရှိ၍ နမ့်ခမ်းပြည်သူ့ဆေးရုံသို့တက်ရောက်ကုသမှုခံယူခဲ့ရကြောင်း တစ်ဦးမှာ ထိခိုက်ဒဏ်ရာအနည်းငယ်သာရရှိခဲ့ကြောင်းသိရသည်။

အဆိုပါကလေးငယ်များမှာ ကျောင်းပိတ်ရက် ပန်းရောင်းရန် ပန်းခူးသွားစဉ် ယခုကဲ့သို့ မိုင်းနင်းမိမှုဖြစ်ပွားခဲ့ကြောင်း၊ မိုင်းနင်းမိသည့် ကလေးငယ် သုံးဦးစလုံး အသက် ၁၄ နှစ်အရွယ် ၇ တန်းကျောင်းသားကလေးများ
ဖြစ်ကြောင်းသိရသည်။

“ပန်း သွားခူးကြတာ အနွေးထည်မရှိလို့ ၀ယ်ဖို့ဆိုပြီး၊ အခု လက်နဲ့
ပေါင်နဲ့လှုပ်လို့မရဘူး”” ဟု မိုင်းနင်းမိ၍ နမ့်ခမ်းဆေးရုံသို့ တက်ရောက်
ဆေးကုသမှုခံယူရသူ ကလေးငယ် ဆန်မိုင်ကပြောသည်။
မိုင်းနင်းမိမှုကြောင့် ၄င်းသည် ဦးခေါင်း ၊ လက်၊ ၀မ်းဗိုက်နှင့် တင်ပါး
တို့တွင် ဒဏ်ရာများရရှိခဲ့ပြီး ဗုံးဆံစ ၂၀ ခုကျော် ထုတ်ယူခဲ့ရကြောင်း နမ့်ခမ်းပြည်သူ့ဆေးရုံ တာဝန်ကျ သူနာပြု ဆရာမတစ်ဦးကပြောသည်။

အဆိုပါအရပ်ဒေသ၌ မြန်မာ့တပ်မတော်နှင့် ကချင်လွတ်မြောက်ရေး
တပ်မတော်နှစ်ခုစလုံးရှိသဖြင့် မိုင်းမှာ မည်သည့်ဖက်က ထောင်သည့်မိုင်းမှန်း မပြောတတ်သော်လည်း ယခုကဲ့သို့ မိမိကလေးငယ်မိုင်းနင်းမိသည့်
ဖြစ်စဉ်အပေါ် များစွာဝမ်းနည်းမိကြောင်း အဆိုပါ ကလေးငယ်၏ဖခင် ဦးဂွန်မိုင်ကဆိုသည်။

“ အခုဒီလိုဖြစ်လာ( တိုက်ပွဲများဖြစ်နေခြင်းကို ဆိုလိုခြင်းဖြစ်) တော့ အရင်ကလိုတောင်ယာလည်းကောင်းကောင်းမလုပ်နိုင်တော့ စီးပွားရေးအဆင်မပြေတော့ဘူး။ စီးပွားရေးကျပ်တည်းချိန် ဒီလိုကလေးတွေက ပန်းခူးရောင်းရတော့ အခုလိုဖြစ်လာတာ ဘယ်လိုပြောရမှန်းတောင်မသိတော့ဘူး။ အရမ်းဝမ်းနည်းတာပဲ”” ဟု ၄င်းကပြောသည်။

အဆိုပါ နေရာသို့ လူကြီးမိဘများမှ ကလေးငယ်များအား သွားစေခိုင်းခြင်း
မရှိသော်လည်း ကလေးငယ်များမှာ တရုတ်ပြည်သို့ရောင်းချရာတွင်
ဈေးကောင်းရသည့်အတွက် ပန်းခူးရန် အဆိုပါနေရာသို့သွားလေ့
ရှိကြခြင်းဖြစ်ကြောင်း ၊ ပန်းမှာ သစ်ခွအနွယ်ဝင်ပန်းတစ်မျိုးဖြစ်ပြီး တစ်ပိဿလျှင် တရုတ်ငွေ ၅ ထောင် ( မြန်မာငွေ ၇ သောင်းခန့်) ရရှိကြောင်းသိရသည်။

ဥာဏ်လင်းအောင်
(နမ့်ခမ်းမှ ပေးပို့သည်)
Popular Myanmar News Journal
ဗန်းမော်- မန်ဝိုင်းကြီးကားလမ်းမဘေး မန်းဝိန်းကြီး စိန့်ပထရစ်ချပ်က် ဒုက္ခသည်စခန်းနှင့် ၅ မိုင်ခန့်အကွာ ကားလမ်းမဘေးတွင် ဇန်န၀ါရီလ ၂၀ ရက်ကလေးငယ်သုံးဦး ပန်းခူးသွားစဉ် မိုင်းနင်းမိမှုဖြစ် ပွားခဲ့ကြောင်း သိရသည်။

ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ သို့ KIO မှ အကြောင်းပြန်ကြားချက်

Hmuu Zaw

Photo: ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ သို့ 
KIO မှ အကြောင်းပြန်ကြားချက်
Monday, January 21, 2013




Hmuu Zaw

ဇောတိက စီမံကိန်းမှ သဘာဝဓာတ်ငွေ့ပိုက်လိုင်း သွယ်တန်းရန် လုပ်ဆောင်နေသော သင်္ဘောတစ်စီး နစ်မြုပ်မှုဖြစ်ပွား

မုတ္တမ ကမ်းလွန်ဒေသမှ ရှာဖွေတွေ့ရှိထားသည့် ဇောတိက သဘာဝဓာတ်ငွေ့ စီမံကိန်းအတွက် ပင်လယ်တွင်း ပိုက်လိုင်း သွယ်တန်းနေသည့် PTTEP ကုမ္ပဏီပိုင် PANRITH သင်္ဘောသည် ဇန်န၀ါရီလ ၁၇ ရက်နေ့က ပိုက်လိုင်း သွယ်တန်းမှု ပြုလုပ်နေစဉ် ရေအောက် ကျောက်ဆောင်နှင့် တိုက်မိသဖြင့် နစ်မြုပ်မှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိပါသည်။

သံဖြူဇရပ်ဈေး မီးလောင်ပြာကျ၊ သန်းပေါင်း တသိန်းခန့် ဆုံးရှုံးဟု ခန့်မှန်း

Photo: သံဖြူဇရပ်ဈေး မီးလောင်ပြာကျ၊ သန်းပေါင်း တသိန်းခန့် ဆုံးရှုံးဟု ခန့်မှန်း
Monday, January 21, 2013

ဆိုင်ခန်းပေါင်း ၆၀၀ ခန့် မီးလောင်ပြာကျကာ ဆုံးရှုံးမှုတန်ဖိုး သန်းပေါင်း တသောင်းအထက် ရှိသည်ဟု ခန့်မှန်းထားသည့် မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့၊ စက်သစ်ရပ်ရှိ အမှတ် (၁) မြို့မဈေး မီးလောင်ကျွမ်းမှုကြောင့် ဇန်နဝါရီလ ၁၉ ရက်နေ့ ညပိုင်းတွင် ဖြစ်ပွားခဲ့သည်။

ည ၁၁ နာရီဝန်းကျင်မှ စတင်လောင်ကျွမ်းသည့် မီးကြောင့် ဈေးအတွင်းရှိ
ရွှေဆိုင် ၉၅ ခန်း၊ လျှပ်စစ်ပစ္စည်းအရောင်းဆိုင် ၂၇ ခန်း၊ ကုန်ခြောက်ဆိုင် 
၄၁ ခန်း၊ အထည်ဆိုင် ၂၁၅ ခန်း၊ ကုန်စုံဆိုင် ၇၆ ခန်း အပါအဝင် စုစုပေါင်း ဆိုင်ခန်းပေါင်း ၅၉၆ ခန်းနှင့် ဈေးအပြင်ဘက်ရှိ စားသောက်ဆိုင်တန်းတခုလုံး မီးထဲပါသွားခဲ့သည်။

မြို့နယ် မီးသတ်တပ်ဖွဲ့မှ အချိန်မီ ရောက်မလာခြင်းနှင့် လျှင်မြန်စွာ ကူးစက်လောင်းကျွမ်းခြင်းကြောင့် ဆုံးရှုံးမှု များပြားရခြင်း ဖြစ်သည်ဟု မြို့ခံများက ပြောသည်။

“ဆယ်နာရီခွဲကျော်ကျော်လောက်မှာ မီးစလောင်တယ်။ ၁၂ နာရီလောက်မှ မီးသတ်က ရောက်လာတယ်။ မီးလောင်တာလည်း ခဏချင်းပဲ။ ကျနော့် မျက်ရှေ့မှာတင် ခဏလေး ကူးသွားတာပဲ” ဟု မီးငြိမ်းသတ်ရာတွင် ပါဝင်သူတဦးက ပြောသည်။

သံဖြူဇရပ်နှင့် နီးစပ်ရာ ကျေးရွာများနှင့် မုဒုံမြို့နယ်အတွင်းရှိ မီးသတ်ကား ဆယ်စီးကျော် လာရောက် ဝိုင်းကူ ငြိမ်းသတ်ခဲ့ကြသော်လည်း မီးအားပြင်းသည့်အတွက် ငြိမ်းသတ်နိုင်ခြင်း မရှိဘဲ နံနက် ၄ နာရီခန့်
ရောက်မှသာ မီးစွယ်ကြိုးသွားခဲ့သည်ဟု ဆိုသည်။

"ကျနော်တို့ဆိုင်မှာ ဘာပစ္စည်းမှ မထားဘူး။ ဆိုင်ခန်းပဲ ပါသွားတယ်။ ဆိုင်ခန်းတန်ဖိုးသက်သက်ကို သိန်းနှစ်ရာလောက် ရှိတယ်” ဟု ရွှေဆိုင်ပိုင်ရှင်တဦးက ပြောသည်။

ရွှေဆိုင်မှ လွဲ၍ ကျန်သည့်ဆိုင်များသည် ဆုံးရှုံးမှုတန်ဖိုး များပြားသည်ဟု သိရသည်။

“မွန်အမျိုးသားနေ့နဲ့ နီးလို့ ဝယ်လှောင်ထားတာ။ ဒီလိုဖြစ်မယ်လို့လည်း ဘယ်သူမှ တွက်မထားလို့ ဆိုင်မှာပဲ ပစ္စည်းတွေ ပုံထားတာ။ အခုဘာမှ မကျန်တော့ဘူး” ဟု အထည်ဆိုင်ရှင် အမျိုးသမီးတဦးက ပြောသည်။ သူမ၏ ဆိုင်မှ အနည်းဆုံး သိန်း ၃၀၀ အထက် ဆုံးရှုံးမှု ရှိမည်ဟု ခန့်မှန်းသည်။

မီးလောင်ခြင်းကြောင့် ထိခိုက်ဒဏ်ရာရသူနှင့် သေဆုံးသူ မရှိဘဲ လူနေရပ်ကွက်သို့လည်း ကူးစက်ခြင်း မရှိကြောင်း သိရသည်။

လျှပ်စစ်ဝါယာကြိုး ရှော့ဖြစ်ကာ လောင်ကျွမ်းခြင်း ဖြစ်သည်ဟု မြို့နယ်အာဏာပိုင်အဖွဲ့က အထက်သို့ အစီရင်ခံရန်အတွက် မြို့နယ်လျှပ်စစ်အင်ဂျင်နီယာဌာနနှင့် ညှိနှိုင်းသော်လည်း လျှပ်စစ်အင်ဂျင်နီယာဌာနက လက်မခံကြောင်းလည်း ၎င်းတို့နှင့် နီးစပ်သူများထံမှ သိရသည်။

သံဖြူဇရပ်မြို့မဈေးကို ၁၉၈၄ ခုနှစ်ဝန်းကျင်တွင် ဆောက်လုပ်ခဲ့ပြီး
ဈေးသစ်ပြန်လည်တည်ဆောက်ရန်အတွက် လွန်ခဲ့သည့် ၃ နှစ်ခန့်ကပင် မြို့နယ်စည်ပင်က စီစဉ်ခဲ့ဘူးသည်ဟု ဆိုင်ခန်းပိုင်ရှင်များက ပြောသည်။

လွန်ခဲ့သည့် ၂၀၀၈ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့တွင်လည်း ဆိုင်ခန်းပေါင်း ၁,၁၂၄ ခန်း ရှိသည့် မွန်ပြည်နယ်၊ မော်လမြိုင်မြို့၏ အမှတ် (၁) ဈေးကြီး
တခုလုံး မီးလောင်ပြာကျခဲ့သည်။

ကောင်းဝါ
Than Lwin Times
ဓာတ်ပုံ - Eleven Media Groupဆိုင်ခန်းပေါင်း ၆၀၀ ခန့် မီးလောင်ပြာကျကာ ဆုံးရှုံးမှုတန်ဖိုး သန်းပေါင်း တသောင်းအထက်ရှိသည်ဟု ခန့်မှန်းထားသည့် မွန်ပြည် နယ်၊ သံဖြူဇရပ်မြို့၊ စက်သစ်ရပ်ရှိ အမှတ် (၁) မြို့မဈေး မီးလောင်ကျွမ်း မှုကြောင့် ဇန်နဝါရီလ ၁၉ ရက်နေ့ ညပိုင်းတွင် ဖြစ်ပွားခဲ့သည်။

ကေအိုင်အေကို တာဝန်ခံမည့် လူပုဂ္ဂိုလ်(သို့) အဖွဲ့အစည်း ရှိဖို့ လိုပါတယ်

Photo: ကေအိုင်အေကို တာဝန်ခံမည့် လူပုဂ္ဂိုလ်(သို့) အဖွဲ့အစည်း ရှိဖို့ လိုပါတယ်
Sunday, January 20, 2013 

၂၀၁၁ ခုနှစ် ဇွန်လက စပြီး ယနေ့ ၂၀၁၃ ဇန်န၀ါရီထိ ၁ နှစ်ခွဲကျော် ကြာမြင့်ခဲ့တဲ့ ကချင်ဒေသအတွင်းက စစ်ပွဲ တွေနဲ့ ပက်သတ်ပြီး ယခုအချိန်မှာတော့ လူတွေ အပြည့်အ၀ အာရုံစိုက်လာကြပါပြီ။ ကံကောင်းတယ်လို့ ပြော လို့ ရအောင် ပြည်တွင်း ဆူပူမှုတွေ မရှိတာကိုပဲ ကျေးဇူးတင်ရမလိုလို ပါပဲ။ စစ်ပွဲ စတင်ချိန်က စလို့ ငြိမ်းချမ်း ရေး စကားကို တပ်မတော်ကလည်း တွင်တွင်သုံးခဲ့တယ်။ ကေအိုင်အေ ဘက်ကလည်း နိုင်ငံရေးအရ ဆွေးနွေး မယ်ဆိုတဲ့ ကိစ္စကို အပြင်းအထန် ဆွေးနွေးခဲ့တယ်။ အဖြေကတော့ စစ်ပွဲ ၁ နှစ်ခွဲကြာလာတဲ့အထိ ငြိမ်းချမ်းရေး မရနိုင်တာပါပဲ။

 ကေအိုင်အေ ရဲ့ အနေအထားကို သုံးသပ်ကြည့်မယ်ဆိုရင်တော့ ကေအိုင်အေ ဆိုတာ ကေအိုင်အို အဖွဲ့ရဲ့ လက်နက်ကိုင် တပ်ဖွဲ့ ဖြစ်ပါတယ်။ အပစ်အခတ် ရပ်စဲထားချိန်ကာလမှာ လိုင်ဇာမြို့မှာ ဌာနချုပ်ထားပြီး သီးသန့် နေထိုင်တဲ့ တပ်ဖွဲ့ပါ။ သို့သော်လည်း ကေအိုင်အေရဲ့ တပ်စခန်းတွေ တည်ရှိတဲ့ မြေပုံအရတော့ ကေအိုင်အေဟာ သာမန် အပစ်ရပ် သောင်းကျန်းသူ အဖွဲ့တစ်ဖွဲ့ မဟုတ်ဘူးလို့ သုံးသပ်ရနိုင်ပါတယ်။ အဲဒီ နောက် တာပိန်ရေအား လျှပ်စစ်ပြဿနာ ဖြစ်တယ်။ တိုက်ပွဲတွေ စတင်လာတယ်။ တိုက်ပွဲကာလ အစမှာတော့ နယ်မြေ ပြဿနာ အဖြစ် စတင်ခဲ့ပေမယ့် အချိန်ကြာလာတာနဲ့ အမျှ ကိုယ်ပိုင်အုပ်ချုပ်ရေး ဆိုတဲ့ ခေါင်းစဉ်တွေ ပါလာခဲ့ပါတယ်။ ဆုံးဖြတ်ချက် အတိအကျ မချနိုင်ခဲ့တဲ့ ဆွေးနွေးပွဲများ အဆုံး၊ လဂျားယန်ကို ရိက္ခာပို့ အုပ်ချုပ် မှု လုပ်ရန် ဆိုတဲ့ အကြောင်းကြားစာ အပြီးမှာတော့ အစိုးရသစ် လက်ထက် အပြင်းထန်ဆုံး တိုက်ပွဲ တစ်ခု အသွင် ဖြစ်လာခဲ့ပါတယ်။

 
ဒီအချိန်မှာ တပ်မတော်ရဲ့ အနေအထားကိုလည်း ထည့်မစဉ်းစားလို့ မရပါဘူး။ မြစ်ကြီးနားမှာ မပခ စစ်ဌာနချုပ် ဖွင့်ထားတဲ့ တပ်မတော်ဟာ လွတ်လပ်ရေး ရပြီးကထဲက မြန်မာနိုင်ငံရဲ့ တပ်မတော် အဖြစ်ရပ်တည်ခဲ့တာ ဖြစ်ပါ တယ်။ အပစ် အခတ် ရပ်စဲထားချိန် အတွင်း ကချင်ပြည်နယ် အတွင်း သယံဇာတတွေရဲ့ မှောင်ခိုလမ်းကြောင်းမှာ ကေအိုင်အေနဲ့အတူ တပ်မတော် စခန်းတွေလည်း အကျိုးအမြတ်တွေ ရရှိခဲ့ကြတာလဲ လူတိုင်း သိနေတဲ့ အချက်ပါ။ အပစ်အခတ် ရပ်စဲရေး ပျက်ပြယ်ပြီ ဆိုတာနဲ့ ကေအိုင်အေ တပ်ရင်းတွေ ၀ိုင်းရံအခြေကျပြီး ဖြစ်တဲ့ ကချင်ပြည်နယ်ရဲ့ တပ်စခန်းတွေမှာ လုံခြုံမှု မရှိတော့ပါဘူး။

 စစ်ပွဲ တစ်ခုရဲ့ သဘောတရားအရတော့ ရန်သူ၊မိမိ (၂)မျိုးသာ ခွဲခြားပြီး ကိုယ့်ကိုကိုယ် ကာကွယ်ရမှာပဲ ဖြစ်ပါ တယ်။ တပ်မတော် စခန်းကို ကေအိုင်အေက ဘေးက တောင်ကုန်းကနေ စိုးမိုးပြီး ပစ်ခတ်တယ်ဆိုရင် ထိုစခန်း ကို သိမ်းပိုက်ထိန်းချုပ်ဖို့ ကြိုးစားရမှာပဲ ဖြစ်ပါတယ်။ အတွင်းပိုင်းအထိ ထိုးဖောက်နေတဲ့ တပ်မတော် စခန်းတွေ အတွက် အုပ်ချုပ်ဆက်သွယ်မှု ဆောင်ရွက်ရာမှာ ထိခိုက်ကျဆုံးမှုတွေ ရှိလာရင် အဆိုပါ လမ်းကြောင်း တစ်လျှောက်ကိုလည်း ရှင်းလင်းရမှာပဲ ဖြစ်ပါတယ်။ မိမိကိုယ်မိမိ ခုခံကာကွယ်ခြင်းမှ အပ ဆိုတဲ့ စကားဟာ အရမ်းကို ကျယ်ပြန့်ပါတယ်။ အဆိုးဆုံး အဓိပါယ်ဖွင့်ရင် ကိုယ့်ကိုကိုယ် မသေအောင် ခုခံကာကွယ်ဖို့ ကိုယ့်ကို သတ်မယ့်သူကို အရင်သတ်ရတာပါပဲ။ တပ်မတော်ကလည်း ထိုနည်းဗျူဟာ အတိုင်း ကျင့်သုံးသလို၊ ကေအိုင် အေဘက်ကလည်း ထိုအတိုင်းပဲ ကျင့်သုံးမှာ ဖြစ်ပါတယ်။

 
အပစ်အခတ်တွေ စတင်ခဲ့တဲ့ တစ်နှစ်ခွဲကျော်မှာ လျွှတ်တော် အစည်းအဝေးတွေ အကြိမ်ကြိမ် ပြုလုပ်ခဲ့ပေမယ့် ထိရောက်တဲ့ ဆွေးနွေးမှုမျိုး မရှိခဲ့ပါဘူး။ ကချင်စစ်ပွဲရပ် ဆိုတဲ့ ဆန္ဒပြမှု မတိုင်ခင်မှာ သမ္မတကြီးက ထိုးစစ်ရပ် ဆိုတဲ့ အမိန့်ထုတ်ပြန်ခဲ့သလို ငြိမ်းချမ်းရေး ဖော်ဆောင်မှုကော်မတီကိုလည်း သမ္မတရုံး ၀န်ကြီး တစ်ပါး ဦးဆောင်ပြီး ဖွဲ့စည်းခဲ့ပါတယ်။ အစိုးရအဖွဲ့အနေနဲ့ လက်ရှိ ကချင်ပြည်နယ် အစိုးရနဲ့ စင်ပြိုင် နောက်ထပ် အစိုးရ တစ်ခုဖွဲ့ပေးဖို့၊ အစိုးရရဲ့ အာဏာသက်ရောက်မှု မဖြစ်နိုင်တော့တဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ တစ်ခု ပေးဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒီကြားထဲမှာ လက်ပံတောင်းလို ဆူပူမှုမျိုးတွေ၊ ရခိုင်က ဘင်္ဂလီအရေးတွေကြောင့် ဖြေရှင်းနေရတဲ့ အခက်အခဲတွေလည်း ရှိပါတယ်။

 
ကချင်စစ်ပွဲအတွက် ငြိမ်းချမ်းရေး ကြိုးပမ်းမှုတွေကို ကြည့်မယ်ဆိုရင် ကော်မရှင်ဖွဲ့တယ်၊ဆွေးနွေးတယ် ဆိုတာက တစ်ခု၊ သမ္မတကြီးက နေပြည်တော်ကို လာရောက် ဆွေးနွေးဖို့ ဖိတ်ခေါ်တာက တစ်ခုဟာ ၂၀၁၃ မတိုင်ခင်မှာ ရှိခဲ့ပေမယ့် ကေအိုင်အေရဲ့ နိုင်ငံရေးအရ ဆွေးနွေးမှုနဲ့ အပြန်အလှန် မယုံကြည်မှုတွေကြောင့် အကောင်အထည် မပေါ်လာခဲ့ပါဘူး။

 ယခု ၂၀၁၂ နှစ်ဆန်းပိုင်းမှာတော့ သမ္မတနဲ့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်တို့ရဲ့ အဆုံးစွန်သော အလျော့ ပေးမှုတွေကို တွေ့မြင်ရပါတယ်။ လွှတ်တော် အမတ်များရဲ့ စိတ်ဝင်စားမှုတွေကိုလည်း တွေ့မြင်ရပါတယ်။ ဒါပေမယ့် အပစ်အခတ်ရပ်စဲပါ့မယ်ဆိုတဲ့ ကေအိုင်အေရဲ့ ကတိကို ရဖို့ တာဝန်ခံနိုင်တဲ့သူ၊ အကြမ်းဖက်မှုတွေ မပြုလုပ်အောင် တွန်းအားပေး လုပ်ဆောင်သွားမယ်လို့ ကြွေးကြော်ဝံ့တဲ့သူ၊ နှစ်ဖက် အဖွဲ့အစည်းကြားမှာ နိုင်ငံငြိမ်းချမ်းရေးအတွက် ဆောင်ရွက်ပါ့မယ်လို့ ပြောဆိုတဲ့သူကတော့ ပေါ်မလာသေးပါဘူး။

 လက်နက်ကိုင် တပ်ဖွဲ့ ၂ ခု ရင်ဆိုင်ထားတဲ့ နေရာမှာ နှစ်ဖက်စလုံး တစ်ပြိုက်နက် အပစ်မရပ်နိုင်ရင် စရပ်တဲ့သူ သေဆုံးမှု များပြားတာပါပဲ။ အပစ်ရပ်ဖို့ ကြေငြာခဲ့ပြီး နောက်တစ်နေ့မှာ ကာမိုင်းရဲစခန်းကို ၀င်စီးတာက သက်သေပါ။ အပစ်ရပ်ဆိုပြီး အကြမ်းဖက်လာ၇င်တော့ ခုခံကာကွယ်ရမှာ ဖြစ်ပါတယ်။ ထွက်သွားဆိုပြီး ပိုက်ဆံနဲ့ အော်လို့ မရသလို နောက်တစ်ဖန် မလာရောက်နိုင်အောင်လဲ မောင်းထုတ်ရမှာက စစ်ပွဲသဘောပါ။

 ဒီတော့ ကချင်စစ်ပွဲကို ရပ်ဆိုတာ တစ်ဖက်သတ် အပစ်ရပ်ယုံနဲ့ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ ဆွေးနွေးနေစဉ်မှာလဲ ပစ်ခတ်မှုတွေ ရှိလာနိုင်ပါတယ်။ လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဒွဲဘူ ပြောသလို အပစ်ရပ်ဆိုတာ လွှတ်တော်မှာ တင်သွင်းယုံနဲ့ ပြီးသွားနိုင်မှာ မဟုတ်သလို အပစ်အခတ်တွေလည်း ရပ်စဲမသွားနိုင်ပါဘူး။ ကေအိုင်အေ လိုချင်တာဟာ အပစ်အခတ်ရပ်စဲမှုတင် မဟုတ်ဘဲ ကေအိုင်အေ ဦးစီးတဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင် အစိုးရ၊ ကချင်ဒေသ အစိတ်အပိုင်းတွေကို ကိုယ်ပိုင် စီမံခန့်ခွဲခွင့်တွေ ဆိုတာကိုလည်း ထည့်စဉ်းစား ပေးရမှာပါ။ သိနေပါလျှက် မသိဟန်ဆောင်ပြီး နာမည်ကောင်းထွက်ယုံ ကချင်စစ်ပွဲအကြောင်း ပြောနေဖို့ အချိန် မဟုတ်တော့ဘူး ဆိုတာ ပြည်သူ တစ်ရပ်လုံး သဘောပေါက်နေပါပြီ။

 တပ်မတော် စခန်းတွေ ဆုတ်ပေးဖို့ ကေအိုင်အေက တောင်းဆိုပါလိမ့်မယ်။ ခပ်လွယ်လွယ် စကားနဲ့ ဆုတ်ဆို တိုင်း ဆုတ်လို့ မရတာတွေကို တစ်နှစ်ခွဲကျော် သက်သေပြခဲ့ပြီးပါပြီ။ အပစ်ရပ်တာတွေ ဖြစ်စေချင်တယ်ဆိုရင် တော့ ကေအိုင်အေဘက်က တာဝန်ခံပေးမယ့်၊ ကေအိုင်အေကို ငြိမ်းချမ်းရေး စကားဝိုင်းထဲ ရောက်အောင် လုပ်ပေးနိုင်မယ့် လူတစ်ယောက် (သို့မဟုတ်) အဖွဲ့အစည်း တစ်ခုပဲ လိုအပ်တယ်ဆိုတာ ကချင်စစ်ပွဲ အတွက် အဖြေပါ။ အဖြေမရှိတဲ့ ပုစ္ဆာကို ကျွန်တော်တို့ မဲပေးခဲ့သူတွေ နောက်ထပ် ဘယ်လောက်ကြာကြာ ဆက်တွက် နေကြအုံးမလဲဗျာ။…

Opposite Eye ၂၀၁၁ ခုနှစ် ဇွန်လက စပြီး ယနေ့ ၂၀၁၃ ဇန်န၀ါရီထိ ၁ နှစ်ခွဲကျော် ကြာမြင့်ခဲ့တဲ့ ကချင်ဒေသအတွင်းက စစ်ပွဲတွေနဲ့ ပက်သတ်ပြီး ယခု အချိန်မှာတော့ လူတွေအပြည့်အ၀ အာရုံစိုက်လာကြပါပြီ။ ကံကောင်း တယ်လို့aပာလို့ရအောင် ပြည်တွင်း ဆူပူမှုတွေ မရှိတာကိုပဲ ကျေးဇူး တင်ရမလိုလိုပါပဲ။ 

Thursday, January 10, 2013

မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ်တွင် မီးလောင်မှုဖြစ်ပွားလျက်ရှိ



မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် ရှိ အောင်သုခဓမ္မာရုံအနီးယနေ့ နံနက် (၁၀) ခွဲ ခန့် တွင် မီးလောင်မှုဖြစ်ပွားလျက်ရှိကြောင်းသိရသည်။သတင်းအပြည့်အစုံကို ဆက်လက် ဖော်ပြသွားမည်ဖြစ်ပါသည်။

မန်းကိုကို
Yangon Media Group

လွန်ခဲ့သောနှစ်ပေါင်း ၂၀၀ ကျော်က အသုံးပြုခဲ့သော ရှေးခေတ် ရခိုင်လှေကြီး ဘင်္ဂလာဒေခ်ျ့တွင် တူးဖေါ်

တူးဖေါ်နေသော လှေကြီးကို တွေ့ရစဉ်။ ( ဓါတ်ပုံ- Star)

လွန်ခဲ့သော နှစ်ပေါင်း ၂၀၀ ကျော်က အသုံးပြုခဲ့သော ရှေးခေတ်လှေကြီး တစ်စီးကို ဘင်္ဂလာဒေခ်ျ့ ရှေးဟောင်း သုတေသနနှင့် တစ်ခြား ပညာရှင်များက ပူးပေါင်းကာ တူးဖေါ်နေပြီ ဖြစ်သည်။တူးဖေါ်နေသော လှေ ကြီး ကို တွေ့ရစဉ်။ပြင်သစ် နိုင်ငံဖွား ဘင်္ဂလီ ရှေးဟောင်း သုတေသန ပညာရှင် တစ်ဦးလည်း ဖြစ် ရှေးဟောင်း သစ်သားလှေနှင့် ပတ်သက်ပြီး ကျွမ်းကျင်သူတစ်ဦးလည်းဖြစ်သူYvesMarreမှဦးဆောင်

ဖွန်းပျဉ်ဘွန် တောင်ကုန်းကို သိမ်းပိုက်ရေး အစိုးရတပ် ဆက်လက် ထိုးစစ်ဆင်




ကချင်လွတ်လပ်ရေး တပ်မတော် (KIA) ဌာနချုပ် လိုင်ဇာမြို့အနီးရှိ ဖွန်းပျဉ်ဘွန် တောင်ကုန်းအောက်တွင် လှုပ်ရှားနေသော ရှေ့တန်းစခန်း တခု ကို အစိုးရတပ်က သိမ်းပိုက်ထားပြီ ဖြစ်ကြောင်း သတင်းရရှိ သည်။KIA တပ်ဖွဲ့ဝင်များ အခြေစိုက်ထားသည့် ဖွန်းပျဉ်ဘွန် တောင်ကုန်း ကို သိမ်းပိုက်ရန်အတွက် အစိုးရစစ်တပ်က ယခုလ ၆ ရက်နေ့ ညနေပိုင်းမှ စတင်၍ ထိုးစစ်ဆင် တိုက်ခိုက်နေခြင်း ဖြစ်သည်။

ကချင်ငြိမ်းချမ်းရေး ချီတက်ပွဲ မြစ်ကြီးနား ရဲမှူးကြီး ခွင့်မပြု



ဇန်နဝါရီလ ၁၀ ရက်နေ့တွင် ကျရောက်သော ၆၅ ကြိမ်မြောက် ‘ကချင်ပြည်နယ်နေ့’တွင်ပြည်နယ် ငြိမ်းချမ်းရေးအတွက် စီတန်းလမ်းေ လျှာက်ခွင့် ကို မြစ်ကြီးနားမြို့နယ် ရဲတပ်ဖွဲမှူးက အခါကြီးရက်ကြီးဖြစ်၍ ခွင့်မပြုကြောင်း ချီတက်ပွဲ ဦးဆောင်သူ အင်ဂျားယန်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဒွဲဘူ က ပြောသည်။   “ခွင့်တောင်းတာ ၁၀ ရက်နေ့ မရဘူး။ အဲဒီနောက်ပိုင်းမှ ပြန်တင်ပါတဲ့။ ကျမတို့ ဟောပြောပွဲ

ကချင်ပြည်နယ်က စစ်ပွဲတွေအပေါ် ဒေါ်အောင်ဆန်းစုကြည် ဘာပြောလဲ


" ဒီလိုမျိုး ဖြစ်တယ်ဆိုတာ သဘောတူညီမှု မယူနိုင်လို့၊ တစ်ဦးနဲ့ တစ်ဦးနဲ့ ညှိနှိုင်းဆွေးနွေးမှု မအောင်မြင် လို့ စစ်တိုက်ရတာပေါ့နော်၊ အဲ့တော့ မအောင်မြင်ခြင်းရဲ့အခြေခံအကြောင်းရာတွေကို စုံစမ်းရမယ်။ အကြောင်း တရားတွေကို သိမှ ဒီဟာကို ဖြေရှင်းလို့ရမယ်။ ဘာဖြစ်လို့ မရသလဲ ဘာဖြစ်လို့ စစ်တိုက်တဲ့ အထိဖြစ်ရသလဲ။ 

ကချင်စစ်ရေး လွှတ်တော်တွင် အရေးကြီးအဆို တင်မည်


ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေသော စစ်ပဋိပက္ခကို လွှတ်တော်တွင် အရေးကြီးအဆို တင်သွင်း သွားမည် ဖြစ်ကြောင်း ကချင်ပြည်နယ်၊ အင်ဂျန်းယန် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်  ဒေါ်ဒွဲဘူ က ပြောသည်။ “ကျွန်မတို့က ကချင်ပြည်နယ်မှာ တိုက်ခိုက်နေတာ အမြန်ဆုံး ရပ်ဆိုင်းပေးဖို့ လွှတ်တော်မှာ အရေးကြီးအဆို အနေနဲ့ တင်သွင်းမှာပါ” ဟု ၄င်းကဆိုသည်။ လက်ရှိတွင် အစိုးရတပ်မှ

နောက်ထပ်ထွက်ရှိမည့် မိုဘိုင်းဖုန်းများ၏ ဈေးနှုန်းကို ၁၀ ရက်နေ့မှ ၁၂ ရက်နေ့အတွင်း မီဒီယာများသို့ အတည်ပြုပြောကြားမည်




မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ နောက်ထပ်ထွက်ရှိမည့် မိုဘိုင်းဖုန်းများ ၏ ဈေးနှုန်းကို ဇန်န၀ါရီလ ၁၀ ရက်နေ့ သို့မဟုတ် ၁၂ ရက်နေ့အတွင်း မီဒီယာများကို ခေါ်ယူတွေ့ဆုံပြီး မိုဘိုင်းဖုန်းများ၏ ဈေးနှုန်းနှင့် ရောင်းချ မည့်ရက်ကို အ တိအကျ ပြောမည်ဖြစ်ကြောင်း မိုဘိုင်းအင်ဂျင်နီယာချုပ် ဦးဌေးဝင်းက ဇန်န၀ါရီလ ၈ ရက်နေ့က ပြောသည်။

နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူအဖြစ် တာဝန်ပေးအပ်ခြင်း




ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးမှ နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ အဖြစ် တာဝန်ပေးအပ်ခြင်း၊ အမိန့်ကြော်ငြာစာအမှတ် (၆/၂၀၁၃) ကို ၁၃၇၄ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၁ ရက် (၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလ ၈ ရက်) နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။ အဆိုပါ ကြေညာ ချက်တွင် ပြည်ထောင်စု အစိုးရအဖွဲ့ ဥပဒေပုဒ်မ ၂၄၊ ပုဒ်မခွဲ(က) ပါ ပြဌာန်းချက်အရ ''နိုင်ငံတော် သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ''

Wednesday, January 9, 2013

တရုတ် ဆင်ဆာဖြတ်တောက်မှုပေါ် ဆန္ဒပြမှုပျံ့နှံ့



တရုတ်နိုင်ငံမှာ အစိုးရရဲ့ ဆင်ဆာတည်းဖြတ်မှုတခုကြောင့် ဒေသဆိုင်ရာ အငြင်းပွားမှုတခုကနေ တနိုင်ငံ လုံးအနှံ့ အင်တာနက်အွန်လိုင်းပေါ်မှာ ဆန္ဒပြ ကန့်ကွက်တာတွေ ဖြစ်နေတာနဲ့ အမျှ နိုင်ငံတောင်ပိုင်းမှာ လွတ်လ ပ်ပြောဆိုခွင့်ဆိုင်ရာ ဆန္ဒပြသူတွေနဲ့ ကွန်မြူနစ်ပါတီကိုထောက်ခံသူတွေ အကြား အင်္ဂါနေ့က ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ကြပါတယ်။

ထိုင်း-မြန်မာနယ်စပ် ကလေး ၃ဝဝ ကျော် အာဆီယံ ချစ်ကြည်ရင်းနှီးမှု စခန်းဖွင့်

https://fbcdn-sphotos-c-a.akamaihd.net/hphotos-ak-snc6/196962_209497189175219_773973606_n.jpg

ထိုင်း-မြန်မာနယ်စပ်မဲဆောက်မြို့မယ် ကုဝိထရ ထိုင်းအလယ်တန်းကျောင်း မှာ ရွှေ့ပြောင်းမြန်မာစာသင်ကျောင်းက ကလေးတွေ အပါအဝင်ကျောင်း သားကျောင်းသူ ၃ဝဝကျော်ဟာ We are ready for ASEAN ဆိုတဲ့ ခေါင်းစဉ်နဲ့ စခန်းသွင်းတွေ့ဆုံတဲ့ပွဲကို ဒီကနေ့ မနက်ပိုင်းမှာ တက်ရောက်ခဲ့ကြပါတယ်။

စစ်ကြောရေးတွင် ညှဉ်းပမ်းနှိပ်စက်မှု ပပျောက်ရန် ကြိုးပမ်းမည်



စစ်ကြောရေးတွင်ညှဉ်းပမ်း နှိပ်စက် မှုများကြောင့်အကျဉ်းသားများသေဆုံး လျက်  ရှိနေသော မြန်မာ နိုင်ငံတွင် ရဲစခန်းအတွင်း ဖမ်းဆီးစစ်ဆေးခံရ သူ များညှဉ်းပမ်း နှိပ်စက်ခံရမှုပပျောက်စေရန် နိုင်ငံရေးအကျဉ်းသား ဟာင်း များ အဖွဲ့ချုပ် က ကြိုးပမ်း သွားမည် ဖြစ်ကြောင်း အဆိုပါ အဖွဲ့မှ တာဝန် ရှိသူ ဦးသန်းမြင့်အောင် က The Voice Weekly သို့ ပြောကြား သည်။

KIA တပ်ရင်း (၂၄) ၏ ရှေ့ကာ ကင်းပွိုင့် တခု လက်လွှတ်လိုက်ရ


KIA တပ်ရင်း (၂၄) ၏ ရှေ့ကာ ကင်းပွိုင့် တခု လက်လွှတ်လိုက်ရ

KIA 120 mm 02ဗန်းမော်-လိုင်ဇာလမ်းကြောင်း ဖွန်းပျဉ်ဘွမ်ရှိ ကချင်ပြည်လွတ်လပ်ရေး တပ်မတော် KIA အမှတ် (၂၄) တပ်ရင်း၏ ရှေ့ကာ ကင်းစခန်း တခုယနေ့ ညနေ (၃) နာရီအချိန်ခန့်က လက်လွှတ် လိုက်ရကြောင်း KIA စစ်ရုံးချုပ် အရာရှိ တဦးက ပြောသည်။

သမ္မတ၏ ပြောရေးဆိုခွင့်ရှိ သူအဖြစ် ပြန်ကြားရေး ၀န်ကြီးဌာန ဒုတိယ ၀န်ကြီး ဦးရဲထွဋ်ကို ခန့်အပ်

နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူအဖြစ် ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးရဲထွဋ်ကို ခန့်အပ်လိုက်ကြောင်း ဇန်န၀ါရီ ၉ ရက်တွင် ပြည်ထောင်စုအစိုးရအဖွဲ့ရုံး အမိန့်ကြော်ငြာစာ (အမှတ်၊ ၆/၂၀၁၃) ဖြင့် ထုတ်ပြန်ကြေညာလိုက်သည်။

Ref: 7Day News Journal

နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူအဖြစ် ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးရဲထွဋ်ကို

မြေပုံမြို့မှ ဘင်္ဂါလီများ လူမျိုးအ မည်အ မျိုးမျိုးခံယူ မှုများ ရှိနေသည်ဟုဆို



မြေပုံမြို့ရှိဘင်္ဂါလီများအား၁၉၈၂ဥပဒေအရစစ်ဆေးမှုများပြုလုပ်လျှက်ရှိရာလူမျိုးနေရာတွင်အမည်အမျိုးမျိုးခံယူ
လျက်ရှိနေ ကြောင်းသိရသည်။

မြေပုံမြို့မှ ဘင်္ဂါလီများ လူမျိုးအ မည်အ မျိုးမျိုးခံယူ မှုများ ရှိနေသည်ဟုဆို



မြေပုံမြို့ရှိဘင်္ဂါလီများအား၁၉၈၂ဥပဒေအရစစ်ဆေးမှုများပြုလုပ်လျှက်ရှိရာလူမျိုးနေရာတွင်အမည်အမျိုးမျိုးခံ
ယူလျက်ရှိနေ ကြောင်းသိရသည်။

ကက်ရှ်မီးယားမှာ အိန္ဒိယနဲ့ပါကစ္စတန် တိုက်ခိုက်မှုဖြစ်


 
အိန္ဒိယနဲ့ပါကစ္စတန် နယ်စပ်စစ်ဆေးရေးဂိတ်တခု။

အိန္ဒိယနဲ့ ပါကစ္စတန် နှစ်နိုင်ငံ ပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ ကက်ရှ်မီးယားဒေသ နယ်စပ်တနေရာမှာ ပါကစ္စတန်ဘက်က ပစ်ခတ်မှုကြောင့် အိန္ဒိယတပ်သား နှစ်ဦး ကျဆုံးတယ်လို့ အိန္ဒိယဘက်က ပြောဆိုလိုက်ပါတယ်။

ကာကွယ်ရေးဝန်ကြီးအဖြစ် သမ္မတအမည်တင်တဲ့ မစ္စတာ Hagel


ဒီမိုကရက်သမ္မတ အိုဘားမားက ရီပတ်ဘလီကင်ပါတီ အထက်လွှတ်တော်အမတ်ဟောင်း Chuck Hagel ကို ကာကွယ်ရေးဝန်ကြီးအဖြစ် အမည်စာရင်းတင်သွင်းလိုက်ပါတယ်။

Sunday, January 6, 2013

ကရင်ပြည်နယ်မှာ အမှန်တကယ် ငြိမ်းချမ်းရေးရတော့မည်လား

သမ္မတ ဦးသိန်းစိန်ဟာ နေပြည်တော်မှာ ကရင်အမျိုးသား အစည်းအရုံး KNU ခေါင်းဆောင်သစ် ဗိုလ်ချုပ်ကြီး မူတူးစေးဖိုးနဲ့ ကိုယ်စားလှယ်တွေကို လက်ခံတွေ့ဆုံခဲ့ပါတယ်။ဒါဟာ KNU အဖွဲ့အတွင်း မကြာသေးမီကမှ အသစ်ရွေးချယ် တင်မြှောက်လိုက်တဲ့ ခေါင်းဆောင်ပိုင်း အသစ်ရွေးချယ်မှု အပြီး ငြိမ်းချမ်းရေး ခရီး ဖြောင့်ဖြူးစေဖို့ ဦးသိန်းစိန်က နေပြည်တော် ကို ခေါ် ယူတွေ့ဆုံခဲ့ တာလည်းဖြစ်ပါတယ်။ 

နိုင်ငံရေးပါတီများ လွှတ်တော်၊ အစိုးရတို့နှင့် တိုက်ရိုက်တွေ့ဆုံနိုင်ရန် ကော်မရှင် စီစဉ်ပေးမည်


နိုင်ငံရေးပါတီများ အနေနှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အစိုးရ၊ ပြည်ထောင်စု အစိုးရနှင့် သတ်ဆိုင်ရာ လွှတ်တော်များမှ တာဝန်ရှိသူများတိုက်ရိုက်တွေ့ဆုံ ဆွေးနွေးနိုင်ရန် ပြည်ထောင် စု ရွေးကောက် ပွဲ ကော်မရှင်က တာဝန်ယူ စီစဉ်ပေးမည်ဖြစ်ကြောင်း ယင်းကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက ပြောကြားသည်။ နိုင်ငံရေး

တရားမ၀င်သစ်ခွဲသားများ နှင့် မော်တော်(၁)စီးအား ကသာသစ်တောဦးစီးဌာနမှ ဖမ်းဆီးရမိ



စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ကသာ မြို့တွင် ခရိုင်   သစ်တော ဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူးဦးခင်မောင်ဝင်း ၏ ပွင့်လင်းရာ သီစစ်ကြောင်း လမ်း ညွှန်ချက်အရ မြို့နယ်သစ်တော ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဝင်း ထွန်းခေါင်းဆောင်သော အဖွဲ့သည် တောအုပ်ကြီး ဦးကျော်ဦး၊တော အုပ်ဦးဇော်ဝင်း၊ဦးမျိုးဇော်ညွှန့်၊  ဦးမြင့်အောင်၊

ကော့သောင်းလူကုန်ကူးအထူးအဖွဲ့နှင့်‌ရနောင်းလူကုန်ကူး နယ်စပ်ဆက်ဆံရေးရုံးပူးပေါင်း၍ မြန်မာ အမျိုး သမီး (၆) ဦးအား ကယ်တင်



၂၉-၁၂-၂၀၁၂ ရက်နေ့ ၂၀၁၀ အချိန်တွင် တာဝန်သိပြည် သူတစ်ဦး က မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ် (လူကုန်ကူး) တိုင်တန်း ချက်ဖုန်းသို့ ၎င်း၏တူမဖြစ်သူ မ xxxxxx ပါ ၆ ဦးအား မခင်သီတာနိုင်(ခ) မသံဇဉ်၊ ၃၀ နှစ်၊( ဘ) ဦးကျော်မင်းထွန်း၊ ဥက္ကာ ၂ လမ်း၊ မြောက်ဥက္ကလာပနေသူ အမျိုးသမီးက ထိုင်းနိုင်ငံ၊ ရနောင်းမြို့၊ ဘန်ဒေါရပ်ကွက်၊ အနှိပ်ခန်းသို့ ပို့ဆောင်ရန် ခေါ်ဆောင်သွားကြောင်း တိုင်တန်းခဲ့သဖြင့် စုံစမ်းေ ဖ်ာထုတ်

အိန္ဒိယကျောင်းသူ သေဆုံးမှုအတွက် ဆန္ဒပြပွဲတွေ ထပ်မံဖြစ်ပွား



အိန္ဒိယနိုင်ငံမှာ အုပ်စုဖွဲ့ အဓမ္မကျင့်ခံ လိုက်ရတဲ့ အမျိုးသမီးနဲ့အတူ အဖော်ပါ လာတဲ့ အမျိုးသားက သူကိုယ်တိုင်  ကြုံတွေ့ ခံစားခဲ့ရတဲ့ အခြေအနေတွေကို ပြန်ပြောပြခဲ့ပြီးတဲ့နောက် ဒီအပေါ် လူထုရဲ့ စိတ်ဝင်စားမှု နည်းနေတာနဲ့ ရဲတပ်ဖွဲ့ရဲ့ ကိုင်တွယ်ပုံ ညံ့ဖျင်းမှုတွေအပေါ် မကျေနပ်တာကြောင့် နယူးဒေလီမြို့မှာ စနေနေ့က ကန့်ကွက် ဆန္ဒပြပွဲတွေ

“မြန်မာမိန်းကလေးဟုယူဆရသူပုဇွန်ကန်ဘောင်တွင် သေနတ်ဖြင့်ပစ်သတ်ခံရ”




၂၀၁၃ ဇန်န၀ါရီ ၅ထိုင်းနိုင်ငံအရှေ့ပိုင်း ဘန်ကောက်မြို့ နှင့်၇၅ကီလိုမီတာ
အကွာ တွင်ရှိသော   ချာချင်းစောင်  မြို့အမှတ်(၃) ရပ်ကွက် ဘန်ကေ ရာက် ရွာရှိ  ပုဇွန်ကန်ဘောင်တွင် မြန်မာမိန်းကလေးဟု ယူဆရသူတစ် ဦး သေနတ်ဖြင့် ပြီးခဲ့သည့် ညက ပစ်သတ်ခံခဲ့ ရကြောင်း ထိုင်းဘာသာဖြင့် ထုတ်ဝေသည့် ခေါင်စွတ်နှင့် ထိုင်းရပ် သတင်းစာတွင် ဖေါ်ပြထားသည်။

အိန္ဒိယ အဓမ္မမှု ကျန်ရစ်သူ ပြန်ပြောပြ



အိန္ဒိယနိုင်ငံ ဒေလီမြို့က ဘတ်စကားတစီး  ပေါ်မှာ ပြီးခဲ့တဲ့ လက အုပ်စုနဲ့ အဓမ္မ ပြုကျင့် ခံခဲ့ရပြီး ရိုက်နှက် ခံရလို့ သေဆုံးခဲ့ရတဲ့  ဆေးကျောင်း သူလေး နဲ့ အတူပါလာတဲ့ အမျိုးသားမိတ်ဆွေက သူတို့ရဲ့ ထိတ်လန့် တုန်လှုပ်စရာ အတွေ့အကြုံကို ပထမဆုံး အကြိမ် ပြန်ပြောပြခဲ့ပါတယ်။

Monday, December 31, 2012

KIA ခေါင်းဆောင် များအား အကြမ်း ဖက်သောင်းကျန်း သူများအဖြစ် ပြတ်ပြတ် သားသား အရေးယူသင့်



KIA အဖွဲ့အစည်းအနေဖြင့် ၂၀၁၁ ခုနှစ် ဇွန်လမှစတင်ပြီး အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ချိုးဖျက်ကာ တိုင်းရင်းသားရွာများ အနီးတဝိုက်တွင် မိုင်းထောင်ခြင်း၊ ရထားလမ်း၊ ကားလမ်း၊ တံတားများအား မိုင်းခွဲဖျက်ဆီးခြင်း၊ အပြစ်မဲ့ဒေသခံပြည်သူ လူထုအား အကြောင်းမဲ့ ပစ်ခတ် သတ်ဖြတ်ခြင်း၊ ကချင်ပြည်နယ်အတွင်းရှိ ဒေသခံတိုင်းရင်းသားလူမျိုး (ယောက်ျား/မိန်းမ)များအား အတင်းအဓမ္မ

ဒီဇင်ဘာလ ၂၉/၃၀ ရက်နေ့ တိုက်ပွဲ များတွင် KIA အဖွဲ့ဝင် ၁၅၀ ကျော်ကျဆုံး

Photo: a rare historic photo of KIA fighters praying  before going to battlefield

 
တပ်ချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်မှ KIA အဖွဲ့အား လမ်းကြောင်းရှင်းမည့်အကြောင်း ပေးပို့ခဲ့သည့် ဒီဇင်ဘာလ ၂၃ ရက်နောက်ပိုင်းတွင် KIA အဖွဲ့မှ စစ်ရေးပြင်ဆင်မှုများ ပြုလုပ်ခဲ့ပြီး အစိုးရတပ်များ ရိက္ခာသယ်ယူနေခြင်းအား တိုက်ခိုက်ခဲ့ပါ သည်။ အစိုးရတပ်များမှ ဒီဇင်ဘာလ ၂၅ ရက်နေ့မှ စပြီး ပြန်လည်တိုက်ခိုက်ခဲ့ရာမှ တိုက်ပွဲများပိုမိုပြင်းထန် လာခဲ့သည်။

HIV ပိုးနှင့်မလိုချင်သော ကိုယ်ဝန်အားတားဆီးနိုင်သောဖိုက်ဘာမျှင်


HIV ပိုးနှင့်မလိုချင်သော ကိုယ်ဝန်အားတားဆီးနိုင်သောဖိုက်ဘာမျှင်

မလိုချင်သော ကိုယ်ဝန်တား ခြင်းနှင့် HIV ပိုးကူးစက်ခြင်းမှ တားပေးခြင်းစသောကိစ္စနှစ်ရပ် အား တပြိုင်တည်းပြေလည်စေသော နည်းမှာ ကွန်ဒုံးအသုံးပြုခြင်းပင် ဖြစ် သည်။ သို့သော် ကွန်ဒုံးမှာလည်း အခြေအနေအရပ်ရပ်တွင် အဆင်မ ပြေကဲ့သို့ လူကြိုက်လည်းမများခဲ့ပေ။ ယခုအခါဝါရှင်တန်တက္ကသိုလ်မှယင်း ပြဿနာနှစ်ရပ်လုံးအားတစ်ပြိုင်ထဲ ဖြေရှင်းပေး နိုင်မည့်အခြားနည်းတစ်ခု ကို တီထွင်နိုင်ခဲ့လေသည်။ ယင်းကဲ့ သို့ တီထွင်နိုင်ခဲ့သည့်အတွက် ဝါရှင်တန် တက္ကသိုလ် မှ လေ့လာသူ များအား ဘေလ်နှင့်မီလင်ဒါဂိတ် အဖွဲ့အ စည်းမှ ဒေါ်လာ ၁သန်းဆုချီးမြင့်ခဲ့လေသည်။ ယင်းပစ္စည်းမှာ ဗို့အားမြင့်ချည်ငင်စက် မှထုတ်လုပ်ထားသောအဝတ်ဖြစ်ပြီး ယင်း အဝတ်မှာ နာနိုအရွယ်အစားဖိုက်ဘာ မျှင်များဖြင့် ထုတ်လုပ်ထား၍ ယင်း ဗိုက်ဘာမျှင်များမှာလည်း လူ၏ခန္ဓာ ကိုယ်အပူချိန်တွင် ပျော်ဝင်ကာ သန္ဓေ တားဆေးများ၊HIV တားဆေးများထုတ် ပေးနိုင်သည်။ ယင်း ဖိုက်ဘာမျှင်များ ဖြင့်ရက်လုပ်ထားသောအဝတ်မှာ ဈေး ပေါပြီးသီးခြားဆန်ကာ၊ ကိုယ်ဝန်လို ချင်သောအချိန်တွင် အချိန်မရွေးပြန် ရနိုင်ပေသည်။ ဗို့အားမြင့်ချည်ငင်စက် ဆိုသည်မှာ လျှပ်စစ်လှိုင်းကို အသုံးပြု ၍လျှပ်စစ်မှုန်များ ပါဝင်သောအရည် ကို အရှိန်အဟုန်မြှင့်ညစ်ထုတ်၍ သေးငယ်သော နာနိုဖိုက်ဘာမျှင်များ ထုတ်လုပ်ပေးနိုင်သော စက်ဖြစ်သည်။ ယင်းဖိုက်ဘာမျှင်များသည် ဆေးများ ကို သိုလှောင်ထားနိုင်ရုံသာမက ဆေး များကို ခန္ဓာကိုယ်တွင်းသို့ ပို့ဆောင်ရာ တွင်လည်း အခြားသော ဂျယ်များ၊ ဆေးလုံးများ၊ ဆေးပြား များထက် ပို၍ အကျိုးသက်ရောက်မှု ရှိသည်။ ထို့ပြင် အခြားသောနည်းများဖြင့် ပို့ဆောင် လျှင် လုပ်ဆောင်ရန် ခက်ခဲသောခန္ဓာ ကိုယ်တွင်းမှ မော်လီကျူးကြီးများ ဖြစ် ကြသည်။ ပရိုတင်းများ၊ အန်တီဘော် ဒီ များနှင့်လည်းတစ်သားတည်းပူးပေါင်း လုပ်ဆောင်နိုင်လေသည်။ လေ့လာ သူများက ပထမအနေဖြင့် HIV ကာ ကွယ်ဆေး antiretroviral ဆေးများ အား FDA မှ ခွင့်ပြုထားသောပိုလီမာ ဖြင့် ရောနှော၍ ဆေးထိုးအပ်မှတစ်ဆင့် ထုတ်နိုင်သောပျစ်ချွဲသည် အရည် ဖြစ်သည်အထိ ဖျော်လိုက်သည်။ ထို့ နောက် ယင်းအရည်များကို ဗို့အားမြင့် ချည်ငင်စက် ကို အသုံးပြု၍ဖိုက်ဘာမျှင် များရအောင် ပြုလုပ် လေသည်။ ယင်း ဖိုက်ဘာမျှင်များဖြင့်ပြု လုပ်ထားသော အဝတ်ကို ကိုယ်တွင်းသို့ မိန်းမကိုယ် မှတစ်ဆင့်တိုက်ရိုက်သော်လည်းကောင်း၊ သားအိမ်အား ထိန်းပေးထားသော ကွင်းများတွင်သော်လည်းကောင်းတပ် ဆင်အသုံးပြုနိုင်သည်။ ထိုအဝတ်မှာ ရုပ်ပိုင်းဆိုင်ရာအရ သုက်ပိုးများမဝင် နိုင်အောင် တားဆီးပေးနိုင်သကဲ့ သို့ ပျော်ဝင်သွားပြီးနောက် ဆေးများကို ထုတ်ပေး၍လည်း HIV ပိုးနှင့်သန္ဓေ မရနိုင်ရန် တားပေးနိုင်သည်။ဖိုက် ဘာမျှင်တစ်မျိုးမှာထည့်ပြီး မိနစ်ပိုင်း အတွင်းပျော်ဝင်သွား၍မလိုလားအပ်သော သန္ဓေ နှင့်လိင်မှ တစ်ဆင့် ကူးစက်နိုင် သော ရောဂါများအား တားဆီးနိုင် ၍ နောက်ဖိုက်ဘာတစ်မျိုးမှာတဖြည်းဖြည်း ပျော်ဝင်ပြီး ရက်အနည်း ငယ်ကြာသည် အထိခံကာတဖြည်းဖြည်းဆေးကိုထုတ် လွှတ်ပေးပြီး HIV နှင့်ကိုယ်ဝန်ရခြင်း တို့အား ကာကွယ်ပေးသည်။
မိုင်ကိ 
Ref: MNT
Health Updates Journal


မလိုချင်သော ကိုယ်ဝန်တား ခြင်းနှင့် HIV ပိုးကူးစက်ခြင်းမှ တားပေးခြင်းစသောကိစ္စနှစ်ရပ် အား တပြိုင် တည်းပြေလည်စေသော နည်းမှာ ကွန်ဒုံးအသုံးပြုခြင်းပင် ဖြစ်သည်။ သို့သော် ကွန်ဒုံးမှာလည်း အခြေ အနေအရပ်ရပ်တွင် အဆင်မ ပြေကဲ့သို့

၂၀၁၁ ခုနှစ်မြန်မာ့ ရုပ် ရှင်ထူးချွ ဆုပေးပွဲ အခမ်းအနား ဆုရရှိသူ များစာရင်း


၁။ ၂၀၁၁ ခုနှစ်အတွက် အကောင်းဆုံး မြန်မာ့ရုပ်ရှင် ဓာတ်ပုံဆုကို ဦးတင့်ဆန်းမှ ပန်းကြာဝတ်မှုန် ရုပ်ရှင် ဇာတ်ကားဖြင့်ရရှိခဲ့သည်။

ထာဝရအလင်းတန်း’ ရုပ်ရှင် အကယ်ဒမီ ၈ ဆုရ



 

၂၀၁၁ ခုနှစ်အတွက် အကောင်းအဆုံး အမျိုးသမီး အကယ်ဒမီ ဆုရှင် မယ်လိုဒီ။ (ဒီဇင်ဘာလ ၃၀၊ ၂၀၁၂)။
 
 
လောလောလတ်လတ် ကျင်းပခဲ့တဲ့ ၂၀၁၁ ခုနှစ် အတွက် မြန်မာ့ ရုပ်ရှင် ထူးချွန်ဆု ပေးပွဲမှာတော့ တနှစ်လုံး အတွက် မြန်မာရုပ်ရှင်ကားကြီး ၁၅ ကား ရှိတဲ့ အထဲကနေ အကယ်ဒမီ ဆုတွေ ရွေးချယ် ပေးအပ်ခဲ့ပါပြီ။ ဒီအခြေအနေမှာ မြန်မာ့ ရုပ်ရှင် အဆင့်အတန်း၊ အခြေအနေနဲ့ အကယ်ဒမီ ဆုရွေးချယ်မှုကရော လွတ်လပ်မှု ရှိခဲ့ပါသလား ဆိုတာကို မသိင်္ဂီထိုက်က စုစည်း တင်ပြထားပါတယ်။

Wednesday, December 26, 2012

Chavez 'walking' after cancer surgery






Venezuelan officials have said Chavez might not return in time for his January 10 inauguration [Reuters]

Nicolas Maduro, Venezuela's vice president, has announced that President Hugo Chavez is up and walking two weeks after cancer surgery in Cuba, but the news did little to ease uncertainty surrounding the leader's condition.

Body found in home of US arsonist gunman




The gunfire initially kept firefighters from battling the blazes that burned down several houses [Reuters]

Police have found human remains in the burned-out home of the New York state ex-convict who killed two firefighters and believe the victim is the gunman's sister.

အငြင်းပွား ကျွန်းအနီး ဂျပန် တိုက်လေယာဉ်တွေစေလွှတ်

 

တရုတ်နိုင်ငံက ရေကြောင်းဆိုင်ရာ ထောက်လှမ်းရေး လေယာဉ်တစင်း ပျံသန်းနေတာကို ဂျပန်ကမ်းခြေစောင့်တပ်ဖွဲ့မှ ရိုက်ကူးထားသည့် မှတ်တမ်းပုံ။

ပိုင်ဆိုင်မှုအတွက် အငြင်းပွားနေတဲ့ အရှေ့တရုတ် ပင်လယ်ပြင်တွင်း ဂျပန်နိုင်ငံက တိုက်လေယာဉ်တွေ စေလွှတ်ခဲ့တဲ့နောက် တရုတ်နိုင်ငံက အရေးပေါ်

အိန္ဒိယ ရုန်းရင်းဆန်ခတ်မှုအတွင်း ဒဏ်ရာရ ရဲတပ်ဖွဲ့ဝင် သေဆုံး


 
 
အိန္ဒိယ ဆန္ဒပြပွဲအတွင်း အထိကရုဏ်းနှိမ်နှင်းရေး ရဲတပ်ဖွဲ့ဝင်များကို တွေ့ရစဉ်။

အုပ်စုလိုက် အဓမ္မပြုကျင့်ခံခဲ့ရတဲ့ အသက် ၂၃ နှစ်အရွယ် ကျောင်းသူလေးရဲ့ အမှုနဲ့ ပတ်သက်ပြီး မကျေနပ်ကြတဲ့ လူထုကြီးရဲ့ ဆန္ဒပြပွဲအတွင်း အိန္ဒိယရဲ တဦး ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိခဲ့ပြီးနောက် - နယူးဒေလီဆေးရုံတရုံမှာ သေဆုံးသွားခဲ့ပါတယ်။