Edit This Menu
Monday, January 21, 2013
သားဂိမ်းဖြတ်ဖို့အတွက် အဖေဖြစ်သူက ဂိမ်းလူသတ်သမားငှား
အမှန်တကယ် တိုက်ခိုက်ရေး ဆောင်ရွက် နေမှုနှင့် သဏ္ဍာန်တူသော စစ်ရေး လေ့ကျင့်ခန်းများ ပိုမိုပြုလုပ် သွားရန် တရုတ်စီစဉ်
အရှေ့တရုတ်ပင်လယ်ရှိ အငြင်းပွား နေသော ကျွန်းစုများအား တိုင်း တာရေး
ဆောင်ရွက်သွားရန်စီစဉ်ထား ကြောင်းနှင့် တိုက်ပွဲဝင်အသင့် ရှိ နေစေရန် ၎င်း၏စစ်ဘက်အား တောင်းဆိုထားကြောင်း တရုတ် နိုင်ငံ က ထုတ်ပြန် ကြေညာခဲ့ပါသည်။
ရေပိုင်နက် အငြင်းပွားမှုနှင့် ပတ်သက် ၍ ဂျပန်နိုင်ငံနှင့် တင်းမာမှုများ
မြင့်တက် နေစဉ်အတွင်း တရုတ်နိုင်ငံ၏ အထက်ပါ ကြေညာချက် ထွက်ပေါ်လာပါ သည်။
ရဲအရာရှိက အရပ်သား တစ်ဦးကို ထိုးနှက်ပြီး သေနတ်ပြ ခြိမ်းခြောက်မှု အား စစ်ဆေး အရေးယူမည်
ကချင်ပြည်နယ် မိုညှင်းခရိုင်ဟိုပင်မြို့နယ်ခွဲ မြသီတာရပ်ကွက်တွင်နေထိုင်သော ဦးဝင်မြင့်အားဟိုပင် ရဲစခန်းမှ ဒုရဲအုပ်ဦးအောင်မျိုးအေးက ဆိုင်ကယ်အချက်ပြမီးမပြသည့်ကိစ္စဖြင့် ထိုးနှက်ကာလက်နက်ပြ ခြိမ်းခြောက်ခဲ့ခြင်းကို အမှုမှန် ပေါ်အောင် စစ်ဆေးသွားမည် ဖြစ်ကြောင်း မိုးညှင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူ တစ်ဦးက The Voice Weekly သို့ ပြောကြားသည်။
သမ္မတအိုဘားမား ဒုတိယသက်တမ်း ကျမ်းသစ္စာဆို
အမေရိကန် သမ္မတရွေးကောက်ပွဲမှာ ဒုတိယအကြိမ် အနိုင်ရခဲ့တဲ့ အမေရိကန်သမ္မတ ဘရက်အိုဘားမားဟာ အိမ်ဖြူတော်မှာ တနင်္ဂနွေနေ့က တရားဝင်ကျမ်းသစ္စာကျိန်ဆိုခဲ့ပါတယ်။ သမ္မတ ကတော် မစ်ရှဲလ်အိုဘားမားရဲ့ မိသားစုပိုင် သမ္မာကျမ်းစာအုပ်ပေါ် လက်တင်ပြီး ဒုတိယသမ္မတ သက်တမ်းတာဝန်အတွက် ကျမ်းသစ္စာ ကျိန်ဆိုခဲ့တာဖြစ်ပါတယ်။ ဒုတိယသမ္မတ ဂျိုးဘိုင်ဒန် ဟာလည်း တနင်္ဂနွေနေ့မှာပဲ ကျမ်းကျိန်းခဲ့ပါတယ်။
အစောပိုင်းကတော့ သမ္မတအိုဘားမားဟာ အစဉ်အလာအတိုင်း အာလင်တန် (Arlington) အမျိုးသား စစ်သင်္ချိုင်းမှာ လူမသိသူမသိ ကျဆုံးခဲ့တဲ့ စစ်သည်တွေအတွက်အုတ်ဂူမှာ သွားရောက်ပန်းခွေချခဲ့ပါတယ်။ အမေရိကန် ဖွဲ့စည်းပုံအခြေခံဥပဒေအရ သမ္မတတာဝန်ယူမယ့်သူတွေ အနေနဲ့ ဇန်နဝါရီလ ၂၀ ရက်နေ့မှာ ကျမ်းသစ္စာ ကျိန်ဆိုရတာဖြစ်ပါတယ်။
ဒီနှစ် ဇန်နဝါရီ ၂၀ ရက်နေ့ဟာ တနင်္ဂနွေ ရုံးပိတ်ရက်ဖြစ်နေတဲ့အတွက် အမျိုးသားရင်ပြင်ကို မျက်နှာမူ ထားတဲ့ Capitol Hill လွှတ်တော် အဆောက်အဦးရှေ့ အများပြည်သူရှေ့မှောက် ကျမ်းသစ္စာကျိန်ဆိုပွဲကို တနင်္လာနေ့မှာ လုပ်မှာဖြစ်ပါတယ်။ ၀ါရှင်တန်ဒီစီ မြို့တော်က သမ္မတကျမ်းကျိန်ပွဲကို ပြည်သူပေါင်း ၈ သိန်းလောက် လာရောက်ကြမယ်လို့ ခန့်မှန်းထားပါတယ်။
ဗွီအိုအေ
ဇောတိက စီမံကိန်းမှ သဘာဝဓာတ်ငွေ့ပိုက်လိုင်း သွယ်တန်းရန် လုပ်ဆောင်နေသော သင်္ဘောတစ်စီး နစ်မြုပ်မှုဖြစ်ပွား
မုတ္တမ
ကမ်းလွန်ဒေသမှ ရှာဖွေတွေ့ရှိထားသည့် ဇောတိက သဘာဝဓာတ်ငွေ့ စီမံကိန်းအတွက်
ပင်လယ်တွင်း ပိုက်လိုင်း သွယ်တန်းနေသည့် PTTEP ကုမ္ပဏီပိုင်
PANRITH သင်္ဘောသည် ဇန်န၀ါရီလ ၁၇ ရက်နေ့က ပိုက်လိုင်း သွယ်တန်းမှု
ပြုလုပ်နေစဉ် ရေအောက် ကျောက်ဆောင်နှင့် တိုက်မိသဖြင့် နစ်မြုပ်မှု
ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိပါသည်။
Thursday, January 10, 2013
မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ်တွင် မီးလောင်မှုဖြစ်ပွားလျက်ရှိ
မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် ရှိ အောင်သုခဓမ္မာရုံအနီးယနေ့ နံနက် (၁၀) ခွဲ ခန့် တွင် မီးလောင်မှုဖြစ်ပွားလျက်ရှိကြောင်းသိရသည်။သတင်းအပြည့်အစုံကို ဆက်လက် ဖော်ပြသွားမည်ဖြစ်ပါသည်။
မန်းကိုကို
Yangon Media Group
လွန်ခဲ့သောနှစ်ပေါင်း ၂၀၀ ကျော်က အသုံးပြုခဲ့သော ရှေးခေတ် ရခိုင်လှေကြီး ဘင်္ဂလာဒေခ်ျ့တွင် တူးဖေါ်
လွန်ခဲ့သော နှစ်ပေါင်း ၂၀၀ ကျော်က အသုံးပြုခဲ့သော ရှေးခေတ်လှေကြီး တစ်စီးကို ဘင်္ဂလာဒေခ်ျ့ ရှေးဟောင်း သုတေသနနှင့် တစ်ခြား ပညာရှင်များက ပူးပေါင်းကာ တူးဖေါ်နေပြီ ဖြစ်သည်။တူးဖေါ်နေသော လှေ ကြီး ကို တွေ့ရစဉ်။ပြင်သစ် နိုင်ငံဖွား ဘင်္ဂလီ ရှေးဟောင်း သုတေသန ပညာရှင် တစ်ဦးလည်း ဖြစ် ရှေးဟောင်း သစ်သားလှေနှင့် ပတ်သက်ပြီး ကျွမ်းကျင်သူတစ်ဦးလည်းဖြစ်သူYvesMarreမှဦးဆောင်
ဖွန်းပျဉ်ဘွန် တောင်ကုန်းကို သိမ်းပိုက်ရေး အစိုးရတပ် ဆက်လက် ထိုးစစ်ဆင်
ကချင်လွတ်လပ်ရေး တပ်မတော် (KIA) ဌာနချုပ် လိုင်ဇာမြို့အနီးရှိ
ဖွန်းပျဉ်ဘွန် တောင်ကုန်းအောက်တွင် လှုပ်ရှားနေသော ရှေ့တန်းစခန်း တခု ကို
အစိုးရတပ်က သိမ်းပိုက်ထားပြီ ဖြစ်ကြောင်း သတင်းရရှိ သည်။KIA တပ်ဖွဲ့ဝင်များ အခြေစိုက်ထားသည့် ဖွန်းပျဉ်ဘွန် တောင်ကုန်း ကို
သိမ်းပိုက်ရန်အတွက် အစိုးရစစ်တပ်က ယခုလ ၆ ရက်နေ့ ညနေပိုင်းမှ စတင်၍
ထိုးစစ်ဆင် တိုက်ခိုက်နေခြင်း ဖြစ်သည်။
ကချင်ငြိမ်းချမ်းရေး ချီတက်ပွဲ မြစ်ကြီးနား ရဲမှူးကြီး ခွင့်မပြု
ဇန်နဝါရီလ ၁၀ ရက်နေ့တွင် ကျရောက်သော ၆၅
ကြိမ်မြောက် ‘ကချင်ပြည်နယ်နေ့’တွင်ပြည်နယ် ငြိမ်းချမ်းရေးအတွက်
စီတန်းလမ်းေ လျှာက်ခွင့် ကို မြစ်ကြီးနားမြို့နယ် ရဲတပ်ဖွဲမှူးက
အခါကြီးရက်ကြီးဖြစ်၍ ခွင့်မပြုကြောင်း ချီတက်ပွဲ ဦးဆောင်သူ
အင်ဂျားယန်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဒွဲဘူ က ပြောသည်။
“ခွင့်တောင်းတာ ၁၀ ရက်နေ့ မရဘူး။ အဲဒီနောက်ပိုင်းမှ ပြန်တင်ပါတဲ့။ ကျမတို့
ဟောပြောပွဲ
ကချင်ပြည်နယ်က စစ်ပွဲတွေအပေါ် ဒေါ်အောင်ဆန်းစုကြည် ဘာပြောလဲ
" ဒီလိုမျိုး ဖြစ်တယ်ဆိုတာ
သဘောတူညီမှု မယူနိုင်လို့၊ တစ်ဦးနဲ့ တစ်ဦးနဲ့ ညှိနှိုင်းဆွေးနွေးမှု
မအောင်မြင် လို့ စစ်တိုက်ရတာပေါ့နော်၊ အဲ့တော့
မအောင်မြင်ခြင်းရဲ့အခြေခံအကြောင်းရာတွေကို စုံစမ်းရမယ်။ အကြောင်း
တရားတွေကို သိမှ ဒီဟာကို ဖြေရှင်းလို့ရမယ်။ ဘာဖြစ်လို့ မရသလဲ ဘာဖြစ်လို့
စစ်တိုက်တဲ့ အထိဖြစ်ရသလဲ။
ကချင်စစ်ရေး လွှတ်တော်တွင် အရေးကြီးအဆို တင်မည်
ကချင်ပြည်နယ်အတွင်း
ဖြစ်ပွားနေသော စစ်ပဋိပက္ခကို လွှတ်တော်တွင် အရေးကြီးအဆို တင်သွင်း သွားမည်
ဖြစ်ကြောင်း ကချင်ပြည်နယ်၊ အင်ဂျန်းယန် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်
ကိုယ်စားလှယ် ဒေါ်ဒွဲဘူ က ပြောသည်။ “ကျွန်မတို့က ကချင်ပြည်နယ်မှာ
တိုက်ခိုက်နေတာ အမြန်ဆုံး ရပ်ဆိုင်းပေးဖို့ လွှတ်တော်မှာ အရေးကြီးအဆို
အနေနဲ့ တင်သွင်းမှာပါ” ဟု ၄င်းကဆိုသည်။ လက်ရှိတွင် အစိုးရတပ်မှ
နောက်ထပ်ထွက်ရှိမည့် မိုဘိုင်းဖုန်းများ၏ ဈေးနှုန်းကို ၁၀ ရက်နေ့မှ ၁၂ ရက်နေ့အတွင်း မီဒီယာများသို့ အတည်ပြုပြောကြားမည်
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ နောက်ထပ်ထွက်ရှိမည့် မိုဘိုင်းဖုန်းများ ၏
ဈေးနှုန်းကို ဇန်န၀ါရီလ ၁၀ ရက်နေ့ သို့မဟုတ် ၁၂ ရက်နေ့အတွင်း မီဒီယာများကို
ခေါ်ယူတွေ့ဆုံပြီး မိုဘိုင်းဖုန်းများ၏ ဈေးနှုန်းနှင့် ရောင်းချ မည့်ရက်ကို အ
တိအကျ ပြောမည်ဖြစ်ကြောင်း မိုဘိုင်းအင်ဂျင်နီယာချုပ် ဦးဌေးဝင်းက
ဇန်န၀ါရီလ ၈ ရက်နေ့က ပြောသည်။
နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူအဖြစ် တာဝန်ပေးအပ်ခြင်း
ပြည်ထောင်စုသမ္မတ
မြန်မာနိုင်ငံတော်၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးမှ နိုင်ငံတော်သမ္မတ၏
ပြောရေးဆိုခွင့်ရှိသူ အဖြစ် တာဝန်ပေးအပ်ခြင်း၊ အမိန့်ကြော်ငြာစာအမှတ်
(၆/၂၀၁၃) ကို ၁၃၇၄ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၁ ရက် (၂၀၁၃ ခုနှစ်၊
ဇန်နဝါရီလ ၈ ရက်) နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။ အဆိုပါ ကြေညာ ချက်တွင်
ပြည်ထောင်စု အစိုးရအဖွဲ့ ဥပဒေပုဒ်မ ၂၄၊ ပုဒ်မခွဲ(က) ပါ ပြဌာန်းချက်အရ
''နိုင်ငံတော် သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ''
Wednesday, January 9, 2013
တရုတ် ဆင်ဆာဖြတ်တောက်မှုပေါ် ဆန္ဒပြမှုပျံ့နှံ့
တရုတ်နိုင်ငံမှာ အစိုးရရဲ့ ဆင်ဆာတည်းဖြတ်မှုတခုကြောင့် ဒေသဆိုင်ရာ
အငြင်းပွားမှုတခုကနေ တနိုင်ငံ လုံးအနှံ့ အင်တာနက်အွန်လိုင်းပေါ်မှာ ဆန္ဒပြ
ကန့်ကွက်တာတွေ ဖြစ်နေတာနဲ့ အမျှ နိုင်ငံတောင်ပိုင်းမှာ
လွတ်လ ပ်ပြောဆိုခွင့်ဆိုင်ရာ ဆန္ဒပြသူတွေနဲ့ ကွန်မြူနစ်ပါတီကိုထောက်ခံသူတွေ အကြား အင်္ဂါနေ့က ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ကြပါတယ်။
ထိုင်း-မြန်မာနယ်စပ် ကလေး ၃ဝဝ ကျော် အာဆီယံ ချစ်ကြည်ရင်းနှီးမှု စခန်းဖွင့်
ထိုင်း-မြန်မာနယ်စပ်မဲဆောက်မြို့မယ် ကုဝိထရ ထိုင်းအလယ်တန်းကျောင်း မှာ ရွှေ့ပြောင်းမြန်မာစာသင်ကျောင်းက ကလေးတွေ အပါအဝင်ကျောင်း သားကျောင်းသူ ၃ဝဝကျော်ဟာ We are ready for ASEAN ဆိုတဲ့ ခေါင်းစဉ်နဲ့ စခန်းသွင်းတွေ့ဆုံတဲ့ပွဲကို ဒီကနေ့ မနက်ပိုင်းမှာ တက်ရောက်ခဲ့ကြပါတယ်။
စစ်ကြောရေးတွင် ညှဉ်းပမ်းနှိပ်စက်မှု ပပျောက်ရန် ကြိုးပမ်းမည်
စစ်ကြောရေးတွင်ညှဉ်းပမ်း နှိပ်စက်
မှုများကြောင့်အကျဉ်းသားများသေဆုံး လျက်
ရှိနေသော မြန်မာ နိုင်ငံတွင် ရဲစခန်းအတွင်း
ဖမ်းဆီးစစ်ဆေးခံရ သူ များညှဉ်းပမ်း နှိပ်စက်ခံရမှုပပျောက်စေရန် နိုင်ငံရေးအကျဉ်းသား ဟာင်း များ အဖွဲ့ချုပ် က
ကြိုးပမ်း သွားမည် ဖြစ်ကြောင်း အဆိုပါ အဖွဲ့မှ တာဝန် ရှိသူ
ဦးသန်းမြင့်အောင် က The Voice Weekly သို့ ပြောကြား သည်။
ကက်ရှ်မီးယားမှာ အိန္ဒိယနဲ့ပါကစ္စတန် တိုက်ခိုက်မှုဖြစ်

အိန္ဒိယနဲ့ပါကစ္စတန် နယ်စပ်စစ်ဆေးရေးဂိတ်တခု။
အိန္ဒိယနဲ့ ပါကစ္စတန် နှစ်နိုင်ငံ ပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ ကက်ရှ်မီးယားဒေသ နယ်စပ်တနေရာမှာ ပါကစ္စတန်ဘက်က ပစ်ခတ်မှုကြောင့်
အိန္ဒိယတပ်သား နှစ်ဦး ကျဆုံးတယ်လို့ အိန္ဒိယဘက်က ပြောဆိုလိုက်ပါတယ်။
အိန္ဒိယတပ်သား နှစ်ဦး ကျဆုံးတယ်လို့ အိန္ဒိယဘက်က ပြောဆိုလိုက်ပါတယ်။ကာကွယ်ရေးဝန်ကြီးအဖြစ် သမ္မတအမည်တင်တဲ့ မစ္စတာ Hagel

ဒီမိုကရက်သမ္မတ အိုဘားမားက ရီပတ်ဘလီကင်ပါတီ အထက်လွှတ်တော်အမတ်ဟောင်း Chuck Hagel ကို ကာကွယ်ရေးဝန်ကြီးအဖြစ်
အမည်စာရင်းတင်သွင်းလိုက်ပါတယ်။
အမည်စာရင်းတင်သွင်းလိုက်ပါတယ်။Sunday, January 6, 2013
ကရင်ပြည်နယ်မှာ အမှန်တကယ် ငြိမ်းချမ်းရေးရတော့မည်လား
သမ္မတ ဦးသိန်းစိန်ဟာ နေပြည်တော်မှာ
ကရင်အမျိုးသား အစည်းအရုံး KNU ခေါင်းဆောင်သစ် ဗိုလ်ချုပ်ကြီး
မူတူးစေးဖိုးနဲ့ ကိုယ်စားလှယ်တွေကို လက်ခံတွေ့ဆုံခဲ့ပါတယ်။ဒါဟာ KNU အဖွဲ့အတွင်း မကြာသေးမီကမှ
အသစ်ရွေးချယ် တင်မြှောက်လိုက်တဲ့ ခေါင်းဆောင်ပိုင်း အသစ်ရွေးချယ်မှု အပြီး
ငြိမ်းချမ်းရေး ခရီး ဖြောင့်ဖြူးစေဖို့ ဦးသိန်းစိန်က နေပြည်တော် ကို
ခေါ် ယူတွေ့ဆုံခဲ့ တာလည်းဖြစ်ပါတယ်။
နိုင်ငံရေးပါတီများ လွှတ်တော်၊ အစိုးရတို့နှင့် တိုက်ရိုက်တွေ့ဆုံနိုင်ရန် ကော်မရှင် စီစဉ်ပေးမည်
နိုင်ငံရေးပါတီများ အနေနှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အစိုးရ၊ ပြည်ထောင်စု အစိုးရနှင့် သတ်ဆိုင်ရာ လွှတ်တော်များမှ တာဝန်ရှိသူများတိုက်ရိုက်တွေ့ဆုံ ဆွေးနွေးနိုင်ရန် ပြည်ထောင် စု ရွေးကောက် ပွဲ ကော်မရှင်က တာဝန်ယူ စီစဉ်ပေးမည်ဖြစ်ကြောင်း ယင်းကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက ပြောကြားသည်။ နိုင်ငံရေး
တရားမ၀င်သစ်ခွဲသားများ နှင့် မော်တော်(၁)စီးအား ကသာသစ်တောဦးစီးဌာနမှ ဖမ်းဆီးရမိ
စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ကသာ
မြို့တွင် ခရိုင်
သစ်တော ဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူးဦးခင်မောင်ဝင်း
၏
ပွင့်လင်းရာ သီစစ်ကြောင်း လမ်း ညွှန်ချက်အရ မြို့နယ်သစ်တော ဦးစီးဌာနမှ
ဦးစီးအရာရှိ ဦးဝင်း ထွန်းခေါင်းဆောင်သော
အဖွဲ့သည် တောအုပ်ကြီး ဦးကျော်ဦး၊တော အုပ်ဦးဇော်ဝင်း၊ဦးမျိုးဇော်ညွှန့်၊
ဦးမြင့်အောင်၊
ကော့သောင်းလူကုန်ကူးအထူးအဖွဲ့နှင့်ရနောင်းလူကုန်ကူး နယ်စပ်ဆက်ဆံရေးရုံးပူးပေါင်း၍ မြန်မာ အမျိုး သမီး (၆) ဦးအား ကယ်တင်
၂၉-၁၂-၂၀၁၂ ရက်နေ့ ၂၀၁၀ အချိန်တွင် တာဝန်သိပြည် သူတစ်ဦး က မြန်မာနိုင်ငံ
ရဲတပ်ဖွဲ့ဌာနချုပ် (လူကုန်ကူး) တိုင်တန်း
ချက်ဖုန်းသို့ ၎င်း၏တူမဖြစ်သူ မ xxxxxx
ပါ ၆ ဦးအား မခင်သီတာနိုင်(ခ) မသံဇဉ်၊ ၃၀ နှစ်၊( ဘ) ဦးကျော်မင်းထွန်း၊ ဥက္ကာ ၂ လမ်း၊ မြောက်ဥက္ကလာပနေသူ
အမျိုးသမီးက ထိုင်းနိုင်ငံ၊ ရနောင်းမြို့၊ ဘန်ဒေါရပ်ကွက်၊ အနှိပ်ခန်းသို့
ပို့ဆောင်ရန် ခေါ်ဆောင်သွားကြောင်း တိုင်တန်းခဲ့သဖြင့် စုံစမ်းေ ဖ်ာထုတ်
အိန္ဒိယကျောင်းသူ သေဆုံးမှုအတွက် ဆန္ဒပြပွဲတွေ ထပ်မံဖြစ်ပွား
အိန္ဒိယနိုင်ငံမှာ အုပ်စုဖွဲ့ အဓမ္မကျင့်ခံ
လိုက်ရတဲ့ အမျိုးသမီးနဲ့အတူ
အဖော်ပါ
လာတဲ့ အမျိုးသားက သူကိုယ်တိုင်
ကြုံတွေ့ ခံစားခဲ့ရတဲ့ အခြေအနေတွေကို ပြန်ပြောပြခဲ့ပြီးတဲ့နောက် ဒီအပေါ် လူထုရဲ့ စိတ်ဝင်စားမှု နည်းနေတာနဲ့
ရဲတပ်ဖွဲ့ရဲ့ ကိုင်တွယ်ပုံ ညံ့ဖျင်းမှုတွေအပေါ် မကျေနပ်တာကြောင့်
နယူးဒေလီမြို့မှာ စနေနေ့က ကန့်ကွက် ဆန္ဒပြပွဲတွေ
“မြန်မာမိန်းကလေးဟုယူဆရသူပုဇွန်ကန်ဘောင်တွင် သေနတ်ဖြင့်ပစ်သတ်ခံရ”
၂၀၁၃ ဇန်န၀ါရီ ၅ထိုင်းနိုင်ငံအရှေ့ပိုင်း ဘန်ကောက်မြို့ နှင့်၇၅ကီလိုမီတာ
အကွာ တွင်ရှိသော ချာချင်းစောင် မြို့အမှတ်(၃) ရပ်ကွက် ဘန်ကေ ရာက် ရွာရှိ ပုဇွန်ကန်ဘောင်တွင် မြန်မာမိန်းကလေးဟု ယူဆရသူတစ် ဦး သေနတ်ဖြင့် ပြီးခဲ့သည့် ညက ပစ်သတ်ခံခဲ့ ရကြောင်း ထိုင်းဘာသာဖြင့် ထုတ်ဝေသည့် ခေါင်စွတ်နှင့် ထိုင်းရပ် သတင်းစာတွင် ဖေါ်ပြထားသည်။
အကွာ တွင်ရှိသော ချာချင်းစောင် မြို့အမှတ်(၃) ရပ်ကွက် ဘန်ကေ ရာက် ရွာရှိ ပုဇွန်ကန်ဘောင်တွင် မြန်မာမိန်းကလေးဟု ယူဆရသူတစ် ဦး သေနတ်ဖြင့် ပြီးခဲ့သည့် ညက ပစ်သတ်ခံခဲ့ ရကြောင်း ထိုင်းဘာသာဖြင့် ထုတ်ဝေသည့် ခေါင်စွတ်နှင့် ထိုင်းရပ် သတင်းစာတွင် ဖေါ်ပြထားသည်။
Subscribe to:
Posts (Atom)



