Friday, March 8, 2013

ရွန်နေးကို မန်ယူ ရောင်းထုတ်ဖွယ်ရှိကြောင်း သတင်းများ ထွက်ပေါ်လာ

ရွန်နေးကို မန်ယူ ရောင်းထုတ်ဖွယ်ရှိကြောင်း သတင်းများ ထွက်ပေါ်လာ

 မန်ချက်စတာ ယူနိုက်တက် အသင်းသည် အဓိက တိုက်စစ်မှူး ဝိန်းရွန်နေးကို ရောင်းထုတ်သွားဖွယ် ရှိနေကြောင်း သတင်းများ ပျံ့နှံ့လာသည်။
ဗြိတိန်သတင်းဌာန အချို့က မန်ယူသည် အသက်(၂၇)နှစ်ရှိ အင်္ဂလန် လက်ရွေးစင်အတွက် ပေါင်စတာလင် (၃၅)သန်းတန် ကမ်းလှမ်းမှုမျိုး ရှိလာပါက ရောင်းချသွားဖွယ် ရှိနေကြောင်း ဖော်ပြလာကြသည်။ ESPN သတင်းဌာနက ရွန်နေး၏ အိုးလ်ထရက်ဖို့ဒ် နေ့ရက်များသည် တစ်စထက်တစ်စ ဆုံးခန်းတိုင်ရန် နီးစပ်လာကြောင်း ခန့်မှန်းခဲ့ပြီး ရီးယဲလ်မက်ဒရစ် အသင်းကို ရှုံးနိမ့်ခဲ့သည့် ချန်ပီယံလိဂ် ပွဲစဉ်တွင် မန်နေဂျာ ဆာအဲလက်စ် ဖာဂူဆန်က ရွန်နေးကို အရန်ခုံတွင်သာ ထားရှိခဲ့သည်။
အိုးလ်ထရက်ဖို့ဒ်နှင့် နီးစပ်သူများက ရွန်နေး၏ အပြောင်းအရွှေ့ ခန့်မှန်းချက်များနှင့် ပတ်သက်ပြီး ယင်းဖြစ်စဉ်များသည် ရှုပ်ထွေးစွာ ဆက်စပ်နေကြောင်း ပြောကြားခဲ့သည်။ ထို့အပြင် ခရစ္စတီယာနို ရော်နယ်ဒို မန်ချက်စတာ ယူနိုက်တက် အသင်းသို့ ပြန်ရောက်လာနိုင်ကြောင်း ခန့်မှန်းချက်များလည်း အားကောင်းနေဆဲ ဖြစ်သည်။ မန်ယူအသင်းသည် ရာသီကုန်တွင် ဂျာမန်ချန်ပီယံ ဘိုရူးစီးယား ဒေါ့မွန်အသင်း၏ တိုက်စစ်မှူး ရောဘတ် လီဝင်ဒေါစကီးကို ခေါ်ယူရန် ကြိုးပမ်းနေကြောင်း သတင်းများလည်း ထွက်ပေါ်နေသည်။
ပြီးခဲ့သည့် သီတင်းပတ်က ပြင်သစ်ထိပ်တန်း ကလပ်အသင်း PSGသည် ရွန်နေးကို ဝယ်ယူရန် ကြိုးပမ်းမည်ဟု သတင်းအချို့ ထွက်ပေါ်လာသေးသည်။ ယခုကိစ္စနှင့် ပတ်သက်၍ မန်ယူအသင်းကမူ တစ်စုံတစ်ရာ မှတ်ချက်ပေးခြင်း မရှိသေးကြောင်းလည်း သိရှိရသည်။
Source:ESPN
MyanmarDailyNews

ဇင်ယော်
https://www.facebook.com/ZinYawNews
မန်ချက်စတာယူနိုက်တက်အသင်းသည် အဓိကတိုက်စစ်မှူး ဝိန်းရွန်နေး ကို ရောင်းထုတ်သွားဖွယ် ရှိနေကြောင်း သတင်းများ ပျံ့နှံ့လာသည်။
ဗြိတိန်သတင်းဌာန အချို့က မန်ယူသည် အသက်(၂၇)နှစ်ရှိ အင်္ဂလန် လက်ရွေးစင် အတွက် ပေါင်စတာလင် (၃၅)သန်းတန် ကမ်းလှမ်းမှုမျိုး ရှိလာပါ က ရောင်းချ သွားဖွယ်ရှိနေကြောင်း ဖော်ပြလာကြသည်။ ESPN သတင်းဌာနက ရွန်နေး၏ အိုးလ်ထရက်ဖို့ဒ်နေ့ရက်များသည် တစ်စထက်တစ်စ ဆုံးခန်းတိုင်ရန် နီးစပ် လာကြောင်း ခန့်မှန်းခဲ့ပြီး ရီးယဲလ်မက်ဒရစ် အသင်းကို ရှုံးနိမ့်ခဲ့သည့် ချန်ပီယံလိဂ် ပွဲစဉ်တွင် မန်နေဂျာ ဆာအဲလက်စ် ဖာဂူဆန်က ရွန်နေးကို အရန်ခုံတွင်သာ ထားရှိခဲ့

ယေးလ်တက္ကသိုလ်ကျောင်းသားများ မကောင်းမှုဖြင့်ငွေရှာကြောင်းဝန်ခံ


ယေးလ်တက္ကသိုလ်ကျောင်းသားများ မကောင်းမှုဖြင့်ငွေရှာကြောင်းဝန်ခံ
Friday, 08 March 2013 

ကောနက်တီးကပ်ရှိ ယေးလ်တက္ကသိုလ်တွင်ကျင်းပသည့် လိင်ပိုင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတစ်ခုတွင် ကျောင်းသားများသည် မိမိတို့အနေဖြင့် သဘာဝလွန် ကာမဆက်ဆံမှုများ၊ ပြည့်တန်ဆာအဖြစ် မိမိကိုယ်ကို ရောင်းစား
မှုများ ကျူးလွန်ခဲ့ကြောင်း ဖော်ထုတ်ဝန်ခံမှုများ ဖြစ်ပွားခဲ့သည်။

“လိင်ပိုင်းဆိုင်ရာ ပုံမှန်ပါ” ဆိုသည့်ခေါင်းစဉ်ဖြင့် ပါမောက္ခ ဂျေး မက်ဒီဗစ်
ဦးဆောင်ပြီး အလုပ်ရုံဆွေးနွေးပွဲတစ်ခု ကို ယေးလ်တက္ကသိုလ်တွင် ကျင်းပခဲ့သည်။ ထိုဆွေးနွေးပွဲတွင် ကျောင်းသား ၅၅ ဦးကို ဖုန်းများဖြင့် သူတို့၏ လိင်ပိုင်းဆိုင်ရာ အတွေ့အကြုံများကို မေးမြန်းပြီး၊ တိုက်ရိုက်ထုတ်
လွှင့်ပြသခဲ့သည်။ ထိုမေးမြန်းချက်များကို ပြန်သုံးသပ်ကြည့်ရာမှ
ကျောင်းသူကျောင်းသားများတွင် ဖောက်ပြန်သည့် လိင်ပိုင်းဆိုင်ရာ
ပြဿနာများရှိနေ ကြောင်း သိရှိကြရခြင်းဖြစ်သည်။

ယေးလ်တက္ကသိုလ်ထုတ် နေ့စဉ်သတင်းစာတွင်လည်း ထိုဆွေးနွေးပွဲသို့ တက်ရောက်လာကြသူ ၉ ရာခိုင်နှုန်း သည် ပိုက်ဆံယူပြီး လိင်ဆက်ဆံမှုများ
ရှိနေကြောင်း၊ ၃ ရာခိုင်နှုန်းမှာ ဖောက်လွဲဖောက်ပြန်လိင်ဆက်ဆံမှုများ ပြုလုပ်
ခဲ့သည်ကို ဝန်ခံထားကြောင်း ရေးသားဖော်ပြထားသည်။

ဤဆွေးနွေးပွဲသည် ကျောင်းသား ကျောင်းသူများ၏သိက္ခာကိုချရန် ပြု
လုပ်ခြင်းမဟုတ်ကြောင်း၊ လိင်ပိုင်း ဆိုင်ရာ ကိစ္စရပ်များတွင် အစွန်း
မရောက်စေရေးအတွက် ထိန်းသိမ်းနိုင်ရန် ပွင့်လင်းစွာဖော်ထုတ်မှုဖြင့် 
စိတ်ကို ကုသပေးခြင်းဖြစ်ကြောင်း ပါမောက္ခ ဂျေးကပြောကြားသည်။ 

မောက္ခ

ဇင်ယော်
https://www.facebook.com/ZinYawNews

ကောနက်တီးကပ်ရှိ ယေးလ်တက္ကသိုလ်တွင်ကျင်းပသည့် လိင်ပိုင်း ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတစ်ခုတွင် ကျောင်းသားများသည် မိမိတို့ အနေဖြင့် သဘာဝလွန်ကာမဆက်ဆံမှုများ၊ ပြည့်တန်ဆာအဖြစ် မိမိကိုယ်ကို ရောင်းစားမှုများ ကျူးလွန် ခဲ့ကြောင်း ဖော်ထုတ် ဝန်ခံ မှုများ ဖြစ်ပွားခဲ့သည်။

နိုင်ငံတော်သမ္မတဥရောပခရီးစဉ်ကပြန်ရောက်ရှိသည်ကိုပြည်သူများကကြိုဆိုနေစဉ်

နိုင်ငံတော်သမ္မတဥရောပခရီးစဉ်ကပြန်ရောက်ရှိသည်ကိုပြည်သူများကကြိုဆိုနေစဉ်
ဓာတ်ပုံ - ဂျေပိုင် / ဧရာဝတီ

ဓာတ်ပုံ - ဂျေပိုင် / ဧရာဝတီ

မြန်မာ့ ရဲတပ်ဖွဲ့ကို ခေတ်မီ ကိရိယာများ တပ်ဆင်ရန် စီစဉ်

မြန်မာ့ ရဲတပ်ဖွဲ့ကို ခေတ်မီ ကိရိယာများ တပ်ဆင်ရန် စီစဉ်
Friday, March 8, 2013

မြန်မာနိုငံ ရဲတပ်ဖွဲ့ကို နိုင်ငံတကာ ရဲတပ်ဖွဲ့များကဲ့သို့ ခေတ်မီကိရိယာများ တပ်ဆင်ရန် စီစဉ်နေကြောင်း ပြည်ထဲရေး ဒုတိယ ဝန်ကြီးက ဆိုသည်။

“မှုခင်းတပ်ဖွဲ့သုံး ခရမ်းလွန်ရောင်ခြည်မီး၊ မှုခင်း သဲလွန်စရှာမီး၊ ဓာတုဗေဒသုံး အနီအောက် ရောင်ခြည်စက်နှင့် မှုခင်းတပ်ဖွဲ့သုံး True Scan လက်ပုံစံ အလိုအလျှောက်စစ်ဆေးစက်၊ Signal Jammer၊ လူဖြတ်စဉ် စစ်ဆေးစက်နှင့် X-Ray စက်များ တပ်ဆင်ပေးနိုင်ရန် ထည့်သွင်း တောင်းခံထားပါတယ်” ဟု မတ်လ ၄ ရက်နေ့က ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင်
ပြည်ထောင်စု ဒု-ဝန်ကြီး ရဲချုပ် ကျော်ကျော်ထွန်း က ပြောဆိုသွားသည်။

ထို့အပြင် ၂၀၁၁-၁၂ ဘဏ္ဍာရေးနှစ် X-Ray စက်၊ လူဖြတ်စဉ် စစ်ဆေးစက်၊ လက်ကိုင် သတ္တုစစ်ဆေးစက်၊ ဒစ်ဂျစ်တယ် မိုက်ခရိုစကုပ်၊ ပိုလီရေး၊ လက်ဗွေ သဲလွန်စ ရှာစက်၊ မိုက်ခရိုလင့် ကင်မရာနှင့် ဖလက်ဂန်းများ၊ ဓါတ်ခွဲခန်းသုံး ပစ္စည်းများ၊ ဆက်သွယ်ရေး စက်ပစ္စည်းများလည်း ဝယ်ယူတပ်ဆင်ခဲ့သည်ဟု ဆိုသည်။

“မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဟာ ၁၉၅၄ ခုနှစ်တွင် အပြည်ပြည်ဆိုင်ရာ ရဲအဖွဲ့နှင့် ၁၉၉၈ ခုနှစ်တွင် အာဆီယံနိုင်ငံများ ရဲတပ်ဖွဲ့သို့ အဖွဲ့ဝင်နိုင်ငံအဖြစ် ဝင်ရောက်ခဲ့ပါတယ်။ အပြည်ပြည်ဆိုင်ရာ ရဲအဖွဲ့နှင့် အဖွဲ့ဝင်နိုင်ငံများ၊နိုင်ငံ
တကာရှိ အမျိုးသားဗဟိုအဖွဲ့နှင့် ပူးပေါင်းပြီး ဆေးဝါးတု ပူးပေါင်း တိုက်ဖျက်
နှိမ်နင်းရေး၊ မုန်တိုင်းစစ်ဆင်ရေးနှင့် ကျားမှုခင်းများတိုက်ဖျက်ရေး စသည့် စစ်ဆင်ရေးများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ပါတယ်” ဟု ဒု-ဝန်ကြီးက ဆိုသည်။

သာကေတမဲဆန္ဒနယ်မှ ကိုယ်စားလှယ် ဦးမောင်မောင်စိုး က မြန်မာနိုင်ငံ
ရဲတပ်ဖွဲ့ကို နိုင်ငံတကာရဲတပ်ဖွဲ့များနည်းတူ အရည်အချင်းများ၊ အရည်
အသွေးများ၊ နည်းပညာများ ပြည့်ဝစေရေးအတွက် နိုင်ငံတကာအဖွဲ့အစည်း များနှင့် မည်ကဲ့သို့ ပူးပေါင်း ဆောင်ရွက်လျက်ရှိသည်ကို မေးမြန်းချက်အား ဒု-ဝန်ကြီးက ပြန်လည်ဖြေကြားခြင်း ဖြစ်သည်။

ခင်မျိုးသွယ်
မဇ္ဈိမ
မြန်မာနိုငံ ရဲတပ်ဖွဲ့ကို နိုင်ငံတကာ ရဲတပ်ဖွဲ့များကဲ့သို့ ခေတ်မီကိရိယာများ တပ်ဆင်ရန် စီစဉ်နေကြောင်း ပြည်ထဲရေး ဒုတိယ ဝန်ကြီးက ဆိုသည်။
“မှုခင်းတပ်ဖွဲ့သုံး ခရမ်းလွန်ရောင်ခြည်မီး၊ မှုခင်း သဲလွန်စရှာမီး၊ ဓာတုဗေ ဒသုံး အနီအောက်ရောင်ခြည်စက်နှင့် မှုခင်းတပ်ဖွဲ့သုံး True Scan လက်ပုံစံ အလိုအလျှောက်စစ်ဆေးစက်၊ Signal Jammer၊ လူဖြတ်စဉ်စစ်ဆေးစက်နှင့် X-Ray စက်များတပ်ဆင်ပေးနိုင်ရန်

၂၀၁၃ Chevrolet COPO Camaro အစီးအရေ နည်းနည်းသာ ထုတ်

၂၀၁၃ Chevrolet COPO Camaro အစီးအရေ နည်းနည်းသာ ထုတ်

စုစုပေါင်း ၆၉ စီးသာ ထုတ်လုပ်ထားတယ်လို့ ဆိုပါတယ်။ Chevrolet Camaro ကနေခွဲထွက်တဲ့ COPO အမည်ပါ Muscle ကားများက GM ရဲ့  သီးခြား Brand တစ်ခု ဖြစ်ပါတယ်။

မြင်းကောင်ရေအား ၄၂၅ လောက်ထုတ်လုပ်နိုင်တဲ့ ဆလင်ဒါ ၈ လုံးပူး အင်ဂျင်ကို အသုံးပြုပြီး Performance ထူးထူးခြားခြား ပြောင်းလဲမှု မရှိပါဘူး။ ရည်ရွယ်ချက်က ဒီဇိုင်းဆန်းဆန်း Camaro ကားသစ်တစ်စီး ထုတ်တယ် ဆိုတဲ့ သဘောပဲ ဖြစ်ပါတယ်။ အစီးရေ ၆၉ စီးသာ ရှိပေမယ့် ဈေးကလည်း သိပ်အများကြီး မဟုတ်ပါဘူး။ အမေရိကန်ဒေါ်လာ ၉ သောင်းဝန်းကျင်ကနေ စတင်ရောင်းချမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ပုံမှာ မြင်တွေ့ရတဲ့အတိုင်း ကာဘွန်ဖိုက်ဘာ ဘော်ဒီသားနဲ့ တံခါး နှစ်ပေါက် နှစ်ယောက်စီး ပြိုင်ကား ဖြစ်ပါတယ်။ ချီကာဂိုမော်တော်ယာဉ် ပြပွဲမှာ ဝင်ရောက်ပြသပြီး လူကြိုက်များလျက် ရှိကြောင်း သိရပါတယ်။
--
Ref: autoblog

 ( ColayOnline:Automobile )
စုစုပေါင်း ၆၉ စီးသာ ထုတ်လုပ်ထားတယ်လို့ ဆိုပါတယ်။ Chevrolet Camaro ကနေခွဲထွက်တဲ့ COPO အမည်ပါ Muscle ကားများက GM ရဲ့  သီးခြား Brand တစ်ခု ဖြစ်ပါတယ်။

ကြိုတင်ငွေဖြည့်ကဒ်နဲ့ ကင်ဆာ

ကြိုတင်ငွေဖြည့်ကဒ်နဲ့ ကင်ဆာ

အမေရိကန်နိုင်ငံမှ Dr. Brian Berry ဆိုသူက ကင်ဆာရောဂါအသစ် တစ်မျိုးကို ရှာဖွေတွေ့ရှိခဲ့တယ်ဆိုပြီး အင်တာနက်မှာ သတင်းတစ်ခု ပျံ့နှံ့နေခဲ့ပါတယ်။ အဲဒီကင်ဆာကတော့ အရေပြားကင်ဆာတစ်မျိုးဖြစ်ပြီး Silver Nitro Oxide ကြောင့်ဖြစ်ရတယ်လို့ သူကဆိုပါတယ်။

Silver Nitro Oxide နဲ့ အလွယ်တကူထိတွေ့နိုင်တဲ့အရာကတော့ အခုခေတ်မှာလူတော်တော်များများ ထိတွေ့သုံးစွဲနေတဲ့ ဖုန်းကြိုတင်ငွေဖြည့်ကဒ်များ ဖြစ်တယ်လို့ Dr. Brian Berry က ဆိုပါတယ်။

ဖုန်းကြိုတင်ငွေဖြည့်ကဒ်များမှာပါရှိတဲ့ ခဲခြစ်များမှာ Silver Nitro Oxide တွေပါဝင်နေတာကြောင့် ကြိုတင်ငွေဖြည့်ကဒ်တွေကို ခဲခြစ်မယ်ဆိုရင် လက်သည်းနဲ့မခြစ်ပဲ အရာဝတ္တုတစ်ခုခုနဲ့ခြစ်ဖို့ Dr. Brian Berry ကတိုက်တွန်းထားပါတယ်။

လက်သည်းနဲ့ခြစ်တာများရင် လက်သည်းကတစ်ဆင့် Silver Nitro Oxide များ အရေပြားကို ထိတွေ့နိုင်ပြီး အရေပြားကင်ဆာ ဖြစ်နိုင်ချေ ပိုမိုများပြားလာနိုင်တယ်လို့ ဖော်ပြထားပါတယ်။

ဒီသတင်းဟာ သတင်းမှန်ဟုတ်၊မဟုတ် အတည်ပြုချက်မရရှိပေမယ့် ကြိုတင်ဆင်ခြင်နိုင်ရန် ဖော်ပြထားခြင်းဖြစ်ပါတယ်။

Posted From SeñorAye Thein

အေးချမ်းမွန်မှ ( Thit Htoo Lwin blog ) တွင်ရေးသားသည့် သတင်းအချက် အလက်ကို မူရင်းအတိုင်း မျဝေပေးခြင်းဖြစ်ပါသည်

အမေရိကန်နိုင်ငံမှ Dr. Brian Berry ဆိုသူက ကင်ဆာရောဂါအသစ် တစ်မျိုးကိုရှာဖွေတွေ့ရှိခဲ့တယ်ဆိုပြီး အင်တာနက်မှာ သတင်းတစ်ခု ပျံ့နှံ့နေခဲ့ပါတယ်။ အဲဒီကင်ဆာကတော့ အရေပြားကင်ဆာ တစ်မျိုးဖြစ်ပြီး Silver Nitro Oxide ကြောင့်ဖြစ်ရတယ်လို့ သူကဆို ပါတယ်။

မြန်မာမှာမမြင်ဘူးသော Phone ရဲ့ internet Speed ကို မြင့်မယ်



ပထမဦးစွာ မိမိဖုန်းကို “WCDMA only” mode ကိုပြောင်းပါ

အသံထွက် ကျယ်တဲ့ Mini Hi-Fi စပီကာ

အသံထွက် ကျယ်တဲ့ Mini Hi-Fi စပီကာ


မန်းဈေးကွက်ကို အသံထွက် ကျယ်လောင် ကောင်းမွန်တဲ့ Mini Hi-Fi စပီကာငယ် တစ်မျိုး ဝင်ရောက်

လာပါတယ်။ Micro SD ကတ်စိုက်ကာ သီချင်းနား ထောင်နိုင်မှာ ဖြစ်ပါတယ်။ FM ရေဒီယို လိုင်းတွေကို ဖမ်းယူ နားဆင်နိုင်ပါတယ်။ FM ရေဒီယိုလိုင်း တွေကို လိုင်းကောင်းစွာ ဖမ်းယူနား ဆင်နိုင် မယ့် ဧရိယာတိုင်လည်း ထပ်မံ ပါဝင် လာပါတယ်။ Alarm Clock စနစ်၊ Calendar စနစ်တွေကို LED Display နဲ့ဖော်ပြပေးမှာ ဖြစ်ပါတယ်။ USB ပေါက်၊ Line in ပေါက်လည်း ပါဝင်လာတာကြောင့် ကွန်ပျူတာများ၊ တက်ပလက်များ၊ မိုဘိုင်းဖုန်း ဟန်းဆက်များ၊ MP 3, MP 4 များနဲ့လည်း ချိတ်ဆက် အသုံးပြုနိုင်မယ်လို့ ဆိုပါတယ်။ အသံအတိုး အချဲ့ ခလုတ်၊ သီချင်းပြောင်း ခလုတ်၊ Play, Mode ခလုတ်များလည်း ပါဝင်လာတာကြောင့် အသုံးပြုရ လွယ်ကူပါတယ်။ Rechargeable Lithium Battery ဖြစ်တာကြောင့် ပြန်လည်အားသွင်း အသုံးပြုနိုင်မယ်လို့ သိရပါတယ်။ Hi-Rice အမှတ် တံဆိပ် ဖြစ်ပါတယ်။ ဒီအသံထွက်ကျယ်တဲ့ Mini Hi-Fi စပီကာမှာ အနီ၊ အပြာ၊ အနက်၊ ခဲရောင် ဆိုပြီး အရောင်စုံ ရှိတဲ့အတွက် ကြိုက်နှစ်သက်ရာ အရောင်ကို ရွေးချယ် ဝယ်ယူနိုင်ပါ တယ်။ ဈေးနှုန်း ကတော့ ကျပ်ရှစ်ထောင်ဝန်းကျင် ဖြစ်ပြီး ယုဇနအီ လက်ထရောနစ် (မန္တလေး) ၈၄ လမ်း၊ ၃၄x၃၅၊ ဖုန်း- ၀၉-၉၁၀၀၆၃၅၉ သို့ ဆက်သွယ် စုံစမ်းကာ လက်လီလက်ကား ဝယ်ယူ နိုင် မယ်လို့ သိရပါတယ်။

ကောင်းမြတ်ထွန်း

From : Yatanarpon

ဇင်ယော်
https://www.facebook.com/ZinYawNews
မန်းဈေးကွက်ကို အသံထွက် ကျယ်လောင် ကောင်းမွန်တဲ့ Mini Hi-Fi စပီကာငယ်တစ်မျိုးဝင်ရောက်လာပါတယ်။ Micro SD ကတ်စိုက်ကာ သီချင်းနား ထောင်နိုင်မှာ ဖြစ်ပါတယ်။ FM ရေဒီယို လိုင်းတွေကို ဖမ်းယူ နားဆင်နိုင်ပါတယ်။ FM ရေဒီယိုလိုင်း တွေကို လိုင်းကောင်းစွာ ဖမ်းယူ

အမေရိကန်ကို နျူကလီးယားနဲ့ မြောက်ကိုရီးယား ခြိမ်းခြောက်

အမေရိကန်ကို နျူကလီးယားနဲ့ မြောက်ကိုရီးယား ခြိမ်းခြောက်

မြောက်ကိုရီးယားနိုင်ငံက အမေရိကန်ပြည်ထောင်စု ကို နျူကလီးယား လက်နက်နဲ့ လက်ဦးမှုရယူ တိုက်ခိုက်မယ်လို့ သတိပေး ပြောကြား လိုက်ပါတယ်။ မြောက်ကိုရီးယားနိုင်ငံ မကြာခင်က ပြုလုပ် လိုက်တဲ့ နျူကလီးယား စမ်းသပ် ဖောက်ခွဲမှုကို တုန့်ပြန်တဲ့ အနေနဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီက ပြင်းထန်တဲ့ အပြစ်ပေး အရေးယူမှုကို အတည်ပြုဖို့ ပြင်ဆင်နေတဲ့ အချိန် အခုလို သတိပေး ပြောဆို လိုက်တာလည်း ဖြစ်ပါတယ်။

မြောက်ကိုရီးယားအနေနဲ့ သူ့ရဲ့ လက်ဦးမှုရယူ တိုက်ခိုက်နိုင်ခွင့်ကို အသုံးချပြီး ကျူးကျော်သူတွေရဲ့ ဌာနချုပ်ကို နျူကလီးယားလက်နက်နဲ့ ပစ်ခတ် တိုက်ခိုက်သွားမယ် လို့ မြောက်ကိုရီးယားနိုင်ငံခြားရေးဌာနက ကြာသပတေးနေ့မှာ ပြောကြားလိုက်တာပါ။ အမေရိကန်ပြည်ထောင်စု က နျူကလီးယား စစ်ပွဲဖြစ်ပွားအောင် ရန်စနေတဲ့ အတွက် သူတို့အနေနဲ့ လိုအပ်ချက်အရ လုပ်ဆောင်ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။

မြောက်ကိုရီးယားနိုင်ငံဟာ မကြာသေးခင်လေးကပဲ နျူကလီးယား စမ်းသပ်ဖောက်ခွဲမှုတွေ အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် နျူကလီးယား ထိပ်ဖူးပါတဲ့ တာဝေးပစ်ဒုံးကျည်ကိုတော့ ပစ်လွတ်နိုင်ခြင်း မရှိသေးဘူးလို့ ယုံကြည်ရပါတယ်။ ကိုရီးယား ကျွန်းဆွယ်မှာ တင်းမာမှုတွေ ဖြစ်ပေါ်တိုင်း မြောက်ကိုရီးယားက အခုလို ခြိမ်းချောက်တဲ့ ကြေငြာချက်တွေ ပုံမှန် ထုတ်ပြန်လေ့ရှိပါတယ်။
VOA

ဇင်ယော်
https://www.facebook.com/ZinYawNews
မြောက်ကိုရီးယားနိုင်ငံက အမေရိကန်ပြည်ထောင်စု ကို နျူကလီးယား လက်နက်နဲ့ လက်ဦးမှုရယူ တိုက်ခိုက်မယ်လို့ သတိပေး ပြောကြား လိုက်ပါတယ်။ မြောက်ကိုရီးယားနိုင်ငံ မကြာခင်က ပြုလုပ် လိုက်တဲ့ နျူ ကလီးယား စမ်းသပ်ဖောက်ခွဲမှုကို တုန့်ပြန်တဲ့အနေနဲ့ ကုလသမဂ္ဂ

USAID ဖွံ့ဖြိုးရေး စီမံကိန်းတွေ မြန်မာနိုင်ငံမှာ စတော့မည်

USAID ဖွံ့ဖြိုးရေး စီမံကိန်းတွေ မြန်မာနိုင်ငံမှာ စတော့မည် 

March.8,2013

မြန်မာနိုင်ငံမှာ ကုလသမဂ္ဂက ချမှတ်အကောင်အထည်ဖော်နေတဲ့ မိခင်နဲ့ မွေးကင်းစကလေး သေဆုံးမှုကျဆင်းရေး (Millennium Development Goals) ထောင်စုနှစ် ရည်မှန်းချက် ပြည့်မီအောင် အမေရိကန်အစိုးရက အရှိန်အဟုန်မြှင့် ကူညီပေးသွားမယ်လို့ မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ (USAID) အမေရိကန်အစိုးရရဲ့ ကူညီထောက်ပံ့ရေးအဖွဲ့ အကြီးအကဲ ဒေါက်တာ Rajiv Shah က ဒီကနေ့ မတ်လ ၇ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။

ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်မှာ ပြုလုပ်တဲ့ ကျန်းမာရေးဆွေးနွေးပွဲမှာ အဖွဲ့ရဲ့အကြီးအကဲ ဒေါက်တာ Rajiv Shah က “အမေရိကန်အစိုးရအနေနဲ့ မြန်မာနိုင်ငံက မိခင်နဲ့ ကလေးငယ်တွေအတွက် အခြေခံကျန်းမာရေး စောင့်ရှောက်မှုကဏ္ဍမှာ ပြောင်းလဲတိုးတက်လာအောင် အဓိကထား အကူအညီပေးသွားမယ်လို့” ပြောခဲ့တာပါ။

ဒီလုပ်ငန်းတွေ အရှိန်အဟုန်မြှင့် အကောင်အထည်ဖော်နိုင်ဖို့အတွက်လည်း USAID အနေနဲ့ အခုနှစ်မတ်လကစလို့ မြန်မာနိုင်ငံမှာ ဒေသအလိုက် မွေး၊ သေနှုန်းနဲ့ ကျန်းမာရေး လေ့လာမှုစစ်တမ်း ကောက်ယူရေးလုပ်ငန်းတွေကို ပြည်တွင်းအဖွဲ့အစည်းတွေနဲ့ လက်တွဲပြီး ပထမဆုံးအကြိမ် အကောင်အထည်ဖော်သွားမယ်လို့လည်း ပြောပါတယ်။

ဒါ့ပြင် လာမယ့် ၅ နှစ်တာအတွင်း မိခင်နဲ့ကလေး မီးဖွားသေဆုံးမှုနှုန်း လျော့ချရေးလုပ်ငန်းနဲ့ ရောဂါကြီး ၃ မျိုးဖြစ်တဲ့ HIV/AIDS၊ အဆုတ်နဲ့ ငှက်ဖျားရောဂါတိုက်ဖျက်ရေး လုပ်ငန်းတွေကိုလည်း USAID အဖွဲ့က တိုးမြှင့်အကူအညီပေးသွားဖို့ ရှိတယ်လို့လည်း USAID အဖွဲ့ အရာရှိတွေက ပြောပါတယ်။

ကုလသမဂ္ဂက ချမှတ်ဆောင်ရွက်နေတဲ့ ထောင်စုနှစ်ရည်မှန်းချက်အရ မြန်မာနိုင်ငံမှာ အသက် ၅ နှစ်အောက် ကလေး ၂၀၀၀၀ (နှစ်သောင်း) ခန့် နှစ်စဉ် သေဆုံးနေမှုကို လာမယ့် ၃ နှစ်နီးပါးကာလအတွင်း လျော့နည်းလာအောင် ကာကွယ်ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်းလည်း ပြောပါတယ်။
RFA

ဇင်ယော်
https://www.facebook.com/ZinYawNews
မြန်မာနိုင်ငံမှာ ကုလသမဂ္ဂက ချမှတ်အကောင်အထည်ဖော်နေတဲ့ မိခင်နဲ့ မွေးကင်းစကလေး သေဆုံးမှုကျဆင်းရေး (Millennium Development Goals) ထောင်စုနှစ် ရည်မှန်းချက် ပြည့်မီအောင် အမေရိကန်အစိုးရက အရှိန်အဟုန်မြှင့် ကူညီပေးသွား မယ်လို့ မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ (USAID) အမေရိကန်အစိုးရရဲ့ ကူညီထောက်ပံ့ရေးအဖွဲ့ အကြီးအကဲ ဒေါက်တာ Rajiv Shah က ဒီကနေ့ မတ်လ ၇ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။

မိုဘိုင်းဖုန်းနဲ့ တခြားကဏ္ဍများအတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု


မိုဘိုင်းဖုန်းနဲ့ တခြားကဏ္ဍများအတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု

မြန်မာပြည်ရဲ့ မိုဘိုင်းဖုန်း ဈေးကွက်ကြီးအတွက် လုပ်ငန်းလိုင်စင် လျှောက်ထားတဲ့ ကုမ္ပဏီပေါင်း ၉၀ နီးပါး ရှိတယ် လို့ ဖိုင်နယ်ရှယ်တိုင်းမ် အင်တာနက် စာမျက်နှာမှာ မနေ့က ရေးထားပါတယ်။

မြန်မာပြည်မှာ လက်ကိုင်ဖုန်း မသုံးသေး မ၀ယ်သေးတဲ့သူတွေ အများကြီး ရှိနေပါတယ်။
အစိုးရက ဒီနှစ်ဆန်းပိုင်းမှာ ဖိတ်ခေါ်အပြီးမှာ ဒီလို ဧရာမ ဈေးကွက်ကြီးအတွက် ရင်းနှီးမြှုပ်နှံမယ့် ကုမ္ပဏီပေါင်း ၉၀ လောက် အစိုးရကို ချည်းကပ်ထားပါတယ်။
ဘယ်ကုမ္ပဏီ လုပ်ပိုင်ခွင့် ရမယ် ဆိုတာ မသိသေးပါ။

ဆင်မ်ကတ်တခု ကျပ်ငါးထောင် ဆိုတဲ့ ကုမ္ပဏီတခုက တွက်ချက်ပြ၊ သိပ်မကြာခင်မှာ ကျပ်သောင်းဂဏန်းဖြစ်မယ် ဆိုပြီး ပြောနေကြတဲ့ မြန်မာနိုင်ငံမှာ
ဆင်မ်ကတ်ဈေး အမှန်တကယ် ပြုတ်ကျရင်တော့ သန်းပေါင်းများစွာသော မြန်မာပြည်သူတွေဟာ မိုဘိုင်းဖုန်း ကိုင်ကြတော့မှာပါ။
အဲဒီအခြေအနေရောက်ရင် ဈေးကွက်မှာ မိုဘိုင်းဖုန်းတွေ လက်ရှိ အခြေအနေထက် အဆပေါင်းများစွာ အရောင်းသွက်မှာပါ။
ဘယ်တော့ ဒီအခြေအနေ ရောက်မယ် ဆိုတာတော့ ခန့်မှန်းရ ခက်နေကြပါတယ်။

နိုင်ငံတကာ ကုမ္ပဏီတွေက မြန်မာပြည်မိုဘိုင်းတယ်လီဖုန်းဈေးကွက်အတွက် အလုအယက် ဖြစ်နေကြပေမယ့် တခြားဈေးကွက် တခြား ကဏ္ဍများမှာ ဘယ်လို ရှိပါသလဲ။

အစိုးရ ဖိတ်ခေါ်တဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ဘယ်လိုအခြေအနေ ရှိပါသလဲ - ဖိတ်ခေါ်နေပေမယ့် မြန်မာနိုင်ငံရဲ့ မြေဈေးနှုန်း၊ လျှပ်စစ်မီးရရှိမှု အခြေအနေတွေကြောင့် ထင်သလောက် ၀င်မလာကြဘူးလို့ ပြည်တွင်း လုပ်ငန်းရှင်တွေက ပြောပါတယ်။ 

“နိုင်ငံတကာက စီးပွားရေး လုပ်ငန်းရှင်တွေ အသီးသီး မြန်မာနိုင်ငံရဲ့ အခြေအနေကို လာရောက်လေ့လာကြတယ်။ 
ဆွေးနွေးပွဲတွေ လုပ်ကြတယ်။ သူတို့ သိချင်တာက မြန်မာနိုင်ငံရဲ့ ဈေးကွက် အခြေအနေ၊ လျှပ်စစ်မီး ရရှိမှု အခြေ အနေတွေ မေးကြတယ်။
ပြီးတော့ ရင်းနှီးမြှုပ်နှံမှု ဥပဒေ မထွက်သေးလို့ ဒါကို စောင့်ကြတယ်ပေါ့။ 
ဥပဒေတွေ နည်း ဥပဒေတွေ ထွက်တော့လည်း ထူးထူးခြားခြား ရင်း နှီးမြှုပ်နှံမှုတွေ အများကြီး ၀င်မလာကြသေးဘူး။ 
စီးပွားရေး လုပ်ကိုင်သူတွေကတော့ သူ တို့ရဲ့ အကျိုးမြတ်တွေကို တွက်ကြမှာပေါ့။ အခုက လာရင်းနှီးမြှုပ်နှံမယ်ဆိုရင် မြန်မာ နိုင်ငံက မြေဈေးတွေကြီးတာ၊ ငှားရမ်းခတွေ ဈေးတက် တာ တွေ ကြောင့် အရဲမစွန့်ရဲ ကြဘူးဖြစ်နေတယ်” လို့ စက်မှု လုပ်ငန်း လုပ်ကိုင်သူ တစ်ဦးက ပြောပါတယ်။

မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကြောင့်လည်း ဆိုင်တယ်လို့ သိရပါတယ်။

“စီမံကိန်း တစ်ခုခု လုပ်မယ်ဆိုရင် အဲဒီအကျိုးဆက်တွေကြောင့် ဖြစ်ပေါ်လာတဲ့ ဆန္ဒဖော်ထုတ်မှု၊ ကန့်ကွက်မှုတွေ ဖြစ်ပေါ်တတ်လို့ မြန်မာနိုင်ငံကို လာရင်းနှီးမြှုပ်နှံဖို့ လန့်နေကြတယ်။ ရင်းနှီးမြှုပ်နှံသူတွေ အနေနဲ့ရော ဖိတ်ခေါ်သူတွေ အနေနဲ့ရော အခြေအနေတွေကို သေချာ လေ့လာပြီးမှ ဖိတ်ခေါ်ဖို့ လိုပါတယ်။
ဒီလိုမျိုးတွေ မကြာခဏ ဖြစ်နေရင်တော့ နိုင်ငံအပေါ်လည်း ယုံကြည်မှု ပျက်ပြားနိုင်ပါတယ်” လို့ စီးပွားရေး လုပ်ငန်းရှင် တစ်ဦးက ပြောပါတယ်။

နိုင်ငံတကာက ရင်းနှီး မြှုပ်နှံမှုတွေကို ဖိတ်ခေါ်မှ နိုင်ငံခြား ၀င်ငွေ ရရှိစေမှာ ဖြစ်တဲ့အပြင် အလုပ်အကိုင် အခွင့်အလမ်းတွေ ဖန်တီးနိုင်ပြီး နည်းပညာ တွေ တိုးတက်စေကြောင်း၊ 
နိုင်ငံရဲ့ ယဉ်ကျေးမှု၊ လူနေမှု ပတ်ဝန်းကျင်၊ သဘာဝပတ်ဝန်းကို မထိခိုက်စေတဲ့ ရင်းနှီးမြှုပ်နှံမှု မျိုးကို ကြိုဆိုသင့်ကြောင်း ပြည်တွင်း စီးပွားရေး ပညာ ရှင် တစ်ဦးက ပြောပါတယ်။

မြန်မာနိုင်ငံမှာ ပေါ်ပေါက်နေတဲ့ ပြုပြင်ပြောင်းလဲရေးက စလုံးရေစပဲ ရှိသေးတဲ့အတွက် မျှော်လင့်တဲ့နေရာရောက်ဖို့
တော်တော်လေး ကြိုးစားဖို့ လိုပါသေးတယ်လို့ ဗြိတိန်အစိုးရ၀န်ကြီးအဖွဲ့ ဝန်ကြီး Francis Maude က နေပြည်တော်မှာ ပြောလိုက်ပါတယ်။

(ဝန်ကြီးပြောကြားချက်သတင်းအပြည့်အစုံကို ဧရာဝတီ အင်္ဂလိပ်ပိုင်း စာမျက်နှာ irrawaddy.org/archives/27569 မှာ ဖတ်ပါ)

“ဘတ်ဂျက်စာရင်း ထင်သာမြင်သာ ရှိဖို့၊ ထိပ်တန်းအစိုးရအရာရှိများရဲ့ပိုင်ဆိုင်မှု ကြေညာဖို့” အစရှိတာတွေ လိုအပ်နေသေးတယ်လို့ ဝန်ကြီးက ထောက်ပြပါတယ်။

ဧရာဝတီ 

ဇင်ယော်
https://www.facebook.com/ZinYawNews

မြန်မာပြည်ရဲ့ မိုဘိုင်းဖုန်း ဈေးကွက်ကြီးအတွက် လုပ်ငန်း လိုင်စင် လျှောက်ထားတဲ့ ကုမ္ပဏီပေါင်း ၉၀ နီးပါး ရှိတယ် လို့ ဖိုင်နယ်ရှယ်တိုင်းမ် အင်တာနက် စာမျက်နှာမှာ မနေ့က ရေးထား ပါတယ်။

Text Message ပို့ခြင်းက ဥာဏ်ကောင်းစေ

Photo: Text Message ပို့ခြင်းက ဥာဏ်ကောင်းစေ
Thursday, March 7, 2013

ပေါက်ပေါက်ရှာရှာ လေ့လာတွေ့ရှိမှုများထဲက တစ်ခုပါပဲ။ ယင်းကတော့ ဖုန်းနဲ့ Message ရိုက် ပို့ခြင်းဟာ ဥာဏ်ကောင်းစေတယ်ဆိုတဲ့ အချက်ပဲ ဖြစ် ပါတယ်။ အဖြစ်က ဒီလိုပါ။

Test Message (SMS) ရည်ရွယ်ချက်က စာတိုတိုနဲ့ လိုရင်း ရောက်အောင်
ရေးလို့ ပို့ရတာ ဖြစ်ပါတယ်။ စာလုံး Character အလုံး ၁၆၀ ထပ်မပိုရဘူးလို့ ဆိုထားပေမယ့် တော်တော်များများကတော့ စာလုံးနည်းနည်းနဲ့ 
ရောက်အောင်ရေးလို့ ပို့ပါတယ်။

ဒါကြောင့် အင်္ဂလိပ် အတိုကောက်သုံးတာမျိုး၊ အလွယ်ဆုံး ဝါကျဖွဲ့လိုက်တာ မျိုး၊ အဓိပ္ပါယ်ချက်ချင်း သိစေနိုင်မယ့် စာတိုတို ဖြစ်အောင် ရေးစပ်တာမျိုး အစရှိသဖြင့် ဦးနှောက်စားစေပြီး ဥာဏ်ကို အသုံးချစေပါတယ်။ အင်္ဂလိပ် သဒ္ဒါ တည်ဆောက်မှု အတတ်နိုင်ဆုံးမှန်အောင်ကြိုးစားမှုလည် ရှိသလို အချို့ ကျတော့လည်း အဆင်ပြေတဲ့ အသံထွက်နဲ့ တစ်ဖက်နားလည်အောင် ကြိုးစား ရေးသား ပါတယ်။ အင်္ဂလိပ်စာနဲ့ ရိုက်တာက ပိုကောင်းပြီး အင်္ဂလိပ် စာ ဝါကျ ဖွဲ့မှုကိုလည်း ပိုမိုတိုးတက်စေပါတယ်။ သို့ပေမယ့် အခြား ဘာသာ သို့မဟုတ် ကိုယ်အဆင်ပြေတဲ့ နည်းလမ်းနဲ့ ရေးသားပေးပို့ခြင်းက လည်း ဥာဏ်သုံးရတဲ့အတွက် ဦးနှောက် ကို အလုပ်လုပ်စေပါတယ်။

ဒါကြောင့် SMS ပို့ခြင်းဟာ ဥာဏ်ကိုကောင်းစေပြီး IQ လယ်ဗယ်
မြင့်စေ တယ်လို့ လေ့လာချက်များက ဆိုထားကြောင်း သိရပါတယ်။
--
Ref: techblog
Aung Kham (TSJ team)
--
http://blog.techspace.com.mm/2013/03/text-message.html

--
TechSpace Journal
ပေါက်ပေါက်ရှာရှာ လေ့လာတွေ့ရှိမှုများထဲက တစ်ခုပါပဲ။ ယင်းကတော့ ဖုန်းနဲ့ Message ရိုက်ပို့ခြင်းဟာ ဥာဏ်ကောင်းစေတယ်ဆိုတဲ့ အချက် ပဲ ဖြစ်ပါတယ်။ အဖြစ်ကဒီလိုပါ။
Test Message (SMS) ရည်ရွယ်ချက်က စာတိုတိုနဲ့ လိုရင်း ရောက်အောင်ရေးလို့ပို့ရတာ ဖြစ်ပါတယ်။ စာလုံး Character အလုံး ၁၆၀ ထပ်မပိုရဘူးလို့ ဆိုထားပေ မယ့် တော်တော်များများ ကတော့ စာလုံးနည်းနည်းနဲ့ရောက်အောင်ရေးလို့ ပို့ပါတယ်။

ကားသမားများကို KNU/KNLA ငြိမ်းချမ်းရေးကောင်စီမှ ရန်ပုံငွေစီဒီခွေများ အတင်းရောင်းနေ

Photo: ကားသမားများကို KNU/KNLA ငြိမ်းချမ်းရေးကောင်စီမှ ရန်ပုံငွေစီဒီခွေများ အတင်းရောင်းနေ
Thursday, March 7, 2013

ကရင်ပြည်နယ်၊ မြ၀တီ-ကော့ကရိတ် တောင်ပေါ်ကားလမ်းတနေရာတွင် KNU/KNLA ငြိမ်းချမ်းရေးကောင်စီမှ တပ်ဖွဲ့ဝင် များ “အလင်းရောင်”အမည်ရှိ ၎င်းတို့၏ ရန်ပုံငွေ ရှိုးပွဲစီဒီခွေများကို ရန်ပုံငွေအဖြစ် ပြီးခဲ့သည့် အပတ်က မြ၀တီ-ကော့က ရိတ်လမ်းပြေး ကားသမားများကို 
မ၀ယ်မနေရ အတင်း ရောင်းချပေးလျှက်ရှိသည်ဟု သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ နေက်ဆုံးအပတ်ကတည်းက အဆိုပါ 
KNU/KNLA တပ်အဖွဲ့ဝင်များသည် စီဒီခွေတစ်ခွေလျှင် ၃,၀၀၀ကျပ်နှုန်းဖြင့် ကားသမားတစ်ဦးလျှင် ၃ခွေ မ၀ယ်မနေရစနစ်ဖြင့် ရောင်းနေခြင်း
ဖြစ်သည်ဟု ခရီးသည်တင်ကားသ မားတစ်ဦးက ကေအိုင်စီသို့ ပြောသည်။

“ကားသမားတွေကို သူတို့ရဲ့ ရှိုးပွဲစီဒီခွေတွေ အတင်းဝယ်ခိုင်းတယ်ဗျာ။ ကျနော်က ဒီအခွေကို တခါဝယ်ပြီးပြီ။ အခုတခါ လည်း ရောင်းတာ မ၀ယ်တော့ဘူးဆိုတော့ သေနတ်ထုတ်ပြတယ်လေ။ ဒီတော့ မ၀ယ်ချင်လည်း ၀ယ်ရတာပေါ့။”ဟု ၎င်းက ပြောဆိုသည်။

ယင်းသို့ စီဒီခွေရောင်းနေသည့် အဆိုပါ KNU/KNLA တပ်ဖွဲ့ဝင်များမှာ အင်အား ၁၅ဦးခန့်ရှိပြီး စစ်ယူနီဖောင်း၊ လက်နက်အ ပြည့်အစုံနှင့်
အတူ မြ၀တီ-ကော့ကရိတ်တောင်ပေါ်ကားလမ်းရှိ တံတားကျိုးဂိတ်
အလွန် လမ်းတနေရာ၌ ကားများကိုတား ကာ ၀ယ်ယူခိုင်းခြင်းဖြစ်ပြီး ခရီးသည်များကိုမူ ၀ယ်ယူခိုင်းခြင်း မရှိကြောင်း သိရသည်။

KIC (Karen Information Center)

ကရင်ပြည်နယ်၊ မြ၀တီ-ကော့ကရိတ် တောင်ပေါ်ကားလမ်းတနေရာတွင် KNU/KNLA ငြိမ်းချမ်းရေးကောင်စီမှ တပ်ဖွဲ့ဝင် များ “အလင်းရောင်” အမည်ရှိ ၎င်းတို့၏ ရန်ပုံငွေ ရှိုးပွဲစီဒီခွေများကို ရန်ပုံငွေအဖြစ် ပြီးခဲ့သည့် အပတ်က မြ၀တီ-ကော့က ရိတ်လမ်းပြေး ကားသမားများကိုမ၀ယ်မနေရ အတင်း ရောင်းချပေးလျှက်ရှိသည်ဟု သိရသည်။

Thursday, March 7, 2013

ယခုနှစ် ရန်ကုန်သင်္ကြန်ပွဲတော်ကို စည်ကားစွာ ကျင်းပရန် စီစဉ်လျက်ရှိပြီး ယခင်နှစ်အတိုင်း ပြည်လမ်း၊ ကမ္ဘာအေးစေတီလမ်းနှင့် ကန်တော်ကြီး ကန်ပတ်လမ်းတို့တွင် ရေကစားမဏ္ဍပ် အများဆုံးခွင့်ပြုမည်

ယခုနှစ် ရန်ကုန်သင်္ကြန်ပွဲတော်ကို စည်ကားစွာ ကျင်းပရန် စီစဉ်လျက်ရှိပြီး ယခင်နှစ်အတိုင်း ပြည်လမ်း၊ ကမ္ဘာအေးစေတီလမ်းနှင့် ကန်တော်ကြီး ကန်ပတ်လမ်းတို့တွင် ရေကစားမဏ္ဍပ် အများဆုံးခွင့်ပြုမည်
Thursday, March 7, 2013

ယခုနှစ် ရန်ကုန်သင်္ကြန်ပွဲတော်ကို စည်ကားစွာ ကျင်းပနိုင်ရန် 
စီစဉ်လျက်ရှိပြီး ယခင်နှစ်များကဲ့သို့ပင် ပြည်လမ်း၊ ကမ္ဘာအေးစေတီလမ်းနှင့် ကန်တော်ကြီးပတ်လမ်းတို့တွင် ရေကစားမဏ္ဍပ်များစွာ ခွင့်ပြုမည်ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။

''ဒီနှစ်သင်္ကြန်ကို စည်စည်ကားကားဖြစ်အောင် လုပ်မယ်။ အဲဒီအတွက် ကော်မတီတွေ ဖွဲ့ပြီး စနစ်တကျ လုပ်မှာဖြစ်တယ်'' ဟု ၄င်းက ပြောသည်။

ယခုနှစ် သင်္ကြန်ပွဲတော်အတွက် မဏ္ဍပ်ဆောက်လုပ်ခွင့်များကို ယခင်နှစ်ကအတိုင်းပင် အင်းယားလမ်း၊ တက္ကသိုလ်ရိပ်သာလမ်းတို့တွင် ခွင့်မပြုဘဲ ပြည်လမ်း၊ ကမ္ဘာအေးစေတီလမ်းနှင့် ကန်တော်ကြီး ကန်ပတ်လမ်းတို့တွင် အများဆုံး ခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။

မဏ္ဍပ်အရေအတွက်ကိုလည်း ယခင်နှစ်က ခွင့်ပြုခဲ့သည့် အရေအတွက်အတိုင်းသာ ခွင့်ပြုသွားရန် စီစဉ်နေသည်ဟု 
သိရသည်။

မဏ္ဍပ်ဆောက်လုပ်ခွင့် လျှောက်လွှာများကို သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ခရိုင်အုပ်ချုပ်ရေးမှူးများမှတစ်ဆင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ မတ် ၆ ရက်မှ မတ် ၁၅ ရက်နေ့အတွင်း လျှောက်ထားကြရမည်ဖြစ်သည်။            

မဏ္ဍပ်များကို ပေ ၁ဝဝ နှင့်အထက် မဏ္ဍပ်အကြီးများ၊ ပေ ၁ဝဝ နှင့် 
၅ဝ ကြား မဏ္ဍပ်အလတ်၊ ပေ ၅ဝ အောက်မဏ္ဍပ် အသေး စသည်ဖြင့် ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ မဏ္ဍပ်နေရာ ချထားပေးရေး ဆပ်ကော်မတီ၏ ထုတ်ပြန်ချက်အရ သိရသည်။

ယခုနှစ် ရန်ကုန်မြို့တော်၌ သင်္ကြန်ပွဲတော် ကျင်းပနိုင်ရေး ပဏာမဆွေးနွေးမှုကို ဖေဖော်ဝါရီ ၅ ရက်က ပြုလုပ်ခဲ့ပြီး သင်္ကြန်မဏ္ဍပ်များ နေရာချထားပေးရေး ဆပ်ကော်မတီ၊ မဏ္ဍပ်များခိုင်ခံ့မှု စစ်ဆေးရေး ကော်မတီ၊ မြန်မာ့ရိုးရာ ယဉ်ကျေးမှု ထိန်းသိမ်းရေး ကော်မတီ၊ လုံခြုံရေးနှင့် စည်းကမ်းထိန်းသိမ်းရေး ကော်မတီ စသည်ဖြင့် ဖွဲ့စည်းပေးခဲ့သည်ဟု သိရသည်။

''ဒီနှစ် သင်္ကြန်ပွဲတော် လုပ်တဲ့အခါမှာ မနှစ်က သင်္ကြန်ပွဲတော်အပေါ် သုံးသပ်ချက်တွေ၊ ပြုပြင်ဖို့လိုတဲ့ အချက်တွေနဲ့ လုပ်မှာဖြစ်ပါတယ်။ ဥပမာ-မနှစ်သင်္ကြန် ဘယ်လမ်းတွေမှာ ယာဉ်ကြောပိတ်ဆို့မှုတွေ ဖြစ်သလဲ။ အဲဒါတွေကို ဆင်ခြင်ပြီး လုပ်မယ် စတာမျိုးတွေပါ'' ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဆက်လက်ပြောကြားသည်။

ပြီးခဲ့သည့်နှစ်က ရန်ကုန်မြို့တော် သင်္ကြန်မဏ္ဍပ်အကြီးများကို ပြည်လမ်း၊ ကမ္ဘာအေးစေတီလမ်းနှင့် ကန်တော်ကြီး ကန်ပတ်လမ်းတို့တွင် အများဆုံးခွင့်ပြုခဲ့သည်။

ယခင်နှစ်များက မဏ္ဍပ်အများဆုံးဖြင့် စည်ကားခဲ့သော အင်းယားလမ်းနှင့် တက္ကသိုလ်ရိပ်သာ လမ်းတို့တွင်မူ ၂ဝ၁ဝ ပြည့်နှစ် သင်္ကြန်ပွဲတော်မှစ၍ မဏ္ဍပ်ဆောက်လုပ်ခွင့် မပြုတော့ကြောင်း သိရသည်။

ပြီးခဲ့သည့် ၂ဝ၁၁-၂ဝ၁၂ ခုနှစ် သင်္ကြန်ကာလက ရန်ကုန်မြို့ ပြည်လမ်း၊ ကမ္ဘာအေးစေတီလမ်းနှင့် ကန်တော်ကြီး ကန်ပတ်လမ်း အပါအဝင် လမ်းမကြီးအချို့ပေါ်တွင် ရေကစားမဏ္ဍပ် အကြီး စုစုပေါင်း ၄ဝ ကျော်
အနက် ကန်တော်ကြီးကန်ပတ်လမ်းတွင် မဏ္ဍပ်အကြီး ၂ဝ ဖြင့် အများဆုံးဖြစ်ခဲ့ကြောင်း၊ ရန်ကုန်တစ်မြို့လုံး ရေကစားမဏ္ဍပ်ပေါင်း ၁ဝဝ ကျော်ရှိခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ မဏ္ဍပ်ကိုလည်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ရုံးဝန်းကျင်တွင် ပြုလုပ်မည်ဖြစ်ပြီး ရန်ကုန်တိုင်းအတွင်း အခမ်းနားဆုံး အစိုးရဌာနဆိုင်ရာ မဏ္ဍပ်အဖြစ် ပြုလုပ်ရန် စီစဉ်ထားသည်ဟု သိရသည်။

ဓာတ်ပုံ - ပြီးခဲ့သည့် ၂၀၁၁ ခုနှစ် ရန်ကုန်သင်္ကြန် မြင်ကွင်း

Eleven Media Group
ယခုနှစ် ရန်ကုန်သင်္ကြန်ပွဲတော်ကို စည်ကားစွာ ကျင်းပနိုင်ရန် စီစဉ် လျက်ရှိပြီး ယခင်နှစ်များကဲ့သို့ပင် ပြည်လမ်း၊ ကမ္ဘာအေးစေတီ လမ်းနှင့် ကန်တော်ကြီးပတ်လမ်းတို့တွင် ရေကစားမဏ္ဍပ်များစွာ ခွင့်ပြု မည်ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ တာဝန်ရှိသူ တစ်ဦး က ပြောသည်။

မူဆယ်မြို့ အားမြို့ပြစီမံကိန်းရေးဆွဲ၍ အကောင်အထည်ဖော်တည် ဆောက်ရန် အမျိုးသားလွှတ်တော်တွင်ဆွေးနွေး

ကေအိုင်အေ (ကချင်) အဖွဲ့မှ နယ်မြေခံ ပြည်သူ များအား တောင်ယာ လုပ်ငန်းများ လုပ်ကိုင် ခြင်း မပြုရန် တားမြစ်

သစ်ကားများကို KIA မှ ဂိတ်ဖွင့်ပြီးအခွန်ကောက်ခံ

သစ်ကားများကို KIA မှ ဂိတ်ဖွင့်ပြီးအခွန်ကောက်ခံ

မန်စီမြို့နယ် ကိုင်းချောင်းရွာ အနီးတွင် KIA မှ ဂိတ်ဖွင့်ပြီး သစ်ကားများအား အခွန်ကောက်ခံနေ ကြောင်းသိရှိရပါသည်။ သစ်ကားတစ်စီးကို သစ်များတင်ဆောင်လာလျှင် ၁သိန်း၂သောင်းနှင့် သစ်များ တင်ဆောင်လာခြင်းမရှိပါက ၅သောင်းနှုန်းဖြင့် ကားသမားများထံမှ ကောက်ခံနေကြောင်း၊ သစ်များ ခုတ်ယူ သူများသည် KIA နှင့်နီးစပ်သူများ၊ တရုတ်သစ်လုပ်သမားများဖြစ်ပြီး သစ်ခုတ်ယူမှု ပို့ဆောင်မှုတို့တွင် လည်း KIA မှသာ သေနတ်တကားကားနဲ့ ပိုက်ဆံယူကာ လုံခြုံရေး လုပ်ပေးနေသည်ဟု အလုပ်သမားတစ်ဦး၏ ပြောဆိုချက်အရ သိရှိရသည်။

KIA သည် အစိုးရနှင့် ငြိမ်းချမ်းရေး ဆွေးနွေးမှုများ ပြုလုပ်သောကြောင့် တိုက်ပွဲတွေ မရှိသလောက် နည်းပါးနေချိန်တွင် သစ်များနှင့် ကချင်ပြည်နယ်ရှိအခြား အဖိုးတန် သယံဇာတ များကို ထုတ်ယူပြီး ၎င်းတို့၏အင်အားဖြည့်တင်းမှုများ လုပ်ဆောင်နေကြောင်း ဒေသခံများက ပြောဆိုနေကြ ပါသည်။ 

KIA မှ သစ်များကို ကိုယ်တိုင်ထုတ်ယူခြင်း၊ တရုတ်နိုင်ငံသားများနှင့်ပူးပေါင်း၍ ကာကွယ်ပေးကာ သစ်များကိုထုတ်ယူခြင်းများကိုပြုလုပ်ခြင်းအပြင် သစ်ကားများထံမှ အခွန်ငွေများကို ကောက်ခံနေခြင်းကြောင့် တစ်နေ့ကို သိန်ရာချီရရှိနေကြောင်း၊ ခုတ်ယူပြီးသစ်များကို တရုတ်နိုင်ငံသို့ ပို့ဆောင်ရောင်းချနေကြောင်း သစ်ကား မောင်းသမားများ၏ ပြောဆိုမှုရသိရှိရပါသည်။

Kachin Daily News
မန်စီမြို့နယ် ကိုင်းချောင်းရွာ အနီးတွင် KIA မှ ဂိတ်ဖွင့်ပြီး သစ်ကား များအား အခွန်ကောက်ခံနေ ကြောင်းသိရှိရပါသည်။ သစ်ကား တစ်စီး ကို သစ်များတင်ဆောင်လာလျှင် ၁သိန်း၂သောင်းနှင့် သစ်များ တင်ဆောင်လာခြင်းမရှိပါက ၅သောင်းနှုန်းဖြင့် ကားသမား များထံမှ ကောက်ခံနေကြောင်း၊ သစ်များခုတ်ယူသူများသည် KIA နှင့်

အမျိုးသားခေါင်းဆောင်ကြီးဗိုလ်ချုပ်အောင်ဆန်းနှင့်တစ်ကွ အာဇာနည် ခေါင်းဆောင်ကြီးများ၏ အာဇာနည်ဗိဗ္မာန်ကို နိုင်ငံတော်အဆင့် ပြုပြင်ထိန်းသိမ်းပြီး အများပြည်သူ ဂါရဝပြုနိုင်ရန် (၁)ပတ်လျှင် (၆)ရက် ဖွင့်လှစ်ပေးသွားမည်

အမျိုးသားခေါင်းဆောင်ကြီးဗိုလ်ချုပ်အောင်ဆန်းနှင့်တစ်ကွ အာဇာနည် ခေါင်းဆောင်ကြီးများ၏ အာဇာနည်ဗိဗ္မာန်ကို
နိုင်ငံတော်အဆင့် ပြုပြင်ထိန်းသိမ်းပြီး အများပြည်သူ ဂါရဝပြုနိုင်ရန် (၁)ပတ်လျှင် (၆)ရက် ဖွင့်လှစ်ပေးသွားမည်
Thursday, March 7, 2013

ယနေ့ကျင်းပပြုလုပ်သည့် ပထမအကြိမ် ပြည်သူ့လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး၂၃ ရက်မြောက်နေ့ ၇-၃-၂၀၁၃ (ကြာသပတေးနေ့) တွင် ဦးဖြိုးမင်းသိန်း၊ လှည်းကူး မဲဆန္ဒနယ်၏ ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည် ခေါင်းဆောင်ကြီးများ၏ ဂူဗိမာန်ကို အများပြည်သူ ဂါရ၀ပြုနိုင်ရန်အတွက် နေ့စဉ် ဖွင့်လှစ်ထားရန်နှင့် နိုင်ငံတော် အဆင့် ပြုပြင်ထိန်းသိမ်းမှုများ ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်းအား

ပြည်ထောင်စုအစိုးရအဖွဲ့ကိုယ်စား ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါ်စန္ဒာခင်၏ ရှင်းလင်းဖြေကြားချက် (အကျဉ်းချုပ်)

၁။ ပြည်ထောင်စုအစိုးရက ရန်ကုန်တိုင်းဒေသကြီးအစိုးရသို့ ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလအတွင်း လွှဲပြောင်းပေးခဲ့ပြီး လက်ရှိအချိန်တွင် တိုင်းဒေသကြီးအစိုးရက နိုင်ငံတော်အဆင့် ပြုပြင်ထိန်းသိမ်းမှုများ
ဆောင်ရွက်လျက် ရှိသည်။

၂။ လက်ရှိ ဆောင်ရွက်လျက်ရှိသော နိုင်ငံတော်အဆင့် ပြုပြင်
ထိန်းသိမ်းမှုများဆောင်ရွက်ပြီးစီးပါက အာဇာနည်ဗိဗ္မာန်အား အများပြည်သူ ဂါရဝပြုနိုင်ရန်အတွက် ရက်သတ္တပတ် တစ်ပတ်လျှင် ပိတ်ရက် (၁)ရက်သာ ထားရှိပြီး ဖွင့်လှစ်ပေးရန် စီစဉ်ထားပြီး ဖြစ်သည်။

၃။ ပြည်ပနိုင်ငံဧည့်သည်များ လာရောက်ရာတွင် Official Visit မှာ နေပြည်တော်ဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်း သွားလာလိုသော အစီအစဉ်များကို ဧည့်သည်နိုင်ငံ၏ ဆန္ဒအရ နိုင်ငံခြားရေးဝန်ကြီးဌာနက ညှိနှိုင်း ဆောင်ရွက်ပေးလျက် ရှိသည်။

Hmuu Zaw

ယနေ့ကျင်းပပြုလုပ်သည့် ပထမအကြိမ် ပြည်သူ့လွှတ်တော် ဆဋ္ဌမ ပုံမှန်အစည်းအဝေး၂၃ ရက်မြောက်နေ့ ၇-၃-၂၀၁၃ (ကြာသပတေးနေ့ ) တွင် ဦးဖြိုးမင်းသိန်း၊ လှည်းကူး မဲဆန္ဒနယ်၏ ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည် ခေါင်းဆောင်ကြီးများ၏

ခရီးသည်တင် အစားထိုးယာဉ်သစ်များ စီအင်န်ဂျီ မလောက်ငသဖြင့် ရပ်ထားရ

ငွေစက္ကူအတုအား မည်ကဲ့သို့ထိန်းချုပ်မည်ကို သိရှိလို

ကချင်ပြည်နယ်အတွင် ၅၀၀၀တန်အတု ထုတ်လုပ်သည့် ကိစ္စဖြစ်ပွားပြီးနောက် ငွေကျပ် (၅၀၀၀)တန် အတုများ   မြန်မာ့စီးပွားရေး ဘဏ်နှင့် ပုဂ္ဂလိကဘဏ် အသီးသီးတွင် လည်ပတ်မှုရှိနေပါက မည်ကဲ့သို့ ထိန်းချုပ် မည်နည်းဆိုသည့်  စပ်လျဉ်းသည့်မေးခွန်းအား မိုးမောက် မဲဆန္ဒနယ်ဦးဇော်ထွန်း က ပြည်သူ့ လွှတ်တော်၌ ယနေ့ မေးမြန်းခဲ့သည်။
 

တရုတ်နိုင်ငံက ကာကွယ်ရေး ကဏ္ဍတွင် ငွေကြေးတိုးမြှင့် သုံးစွဲသွားမည်

ပြင်စရာမလိုသော အသက်ပါသည့် ကား Audi A9

ပြင်စရာမလိုသော အသက်ပါသည့် ကား Audi A9

ဂျာမနီ မော်တော်ယာဉ်ထုတ်လုပ်ရေး ကုမ္မဏီ အော်ဒီ (Audi) ထုတ် ကားများလည်း မြန်မာပြည် ရောက်ပါတယ်။ အများစုကတော့ ဂျပန်လေလံ က ဖြစ်ပြီး ဆလွန်း၊ SUV စုံစုံလင်လင်ရောက်ရှိပါတယ်။ အကယ်၍ ပုံမှာ ဖော်ပြထားတဲ့ကားသာ တကယ်ထွက်ပေါ်လာရင် လည်း မြန်မာပြည်ရောက်ဖို့ မျော်လင့်ပါတယ်။

တစ်ခုခုနဲ့တိုက်လို့ ကားဘော်ဒီမှာ ချိုင့်ဝင်သွားတာ၊ အရောင်ပွန်းသွားတာ မျိုးဆိုရင် ကားက အလိုအလျောက် ပြန်ပြင်ပေးပါတယ်။ ကိုယ်တိုင် ပြင်စရာ မလိုပါဘူး။ ဆေးရောင်လည်း ကိုယ်လိုသလို ပြောင်းလဲနိုင်ပါတယ်။ ပုတ်သင်ညိုတို့တောင် အရောင် ၄၊ ၅ မျိုးထက် ပိုမပြောင်းနိုင်ပေမယ့် Audi A9 ဆလွန်းကတော့ အရောင်မျိုးစုံ ပြောင်းလဲနိုင်ပါတယ်။ ကိုယ်တိုင် လည်း ပြန်ပြင်တယ်၊ အရောင်လည်းပြောင်းတယ်ဆိုတော့ အသုံးပြုတဲ့ နည်းပညာကို လူတိုင်း စိတ်ဝင်စားကြမှာ ဖြစ်ပါတယ်။

ကိုယ်တိုင်ပြန်ပြင်ရလောက်အောင် အသက်သွင်းပေးထားတာကတော့ နာနို နည်းပညာ (Nanotechnology) ဖြစ်ပါတယ်။ နာနို နည်းပညာဟာ ၁၉၇၀ နောင်းပိုင်းက စပေါ်ပေမယ့် ၂၁ ရာစုမှာ လွမ်းမိုးလာတဲ့ နည်းပညာ ဖြစ်ပါတယ်။ ဆံပင်တစ်မွေးစာရဲ့ တစ်ထောင်ပုံတစ်ပုံ အရွယ်အစား ပစ္စည်းကို လူသုံးကုန်ပစ္စည်းတွေမှာ အသုံးပြုလာခြင်းဟာ အံ့မခန်း ပြောင်းလဲတိုးတက်လာတဲ့ နည်းပညာ ဖြစ်ပါတယ်။ ဒီအတွက် အဓိကလိုအပ်ချက်က အသုံးပြုမယ့် သတ္တုအမျိုးအစားပဲ ဖြစ်ပါတယ်။

ကားဘော်ဒီပြင်တစ်ခုလုံးမှာ နာနိုနည်းပညာသုံး အလွာတစ်ခုလုံးခြုံလွမ်း ထားပါမယ်။ အပူချိန်ကြေင့်သော်လည်းကောင်း၊ အက်ဆီးဒန့်ကြောင့်သော် လည်းကောင်း တစ်နေရာရာက တွန့်လိမ်သွားရင် နာနိုနည်းပညာသုံး ကားဘော်ဒီအလွှာက အလိုလို ပုံမှန်အနေအထားသို့ ပြန် လည် ရောက်ရှိ ပါတယ်။ Electronic Painting နည်းပညာလည်း ပါဝင်တဲ့အတွက် လိုအပ်တဲ့ အရောင်ကို ခလုတ်နှိပ်ပြီး ပြောင်းရုံပဲ ဖြစ်ပါတယ်။

ဟိုင်းဘရစ်ဗားရှင်းနဲ့ထုတ်လုပ်မယ်လို့ ကြားနေရပါတယ်။ အကယ်၍ ထုတ်လုပ်မယ်ဆိုရင်တော့ အနာဂတ်မှာ လျှပ်စစ်ကိုသာ အသားပေး အသုံးပြုရမှာ ဖြစ်ပါတယ်။ လက်ရှိကတော့ လောင်စာဆီသုံး အင်ဂျင်ကို လျှပ်စစ်မော်တာလေးလုံးနဲ့ ဘီးလေးလုံးမှာ ထပ်မံအားဖြည့်ပေး ထားမယ်လို့ ဆိုပါတယ်။ ကားကို ခေတ်မှီနည်းပညာများဖြင့်သာ အလုပ်လုပ် စေတဲ့ အတွက် အော်တို စနစ်တွေ ပါဝင်မှု များပြားမှာ ဖြစ်ပါတယ်။

မဝေးတော့တဲ့အနာဂတ်မှာ ထုတ်လုပ်ဖို့ ဂျာမနီ Audi တို့ရေးဆွဲထားတဲ့ ဒီဇိုင်း ဖြစ်ပြီး ကုန်ကြမ်း အလွယ်တကူ ရရှိဖို့အတွက် ကြိုးပမ်းနေတယ်လို့ သိရပါတယ်။
--
Ref:Audi
ColayOnline:Automobile

ဇင်ယော်
http://www.facebook.com/ZinYawNews
ဂျာမနီ မော်တော်ယာဉ်ထုတ်လုပ်ရေး ကုမ္မဏီ အော်ဒီ (Audi) ထုတ် ကားများလည်း မြန်မာပြည် ရောက်ပါတယ်။ အများစုကတော့ ဂျပန်လေလံ က ဖြစ်ပြီး ဆလွန်း၊ SUV စုံစုံလင်လင်ရောက်ရှိပါတယ်။ အကယ်၍ ပုံမှာ ဖော်ပြထားတဲ့ကားသာ တကယ်ထွက်ပေါ်လာရင် လည်း မြန်မာပြည်ရောက်ဖို့ မျော်လင့်ပါတယ်။

စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခြင်း ခံခဲ့ရသည့် ဆက်သွယ်ရေး ၀န်ထမ်းအချို့ ပြန်လည် တာဝန်ထမ်းဆောင်နေပြီ ဖြစ်သော်လည်း အမှုပိတ်သိမ်းခြင်း မရှိသေး

စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခြင်း ခံခဲ့ရသည့် ဆက်သွယ်ရေး ၀န်ထမ်းအချို့ ပြန်လည် တာဝန်ထမ်းဆောင်နေပြီ ဖြစ်သော်လည်း အမှုပိတ်သိမ်းခြင်း မရှိသေး
Thursday, March 7, 2013

စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခြင်းခံခဲ့ရသည့် ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနမှ ၀န်ထမ်းအချို့ မတ်လဆန်းပိုင်းမှ စတင်ကာ ပြန်လည် တာဝန်ထမ်းဆောင်နေပြီ
ဖြစ်သော်လည်း အမှုမှာပိတ်သိမ်းခြင်း မရှိသေးကြောင်း သိရှိရသည်။

ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာန၏ လုပ်ငန်းဆောင်ရွက်မှုများနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများ
ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း၊ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခြင်းခံရသူများတွင် ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန၊
ပြည်ထောင်စုဝန်ကြီးဟောင်း ဦးသိန်းထွန်း အပါအ၀င် မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး၊ အင်ဂျင်နီယာချုပ်နှင့် အခြားတာဝန်ရှိသူများ ပါဝင်ခဲ့သည်ဟု သိရှိရသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ မှုခင်းဌာန၊ ဒုတိယရဲမှူးကြီး ၀င်းစိန်က "ဆက်သွယ်ရေး ၀န်ကြီးဌာနက တာဝန်ရှိသူတွေကို နေပြည်တော်၊ ဘုရားကုန်းရဲစခန်းကနေ ပုဒ်မ ၄၀၉ (နိုင်ငံပိုင်ပစ္စည်း အလွဲသုံးစားမှု) နဲ့ အမှုဖွင့် အရေးယူထားတာ ဖြစ်ပါတယ်။ ဒီအတွက် ရဲလုပ်ထုံးလုပ်နည်းတွေအတိုင်း ဆောင်ရွက်ခဲ့ပြီး ဖြစ်ပါတယ်။ ဒါ့နောက်ပိုင်း တရားစွဲဆိုတဲ့အခါမှာ အထောက်အထား မခိုင်လုံရင် စစ်ဆေးခံရတဲ့ သူတွေကို ပြန်လွတ်ပေးလို့ ရပါတယ်။ ခိုင်လုံရင် ပြန်လွတ်ပေးလို့ မရပါဘူး။ လွတ်တယ်၊ မလွတ်ဘူးဆိုတာ ကျွန်တော်တို့ဆီကို အစီအရင်ခံစာ မရောက်သေးပါဘူး။ လက်ရှိအချိန်မှာ ရဲစခန်းကနေ ဒီအမှုပိတ်တာ မရှိသေးပါဘူး" ဟု မတ်လ ၆ ရက်က
ပြောကြားသည်။
စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခြင်းခံခဲ့ရသည့် ဆက်သွယ်ရေးနှင့် သတင်း အချက်အလက် နည်းပညာဝန်ကြီးဌာနမှ ၀န်ထမ်းအချို့ မတ်လ ဆန်းပိုင်းမှစတင်ကာ ပြန်လည် တာဝန်ထမ်းဆောင်နေပြီ  ဖြစ်သော် လည်း အမှုမှာပိတ်သိမ်းခြင်း မရှိသေးကြောင်း သိရှိရ သည်။

အမေရိကန်နိုင်ငံသို့ ကျောက်စိမ်း၊ ကျောက်မျက်များ တိုက်ရိုက် တင်ပို့နိုင်ရန် ကြိုးပမ်းမည်

အမေရိကန်နိုင်ငံသို့ ကျောက်စိမ်း၊ ကျောက်မျက်များ တိုက်ရိုက်
တင်ပို့နိုင်ရန် ကြိုးပမ်းမည်
Thursday, March 7, 2013

အမေရိကန်နိုင်ငံသို့ ကျောက်စိမ်း၊ ကျောက်မျက်များ တိုက်ရိုက်တင်ပို့နိုင်ရန် အတွက် The Burmese Freedom and Democracy Act 2003 ကို အပြီးသတ် ရုပ်သိမ်းနိုင်ရေးအတွက် တစ်ဆင့်ပြီးတစ်ဆင့် ကြိုးပမ်း
ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးဇင်ယော်က မတ်လ ၆ ရက်နေ့က ကျင်းပသည့် အမျိုးသားလွှတ်တော် တွင် ပြောကြားခဲ့သည်။

"ကျောက်စိမ်းကျောက်မျက် တင်ပို့မှုနဲ့ ပတ်သက်ပြီး ပိတ်ဆို့ထားတဲ့ ဥပဒေတွေဟာ အမေရိကန်ပြည်ထောင်စုရဲ့ ကွန်ဂရက်က ချမှတ်ထားတဲ့ ဥပဒေတွေ ဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စုရဲ့ စနစ်အရ ဥပဒေတစ်ရပ်ကို အပြီးအပိုင် ပယ်ဖျက်ရန် ကြိုးပမ်းမှုမှာတော့ နိုင်ငံရေးအရ၊ ဥပဒေရေးအရနဲ့ နည်းပညာပိုင်းဆိုင်ရာ ရှုထောင့်များမှ အဆင့်ဆင့် ညှိနှိုင်းဆောင်ရွက်သွားဖို့ လိုပါတယ်။ နိုင်ငံတော်အစိုးရနဲ့ နိုင်ငံခြားရေး ၀န်ကြီးဌာနတို့ဟာ စီးပွားရေးအရ ပတ်ဆို့ကန့်သတ်မှုများ လုံးဝ ရုပ်သိမ်းရေးကို တစ်စိုက်မတ်မတ် တောင်းဆိုလျက် ရှိပါတယ်" ဟု ဒုတိယ၀န်ကြီး ဦးဇင်ယော်က ပြောကြားခဲ့သည်။

ပိတ်ဆို့ထားသည့် ဥပဒေများ ရုပ်သိမ်းရေးအတွက် ဥပဒေပိုင်း၊ နည်းပညာပိုင်းအရ လေ့လာအကြံပြုနိုင်မည့် ကျွမ်းကျင်သည့် ဥပဒေပညာရှင်များ၊ လွှတ်တော်ကိုယ်စားလှယ်များက လွှတ်တော်
အချင်းချင်း ထိတွေ့တောင်းဆိုရန်လိုကြောင်း၊ The Burmese Freedom and Democracy Act 2003 အရ မြန်မာနိုင်ငံမှ သွင်းကုန်များအပေါ် ပိတ်ပင်ထားရှိမှုများကို အထွေထွေ လိုင်စင်ထုတ်ပေးခြင်း၊ ယာယီကင်းလွတ်ခွင့် ပေးခြင်းတို့ကို ဖြေလျော့ပေးလာကြောင်း၊ ဒါ့အပြင် မြန်မာနိုင်ငံသို့ သွားရောက်ရင်းနှီးမြှုပ်နှံခွင့်၊ ငွေကြေး
လွှဲပြောင်းခွင့်၊ နိုင်ငံတကာငွေ ကြေးရန်ပုံငွေ အဖွဲ့အစည်းများနှင့် ဆက်သွယ်ဆောင်ရွက်ခွင့် ပြုခြင်းများကို ဖြေလျော့ပေးမှုများ ရှိလာပြီဖြစ်ကြောင်း ဒုတိယ၀န်ကြီး ဦးဇင်ယော်က ပြောကြားခဲ့သည်။

အမေရိကန်ပြည်ထောင်စု၏ ကွန်ဂရက်မှ ပိတ်ပင်ထားမှု ဖြေလျော့
ရုပ်သိမ်းရေး၊ ပိတ်ဆို့မှုများ ရုပ်သိမ်းရေးအတွက် အစိုးရအချင်းချင်း ပူးပေါင်းဆောင်ရွက်မှုသာမက၊ ဥပဒေပိုင်းဆိုင်ရာ၊ နည်းပညာပိုင်းရာ ပညာရှင်များ၊ လွှတ်တော်အသီးသီးမှ ကိုယ်စားလှယ်များ၊ လူမှုအသိုင်းအ၀န်း အားလုံးက တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ကြောင်း ဒုတိယ၀န် ကြီးဦးဇင်ယော်က ပြောကြားခဲ့သည်။

Eleven Media Group
အမေရိကန်နိုင်ငံသို့ ကျောက်စိမ်း၊ ကျောက်မျက်များ တိုက်ရိုက် တင်ပို့ နိုင်ရန်အတွက် The Burmese Freedom and Democracy Act 2003 ကို အပြီးသတ် ရုပ်သိမ်းနိုင်ရေးအတွက် တစ်ဆင့်ပြီးတစ်ဆင့် ကြိုးပမ်း
ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယ ၀န်ကြီး ဦးဇင်ယော်က မတ်လ ၆ ရက်နေ့က ကျင်းပသည့် အမျိုးသား လွှတ်တော်တွင် ပြောကြားခဲ့သည်။

ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များကို နောက်ပြန်လန်ကျသွားနိုင်သော စိန်ခေါ်မှုများရှိသည့်တိုင် ရှေ့ကို ဆက်လက်ချီတက်ရန် ရဲရဲဝံ့ဝံ့ ဖော်ဆောင်သွားမည်ကို ကတိပြုကြောင်း နိုင်ငံတော်သမ္မတ ပြောကြား

ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များကို နောက်ပြန်လန်ကျသွားနိုင်သော စိန်ခေါ်မှုများရှိသည့်တိုင် ရှေ့ကို ဆက်လက်ချီတက်ရန် ရဲရဲဝံ့ဝံ့
ဖော်ဆောင်သွားမည်ကို ကတိပြုကြောင်း နိုင်ငံတော်သမ္မတ ပြောကြား
Thursday, March 7, 2013
    
ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များကို နောက်ပြန်လန်ကျသွားစေနိုင်သော စိန်ခေါ်မှုများ ရှိလာသည့်တိုင် မိမိတို့အနေဖြင့် ရှေ့ကိုသာ ဆက်လက် ချီတက်သွားရန် ရဲရဲဝံ့ဝံ့ ဖော်ဆောင်သွားမည်ကို ကတိပြုနိုင်ကြောင်း
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က မတ်လ ၅ ရက်နေ့တွင် ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့ရှိ ဥရောပကော်မရှင်ရုံး၌ ဥရောပ ကော်မရှင်ဥက္ကဋ္ဌ Mr.Jose Manual Barroso နှင့် တွေ့ဆုံဆွေးနွေးမှုအပြီး သတင်းစာရှင်းလင်းပွဲတွင် မီဒီယာများအား ပြောကြားခဲ့သည်။

အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က မိမိတို့မြန်မာနိုင်ငံ၌ အလွန်အရေးကြီးသော နိုင်ငံ၏ အလှည့်အပြောင်းဟု ဆိုရမည့် အသွင်ကူးပြောင်းရေးကို လုပ်ဆောင်နေချိန်၊ စစ်အုပ်ချုပ်ရေးစနစ်မှ ဒီမိုကရေစီ အုပ်ချုပ်ရေးစနစ်သို့ စတင်ကူးပြောင်းချိန်၊ ဗဟိုဦးစီး စီးပွားရေးစနစ်မှ လွတ်လပ်သော ဈေးကွက်စီးပွားရေးစနစ်သို့ စတင် ကူးပြောင်းချိန်၊ ကာလကြာရှည်စွာ ဖြစ်ပွားခဲ့သော ပြည်တွင်းစစ်မီးကို
ငြှိမ်းပြီး ထာဝရငြိမ်းချမ်းရေးကို စတင်ဖော်ဆောင်နေချိန်တွင် မိမိအနေဖြင့် နိုင်ငံတော်သမ္မအဖြစ် တာဝန်ယူရသည့်အတွက် အလွန်ပင်ဝမ်းမြောက်ကြောင်း ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်ထွန်းတိုးတက်မှုများ ရှိသကဲ့သို့ ပြုပြင်
ပြောင်းလဲရေး ကာလတွင် မလွဲမရှောင်သာ ပွတ်တိုက်မှုများ၊ တင်းမာမှုများနှင့် ဆန့်ကျင်မှုများလည်း ကြုံတွေ့ခဲ့ရကြောင်း၊ အပြောင်းအလဲကာလတွင် အခက်အခဲနှင့် စိန်ခေါ်မှုများ မလွဲမသွေ ကြုံတွေ့ရနိုင်သည်ကို နားလည်ထားပါကြောင်းနှင့် အချို့အခက် အခဲများသည် ဖြတ်ကျော်နိုင်ရန် အလွန်ခက်ခဲသည်ကို သိရှိထားကြောင်း၊ ယင်းအခက်အခဲများ စိန်ခေါ်မှုများကို လွှတ်တော်၊ တရားရေးမဏ္ဍိုင်၊ တပ်မတော်၊ တိုင်းရင်းသားအင်အားစုများ၊ နိုင်ငံရေးပါတီများ၊ အရပ်ဘက် လူ့အဖွဲ့အစည်းများနှင့် ပြည်သူအားလုံးက ပူးပေါင်းပြီး ကြံကြံခံ ရင်ဆိုင်သွားနိုင်ကြလိမ့်မည်ဟု ယုံကြည်ပါကြောင်း ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ၏ နိုင်ငံရေး အပြောင်းအလဲကို ဖွဲ့စည်းပုံ အခြေခံဥပဒေ၊
ရွေးကောက်ပွဲများ၊ နိုင်ငံရေးပါတီများနှင့် လွှတ်တော်များ၏ အခန်းကဏ္ဍ စသည်တို့အပေါ်၌သာ အာရုံစိုက်ပြီး အသားပေး ပြောဆိုနေကြ သည်ကို တွေ့ရပါကြောင်း၊ မိမိအနေဖြင့် ယင်းကိစ္စများထက် သာမန်ပြည်သူတစ်ဦး၏ အခက်အခဲနှင့် အကျပ်အတည်းများမှ လွတ်မြောက်ပြီး ပိုမိုကောင်းမွန်သော ဘ၀များ တည်ဆောက်နိုင်ရေးနှင့် လူတန်းစေ့ ဘ၀ရပ်တည်နိုင်ရေးကို ဦးစားပေး အာရုံစိုက်ကြောင်း၊ မိမိဆိုလိုသည့် သာမန်ပြည်သူဆိုသည်မှာ ပညာရေး ချို့တဲ့မှုကြောင့် ကာယကို အသုံးပြုပြီး ၀င်ငွေရှာရသော ထွန်ယက်စိုက်ပျိုး စားသောက်ရန်အတွက် လယ်မြေတစ်ကွက်တောင် မပိုင်ဆိုင်ဘဲ အကြွေးနွံနစ်ပြီး မိသားစုကို ၀လင်အောင် မကျွေးနိုင်သည့် မိသားစု၊ ဆွေမျိုးနှင့် မိတ်ဆွေများကို စွန့်ခွာပြီး အိမ်နီးချင်းနိုင်ငံများတွင်
နှစ်ပေါင်းရှည်ကြာ လုပ်ကိုင်နေကြသော လုံလောက်သည့် ကျန်းမာရေး စောင့်ရှောက်မှု၊ ရေကောင်းရေသန့်နှင့် လျှပ်စစ်မီး 
စသည်တို့ မရရှိနိုင်သေးသော သန်းပေါင်းများစွာသော ပြည်သူများကို ရည်ညွှန်းခြင်းဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီးကတည်းက မြန်မာနိုင်ငံတွင်
ပေါ်ပေါက်ခဲ့ရသည့် ပြည်တွင်းလက်နက်ကိုင် ပဋိပက္ဓမီးကို အဆုံးသတ်ပြီး ရေရှည်တည်တံ့ တရားမျှတသော ငြိမ်းချမ်းရေး ရရှိရန်အတွက် နိုင်ငံရေး ဆွေးနွေးပွဲများမှတစ်ဆင့် အားလုံးသဘောတူ လက်ခံသည့် ရလဒ်တစ်ခု ထွက်ပေါ်လာသည်အထိ ကြိုးပမ်း သွားမည်ဖြစ်ကြောင်း၊ လွန်ခဲ့သည့် ၁၈ လအတွင်း တိုင်းရင်းသား လက်နက်ကိုင် ၁၀ ဖွဲ့နှင့် အပစ်အခတ်ရပ်စဲနိုင်ခဲ့ပြီး ကျန်ရှိသည့် အဓိကလက်နက်ကိုင် အဖွဲ့အစည်းတစ်ခုဖြစ်သော KIO အဖွဲ့နှင့်လည်း ဆွေးနွေးညှိနှိုင်းမှုများ အရှိန်အဟုန်မြှင့်
ဆောင်ရွက်လျက်ရှိပါကြောင်းလည်း သမ္မတဦးသိန်းစိန်က ပြောကြားသည်။

ဥရောပသမဂ္ဂ၏ စီးပွားရေး ပိတ်ဆို့မှုများကို ဖြေလျှော့ပေးခြင်းနှင့်အတူ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ပူးပေါင်းမှုများကို တိုးမြှင့်ပေးခဲ့သည့် အတွက် ကျေးဇူးတင်ရှိကြောင်းနှင့် အကူအညီ အထောက်အပံ့များ အပေါ်၌သာ ရပ်တည်နေမည်မဟုတ်ဘဲ ရေရှည်တွင် ကိုယ့်ခြေထောက်ပေါ် ရပ်တည်နိုင်သည့် ဂုဏ်သိက္ခာရှိသော နိုင်ငံဖြစ်အောင် ကြိုးပမ်းမည်
ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။ 

Eleven Media Group

ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များကို နောက်ပြန်လန်ကျသွားစေနိုင်သော စိန်ခေါ်မှုများ ရှိလာသည့်တိုင် မိမိတို့အနေဖြင့် ရှေ့ကိုသာ ဆက်လက်ချီတက်သွားရန် ရဲရဲဝံ့ဝံ့ ဖော်ဆောင်သွားမည်ကို ကတိပြုနိုင်ကြောင်းနိုင်ငံတော်သမ္မတ ဦးသိန်းစိန်က မတ်လ ၅ ရက်နေ့တွင် ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့ရှိ ဥရောပကော်မရှင်

ဘုရားဖူးများနှင့် နိုင်ငံခြား ဧည့်သည်များ အဝင်အထွက် များလာခြင်း တို့ကြောင့် ပခုက္ကူ ရှင်မတောင် သနပ်ခါး ဈေးကွက် ပိုမိုရောင်းအား ကောင်းလာ



ဘုရားဖူးများနှင့် နိုင်ငံခြား ဧည့်သည်များ အဝင်အထွက် များလာခြင်း တို့ကြောင့် ပခုက္ကူ ရှင်မတောင် သနပ်ခါး ဈေးကွက် ပိုမိုရောင်းအား
ကောင်းလာ
Thursday, March 7, 2013

ယခု ပွင့်လင်းရာသီ ကာလအတွင်း ခရီးသွား ဧည့်သည် များလာခြင်း၊ ဘုရားဖူးဧည့် အလာများခြင်း၊ လမ်းပန်းဆက်သွယ်မူ အားကောင်းလာခြင်း တို့ကြောင့် ပခုက္ကူဒေသ သနပ်ခါးဈေးကွက် ကြီးမား ကျယ်ပြန့်လာပြီး ယခင်နှစ်များထက် ရောင်းအား မြင့်တက်လာကြောင်း သိရသည်။

ပခုက္ကူဒေသ ရှင်မတောင် သနပ်ခါးသည် ပြည်တွင်းသာမက ပြည်ပအထိ ပျံ့နှံ့၍ ပခုက္ကူသို့ ရောက်သူတိုင်း အိမ်အပြန်လက်ဆောင်အဖြစ် ဝယ်ယူကြသည်။ သနပ်ခါးဈေးကွက် တွင်ကျယ်လာသည်နှင့် အမျှ သနပ်ခါး ရောင်းဝယ်သူ စိုက်ပျိုးသူများ တစ်နှစ်ထက် တစ်နှစ် များပြားလာသည်။ 

သနပ်ခါးပင်သည် လူတစ်ရပ်ခန့် ရှိပြီး အပွေးကောင်းလျှင်
ကောင်းသလောက် တစ်ပင်လျှင် ငွေကျပ် ၃ဝဝဝဝ မှ ငွေကျပ် ၅ဝဝဝဝ ဝန်းကျင်ဈေး ပေါက်လျက်ရှိပြီး သနပ်ခါးပင်ကို ပခုက္ကူဒေသရှိ ဘုန်းတော်ကြီးကျောင်းများ၊ ကျေးရွာများ အပြင်၊ ငွေကြေးတတ်နိုင်သူ များက စီးပွားဖြစ် အပင်ရေ ၃ဝဝဝ မှ ၅ဝဝဝ နီးပါး စိုက်ပျိုးလာကြောင်း သိရသည်။ သနပ်ခါးခြံ တစ်ခြံလျှင် အပင်ရေနှင့် သက်တမ်းပေါ် မူတည်၍ ငွေကျပ်သိန်း ၅ဝဝ အထိ အရောင်းအဝယ် ဖြစ်နေသည်။ 

''သနပ်ခါးပင်က နှစ်ရှည်ပင် ဆိုတော့ ကြားထဲမှာ သီးထပ်သီးညှပ် စိုက်ထားရတယ်။ သနပ်ခါးဈေးကလည်း ကောင်းလာတဲ့ အတွက် အပျောက်အရှကလည်း ရှိလာတယ်။ အစောင့်၊ မျှော်စင်နဲ့ ထားရတယ်။ အပင်သက်တမ်းရင့်လျှင် ရင့်သ လို ဈေးကောင်းတော့ အစောင့်တွေနဲ့ နေ့ညမပြတ် စောင့် ပေးနေရတယ်'' ဟု သနပ်ခါးကို စီးပွားဖြစ် စိုက်သူ ဒေသခံတစ်ဦးက သနပ်ခါးနှင့် သူခိုးရန်အကြောင်း ရှင်းလင်း ပြောကြားသည်။ ပခုက္ကူမြို့၌ ဦးမေဃ ကျောင်းဝိုင်းကြီးအပြင် မြို့မဈေးမြောက်ခြမ်း တစ်ခွင် သနပ်ခါး ဈေးသည်များ ပြည့်ကျပ်လျက် ရှိသည်။

ပခုက္ကူမြို့ တစ်ခွင် သနပ်ခါး ပွဲရုံများနှင့် ဈေးသည် ဦးရေ ၅ဝဝ ဝန်းကျင်ခန့် ရှိပါသည်။ လမ်းနှင့်ဆက်သွယ်ရေး ကောင်းမွန်လာသည်နှင့် အမျှ ဧည့်အဝင် အထွက် ဘုရားဖူးကားများ ပိုမို ရောက်ရှိ လာကြ၍ ပခုက္ကူမြို့ တစ်ခွင် သနပ်ခါး ရောင်းဝယ်မှု များလာသည်။ ဒေသခံတို့ အနေဖြင့်လည်း သနပ်ခါး ရောင်းချခြင်းဖြင့် ဘဝ အခြေအနေ ဖူလုံလာရုံ သာမက ရေရှည် စီးပွားရေး အရပါ တွက်ခြေ ကိုက် အောင်မြင် လာကြောင်း သိရသည်။ ။


http://bit.ly/168xP4X

နေဦးမောင်(ပခုက္ကူ)
မြ၀တီ

ယခုပွင့်လင်းရာသီ ကာလအတွင်းခရီးသွား ဧည့်သည်များလာခြင်း၊ ဘုရားဖူးဧည့်အလာများခြင်း၊ လမ်းပန်းဆက်သွယ်မူ အားကောင်း လာခြင်းတို့ကြောင့် ပခုက္ကူဒေသ သနပ်ခါးဈေးကွက် ကြီးမား ကျယ်ပြန့် လာပြီး ယခင်နှစ်များထက် ရောင်းအား မြင့်တက်လာကြောင်း သိရ သည်။

အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်ကိစ္စ လွှတ်တော်မှာ တင်ပြ

အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်ကိစ္စ လွှတ်တော်မှာ တင်ပြ
Thursday, March 7, 2013

အထွေထွေ လွတ်ငြိမ်းချမ်းသားခွင့်အမိန့် ထုတ်ပြန်နိုင်ရေးအတွက် မိမိအနေနဲ့ အတတ်နိုင်ဆုံး ကြိုးစားသွားမယ်လို့ ပြည်သူ့လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်းက ဒီကနေ့ မတ်လ ၆ ရက် လွှတ်တော်အစည်းအဝေးမှာ လွှတ်တော်အမတ်တစ်ဦးရဲ့ မေးမြန်းချက်ကို ပြန်လည်ဖြေကြားခဲ့ပါတယ်။

အမျိုးသားဒီမိုကရေစီအင်အားစုပါတီက ရန်ကုန်တိုင်း အလုံမဲဆန္ဒနယ် လွှတ်တော်ကိုယ်စားလှယ် ဦးခိုင်မောင်ရည်ရဲ့ မေးမြန်းချက်အပေါ် လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းက အခုလို ဖြေကြားခဲ့တာ ဖြစ်ပါတယ်။

"လွှတ်တော် ဥက္ကဌ ပြည်သူ့ကိုယ်စားလှယ် တစ်ယောက်အနေနဲ့ အမျိုးသားကာကွယ်ရေး လုံခြုံရေးကောင်စီအဖွဲ့ဝင် တစ်ယောက်အနေနဲ့ မိမိတို့ဆောင်ရွက်တဲ့နေရာမှာ စာနာထောက်ထားခြင်း၊ ကျေးဇူး သိတတ်ခြင်း၊ ကျေးဇူးကို အသိအမှတ်ပြုခြင်း၊ ခွင့်လွှတ် စာနာခြင်းများဟာ ကောင်းတဲ့အရာများဖြစ်တယ်လို့ခံယူပြီး ယခု ဦးခိုင်မောင်ရည် မေးမြန်းတဲ့ မေးခွန်းအပေါ် မိမိစွမ်းအားရှိသရွေ့ ဆက်လက်ဆောင်ရွက်မှာဖြစ်ကြောင်း ဦးခိုင်မောင်ရည်နဲ့တကွ လွှတ်တော်ကိုယ်စားလှယ်များကို တင်ပြအပ်ပါတယ်"

ဦးခိုင်မောင်ရည်ရဲ့ အထွေထွေ လွတ်ငြိမ်းချမ်းသားခွင့် အမိန့်တစ်ရပ် ထုတ်ပြန်နိုင်ရေး မေးမြန်းချက်အပေါ် ခွင့်ပြုပေးဖို့ အခုချိန်မှာ အစီအစဉ်မရှိသေးဘူးလို့ နိုင်ငံတော် သမ္မတရုံး အမှတ်(၂) ပြည်ထောင်စု ဝန်ကြီး ဦးစိုးမောင်ကလည်း ပြန်လည်ဖြေကြား ခဲ့ပါတယ်။

RFA
အထွေထွေ လွတ်ငြိမ်းချမ်းသားခွင့်အမိန့် ထုတ်ပြန်နိုင်ရေးအတွက် မိမိအနေနဲ့ အတတ်နိုင်ဆုံး ကြိုးစားသွားမယ်လို့ ပြည်သူ့လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်းက ဒီကနေ့ မတ်လ ၆ ရက် လွှတ်တော် အစည်းအဝေးမှာ လွှတ်တော်အမတ်တစ်ဦးရဲ့ မေးမြန်းချက်ကို ပြန်

ဇေကမ္ဘာ ဦးခင်ရွှေကို တရားစွဲပြီ

ဇေကမ္ဘာ ဦးခင်ရွှေကို တရားစွဲပြီ
Thursday, March 7, 2013

လယ်သမားအရေး ကူညီပေးနေသူ မတူကွဲပြားခြင်းနဲ့ ငြိမ်းချမ်းရေး ပါတီ ခေါင်းဆောင် ဦးနေမျိုးဝေက ဇေကမ္ဘာကုမ္ပဏီ ဥက္ကဌ ဦးခင်ရွှေကို ဂုဏ်သိက္ခာညှိုးနွမ်းစေမှုနဲ့ မတ်လ ၆ ရက် ဒီကနေ့ ဒဂုံမြို့နယ်တရားရုံးမှာ ဦးတိုက်လျှောက်ထား တရားစွဲဆိုလိုက်ပါတယ်။

ဒီကနေ့ ဒဂုံမြို့နယ်တရားရုံးမှာ သွားရောက်လျှောက်ထားခဲ့တာနဲ့ ပတ်သက်ပြီး ဦးနေမျိုးဝေက အခုလို ပြောပါတယ်။

" ဒီနေ့ပဲ ဒဂုံမြို့နယ် တရားရုံးမှာ တရားသွားစွဲတဲ့အခါကျတော့ တရားသူကြီး အမျိုးသမီးက လေ့လာမယ်လို့ ပြောပြီးတော့ ကျွန်တော်ကလည်း ခရီးစဉ်တစ်ခုရှိတဲ့ အခါကျတော့ ခရီးစဉ်ကပြန်လာတဲ့အခါကျတော့မှ ကျွန်တော်တို့ရဲ့ ထွက်ဆိုချက်တွေ ပြန်လည်မေးမြန်းမယ်ပေါ့ဗျာ အဲ့ဒါပြောပါတယ်ဗျ၊ ချက်ချင်းတော့ တစ်ထိုင်တည်း အမှုမေးမြန်းတာတို့ မလုပ်သေးဘူးခင်ဗျ၊ ပုဒ်မတပ်ဖို့ကို သူလေ့လာမယ်လို့ ပြောတယ်"

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးမှာ ပြုလုပ်ခဲ့တဲ့ လယ်ယာမြေနဲ့ လုပ်ငန်းရှင်များတွေ့ဆုံပွဲမှာ ဦးခင်ရွှေက အလုပ်သမား လုံခြုံရေး အင်အား နှစ်ရာကျော်နဲ့ ဦးနေမျိုးဝေကို ကြိုးတုပ်ချည်နှောင်ပြီး ရိုက်နှက်မယ်လို့ ပြောခဲ့တဲ့အတွက် ခုလို အမှုဖွင့်တိုင်ကြားလိုက်တာပါလို့ ဦးနေမျိုးဝေက ပြောပါတယ်။

ဒါကြောင့် ဇေကမ္ဘာဦးခင်ရွှေကို ဦးနေမျိုးဝေက ပုဒ်မ ၅၀၀ နဲ့ တရားစွဲဆို လိုက်တာပါ။

ဓာတ်ပုံ - reuters
RFA Burmese
လယ်သမားအရေး ကူညီပေးနေသူ မတူကွဲပြားခြင်းနဲ့ ငြိမ်းချမ်းရေး ပါတီ ခေါင်းဆောင် ဦးနေမျိုးဝေက ဇေကမ္ဘာကုမ္ပဏီ ဥက္ကဌ ဦးခင်ရွှေကို ဂုဏ်သိက္ခာညှိုးနွမ်းစေမှုနဲ့ မတ်လ ၆ ရက် ဒီကနေ့ ဒဂုံမြို့နယ်တရားရုံးမှာ ဦးတိုက်လျှောက်ထား တရားစွဲဆိုလိုက်ပါတယ်။

မြန်မာအသင်းကို MFF ဥက္ကဋ္ဌနှင့်အဖွဲ့ ဆုကြေးငွေ ကျပ်သိန်း(၅၀၀) ဂုဏ်ပြုချီးမြှင့်

မြန်မာအသင်းကို MFF ဥက္ကဋ္ဌနှင့်အဖွဲ့ ဆုကြေးငွေ ကျပ်သိန်း(၅၀၀) ဂုဏ်ပြုချီးမြှင့်

2014 AFC Challenge Cup အုပ်စု(က) ခြေစစ်ပွဲကို အုပ်စုဗိုလ် နေရာဖြင့် ခြေစစ်ပွဲ အောင်မြင် သွားခဲ့သည့် မြန်မာ့ လက်ရွေးစင် အသင်းကို အားကစား ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးတင့်ဆန်း၊ မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် နာယက ဦးအောင်ကိုဝင်း၊ ဥက္ကဋ္ဌ ဦးဇော်ဇော်နှင့် ဆီးဂိမ်းစ် ပြိုင်ပွဲဝင် အသင်း အောင်နိုင်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးအောင်မိုးကျော် တို့က ဂုဏ်ပြုဆုကြေးငွေ ကျပ်သိန်း(၅၀၀) ချီးမြှင့်မည် ဖြစ်သည်။

"တိုင်းပြည် ဂုဏ်သိက္ခာ အတွက် ရေကုန်ရေခမ်း ကြိုးစားခဲ့ကြတဲ့ ကစားသမား တွေကို ဂုဏ်ပြုတဲ့ အနေနဲ့ ဆုကြေးငွေ ချီးမြှင့်ကြတာပါ။ ဒီနေ့ ကွင်းထဲကို လာရောက် အားပေးကြတဲ့ ပရိသတ်ကြီး ကိုရော ရုပ်မြင်သံကြား ကနေ အားပေး နေကြတဲ့ တစ်နိုင်ငံလုံးက ပရိသတ်တွေ ကိုရော အရမ်းပဲ ကျေးဇူးတင် မိပါတယ်။ ဒါ့အပြင် ဒီလက်ရွေးစင် အသင်းအတွက် ကစားသမားတွေ မွေးထုတ် ပေးနေတဲ့ MNL ကလပ်အသင်း ပိုင်ရှင် အားလုံးကိုလည်း ဒီနေရာကနေ ကျေးဇူးတင်ကြောင်း ပြောလိုပါတယ်။ ဒီနေ့နိုင်ပွဲဟာ ထိုက်တန်တဲ့ နိုင်ပွဲတစ်ခု ဖြစ်ပြီး အဲဒီအတွက် ပါဝင်ကူညီ ဆောင်ရွက်ပေးခဲ့သူ အားလုံးကို ကျေးဇူးတင်ပါတယ်" ဟု မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်က ပွဲအပြီးတွင် ဂုဏ်ပြု ပြောကြား သွားခဲ့သည်။

မြန်မာ့ လက်ရွေးစင် အသင်းသည် အုပ်စု(က)တွင် ဂူအမ်ကို (၅-၀)ဂိုးဖြင့် အနိုင်ရရှိပြီး တရုတ် (တိုင်ပေ)နှင့် တစ်ဂိုးစီ သရေကျကာ နောက်ဆုံး ပွဲစဉ်တွင် အိန္ဒိယကို အကြိတ်အနယ် ကစားရင်း (၁-၀)ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး မော်လ်ဒိုက်စ်တွင် ကျင်းပမည့် ဖိုင်နယ်ပွဲ စဉ်များသို့ တက်ရောက် ကစားခွင့် ရရှိသွားခဲ့ခြင်း ဖြစ်သည်။ ၂၀၁၄ ချဲလင့်ဖလား ခြေစစ်ပွဲ အုပ်စု(၅)ခု ရှိသည့်အနက် အုပ်စု(က)တွင် မြန်မာ၊ အုပ်စု(ဂ)တွင် အာဖဂန် နစ္စတန်နှင့် အုပ်စု(ဃ)တွင် ပါလက်စတိုင်း အသင်းများ ခြေစစ်ပွဲ အောင်မြင် သွားကြပြီး ကျန်အုပ်စု(ခ)နှင့် (င)တို့မှာ မတ်လ တတိယ အပတ်မှသာ ယှဉ်ပြိုင် ကစားကြမည် ဖြစ်သည်။

>>http://themff.org/index.php/2011-08-04-23-47-02/myanmar-national-football-team-news/375-2013-03-06-22-36-24<<

2014 AFC Challenge Cup အုပ်စု(က) ခြေစစ်ပွဲကို အုပ်စု ဗိုလ် နေရာဖြင့်ခြေစစ်ပွဲ အောင်မြင်သွားခဲ့သည့် မြန်မာ့ လက်ရွေး စင်အသင်းကို အားကစားဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးတင့်ဆန်း၊ မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် နာယက ဦးအောင်ကိုဝင်း ၊ ဥက္ကဋ္ဌ ဦးဇော်ဇော်နှင့် ဆီးဂိမ်းစ် ပြိုင်ပွဲဝင် အသင်း အောင်နိုင်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးအောင်မိုးကျော် တို့က ဂုဏ်ပြုဆုကြေးငွေ ကျပ်သိန်း(၅၀၀) ချီးမြှင့်မည် ဖြစ်သည်။

Wednesday, March 6, 2013

2014 ပြိုင်ပွဲ၏ ခြေစစ်ပွဲအုပ်စု(က)နောက်ဆုံးပွဲစဉ်တွင် အိမ်ရှင်မြန်မာအသင်းသည် အိန္ဒိယအသင်းအား(၁-၀)ဂိုးဖြင့်နိုင်

2014 ပြိုင်ပွဲ၏ ခြေစစ်ပွဲအုပ်စု(က)နောက်ဆုံးပွဲစဉ်တွင် အိမ်ရှင်မြန်မာအသင်းသည် အိန္ဒိယအသင်းအား(၁-၀)ဂိုးဖြင့် အနိုင်ယူကာ သုံးပွဲကစား၊နှစ်ပွဲနိုင်၊တစ်ပွဲသရေ၊ ရမှတ်(၇)မှတ်ဖြင့် အုပ်စုပထမနေရာရရှိကာ တိုက်ရိုက်ခြေစစ်ပွဲအောင်မြင်သွားပြီဖြစ်သည်။

မြဧရာ ဈေးသဘောင်္မှ ဈေးသည်များ ဦးဆုံးအကြိမ် ကမ်းပေါ်တက်ရောင်းချ

မြဧရာ ဈေးသဘောင်္မှ ဈေးသည်များ ဦးဆုံးအကြိမ် 
ကမ်းပေါ်တက်ရောင်းချ 
Wednesday, March 6, 2013

မြဧရာ ဈေးသဘောင်္သည် ရန်ကုန်မြို့ ဗိုလ်တထောင်ဆိပ်ကမ်း
တွင် မတ်လ ၂ရက်နေ့တွင် ဆိုက်ကပ်ခဲ့ရာ မကြုံစဖူး ကမ်းပေါ်၌
ဈေးသည်များ တက်ရောက် ဈေးရောင်းချခဲ့သည်ကို မတ်လ ၅ရက်
ညနေတွင် တွေ့မြင်ခဲ့ရသည်။

ယင်းသို့ ရောင်းချခဲ့ခြင်းမှာ မြဧရာဈေးသင်္ဘောအားလုပ်ငန်းဆိုင်ရာ
အရှုံးပေါ်နေသောကြောင့် အခြားအဌား လေလံစနစ်သို့ ပြောင်းလဲတော့ မည် တော့မည်ဖြစ်ကြောင်း ဈေးသင်္ဘောပေါ်တွင် ဈေးရောင်းချသူများကို အသိပေးခဲ့သောကြောင့် ယင်း ကိစ္စနှင့်ပတ်သက်၍ ဈေးသူဈေး သားများက မကျေမနပ် ဖြစ်နေကြကြောင်း သိရသည်။

အဆိုပါ မြဧရာဈေးသဘောင်္ကို ၁၉၉၂ခုနှစ် မတ်လ ၁၆ရက်နေ့တွင် ဧရာဝတီမြစ်ရိုးတစ်လျောက်ရှိ မြို့ရွာများ ကုန်စည်စီးဆင်းမှု မြန်ဆန်
စေရေးနှင့် ဒေသဖွံဖြိုးတိုးတက်မှုများ ရစေရန်ရည် ရွယ်ကာ ရန်ကုန်-
မန္တလေး-ရန်ကုန် အစုန်အဆန်သွား ဈေးသင်္ဘောအဖြစ် အကောင်
အထည် ဖော်ခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ - သူရိန်
The Myanma Age
မြဧရာ ဈေးသဘောင်္သည် ရန်ကုန်မြို့ ဗိုလ်တထောင်ဆိပ်ကမ်း တွင် မတ်လ ၂ရက်နေ့တွင် ဆိုက်ကပ်ခဲ့ရာ မကြုံစဖူး ကမ်းပေါ်၌ဈေး သည်များ တက်ရောက် ဈေးရောင်းချခဲ့သည်ကို မတ်လ ၅ရက် ညနေ တွင် တွေ့မြင်ခဲ့ရသည်။

ဗင်နီဇွဲလားသမ္မတ ဟူဂိုချာဗက်ဇ် ကွယ်လွန်

ဗင်နီဇွဲလားသမ္မတ ဟူဂိုချာဗက်ဇ် ကွယ်လွန်
Wednesday, March 6, 2013 

ကင်ဆာရောဂါ ခံစားနေရသည့် ဗင်နီဇွဲလားသမ္မတ ဟူဂိုချာဗက်ဇ်သည်
ဒေသစံတော်ချိန် အင်္ဂါနေ့ (မတ်လ ၅ ရက်) မွန်းလွဲပိုင်းတွင် ကွယ်လွန်
သွားပြီဖြစ်သည်။

အင်္ဂါနေ့ မွန်းလွဲပိုင်းတွင် သမ္မတချာဗက်ဇ်မှာ အသက်ရှင်ရေးအတွက် အခက်အခဲဆုံး အခြေအနေတွင်ရှိနေကြောင်း ဒုတိယသမ္မတ နီကိုလက်စ် မတ်ဒူရိုက ပြည်သူများအား အသိပေးပြောကြားခဲ့သည်။

ထို့နောက် ဗင်နီဇွဲလား စံတော်ချိန် အင်္ဂါနေ့ ညနေ ၄း၂၅ တွင် သမ္မတ ဟူဂိုချာဗက်ဇ် ကွယ်လွန်သွားပြီဖြစ်ကြောင်း ၎င်းက ထုတ်ပြန်ကြေညာခဲ့သည်။

Planet Myanmar Network
ကင်ဆာရောဂါ ခံစားနေရသည့် ဗင်နီဇွဲလားသမ္မတ ဟူဂိုချာဗက်ဇ်သည်
ဒေသစံတော်ချိန် အင်္ဂါနေ့ (မတ်လ ၅ ရက်) မွန်းလွဲပိုင်းတွင် ကွယ်လွန် သွားပြီဖြစ်သည်။

မြန်မာ့အင်တာနက် အခြေခံအဆောက်အအုံ တိုးတက်ရေး အကူအညီပေးရန် အမေရိကန်နည်းပညာကုမ္ပဏီကြီးများ လာရောက်

မြန်မာ့အင်တာနက် အခြေခံအဆောက်အအုံ တိုးတက်ရေး အကူအညီပေးရန် အမေရိကန်နည်းပညာကုမ္ပဏီကြီးများ လာရောက်
Wednesday, March 6, 2013

အမေရိကန်နည်းပညာကုမ္ပဏီကြီးများဖြစ်သော Microsoft ၊ Google ၊ HP နှင့် Cisco တို့မှ ကိုယ်စားလှယ်များသည် အမေရိကန်အစိုးရ USAID အေဂျင်စီ၏ အစီအစဉ်ဖြင့် မြန်မာနိုင်ငံ၏ အင်တာနက် အခြေခံအဆောက်အအုံ တိုးတက်စေရေး အကူအညီပေးနိုင်ရန် တစ်ပတ်ကြာခရီး လာရောက်ခဲ့ကြောင်း သိရသည်။

အမေရိကန်နိုင်ငံ နိုင်ငံတကာထောက်ပံ့ရေးအေဂျင်စီ USAID ၏ အဆိုအရ အထက်ပါကုမ္ပဏီကြီးများ၏ ခရီးစဉ်မှာ မြန်မာနိုင်ငံ၌ ဈေးနှုန်းသက်သာသော အင်တာနက်ချိတ်ဆက်မှု ဖန်တီးရေး၊ ပြည်တွင်း၌ အိုင်တီနည်းပညာ ကျွမ်းကျင်မှုမြင့်မားစေရေး၊ ပွင့်လင်းမြင်သာပြီး ထိရောက်အကျိုးရှိသော
အစိုးရ အားကောင်းစေရေးအတွက် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများ ရှာဖွေသွားရေးဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံသည် ပြီးခဲ့သည့် ၂၀၁၁ ခုနှစ်မှစ၍ အရပ်သားတစ်ပိုင်း အစိုးရသစ် တက်လာပြီးနောက် ပြုပြင်ပြောင်းလဲရေးများ ဆက်တိုက်
လုပ်ဆောင်လာကာ နိုင်ငံတကာစီးပွားရေးပိတ်ဆို့မှုများ ဖြေလျှော့ပေးခြင်း
ကြောင့် ပြည်ပကုမ္ပဏီများ ၀င်ရောက်မှု တိုးတက်လာခဲ့သည်။ 

ယခု ကန်နည်းပညာကုမ္ပဏီကြီးများ၏ ခရီးနှင့်ပတ်သက်၍ USAID ၏ 
Chief Innovation Officer မော်ရာအိုနီးလ်က "ကမ္ဘာ့အဆင့်ရှိတဲ့ အမေရိကန်ကုမ္ပဏီတွေဟာ မြန်မာနိုင်ငံမှာ လူမှုရေးနဲ့ စီးပွားရေးဆိုင်ရာ ဦးစားပေးဆောင်ရွက်မှုတွေအတွက် ပူးပေါင်းဆောင်ရွက်ဖို့ အခွင့်အလမ်းတွေ ရှာခဲ့ကြတာကို အစိုးရပိုင်းကရော အဆင့်မြင့် ပညာရေးပိုင်းက ခေါင်းဆောင်တွေကပါ တန်ဖိုးထားမယ်လို့ ယုံကြည်ပါတယ်"ဟု သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

-Ref: fastcompany
7Day News Journal

အမေရိကန်နည်းပညာကုမ္ပဏီကြီးများဖြစ်သော Microsoft ၊ Google ၊ HP နှင့် Cisco တို့မှ ကိုယ်စားလှယ်များသည် အမေရိကန်အစိုးရ USAID အေဂျင်စီ၏ အစီအစဉ်ဖြင့် မြန်မာနိုင်ငံ၏ အင်တာနက် အခြေခံအဆောက်အအုံ တိုးတက်စေရေး အကူအညီပေးနိုင်ရန်

တစ်ကမ္ဘာလုံး စောင့်ကြည့်တဲ့ပွဲမှာ ရှုံးခဲ့ရတဲ့ မန်ယူ

တစ်ကမ္ဘာလုံး စောင့်ကြည့်တဲ့ပွဲမှာ ရှုံးခဲ့ရတဲ့ မန်ယူ
Wednesday, March 6, 2013

၂၀၀၅ခုနှစ်နောက်ပိုင်း အိုးလ်ထရက်ဖို့ဒ် ချန်ပီယံလိဂ် ရှုံးထွက်ပွဲစဉ်တွေ မရှုံးခဲ့တဲ့ မန်ယူဟာ ရော်နယ်ဒိုရဲ့သွင်းဂိုးကြောင့်ကွာတားဖိုင်နယ်နဲ့
ဝေးကွာခဲ့ရပြီး သူတို့ရဲ့ ဖလား၃လုံး အိပ်မက်လည်း ပျက်ပြယ်ခဲ့ရပါတယ်။ ဖာဂူဆန်ဟာ အခုပွဲစဉ်မှာ ရွန်နီကို ပွဲထွက်စာရင်းမှာ မထည့်သွင်းခဲ့ဘဲ ဗန်ပါစီ၊ ၀ဲလ်ဘက် တိုက်စစ်အတွဲနဲ့ ပွဲထွက်လာခဲ့ပြီး အလွန်ဆို တိုက်စစ်လိုက်ပါခွင့် မရအောင် ၀ဲလ်ဘက်နဲ့ ထောက်ကစား သွားခဲ့ပါတယ်။

ပထမပိုင်းမှာ မန်ယူတို့ ရီးရဲလ်ကို ဖိအားပေးနိုင်ခဲ့ပြီး ဗန်ပါစီ၊ ၀ဲလ်ဘက်တို့ရဲ့ ကန်ချက်တွေကို လိုပက်ဇ် ပုတ်ထုတ်နိုင်ခဲ့သလို ဗီဒစ်ရဲ့ခေါင်းတိုက်ချက် တိုင်ထိထွက်ခဲ့ရာမှာ ၀ဲလ်ဘက်ထပ်ဆင့် ကန်သွင်းပေမယ့် ၅ကိုက်အကွာက ပိတ်သွင်းမှုဟာ ဂိုးမဖြစ်ခဲ့ပါဘူး။ အခုပွဲမှာ ရီးရဲလ်ကို ကယ်တင်ခဲ့တာ ဂိုးသမား လိုပက်ဇ်ဖြစ်ပြီး အကောင်းဆုံး လက်စွမ်းပြသွားနိုင်ခဲ့ပါတယ်။ ဒီ၂သင်း တွေ့ဆုံတဲ့ နောက်ဆုံး ၇ပွဲမှာ ဂိုးတွေသွင်းနိုင်ခဲ့ပြီး ခုပွဲဟာ ပထမပိုင်း (၀-၀)နဲ့ ပွဲပြီးခဲ့ တဲ့ ပထမဆုံးပွဲလည်း ဖြစ်ခဲ့ပါတယ်။

ဒုတိယပိုင်း ပြန်စပြီး ၃မိနစ်အကြာမှာ ဗန်ပါစီရဲ့ကန်ချက် ပြန်ထွက်လာတာက
တစ်ဆင့် နာနီ အနိမ့်ဘောပေးပို့ရာမှာ ရာမို့စ် ကိုယ့်ဂိုးကိုယ်သွင်းမိလို့ မန်ယူတို့ အဖွင့်ဂိုး ရခဲ့ပါတယ်။ အဲ့ဒီနောက်မှာ နာနီ အနီကတ်ပြခံခဲ့ရတာက မန်ယူအတွက် ကံဆိုးမှုအစဖြစ်ပြီး ရီးရဲလ်အတွက် ချေပဂိုးကိုတော့ မိုဒရစ်က ဧရိယာထိပ် ကန်ချက်နဲ့ လှလှပပသွင်းယူပေး ခဲ့တာဖြစ်ပါတယ်။

ကစားသမားတစ်ယောက် အသာရသွားတဲ့ ရီးရဲလ်ဟာ မန်ယူအပေါ် တိုက်စစ်ဆင်လာခဲ့ပြီး ဒုတိယဂိုးကိုတော့ ပွဲချိန် ၆၉မိနစ်မှာ ဟီဂူအင်ရဲ့ ညာတောင်ပံ အနိမ့်ဘောကန်ချက်ကို ရော်နယ်ဒိုက ပြေးဝင် ပိတ်သွင်း
သွားခဲ့တာပါ။

နာနီကို တိုက်ရိုက်အနီမပြသင့်ဘဲ ပြခဲ့တဲ့ ကွင်းလယ်ဒိုင် ဆာကာဟာ ၀ဲလ်ဘက်ရဲ့ကန်ချက် ရာမို့စ် လက်နဲ့ထိခဲ့ပေမယ့် ပင်နယ်တီ ပေးဖို့
ငြင်းဆန်ခဲ့ပြီး သူ့ရဲ့ ဆုံးဖြတ်ချက်တွေကြောင့်လည်း မန်ယူတို့ နစ်နာခဲ့ရပါတယ်။ အဲ့ဒီနောက်မှာ နှစ်ဘက်အသင်း ဂိုးသမားတွေ လက်စွမ်းပြခဲ့လို့ (၁-၂)နဲ့ ပွဲသိမ်းခဲ့ရပါတယ်။

YoYarLay
၂၀၀၅ခုနှစ်နောက်ပိုင်း အိုးလ်ထရက်ဖို့ဒ် ချန်ပီယံလိဂ် ရှုံးထွက် ပွဲစဉ်တွေ မရှုံးခဲ့တဲ့ မန်ယူဟာ ရော်နယ်ဒိုရဲ့သွင်းဂိုးကြောင့်ကွာတား ဖိုင်နယ်နဲ့ဝေးကွာခဲ့ရပြီး သူတို့ရဲ့ ဖလား၃လုံး အိပ်မက်လည်း ပျက်ပြယ် ခဲ့ရပါတယ်။ ဖာဂူဆန်ဟာ အခုပွဲစဉ်မှာ ရွန်နီကို ပွဲထွက်စာရင်းမှာ မထည့်သွင်းခဲ့ဘဲ ဗန်ပါစီ၊ ၀ဲလ်ဘက် တိုက်စစ်အတွဲနဲ့ ပွဲထွက်လာခဲ့ပြီး အလွန်ဆိုတိုက်စစ်လိုက်ပါခွင့်မရအောင် ၀ဲလ်ဘက်နဲ့ ထောက်ကစား သွားခဲ့ပါတယ်။

Tuesday, March 5, 2013

စိန်လက်စွပ် ကောက်ရသူ တစ်ပတ်အတွင်း သူဌေးဖြစ်

စိန်လက်စွပ် ကောက်ရသူ တစ်ပတ်အတွင်း သူဌေးဖြစ်

    04 March 2013  | By Pyi Myanmar  

Billy-Ray-Harrisအမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ် မစ်ဆိုရီမြို့တွင် နေထိုင်သူ အိမ်ယာမဲ့တစ်ဦးသည် ကောက်ရသော စိန်လက်စွပ်ကို ပိုင်ရှင်အား ပြန်လည်အပ်နှံခဲ့သည်ဟု သရိသည်။

၎င်း၏ ရိုးသားမှုကို ဂုဏ်ပြုသောအားဖြင့် ပိုင်ရှင်က ၄င်းအတွက် ရန်ပုံငွေရှာဖွေကာ ကျေးဇူးတုန့်ပြန်သောအားဖြင့် အမေရိကန်ဒေါ်လာ ၈၆၀၀၀ ကိုပေးအပ်ခဲ့သည်ဟု သိရသည်။

မစ်ဆိုရီမြို့၏ လမ်းများပေါ်တွင် လှည့်လည်တောင်းရမ်းသူ ဘီလီရေးဟားရစ်သည် ၄င်း၏ ခွက်ထဲသို့ အမှတ်တမဲ့ ပြုတ်ကျကျန်ခဲ့သော စိန်လက်စွပ်ကို ပိုင်ရှင်အား ပြန်လည်အပ်နှံခဲ့သည်ဟု သိရသည်။

၎င်း၏ ရိုးသားမှုဂုဏ်သတင်းအား လက်စွပ်ပိုင်ရှင် ဆာရာ ဒါလင်က အများသိအောင် ကြေညာပြီး အများထံမှ ရန်ပုံငွေကောက်ခံခြင်းကို ဖေဖော်ဝါရီလ ၁၄ ရက်နေ့က စတင်ခဲ့သည်ဟု သိရသည်။ 

၎င်း၏အကြောင်းကို သတင်းစာများတွင် ထည့်သွင်းဖော်ပြခဲ့သဖြင့် ဖတ်ရသူတိုင်း လေးစားကြည်နှူးကြသည်ဟုသိရသည်။ 

ဘီလီ၏ ရိုးသားမှုကို လေးစားသဖြင့် ဒေါ်လာတစ်ထောင်အထိ လှူဒါန်းသူများပင်ရှိသည်ဟု သိရသည်။  

မောင်လင်းသန့်

Billy-Ray-Harrisအမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ် မစ်ဆိုရီမြို့ တွင် နေထိုင်သူ အိမ်ယာမဲ့တစ်ဦးသည် ကောက်ရသော စိန်လက်စွပ်ကို ပိုင်ရှင် အား ပြန်လည်အပ်နှံခဲ့သည်ဟု သရိသည်။

သင်္ဃန်းကျွန်းမြို့နယ်အတွင်း အမျိုးသားတစ်ဦး လက်ကိုက်ခဲ၍ ဆေးခန်းပြရာမှ ဆေးထိုးပြီး ၁၀ မိနစ်ခန့် အကြာတွင် သေဆုံးခဲ့မှုအပေါ် သက်ဆိုင်ရာမှ စစ်ဆေးနေဆဲဖြစ်

သင်္ဃန်းကျွန်း မြို့နယ်အတွင်း ပုဂ္ဂလိက ဆေးခန်းတစ်ခုတွင် အမျိုးသားတစ်ဦး လက်မောင်းကိုက်ခဲ ၍ ဆေး ခန်းပြရာမှ ဆေးထိုးပြီး ၁၀ မိနစ်ခန့် အကြာတွင် သေဆုံးခဲ့မှုအပေါ် စစ်ဆေးနေဆဲဖြစ်ကြောင်း သင်္ဃန်းကျွန်း စံပြဆေးရုံကြီးမှ မှုခင်းဆရာဝန်က ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်၏ စီးပွားရေးဆိုင်ရာ အကြံပေးအဖြစ် ဒေါက်တာ Seal Turnell ကိုရွေးချယ်

ဒေါ်အောင်ဆန်းစုကြည်၏ စီးပွားရေးဆိုင်ရာ အကြံပေးအဖြစ် ဒေါက်တာ Seal Turnell ကိုရွေးချယ်
Tuesday, 05 March 2013 

အမျိုးသား ဒီမိုကရေစီအဖွဲ့ ချုပ်၏ဥက္ကဋ္ဌ ပြည်သူ့
လွှတ် တော်ကိုယ်စားလှယ် တစ်ဦးဖြစ်သူ ဒေါ်အောင်ဆန်း စုကြည်က ၄င်းတာဝန် ယူထားရသော ကော်မတီများစွာ၏ လုပ်ဆောင်ချက်များတွင်
ကောင်းမွန်သော အကြံဥာဏ်ပေး နိုင်ရေးအတွက် ကမ္ဘာကျော် စီးပွား ရေး
ပညာရှင် ဒေါက်တာ Seal Turnell ၂၃-၂-၂၀၁၃ ရက်က သိရသည်။

Australian သတင်းစာ၏ အဆိုအ ရဒေါ်အောင်ဆန်း စုကြည်၏ ယခုကဲ့သို့ ရွေးချယ်မှုကို ဒေါက်တာ Seal Turnell ကဝမ်း မြောက်စွာဖြင့် လက်ခံခဲ့ကြောင်း နှင့်၎င်းတို့ အနေဖြင့် ဆက်သွယ် ရေးကွန်ရက် မျိုးစုံမှတစ်ဆင့် အတွေးအ ခေါ်အယူအ ဆများတို့ကို အကြံပြုဆွေးနွေး
ပေးသွားမည်ဟု သိရသည်။

မစ္စတာSeal Turnell သည် ကမ္ဘာ့စီးပွားရေးရာ ကိစ္စ ရပ်များကို ပုံမှန်ဆွေး
နွေးဝေဖန်သုံးသပ် နေသူ တစ်ဦးဖြစ်ပြီး မြန်မာနိုင်ငံ၏ စီးပွား ရေးအခြေ အနေကိုလည်း မကြာခဏသုံး သပ်ပြောကြား နေသူဖြစ်ကြောင်းလည်း သိရသည်။ မစ္စတာ Turnell နှင့် ဒေါ် အောင်ဆန်း စုကြည်တို့ ယခင်ကတည်း က ရင်းနှီးမှုရှိကြသူ များဖြစ်သည့် အပြင်မစ္စတာTurnell ကိုယ်တိုင်က
ဒေါ်အောင်ဆန်း စုကြည်ကို လေးစားအားကျ သူတစ်ဦး ဖြစ်သညဟု ထုတ်ဖော်ပြော ကြားထား ဖူးသူဖြစ်သည်။

မစ္စတာTurnell နှင့် ဒေါ်အောင် ဆန်းစုကြည်တို့ ၂၀၁၀ ပြည့်နှစ်က မြန် မာနိုင်ငံတွင် တွေ့ဆုံခဲ့ကြပြီးနောက် ၂၀၁၁ ခုနှစ်အတွင်း မြန်မာနိုင်ငံသို့ မစ္စတွှာကမညနူ က ၁၀ ကြိမ် အထိလာရောက် ခဲ့ဖူးသည် ဟု သိရကာ မြန်မာနိုင်ငံ၏ ငွေကြေးဆိုင်ရာ Reform များကို ဝေဖန်သုံးသပ် အကြံဥာဏ်များ ပေးနိုင်လိမ့်မည် ဖြစ်ကြောင်းသိရသည်။

ပြည်မြန်မာ
အမျိုးသား ဒီမိုကရေစီအဖွဲ့ ချုပ်၏ဥက္ကဋ္ဌ ပြည်သူ့ လွှတ် တော်ကိုယ် စားလှယ်တစ်ဦးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်က ၄င်းတာဝန် ယူထား ရသော ကော်မတီများစွာ၏ လုပ်ဆောင်ချက်များတွင် ကောင်းမွန်သော အကြံဥာဏ်ပေး နိုင်ရေးအတွက် ကမ္ဘာကျော်စီးပွား ရေးပညာ ရှင် ဒေါက်တာ Seal Turnell ၂၃-၂-၂၀၁၃ ရက်က သိရသည်။

KIA မှ တပ်ရင်းမှူး ၊ တပ်မဟာမှူးများ စုပေါင်းလက်မှတ်ရေးထိုး၍ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂမ်ရှောင်အား ရာထူးမှအနား ပေးရန်တောင်းဆို

KIA မှ တပ်ရင်းမှူး ၊ တပ်မဟာမှူးများ စုပေါင်းလက်မှတ်ရေးထိုး၍ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂမ်ရှောင်အား ရာထူးမှအနား ပေးရန်တောင်းဆို

မတ် ၅ ရက်၊ ၂၀၁၃
 
အစိုးရတပ်နှင့် ငြိမ်းချမ်းရေး ဆွေးနွေးမှုကြောင့် တိုက်ပွဲဖြစ်ပွားမှုများ နည်းပါးနေသော်လည်း သဘောထားတင်းမာသော KIA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂမ်ရှောင်အား တပ်ရင်းမှူး ၊ တပ်မဟာမှူးများမှ စုပေါင်းလက်မှတ်ရေးထိုး၍ ဦးစီးချုပ် နေရာမှ အနားပေးရန် တောင်းဆိုခဲ့ကြောင်း သိရှိရပါသည်။ ဖေဖော်ဝါရီလ (၂၃) ရက်နေ့တွင် အစည်းအဝေးပြုလုပ်ပြီး အစိုးရ တပ်သို့ အလင်းဝင်ရောက်ရန် ကြံစည်မှု စွပ်စွဲချက်ဖြင့် တပ်ဖွဲ့ဝင် ၄၂ ဦးကို သေဒဏ်ချမှတ်ရန် အစည်းအဝေးဆုံးဖြတ်ချက် ချခဲ့မှုကြောင့် မကျေနပ်မှုများ ဖြစ်ပေါ်ခဲ့ပြီး တပ်မှူးများက လက်မှတ်ရေးထိုး တောင်းဆိုခဲ့ကြကြောင်း KIA အရာရှိတစ်ဦးမှ ပြောဆိုခဲ့ပါသည်။ သေဒဏ်ချမှတ် ထားမှုကိုလည်း ပြန်လည်ပြင်ဆင်ရန် သို့မဟုတ် စစ်ဦးစီးချုပ်အား အနားပေးရန် တောင်းဆို ခဲ့ကြောင်းသိရှိရပါသည်။

KIA စစ်ဦးစီးချုပ်သည် သဘောထားတင်းမာပြီး ရက်စက်တက်သူတစ်ဦးဖြစ်ကာ ၁၉၈၉ ခုနှစ်က ရင်း (၆) တပ်ရင်းမှူး ဘ၀တွင် ဖားကန့် စပေါ့မှော်တွင် လူတစ်ရာကျော်သတ်ဖြတ်ခဲ့ကြောင်း၊ အခုအချိန်တွင် မိမိ တပ်ဖွဲ့ဝင် ကချင်လူမျိုး အချင်း ချင်း သတ်ဖြတ်မည်ဖြစ်သည့်အတွက် တပ်မှူးများကတောင်းဆိုခဲ့ခြင်းဖြစ်သည်။ မိမိတပ်ဖွဲ့ဝင် ကချင်လူမျိုးအချင်းချင်းကို သတ်ဖြတ်မှုအတွက် လက်မခံနိုင်ကြောင်း တောင်းဆိုခဲ့သည့်အပြင် နောက်ထပ် စစ်ဦးစီးချုပ်အသစ် ခန့်မည်ဆိုလည်း ၎င်း၏ လုပ်ပိုင်ခွင့်နှင့် အာဏာများအား ပြင်ဆင်ရေးဆွဲရမည် ဖြစ်ကြောင်း တောင်းဆိုခဲ့ကြကြောင်း သိရှိရပါသည်။
အစိုးရတပ်နှင့် ငြိမ်းချမ်းရေး ဆွေးနွေးမှုကြောင့် တိုက်ပွဲဖြစ်ပွားမှုများ နည်းပါးနေသော်လည်း သဘောထားတင်းမာသော KIA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂမ်ရှောင်အား တပ်ရင်းမှူး ၊ တပ်မဟာမှူးများမှ စုပေါင်း လက်မှတ်ရေးထိုး၍ ဦးစီးချုပ် နေရာမှအနားပေးရန် တောင်းဆိုခဲ့ကြောင်း