Thursday, March 28, 2013

နိုင်ငံတော်သမ္မတ၏ မိတ္ထီလာကိစ္စအပါအဝင် လတ်တလော ဆူပူမှုများနှင့် စပ်လျဉ်း၍ ပြည်သူလူထုသို့ ပြောကြားသောမိန့်ခွန်း



Photo: နိုင်ငံတော်သမ္မတ၏ မိတ္ထီလာကိစ္စအပါအဝင် လတ်တလော ဆူပူမှုများနှင့် စပ်လျဉ်း၍ ပြည်သူလူထုသို့ ပြောကြားသောမိန့်ခွန်း
Thursday, March 28, 2013

''ကျွန်တော်တို့ ပြည်သူ၊ ကျွန်တော်တို့ နိုင်ငံသားတဦးချင်းစီရဲ့ အသက် အိုးအိမ်စည်းစိမ်ကို ထိပါးလာရင်တော့ ကျွန်တော့်ကို အခြေခံဥပဒေ
က အပ်နှင်းထားတဲ့ နိုင်ငံတော်သမ္မတရဲ့ လုပ်ပိုင်ခွင့်တွေ၊ လုံခြုံရေး အဖွဲ့အစည်းတွေ၊ အုပ်ချုပ်ရေး အဖွဲ့အစည်းတွေရဲ့ အင်အားကို အ
သုံးပြုပြီး အကာအကွယ်ပေးသွားဖို့ ဆုံးဖြတ်ထားပြီး ဖြစ်ပါတယ်။

ပြည်သူလူထု တစ်ရပ်လုံး ကလည်း မေတ္တာကို အရင်းခံ၊ ကိုယ်ချင်း
စာတရားကို လက်ကိုင်ထားပြီး အမြင်ကျယ်ကျယ်၊ သတိကြီးကြီးနဲ့ ဝိုင်းဝန်းကူညီ ပူးပေါင်း ဆောင်ရွက်ကြဖို့ ကျွန်တော် အလေးနက် တိုက်တွန်းမေတ္တာ ရပ်ခံပါတယ်''

သာမန်ပုဂ္ဂလိက အငြင်းပွားမှု၊ သာမန်မှုခင်းတခုကို အကြောင်းပြုပြီး မိတ္ထီလာမှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခများ တည်ငြိမ်စ ပြုလာသည့် အခြေအနေမှာ ပြည်သူလူထုကြီးရဲ့ ရိုးသားမှုကို အခွင့်ကောင်းယူပြီး ရန်ကုန်မြို့ အပါအဝင် မြန်မာနိုင်ငံဒေသ အနှံ့အပြားတွင် ဆူပူမှုများ ကူးစက်ပျံ့နှံ့ရန် လှုံ့ဆော် လုပ်ဆောင်လာမှုများကို စိတ်မချမ်းမြေ့ ဖွယ် တွေ့မြင်နေရပါတယ်။

ဒါကြောင့် ဒီကိစ္စများနဲ့ပတ်သက်ပြီး ကျွန်တော်ရဲ့ သဘောထားနဲ့ အစိုးရရဲ့ ရပ်တည်ချက်များကို ရှင်းလင်းပြောကြား သွားမှာ ဖြစ်ပါတယ်။

ကျွန်တော့်အနေနဲ့ အင်အားသုံးပြီး ပြဿနာတွေကိုဖြေရှင်းတာကို မနှစ်မြို့ပါ။ ဒါပေမဲ့ ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ် လုံခြုံမှု
ကို ထိပါးတဲ့လုပ်ရပ် မှန်သမျှကိုတော့ လုံးဝ လက်သင့်ခံမှာ မဟုတ်ဘဲ လိုအပ်လျှင် မြို့ပြအင်အားသုံးပြီး ထိထိရောက်ရောက် တားဆီးနှိမ်နင်း
သွားရမှာ ဖြစ်ပါတယ်။ ဒီနေရာမှာ တရားဥပဒေစိုးမိုးရေးတွင် အဓိက တာဝန်ရှိနေတဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေနဲ့ ဥပဒေနဲ့အညီ ရဲဝံ့ပြတ်
သား စွာ ဆောင်ရွက်ကြဖို့ ပြောကြားလိုပါတယ်။

ဒီမိုကရေစီရဲ့ ရေသောက်မြစ်လို့ဆိုရမယ့် တစ်ဦးတစ်ယောက်ချင်းစီရဲ့ လွတ်လပ်ခွင့်ဆိုတာ သူတပါးကို ထိခိုက်မှုမရှိပဲ လွပ်လပ်ခြင်းရဲ့ အရသာ
ကို အားလုံးခံစားနိုင်ဖို့ ဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေ
ခံဥပဒေမှာလည်း မိမိယုံကြည်ရာကို လွတ်လပ်စွာ ကိုးကွယ်ပိုင်ခွင့်အား နိုင်ငံသားအခွင့်အရေး အနေနဲ့ အာမခံချက် အပြည့်အဝ ပေးထားပါတယ်။

ဒီနေရာမှာ မွန်မြတ်တဲ့ ကိုးကွယ်ယုံကြည်မှုကို ခုတုံးလုပ်ပြီး အလွဲသုံးတဲ့ အယူသီး အစွန်းရောက်လုပ်ရပ်တွေ၊ မတူညီတဲ့ ဘာသာတရားတွေအကြား အမုန်းတရားတိုးပွားအောင် လုပ်ဆောင်မှုတွေ၊ ကိုယ်ကျိုးစီးပွားနဲ့ယှဉ်တဲ့ နိုင်ငံရေး၊ စီးပွားရေးအမြတ်ထုတ် လုပ်ဆောင်လာမှုတွေကိုပပျောက်သွား
အောင် ကျွန်တော်တို့ အစိုးရအနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ တည်ဆဲ ဥပဒေများနဲ့အညီ ထိထိရောက်ရောက် အရေးယူဆောင်ရွက်သွားမှာ ဖြစ်တယ်ဆိုတာ သတိပေးပြောကြား လိုပါတယ်။

ယခုမိတ္ထီလာမှာ ဖြစ်ပျက်ခဲ့တဲ့ဖြစ်စဉ်ကို ဖြေရှင်းတဲ့နေရာမှာ ယခင်ကနဲ့
မတူဘဲ အသိုက်အဝန်းတွေကြားမှာ နားလည်မှုတွေနဲ့ ယုံကြည်မှုတွေ ပြန်လည်တည်ဆောက်နိုင်ဖို့ အတွက် အရပ်ဘက် လူ့အဖွဲ့အစည်းတွေရဲ့ ပူးပေါင်းပါဝင်မှု၊ ဘာသာပေါင်းစုံက ခေါင်းဆောင်တွေရဲ့ ပူးပေါင်းဆောင်
ရွက်မှု၊ နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ ပူးပေါင်းကူညီမှု၊ မီဒီယာများရဲ့ ပိုမိုတာဝန်သိသိ၊ တာဝန်ရှိရှိ သတင်းဖော်ပြမှု၊ ပြည်သူတွေရဲ့ အသက်အိုး
အိမ် စည်းစိမ်လုံခြုံမှုနဲ့ ပြန်လည်ထူထောင်ရေး လုပ်ငန်းများအတွက် ဘုန်း
တော်ကြီးများ အပါအဝင် လုံခြုံရေး အဖွဲ့အစည်းများနဲ့ တပ်မတော်တို့ရဲ့ မှန်ကန်တဲ့ အခန်းကဏ္ဍက ပါဝင်မှုတွေကို တွေ့ရှိရပါတယ်။

တချို့ဒေသတွေမှာ ငြိမ်းငြိမ်းချမ်းချမ်း နေထိုင်နေကြတဲ့ ပြည်သူလူထုတွေ အထိတ်တလန့် ဖြစ်အောင်၊ အကြမ်းဖက်မှုတွေဖြစ်အောင်၊ ကောလာ
ဟလတွေနဲ့ သွေးထိုးလှုံ့ဆော် နေတာတွေ ရှိပေမယ့် ဒါတွေကတဆင့် အကြမ်းဖက်မှုတွေအဖြစ် ရောက်ရှိ မသွားရအောင် ဒေသဆိုင်ရာ အုပ်ချုပ်ရေးအာဏာပိုင်တွေ၊ အရပ်ဘက်လူ့အဖွဲ့အစည်းတွေ၊ ရပ်မိရပ်ဖတွေနဲ့ ဘာသာရေးခေါင်းဆောင်တွေ ပူးပေါင်းကော်မတီတွေ၊ ဘာသာရေး အဓိကရုဏ်း ကာကွယ်တားဆီးရေးအဖွဲ့တွေ ဖွဲ့စည်းပြီး ကာကွယ်ပေးနေ ကြတာတွေကိုလည်း အပြု သဘောဆောင်သော ဖြစ်ရပ်များအဖြစ် တွေ့မြင်နေရပါတယ်။

သွေးထိုးမှုတွေ လှုံ့ဆော်မှုတွေကြောင့် အခြားမြို့ကြီးများကို ပဋိပက္ခ
များ ကူးစက်မယ့် အန္တရာယ်ကိုလည်း အရပ်ဘက်လူ့အဖွဲ့အစည်းတွေ၊ ရပ်မိရပ်ဖတွေနဲ့ သက်ဆိုင်ရာ အစိုးရအဖွဲ့အစည်းတွေ၊ လုံခြုံရေး အဖွဲ့
အစည်းတွေအားလုံး ဝိုင်းဝန်းကာကွယ် လုပ်ဆောင်နေကြတာကို လည်း
တွေ့ရတဲ့ အတွက် ကျေးဇူးတင် ဝမ်းမြောက်မိ ပါတယ်။ မတူညီတဲ့ တိုင်းရင်းသားတွေ၊ လူမျိုးစုတွေနဲ့ မတူညီတဲ့ ကိုးကွယ် ယုံကြည်မှုတွေ အကြား အချင်းချင်း အပြန်အလှန်လေးစားမှု၊ နားလည်မှုရှိတဲ့၊ ယဉ်ကျေး
တဲ့ လူ့အဖွဲ့အစည်းမှာ နေထိုင်တဲ့ နိုင်ငံတစ်နိုင်ငံအဖြစ် ကမ္ဘာပေါ်မှာ ဂုဏ်သိက္ခာရှိရှိ ရပ်တည် နိုင်ဖို့အတွက် ကြိုးပမ်းနေကြတယ်ဆိုတာကိုလ
ည်း သက်သေထူရာ ရောက်ပါတယ်။

ကျွန်တော်တို့အစိုးရအနေနဲ့ အင်အားသုံးဖြေရှင်း ကိုင်တွယ်မှုတွေကို တတ်နိုင်သမျှ ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ခဲ့ရတဲ့ အကြောင်းရင်း
ကတော့ မိမိတို့ နိုင်ငံသားများရဲ့ အရှိန်ယူစ ဒီမိုကရေစီကျင့်စဉ်များ စမ်းသပ်ကျင့်သုံးမှုကို အဟန့်အတားဖြစ်ပြီး အချိန်မတိုင်မီ ပျက်စီး
သွားနိုင်မယ့် အန္တရာယ်ကို ရှောင်ရှားလိုတဲ့အတွက်ကြောင့်ပဲ ဖြစ်ပါ
တယ်။

ယခုကာလတို အတွင်း မြေစမ်းခရမ်းပျိုးနေတဲ့ ပြုပြင်ပြောင်းလဲရေးများနဲ့ ဒီမိုကရေစီ ရှင်သန်ရေးများကို မဆုံးရှုံးစေလိုတဲ့အတွက်ပဲ ဖြစ်ပါတယ်။ 

ဒါပေမဲ့ ကျွန်တော်တို့ ပြည်သူ၊ ကျွန်တော်တို့ နိုင်ငံသားတဦးချင်းစီရဲ့ အသက် အိုးအိမ်စည်းစိမ်ကို ထိပါးလာရင်တော့ ကျွန်တော့်ကို အခြေ
ခံဥပဒေက အပ်နှင်းထားတဲ့ နိုင်ငံတော်သမ္မတရဲ့ လုပ်ပိုင်ခွင့်တွေ၊ လုံခြုံရေး အဖွဲ့အစည်းတွေ၊ အုပ်ချုပ်ရေး အဖွဲ့အစည်းတွေရဲ့ အင်အားကို အသုံးပြုပြီး အကာအကွယ်ပေးသွားဖို့ ဆုံးဖြတ်ထားပြီး ဖြစ်ပါတယ်။

 ပြည်သူလူထု တစ်ရပ်လုံး ကလည်း မေတ္တာကို အရင်းခံ၊ ကိုယ်ချင်း
စာတရားကို လက်ကိုင်ထားပြီး အမြင်ကျယ်ကျယ်၊ သတိကြီးကြီးနဲ့ ဝိုင်းဝန်းကူညီ ပူးပေါင်း ဆောင်ရွက်ကြဖို့ ကျွန်တော် အလေးနက် တိုက်တွန်းမေတ္တာ ရပ်ခံပါတယ်။

မြ၀တီ

''ကျွန်တော်တို့ ပြည်သူ၊ ကျွန်တော်တို့ နိုင်ငံသားတဦးချင်းစီရဲ့ အသက် အိုးအိမ်စည်းစိမ်ကို ထိပါးလာ ရင်တော့ ကျွန်တော့်ကို အခြေခံဥပဒေက အပ်နှင်းထားတဲ့ နိုင်ငံတော်သမ္မတရဲ့ လုပ်ပိုင်ခွင့်တွေ၊ လုံခြုံရေး အဖွဲ့အစည်းတွေ၊ အုပ်ချုပ်ရေး အဖွဲ့အစည်းတွေရဲ့ အင်အားကို အသုံးပြုပြီး အကာအကွယ်ပေးသွားဖို့ ဆုံးဖြတ်ထားပြီး ဖြစ်ပါတယ်။

ပုသိမ်-ရန်ကုန် ရထား ပြေးဆွဲမည်

     လာမည့် ဇွန်လမှ စတင်၍ ပုသိမ်- ရန်ကုန် ရထားလိုင်း သယ်ယူ ပို့ဆောင်ရေးကို အကောင် အထည် ဖော်မည်ဖြစ်ကြောင်း ရထား ပို့ဆောင်ရေး ဝန်ကြီး ဌာနမှ တာဝန်ရှိသူ တစ်ဦး ထံက သိရသည်။

ထိုင်းရောက် မြန်မာ အလုပ်သမားများကြား HIV ကူးစက်နှုန်း တိုးလာ



Photo: ထိုင်းရောက် မြန်မာ အလုပ်သမားများကြား HIV ကူးစက်နှုန်း တိုးလာ
Thursday, March 28, 2013

ထိုင်း-မြန်မာနယ်စပ်ရှိ မြန်မာ ရွှေ့ပြောင်း အလုပ်သမားများကြား HIV ကူးစက်ခံရမှုနှုန်း တိုးလာကြောင်း လူမှုရေးနှင့် ကျန်းမာရေး ဆိုင်ရာ ၀န်ဆောင်မှုများပေးနေသည့် မဲဆောက်မြို့ အခြေစိုက် အစိုးရမဟုတ်
သော အဖွဲ့အစည်းများ(NGO)ထံမှ သတင်းရရှိသည်။

၂၀၀၉ ခုနှစ်မှ စတင်၍ ရွှေ့ပြောင်း အလုပ်သမားများ၏ ဖွံ့ဖြိုးတိုး
တက်ရေးလုပ်ငန်းများ လုပ်ကိုင်ခဲ့သည့် လူမှုရေးနှင့် ကျန်းမာရေး ဖွံ့ဖြိုးတိုးတက်ရေး အသင်း(SHDA)၏ လေ့လာထားချက်အရ ၂၀၁၀ ပြည့်နှစ် နောက်ပိုင်းတွင် ပိုမိုတိုးလာကြောင်း သိရသည်။

SHDA မှ ဒါရိုက်တာ ဦးရာဇာက“အရင်နှစ်တွေက ဆိုရင် မယ်တော်ဆေး
ခန်းမှာ သွေးစစ်တာနဲ့ ကျနော်တို့ဆီကို ရောက်လာတဲ့ လူဦး ရေက တနှစ်
မှာ အသစ်၂၀၀ တွေ့ခဲ့တယ်။ အခုနောက်ပိုင်း တနှစ်ကို လူနာအသစ် ၃၅၀
လောက်ထိ တိုးလာတယ်”ဟု ပြော သည်။

နယ်စပ်နှင့် ပြည်တွင်းမှ လူနာများအား အခမဲ့ ကျန်းမာရေးစောင့်ရှောက်
မှု ပေးနေသည့် မယ်တော်ဆေးခန်းမှ ဒုတိယညွှန်ကြား ရေး မှူး ဒေါက်တာ
အဲ့သ၀ါ က“HIV ဖြစ်နှုန်းက တိုးလာတယ်။ 

ဒါပေမယ့် တချို့ပြောင်းရွှေ့လုပ်သားတချို့က ကျန်းမာရေး အာမခံမရှိတော့
ဆေးဝါးမရဘူး။ ARV မရပေမယ့် သူတို့အတွက်အိမ်တိုင်ရာရောက် စောင့်
ရှောက်မှုပေးတာတွေတော့ လုပ်တယ်”ဟု ပြော သည်။

မယ်တော်ဆေးခန်း ၏ ကျန်းမာရေး စောင့်ရှောက်မှုကိုရယူသည့် HIV ပိုး ကူးစက်ခံထားရသူပေါင်း ၁၀၀ ကျော်ရှိပြီး အများစု မှာ အမျိုးသမီးများဖြစ်
ကာ ၎င်းတို့ အနက် သုံးပုံ ၁ ပုံသာ ထိုင်းအစိုးရ ကျန်းမာရေး ဌာန၏
ဆေးဝါးကုသမှုကို ရရှိကြောင်း ဒေါက်တာ အဲ့သ၀ါ က ပြောသည်။

သို့သော် ရွှေ့ပြောင်း အလုပ်သမားများသည် စားဝတ်နေရေး အဆင်ပြေနိုင်
မည့် နေရာဒေသများသို့ ရွှေ့ပြောင်းနေရခြင်းများ ရှိရာ တချို့ ရပ်ကွက်များ
တွင် ကူးစက်ခံရမှုနှုန်း လျော့ကျသည်များလည်း ရှိကြောင်း HIV/AIDS ကူးစက်မှု ကာကွယ်တားဆီးရေး အသိပညာပေး လုပ်ငန်းများ အဓိက လုပ်ကိုင်နေသည့် မဲဆောက် အခြေစိုက် World Vision မှ တာဝန်ရှိသူ တဦးက ပြောသည်။

“ကျနော်တို့ တာဝန်ယူရတဲ့ ရပ်ကွက်တွေမှာ ပြောင်းရွှေ့မှုနှုန်း အရမ်းများတော့ အသိပညာပေး လုပ်ငန်းတွေလုပ်ရတာ သိပ် မထိ ရောက်သလို ဖြစ်တယ်။ သေသွားတာတွေ၊ ပြောင်းရွှေ့
သွားတာတွေကြောင့် တချို့ရပ်ကွက်တွေမှာ လျော့တယ်”ဟု 
World Vision မှ ဦးနေဦး က ပြောသည်။

SHDA မှ ဒါရိုက်တာ ဦးရာဇာ ကလည်း ARV ကုထုံးလိုအပ်နေသည့် HIV Positive များအတွက် ဆေးဝါးရရှိမှု အခြေအနေ အခက် အခဲများရှိပြီး အကူညီပေးမှုများ လိုအပ်ကြောင်း ပြောသည်။

“ARV လွယ်လွယ်ကူကူ ရဖို့အတွက်က အလုပ်သမား တော်တော်များများမှာ တရားဝင် လက်မှတ် အထောက်အထား မရှိကြဘူး။ 

ကျနော်တို့အဖွဲ့က စောင့်ရှောက်ထားတဲ့ လူတွေ အတွက်တော့ အလှူရှင် တယောက်က ၀ယ်တိုက်နေပါတယ်”ဟု ဦးရာဇာက ဆက်ပြောသည်။

ထို့အပြင် မဲဆောက်မြို့ရှိ NGO များနှင့်ဆက်သွယ်ကာ ဆေးဝါးကု
သနေသူများ အတွက် မယ်တော် ဆေးခန်းနှင့် မဲဆောက် ဆေးရုံ ကြီး
တို့မှ ARV ရရှိသော်လည်း အကန့်အသတ်ရှိကြောင်း Social Action 
for Woman(SAW) အဖွဲ့မှ သိရသည်။

SAW မှ တာဝန်ရှိသူ တဦးဖြစ်သည့် ဦးမင်းမင်းက“ ARV ရဖို့အတွက်က အကန့်အသတ် တွေရှိပါတယ်။ ဘယ်ကမှ မရဘူးဆိုရင် ၀ယ်တိုက်ရတာ များတယ်။ လူနာတယောက်ကို ARV ဆေးဝါးဖိုး ကုန်ကျစရိတ်က ၁ လမှာ ဘတ် ၃,၀၀၀ ကနေ ၄,၅၀၀ ကြားမှာ ရှိပါတယ်”ဟု ပြောသည်။

ထိုင်း-မြန်မာ နယ်စပ် မဲဆောက်မြို့တွင် ရွှေ့ပြောင်း လုပ်သားများအကြား HIV ကျန်းမာရေး ၀န်ဆောင်မှုများ ပေးနေသည့် လူမှု အဖွဲ့အစည်းများမှာ မယ်တော်ဆေးခန်း၊ SAW ၊ MAP ဖောင်ဒေးရှင်း၊ World Vision နှင့် SHDA တို့ဖြစ်ကြောင်း သိရသည်။

မဲဆောက် ဒေသ၌ လာရောက် အလုပ်လုပ်နေသော မြန်မာ အလုပ်သမား ၂ သိန်း ခန့် ရှိကြောင်း အလုပ်သမားအရေး ဆောင်ရွက် နေသူများက ခန့်မှန်း
ပြောဆိုကြသည်။

မဲဆောက်မြို့ရှိ မယ်တော် ဆေးခန်း (ဓာတ်ပုံ – မြတ်စုမွန် / ဧရာဝတီ)
ဧရာဝတီ
ထိုင်း-မြန်မာနယ်စပ်ရှိ မြန်မာ ရွှေ့ပြောင်း အလုပ်သမားများကြား HIV ကူးစက်ခံရမှုနှုန်း တိုးလာကြောင်း လူမှုရေးနှင့် ကျန်းမာရေး ဆိုင်ရာ ၀န်ဆောင်မှုများပေးနေသည့် မဲဆောက်မြို့ အခြေစိုက် အစိုးရမဟုတ်သော အဖွဲ့အစည်းများ(NGO)ထံမှ သတင်းရရှိသည်။

“လက်ပံတောင်းကြေးနီစီမံကိန်း အရေး ဆားလင်းကြီး၌ ဆန္ဒထုတ်ဖော်ခွင့် ရရှိ”

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနှင့် ပတ်သက်၍ ယနေ့ နေ့လည် ၁ နာရီတွင် ပြုလုပ်မည့် ဆန္ဒဖော်ထုတ်မှုအား ဆားလင်းကြီးမြို့နယ် ရဲတပ်ဖွဲ့မှူး ရုံးမှ ခွင့်ပြုပေးပြီးဟု သိရသည်။

အမေရိကန်တွင် ဗုဒ္ဓဘာသာ ရှေးဟောင်း ပစ္စည်းများ ပြသရေး ဆွေးနွေး

အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့မှ Metropolitan Museum of Art ၏ အရှေ့တောင်အာရှဆိုင်ရာ Florence and Herbert Living Curator of the Arts မှ Mr. John Guy နှင့် ယဉ်ကျေးမှု ဝန်ကြီး ဦးအေးမြင့်ကြူတို့ မတ်လ ၂၆ ရက်နေ့က တွေ့ဆုံရာ၌ အမေရိကန်တွင် ဗုဒ္ဓဘာသာ ရှေးဟောင်း ပစ္စည်းများ ပြသရေး ဆွေးနွေးခဲ့ကြောင်း သိရသည်။

ရန်ကုန်မှာ ဘာသာပေါင်းစုံ ဆုတောင်းပွဲ ကျင်းပမယ်


Photo: ရန်ကုန်မှာ ဘာသာပေါင်းစုံ ဆုတောင်းပွဲ ကျင်းပမယ် 
Thursday, March 28, 2013

မိတ္ထီလာမြို့က မတည်ငြိမ်မှုတွေဟာ အရေးပေါ် အခြေအနေ ကြေညာပြီး တပ်မတော်က တာဝန်ယူပြီး တဲ့နောက် အေးချမ်းသွားပြီလို့ ဆိုပေမယ့် တခြားနယ်မြို့တွေကို ကူးစက်ပျံ့နှံ့လာခဲ့ပြီး ရန်ကုန်မှာ လည်း ကောလ
ဟာလတွေနဲ့ ပြည်သူအများစိုးရိမ်မကင်းဖြစ်နေကြရပါတယ်။

ယနေ့ မတ်လ ၂၈ ရက် နေ့လယ် ၂ နာရီမှာတော့ ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးဆုတောင်းပွဲ တခုကို  ရန်ကုန်တိုင်း၊ ဗိုလ်တထောင်မြို့
နယ်၊ သိမ်ဖြူလမ်းနဲ့ မဟာဗန္ဓုလ လမ်းထောင်က ၀ိုင်အမ်စီအေ-  
YMCA အဆောက်အအုံမှာ ကျင်းပသွားမယ်လို့ သတင်းရရှိပါတယ်။ 

ငြိမ်းချမ်းမှုတွေအတွက် ဘာသာပေါင်းစုံက ဘာသာရေး ခေါင်းဆောင်တွေ စုဝေးပြီး ဆုတောင်းပွဲကျင်းပတာဟာ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး
အတွက်  နမိတ်ကောင်းတခုဖြစ်ပါတယ်။ 

မကြာသေးမီ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ပြည်ထောင်စုနေ့ကလည်း  ဘာသာရေး ခေါင်းဆောင်တွေ စုပေါင်းပြီး စည်းဝေးမှု တခုကို ရန်ကုန်
တိုင်း သံလျင်မြို့နယ်မှာ ကျင်းပခဲ့ပါသေးတယ်။ 

ဧရာဝတီ

မိတ္ထီလာမြို့က မတည်ငြိမ်မှုတွေဟာ အရေးပေါ် အခြေအနေ ကြေညာပြီး တပ်မတော်က တာဝန်ယူပြီး တဲ့နောက် အေးချမ်းသွားပြီလို့ ဆိုပေမယ့် တခြားနယ်မြို့တွေကို ကူးစက်ပျံ့နှံ့လာခဲ့ပြီး ရန်ကုန်မှာ လည်း ကောလဟာလတွေနဲ့ ပြည်သူအများစိုးရိမ်မကင်းဖြစ်နေကြရပါတယ်။

မြန်မာနဲ့ မူဆလင် အပြန်အလှန် လေးစားဖို့လိုကြောင်း အရှင်ဝီရသူ မိန့်ကြား

မန္တလေးမြို့ မစိုးရိမ်ကျောင်းတိုက် ဆရာတော် အရှင်ဝီရသူက မိတ္ထီလာအရေးအခင်းမှာ သံဃာတစ်ပါး သတ်ဖြတ်ခံရမှုကြောင့် ခုလိုမလိုလားအပ်တဲ့ အရေးအခင်းကြီးတစ်ခု ဖြစ်ပေါ်ခဲ့ရကြောင်း၊ လုံခြုံရေးတပ်ဖွဲ့ တွေ အနေနဲ့လည်း အရေးယူမှုများစွာ အားနည်းခဲ့ကြောင်းနဲ့ လက်ရှိမြို့တချို့မှာ ဖြစ်ပွားနေတဲ့ ဆူပူဖျက်ဆီးမှုတွေနဲ့ ပတ်သက်ပြီး ဒေသခံမဟုတ်တဲ့ ပြင်ပကလူတွေ ပါဝင်နေတယ်လို့ ယူဆကြောင်း RFA ကိုပြောဆိုလိုက်ပါတယ်။

မန္တလေးတိုင်းဒေသကြီးအတွင်းရဲလုပ်ငန်းများထိရောက်စွာဆောင်ရွက်နိုင်ရေးဖွဲ့စည်းပုံတိုချဲ့ဆောင်ရွက်မည်

မန္တလေးတိုင်းဒေသကြီးအတွင်း ရဲလုပ်ငန်းများပိုမိုဆောင်ရွက်နိုင်ရန် ဖွဲ့စည်းပုံတိုးချဲ့ဆောင်ရွက် သွား မည်ဖြစ်ကြောင်း ပထမအကြိမ်တိုင်းဒေသကြီး လွှတ်တော် ဆဌမပုံမှန်အစည်း အဝေးမှသိရသည်။

တပ်မေ တာ် ကာကွယ်ရေး ဦးစီး ချုပ် ဗိုလ်ချုပ် မှူးကြီး သရေ စည်သူ မင်းအောင် လှိုင် (၆၈) နှစ်မြောက် တပ်မေ တ်ာနေ့ အထိမ်း အမှတ် ဧည့်ခံ ပွဲနှင့် ဂုဏ်ပြု ညစာ စားပွဲတ က်ရောက်

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သရေစည်သူ မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ တို့က တည်ခင်း ဧည့်ခံသည့် ၂ဝ၁၃ ခုနှစ် (၆၈)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် ဧည့်ခံပွဲနှင့် ဂုဏ်ပြု ညစာစားပွဲကို ယနေ့ညပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန် ဥပစာရင်ပြင်၌ ကျင်းပသည်။

ပဲခူးတိုင်းအနောက်ခြမ်းက အဓိကရုဏ်းသတင်း နောက်ဆက်တွဲ

Photo: ပဲခူးတိုင်းအနောက်ခြမ်းက အဓိကရုဏ်းသတင်း နောက်ဆက်တွဲ
Wednesday, March 27, 2013

ဒီကနေ့ နေ့လယ်ကစပြီး ပေါင်းတည်မြို့မှာ ထွက်ပေါ်ခဲ့တဲ့ ကောလဟာ
လတွေကြောင့် ဒီကနေ့ မတ်လ ၂၇ ရက်နေ့ ည ၆ နာရီအချိန်မှာပေါင်း
တည်မြို့နယ်တစ်ခုလုံးကို မြို့နယ် အုပ်ချုပ်ရေးမှုး လက်မှတ်ထိုးပြီး ထုတ်ပြန်ကြေညာလိုက်ပါတယ်။

ပဲခူးတိုင်းဒေသကြီး အနောက်ပိုင်းခရိုင်အတွင်းက ဇီးကုန်း၊အုတ်ဖိုနဲ့ကြို့ပင်
ကောက်မြို့နယ်တွေမှလည်း အဓိကရုဏ်းတွေ ဖြစ်ပွားခဲ့တဲ့အတွက် သက်
ဆိုင်ရာ ရဲတပ်ဖွဲ့နဲ့စစ်တပ်က ပူးပေါင်းပြီး လုံခြုံရေးယူထားတဲ့ အပြင် လူငါးယောက်ထက် ပိုမစုရသည့် တားမြစ်ချက်ပါဝင်သည့် ပုဒ်မ ၁၄၄ ကိုလည်း ထုတ်ပြန်ခဲ့ပါတယ်။

RFA


 ဒီကနေ့ နေ့လယ်ကစပြီး ပေါင်းတည်မြို့မှာ ထွက်ပေါ်ခဲ့တဲ့ ကောလဟာ လတွေကြောင့် ဒီကနေ့ မတ်လ ၂၇ ရက်နေ့ ည ၆ နာရီအချိန်မှာပေါင်း တည်မြို့နယ်တစ်ခုလုံးကို မြို့နယ် အုပ်ချုပ်ရေးမှုး လက်မှတ်ထိုးပြီး ထုတ်ပြန်ကြေညာလိုက်ပါတယ်။

ဇီးကုန်းနှင့် မင်းလှတွင် ဆူပူမှုများဖြစ်ပွား

 ပဲခူးတိုင်း မင်းလှ၊ နှင့်ဇီးကုန်းမြို့နယ်တို့တွင် ပုဒ်မ၁၄၄ ထုတ်ပြန်ထားသော်လည်း ယနေ့နေ့လည်တွင် ဆူပူဖျက်ဆီးမှုများဖြစ်ပွားခဲ့သည်ဟု ဒေသခံများက မဇ္ဈိမကိုပြောသည်။

ကာကွယ်ရေး ဦးစီးချုပ်၏ မိန့်ခွန်းအပေါ် ပါတီနှင့် အဖွဲ့အစည်းများက ကြိုဆို

   မတ်လ ၂၇ ရက်နေ့ နံနက်ပိုင်း နေပြည်တော်တွင် ပြုလုပ်ခဲ့သည့် ၆၈ နှစ်မြောက် တပ်မတော်နေ့ အခမ်းအနားတွင် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက် ပြောကြားခဲ့ သည့် မိန့်ခွန်းအပေါ် ပါတီနှင့် အဖွဲ့အစည်းများက ကြိုဆိုခဲ့သည်။

Wednesday, March 27, 2013

တပ်မတော်နေ့ ဂုဏ်ပြု ညစာစားပွဲသို့ တက်ရောက်မည့် အနုပညာရှင်များ

မတ်လ ၂၇ ရက်နေ့ နေပြည်တော်တွင် ကျင်းပပြုလုပ်သော တပ်မတော်နေ့ ဂုဏ်ပြု ညစာစားပွဲသို့ တက်ရောက်မည့် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးနာယက ပန်းချီ စိုးမိုး၊ ဥက္ကဌ ဦးဇင်ဝိုင်း၊ ဒုဥက္ကဌ ဦးလူမင်းတို့နှင့်အတူ သရုပ်ဆောင်များ ဖြစ်ကြသည့် ဝေဠုကျော်၊ စိုးရန်အောင်၊ စိုးမြတ်သူဇာ၊ အိန္ဒြာကျော်ဇင် တို့ကို တွေ့ရစဉ်။ ဓာတ်ပုံ- ဇင်ဝိုင်းဖေ့စ်ဘုတ်မှ

Popular Journal
တပ်မတော်နေ့ ဂုဏ်ပြု ညစာစားပွဲသို့ တက်ရောက်မည့် အနုပညာရှင်များ
=======================================

မတ်လ ၂၇ ရက်နေ့ နေပြည်တော်တွင် ကျင်းပပြုလုပ်သော တပ်မတော်နေ့ ဂုဏ်ပြု ညစာစားပွဲသို့ တက်ရောက်မည့် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးနာယက ပန်းချီ စိုးမိုး၊ ဥက္ကဌ ဦးဇင်ဝိုင်း၊ ဒုဥက္ကဌ ဦးလူမင်းတို့နှင့်အတူ သရုပ်ဆောင်များ ဖြစ်ကြသည့် ဝေဠုကျော်၊ စိုးရန်အောင်၊ စိုးမြတ်သူဇာ၊ အိန္ဒြာကျော်ဇင် တို့ကို တွေ့ရစဉ်။ ဓာတ်ပုံ- ဇင်ဝိုင်းဖေ့စ်ဘုတ်မှ

Popular Journal

၆၈ နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြ အခမ်းအနားတွင် စစ်လက်နက်ပစ္စည်းများကို ပထမဆုံးအကြိမ် ထုတ်ဖော်ပြသ၊ ဒီမိုကရေစီ စနစ်ဖြင့် ချီတက်ရာတွင် တပ်မတော်အပါအ၀င် ပြည်သူတစ်ရပ်လုံးက စည်းကမ်းရှိရန်နှင့် ဥပဒေကို လေးစားလိုက်နာရန် အရေးကြီးကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ပြောကြားခဲ့

မတ်လ ၂၇ ရက်နေ့က ကျင်းပသည့် ၆၈ နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြ အခမ်းအနားကို နေပြည်တော်၌ ပြုလုပ်ခဲ့ပြီး တင့်ကားများ၊ တိုက်လေယာဉ်များ၊ လေယာဉ် အမြောက်နှင့် ဒုံးကျည်များ အစရှိသည့် စစ်လက်နက် ပစ္စည်းများကို ပထမဆုံးအကြိမ် ထုတ်ဖော်ပြခဲ့ပြီး ဒီမိုကရေစီ စနစ်ဖြင့် ချီတက်ရာတွင် တပ်မတော်အပါအ၀င် ပြည်သူတစ်ရပ်လုံးက စည်းကမ်းရှိရန်နှင့် ဥပဒေကို လေးစားလိုက်နာရန် အရေးကြီးကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့ပါသည်။

၂ဝ၁၃ ခုနှစ် မတ်လ ၂၇ ရက်နေ့တွင် ကျင်းပသော (၆၈) နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြ အခမ်းအနား၌ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သရေစည်သူ မင်းအောင်လှိုင် ပြောကြားသည့် မိန့်ခွန်း


Photo: ၂ဝ၁၃ ခုနှစ် မတ်လ ၂၇ ရက်နေ့တွင် ကျင်းပသော (၆၈) နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြ အခမ်းအနား၌ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သရေစည်သူ မင်းအောင်လှိုင် ပြောကြားသည့် မိန့်ခွန်း

ရဲဘော်တို့

ဒီနေ့ဟာ တို့တပ်မတော်က ပြည်သူလူထုနဲ့ လက်တွဲပြီး ဖက်ဆစ်တို့ကို တွန်းလှန်ခဲ့တဲ့ (၆၈) နှစ်မြောက် တပ်မတော်နေ့ ဖြစ်တယ်။

လွတ်လပ်ရေး ကြိုးပမ်းမှုနဲ့ အတူ ပေါက်ဖွား လာခဲ့တဲ့ တို့တပ်မတော်ဟာ တိုင်းရင်းသား ပြည်သူ အားလုံးနဲ့ လက်တွဲပြီး တစ်သွေးတည်း၊ တစ်သားတည်း၊ တစ်စိတ်တည်း၊ တစ်ဝမ်းတည်း စိတ်ဓာတ်နဲ့ ၁၉၄၅ ခုနှစ် မတ်လ ၂၇ ရက်နေ့မှာ ဖက်ဆစ်တွေကို တော်လှန် ချေမှုန်း ခဲ့ကြတယ်။ ဒီလို အမျိုးဂုဏ်၊ ဇာတိဂုဏ် မြင့်မားစေတဲ့ သမိုင်း မော်ကွန်းဝင် နေ့ထူးနေ့မြတ်ဖြစ်လို့ သိသင့် သိထိုက်တာ တွေကို အလေးအနက်ထား မှာကြားသွားမှာ ဖြစ်တယ်။

ရဲဘော်တို့

တို့နိုင်ငံရဲ့ သမိုင်းကြောင်းမှာ ခေါင်းဆောင်မှု ကောင်းခဲ့တဲ့ အနော်ရထာ မင်းတရားကြီး၊ ဘုရင့်နောင် မင်းတရားကြီးနဲ့ အလောင်းမင်း တရားကြီးတို့ ခေတ်မှာ နိုင်ငံတော် စည်းလုံး ညီညွတ်မှု ခိုင်မာခဲ့လို့ မြန်မာတို့ရဲ့ ဘုန်းမီးနေလ တောက်ပ ခဲ့တာ၊ တိုင်းပြည်မြို့ရွာ သာယာဝပြောခဲ့တာ တွေ့ကြရမှာ ဖြစ်တယ်။

ပြည်သူတွေ စည်းလုံးညီညွတ်မှု ပျက်ပြားချိန်မှာ တိုင်းပြည်ပြိုကွဲ ပျက်စီးပြီး တိုင်းတစ်ပါး လက်အောက် ကျရောက်ခဲ့တာ ကိုလည်း တွေ့ကြရမှာ ဖြစ်တယ်။ ၁၉ ရာစုနှောင်းပိုင်းမှာ ဗြိတိသျှ နယ်ချဲ့တွေ မြန်မာနိုင်ငံကို ၃ ကြိမ် တိုင်တိုင် နယ်ချဲ့စစ်ပွဲ ဆင်နွှဲပြီး မတရား သိမ်းပိုက်ခဲ့လို့ ၁၈၈၅ ခုနှစ်မှာ မြန်မာတစ်နိုင်ငံလုံး ဗြိတိသျှ လက်အောက် ကျရောက်ခဲ့ရပြီး ပြည်သူအများ သူ့ကျွန်ဘဝ ရောက်ခဲ့ရတယ်။ တိုင်းရင်းသား ပြည်သူတွေ သူ့ကျွန်ဘဝမှာ အသက်၊ သွေး၊ ချွေးများစွာ ကျရောက် ပေးဆပ်ခဲ့ရသလို မျက်ရည်အတိ စိတ်ခံစားမှုအဖုံဖုံနဲ့ ဒုက္ခ ရောက်ခဲ့ရတာဟာ သူ့ခေတ်သူ့အခါနဲ့ အညီ နိုင်ငံတော်ကို ကာကွယ်နိုင်တဲ့ ခေတ်မီတပ်မတော် မရှိခဲ့လို့ဖြစ်တယ်။  ဒို့အမျိုးသား ခေါင်းဆောင်ကြီး သခင်အောင်ဆန်း ဦးဆောင်တဲ့ မျိုးချစ်လူငယ် ၃ဝဟာ ဂျပန်တွေထံမှာ စစ်ပညာ သင်ကြားကာ ဗမာ့ လွတ်လပ်ရေး တပ်မတော်ကို ဖွဲ့စည်းခဲ့ကြပြီး ဂျပန်တွေ အကူအညီနဲ့ နယ်ချဲ့ ဗြိတိသျှ တွေကို တိုက်ထုတ်ခဲ့ ကြတယ်။ အာရှတိုက်သားများ သာတူညီမျှရေး ဆိုတာကို ကြွေးကြော်ခဲ့  သော်လည်း ဖက်ဆစ်ဝါဒနဲ့ မြန်မာပြည်သူတွေ အပေါ် ရက်စက် ကြမ်းကြုတ် ခဲ့တာကြောင့် တပ်မတော်ဟာ ပြည်သူလူထုနဲ့ အတူ ဖက်ဆစ်တို့ကို ၁၉၄၅ ခုနှစ် မတ်လ ၂၇ ရက်နေ့မှာ တွန်းလှန် ချေမှုန်း ခဲ့ကြတာ ဖြစ်တယ်။ အသက်၊ သွေး၊ ချွေး များစွာ ပေးဆပ်ပြီး ၁၉၄၈ ခုနှစ် ဇန်နဝါရီ ၄ ရက်မှာ လုံးဝလွတ်လပ်ရေးရခဲ့တယ်။ ဒီသမိုင်းကြောင်းတွေအရ နိုင်ငံတော်မှာ လွတ်လပ်ရေးနဲ့ အချုပ်အခြာ အာဏာဆုံးရှုံးရင် ပြည်သူ ပြည်သား အားလုံး ဆင်းရဲဒုက္ခ ခံစားကြရတာကို တွေ့ကြရမှာ ဖြစ်တယ်။ ဒီလို အဖြစ်ဆိုးမျိုး ပြန်မကြုံ တွေ့ရအောင် ဆောင်ရွက်ဖို့ အရေးဟာ တို့တပ်မတော်နဲ့ အတူ ပြည်သူ အားလုံးရဲ့ အမျိုးသားရေး တာဝန် ဖြစ်တယ်။

ရဲဘော်တို့

ကိုလိုနီ ဘဝကျရောက် ခဲ့ချိန်က နယ်ချဲ့တွေဟာ တို့တိုင်းရင်းသားများ အကြား စည်းလုံး ညီညွတ်မှု ပျက်ပြားအောင် သွေးခွဲ အုပ်ချုပ်ခဲ့ကြတယ်။ တို့တိုင်းရင်းသားများ အကြား တစ်ဦးနဲ့တစ်ဦး သံသယတွေ၊ မယုံကြည်မှုတွေ ဖြစ်ပွားခဲ့ကြလို့ လွတ်လပ်ရေး ကြိုးပမ်းစဉ် ကာလမှာ အခက်အခဲတွေ ဖြစ်ခဲ့ကြရတယ်။ လွတ်လပ်ရေး ရပြီး ၁၉၄၉ ခုနှစ်မှာ လက်နက်ကိုင် ပဋိပက္ခတွေ ထူပြောခဲ့လို့ တိုင်းပြည်ပြိုကွဲမယ့် အန္တရာယ်နဲ့ ကြုံတွေ့ခဲ့ချိန်မှာ တို့တပ်မတော်က တိုင်းပြည်အပေါ် မျိုးချစ် စိတ်ဓာတ်အပြည့်နဲ့ အသက်၊ သွေး၊ ချွေး များစွာ ပေးဆပ် တိုက်ပွဲဝင် ခဲ့ပြီး ရန်ကုန် အစိုးရလို့ခေါ်ရတဲ့ အနေအထားကနေ တိုင်းပြည်ကို ကယ်တင်နိုင်ခဲ့ ကြတာပဲ ဖြစ်တယ်။ ၁၉၅၈ ခုနှစ်မှာ အိမ်စောင့်အစိုးရ အဖြစ်နဲ့ တိုင်းပြည် တည်ငြိမ် အေးချမ်းအောင် ဆောင်ရွက် ပေးခဲ့ရတယ်။ ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေရဲ့ အားနည်းချက် အပေါ် အခွင့်ကောင်းယူပြီး ပြည်နယ်တွေ ခွဲထွက်ဖို့ ဆောင်ရွက် လာတာကြောင့် တိုင်းပြည် ပြိုကွဲမယ့် အန္တရာယ်နဲ့ ကြုံတွေ့ရချိန်မှာလည်း တို့တပ်မတော်ကပဲ  ကာကွယ် စောင့်ရှောက် ခဲ့ရတယ်။ ၁၉၈၈ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ နိုင်ငံရေး လှုပ်ရှားမှုတွေ ကနေ မင်းမဲ့စရိုက်တွေ အထိ ကြီးထွားလာပြီး တိုင်းပြည်ချောက်ထဲကျမယ့် အခြေအနေကိုလည်း တို့တပ်မတော်ကပဲ ထိန်းသိမ်းကာကွယ် စောင့်ရှောက် ခဲ့ရတယ်။ တပ်မတော်ဟာ တိုင်းပြည်ကို အမြဲတမ်းကာကွယ် စောင့်ရှောက်လျက် ရှိသလို လူမျိုးရေး၊ နိုင်ငံရေး ပဋိပက္ခတွေ မဖြစ်အောင် ကာကွယ် ပေးလျက်ရှိရာမှာ ပြည်သူလူထုနဲ့ တစ်သားထဲ ဆောင်ရွက်လျက် ရှိတယ်။ ဒါဟာ တပ်မတော်က အမျိုး သားနိုင်ငံရေးကို ဖော်ေ ဆာင် နေခြင်းပဲ ဖြစ်တယ်။

ရဲဘော်တို့

လွတ်လပ်ရေး တိုက်ပွဲဝင်ချိန်က စလို့ နိုင်ငံတော်ရဲ့ သမိုင်းကြောင်းနဲ့ တို့တပ်မတော်ရဲ့ သမိုင်းကြောင်းဟာ အမြဲယှဉ်တွဲလျက် ရှိခဲ့တယ်။ တိုင်းပြည် လွတ်လပ်ရေး ရဖို့၊ တိုင်းပြည် လွတ်လပ်ရေး ပြန်လည် မဆုံးရှုံးဖို့၊ တိုင်းပြည် မပြိုကွဲစေဖို့ အတွက် တပ်မတော်က အမြဲပါဝင် နေခဲ့ ရတာကြောင့် ဒီကနေ့ ခေတ်မီဒီမိုကရေစီ နိုင်ငံတော်အဖြစ် လျှောက်လှမ်း နေချိန်မှာ တို့တပ်မတော်ဟာ နိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍမှာ ပါဝင်နေရတာ ဖြစ်တယ်။ လွတ်လပ်ရေး ရပြီးချိန်က တို့နိုင်ငံမှာ ဒီမိုကရေစီစနစ် ကျင့်သုံးခဲ့ကြပေမယ့် ဒီမိုကရေစီ အလေ့အကျင့် မရင့်ကျက်သေးချိန်မှာဘဲ နိုင်ငံရေးဝါဒ အကွဲအပြဲတွေ၊ လူပုဂ္ဂိုလ်ရေး ကိုးကွယ် ဆည်းကပ်မှုတွေ ဖြစ်ပြီး ပါတီတွေကွဲကြ၊ မညီမညွတ် ဖြစ်ခဲ့ကြရာကနေ လက်နက်ကိုင် ဆန့်ကျင်မှုတွေ ပြုခဲ့ကြတယ်။ တိုင်းရင်းသားတွေ အရေးမှာလည်း လူမျိုးရေး အကြောင်း ပြချက်၊ ဘာသာရေး အကြောင်းပြချက်၊ နိုင်ငံရေး အကြောင်းပြချက် တွေနဲ့ လက်နက်ကိုင် ပဋိပက္ခတွေ ဖော်ဆောင် ခဲ့ကြလို့ တိုင်းပြည်တစ်ဝန်း တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး နိုင်ငံဖွံ့ဖြိုး တိုးတက်မှု ဆောင်ရွက်နိုင်ခြင်း မရှိဘဲ တိုင်းပြည် ဆင်းရဲတွင်းနက်ခဲ့ ရတာကို သင်ခန်းစာ ယူကြဖို့ လိုတယ်။

ရဲဘော်တို့

တို့တပ်မတော်ဟာ ဒို့တာဝန် အရေးသုံးပါးကို ကာကွယ် စောင့်ရှောက်ရန်နဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ကာကွယ် စောင့်ရှောက်ရန် အဓိက တာဝန်ရှိသည်ဟု ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၂ဝ (င)နဲ့ (စ) တို့မှာ အတိအလင်း ပြဋ္ဌာန်းထားတယ်။ တို့တပ်မတော်က လူပုဂ္ဂိုလ် တစ်ယောက် အတွက်၊ လူတစ်စု အတွက် တာဝန်ထမ်းဆောင်နေတာမဟုတ်သလို လူမျိုးရေး မုန်းတီးလို့၊ ပုဂ္ဂိုလ်ရေး မုန်းတီးလို့ လက်နက်ကိုင် ပဋိပက္ခတွေကို ချေမှုန်းနေခြင်း မဟုတ်ကြောင်း ပြောကြား လိုတယ်။ မည်သူမဆို တိုင်းပြည်ရဲ့ တည်ငြိမ် အေးချမ်းရေးကို ထိပါး နှောင့်ယှက်မယ်၊ တိုင်းပြည်ရဲ့ လွတ်လပ်ရေးနဲ့ အချုပ်အခြာ အာဏာကို ထိပါးမယ်၊ ပြည်ထောင်စု ပြိုကွဲစေမယ်၊ တိုင်းရင်းသား ချစ်ကြည် စည်းလုံးမှုကို ပြိုကွဲစေမယ်၊ ဒေသရဲ့တည်ငြိမ် အေးချမ်းမှုကို ထိပါးစေမယ့် စုဖွဲ့မှု၊ လုပ်ဆောင်မှုတွေ ပြုလုပ်မယ်ဆိုရင် ဒို့တာဝန် အရေးသုံးပါးကို ဦးထိပ် ပန်ဆင်ထားတဲ့ တို့တပ်မတော်က ကာကွယ်သွားမှာပဲ ဖြစ်တယ်။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့်အညီ ခံစားခွင့်များ ရရှိရေးနှင့်  လိုက်နာ ဆောင်ရွက်နိုင်ရေး အတွက် တပ်မတော်သားတိုင်းက တိုင်းသူပြည်သား များနဲ့ အတူ ထိန်းသိမ်း ဆောင်ရွက်သွား ရမှာဖြစ်တယ်။

နိုင်ငံတစ်ရပ် ဖွံ့ဖြိုးတိုးတက်မှု အတွက် တည်ငြိမ် အေးချမ်းရေးဟာ မရှိမဖြစ် လိုအပ်တယ်။ နိုင်ငံတော် ဖွံ့ဖြိုးရေး တွေကို အရှိန်အဟုန်နဲ့ ဆောင်ရွက်နိုင်အောင် အစိုးရကလည်း ငြိမ်းချမ်းရေးကို လိုလားသလို နိုင်ငံတော် ကာကွယ်ရေးမှာ အသက်ခန္ဓာတွေပေးအပ်ပြီး ထမ်းဆောင် နေကြရတဲ့ တပ်မတော် အနေနဲ့လည်း ငြိမ်းချမ်းရေးကို ပိုပြီးဖြစ်ပေါ် စေချင်တယ်။ နှစ်ဖက် ငြိမ်းချမ်းရေး ရဖို့ကိစ္စကို တစ်ဖက်ကဘဲ ဆောင်ရွက်လို့ မရနိုင်တာ ဖြစ်လို့ နိုင်ငံတော်နဲ့ တပ်မတော်ရဲ့ စိတ်ရင်း စေတနာမှန်နဲ့ ဖိတ်ခေါ် ကမ်းလှမ်းထားတဲ့ ငြိမ်းချမ်းရေး စားပွဲဆီ လာရောက်မယ် ဆိုရင် ကျန်ရှိနေသေးတဲ့ လက်နက်ကိုင် အဖွဲ့နဲ့ ပဋိပက္ခတွေပြေလည်ပြီး တစ်နိုင်ငံလုံး ငြိမ်းချမ်းရေးဟာ မလွဲမသွေ ဖြစ်ထွန်း ပေါ်ပေါက်လာမှာ ဖြစ်တယ်။ ဒီနေရာမှာ ဒို့တာဝန် အရေးသုံးပါးကို ထိန်းသိမ်း စောင့်ရှောက်ပြီး စုစည်း ညီညွတ်တဲ့ ပြည်ထောင်စုကြီး ဖြစ်စေရေးအတွက် ရိုးသားမှု၊ ကတိတည်မှုနဲ့၊ တိုင်းရင်းသား ပြည်သူလူထု အားလုံးအပေါ် စိတ်ကောင်း စေတနာ ကောင်းထားရှိဖို့ လိုအပ်ကြောင်း ပြောကြား လိုတယ်။

ရဲဘော်တို့

တို့တပ်မတော် စတင် ဖွဲ့စည်းကတည်းက လွတ်လပ်ရေးသည် ပထမ၊ လွတ်လပ်ရေးသည် ဒုတိယ၊ လွတ်လပ်ရေးသည် တတိယဆိုပြီး နိုင်ငံတော် လွတ်လပ်ရေး အတွက် အဓိက တိုက်ပွဲဝင် ခဲ့ကြတယ်။ တပ်မတော်သည် နိုင်ငံတော် အတွက် ဖြစ်ရမယ် ဆိုတဲ့ တိုင်းပြည် ချစ်စိတ်၊ နိုင်ငံချစ်စိတ်နဲ့ ဆောင်ရွက်ခဲ့ကြတာ ဖြစ်တယ်။

နိုင်ငံတော်ဟာ ဘယ်အချိန်ကမှ တပ်မတော်အတွက် မဖြစ်ခဲ့သလို နောင်လည်း ဘယ်တော့မှ ဖြစ်မှာ မဟုတ်ကြောင်း ပြောကြားလိုတယ်။ နိုင်ငံတော်ရဲ့ လိုအပ်ချက်အရ တပ်မတော်က နိုင်ငံတော် တာဝန်ယူခဲ့ရချိန်မှာ နိုင်ငံတော် ဖွံ့ဖြိုး တိုးတက်ရေးကို အလေးထား ဆောင်ရွက်ခဲ့ပြီး နိုင်ငံတော်ကို ဒီမိုကရေစီ အုပ်ချုပ်ရေး လမ်းကြောင်းပေါ် ပို့ဆောင် ပေးခဲ့တယ်။ ယခုအခါမှာ ဒီမိုကရေစီ အုပ်ချုပ်ရေး လမ်းကြောင်းပေါ်မှာ နိုင်ငံတော် အစိုးရ၊ လွှတ်တော် အသီးသီးတို့ရဲ့ ဦးဆောင်မှုနဲ့ လျှောက်လှမ်းခဲ့တာ ၂ နှစ် သက်တမ်း ရှိပြီ ဖြစ်တယ်။ အင်မတန် နုနယ်တဲ့ ကာလအတွင်း နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး ဆိုင်ရာ ပြုပြင် ပြောင်းလဲမှုများ ကြိုးစား ပြုလုပ်ခဲ့တာက စတင် ရရှိလာတဲ့ အကျိုးရလဒ်များနဲ့ အတူ တည်ငြိမ် အေးချမ်းရေးနဲ့ ဖွံ့ဖြိုးရေး လုပ်ငန်းများ လုပ်ဆောင် နေကြပြီ ဖြစ်တယ်။ မိမိတို့ လိုလားတဲ့ ဒီမိုကရေစီ အုပ်ချုပ်ရေး လမ်းကြောင်း ပေါ်မှာ ခိုင်ခိုင်မာမာ ဖြစ်စေဖို့ များစွာကြိုးစားပြီး ဆက်လက် လုပ်ဆောင် သွားကြရမယ်။ ဒီမိုကရေစီဆိုတာ ဥပဒေဘောင် အတွင်းမှာ စည်းကမ်းနဲ့အညီ လွတ်လပ်စွာ လုပ်ကိုင် ဆောင်ရွက်ခြင်း ဖြစ်တယ်။ ဒီမိုကရေစီစနစ်နဲ့ ချီတက်ရာမှာ တပ်မတော်အပါအဝင် ပြည်သူ တစ်ရပ်လုံး စည်းကမ်းရှိကြဖို့၊ ဥပဒေကို လေးစား လိုက်နာကြဖို့ အရေးကြီးတယ်။ တို့တပ်မတော် အနေနဲ့ စည်းကမ်း ပြည့်ဝတဲ့ ဒီမိုကရေစီနိုင်ငံ ပေါ်ထွန်းရေးကို လိုလားတယ်။ စည်းကမ်း ပြည့်ဝတဲ့ ဒီမိုကရေစီ စနစ် မှန်ကန်စွာ ရှင်သန် ဖွံ့ဖြိုးလာရင် ဒီအသီးအပွင့်တွေကို ပြည်သူ ပြည်သားတွေနဲ့ အတူ တို့တပ်မတော် သားတွေလည်း ခံစားကြရမှာ ဖြစ်တယ်။ ဒီမိုကရေစီစနစ် တည်ငြိမ်ရင့်ကျက်မှု မရှိသေးမီမှာ ယခင်အတိတ် သမိုင်းကြောင်းကလို အဖြစ်မျိုးတွေ ဖြစ်ပြီး  တိုင်းပြည် ထိခိုက်နစ်နာ ဆုံးရှုံးရတာတွေ မဖြစ်ဖို့ အရေးကြီးတယ်။ တို့တပ်မတော် အနေနဲ့ ဒီကနေ့မှာ ပြည်သူလူထုက ရွေးချယ် တင်မြှောက်ထားတဲ့ သမ္မတကြီး ဦးဆောင်တဲ့ အစိုးရရဲ့ နိုင်ငံတော် ထာဝရ တည်ငြိမ် အေးချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်မှာ တာဝန်ကျရာ အခန်းကဏ္ဍ ကနေ တက်ကြွစွာ ပါဝင် ပူးပေါင်း ဆောင်ရွက်လျက် ရှိတယ်။ တပ်မတော်ဟာ နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုး တိုးတက်ရေးကို  ဒီမိုကရေစီ ကျင့်စဉ် များနဲ့အညီ ဆောင်ရွက်သွားမှာ ဖြစ်တယ်။ တည်ငြိမ် အေးချမ်းမှ ဖွံ့ဖြိုး တိုးတက်မည်၊ စည်းလုံး ညီညွတ်စွာဖြင့် အလုပ်လုပ်မှ ဖွံ့ဖြိုးတိုးတက်မည်၊ စည်းကမ်းရှိမှ ဖွံ့ဖြိုးတိုးတက်မည် ဆိုတဲ့အတိုင်း ရဲဘော်တို့အားလုံး တို့နိုင်ငံတော်ကြီး ဖွံ့ဖြိုးတိုးတက်ရေး အတွက် တက်ညီလက်ညီ လုပ်ဆောင် သွားဖို့ မှာကြားလိုတယ်။

 
ရဲဘော်တို့

နိုင်ငံတော်ကို ကာကွယ် စောင့်ရှောက်နေတဲ့ တို့တပ်မတော်ရဲ့ သမိုင်းကြောင်းဟာ အလွန်တရာ ကြီးမားလှတဲ့ အစဉ်အလာ ကောင်းတွေနဲ့ ပြည့်စုံနေတယ်။ ဒီအစဉ်အလာ တွေဟာ မိမိကိုယ်ကျိုးကို ပဓာနမထားဘဲ တိုင်းချစ်ပြည်ချစ် စိတ်ဓာတ်၊ နိုင်ငံနဲ့ လူမျိုးအတွက် စွန့်လွှတ် အနစ်နာခံရဲတဲ့ စိတ်ဓာတ်တွေ ပေါ်မှာ အခြေခံပြီး ပေါက်ဖွားလာတဲ့ အစဉ်အလာတွေ ဖြစ်တယ်။ ဒါ့အပြင် တို့တပ်မတော်ဟာ နယ်ဘက်ဆိုင်ရာ ဥပဒေစည်းမျဉ်း စည်းကမ်းတွေ၊ တပ်မတော်ရဲ့ ဥပဒေ၊ စည်းမျဉ်း စည်းကမ်းတွေ သာမက ဂျီနီဗာ ကွန်ဗင်းရှင်း ကိုပါ အထူး လိုက်နာတဲ့ တပ်မတော်တစ်ရပ် ဖြစ်တယ်။ တို့တပ်မတော် သားတွေကို ဂျီနီဗာ ကွန်ဗင်းရှင်းနဲ့ ပတ်သက်ပြီး သိရှိလိုက်နာဖို့လည်း လေ့ကျင့် သင်ကြားပေးလျက် ရှိတာကြောင့် တို့တပ်မတော်ဟာ ဘယ်လို စစ်ရာဇဝတ်မှုတွေကိုမျှ မကျူးလွန်သလို စည်းကမ်း ဖောက်ဖျက် ကျူးလွန်တဲ့ စစ်သည်တွေကိုလည်း တပ်မတော် စည်းမျဉ်း ဥပဒေများနဲ့ အညီ ထိရောက်စွာ အရေးယူ ခဲ့တယ်။ နိုင်ငံတော် ကာကွယ်ရေး အတွက် တာဝန် ထမ်းဆောင် နေချိန်မှာ ဘယ်တိုင်းရင်းသား လူမျိုးအပေါ်မှ မုန်းတီးစိတ်နဲ့ ဆောင်ရွက်ခြင်း မရှိဘဲ လက်နက်ကိုင် ပဋိပက္ခ ဖော်ဆောင်သူတွေ ကိုသာ တိုက်ခိုက် နေတာဖြစ်လို့  လူမျိုးတုံး သတ်ဖြတ်မှု (Genocide) ဆိုတာ တို့တပ်မတော်ရဲ့ သမိုင်းကြောင်းမှာ လုံးဝမရှိ ကြောင်း ပြောကြား လိုတယ်။

ရဲဘော်တို့

ဒုတိယ ကမ္ဘာစစ် နောက်ပိုင်း ကမ္ဘာ့ကုလသမဂ္ဂ ပေါ်ပေါက်ခဲ့ပြီး ကမ္ဘာ့ ငြိမ်းချမ်းရေးကို အလေးထား ဆောင်ရွက် နေသလို ၂၁ ရာစုမှာ ကမ္ဘာ့ပြည်သူ အများစုဟာ တရားမျှတမှု၊ ငြိမ်းချမ်း သာယာရေးနဲ့ ဖွံ့ဖြိုး တိုးတက်မှုကို ပိုမို လိုလားခဲ့ကြတယ်။ ကမ္ဘာ့ပြည်သူများဟာ  စစ်ကို မလိုလား ခဲ့ကြပေမယ့် ကမ္ဘာ့နေရာ ဒေသအချို့မှာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ပြဿနာများကို ကောင်းစွာဖြေရှင်းနိုင်မှု မရှိကြလို့ စစ်ပွဲတွေကို ရှောင်လွှဲ မရနိုင်ဘဲ ဒေသတွင်း စစ်ပွဲများ ဖြစ်ပွားလျက် ရှိတာကို တွေ့ကြရမှာဖြစ်တယ်။ ကမ္ဘာ့အင်အားကြီး နိုင်ငံ အချို့ဟာ အခြားနိုင်ငံများ အပေါ် အကြောင်းပြချက် အမျိုးမျိုး အဖုံဖုံနဲ့ ထိန်းချုပ်မှုများ လုပ်ဆောင်ခြင်း၊ သံသယရှိသည့် နယ်မြေများတွင် အင်အား ဖြန့်ကြက် ချထားခြင်း၊ ကမ္ဘာ့လုံခြုံရေး အကြောင်းပြချက်ဖြင့် ထိန်းချုပ်မှု၊ ဟန့်တားမှု၊ အင်အား ထုတ်ဖော် ပြသမှုများ ပြုလုပ်လာ ကြတယ်။ တစ်နိုင်ငံနှင့် တစ်နိုင်ငံ ယုံကြည်မှု မရှိသည့် နိုင်ငံများက မိမိနိုင်ငံ လုံခြုံရေး၊ ခုခံ ကာကွယ်ရေးနဲ့ စစ်ကိုတားဆီးနိုင်ရေး အတွက် ပြင်ဆင် နေကြတာကိုလည်း တွေ့ကြရမှာ ဖြစ်တယ်။ ကမ္ဘာတည်သရွေ့ အမိ မြန်မာနိုင်ငံ၏ ဒို့တာဝန် အရေး(၃)ပါး တည်တံ့ခိုင်မြဲရေး၊ နိုင်ငံတော်ရဲ့ မြေထု၊ ရေထု၊ လေထုတွေ အထိပါး အဆုံးရှုံး မခံရရေး၊ တိုင်းရင်းသား ပြည်သူ အပေါင်းရဲ့ အသက်အိုးအိမ် စည်းစိမ် တွေကို ထိရောက်စွာ ကာကွယ် ပေးနိုင်ရေး အတွက် တို့တပ်မတော်ကို စွမ်းရည် ထက်မြက်တဲ့ ခေတ်မီ မျိုးချစ် တပ်မတော် တစ်ရပ်ဖြစ်အောင် တည်ဆောက်ကြ ရမယ်။ နိုင်ငံတော်ရဲ့ ရှည်လျားတဲ့ ပင်လယ် ကမ်းရိုးတန်း ကာကွယ်ရေး အတွက် ရေတပ်အင်အား တောင့်တင်းရမှာဖြစ်သလို နိုင်ငံတော်ရဲ့ မြောက်ဘက် ထိပ်ဖျားကနေ တောင်ဘက်စွန်း အထိ  ကျယ်ဝန်းလှတဲ့ ပိုင်နက်နယ်မြေကို ကောင်းစွာ ကာကွယ် နိုင်အောင် ထက်မြက်တဲ့ လေတပ်အင်အား တစ်ရပ်လည်း လိုအပ်တယ်။ ၁၉၄၇ ခုနှစ် ဇွန်လ ၁၆ ရက်နေ့မှာ ကျင်းပတဲ့ တိုင်းပြုပြည်ပြု လွှတ်တော် အစည်းအဝေးမှာ ဒို့တပ်မတော် ဖခင် ဗိုလ်ချုပ် အောင်ဆန်းက မြန်မာနိုင်ငံ ကာကွယ်ရေး အတွက် '' လေတပ်ဟာ first line airplane အဖျင်းဆုံး ၅ဝဝ ရှိရမယ်၊ စစ်တိုက်တဲ့ ချိန်မျိုးမှာ လူတစ်သန်း စစ်အင်အား ရှိရမယ်၊ ဟိုနေရာက မထိတထိစတာ၊ ဒီနေရာက မထိတထိ စတာကိုလည်း ပြန်ပြီး လုပ်ရဲရမယ်၊ လုပ်နိုင်ရမယ်'' လို့ ပြောကြား ခဲ့တာ တွေ့ကြရမှာ ဖြစ်တယ်။ လွန်ခဲ့တဲ့ နှစ် ၇ဝ ကျော်က ဗိုလ်ချုပ်အောင်ဆန်း ကြိုတင် မျှော်မှန်းခဲ့တဲ့ နိုင်ငံတော် ကာကွယ်ရေး အတွက် အင်အား တောင့်တင်းတဲ့ တပ်မတော် ဖြစ်အောင် ကြိုးပမ်းကြရမှာ ဖြစ်သလို နိုင်ငံတော်ရဲ့ မြေထု၊ ရေထု၊ လေထုတွေကို ကောင်းစွာ ကာကွယ်နိုင်ဖို့  ကြည်း၊ ရေ၊ လေ တပ်ပေါင်းစု အားလုံး ခေတ်မီရေး၊ အစွမ်းထက်ရေးကို ခေတ်နှင့်အညီ အမီ လိုက်နိုင်အောင် တည်ဆောက် အကောင်အထည်ဖော် ဆောင်ရွက် ကြရမှာ ဖြစ်တယ်။ စုစည်းညီညွတ်တဲ့ ပြည်ထောင်စု ကြီးကိုလည်း တည်ဆောက် ကြရမယ်။ တပ်မတော် စွမ်းရည် ထက်မြက်ရေး အတွက်  ဆောင်ရွက်ရာမှာ တပ်မတော်ရဲ့ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုး တိုးတက်ရေးကို အလေးထား ဆောင်ရွက် ကြရမှာဖြစ်တယ်။ နည်းပညာတွေ ကောင်းစွာ တတ်ကျွမ်းရေးနဲ့ နည်းပညာမြင့် ခေတ်မီ စစ်လက်နက် ပစ္စည်း ကိရိယာများ ကျွမ်းကျင်စွာ ကိုင်တွယ်နိုင်ရေး အတွက် စစ်သည်များရဲ့ ပညာရည် မြင့်မားဖို့ လိုအပ်တယ်။ တပ်မတော် စွမ်းရည် မြင့်မားရေးအတွက် လေ့ကျင့်ရေးကိုလည်း အလေးအနက်ထား ဆောင်ရွက်ကြရမှာ ဖြစ်တယ်။ ခေတ်မီ လေ့ကျင့်ရေး သင်ထောက်ကူ ပစ္စည်းတွေ၊ ခေတ်မီ လေ့ကျင့်ရေး နည်းနာတွေနဲ့ စနစ်တကျ လေ့ကျင့်မှု တွေကို အမြဲမပြတ် ဆောင်ရွက် ကြမှသာလျှင် ခေတ်မီ စစ်လက်နက်ပစ္စည်း ကိရိယာတွေနဲ့နည်းစနစ်တွေ၊ နည်းဗျူဟာတွေကို ကျွမ်းကျင်ပိုင်နိုင်စွာ တတ်မြောက်ပြီး တပ်မတော်ရဲ့ စွမ်းရည် ထက်မြက်လာမှာ ဖြစ်တယ်။ စိတ်ပိုင်းဆိုင်ရာတွေ ဖြစ်တဲ့ စိတ်ဓာတ် ခိုင်မာရေး၊ စည်းကမ်း ကောင်းမွန်ရေး၊ သစ္စာရှိရေး၊ စည်းလုံး ညီညွတ်ရေးနဲ့ စွမ်းရည်သုံးရပ် ပြည့်ဝစေရေးတို့ အတွက် လေ့ကျင့်ရေး၊ အုပ်ချုပ်ရေး၊ သက်သာ ချောင်ချိရေး၊ စိတ်ဓာတ် စတဲ့ တပ်တည်ဆောက်ရေး လုပ်ငန်းကြီး (၄)ရပ်နဲ့ အမြဲမပြတ် အလေးထား ဆောင်ရွက် နေကြဖို့ အလေးအနက် မှာကြားလိုတယ်။

ရဲဘော်တို့

နိုင်ငံတော်တစ်ရပ် လွတ်လပ်ခိုင်မာစွာ ရပ်တည်နိုင်ဖို့ ဆိုရင် နိုင်ငံရေးစွမ်းအား၊ စီးပွားရေး စွမ်းအား၊ ကာကွယ်ရေး စွမ်းအားတွေ အားကောင်း ခိုင်မာဖို့ လိုတယ်။ နိုင်ငံတော် တစ်ရပ်အတွက် အရေးကြီးလှတဲ့ စွမ်းရည်သုံးရပ် တောင့်တင်းအောင် ဆောင်ရွက်ရေးဟာ တိုင်းပြည်ချစ်စိတ် ရှိသူတိုင်း၊ အမျိုးသားရေး စိတ်ရှိသူတိုင်းရဲ့ တာဝန် ဖြစ်တယ်။ ကာကွယ်ရေး စွမ်းအား ထက်မြက် ခိုင်မာရေးအတွက် တပ်မတော်မှာ တာဝန်ရှိတယ်။ တို့တပ်မတော်ကို စွမ်းရည် ထက်မြက် မြင့်မားတဲ့ Standard Army ဖြစ်အောင် တည်ဆောက်ရေးမှာ ရဲဘော်တို့လည်း တာဝန်ရှိကြောင်း ပြောကြား လိုတယ်။

၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ ၄၂ မှာ နိုင်ငံတော် သည် မည်သည့်နိုင်ငံကိုမျှ စတင်ကျူးကျော် တိုက်ခိုက်ခြင်းမပြု၊ နိုင်ငံတော်အတွင်း မည်သည့်နိုင်ငံခြားတပ်ဖွဲ့ကိုမျှ တပ်ချ ခွင့်မပြုလို့ ချမှတ်ထားတာနဲ့အညီ နိုင်ငံတော်ရဲ့ ကာကွယ်ရေး မူဝါဒမှာ ဒို့တာဝန် အရေးသုံးပါးကို ကာကွယ်ရန်၊ ပြည်သူ့ စစ်မဟာ ဗျူဟာဖြင့် နိုင်ငံတော် ကာကွယ်ရေး ဖော်ဆောင်ရန်၊ ပြည်ပနိုင်ငံများမှ နည်းမျိုးစုံဖြင့် စွက်ဖက် ကျူးကျော်မှုများကို ကာကွယ်ရန် တို့ကို ချမှတ်ဆောင်ရွက် လျက်ရှိတာကြောင့် ပြည်ပ နိုင်ငံများမှ စွက်ဖက် ကျူးကျော်မှုများကို ကောင်းစွာ ကာကွယ်နိုင်ရန် ကာကွယ်ရေး စွမ်းအား မြင့်မားခိုင်မာရေး အတွက် တပ်မတော်နဲ့ အတူ ပြည်ထောင်စုသား အားလုံးမှာ တာဝန်ရှိကြောင်း  ပြောကြားလိုတယ်။ 

 

ရဲဘော်တို့

ဒီကနေ့ ကမ္ဘာ့နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေး အခြေအနေ အရပ်ရပ်ဟာ နေ့စဉ်နဲ့အမျှ လျင်မြန်စွာ ပြောင်းလဲ ဖြစ်ပေါ်နေတယ်။ ဥရောပဒေသမှာ ကြွေးမြီ ပြဿနာတွေနဲ့ စီးပွားရေး ကျဆင်းမှုများ ဖြစ်ပေါ်နေတယ်။ အရှေ့ အလယ်ပိုင်း ဒေသမှာလည်း တစ်နိုင်ငံချင်းစီ ပြဿနာတွေ ရှိနေကြသလို ဒေသတွင်း ပြဿနာ တွေလည်း ဖြစ်ပွားနေတယ်။ အာရှ-ပစိဖိတ် ဒေသမှာလည်း နယ်မြေ ပိုင်ဆိုင်မှု ပြဿနာတွေ ဖြစ်ပွားလျက် ရှိတာကြောင့် ကမ္ဘာ့စီးပွားရေး ကျဆင်းမှု နဲ့အတူ စစ်ရေးနဲ့ နွှယ်တဲ့ ပြဿနာတွေပါ ပေါ်ပေါက် လာနိုင်တယ်။ ဒီပြဿနာတွေဟာ ဒေသတွင်း နိုင်ငံတွေအပေါ် သက်ရောက်မှု ရှိလာနိုင်တာမို့ မိမိနိုင်ငံရဲ့ အကျိုးစီးပွား၊ မိမိနိုင်ငံရဲ့ လုံခြုံရေးကို အလေးထား ဆောင်ရွက် ကြရမှာ ဖြစ်တယ်။ ဒီလိုဆောင်ရွက်နိုင်ဖို့ အတွက် နိုင်ငံတော်အနေနဲ့ လွတ်လပ်၍ တက်ကြွပြီး ဘက်မလိုက်သော နိုင်ငံခြားရေး ဝါဒကို ကျင့်သုံးပြီး နိုင်ငံအချင်းချင်း ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေး မူများနဲ့ အညီ ဒေသတွင်း နိုင်ငံများ၊ ဒေသတွင်း အဖွဲ့အစည်းများ၊ ကမ္ဘာ့နိုင်ငံ အသီးသီးနဲ့ ရင်းနှီး ချစ်ကြည်မှု ပိုမိုရရှိအောင် ဆောင်ရွက်နေတယ်။ တို့နိုင်ငံဟာ အာဆီယံ အဖွဲ့ဝင်နိုင်ငံ ဖြစ်တဲ့အတွက် အာဆီယံရဲ့ မူဝါဒ လုပ်ငန်းစဉ် တွေမှာ ပါဝင် ဆောင်ရွက်လျက် ရှိတယ်။ တို့တပ်မတော် ကလည်း အာဆီယံ ကာကွယ်ရေးနဲ့ လုံခြုံရေး ပူးပေါင်း ဆောင်ရွက်မှု လုပ်ငန်းစဉ် များမှာ ပါဝင် ဆောင်ရွက်လျက် ရှိတယ်။ ဒါကြောင့် အာဆီယံ အဖွဲ့ဝင် နိုင်ငံများနဲ့ အတူ ဒေသတွင်း တည်ငြိမ် အေးချမ်းရေး အတွက် တာဝန်သိသည့် နိုင်ငံတစ်ခု ဖြစ်အောင် ကျေပွန်စွာ ဆောင်ရွက် သွားမှာဖြစ်တယ်။ ၂ဝ၁၃ ခုနှစ်နဲ့ ၂ဝ၁၄ ခုနှစ်များမှာ ဒို့နိုင်ငံဟာ အာဆီယံ ဆိုင်ရာ အစည်းအဝေးနဲ့ အခမ်းအနားများကို အိမ်ရှင်နိုင်ငံ အဖြစ် လက်ခံ ကျင်းပ သွားမှာ ဖြစ်တယ်။ ဒီလိုဆောင်ရွက်မှုတွေ ကနေ မိတ်ဆွေများ တိုးပွားပြီး ချစ်ကြည်ရင်းနှီးမှုမှ တစ်ဆင့် ကာကွယ်ရေး ဆိုင်ရာ သံခင်းတမန်ခင်း နည်းလမ်းနဲ့လည်း ကာကွယ်ရေးတာဝန် များကို ဆောင်ရွက် ကြရမှာ ဖြစ်တယ်။ ဒီလို ဆောင်ရွက်မှုတွေမှာ နိုင်ငံတကာ အဆင့်မီ အရည်အချင်း ပြည့်ဝစွာနဲ့ လုပ်ကိုင်နိုင်အောင် ပြင်ဆင် ဆောင်ရွက် သွားခြင်းဖြင့် နိုင်ငံတော်ရဲ့ဂုဏ်၊ တပ်မတော်ရဲ့ ဂုဏ်ကို မြင့်မား တိုးတက်အောင် ဖော်ဆောင် သွားကြဖို့ မှာကြားလိုတယ်။

ရဲဘော်တို့

တို့တပ်မတော်ဟာ တိုင်းရင်းသား ပြည်သူတွေရဲ့ ရင်နှစ်သည်းချာ များနဲ့ ဖွဲ့စည်းထားတဲ့ ပြည်ထောင်စု တပ်မတော် ဖြစ်တာနဲ့အညီ နိုင်ငံတော် လုံခြုံရေးနဲ့ ကာကွယ်ရေး တာဝန်သာမက နိုင်ငံတော်မှာ ဘေးအန္တရာယ်တွေ ကျရောက်လာတဲ့ အချိန်တိုင်း မှာလည်း ကယ်ဆယ်ရေး လုပ်ငန်းများကို အမြန်ဆုံး ရောက်ရှိ ဆောင်ရွက်ပေး နေသလို ပြန်လည် တည်ဆောက်ရေး လုပ်ငန်း တွေမှာလည်း အားသွန် ခွန်စိုက် ကြိုးပမ်း ဆောင်ရွက် ပေးခဲ့တယ်။ အလားတူ တပ်မတော် နယ်လှည့် ဆေးတပ်ဖွဲ့များဟာ ဖွံ့ဖြိုး တိုးတက်မှု နောက်ကျ ကျန်ခဲ့တဲ့ ဝေးလံ ခေါင်းပါးတဲ့ ဒေသအသီးသီးမှာ ရှိတဲ့ တိုင်းရင်းသား ပြည်သူတွေ ကျန်းမာ ကြံ့ခိုင်စွာ အလုပ်လုပ် ကိုင်နိုင်ရေး အတွက် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းတွေ ကိုလည်း အင်တိုက် အားတိုက် အလေးထား ဆောင်ရွက်ပေးလျက် ရှိသည်။ နိုင်ငံတော်ရဲ့ ဆင်းရဲ နွမ်းပါးမှု လျှော့ချရေး လုပ်ငန်းတွေမှာလည်း ပါဝင် ဆောင်ရွက်လျက် ရှိတယ်။ နိုင်ငံတော်ရဲ့ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတွေမှာလည်း တို့တပ်မတော်သား တွေရဲ့ ကာယအား၊ ဥာဏအားတွေနဲ့ အစွမ်းကုန် ကူညီဆောင်ရွက် ပေးလျက် ရှိတယ်။

တို့နိုင်ငံဟာ ဖွံ့ဖြိုးပြီး နိုင်ငံတစ်ရပ် မဟုတ်လို့  တို့တပ်မတော်ရဲ့ စစ်သည် မိသားစုများရဲ့ လိုအပ်ချက်တွေ ဖြည့်ဆည်း နိုင်ဖို့ တပ်မတော် တပ်ရင်း၊ တပ်ဖွဲ့များက စစ်သည် မိသားစု တွေဟာ စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းတွေကို ကိုယ်တိုင် လုပ်ကိုင် ဆောင်ရွက်လျက် ရှိကြတယ်။ တစ်ပိုင်တစ်နိုင် စိုက်ပျိုး မွေးမြူရေးဟာ မိသားစု တစ်စုချင်း အတွက် သက်သာ ချောင်ချိမှု ရစေပြီး နိုင်ငံတော်မှာ ဝန်ထုပ်ဝန်ပိုး လျော့ကျစေတယ်။ မိသားစု တစ်စုချင်း စိုက်ပျိုး မွေးမြူရေး လုပ်ငန်းတွေ၊ စုပေါင်းစိုက်ပျိုး မွေးမြူရေး လုပ်ငန်းတွေ ဆောင်ရွက်ခြင်းဖြင့် ဒေသကုန် ထုတ်လုပ်မှု တိုးစေခြင်း၊ ဒေသကုန် ဈေးနှုန်း တည်ငြိမ် စေခြင်း စတဲ့အကျိုးများ ရရှိ စေနိုင်တယ်။ ပြည်သူလူထုနဲ့ နိုင်ငံတော်က တပ်မတော် အတွက် တာဝန်ယူရတဲ့ အပိုင်းကိုလည်း လျော့နည်း သက်သာစေတဲ့ အကျိုး ကျေးဇူးတွေ ရရှိတာကြောင့် အခြေအနေ အချိန်အခါ ပေးတဲ့ နေရာ တိုင်းမှာ စနစ်တကျရှိတဲ့ ထိရောက် အောင်မြင်တဲ့ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းတွေကို ပိုမိုတိုးတက် ဖြစ်ထွန်းအောင် ဆောင်ရွက် သွားကြဖို့ အလေးအနက် မှာကြားလိုတယ်။

ရဲဘော်တို့

တို့တပ်မတော်ဟာ နိုင်ငံတော် ကာကွယ်ရေး တာဝန်၊ လေ့ကျင့်ရေး တာဝန်၊ ပြည်သူ့ အကျိုးပြု လုပ်ငန်းတာဝန် စတဲ့ အဓိက တာဝန်သုံးရပ်ကို တစ်ချိန်တည်း တစ်ပြိုင်တည်း လုပ်ဆောင် နေတယ်။ ဒီတာဝန်တွေကို ကျေပွန်စွာ ထမ်းဆောင်နိုင်ဖို့ အမြဲတမ်း လေ့ကျင့် နေကြရမယ်၊ အမြဲတမ်း စစ်ရေးသတိ ရှိကြရမယ်၊ အမြဲတမ်း တိုက်ပွဲဝင် အသင့်ဖြစ်အောင် ဆောင်ရွက် နေကြရမှာ ဖြစ်တယ်။  စစ်မြေပြင်မှာ လက်တွေ့ တိုက်ပွဲဝင်ရာမှာတော့ ရဲရဲတက်၊ ရဲရဲတိုက်၊ ရဲရဲချေမှုန်း ဆိုတဲ့ တိုက်ပွဲဝင် စိတ်ဓာတ်၊ လှေခွက်ချည်းကျန် အလံမလှဲသည့် စိတ်ဓာတ်၊ တုံးတိုက်တိုက် ကျားကိုက်ကိုက် စိတ်ဓာတ်၊ တပ်မတော် အစဉ်အလာကို အသက်ပေး စောင့်ရှောက်လိုသည့် စိတ်ဓာတ်တွေနဲ့ တိုက်ပွဲဝင် သွားကြဖို့ မှာကြားလိုတယ်။

ရဲဘော်တို့

နိဂုံးချုပ် အနေနဲ့ မှာကြား လိုတာကတော့ သမိုင်းအစဉ်အလာ ကောင်းများနဲ့ ပြည့်စုံတဲ့ ပြည်ထောင်စု တပ်မတော် ဖြစ်တာနဲ့ အညီ  (၆၈) နှစ်မြောက် တပ်မတော်နေ့ ဦးတည်ချက်များ ဖြစ်တဲ့-

          (က)   နိုင်ငံတော်၏ အမျိုးသားရေး မူဝါဒ ဖြစ်သော ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံး ညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ ခိုင်မြဲရေး ဟူသော ဒို့တာဝန် အရေးသုံးပါးကို ကာကွယ် စောင့်ရှောက်ရေး။

     (ခ) ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့်အညီ နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေး ဦးဆောင်မှု အခန်း ကဏ္ဍတွင် တိုင်းရင်းသား ပြည်သူတို့နှင့် အတူ လက်တွဲ၍ စစ်မှန်သော မျိုးချစ် စိတ်ဓာတ်ဖြစ်သည့် ပြည်ထောင်စု စိတ်ဓာတ်ဖြင့် ပါဝင် ထမ်းဆောင်ရေး။

          (ဂ)  ပြည်တွင်း၊ ပြည်ပ အဖျက်သမားများ၏ အန္တရာယ် မှန်သမျှကို နိုင်ငံတော် စွမ်းအား၊ ပြည်သူ့စွမ်းအား၊ တပ်မတော် စွမ်းအားတို့ဖြင့် ပူးပေါင်းကာကွယ် တိုက်ဖျက်ရေး။

     (ဃ) နိုင်ငံတော်၏ လုံခြုံရေးနှင့် အချုပ်အခြာ အာဏာ တည်တံ့ ခိုင်မြဲရေးကို ကာကွယ် စောင့်ရှောက်ရန် အင်အား တောင့်တင်းပြီး စွမ်းရည် ထက်မြက်သော ခေတ်မီ မျိုးချစ် တပ်မတော် ဖြစ်ပေါ်လာစေရေး။

စတာတွေကို အလေးထား ထမ်းရွက်သွားကြဖို့ မှာကြားရင်း နိဂုံး ချုပ်လိုက်တယ်။


မြ၀တီ

ရဲဘော်တို့

ဒီနေ့ဟာ တို့တပ်မတော်က ပြည်သူလူထုနဲ့ လက်တွဲပြီး ဖက်ဆစ်တို့ကို တွန်းလှန်ခဲ့တဲ့ (၆၈) နှစ်မြောက် တပ်မတော်နေ့ ဖြစ်တယ်။

၆၈ နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့ အခမ်းအနားအား ၂၀၁၃ ခုနှစ် မတ်လ ၂၇ ရက်နေ့ ၁၀ နာရီ ခွဲ အချိန်တွင် ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ ရွှေဂုံတိုင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွင် ပြုလုပ်ရာ အဖွဲ့ချုပ်ခေါင်း ဆောင်များက ကျဆုံးလေပြီးသော အာဇာနည် ခေါင်းဆောင်များအား အလေးပြုနေစဉ်။



Photo: ၆၈ နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့ အခမ်းအနားအား ၂၀၁၃ ခုနှစ် မတ်လ ၂၇ ရက်နေ့ ၁၀ နာရီ ခွဲ အချိန်တွင် ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊
ရွှေဂုံတိုင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွင် ပြုလုပ်ရာ အဖွဲ့ချုပ်ခေါင်း
ဆောင်များက ကျဆုံးလေပြီးသော အာဇာနည် ခေါင်းဆောင်များအား
အလေးပြုနေစဉ်။ 

ဓာတ်ပုံ - စောဇင်ညီ
မဇ္ဈိမ
ဓာတ်ပုံ - စောဇင်ညီ
မဇ္ဈိမ

နေပြည်တော် တော်လှန်ရေးနေ့၊ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်


 Photo: နေပြည်တော် တော်လှန်ရေးနေ့၊ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်
Wednesday, March 27, 2013

ယနေ့ မတ်လ ၂၇ ရက်၊ နေပြည်တော်မှာ ကျင်းပတဲ့ ၆၈ နှစ်မြောက် တ်ာလှန်ရေးနေ့ ( တပ်မတော်နေ့)ကို တိုက်ရိုက် ထုတ်လွှင့် ပြသပြီး ထူးခြားမှု တခုမြင်ကွင်းအဖြစ်နဲ့ မြင်တွေ့လိုက်ရတာကတော့ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ လွှတ်တော်ရေးရာ ဥက္ကဋ္ဌအနေနဲ့ အထူး ဧည့်သည်တော် နေရာမှာ တွေ့မြင် လိုက်ရတာပါဘဲ။

ဒီနှစ် ကျင်းပတဲ့ တော်လှန်ရေးနေ့(တပ်မတော်နေ့)ကို ဒေါ်အောင်ဆန်း
စုကြည် တက်ရောက်တာဟာ ပထမဆုံး အကြိမ်ဖြစ်ပါတယ်။

အခမ်းအနားမှာ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တို့တာဝန်အရေး ၃ ပါး ကားကွယ်ရေး၊ ဖွဲ့စည်းပုံနဲ့အညီ အမျိုးသားနိုင်ငံရေး ဦးဆောင်မှု ကဏ္ဍမှာ ပြည်သူနဲ့ လက်တွဲပြီး ပါဝင်ရေ။၊ ပြည်တွင်း၊ ပြည်ပရန် ပူးပေါင်းကာကွယ်ရေး၊ နိုင်ငံတော်ရဲ့ အချုပ်အချာ တည့်တံ့ခိုင်မြဲရေးနဲ့ စွမ်းရည်ထက်မြက်တဲ့ ခေတ်မီမျိုးချစ် တပ်မတော်ဖြစ်ရေးတို့အတွက် ဦးတည်
လုပ်ဆောင်ချက်တွေကို အလေးထားပြီး မိန့်ခွန်းပြောကြားသွားပါတယ်။
စစ်ရေးပြအခမ်းအနားမှာတော့ ဂုဏ်ပြုတပ်ဖွဲ့ရဲ့ ချီတက်အလေးပြုမှုမှာ
တပါတည်း စစ်လက်နက်အသစ် အဆန်းတချို့ကိုလည်း ထုတ်ပြသွား
ပါတယ်။
ယနေ့ မတ်လ ၂၇ ရက်၊ နေပြည်တော်မှာ ကျင်းပတဲ့ ၆၈ နှစ်မြောက် တ်ာလှန်ရေးနေ့ ( တပ်မတော်နေ့)ကို တိုက်ရိုက် ထုတ်လွှင့် ပြသပြီး ထူးခြားမှု တခုမြင်ကွင်းအဖြစ်နဲ့ မြင်တွေ့လိုက်ရတာကတော့ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ လွှတ်တော်ရေးရာ ဥက္ကဋ္ဌအနေနဲ့ အထူးဧည့် သည်တော် နေ ရာ မှာ တွေ့မြင် လိုက်ရတာပါဘဲ။

၆ ၈နှ စ်မြောက် တပ်မတော်နေ့ အခမ်း အနား တပ်ချုပ်မိန့်ခွန်း




Photo: ဒို့တပ်မတော် စတင်ဖွဲ့စည်းစဉ်ကထဲက တပ်မတော်သည် နိုင်ငံတော်အ
တွက် ဖြစ်ရမယ်ဆိုတဲ့ တိုင်းပြည်ချစ်စိတ်၊ နိုင်ငံချစ်စိတ်နဲ့ ဆောင်ရွက်ခဲ့ကြ
တာဖြစ်တယ်။

နိုင်ငံတော်ဟာ ဘယ်အချိန်ကမှ တပ်မတော်အတွက် မဖြစ်ခဲ့သလို နောင်
လည်း ဘယ်တော့မှ ဖြစ်မှာ မဟုတ်ဘူး။ ××

မည်သူမဆို တိုင်းပြည်ရဲ့ တည်ငြိမ်အေးချမ်းရေးကို ထိပါးနှောင့်ယှက်မယ်၊ တိုင်းပြည်ရဲ့ လွတ်လပ်ရေးနဲ့ အချုပ်အခြာအာဏာကို ထိပါးမယ်။

ပြည်ထောင်စုပြိုကွဲစေမယ်၊ တိုင်းရင်းသား ချစ်ကြည်စည်းလုံးမှုကို ပြို
ကွဲစေမယ်၊ ဒေသရဲ့ တည်ငြိမ်အေးချမ်းမှုကို ထိပါးစေမယ့် လုပ်ဆောင်
မှု တွေကို ပြုလုပ်မယ်ဆိုရင် ဒို့တာဝန်အရေးသုံးပါးကို ဦးထိပ်ပန်ဆင်
ထားတဲ့ ဒို့ တပ်မတော်က ကာကွယ်သွားမှာပဲဖြစ်တယ်။ ×××

ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ခံစားခွင့်များရရှိရေးနဲ့ လိုက်နာဆောင်
ရွက်နိုင်ရေးအတွက် တပ်မတော်သားတိုင်းက တိုင်းသူပြည်သားများနဲ့ 
အတူ ထိန်းသိမ်းဆောင်ရွက်သွားမှာဖြစ်တယ်။××

နိုင်ငံတော်ကာကွယ်ရေးမှာ အသက်ခန္ဓာတွေကိုပေးအပ်ပြီး ထမ်းဆောင်နေကြရတဲ့ တပ်မတော်က လည်း ငြိမ်းချမ်းရေး
ကို ပိုပြီး ဖြစ်ပေါ်စေချင်ပါတယ်။××

မိမိတို့ လိုလားတဲ့ဒီမိုကရေစီအုပ်ချုပ်ရေးလမ်းကြောင်းပေါ်မှာ ခိုင်ခိုင်မာမာ ဖြစ်စေဖို့ များစွာကြိုးစားပြီး ဆက်လက်လုပ်ဆောင်
သွားကြရမယ်။ ×× ဒို့တပ်မတော် အနေနဲ့ စည်းကမ်း ပြည့်ဝတဲ့ ဒီမိုကရေစီနိုင်ငံပေါ်ထွန်းရေးကို လိုလားတယ်။ စည်းကမ်းပြည့်ဝ 
တဲ့ ဒီမိုကရေစီ စနစ်မှန်ကန်စွာရှင်သန်ဖွံ့ဖြိုးလာရင် ဒီအသီးအပွင့်
တွေကို ပြည်သူပြည်သား တွေနဲ့ အတူ ဒို့တပ်မတော်သားတွေ
လည်း ခံစားကြရမှာဖြစ်တယ်။ ×××

ဒို့တပ်မတော်အနေနဲ့ ဒီကနေ့မှာ ပြည်သူလူထုက ရွေးချယ်တင်
မြှောက်ထားတဲ့ သမ္မတကြီး ဦးဆောင်တဲ့ အစိုးရရဲ့ နိုင်ငံတော်ထာဝ
ရတည်ငြိမ်းအေးချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်မှာ တာဝန်
ကျရာအခန်းကဏ္ဍကနေ တက်ကြွစွာပါဝင်ပူးပေါင်းဆောင်ရွက်လျှက်
ရှိတယ်။ ××

ဒို့တပ်မတော်သားတွေကို ဂျီနီဗာကွန်ဗင်းရှင်းနဲ့ ပတ်သက်ပြီး သိရှိလိုက်နာဖို့ လေ့ကျင့် သင်ကြားပေးလျှက် ရှိတာကြောင့် ဒို့တပ်မတော်ဟာ ဘယ်လို စစ်ရာဇ၀တ်မှုကိုမျှ မကျူးလွန်သလို စည်းကမ်းဖောက်ဖျက်ကျူးလွန်တဲ့ စစ်သည်တွေကိုလည်း တပ်မ
တော် စည်းမျဉ်း ဥပဒေနဲ့ အညီ ထိရောက်စွာအရေးယူတယ်။××× 

လူမျိုးတုံးသတ်ဖြတ်မှု ( Genocide ) ဆိုတာ ဒို့တပ်မတော်ရဲ့ သမိုင်းကြောင်းမှာ လုံးဝမရှိကြောင်း ပြောကြားလိုတယ်။ ××

လွန်ခဲ့တဲ့ နှစ်ခုနှစ်ဆယ်ကျော်က ဗိုလ်ချုပ်အောင်ဆန်း ကြိုတင်မျှော်မှန်းခဲ့တဲ့ နိုင်ငံတော်ကာကွယ်ရေး အတွက် အင်အားတောင့်တင်းတဲ့တပ်မတော်ဖြစ်
အောင် ကြိုးပမ်းရမယ်××

( ဗိုလ်ချုပ်မှူးကြီးမင်အောင်လှိုင်၏ ၆၈ နှစ်မြောက် တပ်မတော်နေ့အခမ်း
အနားမိန့်ခွန်းမှ ကောက်နှုတ်ချက်အချို့)

Ye Htut
Myanmar News Update
ဒို့တပ်မတော် စတင်ဖွဲ့စည်းစဉ်ကထဲက တပ်မတော်သည် နိုင်ငံတော်အ တွက် ဖြစ်ရမယ်ဆိုတဲ့ တိုင်းပြည်ချစ်စိတ်၊ နိုင်ငံချစ်စိတ်နဲ့ ဆောင်ရွက်ခဲ့ကြ တာဖြစ်တယ်။

ပွင့်လင်းမြင် သာမှု ရှိလာ သည့် မြန်မာ့ တပ်မတော်


Photo: ပွင့်လင်းမြင်သာမှု ရှိလာသည့် မြန်မာ့တပ်မတော်

March 26, 2013

ယခု မတ်လ ၂၇ ရက်နေ့တွင် နေပြည်တော်၌ ကျင်းပပြု လုပ်မည့် (၆၈)နှစ်မြောက် တော်လှန်ရေးနေ့(တပ်မတော်နေ့)တွင် စစ်ရေးပြ စစ်ကြောင်းကြီးများနှင့် ပါဝင်ချီတက် အလေးပြုကြမည့် လေကြောင်းရန် ကာကွယ်ရေး တပ်ဖွဲ့ကိုယ်စားပြု စစ်ကြောင်းက ယခုနှစ်တွင် မြန်မာ့ တပ်မတော်သုံး လေကြောင်းရန် ကာကွယ်ရေး မြေပြင်မှဝေဟင်ပစ် ဒုံးကျည် များကို စစ်ရေးပြပွဲသို့ တက်ရောက်ကြည့်ရှုကြမည့် အများပြည်သူများ လေ့လာကြည့်ရှုနိုင်မည်ဖြစ်သည်။ 
 
ထို့အပြင် BTR. 3 U အမျိုးအစား စစ်သည်တင် သံချပ် ကာယာဉ် f(Armoured Personnel Carrier)များ၊ အကြီးစား ကာကွယ်ရေးပစ္စည်း ထုတ်လုပ်ရေး စက်ရုံများမှ ထုတ်လုပ်သည့် နောင်ရိုးဂျစ် များကိုလည်း ပြသသွားမည်ဖြစ်ကြောင်း၊ Myanmar Military Power ဖေ့စ်ဘွတ် စာမျက်နှာများတွင် ဖော်ပြထားသည်။ 

 ယခင်က မြန်မာ့တပ်မတော် စစ်လက်နက်ပစ္စည်းအသစ်အဆန်းများကို လျှို့ဝှက်အဆင့် သတ်မှတ်ခဲ့ကြသော်လည်း ယခုကဲ့သို့ ထုတ်ပြခြင်းမှာ မြန်မာ့တပ်မတော်အနေဖြင့် ပွင့်လင်းမြင်သာမှု ပိုမို ရှိလာခြင်းဖြစ်သည်။

 ယခုပြသမည့် မြေပြင်မှ ဝေဟင်ပစ် ဒုံးကျည် အမျိုးအစားမှာ S-125 Pechora အမျိုးအစား ဖြစ်ပြီး ရုရှားသမ္မတနိုင်ငံထုတ် စစ်လက်နက် ပစ္စည်းဖြစ်သည်။ 

 နေတိုး (NATO)က SA-3 GOA ဟု အမည်ပေးထားသည်။ လောင်စာခဲသုံး တာတိုပစ်ဒုံးကျည် အမျိုးအစားဖြစ်သည်။ 

 အလွယ်တကူ ရွှေ့ပြောင်းသယ်ဆောင်နိုင်ပြီး ဒုံးကျည် သွားနှုန်းမှာ အသံထက် ၃ ဆမှ ၃ ဆခွဲအထိ ရှိသည်။ ရေဒီယို လမ်းညွှန်ပဲ့ထိန်းပါ မြေပြင်မှ ဝေဟင်ပစ် ဒုံးကျည်အမျိုးအစားဖြစ်ကြောင်း သိရသည်။


 မောင်ကျော်



Re-Post By ACM 27-3-2013
အေးချမ်းမွန် Credit & Copy From >> The Hot News<< Thank
ယခု မတ်လ ၂၇ ရက်နေ့တွင် နေပြည်တော်၌ ကျင်းပပြု လုပ်မည့် (၆၈)နှစ်မြောက် တော်လှန်ရေးနေ့ (တပ်မတော်နေ့)တွင် စစ်ရေးပြ စစ်ကြောင်းကြီးများနှင့် ပါဝင်ချီတက် အလေးပြုကြမည့် လေကြောင်းရန် ကာကွယ်ရေး တပ်ဖွဲ့ကိုယ်စားပြု စစ်ကြောင်းက ယခုနှစ်တွင် မြန်မာ့ တပ်မတော်သုံး လေကြောင်းရန် ကာကွယ်ရေး မြေပြင်မှဝေဟင်ပစ် ဒုံးကျည် များကို စစ်ရေးပြပွဲသို့ တက်ရောက်ကြည့်ရှုကြမည့် အများပြည်သူများ လေ့လာကြည့်ရှုနိုင်မည်ဖြစ်သည်။

၆ ၈နှ စ်မြောက် တပ်မတော်နေ့ အခမ်း အနား

၆ ၈နှ စ်မြောက် တပ်မတော်နေ့ အခမ်း အနား

၆ ၈နှ စ်မြောက် တပ်မတော်နေ့ အခမ်း အနား

၆ ၈နှ စ်မြောက် တပ်မတော်နေ့ အခမ်း အနား

၆ ၈နှ စ်မြောက် တပ်မတော်နေ့ အခမ်း အနား

၆ ၈နှ စ်မြောက် တပ်မတော်နေ့ အခမ်း အနား

၆ ၈နှ စ်မြောက် တပ်မတော်နေ့ အခမ်း အနား

၆ ၈နှ စ်မြောက် တပ်မတော်နေ့ အခမ်း အနား

၆ ၈နှ စ်မြောက် တပ်မတော်နေ့ အခမ်း အနား

Saturday, March 23, 2013

မိတ္ထီ လာ နံနက် ၆း ၀၀နာရီ am အချိန်နှင့် နောက်ဆုံး အခြေအနေများ။

Photo: ကမာရွတ်မြို့နယ်၌ လုံခြုံရေးတိုးမြှင့် ဆောက်ရွက်နေသည်ကို မတ်လ ၂၂ ရက်နေ့ ညပိုင်းက တွေ့ရစဉ်

Eleven Media Group
ညပိုင်း နန်တော်ကုန်းဗလီနောက် ပုံးအောင်းနေကြသူများကို ကားများနှင့်ခေါ်ထုတ်။ရပ်ကွက်အတွင်းရှိ အိမ်များအတွင်း ပုံးအောင်နေသူများကို ရှာဖွယ်ကယ်ဆယ်။မနက် ၆း၀၀နာရီ အချိန် စားသောက် စရာရေနှင့်ကယ်ဆယ်ရေးပစ္စည်းများ တင်ဆောင် လာသည့် ၁၀ဘီးကားများမြို့ထဲသို့ဝင်ရောက်လာ။

သတင်း စာက ပြောတဲ့ မိတ္ထီလာ အခြေအနေ


Photo: သတင်းစာက ပြောတဲ့ မိတ္ထီလာအခြေအနေ 
Saturday,, March 23, 2013

ယနေ့ ထုတ် နိုင်ငံပိုင် သတင်းစာက ပြောတဲ့ မိတ္ထီလာမြို့က အခြေ
အနေတွေပါ။ ယမန်နေ့ည မြန်မာ စံတော်ချိန် ည ၈ နာရီ သတင်းအ
ရသေဆုံး သူ ၁၁ ဦး၊ ဒဏ်ရာ ရသူ ၃၉ ဦး ရှိကြောင်း သိရပါတယ်။ 

ပျက်ဆီးဆုံးရှုံးမှုကတော့  နေအိမ် ၁၅၂ လုံး၊ မော်တော်ယာဉ် ၂ စီး၊ ဆိုင်ကယ် ၁ စီး၊ သုံးဘီး မော်တော် ဆိုင်ကယ် ၂ စီး၊ ဘာသာရေး အဆောက်အအုံ ၁၃ လုံး ဖြစ်ကြောင်း အစိုးရက အတည်ပြု ထုတ်ပြန်တာပါ။ 

ဒါကြောင့်ပဲ သမ္မတ ဦးသိန်းစိန်က ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်
အမှတ် ၁ /၂၀၁၃ နဲ့ မိတ္ထီလာ ခရိုင်အတွင်းမှာ မတ်လ ၂၂ ရက်နေ့စွဲဖြင့် အရေးပေါ် အခြေအနေကြေညာခဲ့တာပါ။ 

ဧရာဝတီ
ယနေ့ ထုတ် နိုင်ငံပိုင် သတင်းစာက ပြောတဲ့ မိတ္ထီလာမြို့က အခြေ အနေတွေပါ။ ယမန်နေ့ည မြန်မာ စံတော်ချိန် ည ၈ နာရီ သတင်းအ ရသေဆုံး သူ ၁၁ ဦး၊ ဒဏ်ရာ ရသူ ၃၉ ဦး ရှိကြောင်း သိရပါတယ်။

Friday, March 22, 2013

သမ္မ တ အမိန့်ထမ်းဆောင်ရန် တပ်မတော် အသင့်ဖြစ်


Photo: သမ္မတ အမိန့်ထမ်းဆောင်ရန် တပ်မတော် အသင့်ဖြစ်
Friday, March 22, 2013

နိုင်ငံတော်သမ္မတရုံးရဲ့ အရေးပေါ်အခြေအနေ ကြေညာချက်ပါ အချက်များကိုဆောင်ရွက်ရန် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံ တပ်ရင်း၊ တပ်ဖွဲ့များက အဓိကရုဏ်းဖြစ်ပွားနေသည့် မိတ္ထီလာမြို့နှင့် အခြားမြို့များ၏ လုံခြုံရေး အခြေအနေများကို ထိန်းသိမ်းရန် အသင့်ဖြစ်နေပြီ ဖြစ်ကြောင်း အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်မှ အရာရှိတစ်ဦးက RFA သို့ ညနေ ၄ နာရီ ၄၅ မိနစ်တွင် အတည်ပြု ပြောကြားသည်။

ဓာတ်ပုံ - Eleven Media Group
RFA

နိုင်ငံတော်သမ္မတရုံးရဲ့ အရေးပေါ်အခြေအနေ ကြေညာချက်ပါ အချက်များကိုဆောင်ရွက်ရန် အလယ်ပိုင်း တိုင်း စစ်ဌာနချုပ် လက်အောက်ခံ တပ်ရင်း၊ တပ်ဖွဲ့များက အဓိကရုဏ်းဖြစ်ပွားနေသည့် မိတ္ထီလာမြို့နှင့် အခြားမြို့များ၏ လုံခြုံရေး အခြေအနေများကို ထိန်းသိမ်းရန် အသင့်ဖြစ်နေပြီ ဖြစ်ကြောင်း အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်မှ အရာရှိတစ်ဦးက RFA သို့ ညနေ ၄ နာရီ ၄၅ မိနစ်တွင် အတည်ပြု ပြောကြားသည်။

မြောက် ကိုးရီယား အရေးကို တရုတ်တို့ ပြင်းထန်စွာ တုံ့ပြန်ရန် အမေရိကန်မျှော်လင့်


Photo: မြောက်ကိုးရီယားအရေးကို တရုတ်တို့ ပြင်းထန်စွာ
တုံ့ပြန်ရန် အမေရိကန်မျှော်လင့်
Friday, March 22, 2013

အမေရိကန်အနေနှင့် တရုတ်သည် ကုလသမဂ္ဂက
အသစ်ချမှတ်သော စီးပွားရေးပိတ်ဆို့မှုများကို ပိုမို အထမြောက်လာစေရန် မြောက်ကိုးရီးယားအစိုးရအား စီးပွားရေးထောက်ကူနေမှုများကို ပြန်လည်စစ်ဆေးရန်
ပြင်းထန်သော တုံ့ပြန်မှုများ ထုတ်ပြန်သင့်ကြောင်း
အမေရိကန် ထိပ်တန်းအရာရှိုတစ်ဦးက သောကြာနေ့တွင်
ပြောကြားသည်။

အကြမ်းဖက်မှုနှင့် ဘဏ္ဍာရေးအဖွဲ့ အမေရိကန် ဘဏ္ဍာရေး
ဝန်ကြီးဒေးဗစ်ကို ဟန်ကတရုတ်ဘဏ်များနှင့် ထိန်းညှိုပေး
သူများသည် ကုလ သမဂ္ဂ အဖွဲ့ချုပ် လုံခြုံရေးကောင်စီမှ
ထုတ်ပြန်သည့် ထုတ်ပြန်ချက်သစ်ကို အလေးထားမည်ဟု
ယုံကြည်ကြောင်း ဆိုသည်။

မြောက်ကိုးရီးယားသို့ တရားမဝင်စီးဆင်းနေသောကို တားဆီးခြင်းသည် ဖေဖော်ဝါရီ၁၂ရက်က နယူးကလီးယား
စမ်းသပ်မှုကို ဆန့်ကျင်သည့် အနေနှင့် လုပ်ဆောင်သော ပိတ်ဆို့အရေးယူမှုများ၏ အဓိကအချက်ဖြစ်ကြောင်း ဆိုသည်။

တရုတ်သည် ပိတ်ဆို့အရေးယူသည့်ကိစ္စနှင့်ပတ်သက်၍ အမေရိကန်နှင့်၎င်းတို့လည်း လုပ်ဆောင်ရန် ဆွေးနွေးခဲ့
သော်လည်း မြောက်ကိုးရီးယား၏ တစ်ဦးတည်းသော မဟာမိတ်ဖြစ်သည့်အပြင် ကုန်သွယ်မှု အဓိကစီးပွားဖက်
လည်း ဖြစ်သည်။

“လုံခြုံရေးကောင်စီက လုပ်ဆောင်မယ့် ပိတ်ဆို့အရေးယူ
မှုတွေ လုပ်ဆောင်သွားမယ် ဆိုတာကလွဲလို့ ဘာမှမကြား
ရဘူး။ အဲဒီပိတ်ဆို့မှုတွေ လုပ်ဆောင်ရာမှာ တရုတ်အစိုးရ
အနေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ လုံးဝမျှော်လင့်ပါတယ်” ဟု ၎င်းက ဘေဂျင်းတွင် သတင်းထောက်များကို ပြောကြားသည်။

တရုတ်တို့သည်လည်း မြောက်ကိုးရီးယားနှင့် စပ်လျဉ်း၍
စိတ်ပျက်မှုများ ရှိလာနေပြီဟု တရုတ်ကျွမ်းကျင်သူများက ဆိုသည်။ယင်းအပြင် မကြာမီက လုပ်ဆောင်ခဲ့သော
နျူကလီးယားစမ်းသပ်မှု၊ ယခင်နှစ်ဒီဇင်ဘာက စမ်းသပ်ခဲ့သည့် တာဝေးပစ်ဒုံးကျည်များ၊ အမေရိကန်နှင့် တောင်ကိုးရီးယားကို
ပြုလုပ်ခဲ့သော ခြိမ်းခြောက်မှုများလည်း ရှိခဲ့သည်။

“တရုတ်နိုင်ငံ အမြင်အရဆိုရင်မြောက်ကိုးရီးယားကို
အရေးကြီးကြောင်း သတ်မှတ်ထားပါတယ်။ မြောက်ကိုးရီးယား များကို လေးစားမှု ရှိတယ်” ဟု ဘေဂျင်းရင်းမင်းတက္ကသိုလ်မှ
နိုင်ငံတကာလေ့လာရေးကျောင်း တွဲဖက်ပါမောက္ခ မစ္စတာ
ဂျင်ကန်ရွန်က ဆိုသည်။

“တရုတ်တွေမှာ စိတ်ဝင်စားမှုတွေ ရှိခဲ့ပါတယ်။ တတိယ
အကြိမ်မြောက် နယူးကလီးယားစမ်းသပ်မှုဟာ တရုတ်နိုင်ငံရဲ့ စိတ်ဝင်စားမှုကို လျော့ သွားစေပြီး စိတ်သဘောမကျမှုများကို
ပြသရပါမယ်” ဟု ဆိုသည်။

မစ္စတာကိုဟန်သည် ဂျပန်၊ တောင်ကိုးရီးယားနိုင်ငံအရာရှိ
များထံ လည်ပတ်ပြီးနောက် တရုတ်နိုင်ငံသို့ ဝင်ရောက် လည်ပတ်ခဲ့ခြင်း ဖြစ်သည်။

“တရုတ်ဘဏ်နှင့် တရုတ်ထိန်းသိမ်းသူများဟာ လုံခြုံရေး
ကောင်စီရဲ့ ထုတ်ပြန်ချက်ကို လိုက်နာကြလိမ့်မယ်၊ လုပ်
လိမ့်မယ်လို့ ကျွန်တော်ယုံကြည်တယ်”ဟု ၎င်းက ဆိုသည်။

Ref: Reuters
The Myanma Age
အမေရိကန်အနေနှင့် တရုတ်သည် ကုလသမဂ္ဂက အသစ်ချမှတ်သော စီးပွားရေးပိတ်ဆို့မှုများကို ပိုမို အထမြောက်လာစေရန် မြောက်ကိုးရီးယားအစိုးရအား စီးပွားရေးထောက်ကူနေမှုများကို ပြန်လည်စစ်ဆေးရန်
ပြင်းထန်သော တုံ့ပြန်မှုများ ထုတ်ပြန်သင့်ကြောင်းအမေရိကန် ထိပ်တန်းအရာရှိုတစ်ဦးက သောကြာနေ့တွင်
ပြောကြားသည်။

သဘော တူညီ ချက်များဖြင့် ရှမ်းနှင့် ကယား ညီလာခံ ပြီးဆုံး


Photo: သဘောတူညီချက်များဖြင့် ရှမ်းနှင့် ကယား ညီလာခံ ပြီးဆုံး
Friday, March 22, 2013

တိုင်းရင်းသားအားလုံး၏ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိသော ဖယ်ဒရယ်
ပြည်ထောင်စု တည်ဆောက်ရန်၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရန် သို့မဟုတ် အခြေခံ ဥပဒေအသစ်တရပ် ရေးဆွဲရန်၊ ပင်လုံညီလာခံကို အခြေခံသော ညီလာခံကြီး တရပ် ကျင်းပသွားရန်တို့ အပါအဝင် အချက် ၄ ချက်ကို ရှမ်းနှင့် ကယား ညီလာခံ တက်ရောက်လာသော ကိုယ်စားလှယ်များ သဘောတူလိုက်ကြသည်။

လားရှိုးမြို့ရှိ လားရှိုးမိုတယ်တွင် ကျင်းပသော ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်မှ နိုင်ငံရေပါတီများနှင့် လက်နက် ကိုင် အဖွဲ့အစည်းများ၏ “ငြိမ်းချမ်းရေးအတွက် ယုံကြည်မှု တည်ဆောက်ခြင်း ဆွေးနွေးပွဲ” 
ခေါင်းစဉ်ဖြင့် သုံးရက်ကြာ ညီလာခံ ကျင်းပ အပြီးတွင်သောကြာနေ့က 
သတင်းစာရှင်းလင်းပွဲ ပြုလုပ်၍ ထိုကဲ့သို့ ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

“တိုင်းရင်းသားတွေ ကိုယ်၌က ကိုယ့်ကြမ္မာကိုယ် ဖန်တီးခွင့် မရသေးလို့၊ ဗဟိုချုပ်ကိုင်မှု အားရှိပြီးတော့ ပြည်နယ်တွေရဲ့ လုပ်ဆောင်ပိုင်ခွင့်တွေ
နည်းနေတယ်။ တိုင်းရင်းသားတွေ ကိုယ်တိုင် ဖန်တီးယူလို့ မရသေးဘူး။ ဒါကြောင့် ဒီကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို ထပ်ခါ ထပ်ခါ တောင်းဆိုရတာပါပဲ” ဟု ဦးဆောင်ကျင်းပသော ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းလိတ် က ပြောသည်။

၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလက ကျင်းပသော ညီလာခံတွင် ရှမ်းပြည်နယ်မှ လက်နက်ကိုင်အဖွဲ့ လေးဖွဲ့၊ နိုင်ငံရေးပါတီ သုံးခုနှင့် အခြား ရှမ်းလူမှု အဖွဲ့အစည်းများသာ ပါဝင်ဆွေးနွေးခဲ့သည်။

ယခုညီလာခံတွင် ဖိတ်ကြားထားသော အဖွဲ့အစည်းပေါင်း ၂၅ ဖွဲ့မှ ၂၁ ဖွဲ့ ပါဝင် တက်ရောက်လာသဖြင့် ပိုမို ကျယ်ပြန့်သော တိုင်းရင်းသားများ၏ သဘောထားအား ထုတ်ပြန်နိုင်ခြင်းနှင့် လက်နက်ကိုင် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ ကိုယ်တိုင် တက်တက်ကြွကြွ ပါဝင် ဆွေးနွေးလာ၍ ယခင် ညီလာခံထက် အားသာချက်ဖြစ်သည်ဟု သူက ပြောသည်။

“အစိုးရနဲ့ အပစ်အခတ် ရပ်စဲထားတဲ့ အဖွဲ့အစည်းတွေ ကိုယ်တိုင် တက်တက်ကြွကြွ ပါဝင်ဆွေးနွေးလာတာတွေ့ရတယ်။ နောက် 
အမျိုးသမီးများရဲ့ နိုင်ငံရေးကိစ္စနဲ့ လူမှုရေးကိစ္စမှာ ပါဝင်လှုပ်ရှား လာတာ တွေ့ရလို့ အရင်ညီလာခံထက် ပိုမိုအားသာလာတဲ့အချက်ပါပဲ” ဟု မဇ္စျိမကို ပြောသည်။

ညီလာခံ တက်ရောက်ခဲ့သော ကယန်းအမျိုးသားပါတီမှ အထွေထွေအတွင်းရေးမှူး ဦးနန်းရီက “ကျနော်တို့ ထုတ်ပြန်တဲ့အတိုင်း တနိုင်ငံလုံး တိုင်းရင်းသားတွေရဲ့တန်းတူရေးနဲ့ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်ရမှ ထာဝရ ငြိမ်းချမ်းရေးရမယ်။ ဒီအတိုင်းပဲ တဆင့်ပြီး တဆင့်လုပ်သွားဖို့ ကြိုးစားသွားမယ်ဆိုတဲ့ ရည်ရွယ်ချက် ရှိတယ်” ဟု ပြောသည်။

တိုင်းရင်းသားဒေသများအတွင်း အစိုးရ စစ်တပ်များ အင်အား တိုးချဲ့မှု
များနှင့် တိုက်ခိုက်မှုများ ပြုလုပ်ခြင်းသည် အပစ်အခတ် ရပ်စဲထားသော အခြေအနေအား ထိခိုက်စေသဖြင့် နိုင်ငံရေး နည်းလမ်းအရ တွေ့ဆုံဆွေးနွေး အဖြေရှာသင့်ကြောင်းလည်း သဘောတူခဲ့သည်။

ထို့ပြင် ဘာသာရေး၊ လူမျိုးရေး၊ အဓိကရုဏ်းများ ဖြစ်ပွားစေရန် ဖန်တီး လှုပ်ဆော်သော မည်သည့် ပုဂ္ဂိုလ်၊ အဖွဲ့အစည်းကို မဆို ပြင်းထန်စွာ ရှုံ့ချကြောင်းလည်း ပါရှိသည်။

ယခုကဲ့သို့ ညီလာခံအား ဆက်လက် ကျင်းပနိုင်ရန် ကြိုးပမ်းသွားကြမည် ဟုလည်း သဘောတူညီခဲ့ကြသည်။

ရှမ်းနှင့် ကယားပြည်နယ် အတွင်းရှိ ရှမ်း၊ ကယန်း၊ ကရင်နီ၊ လားဟူ၊ ကိုးကန့်၊ ဝ၊ တအောင်း (ပလောင်)၊ ဓနု၊ အင်း စသည့်လူမျိုးများမှ နိုင်ငံရေးပါတီ ၁၀ ခု၊ လက်နက်ကိုင် အဖွဲ့အစည်း ၁၁ ဖွဲ့တို့မှ ကိုယ်စားလှယ်များနှင့် လေ့လာသူ လူမှုအဖွဲ့အစည်း ၂၂ ဖွဲ့ ပါဝင်ရာ စုစုပေါင်း ညီလာခံ တက်ရောက်သူ ၂၀၀ ခန့် ရှိသည်။

ငြိမ်းချမ်းရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် သမ္မတရုံး ဝန်ကြီး ဦးအောင်မင်းနှင့် လျှပ်စစ်ဝန်ကြီး ဦးခင်မောင်စိုး၊ သစ်တောဝန်ကြီး ဦးဝင်းထွန်း၊ ငြိမ်းချမ်းရေး စင်တာမှ ဦးလှမောင်ရွှေ၊ ဒါရိုက်တာ အဖွဲ့ဝင် ဒေါက်တာ မင်းဇော်ဦးနှင့် ဦးအောင်နိုင်ဦးတို့လည်း ညီလာခံ ပထမနေ့တွင် တက်ရောက်ခဲ့ကြသည်။

ဦးအောင်မင်း၏ ပထမနေ့ မိန့်ခွန်းတွင် ငြိမ်းချမ်းရေး ရရှိရန် အထူးလိုအပ်နေသဖြင့် အခက်အခဲ ကြုံတွေ့နိုင်သော်လည်း 
တိုင်းရင်းသားများနှင့် တပ်မတော်အစိုးရကပါ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းတွင် ပါဝင် ပူးပေါင်းရန် လိုအပ်ကြောင်း ပြောဆိုခဲ့သည်။ 

ဓါတ်ပုံ - စူပါ (DVB TV News)

ဖနိဒါ 
မဇ္စျိမ
တိုင်းရင်းသားအားလုံး၏ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိသော ဖယ်ဒရယ် ပြည်ထောင်စု တည်ဆောက်ရန်၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရန် သို့မဟုတ် အခြေခံ ဥပဒေအသစ်တရပ် ရေးဆွဲရန်၊ ပင်လုံညီလာခံကို အခြေခံသော ညီလာခံကြီး တရပ် ကျင်းပသွားရန်တို့ အပါအဝင် အချက် ၄ ချက်ကို ရှမ်းနှင့် ကယား ညီလာခံ တက်ရောက်လာသော ကိုယ်စားလှယ်များ သဘောတူလိုက်ကြသည်။

ရေသောက်ခြင်းနှင့် ကျန်းမာရေး အကျိုးကျေးဇူး

Photo: ရေသောက်ခြင်းနှင့် ကျန်းမာရေး အကျိုးကျေးဇူး
Friday, March 22, 2013

၁။ ဦးနှောက်၏ ၇၅ ရာခိုင်နှုန်းကို ဖွဲ့စည်းထောက်ပံ့ပေးခြင်း။

၂။ ခန္ဓာကိုယ် အပူချိန်ကို ထိန်းညှိပေးခြင်း။

၃။ သွေး၏ ၈၃ ရာခိုင်နှုန်းကို ပြန်လည်ဖြည့်ဆည်းပေးခြင်း။

၎။ ကြွက်သား ၏ ၇၅ ရာခိုင်နှုန်းကို ပြန်လည်ဖြည့်ဆည်းပေးခြင်း။

၅။ အရိုး၏ ၂၂ ရာခိုင်နှုန်းကို ဖွဲ့စည်းထောက်ပံ့ပေးခြင်း။

၆။ အစားအစာကို စွမ်းအင်အဖြစ်သို့ ပြောင်းလဲပေးခြင်း။

၇။ အဆိပ်အတောက်ကို ဖယ်ရှားပေးခြင်း။

၈။ ခန္ဓာကိုယ်မှ အဟာရဓာတ်များ ဆွဲယူရန် ဆောင်ရွက်ပေးခြင်း။

၉။ အသက်ရှုရန် အောက်ဆီဂျင် သန့်အောင်ထုတ်ပေးခြင်း။

၁၀။ အရိုးအသား အချိုင့်အဆက်များကို သန်မာစေခြင်း။

၁၁။ ဆဲလ်ရှင်သန်ရန် အဟာရနှင့် အောက်ဆီဂျင်များ သယ်ဆောင် ထားပေးခြင်း။

၁၂။ လုပ်ငန်းခွင်တွင် လုပ်ဆောင်ချက်တိုးမြင့်ပေးခြင်း။

၁၃။ ခေါင်းမူး၊ ခေါင်းကိုက် သက်သာစေခြင်း။

၁၄။ ပင်ပန်း နွမ်းနယ်မှု သက်သာ၍ လန်းဆန်းစေခြင်း။

၁၅။ ကင်ဆာဖြစ်နိုင်လျော့နည်းခြင်း။

၁၆။ အားကစားလုပ်လျှင် လုပ်ဆောင်ချက် မြင့်တင်စေခြင်း။

၁၇။ ကျောက်ကပ်ကျန်းမာရေး အထောက်အပံ့ပေးခြင်း။

၁၈။ ပိုမို ငယ်ရွယ်၍ ကျန်းမာစေအောင် ဖန်တီးပေးနိုင်ခြင်း။
---
Ref: medicfact
Aung Kham (TSJ team)
-
http://blog.techspace.com.mm/2013/03/blog-post_9078.html

-
TechSpace Journal
၁။ ဦးနှောက်၏ ၇၅ ရာခိုင်နှုန်းကို ဖွဲ့စည်းထောက်ပံ့ပေးခြင်း။

တစ်ဖက် နိုင်ငံသို့ ရောင်းစားခြင်း ခံနေရသော ကျေးလက် မိန်းမပျိုလေး များအား ရှာဖွေ ဖော်ထုတ် ကူညီပေးသင့်

Photo: တစ်ဖက် နိုင်ငံသို့ ရောင်းစားခြင်း ခံနေရသော ကျေးလက် မိန်းမပျိုလေး များအား ရှာဖွေ ဖော်ထုတ် ကူညီပေးသင့် 
Friday, March 22, 2013

မကွေးတိုင်း ဒေသကြီး ပခုက္ကူ ခရိုင် မြိုင်မြို့နယ် နှမ်းဆီကန် ကျေးရွာရှိ မိန်းမပျိုလေး နှစ်ဦးအား လိမ်လည် လှည့်ဖြား၍ တစ်ဖက် နိုင်ငံသို့ 
ရောင်းစားခြင်း ခံခဲ့ရကြောင်း သတင်း ရရှိသည်။

''ကျွန်မနဲ့ မဌေးပိုကို မန္တလေးမှာ အိမ်အကူ အလုပ် လုပ်ရမယ် ဆိုပြီး ခေါ်ဆောင် သွားတာပါ။ ၂ဝဝ၇ ခုနှစ် သင်္ကြန် မကျခင် အချိန်မှာပါ''ဟု ခြောက်နှစ်ကြာ ကွဲကွာနေပြီး   ဇာတိ ရပ်ရွာသို့ ကံကောင်းခြင်း များစွာဖြင့် ပြန်ရောက်လာသော မခင်စိုးက ပြောသည်။ 

မခင်စိုးနှင့် မဌေးပို တို့အား မန္တလေး-မူဆယ်-ရွှေလီမှ တစ်ဆင့် တစ်ဖက်နိုင်ငံ အတွင်းသို့  ခေါ်ဆောင်လျက် အသက်အရွယ် ကြီးမားသော အဘိုးအို၏ မယားအဖြစ် ရောင်းစားခြင်း ခံခဲ့ ရသည်ဟု မခင်စိုးက ဆက်လက်
ပြောပြသည်။ 

တစ်ဖက် နိုင်ငံ အတွင်း ရောက်၍ မဌေးပိုနှင့်  မခင်စိုးအား လူချင်း ခွဲထုတ်ရန် လုပ်ဆောင်လာသည်။ မခင်စိုးအား ဈေးသွားဝယ်ရန် အကြောင်းပြ၍ လူချင်း ခွဲထုတ်သည်ကို အချိန် ကြာလာသ ည်နှင့် အမျှ ရိပ်မိ၍ တည်းခိုခန်းသို့ အမြန်ဆုံး ပြန်လာခဲ့သည်။ 

တည်းခိုခန်း၌ ကျန်ခဲ့သူ မဌေးပိုမှာ ပျောက်ဆုံး သွားခဲ့ရာ ယနေ့တိုင် 
သတင်း အစအန မရရှိ တော့ကြောင်း သိရသည်။ ကျန်ခဲ့သူ မခင်စိုးအား  တစ်ဖက်နိုင်ငံ အတွင်း အဘိုးအို တစ်ဦး၏ မယားအဖြစ် ရောင်းစားခြင်း ခံခဲ့ရသည်။ မခင်စိုး သည် အချိန် မနှောင်းခင် သတ္တိ ရှိရှိဖြင့် ထွက်ပြေး ခဲ့သည်။

စွန့်စား ထွက်ပြေးရာတွင် ကူညီ စောင့်ရှောက်သူ များနှင့် တွေ့ဆုံခဲ့၍ မခင်စိုး၏ ဘဝသည် အကျည်းတန် ရုပ်ဆိုးခြင်း ဘေးမှ ကင်းလွတ် 
ခဲ့ရသည်။ လူသားချင်း စာနာစွာ ကူညီ စောင့်ရှောက်သူ များနှင့် တွေ့ဆုံ၍ ဝမ်းရေးအတွက် အလုပ် လုပ်ကိုင်ရင်း ဝမ်ရှီတုံ အမည်ရှိ အမျိုးသားနှင့် အိမ်ထောင် ကျခဲ့သည်။ 

ယခုအခါ ဝမ်ယုချီ အမည်ရှိ ငါးနှစ်သား အရွယ် သားကလေး တစ်ယောက် ရရှိနေပြီ ဖြစ်ကြောင်း မခင်စိုးက ပြောပြသည်။ မခင်စိုးသည် ဇာတိ ရပ်ရွာနှင့် ခြောက်နှစ်တာ ကာလအထိ ခွဲခွာရ၍ အမျိုး သားနှင့် ယောက္ခမ
ဖြစ်သူအား   ခွင့်ပန်ကာ နှမ်းဆီကန် ရွာနေ မွေးမိခင် အိုကြီးကို ခေါ်ယူရန် ၂ဝ၁၃ ခုနှစ် မတ်လဆန်းက ရွာသို့ ပြန်ရောက် လာခဲ့သည်။  

''အဖေက မရှိတော့ ပါဘူး။ ကျန်ခဲ့တဲ့ အမေ့ကို ခေါ်ယူဖို့ ပြန်လာတာပါ၊ သူတို့ကလည်း ခွင့်ပြုပါတယ်။ လမ်းမှာ အခက်အခဲ မရှိအောင် မြန်မာစကား တတ်တဲ့သူတို့ ဆွေမျိုး အမျိုးသမီး အဖော် နဲ့ ပြန်ရောက် လာတာပါ။ ကျွန်မက ပြန်သွားမှာပါ။ သားလေးကလည်း ဟိုမှာ ကျန်ခဲ့ပါတယ်။ သည်ရောက်တော့ ကျွန်မနဲ့ အတူ ရောင်းစားခံခဲ့ ရတဲ့ မဌေးပို အကြောင်း ကြားရတော့ အလွန်ပဲ စိတ်မကောင်း ဖြစ်မိပါတယ်''ဟု မခင်စိုးက ပြောသည်။

မဌေးပို၏ ဆွေမျိုးသားချင်း မိဘများသည် မဌေးပို အရေး ကိစ္စအား
ဖြေရှင်းပေးရန် သက်ဆိုင် ရာသို့ တိုင်ကြားထားပြီ ဖြစ်ကြောင်း ဒေသခံ တစ်ဦးက ပြောသည်။ 

မသိ နားမလည်သော ကျေးလက်ဌာနေ မိန်းမပျို လေးများအား တစ်ဖက်
နိုင်ငံသို့ လှည့်စားကာ ရောင်းစားနေသော  လုပ်ရပ်များကို နိုင်ငံတော်မှ ထိရောက်စွာ အရေးယူလျက် ဒုက္ခ ရောက်နေသော မိန်းမပျို လေးများကို အမြန်ဆုံး ရှာဖွေဖော်ထုတ် ကူညီ ပေးသင့်ကြောင်း ဒေသခံ ပြည်သူများက  လိုလားတောင့်တ နေကြောင်း သိရသည်။

နေဦးမောင် (ပခုက္ကူ)
မြဝတီ
မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင် မြိုင်မြို့နယ် နှမ်းဆီကန် ကျေးရွာရှိ မိန်းမပျိုလေး နှစ်ဦးအား လိမ်လည်လှည့်ဖြား၍ တစ်ဖက်နိုင်ငံသို့ ရောင်း စားခြင်း ခံခဲ့ရကြောင်း သတင်း ရရှိသည်။''ကျွန်မနဲ့ မဌေးပိုကို မန္တလေးမှာ အိမ်အကူ အလုပ် လုပ်ရမယ် ဆိုပြီး ခေါ်ဆောင် သွားတာပါ။ ၂ဝဝ၇ ခုနှစ် သင်္ကြန် မကျခင် အချိန်မှာပါ''ဟု ခြောက်နှစ်ကြာ ကွဲကွာနေပြီး ဇာတိ ရပ်ရွာသို့ ကံကောင်းခြင်းများစွာဖြင့် ပြန်ရောက်လာသော မခင်စိုး က ပြော သည်။

God' s Army နောက် တဖွဲ့ လာပြီလား


Photo: God's Army နောက်တဖွဲ့ လာပြီလား 
Friday, March 22, 2013

မူးယစ်ဆေးဝါးဖြန့်တဲ့နေရာလို့ သတင်း ထွက်နေတဲ့  ထိုင်းမြန်မာနယ်စပ် မဲဆောက်-မြ၀တီချစ်ကြည်ရေး တံတားအောက် သောင်းရင်းမြစ် အတွင်းရှိ  ရေလယ်ကျွန်းကို ကရင်လူငယ် လက်နက်ကိုင်အဖွဲ့တခုက 
ဒီမနက်  ၆း၀၀ နာရီခန့်မှာ  ၀င်ရောက် ထိန်းချုပ်လိုက်ပါတယ်။

ဒီအဖွဲ့ခေါင်းဆောင် စောမိုရှေးက  လက်နက်ကိုင်အင်အား ၂၅ ဦးခန့်နဲ့   ဝင်ရောက် ထိန်းချုပ်တာလို့ ဧရာဝတီကို ပြောပါတယ်။

၂ ဧကလောက်ပဲ အကျယ်အ၀န်း ရှိတဲ့ ဒီနေရာမှာ  မူးယစ်ဆေးဝါး
ရောင်းဝယ် ဖြန့်ချိနေတာ အနှစ် ၂၀ နီးပါးရှိပြီလို့ သူက ထပ်ပြောပါတယ်။

ဒီမနက် ၀င်ရောက်စီးနင်းမှုက  လူငယ်များရဲ့ အနာဂတ်
ကောင်းမွန်ဖို့အတွက် ရည်ရွယ်ပါတယ် တဲ့။

ထိုင်း နဲ့  မြန်မာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကတော့ ရေလယ်ကျွန်းကို ခပ်လှမ်းလှမ်းကနေ အကဲခတ်နေကြတာ တွေ့ရပါတယ်။

ဒီအဖွဲ့က ဘယ်သူတွေလဲ။
သူတို့နောက်ကွယ်မှာ ဘယ်သူတွေ ရှိလဲ။
သူတို့ရဲ့ ဒီမနက် ရေလယ်ကျွန်း ၀င်ရောက်စီးနင်းမှုဟာ လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်က ပေါ်လာတဲ့ God's Army ရဲ့ လှုပ်ရှားမှုတွေကို သတိရစေပါတယ်။

God's Army လို့ သူတို့ကိုယ်သူတို့ အမည်ပေးထားတဲ့ ကရင်လက်နက်ကိုင် အဖွဲ့အကြောင်း တစေ့စောင်းကို သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၄၈) http://burma.irrawaddy.org/archives/23007 မှာလည်း ဖတ်ခဲ့ကြရမှာပါ။

ဒီမနက် ထိုင်းမြန်မာနယ်စပ် ရေလယ်ကျွန်းကို ကရင်လက်နက်ကိုင်တစု ၀င်ရောက်ထိန်းချုပ်တဲ့သတင်း အပြည့်အစုံကို ဧရာဝတီ ပင်မ စာမျက်နှာမှာ မကြာခင် ဖော်ပြပေးမှာ ဖြစ်ပါတယ်။ 

ဓာတ်ပုံ - ပြည်တော်မြင့်/ဧရာဝတီ
ဧရာဝတီ
မူးယစ်ဆေးဝါးဖြန့်တဲ့နေရာလို့ သတင်း ထွက်နေတဲ့ ထိုင်းမြန်မာနယ်စပ် မဲဆောက်-မြ၀တီချစ်ကြည်ရေး တံတားအောက် သောင်းရင်းမြစ် အတွင်းရှိ ရေလယ်ကျွန်းကို ကရင်လူငယ် လက်နက်ကိုင်အဖွဲ့တခုက ဒီမနက် ၆း၀၀ နာရီခန့်မှာ ၀င်ရောက် ထိန်းချုပ်လိုက်ပါတယ်။

၈၈ မျိုးဆက် မင်းကိုနိုင်နှင့် အန်အယ် လ်ဒီ အမတ် ဦးဝင်းထိန် တို့၏ စည်းကမ်းမဲ့ ပုတ်ခတ်ပြော ဆိုမှုများအား တပ်မတော် အရာရှိကြီးများ ဒေါသထွက်


Photo: ၈၈ မျိုးဆက်မင်းကိုနိုင်နှင့် အန်အယ်လ်ဒီ အမတ် ဦးဝင်းထိန် တို့၏ စည်းကမ်းမဲ့ ပုတ်ခတ်ပြောဆိုမှုများအား တပ်မတော်အရာရှိကြီးများ
ဒေါသထွက်
Friday, March 22, 2013

မိထ္ထီလာ အဓိကရုဏ်းနှင့် ပတ်သက်ပြီး ၈၈ မျိုးဆက်ကျောင်းသား မင်းကိုနိုင်နှင့် အန်အယ်လ်ဒီ အမတ် ဦးဝင်းထိန် တို့၏ လက်လွတ်စပယ် စွပ်စွဲ ပုတ်ခတ် ပြောဆိုမှုတွေကြောင့် တပ်မတော်မှ အရာရှိကြီးများ
ပြင်းထန် စွာ ဒေါသထွက်ခဲ့ကြကြောင်း သိရသည်။

မင်းကိုနိုင်မှ မိထ္တီလာအရေးအခင်းပြီးဆုံးသွားရင်တောင် နောက် ထပ် ပြည်ထောင်စုရဲ့ တနေရာမှာ ပုံစံတမျိုးနဲ့ သွေးထိုးလှုံ့ဆော်မှု၊
ပြီးတော့ အဓိကရုန်းတွေ ဖန်တီးမယ့်ခြေရာ လက်ရာတွေ အစောကြီးကတည်းက တွေ့ထား ကြောင်း၊ ယခု ဖြစ်စဉ်များတွင် အကြမ်းဖက်သူများကို ရဲများက လက်ပိုက်ကြည့်နေကြကြောင်း၊ 
စစ်တပ်က ကယ်တင်ရှင် ၀င်လုပ်နေချင်ေ ကြာင်း၊ ကျွန်တော်တို့ 
ကယ်ခွင့် မပေးသင့်ကြောင်း များ ပြောဆိုခဲ့သည်။ တစ်ချိန်တည်းတွင် အန်အယ်ဒီအမတ် ဦးဝင်းထိန်မှ တပ်မ-၉၉ အပါအ၀င် တပ်တွေ အများကြီးရှိနေရဲ့သားနဲ့ ၀င်မထိန်းဘူး ဆိုတဲ့ သဘောမျိုးတွေနဲ့ လည်း ပြောဆိုခဲ့ပါသည်။

၎င်းတို့၏ ပြောဆိုချက်နှင့် ပတ်သက်၍ ရန်ကုန်တိုင်း စစ်ဌာနချုပ်မှ အရာရှိ ကြီး တစ်ဦးမှ အခု ဖြစ်တဲ့ ပြဿနာ ဟာ စစ်တပ်နှင့် ဘာမှ မဆိုင်ပါဘူး။ ညတွင်းချင်း ကြေငြာချက် ထုတ်တာတွေကို နားထောင်ကြည့်လိုက်တော့ စစ်တပ်ကို တော်တော် ဝေဖန်ထားတာ ကြားလိုက်တယ်။ တော်တော် တရားလက်လွတ် ပြောလိုက်တာပဲ။ လက်ရှိ အချိန်ဟာ အစိုးရနဲ့ တပ်မတော် လက်တွဲပြီး လုပ်ဆောင်နေကြတဲ့ အချိန်ပါ။ သမ္မတကြီး သွားလေရာ မှာ တပ်မတော်က အကြီးဆုံးဆိုတဲ့ ပုဂ္ဂိုလ်တွေ အတူပါပြီး လက်တွဲ
ဆောင်ရွက် နေကြတဲ့ အချိန်ပါ။ အတိုက်အခံလို့ ပြောတဲ့
ဒေါ်အောင်ဆန်း စုကြည် တောင်မှ တပ်မတော်နဲ့ အတူ ပူးပေါင်း
ဆောင်ရွက်ပြီး နောက်ကြောင်း ပြန်လှည့်တဲ့စကား၊ စစ်အာဏာရှင် စကားတွေ မပြောဘူး။ အခုတော့ တပ်မတော် ကပဲ ဖန်တီးသ လို မျိုး ဖြစ်အောင် ပြောတဲ့စကားကတော့ လွန်ပါ တယ်ဟု ပြောခဲ့ပါတယ်။

ပုံနှိပ်တိုက် လုပ်ငန်းရှင် တစ်ဦးမှလည်း ကျွန်တော်တို့လည်း မင်းကိုနိုင်ပြောတဲ့ စကားအပေါ် လက်မခံနိုင် ပါဘူး။ သူသာ တိုင်းပြည်အတွက် စေတနာရှိတယ် ဆို ရင် ဒီအချိန်မှာ ဒီလို စကားတွေ မပြောသင့်ဘူး။ ၈၈ တုန်း က မျက်နှာဖုံး စီးပြီး ဆူပူခဲ့တာ သူတို့ပဲ။ 
ရဲစခန်းက လက်နက်တွေကို ၀င်စီးခဲ့တာလဲ သူတို့ပဲ။ အခု တိုင်းပြည်ကို ဖျက်နေကြတာလဲ သူတို့ပဲ ဟု ပြောဆိုခဲ့ပါသည်။

လွှတ်တော် အမတ်၏ ပြောဆိုချက်နှင့် ပတ်သက်၍ အထက်ပါ အရာရှိကြီးမှ မိထ္ထီလာတွင် ခြေလျင် တပ်အင် အား မရှိကြောင်း၊ တပ်မ ၉၉ သည် စစ်ဆင်ရေးထွက်နေသော တပ်ဖြစ်၍ နောက်ချန်အင်အား သာ ရှိကြောင်း၊ တပ် တော် အနေဖြင့် အစိုးရသစ် လက်ထက်တွင် ပြည်တွင်း ဆူပူမှုများကို နှိမ်နှင်းရန်ထက် နယ်စပ်ဒေသ များတွင် ငြိမ်းချမ်းရေး ရရှိ စေရန် ဦးစားပေး ဆောင်ရွက်လျှက် ရှိကြောင်း၊ ပြည်တွင်း ဆူပူမှုများကို ရဲတပ်ဖွဲ့များကသာ နှိမ်နှင်းရကြောင်း တို့ကို ပြောပြခဲ့သည်။

၎င်းမှ ဆက်လက်၍ ပြည်တွင်းမှာ သမ္မတကြီးနဲ့ အစိုးရအဖွဲ့တွေက တိုးတက်အောင် လုပ်ဆောင်နေတယ်။ နယ်စပ်မှာ တိုင်းရင်းသား စည်းလုံး ညီညွှတ်ရေးနဲ့ တည်ငြိမ်အေးချမ်းရေးအတွက် တပ်မတော်က လုပ်နေ တယ်။ မင်းကိုနိုင်တို့ ဘာလုပ်တယ် ဆိုတာ အားလုံးသိကြပါတယ်။ ယခုလို စည်းစည်းလုံးလုံးနဲ့ ဆောင်ရွက်နေ ချိန်မှာ ဒီလို စကားမျိုး လုံးဝ မပြောသင့်ဘူး ဟု ပြောခဲ့ပါသည်။

၂၀၁၃ ခုနှစ် အစောပိုင်းမှ စ၍ တပ်မတော်သား အများစုသည် ဒီမိုကရေစီ ဆန်သော တပ်မတော် ဖြစ်လာရေး၊ အခြား ပြည်ပနိုင်ငံမှ စစ်သားများကဲ့သို့ အခွင့်အရေးများ ရရှိရေး တို့အတွက် လက်ရှိ အစိုးရနှင့် လွှတ်တော် အမတ်များ အပေါ်တွင် ယုံကြည် အားထားမှုများ ရှိနေကြောင်း သိရသည်။ မွန်ပြည်နယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တစ်ဦးအပြင် အခြား လွှတ်တော် အမတ် အချို့ က တပ်မတော်သားများ အကျိုးအတွက် အဆိုများ တင်သွင်းခဲ့ဖူးကာ ၄ နှစ်မှ တစ်ခါ ရသည့် ၀တ်စုံစရိတ်ကဲ့သို့ ခေတ်နှင့် မလျော်ညီသော စရိတ်များ တိုးမြှင့် ရရှိစေရေး အဆိုတင်သွင်းခဲ့ကြောင်း သိရသည်။

တပ်မတော် အနေဖြင့် လက်ရှိ အစိုးရအဖွဲ့ဝင်များနှင့် ပူးပေါင်းကာ
တိုင်းပြည် တည်ငြိမ်ဖွံ့ဖြိုးတိုးတက်ရေး အား အမှားအယွင်း မခံဘဲ လုပ်ဆောင်နေချိန်တွင် ၈၈ မျိုးဆက် မင်းကိုနိုင်နှင့် လွှတ်တော်အမတ် တို့၏ ပြောဆိုချက် သည် တရားလက်လွတ် ဖြစ်နေသဖြင့် ဒေါသ
ထွက်ကြခြင်းပင် ဖြစ်သည်။

ဓာတ်ပုံ။ ပြည်တွင်း ဆူပူစေယုံသာမက တိုင်းရင်းသား လက်နက်ကိုင်များအား သွေးထိုးနေသော ၈၈ များ

အသံဖိုင်==> http://realaudio.rferl.org/voa/BURM/manual/2013/03/21/2a3f1395-30f5-4069-aa76-c3e50f13dc90.mp3

Opposite Eye
ဓာတ်ပုံ။ ပြည်တွင်း ဆူပူစေယုံသာမက တိုင်းရင်းသား လက်နက်ကိုင်များအား သွေးထိုးနေသော ၈၈ များ

လက်ပံတောင်းေ တာင် ကြေးနီ စီမံကိန်း တရားဝင် ဆန္ဒပြရန် ခွင့်ပြုလိုက်ပြီ

Photo: လက်ပံတောင်းတောင် ကြေးနီစီမံကိန်း တရားဝင်ဆန္ဒပြရန် 
ခွင့်ပြုလိုက်ပြီ
Friday, March 22, 2013

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို တရားဝင်ကန့်ကွက်ဆန္ဒပြရန် တင်ပြမှုကို မတ်လ (၂၁) ရက်နေ့တွင် ဆားလင်းကြီးမြို့နယ် ရဲတပ်ဖွဲ့မှူးမှ ခွင့်ပြုပေးလိုက်ပြီဖြစ်ကြောင်း လက်ပံတောင်းသို့ရောက်ရှိနေသော Hot News သတင်းထောက်မှ သတင်းပေးပို့သည်။ 

တုံရွာသူ မဌေးဦး နှင့် မဌေးနွယ်တို့ က ဦးဆောင်ကာ မတ်လ (၁၈) ရက်နေ့တွင် စာဖြင့်တင်ပြခဲ့ခြင်းဖြစ်ပြီး ၊ ၃ ရက်အကြာတွင် ယခုကဲ့သို့ ခွင့်ပြုလိုက်ခြင်းဖြစ်သည်။ 

မတ်လ ၂၃ ရက်နေ့တွင် တုံရွာထိပ်မှ စတင်ကာ ပုသိမ်မုံရွာ လမ်းဆုံအထိ အင်အား (၅၀၀ )ခန့်ဖြင့် စီတန်းဆန္ဒပြခွင့်ကို ခွင့်ပြုခဲ့ခြင်းဖြစ်သည်။ 

မွန်းလွဲ၁ နာရီမှ ညနေ ၄ နာရီအထိ ဆန္ဒထုတ်ဖော်ခွင့်ရပြီး လက်ပံတောင်းတောင် ကြေးနီ စီမံကိန်း ဖျက်သိမ်းရေး ၊ မီးလောင်ဗုံးဖြင့် ဖြိုခွင်းသည့် တာဝန်ရှိသူ ဖော်ထုတ်အရေးယူရေး ၊ 
ပုဒ်မ ၁၄၄ ရုပ်သိမ်းပေးရေး ကြွေးကြော်သံများ ဖြင့် စီတန်းလှည့်လည် မည်ဖြစ်ကြောင်းသိရသည်။ 

စီတန်းလှည့်လည်ခြင်းကို ဦးဆောင်မည့် သူ ၂ ဦးနက် မဌေးနွယ်ဆိုသူမှာ စုံစမ်းစစ်ဆေးရေးကော်မရှင်တွင် အဖွဲ့ဝင်အဖြစ်ပါဝင်သော ဒေသခံ ဦးဘိုဌေး ၏ သမီးဖြစ်ကြောင်းသိရသည်။ ယင်းခွင့်ပြုချက်ကို ဆားလင်းကြီးမြို့နယ် ရဲတပ်ဖွဲ့မှူး လက်မှတ်ရေးထိုးကာ စာအမှတ် ၁၀၀၂(၀၆)/၁၀၃/ဦး ၁ ဖြင့် ခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

Hot News
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို တရားဝင်ကန့်ကွက်ဆန္ဒပြရန် တင်ပြမှုကို မတ်လ (၂၁) ရက်နေ့တွင် ဆားလင်းကြီးမြို့နယ် ရဲတပ်ဖွဲ့မှူးမှ ခွင့်ပြုပေးလိုက်ပြီဖြစ်ကြောင်း လက်ပံတောင်း သို့ရောက် ရှိနေသော Hot News သတင်းထောက်မှ သတင်းပေးပို့သည်။ 

လေဖြတ်ခြင်း ကို ကာကွယ်ေ ပးနိုင် တဲ့ ထောပတ်သီး

Photo: လေဖြတ်ခြင်းကို ကာကွယ်ပေးနိုင် တဲ့ ထောပတ်သီး
Thursday, 21 March 2013

ထောပတ်သီးစားသုံးခြင်းသည် ကိုယ်ခန္ဓာအတွက်လိုအပ်သော အာဟာရများကိုဖြည့်တင်းပေးနိုင်ရုံ သာမက သဘာဝမှရသော
သကြား ဓာတ်ကိုထောက်ပံ့ပေးခြင်း၊ကိုယ် အလေးချိန်ကျဆင်း
စခြင်း၊အကျိုး ပြုကိုလက်စတီရောကိုတက်စေပြီး ဆိုးကျိုးပေးသော
ကိုလက်စတီရော ကိုကျဆင်းစေခြင်း စသည့်အချက်များ ကိုရရှိ
စေနိုင်သည်ဟုသိရသည်။ယခု လေ့လာမှုတွင် ဖော်ပြထားချက်
အရ လေဖြတ်ခြင်းကိုပါ ထောပတ်သီးက ကာကွယ်ပေးနိုင်ကြောင်း
ဖော်ထုတ် နိုင်ခဲ့သည်။

ယခုလေ့လာမှုသည် အမျိုးသား ကျန်းမာရေးနှင့် အာဟာရဆိုင်ရာစစ် တမ်း
(National Health and Nutrition Examination Survey, NHANES) မှရ
ရှိခြင်းဖြစ်ပြီး ၂၀၀၁ ခုနှစ်မှ ၂၀၀၈ခုနှစ်အတွင်း လေ့လာခဲ့ သည်။အမေရိ
ကန်နိုင်ငံသား အသက် ၁၉နှစ်အထက်ရှိသူ ၁၇၅၆၇ဦးကို လေ့လာခဲ့သော ယခုလေ့လာမှုတွင် ၃၄၇ဦးသည် နေ့စဉ်ထောပတ်သီးကို စားသုံးပေးသူ
များဖြစ်ကြောင်းေ ဖာ် ထုတ်နိုင်ခဲ့သည်။ အဆိုပါ ထောပတ် သီး နေ့စဉ် စားသုံးပေးသူများ၏ ကျန်းမာရေးအခြေအနေကို မေးခွန်း များ မေးမြန်းခြင်း၊ စမ်းသပ်ခြင်းများ ဖြင့်လေ့လာခဲ့သည်။

ထောပတ်သီးနေ့စဉ် စားသုံးသူ များသည် ကျန်းမာရေးနှင့်ညီညွတ်သော
စားသုံးမှုပုံစံ အညွှန်းကိန်းဖြစ် သည့် healthy eating index,HEI နှင့်
အနီးစပ်ဆုံးသူများဖြစ်လာ ကြောင်း၊ ထောပတ်သီးနေ့စဉ်စားသုံး သူများသည်မစားသုံးသူများထက်နေ့ စဉ်ထောပတ်သီးမှအမျှင်ဓာတ်၃၆%၊ ဗီတာမင်အီး၂၃%၊မက်ဂနီစီယမ် သတ္ထုဓာတ်၁၃%၊ပိုတက်စီယမ် ၁၆%နှင့်ဗီတာမင်ကေ ၄၈%ပိုမိုရရှိ ကြောင်းသုတေသနတွင်ဖော်ပြထား သည်။

ထို့ပြင်ကျန်းမာရေးအတွက် သင့်တော်သောအဆီဓာတ်များကို
ထောပတ်သီးနေ့ စဉ်စားသုံးပေးပါက မစားသုံးသူများထက် ၁၈% ပိုမိုရရှိ ကြောင်းလည်းဖော်ပြထားသေးသည်။ ယခုလေ့လာမှုကပြဆိုသော ရလဒ်မှာ ကိုယ်ခန္ဓာဇီဝဖြစ်စဉ် ချို့ယွင်းမှု (metabolic syndrome)ကြောင့်ဖြစ် ရသောလေဖြတ်ခြင်းကိုလည်း ၅၀% လျှော့ချပေးနိုင်ကြောင်းပင်ဖြစ်သည်။

ယခုလေ့လာမှုကို National Nutrition Journal တွင်ပုံနှိပ်ဖော် ပြထားခြင်းဖြစ်
သည်။

သန့်စင်
Myanmar News Update
ထောပတ်သီးစားသုံးခြင်းသည် ကိုယ်ခန္ဓာအတွက်လိုအပ်သော အာဟာရများကိုဖြည့်တင်းပေးနိုင်ရုံ သာမက သဘာဝမှရသော သကြားဓာတ်ကိုထောက်ပံ့ပေးခြင်း၊ကိုယ် အလေးချိန်ကျဆင်း စခြင်း၊အ ကျိုး ပြုကိုလက်စတီရောကိုတက်စေပြီး ဆိုးကျိုးပေးသောကိုလက်စတီရော ကိုကျဆင်းစေခြင်း စသည့်အချက်များ ကိုရရှိစေနိုင်သည် ဟုသိရသည်။ 

သင်္ကြန်ရက်အ တွင်း ရန်ကုန် တိုင်း မြို့နယ်၂၀ ကို မူလ အတိုင်း ရေေ ပးမည်


Photo: သင်္ကြန်ရက်အတွင်း ရန်ကုန်တိုင်း မြို့နယ်၂၀ ကို မူလအတိုင်း ရေပေးမည်
Thursday, 21 March 2013

ရန်ကုန် (မဇ္ဈိမ)။ ။ လာမည့် သင်္ကြန်ရက်များတွင် ရန်ကုန် စည်ပင်သာယာ နယ်နိမိတ် အတွင်းရှိ မြို့နယ် ၂၀ အား ပုံမှန်အတိုင်း ရေပေးဝေသွားမည်
ဖြစ်ကြောင်း စည်ပင်သာယာရေး ကော်မတီက ဆိုသည်။

တာမွေ၊ မင်္ဂလာတောင်ညွှန့်၊ ပုဇွန်တောင်၊ ဗိုလ်တထောင်၊ မင်္ဂလာဒုံ၊ အင်းစိန်၊ မရမ်းကုန်း၊ ရန်ကင်း၊ ကမာရွတ်၊ လှိုင်၊ လှိုင်သာယာ၊ ရွှေပြည်သာ၊ တောင်ဥက္က
လာ၊ မြောက်ဥက္ကလာ၊ သင်္ကန်းကျွန်း၊ သာကေတ၊ ဒေါပုံ၊ ဒဂုံမြို့သစ် မြောက်
ပိုင်း၊ ဒဂုံမြို့သစ် တောင်ပိုင်းနှင့် အရှေ့ ဒဂုံမြို့နယ်တို့အား သင်္ကြန် အကြိုနေ့မှ
အတက်နေ့အထိ ပေးဝေနေကျ အစီအစဉ်အတိုင်း ရေပေးသွားမည်ဟု စည်ပင်ကော်မတီ၊ အင်ဂျင်နီယာဌာန (ရေသန့်နှင့် သန့်ရှင်းမှု) ဌာနမှ ပြောသည်။

“ကျန်မြို့နယ်တွေဖြစ်တဲ့ မြို့လယ်ပိုင်းက မနက် ၇ နာရီမှ ၁၁ နာရီအထိရယ်၊ ညနေ ၃ နာ၇ီမှ ၆ နာရီအထိလို့ တနေ့ နှစ်ကြိမ်နဲ့ အလုံ၊ ကြည့်မြင်တိုင်၊ စမ်းချောင်းမြို့နယ်တို့ကိုတော့ မနက် ၇ နာရီကနေ ၁၀ နာရီအထိ တနေ့ တကြိမ် ရေပေးသွားမှာပါ။ အဲဒီ အချိန်အတိုင်း မဏ္ဍပ်တွေကိုလည်း
ပေးသွားမှာပါ။ အခါတိုင်းနှစ်အတိုင်း ပေးဝေသွားမှာ ဖြစ်ပါတယ်” ဟု ဒု-ဌာနမှူး ဦးအောင်ဆန်းဝင်း က ပြောသည်။

ရန်ကုန် မြို့လယ်ပိုင်းရှိ မြို့နယ်များမှာ ကျောက်တံတား၊ ပန်းဘဲတန်း၊ လသာ၊ လမ်းမတော်၊ ဗဟန်း၊ ဒဂုံမြို့နယ်တို့ ပါဝင်သည်။

ရေကစား မဏ္ဍပ်များတွင် ၁ လက်မမှ ၁.၅ လက်မနှင့် ၂ လက်မ ပိုက်လိုင်းများသာ စည်ပင် ရေပေးဝေရေး ပိုက်လိုင်းမှ သွယ်ယူ အသုံးပြုခွင့် ပေးသွားမည် ဖြစ်သည်။

“စည်ပင်က ရေ ယူသုံးမယ့် မဏ္ဍပ်တွေအနေနဲ့ ၁ လက်မနဲ့ ၁.၅ ပိုက်
သုံးရင် ကျပ် ၁ သိန်း၊ ၂ လက်မပိုက်က ကျပ် ၁ သိန်းခွဲ ပေးသွင်းရပါမယ်။ အင်းလျားနဲ့ ကန်တော်ကြီးက ရေ ယူသုံးသူတွေအနေနဲ့ ၃ လက်မ ပိုက်လိုင်းကို ခွင့်ပြုပေးသွားမှာ။ ၃ လက်မ ပိုက်သုံး မဏ္ဍပ်တွေက ရေ
သွယ်ယူခ ကျပ် ၂.၂ သိန်းကို သင်္ကြန်အကြိုနေ့ နေ့လည် ၁၂ နာရီ
အမီ ပေးသွင်းရမှာ ဖြစ်ပါတယ်” ဟု မဏ္ဍပ် ဆောက်ရန် စီစဉ်နေသူ ဦးအောင်မင်း က ဆိုသည်။

အဆိုပါ ရေပိုက်ဖိုးများမှာ ယခင်နှစ်နှုန်းထားထက် ထက်ဝက်ခန့် တက်လာကြောင်း သိရသည်။

ခင်မျိုးသွယ် 
Myanmar News Update
ရန်ကုန် (မဇ္ဈိမ)။ ။ လာမည့် သင်္ကြန်ရက်များတွင် ရန်ကုန် စည်ပင်သာယာ နယ်နိမိတ် အတွင်းရှိ မြို့နယ် ၂၀ အား ပုံမှန်အတိုင်း ရေပေးဝေသွားမည် ဖြစ်ကြောင်း စည်ပင်သာယာရေး ကော်မတီက ဆိုသည်။