Sunday, April 21, 2013

သင်သေဆုံးသွားပြီးတဲ့နောက် ဘ၀ဟောင်းက သင့်ရဲ့ အီးမေးလ်


Photo: သင်သေဆုံးသွားပြီးတဲ့နောက် ဘ၀ဟောင်းက သင့်ရဲ့ အီးမေးလ်
Sunday, April 21, 2013

အနိစ္စသဘောကတော့ အမြဲ မရှိတဲ့ဗျ။ အချိန်တိုင်းမှာ ကိစ္စက ရှောနေကြတာ။ ဘာဘဲဖြစ်ဖြစ်၊ ဘယ်သူဘဲဖြစ်ဖြစ် တချိန်ချိန်မှာတော့ သွားရမှာပဲဗျနော့..။ နီးနီးလေးလား…။ ဝေးဝေးကြီးမှာလား… ။ သိဝူးကွဲ့…။ ခေတ်ကာလကလည်း အင်း….။ နေ့လား… ညလား ဆိုသဟာလိုမျိုး။ ကျုပ်တို့မှာက မြောက်ကိုရီးယားက ဆော်ထည့်လိုက်လည်း သိပ်တော့ မထူးဘူးလို့ပဲ ပြောချင်ပါတယ်။ အကောင်းမှ မရှိပဲကိုးဗျ။ ဒီတော့ကာ ရှင်သန်နေဆဲကာလမှာ အရသာ ရှိတာလေးကိုတော့ မေ့လို့ ရမယ်မထင်။ အဖြစ်ထက် အပျက်ကိုတော့ ရှုမှတ်တာပဲဗျာ။ ကောင်းတာတွေပဲ ပေါ်နေလွန်းလို့ပါ။

ဒါပေသိ… ကျုပ်ရဲ့ အီးမေလ်ကိုတော့ ကျုပ်မရှိတော့တဲ့အခါ ဘယ်မှာ… ဘယ်လို သိမ်းထားရမလည်းလို့ တွေးပူနေမိခဲ့တာလည်း အခါခါပါပဲ။ ဦးပုညရဲ့ ရေသည်ပြဇာတ်ထဲက မြောက်မြို့ရိုးကြားက အသပြာ ပြားဝက်မျှကို တပ်မက်တဲ့ စိတ်နဲ့ (အခုအခါ) အိမ်ရှေ့မင်းသား၊ သူကြွယ်ဖြစ်နေတဲ့ ရေသည်ဟောင်းဟာ ဘ၀ဟောင်းရဲ့ ဒိုင်ယာရီကို စိတ်ထဲ အစွဲ ရှိခဲ့သေးတာပဲဗျာ။ ဘယ်နှယ့် ဒီ အီးမေလ်နဲ့ ဖေ့ဘုတ်ကို ဘယ်လို မေ့လို့ရမှာလည်းကွယ်။  ပုထုဇနော ဥမ္မာတကောတဲ့။ ကျုပ်လည်း ပုထုဇဉ်ပါ။ အဲဒီနေရာလေးမှာပဲ ဒုက္ခတွေ၊ သုခတွေ၊ ရှုစားစရာတွေကို ခံစားရှုမြင်ရင်း ဘ၀ရဲ့ နာရီထက်ဝက်ကျော်ကို ပေးအပ်ခဲ့သူမဟုတ်လား။ ပြီးတော့လည်း ဘုစုခရုအရွယ်ကတည်း ကျုပ်ရဲ့ပုံတွေ၊ ကာလသား အရွယ်က နှစ်ပါးသွားပုံတွေ။ အခြားအခြားသော လုပ်ငန်းခွင် မိတ်ဆွေများနဲ့ ပုံတွေ၊ စာတိုပေစတွေ၊ ကျုပ်ရဲ့ ကိုယ်ပိုင်ဒဿနတွေ၊ ပေးစာ ပြန်စာတွေ၊ တခ်လုပ်ထားတဲ့ ရှုခင်းပုံ လန်းလန်းလေးတွေ၊ ချက်တင်က မတ်ဆေ့ခ်ျတွေ… သူငယ်ချင်း ငါးထောင်ကျော်… ဒါတွေကို ဘယ်လို ထားရစ်ခဲ့ရမလည်းကွယ်။ ကျုပ်ကတော့ မကြာခင် သွားရတော့မှာ အသေအချာ။

အခုတော့ ဆရာဂူးဂယ်ကို ကျေးဇူး ထပ်တင်ရတော့မှာပ။ မသုံးဖြစ်တော့တဲ့ အီးမေးလ်ကို ကာလတစ်ခု အကြာမှာ အလိုအလျောက် ပိတ်သွားစေဖို့ဖြစ်စေ၊ အခြားသော အီးမေးလ်တစ်ခုထံကို အလိုအလျောက် ဆက်သွယ် ပေးဖို့ဖြစ်စေ စီစဉ်ထားရစ်ခဲ့နိုင်ပါတယ်။

အမွေကိစ္စ၊ ကျုပ်ရဲ့ နာရေးကို လှတ၊ ပတဖြစ်အောင် ဘယ်လို စီစဉ်ရမယ်ဆိုတာတွေ ပြီးစီးသွားတဲ့အခါမှာ နောက်ထပ် အလုပ်တစ်ခုအနေနဲ့ လုပ်ရဦးတော့မယ်။ Google ရဲ့ Inactive Account Manager ကို ကျုပ်ရဲ့ နောက်ဆုံးအချိန်မှာ သုံးခွင့်ပေးကြပါဦး။

ကျုပ်ဘ၀ ကူးပြောင်းသွားတဲ့အခါမှာ (ကာလတခုအကြာမှာ) အရှင် Google ဟာ ဒုတိယမြောက် အီးမေးလ်အကောင့်ဆီကို မတ်ဆေ့ခ်ျတွေ ပေးပို့နေလိမ့်မယ်။ ပြန်စာ မရခဲ့ရင်တော့ အရှင် Google ဟာ သဘောပေါက်လိုက်ပါလိမ့်မယ်။ ကျုပ်ဟာ ကံကြမ္မာဆိုး (တာဝတိံသာ ရောက်ပြီး အကောင်းလည်း ဖြစ်ချင် ဖြစ်မှာနော့..) တစ်ခုခုနဲ့ ရင်ဆိုင်နေခဲ့ရပြီး Google ဘ၀ထဲကနေ အပြီးအပိုင် အနိစ္စသဘောနဲ့ ကိစ္စရှောသွားပြီလို့။

ကျုပ်ရဲ့ ဒစ်ဂျစ်တယ် ဘ၀ကိုလည်း အရှင် Google ဟာ နိဂုံးလှလှ ချုပ်ပေးရပါလိမ့်ဦးမယ်။ အင်း.. မွေးမေ့အသက်အပြင်၊ အရှင် google ရဲ့ ဒစ်ဂျစ်တယ် အသက်ကလည်း ရှိသမှုတ်လား။ ယခုဘ၀မှာ ခင်မင် ရင်းနှီးခဲ့ရသူ တစ်ဦးဦးကို ကိုယ့်ရဲ့ ဒစ်ဂျစ်တယ် ဘ၀ကို ဆက်လက် နှင်းအပ်ခဲ့ချင်ရင်လည်း ရတယ်တဲ့။ ကိုယ်ရဲ့ ဒစ်ဂျစ်တယ်အသက်ကို ပေးအပ်ပါရစေကွယ်။

ကိုင်း ဒစ်ဂျစ်တယ် ဈာပန ချကြရအောင်...  ၃ ခါ လိုက်ဆို။

ဂူဂယ် သရဏံ ဂစ္ဆာမိ

ဒစ်ဂျစ်တယ် သရဏံ ဂစ္ဆာမိ

Facebook သရဏံ ဂစ္ဆာမိ

သဗ္ဗေသင်္ခါရာ၊ ခပ်သိမ်းကုန်သော ဖွင့်လှစ်ထားသော ဒစ်ဂျစ်တယ် အကောင့်တို့သည်၊ အနိစ္စာ၊ တချိန်ချိန်တွင် ပိတ်သွားခြင်းသည်သာလျှင် နိဂုံးကမ္ပတ် အဆုံးသတ် ရချေပါတကား။ 

ဒစ်ဂျစ်တယ်သစ္စာနဲ့

သျှင်အနုရောဓိ
မောက္ခမဂ္ဂဇင်း

အနိစ္စသဘောကတော့ အမြဲမရှိတဲ့ဗျ။ အချိန်တိုင်းမှာ ကိစ္စက ရှောနေကြ တာ။ ဘာဘဲဖြစ်ဖြစ်၊ ဘယ်သူဘဲဖြစ်ဖြစ် တချိန်ချိန်မှာတော့ သွားရမှာပဲဗျနော့..။ နီးနီးလေးလား…။ ဝေးဝေးကြီး မှာလား… ။ သိဝူးကွဲ့…။ ခေတ်ကာလကလည်း အင်း….။ နေ့လား… ညလား ဆိုသဟာလိုမျိုး။ ကျုပ်တို့မှာက မြောက်ကိုရီးယား က ဆော် ထည့်လိုက်လည်း သိပ်တော့ မထူးဘူးလို့ပဲ ပြောချင်ပါတယ်။

အကျဈေးဖြင့် ရွှေဝယ်စုသူ များပြား၍ ရွှေဈေးမငြိမ်ဖြစ်နေ မိနစ်ပိုင်းအတွင်း၌ပင် ဈေးအတက်အကျ ဖြစ်လျက်ရှိပြီး ပျမ်းမျှဈေးဖြင့် ရောင်းဝယ်နေရ


အကျဈေးဖြင့်ရွှေဝယ်စုသူများ၍ ဧပြီလ ၁၉ ရက်နေ့ မြန်မာ့ရွှေဈေးမှာတည်ငြိမ်မှုမရှိပဲ အတက် အကျ မြန်ဆန်လျက်ရှိကြောင်း၊ မိနစ်ပိုင်း အတွင်း၌ပင် ဈေးအပြောင်းအလဲ မြန်ဆန်နေသည်ဟု သိရသည်။

Park Royal ဟိုတယ် ရှစ်လွှာမှ ဟိုတယ်ဝန်ထမ်းတစ်ဦး ပြုတ်ကျသေဆုံး ရဲတပ်ဖွဲ့ဝင်များက ပြုတ်ကျသေဆုံးရသည့် အကြောင်းအရင်းကို သိရှိနိုင်ရေးအတွက် ဟိုတယ်၏ CCTV ကင်မရာများကို ပြန်လည်ကြည့်ရှု စစ်ဆေး


ဧပြီ ၁၉ ရက် နံနက်က ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ် အလံပြဘုရားလမ်းရှိ Park Royal ဟိုတယ်၏ ရှစ်လွှာအမြင့်မှ ဟိုတယ်ဝန်ထမ်းတစ်ဦး ပြုတ်ကျသေဆုံးမှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

သန္ဓေတားဆေး ဆိုးကျိုးကောင်းကျိုး .....


သန္ဓေတားဆေး ဆိုးကျိုးကောင်းကျိုးစိတ်ချရတဲ့ သားဆက်ခြားနည်းတွေထဲမှာ နေ့စဉ် သောက် သန္ဓေတား ဆေးကဒ်ကို သုံးစွဲခြင်းလည်း ပါဝင်ပါတယ်။ အဆိုပါဆေး သောက်သုံးခြင်းရဲ့ အကျိုးကျေးဇူးတွေကတော့ လစဉ်ရာသီပုံမှန်လာခြင်း၊ ရာသီလာစဉ်နာကျင်ကိုက်ခဲမှုကို သက်သာစေ ခြင်း၊ ကလေးယူ တော့မည်ဆိုလျှင် ဆေးသောက်ရပ် လိုက်သည်နှင့် ကလေးရနိုင်ခြင်း၊ သားအိမ်ကင်ဆာ၊ သားဥအိမ်ကင် ဆာဖြစ်နိုင်ခြေနည်း သွားခြင်းတို့ပဲ ဖြစ် ပါတယ်။

မူးယစ်နေသော တူဖြစ်သူက ဓားကိုင် စိန်ခေါ်သဖြင့် ဦးလေးဖြစ်သူ ဓားချင်း ယှဉ်ခုတ်စဉ် သေဆုံး


ဧရာဝတီ တိုင်းဒေသကြီး ငပုတော မြို့နယ် ဟိုင်းကြီးကျွန်း မြို့နယ်ခွဲ အထက်စု ရွာ၌ ဧပြီ ၁၈ ရက် ညနေပိုင်းက မူးယစ် ရမ်းကား၍ စိန်ခေါ်ပြီး ဓားချင်း ယှဉ်ခုတ်ရာမှ သေဆုံး မှု ဖြစ်ပွား ကြောင်း သိရသည်။

ကော်ဖီသည် အသည်းရောဂါဖြစ်ပွားမှုကို ကာကွယ်နိုင်ကြောင်း လေ့လာတွေ့ရှိ



ကော်ဖီသည် အရက် သောက်သုံးသူ များအား အသည်းရောဂါ ဖြစ်ပွားခြင်းမှ ကာကွယ် နိုင်ကြောင်း ဖင်လန်နိုင်ငံ သုတေသန ပညာရှင် များက အရက်သေစာ နှင့် အရက်စွဲခြင်း ဆိုင်ရာ ဂျာနယ်တွင် ဖော်ပြထားသော လေ့လာ မှု တစ်ရပ်တွင် ပြောကြား ထားသည်။ သုတေသီ များသည် အသက် ၂၅ နှစ်မှ ၇၄ နှစ် အကြားရှိ ဖင်လန် အမျိုးသား နှင့် အမျိုးသမီး ၁၉၀၀၀ ဦးခန့်အား ကော်ဖီ သောက်သုံးခြင်း နှင့် စပ်လျဉ်း၍ မေးမြန်း ခဲ့ပြီး လေ့လာမှု တွင် ပါဝင် သူများ၏ သွေးအတွင်း အသည်းအင်ဇိုင်း ( GGT ) ပါဝင်မှု ပမာဏကို လည်း တိုင်းတာ ခဲ့ကြသည်။

မွတ်ဒေါင်းဖြစ်တဲ့ မင်းကိုနိုင်အတွက် ဦးဇင်း ပညာစက္က၏ ဆုံးမစာ


မင်းကိုနိုင်ပြောစကးကို ပြန်လည်သုံးသပ်ချက်) ကျနော်တို့ ခွတ်ဒေါင်းအလံကို ကိုင်မယ့်လက်ဟာ လူမျိုး ဘာ သာ မခွဲခြားပါဘူး ကျနော်တို့ တမျိုးသားလုံး အ တွက် သစ္စာရှိဖို့ရယ် သွေးစွန်းနေတဲ့ လက်မဖြစ်ဖို့ရယ် သန့်စင် တဲ့ လက်ဖြစ်ဖို့ပဲ လိုပါတယ်။ (မင်းကိုနိုင်)

ကျပ် ၅၀၀၀ တန်မြန်မာငွေစက္ကူအတု သိန်း ၂၇၀ ဖမ်းဆီးရမိ


ကချင်ပြည်နယ် ၊ မြစ်ကြီးနား မြို့နယ် ၊ မြို့နယ် ရဲတပ်ဖွဲမှူး ယာယီ ရဲမှူး လှရီ ၏ လမ်းညွှန်မှု အရ မြို့ပေါ် ရပ်ကွက်များ အတွင်း လုံခြုံရေး အတွက် ရှောင်တခင် ဧည့်စာရင်း စစ်ဆေးခြင်း ဆောင်ရွက်ရာ မှ မြန်မာ ငွေ စက္ကူ ကျပ် ၅၀၀၀ တန် အတု ငွေကျပ်သိန်း ၂၇၀ နှင့် တရားမ၀င် ၀င်ရောက် လာသည့် တရုတ် နိုင်ငံ သား ၂ ဦးနှင့် မြစ်ကြီးနားမြို့ နေသူ ၂ ဦးတို့အား ဧပြီလ ၁၂ ရက်က ဖော်ထုတ် ဖမ်းဆီး ရမိခဲ့ကြောင်း သိရ သည်။

အန်အယ်ဒီပါတီကို တရုတ်အစိုးရက ပထမဆုံး အကြိမ် ငွေလှူ



ယခင် မြန်မာအစိုးရနှင့် ရင်းနှီးနီးကပ်စွာ နေပြီး မြန်မာ့နိုင်ငံအတွက် အကူအညီများ ပေးခဲ့သော တရုတ် အစိုးရမှ အန်အယ်လ်ဒီပါတီအတွက် အလှူငွေများ ပေးအပ်ခဲ့ပါတယ်။ 
 
ဓာတ်ပုံ (ဟာကျူလီ-ကသာ)

ရွှေဂတ်စ်ပိုက်လိုင်း လမ်းကြောင်းရှိ တိုင်းရင်းသားပါတီနှင့် ကိုယ်စားလှယ်များအား တရုတ်အစိုးရဖိတ်ခေါ်


ရန်ကုန်(မဇ္ဈိမ)။ ။ ရွှေဂတ်စ်ပိုက်လိုင်း လမ်းကြောင်းပေါ်ရှိ ဒေသတွင်း တိုင်းရင်းသားပါတီအချို့နှင့် လွှတ်တော်တွင် ကိုယ်စားလှယ်အဖြစ် အများအပြား တက်ရောက်နေကြသော ပါတီများအား တရုတ် ကွန်မြူနစ်ပါတီနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ဖိတ်ခေါ်ထားကြောင်း ဖိတ်ကြားခံရသည့် ရခိုင်တိုင်းရင်း သားများ တိုးတက်ရေးပါတီ (RNDP) မှ ဥက္ကဌ ဒေါက်တာအေးမောင် ကပြောသည်။

ဝါရှင်တန်မြန်မာသံရုံး သင်္ကြန်ပွဲ


နိုင်ငံရပ်ခြားမှာရောက်ရှိနေတဲ့ မြန်မာတွေအချင်းချင်း ရင်းနှီးမှုပိုရှိလာစေဖို့နဲ့ တဦးအပေါ်တဦး နားလည် မှုတွေ ရှိလာစေဖို့ ရည်ရွယ်ချက်နဲ့ ၀ါရှင်တန်ဒီစီ မြန်မာသံရုံးမှာ နှစ်သစ်ကူး အတာသင်္ကြန်ပွဲကို လုပ်ခဲ့တာ ဖြစ်တယ်လို့ မြန်မာသံအမတ်ကြီး ဦးသန်းဆွေက ပြောဆိုလိုက်ပါတယ်။ အမေရိကန်   ပြည်ထောင်စု အရှေ့ဘက်ခြမ်းမှာရှိတဲ့ ၀ါရှင်တန်ဒီစီ မြန်မာသံရုံးမှာ ဧပြီလ ၂၀ ရက် စနေနေ့က အတာသင်္ကြန်ပွဲကို ပြုလုပ်ခဲ့တာဖြစ်ပြီး၊ ၀ါရှင်တန်ဒီစီမှာရှိတဲ့ မြန်မာအသိုင်းအ၀ိုင်းအားလုံးကိုရော၊ အမေရိကန်ပြည်ထောင်စုက ဧည့်သည်တွေရော၊ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေက သံရုံးတွေကိုပါ ဖိတ်ကြားခဲ့ပါတယ်။ ဒါနဲ့ပတ်သက်ပြီး သံအမတ်ကြီး ဦးသန်းဆွေက အခုလို ပြောပြပါတယ်။

Boston မာရသွန် ဗုံးဖောက်ခွဲခဲ့သော ညီအစ်ကို နှစ်ယောက်၏ ဖြစ်စဉ် (အပြည့်အစုံ)


မိပြီ" မာရသွန်ဗုံးဖောက်ခွဲမှု တရားခံကို ဖမ်းဆီး ထိန်းသိမ်းထားပြီဟု ဘော်စတွန် ရဲတပ်ဖွဲ့ ကြေငြာ
CNN
ဘော်စတွန် မာရသွန်ဗုံးဖောက်ခွဲမှုမှ ဒုတိယမြောက် သင်္ကာမကင်း ဖြစ်ခံရသူကို သောကြာနေ့ညက ဖမ်းဆီးရမိလိုက်ပြီ ဖြစ်သောကြောင့် မက်ဆာချူးဆက် ပြည်နယ် မြို့တော် တွင်ပြုလုပ်ခဲ့သော လူဖမ်းပွဲကြီး အဆုံးသတ် သွားပြီ ဖြစ်ကာ ထိုသူသည် လက်နက်နှင့် ပေါက်ကွဲ စေတတ်သော ပစ္စည်းများ ပါဝင်နိုင်သည်ဟု သတိပေးထားမှုကြောင့် စိုးရိမ်ထိတ်လန့်နေရမှု များလည်း ကင်းစင် သွားပြီဖြစ်သည်။

ကလောမြို့နယ် အတွင်း ပြည်သူများ CDMA 800-MHz မိုဘိုင်းလ်ဖုန်းများ ဝယ်ယူခွင့် ရရှိရေး လျှောက်ထားလျက်ရှိ


ရှမ်းပြည်နယ် (တောင်ပိုင်း) ကလော မြို့နယ်အတွင်း ယနေ့မှ စတင်၍ ပြည်သူများက CDMA 800-MHz မိုဘိုင်းလ်ဖုန်းများအား ဝယ်ယူခွင့်ရရှိရေး ကလောမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီး ဌာနရုံး၌ လျှောက် ထားလျက် ရှိကြောင်း သိရသည်။

Saturday, April 20, 2013

စာနယ်ဇင်း လွတ်လပ်ခွင့်ပေးပြီးနောက် အဆိပ်ဖြစ်စေတဲ့ စာတွေများလာ


Photo: စာနယ်ဇင်း လွတ်လပ်ခွင့်ပေးပြီးနောက် အဆိပ်ဖြစ်စေတဲ့ စာတွေများလာ

မြန်မာနိုင်ငံမှာ အစိုးရက စာနယ်ဇင်း လွတ်လပ်ခွင့်တွေကို ဖွင့်ပေးလိုက်တဲ့နောက်ပိုင်း ပြည်သူတွေကို အဆိပ်အတောက်ဖြစ်စေတဲ့စာပေတွေ အများအပြား ထွန်းကားလာနေတယ်လို့ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးပိုက်ထွေးက ပြောကြားလိုက်ပါတယ်။

ဒီကနေ့ ရခိုင်ပြည်နယ် စစ်တွေမြို့မှာပြုလုပ်တဲ့ ပုံနှိပ်ထုတ်ဝေခြင်းလုပ်ငန်း(ဥပဒေကြမ်း) ရှင်းလင်းတင်ပြခြင်းနဲ့ အကြံဥာဏ်တောင်းခံခြင်း အခမ်းအနားမှာ ပြည်ထောင်စု ဒုတိယဝန်ကြီးက အခုလိုပြောကြားလိုက်တာဖြစ်ပါတယ်။

"တင်ထုတ်စနစ်ကနေ ထုတ်တင်စနစ်ကို ကျွန်တော်တို့ ပြောင်းလဲကျင့်သုံးခဲ့ပါတယ်။ အဲဒီလိုကျင့်သုံး လိုက်ပြီးနောက်ပိုင်းမှာပေါ့လေ အခုအချိန်အထိ ဘာတွေဖြစ်လာလဲဆိုတော့ ကျွန်တော်တို့ ဂျာနယ်တွေ၊ မဂ္ဂဇင်းတွေမှာ ပြည်သူလူထုကို အဆိပ်အတောက်ဖြစ်စေတဲ့ ရေးသား မှုမျိုးတွေ တစ်စတစ်စများပြားလာနေတာကို ကျွန်တော်တို့ တွေ့ရပါတယ်"

ပြန်ကြားရေးဌာနရဲ့ စာရင်းပြုစုချက်အရ ပြီးခဲ့တဲ့မတ်လအထိ လောင်းကစားကိစ္စရပ်တွေကို အားပေးလှုံ့ဆော်တဲ့ ဂျာနယ်အမျိုးအစား ၁၃ မျိုးနဲ့ မြန်မာ့ယဉ်ကျေးမှုနဲ့ မလျော်ညီတဲ့ ရေးသားချက်၊ ဖော်ပြချက်နဲ့ ဓာတ်ပုံတွေပါဝင်တဲ့ ဂျာနယ်အမျိုးအစား ၄၆ စောင်ထိတွေ့လာရတယ်လို့ ဝန်ကြီးကဆိုပါတယ်။

ဒီဥပဒေမူကြမ်းကို အတည်ပြုပြီး နည်းဥပဒေတွေနဲ့ အသက်ဝင်လာတဲ့အခါမှာ ဒီအဆိပ်အတောက်စာပေတွေကို ထိန်းချုပ်သွားနိုင်မှာ ဖြစ်တယ်လို့လည်း ဝန်ကြီးကပြောပါတယ်။

ဒီကနေ့ စစ်တွေမြို့မှာပြုလုပ်တဲ့ အခမ်းအနားဟာ ပုံနှိပ်ခြင်းနဲ့ ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေမူကြမ်းကို အတည်ပြုနိုင်ဖို့အတွက် ဒေသခံတွေရဲ့ သဘောထားဆန္ဒနဲ့ အကြံဥာဏ်တွေကို အခုလ ၃၀ ရက်နေ့ နောက်ဆုံးအထိ တောင်းခံခြင်းဖြစ်ပြီး ပြန်ကြားရေးဝန်ကြီးဌာနအနေနဲ့ အဲဒီအကြံပြုဆွေးနွေးချက်တွေကို ဥပဒေပြုရေးအဖွဲ့နဲ့ ဆွေးနွေးညှိနှိုင်းသွားမှာ ဖြစ်တယ်လို့ ပြန်ကြားရေးဝန်ကြီးဌာန မူပိုင်ခွင့်နဲ့ မှတ်ပုံတင်ဌာနခွဲက ညွှန်ကြားရေးမှူး ဦးအောင်ကျော်ဦးက ဒီအခမ်းအနားမှာ ပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် အခုလို ဥပဒေမူကြမ်းအတွက် အကြံဥာဏ်တောင်းခံတာတွေကို အခြားတိုင်းနဲ့ ပြည်နယ်အချို့မှာလည်း ပြုလုပ်ခဲ့တယ်လို့သိရပါတယ်။

ဒီအခမ်းအနားကို ပြည်နယ်အစိုးရ တာဝန်ရှိသူတွေ၊ ဥပဒေပညာရှင်တွေ၊ စာပေပညာရှင်တွေ စုစုပေါင်း ၇၀ လောက်က တက်ရောက်ဆွေးနွေးခဲ့ပါတယ်။

RFA Burmese
မြန်မာနိုင်ငံမှာ အစိုးရက စာနယ်ဇင်း လွတ်လပ်ခွင့်တွေကို ဖွင့်ပေးလိုက်တဲ့နောက်ပိုင်း ပြည်သူတွေကို အဆိပ်အတောက်ဖြစ်စေတဲ့စာပေတွေ အများအပြား ထွန်းကားလာနေတယ်လို့ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးပိုက်ထွေးက ပြောကြားလိုက်ပါတယ်။

ဆိုရှယ်မီဒီယာများနှင့် ပတ်သက်၍ အလုပ်ရုံဆွေးနွေးပွဲ


Photo: ဆိုရှယ်မီဒီယာများနှင့် ပတ်သက်၍ အလုပ်ရုံဆွေးနွေးပွဲ ”
Saturday, 20 April 2013 

ယနေ့ ၂၀၁၃ခုနှစ်၊ ဧပြီလ ၂၀ရက်၊ နံနက်၁၀း၂၀ နာရီက ရန်ကုန်မြို့၊
သင်္ဃန်းကျွန်းမြို့နယ်ရှိ ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့
အစည်း ရုံးခန်းတွင် ဆိုရှယ်မီဒီယာများ အရေးကိစ္စနှင့် ပတ်သက်၍
အလုပ်ရုံ ဆွေးနွေးပွဲတစ်ရပ်ကို ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့်ပွင့်လင်း
လူ့အဖွဲ့အစည်း၏ လူထုဆက်ဆံရေးဌာနမှ ဦးစီး၍ ပြုလုပ်ခဲ့သည်။
ထိုဆွေးနွေးပွဲသို့ စာနယ်ဇင်းကောင်စီ၊ စာနယ်ဇင်း သမဂ္ဂ၊ MIDO ၊
MJN၊ ရုပ်ရှင်အစည်းအရုံး၊ ဂီတအစည်းအရုံး၊ သဘင်အစည်းအရုံး၊
တက္ကသိုလ်အသီးသီးမှ ကျောင်းသားအဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့
များနှင့် မီဒီယာများ တက်ရောက်ခဲ့ကြသည်။
ဆွေးနွေးပွဲတွင် Online ဆိုရှုယ်မီဒီယာများနှင့် Facebook စာမျက်နှာ
များပေါ်၌ အများပြည်သူများ အထိတ်တလန့် ဖြစ်စေသော၊ ဘာသာရေး၊
လူမျိုးရေး၊ နိုင်ငံရေး၊ လူမှုရေး၊ ပဋိပက္ခများဖြစ်စေသော အရေးအသားများ၊
ထင်မြင်ယူဆချက်များ၊ အတုအယောင်ဖန်တီးနေမှုများ၊ သွေးထိုးလှုံ့ဆော်
နေမှုများနှင့် ပတ်သက်၍ မည်သို့တားဆီးဆောင်ရွက်နိုင်ကြမည်ကို
အားလုံးဝိုင်းဝန်းဆွေးနွေးခဲ့ကြသည်။ ထို့ပြင် အင်တာနက်အသုံးပြုရာတွင်
လိုက်နာကျင့်သုံးရမည့်ကျင့်ဝတ်များနှင့်ပတ်သက်၍ လည်းကောင်း၊
Cyber ဥပဒေနှင့်ပတ်သက်၍လည်းကောင်း အမြင်ရှုထောင့်အမျိုးမျိုးဖြင့်
ဆွေးနွေးခဲ့ကြသည်။

The 88 Generation - Public Relation'

Myawaddy News
မီဒီယာများ အရေးကိစ္စနှင့် ပတ်သက်၍ အလုပ်ရုံ ဆွေးနွေးပွဲတစ်ရပ်ကို ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း၏ လူထုဆက်ဆံရေး ဌာနမှ ဦးစီး၍ ပြုလုပ်ခဲ့သည်။ ထိုဆွေးနွေးပွဲသို့ စာနယ်ဇင်းကောင်စီ၊ စာနယ်ဇင်း သမဂ္ဂ၊ MIDO ၊ MJN၊ ရုပ်ရှင်အစည်းအရုံး၊ ဂီတအစည်းအရုံး၊ သဘင်အစည်းအရုံး၊ တက္ကသိုလ်အသီးသီးမှ ကျောင်းသားအဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် မီဒီယာ များ တက်ရောက်ခဲ့ကြသည်။

မြန်မာ့လူ့အခွင့်အရေး အမေရိကန်ချီးကျူး


မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးအခြေအနေ တိုးတက်လာခဲ့ပြီး ပြုပြင်ပြောင်းလဲရေး ဆက်ပြီးလုပ်သွားမဲ့ပုံ ရပေမဲ့ စိန်ခေါ်မှုတွေ အများကြီး ရှိနေသေးတယ်လို့ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး John Kerry က ပြောလိုက်ပါတယ်။ သောကြာနေ့က အမေရိကန်နိုင်ငံခြားရေး ဌာနမှာ ပြုလုပ်တဲ့ နှစ်ပတ်လည် လူ့အခွင့်အရေးအစီရင်ခံစာထုတ်ပြန်ပွဲမှာ ဝန်ကြီး Kerry ကခုလို ပြောကြားခဲ့ တာဖြစ်ပါတယ်။ အထီး ကျန် နိုင်ငံတခု ဖြစ်နေခဲ့တဲ့ မြန်မာနိုင်ငံဟာ တိုးတက်မှုတွေ ရှိလာပေမဲ့ အမေရိန်ကန်က ဖြစ်စေချင်တဲ့ အခြေအနေ မရောက်သေးဘူးလို့လည်း သူကပြောကြားခဲ့ပါတယ်။ အပြည့်အစုံကို မစုမြတ်မွန်က တင်ပြ ပေးထား ပါတယ်။

စေတီပုံပါ အထည်စ ရောင်းတာ သာသနာကို ညိုးနွမ်းစေသလား


Photo: စေတီပုံပါ အထည်စ ရောင်းတာ သာသနာကို ညိုးနွမ်းစေသလား
Saturday, 20 April 2013


စေတီပုံ ရိုက်နှိပ်ထားသော ချည်ထည်များ လက်ဝယ်တွေ့ရှိသောကြောင့် ရန်ကုန် မြို့ ယုဇနပလာဇာရှိ အထည်ဆိုင် ပိုင်ရှင်ကို သာသနာကို ညိုးနွမ်းအောင် လုပ်ဆောင်မှု ပုဒ်မဖွင့်၍ အရေးယူထားရပြီး အထည်တင်သွင်းလာသည့် မော်လမြိုင်မြို့သို့လည်း စုံစမ်းစစ်ဆေးမှုများ ပြုလုပ်မည်ဟု မင်္ဂလာတောင်ညွှန့်မြို့နယ် ရဲတပ်ဖွဲ့က ပြောဆိုသည်။

သို့သော် ဧရာဝတီမှ စုံစမ်းသိရှိရသမျှ အမှုသွား အမှုလာများအရ အထည်ဆိုင်ပိုင်ရှင်ကို တရားစွဲဆိုနိုင်လောက်သည့် အထောက်အထားများ မတွေ့ရှိရဘဲ  ဆိုရှယ်မီဒီယာပေါ်တွင် လူပြောများနေသည့် စေတီပုံ ဒီဇိုင်းဆင်ထားသည်ဆိုသော အထည်စများသည် ထိုင်းနိုင်ငံတွင် ထုတ်လုပ် တင်သွင်းလာသောအစများ ဖြစ်ဖွယ်ရှိသည်။

၂၀၁၃ ခုနှစ် ဧပြီလ ၁၁ ရက်နေ့က ယုဇနပလာဇာ မျက်နှာစာတမ်းအနီးရှိ မေခလာ(သမီး) အထည်ဆိုင်တွင် ရောင်းချလျက်ရှိသော ပိတ်စအချို့တွင် စေတီပုံ ရိုက်နှိပ်ထားသော ချည်ထည် ၇ ထည်ကို သိမ်းဆည်းရမိခဲ့ကြောင်း မင်္ဂလာတောင်ညွှန့်မြို့နယ် ရဲတပ်ဖွဲ့ စခန်းမှူး ဦးသက်နိုင်က ဧရာဝတီသို့ ပြောသည်။ ‘အစကတော့ ထမီစလည်း ချုပ်လို့ရတယ်။ အကျီစလည်း ချုပ်လို့ရတယ်။ ပါတိတ်ပေါ့။ ကျနော်တို့ ၇ ထည် မိထားတယ်”ဟု သူက ပြောသည်။

ချည်ထည်အစများတွင် စေတီပုံ ရိုက်နှိပ်ထားခြင်းကို ကာယကံရှင် ဆိုင်ရှင်များကိုယ်တိုင် မသိရှိဘဲ ရဲများဝင်ရောက် ရှာဖွေမှသာ သိရှိရသည်ဟု ထွက်ဆိုထားကြောင်း စခန်းမှူးက ရှင်းပြသည်။

ယခုကိစ္စကို တိုင်း ခရိုင် အဆင့်ဆင့်တင်ပြခဲ့ပြီး သင်္ကြန်ကာလ အလုပ်ရှုပ်နေသောကြောင့် အမှုမဖွင့်ဘဲထားခဲ့ရာ  ဘာသာရေး အဖွဲ့အစည်းတခုမှ အမှုဖွင့်ပေးရန် ဖိအားပေး တောင်းဆိုသောကြောင့် ဧပြီလ ၁၄ ရက်နေ့တွင် သာသနာကို ညိုးနွမ်းအောင် လုပ်ဆောင်မှု ပုဒ်မ  ၂၉၅ ဖြင့် ရဲစခန်းမှ တာဝန်မှူး ဒုရဲအုပ် မင်းမင်းအောင်က တရားလိုလုပ်၍ အမှုဖွင့်ထားကြောင်း၊ စခန်းမှူးကိုယ်တိုင်က အမှုစစ်အရာရှိ အဖြစ်ဆောင်ရွက်နေကြောင်းလည်း ရှင်းပြသည်။

အမှုစစ်ဆေးပေါ်ပေါက်ချက်အရ အထည်အလိပ်များမှ မော်လမြိုင်ဘက်မှ ၀င်ရောက်လာခြင်းဖြစ်ကြောင်း၊ ထိုကြောင့် မော်လမြိုင် အဆက်အသွယ်ကို လိုက်လံ ဖော်ထုတ်လျက် ရှိကြောင်း၊ မေခလာပိုင်ရှင်မှာ ဗုဒ္ဓဘာသာဖြစ်ပြီး ဘုရားတည် ကျောင်းဆောက်နေသူ ဖြစ်ကြောင်း၊ ဆိုင်အပေါ်ထပ်သို့ ၀င်ရောက်ရှာဖွေရာ ဘုရားစင်တစ်ခုကို တွေ့ရှိရကြောင်း၊ သက်သေခံပစ္စည်းကို သိမ်းဆည်းထားပြီး စေတီပုံမှာ ပြောင်းပြန်လှန်လိုက်မှသာ နောက်ကျောဘက်တွင် တွေ့ရှိရကြောင်း၊အထည်စတိုင်းတွင် တွေ့ရှိရခြင်း မဟုတ်ဘဲ အချို့အစများတွင်သာ တွေ့ရှိရကြောင်း ရဲအရာရှိ ဦးသက်နိုင်က ဧရာဝတီနှင့် တွေ့ဆုံရာတွင် ရှင်းပြသည်။

ထိုသို့ စေတီပုံပါရှိကြောင်း ရဲတပ်ဖွဲ့သို့ ဖမ်းဆီးရန် သတင်းပေးသူများမှာ သာကေတမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဖြစ်သည်။ ဇာတ်လမ်းအစမှာ ဧပြီလ ၁၁ ရက်နေ့ သာကေတမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရန်ပြေ ၃ ရပ်ကွက် ဥက္ကဋ္ဌ ဒေါ်ဥမ္မာ ဆိုသူသည် မေခလာ(သမီး) အထည်ဆိုင်တွင် ထမီချုပ်ရန် ပိတ်စတစ်ခုဝယ်ယူခဲ့ရာ အထည်စတွင် စေတီပုံပါနေသောကြောင့် အံ့သြသွားခဲ့ကြောင်း၊ အတူပါရှိလာသူ အဖော်များကို ပြ၍ မိမိအား ဖုန်းဆက်အကြောင်းကြားသောကြောင့် သွားရောက်ကြည့်ရှုခဲ့ရာ ဟုတ်မှန်နေကြောင်း သာကေတမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြန်ကြားရေးဌာနမှ ဦးလှမိုးက ဧရာဝတီသို့ပြောသည်။

”ကျနော်လည်း မြို့နယ်ကို သတင်းပို့ပြီး ရပ်ကွက်ရုံးကို သွားတယ်။ ရဲတွေခေါ်တယ်။ ပြီးရင် ၀င်ဖမ်းတယ်။ ရဲတွေ ၀င်ဖမ်းတော့ ဘာမှမရှိဘူး။ ပထမ ပြောထားတုန်းက လိုသလောက်ရတယ်လို့ ပြောထားတာ။ ကိုယ်တိုင်ဝယ်ခဲ့တဲ့ မဥမ္မာက ကြားတွေကြားတွေမှာ ညှပ်ညှပ်ထားတာတွေကို ဆွဲထုတ်ပြတယ်။ အဲဒီအခါကျမှ ထွက်လာတာ”ဟု  ဦးလှမိုးက ပြောသည်။

သို့သော် ဧပြီလ ၁၁ ရက်နေ့ ဖြစ်စဉ်ကို လုံးဝမသိရှိခဲ့ဘဲ ၁၂ ရက်နေ့တွင် မန္တလေးမြို့မှ အရှင်ဝီရသူက ဖုန်း massage ပို့၍ အကြောင်းကြားမှသာ သိရှိရသောကြောင့် ၁၃ ရက်နေ့တွင် သာကေတ NLD ရုံးသို့ သွားရောက် စုံစမ်း၍ ၁၄ ရက်နေ့တွင် မင်္ဂလာတောင်ညွှန့် မြို့နယ် ရဲတပ်ဖွဲ့ စခန်းသို့ သွားရောက်စုံစမ်းခဲ့ကြောင်း ထေရ၀ါဒ ဓမ္မကွန်ရက်မှ ဆရာတော် ဦးကေသရက မိန့်သည်။

” စခန်းသွားစုံစမ်းတော့ အမှုမဖွင့်ရသေးဘူး။ မြို့နယ်မှူး ဦးဝင်းအောင်နီက စေတီတွေဟာ ပိတ်စပေါ်မှာ လုပ်ထားတာ သဘောရိုးနဲ့ လုပ်တာပါလို့ ထပ်ခါတလဲလဲ ပြောတယ်။ အထည်အကုန်လုံးမပါဘဲနဲ့ ကွက်တိကွက်ကျား ဟိုတစ ဒီတစ ပါတဲ့အတွက်ကြောင့် မှားယွင်းစွာ ပါလာတာလို့ ပြောတယ်။ နောက်တခုက ဗုဒ္ဓဘာသာဝင်တွေပါတဲ့။အရင် အုပ်ချုပ်ရေးမှူးဟောင်းရဲ့ သမီးတွေတဲ့။ အထည်တွေမှာ စေတီပုံပါတာ ဘယ်သူနစ်နာသလဲတဲ့။ နစ်နာတဲ့သူ အမှုဖွင့်၊ တိုင်ပေါ့တဲ့။ အထည်တွေတောင်း ကြည့်တော့ မရှိတော့ဘူး။အထက်ကို တင်လိုက်ပြီတဲ့။ သက်သေခံ ပစ္စည်းကို ကျုပ်တို့ကို ထုတ်မပြဘူး။ မြို့နယ်မှူးက ပိတ်စ ပိတ်လိပ်လို့ အကြိမ်ကြိမ် သုံးတယ်။ ဒီ အစက ဗြောင်မဟုတ်တဲ့အတွက်ကြောင့် ဘယ်သူမှ လုံချည်ချုပ်မ၀တ်ဘူး။ ထမီပဲ ချုပ်ကြမှာ”ဟု ဦးကေသရက ဧရာဝတီသို့ မိန့်သည်။

ထိုသို့ မေးမြန်းစုံစမ်းမှသာ အမှုဖွင့်ပေးခဲ့ခြင်း ဖြစ်ကြောင်း ဦးကေသရက ဆိုသည်။

ဘာသာရေး ရှုထောင့်မှ ကြည့်ပါက ဘာသာ သာသနာအတွက် လွန်စွာ နစ်နာကြောင်း၊ ဘုရားစေတီသည် ဗုဒ္ဓသာသနာအတွက် အထွတ်အမြတ်ဖြစ်ကြောင်း၊ အမျိုးသမီးဝတ် လုံချည်ဖြစ်သော အင်္ဂါဝရ နေရာတွင် ရိုက်နှိပ်ထားခြင်းသည် ဗုဒ္ဓဘာသာကို မဖွယ်မရာလုပ်ဆောင်သည့် သဘော ဖြစ်နေကြောင်း ထေရ၀ါဒ ဓမ္မကွန်ရက်မှ ဦးနေမိန္ဒက မိန့်သည်။

”ဦးဇင်းတို့က တိုင်းရုံးကို စုံစမ်းမေးမြန်းမှ မြို့နယ်ရုံးမှာ ဖွင့်ပေးထားတယ်လို့ ပြောတယ်။ ဦးဇင်းတို့ ပြန်လာပြီး ညကျမှ ဖွင့်ပေးတာ။ ပြီးတော့ ဒီဆိုင်ကို အငြိုးထားတာ မဟုတ်ဘူး။ ဘယ်က လာလဲဆိုတဲ့ Source ကိုလည်း သိချင်တယ်”ဟု ဦးနေမိန္ဒက ဆိုသည်။

စေတီတော်ပုံ အထည်စများ ရောင်းချမိခြင်းကို လုံးဝမသိရှိခဲ့ကြောင်း မေခလာအထည်ဆိုင် ပိုင်ရှင် ဒေါ်မေခလာသိန်းက ဧရာဝတီသို့ ပြောသည်။

”ရှက်လည်း ရှက်တယ်။ စိတ်လည်းညစ်တယ်”ဟူ၍သာ  ဒေါ်မေခလာသိန်းက ကောက်ချက်ချ ပြောဆိုပြီး မိမိသည် ဗုဒ္ဓဘာသာဝင် စစ်စစ်တစ်ယောက် ဖြစ်ကြောင်း၊ နှစ်စဉ် ၀ါဆိုသင်္ကန်းကပ်ကြောင်း၊ ဆရာတော် သံဃာတော်များကို အပတ်စဉ် ဆွမ်းကပ်လျက်ရှိကြောင်း၊ မြန်မာတနိုင်ငံလုံးတွင် ဘုရားတည် ကျောင်းဆောက်လျက်ရှိကြောင်း အထောက်အထား ဓါတ်ပုံများစွာ ထုတ်ပြခဲ့သည်။

”အမေ ကိုယ်တိုင်လည်း လက်မခံဘူး။ ရအောင် ဖော်ထုတ်ပါ။ အမေတို့ ကိုယ်တိုင် ဘုရားတည်နေတာပါ” ဟု ဒေါ်မေခလာသိန်းက မျက်ရည်စက်လက်ဖြင့် ပြောသည်။

ပြဿနာ ဖြစ်ပေါ်လျက်ရှိသော အထည်စ ပိတ်စများမှာ ၂၀၁၁-၁၂ ခုနှစ်ထဲတွင် မော်လမြိုင်မြို့မှ တင်သွင်းခဲ့ပြီး ဂိုဒေါင်ထဲတွင် သိုလှောင်ထားခဲ့ရာမှ ဈေးကွက် အနေအထားအရ ယခုလတွင် ထုတ်၍ ရောင်းချခဲ့ခြင်း ဖြစ်ကြောင်း အမှုဖွင့်ခံထားရသူ မေခလာအထည်ဆိုင်မှ ကိုကျော်လှိုင်သိန်းက ပြောသည်။

”ဒီလို အချိန်မျိုးမှာ ကျနော် ဘယ်လိုလုပ်ပြီး ရောင်းရဲမှာလဲ။ တကယ် သိသိကြီးနဲ့ ရောင်းခဲ့ရင် အခုချိန်ထွက်ပြေးနေပြီ”ဟု ကိုကျော်လှိုင်သိန်းက ဆိုသည်။

အထည်အလိပ်ပေါ်ရှိ စေတီပုံများမှာ ထိုင်းနိုင်ငံ၏ Trade Mark တခုသာ ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် ၄င်းပုံစံစေတီ မရှိကြောင်း၊ မေခလာအထည်ဆိုင်မှ အထည်စများကို မသိရှိဘဲ ရောင်းချခဲ့ခြင်းသာ ဖြစ်ကြောင်း၊ မေခလာ မှာ ဗုဒ္ဓဘာသာဆိုင်ဖြစ်ကြောင်းကို အာမခံကြောင်း ရွှေဝါရောင် ကျောင်းတိုက်ဆရာတော် ဦးပဏ္ဍ၀ံသက ဧရာဝတီကို မိန့်သည်။

”ထိုင်းနိုင်ငံက အယုဒ္ဓယဘက်မှာ ပိတ်တွေမှာ ဒီလိုပုံတွေ ရိုက်နေကြ။ အခုကိစ္စက ဘာသာရေး အစွန်းရောက်သူတွေ ထွင်တဲ့ လမ်းကြောင်းပါ။ ရိုးသားမှု မရှိပါဘူး”ဟု ဦးပဏ္ဍ၀ံသက မိန့်သည်။

မေခလာ အထည်ဆိုင် ၃ ဆိုင်ရှိရာ ယင်းအထည်စများကို မေခလာ(သမီး)ဆိုင်၌သာ ရဲက ရှာဖွေတွေ့ရှိခြင်း ဖြစ်ကြောင်း သိရှိရပါသည်။

ရန်ကုန် ဗိုလ်ချုပ်ဈေးထဲက အထည်ဆိုင် တဆိုင် (ဓာတ်ပုံ – indochinatravelplan.com)

ထက်နိုင်ဇော် ( ဧရာဝတီ)
စေတီပုံ ရိုက်နှိပ်ထားသော ချည်ထည်များ လက်ဝယ်တွေ့ရှိသောကြောင့် ရန်ကုန် မြို့ ယုဇနပလာဇာရှိ အထည်ဆိုင် ပိုင်ရှင်ကို သာသနာကို ညိုးနွမ်းအောင် လုပ်ဆောင်မှု ပုဒ်မဖွင့်၍ အရေးယူထားရပြီး အထည် တင်သွင်းလာသည့် မော်လမြိုင်မြို့သို့လည်း စုံစမ်းစစ်ဆေးမှုများ ပြုလုပ်မည်ဟု မင်္ဂလာတောင်ညွှန့်မြို့နယ် ရဲတပ်ဖွဲ့က ပြောဆိုသည်။

Gangnam Style နှင့် ကျန်းမာရေး


Photo: Gangnam Style နှင့် ကျန်းမာရေး

လတ်တလော ရေပန်းစားနေတဲ့ Gangnam စတိုင် ကကွက်တွေဟာ ကျန်းမာရေးအတွက်လည်း အကျိုးရှိကြောင်းအမေရိကန် လေ့ကျင့်ခန်းဆိုင်ရာ ကောင်စီကဆိုပါတယ်။

Gangnamစတိုင် ကတာကြောင့် နာရီဝက်ကြာတိုင်း ၁၅၀-၂၀၀ ကယ်လိုရီကို လောင်ကျွမ်းစေတယ်လို့ အဆိုပါလေ့လာမှုအရ သိရပါတယ်။

Gangnam စတိုင်ကကွက်ဟာ ပေါင်အဆီတွေကို လောင်ကျွမ်းစေတဲ့ အကျိုးအာနိသင်လည်း ရှိပါတယ်။ ဒါကြောင့် တချို့တိုင်းပြည်က အားကစားစင်တာတွေမှာ Gangnam စတိုင်ကကွက်တွေကို ထည့်သွင်းကစားလာကြပါတယ်။

Gangnam စတိုင်ကကွက်မှာ သီဆိုတဲ့သီချင်းကလည်း ကချင်စိတ်ဖြစ်လာအောင် လှုံ့ဆော်ပေးပါတယ်။ Gangnam စတိုင်ကကွက်တွေဟာ လေ့ကျင့်ခန်းလုပ်ရမှာ ပျင်းသူတွေအတွက် အတော်အဆင်ပြေတဲ့ ကကွက်တွေ ဖြစ်ပါတယ်။

လေထဲ မြင်းစီးသလိုကကွက်၊ ဆောင့်ကြောင့်ထိုင်တဲ့ ကကွက်၊ ဘေးတိုက်လှုပ်ရှားရတဲ့ ကကွက်တွေဟာ ပျော်ရွင်စရာကောင်းသလို ခန္ဓာကိုယ်အတွက်လည်း တကယ်အလုပ်ဖြစ်ပါတယ်။ ခုန်ပေါက်လှုပ်ရှားနေရတာကြောင့် ပေါင်အဆီတွေကို လျော့ကျစေပြီး ခြေတံတွေကို ကျစ်လျစ်သွယ်လျစေပါတယ်။

Pyae Phyo Wai


ဗေဒါလမ်း Baydarlan သုတ ရသ ဟာသ ပြည်ပအနုပညာ
လတ်တလော ရေပန်းစားနေတဲ့ Gangnam စတိုင် ကကွက်တွေဟာ ကျန်းမာရေးအတွက်လည်း အကျိုးရှိကြောင်းအမေရိကန် လေ့ကျင့်ခန်းဆိုင်ရာ ကောင်စီကဆိုပါတယ်။

စက်မှုဇုန်အသီးသီးမှ အလုပ်သမားများကို အသေးစားချေးငွေများ ထုတ်ချေးပေးရန် စီမံနေကြောင်း သမ၀ါယမ၀န်ကြီးဌာနမှ သတင်းရရှိသည်


"အသေးစားချေးငွေပေးတာ လတ်တလော အဆင်ပြေရေးကိုသာ ဦးတည်တာမဟုတ်ဘဲ နောင်လေး၊ ငါးနှစ်မှာ မိမိခြေထောက်ပေါ်မိမိ ရပ်တည်နိုင်အောင် ရည်ရွယ်ပါတယ်။ အဓိကကတော့ ရေရှည်ဖွံ့ဖြိုး တိုးတက်မှုအတွက် ရည်ရွယ်ပြီး ချေးတာပါ" ဟု သမ၀ါယမ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်း က လှိုင်သာယာစက်မှုဇုန်၌ အလုပ်သမား၊ အလုပ်ရှင်များနှင့် တွေ့ဆုံပွဲတွင် ပြောကြားခဲ့သည်။

မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ ပြည်သူများသို့ အသိပေး ကြေညာချက်


Photo: မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ ပြည်သူများသို့ အသိပေး ကြေညာချက်


၂ဝ၁၃ ခုနှစ် ဧပြီလ ၂၄ ရက်နေ့တွင် ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရ အဖွဲ့များ၏ ကြီးကြပ်မှုဖြင့် စတင် ရောင်းချမည့် MECTel အမှတ်တံဆိပ်ပါ တန်ဖိုးနည်း CDMA - 800MHz မိုဘိုင်း တယ်လီဖုန်း များသည် လက်ရှိမိုဘိုင်း တယ်လီဖုန်း ဈေးကွက်တွင် ရောင်းချလျက် ရှိသော CDMA - 800MHz ငွေဖြည့် ကတ်များဖြင့် အသုံးပြု၍ မရပါ။

MECTel တံဆိပ်ပါ တန်ဖိုးနည်း CDMA - 800MHz မိုဘိုင်း တယ်လီဖုန်းများ အတွက် MECTel အမှတ် တံဆိပ်ပါ ငွေဖြည့် ကတ်များဖြင့်သာ တယ်လီဖုန်း ပြောဆိုခ ငွေဖြည့်တင်း၍ ဆက်သွယ် အသုံးပြု နိုင်မည် ဖြစ်ပါသည်။

ဖော်ပြပါ MECTel အမှတ်တံဆိပ်ပါ တန်ဖိုးနည်း CDMA - 800MHz မိုဘိုင်း တယ်လီဖုန်း ကြိုတင် ငွေဖြည့်ကတ် များကို အောက်ပါ ပြည်နယ်နှင့် တိုင်းဒေသကြီးများ အလိုက် ကိုယ်စားလှယ် အရောင်းဆိုင် များနှင့် ၄င်းတို့၏ အရောင်း ဆိုင်ခွဲများတွင် ရောင်းချပေး သွားမည် ဖြစ်ပါကြောင်း ကြိုတင် အသိပေး ကြေညာ အပ်ပါသည်

See more>> http://www.myawady.com.mm/allnews/local/item/11635-2013-04-20-10-28-35

မြ၀တီ
၂ဝ၁၃ ခုနှစ် ဧပြီလ ၂၄ ရက်နေ့တွင် ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရ အဖွဲ့များ၏ ကြီးကြပ်မှုဖြင့် စတင် ရောင်းချမည့် MECTel အမှတ်တံဆိပ်ပါ တန်ဖိုးနည်း CDMA - 800MHz မိုဘိုင်း တယ်လီဖုန်း များသည် လက်ရှိမိုဘိုင်း တယ်လီဖုန်း ဈေးကွက်တွင် ရောင်းချလျက် ရှိသော CDMA - 800MHz ငွေဖြည့် ကတ်များဖြင့် အသုံးပြု၍ မရပါ။

"အင်အား ၆.၆ ငလျင် ဇီချွမ်တွင်လှုတ်"


Photo: "အင်အား ၆.၆ ငလျင် ဇီချွမ်တွင်လှုတ်"

ဇီချွမ်၊ ဧပြီ ၂၀

တရုတ်နိုင်ငံ ဇီချွမ်ပြည်နယ်တွင် အင်အား ၆.၆ ခန့်ရှိသော မြေငလျင်တစ်ခုလှုတ်ခတ်သွားခဲ့သည်။

ဧပြီ ၂၀ ရက်၊ တရုတ်စံတော်ချိန်  နံနက် ၈ နာရီ ၂ မိနစ်ခန့်တွင် ဇီချွမ်ပြည်နယ်၊ Linqiong မြို့ မှ အနောက်ဖက် ၃၁ မိုင်ခန့်၊ မြေအောက် ၇.၄ မိုင်ခန့်နေရာကို ဗဟိုပြု၍ လှုတ်ခတ်သွားခဲ့ခြင်းဖြစ်ပြီး လောလောဆယ်သိရှိရသလောက်မူ ရာနှင့်ချီ၍ ထိခိုက်သေဆုံးမှုများရှိနိုင်ကြောင်းသိရသော်လည်း စာရင်းအတိအကျမထွက်သေးချေ။

၂၀၀၈ ခုနှစ် မေလအတွင်းကလည်း ဇီချွမ်ပြည်နယ်တွင် အင်အား ၈.၀ ခန့်ရှိသည့် မြေငလျင်လှုတ်မှုကြောင့် လူပေါင်း ကိုးသောင်းနီးပါး အသက်ဆုံးရှုံးခဲ့ကြသေးသည်။

BBC
တရုတ်နိုင်ငံ ဇီချွမ်ပြည်နယ်တွင် အင်အား ၆.၆ ခန့်ရှိသော မြေငလျင်တစ်ခုလှုတ်ခတ်သွားခဲ့သည်။

တစ်ကိုယ်တော် စစ်ဘီးစီး အဘိုးအို ဦးပြူး


Photo: တစ်ကိုယ်တော် စစ်ဘီးစီး အဘိုးအို ဦးပြူး
စစ်တွေ ၊ ၂၀-၄-၂၀၁၃

http://pyichit-thar.blogspot.com/2013/04/blog-post_19.html

၂၀၁၃ ခုနှစ် ၊ ဒီဇင်ဘာလ တွင် မြန်မာနိုင်ငံ က အိမ်ရှင်နိုင်ငံ အဖြစ် ကျင်းပ ပြုလုပ်မည့် ၂၇ ကြိမ်မြောက် အရှေ့တောင် အာရှ အားကစား ပွဲတော်ကြီးကို ဂုဏ်ပြု ကြိုဆိုသော အားဖြင့် ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၁၆ ရက်နေ့ နံနက် ၇ နာရီမှ စ၍ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ မှ ပြည်နယ် နှင့် တိုင်းဒေသကြီး ၁၀ ခုရှိ မြို့နယ် အသီးသီး ကို ဖြတ်ကျော်၍ စက်ဘီးစီး ခရီးစဉ် မိုင်ပေါင်း ၃၈၀၀ ခန့်အား အချိန်ကာလ အားဖြင့် ၃ လ နှင့် ၃ ရက်ကြာ မြင့်စွာ စက်ဘီးဖြင့် စီးနင်း သွားရောက် ခဲ့သည့် စစ်တွေမြို့ ၊ မောလိပ် ရပ်ကွက်နေ အသက် ၈၆ နှစ် အရွယ်ရှိ တစ်ကိုယ်တော် စက်ဘီးစီး အဘိုးအို ဦးပြူး သည် ၄င်း၏ ခရီးစဉ်များ အဆုံးသတ် မည့် ဧရာဝတီတိုင်း ဒေသကြီး ၊ ကြံ့ခင်းမြို့သို့ ယခုနှစ် မတ်လ ၁၉ ရက် နံနက်ပိုင်း တွင် ရောက်ရှိ အဆုံသတ် ခဲ့ကြောင်း သိရသည်။

တစ်ကိုယ်တော် စက်ဘီးစီး အဘိုးအို ဦးပြူး သည် မတ်လ ၂၂ ရက်နေ့ ညနေပိုင်း တွင် ပြည်မြို့မှ ရခိုင်ပြည်နယ် ၊ တောင်ကုတ်မြို့ သို့ မော်တော်ယာဉ် ဖြင့် လည်းကောင်း ၊ တောင်ကုတ် မြို့တွင် ၆ ရက်ကြာ နေထိုင်ပြီး ဧပြီလ ၇ ရက်နေ့ နံနက်ပိုင်းတွင် ကျောက်ဖြူမြို့ မှ စစ်တွေမြို့ ယင်း၏ နေအိမ်သို့ သို့ မလိခ အမြန်ရေယာဉ် ဖြင့်ရောက်ရှိရာ ကျန်းမာ ပျော်ရွှင်စွာ နေထိုင်လျက် ရှိကြောင်း နှင့် ဧပြီလ ၁၇ ရက်နေ့ နံနက် ၉ နာရီက စစ်တွေ မြို့လုံးကျွတ် ၂၉ ကြိမ်မြောက် သက်ကြီး ပူဇော်ပွဲ သို့ တက်ရောက်ပြီး အပူဇော် ခံယူခဲ့ကြောင်း သိရှိရသည်။
၂၀၁၃ ခုနှစ် ၊ ဒီဇင်ဘာလ တွင် မြန်မာနိုင်ငံ က အိမ်ရှင်နိုင်ငံ အဖြစ် ကျင်းပ ပြုလုပ်မည့် ၂၇ ကြိမ်မြောက် အရှေ့တောင် အာရှ အားကစား ပွဲတော်ကြီးကို ဂုဏ်ပြု ကြိုဆိုသော အားဖြင့် ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၁၆ ရက်နေ့ နံနက် ၇ နာရီမှ စ၍ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ မှ ပြည်နယ် နှင့် တိုင်းဒေသကြီး ၁၀ ခုရှိ မြို့နယ် အသီးသီး ကို ဖြတ်ကျော်၍ စက်ဘီးစီး ခရီးစဉ် မိုင်ပေါင်း ၃၈၀၀ ခန့်အား အချိန်ကာလ အားဖြင့် ၃ လ နှင့် ၃ ရက်ကြာ မြင့်စွာ စက်ဘီးဖြင့် စီးနင်း သွားရောက် ခဲ့သည့် စစ်တွေမြို့ ၊ မောလိပ် ရပ်ကွက်နေ အသက် ၈၆ နှစ် အရွယ်ရှိ တစ်ကိုယ်တော် စက်ဘီးစီး အဘိုးအို ဦးပြူး သည် ၄င်း၏ ခရီးစဉ်များ အဆုံးသတ် မည့် ဧရာဝတီတိုင်း ဒေသကြီး ၊ ကြံ့ခင်းမြို့သို့ ယခုနှစ် မတ်လ ၁၉ ရက် နံနက်ပိုင်း တွင် ရောက်ရှိ အဆုံသတ် ခဲ့ကြောင်း သိရသည်။

ရခိုင်ရှိ မဟာမုနိ ဘုရားကြီး ရွှေထီးတော်မြတ် လေပြင်း တိုက်ခိုက်၍ တိမ်းစောင်းသွား


ရခိုင်ပြည်နယ် ၊ ကျောက်တော်မြို့ ရှိ မဟာမုနိ ဘုရားကြီး သိမ်တော်သည် ဧပြီလ ၁၆ ရက် ညနေပိုင်း က လေပြင်း တိုက်ခတ်မှု ကြောင့် ရွှေထီးတော်မြတ် တိမ်းစောင်းသွားကြောင်းသိရသည်။ အဆိုပါ မဟာမုနိ ဘုရားကြီး ထီးတော် သည် ဧပြီလ ၁၆ ရက် ညနေ လေပြင်း တိုက်ခတ် မှုကြောင့် အနောက် တောင်ထောင့်

သံတောင်မြို့ ပသိချောင်း အပန်းဖြေစခန်းသို့ လာရောက်သူ များပြား


Photo: သံတောင်မြို့ ပသိချောင်း အပန်းဖြေစခန်းသို့ လာရောက်သူ များပြား
သံတောင် ၊ ၂၀-၄-၂၀၁၃

http://pyichit-thar.blogspot.com/2013/04/blog-post_19.html

တောင်ငူမြို့ မှ ၁၃ မိုင်သာ ကွာဝေးသော သံတောင်မြို့ အနီး ပသိချောင်း အပန်းဖြေ စခန်းသို့ ယခုနှစ် သင်္ကြန် ကာလ နှင့် နှစ်ဆန်း တစ်ရက် ၊ နှစ်ရက်နေ့ များတွင် ဒေသတွင်း အပန်းဖြေ သူများ အပြင် ရန်ကုန်မြို့မှ အပန်းဖြေ သူများပါ ကိုယ်ပိုင် ယာဉ်များ ၊ ခရီးသည်တင် မှန်လုံ စင်းလုံးငှား ယာဉ်များဖြင့် လာရောက် လည်ပတ် အပန်းဖြေ ကြကြောင်း သိရသည်။ ပသိချောင်း တွင် ရွှေသံတောင် အပန်းဖြေ စခန်း ဖွင့်လှစ် ထားရှိပြီး ယမန်နှစ်မှ စ၍ ဇေကမ္ဘာ ကုမ္ပဏီ မှလည် အပန်းဖြေ စခန်း ထပ်မံ ဖွင့်လှစ် ခဲ့ကြောင်း သိရသည်။ ပသိချောင်း တစ်လျှောက် အပြင် အဆိုပါ စခန်းများ အောက်ဘက်ရှိ သံတောင်မြို့ အနီး ချောင်းရိုး တစ်လျှောက် အတွင်း အထိပါ အပန်းဖြေ အနားယူများ ဖြင့် ပြည့်သိပ် စည်ကား ခဲ့ကြောင်း သိရသည်။ ၀င်ကြေး အနေဖြင့် ရွှေသံတောင် အပန်းဖြေ စခန်း ၀င်ကြေး ကျပ် ၂၀၀ နှင့် ထိုမှတစ်ဆင့် ချောင်း အထက်ပိုင်းရှိ ဇေကမ္ဘာ ကုမ္ပဏီ အပန်းဖြေ စခန်းသို့ ၀င်ကြေး တစ်ရာကျပ် ပေးဆောင်၍ လည်ပတ် အပန်းဖြေ နိုင်ကြောင်း သိရှိရသည်။
တောင်ငူမြို့ မှ ၁၃ မိုင်သာ ကွာဝေးသော သံတောင်မြို့ အနီး ပသိချောင်း အပန်းဖြေ စခန်းသို့ ယခုနှစ် သင်္ကြန် ကာလ နှင့် နှစ်ဆန်း တစ်ရက် ၊ နှစ်ရက်နေ့ များတွင် ဒေသတွင်း အပန်းဖြေ သူများ အပြင် ရန်ကုန်မြို့မှ အပန်းဖြေ သူများပါ ကိုယ်ပိုင် ယာဉ်များ ၊ ခရီးသည်တင် မှန်လုံ စင်းလုံးငှား ယာဉ်များဖြင့် လာရောက် လည်ပတ် အပန်းဖြေ ကြကြောင်း သိရသည်။ 

Wednesday, April 17, 2013

ဆေးလိပ်အသောက်ဆုံးတိုင်းပြည်




ဆေးလိပ်အသောက်ဆုံးတိုင်းပြည်
Tuesday, April 16, 2013

ကမ္ဘာ့ဆေးလိပ်အသောက်ဆုံးနိုင်ငံကတော့ တရုတ်နိုင်ငံပါပဲ... ကမ္ဘာပေါ်မှာ ဆေးလိပ်သောက်တဲ့သူ ၃ ယောက်ရှိမယ်ဆိုရင် တစ်ယောက်ဟာ တရုတ်နိုင်ငံသားဖြစ်ပါတယ်... 

ဆိုလိုတာကတော့ ဆေးလိပ်သောက်သူအားလုံးရဲ့ သုံးပုံတစ်ပုံဟာ တရုတ်တွေဖြစ်တယ်ဆိုတာပါပဲ... တရုတ်နိုင်ငံဟာ ကမ္ဘာပေါ်
မှာရှိတဲ့ ဆေးလိပ်တွေရဲ့ ၄၂ % ကို ထုတ်လုပ်ပါတယ်...

တရုတ်မှာ ဆေးလိပ်သောက်သုံးသူပေါင်း သန်း ၃၅၀ ရှိပါတယ်... တရုတ်နိုင်ငံကဆေးလိပ်သောက်တဲ့သူဦးရေဟာ အမေရိကန်
တစ်နိုင်ငံလုံးမှာရှိတဲ့ လူဦးရေ (သန်း ၃၁၀) ထက် ပိုများပါတယ်....

တရုတ်နိုင်ငံက အမျိုးသားဆရာဝန်တွေရဲ့ ၆၀ % နီးပါးဟာ ဆေး
လိပ်သောက်သူတွေဖြစ်ပါတယ်... အမေရိကန်မှာဆိုရင်ဆရာဝန်တွေရဲ့ 
၃.၃ % ၊ ဗြိတိန်မှာဆိုရင် ၆.၈ % နဲ့ ဂျပန်နိုင်ငံမှာ ၂၀.၂ % ဟာ ဆေးလိပ်သောက်သူတွေဖြစ်ကြပါတယ်... ဂျပန်မှာ အမျိုးသားဆရာဝန်တွေရဲ့ ၂၇ % နဲ့ အမျိုးသမီးဆရာဝန်တွေရဲ့ ၇% ဟာ ဆေးလိပ်သောက်ကြပါတယ်...

တရုတ်နိုင်ငံမှာ ဆေးလိပ်သောက်သူလျှော့ချထိန်းချုပ်ရေးအတွက် တရုတ်အစိုးရနဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက တိုက်တွန်းဆောင်ရွက်ခဲ့ပေမဲ့ ထိရောက်တဲ့ ပြောင်းလဲမှုမရှိသေးကြောင်းတွေ့ရှိရပါတယ်...

Ref: http://en.wikipedia.org/wiki/Smoking_in_the_People%27s_Republic_of_China

နှိုင်းရင့်နွေ
https://www.facebook.com/hnaingyintnway

ကမ္ဘာ့ဆေးလိပ်အသောက်ဆုံးနိုင်ငံကတော့ တရုတ်နိုင်ငံပါပဲ... ကမ္ဘာပေါ်မှာ ဆေးလိပ်သောက်တဲ့သူ ၃ ယောက်ရှိမယ်ဆိုရင် တစ်ယောက်ဟာ တရုတ်နိုင်ငံသားဖြစ်ပါတယ်...

Tuesday, April 9, 2013

ရွေးကောက်ပွဲစနစ် ပြင်ဆင်နိုင်ရန် လွှတ်တော်သို့ တင်သွင်းမည်ဖြစ်ပြီး ၂၀၁၃ ခုနှစ်အတွင်း အတည်မပြုနိုင်ပါက လက်ရှိစနစ်အတိုင်းသာ ကျင့်သုံးမည် ဟု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ပြောကြား

Photo: ရွေးကောက်ပွဲစနစ် ပြင်ဆင်နိုင်ရန် လွှတ်တော်သို့ တင်သွင်းမည်ဖြစ်ပြီး ၂၀၁၃ ခုနှစ်အတွင်း အတည်မပြုနိုင်ပါက လက်ရှိစနစ်အတိုင်းသာ ကျင့်သုံးမည်<br />
ဟု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ပြောကြား<br />
Tuesday, April 9, 2013</p>
<p>ရွေးကောက်ပွဲစနစ် ပြင်ဆင်လိုပါက ပြင်ဆင်နိုင်ရန်အတွက် လွှတ်တော်ပြန်စ<br />
သည့် အချိန်တွင် လွှတ်တော်သို့ တင်သွင်းမည်ဖြစ်ပြီး ၂၀၁၃ ခုနှစ်အတွင်း အတည်မပြုနိုင်ပါက လက်ရှိစနစ် အတိုင်းသာ ကျင့်သုံးသွားမည် ဖြစ်ကြောင်း<br />
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ဧပြီ ၈ ရက်က<br />
နီုင်ငံရေး ပါတီများနှင့် တွေ့ဆုံရာတွင် ပြောကြားခဲ့သည်။</p>
<p>“ပါတီတချို့က အဆိုပြုတဲ့ ပီအာစနစ် ပြောင်းလဲဖို့ဆိုတာ ကျွန်တော်<br />
တို့ ရွေးကောက်ပွဲ ကော်မရှင်က ဆုံးဖြတ်ခွင့် မရှိပါဘူး။ လွှတ်တော်က ဆုံးဖြတ်ရမှာပါ။ လွှတ်တော်ရဲ့ အဆုံးအဖြတ်ကို လိုက်နာမှာ ဖြစ်ပါတယ်။ လွှတ်တော်ကို တင်သွင်းပြီးလို့ ၂၀၁၃ ခုနှစ်အတွင်းမှာ အတည် မပြုနိုင်ဘူး<br />
ဆိုရင် ရွေးကောက်ပွဲ စနစ်ပြင်ရန် မရှိပါဘူး။ ဘာလို့လဲဆိုတော့ ပြင်ဆင်ချိန် နည်းလို့ပါ။ ကျွန်တော့်သဘောနဲ့ ပြင်လို့ မရပါဘူး။ </p>
<p>ကျွန်တော်ကတော့ ပြဋ္ဌာန်းတဲ့စနစ် အပေါ်မှာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်အောင် လုပ်ပေးသွားမှာပါ” ဟု ပြောကြားခဲ့သည်။</p>
<p>တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီမှ ဦးဟန်ရွှေက “လက်ရှိ ကျင့်သုံးနေတဲ့ မဲအများဆုံးရသူ အနိုင်ယူစနစ်အစား လွှတ်တော်<br />
တွင် ပါတီကိုယ်စားလှယ်များ အချိုးကျ ပါဝင်နိုင်ရေး ပီအာစနစ်ကို ကျင့်သုံးသင့်ပါတယ်။ ဒီစနစ် စတင်ကျင့်သုံးကာစမှာတော့ တိုင်းရင်း<br />
သားတွေ နေထိုင်တဲ့ ပြည်နယ်တွေမှာတော့ မဲအများဆုံးရသူ အနိုင်<br />
ယူစနစ် အတိုင်းပဲထားပြီး တိုင်းဒေသကြီး နယ်မြေများတွင် ကိုယ်စား<br />
လှယ် အချိုးကျ ပါဝင်မှု ပီအာစနစ် ကျင့်သုံးသင့်ပါတယ်။ </p>
<p>မဲပေးသူတွေ မဲဆန္ဒရှင်တွေရဲ့ ဆန္ဒမဲတွေ အဟောသိကံ မဖြစ်ဖို့ လွှတ်တော်တွင် အားလုံးပါဝင် ဆောင်ရွက်နိုင်မှုကို အကောင်<br />
အထည်ဖော်ဖို့ ဖြစ်ပါတယ်” ဟု ဆွေးနွေးခဲ့သည်။</p>
<p>“ပီအာစနစ်မှာ ကောင်းတာတွေ ရှိပါတယ်။ ပြည်သူတွေက မှန်၊ မှား တောင်<br />
ကောင်းကောင်း မသုံးတတ်သေးဘူး။ ပီအာစနစ်နဲ့ သွားမယ်ဆိုရင် ပါတီစုံဖြစ်<br />
တဲ့အတွက် ပါတီငယ်တွေ ပျောက်သွားနိုင်တယ်။ ၂၀၁၅ မှာ မသုံးသင့်သေး<br />
ဘူး။</p>
<p>ကျွန်တော်တို့ ညီနောင်ပါတီတွေနဲ့ တိုင်ပင်ဆွေးနွေးပြီး မသုံးသင့်ကြောင်း အကြံပြု လိုပါတယ်” ဟု အင်းအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး ပါတီမှ ဦး<br />
ဝင်းမြင့်က ပြောကြားခဲ့သည်။</p>
<p>၂၀၁၅ မတိုင်မီမှာ ဖွဲ့စည်းပုံကို ဘယ်လိုပြင်မလဲ။ အများလက်ခံနိုင်တဲ့ စနစ်ဖြစ်ဖို့ လိုပါတယ်။ လက်ရှိစနစ်အတိုင်းသာ သွားသင့်တယ်။ ၂၀၂၀ လောက်မှာ ဆိုရင်တော့ နိုင်ငံ ၇၀ လောက်မှာ သုံးနေတဲ့ အချိုးကျစနစ် ပီအာကို တစ်ဆင့်ပြီးတစ်ဆင့် သုံးသင့်ပါတယ်။ ပီ<br />
အာစနစ်နဲ့ လက်ရှိဖွဲ့စည်းပုံက မကိုက်ညီဘူး။ ကာလတစ်ခု<br />
အထိ လေ့လာသင့်ပါတယ်...</p>
<p>ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီမှ ဒေါက်တာအေးမောင်က “၂၀၁၅ မတိုင်မီမှာ ဖွဲ့စည်းပုံကို ဘယ်လိုပြင်မလဲ။ အများလက်ခံနိုင်တဲ့ စနစ်ဖြစ်ဖို့ လိုပါတယ်။ လက်ရှိစနစ်အတိုင်းသာ သွားသင့်တယ်။ ၂၀၂၀ လောက်မှာ ဆိုရင်တော့ နိုင်ငံ ၇၀ လောက်မှာ သုံးနေတဲ့ အချိုးကျစနစ် ပီအာကို တစ်<br />
ဆင့်ပြီးတစ်ဆင့် သုံးသင့်ပါတယ်။ ပီအာစနစ်နဲ့ လက်ရှိဖွဲ့စည်းပုံက မကိုက်<br />
ညီဘူး။ ကာလတစ်ခုအထိ လေ့လာသင့်ပါတယ်” ဟု ပြောကြားခဲ့သည်။</p>
<p>အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီမှ ဦးဝင်းမြင့်က “၁၉၄၇၊ ၁၉၇၄၊ ၁၉၈၉၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ တွေအရ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲတွေ<br />
မှာ နိုင်သူအားလုံး ယူတဲ့စနစ်ပဲ သုံးခဲ့တာပါ။ ခေတ်အဆက်ဆက် သုံးခဲ့တဲ့ အဲဒီစနစ်ကိုတောင် ပြည်သူတွေက မှန်အောင် မသုံးနိုင်သေးဘူး။ ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲပြီးမှ အချိုးကျစနစ်က ဆူညံလာတာ တွေ့ရပါတယ်။ </p>
<p>အဲဒီစနစ် ကျင့်သုံးဖို့ အခြေအနေ ပေးရဲ့လား။ အခုလို ဒီမိုကရေစီ ကူးပြောင်းရေး ကာလမှာ သင့်တော်ရဲ့လား၊ ဒီမိုကရေစီ အလေ့အ<br />
ကျင့် မရှိသေးတဲ့ မဲဆန္ဒရှင်တွေနဲ့ လိုက်လျောညီထွေမှု ရှိရဲ့လား။ သုံးသပ်သင့်ပါတယ်။ ပီအာစနစ်ကြောင့် အချိုးကျ ကိုယ်စားလှယ်<br />
နေရာရမှာ ပဲဆိုပြီး ၀င်လာမယ့် ပါတီတွေ များလာမယ်။ မဲဆန္ဒနယ် အပိုင်မရှိတဲ့ အတွက် မဲဆန္ဒရှင်တွေအတွက် ဘယ်လို တာဝန်ယူမလဲ။ </p>
<p>စတာတွေ စဉ်းစားဖို့ လိုပါတယ်။ ပီအာစနစ်အရဆိုရင် ပါတီကြီးတွေပဲ အားသာပြီး ပါတီငယ်တွေက ယှဉ်နိုင်ဖို့ ခဲယဉ်းသွားမယ်” ဟု ပြောကြား<br />
ခဲ့သည်။</p>
<p>တွေ့ဆုံပွဲသို့ နိုင်ငံရေးပါတီ ၅၆ ခုမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ပြီး မဲဆွယ်စည်းရုံးရာတွင် ကြုံတွေ့ခဲ့ရသည့် အခက်အခဲများ၊ ကိုယ်စားလှယ် မှတ်ပုံတင်ကြေးအဖြစ် တစ်ဦးလျှင် ကျပ်ငါးသိန်း ပေးသွင်းနေခြင်း<br />
ကို လျှော့ချပေးရန်လည်း ဆွေးနွေးခဲ့သည်။ </p>
<p>ထို့ပြင် ၂၀၁၃ ခုနှစ်အတွင်း လစ်လပ်နေသော မဲဆန္ဒနေရာများ၌ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပရန် အစီအစဉ်ရှိ၊ မရှိ မေးမြန်းမှုကို လက်ရှိ လောလောဆယ် အချိန်တွင် ကြားဖြတ်ရွေးကောက်ပွဲ ကျင်း<br />
ပရန် အစီအစဉ် မရှိသေးကြောင်းနှင့် ၂၀၁၄ ခုနှစ်တွင် ၂၀၁၅ တွင် ကျင်းပမည့် ရွေးကောက်ပွဲ အစီအစဉ်များကို ချပြမည်ဖြစ်ကြောင်း<br />
ပြောကြားခဲ့သည်။</p>
<p>ပည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများ တွေ့ဆုံဆွေးနွေးစဉ် (ဓာတ်ပုံ - စိုးမင်းထိုက်)<br />
Eleven Media Group
ရွေးကောက်ပွဲစနစ် ပြင်ဆင်လိုပါက ပြင်ဆင်နိုင်ရန်အတွက် လွှတ်တော်ပြန်စသည့် အချိန်တွင် လွှတ်တော်သို့ တင်သွင်းမည်ဖြစ်ပြီး ၂၀၁၃ ခုနှစ်အတွင်း အတည်မပြုနိုင်ပါက လက်ရှိစနစ် အတိုင်းသာ ကျင့်သုံးသွားမည် ဖြစ်ကြောင်းပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ဧပြီ ၈ ရက်ကနီုင်ငံရေး ပါတီများနှင့် တွေ့ဆုံရာတွင် ပြောကြားခဲ့သည်။

www. myanmar spectrum. net Website စတင်ထုတ်လွှင့်

Photo: www.myanmarspectrum.net  Website စတင်ထုတ်လွှင့်<br />
Tuesday, April 9, 2013</p>
<p> မြန်မာ့လင်းရောင်ခြည် အမည်ဖြင့် Internet Website တစ်ခုအား ယခုလ (၁)  ရက်နေ့မှ စတင် စမ်းသပ်ထုတ်လွှင့်လျက်ရှိကြောင်း သိရှိရသည်။ ၎င်း Website တွင် နေ့စဉ်သတင်း၊ နည်းပညာကဏ္ဍ၊ ဖျော်ဖြေရေးကဏ္ဍ၊ အားကစားကဏ္ဍ၊ ကျန်းမာရေးကဏ္ဍ ဟူ၍ ကဏ္ဍ(၅)မျိုး ခွဲခြားထားပြီး သတင်းနှင့် ဆောင်းပါးများအား အချိန်နှင့်တစ်ပြေးညီ ပြည်သူလူထုထံ တင်ပြသွားမည်ဖြစ်ကြောင်း Website တာဝန်ခံ  ကွန်ပျူတာတက္ကသိုလ်မှ M.Sc Thesis ကျောင်းသားတစ်ဦးဖြစ်သူ ကိုသန့်ဇင် မှ ပြောကြားခဲ့သည်။  Website ကို မကြာခင်မှာ ကျောင်းပြီးတော့မဲ့ ကွန်ပျူတာတက္ကသိုလ်ကျောင်းသားတွေစုပြီး တည်ဆောက်ထားတာပါ။ အခြား Website များ နည်းတူ ကဏ္ဍပေါင်းစုံနဲ့ တင်ပြပေးပါမယ်။ Website နဲ့ ချိတ်ဆက်ပြီး မြန်မာ့လင်းရောင်ခြည် Blogspot ၊ Facebook Page နဲ့ Twitter တို့ကိုလည်း တည်ဆောက် ထားပါတယ်။ Online ပရိတ်သတ်များအနေနဲ့ လေ့လာကြည့်ရှုပြီး လိုအပ်တဲ့ အကြံဥာဏ်များ ပေးအပ် နိုင်ပါတယ်ဟု ပြောဆိုသွားပါတယ်။ ၎င်းတို့အဖွဲ့အနေဖြင့် ၎င်း Website အား တည်ထောင်ရခြင်း ရည်ရွယ်ချက်မှာ ကမ္ဘာအနှံ့တွင်ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများ မြန်မာနိုင်ငံသတင်း၊ ကမ္ဘာသတင်းနှင့် နည်းပညာသတင်းများကို အချိန်နှင့်တစ်ပြေးညီ သိရှိနိုင်စေရန်အတွက်ဖြစ်ကြောင်း၊ အစပိုင်းတွင် သတင်းများ အား အခြားသတင်းဌာန Website များမှ ချိတ်ဆက်အသုံးပြုသွားမည်ဖြစ်ကြောင်းနှင့် နောက်ပိုင်းတွင် ကိုယ်ပိုင်သတင်းများနှင့် ဆောင်းပါးများတင်နိုင်အောင် ကြိုးစားသွားမည်ဖြစ်ကြောင်း၊ Online ပရိတ်သတ်များ အနေဖြင့် သတင်းများ၊ ဆောင်းပါးများ ပေးပို့နိုင်ပါကြောင်း ပြောကြားခဲ့သည်။ မြန်မာ့လင်းရောင်ခြည် Website အား လေ့လာလိုသူများအနေဖြင့် www.myanmarspectrum.net, http://myanmarspectrum.blogspot.com (သို့) http://www.facebook.com/myanmaspectrum  တို့တွင် လေ့လာနိုင်ကြောင်း၊ Facebook Link တွင် Like ပေးထားပြီး နေ့စဉ်ထူးခြားသတင်းများကို ရယူ နိုင်ကြောင်း သိရှိရသည်။</p>
<p>www.myanmarspectrum.net
မြန်မာ့လင်းရောင်ခြည် အမည်ဖြင့် Internet Website တစ်ခုအား ယခုလ (၁) ရက်နေ့မှ စတင် စမ်းသပ်ထုတ် လွှင့်လျက်ရှိကြောင်း သိရှိရသည်။ ၎င်း Website တွင် နေ့စဉ်သတင်း၊ နည်းပညာ ကဏ္ဍ၊ ဖျော်ဖြေရေးကဏ္ဍ၊ အားကစားကဏ္ဍ၊ ကျန်းမာရေးကဏ္ဍ ဟူ၍ ကဏ္ဍ(၅)မျိုး ခွဲခြားထားပြီး သတင်းနှင့် ဆောင်းပါးများအား အချိန်နှင့်တစ်ပြေးညီ ပြည်သူလူထုထံ တင်ပြသွားမည်ဖြစ်ကြောင်း Website တာဝန်ခံ ကွန်ပျူတာတက္ကသိုလ်မှ M.Sc Thesis ကျောင်းသားတစ်ဦးဖြစ်သူ ကိုသန့်ဇင် မှ ပြောကြားခဲ့သည်။

ကော်မတီ ၇ ခု ဖွဲ့ပြီး ပါတီ လုပ်ငန်း စဉ်တွေ ဆောင်ရွက် မည်

Photo: ကော်မတီ ၇ ခုဖွဲ့ပြီး ပါတီ လုပ်ငန်းစဉ်တွေ ဆောင်ရွက်မည်<br />
Tuesday, April 9, 2013</p>
<p>ပါတီလုပ်ငန်းစဉ်တွေ အကောင်အထည်ဖေါ်ဖို့အတွက် ကော်မတီ ၇ ခု ဖွဲ့စည်းသွားမယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရဲ့ ပထမဆုံးအကြိမ် ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးမှာ ဆုံးဖြတ်ခဲ့တယ်လို့  NLD ပါတီ ဗဟိုကော်မတီဝင် ဦးဥာဏ်ဝင်းက RFA ကို ပြောပါတယ်။</p>
<p>အဲဒီကော်မတီတွေထဲက လူငယ်ရေးရာကော်မတီကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဦးဆောင်သွားမယ်လို့ ဦးဥာဏ်ဝင်းက ပြောပါတယ်။</p>
<p>ပြီးခဲ့တဲ့ မတ်လဆန်းပိုင်းက ကျင်းပခဲ့တဲ့ပါတီရဲ့ ပထမဆုံးအကြိမ် နိုင်ငံလုံးဆိုင်ရာ ညီလာခံကနေ အသစ်ဖွဲ့စည်းလိုက်တဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ရဲ့ ပထမဆုံးအကြိမ် အစည်းအဝေးကျင်းပပြီး ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။</p>
<p>ဖွဲ့စည်းမယ့်ကော်မတီတွေကတော့ တောင်သူ လယ်သမားရေးရာ ကော်မတီ၊ စည်းကမ်းထိန်းသိမ်းရေး ကော်မတီ၊ အလုပ်သမားရေးရာ ကော်မတီ၊ တိုင်းရင်းသားရေးရာ အပါအ၀င် နိုင်ငံရေးပါတီတွေနဲ့ ဆက်ဆံရေးကော်မတီတွေ ဖြစ်တယ်လို့သိရပါတယ်။<br />
RFA
ပါတီလုပ်ငန်းစဉ်တွေ အကောင်အထည်ဖေါ်ဖို့အတွက် ကော်မတီ ၇ ခု ဖွဲ့စည်းသွားမယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရဲ့ ပထမဆုံးအကြိမ် ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးမှာ ဆုံးဖြတ်ခဲ့တယ်လို့ NLD ပါတီ ဗဟိုကော်မတီဝင် ဦးဥာဏ်ဝင်းက RFA ကို ပြောပါတယ်။

အမေရိကန် သံတမန် မှတ်တမ်းများ Wiki Leaks ဖော်ပြ

Photo: အမေရိကန်သံတမန် မှတ်တမ်းများ WikiLeaks ဖော်ပြ<br />
Tuesday, April 9, 2013</p>
<p>အစိုးရတွေရဲ့ လျို့ဝှက် သတင်းအချက်အလက်တွေကို လူသိရှင်ကြား အင်တာနက်မှာ ထုတ်ဖော်ခဲ့တဲ့ WikiLeaks ကနေ အမေရိကန် သံတမန်ဆိုင်ရာ အချက်အလက်တွေ နဲ့ ထောက်လှမ်းရေး အချက်အလက်ပေါင်း ၂ သန်းနီးပါးကို အင်တာနက်မှာ အများ ရှာဖွေနိုင်အောင် ဆောင်ရွက်ခဲ့ပါတယ်။</p>
<p>၁၉၇၀ ခုနှစ်က အချက်အလက်တွေကို လျှို့ဝှက် အဆင့်အတန်း သတ်မှတ် မထားတော့ပေမဲ့လည်း အများပြည်သူ အလွယ်တကူ ရှာဖွေကြည့်ရှုဖို့တော့ ခက်ခဲပါတယ်။</p>
<p>ဒီလိုရှာဖွေနိုင်မယ့် အစီအစဉ်နဲ့ ပတ်သတ်ပြီး WikiLeaks ကို တည်ထောင်သူ ဂျူလီယာ အဆန်း (Julian Assange) က အင်တာနက် ဗွီဒီယိုကနေတဆင့် ၀ါရှင်တန်ဒီစီမှာ<br />
ကြေညာသွားတာပါ။</p>
<p>ဒီဗွီဒီယိုလင့်ဟာ လန်ဒန်မှာရှိတဲ့ အီကွေဒေါ သရုံးကနေတဆင့် ဖြစ်ပါတယ်။  ဒီရှာဖွေမှု စနစ်ထဲမှာ ၁၉၇၃ ကနေ ၁၉၇၆ ခုနှစ်အကြား အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟင်နရီ ကစ်ဆင်းဂျား (Henry Kissinger) ထံကို ပေးပို့ခဲ့တာနဲ့ ပြန်လည်ပေးပို့ခဲ့တဲ့ သံတမန် အချက်အလက်တွေကို ရှာဖွေနိုင်မှာ ဖြစ်ပါတယ်။ </p>
<p>ဒါ့အပြင် ၂၀၁၀ ခုနှစ်တုန်းက ပေါက်ကြားခဲ့တဲ့ သံတမန် လျို့ ဝှက် အချက်အလက်ပေါင်း ၂ သိန်းခွဲကိုလည်း ရှာဖွေနိုင်မှာပါ။ အမေရိကန် နိုင်ငံခြားရေးဌာနကတော့ ဒီကိစ္စနဲ့ ပတ်သတ်ပြီး တုံ့ပြန်ပြောဆိုဖို့ ငြင်းဆိုထားပြီး စောင့်ကြည့်နေဆဲ ဖြစ်တဲ့ အကြောင်း ပြောဆိုခဲ့ပါတယ်။<br />
VOA
အစိုးရတွေရဲ့ လျို့ဝှက် သတင်းအချက်အလက်တွေကို လူသိရှင်ကြား အင်တာနက်မှာ ထုတ်ဖော်ခဲ့တဲ့ WikiLeaks ကနေ အမေရိကန် သံတမန်ဆိုင်ရာ အချက်အလက်တွေ နဲ့ ထောက်လှမ်းရေး အချက်အလက်ပေါင်း ၂ သန်းနီးပါးကို အင်တာနက်မှာ အများ ရှာဖွေနိုင်အောင် ဆောင်ရွက်ခဲ့ပါတယ်။

လွှတ်ေ တ်ာရေးရာ ကိစ္စရပ်များ ဆောင်ရွက်မှု အခြေအနေ ရင်းနှီးစွာ ဆွေးနွေး

လွှတ်တော်ရေးရာ ကိစ္စရပ်များ ဆောင်ရွက်မှု အခြေအနေ ရင်းနှီးစွာ ဆွေးနွေး</p>
<p>ယနေ့ညနေ ၃ နာရီတွင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းသည် ကုလသမဂ္ဂ လက်ထောက် အတွင်းရေးမှူးချုပ်၊ UNDP လက်ထောက် အုပ်ချုပ်ရေးမှူးနှင့် အာရှ-ပစိဖိတ်ဆိုင်ရာ ညွှန်ကြားရေးမှူး Mr. Ajay Chhibber ဦးဆောင်သော ကိုယ်စား လှယ်အဖွဲ့အား လွှတ်တော် အဆောက်အအုံ ဇမ္ဗူသီရိ ဧည့်ခန်းဆောင်၌ လက်ခံ တွေ့ဆုံသည်။</p>
<p>ထိုသို့ တွေ့ဆုံရာတွင် ကုလသမဂ္ဂ အဖွဲ့အစည်းများနှင့် လွှတ်တော်များ  ပူးပေါင်း ဆောင်ရွက်ရေး ဆိုင်ရာ ကိစ္စရပ်များနှင့် လွှတ်တော်ရေးရာ ကိစ္စရပ်များ ဆောင်ရွက်နေမှု အခြေအနေများနှင့် ပတ်သက်၍ ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးကြသည်။</p>
<p>အဆိုပါ တွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌနှင့်အတူ ပြည်သူ့လွှတ်တော်   နိုင်ငံတကာ ဆက်ဆံရေး ကော်မတီ ဥက္ကဋ္ဌ  ဦးလှမြင့်ဦး၊ လွှတ်တော် ကော်မတီများမှ အတွင်း ရေးမှူးများနှင့် လွှတ်တော်ရုံးမှ တာဝန်ရှိသူ များ တက်ရောက်ကြသည်။</p>
<p>ယင်းနောက် ကုလသမဂ္ဂ လက်ထောက် အတွင်းရေးမှူးချုပ် Mr. Ajay Chhibber လွှတ်တော် စာကြည့်တိုက် အတွက် စာအုပ်များ ပေးအပ်လှူဒါန်းရာ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းက လက်ခံသည်။</p>
<p>UNDP မှ လွှတ်တော် စာကြည့်တိုက်သို့ နိုင်ငံတကာ ဥပဒေ ရေးရာ စာအုပ်များ၊ လူ့အခွင့်အရေး ဆိုင်ရာ စာအုပ်များ၊ လွှတ်တော်ရေးရာ ကိစ္စရပ်များ ဆိုင်ရာ စာအုပ်များ၊ ရွေးကောက် ပွဲဆိုင်ရာ၊ အခြေခံ ဥပဒေဆိုင်ရာ၊ မဲပေးခြင်းဆိုင်ရာ စာအုပ်များ စုစုပေါင်း ၃ဝ၇ အုပ်လှူဒါန်းခဲ့သည်။</p>
<p>http://bit.ly/16KFkN0
ယနေ့ညနေ ၃ နာရီတွင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းသည် ကုလသမဂ္ဂ လက်ထောက် အတွင်းရေးမှူးချုပ်၊ UNDP လက်ထောက် အုပ်ချုပ်ရေးမှူးနှင့် အာရှ-ပစိဖိတ်ဆိုင်ရာ ညွှန်ကြားရေးမှူး Mr. Ajay Chhibber ဦးဆောင်သော ကိုယ်စား လှယ်အဖွဲ့အား လွှတ်တော် အဆောက်အအုံ ဇမ္ဗူသီရိ ဧည့်ခန်းဆောင်၌ လက်ခံ တွေ့ဆုံသည်။

မြန်မာ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဂျပန်ဆက်လက် ကူညီသွားမည်ဟု ကတိပြု


မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနှင့် တိုင်းရင်းသား လက်နက်ကိုင် ပဋိပက္ခများအား တွေ့ဆုံဆွေးနွေး၍ ငြိမ်းချမ်းစွာ အဖြေရှာနိုင်ရေး၊ ဆင်းရဲမွဲတေမှု ပပျောက်ရေး၊ လူနေမှုဘဝ မြင့်မားရေး ကဏ္ဍများတွင် ဆက်လက် ကူညီသွားရန် ဂျပန် ဝန်ကြီးချုပ် ရှင်ဇိုအာဘေး က ကတိပြု ပြောကြားခဲ့ကြောင်း သွားရောက်တွေ့ဆုံခဲ့သည့် တိုင်းရင်းသားခေါင်းဆောင် တဦး ဖြစ်သူ နိုင်ဟံသာ (ဗိုန်ခိုင်) က ပြောသည်။

SSA (ယွက်ဆစ်) အဖွဲ့ သစ်စက်ပိုင် ရှင်များထံမှ ငွေကောက်ခံ လျက်ရှိ

Photo: SSA(ယွက်ဆစ်)အဖွဲ့ သစ်စက်ပိုင်ရှင်များထံမှ ငွေကောက်ခံလျက်ရှိ<br />
Tuesday, April 9, 2013</p>
<p> ရှမ်းပြည်နယ်၊ အရှေ့ပိုင်း၊ မိုးနဲမြို့နယ်နှင့် ကျိုင်းတောင်းမြို့နယ်ခွဲရှိ သစ်စက်ပိုင်ရှင်များထံမှ SSA(ယွက်ဆစ်) အဖွဲ့က ဧပြီ(၆)ရက်နေ့တွင် ငွေများကောက်ခံသွားသည်ဟု ဒေသခံများ ၏ ပြောပြ ချက် အရ သိရှိရသည်။</p>
<p>“SSA(ယွက်ဆစ်)အဖွဲ့ ခေါင်းဆောင် မုနိ ဦးစီးပြီး အဖွဲ့ဝင်(၁၅၀)ဦးလောက် မနေ့က ရွာထဲကို ၀င်လာတယ်၊ ပြီးတော့ သစ်စက်ပိုင်ရှင်တွေဆီက ငွေတောင်းတယ်၊ ဒီရွာနဲ့ ပတ်ဝန်းကျင်မှာရှိတဲ့ သစ်စက်ပိုင်ရှင်တွေကတော့ သစ်စက် ၁ လုံးရှိရင် ငွေ ၂ သိန်းခွဲ ချက်ချင်းပေးလိုက်ရတယ်၊ ချက်ချင်း မပေးနိုင်တဲ့ ပိုင်ရှင်တွေကို တစ်ပတ်ရက်ချိန်းနောက်ဆုတ်ပေးတယ်၊ အဲဒီငွေတွေကို လိုက်ကောက် ဖို့ SSA(ယွက်ဆစ်)အဖွဲ့က အမာခံတွေကို ရွာထဲ မှာ စောင့်ခိုင်းထားတယ်” ဟု ပါလိုင်ကျေးရွာမှ ရွာသား တစ်ဦး၏ ပြောပြချက်အရ သိရှိရသည်။</p>
<p>မိုးနဲမြို့နယ်နှင့် ကျိုင်းတောင်းမြို့နယ်ခွဲတို့တွင် ယခုပွင့်လင်းရာသီ၌ သစ်စက်အလုံးရေ ရာကျော်ရှိသည် ဟု ဒေသခံများမှ ပြောပြသည်။ SSA(ယွက်ဆစ်)အဖွဲ့မှ တောင်းထားသော ငွေ ၂ သိန်းခွဲမှာ နှစ်စဉ် ပုံမှန်ပေးနေရသော အခွန်ကြေးဖြစ်ပြီး သစ်စက်ပိုင်ရှင်များမှ အစိုးရအဖွဲ့အစည်းများသို့ တိုင်ကြားမှုများ မပြုလုပ်ရဲကြောင်း နှင့် တိုင်ကြားသည်ဟု သတင်းထွက်ပေါ်က သစ်စက်အားလုံးကို SSA(ယွက်ဆစ်) အဖွဲ့မှ ပိတ်ခိုင်းပြီး သစ်စက် ပိုင်ရှင်များကိုလည်း ထိုးကြိတ်ရိုက်နှက်ကာ တပ်သားသစ်အဖြစ် ဖမ်းဆီးခေါ်ဆောင်သွားတတ်သည်ဟု သစ်စက်အလုပ်သမားတစ်ဦး၏ ပြောပြချက်အရ သိရှိရသည်။</p>
<p>စော်ဘွားလေး<br />
http://shannnews.blogspot.com/
ရှမ်းပြည်နယ်၊ အရှေ့ပိုင်း၊ မိုးနဲမြို့နယ်နှင့် ကျိုင်းတောင်းမြို့နယ်ခွဲရှိ သစ်စက်ပိုင်ရှင်များထံမှ SSA(ယွက်ဆစ်) အဖွဲ့က ဧပြီ(၆)ရက်နေ့တွင် ငွေများကောက်ခံသွားသည်ဟု ဒေသခံများ ၏ ပြောပြ ချက် အရ သိရှိရသည်။

Monday, April 8, 2013

မြန်မာ့ နယ်စပ်လုံ ခြုံရေးကို ဘင်္ဂလားဒေရှ့် အခြေစိုက် အဖွဲ့အစည်းတွေ ခြိမ်းခြောက်

Photo: မြန်မာ့ နယ်စပ်လုံခြုံရေးကို ဘင်္ဂလားဒေရှ့် အခြေစိုက် အဖွဲ့အစည်းတွေ ခြိမ်းခြောက်<br />
Monday, April 8, 2013</p>
<p>န်မာ-ဘင်္ဂလားဒေရှ့်နယ်စပ်မှာ တည်ငြိမ်မှု မရှိအောင် ဘင်္ဂလားဒေရှ့် အခြေစိုက် ရိုဟင်ဂျာ လက်နက်ကိုင် အဖွဲ့အစည်းတွေက ခြိမ်းခြောက်နေတယ်လို့ မောင်တောခရိုင် အခြေစိုက် နယ်စပ်ဒေသ လုံခြုံရေးတပ်ဖွဲ့ အကြီးအကဲ ဗိုလ်မှူးကြီး အောင်နိုင်ဦးက RFA ကို ဒီကနေ့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။</p>
<p>အဲဒီလိုမျိုး ခြိမ်းခြောက်မှုတွေကို Rohingya Solidarity Organization(RSO)၊ Arakan Rohingya National Organization(ARNO) တို့လို အဖွဲ့အစည်းတွေက လုပ်ဆောင်နေတာ ဖြစ်ပြီး၊ ဒီနှစ်အတွင်းမှာ အဲဒီလို အဖွဲ့အစည်းတွေရဲ့ သတ်ဖြတ်မှုကိုခံရတဲ့ မြန်မာနိုင်ငံသား တစ်ဦးရှိပြီး၊ နှစ်ဦးကတော့<br />
ယခုအချိန်ထိ ပျောက်ဆုံးနေတယ်လို့ သိရပါတယ်။</p>
<p>ဒါ့အပြင် နိုင်ငံတကာက ရိုဟင်ဂျာ အဖွဲ့အစည်းတွေ စွပ်စွဲသလို နစကတပ်ဖွဲ့ဝင်တွေက ရိုဟင်ဂျာ အမျိုးသမီးတွေကို အတင်းအဓမ္မ ပြုကျင့်တာတွေ မရှိကြောင်း နစက တပ်ဖွဲ့ အကြီးအကဲက အခုလို ငြင်းဆိုပါတယ်။</p>
<p>“ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တစ်ဦးက တိုင်ကြားလို့ ကျွန်တော်တို့ဆီမှာ ခုံရုံးဖွဲ့ပြီး၊ စုံစမ်း စစ်ဆေးမှုတွေ လုပ်ခဲ့ပါတယ်၊ ဘာတွေ့လဲဆိုတော့ ကျွန်တော်တို့ တပ်ဖွဲ့ဝင်တွေက တစ်ချို့ ရာဇဝတ်မှုတွေမှာ တရားခံ<br />
ဖမ်းဆီးရေးကို ရွာတွေမှာ ဝင်ရောက်လှုပ်ရှားတယ်၊ ကင်းပုန်းဝပ်တယ်၊ စောင့်ဆိုင်းတယ်၊ လျှက်တပြက်<br />
ရှာဖွေတယ်၊ အဲဒါတွေကို ရပ်တန့်သွားစေချင်လို့  သူတို့ဘက်က ဒီလိုတုံ့ပြန်တာတွေ ဝါဒဖြန့်တာတွေ တွေ့ရပါတယ်။”</p>
<p>ရိုဟင်ဂျာ လက်နက်ကိုင် အဖွဲ့အစည်းတွေဟာ ဘင်္ဂလားဒေရှ့်နယ်မြေအတွင်းမှာ အခြေစိုက် လှုပ်ရှားတာတွေရှိတယ်လို့ ဘင်္ဂလားဒေရှ့်နဲ့မြန်မာ နယ်ခြားစောင့်တပ်ဖွဲ့ နှစ်ခုကြား ပြုလုပ်တဲ့ အလံတင်အစည်းအဝေးတွေမှာ ဘင်္ဂလားဒေရှ့် အာဏာပိုင်တွေက ဝန်ခံ ပြောကြားတာတွေ ရှိပါတယ်။</p>
<p>မြန်မာ- ဘင်္ဂလားဒေ့်ရှ်နယ်စပ် ဒေသလုံခြုံရေး၊ တည်ငြိမ်ရေး နောက်ဆုံးအခြေအနေတွေနဲ့ ပတ်သက်လို့ မောင်းတောခရိုင်အခြေစိုက် နယ်စပ်ဒေသ လူဝင်မှု စစ်ဆေးရေးနှင့် ကွပ်ကဲမှုဌာနချုပ် နစကတပ်ဖွဲ့ ကွပ်ကဲရေးမှူး ဗိုလ်မှူးကြီး အောင်နိုင်ဦးကို RFA အဖွဲ့သား ကိုကျော်ကျော်အောင်က ဆက်သွယ် မေးမြန်းထားပါတယ်။<br />
RFA
မြန်မာ-ဘင်္ဂလားဒေရှ့်နယ်စပ်မှာ တည်ငြိမ်မှု မရှိအောင် ဘင်္ဂလားဒေရှ့် အခြေစိုက် ရိုဟင်ဂျာ လက်နက်ကိုင် အဖွဲ့အစည်းတွေက ခြိမ်းခြောက်နေတယ်လို့ မောင်တောခရိုင် အခြေစိုက် နယ်စပ်ဒေသ လုံခြုံရေးတပ်ဖွဲ့ အကြီးအကဲ ဗိုလ်မှူးကြီး အောင်နိုင်ဦးက RFA ကို ဒီကနေ့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

ဒုံးကျည်များကို ပစ်စင်များပေါ်သို့ တင်ပြီးနောက် သံတမန်များ ကို ဘေးကင်းရာသို့ ပြောင်းရွှေ့ရန် မြောက်ကိုရီးယားက သတိပေး

ဒုံးကျည်များကို ပစ်စင်များပေါ်သို့ တင်ပြီးနောက် သံတမန်များ<br />
ကို ဘေးကင်းရာသို့ ပြောင်းရွှေ့ရန် မြောက်ကိုရီးယားက သတိပေး<br />
Monday, April 8, 2013</p>
<p>မြောက်ကိုရီးယား နိုင်ငံသည် ၎င်းတို့၏ ဒုံးကျည်များကို ပစ်စင်များပေါ်သို့ တင်ပြီးနောက် နိုင်ငံအတွင်းရှိ သံတမန် များအား ဧပြီ ၁ဝ ရက် နောက်ပိုင်း<br />
တွင် ၎င်းတို့၏ လုံခြုံရေးအား အာမခံချက် မပေးနိုင်တော့ သောကြောင့် ဘေး<br />
ကင်းရာသို့ ရွှေ့ပြောင်းပေးရန် ဗြိတိန်၊ ရုရှားနှင့် အခြား ဥရောပ နိုင်ငံများအား တိုက်တွန်း ပြောကြား ခဲ့သည်ဟု သိရသည်။</p>
<p>မြောက်ကိုရီးယား နိုင်ငံသည် ၎င်း၏ တာလတ်ပစ် ပဲ့ထိန်းဒုံး နှစ်စင်းအား နိုင်ငံ<br />
၏ အရှေ့ဘက် ကမ်းရိုးတန်းသို့ ပြောင်းရွှေ့ခဲ့ပြီး စစ်ရေး တင်းမာမှု မြင့်မားနေ ချိန်တွင် ဥရောပ သံအမတ်များနှင့် အပြည်ပြည်ဆိုင်ရာ အဖွဲ့ အစည်းများအား<br />
နိုင်ငံအတွင်းမှ ထွက်ခွာပေးရန် ဧပြီ ၅ ရက်က ဥရောပ နိုင်ငံများသို့ အကြောင်း<br />
ကြားခဲ့သည်။</p>
<p>မြောက်ကိုရီးယား အစိုးရသည် ၎င်းတို့၏ Musudan ဒုံးကျည်များအား ယခုပတ် အစောပိုင်းက ရထားဖြင့် တင်ဆောင်ကာ အရှေ့ဘက် ကမ်းရိုး<br />
တန်းသို့ ပို့ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။</p>
<p>၎င်း ဒုံးကျည်များအား တစ်ကြိမ်တစ်ခါမျှ စမ်းသပ်ပစ်ခတ်ခဲ့ခြင်း မရှိသော်လည်း ကီလိုမီတာ ၃ဝဝဝ (၁၈၆ဝ မိုင်) အကွာအဝေးထိ ပစ်ခတ်နိုင်ကြောင်း ယူဆရဖွယ် ရှိသည်။</p>
<p>၎င်း အကွာအဝေးသည် တောင်ကိုရီးယားနှင့် ဂျပန်နိုင်ငံရှိ မည်သည့် ပစ်မှတ်ကိုမဆို ပစ်ခတ်နိုင်ကြောင်းနှင့် ပစိဖိတ်ဒေသ ဂူအမ်ကျွန်းရှိ အမေရိကန် စစ် အခြေစိုက် စခန်းများသို့ ရောက်ရှိနိုင်ဖွယ် ရှိကြောင်း သိရသည်။</p>
<p>မြောက်ကိုရီးယား နိုင်ငံ၏ တတိယ အကြိမ်မြောက် နျူကလီးယား စမ်းသပ်မှုအား ကုလလုံခြုံရေး ကောင်စီ က အရေးယူ ပိတ်ဆို့ခဲ့မှုနှင့် အမေရိကန်နှင့် တောင်ကိုရီးယားတို့ နှစ်စဉ် ပြုလုပ်သည့် ပူးပေါင်း<br />
စစ်ရေး လေ့ကျင့်မှုကြောင့် မြောက်ကိုရီးယား နိုင်ငံနှင့် အမေရိကန် နိုင်ငံ<br />
တို့ အကြား တင်းမာမှု မြင့်တက်လာခဲ့ခြင်း ဖြစ်ပြီး လွန်ခဲ့သော သီတင်း<br />
ပတ် များကပင် နျူကလီးယား စစ်ပွဲ ဖြစ်ပွားရန် သတိပေးချက်များ ထုတ်<br />
ပြန် ခဲ့ခြင်း ဖြစ်သည်။</p>
<p>မြ၀တီ
မြောက်ကိုရီးယား နိုင်ငံသည် ၎င်းတို့၏ ဒုံးကျည်များကို ပစ်စင်များပေါ်သို့ တင်ပြီးနောက် နိုင်ငံအတွင်းရှိ သံတမန် များအား ဧပြီ ၁ဝ ရက် နောက်ပိုင်းတွင် ၎င်းတို့၏ လုံခြုံရေးအား အာမခံချက် မပေးနိုင်တော့ သောကြောင့် ဘေးကင်းရာသို့ ရွှေ့ပြောင်းပေးရန် ဗြိတိန်၊ ရုရှားနှင့် အခြား ဥရောပ နိုင်ငံများအား တိုက်တွန်း ပြောကြား ခဲ့သည်ဟု သိရသည်။မြောက်ကိုရီးယား နိုင်ငံသည် ၎င်း၏ တာလတ်ပစ် ပဲ့ထိန်းဒုံး နှစ်စင်းအား နိုင်ငံ၏ အရှေ့ဘက် ကမ်းရိုးတန်းသို့ ပြောင်းရွှေ့ခဲ့ပြီး စစ်ရေး တင်းမာမှု မြင့်မားနေ ချိန်တွင် ဥရောပ သံအမတ်များနှင့် အပြည်ပြည်ဆိုင်ရာ အဖွဲ့ အစည်းများအားနိုင်ငံအတွင်းမှ ထွက်ခွာပေးရန် ဧပြီ ၅ ရက်က ဥရောပ နိုင်ငံများသို့ အကြောင်းကြားခဲ့သည်။

ဂျပန်နိုင်ငံ နီပွန် ဖောင်ဒေးရှင်းမှ မွန် ကရင် ငြိမ်းချမ်းရေး အဖွဲ့များအား ဆန်အိတ်များ ထောက်ပံ့



Photo: ဂျပန်နိုင်ငံ နီပွန် ဖောင်ဒေးရှင်းမှ မွန် ကရင် ငြိမ်းချမ်းရေး အဖွဲ့များအား ဆန်အိတ်များ ထောက်ပံ့<br />
Monday, April 8, 2013</p>
<p>မွန်ပြည်နယ် မော်လမြိုင်မြို့ ဖက်တန်း ရပ်ကွက် ပြည်နယ် ခန်းမရှေ့၌ယ<br />
မန်နေ့ နံနက် ၈ နာရီက ဂျပန်နိုင်ငံ နီပွန် ဖောင်ဒေးရှင်း (The Nippon Founda- tion)မှ မွန်/ကရင် ငြိမ်းချမ်းရေး အဖွဲ့များကို ဆန်အိတ် ၃၈ဝဝ<br />
ထောက်ပံ့ ပေးအပ်ပွဲ ကျင်းပရာ မွန်ပြည်နယ် အစိုးရ အဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး ဌေးမြင့်အောင် (The Nippon Foundation မှ Mr. Umemura) (MNSP) မွန်ပြည်သစ် ပါတီမှ နိုင်မင်း<br />
သီဟ (ရာမည ငြိမ်းချမ်းရေး ဖောင်ဒေးရှင်း)၊ (K.P.C.F) ကရင်ငြိမ်းချမ်း ကာကွယ်ရေး အဖွဲ့ ခေါင်းဆောင် နှင့် အဖွဲ့ဝင်များ၊ (M.M.F.D) မွန်ဌာနေ<br />
ပြည်သူ့စစ် အဖွဲ့ ခေါင်းဆောင်နှင့် အဖွဲ့ဝင်များ၊ (M.P.D.F) မွန်ငြိမ်းချမ်း ကာကွယ်ရေး အဖွဲ့ ခေါင်းဆောင်နှင့် အဖွဲ့ဝင်များ၊ (K.E.A.P) ကရင် လက်<br />
နက်နှင့် ငြိမ်းချမ်းရေး အထူးဒေသ အဖွဲ့ ခေါင်းဆောင်နှင့် အဖွဲ့ဝင်များ စု<br />
စုပေါင်း ၃ဝ ခန့် တက်ရောက် ခဲ့ကြသည်။</p>
<p>အဆိုပါ ဆန်အိတ် ထောက်ပံ့ ပေးအပ်ပွဲတွင် နီပွန် ဖောင်ဒေးရှင်း တာဝန်ခံ Mr. Umemura မှ (M.N.S.P) မွန်ပြည်သစ် ပါတီအတွက် ဆန်အိတ် ၃၅ဝဝ၊ (K.P.D.F) ကရင် ငြိမ်းချမ်း ကာကွယ်ရေး အဖွဲ့အတွက် ဆန်အိတ် ၇ဝ၊ (M.M.F.D) မွန်ဌာနေ ပြည်သူ့စစ် အဖွဲ့အတွက် ဆန်အိတ်၉ဝ၊ (M.P.D.F) မွန်ငြိမ်းချမ်း ကာကွယ်ရေး အဖွဲ့အတွက် ဆန်အိတ် ၉ဝ၊(K.E.A.P) ကရင်လက်နက်နှင့် ငြိမ်းချမ်းရေး အထူးဒေသ အဖွဲ့အတွက် ဆန်အိတ်၂၅ အိတ်နှင့် (K.E.A.P) ခွဲထွက် အဖွဲ့အတွက် ဆန်အိတ် ၂၅ အိတ်တို့ကို အဖွဲ့ ခေါင်းဆောင် များက အသီးသီး လက်ခံ ရယူ ခဲ့ကြကြောင်း သတင်း ရရှိသည်။</p>
<p>မြ၀တီ

မြန်မာ့ငြိမ်း ချမ်းရေးေ ဆွးနွေးပွဲနဲ့ တရုတ်ပြည်ရဲ့ကဏ္ဍ တရုတ်သံရုံး ရှင်းလင်း

Photo: မြန်မာ့ငြိမ်းချမ်းရေးဆွေးနွေးပွဲနဲ့ တရုတ်ပြည်ရဲ့ကဏ္ဍ တရုတ်သံရုံး ရှင်းလင်း<br />
Monday, April 8, 2013</p>
<p>မြန်မာနိုင်ငံအစိုးရနဲ့ KIO/KIA ကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ တရုတ်ပြည်ရဲ့အခန်းကဏ္ဍနဲ့ပတ်သက်ပြီး ရှင်းလင်းထားတဲ့ ကြေညာချက်<br />
တစ်စောင်ကို ရန်ကုန်မြို့ တရုတ်သံရုံးက ဒီကနေ့ ထုတ်ပြန်လိုက်ပါတယ်။</p>
<p>တရုတ်ပြည်ရွှေလီမြို့မှာ ကျင်းပခဲ့တဲ့ အစိုးရနဲ့ KIO တို့ နောက်ဆုံးဆွေးနွေးပွဲ<br />
မှာ နောက်တစ်ကြိမ် ဆွေးနွေး ပွဲကို ဧပြီလ (၁၀) ရက်နေ့ မတိုင်ခင် ကျင်းပဖို့ သဘောတူညီခဲ့ကြပေမဲ့၊ တရုတ် အစိုးရက ကန့်ကွက် ခဲ့တဲ့ အတွက် မြန်မာ<br />
အစိုးရက ဆွေးနွေးပွဲရက်ရွှေ့ဆိုင်းလိုက်တဲ့ သဘောမျိုး မြန်မာ သတင်းမီဒီ<br />
ယာတချို့က ရေးသားဖေါ်ပြခဲ့ကြပါတယ်။</p>
<p>အဲဒီသတင်းတွေဟာ အဖြစ်မှန်နဲ့ လွဲချော်နေတဲ့အတွက် တရုတ်သံရုံးအနေနဲ့ စိတ်မကောင်းဖြစ်ရပါတယ်လို့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။</p>
<p>ဆက်လက်ပြီး မြန်မာ့ အိမ်နီးချင်း မိတ်ဆွေစစ်ဖြစ်တဲ့ တရုတ်ပြည်ဟာ မြန်<br />
မာနိုင်ငံရဲ့ လွတ်လပ်တဲ့ အချုပ် အခြာ အာဏာနဲ့ ဂုဏ်သိက္ခကို လေးစားသမှု ရှိတဲ့အပြင်၊ မြန်မာအစိုးရရဲ့ အမျိုးသားစည်းလုံးညီညွတ်ရေး၊ တိုင်းရင်းသား<br />
ချင်းသဟဇာတဖြစ်ရေး ဆောင်ရွက်ချက်တွေကို ထောက်ခံအားပေးနေပါ<br />
တယ်၊ </p>
<p>ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်း က ရွှေလီမြို့မှာ နှစ်ဖက် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကို တရုတ်အစိုးရက နှစ်ကြိမ် ကမကထပြု စီစဉ်ပေးခဲ့ပါတယ်၊ အဲဒီဆွေးနွေး<br />
ပွဲတွေကြောင့် မြန်မာအစိုးရနဲ့ KIO/KIA တို့ကြား ယုံကြည်မှု တည်ဆောက် နိုင်<br />
ခဲ့သလို၊ တင်းမာမှု ပဋိပက္ခတွေကိုလည်း လျှော့ချနိုင်ခဲ့ပြီး၊ အခြေအနေတွေ တဖြည်းဖြည်း တည်ငြိမ်မှု ရလာ တာနဲ့အတူ၊ လူသားချင်း စာနာရေး အကူအညီတွေလည်း ရောက်ရှိနိုင်တဲ့ အနေအထားဖြစ်ခဲ့ပါတယ်၊</p>
<p>ရှေ့အနာဂတ်မှာလည်း တရုတ်ပြည်အနေနဲ့ မြန်မာအစိုးရက တောင်းဆိုလာ<br />
ရင် ဆက်လက်ကူညီသွားမှာ ဖြစ်ပါတယ်၊ ပြီးခဲ့တဲ့ ဆွေးနွေးပွဲ သဘောတူ<br />
ညီချက်အရ နောက်တစ်ကြိမ်ဆွေးနွေးပွဲ မကျင်းပဖြစ်တဲ့ အဓိကအကြောင်း<br />
က ထောက်ပံ့ပို့ဆောင်ရေး အစီအစဉ်မှာ ပြဿနာရှိနေလို့ ပဲဖြစ်ပါတယ်၊</p>
<p>မြန်မာ ငြိမ်းချမ်းရေး စင်တာနဲ့ တခြား သတင်းရင်းမြစ်တွေအရ သင်္ကြန်ပြီးရင် ဆွေးနွေးပွဲတွေ ပြန်စနိုင်တယ်လို့ သိရပါတယ်လို့<br />
ရန်ကုန်မြို့ တရုတ်သံရုံးရဲ့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။</p>
<p>RFA
မြန်မာနိုင်ငံအစိုးရနဲ့ KIO/KIA ကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ တရုတ်ပြည်ရဲ့ အခန်းကဏ္ဍ နဲ့ပတ်သက်ပြီး ရှင်းလင်းထားတဲ့ ကြေညာချက်တစ်စောင်ကို ရန်ကုန်မြို့ တရုတ်သံရုံးက ဒီကနေ့ ထုတ်ပြန်လိုက်ပါတယ်။ 

ဆက်သွယ်ရေး အော်ပရေတာ ရွေးချယ်မှု ဒုတိယအ ဆင့်အတွက် ပြည် ပအော်ပရေတာ ၂၂ ခုမှ Pre-qualification Application တင်သွင်း

Photo: ဆက်သွယ်ရေး အော်ပရေတာ ရွေးချယ်မှု ဒုတိယအဆင့်အတွက် ပြည်<br />
ပအော်ပရေတာ ၂၂ ခုမှ Pre-qualification Application တင်သွင်း<br />
Monday, April 8, 2013</p>
<p>ပြည်တွင်းရှိ ဆက်သွယ်ရေး ၀န်ဆောင်မှု လုပ်ငန်းများအတွက် ဆက်<br />
သွယ်ရေး အော်ပရေတာ ရွေးချယ်မှု ဒုတိယအဆင့်အတွက် ပြည်ပအော်<br />
ပရေတာ ၂၂ ခုမှ ၂၀၁၃ ခုနှစ် ဧပြီလ ၄ ရက်နေ့တွင် Pre-qualification Application တင်သွင်းခဲ့ကြောင်း ဆက်သွယ်ရေး အော်ပရေတာ တင်ဒါ<br />
အကဲဖြတ်ရေးနှင့် ရွေးချယ်ရေး ကော်မတီ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။</p>
<p>နိုင်ငံတစ်ဝန်း ဆက်သွယ်ရေး ၀န်ဆောင်မှု ရရှိစေမည့် ဆက်သွယ်ရေး ၀န်ဆောင်မှု လုပ်ငန်းလိုင်စင်နှစ်ခု ခွင့်ပြုရန်အတွက် ဆက်သွယ်ရေး အော်<br />
ပရေတာ တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီမှ ၂၀၁၃ ခုနှစ် ဧပြီလ ၄ ရက်နေ့ ညနေ ၃ နာရီ၌ Pre-qualification Application များအား ဖွင့်ဖောက် စစ်ဆေး<br />
ခဲ့ရာ နိုင်ငံတကာ ဆက်သွယ်ရေး ကုမ္ပဏီ ၂၂ ခုမှ တင်သွင်းသည့်Document<br />
 များအား စိစစ်ပြီး ကော်မတီအနေဖြင့် လက်ခံ အတည်ပြုခဲ့ကြောင်း သိရ<br />
သည်။</p>
<p>Pre-qualification Application Process အောင်မြင်သည့် အော်ပရေတာ<br />
များ၏ စာရင်းအား ၂၀၁၃ ခုနှစ်၊ ဧပြီလ ၁၁ ရက်နေ့တွင် ကြေညာသွား<br />
မည် ဖြစ်သည်။</p>
<p>အဆိုပါ ဆက်သွယ်ရေး ၀န်ဆောင်မှုအတွက် လိုင်စင်လျှောက်ထားရာတွင် အဆင့်သုံးဆင့် ခွဲခြားသတ်မှတ်ထားပြီး ပထမအဆင့် အနေဖြင့် ကော်မတီမှ မည်သည့်စီးပွားရေး လုပ်ငန်းစုကိုမဆို ၎င်းတို့ဝင်ရောက် ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားပါက ဆက်သွယ်ရေးလုပ်ငန်း လုပ်ပိုင်ခွင့် လိုင်စင်အား လျှောက်<br />
ထားနိုင်ကြောင်း၊ ဒုတိယအဆင့်တွင် ယင်းလုပ်ငန်းစုများ အနေဖြင့် ဆက်<br />
သွယ်ရေး အော်ပရေတာများအဖြစ် လုပ်ကိုင်ဆောင်ရွက်ရန် အရည်အသွေး<br />
ရှိ၊ မရှိနှင့် တတိယ အဆင့်အတွက် ဆက်လက်ပါဝင် အရွေးချယ်ခံနိုင်ခြင်းရှိ၊ မရှိ စသည့်အချက်များကို စစ်ဆေးသွားမည် ဖြစ်ကြောင်း သိရသည်။</p>
<p>လိုင်စင်လျှောက်ထားခွင့် ဒုတိယမြောက် အဆင့်တွင် ၎င်းလုပ်ငန်းစုများ အနေဖြင့် ဆက်သွယ်ရေး အော်ပရေတာများအဖြစ် လုပ်ကိုင် ဆောင်ရွက်<br />
ရန် အရည်အသွေး ရှိ၊ မရှိနှင့် တတိယအဆင့်အတွက် ဆက်လက်ပါဝင် အရွေးချယ်ခံနိုင်ခြင်း ရှိ၊ မရှိ စသည့် အချက်များကို စစ်ဆေးသွား<br />
မည်ဖြစ်ကြောင်း သိရသည်။ </p>
<p>ဒုတိယမြောက် အဆင့်တွင် လာရောက် လျှောက်ထားသူ ကုမ္ပဏီများ<br />
အနေဖြင့် သတ်မှတ်ထားသော အခြေခံ လိုအပ်ချက်များဖြစ်သည့် အရင်းအမြစ်၊ ဘဏ္ဍာရေး ခိုင်မာတောင့်တင်းမှု၊ လုပ်ငန်းလည်ပတ် နိုင်<br />
စွမ်းရှိ၊ မရှိ၊ ဒီဇိုင်းအတွေ့အကြုံ၊ အကောင်အထည် ဖော်နိုင်စွမ်း ရှိ၊ မရှိ စသည့် အချက်များကို စစ်ဆေးသွားနိုင်ရန် ရည်ရွယ်ထားသည်။</p>
<p>မြန်မာ့ဆက်သွယ်ရေးကဏ္ဍ ပြုပြင်ပြောင်းလဲမှုများအရ ဆက်သွယ်ရေး ကဏ္ဍအတွက် Myanmar Telecom, Yatanarpon Telecom ကုမ္ပဏီ<br />
နှစ်ခုနှင့်အတူ သီးခြားဆက်သွယ်ရေး ကုမ္ပဏီနှစ်ခုတို့မှ ဆက်သွယ်ရေး ကဏ္ဍအတွက် အပြိုင်ဝန်ဆောင်မှု ပေးကြမည်ဖြစ်ပြီး ယင်းဆက်သွယ်ရေး ကုမ္ပဏီလေးခုမှ ၂၀၁၃ မှ ၂၀၁၆ ခုနှစ် အတွင်း၌ မိုဘိုင်းဖုန်း အလုံးရေ ၃၉ သန်းခွဲခန့် ရောင်းချပေးနိုင်ရန် စီစဉ်ထားကြောင်းလည်း သိရှိရပါသည်။</p>
<p>၂၀၁၂ ခုနှစ်က ကျပ်နှစ်သိန်းတန် မိုဘိုင်းဆင်းကတ်များကို ရတနာပုံ<br />
တယ်လီကွန်ကုမ္ပဏီမှ ရောင်းချပေးနေစဉ်<br />
Eleven Media Group
ပြည်တွင်းရှိ ဆက်သွယ်ရေး ၀န်ဆောင်မှု လုပ်ငန်းများအတွက် ဆက်သွယ်ရေး အော်ပရေတာ ရွေးချယ်မှု ဒုတိယအဆင့်အတွက် ပြည်ပအော်ပရေတာ ၂၂ ခုမှ ၂၀၁၃ ခုနှစ် ဧပြီလ ၄ ရက်နေ့တွင် Pre-qualification Application တင်သွင်းခဲ့ကြောင်း ဆက်သွယ်ရေး အော်ပရေတာ တင်ဒါအကဲဖြတ်ရေးနှင့် ရွေး ချယ်ရေး ကော်မတီ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

အစိုးရသစ် လက်ထက် နှစ်နှစ်အတွင်း ၀န်ကြီးဌာန အားလုံး၏ ၁၀ ရာခိုင်နှုန်း ၀န်းကျင်သာ အများပြည်သူ အတွက် ထိရောက်အောင် ပြုပြင်ပြောင်း လဲပေးနိုင်


အစိုးရသစ် နှစ်နှစ်သက်တမ်းအတွင်း ၀န်ကြီးဌာနအားလုံး ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်သော်လည်း ၀န်ကြီးဌာန အချို့သာ အများပြည်သူအတွက် ထိရောက်အောင်မပြောင်းလဲနိုင်သေးသည်ဟု ၀န်ကြီး ဌာနများနှင့် ဆက်စပ်လုပ်ကိုင် နေသူများ၊ ကော်မတီအချို့မှ တာဝန်ရှိသူများ က ပြောကြား ခဲ့သည်။

Friday, April 5, 2013

၁၅၀၀ တန် ဆင်းမ်ကဒ် ဖြန့်ချိရေး ပြည်နယ်တို င်းဒေသ အဆင့် ဆွေးနွေးဆဲ

Photo: ၁၅၀၀ တန် ဆင်းမ်ကဒ် ဖြန့်ချိရေး ပြည်နယ်တိုင်းဒေသအဆင့် ဆွေးနွေးဆဲ<br />
Friday, April 5,2013</p>
<p>လာမယ့် ဧပြီလ ၂၄ ရက်နေ့မှာ ကျပ် ၁၅၀၀ နဲ့ စတင်ရောင်းချပေးမယ့် မိုဘိုင်းဖုန်း ဆင်းမ်ကဒ်တွေကို ပြည်သူတွေလက်ဝယ်အရောက် ရောင်း<br />
ချနိင်ဖို့ သက်ဆိုင်ရာတိုင်းဒေသကြီး အစိုးရအဖွဲ့နဲ့ မြန်မာ့ဆက်သွယ်ရေး ဝန်ကြီးဌာနတို့ ညှိနှိုင်းနေကြပြီဖြစ်တယ်လို့ သိရပါတယ်။</p>
<p>ပြည်သူတွေလက်ထဲ ဆင်းကဒ် ၃ သိန်းခွဲကို လစဉ် တိုင်းဒေသကြီး အစိုးရအဖွဲ့တွေကနေ ရောင်းချပေးဖို့အတွက် တာဝန်ပေးလိုက်ခြင်းဖြစ်<br />
တယ်လို့ သမ္မတရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က RFA ကို ပြောပါတယ်။</p>
<p>"တိုင်းဒေသကြီး အစီအစဉ်နဲ့ ဘယ်လိုလုပ်မယ်ဆိုတာလဲ ဆက်သွယ်ရေးနဲ့ ညှိအုံးမှာပါ၊ တိုင်းဒေသကြီး အစီအစဉ်နဲ့လို့တော့ ပြောထားတယ်၊ ကျွန်တော်<br />
တို့တွေ လိုအပ်တာကတော့ တကယ်သုံးတဲ့သူတွေလက်ထဲကိုရောက်<br />
ဖို့ပဲ ပြောထားတာရှိပါတယ်၊ အဲ့ဒီမှာလုပ်မယ့် အစီအစဉ်တွေကို ပြန်တင်မှာ<br />
ပါ၊ လောလောဆယ်တော့ သူတို့လုပ်မယ့် အစီအစဉ်တွေကို မသိရသေးပါ<br />
ဘူးဗျာ၊ ဆက်သွယ်ရေးလုပ်ငန်းကတော့ လိုင်းအရေအတွက်နဲ့ လူဦးရေအရေ<br />
အတွက်အပေါ် မူတည်ပြီးတော့ လစဉ်တိုင်းဒေသကြီး အစိုးရဆီကို ခွဲတမ်း<br />
နဲ့ပေးသွားမယ်၊ တိုင်းဒေသကြီး အစိုးရတွေက အမှန်တကယ်လိုချင်တဲ့သူတွေ<br />
လက်ထဲကို ပြန်ပြီးရောင်းချပေးသွားမယ်"</p>
<p>ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဆက်သွယ်ရေးဝန်ကြီးကို RFA က ဒီကနေ့ ဆက်သွယ်မေးမြန်းခဲ့ရာမှာ ခုလိုဆင်းကဒ်တွေကို ပြည်သူတွေ<br />
လက်ဝယ်အရောက် ဘယ်လိုအစီအစဉ်နဲ့ ဖြန့်ဖြူးမလဲဆိုတာနဲ့ ပတ်သက်ပြီး အစည်းအဝေးလုပ်နေဆဲဖြစ်တဲ့အတွက် အသေးစိတ်မပြောနိုင်သေးကြောင်း တာဝန်ကျအရာရှိတစ်ဦးက ပြန်လည်ဖြေကြားခဲ့ပါတယ်။</p>
<p>ဒီဖုန်းဆင်းမ်ကဒ်တွေကိုတော့ ကနဦးဖုန်းခေါ်ဆိုခ ကျပ် ၃၀၀ ဖြည့်<br />
သွင်းပေးထားမှာဖြစ်ပြီး ၁၅ ရက်အတွင်းမှာ ဖုန်းပြောဆိုခ ကျပ် ၅၀၀၀ တန် ငွေဖြည့်ကဒ်ကို ထပ်မံဖြည့်သွင်း အသုံးပြုရမှာဖြစ်ပါတယ်။</p>
<p>တစ်ကယ်လို့ ၁၅ ရက်အတွင်းမှာ ထပ်မံအဖြည့်သွင်းဘူးဆိုရင်တော့ အလိုအလျှောက် ပြန်လည်ပိတ်သိမ်းသွားမှာ ဖြစ်တယ်လို့လည်း နိုင်ငံ<br />
ပိုင် သတင်းမီဒီယာတွေက ဖော်ပြထားတာပါ။</p>
<p>ဖုန်းပြောဆိုခ တစ်မိနစ်ကို ကျပ် ၅၀ သတ်မှတ်ထားပြီး အဝင်ဖုန်း<br />
လက်ခံ ပြောဆိုခကိုတော့ ကောက်ခံမှာမဟုတ်ဘူးလို့ သိရပါတယ်။</p>
<p>RFA
လာမယ့် ဧပြီလ ၂၄ ရက်နေ့မှာ ကျပ် ၁၅၀၀ နဲ့ စတင်ရောင်းချပေးမယ့် မိုဘိုင်းဖုန်း ဆင်းမ်ကဒ်တွေကို ပြည်သူတွေလက်ဝယ်အရောက် ရောင်းချနိင်ဖို့ သက်ဆိုင်ရာတိုင်းဒေသကြီး အစိုးရအဖွဲ့နဲ့ မြန်မာ့ဆက်သွယ်ရေး ဝန်ကြီးဌာနတို့ ညှိနှိုင်းနေကြပြီဖြစ်တယ်လို့ သိရပါတယ်။

၄၈ လမ်း ဗလီမီးေ လာင်မှုတွင် အဓိက တာဝန်ရှိ သည့် ဗလီဆရာ နှစ်ဦး အနက် လွတ်မြော က်နေသူ တစ်ဦးအား ဖမ်းဆီး ရမိ

Photo: ၄၈ လမ်း ဗလီမီးလောင်မှုတွင် အဓိက တာဝန်ရှိသည့် ဗလီဆရာ နှစ်ဦးအနက် လွတ်မြောက်နေသူ တစ်ဦးအား ဖမ်းဆီးရမိ<br />
Friday, April 5, 2013</p>
<p>ဧပြီလ ၂ ရက်က ဖြစ်ပွားခဲ့သော ၄၈ လမ်း ဗလီမီးလောင်မှုတွင် အဓိက တာဝန်ရှိသူဟုဆိုသူ ဗလီဆရာ ဦးဇေယျာဖြိုးနှင့် ဦးခင်မောင်အေးတို့ နှစ်ဦးအနက် လွတ်မြောက်နေသူ ဦးခင်မောင်အေးအား ဧပြီလ ၃ ရက်က ဖမ်းဆီးရမိပြီး ဆက်လက် စစ်ဆေးလျက်ရှိကြောင်း ဗိုလ်တစ်ထောင်မြို့နယ် ရဲစခန်းမှ ရဲတပ်ဖွဲ့မှူး စိန်ဝေက Eleven Media Group သို့ ပြောကြားခဲ့သည်။</p>
<p>ထို့ပြင် ဗလီအနီးတစ်ဝိုက်တွင် အများပြည်သူ လုံခြုံရေးအတွက် ရဲတပ်ဖွဲ့ဝင်များနှင့် ဗိုလ်တစ်ထောင်မြို့နယ်ရှိ ရပ်ကွက်များမှ လမ်းလုံခြုံရေးများကို ဆက်လက်ထားရှိထားကြောင်း ရဲတပ်ဖွဲ့မှူး စိန်ဝေက ဆိုပါသည်။</p>
<p>"၄၈ လမ်းရဲ့ ဟိုဘက်ထိပ် ဒီဘက်ထိပ်ရယ် ဗလီရှေ့ရယ်ကို ရဲတပ်ဖွဲ့ဝင် အားလုံးပေါင်း ၄၅ ယောက် ထားရှိပြီး လုံခြုံရေး ရယူထားပါတယ်။ ရပ်ကွက်လုံခြုံရေးက တစ်ရပ်ကွက်ကို နှစ်ယောက်နှုန်းနဲ့ ဗိုလ်တစ်ထောင်မြို့နယ်က ၁၀ ရပ်ကွက်ရယ်၊ မီးလောင်တဲ့ ရပ်ကွက်က ၁၀ ယောက်လောက်ရယ်ဆိုတော့ အားလုံးပေါင်း ၂၈ ဦးလောက်တော့ ရှိပါမယ်" ဟု ဗိုလ်တစ်ထောင်မြို့နယ် ရဲစခန်းမှ ရဲတပ်ဖွဲ့မှူး စိန်ဝေက ပြောကြားခဲ့သည်။</p>
<p>မီးလောင်မှု ဖြစ်ပွားချိန်က ဗလီ၏ အောက်ထပ်တွင် ထားရှိသည့် မီးအားမြှင့်စက်များကို ဗလီတာဝန်ရှိသူများမှ မည်ကဲ့သို့ အသုံးပြုခဲ့ကြောင်းနှင့် မီးလောင်မှု ဖြစ်ပွားချိန်တွင် တံခါးများကို အချိန်မီ မဖွင့်နိုင်ခဲ့သော ကိစ္စရပ်များနှင့် စပ်လျဉ်း၍ စစ်ဆေးမေးမြန်းမှုများ ပြုလုပ်နေကြောင်းနှင့် အသေးစိတ် သတင်းအချက်အလက်များကို အထက်အရာရှိများက ဆက်လက် ထုတ်ပြန်သွားမည်ဖြစ်ကြောင်း ရဲတပ်ဖွဲ့မှူး စိန်လွင်က ဆက်လက်ပြောကြားသည်။</p>
<p>အစ္စလာမ်ဘာသာဝင် စာသင်သား ကလေးငယ် ၁၃ ဦး သေဆုံးခဲ့သော ဗလီမီးလောင်မှုတွင် မီးအားမြှင့်စက် အပူလွန်ကဲရာမှ မီးလောင်ခြင်းဖြစ်ကြောင်းနှင့် အခင်းဖြစ်ပွားရာရှိ ဗလီဆရာ နှစ်ဦးဖြစ်သည့် ဦးဇေယျာဖြိုးနှင့် ဦးခင်မောင်အေးတို့တွင် တာဝန်အရှိဆုံးဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြင့်ဆွေက ဧပြီလ ၂ ရက်နေ့က ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။<br />
Eleven Media Group<br />
၄၈ လမ်းထိပ်တွင် လုံခြုံရေး ရဲတပ်ဖွဲ့ဝင်များကို ဧပြီလ ၃ ရက် မွန်းလွဲပိုင်းက တွေ့ရစဉ်
ဧပြီလ ၂ ရက်က ဖြစ်ပွားခဲ့သော ၄၈ လမ်း ဗလီမီးလောင်မှုတွင် အဓိက တာဝန်ရှိသူဟုဆိုသူ ဗလီဆရာ ဦးဇေယျာဖြိုးနှင့် ဦးခင်မောင်အေးတို့ နှစ်ဦးအနက် လွတ်မြောက်နေသူ ဦးခင်မောင်အေးအား ဧပြီလ ၃ ရက်က ဖမ်းဆီးရမိပြီး ဆက်လက် စစ်ဆေးလျက်ရှိကြောင်း ဗိုလ်တစ်ထောင်မြို့နယ် ရဲစခန်းမှ ရဲတပ်ဖွဲ့မှူး စိန်ဝေက Eleven Media Group သို့ ပြောကြားခဲ့သည်။