Saturday, August 4, 2012

မြန်မာငွေဈေးကျလာတော့ တကယ်အကျိုးရှိမှာ ဘယ်သူတွေလဲ



အက်ဖ်အီးစီနဲ့ ဒေါ်လာ ဈေးက မြန်မာငွေ ၈၇၀ နဲ့ ၈၈၀ ကြားမှာ ရှိနေပြီး ပြီးခဲ့တဲ့လတွေက ငွေဈေးထက် သိသိသာသာလေးကို တက်လာတော့
ဒေါ်လာ၊ ဒါမှမဟုတ် အက်ဖ်အီးစီနဲ့ အလုပ်လုပ်နေကြ တဲ့ ကုမ္ပဏီဝန်ထမ်း
တွေ၊ အစိုးရမဟုတ်တဲ့ သက်ဆိုင်ရာအဖွဲ့ အစည်းက ၀န်ထမ်းတွေအတွက် အသက်ရှူချောင်လာခဲ့ပြီး ဒီထဲမှာ ကျွန်တော်လည်း အပါအ၀င်ဖြစ်ပါတယ်။

လစာထုတ်လို့ ငွေဈေးကောင်းရင် ပျော်တာပေါ့။ ပိုက်ဆံ ပိုရတာကိုး။ ကျွန်တော်တို့ထက်ပိုပြီး ပျော်တဲ့သူတွေ ကတော့ ပို့ကုန်လုပ်ငန်းရှင် တွေပါ။ ဒါပေမယ့်လည်း အခုလက်ရှိဈေးနဲ့က သူတို့ရဲ့ လုပ်ငန်းမှာ ထင်သလောက် တွက်ခြေမကိုက်သေးတဲ့ပြင် တချို့ပို့ကုန် လုပ်ငန်းရှင် တွေဆိုရင် အရှုံးပြနေ
တုန်းပဲ ဆိုပြီး ပြောနေဆိုနေကြတဲ့ အသံတွေကလည်း စီးပွားရေးလောက
ထဲက မဆုံးနိုင် တဲ့ အသံတွေပါပဲ။

ဒါပေမယ့် သွင်းကုန် လုပ်ငန်းရှင်တွေကတော့ လက်ရှိဖြစ်နေတဲ့ အခြေ
အနေပေါ်မှာ သိသိသာသာ အသံတိတ်လျက် ရှိနေတာ ကတော့ စဉ်းစားစရာ
ပါပဲ။ လက်ရှိကာလမှာ ဒီလိုမျိုး မြန်မြန်ဆန် ဆန်နဲ့ ငွေတန်ဖိုးလျော့ကျလာ
တာဟာ အရှေ့တောင်အာရှနိုင်ငံတွေ ထဲမှာ မြန်မာနိုင်ငံဟာ အမြန်ဆုံး
ဆိုပြီးတော့ ငွေကြေးနဲ့ စီးပွားရေးဆိုင်ရာ အချက်အလက်တွေကို စုံစမ်းကောက်ခံပြီး အမြဲတမ်း သတင်းထုတ်ပြန်နေတဲ့ ကမ္ဘာကျော် Bloomberg သတင်းဌာနကြီးရဲ့ ဇူလိုင်လ ၂၆ ရက်နေ့က သတင်းတစ်ပုဒ်
မှာ ဖော်ပြထား ပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၂ ရက် နေ့ကစပြီး မြန်မာနိုင်ငံဗဟိုဘဏ်ကဦးစီး
ပြီး ငွေဈေးကို
နှုန်းရှင်အဖြစ် သတ်မှတ်ခဲ့ပါတယ်။ အဲဒီနောက်ပိုင်းက နေစပြီး ကျပ်ငွေဈေး
လည်း တဖြည်းဖြည်း အားနည်းလာခဲ့ပါတယ်။ ဇူလိုင်လ ၂၆ ရက်နေ့က ဗဟိုဘဏ်ရဲ့ သတ်မှတ်ဈေးနှုန်း ဟာ ၈၇၁ ကျပ်ဖြစ်ပြီး ဒီဈေးဟာ ငွေ
ဈေးနှုန်းရှင်စတင်ခဲ့တဲ့ ဧပြီ ၂ ရက်နေ့က ဈေးနဲ့ယှဉ်ရင် ၆ ဒသမ ၃ ရာခိုင်နှုန်း
လျော့နည်းလာတာ ဖြစ်ကြောင်းကို လည်း Bloomberg သတင်းမှာ ဖော်ပြ ထားပါတယ်။

နိုင်ငံတကာ ငွေကြေး လဲလှယ်နှုန်းနဲ့ကြည့်ရင် မြန်မာငွေဈေး ဟာ ပြီးခဲ့တဲ့
လမှာ ၁ ဒသမ ၇ ရာခိုင်နှုန်း၊ အင်ဒိုနီးရှားငွေ ရူပီယာက သုည ဒသမ ၄ ရာခိုင်နှုန်းနဲ့ တရုတ်ယွမ်ငွေကတော့ ၀ ဒသမ ၃ ရာခိုင်နှုန်း အသီသီးကျဆင်း
ခဲ့ ပေမယ့်လည်း မြန်မာနိုင်ငံက ရွှေ့ပြောင်း လုပ်သားတွေ မြောက်မြားစွာ
သွား ရောက်လုပ်ကိုင်နေကြတဲ့ နိုင်ငံတွေဖြစ် တဲ့ မလေးရှားနိုင်ငံ ရင်းဂစ်
ကတော့ သုည ဒသမ ၇ ရာနှုန်းနဲ့ ထိုင်းနိုင်ငံရဲ့ ဘတ်ငွေ ကတော့ သုည ဒသမ ၄ ရာခိုင်နှုန်း တက်ခဲ့သလို မြန်မာနိုင်ငံရဲ့ အဓိက ကုန်သွယ်ဖက်နိုင်ငံ
တွေထဲက တစ်နိုင်ငံ ဖြစ်တဲ့ အိန္ဒိယနိုင်ငံရဲ့ ရူပီးငွေကတော့ ၁ ဒသမ ၇ ရာခိုင်နှုန်းအထိ မြင့်တက်လာ ခဲ့တယ်လို့လည်း ဖော်ပြထားပါသေးတယ်။

ဒီလို မြန်မာငွေကြေးအားနည်းလာ တာကြောင့် ပြည်ပကလုပ်ငန်းရှင်တွေ ကတော့ မြန်မာနိုင်ငံကို လာရောက်ရင်းနှီး မြှုပ်နှံဖို့ အတော်လေးကို စိတ်ဝင်
စားနေ ကြပါတယ်။ မကြာသေးခင်ကပဲ အမေ ရိကန်လုပ်ငန်းရှင်တွေကို သူတို့နိုင်ငံက မြန်မာနိုင်ငံမှာ လာရောက်ရင်းနှီးမြှုပ်နှံ ဖို့ကို ၁၅ နှစ်နီးပါး
ကာလအတွင်းမှာ ပထမဆုံးအကြိမ်အဖြစ် ခွင့်ပြုပေးလိုက်ပါတယ်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က လည်း နိုင်ငံတော်ရဲ့ စီးပွားရေးတိုးတက်
ကောင်းမွန်လာစေရေးနဲ့ ပြည်တွင်းမှာ အလုပ်အကိုင် အခွင့်အလမ်းတွေ 
ပိုမို ပွင့်လင်းလာအောင်ရည်ရွယ်ပြီ

း ပြည်ပက ရင်းနှီးမြှုပ်နှံမှုတွေကို ဖိတ်ခေါ်ခဲ့တာ ကြောင့် နိုင်ငံတကာက လုပ်ငန်းရှင်တွေနဲ့ လုပ်ငန်းကြီးတွေ
ကလည်း ရင်းနှီးမြှုပ်နှံဖို့ အတွက် အသေအချာလေ့လာမှုတွေ လုပ်လာကြတယ်လို့လည်း Bloomberg သတင်းမှာ ရေးသားထားပါတယ်။

ဒီလို မြန်မာနိုင်ငံမှာ လာရောက်အလုပ်လုပ် ကိုင်ဖို့ ပြင်ဆင်နေကြတဲ့အထဲမှာ နာမည် ကြီး လုပ်ငန်းကြီးတွေဖြစ်ကြတဲ့ အမေရိကန် ကုမ္ပဏီ Coca-Cola၊ ဂျပန်နိုင်ငံက Honda Motor Company နဲ့ အိမ်တွင်း အသုံးအဆောင်ဆိုင်ရာ
ပစ္စည်းတွေ ထုတ်လုပ်တဲ့ Pioneer Corporation တို့ လည်း ပါဝင်နေပါသေး
တယ်။ သူတို့ကလည်း မြန်မာကျပ်ငွေကို နှုန်းရှင် သတ်မှတ်ပြီးချိန်က
တည်းက လာရောက် လုပ်ကိုင်ဖို့ စဉ်းစားနေကြတာလို့လည်း ရေးသားထား
ပါသေးတယ်။

ဒီလို ပြည်ပကလုပ်ငန်းရှင်တွေ လာရောက်လုပ်ကိုင်ကြဖို့ အင်မတန် စိတ်ဝင်စားလာကြတဲ့အထဲမှာ မြန်မာ ငွေကြေးအားနည်းလာတာ ကလည်း အဓိကကျတဲ့ အကြောင်းတစ်ရပ်ဖြစ်ပါတယ်။ ပြည်ပလုပ်ငန်းရှင်တွေလိုပဲ ကျွန်တော်တို့ ပြည်တွင်းက ပို့ကုန် လုပ်ငန်းရှင် တွေ ကိုယ်တိုင်ကလည်း
မြန်မာငွေဈေးကို ဒီထက်ပိုပြီးကျဆင်း လာစေချင်ပြီး လုပ်ငန်းရှင်အများစုက သူတို့လုပ်ငန်း တွက်ခြေကိုက်ဖို့ ဆိုရင် တစ်ဒေါ်လာကို အနည်းဆုံး မြန်မာငွေ ကျပ် ၉၀၀ လောက် ရောက်အောင်လုပ် နိုင်မှ ပိုပြီးအဆင်ပြေမယ်လို့ ယုံကြည်နေ ကြပါတယ်။

မြန်မာကျပ်ငွေဈေးဟာ ၂၀၀၉ ခုနှစ်ကုန်လောက်ပိုင်းကနေစြ
ပီး တစ်ဒေါ်လာ
ကို ကျပ် ၁,၀၀၀ ရှိနေရာ ကနေ တဖြည်းဖြည်း တစ်ထောင်အောက်ကို ဆင်းလာခဲ့ပြီး ၂၀၁၀ ပြည့်နှစ် ဇူလိုင်နဲ့ ဩဂုတ်လပိုင်းတွေမှာ ၁,၀၀၀ ကျော်
ပြန်ရောက်ခဲ့ပေမယ့်လည်း အဲဒီ အချိန်ကစလို့ နောက်ပိုင်းနှစ်တွေမှာ ၉၀၀ ရာနဲ့ ၈၀၀ အောက်ကို ဆက်တိုက် တဖြည်းဖြည်း ဆက်ကျလာတဲ့
ငွေဈေးဟာ ၂၀၁၁ ခုနှစ်၊ ဩဂုတ်လ တတိယပတ် လောက်မှာ ၇၀၀ နီးပါး
အထိကိုကျခဲ့ တာကြောင့် ပို့ကုန်လုပ်ငန်းရှင်တွေ အတော်အထိနာခဲ့ပြီး
ဒေါ်လာနဲ့ ပတ်သက်တဲ့ သူမှန်သမျှ ၀င်ငွေနည်းခဲ့ရ တာကြောင့် အခုလို ၈၇၀ နဲ့ ၈၈၀ ကြား ရောက်လာတာကို ကျိတ်ပြီးဝမ်းသာ နေခဲ့ကြရပါတယ်။ အမှန်တကယ်ဖြစ် သင့်တာက ကိုယ့်နိုင်ငံက ငွေတန်ဖိုး တက်လာရင် ကျွန်တော်တို့က ၀မ်းသာ ရမှာပါ။ ဒါပေမယ့် မပျော်နိုင်ပါဘူး။

ဒါက ဘာကိုပြနေလဲဆိုတော့ ကျွန်တော် တို့နိုင်ငံရဲ့ ငွေကြေးဖောင်းပွမှုနှုန်း ဘယ် လောက်တောင် မြင့်တက်နေလဲဆိုတာကို ဖော်ပြ နေတာပါ။ နောက်ပြီး ငွေတန်ဖိုး ကျရင် သွင်းကုန်တန်ဖိုးမြင့်လာပြီ
း ပြည်တွင်းမှာလည်း ဒီသွင်းကုန်ဈေးတွေ ပါလိုက်တက်လာနိုင်ပြီး ကဏ္ဍအသီးသီး က ၀ယ်ယူသုံးစွဲသူတွေဖြစ်တဲ့ မြန်မာပြည်သူပြည်သားတွေပဲ အဲဒီရဲ့ဆိုးကျိုး ကို ခံစားရမယ်ဆိုတဲ့ အချက်ကိုလည်း သတိချပ်ရမှာပါ။

ပြည်ပက ရင်းနှီးမြှုပ်နှံလိုသူတွေ အတွက် အင်မတန်မှမက်လောက်စရာ
ကောင်းတဲ့ နောက်ထပ်အချက်တစ်ခု ကတော့ မြန်မာပြည်တွင်းမှာ
ရှိတဲ့ စက်ရုံတွေမှာလုပ်ကိုင်နေကြတ
ဲ့ အလုပ်သမားခ တွေက တခြားနိုင်ငံတွေ
နဲ့နှိုင်းယှဉ်ကြည့်ရင် အံ့ဩစရာ ကောင်းလောက် အောင် တော်တော်သက်
သာနေတာကြောင့်ပါ။ Japan External Trading Org-anization ရဲ့ ဖော်ပြ
ချက်တွေအရ တရုတ်နိုင်ငံ ကွမ်ကျိုးပြည်နယ်ကအလုပ်သမား
တစ်ယောက်ကို
ပေးရတဲ့ တစ်လစာ လုပ်ခငွေဟာ မြန်မာနိုင်ငံကအလုပ်သမား
ခြောက်ယောက် ရဲ့တစ်လ လုပ်ခလစာငွေနဲ့ ညီမျှနေပါတယ်။

သူတို့ဖော်ပြထားတဲ့ စာရင်းဇယားတွေ အရ မြန်မာနိုင်ငံက အလုပ်သမား တစ်ယောက်ရဲ့ ပျမ်းမျှတစ်လလုပ်ခလစာ ငွေဟာကျပ် ၅၀,၄၃၇ ဖြစ်ပြီး 
အမေရိကန် ၅၈ ဒေါ်လာနဲ့ညီမျှပါတယ်။ တရုတ်နိုင်ငံ ကွမ်ကျိုးပြည်နယ်က အလုပ်သမား တစ်ယောက်ဟာ တစ်လကို ၃၅၃ ဒေါ်လာရပြီး ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့ က အလုပ်သမားတစ်ယောက်ဆိုရင် တစ်လဒေါ်လာ ၁၁၀ ရသလို ဘန်ကောက် က အလုပ်သမားတစ်ယောက်ရဲ့ လစာ ကလည်း ဒေါ်လာ ၂၇၀ ရှိနေပါတယ်။

ဒါတွေကိုကြည့်ရင် ရင်းနှီးမြှုပ်နှံသူတွေ အနေနဲ့ မြန်မာပြည်မှာ အလုပ်
လာလုပ် ဖို့ စိတ်ဝင်စားတာဟာ မဆန်းပါဘူး။ ဒါကြောင့်လည်း ဖိလစ်ပိုင်
နိုင်ငံက အစား အသောက်ထုတ်လုပ်တဲ့ Universal Robina Corporation က ထိုင်းနိုင်ငံမှာ လုပ်ကိုင် နေတဲ့ သူ့ရဲ့ စက်ရုံနဲ့အတူ တွဲဖက် လုပ်ကိုင်ဖို့
မြန်မာနိုင်ငံမှာ စက်ရုံတစ်ရုံ လာရောက် တည်ဆောက်ဖို့တောင်
ပြင်ဆင်နေပြီ ဖြစ်ပါတယ်။

နောက်ပြီး အားလျော့လာတဲ့ မြန်မာ ငွေဈေးကြောင့် လာရောက်အလုပ်လုပ် ကြတဲ့ ပြည်ပလုပ်ငန်းရှင်တွေ အတွက် ကတော့ အစစအရာရာအသာဘက် ကချည်းပါပဲ။ မြန်မာငွေဈေးက ခိုင်မာ မှုမရှိတဲ့အတွက် ပေးရတဲ့လစာက သက်သာပြီး ကုန်ပစ္စည်း ဈေးနှုန်းက လည်းသက်သာတော့ အသုံးစရိတ်ပါ သက်သာလာတယ်။နောက်ပြီး ပြည်ပကနေ မြန်မာနိုင်ငံကပစ္စည်းတွေဝယ်
တဲ့ဝယ်လက်တွေအတွက်လည်း အားလျော့လာတဲ့ မြန်မာငွေဈေးကြောင့် အလိုလို နေရင်း အသာစီးရနေပြီးသား ဖြစ်နေပါတယ်။

ဒါတွေကြောင့်လည်း အာရှဖွံ့ဖြိုးမှု ဘဏ်ရဲ့ စစ်တမ်းတစ်ခုမှာ မြန်မာနိုင်ငံ ဟာ လူဦးရေစုစုပေါင်းရဲ့ ၇၀ ရာခိုင်နှုန်း က စိုက်ပျိုးရေး လုပ်ငန်းနဲ့ အသက်မွေးနေ ကြရပြီး လူဦးရေ ၁,၀၀၀ မှာ ကိုယ်ပိုင် ကားစီးနိုင်တာ ၁၈ ဦးသာရှိကြောင်းနဲ့ ဒီပိုင်ဆိုင်မှုဟာ တခြား အရှေ့တောင် အာရှနိုင်ငံတွေ
ဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံမှာ ပျှမ်းမျှလူ ၁,၀၀၀ ကို ကိုယ်ပိုင်ကားစီး နိုင်တဲ့သူ အယောက် ၂၅၀ ရှိတာနဲ့ ထိုင်း မှာ လူ ၃၇၀ ကားပိုင်စီးနိုင်တာတွေကို
နှိုင်းယှဉ်ပြထားတာကိုလည်း တွေ့ရပါတယ်။

ဒါကြောင့်လည်း မြန်မာပြည်သူတွေ ပိုမိုကောင်းမွန်စွာ နေထိုင်လာနိုင်စေရေး အတွက် ရည်ရွယ်ပြီး စီးပွားရေးကောင်း လာအောင် ရည်ရွယ်တဲ့အနေနဲ့
နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေကို မြန်မာက ဖိတ်ခေါ် တာကြောင့် လာရောက်ဆွေးနွေးကြတဲ့ လုပ်ငန်းရှင်တွေထဲမှာ တရုတ်နိုင်ငံရဲ့ Top Form International Limited က ဥက္ကဋ္ဌဖြစ်သူ Willlie Fung “မြန်မာ က တာဝန်
ရှိသူတွေနဲ့ လာရောက် ဆွေးနွေး ကြည့်တဲ့အခါ သူတို့ဘက်ကတော့ ပြည်ပ ရင်းနှီးမြှုပ်နှံမှုတွေနဲ့ တိုင်းပြည်ရဲ့ စီးပွား ရေးကို ပြန်လည်တိုးတက်
လာအောင် လုပ်ဖို့ဆိုတဲ့ ဆုံးဖြတ်ချက်ကို ပိုင်ပိုင် နိုင်နိုင်ချထားတဲ့ အနေအထားတွေကို တွေ့ရပါတယ်။ ဒါပေမယ့် ကျွန်တော် တို့ ရင်းနှီးမြှုပ်နှံသူတွေအတွက
် ပြင်ဆင် မှုတွေကို မေးကြည့်တဲ့အခါမှာတော့ တိတိပပပြောပြနိုင်တာ သိပ်မရှိသေး ပါဘူး” လို့ ပြောပါတယ်။

မြန်မာနိုင်ငံအနေနဲ့လည်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ
 ဥပဒေသစ်ကို အခုကျင်းပနေတဲ့ လွှတ်တော်မှာ အမြန် ဆုံးအပြီးသတ် ဆွေးနွေး
အတည်ပြုနိုင်မှသာ ၀င်ရောက်လာမယ့်လုပ်ငန်းရှင်
 တွေအတွက် ထင်သာမြင်
သာရှိတဲ့ အကြောင်းအရာတွေကို ရှင်းရှင်း လင်းလင်းချပြနိုင်တာကြောင့်
ပြုပြင် ပြောင်းလဲရေးမူဝါဒအရ ဦးတည်သွားချင်နေတဲ့ လမ်းကြောင်းပေါ်
ကိုရောက် အောင် အမြန်ဆုံး အကောင်အထည် ဖော်နိုင်မှာ ဖြစ်ပါတယ်။

မြန်မာပြည်မှ ကမ္ဘာ့ အရှားပါးဆုံးကျောက်တဲ့



ပုံမှာ မြင်တွေ့နေရတဲ့ ကျောက်ဟာ Painite လို့အမည်ရပြီး ကမ္ဘာ့အရှားပါး ဆုံး ကျောက်မျက် ရတနာ ၁၀မျိုး စာရင်းထဲမှာ အဆင့် ၅ ဝင်တဲ့
ကျောက်မျက်ရတနာ တစ်မျိုး ဖြစ်ပါတယ်။

ရှာဖွေ တွေ့ရှိခဲ့သူကတော့ အင်္ဂလိပ်လူမျိုး သတ္တုဗေဒ ပညာရှင် Arthur C.D.Pain ဖြစ်ပါတယ်။ ၁၉၅၀ ခုနှစ် နောင်းပိုင်းက မြန်မာနိုင်ငံ အထက်ပိုင်း၊ မိုးကုတ် ကျောက်တွင်းမှာ တူးဖော်တွေ့ရှိခဲ့ခြင်း ဖြစ်ပြီး သူ့အမည် Pain ကိုအစွဲပြုကာ Painite လို့အမည်ပေးလိုက်ခြင်းဖြစ်ပါတယ်။ ဓာတုဗေဒ
အခေါ်ကတော့ Borateဖြစ်ပါတယ်။

ကယ်လ်ဆီယံ၊ ဇိုင်ကိုနီယမ်၊ ဘိုရွန်၊ အလူမီနီယံ၊ အောက်ဆီဂျင် စတဲ့ သတ္တုဓာတ်တို့ပါဝင်ပြီး ခရိုမီယံ၊ ဗနေဒီယံ စတဲ့ သတ္တုတို့နည်း အနည်းငယ်
ရောစပ်ပါဝင်တယ်လို့ သိရပါတယ်။

ယင်းကျောက် Painite ရဲ့ထူးခြားချက်ကတော့ သူ့သဘာဝကို က ခြောက်မြောင့်သဏ္ဍန် အဖြစ် တည်ရှိနေခြင်း ဖြစ်ပါတယ်။ အနီရောင်၊ ကြက်သွေးရောင်၊ လိမ္မော်နီရောင် အဆင်းသဏ္ဍန် ရှိတာကို တွေ့ရမှာ
ဖြစ်ပါတယ်။

နှစ်ပေါင်း ကာလအတော်ကြာသည့်တိုင် Painite ဟာ တစ်ကမ္ဘာလုံးမှာမှ သုံးခုသာ ရှိခဲ့ပါတယ်။ သို့ပေမယ့် ၂၀၀၅ နှစ်မတိုင်မီကာလမှာတော့ ၂၅ခု ထက်နည်းတဲ့အရေအတွက်ထိရှိလာပါတယ်။ ယင်းနောက်ပိုင်း တူးဖော်မှုမှာ Painite တွေ့ရှိမှု ရှိမရှိကတော့ စစ်တမ်းကောက်မထားပါဘူး။

သို့ပေမယ့် ယင်းကျောက်အမျိုးအစားဟာ တစ်ကမ္ဘာလုံးမှာ မြန်မာနိုင်ငံမှာ ပဲ တွေ့ရှိသေးတဲ့ ကျောက်အမျိုးအစား ဖြစ်ပြီး ထိပ်တန်းရှားပါးဈေးကြီး ကျာက်ဖြစ်တယ်လို့ ကမ္ဘာက အသိမှတ်ပြုထားပါတယ်။

၁ကာရက်ကို အမေရိကန်ဒေါ်လာ ၆သောင်းဝန်းကျင်တန်ဖိုးရှိ တဲ့ ကျောက်ဖြစ်တယ်လို့ သိရပါတယ်။ Painite အနည်းငယ်ကို သူဌေးသူကြွယ်အချို့က ပိုင်ဆိုင်ပါတယ်။ Painite အချို့ကိုတော့ ဗြိတိန် သဘာဝသမိုင်းပြတိုက်၊ အမေရိကန် ဘူမိဗေဒသိပ္ပံ၊ ကယ်လီဖိုးနီးယား နည်းပညာသိပ္ပံနဲ့ ဆွစ်ဇာလန် ကျောက်မျက်ရတနာ သုတေသနဓာတ်ခွဲခန်း တို့မှာ ခင်းကျင်းပြသထားတယ်လို့ သိရပါတယ်။

အလ္လာဟ် ကို မယုံကြည်တဲ့လူတွေကို မုန်းခိုင်း၊ သတ်ခိုင်းတဲ့ ကုရ်အာန်ကျမ်း








အလ္လာဟ် ကို မယုံကြည်တဲ့လူတွေကို မုန်းခိုင်း၊ သတ်ခိုင်းတဲ့ ကုရ်အာန်

ကျမ်းကို ဖတ်၊ ဖတ်ရင်းနဲ့ Islamic Racist တွေဖြစ်၊ လူသားတွေ အားလုံးထဲမှာ မွတ်ဆလင်သည်သာလျှင် အမြင့်မြတ်ဆုံးဆိုတဲ့ ရူးကြောင်ကြောင် Islamic Supremacy စိတ်ဓာတ်တွေ ၀င် ၊ တစ်ကမ္ဘာလုံး က အလ္လာဟ် ကို မကိုးကွယ်တဲ့ ကောင်တွေ အားလုံးကို သုတ်သင်ဖယ်
ရှားပြီး တစ်ကမ္ဘာလုံးကို ဆော်ဒီလို Islamic Shariah World တည်ထောင်
ရမယ်ဆိုတဲ့ Nazism, Facism, Communism တို့လို Islamic Global Domination စိတ်ဓာတ်တွေကို ကုရ်အာန်ကျမ်းက ရိုက်သွင်း ကုရ်
အာန်ကျမ်း ညွှန်ကြားချက်အရ မွတ်ဆလင်မဟုတ်တဲ့ လူသားအားလုံးကို ရန်သူလို့ မြင် ကုရ်အာန်ကျမ်း ညွှန်ကြားချက်အရ လူတွေကို အလ္လာဟ် ကို မယုံကြည်တာ နဲ့သတ် ( သေသင့်တဲ့ အပြစ်ဒဏ် လို့ ခံယူ) ကုရ်အာန်ကျမ်း ညွှန်ကြားချက်အရ မွတ်ဆလင်မဟုတ်တဲ့ လူသားအားလုံး ကို မုန်း၊ မုန်းတီးခြင်းတရားတွေ၊ အမုန်းတရားတွေ၊ လောင်မြိုက်နေတာ အမုန်းတရားတွေ နဲ့ အသက်ရှင် Islam is the Religion of HATRED, HATRED of All Religions Islam hates All Religions, Islam hates All Non-Muslims.
Muslims are brainwashed by Qur'an the Book of HATRED.
Qur'an is the book of HATRED.
Islam itself is HATRED

ကုရ်အာန်ကျမ်းဟာ မွတ်ဆလင်တွေ ဦးနှောက်ထဲကို မုန်းတီးမှု ၊ အမုန်း
တရားတွေကိုပဲ ရိုက်ထည့်ပေးထားပါတယ် မွတ်ဆလင်မဟုတ်တဲ့သူတွေကို မုန်းဖို့၊ အလ္လာဟ်ကို မကိုးကွယ်တဲ့သူတွေကို မုန်းဖို့  ၊ မစစ်မှန်တဲ့ မွတ်ဆလင်
တွေကို မုန်းဖို့ မွတ်ဆလင်တွေ က တစ်ကမ္ဘာလုံးမှာ ပြဿနာလိုက်ရှာနေတဲ့
ပြဿနာကောင်တွေလား တစ်ကမ္ဘာလုံးက ဟိန္ဒူ ၊ခရစ်ယာန် ၊ ဗုဒ္ဓဘာသာ ၀င်တွေက မွတ်ဆလင်တွေကို ပြဿနာရှာနေတာလား

We Non-Muslims have 200% rights to defend ourselves against Worldwide Islamic Jihad & Global Demographic Islamization.

Non-Muslims Alliance Fight against common enemy of Humanity, Islam.
Wake Up all Non-Muslims!
Don't let them Islamize your Nation!
We Non-Muslims have 200% rights to defend our ourselves against Global
Demographic Islamization !

( အရင်တုန်း EPC ဆိုတာလူမသိသူမသိ ပိုက်ဆံအရဆုံးဌာန( မိတာခတွေခိုးစားတဲ့ဌာန)



 
 
လျှပ်စစ်ကန်ထရိုက်ဆိုသူများ အဖွဲ့အစည်းဖွဲ့ပြီး မီတာဆင်ခများမတရားကောက်ခံနေ(သစ်ထူးလွင်)
 
မန္တလေးမြို့ မဟာအောင်မြေမြို့ နယ်အတွင်းက မဟာအောင်မြေ လျှပ်စစ်ရုံးမှ လျှပ်စစ်ကန်ထရိုက် ဆိုသူများ မီတာဆင်ရန် ရောက်လာပြီး မီတာဆင်ရန် ကျွန်တော်၏ အိမ်သို့ရောက်လာပါသည် ကျွန်တော်၏ အိမ်မှာ သံလျှပ်မှော် ရပ်ကွက် အတွင်းတွင် နေထိုင်ပါသည် နေရပ်လိပ်စာတော့ အတိအကျ မပြောတော့ပါ ၄င်းအဖွဲ့ထဲတွင် ကျွန်တော့်ကို သိသောသူလည်းပါသောကြောင့်  ဖြစ်စဉ်မှာ ကျွန်တော်တို့ရပ်ကွက် အတွင်းအခြားအိမ်များတွင် မီတာ ကျခဲ့လာသောအခါ ကန်ထရိုက်ဆိုသူတစ်ဦး သာရောက်လာပြီး လုပ်ကိုင်ပေးပါသည် ယခုမှာသူတို့ပြောသည်မှာ ဒါခင်များအိမ်က ကန်ထရိုက် အဖွဲ့အစည်းဂျော့ ဟု ပြောပါသည်။

ကျွန်တော်တို့သိသည်မှာ လျှပ်စစ်ရုံးတွင် မီတာလျှောက်သောအခါ လျှပ်စစ်ရုံးမှ မီတာလာတပ်ဆင် ပေးသည်ကိုပဲ နားလည်ပါသည် ယခုသူတို့ပြောသည်မှာ ဒါကရုံးနဲ့ မဆိုင်ဘူး ကျွန်တော်တို့က ကန်ထရိုက်အဖွဲ့အစည်း ဒါတွေကကန်ထရိုက် လူကြီးတွေဟုပြောပါသည် တပ်ဆင်ခဆိုပြီး လေးသောင်းခွဲတောင်းပါသည် ကျွန်တော်မှာ ကြိုးတွေလဲ ၀ယ်ရဦးမှာမို့ နည်းနည်းလျှော့ပေးရန် တောင်းပန် ပြောဆိုသောအခါ ဘယ်လိုမှ မလျှော့နိုင်ပါ ဒါအဖွဲ့အစည်းရန်ပုံငွေလို့ ပြောပါသည် ကျွန်တော်တို့ ပြည်သူတွေ နားမလည်သည်မှာ မီတာလျှောက်သော အခါ ကိုးသောင်းကျော်ရုံးမှာ သွင်းရပါသည် ထို့နောက်ရုံးမှ တာဝန်ရှိသူမှ ကျွန်တော်တို့ အိမ်ကိုလာရောက် စစ်ဆေးပြီး မှန်ကန်ကြောင်း လက်မှတ်ထိုးပြီး ကန်ထရိုက်များ လာရောက်တပ်ဆင်ပါသည် ယခုကျွန်တော်အိမ်တွင် လာသော ကန်ထရိုက်အဖွဲ့ အစည်းဆိုသူများ၏ ရန်ပုံငွေဆိုတာကို နားမလည်ခဲ့ပါ  အခြားအိမ်များတွင် လာရောက်တပ်ဆင်ကြသော ကန်ထရိုက်များမှာ ညှိနိုင်းရု်ရခဲ့ကြသည် ကိုတွေရပါသည် ဆင်းရဲသော အိမ်တော်တော် များများကိုလျှော့ပေး သွားကြသည်ကို တွေ့ခဲ့ရပါသည် ယခု ကန်ထရိုက်အသင်း ဆိုသည်မှာ တရားဝင်အစိုးရမှ ဖွဲ့စည်းပေးထားသော အဖွဲ့လားဆိုတာကို တာဝန်ရှိသူများဖြေကြားပေးစေလိုပါသည်။

သံလျှပ်မှော်ရပ်ကွက်မှ ပေးစာ

UWSA ”၀” နဲ့ ရွက်ဆစ်အဖွဲ့ ဘာတွေဖြစ်နေကြသလဲ

 

ဇူလိုင်လလယ်ပိုင်းတွင် Wa တပ်ဖွဲ့များ လှုပ်ရှားနေသည့် ရှမ်းပြည်တောင်ပိုင်း
ဓည၀တီ - ဆန်စု လွယ်မွန်တောင်သို့ ရှမ်းပြည်တပ်မတော်တောင်ပိုင်း ယွက်ဆစ်၏ တပ်ဖွဲ့များ နယ်မြေချဲ့ထွင် ၀င်ရောကလာမှုကြောင့် Wa တပ်ဖွဲ့များနှင့် ထိပ်တိုက်ရင်ဆိုင်မှုများ ဖြစ်ပေါ်လျက်ရှိကြောင်း သတင်း ရရှိသည်။

ယခင်ဇွန်လလယ်ခန့်ကလည်း Wa တပ်ဖွဲ့လှုပ်ရှားနယ်မြေနားယောင်းဘက်
သို့ ယွက်ဆစ်တပ်ဖွဲ့ (၁၀၀) ကျော်ခန့် ၀င်ရောက်လာမှုကြောင့် Wa တပ်များ 
အင်အားဖြည့်တင်းကာ ပြန်လည်မောင်းထုတ်ခဲ့ ရကြောင်းသိရသည်။

ယခုတစ်ကြိမ် ဒေသအခေါ် လွယ်မွန်တောင်ဘက်သို့ ယွက်ဆစ်အဖွဲ့မှ
ဗိုလ်လုံ စိုင်းဘထွန်း အပါအ၀င် (၇၀) ခန့် ၀င်ရောက်လာခဲ့ပြီး Wa အဖွဲ့မှ နားကောင်းမူကျေးရွာနှင့် ဟိုပန် / ဟိုရွတ် ကျေးရွာများတွင် အင်အားများ စုဖွဲ့၍ ပြန်လည်တိုက်ထုတ်ရန် ပြင်ဆင်လျက်ရှိကြောင်းနှင့် တိုက်ပွဲများဖြစ်ပွား
ပါက နယ်မြေခံ ကျေးရွာများမှ ထိခိုက်မည်ကို အထူးစိုးရိမ်လျက်ရှိကြောင်း သိရသည်။

မုန်းထားနယ်မြေဘက်တွင်လည်း ယွက်ဆစ်တပ်ဖွဲ့ဝင်များ ၀င်ရောက်နေ
ထိုင်မှုအပေါ် Wa တပ်ဖွဲ့ များမှ ကျေနပ်မှုမရှိကြောင်းနှင့် ယခုကဲ့သို့ လွယ်မွန်
တောင်ဘက်သို့ နယ်မြေချဲ့ထွင် ၀င်ရောက်လာမှုအပေါ် လုံးဝသည်းခံမည်
မဟုတ်ကြောင်း Wa ခေါင်းဆောင်တစ်ဦးမှ ပြောကြားခဲ့သည်ဟု သတင်း ရရှိသည်။
http://myanmartharkaung.blogspot.com/2012/08/wa_3.html

ရခိုင်ဒေသအရေး ဘင်္ဂလားဒေ့ရှ် သံအမတ် ဘာပြောသလဲ


အစိုးရက သံတမန်တွေကို စစ်တွေမြို့ကို နှစ်ရက်ကြာ ခေါ်သွားပြီး ရခိုင်ဒေသ ပဋိပက္ခအကြောင်း ရှင်းလင်းခဲ့ပုံကို သောကြာနေ့ထုတ် မြန်မာ့အလင်း သတင်းစာမှာ ဖော်ပြထားပါတယ်။

ခရီးစဉ်အတွင်း
ဘင်္ဂလားဒေ့ရှ် သံအမတ်ကြီးရဲ့ ပြောဆိုချက်တွေကိုလည်း စိတ်ဝင်စားဖွယ် တွေ့ရတဲ့အတွက် ဒီသတင်းကို ကူးယူ ဖော်ပြလိုက်ပါတယ်။

သူ့ပြောဆိုချက်ကို သတင်းအဆုံးပိုင်းမှာ တွေ့နိုင်ပါတယ်။


ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများအား အသိအမှတ်ပြု
မြန်မာနိုင်ငံအစိုးရမှ ရိုးသားပွင့်လင်း၊ မြင်သာစွာ ကိုင်တွယ်ဖြေရှင်းလျက်ရှိသည်ကို တွေ့ရ

နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် မြန်မာ့စက်မှုဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးသိန်းဌေး၊
ပြည်နယ်ဝန်ကြီးချုပ် ဦးလှမောင်တင်၊
အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်ကိုကိုနိုင်၊
ဒုတိယဝန်ကြီးများဖြစ်ကြသော ဗိုလ်မှူးချုပ်ကျော်ဇံမြင့်၊
ဦးဘုန်းဆွေနှင့်
ဦးကျော်ကျော်ဝင်း၊
မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြားသံရုံးများမှသံအမတ်ကြီးများနှင့် သံတမန်များ၊
ကုလသမဂ္ဂလက်အောက်ခံအဖွဲ့အစည်းများမှ အကြီးအကဲများနှင့် တာဝန်ရှိသူများ၊
မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်အဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့် ဘာသာရေးခေါင်းဆောင်များ၊
ဌာနဆိုင်ရာ အကြီးအကဲများသည် ရခိုင်ပြည်နယ် စစ်တွေမြို့၌ ဖြစ်ပွားခဲ့သည့် ပကတိအခြေအနေမှန်များအား သြဂုတ် ၁ ရက် နံနက် ၈ နာရီတွင် စစ်တွေမြို့ ပတ်ဝန်းကျင်တစ်လျှောက် သွားရောက်ကြည့်ရှုလေ့လာခဲ့ကြသည်။

ရှေးဦးစွာ စစ်တွေမြို့နယ် ဘောဒူဖကျေးရွာ ကယ်ဆယ်ရေးစခန်း၌ တာဝန်ခံများနှင့် တွေ့ဆုံ၍ နိုင်ငံတော်အစိုးရက လတ်တလော ဆောင်ရွက်ပေးလျက်ရှိသည့် နယ်မြေ တည်ငြိမ်အေးချမ်းသာယာရေး၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဆိုင်ရာများ၊
ကုလသမဂ္ဂလက်အောက်ခံအဖွဲ့အစည်းများနှင့် နိုင်ငံတကာအစိုးရမဟုတ်သော အဖွဲ့အစည်းများမှ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ထောက်ပံ့ပေးအပ်မှု အခြေအနေများ၊ ဆက်လက်ဆောင်ရွက်သွားမည့် အစီအစဉ်များကို ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးတို့က ဘောဒူဖကျေးရွာ ကယ်ဆယ်ရေးစခန်း၌စားနပ်ရိက္ခာများ ထောက်ပံ့ပေးနေမှု၊ ကျန်းမာရေး စောင့်ရှောက်မှု၊ မိသားစုနေထိုင်နိုင်သည့် ယာယီတဲများဆောက်လုပ်ပြီးစီးမှုနှင့် ပြည်တွင်းပြည်ပအကူအညီအထောက်အပံ့များ ခွဲဝေဖြန့်ဖြူးမှု အခြေအနေများကို စခန်းတာဝန်ခံများအား ရှင်းလင်းပြောကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက လိုက်ပါလာသော သံတမန်အဖွဲ့များအား ရှင်းလင်းပြောကြားရာတွင် ဘောဒူဖကျေးရွာ ကယ်ဆယ်ရေးစခန်း၌ ရွှေ့ပြောင်းဒုက္ခသည် အိမ်ထောင်စု ၁၄၃၉ စု၊ လူဦးရေ ၇၅၇၅ ဦးရှိပြီး စစ်တွေမြို့ပေါ်ရပ်ကွက်များ ဖြစ်သော စက်ရုံစု၊ မကျဉ်းမြိုင်၊ ရွှေပြား၊ တရားသီးစုနှင့် မြို့သူကြီးရပ်ကွက်များမှရွှေ့ပြောင်းရောက်ရှိလာကြသူများဖြစ်ကြောင်း၊
စစ်တွေမြို့နယ်တွင် ရွှေ့ပြောင်းဒုက္ခသည်စခန်းရှစ်ခုနှင့် တိုင်းရင်းသားကယ်ဆယ်ရေးစခန်း ငါးခု စုစုပေါင်း ၁၃ ခု ရှိကြောင်း၊
၎င်းတို့နေထိုင်နိုင်ရန်အတွက် ယာယီရွက်ဖျင်တဲ ၁၅၁၉ လုံး ဆောက်လုပ်ပေးထားပြီး(၄၅ ပေ x ပေ ၃ဝ x ၉ ပေ) အရွယ်ရှိ မိသားစု ၁ဝ စု နေထိုင်နိုင်သော ယာယီတဲ ၁၁၄ လုံးကိုလည်း ဆောက်လုပ်ပြီးဖြစ်ကြောင်း၊
၈၁ လုံးမှာ ဆောက်လုပ်ဆဲဖြစ်ကြောင်း နှင့် ကျန်ယာယီတဲများကို ဆက်လက်ဆောက်လုပ်သွားမည်ဖြစ်ကြောင်း၊
ကယ်ဆယ်ရေး စခန်းများရှိ ရွှေ့ပြောင်းဒုက္ခသည်များ၏ စားဝတ်နေရေး၊ ပညာရေး၊ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကိုလည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း ရှင်းလင်း ပြောကြားခဲ့ပြီး သံတမန်အဖွဲ့ဝင်များမှ ပကတိဖြစ်ရပ်မှန်အခြေအနေများကို ရွှေ့ပြောင်းဒုက္ခသည်များအား မေးမြန်းကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် သံတမန်အဖွဲ့များသည် မီးလောင်ပျက်စီးသွားသော စက်ရုံစုရပ်ကွက် မီးလောင်ပြင်သို့ ရောက်ရှိရာ ပြည်ထောင်စုဝန်ကြီးက ဤနေရာတွင် ပဋိပက္ခဖြစ်ပွားခဲ့ကြသူများ နေထိုင်ခဲ့ကြောင်း၊ နေရာကျဉ်းကျဉ်းတွင်
ပြည့်သိပ်ကျပ်တည်းစွာ နေထိုင်ခဲ့ကြသဖြင့် မြို့ပြအင်္ဂါရပ်နှင့် ညီညွတ်မှုမရှိဘဲ လူနေမှုအဆင့်အတန်းများစွာ နိမ့်ကျခဲ့ကြောင်း၊
အနာဂတ်တွင် မြို့ပြဖွံ့ဖြိုးမှုအင်္ဂါရပ်နှင့်အညီလမ်းများ၊ ဈေးများတည်ဆောက်ပေးရန်လိုအပ်ပြီး စီးပွားရေးဈေးကွက် ထူထောင်ပေးရန် လိုအပ်မည်ဖြစ်ကြောင်း၊
ကုလသမဂ္ဂနှင့် နိုင်ငံတကာအဖွဲ့အစည်းများမှ ဝိုင်းဝန်းကူညီပေးစေလိုကြောင်းဖြင့် ရှင်းလင်းပြောကြားသည်။

ထိုမှတစ်ဆင့် ရွှေစေတီကယ်ဆယ်ရေးစခန်းသို့ ရောက်ရှိပြီး ပြည်ထောင်စုဝန်ကြီးက ကယ်ဆယ်ရေးစခန်းရှိ ဒေသခံပြည်သူ ၇၁၅ ဦးအား နှုတ်ဆက်အားပေးစကားပြောကြား၍ သံတမန်လေ့လာရေးအဖွဲ့ဝင်များက သိရှိလိုသည်များနှင့် ပကတိကိုယ်တွေ့ဖြစ်ရပ်မှန်များကို မေးမြန်းကြရာ ကယ်ဆယ်ရေးစခန်းရှိ ဒေသခံပြည်သူများက ဆူပူအကြမ်းဖက်မှုဖြစ်စဉ်များ၊ ကယ်ဆယ်ရေးအကူအညီ အထောက်အပံ့များ ရရှိမှုအခြေအနေများနှင့် မိမိတို့လိုအပ်ချက်များကို ရှင်းလင်းပြောကြားသည်။

ယင်းနောက် စစ်တွေမြို့ ရှုခင်းသာပွိုင့်သို့ ရောက်ရှိရာ ပြည်ထောင်စုဝန်ကြီးက စစ်တွေမြို့ ပင်လယ်ကမ်းခြေတစ်လျှောက် ကုလားတန်မြစ်ကြောင်း ဖွံ့ဖြိုးမှုစီမံကိန်းဆောင်ရွက်မည့်နေရာ၊ ဟိုတယ်ဇုန်နှင့် ငါးဖမ်းလုပ်ငန်းဆောင်ရွက်မှု အခြေအနေ၊
သင်္ဘောဆိပ်သင်္ဘောကျင်းများ တည်ဆောက်နိုင်မှု၊ ကမ်းနားလမ်း ပင်လယ်ကမ်းခြေတစ်လျှောက် လမ်း၊ တံတား အဆင့်မြင့်နိုင်မှုနှင့် မြို့ပြဖွံ့ဖြိုးလာနိုင်မှု၊ စီးပွားရေးဈေးကွက် အခြေအနေနှင့် အနာဂတ်ဖွံ့ဖြိုးမှု အခြေအနေများကို သံတမန်အဖွဲ့ဝင်များနှင့် အမြင်ချင်းဖလှယ်ညှိနှိုင်းဆွေးနွေးခဲ့ပြီး ရှုခင်းသာပွိုင့်တွင် သံတမန်အဖွဲ့ဝင်များအား အုန်းရည်ချိုဖြင့် ဧည့်ခံခဲ့သည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့် သံတမန်အဖွဲ့များ၊ မြန်မာနိုင်ငံလူ့အခွင့်အရေး အခြေအနေဆိုင်ရာ အစီရင်ခံစာတင်သွင်းသူ ကုလသမဂ္ဂအထူးကိုယ်စားလှယ် Mr. Tomas Ojea Quintana၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံး၌ ကျင်းပသည့် ရခိုင်ပြည်နယ် သံတမန်လေ့လာရေးခရီးစဉ်အပေါ် ပြန်လည်သုံးသပ်ခြင်း အစည်းအဝေးသို့ တက်ရောက်ခဲ့ကြသည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ယခု နှစ်ရက်ကြာ သံတမန်လေ့လာရေး ခရီးစဉ်၌ တွေ့ရှိရသော ပကတိအခြေအနေမှန်များကို ပြန်လည်သုံးသပ်၍ မိမိတို့၏ သဘောထားအမြင်များ၊ အကြံပြုချက်များကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးတင်ပြ ကြစေလိုကြောင်း ပဏာမပြောကြားသည်။

ဆက်လက်၍ အင်ဒိုနီးရှား၊ ကမ္ဘောဒီးယား၊ ဘရာဇီး၊ ကူဝိတ်၊ လာအို၊ ဆော်ဒီအာရေးဗီးယား၊ ပါကစ္စတန်၊ အီဂျစ်နှင့် အိန္ဒိယနိုင်ငံ သံတမန်များက သုံးသပ်ပြောကြားရာတွင် မိမိတို့၏ခရီးစဉ်မတိုင်မီ ပြည်ပသတင်းဌာနများနှင့် မီဒီယာအမျိုးမျိုးမှတစ်ဆင့် သိရှိခဲ့ရသည့် အတည်ပြုနိုင်ခြင်းမရှိသော အကြောင်းအရာနှင့် သတင်းအချက်အလက်များသည် ဇူလိုင် ၃ဝ ရက်တွင် ပြုလုပ်ခဲ့သော ရခိုင်ပြည်နယ်အရေးအခင်းနှင့်စပ်လျဉ်း၍ ပွင့်လင်းမြင်သာစေခဲ့သည့် သတင်းစာရှင်းလင်းပွဲပါ ပကတိအသေးစိတ်သတင်းအချက်အလက်များ၊ ယခု မြေပြင်တွင် ကိုယ်တွေ့ တွေ့မြင်ခဲ့ရသော ပကတိလက်ရှိအခြေအနေမှန်များသည် များစွာကွာဟလျက်ရှိပါကြောင်း၊

ပြည်ထောင်စုအစိုးရအဖွဲ့နှင့် ပြည်နယ်အစိုးရအဖွဲ့တို့၏ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး၊ ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းဆောင်ရွက်ချက်များအား အလေးအနက် အသိအမှတ်ပြုပါကြောင်း၊

လက်ရှိဖြစ်ပေါ်နေသော အခြေအနေများသည် ခက်ခဲနက်နဲရှုပ်ထွေးသော်လည်း အစိုးရအဖွဲ့မှ ကြိုးစားဖြေရှင်းဆောင်ရွက်နေသည်ကို တွေ့မြင်ခဲ့ရပါကြောင်း။

နိုင်ငံတော်၏ ဒီမိုကရေစီအသွင် ကူးပြောင်းမှုကာလတွင် ယခုကဲ့သို့ အဖြစ်အပျက်များ ဖြစ်ပွားခဲ့သည့်အတွက် နိုင်ငံတော်နှင့် ပြည်သူတို့အတွက် များစွာနစ်နာပါကြောင်း၊

နိုင်ငံတော်က ဥပဒေနှင့်အညီ ဖြေရှင်းဆောင်ရွက်ပေးနေသည်ကို တွေ့ရှိရပါကြောင်း၊

ကယ်ဆယ်ရေးစခန်းများရှိ ရွှေ့ပြောင်းဒုက္ခသည် ပြည်သူများနှင့် တွေ့ဆုံမေးမြန်းသည့်အခါ ပညာရေး၊ ကျန်းမာရေး၊ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများနှင့် ပတ်သက်၍ လိုအပ်လျက်ရှိနေသေးသည်ကို တွေ့ရှိရပါကြောင်း၊

ယခုကဲ့သို့ ရှုပ်ထွေးလှသည့် ပြဿနာများကို ဖြေရှင်းနိုင်ရန် နိုင်ငံတကာ လုပ်ဖော်ကိုင်ဖက်များက မြန်မာနိုင်ငံအစိုးရနှင့် လက်တွဲဝိုင်းဝန်းကူညီဆောင်ရွက်ပေးရမည်ဖြစ်ပါကြောင်း၊

ခရီးစဉ် နှစ်ရက်တာကာလအတွင်း တွေ့မြင်ခဲ့ရမှုများသည် ဝမ်းနည်းကြေကွဲစရာ ဖြစ်ရပ်မှန်များဖြစ်ပါကြောင်းနှင့် ပြဿနာကို အကောင်းဆုံးနည်းလမ်းဖြင့် ဝိုင်းဝန်းဖြေရှင်းဆောင်ရွက်
ကြရမည်ဖြစ်ပါကြောင်း၊

မြန်မာအစိုးရ၏ ဆောင်ရွက်ချက်များကို အသိအမှတ်ပြုထောက်ခံပါကြောင်း၊ ပြဿနာအခြေအနေအရပ်ရပ်ကို မြန်မာနိုင်ငံအစိုးရမှ ရိုးသားပွင့်လင်း၊ မြင်သာစွာကိုင်တွယ်ဖြေရှင်းလျက်ရှိသည်ကို တွေ့ရပါကြောင်း၊

နိုင်ငံတကာအသိုက်အဝန်းနှင့် နိုင်ငံတကာအဖွဲ့အစည်းများမှလည်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပိုမိုပံ့ပိုးပေးနိုင်ရေး ကူညီဆောင်ရွက်ပေးကြစေလိုကြောင်း၊

မိမိတို့ တွေ့မြင်ခဲ့ရသော ပကတိဖြစ်ရပ်မှန်များနှင့် အခြေအနေမှန်များကို မိမိနိုင်ငံအစိုးရအဖွဲ့များသို့ အစီရင်ခံတင်ပြသွားမည်ဖြစ်ပါကြောင်း ဆွေးနွေးပြောကြားခဲ့ကြသည်။

ထို့အတူ သံတမန်လေ့လာရေးအဖွဲ့ဝင်အဖြစ် လိုက်ပါလာခဲ့သော ဘင်္ဂလားဒေ့ရှ် သံအမတ်ကြီးကလည်း ယခုပြဿနာသည် ဇွန် ၃ ရက်တွင်ဖြစ်ပွားခဲ့သော ကျောက်နီ
မော် အရေးအခင်းနှင့် ဇွန် ၈ ရက်တွင် ဖြစ်ပွားခဲ့သော မောင်တောအရေးအခင်းတို့မှ
စတင်ခဲ့ပါကြောင်း၊

မိမိနိုင်ငံတွင်လည်း မူဆလင်ဘာသာဝင်များသည် သောကြာနေ့တိုင်းကျောင်းတက်ဝတ်ပြုပြီး ဆုတောင်းလေ့ရှိပါကြောင်း၊

ဘုရားဝတ်ပြုပြီးသည့်အခါမော်လဝီဆရာများက တရားဟောကြပါကြောင်း၊

ဝတ်ပြုဆုတောင်းပြီးချိန်တွင် ကျောက်နီမော်၊ တောင်ကုတ်ကိစ္စကို ထုတ်ဖော်ပြီး လူငယ်များကို လှုံ့ဆော်ခဲ့သည်ဖြစ်မည်ဟု ထင်မြင်ပါကြောင်း၊

မော်လဝီဆရာများက လှုံ့ဆော်ပြီး ခေါင်းဆောင်မှု ပြိုကွဲသွားသည်ထင်ပါကြောင်း၊

လှုံ့ဆော်ပြီးအုပ်စုအား ထိရောက်စွာခေါင်းဆောင်မှု မပေးနိုင်တော့ပါကြောင်း၊

ခေါင်းဆောင်မှ ထိန်းသိမ်းနိုင်မှုမရှိသည့်အတွက် ယခုကဲ့သို့ အကြမ်းဖက် အရေးအခင်းဖြစ်ပေါ်လာရခြင်းဖြစ်သည်ဟု ယူဆပါကြောင်း။

ဘင်္ဂလားဒေ့ရှ်တွင် ဤအရေးအခင်းစဖြစ်စဉ်မှပင် အင်တာနက်နှင့် မီဒီယာ
ပေါင်းစုံတို့မှ အတည်မပြုနိုင်သော သတင်းအချက်အလက်မျိုးစုံအား ဖတ်ရှုကြရသော်
လည်း ယင်းအကြောင်းအရာများသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံအပေါ် လွှမ်းမိုးမှုမရှိခဲ့ပါ
ကြောင်း၊

အခင်းဖြစ်ပြီးနောက် ဇွန် ၁၁ ရက်တွင် မြန်မာနိုင်ငံအစိုးရ၏ ဆောင်ရွက်ချက်
များအား ဘင်္ဂလားဒေ့ရှ်နိုင်ငံအစိုးရအနေဖြင့် အပြည့်အဝ ထောက်ခံပါကြောင်း၊

ဘင်္ဂလားဒေ့ရှ် တစ်နိုင်ငံလုံးအား သတင်းထုတ်ပြန်ခဲ့ပြီး အင်အားကြီးနိုင်ငံများနှင့် ကုလ
သမဂ္ဂအဖွဲ့အစည်းအခိျု့မှ ဝေဖန်တောင်းခံသည့်ကြားမှပင် နယ်စပ်ဝင်ပေါက်များ
အားလုံးကိုလည်း ပိတ်ထားခဲ့ပါကြောင်း၊

နယ်စပ်ဝင်ပေါက်များ ဖွင့်ထားခဲ့ပါက ပြဿနာ
ပိုမိုကြီးထွားလာနိုင်ပါကြောင်း၊

အကြမ်းဖက်သူများအနေဖြင့် ထွက်ပေါက်ရှိနေပါကအကြမ်းဖက်မှုများကို ပိုမိုဆောင်ရွက်ရန် အတင့်ရဲမည်ကို ရိုးရှင်းစွာ သိနိုင်ပါကြောင်း၊

ထို့ကြောင့် အခင်းဖြစ်ပွားသူများအား တိတိကျကျပင် လက်ခံခြင်းမပြုခဲ့ပါကြောင်း၊

အိမ်နီးချင်းနိုင်ငံအချင်းချင်း ဤကဲ့သို့ တုံ့ပြန်မှုသည် အခြားနိုင်ငံများတွင် ဖြစ်ပွားခဲ့သော ကိစ္စကဲ့သို့မဟုတ်ဘဲ နိုင်ငံတွင်းရှိ လူမျိုးစုနှစ်ခု ပြဿနာဖြစ်သည်ဟုသာ ယုံကြည်ခံယူထားပါကြောင်း၊

နောင်တွင် ယင်းကဲ့သို့ကိစ္စများ ထပ်မံမဖြစ်ပွားအောင် ဆုတောင်းပေးပါကြောင်းနှင့် အမြန်ဆုံးပြန်လည်ငြိမ်းချမ်း၍ ပကတိအခြေအနေဖြစ်ပေါ်လာမည်ဟု အကောင်းဘက်မှ ထင်မြင်မိပါကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် တူရကီသံအမတ်ကြီးကလည်း လက်ရှိကြုံတွေ့နေရသောအခြေ အနေများကို အလွယ်တကူဖြေရှင်းနိုင်လိမ့်မည်ဟု မယူဆပါကြောင်း၊

လတ်တလောနှင့်ရေရှည်အစီအစဉ်များ ရေးဆွဲဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊

ဒုက္ခသည်များနေထိုင်ရေးအတွက် ယခုထက်ပိုမိုကျယ်ဝန်းသော ယာယီတဲကြီးများ ဆောက်လုပ်ပေးရန် လိုအပ်မည်ဟုထင်မြင်မိပါကြောင်း၊

နိုင်ငံတကာ အဖွဲ့အစည်းများကလည်းကူညီရန်အသင့် ရှိနေကြပါကြောင်း၊

လခြမ်းနီအဖွဲ့အစည်းမှတစ်ဆင့် အကူအညီအထောက်အပံ့များရရှိရေး ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊

အလုပ်အကိုင် အခွင့်အလမ်းများရရှိရေးနှင့် ပြည်နယ် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကူညီပေးသွားမည်ဖြစ်ပါကြောင်း ဆွေးနွေးပြောကြားသည်။

သီရိလင်္ကာသံရုံး သံမှူးကြီးက မိမိတို့တွင်လည်း လူမျိုးစုအရေးအခင်းမှအစပြု၍ အနှစ် ၃ဝ ကြာ ပြည်တွင်းတွင်ဖြစ်ပွားခဲ့သည့် သမိုင်းကြောင်းနှင့်ခါးသီးသော အတွေ့အကြုံများရှိပါကြောင်း၊ မြန်မာအစိုးရ၏ ကြိုးပမ်းဆောင်ရွက်မှုအပေါ် အသိအမှတ်ပြုအားပေးထောက်ခံပါကြောင်း၊ လိုအပ်သည့်အကူအညီများကိုလည်း ပေးအပ်မည်ဖြစ်ပါကြောင်း ပြောကြားသည်။

အစည်းအဝေးအပြီးတွင် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးသိန်းဌေး ဦးဆောင်သော သံတမန်အဖွဲ့များနှင့် Mr. Tomas Ojea Quintana တို့သည် စစ်တွေမြို့မှ ရန်ကုန်မြို့သို့ ပြန်လည်ထွက်ခွာခဲ့ကြသည်။


www.irrawaddyblog.com