Sunday, August 5, 2012

ဟုတ်မဟုတ်တော့မသိပါ

KIA မှ ရွာသား (၃) ဦးအား ဒညင်းသီးခိုးသည်ဟုဆိုကာ ဖမ်းဆီး

မိုကောင်းမြို့နယ် ခေါက်ဆန်ကျေးရွာအနီး ဒညင်းသီးဆွတ်ခူးနေသော ရွာသား (၃) ဦးကို ဒညင်းသီး ခိုးသည်ဟု ဆိုကာ ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ သိရပါတယ်။
ဖမ်းဆီးခံရသူရွာသား (၃)ဦး ထိုးဖူး ကျေးရွနေ ဦးကျော်ဝေ ၊ ဦအောင်စိုးဝင်း နဲ့ ရွှေအင်းကျေးရွာနေ ဦးသက်ဖူး တို့ဖြစ်ပါတယ်။

ဦးကျော်ဝေနှင့် ဦးအောင်စိုးဝင်း တို့မှာ (၂) ဦးပေါင်း၍ ငွေ (၂၀၀၀၀၀) ကျပ်နှင့် ဦးသက်ဖူးမှ ငွေ (၁၅၀၀၀၀) ကျပ်တို့ကို ပေးဆောင်ခဲ့တဲ့အတွက် ပြည်လည်စေလွှတ်ပေးခဲ့ပြီး သြဂုတ်လ (၁) ရက်နေ့က ၄င်းတို့နေအိမ် အသီးသီးသို့ ပြန်လည် ရောက်ရှိခဲ့တယ်လို့ သိရပါတယ်။

ဒုသမ္မတအဖြစ် ဗိုလ်ချုပ်ကြီး ဥာဏ်ထွန်း အရွေးခံရသတင်း ထွက်ပေါ်



လစ်လပ်နေတဲ့ ဒုတိယ သမ္မတ နေရာအတွက် တပ်မတော် (ရေ) ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဥာဏ်ထွန်းကို ရွေးချယ်လိုက်ပြီလို့ နေပြည်တော် အသိုင်းအဝန်းနဲ့ ရန်ကုန်မီဒီယာလောကမှာ သတင်းတွေ ထွက်ပေါ်နေပါတယ်။
ဦးတင်အောင်မြင့်ဦး ဒုတိယ သမ္မတ (၁) နေရာကနေ နှုတ်ထွက်သွားပြီး နောက်ပိုင်း သူ့နေရာကို အစားထိုးဖို့ ရန်ကုန် တိုင်း ဝန်ကြီးချုပ် ဦးမြင့်ဆွေကို တပ်မတော် ကိုယ်စားလှယ်တွေ အဆိုပြုခဲ့ တယ်ဆိုတဲ့ သတင်းတွေ စောစောပိုင်းက ထွက်ပေါ်ခဲ့ပေမယ့် နောက်ပိုင်းမှာ ဖွဲ့စည်းပုံအခြေခံ ဥပဒေပါ အချက်အလက်တွေနဲ့ မကိုက်ညီတဲ့ အတွက် ဦးမြင့်ဆွေ အနေနဲ့ ဒုတိယ သမ္မတ ဖြစ်လာ နိုင်ဖွယ်ရာ မရှိဘူးဆိုတဲ့ သတင်းတွေထပ်မံ ကြားသိခဲ့ရ ပါတယ်။
အဲဒီနောက်ပိုင်းမှာ တပ်မတော် ကိုယ်စားလှယ် အစုအဖွဲ့က ဗိုလ်ချုပ်ကြီး ဥာဏ်ထွန်းကို အခုလို အဆို တင်သွင်းလာကြတာ ဖြစ်တယ်လို့ သတင်းတွေက ဆိုပါတယ်။ အခုထွက်ပေါ်လာတဲ့ သတင်းနဲ့ ပတ်သက်ပြီး မြန်မာအစိုးရ အာဏာပိုင်တွေက တစုံတရာ တရားဝင် ထုတ်ဖေါ် ပြောဆိုခြင်း မရှိသေးပါဘူး။

ပြောတာလဲမင်းပါဘဲ

 


၈၈ မျိုးဆက် ကျောင်းသားများနှင့် ကျောက်ဖြူ လူထု တွေ့ဆုံပွဲတွင် လူထု ချစ်ခင် ယုံကြည်မူက အာဏာထက် ပိုတန်ဖိုးရှိကြောင်း ကိုကိုကြီးမှ ပြောကြား

သြဂတ်စ် (၄) ရက်နေ့ ရန်ကုန် မပြန်မီ ကျောက်ဖြူမြို့တွင် ပြုလုပ်သော ၈၈ မျိုးဆက် ကျောင်းသားများနှင့် ရခိုင်လူထုတို့ တွေ့ဆုံပွဲ၌ ကျောင်းသား ခေါင်းဆောင် ကိုကိုကြီးမှ လူထု ချစ်ခင် ယုံကြည် လေးစားမူမှာ အာဏာထက် တန်းဖိုးရှိကြောင်း ပြောဆိုသွားခဲ့သည်။ သြဂတ်စ် ၄ ရက်နေ့ နံနက် ၇ နာရီခွဲချိန်မှ စတင်ပြီး ၁၁ နာရီ ခွဲထိ ကျောက်ဖြူမြို့ ပရဟိတ ဘုန်းတော်ကြီးကျောင်းတွင် ပြုလုပ်သော ၎င်း ဆွေးနွေးပွဲသို့ ကျောက်ဖြူမြို့မှ နိုင်ငံရေး သမားများ အပါအ၀င် လူပေါင်း ၂၀၀ နီးပါးခန့် တက်ရောက်ခဲ့သည်။
ကိုကိုကြီးမှ နောက်ဆုံး အပိတ် မိန်းခွန်း ပြောကြားရာတွင် တက်ရောက်လာသူများအား လူထု ယုံကြည်မူ တည်ဆောက် ရန် လိုအပ်ကြောင်း ယခုကဲ့သို့ ပြောဆိုသည်။ “ လူထု ယုံကြည်မူ ရအောင်သာ ကျွန်တော်တို့ နိုင်ငံရေးသမားတွေ၊ နိုင်ငံရေး ဦးဆောင်တဲ့ သူတွေက ဒီ တက်ကြွတဲ့ လူငယ်တွေက အစ လူထု ယုံကြည်မူ ရအောင် ကြိုးစားပါ။ အဲဒါ အာဏာထက် ပိုပြီး တန်ဖိုးရှိတယ်။ ပိုပြီးတော့ ထက်မြက်ပါတယ်” ဟု ပြောသည်။ လူထု ချစ်ခင် ယုံကြည်မူ ရရှိအောင် လုပ်ဆောင်ရန် လိုအပ်ချက်များကို သူက ယခုလို ထောက်ပြ ပြောဆိုသည်ဟု ဆိုသည်။
“ အဓိကတော့ ဒီထက် ပိုပြီး အလုပ် လုပ်ကြဖို့။ လူထုရဲ့ ယုံကြည် ကိုးစားမူရအောင် ဆောင်ရွက်နိုင်ဖို့။ ဒါ အခုနက ကျနော်တို့ မြို့တိုင်း မြို့တိုင်းမှာ တက်ကြွ လူပ်ရှားတဲ့ သူတွေ အားလုံကိုလည်း ထပ်ပြီး တိုက်တွန်းပါရစေ။ အကြံပြု ပါရစေ။ ကျွန်တော်တို့မှာ ဘာအာဏာမှ မရှိပေမယ့် လို့ ရောက်တဲ့ နေရာတိုင်းမှာ ကျနော်တို့ ကိုယ်အိမ်ကို ပြန်ရောက် သလို မျိုး သောင်းသောင်းဖြဖြ သိုက်သိုက်ဝန်းဝန်း ကြိုဆိုကြတာကို မြင်ပီးတော့ တစ်ခါ တစ်ခါ ဆိုရင် ကျနော်ကိုယ်တိုင် မျက်ရည်လည်တယ်။ ပီတိ ဖြစ်တယ်။ အဲဒါ အာဏာထက် ပိုပြီး တန်ခိုးရှိပါတယ်။ အဲသလို အခြေအနေမျိုးကို လူတိုင်း လုပ်နိုင်ပါတယ်။ ကျွန်တော်တို့တွင် မဟုတ်ဘူး။ လူတိုင်း လုပ်နိုင်ပါတယ်။ ကျောက်ဖြူမှာ ကျောက်ဖြူလူငယ်တွေ၊ ရမ်းဗြဲမှာ ရမ်းးဗြဲက လူငယ် ခေါင်းဆောင်တွေ အဲသလို အခြေအနေမျိုးကို ကိုယ်ဟာကို လုပ်ယူလို့ရပါတယ်။ အဲဒါ အာဏာဆိုတာထက် တန်ဖိုးရှိပါတယ်။ လူထု ချစ်ခင်မူ လေးစားမူ ယုံကြည်မူကို အားလုံး တည်ဆောက်လို့ ရပါတယ်” ဟု ဆိုသည်။
၎င်းပြင် ကိုကိုကြီးမှ ရခိုင်ပြည်နယ်တွင် ရခိုင်အမျိုးသားများ အကြားတွင် ညီညွတ်ရေး ရရှိရန် လိုအပ်ကြောင်း၊ ပြည်ထောင်စု မြန်မာနိုင်ငံတွင်လည်း တိုင်းရင်းသားများ ကြားထဲတွင် ညီညွှတ်ရေး လိုကြောင်း၊ သို့မှသာ လက်ရှိ ဖြစ်ပေါ်နေသော အခြေအနေများကို ပူးပေါင်း ကျော်လွှားနိုင်သည့် အခြေအနေ တစ်ခု ဖြစ်လာနိုင်မည် ဖြစ်ကြောင်း ပြောဆိုသည်ဟု ဆိုသည်။ နောက်ပိုင်းတွင် ဦးကိုကိုကြီးမှ နိုင်ငံသားများ သက်ဆိုင်သော ကိစ္စကို ယခုလို ရှင်းလင်း ပြောကြားခဲ့သည်ဟု ဆိုသည်။
“ ဖွဲ့စည်း အခြေခံ ဥပဒေအရ။ ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုတာ အခု ဖွဲ့စည်းပုံ အခြေခံ အခု ဥပဒေနဲ့ ပြောတာ မဟုတ်ဘူး။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ တိုင်းရဲ့ စံနုန်း တွေအရ နိုင်ငံသား အားလုံးဟာ တန်းတူ အခွင့်အရေး နိုင်ငံတော် ရဲ့ အကာအကွယ်ကို တန်းတူ ရယူပိုင်ခွင့်ရှိပါတယ်။ အဲဒါဟာ ဥပဒေအရ လက်ခံ ရမယ့် ကိစ္စ တစ်ခု ဖြစ်ပါတယ်။ အဲဒီ တော့ နိုင်ငံသားရယ်လို့ ဖြစ်လာပြီဆိုရင် နိုင်ငံသား အဖြစ် မှန်မှန်ကန်ကန် ရခဲ့တားလား။ မသမာနည်းတွေနဲ့ ရခဲ့တာ လား။ ဒါက တပိုင်းပါ။ သို့သော် အစဉ်အလာနိုငံသား အဖြစ် ရရှိထား ပုဂ္ဂိုလ် အားလုံးဟာ ဥပဒေအရ တန်းတူ ညီတူ ဖြစ်ပါတယ်။
ဒါကြောင့်မို့လို့ နိုင်ငံသားတွေကြားထဲမှာ ခွဲခြားပြီးတော့ ဥပဒေ ပြဌာန်းတာ၊ ဆက်ဆံ တာမျိုးဟာ တည်ဆဲ ဥပဒေ အရ ရော၊ နိုင်ငံတကာလူအခွင့်အရေး စံချိန် စံညွှန်းအရ ရော အလေးအနက် ထားရမယ့် ကိစ္စ ဖြစ်တယ်” လို့ ပြောဆိုသွား သည်။ နယ်စပ် လုံခြုံရေးနှင့် ပတ်သက်ပြီးလည်း မြန်မာ နယ်စပ် အခြေအနေများကို အန္ဒိယ၊ အမေရိကန်တို့နှင့် နိုင်းယှဉ် ပြောကြားသွားသည်ဟု သိရသည်။ ၎င်းပြင် ဆရာတော် ဦးဥတ္တမကိုလည်း ဦးကိုကိုကြီးမှ ဂုဏ်ပြု ပြောကြား သွားကြောင်း သိရသည်။
၈၈ မျိုးဆက် ကျောင်းသားများနှင့် ကျောက်ဖြူ လုထု တွေ့ဆုံပွဲသို့ ဆရာတော်များ၊ နိုင်ငံရေး သမားများ၊ ကျောင်းသား လူငယ်များ တက်ရောက်ခဲ့ကြပြီး မောင်တော ဆရာတော်၊ ကျောက်ဖြူမြို့နယ် ပြည်နယ် လွှတ်တော် အမတ် ဦးတင်ဖေ၊ လူငယ် ခေါင်းဆောင် ကိုဗလတို့မှလည်း ပါဝင် တက်ရောက် ဆွေးနွေး ခဲ့ကြသည်ဟု ဆိုသည်။
ဦးကိုကိုကြီး ဦးဆောင်သော ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်များသည် ရမ်းဗြဲ၊ မသီတာထွေး မိသားစု ရှိရာ ကျောက်နီမော် (သပြေချောင်း)၊ ကျောက်ဖြူမြို့နယ် မဒေးကျွန်းသို့ သွားရောက်ခဲ့ကြသည်။
သြဂတ်စ် ၄ ရက်နေ့ နေ့လည်ပိုင်းတွင် ဦးကိုကိုကြီးနှင့် အဖွဲ့သည် ကျောက်ဖြူမှ ရန်ကုန်သို့အဲယား မန္တလေးဖြင့် ပြန်လည် ထွက်ခွာသွားသည်ဟု သိရသည်။

ခြောက်တိုင်းကြောက်လျှင် မြန်မာပြည်ကုလားပြည်ဖြစ်တာကြာပြီ

ရခိုင်ပဋိပက္ခ သီးခြားလွတ်လပ်စွာ စုံစမ်းရေး ကင်တားနားတောင်းဆို

ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ အဓိကရုဏ်းတွေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေတယ် ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး သီးခြားလွတ်လပ်တဲ့ အဖွဲ့ကနေ စုံစမ်းစစ်ဆေး ပေးနိုင်ရေး မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် တောမတ်စ်အိုဟေးကင်တားနား (Tomas Ojea Qintana) က တောင်းဆိုလိုက်ပါတယ်။ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေ အရပ်ရပ်ကို အကဲခတ် ဆန်းစစ်ဖို့အတွက် မြန်မာနိုင်ငံကို တပတ်ကြာခရီး ရောက်ရှိနေချိန်မှာ မစ္စတာ ကင်တားနားက အခုလို ပန်ကြားလိုက်တာပါ။ ဒီအကြောင်းကို ဒေါ်ခင်စိုးဝင်းက တင်ပြထားပါတယ်။

ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ လူမျိုးရေး ဆူပူမှုတွေ တည်ငြိမ်ရေး အတွက် လုံခြုံရေးတပ်ဖွဲ့တွေက အဆမတန် အင်အားသုံးခဲ့တာတွေ အပါအ၀င် လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို စိုးရိမ်တဲ့အကြောင်း မစ္စတာ ကင်တားနားက သူ့ရဲ့ ၆ ရက်ကြာ ခရီးစဉ် အဆုံးသတ်တဲ့နေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားတာပါ။ ရခိုင်ပြည်နယ်က လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို စုံစမ်းစစ်ဆေးတာတွေ ချက်ချင်း မလုပ်နိုင်ဘူးဆိုရင် အမှန်အတိုင်း မဟုတ်ဘဲ တဘက်နဲ့တဘက် ချဲ့ကား စွပ်စွဲပြောဆိုတာတွေ ရှိနေတာကြောင့် ပြန်လည် သင့်မြတ်ရေးအတွက် အလားအလာ မကောင်းဘဲ ယုံကြည်မှု ကင်းမဲ့နိုင်သလို တင်းမာမှုတွေလည်း တိုးလာနိုင်တယ်လို့ မစ္စတာ ကင်တားနားက ပြောသွားပါတယ်။

“လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်တဲ့ စွပ်စွဲချက်တွေကို သီးခြား လွတ်လပ်ပြီး ယုံကြည်စိတ်ချရတဲ့ အဖွဲ့ ဖွဲ့ပြီး အမြန်ဆုံး စုံစမ်းစစ်ဆေးပေးဖို့ တခြား အဖွဲ့အစည်းတွေက တောင်းဆိုနေသလိုပဲ ကျနော်ကလည်း တောင်းဆိုပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ကျနော့်အနေနဲ့ အထောက်အကူ ပေးနိုင်ပါတယ်။”

မစ္စတာ ကင်တားနား ဟာ ဒီခရီးစဉ်အတွင်းမှာ ရခိုင်ပြည်နယ်အရေးတင်မကဘဲ ကျန်ရှိနေသေးတဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးရေးကိုလည်း တိုက်တွန်းခဲ့သလို မြန်မာနိုင်ငံ အနေနဲ့ ပြုပြင် ပြောင်းလဲရေးတွေ ရှေ့ရှုတဲ့နေရာမှာ လူ့အခွင့်အရေး တိုးတက်ဖို့က အခရာကျတဲ့အကြောင်းကိုလည်း ပြောသွားပါတယ်။

“မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီး စိန်ခေါ်နေတဲ့ ပြဿနာတွေ ဆက်ပြီး ရှိနေသေးပါတယ်။ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးနဲ့ အမျိုးသား ပြန်လည် သင့်မြတ်ရေးအတွက် လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ကိုင်တွယ်ဖို့ လိုတယ် ဆိုတာကို ရခိုင်ပြည်နယ်က ပြဿနာတွေက သရုပ်ဖော် ပြသလိုက်တာပဲ ဖြစ်ပါတယ်။”

မစ္စတာ ကင်တားနားက ရခိုင်ပြည်နယ်တွင်း ဒုက္ခသည်စခန်းတွေမှာ စားနပ်ရိက္ခာ၊ ရေနဲ့ မိလ္လာ တကိုယ်ရေ သန့်ရှင်းရေး စတာတွေအပေါ်မှာလည်း စိုးရိမ်တဲ့အကြောင်း အခုလို ပြောဆိုသွားပါတယ်။

“အကြမ်းဖက်မှုတွေကြောင့် အိုးအိမ် ဆုံးရှုံးရသူတွေနဲ့ အခြေအနေမဲ့ရသူတွေရဲ့ ဒုက္ခတွေကို ကျနော် ကိုယ်တိုင် တွေ့ခဲ့ရပါတယ်။ ဒုက္ခရောက်နေကြရတဲ့ နှစ်ဘက်စလုံးက လူထုကို စာနာကြောင်း အလေးအနက် ပြောကြားလိုပါတယ်။”

မြန်မာ့အိမ်နီးချင်း နိုင်ငံတွေ အနေနဲ့ ဒုက္ခသည်တွေကို လစ်လျူရှုမထားဖို့လည်း အခုလို ပန်ကြားပါတယ်။

“နိုင်ငံတကာ ဥပဒေအရ မိမိရဲ့ နိုင်ငံသားဖြစ်စေ၊ နိုင်ငံခြားသားဖြစ်စေ ကိုယ့်ရဲ့ ပိုင်နက်ထဲမှာရှိတဲ့သူ အားလုံးရဲ့ အခွင့်အရေးကို အကာအကွယ်ပေးဖို့ ၀တ္တရား ရှိတယ်ဆိုတာကို မြန်မာ့ အိမ်နီးချင်း နိုင်ငံတွေတင်မကဘဲ ဒေသတွင်း နိုင်ငံတွေကပါ အသိအမှတ်ပြု လိုက်နာကြဖို့ ကျနော် တိုက်တွန်းပါတယ်။”

မစ္စတာ ကင်တားနားဟာ ဒီခရီးစဉ်အတွင်းမှာ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် အပါအ၀င် အစိုးရ၀န်ကြီးအဖွဲ့ရဲ့ ရခိုင်ပြည်နယ်အရေး သတင်းစာရှင်းလင်းပွဲကိုလည်း တက်ရောက်ခဲ့ပါတယ်။ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေးပါတီ ခေါင်းဆောင်တွေ၊ တိုင်းရင်းသား ခေါင်းဆောင်တွေကိုလည်း တွေ့ဆုံပြီး ရခိုင်ပြည်နယ် အရေးနဲ့ မြန်မာပြည်ရဲ့ လူ့အခွင့်အရေး အခြေအနေ အရပ်ရပ်ကို ဆွေးနွေးခဲ့ပါသေးတယ်။

မစ္စတာ ကင်တားနားဟာ သောကြာနေ့က နေပြည်တော်ကို သွားရောက်ပြီး အစိုးရ ၀န်ကြီးတွေ၊ လွှတ်တော် ရေးရာ အဖွဲ့ဝင်တွေနဲ့ တွေ့ဆုံပြီး မနေ့က စနေနေ့ကတော့ ရန်ကုန်က မထွက်ခွာခင်မှာ နိုင်ငံတကာ လေဆိပ်မှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့တာပါ။ မစ္စတာ ကင်တားနား အနေနဲ့ ဒီခရီးစဉ်အတွင်း မြန်မာ့လူ့အခွင့်အရေး အခြေအနေ အရပ်ရပ်အပေါ် အကဲခတ် စမ်းစစ်ချက်တွေနဲ့ ပတ်သက်ပြီး ရှေ့လမှာကျင်းပမယ့် ကုလသမဂ္ဂ အထွေထွေ ညီလာခံကို တင်သွင်းဖို့ ရှိပါတယ်။


 ဒေါ်ခင်စိုးဝင်း (ဗွီအိုအေ)

အီဂျစ် နိုင်ငံရှိ မြန်မာ သံရုံး မှ လွင့်ထူထားသော မြန်မာနိုင်ငံတော်အလံကို အစ္စလာမ်အစွမ်းရောက်များမှ တတ်ရောက်ဖြုတ်ယူပြီး မီးရှို့









FEC ကို တစ်နှစ်အတွင်းရုတ်သိမ်းမည်


FEC ကို တစ်နှစ်အတွင်း (သို့မဟုတ်) ယခုနှစ်အတွင်း ရုတ်သိမ်းနိုင်သောအခြေအနေရှိ သည်ဟု မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ တာဝန်ရှိသူတစ်ဦးက ၁-၈-၂၀၁၂ရက်နေ့တွင် ကျင်းပသော ဘဏ္ဍာအခွန်ဝန်ကြီးနှင့် စီးပွားရေးလုပ်ငန်းရှင်များတွေ့ဆုံပွဲတွင် တရားဝင်ပြောကြားခဲ့ပါတယ်။

FEC အသုံးဟာ လက်ရှိအနေဖြင့် အစိုးရဘီလ်တချို့ပေးဆောင်ရခြင်းနှင့် MFTB, MICB ဘဏ်များတွင် နိုင်ငံခြားအဖွဲ့အစည်းများမှ လွှဲပို့ငွေကို ပြန်ထုတ်ပေးခြင်းမျိုးတွင်သာအသုံးပြုပါတော့တယ်။ ဒီအတွက် FEC ရုတ်သိမ်းခြင်းဟာ ဈေးကွက်အပေါ် သက်ရောက်မှု အင်မတန်နည်းပါးတယ်လို့ သုံးသပ်မိပါတယ်။

မကြာမီမှာ Foreign Exchange Law အသစ်လည်း ထုတ်ပြန်တော့မယ်လို့ ၄င်းနေ့က ဘဏ္ဍာအခွန်မှ တရားဝင်ကြေငြာပါတယ်။ ၄င်းဥပဒေအသစ်ကို လွှတ်တော်သို့တင်ပြခဲ့ပြီး လွှတ်တော်မှ အတည်ပြုချက်ရပြီလို့လည်း သိရပါတယ်။

၎င်းဥပဒေအသစ်ကြောင့် FEC ကို ရုတ်သိမ်းမည်ဆိုလျှင် အခက်အခဲမရှိ ရုတ်သိမ်းနိုင်မည်ဖြစ်သလို၊ ပြည်တွင်းဈေးကွက်အတွက်လည်း သက်ရောက်မှုအနည်းဆုံးဖြင့် ရုတ်သိမ်းနိုင်မည်ဟု မျှော်လင့်ပါတယ်။

FEC လက်ဝယ်ကိုင်ထားသူများအနေဖြင့် အမေရိကန်ဒေါ်လာနှင့် တန်ဖိုးညီသော ပြန်လည်ပေးလျော်မှုကို ရရှိကြမှာဖြစ်ပါတယ်။

AGD Bank Facebook Page မှ

 Yangon Media Group

KIA နှင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့တို့ နိုင်ငံရေးတွေ့ ဆုံဆွေး နွေးမှုစတင်လုပ်ဆောင် သွား မည် ဟု ဦးအောင်မင်း ပြောကြား


KIA နှင့်ငြိမ်းချမ်းရေး ဖော်ဆောင်ရာတွင် ဒုတိယ အဆင့်ဖြစ်သည့် နိုင်ငံရေး ဆွေးနွေးရေးလမ်း စဉ်ဖြင့် မကြာမီ ဆွေးနွေး သွားမည်ဖြစ်ကြောင်းပြည်ထောင် စု အဆင့်ငြိမ်းချမ်းရေးဖော်ဆောင်မှု အဖွဲ့အတွင်း ရေးမှူး ဦးအောင်မင်း က ရန်ကုန်တိုင်းမ်ဂျာနယ် ၏မေး မြန်းမှု တွင်ဖြေကြားခဲ့သည်။

“political dialoge ကအခုလည်းတက်နေတာပဲ။ ကျန်တဲ့အဖွဲ့တွေနဲ့ လည်း ဆွေးနွေး နေတာပဲ။ သူတို့အဖွဲ့က seat fire မလုပ်ပဲဆွေးနွေးမယ် ဆိုလည်း ဆွေးနွေးလို့ရတာပဲ။ political dialoge ဆိုလည်း ကျွန်တော်တို့သဘော တူပါတယ်'' ဟု ပြည်ထောင်စု အဆင့်ငြိမ်းချမ်းရေးဖော်ဆောင် မှုအဖွဲ့အတွင်းရေး မှူး ဦးအောင်မင်း ကဆိုသည်။

ထိုသို့ပြောကြားခြင်း မှာ ဩဂုတ်(၁)ရက်နေ့တွင် စက်မှု ဝန် ကြီးဌာနတွင်ပြုလုပ်သည့် မြန်မာနိုင်ငံရင်း နှီးမြှုပ်နှံမှု ကော်မရှင်အစည်းအဝေး အပြီးတွင် မီဒီယာများ ကငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ နှင့် ပက်သက်၍ မေးမြန်းကြရာတွင် အထက်ပါအတိုင်းဖြေကြားခဲ့ခြင်း ဖြစ်သည်။

KIA အဖွဲ့ကအစိုးရ နှင့်ငြိမ်းချမ်းရေးဆွေးနွေးရေးလမ်း စဉ်တွင်ပထမအဆင့်ဖြစ်သောအ ပစ်အခတ်ရပ်စဲရေး သဘောတူညီ မှုကို မစတင်မီဒုတိယ အဆင့်ဖြစ် သောနိုင်ငံရေး ဆွေးနွေးမှုကိုပြုလုပ် လိုသည်ဟု တောင်းဆိုသဖြင့် ပြည် ထောင်စုအဆင့်ငြိမ်းချမ်းရေး ဖော် ဆောင်မှုအဖွဲ့က နေရာညှို နှိုင်းမှုပြီး စီးပါကမကြာမီနိုင်ငံရေးဆွေးနွေးမှု ကိုစတင်ဆောင်ရွက်သွားမည် ဖြစ် ကြောင်းသိရသည်။

''ကေအိုင်အေနဲ့စကား ပြောထားတယ်။သူတို့ကို မူဆယ် မှာလာဆွေးနွေးပါလို့ပြောထားတယ်။ သူတို့က မူဆယ် မဟုတ်ဘူးရွှေလီ လို့ပြောတယ်။အခုသွားမှာ ဝန်ကြီးတွေ၊ ဗိုလ်ချုပ်ကြီး စိုးဝင်း တို့ပါတော့ သူများနိုင်ငံမှာ ဆွေးနွေးတာမကောင်းဘူးလေ။ မူဆယ်ဘက်မှာ လာဖို့ တော့ပြောထား တယ်။ ဒီတစ်ခါတော့ တပ်တွေနေရာချမှာ တပ်တွေနေ ရာချပြီးရင်ငြိမ်းချမ်းပြီပေါ့။သူတို့ ဘက်က နေရာရပြီးရင် နေရာအတည်ပြုပြီး တာနဲ့သွားကြမယ်''ဟု ပြည်ထောင်စုအဆင့်ငြိမ်းချမ်းရေး ဖော်ဆောင်မှု အဖွဲ့အတွင်း ရေးမှူး ဦးအောင်မင်း ကဆိုသည်။

စစ်အားစစ်ဘက်၊တပ် ဘက်အပါအဝင် KIO အဖွဲ့ ဘက်ကလည်း လိုချင်မည်မဟုတ်သကဲ့သို့ ကမ္ဘာက လည်းကြိုက်မည် မဟုတ်ကြောင်း၊ခေတ်ကလည်း လက်မခံ တော့သည့်အတွက်ငြိမ်းငြိမ်းချမ်း ချမ်းနှင့်ပူးပေါင်းဆောင်ရွက်ရန်သာ ရှိကြောင်း၊ခေတ်က လက်မခံတော့ သောစစ်အား ဆက်လက် ဆုပ်ကိုင် ထားသူသည် မိုက်မဲသူဖြစ်ကြောင်း၊ မြန်မာနိုင်ငံသည်ဒီမိုကရေစီစနစ် ကိုကျင့်သုံး နေပြီဖြစ် ကြောင်း ဦးအောင်မင်း ကပြော ကြားသည်။
စည်းလုံးညီညွှတ်ရေး နှင့် ဒီမိုကရေစီပါတီ(ကချင်ပြည်နယ်) မှပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဒွဲဘူက ''အပစ်အခတ်ရပ်ဆဲပြီး နိုင်ငံရေးဆွေးနွေးတာက ပြည်သူ တွေ အတွက်ပို ကောင်း ပါတယ်။အခုလို နိုင်ငံရေး ကိုအရင်ဆွေးနွေး မယ်ဆိုလည်းကောင်းပါတယ်။ဘာဟာပဲ စစ စဖို့က အရေးကြီး ပါတယ်။ အပစ်အခတ်ရပ်စဲရေး ကတော့တပ်မတော်က လုပ်ရမယ့်အပိုင်းပါ။ အစိုးရ နဲ့လွှတ်တော်က နိုင်ငံရေးဆွေးနွေးရေး ကိုဆောင်ရွက်ရမှာဖြစ်တာကြောင့် အပစ်အခတ်တွေရပ်စဲ သွားရင် တော့ ပိုကောင်းတာပေါ့'' ဟုဆိုသည်။

တိုင်းရင်းသားလက် နက်ကိုင်များ နှင့်ငြိမ်းချမ်းရေး ဖော်ဆောင်ရာတွင် ပထမအဆင့် အနေဖြင့် အပစ်အခတ်ရပ်စဲရေး၊ ဒုတိယအနေဖြင့် နိုင်ငံရေးဆွေးနွေးရေး နှင့်တတိယဆင့်အနေဖြင့် အားလုံး ပါဝင်သောညီလာခံ ကျင်းပရေးတို့ကို အဆင့်ဆင့်ဆောင် ရွက်သွားမည်ဖြစ်ကာတိုင်းရင်းသား လက်နက်ကိုင်ဖွဲ့ (၁၀) ဖွဲ့နှင့်အပစ်အခတ်ရပ်စဲရေး ကိုသဘော တူညီခဲ့ပြီး နိုင်ငံရေးဆွေး နွေးမှုကိုသွား နေပြီဖြစ် ကြောင်း၊KIAအဖွဲ့နှင့်အပစ်အခတ်ရပ်စဲရေး ကို ခေတ္တချန်ထားပြီး နိုင်ငံရေး တွေ့ဆုံမှုကို ဦးဆုံး ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရသည်။

ဝေမာသိမ့် - Yangon Media Group

ကြည်ညိုဖွယ်ရာ ကျိုက်ထီးရိုးစေတီတော်

ဖူးမျော်ကြသူတိုင်း စိတ်နှလုံးချမ်းမြေ့စေမည့် ကျိုက်ထီးရိုးစေတီတော်မြတ်၏ ညနေချမ်းအချိန်ရိုက်ကူးထားသော ပုံတော်အား မျှဝေပါသည်။

ဒါတွေက ပြည်သူကြည်ဖြူဖို့လား

နေပြည်တော် ပျဉ်းမနားမြို့နယ်နှင့် ဇေယျာသီရိမြို့နယ်များရှိ ကျေးရွာများ၌ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေဝင်ရောက်မှု တပ်မတော်မှ ပါဝင်ကူညီကယ်ဆယ်ပေးလျက်ရှိကြောင်းသိရှိရသည်

ဇူလိုင် ၂၈ ရက် နေ့လယ်ပိုင်းက မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် နေပြည်တော် ပျဉ်းမနားမြို့နယ် ကူးတို့ ဆိပ်အုပ်စုရှိ ကြို့ပင်တန်းကျေးရွာ၊ သာယာစုကျေးရွာနှင့် အင်းသာကျေးရွာ တို့တွင် ရေအနက် သုံးပေခန့် ဝင်ရောက် မှုများ ဖြစ်ပေါ်ခဲ့သည်။

မြန်မာပြည်ကို ကုလားဇတ်သွင်းနေကြသူများ

၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်ခွင့် ဥပဒေအား ပြန်လည်သုံးသပ်ရန် ကွင်တားနား တိုက်တွန်း''

မြန်မာနိုင်ငံအနေဖြင့် ရိုဟင်ဂျာများ၏ နိုင်ငံသားဖြစ်ခွင့်အား ငြင်းပယ်ခြင်းအပါအ၀င် ခွဲခြားဆက်ဆံမှုများရှိနေသော ၁၉၈၂ ခုနှစ်
နိုင်ငံသားဖြစ်ခွင့် ဥပဒေအား ပြန်လည်သုံးသပ်ရန် ကုလ၏ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာကွင်တားနားက တိုက်တွန်းပြောဆိုလိုက်သည်။
၎င်း၏ မြန်မာနိုင်ငံခရီးစဉ်အတွင်း ရခိုင်ပြည်နယ်သို့သွားရောက်ပြီး ဒေသခံရခိုင်တိုင်းရင်းသားများနှင့်ဘင်္ဂါလီလူမျိုးများကို သွားရောက်တွေ့ဆုံမေးမြန်းမှုများပြုလုပ်ခဲ့ပြီး၊
ယနေ့ညနေ ၆ နာရီခွဲတွင် မင်္ဂလာဒုံလေဆိပ်တွင် ပြည်တွင်းပြည်ပသတင်းမီဒီယာများအား ရှင်းလင်းပွဲတွင် အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။
ကုလ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာကွင်တားနားသည် မြန်မာနိုင်ငံခရီးစဉ်အတွင်း သမ္မတ ဦးသိန်းစိန်နှင့်အစိုးရအဖွဲ့၊ ဒေါ်အောင်ဆန်းစုကြည်၊
၈၈ မျိုးဆက်ကျောင်းသားများ၊ အရပ်ဖက်အဖွဲ့အစည်းများနှင့်တွေ့ဆုံခဲ့သလို၊ အင်းစိန်အကျဉ်းထောင်နှင့် ကချင်ဒေသသို့လည်း သွားရောက်ခဲ့သည်။

ဓါတ်ပုံတွေက စကားပြောတယ်


ရှေးခတ်မြန်မာ အမျိုးသမီးများ ၀န်စားဆင်ယင်ပုံ

လွတ်လပ်ရေးရပြီးခါစ ၀တ်စားဆင်ယင်ပုံ(အနောက်ဂျာမဏီ လူတွေကို စာင်နေတဲ့ပုံပါ
မင်းသမီး ရွှေစင်

တစ်သိန်းဖုန်း စောင့်မျှော်နေသူ များပြား


- ဆက်သွယ်ရေးဝန်ကြီး ဖုန်းဈေးတွေ ချမပေးရင် ၂၀၁၅ မှာ မဲမရဘဲ ဖြစ်သွားမယ်နော် :)   -

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း မှ ထပ်မံချထားပေးမည့် တန်ဖိုးနည်းဖုန်းများကို ကျပ်တစ်သိန်းဖြင့် ချထားပေးမည် ဖြစ်သည်ဟု ပြင်ပတွင် သတင်းများ ထွက်ပေါ်နေပြီး ယင်းဖုန်းများ ဝယ်ယူနိုင်ရန် စောင့်မျှော်နေသူ များပြားသည်ဟု ဈေးကွက်အတွင်းရှိ
မိုဘိုင်းအရောင်းဆိုင်များက ပြောသည်။ လက်ရှိဈေးကွက်အတွင်းတွင် ကျပ်နှစ်သိန်းဖြင့် မိုဘိုင်းဖုန်းများကို ချထားပေးပြီး ယင်းဖုန်းများကို ဝယ်ယူသူ ဈေးကွက်အတွင်း အနည်းငယ် ကျဆင်းသွားပြီး တစ်သိန်းတန်ဖုန်း စောင့်မျှော်နေသူ များပြားနေကြောင်း သိရသည်။
“အခုအချိန်မှာတော့ Customer တွေက တစ်သိန်းတန် ဖုန်းဆိုပြီး နာမည်ကြီးနေတဲ့ တန်ဖိုး နည်းဖုန်းကို စောင့်မျှော်နေသူများ ပါတယ်။ နှစ်သိန်းဖုန်း ဝယ်နိုင်တဲ့ အင်အားနည်းသွားတယ် ထင်ပါ တယ်။ ဘယ်တော့လောက် ထွက်မလဲဆိုပြီး လာမေးနေတာတွေလည်း ရှိပါတယ်။ အဲဒါကြောင့် နှစ်သိန်းဖုန်းရောင်းအား ပါးသွားပါတယ်” ဟု ပြောသည်။
အများပြည်သူများ ကြားတွင် ကျပ်တစ်သိန်းဖြင့် မိုဘိုင်းဖုန်းများ ထွက်ရှိမည်ဆိုသော သ တင်းထွက်ပေါ်နေပြီး မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း အနေဖြင့် လက်ရှိအချိန်တွင်မူ ဈေးနှုန်းလျှော့ချရန် မရှိသေးကြောင်း ထွက်ရှိမည့်အချိန်ကို တရားဝင် ကြေညာသွားမည်ဖြစ် သည်ဟု သိရသည်။ သို့သော်လည်း ပြည်သူများကြားတွင် တစ်သိန်းတန်ဖုန်း ထွက်ရှိမည်ဆိုသော သတင်း ကြောင့် စောင့်ဆိုင်းနေသူ ပိုများသည်ဟု စုံစမ်းသိရှိရသည်။

သမ္မတ ဦးသိန်းစိန်နှင့် ဦးခွန်ထွန်းဦး၊ ဦးအေးသာအောင် အစရှိသူများ တွေ့ဆုံ



သမ္မတ ဦးသိန်းစိန် ၊ ဓာတ်ပုံ- နိုင်ငံတော် သမ္မတရုံး အင်တာနက်စာမျက်နှာ
ယနေ့ နေ့လယ်ပိုင်းက သမ္မတ ဦးသိန်းစိန်သည် ဦးခွန်ထွန်းဦး၊ ဦးအေးသာအောင် အစရှိသည့် နိုင်ငံရေး ပါတီခေါင်းဆောင်များနှင့် နေပြည်တော်တွင် တွေ့ဆုံကြပါတယ်။


နိုင်ငံရေးပါတီခေါင်းဆောင်များဖြစ်ကြတဲ့ ဦးခွန်ထွန်းဦး၊ ဦးအေးသာအောင် အစရှိတဲ့ နိုင်ငံရေးပါတီများ က ခေါင်းဆောင်တွေက တဦးချင်းအနေနဲ့ သမ္မတနဲ့ မိတ်ဆက်စကားစပြောပြီး ရင်းရင်းနှီးနှီး နိုင်ငံအကျိုး အတွက် ဆွေးနွေး တင်ပြကြတယ်လို့ သိရပါတယ်။


သမ္မတကလည်း တိုင်းပြည်ရဲ့ လိုအပ်ချက်တွေကို ချက်ချင်းဖြည့်ဆည်းပေးရန် မစွမ်းနိုင်သေးတဲ့ သက်တမ်း တနှစ်ကျော်သာ ရှိသေးတဲ့ အစိုးရဖြစ်ကြောင်း၊ အားလုံး လိုအပ်ချက်တွေ များစွာ ရှိနေတာကို ရှိနေတဲ့ ဓနစွမ်းအားနဲ့ ကြိုးစားလုပ်နေကြောင်း၊ ရေခံ မြေခံ ကောင်း တဲ့ မြန်မာနိုင်ငံဟာ ဒေသတွင်းနိုင်ငံတွေ မှာ မြန်မာဟာ တဦးချင်း အနိမ့်ဆုံး ဖြစ်နေတာကို ကြိုးစားလုပ်နေတာဖြစ်ကြောင်း၊ အားလုံးက အခက်အခဲများ ရင်ဆိုင်နေရတဲ့ မြန်မာနိုင်ငံ ကောင်းစားဖို့ ဆိုတာ အားလုံးက ပူးပေါင်း ဆောင်ရွက်ကြရမှာ ဖြစ်
ကြောင်း၊ ဆွေးနွေးတယ်လို့ နိုင်ငံပိုင် သတင်းရုပ်သံ က ဆိုပါတယ်။

ပြည်တွင်း ငြိမ်းချမ်းရေးရဖို့ လက်နက်ကိုင်အဖွဲ့တွေနဲ့ ဆွေးနွေး ပြောဆိုမှုတွေ အဆင်ပြေပြီး အပစ်အခတ် ရပ်စဲရေးတွေ လုပ်နိုင်ခဲ့တာ၊ ကချင် လက်နက်ကိုင်အဖွဲတွေနဲ့ ဆွေးနွေးနေတာ တနှစ်ကျော်ရှိပေမယ့် အခုထိ အဆင်ပြေတဲ့ အခြေအနေကို မရောက်သေးပေ မယ့် အောင်မြင်စွာနဲ့ ငြိမ်းချမ်းရေးဆွေးနွေး ပွဲတွေ ဖြစ်လာ မယ်လို့ ယုံကြည်ကြောင်း၊ အခု လုံးဝ မပြေလည်သေးခင် ကချင်ဒေသမှာ ဒုက္ခရောက်နေသူများ အရေးက အကူအညီတွေ
အရေးတကြီးလိုအပ်နေတာဖြစ်ကြောင်း၊ ဒီလိုအခြေအနေတွေကို အားလုံးကလည်း လက်တွဲ ဆောင် ရွက်ကာဖြေရှင်းသွားကြဖို့ လိုတယ်လို့ သမ္မတက ပွင့်ပွင့်လင်းလင်းပဲ နိုင်ငံရေး ပါတီတွေနဲ့ ဆွေးနွေး ရာမှာ ပြောကြားတာပါ။

ဒီအပြင် စီးပွားရေး ပိတ်ဆို့မှုတွေ ဖယ်ရှားပြီး နိုင်ငံခြား ရင်းနှီးမြှုပ် နှံမှုတွေ အလုံးအရင်းဝင်လာပြီး နိုင်ငံသား တိုင်းကလည်း အားလုံး ၀ိုင်းကြိုးစားကြရင် အောင်မြင်မည်မှာ မလွဲဖြစ်ပါကြောင်း၊ နိုင်ငံတ၀ှမ်းလုံး ငြိမ်းချမ်းရေး ရအောင် အားလုံး သော နိုင်ငံရေးပါတီများနဲ့ အတူ တလှေတည်းစီးဖြစ်တဲ့အတွက် လိုရာခရီးကို ရောက်ဖို့ အားလုံး စည်းလုံး ညီညွတ်စွာ လုပ်ကြရန် တိုက်တွန်းပြီး အခုလို ပါတီများရဲ့ ကိုယ်စားလှယ်တွေက ရင်းနှီးပွင့်လင်းစွာ ပြောဆို ဆွေးနွေး အကြံပြုတဲ့အတွက် ကျေးဇူး တင်ရှိကြောင်း ပြောပါတယ်။

နစက ကွပ်ကဲရေးမှူး ဗိုလ်မှူးကြီး အောင်ကြီး ထောင် အနှစ် ၄၀ ချခံရ( ဒါပြီးရင်တော့ လ၀က အလှည့်လား)


မောင်တောမြို့တွင် ဇွန်လ ၈ ရက်နေ့က ဖြစ်ပွားခဲ့သော မွတ်ဆလင်များ၏ အကြမ်းဖက်တိုက်ခိုက်မူ အပေါ် လက်ပိုက်ကြည့်နေခဲ့သော နယ်စပ်ဒေသ လူဝင်မူ စစ်ဆေးကွပ်ကဲရေး ဌာနချုပ် ကွပ်ကဲရေးမှူး ဗိုလ်မှူးကြီးအောင်ကြီးကို ထောင်အနှစ် ၄၀ ချမှတ်လိုက်ကြောင်း ခိုင်လုံသော သတင်းရပ်ကွက် အရ သတင်း ရရှိသည်။

သွေးလန့်တတ်သည်ဆိုသော ယခင် နစကမှူး ဗိုလ်မှူကြီး အောင်ကြီး (ဓါတ်ပုံ- နိရဉ္စရာ)

ယခုအခါ ဗိုလ်မှူးကြီး အောင်ကြီး ကို ထိုသို့ နှစ်ရှည် ထောင်ဒဏ် ချမှတ်လိုက်သဖြင့် ဇနီးဖြစ်သူမှာ အထူး ပူပင်သောက ရောက်နေကြောင်း သိရသည်။

“ ဟုတ်ပါတယ်။ သူ့မိန်းမ ဒေါ်လတ်လတ်သိန်းက ဗိုလ်မှူးကြီး အောင်ကြီးကို ထောင် နှစ် ၄၀ ချလိုက်တယ်လို့ ပြောတာပါ။ အခု ဒေါ်လတ်လတ်သိန်းက အရမ်းပူပင်သောက ရောက်နေပါတယ်။ သူမယောင်္ကျား မွတ်ဆလင် တွေဆီက ပိုက်ဆံ တစ်ပြားမှ မစားခဲ့ဘူးဆိုပြီး ပြောနေပါတယ်” ဟု ဒေါ်လတ်လတ်သိန်းကို ကိုးကားပြီး အမည် မဖေါ်လိုသူ တစ်ဦးက နိရဉ္စရာကို ပြောသည်။

ယခုအခါ ဗိုလ်မှူးကြီး အောင်ကြီး ဇနီးဖြစ်သူ ဒေါ်လတ်လတ်သိန်းမှာ ရန်ကုန်ကို ရောက်ရှိနေကြောင်း သူက ဆိုသည်။

ဗိုလ်မှူးကြီးအောင်ကြီးအား ပြည်သူ့လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်းနှင့် အဖွဲ့ ဇူလိုင်လ ၇ ရက်နေ့က မောင်တောမြို့ကို လာရောက် လည်ပတ်ပြီး အပြန်တွင် ရာထူးချကာ စစ်တွေသို့ ခေါ်ယူသွားပြီး၊ စစ်တွေမှ တဆင့် နေပြည်တော်သို့ ခေါ်ယူခဲ့ကြောင်း သိရသည်။

“ အခု သူ့ကို ထောင်ချလိုက်တာက နေပြည်တော်မှာ ဖြစ်တယ်လို့ ပြောပါတယ်။ သူ့ကို စရဖ အဖွဲ့က တော်တော် ပြင်းပြင်းထန်ထန် စစ်ဆေး မေးမြန်းခဲ့တယ်လို့ ပြောပါတယ်” ဟု သူက ဆိုသည်။

ဒေါ်လတ်လတ်သိန်း အပြောအရ ဗိုလ်မှူးကြီးအောင်ကြီးမှာ သွေးကို လန့်တတ်သူ ဖြစ်သဖြင့် ဆန္ဒပြသူ ဘင်္ဂလီမွတ်ဆလင် များအား ပစ်မိန့် မပေးခဲ့ခြင်းသာ ဖြစ်ကြောင်း ပြောဆိုသည်ဟု ဆိုသည်။

“ သူမရဲ့ယောင်္ကျားက သွေးကို အရမ်းကြောက်တယ်လို့ ပြောပါတယ်။ ဆန္ဒပြသူတွေကို ပစ်မိန့်ပေးရင် သွေးတွေကို မြင်ရမယ်။ လူတွေ သေမယ်။ ဒါကြောင့် ပစ်မိန့်မပေးတာလို့ ပြောပါတယ်။ ပိုက်ဆံတွေ ယူပြီး ပစ်မိန့် မပေးတာ မဟုတ်ဘူးလို့ ဒေါ်လတ်လတ်သိန်းက ပြောပါတယ်” ဟု ဆက်ပြောသည်။

မောင်တောမြို့တွင် ဇွန်လ ၈ ရက်နေ့က ဖြစ်ပွားခဲ့သော ဆူပူ အကြမ်းဖက်မူတွင် ဗိုလ်မှူးကြီး အောင်ကြီး သည် လာဒ်ငွေ အမြောက်အများ ယူပြီး အလိုတူ အလိုပါ ပူးပေါင်းကြံစည်ခဲ့သူ အဖြစ် အများ ပြည်သူများက စွပ်စွဲထားကြသည်။

ဆူပူ အကြမ်းဖက်သူ မွတ်ဆလင် လူအုပ်သည် ရခိုင်အမျိုးသားများနေထိုင်သော အိမ်များကို စတင်တိုက်ခိုက်စဉ် ဗိုလ်မှူကြီး အောင်ကြီးမှာ အခြံအရံများဖြင့် ရောက်ရှိလာရာ ဆန္ဒပြ ဆူပူ အကြမ်းဖက်သူများက လက်ခုပ်လက်ဝါးတီးကာ သြဘာပေးခဲ့ကြသည်ဟု အနီးအနားရှိ မျက်မြင်များက ပြောသည်။

၎င်းနောက် သူ့၏ ရှေ့တွင် ပင် အကြမ်းဖက်သူများသည် ရခိုင်အမျိုးသားများ ပိုင်ဆိုင်သော အိမ်များ၊ ဈေးဆိုင်များကို မီးရှို့ပြီး လူများကို သတ်ဖြတ်မူများ ကျူးလွန်ခဲ့ကြသည်ဟု ဆိုသည်။ သို့သော်လည်း ဗိုလ်မှူးကြီး အောင်ကြီးသည် တစ်စုံတစ်ရာ ဟန့်တာခြင်း မရှိဘဲ အနီးအနားရှိ ဆေးရုံထဲသို့ ဆုတ်သွားကာ အဆိုပါ ဆေးရုံဝင်းထဲမှ နေပြီး ဆူပူ အကြမ်းဖက်သူများ၏ ကျူးလွန်နေမူများကို ရပ်ကြည့်နေခဲ့သည်ဟု ဆိုသည်။

ဗိုလ်မှူးကြီးအောင်ကြီးမှ ပစ်မိန့် မပေးသဖြင့် ဆူပူ အကြမ်းဖက်သူများသည် နစက စခန်းအနီးရှိ ကျေးရွာများကို သာမက မောင်တောမြို့ပေါ်ရှိ ရခိုင်အိမ်များ၊ နစက ကင်းစခန်းမျာ ချထားသော ကျေးရွာများကိုပါ တစ်ရွာပြီး တစ်ရွာ ၀င်ရောက် မီးရှို့သွားခဲ့ဟု ဆိုသည်။ သို့အတွက် အိမ်ခြေပေါင်း ၅၀၀ ကျော် မီးရှို့ခံရကာ လူပေါင်း သောင်းချီ၍ အိုးမဲ့ အိမ်မဲ့ ဖြစ်ခဲ့ကြရသည်။

ဗိုလ်မှူးကြီးအောင်ကြီးအား  ထောင် အနှစ် (၄၀) ချလိုက်သည်ဟု အပြင်တွင် သတင်းများ ထွက်နေသော်လည်း အစိုးရပိုင်းမှ ယခု အချိန်ထိ တစ်စုံတစ်ရာ တရားဝင် ထုတ်ပြန်သေးခြင်း မရှိသေးပါ။

နိရဉ္စရာ သတင်းဌာန

Saturday, August 4, 2012

မြန်မာပြည်သားဘလော့သို့လာရောက်လည်ပတ်ကြသောမိတ်ဆွေးများအတွက် အမောပြေရယ်စရာများ


























































မြန်မာပြည်ကို ဆွဲကြသည်


 
ထိုင်းနိုင်ငံ နေးရှင်း သတင်းစာမှာ ဖော်ပြထားတဲ့ ကာတွန်း ဖြစ်ပါတယ်။
Nation Newspaper, Thailand.

“စိတ်စွမ်းအင် ပညာရှင်တစ်ဦးက နေပြည်တော်ရှိ အခြေခံပညာကျောင်းများ တွင်အခမဲ့ စွမ်းရည်ပြသမည်”



နေပြည်တော်ဒေသတွင်းရှိ စာသင်ကျောင်းများ မှကျောင်းသူ၊ကျောင်းသားများကို သက်ဆိုင်ရာ၏ ခွင်ပြုချက်ဖြင့် အခကြေးငွေ မယူဘဲမ်ွမ်းအင် ပြသမည်ဟု ဆရာကြီးငြိမ်းချမ်းအောင်က ဂျာနယ်သို့ပြောသည်။
နေပြည်တော် ကောင်စီနယ်မြေတွင်းရှိ အခြေခံပညာကျောင်း များတွင်ပြသရာ၌ သင်ကြား သင်ယူခြင်း လုပ်ငန်းများ မပျက်စီးစေဘဲ ပြသခွင့် ကို နေပြည်တော် ပညာရေးမှုးရုံးက ခွင့်ပြုပေး ထားပြီး ဖြစ်ကြောင်းသိရသည်။
ထို့ပြင် ယင်းသို့ပြသနိုင်ရေး အတွက် သင်ကြားရေးလုပ် ငန်းများ ထိခိုက်မှု မရှိစေဘဲ ကူညီပေးရန် အတွက်နေပြည်တော်ကောင်စီ နယ်မြေတွင်းရှိမြို့နယ် ပညာရေး မှုးရုံးများသို့ နေပြည်တော် ပညာရေးမှုးရုံးမှ အကြောင်းကြားစာ ပို့ထားကြောင်း သတင်းရရှိသည်။
“ကျောင်းသားတွေကို ပြရတဲ့ရည်ရွယ်ချက်က တို့မြန်မာတွေ ဒီလိုစွမ်းဆောင်နိုင်တယ် ဆိုတာ သိဖို့ရယ်၊ ကြိုးစားမှုရဲ့ စွမ်းအား၊ စိတ်စွမ်းအင်ရဲ့ အားကြီးမှု တွေ သိစေချင်လို့ပါ။ နောက်တစ်ခု ကလည်း ဟေးလား ၀ါးလားနေတာထက် တစ်ခုခုမှာ စိတ်တည်ငြိမ်အောင်လုပ်ကိုင် တက်စေ ချင်တယ်။ ကိုယ်တိုင်ပြသပြီး သိမြင်အောင်ပြောပြချင်တယ်။”ဟုအထက်ပါပုဂ္ဂိုလ်က ပြောသည်။ အထက်ပါ မဟာစွမ်းအားရှင်(ဘွဲ့ရ) ဆရာကြီးသည် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်မှာ လာရောက်ခြင်းဖြစ်ပြီး ၄င်းပိုင်းစွမ်းအားများဖြင့် ကမ္ဘာ့အသိမှတ်ပြု ဂရင်းနစ်စံချိန်တင်ကြိုးပမ်းရန် အတွက် နေပြည်တော် ကောင်စီနယ်မြေသို့ ရောက်ရှိလာခြင်း ဖြစ်ကြောင်း၊ စိတ်ပိုင်း ဆိုင်ရာ စွမ်းအင်ကိုအသုံးပြု၍ ရုပ်ပိုင်းဆိုင်ရာ စွမ်အားပြကွက်ပေါင်းငါးရာကျော် တီထွင်ထားကြောင်း၊ တီထွင်ထားသည့် ပြကွက် ငါးရာကျော် အနက်မှ ပြကွက် ၁၅ မျိုးခန့်မှာ ဂရင်နစ်စံချိန်ဝင်ပြကွက်များ ဖြစ်ပြီးစွမ်းအားပိုင်းဆိုင်ရာ ဂရင်းနစ်စံချိန်ဝင်ပြကွက်များ ကိုလေ့လာရာတွင် ထို ၁၅မျိုးမတွေ့ ရသေးကြောင်း၊ ၄င်းလေ့ကျင့်ထားသည့် ပြကွက် ငါးရာအနက် ဆံပင်ကိုကျစ်ဆံမြီးထိုးကာ အဆိုပါ ကျစ်စံမြီးဖြင့် လူအယောက်သုံးဆယ်ပါ ဆိုင်ကယ်၁၀စီးကို ဆွဲပြသည့်ပြကွက် ကိုလူကြိုက်အများ ဆုံးဖြစ်ပြီ ထိုကျစ်ဆံမြီးဖြင့်လေယာဉ် ပျံကိုပင် ဆွဲပြ နိုင်ကြောင်း၊ ယင်းသို့ ဆွဲပြခွင့်ရရှိရန် အတွက် သက်ဆိုင်ရာသို့ စာတင်၍ ခွင့်ပြုချက်ရယူလျှက် ရှိကြောင်းသိရသည်။
“ပြကွက်တွေက အောက်လမ်း၊ဆေး၊ကဝေ၊ဖုတ်သွင်း၊မျက်လှည့်တွေ မဟုတ်ဘူး။လေးနှစ်သား ကတည်းကလေ့ကျင့်လာတဲ့ စိတ်တန်ခိုး စွမ်အင်ရယ် ၊ရုပ်စွမ်းအင်ရယ်၊ တိုင်းရင်းဆေးစွမ်းအင်ရယ်ကို အချိုးကျကျ ပေါင်းစပ်တာဖြစ်လို့ မှားသွားရင်သေနိုင်တယ် အနည်းဆုံးတော့ ဆေးရုံတက်ပြီ ကုသရတယ်။ လေးနှစ်သားကတည်းက ကျင့်လာတာ ၃၈နှစ်သားရောက်တော့ ပြသလို့ရပြီ။ အခု ၆၈နှစ်ရောက်ပြီ လေ့ကျင့်နေတုန်းပဲ။ ဒီပညာက အုံဖွယ် ပညာမဟုတ်လို့ ချက်ခြင်း သင်လို့မရဘူး။ နုနုနယ်နယ် ကတည်းက အရိုးတွေကိုပြုပြင်ထားရတယ်။ ကျပ်စည်းရတယ် စိတ်စွမ်းအင် အသုံးချ တက်အောင် လေ့ကျင့်ရသလို၊ ရုပ်ပိုင်းဆိုင်ရာ ခံနိုင်ရည်ရှိအောင်လဲ ကျင့်ထားရတယ်။ ဥပမာ ဆရာကြီးပြတဲ့ လည်မျိုကို လေးပိသာရှိတဲ့ သံတုတ်နဲ့ အရိုက်ခံတာပေါ့။ အဲ့ဒီမှာ စိတ်စွမ်းအင် တစ်ခုတည်းနဲ သွားလုပ်ရင် ဘယ်ရမလဲ။ သေသွားမှာပေါ့။ ရုပ်ပိုင်းဆိုင်ရာကလည်း လေးနှစ်သား ကတည်းက လေ့ကျင့်ထားရတာ။ ဒီအတိုင်းကြီး ဥုံဖွ နဲ့တော့ လုံးဝမရဘူး။ မျက်လှည့်တွေ ဓါတုဗေဒ ဆေးဝါးတွေလဲ မဟုတ်ဘူး။ဒီလောက်ဆိုရင် ဆရာကြီးပညာဟာ လူတိုင်းလေ့ကျင့်လို့ရ တယ်ဆို တာနားလည်ကြပြီပေါ့”ဟု ၄င်းက ထပ်လောင်းပြောသည်။

အရွယ်တင်နုပျိုလိုချင်သလား? ဒီပို့စ်ကိုဖတ်ဖြစ်အောင်ဖတ်လိုက်ပါ




ထောပတ်သီးသည် နုပျိုကျန်းမာခြင်းအတွက် သဘာဝ၏ လက်ဆောင်မွန် ဆေးကောင်းဝါးကောင်းတစ်လက် ဖြစ်နေကြောင်း သုတေသီများက ပြောကြားခဲ့သည်။
ခန္ဓာကိုယ်ကိုအန္တရာယ် ပေးနိုင်သည့် မော်လီကျူးများကို ထောပတ်သီးကဖယ်ရှားပေးနိုင်စွမ်းရှိနေကြောင်းသိပ္ပံပညာရှင်များကဆိုသည်။
အထူးသဖြင့်အိုမင်းရင့် ရော်မှုကို ဖြစ်ပေါ်စေသောဓာတ်သဘာဝများကို ထောပတ်သီးက နှောင့်နှေးစေသလို နှလုံးနှင့်ကင
်ဆာရောဂါများမဖြစ်အောင်အကာအကွယ် ပေးနိုင်ကြောင်းသိရသည်။

ထိုသစ်သီးမှထွက်သော အဆီဓာတ်သည်ခန္ဓာကိုယ်ကိုအဆိပ်သင့်စေသော မော်လီကျူးများအားတိုက်ဖျက်ပေးတတ်ပြီးဓာတုဗေဒ ဘေးထွက်ဆိုးကျိုးများကို ချေဖျက်ပေးနိုင်သည်။

အိုမင်းရင့်ရော်မှုကိုတားဆီးပေးသည့်အာနိသင်သည်အာလူးနှင့်မုန်လာဥနီတို့တွင် တွေ့မြင်ရတတ်သော်လည်းထိုအနေအထားသည်ဆဲလ်အစုအဝေးအတွင်းစိမ့်ဝင်နိုင်လောက်သောဖွဲ့စည်းပုံမျိုးမရှိချေ။

ထောပတ်သီးကမူဆဲလ်အဖွဲ့အစည်းထိအကျုံးဝင်သက်ရောက်နိုင်သည့် သဘာဝ သတ္တိထူးမျိုး ပိုင်ဆိုင်ထားကြောင်း ဇီဝဓာတုနှင့် မော်လီကျူးဆိုင်ရာ ဇီဝဗေဒ နှစ်ပတ်လည် အစည်းအဝေးတွင် အမေရိကန် သုတေသီခရစ္စတီယန် ကော်တက်စ်ရိုဂျိုက ပြောကြားသွားခဲ့သည်။
“တခြားအစားအသောက်တွေကAntioxidantတွေဟာဆဲလ်အစုအဝေးထဲမထိုးဖောက်နိုင်ဘူး။
ဒီတော့ဆဲလ်ကလုပ်ငန်းရပ်ဆိုင်ပြီး သေဆုံးသွားတယ်။တကယ်လို့ဆီတွေယိုစိမ့်နေတဲ့ ရေကန်မှာကျွန်တော်တို့ကဆီကိုသန့်စင်ပြီးဆီယိုနေတဲ့အပေါက်ကိုမပိတ်ရင်ငါးတွေကသေမှာပဲလေ။
ဒီသဘောပဲပေါ့”ဟုရိုဂျိုကဆိုသည်။

ဆဲလ်များ၏အခြေခံအကျဆုံးအဖွဲ့အစည်းထိ ထောပတ်သီးမှAntioxidantများကစိမ့်ဝင်နိုင်ခြင်းကြောင့်ဆဲလ်များကိုရှင်သန်ရှည်ကြာစေကြောင်း၎င်းက ပြောကြားခဲ့သည်။

ထို့အပြင် ထောပတ်သီးသည် သွေးကြောများထိခိုက်မှုနှင့်ကင်ဆာရောဂါ ဖြစ်နိုင်ခြေတို့ကိုတားဆီးပေးကြောင်းလည်းရိုဂျိုက၎င်း၏သုတေသနအဖွဲ့ တွေ့ရှိမှုများကိုအစည်းအဝေးတွင်တင်ပြ ဆွေးနွေးသွားခဲ့ကြောင်း သိရှိရသည်။

မီဒီယာ ဖိနှိပ်မှု ရပ်တန့်ရေး လက်မှတ် ရေးထိုးလှုပ်ရှားမှု ၌ ၈၈ မျိုးဆက် ကျောင်းသားများ ပူးပေါင်း ပါဝင်မှုနှင့် ပတ်သက်၍ သဘောထား အမြင်များ(၁)



ရှစ်လေးလုံး အရေးအခင်းမှာ ဒီမိုကရေစီ လူ့ဘောင်စနစ်သို့ သွားရန် အရေးကြီးသည့် အလှည့်ပြောင်းတစ်ခု ဖြစ်သည်မှာ အမှန်ပင် ဖြစ်ကြောင်း၊ သို့သော် လက်ရှိ အပြောင်းအလဲကို အဓိက ဦးဆောင်သည့် ပြည်ခိုင်ဖြိုး ပါတီအနေနှင့်မူ ရှစ်လေးလုံးကို ပြည်သူ အများစု အသိအမှတ်ပြုသကဲ့သို့ အသိအမှတ် ပြုနိုင်မည်မထင်ကြောင်း၊ သို့ဖြစ်၍ ဘုံသဘောတူညီမှု မရှိသည့် ၂၄ နှစ်ပြည့် ရှစ်လေးလုံး နှစ်ပတ်လည်နေ့ကို အကြီးအကျယ်မပြုလုပ်သင့်ဟု ၎င်းအနေနှင့် ယူဆကြောင်း ရှမ်းတိုင်းရင်းသား ဒီမိုကရက်တစ်ပါတီမှ လွှတ်တော် ကိုယ်စားလှယ် ဦးရဲထွန်းက သုံးသပ်သည်။

လက်ရှိ အမျိုးသား ရင်ကြားစေ့ရေးကို သွားနေချိန်မှာ အေးအေးချမ်းချမ်းဖြစ်ဖို့ အကျင့်ပျက် ခြစားမှု၊ ပညာရေး၊ ကျန်းမာရေးကဏ္ဍတွေကို ဦးစားပေး လုပ်စေချင်တယ်။ ကျွန်တော့အမြင်က ရှစ်လေးလုံးကို ဒီမိုကရေစီအလှည့်အပြောင်း လို့ယူဆပေမယ့် အစိုးရကဆူဆူပူပူလို့ ယူဆတယ် ဟု ၎င်း၏အမြင်ကိုပြောဆိုသည်။

မီဒီယာဖိနှိပ်မှုရပ် လက်မှတ်ရေးထိုးစုဆောင်းခြင်းတွင် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များ ပူးပေါင်းပါဝင်မှု နှင့်ပတ်သက်၍မူ ဦးရဲထွန်းက ဆန္ဒပြတောင်းဆိုသည့်အဆင့်ထိမသွားသင့်ဘဲ လွှတ်တော်ကော်မတီသို့တိုင်ကြား အကြောင်းကြားစာပေးပို့သင့်ကြောင်း၊ ၎င်းတို့လွှတ်တော်ကိုယ်စားလှယ်များအနေနှင့် ပြည်သူ့လွှတ်တော်ဥက္ကဌကို တင်ပြပေးမည်ဖြစ်ပြီး လွှတ်တော်ဥက္ကဋ္ဌ ကလည်းနိုင်ငံတော်သမ္မတသို့ သဝဏ်လွှာပေးပို့ကာ သမ္မတက အရေးယူဖြေရှင်း ပေးမည်သာဖြစ်ကြောင်း ပြောကြားသည်။

လွတ်လပ်ခွင့်ဆိုတဲ့နေရာမှာ မီဒီယာဥပဒေ၊ စာနယ်ဇင်း လွတ်လပ်ခွင့်ကိုပြောတာမဟုတ်ဘူး။ ဒါဟာပြည်သူတွေရဲ့လွတ်လပ်ခွင့်ကိုပြောတာ။ ဒီလိုမျိုး ပိတ်လိုက်တာဟာ ပြည်သူတွေရဲ့လွတ်လပ်ခွင့်ကို ပိတ်တာလို့ မြင်တယ် ဟု ဦးခိုင်မောင်ရည်က မီဒီယာများအပေါ် စာပေစိစစ်ရေး၏ အရေးယူခြင်းနှင့်ပတ်သက်၍ သုံးသပ် ပြောဆိုသည်။

မီဒီယာ လွတ်လပ်ခွင့်မှာ မြန်မာနိုင်ငံတွင်လိုအပ်ပြီး Media Law ပေါ်မည်၊ စာပေစိစစ်ရေးရုပ်သိမ်းမည်ဟု ပြောဆို သော်လည်း လက်ရှိတွင် ဂျာနယ်စာမျက်နှာများ၌ဖော်ပြသည့် သတင်းများကိုမကျေနပ်ပါက တိကျသောပုံစံမရှိဘဲ အထက်လူကြီးဟူသော အသုံးအနှုန်းသုံးကာ တရားစွဲခြင်း၊ ထုတ်ဝေခွင့်ပိတ်ခြင်းပြုခြင်းမှာ မီဒီယာလွတ်လပ်ခွင့်၊ စတုတ္ထမဏ္ဍိုင်ဟူသော ပြောဆိုချက်နှင့်ကွဲလွဲနေပြီး ဤနိုင်ငံ၌လုပ်ချင်ရာလုပ်နိုင်သည်ဆိုသောပုံစံရှိနေခြင်းသည် ထင်ရှားသောအချက်တစ်ခုဖြစ်ကြောင်း ၎င်းကမှတ်ချက်ပြုပြောကြားသည်။

သြဂုတ်လ ၄ ရက်နေ့က မီဒီယာဖိနှိပ်မှုရပ် လက်မှတ်ရေးထိုးမှု နှင့်၊ T Shirt Campaign မှာ အပတ်စဉ်ထုတ် ဂျာနယ်နှစ်စောင်ထုတ်ဝေခွင့်ပိတ်ခံရခြင်းနှင့်ပတ်သက်၍ ပြုလုပ်ခြင်းသာဖြစ်ပြီး နိုင်ငံတော်သမ္မတအထိစာတင်သွားမည် ဖြစ်ကြောင်း၊ ၈၈ မျိုးဆက်ကျောင်းသားများလာရောက်ပူးပေါင်းခြင်းနှင့် ရှစ်လေးလုံးနှစ်ပတ်လည်အရေးမှာ သီးခြားစီဖြစ်ပြီး ရှစ်လေးလုံးမှာ အထိမ်းအမှတ်နေ့တစ်ခုဖြစ်ကြောင်း သတင်းလွတ်လပ်ခွင့်ကော်မတီ (ယာယီ) ၏ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်သက်ထွေးက ပြောဆိုသည်။

မီဒီယာလွတ်လပ်ခွင့်အတွက် တောင်းဆိုတာ။ သြဂုတ်လမို့လို့ လုပ်တာမဟုတ်ပါဘူး ဟု ၎င်းကဆိုသည်။

ပူတာအိုနှင့် မချမ်းဘောတွင် ဆန်ပြတ်လပ်နေ၍ ဒေသခံတချို့ဆန်ပြုတ်သောက်နေရ



ကချင်ပြည်နယ် မြောက်ဖျားပိုင်း ပူတာအိုနှင့် မချမ်းဘော မြို့နယ်တွေမှာ ယမန်နှစ်ကဆန်စပါး အထွက် နည်းခဲ့ပါတယ်။ ဒါကြောင့်မြို့နယ်နဲ့ ကျေးရွာတွေမှာ ဆန်ပြတ်လပ်မှုနှင့် ကြုံတွေ့နေရတဲ့အကြောင်း ပူတာအို မြို့ခံများက ပြောပါတယ်။ ပူတာအိုနဲ့ မချမ်းဘောတို့မှာ နှစ်စဉ်ဆန်ပြတ်လပ်မှုဖြစ်လေ့ရှိတတ်ပေမဲ့ ဒီနှစ် မှာတော့ပိုပြီး ပြတ်လတ်မှုနဲ့ကြုံတွေ့နေကြရပါတယ်။
ဒါကြောင့် ဆန်ဈေးမြင့်တက်နေပြီး ဆီနဲ့ဆားဈေးနှုန်းတွေ လည်းမြင့်တက်နေတဲ့ အကြောင်းဒေသခံများ ကပြောပါတယ်။ 
“ဒီနှစ်က လမ်းပန်းဆက်သွယ်ရေး မကောင်းလို့လေ။ ဆန်အထွက်ကနည်း၊ လူက ပိုပိုပြီး များလာ ပြီးတော့ ဒီက ထွက်တာ မလုံလောက်ဘူးပေါ့။ ဆန်အထွက် နည်းတာက ရာသီဥတုအပြောင်း အလဲကြောင့် ဖြစ်တယ်။ ဒီနှစ် အဆိုးဆုံးပဲ။ အရင်တုန်းကလည်း ဆန်နှစ်ဗူးကို ၁,ဝဝဝ လောက် တနှစ်ရှိဖူးတယ်။ ဒါပေမယ့် လူ ဒီလောက်မရှိတော့ ကာလအတိုမှာပဲဖြစ်သွားတယ်။ဒီနှစ်မှာပိုဆိုးတာက ကားလမ်းတွေကို KIA တပ်တွေက ဖျက်ထားတော့ သွားလာမှုပိုခက်သွားတာကြောင့်လဲ ဈေးနှုန်း ပိုကြီးသွားရတာပါ``လို့ပူတာအိုမြို့ခံတစ်ဦးဖြစ်တဲ့ ကိုအားလယ် က ပြောပြပါတယ်။
တစ်ချို့နေရာတွေမှာဆိုရင် မနက်ပိုင်းမှာ ထမင်းနည်းနည်းပါးပါးစား။ ညနေပိုင်းကျတော့ ဆန်ပြုတ် ရည်ပဲ သောက်နေ ရပါတယ်။ ပူတာအိုက ရွာတချို့အိမ်တွေမှာလည်း ဆန်တော်တော် ရှားနေတယ်။ ခုရောင်းတဲ့ လူတွေက ဆန်ပေါ်တဲ့ အချိန်မှာတုန်းကဝယ်ထားတဲ့လူတွေနည်းနည်းပါးပါးရောင်းတယ်။ အဲဒါလေးကိုဝေစားမျှစားလုပ်ကြရတဲ့ အကြောင်းကိုလည်း သူကဆက်ပြောပြပါတယ်။ ပူတာအို မြို့မှာ မြစ်ကြီးနားမြို့နဲ့ လေကြောင်းခရီးဖြင့်သာ အဓိကထား၍ သယ်ယူပို့ဆောင်ရပါတယ်။ ခုချိန် မှာတော့ မော်တော်ကားနဲ့သွားလာဖို့ ခက်ခဲသလိုKIA နဲ့ အစိုးရတပ်တွေ တိုက်ပွဲ ဖြစ်ပွားနေလို့ လမ်းပန်း ဆက်သွယ်ရေး ပိုမိုခက်ခဲနေခြင်း ဖြစ်ပါတယ်။

အနာဂတ်မြန်မာစာပေလောက ရှင်သန်ခွင့်ရောင်နီ


 

မြန်မာနိုင်ငံသတင်းစာဆရာအသင်း(ရန်ကုန်တိုင်းဒေသကြီး)ဖွဲ့စည်းခြင်းနှင့် ရွေးချယ်တင်မြှောက်ခြင်းအခမ်းအနားကို သြဂုတ်လ(၄)ရက်နေ့ မွန်းလွဲ(၁)နာရီက ဗိုလ်တထောင်ဘုရားလမ်းရှိ အော့ခစ် ဟိုတယ်တွင်ကျင်းပခဲ့သည်။

ထိုအခမ်းအနားကို မြန်မာနိုင်ငံသတင်းစာဆရာအသင်းဖြစ်မြောက်ရေးကော်မတီက ကြီးမှူးကျင်းပခြင်းဖြစ်ပြီး၊ မြန်မာနိုင်ငံသတင်းစာဆရာအသင်း(ရန်ကုန်တိုင်းဒေသကြီး)အသင်းဝင်များ၊ မြန်မာဂျာနယ်လစ်ကွန်ရက်မှအဖွဲ့ဝင်များနှင့် အခြားလေ့လာသူများ ၃၀၀ ခန့်တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ မြန်မာနိုင်ငံသတင်းစာဆရာအသင်းဖြစ်မြောက်ရေးကော်မတီနာယက ဆရာမောင်ဝံသနှင့် ဥက္ကဌ ဆရာဖိုးသောကြာ(ခေတ်/မိုး)နှင့် အတွင်းရေးမှူး ဦးကိုကို(ကိုကို-စက်မှုတက္ကသိုလ်)တို့က အဖွင့်အမှာစကားများပြောကြားကြပြီးနောက် မြန်မာနိုင်ငံသတင်းစာဆရာအသင်း(ရန်ကုန်တိုင်းဒေသကြီး) ညီလာခံနှင့်ရွေးချယ်တင်မြှောက်ပွဲ ကျင်းပရေးကော်မရှင်ဥက္ကဌ ဆရာဦးကိုနီ(မောင်ကိုနီ-တရားရုံးချုပ်ရှေ့နေ)က ရွေးချယ်တင်မြှောက်ခြင်းဆိုင်ရာစည်းမျဉ်းများကိုရှင်းလင်းတင်ပြပြီးနောက် တက်ရောက်လာကြသူများ၏ ဆန္ဒမဲဖြင့် အလုပ်အမှုဆောင်အဖွဲ့ဝင်များကို ရွေးချယ်ခဲ့သည်။

ရွေးချယ်တင်မြှောက်ခံရသောမြန်မာနိုင်ငံသတင်းစာဆရာအသင်း(ရန်ကုန်တိုင်းဒေသကြီး)အလုပ်အမှုဆောင်အဖွဲ့ဝင်များမှာ အောက်ပါအတိုင်းဖြစ်သည်။
၁။ ဦးကြည်မင်း - ဥက္ကဌ
၂။ ဒေါက်တာဇော်သန်း - ဒုဥက္ကဌ(၁)
၃။ ဦးယဉ်ကျော် - ဒုဥက္ကဌ(၂)
၎။ ဦးနေဘုန်းလတ် - အတွင်းရေးမှူး
၅။ ဦးဇေယျာမြတ်ခိုင် - တွဲဖက် အတွင်းရေးမှူး(၁)
၆။ ဦးလှိုင်ဘွား - တွဲဖက် အတွင်းရေးမှူး(၂)
၇။ ဒေါ်ဂျူလိုင်မိုး - တွဲဖက် အတွင်းရေးမှူး(၃)
၈။ ဒေါ်အိအိမြတ် - ဘဏ္ဍာရေးမှူး
၉။ ဒေါ်အေးမွန် - ပြန်ကြားရေးမှူး
၁၀။ ဦးခင်မောင်မြင့် - စာရင်းစစ်
၁၁။ ဦးသန့်ကျော်ဇင် - အဖွဲ့ဝင်
၁၂။ ကာတွန်း အာယု - အဖွဲ့ဝင်
၁၃။ ဒေါ်ချိုအိဇင် - အဖွဲ့ဝင်
၁၄။ ဦးသိန်းအေး - အဖွဲ့ဝင်
၁၅။ ဦးဘသန်းတင် - အဖွဲ့ဝင်
၁၆။ ဦးအောင်ထွန်းဝင်း - အဖွဲ့ဝင်
၁၇။ ဦးစိန်ရွှေ - အဖွဲ့ဝင်
၁၈။ ဦးထိန်ဝင်း(ဓာတ်ပုံ) - အဖွဲ့ဝင်
၁၉။ ဦးတင့်လွင် - အဖွဲ့ဝင်
၂၀။ ဦးအေးချမ်းဟိန် - အဖွဲ့ဝင်
၂၁။ ဦးမျိုးမင်းသိန်း - အဖွဲ့ဝင်

အလုပ်အမှုဆောင်အဖွဲ့ ဖွဲ့စည်းပြီးနောက် ညနေ ၅ နာရီခွဲခန့်တွင် အခမ်းအနားကို အောင်မြင်စွာရုပ်သိမ်းခဲ့ကြောင်းသိရသည်။


မြန်မာနိုင်ငံသတင်းစာဆရာအသင်း(ရန်ကုန်တိုင်းဒေသကြီး)ဖွ
ဲ့စည်းခြင်းနှင့် ရွေးချယ်တင်မြှောက်ခြင်းအခမ်းအနားကို သြဂုတ်(၄)ရက်နေ့လည် တစ်နာရီက အော့ခစ်ဟိုတယ်တွင်ကျင်းပခဲ့စဉ်မြင်ကွင်းများဖြစ်ပါသည်။

 



 


 


 


 


 

ဦးအောင်သိန်းလင်း တာဝန်မှ ရပ်စဲခံရ

ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုး စည်းရုံးရေး တာဝန်ခံ ဦးအောင်သိန်းလင်း နေရာတွင် ယခင် အစိုးရလက်ထက် က မွေး/ရေဝန်ကြီးဟောင်းဦးမောင်မောင်သိမ်း အား ပြောင်းလဲ တာဝန်ပေးအပ်လိုက် ပြီဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုး အလုပ်အမှုဆောင် တစ်ဦးထံမှ သိရသည်။''ဒီနေ့ပဲတွေ့ဆုံ မိတ်ဆက်ပွဲ လုပ်ပါတယ်။ ဦးအောင်သိန်းလင်း နေရာကို အခု ဦးမောင်မောင်သိမ်း က အစားထိုး ဝင်မှာပါ'' ဟု အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။


ရန်ကုန်တိုင်းဒေသကြီး စည်းရုံးရေး တာဝန်ခံအဖြစ် ယခု အသစ် ပြောင်းရွှေလာသည့် ဦးမောင်မောင်သိမ်း မှာ ပထမဦးဆုံးတွင် စည်းရုံးရေး တာဝန်များကို ထမ်းဆောင်မည် ဖြစ်သော်လည်းပဲ နောက်ပိုင်း တွင် ပြည်ခိုင်ဖြိုး ရန်ကုန်တိုင်းဒေသကြီး စီမံရေးနှင့် ဘဏ္ဍရေး ကိစ္စများကို ပါ ဆက်လက် တာဝန်ယူသွားမည်ဟု ၄င်းက ဆက်လက်ကာဆိုသည်။
''ဦးအောင်သိန်းလင်းက တိုင်း ပြည်ခိုင်ဖြိုးရဲ့ စီမံရေး နဲ့ ငွေရေးကြေးရေးတွေမှာ အခု တာဝန်ထမ်းဆောင် နေအုန်းမှာပါ။ ဘာကြောင့်လဲ ဆိုတော့ မပြီးပြတ်သေးတာတွေ ရှိနေသေးလို့ပါ'' ဟု တိုင်းဒေသကြီး ပြည်ခိုင်ဖြိုး အလုပ် အမှုဆောင်တစ်ဦး က ပြောသည်။
ယခုပြောင်းရွှေ့လာသည့် မွေး/ ရေးဝန်ကြီးဟောင်း ဦးမောင်မောင်သိမ်း မှာ ယခင်က တနင်္သာရီတိုင်း ဒေသကြီးနှင့် မွန်ပြည်နယ် ပြည်ခိုင်ဖြိုးပါတီ တာဝန်ခံတစ်ဦးအဖြစ်လည်း တာဝန် ထမ်းဆောင်ခဲ့သည်။
ပြည်ခိုင်ဖြိုးပါတီ၊ ဗဟို အလုပ်အမှုဆောင် ဦးအောင်သိန်းလင်း၊ တရုတ် သတင်းစာနှင့် တွေ့ဆုံဖြေ ကြားမှုနှင့် ပတ်သက်၍ ပါတီဗဟို အလုပ် အမှုဆောင်အဖွဲ့က ထုတ်ပြန်ချက် တစ်ရပ်ကို ဇူလိုင်လ ၂၈ ရက် နေ့က ထုတ်ပြန်ခဲ့သည်။
ထိုထုတ်ပြန်ချက်တွင် ပြောကြားခဲ့ခြင်းရှိ၊ မရှိအား စိစစ်နေ ပြီး တွေ့ရှိချက် အပေါ် မူတည်၍ ပါတီ စည်းကမ်းအရ ဆက်လက် အရေးယူ သွားမည်ဟု ဖော်ပြပါရှိသည်။
ဦးအောင်သိန်းလင်းသို့ ပေါ်ပြူလာနယူးစ် က ဆက်သွယ်မေးမြန်း ခဲ့ရာတွင်လည်း ၄င်းက တရုတ်သတင်းစာ ဘာသာပြန်လွှဲမှားသည် ဟုသာ ပြန်လည်း ဖြေရှင်းမှု ပြုခဲ့သည်။

သူတို့အတွေးသူတို့အရေး

 

 

 

 

မဟာဗျူဟာမြောက်အရေးပါသော မြန်မာအပေါ် ရိုဟင်ဂျာကို ခုတုံးလုပ်လေသလား·

အမေရိကန် သမ္မတ အိုဘားမား၏ ပေါ်လစီအသစ်သည် အာရှပစိဖိတ် စိုးမိုးရေးဖြစ်သည်။ အာရှပစီဖိတ်စိုးမိုးရေးအတွက် အမေရိကန်အနေဖြင့် နိုင်ငံရေး၊ စစ်ရေးအရ လွှမ်းမိုးချုပ်ကိုင်နိုင်ရန်လိုလာသည်။ သို့အတွက် မဟာမိတ်နိုင်စာချုပ်နိုင်ငံများ ကို ပြုလုပ်ခဲ့သည်။ သို့သော်ငြားလည်း စစ်အေးခေတ်ကာလအတွင်းနှင့် စစ်အေးခေတ်လွန်ဆယ်စုနှစ်အတွင်းတွင် အမေရိကန်သည် အာရှ-ပစိဖိတ်ဆိုင်ရာမဟာဗျူဟာကို အကောင်အထည်မဖော်နိုင်ခဲ့။ သူ့အတွက် မမျှော်လင့်ဘဲ လက်သီးချက်ပြင်းပြင်းမိသွားခဲ့သည်။ ထိုလက်သီးချက်မှာ 9/11 အရေးအခင်းဖြစ်လေသည်။ ထို့ကြောင့် War on Terror ဟုကြေငြာကာ အရှေ့အလယ်ပိုင်းနှင့်အာဖဂန်သို့ အာရုံလှည့်သွားခဲ့သည်။ ထိုဆယ်စုနှစ်နှစ်စုနီးပါးအတွင်းတွင် တိန့်ရှောင်ပင်၏ ပေါ်လစီနှင့်အတူ နိုးထလာခဲ့သောတရုတ်နဂါးကြီးက တဖြည်းဖြည်း ကြီးထွားလာခဲ့ပေသည်။

အိန္ဒိယနှင့် Strategic Partnership ကို ထူထောင်ထားနိုင်သော်လည်း အာရှပစိဖိတ်စိုးမိုးရေးအတွက် အဓိက ကျသော နေရာဖြစ်သည့် ဘင်္ဂလားပင်လယ်အော်နှင့် ကမ်းရိုးတန်းဒေသကို အမေရိကန် ဝင်မစွက်နိုင်သေးဘဲ ဖြစ်နေသည်။ ထိုအတွက် အမေရိကန်သမ္မတ အိုဘားမား တက်လာချိန်တွင် မဟာဗျူဟာမြောက် မျဉ်းကြောင်းဖြစ်သည့် အိန္ဒိယ-ဘင်္ဂလားဒေ့ရှ်-မြန်မာ တို့အတွက် နိုင်ငံရေးအရ ချဉ်းကပ်မှု ပြောင်းလဲ ရန်ကြိုးစားလာပါသည်။ တရုတ်အပေါ် ကြွေးမှီတင်မှု များပြားနေသော ဘင်္ဂလားဒေ့ရှ်နှင့် ပိုမိုထိတွေ့ဆက်ဆံလာခဲ့သည်။ ဘင်္ဂလားဒေ့ရှ်မှာ အိန္ဒိယ၊ ပါကစ္စတန်တို့ရန်မှ တွန်းလှန်ရန် တရုတ်ကို စစ်ရေး၊ စီးပွားရေးအရများစွာ မှီခိုအားထားနေရသည်။ ထိုကိစ္စကို အမေရိကန်က မနှစ်မြို့လှချေ။ အဘယ်ကြောင့်ဆိုသော် အမေရိကန် ရေတပ် ကျက်စားလျှင် များစွာ စစ်ရေးအရ အသာစီးရနိုင်သည့် ဘင်္ဂလားပင်လယ်အော်ကို စိုးမိုးရန်မှာ ဘင်္ဂလားဒေ့ရှ်-မြန်မာတို့နှင့် ပိုမို နီးကပ်ထိစပ်သော ဆက်ဆံရေးရှိမှ သာဖြစ်လာနိုင်ပေမည်။ထိုအချိန်တွင် ဘင်္ဂလားဒေ့ရှ်တွင် ဘာသာရေးအစွန်းမေ၇ာက်သော ရှိတ်ဟာစီနာ၏ အစိုးရအဖွဲ့တက်လာသည်။ ထိုအချက်သည် အမေရိကန်အတွက် လမ်းစများကို ပွင့်သွားစေသည်။ သို့၇ာတွင် လိပ်ခဲတည်းလဲ ဖြစ်နေသော ကိစ္စရပ်မှာကား မြန်မာ၏ ခေါင်းမာသော စစ်ဗိုလ်ချုပ်များပင်တည်း။

မြန်မာသည် ပထဝီအရ ကိုလိုနီခေတ်ကပင် အလွန်အရေးပါခဲ့သည်။ ဗြိတိန်တို့သည် ရခိုင်နှင့် တနင်္သာရီကမ်းရိုးတန်းကို ဝင်ရောက်သိမ်းပိုက်ခဲ့ခြင်းမှာ ၄င်းတို့ ကိုလိုနီလုပ်ထားသော အရှေ့အိန္ဒိယကို ကာကွယ်ရန်အတွက် ကမ်းရိုးတန်းနှင့် ရေလမ်းကို ထိန်းချုပ်လိုက်ခြင်းဖြစ်သည်။ ထို့ပြင် တရုတ်ပြည်သို့ ဂျပန်များကျူးကျော်လာသောအခါ မြန်မာနိုင်ငံသည် ချန်ကေရှီတ်အစိုးရကို အနောက်အစိုးရများ အထောက်အကူပေးရန် အဓိကနေရာဖြစ်လာကြောင်း ပိုမိုထင်ရှားလာရသည်။ ဆိုလိုသည်မှာ အာရှပင်မကုန်းမြေသို့ ဆက်သွယ်ထားသော လမ်းကြောင်းမှန်သမျှကို မြန်မာနိုင်ငံထဲမှ အကောင်အထည်ဖော်ဆက်သွယ်နိုင်သည်။သို့အတွက် ဂျပန်က မရမက မြန်မာပြည်ကို သိမ်းပိုက်ရန်အားထုတ်လာရပေသည်။ ထို့သို့အရေးပါသော နေရာကို လက်ဦးမှုရယူထားနိုင်ရန်အတွက် အက်တလီခေတ် ဗြိတိန်ကာကွယ်ရေးဝန်ကြီးက မင်္ဂလာဒုံလေဆိပ်နှင့် မြန်မာ့ သင်္ဘောဆိပ်များကို ဗြိတိန်ပိုင် စစ်လေယာဉ်၊ ရေယာဉ်များ ဝင်ထွက်သွားလာခွင့်ရ၇ှိနိုင်ရေး ကြိုးစားခဲ့ဖူးသည်။ လွတ်လပ်ရေး၇ပြီးခေတ်တွင်လည်း ကွန်မြူနစ်သူပုန်ထသည့်အချိန်တွင် ကွန်မြူနစ်တစ္ဆေကိုကြောက်သည့် အနောက်ပါဝါနိုင်ငံများသည် ရန်ကုန်အစိုးရ (ဦးနုအစိုးရ) အား များစွာ ထောက်ပံ့ပေးခဲ့ကြသည်။ မြန်မာသည် ဗီယက်နမ်နှင့် တစ်ကြောတည်း အရေးကြီးသည့် နိုင်ငံအဖြစ် ဒိုမီနိုသီဝရီတွင် တွက်ဆခြင်းခံခဲ့ရပေသည်။အဘယ်ကြောင့်ဆိုသော်မြန်မာပြိုသွားပါက တရုတ်အတွက် မြန်မာပြည်မြောက်ပိုင်းမှ အာသံအထိ လွယ်ကူစွာ ချေမှုန်းနိုင်သည့်အပြင် မလက္ကာရေလက်ကြားကို အလွယ်တကူ ခြိမ်းခြောက်လာနိုင်သောကြောင့် မြန်မာနိုင်ငံကို ကျဆုံးခံ၍ မဖြစ်ခြင်းဖြစ်သည်ဟု မဟာဗျူဟာ ဂရုများက ရှုမြင်ကြလေသည်။ ဤတွင် မြန်မာ၏ အရှေ့အနောက် အိုင်ဒီယိုလိုဂျီပဋိပက္ခများနှင့် စစ်ရေး၊ စီးပွားရေးအားပြိုင်မှုများကြား မည်မျှ အန္တရာယ်ကြီးသည်ကို ရှုမြင်နိုင်ပေပြီ။ထိုသို့သော အရေးပါမှုအားလုံးသည် ဦးနေဝင်း၏ တံခါးပိတ်စီးပွားရေးဝါဒအောက်တွင် မှေးမှိန်သွားခဲ့ပါသည်။

တရုတ်အတွက် မြန်မာသည် အလွန်အရေးပါသောနေရာတစ်ခုဖြစ်နေသည့်အချိန်တွင် အိန္ဒိယအတွက်လည်း အရေးကြိးသော နိုင်ငံဖြစ်နေသည်။ မြန်မာ့ရေပိုင်နက်တွင် တရုတ်သင်္ဘောများကျက်စားပါက အိန္ဒိယများစွာ အခက်ကြုံနိုင်သည်။ မြန်မာသည် အရှေ့တောင်အာရှနှင့် တရုတ်ပြည်တောင်ပိုင်းပြည်နယ်များအတွက် Buffer Zone သဖွယ်ကြားခံပေးထားသော နိုင်ငံဖြစ်နေသည်။ ထို့ပြင် အိန္ဒိယအတွက် ဒုတိယမြောက်အကြီးဆုံး အိမ်နီးချင်းနိုင်ငံလဲဖြစ်နေသည်။ မြန်မာကို တရုတ်လက်သို့ပါ၍ မရချေ။ ထိုသိုံ့ဖြစ်သွားလျှင် ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်၊ မြန်မာ၊ သီရိလင်္ကာ၊ နီပေါလ်တို့နှင့် ဆက်စပ်ကာ တရုတ်သည် အိန္ဒိယကို ပတ်ချာလည် ဝိုင်းရံထားပေလိမ့်မည်။ သို့အတွက်ကြောင့် ၁၉၈၈ အုံကြွမှုအပြီး နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေးကောင်စီခေတ်တွင် မြန်မာစစ်တပ်သည် ယခင်နှင့်မတူ သူ၏ တိုင်းပြည်အစွန်အဖျားများကိုပါ ထိထိရောက်ရောက်ချုပ်ကိုင်လာနိုင်ခဲ့သောကြောင့် အိန္ဒိယအနေဖြင့် ထိတွေ့ဆက်ဆံမှုပြုလုပ်လာခဲ့ရပါသည်။

ထိုသို့သောအနေအထားတွင် မြန်မာသည် တရုတ်ဖက်ယိမ်းမည်လော၊ အနောက်ဖက်ယိမ်းမည်လောဟူသည့် မေးခွန်းမှာ စကော်လာများအတွက် အတွေးပွားစရာဖြစ်ခဲ့သည်။ သို့သော် မငြင်း၊နိုင်သည်က မြန်မာအစိုးရ၏ လက်ထဲတွင်သာ အဖြေရှိသည်ဟူ၍ ဖြစ်ပါသည်။ ထိုမှန်းဆချက်များမှာ လွန်ခဲ့သော ဆယ်နှစ်ကျော်ကဖြစ်သည်။ ယခုအချိန် ယခုအစိုးရသစ်လက်ထက်တွင် အနည်းငယ်ဖွင့်ဟလိုက်သောအခါ မြန်မာ၏ မဟာဗျူဟာအရ အရေးပါမှုအတွက် လက်ဦးမှုရယူရန် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးလာရောက်ခဲ့သည်ကို တွေ့ရှိနိုင်ပေသည်။

အိန္ဒိယ၏ အမျိုးသားလုံခြုံရေး၊ တရုတ်၏ စွမ်းအင်လုံခြုံရေးနှင့် မလက္ကာရေလက်ကြားအန္တရာယ်၊ ဘင်္ဂလားပင်လယ်အော်ကို စိုးမိုးရလျှင် အရှေ့အာရှကုန်းမြေကို ခြိမ်းခြောက်နိုင်မည့် အခွင့်အလမ်း စသည်တို့ကို တွက်ချက်စဉ်းစားကြည့်လျှင် ၇ခိုင်ကမ်းမြောင်ဒေသနှင့် ထားဝယ်ရေနက်ဆိပ်ကမ်းကိစ္စများသည် လေးလေးနက်နက်စဉ်းစားချင်စရာများဖြစ်လာပါသည်။ ရခိုင်ကမ်းမြောင်ဒေသ မတည်မငြိမ်ဖြစ်လျှင် လူ့အခွင့်အရေးနှင့်ပတ်သက်၍ အမေရိကန်မှ အကြောင်းပြ၍ ရနိုင်ပါသည်။ မတည်မငြိမ်ဖြစ်နေသော ဒေသသည် ဆက်ဆံရေးတိုးမြှင့်လာသော မြန်မာ-အမေရိကန် သံတမန်အခင်းအကျင်းတွင် မျက်စပစ်စရာနေရာကောင်းတစ်ခုဖြစ်နေသည်မဟုတ်ပါလော။

မွတ်စလင်များကို ထိ၍ အကြမ်းဖက်သမားများက ခြိမ်းခြောက်သည်။ အကြမ်းဖက်သမားများက ခြိမ်းခြောက်ရုံမျှမက ဝင်ရောက်ဖောက်ခွဲလျှင် အမေရိကန်အတွက် ပို၍ပင် ကောင်းဦးမည်။ အဘယ်ကြောင့်ဆိုသော် အမေရိကန်၏ War on Terror မှာ ပြီးဆုံးသေးသည်မှ မဟုတ်ဘဲ။ ထိုအခါ အကြမ်းဖက်နှိမ်နင်းရေးဟု ကြွေးကြော်လျက် မြန်မာအစိုးရနှင့် ပူးပေါင်းလိုသည်ဟု အကြောင်းပြကာ ရခိုင်နှင့် တနင်္သာရီကမ်းရိုးတန်းကို ဝင်ရောက်နိုင်မည်မဟုတ်လား။ မြန်မာအစိုးရကရော ဒီလို အကြမ်းဖက်နှီမ်နင်းရေးတွင် အတွေ့အကြုံရှိသည်မှမဟုတ်ဘဲ။ အမေရိကန်နှင့်ပူးပေါင်းဖို့သာ များမည်။ ဒီလိုဆိုရင် ကြားထဲက ဖိညှပ်သေရမည့်သူများမှာ ရခိုင်များသာ ဖြစ်လိမ့်ဦးမည်။

မွတ်စလင်များကို မည်သို့ နှိပ်ကွပ်ရမည်ဟု စစ်ကျောင်းများတွင် သင်ကြားသော အမေရိကန်သည် မွတ်စလင်အခွင့်အရေးကို စိတ်ဝင်စားသည်မဟုတ်။ စိတ်ဝင်စားမည်လည်းမဟုတ်။ သို့သော် ဒုတိယကမ္ဘာစစ်၊ ဗီယက်နမ်စစ်ကတည်းက ပထဝီအရ မဟာဗျူဟာမြောက်နေသော မြန်မာကိုကား အလွန်စိတ်ဝင်စားသည်။ အဘယ်ကြောင့်ဆိုသော် ခဲတစ်လုံးတည်းနှင့် ငှက်နှစ်ကောင်ပစ်ခွင့်ရမည့်အေ၇းဖြစ်သည်။ မဟာမိတ်အိန္ဒိယနှင့် ၇န်ဖြစ်ရန်မလိုသော်လည်း လာမည့်အနှစ်နှစ်ဆယ်တွင် ဂျီဒီပီသူ့ကို ကျော်တက်သွားနိုင်သော အိန္ဒိယအပေါ် စစ်ရေးအရလည်း သြဇာလွှမ်းထားနိုင်မည်။ တရုတ်ကိုတော့ ချောင်ပိတ်နိုင်မည်။
မွတ်စလင်နိုင်ငံများက မြန်မာကို ခြိမ်းခြောက်သည်။ ရယ်တော့ရယ်ရသည်။ အရှေ့အာရှကုန်းမြေကြီးကို ချိတ်ဆက်ထားသော မျဉ်းကြောင်း ဖြတ်သန်းသွားသည့် မြန်မာကို တရုတ်နှင့် အိန္ဒိက အထိမခံ။ ထိုနည်းတူ အမေရိကန်ကလည်း အထိမခံ။ ထိုအနေအထားသည် အတိမ်းအစောင်းလည်းမခံ။ အချိန်မရွေး စစ်မြေပြင်ဖြစ်သွားနိုသည်ကိုလည်း သတိထားရမည်ဖြစ်သည်။ မွတ်စလင်နိုင်ငံများမှ သင်္ကြန်အမြှောက်ထုသည်ကိုကား ကြောက်ရန်မလို။ ကြောက်ရန်လိုသည်ကား မွတ်စလင်ကမ္ဘာနှင့်ရန်ဖက် အမေရိကန်နှင့် မြန်မာအကြောင်း မြန်မာများထက်ပိုသိသော ဗြိတိန်၊ပြင်သစ်တို့ ရိုဟင်ဂျာကိစ္စ အဘယ်ကြောင့် အလွန်အမင်း စိတ်ဝင်စားနေသနည်း ဟူသည့် အချက်ပင်ဖြစ်ပါသည်။

ကိုးကား

http://www.southasiaanalysis.org/%5Cpapers2%5Cpaper197.htm
http://asiafoundation.org/pdf/wp13.pdf
http://www.southasiaanalysis.org/%5Cpapers51%5Cpaper5040.html