Friday, August 10, 2012

ဝတ်မှုံရယ်နင်နဲ့နှိုင်းရင်ရှုံးကြမှာဘဲ

 
 
ဝတ်မှုန်ရွှေရည်က သူမရဲ့ ၂၄ နှစ်ပြည့်မွေးနေ့ကို သြဂုတ်လ ၁၀ ရက်နေ့က မှော်ဘီမြို့ အောင်ဇဗ္မူတောရကျောင်းမှာ ကျင်းပခဲ့ပါတယ်။ အောင်ဇဗ္မူတောရကျောင်းမှာ နေ့ဆွမ်း ဆက်ကပ်လှူဒါန်းခဲ့ပြီး လှူဖွယ်ဝတ္တုများလည်း ဆက်ကပ်လှူဒါန်းခဲ့ပါတယ်။ အဆိုပါ လှူဒါန်းပွဲကို အနုပညာမောင်နှမများ ဖြစ်တဲ့ နေတိုးနဲ့အတူ ခင်မင်ရင်နှီးသူ မိတ်ဆွေများ ကလည်း တက်ရောက်ကုသိုလ်ယူခဲ့ပါတယ်။ သြဂုတ် ၁၀ ရက်နေ့ နေ့လည်ပိုင်းမှာတော့ နှင်းဆီကုန်းဘိုးဘွားရိပ်သာသို့ ငွေကျပ် ၁၀ သိန်းနှင့် မေရီချက်စ်မင်းသို့ ငွေကျပ် ၁၅ သိန်းစီ အသီးသီး လှူဒါန်းရင်ဖြင့် ဖြတ်သန်းခဲ့ပါတယ်။ 
 
 
 
 
 
 
 

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူး ချုပ်၏ အကြံပေး၏ နိုင်ငံရေး လက်ထောက်နှင့် နိုင်ငံရေးပါတီ ၂၄ ခုတို့ တွေ့ဆုံ


ရန်ကုန်၊ သြဂုတ်-၁၀


ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ အထူးအကြံပေးပုဂ္ဂိုလ်၏ နိုင်ငံရေးလက်ထောက် Mrs. Maricanne Hagien နှင့် နိုင်ငံရေးပါတီ ၂၄ ခုတို့သည် ,ယနေ့သြဂုတ်လ ၁၀ ရက် မနက်ပိုင်းတွင် တွေ့ဆုံခဲ့ကြကြောင်း သတင်းရရှိသည်။
ထိုသို့ တွေ့ဆုံကြရာတွင် နိုင်ငံရေးပါတီများက မြန်မာနိုင်ငံ၌ ဖြစ်ပေါ်နေသော နိုင်ငံရေးအခြေအနေများ၊ ကုလသမဂ္ဂ၏ အကူအညီပေးမှုများကို မျှတစွာရရှိရေး၊ တိုင်းရင်းသားရေးရာ ကိစ္စရပ်များကို ဆွေးနွေးတင်ပြခဲ့ကြသည်။

“UN အနေနဲ့ ပါတီတွေနဲ့ ပိုပြီးထိတွေ့ဆက်ဆံဖို့ ပြောခဲ့ပါတယ်”ဟု ဒီမိုကရက်တစ်ပါတီ(မြန်မာ)မှ ဒေါ်သန်းသန်းနုက ပြောသည်။

ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီမှ နိုင်ငံခြားရေးအတွင်းရေးမှူး ကိုခိုင်ကျော်မိုးက ကုလသမဂ္ဂက ရခိုင်ပြည်နယ်၌ အကူအညီပေးရာတွင် ဒေသခံတိုင်းရင်းသားများကိုပါ အထောက်အပံ့ မျှမျှတတပေးရန် တင်ပြခဲ့ကြောင်း ပြောသည်။

“ဗမာပြည်နဲ့ နိုင်ငံရေးယဉ်ကျေးမှုဟာ အားလုံးပူးပေါင်းဆောင်ရွက်တဲ့ လမ်းကြောင်းပေါ် ရောက်နေတယ်ဆိုတာ သူ့ကို information ပေးခဲ့တယ်”ဟု တ. စ.ည ပါတီ ဗဟိုအလုပ်အမှုဆောင် ဦးသိန်းထွန်းကပြောသည်။

အဆိုပါ တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့သော နိုင်ငံရေးပါတီများမှ အမျိုးသားဒီမိုကရေစီအင်အားစု၊ ဒီမိုကရက်တစ်ပါတီ(မြန်မာ)၊ ရှမ်းတိုင်းရင်းသားများဒီမိုကရက်တက်ပါတီ၊ မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ၊ ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီ၊ ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ၊ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးပါတီ၊ ချင်းအမျိုးသားပါတီ၊ ပြည်ထောင်စုဒီမိုကရေစီပါတီ၊ ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ ကရင်ပြည်သူ့ပါတီ၊ အမျိုးသားဒီမိုကရေစီပါတီသစ်၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်၊ ခေတ်သစ်ပြည်သူ့ပါတီ၊ မွန်ဒီမိုကရေစီပါတီ၊ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်၊ ချင်းတိုးတက်ရေးပါတီ၊ မြန်မာအမျိုးသားကွန်ဂရက်ပါတီ၊ ပအိုင်းအမျိုးသားအဖွဲ့ချုပ်၊ မြန်မာ့လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ အမျိုးသားနိုင်ငံရေး မဟာမိတ်များအဖွဲ့ချုပ်၊ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီတို့ ဖြစ်ကြသည်။

တောက်တခေါက်ခေါက်စုပ် တသပ်သပ် (ကိုယ့်မြေ၊ကိုယ့်ရေပေါ် မှာ ဘင်္ဂါလီတွေဒီလိုရက်စက်နေတာ)

 

အသည်းနုသူများ မကြည့်ရ ဘင်ဂလီတွေ ရခိုင်တွေကို ဘူးသီးတောင် မောင်းတောမှာ ၀ိုင်းရိုက်သတ်လိုက်ကြတဲ့ ဖုန်းဗီဒီယိုမှတ်တမ်း ... ရိုက်သူက ဘင်ဂလီတစ်ယောက်လို့ အတိအကျဘဲ သိရတယ်။ ဘူးသီးတောင်ရောက် ဗမာအသိတစ်ယောက်ထံမှ တဆင့် ရလို့ အများ မြင်တွေ့သိနိုင်စေရန် အထောက်အထား တစ်ခုအဖြစ် တင်ပေးလိုက်ပါတယ်။

တရုတ်နှင့်အင်ဒိုနီးရှားနိုင်ငံတို့သည် သင်္ဘောဖျက်ဒုံးပျံ ထုတ်လုပ်ရေး ဆွေးနွေးပွဲပြုလုပ်



လက်နက်များကိုယ်ပိုင်သီးခြားလွတ်လပ်စွာထုတ်လုပ်နိုင်ရေးအတွက် အင်ဒိုနီးရှားနိုင်ငံ၏ကြိုးပမ်းမှု တစ်စိတ် တစ်ပိုင်းအဖြစ် တရုတ်နှင့်အင်ဒိုနီးရှားနိုင်ငံတို့သည် C-705 သင်္ဘောဖျက်ဒုံးပျံများထုတ်လုပ်ရေး တွေ့ဆုံ ဆွေးနွေးပွဲများအား စတင်ပြုလုပ်ခဲ့ကြကြောင်း ဇူလိုင်လ ၂၇ ရက်နေ့ Newsnow သတင်းတစ်ရပ်အရ သိရှိရပါသည်။ ပထမဆုံးအကြိမ် တရုတ်-အင်ဒိုနီးရှား ကာကွယ်ရေးစက်မှုလုပ်ငန်းဆိုင်ရာပူးပေါင်း ဆောင်ရွက်ရေးအစည်းအဝေးအား အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တွင် ဇူလိုင်လ ၂၅ ရက်နေ့က ကျင်းပပြုလုပ် ခဲ့ကြောင်း အင်ဒိုနီးရှား ကာကွယ်ရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဟာတင် အက်စ်ရင်းက ပြောကြားခဲ့ပါသည်။ အဆိုပါ C-705 ဒုံးပျံသည် အကွာအဝေး ၁၂ဝ ကီလိုမီတာအထိရောက်ရှိပစ်ခတ်နိုင်ပြီး အင်ဒိုနီးရှားရေတပ်က အဆိုပါ C-705 ဒုံးပျံများအား ဆွန်ဒါရေလက်ကြားတွင် အောင်မြင်စွာ စမ်းသပ်ပစ်ခတ်နိုင်ခဲ့ကြောင်း သိရှိရပါသည်။ အဆိုပါဒုံးပျံထုတ်လုပ်ရေး ကန်ထရိုက်စာချုပ်အား ၂ဝ၁၃ ခုနှစ်တွင် လက်မှတ်ရေးထိုးမည်ဟု မျှော်မှန်း
ရပါသည်။ အင်ဒိုနီးရှားကြည်းတပ် အထူးတပ်ဖွဲ့ ကွပ်ကဲမှု ဌာနချုပ်(Kopassus)မှ တပ်ဖွဲ့ဝင်များသည် တရုတ်နိုင်ငံ ရှန်တုံပြည်နယ် ကျီနန်းမြို့တွင် ဇူလိုင်လအစောပိုင်းက တရုတ်အထူးတပ်ဖွဲ့များနှင့်အတူ ဒုတိယအကြိမ်မြောက် Sharp Knife ပူးတွဲစစ်ရေး လေ့ကျင့်ခန်းကို ပြုလုပ်ခဲ့ကြပြီး တရုတ်နိုင်ငံအနေဖြင့် အင်ဒိုနီးရှားလေတပ်မှ လေယာဉ်မှူး ၁ဝ ဦးအား တရုတ်နိုင်ငံတွင် Sukhoi တိုက်လေယာဉ် သဏ္ဌာန်တူအသုံးပြုလေ့ကျင့်ပေးရန် ကမ်းလှမ်းထားခဲ့ပါသည်။ အင်ဒိုနီးရှားနိုင်ငံအနေဖြင့် ၂ဝ၁ဝ ခုနှစ်မှ ၂ဝ၁၄ ခုနှစ်အထိ ကာကွယ်ရေးလက်နက်စနစ်များ အဆင့်မြှင့် တင်ရန်အတွက် ရူပီး ၁၅ဝ ထရီလီယံ (အမေရိကန်ဒေါ်လာ ၁၅.၈ ဘီလီယံ)ခွင့်ပြုပေးခဲ့ကြောင်းနှင့် စစ်လက်နက်ပစ္စည်းများ ထုတ်လုပ် ရေးနှင့် ပတ်သက်၍ ဂျက်တိုက်လေယာဉ်များနှင့် ရေငုပ်သင်္ဘောများ တည်ဆောက်ရန် တောင်ကိုရီးယား နိုင်ငံနှင့်လည်းကောင်း၊ ဖရီးဂိတ်စစ်သင်္ဘောများတည်ဆောက်ရန် နယ်သာလန် နိုင်ငံနှင့်လည်းကောင်း၊ အလတ်စား သယ်ယူပို့ဆောင်ရေး လေယာဉ်များ တည်ဆောက်ရန် စပိန်နိုင်ငံနှင့်လည်းကောင်း ပူးပေါင်းဆောင်ရွက် လျက်ရှိကြောင်း သိရှိရပါသည်။

စာနယ်ဇင်းကောင်စီဖွဲ့စည်း

အစိုးရက မြန်မာနိုင်ငံ အမြုတေ စာနယ်ဇင်း ကောင်စီ ကို ဖွဲ့စည်းလိုက်ကြောင်း သြဂုတ်လ ၉ ရက်နေ့မှာ သတင်းထုတ်ပြန်ကြေညာလိုက်ပါတယ်။ ဒီကောင်စီရဲ့ ဥက္ကဌအဖြစ် ဦးခင်မောင်အေး တရားရုံးချုပ် တရားသူကြီး (ငြိမ်း)၊ ဒု ဥက္ကဌ ၁ အဖြစ် ဒါက်တာအောင်ထွန်းသက်၊ ဒုဥက္ကဌ ၂ အဖြစ် ဒေါက်တာခင်အေး(မောင်ခင်မင်-ဓနုဖြူ) နဲ့ အတွင်းရေးမှူးအဖြစ် ဦးကိုကို (စက်မှုတက္ကသိုလ်) တို့က ဆောင်ရွက်ကြမှာလဲဖြစ်ပါတယ်။ အဖွဲ့ဝင်တွေအဖြစ် ဒေါက်တာမျိုးသန့်တင်၊ ဆရာမောင်ဝံသ၊ ဦးသီဟစော၊ ဦးအောင်လှထွန်းစတဲ့ ပညာရှင်တွေအပါအ၀င် အဖွဲ့ဝင် ၂၀ လောက်နဲ့ ဖွဲ့စည်းလိုက်တာလဲဖြစ်ပါတယ်။ ဒီကောင်စီကနေ စာနယ်ဇင်း လွတ်လပ်ခွင့်ကို တည်ဆဲ ဥပဒေနဲ့ အညီ ထိန်းသိမ်း စောင့်ရှောက်ရန်၊ စာနယ်ဇင်း နယ်ပယ်ရဲ့ အရည်အသွေး အဆင့်အတန်း မြင့်မားတိုးတက်ရန် စသည့် တာဝန် ၀တ္တရား ၈ ချက်နှင့် လုပ်ပိုင်ခွင့် ၁၁ ချက် ပါဝင်တဲ့ အဓိက အချက် ၁၁ ချက်ကို ပြည်ထောင်စု အစိုးရအဖွဲ့ အတွင်းရေါ်မှူး ဦးတင်မျိုးကြည်က လက်မှတ်ရေးထိုးထုတ်ပြန်လိုက်တာလဲဖြစ်ပါတယ်။

ရခိုင်ပြည်နယ်ကိုထောက်ပံ့ပေးချင်တာလား...ဘင်္ဂါလီပြည်နယ်ဖြစ်ဖို့လုပ်နေတာလား(NGO,UNHCR)


ရခိုင်ပြည်နယ်တွင် ဖြစ်ပွားလျက် ရှိသည့် အကြမ်းဖက်မှုတွင် ထိခိုက် နစ်နာခဲ့သည့် ဒုက္ခသည်များအ တွက်ပြည်ပအဖွဲ့အ စည်းများထံမှ ကူညီထောက်ပံ့မှုများကို လက်ခံရန် ဒေသခံများ ကိုယ်တိုင်ငြင်းဆန်ထားသည်မှာ တစ်လတာခန့် ကြာမြင့်ခဲ့ပြီဖြစ်သည်။
    (No UN) (No INGO)INGO Get Out စသည့်စာတန်းများကို ယနေ့တိုင်ကပ်ထားဆဲဖြစ်ကြောင်းလည်း သိရသည်။ မစ္စ
တာ ကင်တားနားနှင့်အဖွဲ့ လာရောက်လေ့လာသည့်နေ့က ဒုက္ခသည်စခန်းများတွင် ကပ်ထားသည့်ယင်းစာတန်းများကို အာဏာပိုင်တို့က ဖြုတ်ခိုင်းခဲ့ကြောင်း ကိုယ်တိုင်ကြုံခဲ့ရသည့် စေတနာ့ဝန်ထမ်းတစ်ဦးကပြောသည်။ သို့သော် မြို့တွင်းသွားလာနေသည့် ဆိုင်ကယ်များ၊ သုံးဘီးဆိုင်ကယ်များတွင်မူ ကပ်ထားဆဲဖြစ်ကြောင်းဒေသခံများထံမှ သိရသည်။
    ထိုသို့ ငြင်းဆန်ထားမှုကြောင့် သွားရောက်လုပ်ကိုင်နေသည့် စေတနာ့ဝန်ထမ်းများအတွက် ပွင့်ပွင့်လင်းလင်း လုပ်ဆောင်နိုင်ရန်
အခက်အခဲအချို့ တွေ့ကြုံနေရကြောင်း လတ်တလောတွင် သွားရောက်ကူညီမှုများ ပေးနေသော ပြည်တွင်းအင်န်ဂျီအိုအချို့မှ တာ
ဝန်ရှိသူများက ပြောသည်။
           ''လက်ရှိအချိန်မှာ ရခိုင်ကိုလျှို့လျှို့ဝှက်ဝှက်လေးပဲ ၀င်ပြီးလုပ်နေ တာက ပိုသက်သောင့်သက်သာ ရှိမယ်လို့ထင်တယ်" ဟု ဒုက္ခသည် စခန်းများတွင် ကျန်းမာရေးဆိုင် ရာ ကူညီထောက်ပံ့မှုများ သွား ရောက်လုပ်ကိုင်နေသည့် အဖွဲ့အ စည်းတစ်ခု၏ဥက္ကဋ္ဌကပြောသည်။
    သို့သော် ထိုသို့ ငြင်းဆန် ကန့်ကွက်ခြင်းသည် အရေးအခင်း ဖြစ်စဉ်တွင် ၀န်ထမ်းများပါဝင် ပတ်သက်ခဲ့သည့်  UNHCR, AZG နှင့် MSF အဖွဲ့များကိုသာဖြစ်ပြီး ကျန်အဖွဲ့အစည်းများကမူ လွတ် လပ်စွာ လုပ်ကိုင်လျက်ရှိကြောင်း ရခိုင်တိုင်းရင်းသားများတိုးတက် ရေးပါတီမှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်တစ်ဦးက ပြောသည်။
    ''ဒီမှာ Red Cross လည်း လုပ်နေတာပဲ။ ဘာမှမဖြစ်ဘူး။ လူတွေကလည်း ကူညီလုပ်ကိုင် ပေးပါတယ်။ တခြားအဖွဲ့အစည်း တွေ နာမည်ခံပြီးလုပ်ရင် ဒေသခံ
တွေကလက်ခံပါတယ်"ဟုအထက်ပါပုဂ္ဂိုလ်က ပြောသည်။
    ရခိုင်ပြည်နယ်တွင် ဇွန်လအတွင်းဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုများတွင် အိုင်အင်န်ဂျီအိုသုံးခုမှဝန်ထမ်းကိုးဦး ပါဝင်ပတ်သက်မှု
ရှိခဲ့ကြောင်း အစိုးရကလည်း တရားဝင်ထုတ်ပြန်ကြေညာထားပြီးဖြစ်သည်။
    လူသားချင်း ကူညီထောက်ပံ့ မှုများ ပေးနေသည့် နိုင်ငံတကာ အဖွဲ့အစည်းများထဲတွင် အရေး အခင်းလှုံ့ဆော်သူ ၀န်ထမ်းအချို့ ပါဝင်ခဲ့ခြင်းနှင့် ခွဲခြားထောက်ပံ့ ကူညီနေခြင်းများ ရှိခဲ့သည်ဟု စွပ်စွဲခံထားရသူများကို ဆက်လက်ဆန္ဒပြပြနေခြင်းဖြစ်သည်။
    ''ဒီလိုလုပ်တာဟာ အရင်က UN နဲ့ INGO တွေ ရခိုင်တိုင်းရင်း သားတွေအပေါ် အစဉ်အဆက် ခွဲခြားဆက်ဆံခဲ့တာတွေကြောင့် ပါ။ သူတို့ဆီမှာ ၀န်ထမ်းတွေခန့် ရင်ဘင်္ဂါလီတွေကိုပဲခန့်တယ်။ AZG က ဖွင့်တဲ့ သဇင်ဆေးခန်းမှာဆိုရင်ဘင်္ဂါလီတွေကိုပဲဝင်ခွင့်ပေးပြီးရခိုင်တွေလာရင်နှင်ထုတ်တာမျိုး
လုပ်ခဲ့တယ်" ဟု ရခိုင်ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအောင်မြတ်ကျော်ကပြောသည်။
    သို့သော် လူမှုရေးအဖွဲ့အ စည်းများ၏ ကူညီထောက်ပံ့မှုများ ကို ယခုကဲ့သို့ ဆက်လက်ကန့် ကွက်နေဦးမည်ဆိုလျှင် မလိုလား အပ်သော ကျန်းမာရေးနှင့် လူမှု ရေးဆိုင်ရာ နောက်ဆက်တွဲပြဿ နာများ ဖြစ်ပေါ်လာနိုင်ကြောင်း သွားရောက်ကူညီမှုပေးနေသည့် အဖွဲ့အစည်းအချို့မှ တာဝန်ရှိသူ များကပြောသည်။
    ''အခု ဒုက္ခသည်စခန်းတွေ မှာ ၀မ်းရောဂါ အချိန်မရွေးဖြစ် ပွားပြီး ပြန့်ပွားနိုင်တဲ့အခြေအနေ ဖြစ်နေတယ်။ ယင်မလုံတဲ့အိမ်သာ တွေကို သုံးနေကြတယ်။ အမျိုး သမီးတွေဟာ မလုံခြုံတဲ့အိမ်သာ တွေကိုသုံးနေရတယ်။ နေရာအနှံ့ မှာ မစင်တွေရှိနေတယ်"ဟု ရေ နှင့်သန့်ရှင်းမှုဆိုင်ရာ စစ်တမ်းများ ကောက်ယူနေသည့် အဖွဲ့အစည်း တစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
    ထို့အပြင် မတော်တဆ ၀မ်း ရောဂါကူးစက်မှုဖြစ်ပွားပါက ဒုက္ခ သည်စခန်းများမှတစ်ဆင့် မြို့နယ် အတွင်း၊ ပြည်နယ်အတွင်းနှင့် နယ် စပ်ဒေသများသို့ပါ ကူးစက်ပျံ့နှံ့ နိုင်ကြောင်း ၎င်းင်းကဆက်ပြော သည်။ ရခိုင်ပြည်နယ်ရှိ မျိုးချစ်လူ ငယ်အချို့ကလည်း ပြည်တွင်း ပြည်ပ လူမှုရေးအဖွဲ့အစည်းများ ထံ စာဖြင့် ရေးသားပေးပို့ကာ ပြစ် တင်ဝေဖန်မှုများရှိနေကြောင်း စစ် တွေမြို့တွင် သွားရောက်ကူညီမှု ပေးနေသည့် အဖွဲ့အစည်းတစ်ခုမှ တာဝန်ရှိသူကပြောသည်။
    သွားရောက်အကူအညီပေး မည့် အဖွဲ့အစည်းများသည် ဒုက္ခ သည်များအတွက် လုပ်ဆောင် ပေးရမည့်ကိစ္စရပ်များတွင် နှောင့် ယှက်ခံရခြင်းများ ရှိမည်ကိုလည်း စိုးရိမ်မှုများရှိနေပြီး သတိထားလုပ် ဆောင်နေရသည်ဟုသိရသည်။
    ''ဒေသခံတွေက အဖွဲ့အ စည်းတွေကို မုန်းတာမဟုတ်ဘူး။ အကြမ်းဖက်ကန့်ကွက်တာမလုပ် ပါဘူး။ လုပ်ဖို့လည်း ဆန္ဒမရှိဘူး။ ဒါပေမဲ့ တစ်ဖက်စောင်းနင်းလုပ်ခဲ့ တဲ့အဖွဲ့တွေကတော့ ဒီမှာ ပြန်ဝင် မယ်ဆိုရင် လူထုရဲ့ အနာဟောင်း တွေကျက်တဲ့အထိ အချိန်ကာလ တစ်ခုတော့ စောင့်ရလိမ့်မယ်"ဟု ဦးအောင်မြတ်ကျော်က ပြောသည်။
     ထို့အပြင် ဖြစ်ပျက်ခဲ့သည့် ပဋိပက္ခ ကာလတွင် ပါဝင်ခဲ့သည့် ထိုဝန်ထမ်းများကို အဖွဲ့အစည်းအမည် အသုံးချခဲ့သော လူ ပုဂ္ဂိုလ်အနေဖြင့်သာ မြင်ပေးရန် လိုအပ်ပြီး လက်ရှိအချိန်တွင် ဒုက္ခ ရောက်နေသူများအတွက် ကူညီမှု များကို လက်ခံရန်လိုအပ်ကြောင်း Myanmar Positive Group (MPG) မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
     အိတ်ခ်ျအိုင်ဗီပိုး ကူးစက်ခံ ထားရပြီး အေအာရ်ဗီဆေးကုထုံး ခံယူနေသူများအတွက် အကူအ ညီပေးမှုများ မရရှိပါက ဆေးဝါး ပြတ်လပ်မှုနှင့် ဆေးယဉ်ပါးမှုများ ကို ခံစားရကာ အေအိုင်ဒီအက်စ် အဆင့်သို့ အမြန်ဆုံးရောက်ရှိပြီး အစုလိုက်အပြုံလိုက် သေဆုံးမှု များဖြစ်ပွားနိုင်ကြောင်း MPG  ဥက္ကဋ္ဌကပြောသည်။
    ''အဖွဲ့အစည်းတွေ မရှိ၊ ၀န် ဆောင်မှုတွေ မရှိရင် ဒီလူတွေ အသက်ဆုံးရှုံးပါလိမ့်မယ်။ ရခိုင်ကလူတွေပဲ သေမှာ။ ဒီကာလမှာ အရေးပေါ် လာလုပ်ပေးနေတာ ဟာ အဖြေတစ်ခုမဟုတ်သေးပါ ဘူး။ ရှေ့ဆက်ပြီး ဘာလုပ်မလဲဆို တာ စဉ်းစားဖို့လိုမယ်"ဟု အထက် ပါပုဂ္ဂိုလ်ကပြောသည်။
    အရေးအခင်းဖြစ်ပွားစဉ် ဇွန်လအတွင်း ရခိုင်ပြည်နယ်တွင် နောက်ဆက်တွဲ ဆေးဝါးကုသမှု ခံယူရမည့် အိတ်ခ်ျအိုင်ဗီ အေအိုင်ဒီအက်စ်လူနာ စုစုပေါင်း ၄၂၂ဦးရှိပြီး လက်ရှိ ဖြစ်ပေါ်လျက်ရှိသော နယ်မြေမတည်ငြိမ်မှုများကြောင့် လူနာများအတွက် အေအာရ်ဗီ ဆေးဝါးပြတ်လပ်မှုနှင့် ဆေးယဉ်ပါးမှုပြဿနာများဖြစ် ပေါ်လာနိုင်ကြောင်း (MPG) မှသိရှိရသည်။
    ပဋိပက္ခများ မဖြစ်ပွားမီက MSF (Holland) (နယ်စည်းမ ထားဆရာဝန်များအဖွဲ့-ဟော် လန်)က ဖွင့်လှစ်ထားသည့် သဇင် ဆေးခန်း(စစ်တွေ)တွင် အေအာရ် ဗီဆေးဝါးရယူနေသော လူနာ ၃၂၀ ဦး၊ သဇင်ဆေးခန်း(ဘူးသီး တောင်၊ မောင်တော)တွင် ၃၄၉ ဦး စုစုပေါင်း ၆၆၉ ဦးရှိကြောင်း သိ
ရသည်။ ''အခု ၂၉၅ ဦးကိုဆေးဝါးရရှိအောင် ကူညီပေးနိုင်နေပါပြီ"ဟု MPG ဥက္ကဋ္ဌကပြောသည်။
    ထို့အပြင် ဒေသခံများ၏ မကျေနပ်မှုများနှင့် မျိုးချစ်စိတ် ပြင်းထန်ခြင်းများကို မိမိတို့ လေး စားပြီး ဒေသခံများဘက်ကလည်း ဖြစ်ပေါ်လာနိုင်သော ဆိုးကျိုးများ အတွက် စဉ်းစားသင့်ကြောင်း ကူညီမှုများ ပြုလုပ်ပေးနေသည့် ကျန်းမာရေးဝန်ထမ်းဟောင်းတစ် ဦးကပြောသည်။
    အဖွဲ့အစည်းများ ၀င်ရောက် ကူညီနိုင်မှု နည်းပါးသည့်အတွက် လက်ရှိ ဆောင်ရွက်နေသည့် စေ တနာ့ဝန်ထမ်းများအကြား လုပ် ငန်းပိုင်းဆိုင်ရာ မနိုင်နင်းမှုများနှင့် အလုပ်တွင်ကျယ်မှုကို ထိခိုက်လာသည်ကို တွေ့ရကြောင်း  MPG ဥက္ကဋ္ဌက ပြောသည်။
    ''ကာလကြာလာတော့ လူ နာကလည်း များလာတယ်။ စေတ နာ့ဝန်ထမ်းတွေလည်း ၀န်ထုပ်ဝန် ပိုးတစ်ခုလို ဖြစ်လာပြီး အလုပ် တွင်ကျယ်မှုကို ထိခိုက်လာတယ်။ စိတ်ကျမှုတွေဖြစ်လာတယ်။ စေ တနာ့ဝန်ထမ်းတွေဟာ စိတ်ပိုင်း ဆိုင်ရာ လူမှုအထောက်အပံ့တွေ အရေးတကြီးလိုအပ်နေပါတယ်"ဟုသူကပြောသည်။
    ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့ သည့် သာဓကသည် လူမှုရေးဆိုင် ရာအဖွဲ့အစည်းများအတွက် သင် ခန်းစာတစ်ခုကိုပေးခဲ့ပြီး နောက် ပိုင်းကာလများ၌ တိုင်းရင်းသား ဒေသများတွင် ဖွံ့ဖြိုးရေးလုပ်ငန်း များ သွားရောက်လုပ်ကိုင်မည့် အဖွဲ့အစည်းများသည် ဒေသခံဝန်ထမ်းခန့်အပ်ခြင်း ဦးစားပေး ပြုလုပ်ရန် လိုအပ်လာကြောင်း အထက်ပါပုဂ္ဂိုလ်က သုံးသပ်သည်။
    ရခိုင်ပြည်နယ်တွင် စစ်တွေ၊ ဘူးသီးတောင်၊ မောင်တောနှင့် သံတွဲမြို့များတွင် အရေးပေါ် အခြေအနေထုတ်ပြန်ထားသည်မှာ
နှစ်လနီးပါးကြာမြင့်ခဲ့ပြီဖြစ်ပြီး အရေးအခင်းများကြောင့် အိုးအိမ်မဲ့ဖြစ်သည့် ဒုက္ခသည်များအတွက် စခန်းများကား သံတွဲမြို့မှအပ ကျန်မြို့နယ်များတွင် ရှိနေဆဲဖြစ်သည်။
    ရခိုင်ပြည်နယ် စစ်တွေမြို့ ပေါ်တွင် ရခိုင်တိုင်းရင်းသားဒုက္ခ သည်များအတွက် စခန်းငါးခုနှင့်  မြို့ပြင်တွင် ဘင်္ဂါလီဒုက္ခသည်များ အတွက် စခန်းခြောက်ခုရှိသည်။
    ရခိုင်ဒုက္ခသည် စခန်းများ တွင် တိုင်းရင်းသားလူဦးရေ ၁၃၀၀၀ ခန့်ရှိပြီး ဘင်္ဂါလီ ဒုက္ခသည်ဦးရေမှာ ၅၀၀၀၀ ကျော်ရှိကြောင်း သိရသည်။

အင်ဂျင်ကအကောင်းကြီးပါ


အင်တာနက်လိုင်းပါသည့် မိုဘိုင်းလ်ဖုန်းများ တစ်ရက်လေးဒေါ်လာနှုန်းဖြင့် ငှားနိုင်



အင်တာနက်လိုင်းပါ SIM Card များကို ငှားရမ်းမည်ဆိုပါက စပေါ်ငွေ အမေရိကန်ဒေါ်လာ ၁ဝဝ ပေးချေပြီး ငှားရမ်းခအဖြစ် တစ်နေ့အမေရိကန် ဒေါ်လာလေးဒေါ်လာ ပေးချေရမည်ဖြစ်ကြောင်း သိရသည်။ အင်တာနက်လိုင်း မပါသော SIM Card များငှားရမ်းမည်ဆိုပါက အမေရိကန်ဒေါ်လာ ၅ဝ နှင့် ဟန်းဆက် ငှားရမ်းမည်ဆိုပါက အမေရိကန်ဒေါ်လာ ၅ဝ ကို စပေါ်ငွေအဖြစ် ပေးချေရမည်ဖြစ်ကြောင်း၊ လိုင်းမပါ သော SIM Card များကို တစ်နေ့ငှားရမ်းခ အမေရိကန်ဒေါ်လာ နှစ်ဒေါ်လာ၊ ဟန်းဆက်ငှားရမ်းခ တစ်နေ့အမေ ရိကန်ဒေါ်လာ နှစ်ဒေါ်လာဖြစ်ကြောင်း သိရသည်။

ငွေချေးလို့ရပြီ


အသေးစားငွေရေးကြေးရေးလုပ်ငန်း လုပ်ကိုင်လိုသော အဖွဲ့အစည်းများအနေဖြင့် အသေးစားငွေရေးကြေးရေးလုပ်ငန်းကြီးကြပ်မှုကော်မတီနေပြည်တော်နှင့် သက်ဆိုင်ရာ နေပြည်တော်ကောင်စီ တိုင်းဒေသကြီးနှင့် ပြည်နယ် အသေးစားငွေရေးကြေးရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီသို့ ဆက်သွယ်လျှောက်ထားနိုင်ကြောင်း အထက်ပါကော်မတီက သြဂုတ် ၁၀ရက်ထုတ် နိုင်ငံပိုင်သတင်းစာများတွင် တရားဝင်ကြေညာထားသည်။ အသေးစားငွေရေးကြေးရေး ကြီးကြပ်မှုကော်မတီ၏ ဖုန်းနံပါတ်များမှာ ၀၆၇-၄၁၀၀၄၈၊ ၄၁၀၁၉၀၊ ၄၁၀၂၅၄ တို့ဖြစ်သည်။ လက်ရှိတွင် အသေးစားငွေရေးကြေးရေးလုပ်ငန်း လုပ်ကိုင်ခွင့်လိုင်စင် ရရှိထားသော အဖွဲ့အစည်းများမှာ INGO အဖွဲ့ငါးဖွဲ့၊ NGO ရှစ်ဖွဲ့၊ သမ၀ါယမ ၄၁ဖွဲ့၊ ကုမ္ပဏီ၂၃ဖွဲ့ စုစုပေါင်း ၇၇ဖွဲ့ရှိသည်။

"ကချင်နှင့် ချင်းပြည်နယ်တွင် ငလျင်ကြီးများ ထပ်မံလှုပ်ဖွယ် မရှိ"


ကချင်နှင့်ချင်းပြည်နယ်တို့တွင်အင်အားပြင်းငလျင်ကြီးများထပ်မံလှုပ်ခတ်ဖွယ်မရှိကြောင်းမြန်မာနိုင်ငံငလျင်ကော်မတီအတွင်းရေးမှူး ဦးစိုးသူရထွန်းက ပြောသည်။ မြန်မာနိုင်ငံသည် အာရှနှင့် ဥရောပကို ဖြတ် သန်းတည်ရှိသည့် အယ်လ်ပိုက်ငလျင်ကြောပေါ်တွင် တည်ရှိသော်လည်း ကချင်ပြည်နယ် နှင့် ချင်းပြည်နယ် အတွင်း ဖြစ်ပေါ်ခဲ့သော ငလျင်ငယ် များမှာ အိန္ဒိယပြတ်ရွေ့နှင့် စစ်ကိုင်းပြတ်ရွေ့များ လှုပ်ရှားမှု ကြောင့် သာဖြစ်ကြောင်း၊ ငလျင်သဘောသဘာဝအရ ငလျင်ငယ်များ မကြာခဏ လှုပ်ခတ်ပြီးပါက အင်အားပြင်းငလျင်များလှုပ်ခတ်လေ့ ရှိကြောင်း၊ သို့ရာတွင် ယခု ကချင်ပြည်နယ်နှင့် ချင်းပြည်နယ်အတွင်း ဇူလိုင်နောက်ဆုံးအပတ်နှင့် သြဂုတ် လဆန်းပိုင်းကလှုပ်ခတ်ခဲ့သော ငလျင်ငယ်များမှာ နေရာတစ်ခု တည်းကို ဗဟိုပြု၍ မကြာခဏလှုပ်ခတ်နေခြင်း မျိုးမဟုတ်ဘဲနေရာဒေ သခြား၍ လှုပ်ခတ်ခြင်းဖြစ် သည့်အတွက် အင်အားပြင်းငလျင်များ ထပ်မံ လှုပ်ခတ်နိုင်မည် မဟုတ်သော်လည်း ထိုငလျင် ငယ်များကြောင့် တောင်ပြို ကျမှုနှင့် မြေပြိုကျမှုများ အချိန်မရွေး ဖြစ်ပေါ် နိုင်သည့်အတွက် ထိုဒေသ တွင် နေထိုင်သူများအနေဖြင့် သတိပြုနေထိုင် ရန် လိုအပ်ကြောင်း ၄င်းကပြောသည်။ ”အခု ဖြစ်နေတာတွေက ငလျင်ငယ်လေးတွေပဲ၊ ငလျင်ကြီး တွေနဲ့ ဆက်စပ်မှုမရှိတဲ့အပြင် အဆောက်အအုံတွေပြို ကျနိုင်လောက် တဲ့အခြေအနေလည်းမရှိဘူး။ ဒါပေမဲ့ အခုငလျင် လှုပ်တဲ့နေရာတွေက တောင်ပေါ်ဒေသတွေဖြစ်နေတဲ့အပြင် သစ်တောနဲ့ သဘာဝပတ်ဝန်းကျင် ပျက်စီးယိုယွင်းနေတဲ့နေရာတွေ ဖြစ်နေတဲ့ အတွက် တောင်ပြို ကျတာတို့၊ မြေပြိုတာတို့ဖြစ်နိုင်တယ်။ အထူးသဖြင့် ချင်းပြည်နယ်မြောက်ပိုင်းနဲ့ ကချင်ပြည်နယ် ဖားကန့်ဒေသတွေ မှာ နေထိုင် တဲ့သူတွေအနေနဲ့ ပိုသတိထားသင့်တယ်” ဟု ဦးစိုးသူရထွန်းက ပြောသည်။ကချင်ပြည်နယ်အတွင်း ဟိမဝန္တာနှင့် အာရှတိုက်၏ မြေထုချပ်ချင်းတိုက်ရိုက် တိုက်သည့်ဖြစ်စဉ်ကြောင့် ဖြစ်ပေါ်သောငလျင်ပြတ်ရွေ့နှင့် စစ် ကိုင်းပြတ်ရွေ့တို့ရှိနေသည့် အတွက် ငလျင်ငယ်များ မကြာခဏလှုပ်လေ့ ရှိသော်လည်း ငလျင်ကြီးများမှာ နှစ်တစ်ရာဝန်းကျင်ခန့်မှသာ တစ်ကြိမ် လှုပ်လေ့ရှိကြောင်း၊ ငလျင်မှတ်တမ်းများအရ တကောင်း-မြစ်ကြီးနား-ပူတာအိုငလျင်သည် ၁၉၉ဝ တွင် တစ်ကြိမ်လှုပ်ခတ်ခဲ့ပြီး ၁၉၄၆ ခုနှစ် က ကချင်ပြည်နယ် ကာမိုင်းမြို့နယ်၌ ၇ ဒသမ ၇၅ အဆင့်ထိ ငလျင် ကြီးလှုပ်ခတ်ခဲ့ကြောင်း၊ ယခုအခါ ကချင်ပြည်နယ်အတွင်း ငလျင်ကြီး မလှုပ်ခတ်သည်မှာ နှစ်ပေါင်း ၇ဝ ခန့်ရှိပြီဖြစ်သည့်အတွက် ငလျင်ကြီးများ လှုပ်ခတ်နိုင်သည်ကို လည်း မျက်ခြည်မပြတ် သတိပြုရန်လိုအပ်ကြောင်း ၄င်းကထပ်မံပြောသည်။