Monday, August 13, 2012

လန်ဒန်၌ အမျိုးသမီး ၂ ဦး အပေါ်ပိုင်းဗလာဖြင့် အစ္စလာမ်မစ် အစွန်းရောက်များအား ကန့်ကွက်ဆန္ဒပြ



အစ္စလာမ်မစ် အစွန်းရောက် နိုင်ငံများနှင့် အာဏာရှင်များအား ဆန့်ကျင်ရှုတ်ချသည့် အနေဖြင့် လန်ဒန်၌ အပေါ်ပိုင်းဗလာဖြင့် ကန့်ကွက်ဆန္ဒပြခဲ့သည် ယူကရိန်းနိုင်ငံမှ အမျိုးသမီး ၂ ဦးအနက် ၁ ဦးအား လန်ဒန်ရဲမှ ဖမ်းဆီးခေါ်ဆောင် သွားသည်ကို တွေ့ရမည်ဖြစ်သည်။ သူမတို့ ၂ ဦးသည် အဆိုပါ အစ္စလာမ်မစ် အစွန်းရောက်နိုင်ငံ များနှင့် အာဏာရှင်များသည် အမျိုးသမီးများ၏ အခွင့်အရေးများ အား လျစ်လျူရှုပြီး ချိုးနှိမ်နေသည်ကို မကျေနပ်၍ ယခုကဲ့သို့ ဆန္ဒပြခဲ့ခြင်းဖြစ်သည်။ သူမတို့သည် "အရှက်မရှိ လန်ဒန်အိုလံပစ် (Olympic Shame)" "အစ္စလာမ်ဘာသာရေး ဥပဒေများ ပယ်ဖျက်ပေး (No Sharia)" ဟူသော စာတမ်းများအား ယင်းတို့၏ ကိုယ်ပေါ်၌ ရေးသားကာ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

မလေးရှားမှရိုဟင်ဂျာများ၏ယုတ်မာမှုများ(မလေးမှရွေမြန်မာအထူးသတိထားရန်)


 


မလေးရှားတွင် ရခိုင်တိုင်းရင်းသားများကြု

ံတွေ့နေရသော လူသတ်အကြမ်းဖက်ခံရမူ
လူပျောက်မူ နဲ့ ရိုက်နက်ခံရမူ စသည့် အမူတွဲများကို ၉.၈.၂၀၁၂ တွင်UNHCR ရုံးသို့ တင်ပြခဲ့ကြောင်း သိရှိရသည်။
၎င်းတင်ပြချက်များမှ လက်ရှိဖြစ်ပျက်ခဲ့သော မလေးရှားရှိ အမူများမှာ…..
(၁)၁၁.၆.၂၀၁၂ ညပိုင်း ၉း၃၀ အချိန်တွင် Srigonbak အနီးရှိ ကိုမင်းမင်းထွန်းသည် အလုပ်မှစက်ဘီးဖြင့် ပြန်လာစဉ် ကားနံပါတ် WED 8904 အဝါရောင် WIRA ကားဖြင့်ကိုမင်းမင်းထွန်းစီ
လာသောစက်ဘီးကို နောက်မှ ဝင်တိုက်ကာ ၄င်း ကိုမင်းမင်းထွန်းအား ဆွဲတင်သွားသည်ကို မျက်မြင်များပြောဆိုချက်အရ သိ့ရှိရသည်။

(၂) ဇွန်လ ၁၁ ရက်နေ့တွင် ဂျိုဟိုးဘာရူး ကိုတာသင်္ဂီ တွင် ကိုအချက် နှင့် ကိုအောင်ဇော်မိုး . ကိုပျော့ချေ ရခိုင်သုံးဦးနေထိုင်တဲ့ အိမ်သို့ အကြမ်းဖက်လိုသူတစ်စုမှ ဆိုင်ကယ်ဖြင့်ဝင်ရောက်လာပြ
ီး ဓုတ် ဓါး လူကိုသေစေနှိင်တဲ့ လက်နက်များဖြင့် ရိုက်နက်ခဲ့ကြသည် သုံးဦးထဲ့မှာ တစ်ဦးမှာ ကိုတာသင်္ဂီဆေးရုံးကြီးတွင် အတွင်းလူနာအဖြစ် ဆေးကုသမူခံယူနေဆဲ ဖြစ်ပါသည်

(၃) ဇူလိုင်လ ၁၂ နေတွင် ရှားလမ်းရှိ Section 7 တွင် ကိုလင်းနှိင်သည် ညဖက်အလုပ် မှ အိမ်သို့ ပြန်လာချိန်တွင် အကြမ်းဖက်တိုက်ခိုက်သူ ရိုဟင်ဂျာ ဟုယူဆရသူ တစ်စုမှ ကားဖြင့် စောင့်ဆိုင်းပြီး မှောင်ရိပ်ခိုကာ တိုက်ခိုက်သဖြင့် ဦးခေါင်းနောက်စီး ဒါဏ်ရာ နောက်ကျော့တွင် ဓါးခုတ် ဒါဏ်ရာဖြင့် ကလန်း ဆွေးရုံးကြီးတွင် ဆေးကုသမူခံယူခဲ့ရသည်

(၆) ဇူလိုင်လ ၁၈ ရက်နေ့တွင် အန်ပန်းမြို့နယ် အူလူလန်ကန်း ၁၄ မိုင်တွင် ကိုစိုးနှိင် ကိုမောင်စောအောင် (ခ) ကျော်သိန်း တို့ကို အကွက်ကျကျ စီစဉ် သတ်ဖြတ်ခဲ့ပြီး တော့ထဲတွင် ပစ်ထားခဲ့သည် နှစ်လောင်းပြိုင်လူသတ်ခံရမူ

(၇) ဇူလိုင်လ ၂၈ ရက်နေ့က အီဂျိုးကော်လာဆလန်းဂေါ မှ ဘစ်ကားဖြင့် လိုက်ပါလာသော ကို တိုးဝေဖြိုးအား ဆုံဂိုင်းဘလိုး အရောက်တွင် ရခိုင်များအား ရန်မူရန် ကြိုတင်စောင်ဆိုင်းနေသော လူတစ်စုမှ ကားထက်သို့ တက်လာပြီး ရခိုင်စကားပြောသံကို ကြားသဖြင့် ရခိုင်လူမျိုး ဟု မေးမြန်းကာ ဝိုင်းဝန်းထိုးကြိုက်ကြပြီး
 ကားထက်မှ ကားအောက်သို့ ဆွဲချစဉ် အတူလိုက်ပါလာသောခရီးသသည်များ ဝိုင်းဝန်းကူညီမူကြောင့် အသက်ဘေးမှ လွတ်မြောက်လာခဲ့ရပါသည် ။

(၈) ၃.၈.၂၀၁၂ တွင် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ရှိ ရခိုင်အမျိုးသားပိုင် မြန်မာ ဥယျာဉ် ဆိုင်ကို ရိုဟင်ဂျာ အမည်ခံ ဘင်္ဂလီ လူအုပ်စု ၅၀ ကျော်ခန့်က သာကြာနေ့ ညနေပိုင်း ၅နာရီခန့်တွင် ဗလီမှ အပြန် လမ်းတွင် ရခိုင်သား ၂ ဦးအားလိုက်လံရိုက်နက်တိုက်
ခိုက်ခဲ့ပြီး ၄င်း မြန်မာဥယျဉ် ဆိုင်သို့ ၀င်ရောက် တိုက်ခိုက်သွားခဲ့သည့် စသည့် အမူတွဲများကို UNHCR မှ ကိုယ်စားပြုရောက်ရှိလာသော တာဝန်ရှိသူများထံသို့ ရခိုင်အဖွဲအစည်းများမှ ပြောရေးဆိုခွင့် ရှိသူမျာှး တင်ပြခဲ့ရာ ၄င်း UNHCR တာဝန်ရှိသူများမှ ယခုလိုမေးပါတယ်။ ပြီးသွားတဲ့ ဒီအမူတွေ နဲ့ ပတ်သတ်ပြီး ရိုဟင်ဂျာ များရဲ့ လက်ချက်ဖြစ်တယ်လို့ ဘာကြောင့်ပြောနှိင်ရတာလဲ အခုလိုပြောပါတယ် ။ ဒါကြောင့် ရခိုင်အဖွဲအစည်းများမှလည်း ပြီးသွားတဲ့ အမူများနဲ့ပတ်သတ်လို့ ဇူလိုင်လ ၁၈ ရက်နေ့တွင် အန်ပန်းမြို့နယ် အူလူလန်ကန်း ၁၄ မိုင်တွင် ကိုစိုးနှိင် ကိုမောင်စောအောင် (ခ) ကျော်သိန်း တို့ကို အကွက်ကျကျ စီစဉ် သတ်ဖြတ်ခဲ့ပြီး တောထဲတွင် ပစ်ထားခဲ့သည့် နှစ်လောင်းပြိုင်လူသတ်ခံရမူ တွင် ရိုဟင်ဂျာ အေးဂျင့် များခေါ်ဆောင်သွားခဲ့သည် ဟု သက်သေခံအထောက်ထားအရ အထက်ပါ အမူများကို တင်ပြခဲ့ကြောင်းသိရှိရပါသည်။
ထိုသို့တင်ပြခဲ့ပြီး ယခုလက်ရှိ အခြေအနေရ ရခိုင်အနည်းစု နေထိုင်ရာ အလုပ်လုပ်ကိုင်နေကြရတဲ့ ရခိုင်လူမျိုးတွေအတွက်ပါစို
းရိမ်ပူပင်နေကြရတဲ့အကြောင်းတွေကိုပါဆက်လက်တင်ပြခဲ့သည်ဟုလည်းသိရှိရပါသည်။
UNHCR မှလည်း ယခုလို့ အကြမ်းဖက်မူများ ရှိခဲ့လျှင် UNHCR ရဲ့ OPI ဌာနသို့ ကာယကံ ရှင်ကိုယ်တိုင် (သို့မဟုတ်)နီးစပ်သူတစ်ဦး မှ လာရောက်တိုင်ကြားနှိင်ကြောင
်းလည်း ၄င်း UNHCR တာဝန်ရှိသူများမှ အကြုံပြုပြောဆိုခဲ့သည် ဟုသတင်းရရှိပါသည်။

ဆော်ဒီ ဘုရင်က ရိုဟင်ဂျာများအတွက် ဒေါ်လာ သန်း ၅၀ လှူ






 ဆော်ဒီ အာရေဗျ ဘုရင် Abdullah  က မြန်မာနိုင်ငံရှိ မူဆလင် လူနည်းစုများအတွက် အမေရိကန်ဒေါ်လာ သန်း ၅၀ ကူညီထောက်ပံ့မည်ဟု အမိန့်တော်ပြန်လိုက်သည်။

ပြောတာလဲမင်းပါဘဲ


ဘယ်သူ့ကိုလာဘ်ပေးရလဲ တိတိကျကျပြော အရေးယူမယ်

ယခုအခါ နိုင်ငံတော်တရား စီရင်ရေးနဲ့အု
ပ်ချုပ်ရေးဆိုင်ရာ ပုဂ်္ဂိုလ်များရဲ့ စီးပွားရေးလုပ်ငန်း များ၊ပိုင်ဆိုင်မှုများကို

သတင်းတို

 


(ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် NLD ပါတီမှ လွှတ်တော်ကိုယ်စားလှယ်များ ယနေ့ ညနေလေးနာရီ တွင် နေပြည်တော် စည်ပင်ဧည့်ရိပ်သာ၌အစည်းအဝေးပြုလုပ် နေပုံ။)

တိုင်းပြည် ဖွံ့ ဖြိုးတိုးတက်အောင် ဖော်ဆောင်မည်ဟု Golden Generations မှ ပြောကြား။




လူထုကြားကနေပြီးတော့ တိုင်းပြည် ဖွံ့ ဖြိုးတိုးတက် ရေးကို ဖော်ဆောင်မည် ဟု Golden Generations မှ တာဝန်ရှိသူတစ်ဦးက Afijournal ၏မေးမြန်း ချက်ကို ယခုလိုပြောကြားခဲ့ပါသည်။

နိုင်ငံတကာသို့ ကြွေးမြီး ဆပ်ရန် မြန်မာနိုင်ငံအား ဂျပန်ဘဏ်များအုပ်စု ကန်ဒေါ်လာသန်း(၉၀၀) စီစဉ်ပေး



မြန်မာနိုင်ငံက နိုင်ငံတကာဘဏ်များသို့ ပေးဆပ်ရန် ကျန်ရှိနေသော အကြွေးများပေးဆပ်နိုင်ရန် အတွက် ဂျပန်ဘဏ်များ အုပ်စုက အမေရိကန် သန်း(၉၀၀) ကိုစီစဉ်ပေးသွားမည်ဟု သိရသည်။

မွေးနေ့ အလှူလုပ်ပြီး ပျော်ရွှင်စွာ ဖြတ်သန်းခဲ့ ချစ်သုဝေ

 
 
"မွေးနေ့ အလှူလုပ်ပြီး မိဘမဲ့ ကလေးများနဲ့ ပျော်ရွှင်စွာ ဖြတ်သန်းခဲ့တဲ့ ချစ်သုဝေ" သြဂုတ်လ ၁ဝရက်နေ့ မွေးနေ့ရှင် ချစ်သုဝေက မွေးနေ့အလှူအဖြစ် Children Our Future လူငယ်ပရဟိတ အဖွဲ့နဲ့အတူ သြဂုတ်လ ၅ရက်နေ့ မနက်

မန္တလေးမှ ရန်ကုန်သို့အပြန် ၇၉မိုင်မှာ ကားအက်ဆီးဒင့်ဖြစ်ခဲ့ တဲ့ ရွှေရည်သိန်းတန် တို့ ဇနီး မောင်နှံရဲ့ အခြေအနေ




မြန်မာသံ တေးသံရှင် ရွှေရည်သိန်းတန် နဲ့ ခင်ပွန်းဖြစ်သူ သရုပ်ဆောင် အဆိုတော် ကောင်းသန့်ဟိန်းတို့ မန္တလေးမြို့မှာ ကျင်းပ ပြုလုပ်တဲ့ တွံတေး သိန်းတန် အမှတ်တရ ဖျော်ဖြေပွဲ အတွက် ဇူလိုင် ၃ဝရက်နေ့က

ပေါင်းလောင်းဆည် စီမံကိန်းမလွတ်သည့် ရွာ ၂၃ ရွာ ဖယ်ပေးရမည်


အထက်ပေါင်းလောင်းဆည် တည်ဆောက် ပြီးသွားသည့်အတွက် ရေ၀ပ်ဧရိယာတွင် ပါဝင်နေသော ကျေးရွာ ၂၃ ရွာကို သက်ဆိုင်ရာ အာဏာပိုင်များက ယခုလကုန်

အမေရိကန်နိုင်ငံတွင် တရားလက်လွတ်အကြမ်းဖက်မှုများ ရပ်တန့်ရေးဆောင်ရွက်သွားရမည် ဖြစ်ကြောင်း အိုဘားမားက ပြောကြားလိုက်ခြင်း





အမေရိကန် နိုင်ငံတစ်ဝန်း တရားလက်လွတ် အကြမ်းဖက်မှု များရပ်တန့်ရန်နှင့် အမေရိကန် ပြည်သူများ အနေဖြင့် အကြမ်းဖက်မှုများ ရပ်တန့်ရေးအပေါ် အာရုံစူးစိုက်ဆောင ရွက်ကြရန် တိုက်တွန်းကြောင်း

မြန်မာနိုင်ငံရိုးရာလက်ဝှေ့ အဖွဲ့ချုပ်မှ ကြီးမှူးတဲ့ ရိုးရာလက်ဝှေ့ပွဲ



အားကစားဝန်ကြီးဌာန၊ မြန်မာနိုင်ငံ ရိုးရာလက်ဝှေ့ အဖွဲ့ ချုပ်မှကြီးမှူးတဲ့ မြန်မာ့ရိုးရာလက်ဝှေ့  စိန်ခေါ်ပွဲကြီးကို သြဂုတ်လ ၁၂ရက် က သိမ်ဖြူအားကစားခန်းမတွင်ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ဘယ်လိုဖြစ်ရတာတုန်း?



 





မန်မာသမိုင်းတွင် ထင်ရှားသော ဘုရား၊ စေတီများ အပါအ၀င် ဘုရားစေတီ ၁၀၀ကျော် တည်ရှိရာ မုံရွာအနီး ဖိုလ်ဝင်တောင်တွင် ဩဂုတ်လ ၁၁ ရက်နေ့ နေ့လည် (၁၁း၀၀) ခန့်က ပြင်သစ် ဧည့်လမ်းညွှန် အမျိုးသမီး တစ်ဦးမှ ဦးဆောင်လာသော ပြင်သစ် ဧည့်သည် (၁၀) ဦးထဲမှ အမျိုးသမီး တစ်ဦးဟာ ဖိုလ်ဝင်တောင်၊ ဝင်္ကဘာ လိုဏ်ဂူရဲ့ အပေါ် အဆင့်မှာ ရှိတဲ့ ရန်ကုန် လိုဏ်ဂူ အတွင်းမှာ မစင်စွန့်ခဲ့ ကြောင်း မြန်မာနိုင်ငံ ဧည့်လမ်းညွှန် များအသင်း၊ မန္တလေး မှ သတင်း ထုတ်ပြန်သည်။ 

အနီးအနားရှိ မျောက်စာ ရောင်းသူများမှ အိမ်သာရှိရာ ညွှန်ပြခဲ့ ပါသော်လည်း မရခဲ့ကြောင်း မှတ်တမ်းတင် ဓာတ်ပုံများ နှင့်တကွဇုံ သို့ သတင်းပေးပို့ကြောင်း ယင်းသတင်းတွင် ဖော်ပြပါရှိသည်။

ဝါဆိုသင်္ကန်းကပ်လှူခဲ့တဲ့ ဝိုင်းစုခိုင်သိန်း



ဝိုင်းစုခိုင်သိန်းက သြဂုတ်လ ၉ရက်နေ့က နေအိမ်မှာ ဘုန်းကြီး ငါးပါးပင့်ကာ အရုဏ် ဆွမ်းကပ်ခဲ့ပြီး ဝါဆိုသင်္ကန်း ကပ်လှူခဲ့ပါတယ်။ ဝါတွင်းကာလဖြစ်တဲ့အတွက် ဝါဆိုသင်္ကန်း ကပ်လှူခဲ့ပြီး ခင်မင်ရင်းနှီးတဲ့

ထိုင်းနိုင်ငံတွင် ရေကြီးမှုဒဏ် ကာကွယ်ရေး တမံကို စမ်းသပ်



ထိုင်းနိုင်ငံမှ တာဝန်ရှိသူများမှာ သောကြာနေ့က စက်မှုဇုံတွင် ဆောက်လုပ်ထားသည့် ရေကြီးမှု ဒဏ်ခံ တမံကို စမ်းသပ်မှု ပြုလုပ်လိုက်ကြောင်း
သိရသည်။ Nava Nakorn  စက်မှုဇုံမှာ ဘန်ကောက်မြို့ အပြင်ဘက်တွင် ရှိခြင်းဖြစ်ကာ ယမန်နှစ်က ပြင်းထန်သည့် ရေကြီးမှုနှင့် ကြုံခဲ့ရပြီးနောက် ဆုံးရှုံးမှုများ ဖြစ်ခဲ့ရသဖြင့် ယခုလို အကာအကွယ်များကို ပြုလုပ်ရခြင်းပင် ဖြစ်သည်။

အစိုးရမှာ စက်မှုဇုံ ပတ်လည်တွင် အမြင့် ၃.၅ မီတာ အမြင့် တမံဆောက်ရန် အမိန့်ပေးထားခဲ့ခြင်း ဖြစ်သည်။ ထိုင်းဝန်ကြီးချုပ် ယင်လတ်ရှင်နာဝပ်မှာ အဆိုပါ စမ်းသပ်ပွဲသို့ တက်ရောက်ခဲ့ပြီး တာဝန်ရှိသူများမှာ ၁၈၀၀ ကုဗမီတာ ကျယ်ဝန်းသည့် အကာအရံများ ရှိရာသို့ ရေများကို စုပ်သွင်းကာ စမ်းသပ်ခဲ့ကြသည်။ အဆိုပါ စမ်းသပ်မှုပြုသည့် ဧရိယာမှာ တမံ အသစ်ကဲ့သို့ နံရံများ တည်ဆောက်ထားခြင်း ဖြစ်သည်။ 

ယင်းစမ်းသပ်မှုတွင် ရေဖိအားဒဏ်ကို ခံနိုင်ရည် ရှိကြောင်းလည်း တွေ့ရှိခဲ့ရသည်။  ယခုလို စမ်းသပ်မှုကို ပြုလုပ်ပြခြင်းမှာ အစိုးရ အနေဖြင့် ကြိုတင် ပြင်ဆင်ထားမှုများ ရှိကြောင်းကို ပြသလို၍ ဖြစ်ကြောင်းလည်း သိရသည်။ Nava Nakorn ခရိုင်မှာ ကုမ္ပဏီပေါင်း ၂၀၀ ကျော်၏ စက်ရုံများ ရှိပြီး ယမန်နှစ်က ရေတက်မှုတွင်  ၂.၇ မီတာအထိ ရောက်ရှိခဲ့သဖြင့် ပျက်စီး ဆုံးရှုံးမှုများ များပြားခဲ့ရသည်။

မန္တလေးအောင်မြေ သာစံမှာပေါက်ကွဲမှု တစ်ခုဖြစ်ပွား











မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ ညောင်ကွဲရပ်၊ ရတနာဂီရိဂူကြီးတိုက်နှင့် မျက်နာခြင်းဆိုင်တွင်ရှိသည့် ပလပ်စတစ်၊ စက္ကူ၊ ပုလင်း အဝယ်လုပ်ငန်းတစ်ခုတွင် ယနေ့နံနက် ၈နာရီခွဲခန့်က ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ကြောင်းသတင်းရရှိသည်။ ထိုပေါက်ကွဲမှု ဖြစ်ပွားရာ နေရာသို့ တာဝန်ရှိသူများ ရောက်ရှိ စစ်ဆေးလျှက်ရှိပြီး ပေါက်ကွဲမှုကြောင့် ၂၈ နှစ်အရွယ်လူငယ်တစ်ဦးနှင့် သုံးနှစ်အရွယ် ကလေးတစ်ဦး ထိခိုက်ဒဏ်ရာ အနည်းငယ် ရရှိသွားကြောင်း  သတင်းရရှိသည်။




Day News ဂျာနယ်သတင်းထောက်ကို မမှန်သတင်း ရေးသားသည်ဟု ဆိုကာ သတင်းစာမှ တစ်ဆင့် ဆင့်ခေါ်



ရန်ကုန် ဩဂုတ် ၁၃




မြန်မာနိုင်ငံတွင်း ထုတ်ဝေသည့် ၇ ရက် သတင်းဂျာနယ်ပါ ကျေးရွာ 'လျှပ်စစ် မီးလင်းရေး လေးနှစ်ကြာသော်လည်း မီးမရဘဲ မီတာ လျှောက်ထားသူများ အကြွေးတင်' သတင်းပါ အချက်အလက်များသည် သက်ဆိုင်ရာ ကျေးရွာ လျှပ်စစ်မီးလင်းရေးကော်မတီနှင့်

 
တာဝန်ယူဆောင်ရွက်နေသော ကုမ္မဏီ သို့လာရောက် မေးမြန်းခြင်းမရှိဘဲ လွဲမှားစွာရေးသားသည်ဟုဆိုကာ ၇ ရက် သတင်းဂျာနယ် မုံရွာမြို့မှ သတင်းထောက် ရန်နိုင်ကျော် ကို လာရောက် တွေ့
ဆုံရန် နိုင်ငံပိုင်သတင်းစာများမှတစ်ဆင
့် ယနေ့ ဆင့်ခေါ်လိုက် ကြောင်း ကာယကံရှင် က ပြောကြားသည်။

မီးလင်းရေးကို တာဝန်ယူ ဆောင်ရွက်နေသည့် ဖွံ့ဖြိုးမြန်မာ အင်ဂျင်နီယာ (စီမံ) မှ ညွန်ကြားချက်အရ ယင်းကဲ့သို့ ဆောင်ရွက်ခြင်း ဖြစ် သည်ဟု ယင်းစာတွင် ဖော်ပြပြီး သတင်းထောက်ကို ၂ ပတ်အတွင်း လာရောက်
တွေဆုံရန်နှင့် မလာရောက်ပါက ကုမ္မဏီ ဂုဏ်သိက္ခာ ကျဆင်းမှုမျိုး
ဖြစ်ပေါ်စေသည့်အတွက် တရားစွဲဆိုသွားမည်ဟုလည်းပါရှိသည

်။

ကာယကံရှင် သတင်းထောက် ရန်နိုင်ကျော်က ယင်းသတင်းနှင့်ပတ်သက်၍ သတင်းအတည်ပြုချက် သွားရောက်ယူစဉ် ကုမ္မဏီရုံးခန်းမှာ ပိတ်ထား
ကြောင်းနှင့် ရှေနေ နှင့် တိုင်ပင် ကာ ၇ ရက် သတင်းဂျာနယ် သတင်း အယ်ဒီတာအဖွဲမှ တစ်ဆင့်ဖြေရှင်းသွားမည်ဖြစ်ကြော
င်းလည်းပြောကြား သည်။

ယင်း သတင်းထောက်သည် ခေတ္တကန် ကျေးရွာ မီးလင်းရေး ကော်မတီမှ တာဝန်ရှိသူ တစ်ဦးနှင့်၎င်း မုံရွာမြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံးမှ ခန့်မှန်းချက်များကို ၎င်းသတင်းတွင် မေးမြန်းရေးသားထားပြီး ဇွန်လ ၁၄ ရက်နေ့ ကဖြန့်ချိခဲ့သည့် ၇ ရက် သတင်းဂျာနယ် Vol 11 No 14 တွင် ဖော်ပြ
ထားခြင်းဖြစ်သည။်

အဆိုပါရွာတွင် မီတာတစ်လုံး ရရှိရန်အတွက် ကျေးရွာသားများ ကျပ် ၆ သိန်း
ပေးသွင်းခဲ့ရပြီး အချို့မှာ လယ်ယာများပေါင်၍ အကြေပေးသွင်းထား ကြရကြောင်း၊ အကြွေးကြောင့် လယ်ယာမြေ ဆုံးနိုင်သည့် အခြေနေရောက်
နေကြောင်း ဒေသခံများကို ကိုးကား၍ သတင်းရေးသားထားသည်ကို 
တွေ့ရသည်။

ခေတ္တကန် ကျေးရွာသည် မုံရွာမြို့ အနီး ၅မိုင်ခန့် အကွာ လက်ရှိ ကမ္ဘာ့
အမြင့်ဆုံး အမြင့် ၁၃၀ မီတာရှိ ဗောဓိတထောင် ရပ်တော်မူ ရုပ်ပွားတော်ကြီး အနီးတွင် တည်ရှိသော ကျေးရွာဖြစ်သည်။