
ကိုဌက်ကြီးဟု
ချစ်စနိုး ခေါ်ကြသည့် တေးသံရှင် ထူးအိမ်သင်၏ သြဂုတ်လ ၁၄ရက်နေ့တွင်
ကျရောက်သည့် ကွယ်လွန်ခြင်း ၈ နှစ်ပြည့် အမှတ်တရပွဲကို ၄င်း၏ လူငယ်
ပရိတ်သတ်များ ဦးစီး၍ ရန်ကုန်မြို့တော် ဗိုလ်ရာညွှန့်လမ်းရှိ New Zero Art
Space ခန်းမတွင် ကျင်းပခဲ့သည်။
၎င်း၏
ပရိတ်သတ် လူငယ်များ စုလုပ်သည့်ပွဲဖြစ်ပြီး New Zero Art Space အဖွဲ့နှင့်
အခြား အနုပညာ ၀ါသနာပါသူများ ပေါင်းပြီး ကျင်းပခြင်း ဖြစ်ကြောင်း ယင်းပွဲ
စီစဉ်သည့် လူငယ် ကဗျာဆရာ ကိုဇော်ရန်နိုင် က ပြောကြားသည်။“ သူအနုပညာကို
လေးစားလို့ သူ့ကို ချစ်ကြ ခင်ကြတဲ့ လူတွေ ဒီနေ့ ဒီအချိန် ဒီနေရာလေးမှာ လာ
ဆုံစည်းကြတာပါ” ဟု လူငယ် ကဗျာဆရာ ကိုဇော်ရန်နိုင်က ပွဲ၏ ရည်ရွယ်ချက်ကို
ရှင်းပြသည်။
တေးသံရှင် ထူးအိမ်သင်သည့် တေးသီချင်းခွေ ၈ ခွေနှင့် အထက်
ထုတ်လုပ်ခဲ့ပြီး ကဗျာ၊ ပန်းချီ စသည့် အနုပညာများလည်း လုပ်သဖြင့် လူငယ်များ
အနေဖြင့် အားကျ အတုယူ စရာ လူတစ်ဦး ဖြစ်ကြောင်း ကဗျာဆရာ မင်းရည်သွေးက
ဆိုသည်။
“ သူ့သီချင်းတွေက လူငယ်တွေကို ဘယ်လို တွေးရမလဲ။ အနုပညာကို
ဘယ်လို ဖန်တီးရမလဲဆိုတာကို ဂီတနဲ့ သင်ပေးတာ” ဟု တေးသံရှင် ထူးအိမ်သင်၏
ပရိတ်သတ် တစ်ဦး ဖြစ်သူ ၄င်းက ရှင်းပြသည်။
တေးသံရှင် ထူးအိမ်သင်
(ကျော်မြင့်လွင်)က ကျောင်းသားဘ၀ထဲက အနုပညာ တစ်ဝက်၊ နိုင်ငံရေးသမား
တစ်ဝက်ပါ။ နှစ်ပင်လိမ်ပေါ့။ အဲ့ဒီတုန်းက ခုခေတ်လို ဂိုဏ်းဂဏ မစွဲဖူး။
လက်ဝဲ၀ါဒ အကြောင်းပဲ လူစုံတာနဲ့ ဆွေးနွေးကြတာ” ဟု ကဗျာဆရာမ မအိက ၄င်းတို့၏
ငယ်ဘ၀ကို မြင်ယောင် ပြောဆိုသည်။
၎င်းသည့် ဇူလိုင်လ ၁ရက်နေ့ ၁၉၆၃
ခုနှစ်တွင် ပုသိမ်မြို့၌ ဖွားမြင်ပြီး ၂၀၀၄ ခုနှစ် နံနက် ၁၁နာရီ ၄၀
မိနစ်တွင် ကွယ်လွန်ပြီး ၄င်း၏ ဇနီး မသွယ်သွယ်ထွေးနှင့် သမီး မိကွန်ထော တို့
ကျန်ရစ်ခဲ့သည်။