မြန်မာနိုင်ငံရခိုင်ပြည်နယ်ကပဋိပက္ခဟာ
ပြည်တွင်း ပြုပြင်ပြောင်းလဲရေး လုပ်ငန်း
စဉ်တွေအပေါ် ထိခိုက်စေနိုင်တဲ့အပြင်
တိုင်းပြည်နယ်နိမိတ် ကို
ကျော်လွန်ပြီး
တခြားနိုင်ငံတွေဆီအထိပါ သက်ရောက်မှုတွေ ရှိလာနိုင်တဲ့အတွက်
သတိရှိရှိနဲ့ ကိုင်တွယ်ဖြေရှင်းဖို့ အရေးကြီးကြောင်း ကုလသမဂ္ဂ
အတွင်းရေးမှူးချုပ်
မစ္စတာ ဘန်ကီမွန်းက ပြောလိုက်ပါတယ်။Edit This Menu
Sunday, September 30, 2012
ရခိုင်ပြည်နယ် ပဋိပက္ခ သတိရှိရှိကိုင်တွယ်ရန် ကုလအတွင်းရေးမှူးချုပ်ပြောကြား
မြန်မာနိုင်ငံရခိုင်ပြည်နယ်ကပဋိပက္ခဟာ
ပြည်တွင်း ပြုပြင်ပြောင်းလဲရေး လုပ်ငန်း
စဉ်တွေအပေါ် ထိခိုက်စေနိုင်တဲ့အပြင်
တိုင်းပြည်နယ်နိမိတ် ကို
ကျော်လွန်ပြီး
တခြားနိုင်ငံတွေဆီအထိပါ သက်ရောက်မှုတွေ ရှိလာနိုင်တဲ့အတွက်
သတိရှိရှိနဲ့ ကိုင်တွယ်ဖြေရှင်းဖို့ အရေးကြီးကြောင်း ကုလသမဂ္ဂ
အတွင်းရေးမှူးချုပ်
မစ္စတာ ဘန်ကီမွန်းက ပြောလိုက်ပါတယ်။ဆန်ဖရန် Freedom Forum မှာ ဒေါ်စု မိန့်ခွန်းပြော
အမေရိကန် ပြည်ထောင်စုမှာ ၁၇ ရက်ကြာခရီးစဉ်နဲ့ ရောက်ရှိနေတဲ့ မြန်မာ့
ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်
က ယုံကြည်ချက်အတိုင်း
ငြိမ်းချမ်းတဲ့ ဘ၀နဲ့ နေထိုင်နိုင်တဲ့ လူ့အဖွဲ့အစည်း တရပ် ဖြစ်လာအောင်
ဝိုင်းဝန်း ကူညီကြဖို့
ပြောဆိုလိုက်ပါတယ်။ စက်တင်ဘာလ ၂၈ ရက်နေ့က
ဆန်ဖရန်ဆစ္စကိုမြို့မှာ
ကျင်းပခဲ့တဲ့ Freedom Forum ဆွေးနွေးပွဲမှာ အခုလို
ပြောဆို လိုက်
တာဖြစ်ပါတယ်။Saturday, September 29, 2012
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းရန်မရှိ
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို
ရပ်ဆိုင်းရန် အစီအစဉ် မရှိကြောင်း
လက်ပံတောင်းတောင် ကြေးနီစီမံ
ကိန်းနှင့်ပတ်သက်သော စာနယ်ဇင်းရှင်းလင်းပွဲတွင် မြန်မာစီးပွားရေးဦးပိုင်လီမိတက်မှ အကြီး
တန်းအရာရှိ ဦးဝင်းကြည်ကပြောသည်။"စပြီးလုပ်တုန်းက ဘာပြဿနာမှမရှိပါဘူး။ ဒေသခံတွေကိုယ်တိုင် ကြည်ကြည်ဖြူဖြူနဲ့ လျော်ကြေးတွေယူတယ်။
ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းအတွက် ဂျပန်နိုင်ငံမှ ကူညီထောက်ပံ့ရန် မည်သည့် သဘောတူညီချက်မှ မရှိသေး
မြန်မာနိုင်ငံ၏ အထူးစီးပွားရေးဇုန်တစ်ခုဖြစ်သော ထားဝယ်ရေနက်ဆိပ်ကမ်း
စီမံကိန်းတွင် ဂျပန်နိုင်ငံမှ ကူညီထောက်ပံ့ပေးရန် မည်သည့် သဘောတူညီချက်မှ
မရှိသေးဟု ဂျပန်နိုင်ငံကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင် များအသင်းချုပ်
JCCI ၏ မဲခေါင်ဒေဆိုင်ရာ စီးပွားရေးလေ့လာမှုကော်မတီ ဥက္ကဌ မစ္စတာကိုဟိ
ဝါတာနာဘဲ က ပြောကြားခဲ့သည်။
ကချင်စစ်ပွဲများ ရပ်တန့်သွားရန် KIA ဘက်ကလည်း ပစ်ခတ်တိုက်ခိုက်မှုများကို တားဆီးသော အမိန့်ထုတ်ပေးရန် လိုအပ်သည်ဟု နိုင်ငံတော်သမ္မတ ပြောကြား
ကချင်ပြည်နယ်တွင် ဖြစ်ပွားလျက်ရှိသော စစ်ပွဲများရပ်တန့်ရန် KIA ဘက်ကလည်း
ပစ်ခတ်တိုက်မှုများ ကိုတားဆီးသော အမိန့်ထုတ်ပေးရန်လိုအပ်သည်ဟု
နိုင်ငံတော်သမ္မတဦးသိန်းစိန်က ပြောကြားခဲ့သည်။ အမေရိ ကန် ပြည်ထောင်စုတွင်
စက်တင်ဘာလ ၂၈ ရက်နေ့က မြန်မာမီဒီယာသမား များနှင့် တွေ့ဆုံရာ တွင်
မေးမြန်းချက်များကို ဖြေကြားရာ၌ ထိုသို့ ထည့်သွင်းပြောကြားခဲ့ခြင်း
ဖြစ်သည်။
၂၀၁၅ ခုနှစ် အထိသာ သမ္မတအဖြစ် တာဝန်ထမ်းဆောင်သွားမည့် ဆုံးဖြတ်ချက်အား တိုင်းပြည်၏ အခြေအနေ၊ ပြည်သူများ၏ ဆန္ဒပေါ် မူတည်ပြီး အနာဂတ်ကို ဆုံးဖြတ်သွားမည်ဟု သမ္မတဦးသိန်းစိန် ပြောကြား
မိမိ၏ ကျန်းမာရေး အခြေအနေနှင့် အသက်အရွယ်အရ ၂၀၁၅ ခုနှစ်အထိသာ သမ္မတအဖြစ်
တာဝန်ထမ်းဆောင် သွားမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားထားမှုသည် တိုင်းပြည်၏
အခြေအနေ၊ ပြည်သူများ၏ ဆန္ဒပေါ်တွင် မူတည်ပြီး အနာဂတ်ကို
ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း သမ္မတဦးသိန်းစိန်က အမေရိကန် ပြည်ထောင်စု
နယူးယောက်မြို့ အာရှအသင်းနှင့် စက်တင်ဘာလ ၂၇ ရက်နေ့က တွေ့ဆုံရာတွင်
ပြောကြားခဲ့သည်။
မန်းတွင် နိုင်ငံရေးအကျဉ်းသားဟောင်းများ ကွန်ယက်ဖွဲ့စည်း

နိုင်ငံရေး အကျဉ်းသားဟောင်းများတွေ့ ဆုံပွဲနှင့်ကွန်ယက်ဖွဲ့ စည်းပွဲကို စက်တင် ဘာ၂၉ရက်နေ့နေ့လည်က မန္တလေးရှိ ကံတက်ကုန်း မစိုးရိမ်ကျောင်းတိုက်တွင် ပြုလုပ်ခဲ့သည်။ အဆိုပါပွဲတွင်တိုင်းနှင့်ပြည်နယ် ၃ခု၊မြို့နယ်၁၅ခုမှနိုင်ငံရေး အကျဉ်းသား တစ်ရာကျော် တက်ရောက်ကြသည်။
ပွဲအပြီးတွင်နိုင်ငံရေးအကျဉ်သားဟောင်းတစ်ဦးမှထောင်အတွင်းနေထိုင်မှူ ပါဖောမန့်ပြသခဲ့သည်။
From- Popular Myanmar News Journal
သွားရည်ကျစရာ မြန်မာ့ဖုန်းဈေးကွက်
|
မိုဘိုင်းဖုန်း
အသုံးပြုနေသော အမျိုးသားတဦးနှင့်
အများသုံးဖုန်း အသုံးပြုနေသော
အမျိုးသမီးတဦး
တို့ကို ၂၀၁၂ မတ်လ အတွင်းက ရန်ကုန်မြို့တွင် မြင်ရစဉ် |
Blackbery ဖုန်း၊ iPhone ဖုန်း အမျိုးအစားများကို မြန်မာနိုင်ငံတွင်
တွင်တွင် ကျယ်ကျယ် အသုံးပြုခြင်းမရှိ။ အကြောင်းရင်းကို ကြည့်ပါ က
မြန်မာနိုင်ငံတွင် လက်ရှိအသုံးပြုနေသည့် ကွန်ရက်သည် မကြာခဏ
လိုင်းပူးနေတတ်ခြင်း၊ ဖုန်းနှင့်အင်တာနက် ဝန်ဆောင်မှုပေးသည့် Data service
အလွန်ရှားပါးခြင်း၊ ဈေးအလွန်ကြီးမားခြင်း၊ လိုင်း ကြည်လင်ပြတ်သားမှု
မရှိခြင်း စသည်တို့အပြင် ဖုန်းတော်တော် များများသည် ကွန်ရက်တခုနှင့်
တခုအကြား လိုင်းချိတ်ဆက် အသုံးပြုမ ရခြင်း စသည်တို့ကြောင့် ဖြစ်သည်။
RFA -က စစ်တွေ သတင်းလွှင့်ရာမှာ ရပ်ကွက်နာမည်ကို ပဋိပက္ခဖြစ်အောင် ဖန်တီးနေခြင်း
စစ်တွေ သတင်းဖေါ်ပြရာမှာ အတည်ပြုချက်
မရှိတာကို သတင်းထောက် အား
ချက်ချင်းဖြုတ်ခိုင်းလိုက်ကြတော့ ရခိုင်ပြည်နယ်၊ စစ်တွေမြို့ ရွှေပြည် သာ ရပ်ကွက်က ရေခဲချောင်းရောင်းတဲ့
ကလေးတစ်ဦးဟာ ဒီကနေ့နံနက် ၁၁ နာရီခန့်က ရိုဟင်ဂျာရပ်ကွက်တစ်ခုဖြစ်တဲ့
အင်ပါလာ (အောင်မင်္ဂလာ)ရပ်ကွက်ကို ဈေးသွားရောင်း ရာက ပြန်ထွက်မလာ တာကြောင့် အသတ်ခံရတယ်ဆိုတဲ့ ကောလာဟ လ ဖြစ်ပေါ်ခဲ့ပြီး နေ့လည် ပိုင်းမှာ
သံဃာတော်နဲ့ပြည်သူတစ်ထောင်ခန့် စုဝေးပြီး အခုလို -RFA- က
ထွန်းအိန္ဒြာဗိုနှင့် တွေ့ဆုံခြင်း
တစ်ကိုယ်တော်ဖျော်ဖြေပွဲများစွာ
ပြုလုပ်ခဲ့ပြီး လုပ်ခဲ့သမျှ တစ်ကိုယ်တော်ပွဲ တိုင်းလည်း ရုံပြည့်ရုံလျှံ
အားပေးခြင်းခံရသူ အဆိုတော်သရုပ်ဆောင် ထွန်းအိန္ဒြာဗိုဟာ ရန်ကုန်မှာ
လေးကြိမ်မြောက် တစ်ကိုယ်တော်ဖျော်ဖြေပွဲ ကို နိုဝင်ဘာ ၂၈ ရက်
အမျိုးသားဇာတ်ရုံမှာ ကျင်းပတော့မှာဖြစ်ပါတယ်။ ထွန်းအိန္ဒြာဗိုဟာ
တစ်ကိုယ်တော်စီးရီး ၁၁ ခွေနဲ့ အတွဲခွေစီးရီးများစွာ သီဆိုထားပြီး
ရန်ကုန်မှာ တစ်ကိုယ်တော်ဖျော်ဖြေပွဲ သုံးကြိမ်နဲ့ မန္တလေးမှာ တစ်ကြိမ်၊
အမေရိကန်ပြည်ထောင်စုမှာ ခုနစ်ကြိမ် ပြု လုပ်ခဲ့ပြီးဖြစ်ပါတယ်။
အကျိုးအမြတ်အားလုံးကို ပြန်လှူဖို့ ရည်ရွယ်ထားတဲ့
သူမရဲ့တစ် ကိုယ်တော်ေ ဖျာ်ဖြေပွဲအကြောင်းနဲ့ ရုပ်ရှင်ဇာတ်ကား
ရိုက်ကူးမှုပိုင်းမှာ ပြောင်းလဲသွားတဲ့ သူမရဲ့သဘောထားများကို
တွေ့ဆုံမေးမြန်းဖြစ်ခဲ့ပါတယ်။
မာစီးဒီးစ်အသင်းသို့ ပြောင်းရွှေ့ရန် လူးဝစ်ဟယ်လ်မီတန် ဆုံးဖြတ်
သမီးဖြစ်သူ ကို ဆွဲဆောင်နိုင် သူအား ဒေါ်လာ ၆၅ သန်း ဆုချီးမြှင့် မည်ဟု ဟောင်ကောင် သူဌေးကြီးကြေညာ
ထိုင်းအာဏာပိုင်များနှင့် အလုပ်သမားအဖွဲ့အစည်းများ မြန်မာရွှေ့ပြောင်း အလုပ်သမားများအရေး ဆွေးနွေး
|
ဆွေးနွေးပွဲသို့ တာ့ခ်ခရိုင် ဒု-၀န်၊
တာ့ခ်ခရိုင်လူဝင်မှုကြီးကြပ်ရေးဌာန၊ တာ့ခရိုင် မဲဆောက်မြို့နယ်ရဲတပ်ဖွဲ့၊
တာ့ခ်ခရိုင် စက်မှုလုပ်ငန်းရှင်ကြီးများ အသင်းနှင့်
တိုင်းရင်းသားများလူ့အခွင့်အရေးဆိုင်ရာ ဆပ်ကော် မတီ၊ ရှေ့နေများေ ကာင်စီ
တို့က တက်ရောက်ပြီး၊
ထိုင်းနိုင်ငံ အခြေစိုက် မြန်မာရွှေ့ပြောင်းအလုပ်သမားများအရေးဆောင်ရွက်နေသော
YCOWA၊ ALC၊ BLC ၊ BP၊ DPNSနှင့်
တခြားအဖွဲ့များ၊ လူ့အခွင့်အရေးဆောင်ရွက်နေသော AHRDOနှင့်
လူကုန်ကူးမှုတိုက် ဖျက်ရေး အဖွဲ့များ တက်ရောက်ကြသည်။
|
ထားဝယ်စီမံကိန်း အရှိန်မြှင့်ရန် မြန်မာ-ထိုင်း ပူးတွဲကော်မတီ ဖွဲ့မည်
|
မြန်မာသမ္မတ
ဦးသိန်းစိန်နှင့် ထိုင်းဝန်ကြီးချုပ် ယင်လပ်
ရှင်နာဝပ်ထရာ တို့
အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့သို့
ရောက်ရှိနေစဉ် ထားဝယ် ရေနက်ဆိပ်ကမ်း
စီမံကိန်းကိစ္စကို
၂ဝ၁၂ ခုနှစ်၊ စက်တင်ဘာလ ၂၆ ရက်နေ့က ဆွေးနွေးခဲ့ကြသည်။
|
မဇ္ဈိမ သတင်းဌာန ။ ။ အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့သို့
ရောက်ရှိနေကြသော ထိုင်းဝန်ကြီးချုပ် ယင်လပ် ရှင်နာဝပ်ထရာ နှင့် မြန်မာ သမ္မတ
ဦးသိန်းစိန်တို့သည် ထားဝယ်ရေနက် စီမံကိန်းကို အရှိန်အဟုန် မြှင့်တင်ရန်
အတွက် အဆင့်မြင့် ညှိနှိုင်းဆောင်ရွက်ရေး ကော်မတီတရပ်ကို ထိုင်းနှင့်မြန်မာ
ပူးတွဲဖွဲ့စည်းရန် ကြာသပတေးနေ့က သဘော တူညီခဲ့ကြသည်။
ဘဏ္ဍာရေး
အခက်အခဲများ ကြုံတွေ့နေရသည့် စီမံကိန်း ရှေ့ဆက်နိုင်ရေးအတွက် နှစ်နိုင်ငံ
ထိပ်တန်း အစိုးရ အရာရှိများ ပါဝင်ကြသည့် ‘အဆင့် သုံးဆင့်’ ပါဝင်သော
အုပ်စုများအား စုစည်း ချိတ်ဆက်၍ လုပ်ဆောင်ရန်
ဖြစ်သည်။
နွေရာသီ ရန်ကုန်မီးမပျက်ရန် ဂျပန်ကူမည်
ယခုနှစ်ကုန်မှစ ကြုံတွေ့ရတော့မည်မဟုတ်ကြောင်း လျှပ်စစ်ဝန်ကြီးဌာနမှ အရာရှိတစ်ဦးကပြောသည်။ "ဂျပန်ကမီးစက်၁၃လုံးပေးသွားမယ်လို့သဘောတူထားပြီးဖြစ်တယ်။မီးစက်တလုံးကိုလျှပ်စစ်ဗို့အား၄၀၀ထွက်ရှိ နိင်၍ပြည်တွင်းတွင် အသုံးပြုနေသော ထရန်စဖော်မာ တစ်လုံး၏လျှပ်စစ်ထွက်ရှိမှု ထက်၂ဆနီးပါးပို ထွက်မည်ဖြစ်ကြောင်း၊မီးစက်တလုံး၏တန်ဖိုးမှာ ကန်ဒေါ်လာ၁၀သန်းခန့်ရှိကြောင်း၊နွေရာသီ ရန်ကုန်မြို့လျှပ်စစ်မီး မပျက်စေ ရေး အတွက်ဂျပန်နိင်ငံမှကူညီမည်ဖြစ်၍အဆိုပါမီးစက်များကို ရန်ကုန်တိုင်းဒေသကြီး တစ်ခုထဲအတွက်အသုံးပြုသွားမည်ဖြစ်ကြောင်းလျှပ်စစ်ဝန်ကြီးဌာနမှဦးဆောင်ညွှန်ကြားရေးမှူးဦးမြင့်အောင် ကပြောသည်။မီးစက်များကို လှော်ကား၊သာကေတ၊အင်းစိန်၊ရွာမနှ င့် အလုံစသည့် သဘာဝဓါတ်ငွေ့စက်ရုံများတွင် ထားရှိသွားမည်ဟုသိရသည်။
From- Popular Myanmar News Journal
အာဆီယံ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာ အရာရှိကြီင်္း များနှင့် ဆက်သွယ်ရေး ဥပဒေပြုသူများ ကောင်စီ အလွတ် သဘော အစည်း အဝေး အထိမ်းအမှတ် တံဆိပ်ခေါင်း ထုတ်မည်

ဆက်သွယ်ရေး၊
စာတိုတ်နှင့် ကြေးနန်း ၀န်ကြီးဌာနမှ ငွေ(၅၀၀) ကျပ်တန် အထူးထုတ် စာပို့
တံဆိပ်ခေါင်းသစ်နှစ်မျိုးအား အောက်တိုဘာ (၁)ရက်နေ့ တွင် စတင်၍
တိုင်းဒေသကြီး/ပြည်နယ်/ ခရိုင်/မြို့နယ် ဆက်သွယ်ရေး စခန်း (စာတိုတ်) များ၌
စတင် ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။
၎င်းတံဆိပ်ခေါင်းနှစ်ခုအား ယခုနှစ် အောက်တိုဘာလ တွင် ကျင်းပမည့်
ဒုတိယအကြိမ် အာဆီယံ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဆိုင်ရာ
အရာရှိကြီးများနှင့် ဆက်သွယ်ရေး ဥပဒေပြုသူများ ကောင်စီတို့၏ အလွတ်သဘော
အစည်းအဝေး အထိမ်းအမှတ် 2nd TELSOM-ATRC Leaders Retreat အဖြစ်
ထုတ်ဝေခြင်းဖြစ်သည်။
From- Popular Myanmar News Journal

ဆက်သွယ်ရေး၊ စာတိုတ်နှင့် ကြေးနန်း ၀န်ကြီးဌာနမှ ငွေ(၅၀၀) ကျပ်တန် အထူးထုတ် စာပို့ တံဆိပ်ခေါင်းသစ်နှစ်မျိုးအား အောက်တိုဘာ (၁)ရက်နေ့ တွင် စတင်၍ တိုင်းဒေသကြီး/ပြည်နယ်/ ခရိုင်/မြို့နယ် ဆက်သွယ်ရေး စခန်း (စာတိုတ်) များ၌ စတင် ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။
၎င်းတံဆိပ်ခေါင်းနှစ်ခုအား ယခုနှစ် အောက်တိုဘာလ တွင် ကျင်းပမည့်
ဒုတိယအကြိမ် အာဆီယံ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဆိုင်ရာ
အရာရှိကြီးများနှင့် ဆက်သွယ်ရေး ဥပဒေပြုသူများ ကောင်စီတို့၏ အလွတ်သဘော
အစည်းအဝေး အထိမ်းအမှတ် 2nd TELSOM-ATRC Leaders Retreat အဖြစ်
ထုတ်ဝေခြင်းဖြစ်သည်။
From- Popular Myanmar News Journal
ကောလဟာလကြောင့် စစ်တွေ မငြိမ်သက်မှုဖြစ်
|
စစ်တွေမြို့မှာ လူမျိုးရေး ပဋိပက္ခတွေကြောင့်
နေအိမ် အတော်များများ မီးရှို့ဖျက်ဆီး ခံခဲ့ရပါတယ်။
|
ကျောင်းသူ တစ်ဦးကို ကျောင်းထုတ်ရန် လုပ်ရာမှ ကျောက်ဖြူတွင် ကျောင်းအုပ်ဆရာမကြီးကို ကျောင်းသားများ ကန့်ကွက်
“ ဖြစ်တာက ကျောက်ဖြူမြို့ ပညာရေး ကောလိပ်မှာ ဖြစ်တာပါ။ ညနေ ၆ နာရီ ၃၀ မှာ ကျောင်းသား ကျောင်းသူ တွေစုပြီး အဲဒီ မခင်မီမီကျော် ဆိုတဲ့ ကျောင်းသူကို ကျောင်းမထုတ်ဖို့ တောင်းဆို ရာကနေ ဖြစ်တာပါ။ ဒါကို ကန့်ကွက်တဲ့ အခါ ဆန္ဒပြတဲ့ ပုံစံမျိုး ဖြစ်သွားပါတယ်” ဟု အမည်မဖေါ်လိုသူ ကျောင်းသား တစ်ဦးက ပြောသည်။
နေပြည်တော်ဆန္ဒထုတ်ဖော်ပွဲဦးဆောင်သူ(၂)ဦးအား ဒဂုံတရားရုံးတွင် စတင်စစ်ဆေး
ကိုဂျော်ဂွမ်းနှင့် မမေစံပယ်ဖြူ (ဖြူဖြူခေါန်ထွယ်) တို့အား တရားစွဲဆိုမှုကို ဒဂုံမြို့ နယ်ရဲစခန်းမှူး ဦးထွန်းထွန်းဝင်းမှ တရားလိုပြသက်သေအဖြစ် ထွက်ဆိုခဲ့သည်။
စစ်တွေရဲ့ ယနေ့ ဂယက် မောင်တောမြို့ထိ ရိုက်ခတ်
စစ်တွေမြို့တွင် အဓိဂရုဏ်း ဖြစ်ပေါ်နေပြီ
ဆိုသော ကောလဟလ သတင်းကြောင့်
မောင်တောမြို့ တည်ငြိမ်ရေး ပျက်ပြားသွား
ခဲ့သည်ဟု သိရသည်။“စစ်တွေမှာ ရခိုင်နဲ့ ဘင်္ဂလီတွေ ပြဿနာဖြစ်နေပြီ သတင်း ကြားတာနဲ့ ဒီမှာလည်း ရခိုင် တွေ ဈေးဆိုင်တွေကိုသိမ်း ကိုယ့်အိမ်ကိုယ်ဝင်၊ ဘင်္ဂလီတွေ လည်းဆိုင်တွေ ပိတ်ပြီး ပြေးကြတော့ တစ်မြို့လုံးဆူသွားတယ်” ဟု မောင်တောမှ အိမ်ရှင်မ အမျိုးသမီး တစ်ဦးက ပြောသည်။
Friday, September 28, 2012
အတုအယောင် account များကို Facebook ကရှင်းထုတ်လိုက်ပြီ
Facebook
က account ထောင်ပေါင်များစွာကို ဖျက်လိုက်ပြီ ဖြစ်သည်။
ပြီးခဲ့သည့်
နှစ်ရက်အတွင်း Facebook Page များတွင် Like လုပ်ထားသူ အရေအတွက်
လျော့ကျသွားမှု ကြုံတွေ့ရခြင်းမှာ အဆိုပါ Like လုပ်ထားသည့် account များမှာ အတုအယောင်များ ဖြစ်နေခြင်းကြောင့်ဟု TechCrunch.comကဆိုသည်။
အမေရိကန်ဘဏ် အင်တာနက်စာမျက်နှာတွေ အကြီးအကျယ် တိုက်ခိုက်ခံနေရ
အမေရိကန်ဘဏ်ကြီးများ ဖြစ်ကြတဲ့ Bank of America ၊ JPMorgan Chase ၊ Wells
Fargo ၊
US Bank နဲ့ PNC Bank တွေရဲ့ အင်တာနက်
စာမျက်နှာများဟာ စက်တင်ဘာ ၁၉
ရက်နေ့မှ
စတင်ကာ အကြီးအကျယ် တိုက်ခိုက်ခံနေရပါတယ်။ထို တိုက်ခိုက်မှုများရဲ့ ပထမဆုံးပစ်မှတ်ဟာ Bank of America ဖြစ်ပြီး စက်တင်ဘာ ၂၇ ရက်နေ့တွင် တိုက်ခိုက်ခံရတဲ့ ဘဏ်ကတော့ PNC Bank ပဲ ဖြစ်ပါတယ်။
ပေါက်တောမြို့နယ်ပိန္နဲချောင်းတံတား ချို့ ယွင်းပျက်စီး၍ ကျောင်းသူ ကျောင်းသားများ အန္တရာယ်ကြားက ကျောင်းတက်နေကြရ
ရခိုင်ပြည် ပေါက်တောမြို့နယ် ပိန္နဲချောင်း
ကျောက်တန်းရွာနှု င့် ကျောက်တောင်ရွာကြား
တံတားမှာ သွားလာလို့ မရလော က်အောင်ပြိုပျက် စီးနေသည်"ဟုရွှေမြန်မာမီဒီယာဂရုမှ
သတင်းရရှိသည်။ကျောင်သူကျောင်းသားများနဲ့ လက် လုပ် လက် ကိုင် စားသောက်နေကြသော ပေါက်တောမြို့နယ်ကျေးရွာပေါင်း ၅၀ လောက်က အဆိုပါ တံတားကြောင့်သွား ရေးလာရေးခက်ခဲ့နေကြ သည်ဟုသိရသည်။
ကျုံပျော်မြို့နယ် ရှားခဲရွာနေ ဒေသခံတစ်ဦးအား ၀ိုင်းဝန်းရိုက်နှက်မှုကြောင့် လမ်းပေါ်ထွက် ဆန္ဒပြမှုဖြစ်ပွားခဲ့ကာ ရဲတပ်ဖွဲ့ဝင်များမှ ပစ်ခတ်တားမြစ်ခဲ့သဖြင့် နှစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရ
စက်တင်ဘာလ ၂၇ ရက်နေ့ ည ၇ နာရီ ၂၀
မိနစ်ခန့်က ရှားခဲရွာ ဆားကင်ချောင်လမ်းနေ ကိုတလုပ်သည် ရှာခဲကြီး၊ ရှားခဲလေးအင်းအနီး မိသားစုဝင်
များဆီအသွား ၀ိုင်းဝိုင်းလည်ဝါးကုန်ထုတ်သမအသင်းဘက်မှ လူ ၂၀ ခန့်သည် ၀ိုင်းဝန်းရိုက်နှက်ကာ ဓားဖြင့်ထိုးရာ ဒဏ်ရာရရှိခဲ့ပြီး မိသားစုဝင်များမှ ဟင်္သာ တဆေးရုံသို့ တင်ပို့ရန်အသွားတွင် နိဗ္ဗာန်ကျေးရွာအနီးတွင် သေဆုံး သွားကြောင်း သိရသည်။
Subscribe to:
Comments (Atom)












