Friday, October 5, 2012

မဲ့ခြောက်နဲ့ တင်းတိပ် ပျောက်နည်း

  မဲ့ခြောက် တင်းတိပ် ရှိနေသူများအတွက်

ဖရဲသီး အောက်ခံအဖြူအသားကို ဓား(သို) ဇွန်းဖြင့် ပါးပါးလှီးပြီး မျက်နှာပေါ်မှာရှိတဲ့ မဲ့ခြောက်၊ တင်းတိပ် ရှိတဲ့နေရာပေါ်မှာ တင်ပေးပါ။ ဒီနည်းကို မလုပ်ခင် မျက်နှာကို သန့်စင်အောင် အရင်သန့်ရှင်းရေး လုပ်လိုက် ရပါမယ်။ မျက်နှာ သန့်စင်ပြီးတာနဲ့ ဖရဲသီး အောက်ခံ အဖြူသာ ကို ပါးပါးလှီးပြီး မျက်နှာပေါ်တင်ပေးပြီး နာရီ တော်တော်ကြာ အောင် တင်ထားပေးရပါမယ်။ 

ဘုန်းတော်ကြီး ဒက်စမွန်တူးတူး ကန် ဒေါ်လာ ၁ သန်းဆု ရ

လွန်ခဲ့သည့် စက်တင်ဘာလ ၂၁ ရက်နေ့က နယူးယောက်မြို့ရောက် ဒေါ်အောင်ဆန်းစုကြည်နှင့် ဂြိုလ်တု ဆက်သွယ်ရေးမှ တဆင့် စကားပြောနေသော ဘုန်းတော်ကြီး ဒက်စမွန်တူတူး၊ ဓာတ်ပုံ- CNN 

ဘီလျံနာ သူဌေးကြီးတဦးရဲ့ ဖောင်ဒေးရှင်းက တောင်အာဖရိကနိုင်ငံက ဘုန်းတော်ကြီး ဒက်စမွန် တူးတူး ကို အမေရိကန် ဒေါ်လာ ၁ သန်း ဆု ပေးအပ်မယ်လို့ ယမန်နေ့ အောက်တိုဘာလ ၄ ရက်နေ့က ကြေညာ လိုက်ပါ တယ်။ 

ရမ်းဗြဲကျွန်း လက်ယပ် ရေနံတွင်းများ ရေနံအထွက်နုန်း လျော့ကျ

ရေနံတောင်ဒေသမှ လက်ယပ်
 ရေနံတွင်းများကို တွေ့ရစဉ်
ရခိုင်ပြည်နယ် ရမ်းဗြဲကျွန်းတွင် တည်ရှိသော လက်ယပ် ရေနံ တွင်းများ ၏ ရေနံ အထွက်နုန်းမှာ ယခင်ကနှင့် စာလျှင် အများကြီး လျော့ကျ သွားကြောင်း သတင်း ရရှိသည်။

စစ်တွေ ဘင်္ဂလာဒေခ်ျ့ ကောင်စစ်ဝန်ရုံးတွင် ရခိုင်နှင့် မာရမာကြီး လူငယ်များ ဆန္ဒပြမည်

စစ်တွေရှိ ဘင်္ဂလာဒေခ်ျ့ ကောင်စစ်ဝန်ရုံး
ဘင်္ဂလာဒေ့ခ်ျနိုင်ငံတွင် လူနည်းစု ဗုဒ္ဓဘာသာဝင်များ အကြမ်းဖက်ခံရပြီး ဘုန်းတော်ကြီး ကျောင်းများ မီးရှို့ခံရသည်ကို ကန့်ကွက်သည့် အနေဖြင့် စစ်တွေ မြို့ရှိ ဘင်္ဂလာဒေခ်ျ့ ကောင်စစ်ဝန်ရုံး ရှေ့တွင်  ရခိုင်နှင့် မာရာမာကြီးလူငယ်များ ဆန္ဒထုတ်ဖော် ပြသရန် စီစဉ်နေကြောင်း သတင်း ရရှိသည်။

ဘင်္ဂလားဒေ့ရှ်မှအကြမ်းဖက်မှုအား ကန့်ကွက်ဆန္ဒပြပွဲ ဒုတိယနေ့ကို ရန်ကုန်သံဃာတော်များ ဆက်လက်ကျင်းပ

ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် အမှတ် (၁) ရပ်ကွက်ရှိ မကွေးပရိယတ္တိစာသင်
တိုက်ရှေ့တွင် ရန်ကုန်မြိုရှိ သံဃာတော် အပါး ၂၀၀ ကျော်ခန့်က ဒုတိယနေ့ ဆန္ဒပြပွဲအား အောက်တိုဘာလ(၅)ရက်နေ့က နေ လည်(၁) နာရီကျော်ခန့် က  ဆက်လက်ကျင်းပ ခဲ့ကြောင်း သိရှိရသည်။

Miss International Beauty Pageant 2012 ပြိုင်ပွဲတွင် မြန်မာ အလှမယ် ပထမဆုံး အကြိမ် ပါဝင်ယှဉ်ပြိုင်မည်

လာမည့် အောင်တိုဘာလ ၂၁ ရက်နေ့တွင် ဂျပန်နိုင်ငံ အိုကီနာဝါ၌ ကျင်းပမည့် Miss  International Beauty Pageant 2012 ပြိုင်ပွဲ တွင် မြန်မာနိုင်ငံမှ ပထမဆုံးအကြိမ်အဖြစ် ပါဝင် ယှဉ်ပြိုင်မည် ဖြစ်သည်။


အဆိုပါ ပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ အလှမယ် တောင်ကြီးသူ နန်းခင်ဇေယျာမှ ၀င်ရောက် ယှဉ်ပြိုင်မည်ဖြစ်သည်။

သီရိလင်္ကာ(သီဟိုဠ်)နိုင်ငံ၌ ဗုဒ္ဓဘာသာဘုန်းကြီးပေါင်းရာချီ ဆန္ဒပြ

 ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများအား တုံ့ပြန်သည့် အနေဖြင့် သီရိလင်္ကာ(သီဟိုဠ်) နိုင်ငံတွင် ဗုဒ္ဓဘာသာဘုန်းကြီးပေါင်းရာချီ၍ ဆန္ဒပြခဲ့ကြသည်။

 ယခုအချိန်၌ ဘင်္ဂလားဒေ့ရှ် နိုင်ငံရှိ ဗုဒ္ဓဘာသာဝင်များသည် အစ္စလာမ် ဘာသာဝင် များအား ကြောက်ရွံ့သောကြောင့် တောတွေထဲတွင် ပုန်းအောင်းနေ ရကြောင်း၊ ထိုအစ္စလာမ်ဘာသာဝင်များမှ ဘုန်းကြီးကျောင်း ၂၀နဲ့ ဘင်္ဂလား -မြန်မာ နယ်စပ်က စီးပွားရေးလုပ်ငန်း ၁၀၀ကျော်ကို မီးရှို့ခဲ့ကြောင်း၊ အပြစ်မဲ့သူများလည်း အသတ်ခံခဲ့ ရကြောင်း ကိုလံဘိုမြို့ စုဝေးပွဲတွင် ဘုန်းတော်ကြီး ဂါနာစာရာက ပြောကြားခဲ့သည်။

Windows 8 app update များကို Microsoft ဖြန့်ချိ

Windows 8 ကို ဖြန့်ချိရန် ရက်သတ္တပတ် သုံးပတ်ခန့်အလိုတွင် Bing, maps,
photos, news နှင့် weather အပါအဝင်  built-in app အချို့အတွက် update ကို ဆော့ဖ်ဝဲကုမ္ပဏီကြီးဖြစ်သည့် Microsoft က ဖြန့်ချိပေး လိုက်သည်။

ကမ္ဘောဇဘဏ်မှ ကျပ်သိန်းတစ်ထောင် ထုတ်လာသူ လုယက်တိုက်ခိုက်ခံရ

ယနေ့(အောက်တိုဘာ ၅ ရက်) မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ လှိုင်သာယာမြို့နယ်အနီးရှိ ကမ္ဘောဇဘဏ်ခွဲတစ်ခုမှ   ငွေထုတ်ပြီးပြန် လာသော အအေးခန်းစက်ရုံပိုင်ရှင် တစ်ဦးအား လုယက်မှုတစ်ခု ဖြစ်ပွား ခဲ့ကြောင်း သတင်းရရှိသည်။

မြန်မာသင်္ဘောသားများပါဝင်သည့်သင်္ဘောမီးလောင်

မြန်မာလူမျိုးသင်္ဘောသားနှစ်ဦး ပါဝင်သည့်ကုန်တင်သင်္ဘောတစ်စီး ယနေ့နံနက် ပိုင်း က မီးသင့်လောင် ကျွမ်းခဲ့သည်။
ကမ္ဘောဒီးယားအလံလွှင့်ထူထားသည့် အဆိုပါ ကုန်တင်သင်္ဘောဝယ် သင်္ဘောသား(၉)ဦးပါဝင်သည့်အနက် (၇)ဦးမှာ တရုပ်လူမျိုးများဖြစ်ပြီး ကျန်(၂)ဦးမှာ မြန်မာလူမျိုးများဖြစ်ကြသည်။

ကမ္ဘောဇဘဏ်တွင် ငွေထုတ်ယူသူများပြား

ရန်ကုန်မြို့တွင်းရှိ ဘဏ်များတွင်  သောကြာနေ့ နေ့လည်ပိုင်းက ငွေထုတ် ယူသူများ ပုံမှန်အခြေအနေထက် များပြား လျက်ရှိသည်ဟု သိရှိရသည်။

ရန်ကုန်မြို့ ရွှေဂုံတိုင်လမ်းရှိ ကမ္ဘောဇဘဏ်ခွဲသို့ သွားရောက်သတင်း ယူနေသည့်  မဇ္ဈိမ သတင်းထောက်က ဘဏ်သို့ငွေလာထုတ်သူ ကို မေးမြန်းရာတွင် " ခါတိုင်းနေ့ထက် ပိုများတယ်၊  လစာထုတ်ရက်တော့ ဟုတ်တယ် ဒါပေမယ့် ခါတိုင်း ကျနော်လစာလာ ထုတ်တာ ဒါပေမယ့် ကျနော်ပုံမှန်ထုတ်နေကျထက် ပိုများတယ်။"  ဟု ပြောဆိုသည်။

""အင်္ဂါအစိတ်အပိုင်းနှစ်ခုနှင့် ထူးဆန်းသော ကလေးငယ်""

ဖိုးထူး ကလေးမှာ ထူးဆန်းစွာ ယောင်္ကျား အင်္ဂါအစိတ်အပိုင်း (၂) ခု ပါရှိပါသည်။ နဂိုရှိရင်းအတိုင်းအရှေ့ ဘက်၌ သဘာဝ အတိုင်း ပါရှိသော်လည်းအနောက်ဘက် တင်ပါး နှစ်ခု၏ အလယ် မီးညှောင့်ရိုးနား၌ ယောင်္ကျား အင်္ဂါ တစ်ခုမှာ ၂ လက်မခန့် အရှည်ရှိပြီး

လက်ပံတောင်းတောင် စီမံကိန်းနှင့် ပတ်သက်ပြီး အခေါင်းသုံးလုံးပြုလုပ်၍ မီးရှို့ဆန္ဒဖော်ထုတ်ခဲ့သူ ၁၆ ဦးအား အောက်တိုဘာလ ၄ရက်နေ့က ပုဒ်မ ၃ ခုဖြင့် အမှုဖွင့်

မုံရွာခရိုင် လက်ပံတောင်းတောင် စီမံကိန်း အတွက် မြေသိမ်းခံကျေးရွာ ၂၆ ရွာမှ   တောင်သူများက စက်တင်ဘာ၅ရက်နေ့ တွင် မုံရွာ-ပုသိမ် လမ်း မကြီးနှင့်   ညောင်ပင်ကြီး-ပုလဲ လမ်းဆုံအနီး မြန်မာ -၀မ်ပေါင်ရုံး အနောက်မြောက် ဘက်ထောင့် ၌ အခေါင်း ၃ လုံးပြုလုပ်မီးရှို့ကာ ဆန္ဒဖော် ထုတ်ခဲ့ပြီး အဆိုပါ  ဖြစ်ရပ်တွင် ပါဝင်သည်ဟု ယူဆသော ဒေသခံ ရွာသား များ အပါအ၀င် ၁၆ဦးအား ဆားလင်းကြီး ရဲစခန်းမှ (ပ)၂၃၃၊၁၂    ပြစ်မှု ပုဒ်မ ၁၄၃ ၊ ၁၄၇ ၊ ၅၀၀တို့ ဖြင့်  အမှုဖွင့် ထားကြောင်း သိရသည်။

မြောင်းမြမှ သဌေးတစ်ဦး ရခိုင်ပြည်သို့ ဗုဒ္ဓရုပ်ပွားတော် ၂၀၀၀ ကျော်လှူဒါန်း

ရခိုင်ပြည်နယ်စစ်တွေမြို့မှ ရသေ့တောင်မြို့သို့ ဗုဒ္ဓရုပ်ပွားတော် ငါးရာ အောက်တိုဘာလ ၃ရက်နေ့  နေ့လည် ၁နာရီခန့်တွင် မော်တော် ဘုတ်ဖြင့်ပင့်ဆောင်တော်မူခဲ့ကြောင်း  သတင်းရရှိသည်။

ဗုဒ္ဓဘာသာကို ပစ်မှတ်ထားတိုက်ခိုက်လာသော မွတ်ဆလင်အကြမ်းဖက်သမားများကြောင့် အရှေ့တောင် အာရှရှိ မွတ်ဆလင်စီးပွားရေးသမားသူဋ္ဌေးများ၏ အနာဂတ် စိုးရိမ်ဖွယ်ရှိနေ

ဘင်္ဂလားဒေ့ရှ်နိုင်ငံ Cox’s Bazaar အနီးမှာ  ဖြစ်ခဲ့တဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေကို အစ္စလာမ် အစွန်းရောက် အဖွဲ့ တွေက ပြု လုပ်ခဲ့ တာဖြစ် ပါတယ်။ Cox’s Bazaar နဲ့ ပန်းဝါလို့  ခေါ်တဲ့ Ramu ဒေသ တ၀ိုက်မှာ အကြမ်းဖက် တိုက်ခိုက်မှုတွေ ကြောင့် လူ၂၀၀ကျော်သေ ဆုံးခဲ့ပါတယ်။
 ထောင်ပေါင်းများစွာ သောဗုဒ္ဓဘာသာဘုန်းကြီးကျောင်းတွေ မီးရှို့ဖျက်ဆီး ခံခဲ့ရ ပါတယ်။

ဝက်မွေးသူ ၀က် စားခံလိုက်ရ

စိတ်ဝင်စားစရာ သတင်းတပုဒ်က   စိတ်မကောင်းစရာပါ။ အမေရိကန်  အော်ရီဂွန်မှာ အသက် ၇၀ အရွယ်ရှိ တဲ့ လယ်သမား အဖိုးကြီးကို သူမွေးထားတဲ့ ပေါင်ချိန် ၇၀၀ လောက်ရှိတဲ့ ၀က်တွေက ၀ိုင်းစားသောက် ပစ် လိုက်ပါတယ်တဲ့။ 

ဘင်္ဂလာဒေ့ရှ် ဗုဒ္ဓဘာသာကျောင်းကန်များအား တိုက်ခိုက်ခဲ့မှုအား စစ်တွေတွင် ကန့်ကွက် ဆန္ဒပြမည်

ပြီးခဲ့သော အောက်တိုဘာလ နှစ်ရက်နေ့ က စစ်တွေမြို့မိဇံရပ်ကွက် ရက္ခ၀တီ  လက်ဖက်ရည်ဆိုင်တွင် စစ်တွေမြို့ခံ  လူမှုတက်ကြွလှုပ်ရှား သူပေါင်းငါးဆယ်ခန့် စည်းဝေးကြပြီး၊ ပြီးခဲ့သော စက်တင်ဘာလအတွင်း ဘင်္ဂလာဒေ့ရှ်နိုင်ငံ စစ်တကောင်း ခရိုင် နှင့် ကော့စ်ဘဇားခရိုင်တို့တွင် ဗုဒ္ဓ ဘာသာဝင်တို့အား မူဆလင် အကြမ်းဖက်သူ များက တိုက်ခိုက်ခဲ့ကြမှု များကို ဆန့်ကျင်ကန့်ကွက်ကြောင်း ဆုံးဖြတ်ခဲ့ကြသည်။

သမ္မတ ဦးသိန်းစိန် မကြာမီ တောင်ကိုရီးယား သွားမည်

Thein Sein and Lee Myung Bakကိုရီးယားမှ ဒေဝူးကုမ္ပဏီက အများဆုံး ရင်းနှီးမြှုပ်နှံထားသည့် ရွှေဂက်စ် စီမံကိန်း ရပ်ဆိုင်းရန် မြန်မာလူမှုအဖွဲ့များမှ တောင်း ဆိုထား စဉ် တောင် ကိုရီးယား နိုင်ငံသို့ သမ္မတကြီးဦးသိန်းစိန် သွားရောက် လည်ပတ်ရန် ရှိကြောင်း သိရသည်။

Facebook အဖွဲ့ဝင် သန်းတထောင်ပြည့်ပြီ

Facebook လူမှုကွန်ယက်ကို ကမ္ဘာတဝန်းသုံး စွဲသူ သန်းပေါင်း ၁ ထောင်ကျော်သွားပါပြီ။  Facebook website ကို လစဉ်သုံးစွဲသူပေါင်း  သန်း ၁ ထောင် September လလယ်မှာ  ပြည့်သွားခဲ့တာလို့ Facebook ရဲ့ ကြာသပတေးနေ့က ထုတ်ပြန်ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။ ဒီအောင်မြင်မှုဟာ မယုံကြည်နိုင်အောင်ပါပဲလို့ Facebook ကိုတည်ထောင်သူ Mark Zuckerberg  က အမေရိကန် NBC ရုပ်သံနဲ့ မေးမြန်းခန်းမှာ ပြောသွားခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အပြန်ခရီး လူထုကြိုဆို

အမေရိကန် ပြည်ထောင်စုကို  ၁၇ရက်ခရီး လာရောက် ခဲ့တဲ့ မြန်မာ့ဒီမို ကရေစီ  ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဟာ အောက်တိုဘာလ ၄ရက် ကြာသပတေးနေ့ ည  ၉နာရီ  ၄၅ မိနစ်မှာ  ကိုရီးယားလေကြောင်း လိုင်းနဲ့ ရန်ကုန် အပြည်ပြည် ဆိုင်ရာလေဆိပ်ကို ပြန်လည် ရောက်ရှိ လာပြီဖြစ် ပါတယ်။

မြစ်ဆုံစီမံကိန်းကုမ္ပဏီ အမြန်ထွက်ခွာဖို့ ဒေသခံများတောင်းဆို

ဧရာဝတီ မြစ်ဆုံစီမံကိန်းကို အကောင် အထည် ဖော်ခဲ့တဲ့ တရုတ်နိုင်ငံ CPI
ကုမ္ပဏီကို မြန်မာနိုင်ငံ ကချင်ပြည်နယ်  မြစ်ကြီးနားမြို့ ကနေ အမြန်ဆုံး ထွက်ခွာပြီး  မြစ်ဆုံစီမံကိန်းကို အပြီးတိုင် ရပ်ဆိုင်းဖို့ ဒေသခံပြည်သူေ တွ ကဒီ ကနေ့ တောင်းဆိုလိုက်ပါတယ်။ တန်ဖရဲ-မြစ်ဆုံကျေးရွာ၊ မာရီး ယား ကောင်းကင်ဘုံသခင်မ ကက်သလစ်ဘုရားကျောင်းမှာ ကချင်ပြည်နယ် ကက်သလစ် အသင်းတော်က ဒီကနေ့ပြုလုပ်တဲ့ နိုင်ငံတော် သမ္မတ ဦးသိန်းစိန် အမိန့်နဲ့ ရပ်ဆိုင်းလိုက်တဲ့ မြစ်ဆုံစီမံကိန်း ၁ နှစ်ပြည့် အခမ်းအနားမှာ  ဖာသာရ်နော်ဒင်းက ပြောဆိုပါတယ်။

Wednesday, October 3, 2012

စင်္ကာပူတွင် သင်ကြားနိုင်မည့် ဘဏ်လုပ်ငန်းဆိုင်ရာ ဒီပလိုမာသင်တန်းများ

ဘဏ်လုပ်ငန်း၊ စတော့လုပ်ငန်းများတွင် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီး ပေးနိုင်မည့် အင်္ဂလန်နိုင်ငံ Charterred Institute for Securities and Investment မှ အသိအမှတ်ပြု စီးပွားရေးဒီပလိုမာသင်တန်းအား စင်္ကာပူနိုင်ငံ တွင် တက်ရောက် သင်ကြားတော့   မည်ဖြစ်သည်။ 

လူကုန်ကူးခံရသူများ၏ ၈၃ ရာခိုင်နှုန်းမှာ အသက် ၁၂ နှစ်မှ ၃၅ နှစ်ကြား အမျိုးသမီးများဖြစ်ပြီး ၂၀၁၁ ခုနှစ်အတွင်း တရုတ်နိုင်ငံသို့ အဓမ္မလက်ထပ်ထိမ်းမြားမှု ၈၉ မှုဖြင့် အများဆုံးဖြစ်ပွားခဲ့

၀၁၁ ခုနှစ်အတွင်း လူကုန်ကူးမှု ၁၃၆  မှုဖြစ်ပွားခဲ့ပြီး လူကုန်ကူးခံရသူများ၏
 ၈၃ ရာခိုင်နှုန်းမှာ အသက် ၁၂ နှစ်မှ အသက် ၃၅ နှစ်ကြား အမျိုးသမီးများဖြစ် ကြောင်းနှင့် တရုတ်နိုင်ငံသို့ အဓမ္မလက် ထပ်ထိမ်းမြားစေမှု ၈၉ မှုဖြင့် အများဆုံးဖြစ်ပွားခဲ့ကြောင်း လူကုန်ကူးမှု တားဆီး ကာကွယ်ရေးဗဟိုအဖွဲ့မှ သိရပါသည်။

အပျိုစင် ညကိုရောင်းပြီးလှူမည့် အသက်၂၀ အရွယ် မိန်းကလေး

ဘရာဇီးနိုင်ငံမှ ကျောင်းသူတစ်ဦးဟာ ပြည်နယ်တစ်ခုမှဆင်းရဲ ချို့ တဲ့ နေကြသည့် မိသားစုများနေထိုင်နိုင်ရန်အိမ်များဆောက် လုပ်ပေးမည့် ပရဟိတရန်ပုံငွေတစ်ရပ် ထူထောင်နိုင်ရန် အတွက် သူမရဲ့ အပျိုစင်ညကို လေလံတင်ရောင်းချလျှက်ရှိနေပါတယ်။

ရခိုင်ဒေသ ကျွဲ၊ နွား ပျာက်ဆုံးမှု ပိုများလာ

ရခိုင်ဒေသအတွင်း မတည်ငြိမ်မှုများ ဖြစ်ပေါ်ခဲ့ပြီးနောက် ပုဏ္ဏားကျွန်း၊  ကျောက်တော် ရသေ့တောင်၊ ပေါက်တော မြို့နယ်များတွင် ဒေသခံ လယ်သမားများ၏  ခိုင်းကျွဲ ခိုင်းနွားများမှာ လွန်ခဲ့သည့်လမှ စ၍ ဆက်တိုက်ပျောက်ဆုံးလျက်ရှိကြောင်း သိရသည်။

ရသေ့တောင်မြို့နယ် လောင်းချောင်းတိုက်နယ်တွင် မိုးရာသီစိုက်ပျို်းချိန်ပြီး ဆုံးသည်နှင့် ကျွဲနွားများကိုမယူ တောင်တန်းပေါ်တင်ပြီး ထိန်းကျောင်းလေ့ ရှိရာ ယခင်က ပျောက်ဆုံးမှုမရှိသော်လည်း ယခုလပိုင်းအတွင်းမှာ ကျွဲနွားအကောင် နှစ်ဆယ်ကျော်ပျောက် ဆုံးခဲ့သည်။

ဘင်္ဂလားဒေ့ရှ်တွင် ဗုဒ္ဓဘာသာ ကျောင်းများ ကို အကြမ်းဖက် ၍ ဒါကာတက္ကသိုလ် ကျောင်း သူကျောင်းသား ၃၀၀ ကျော် ချီတက် ဆန္ဒပြ

ဘင်္ဂလားဒေ့ရှ် မြန်မာနယ်စပ်အနီးက Ramu နဲ့ Cox’s Bazaar မြို့တွေမှာ ဖြစ်ပွားခဲ့တဲ့ အကြမ်း ဖက် ဆူပူမှုတွေမှာ ပါဝင်ပတ်သက်သူတွေ ကို  အာဏာပိုင်တွေအနေနဲ့ အမြန်ဆုံး အရေး ယူပေးဖို့နဲ့ လူနည်းစု ရခိုင် ဗုဒ္ဓဘာသာဝင်တွေကို အကာကွယ်ပေးဖို့တို့အတွက် ရာနဲ့ချီတဲ့ ဒါကာတက္ကသိုလ် ကျောင်း သားတွေ ဒီကနေ့ ချီတက် ဆန္ဒပြခဲ့ကြပါတယ်။

အကြမ်းဖက်မှုရပ်ရေး မြန်မာနှင့် ဘင်္ဂလားဒေ့ခ်ျသံဃာများ တောင်းဆို

ဘင်္ဂလားဒေခ်ျ့ နိုင်ငံ ကော့စ်ဘဇား ခရိုင် ပန်းဝါ ခေါ် ရာမူးမြို့က ဗုဒ္ဓဘာသာ
ဘုန်းတော်ကြီး ကျောင်းတွေ မီးရှို့ဖျက်ဆီး ခံရတာကို ဆန့်ကျင်တဲ့ အနေနဲ့
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ မှာရှိတဲ့ ဘင်္ဂလားဒေ့ခ်ျနိုင်ငံ သံရုံးရှေ့မှာ  ဗုဒ္ဓဘာသာ သံဃာတော်တွေက ဒီကနေ့ မနက်ပိုင်းမှာ  ဆန္ဒပြခဲ့ကြပါတယ်။

ဆန္ဒပြပွဲမှာ ပါဝင်သူ မြန်မာ ဆရာတော် တစ်ပါးက အခုလို မိန့်ကြားခဲ့ပါတယ်။ "လက်ရှိ ထိုင်းနိုင်ငံမှာ နေထိုင်နေတဲ့ ဘင်္ဂလား ရဟန်းတော်တွေပေါ့လေ။

ရခိုင်ဒုက္ခသည်အလှူ ဖြန့်ဖြူးမှု မမှန်ကန်ကြောင်း ကန့်ကွက်စာပေးပို့

ရခိုင်ပြည်နယ် အတွင်းမှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခ ဖြစ်စဉ်ကာလတွေ အတွင်း
ပုဏ္ဏားကျွန်းမြို့ကို ထွက်ပြေး တိမ်းရှောင် လာခဲ့ကြတဲ့ ဒုက္ခသည်တွေ အတွက်  စေတနာရှင်တွေ စုပေါင်းလှူဒါန်းထားတဲ့ ဆန်အိတ်ပေါင်း ၃၀၀ ကျော်ကို ရခိုင်ပြည်နယ် အစိုးရအဖွဲ့က ပဋိပက္ခဖြစ်စဉ်မှာ ပါဝင်ခဲ့ခြင်း မရှိတဲ့ ပုဏ္ဏားကျွန်းမြို့နယ် ကာဒီကျေးရွာကို ပေးအပ်ဖို့ စီစဉ်နေတဲ့အတွက် ပုဏ္ဏားကျွန်းမြို့ခံ လူထုတစ်ရပ်လုံးက မကျေမနပ် ဖြစ်နေကြတယ်လို့ သိရပါတယ်။

Tuesday, October 2, 2012

ရန်ကုန်မြို့လည်ခေါင်တွင် ဘီအမ်လိုင်းကား ဘရိတ်ပေါက်၍ ယဉ်တိုက်မှုဖြစ်

ရန်ကုန်မြို့လည်ခေါင် TRADER ဟိုတယ်ရှေ့တွင် မြောက်ဥက္ကလာမှ လာသောဘီအမ်လိုင်းကား ဘရိတ်ပေါက်၍ လမ်းလည်ကျွန်း ကိုကျော် တက်ပြီး တဖက်ယဉ်ကြောမှမောင်းလာသည့်ဟွန်ဒါကားကို ၀င်တိုက် မှုအောက်တိုဘာ ၂ရက် ညနေ ၅ နာရီ ၄၅ ခန့် ကဖြစ်ပွားခဲ့ရာ အသက်၄၀ခန့် အရွယ်ရှိ အမျိုးသမီးတစ်ဦး ထိခိုက်ဒါဏ်ရာ ရခဲ့ကြောင်း သိရသည်။ စိုင်း/ပြည့်
 
From- Popular Myanmar News Journal

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ပျက်စီးသွားတဲ့ ဗုဒ္ဓဘာသာကျောင်းများ အတွက် ထိုင်းနိုင်ငံတွင် ရဟန်းတော်များ ဆန္ဒပြ

ဒီနေ့ ထိုင်းနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ် သံရုံးရှေ့မှာအကြမ်းဖက် သမားေ တွကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ပျက်စီးသွားတဲ့ ဗုဒ္ဓဘာသာကျောင်းများ အတွက် ဆန္ဒပြပွဲတစ်ခုကို ဘင်္ဂလားရဟန်းတော်များစုက ဆင်နွဲခဲကြ ပါတယ်။ 

ရှမ်းပြည်နယ်လွှတ်တော်ထဲက ကိုယ်စားလှယ်တဦးနဲ့ အင်တာဗျူး

စိုင်းမောင်ကြီးက ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ (SNDP)က ဖြစ်ပါတယ်။
တောင်ကြီးတက္ကသိုလ်ကနေ သမိုင်းဘာသာရပ်အထူးပြု သင်ကြားခဲ့ သူပါ။ ၂၀၁၀ ရွေးကောက်ပွဲမှာ ရှမ်းပြည်တောင်ပိုင်း၊ မိုးနဲမြို့နယ် မဲဆန္ဒနယ် အမှတ် ၂ ကနေ ရွေးကောက်ခံရပြီး လွှတ်တော်ကိုယ်စားလှယ် ဖြစ်လာသူပါ။ ထိုင်းနိုင်ငံ မှာ လေ့လာေ ရးရောက်နေတဲ့ စိုင်းမောင်ကြီးနဲ့ ဒီမနက် တွေ့ဆုံ မေးမြန်းခဲ့ တာတွေကို ဖော်ပြလိုက်ပါတယ်။ သူနဲ့ အဆက်အသွယ် ထပ်ရရင် ဧရာဝတီဘလော့အတွက် ထပ်ပြီးတော့ အင်တာဗျူးချင်ပါသေးတယ်။

မသန်စွမ်းသူတွေအတွက် ဥပဒေထွက်တော့မယ်

ဒီဥပဒေဟာ မသန်စွမ်းသူ တွေရဲ့ အခွင့်အရေးကို အကာအကွယ်ပေးမယ့် ဥပဒေဖြစ်ပြီး ဥပဒေမူကြမ်း အဆင့်ကို ရောက်နေပြီလို့ သိရပါတယ်။ မြန်မာနိုင်ငံ လူဦးရေရဲ့ ၁၃သိန်းဟာ မသန်စွမ်းသူဦးရေဖြစ် ကြောင်း မသန်စွမ်းမှု ဆိုင်ရာ သုသေတန စာတန်းများ   လေ့လာပြုစုသူ တဦးဖြစ်တဲ့ ဆလိုင်းဘာတီဗွေး မှ ပြောကြားခဲ့ပါတယ်။ 

ရန်ကုန်မြို့နားက ကိုရီးယားရွာများ


ရန်ကုန်မြို့ မြောက်ကိုရီးယား စားတော်ဆက်ရဲ့ ဖျော်ဖြေရေး 
ကိုရီးယားတို့ရဲ့ ကန်နမ်စတိုင်လ်က ကမ္ဘာကိုထိုးဖောက်လိုက် တဲ့အတွက် ဒီနေ့ခေတ်ဟာ ဂလိုဘယ်လိုက်ဇေးရှင်းခေတ် မဟုတ်တော့ဘဲ ကိုရီးယားလိုက်ဇေးရှင်းခေတ်ဖြစ်နေပြီလား။

မြန်မာပြည်မှာလည်း ကိုရီးယား ရုပ်သံဇာတ်လမ်း၊ ကိုရီးယား မုန်ညှင်းချဉ် စသဖြင့် ခေတ်စားလာအပြီး အခုနောက်ဆုံးတွေ့ လာရတာကတော့ ကိုရီးယားကျေးရွာ ဖြစ်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီးရှိ မီကာဆာဟိုတယ်တွင် အမေရိကန်နိုင်ငံသားတစ်ဦး အခန်းအတွင်း သေဆုံးမှုဖြစ်ပွား

ရန်ကုန်တိုင်းဒေသကြီးရှိ မီကာဆာဟို တယ်တွင် အမေရိကန်နိုင်ငံ သားတစ်ဦး  အခန်းအတွင်း သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

အမေရိကန်မှ ဒေါ်အောင်ဆန်းစုကြည်နေ့အဖြစ် သတ်မှတ်

လတိုင်း၊လတိုင်း၏စက်တင်ဘာလ၂၅ ရက်နေ့ကို ဒေါ်အောင်ဆန်းစုကြည်ေ န့ အဖြစ်အမေရိကန်နိုင်ငံ၊အင်ဒီယား နားပြည်နယ်၊ Fort Wayne မြို့တော်ဝန် Tom Henryကသတ်မှတ်ခဲ့ကြောင်းသိရသည်။
“ဒေါ်အောင်ဆန်းစုကြည် အမေရိကန်ကိုရောက်နေတုန်း ဖို့ဝေးမြို့မှာ မိန့်ခွန်းပြော ခဲ့ပြီးတော့ စက်တင်ဘာ၂၅ရက်နေ့ကို ဒေါ်အောင်ဆန်း စုကြည်နေ့ သတ် မှတ်ဖို့မြို့တော်ဝန်က ပြောကြားခဲ့တာဖြစ်တယ် လို့ ကြေညာချက်မှာ  ဖော်ပြထားပါတယ်။

ဘုန်းတော်ကြီးကျောင်း မီးရှို့တိုက်ခိုက်မူ လူပေါင်း ၁၆၀ ကျော် ဖမ်းဆီး၊ ၆၀၀ ကျော်တရားစွဲ

ဘုန်းတော်ကြီးကျောင်းကို အကြမ်းဖက်  တိုက်ခိုက်သူတွေကို ဘင်္ဂလာရဲ အဖွဲ့က  လိုက်လံ ဖမ်းဆီးနေ တဲ့ နေရာမှာ အခု အခါ လူပေါင်း ၁၆၆ ဦးကို ဖမ်းဆီး ထားပြီ ဖြစ်တယ်လို့ ပြည်ထဲရေး  ၀န်ကြီး မစ္စတာ အလောင်ဂျီက ပြောပါတယ်။

ဖမ်းဆီးတဲ့ အထဲမှာ ၉၃ ဦးက ကော့စ်ဘဇားခရိုင်က ဖြစ်ပြီး ၇၃ ဦးက စစ်တကောင်း က ဖြစ်ပါတယ်။

ဟောင်ကောင်တွင် သင်္ဘောနစ်မြုပ်၊ အနည်းဆုံး ၃၆ ဦး သေဆုံး

ဟောင်ကောင်မှာ လူပေါင်း ၁၂၀ ကျော် လိုက်ပါလာတဲ့ ခရီးသည်တင် ကူးတို့ သင်္ဘာ တစ်စီးဟာ တခြားကူးတို့ သင်္ဘောတစ်စီးနဲ့  မနေ့ ညက တိုက်မိ နစ်မြုပ်သွားတာကြောင့်အနည်းဆုံး သေဆုံးသူ ၃၆  ဦးထိရှိနေပြီဖြစ်ပါတယ်။ ဟောင်ကောင်အနောက်တောင်ပိုင်းက ကမ္ဘာလှည့် ခရီး သည်တွေ အသွားများ တဲ့ လမ်းမာကျွန်းအနီးမှာ မေတ်ာတဆ တိုက်မိမှုဖြစ်ပွားခဲ့ တာဖြစ် ပါတယ်။

ကြံခိုင်ရေးပါတီ ဥက္ကဌသစ် ရွေးချယ်မည်

လာမည့် အောက်တိုဘာလ ၁၄ ရက်နေ့တွင် ကျင်းပ မည့် ပြည်ထောင်စု ကြံခိုင်ရေး နှင့် ဖွံဖြိုး ရေး ပါတီ ပြည်လုံးကျွတ် ညီလာခံ တွင် ပါတီ ဥက္ကဌသစ်ကို ပြန်လည် ရွေးချယ်သွားမည် ဖြစ်ကြောင်း အဆိုပါတီ၏ အထွေထွေ အတွင်းရေးမှုး ဦးဌေးဦးက The Voice Weekly သို့ ပြော ကြားသည်။

ဒလ၊ တွံတေး၊ သန်လျင်မြောက်ခြမ်း အနာဂတ် ရန်ကုန်မြို့တော် စီမံကိန်း


လူဦးရေ ခြောက်သန်း နီးပါးခန့် မှီတင်း နေထိုင်လျက် ရှိပြီး ၃၀၆ စတုရန်းမိုင်ကျော် ကျယ်ဝန်းသော ရန်ကုန်မြို့တော်သည် မကြာမီ အချိန် ကာလအတွင်း စတုရန်းမိုင်ပေါင်း ၁၀၀ ကျော် နေရာ သတ်မှတ်၍ ထပ်မံ တိုးချဲ့သွားရန် ရှိသည်ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက စက်တင်ဘာလ ၁၉ ရက်နေ့က တရားဝင် ထုတ်ဖော် ပြောဆို လိုက်သည်။

ပုဂံညောင်ဦးမြို့ မနူဟာဘုရား အရုပ်သွင်းပွဲတွင် ဗိုလ်ချုပ်နှင့် ဒေါ်အောင်ဆန်းစုကြည် အရုပ်များ ပြသခဲ့

ပုဂံညောင်ဦးမြို့ မနူဟာဘုရား အရုပ်သွင်းပွဲကိုစက်တင်ဘာ၂၉ရက်ညပိုင်းကကျင်းပရာ ဗိုလ်ချုပ်နှင့် ဒေါ်အောင်ဆန်းစုကြည် အရုပ်များ ပြသ ခဲ့ ကြောင်းသိရသည်။
"အရင်နှစ်တွေနဲ့မတူဘူး။တွေ့နေကြ အရုပ်တွေမဟုတ်ဘူးဆိုတော့ လူတွေပိုစိတ်ဝင်စား တာပေါ့"ဟုဒေသခံလိုင်စင်ရဧည့်လမ်းညွှန် တဦး ကပြောသည်။