Tuesday, October 9, 2012

OIC အလို မရှိကြောင်း ရဟန်းတော်များ စစ်တွေတွင် ဆန္ဒပြတောင်းဆို

စစ်တွေတွင် ရဟန်းတော် အပါး ၇၀၀ ခန့်က ယနေ့ နေ့လည် ၂ နာရီကျော် က စစ်တွေမြို့ရှိ ဘင်္ဂလာဒေခ်ျ့ သံရုံးရှေ့သို့ သွားရောက်ပြီး OIC ကို အ လို မရှိကြောင်း ငြိမ်းချမ်းစွာ ဆန္ဒပြ တောင်းဆို ခဲ့ကြသည်ဟု သတင်း ရရှိသည်။

စစ်တွေ ရဟန်းတော်များ ဆန္ဒပြပွဲ လူပေါင်းသောင်းချီ ပူးပေါင်းပါဝင်

စစ်တွေတွင်  ယနေ့ ပြုလုပ်သော ရဟန်းတော်များ ဦးဆောင် ဆန္ဒပြပွဲသို့
လူပေါင်းသောင်းချီ ပူးပေါင်း ပါဝင်လာ သဖြင့် လူထု လူပ်ရှားမူ ဆန္ဒပြပွဲ တစ်ခု အဖြစ်သို့ ပြောင်းလဲ ရောက်ရှိသွားပြီ ဖြစ်ကြောင်း ဦးဆောင် ဆရာတော်  တစ်ပါးက နိရဉ္စရာသို့ မိန့်ကြားသည်။

ရွှေပြည်သာ မြို့နယ်တွင်း အုပ်ချုပ်ရေးမှူးအဖြစ် အမျိုးသမီး ၁၃ ဦး ရွေးချယ်ခံခဲ့ရ

ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ် အမှတ်(၈)ရပ်ကွက် အုပ်ချုပ်ရေးမှူးရွေးချယ်ရေးအတွက်  ဆယ်အိမ်စုကိုယ်စား လှယ်ရွေးချယ်  ရာတွင်အမျိုးသမီး(၁၃)ဦး ရွေးချယ်ခံခဲ့ရကြောင်း သိရှိရသည်။

ချောင်းသာ အမှတ်၆၅ မူလွန်ကျောင်းဆရာမလုံလောက်မှုပြဿနာ ကြုံတွေ့နေရ

ချောင်းသာရှိမူလတန်းလွန်ကျောင်းတွင် အစိုးရမှ တရားဝင်ချ ထားပေးေ သာ ဆရာအင် အားနှင့် ကျောင်းသားအင်အားနည်းနေရသည်ဟု ဆရာ ဦးအောင်နိုင် သူကပြောသည်။
“ရှိသင့်တဲ့အင်အားနဲ့ရှိနေတဲ့ ဆရာအင်အားမမျှတော့ လေ့ကျင့်ခန်းတွေလဲ ပြန်မ စစ်နိုင် နဲ့ ပညာရေးပိုင်းအားနည်းတယ်။သင်ကြားရတာလဲအခန်းမှာ ကလေးတွေပြည့် ကျပ်နေတော့အာရုံမစိုက်နိုင်တော့ဘူး” ဟုချောင်းသာေ ကျးရွာ အမှတ် ၆၅ မူလွန်ကျောင်းမှ ဆရာဦးအောင်နိုင်သူကပြောသည်။ အဆိုပါကျောင်းတွင် တရားဝင်ချထားပေးသည့် ကျောင်းအုပ်အပါအ၀င် ဆရာ ၆ဦးနှင့် ကျောင်း အကျိုးတော်ဆောင်အသင်းနှင့် ကျောင်းသားမိဘ များမှ ပူးပေါင်းကာ ဆရာ ၄ဦးဌား၍ ကလေးများ၏ ပညာရေးအားအားဖြည့် လျှက်ရှိသည်။ယခုပညာသင်နှစ် တွင် ကျောင်းသားအင်အား ၄၇၃ဦးနှင့် ဆရာအင်အားမျှ တမှုရှိသော်လည်း လာမည့်စာသင်နှစ်တွင် တိုးလာမည့်ကျောင်း သားဦးရေနှင့် ဆရာအင်အား မလောက် ဌ ကြောင်း ၄င်းကပြောသည်။

၂၀၁၄ ခုနှစ်အတွက် DV ကံစမ်းမဲ လျှောက်နိုင်ပြီ

Picture အမေရိကန်ပြည်ထောင်စုကို လာရောက်နေထိုင်လိုသူတွေအတွက် DV Lottery လို့ခေါ်တဲ့ ဒီဗွီ ကံစမ်းမဲ ထိုးနိုင်တဲ့အချိန် တခေါက်ရောက် လာပြန်ပါပြီ။ DV Lottery Diversity Visa အစီအစဉ် ကို အောက်တို ဘာလ ၂ ရက်နေ့မှာ စတင်ပြီးတော့ နိုဝင်ဘာလ သုံးရက်နေ့ မှာ လျှောက် လွှာ ပိတ် မှာ ဖြစ် ပါတယ်။ ဒီသတင်းနဲ့ပတ်သက်လို့ ဗွီအိုအေ ပါရှန်းဌာန ကနေပြီးတော့ Mana Rabiee ရဲ့ သတင်းလွှာကို ပေါင်း စပ်ပြီး မအေးသန္တာကျော် က တင်ပြပေး ထားပါတယ်။

မြန်မာ ကြွေးမည် ပြဿနာ ADB ကူညီမည်

မြန်မာနိုင်ငံ၏ ကြွေးမည် ပြဿနာ ဖြေရှင်းရေးအတွက် အာရှ ဖွံ့ဖြိုးရေး ဘဏ်(ADB)က အကူအညီ ပေးရန် ရှိကြောင်း သိရသည်။ ပဏာမ အစီအစဉ်အနေနှင့် ငွေကြေးဆိုင်ရာ နည်းနာပိုင်း အကူအညီပေးမည်ဖြစ်ကြောင်း ADB အကြီးအကဲ Haruhiko Kuroda ကို ကိုးကား၍ Reuters သတင်းတွင် ရေးသားထားသည်။ Kuroda သည် ယခုအပတ်အတွင်း ဂျပန်နိုင်ငံ တိုကျိုမြို့တွင် ကျင်းပ မည့် နိုင်ငံ တကာ ငွေကြေး ရန်ပုံငွေအဖွဲ့(IMF) အစည်းအဝေး တက်ရောက်ရန်ရှိပြီး မြန်မာနိုင်ငံအကူအညီ အစီအစဉ်ကို မကြာ ခင် စတင်နိုင် ရန် မျှော် လင့် ထားသည်ဟုလည်း သတင်းထောက်များကို ပြောကြားကြောင်း သိရသည်။
From- ဧရာဝတီ

ရခိုင်ပြည်နယ် စစ်တွေမြို့ဘင်္ဂလားဒေ့ရှ် ကောင်စစ်ဝန်ရုံးရှေ့တွင် ရခိုင်သံဃာတော်များ ဆန္ဒထုတ်ဖော်

ယနေ့နေ့လည် ၁ နာရီအချိန် တွင် စစ်တွေမြို့ အောင်မြေကုန်း ကျောင်း (စစ်တွေဘောလုံးကွင်းရပ်ကွက်) မှ သံဃာတော်များ စုပေါင်း ၍ ဘင်္ဂလားဒေ့ရှ်ကောင်စစ်ဝန်ရုံးရှေ့ တွင် အချက် ၅ ချက်ဖြင့် ဆန္ဒဖော် ထုတ်လျက်ရှိကြောင်း သတင်းရရှိ ပါသည်။

ကမ္ဘာ့ပထမဆုံး ပုဂ္ဂလိက အာကာသလွန်းပျံယာဉ် လွှတ်တင်

ကမ္ဘာ့ပထမဆုံး ပုဂ္ဂလိက အာကာသသွား လွန်းပျံယာဉ်ကို SpaceXက တနင်္ဂနွေနေ့ညတွင် လွှတ်တင်လိုက်ကြောင်း သိရှိရသည်။ SpaceX သည် လူလိုက်ပါခြင်း မရှိသော ကုန်တင်Capsuleယာဉ် တစ်စင်းကို အာကာသထဲရှိ နိုင်ငံတကာ အာကာသစခန်း (ISS)သို့ ပေးပို့ မည် ဖြစ်သည်။

ဒုံးကျည်ပစ်ခတ်နိုင်သည့် အကွာအဝေးတိုးမြှင့်မည့်ဟု တောင်ကိုရီးယားကြေညာ

မိမိတို့ နိုင်ငံမှ ပစ်ခတ်နိုင်သော ဒုံးကျည် အကွာအဝေးကို တိုးမြှင့် မည်ဖြစ်ကြောင်း တောင်ကိုရီးယား စစ်ဘက်က အတည်ပြု ကြေညာ ခဲ့သည်။ တောင်ကိုရီးယား အစိုးရသည် မိမိတို့၏ ကာကွယ်ရေး ကဏ္ဍအတွက် တပ်ဆင်ထားသော ဒုံးကျည်များ ရောက်ရှိနိုင်သည့် အကွာအဝေး ကန့်သတ်ချက်ကို (၁၈၅)မိုင်သာ ထားရှိမှုအား ပယ်ဖျက်ရန် သဘောတူညီခဲ့သည်။ အမေရိကန်နှင့် အခြားသော နိုင်ငံများနှင့် ဆွေးနွေးပြီးနောက် တောင်ကိုရီးယားသည် ဒုံးကျည် ရောက်ရှိနိုင်မှု နယ်ပယ်ကို မြှင့်တင်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ပြီး သမ္မတ

Suzuki ကုမ္ပဏီ မြန်မာတွင် ရင်နှီးမြှုပ်နှံရန် စိတ်ဝင်စား

ဂျပန် Suzuki Motor Corp ကားထုတ်လုပ်ရေး ကုမ္ပဏီက မြန်မာနိုင်ငံ ရန်ကုန်မြို့ သီလ၀ါ အထူးစီးပွားရေးဇုန် စီမံကိန်းတွင် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ရန် စိတ်ဝင်စားနေကြောင်း သတင်းရသည်။ Suzuki ကုမ္ပဏီ အနေဖြင့် ၂၀၁၅ ခုနှစ်ခန့်တွင် ဖွံ့ဖြိုးလာမည့် မြန်မာ့ စီးပွားရေး ဈေးကွက် ကို ခန့်မှန်း၍ ကား အစိတ်အပိုင်းများ အပါအ၀င် တနှစ်လျှင် ကား အစီးရေ ၂၀၀၀၀ မှ ၃၀၀၀၀ အထိ ထုတ် လုပ်သွားနိုင်ရန် မျှော်လင့်ပြီး စက်ရုံတည်ဆောက်၍ ရင်းနှီးမြှုပ်နှံရန် ရည်ရွယ်ခြင်း ဖြစ်သည်ဟု Reuters သတင်း၌ ဖော်ပြထား သည်။ သို့သော် မည်သည့် ဆုံးဖြတ်ချက်မှ မချရသေးကြောင်း Suzuki ပြောရေးဆိုခွင့်ရှိသူက ပြောသည်ဟုလည်း ဆိုသည်။
From- ဧရာဝတီ

နိုဘယ်လ် ဆေးသိပ္ပံဆု ဂျပန်နဲ့ ဗြိတိန် သိပ္ပံပညာရှင်တွေ ရရှိ

၂၀၁၂ ခုနှစ်အတွက် ဆေးပညာဆိုင်ရာ နိုဘယ်လ်ဆုကို stem cell နဲ့ ပတ်သက်တဲ့ သုတေသန လုပ်ငန်းတွေကို လုပ်ကြတဲ့ ဂျပန်နိုင်ငံသား Shinya Yamanaka နဲ့ ဗြိတိန်နိုင်ငံသား John Gurdon တို့ ဆွတ်ခူး သွားပါ တယ်။ဆုရသူတွေကို ဆွီဒင်နိုင်ငံ၊ စတော့ခ်ဟုမ်းမ်စ်မြို့မှာ တနင်္လာနေ့ က ကြေညာခဲ့တာပါ။ Adult cell လို့ခေါ်တဲ့ ဆဲလ်တွေကနေ ဘယ်လို တစ်ရှုးပုံသဏ္ဌာန်မျိုးကိုမဆို ဖွဲ့စည်းဖြစ်ပေါ်စေဖို့ အသုံးပြုနိုင်မယ့် stem cell တွေ ဖွဲ့စည်ြး ဖစ်ပေါ်စေမယ့် နျူကလီးယားအစီအစဉ်ပြန်လုပ်တဲ့ လုပ်ငန်းစဉ်တရပ်ကို သုတေသနပြုခဲ့ကြတဲ့အတွက် အဲဒီသိပ္ပံပညာ ရှင် နှစ်ဦးကို နိုဘဲလ်ဆု ချီးမြှင့်ခဲ့တာပါ။

ဒေါ်အောင်ဆန်းစုကြည် အိန္ဒိယ ခရီးစဉ် သွားရန်ရှိ

NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် သည် လာမည့် နိုဝင်ဘာလ လယ်ပိုင်း၌ အိန္ဒိယ နိုင်ငံသို့ သွားရောက် ရန်ရှိကြောင်း သတင်းရသည်။ ခရီးစဉ်၏ အသေးစိတ် အစီအစဉ်ကိုမူ အတိအကျ မသိရှိ ရသေးကြောင်း NLD အသိုင်းအ၀ိုင်းက ပြောသည်။ ၎င်းကို ယနေ့တွင် ရန်ကုန်အခြေစိုက် အိန္ဒိယ သံရုံးက ညစာစားပွဲ ဖိတ်ထားကြောင်း သိရသည်။ အောက်တိုဘာ ၁၀ ရက်တွင် ဒေသဖွံ့ဖြိုးရေး အတွက် ရန်ကုန် တိုင်း ကော့မှူးမြို့နယ်သို့ သွားရောက်မည် ဖြစ်သည်ဟုလည်း ဆိုသည်။ ဒေါ်အောင်ဆန်းစုကြည် သည် ကော့မှူး မြို့နယ် ပြည် သူ့ လွှတ်တော် ကိုယ်စားလှယ် ဖြစ်သည်။
From- ဧရာဝတီ

တရုတ်က ဧရာဝတီတိုင်း အတွက် ဒေါ်လာ ၃ သန်း အတိုးမဲ့ချေး

ရေဘေး ဒုက္ခ ခံခဲ့ရသည့် ဧရာဝတီတိုင်းအား ရေနစ်မြုပ်မှုကင်းဝေးစေရန် တာတမံများ ပြုလုပ်၍ ထိန်းသိမ်းခြင်း ဆောင်ရွက်ရေး အတွက် တရုတ်နိုင်ငံက ဧရာဝတီတိုင်း ဒေသကြီး အစိုးရအဖွဲ့ကို အတိုးမဲ့ချေးငွေ အမေရိကန်ဒေါ်လာ ၃ သန်း ချေးပေးကြောင်း သိရသည်။ ထိုငွေများဖြင့် ဒေသအတွင်းရှိ တာတမံများ၊ တာပေါင်များကို မြှင့်တင်ရန်၊ ပန်းတာ၊ ဖျက်တာများ၊ ရေထိန်း တံခါးများ တည်ဆောက်ခြင်း ဆောင်ရွက်ရန် စီမံချက်များ ရေးဆွဲပြီး လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနသို့ တင်ပြထားပြီးဖြစ် ကြောင်း တိုင်းဒေသကြီး အစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးသိန်းအောင်က ပြောကြားသည်။
From- ဧရာဝတီ

ဖက်ဒရာယ်စနစ် အကောင်အထည် ဖော်ရန် ဒီမို ၁၀ ပါတီ သဘောတူ

ဖက်ဒရာယ် ပြည်ထောင်စု စနစ် အကောင်အထည် ဖော်ရန် မဟာမိတ် ဒီမိုကရေစီ ၁၀ ပါတီ သဘောတူညီမှု ရရှိကြောင်း သတင်းရသည်။ ယမန်နေ့က ရန်ကုန်မြို့၌ ကျင်းပသော အစည်းအဝေးတွင် ဒေသတခုချင်းအလိုက်၊ တိုင်းရင်းသား ပြည်နယ်များ အလိုက် စီမံခန့်ခွဲခွင့် အပြည့်ရရှိမည့် စနစ်ကို အကောင်အထည်ဖော်ရန် သဘောတူကြခြင်း ဖြစ်ကြောင်း သိရသည်။ ဒီမိုကရေစီ ၁၀ ပါတီ၌ ရှမ်း၊ မွန်၊ ချင်း၊ ရခိုင် စသည့် တိုင်းရင်းသား ပါတီများအပြင် NDF ၊ ဒီမိုကရက်တစ် ပါတီ(မြန်မာ)၊ ပြည်ထောင်စု ဒီမိုကရေစီ ပါတီ၊ ညီညွတ်ရေး နှင့် ငြိမ်းချမ်းရေး စသည့် ပါတီများလည်း ပါဝင်သည်။
From- ဧရာဝတီ

သေမင်းတမန် အကျဉ်းသားဟောင်း စာရေးဆရာကြီး ကွယ်လွန်


 မစ္စတာ အိရစ် လိုမက်စ်၊ ဓာတ်ပုံ- express.co.uk
ဒုတိယ ကမ္ဘာစစ်ကာလအတွင်းက ဖက်ဆစ်ဂျပန်တို့ရဲ့ သေမင်း တမန် ရထားလမ်းဖောက်လုပ်မှုမှာ အကျဉ်းသား သုံ့ပန်း ဖြစ်ခဲ့ရတဲ့ စကော့တလန်လူမျိုး စစ်ပြန်ကြီးဖြစ်တဲ့ မစ္စတာ အိရစ် လိုမက်စ် ( Mr. Eric Lomax) ဟာ ယမန်နေ့ အောက်တိုဘာလ ၈ ရက်နေ့က ကွယ် လွန် သွားပါတယ်။

ဘင်္ဂလားဒေ့ရှ် ၀န်ကြီးချုပ် ဗုဒ္ဓဘာသာအကြီးအကဲများနှင့်တွေ့

ဘင်္ဂလားဒေ့ရှ်ဝန်ကြီးးချုပ်  Sheikh Hasina ဟာ ပြီးခဲ့တဲ့သီတင်း ပါတ် က ထောင်ချီတဲ့ မူဆလင်လူအုပ်စု က ဒါဇင်နဲ့ ချီတဲ့ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းတွေ နဲ့ အိမ်ခြေ ၅၀ လောက်ကို ဖျက်ဆီးမီးရှို့ခဲ့တဲ့ Cox’s Bazar ဒေသကို တနင်္လာနေ့ က သွားရောက်ခဲ့ပါတယ်။

လူထုလိုလားရင် ဒေါ်အောင်ဆန်းစုကြည် သမ္မတအဖြစ် တာဝန်ထမ်းဆောင်မည်

ပည်သူလူထု လိုလားရင် သူ့အနေနဲ့ သမ္မတ တာဝန်ကိုလည်း ယူနိုင် တယ် လို့ မြန်မာ့ ဒီမိုကရေစီ  ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်က ပြော လိုက် ပါတယ်။

ရှမ်းမြောက် မုန်ဂိုးဒေသတွင် မြန်မာ အစိုးရနှင့် KIA ကြား တိုက်ပွဲဖြစ်

မုန်ဂိုးဒေသမှ KIA စစ်သားများ။ရှမ်းပြည်မြောက်ပိုင်း မုန်ဂိုး (Munggu) ဒေသ နောင်ဟမ် (Nawng Hem)နှင့် ရွှေအိုင် (Shwi Ai) တွင် မြန်မာအစိုးရတပ် ခလရ (၆၉) တပ်နှင့်
 မုန်ဂိုးဒေသမှ KIA စစ်သားများ။
 ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) တပ်မဟာ (၄)၊ အရပ်သား ကာကွယ်ရေးတပ်ဖွဲ့ (MHH) တပ်ခွဲ (၅)တို့ ယနေ့ နံနက် ၁၀ ခွဲချိန်တွင် တိုက်ပွဲဖြစ်ပွားနေကြောင်း ရှေ့တန်းမှ KIA အရာရှိတဦး KNG ကချင်သတင်းဌာနသို့ပြောသည်။

အောက်တိုဘာလ ၈ရက်၊ ၂၀၁၂ခုနှစ်။ စဖန်းရှောင်း (ကေအိုင်စီ)

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ မေတ္တာမြို့နယ်ခွဲ သပြုချောင်းရွာမှစ၍ အာရှလမ်းမကြီးတစ်လျှောက်တွင် အောက်တိုဘာလ ၅ ရက်နေ့မှစ၍ ထိုင်းနိုင်ငံဘက်ခြမ်းမှ တရားမ၀င် ခိုးဝင်လာသော ဆိုင်ကယ်များကို နယ်မြေခံ အစိုးရစစ်တပ်များက ဖမ်းဆီးအ ရေးယူလျက်ရှိသည်။

ကျေးရွာ အုပ်ချုပ်ရေးမှူး သားက ရေတပ်သားလို အယောင်ဆောင်ပြီး အရပ်သားတစ်ဦးကို ဖမ်းဆီး နှိပ်စက်

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် ကျေးရွာ တစ်ခုမှ အုပ်ချုပ်ရေးမှူး သားတစ် ဦးသည် သူ၏ အပေါင်းအဖေါ် (၉) ဦးနှင့် အတူ ရေတပ်သား ဟန်ဆောင်ပြီး အရပ်သား တစ်ဦးကို ဖမ်းဆီးကာ ပြင်းပြင်းထန်ထန် နှိပ် စက် ညှဉ်းပမ်းခဲ့သည်ဟု သတင်း ရရှိသည်။

ထိုင်း ရေတပ်ထဲက Gangnam Style

တောင်ကိုရီယား PSY ရဲ့ Gangnam Style တဲ့ သီချင်းနဲ့ အက ဟာ ထိုင်းနိုင်ငံ က ရေတပ်ထဲအထိ ထိုးဖောက်ဝင်ရောက် လာပါပြီ။ 

ဘယ်လို ထိုးဖောက်ဝင်ရောက်မွှေနှောက် လာသလဲ ဆိုရင် ရေတပ်မှာ ဒရင်လ် လို့ ခေါ်တဲ့ အစမ်း လေ့ကျင့်ခန်း လုပ်ကြသလို Gangnam Style က သီချင်းနဲ့ အက က နေရာဝင်ယူလိုက်သလိုပါတဲ့။

မြန်မာနိုင်ငံဆိုင်ရာ ချက်သမ္မတနိုင်ငံ သံအမတ်ခန့်အပ်


ဥရောပ သမဂ္ဂအဖွဲ့ဝင် နိုင်ငံတနိုင်ငံဖြစ်တဲ့ ချက်သမ္မတနိုင်ငံနဲ့ မြန်မာနိုင်ငံတို့ သံတမန် ဆက်ဆံရေး ပြန် လည် စတင်လိုက်ပါပြီ။ 

မြစ်ကြီးနားမြို့တွင် အုပ်စုဖွဲ့သားမယား ပြုကျင့်သူများအား ဖမ်းဆီးရမိ

၂၀၁၂ ခုနှစ် အောက်တိုဘာလ ၃ ရက် ည ၉ နာရီ ၅ မိနစ်တွင် မြစ်ကြီးနားမြို့၊ ကြာရာပတ္တီး (ဘီ) နယ်မြေ၊ တပ်ကုန်း ရပ်ကွက်၊ ဦးချစ်ဆွေ၏ ရာဘာခြံဝင်းအတွင်းရှိ နေအိမ်တွင် နေထိုင်သော ဒေါ်----- (၄၀)နှစ် (ဘ) ဦးဖုန်းငို၊ ရာဘာခြံ အလုပ်သမသည် သား(၂)ဦး၊ အမီး(၃) ဦးတို့ နှင့် အတူ အိပ်ပျော်နေစဉ် နေအိမ်ပေါ်သို့ လူတက်လာသံကြား၍ လန့်နိုးပြီး ကြည့်ရှုရာ နေအိမ်ပေါ်၌ အမည် မသိလူ (၁) ဦး၊ နေအိမ်

အမေရိကန်သံအမတ်ကြီးနှင့် ဇနီး ဗုဒ္ဓဘာသာဝင် အဖြစ်သို့ ကူးပြောင်းမည်

အမေရိကန်သံအမတ်ကြီး ဒဲလ်ရစ်မစ်ချယ်နှင့် ဇနီးတို့သည် လာ မည့် အောက်တိုဘာ ၃၀ ရက်နေ့သီတင်းကျွတ်လပြည့်နေ့တွင် ဗုဒ္ဓ ဘာသာဝင်အဖြစ်သို့ ကူးပြောင်းမည်ဖြစ်ကြောင်း သံရုံးပြောရေးဆိုခွင့်ရှိသူမှ ယနေ့ပြောကြားလိုက်သည်။

Monday, October 8, 2012

ပုဂံမြို့ဟောင်းတွင် အဆောက်အဦးအသစ်များ ရပ်တန့်စေရေး သမ္မတထံစာတင်မည်

ကမ္ဘာ့ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်လို၍ ပုဂံမြို့ဟောင်း၌ အဆောက်အဦးအသစ်များ တိုးချဲ့ ဆောက်လုပ်နေ့သည့် ကိစ္စအား နိုင်ငံတော်သမ္မတထံ တင်ပြတောင်းဆိုကြမည် ဖြစ်သည်။
ပုဂံမြို့ဟောင်းနယ်မြေအတွင်းရှိ ဟိုတယ်များ၊ စားသောက်ဆိုင်များ၊ ကဇာတ် ဖျော်ဖြေရေး၊ လူနေအိမ် များ ဆောက်လုပ်နေမှု အပေါ် နိုင်ငံတော်သမ္မတထံသို့ စာတင် သွားမည်ဖြစ်ကြောင်း ပုဂံရှေးဟောင်းနယ်မြေ ယဉ်ကျေးမှု ထိန်းသိမ်းစောင့်ရှောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့က သိရှိရသည်။

မလေးရှားသံအမတ်ကြီး ဦးဆောင်သည့်အဖွဲ့ ရခိုင်ဒုက္ခသည်စခန်းများသို့ သွားရောက်

ရခိုင်ပြည်နယ်ရှိ ဘေးဒဏ်သင့်ဒေသမှ ပြည်သူများအတွက် လူမှုရေးအကူ အညီ များပေးရန် ရောက်ရှိ နေသည့် မလေးရှားနိုင်ငံ သံအမတ်ကြီး H.E>Dr Ahmad Faisal Muhamad ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့မှာ စစ်တွေမြို့ နယ်ရှိ ဘေးဒဏ် သင့်ဒုက္ခသည် စခန်း များသို့ အောက်တိုဘာလ(၈)ရက်နေ့က သွားရောက်လေ့ လာခဲ့သည်။ အဆိုပါသံအမတ်ကြီးသည် အောက်တိုဘာလ(၇)ရက်နေ့က စစ်တွေမြို့ သို့ ရောက်ရှိခဲ့ခြင်းဖြစ်ပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရ
အကူအညီပေးရေး လုပ်ငန်းများ ဆောင်ရွက်ရန် ရောက်ရှိလာ ခြင်းဖြစ်ပြီး ၄င်းနှင့်အတူ ဘာသာရေးအသင်းအဖွဲ့ များမှ ခေါင်းဆောင်များအပါအဝင် (၄၅) ဦး ပါဝင်သည်။

မြန်မာနိုင်ငံသတင်းစာဆရာ အသင်း (မန္တလေးတိုင်းဒေသကြီး) ၏ သဘောထားကြေညာချက် ၁/ ၂၀၁၂

ပြည်ပရင်းနှီးမြှုပ်နှံမှုများအပေါ် လုပ်ငန်းရှင်များက အားမရဖြစ်နေ

နိုင်ငံခြားငွေရင်းနှီးမြှုပ်နှံမှုဥပဒေမူရေးဆွဲနေချိန်၌ ပြည်ပမှစီးပွားရေးလုပ်ငန်းရှင်များက ရင်းနှီးမြှုပ်နှံမှု နေကြသည့် အပေါ် တွင် ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်များနှင့် ဘဏ်လုပ်ငန်းရှင်များက အားရမှု မရှိကြောင်း သိရှိရသည်။
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေမှုကြမ်းကို နိုင်ငံတော်သမ္မတမှလွှတ်တော်ဆီ ပြန်ချပေးနေချိန်တွင် အဆိုပါ ဥပဒေ၌ပါဝင်သည့် ကန့်သတ်ချက်များမှာ များပြားနေခြင်းကြောင့် ယခုကဲ့သို့ အားမရဖြစ် နေကြောင်း စီးပွားရေး လုပ်ငန်းရှင်တို့က ဆိုသည်။

မြန်မာကို ဥပမာပေး၍ တောင်ကိုရီးယားသမ္မတက မြောက်ကိုရီးယားအား အပြောင်းအလဲလုပ်ရန် တိုက်တွန်း

တောင်ကိုရီးယားသမ္မတ လီမြောင်ဘတ်က ကမ္ဘာပေါ်တွင် မည်သည့်တိုင်းပြည်မှ ကမ္ဘာလုံးဆိုင်ရာ ဒီမိုကရေစီ လှုပ်ရှားမှု ဖြစ်ပေါ်လာသည်ကို ငြင်းဆန်၍မရကြောင်း၊ ဒီမိုကရေစီ လှုပ်ရှားမှုများသည် မြောက်အာဖရိက၊ အရှေ့ အလယ်ပိုင်းနှင့် မြန်မာတို့မှ အာဏာရှင်အစိုးရများကို ဖြုတ်ချပြီး အပြောင်းအလဲများနှင့် ပွင့်လင်းမှုတို့ ကို ဖော်ဆောင် ရန် တွန်းအားပေးနေကြောင်း ပြောကြားလိုက်သည်။

သမ္မတ ဦးသိန်းစိန် ယခုနှစ် နိုဘယ်ငြိမ်းချမ်းရေးဆု ထိပ်ဆုံးထင်ကြေး ငါးဦး စာရင်းတွင်ပါဝင်

ယခုနှစ် အောက်တိုဘာလ ၁၂ ရက်နေ့တွင် နိုဘယ်ငြိမ်းချမ်းရေး ဆုရသူကို ထုတ်ပြန်ကြေညာ မည်ဖြစ်ရာ မြန်မာသမ္မတ ဦးသိန်းစိန်မှာ ထိပ်ဆုံးက ထင်ကြေးပေးခံရသူ ၅ ဦးတွင် ပါဝင်လျက်ရှိကြောင်း Bloomgerg သတင်း တွင်ဖော်ပြ ထားသည်။
နိုဘယ်ငြိမ်းချမ်းရေးဆုအတွက် နာမည်စာရင်း တင်သွင်း ထားသူ လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းပေါင်းမှာ ၂၃၁ ခု ရှိကြောင်း နိုဘယ် ငြိမ်းချမ်းရေး ဆုရွေးချယ်ရေးကော်မတီ သတင်း Website တွင်ဖော်ပြထားသည်။

ဒေါ်အောင်ဆန်းစုကြည်ပြောကြားသည့် ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး

"ကျွန်မတို့ နိုင်ငံပညာရေးစနစ်ကို အင်မတန်မှ ပြုပြင်ပြောင်းလဲဖို့ လိုပါတယ်။ အင်မတန်မှကို အခြေအနေ ဆိုးနေ ပါတယ်။ အခြေခံပညာရေးစနစ်ဟာ ကလေးတွေအတွက် တကယ်ပညာပေးတဲ့စနစ်ကို မဟုတ်ပါ ဘူး။ ကျောင်း မသွားနိုင်တဲ့ ကလေးတွေ နှုန်းကလည်း အရမ်းကိုများပါတယ်။ နယူးယောက်မှာ ကလေးတိုင်းကျောင်း သွားရေး ကိစ္စနဲ့ပတ်သက်ပြီး ၀င်ပြီးဆွေးနွေးခဲ့တာရှိတယ်။ အဲဒီကိစ္စနဲ့ပတ်သက်ပြီး အစီအစဉ်တွေ လုပ်ငန်းတွေ အကောင်အထည်ဖော်ဖို့က ရည်ရွယ်ချက်ရှိပါတယ်။ မကြာခင်လည်း လုပ်နိုင်မယ်လို့ မျှော်လင့်ပါတယ်။ အခြေခံ ပညာရေးကိုလည်းလုပ်ရမယ်။ အဆင့်မြင့်ပညာရေးကိုလည်း လုပ်ရမယ်။ ဒီ့အပြင် အသက်မွေးဝမ်းကျောင်း ပညာနဲ့ ကျောင်းပြင်ပ ပညာရေးကိုလည်း လုပ်ရပါမယ်"

From- 7Day News Journal

ဒေါ်အောင်ဆန်းစုကြည်ပြောသည့် တရုတ်ခရီးစဉ်ကိစ္စ

"တရုတ်နိုင်ငံကို သွားဖို့က ဘာမှ အစီအစဉ်မရှိသေးပါဘူး။ ဒါပေမဲ့လည်း သွားချင်တဲ့စိတ်တော့ရှိပါတယ်။ သွားချင် တဲ့စိတ်ဆိုတာကလည်း အမေရိကန် ပြည်ထောင်စုကိုသွားလို့ ဒီတရုတ်နိုင်ငံကနေပြီးတော့ စိုးရိမ်မှာ စိုးလို့ဆိုတဲ့ စိတ်နဲ့မဟုတ်ပါဘူး။ တရုတ်နိုင်ငံက အိမ်နီးချင်းနိုင်ငံလည်း ဖြစ်တယ်။ အိမ်နီး ချင်းနိုင်ငံကြားမှာ ဆက်ဆံရေး ကောင်းဖို့ဆိုတာလည်း အရေးကြီးလို့ သွားချင်တဲ့စိတ်ရှိတာပါ။ တရုတ်နိုင်ငံ သူ၊ နိုင်ငံသားတွေ ကလည်း ကျွန်မတို့ကို တော်တော်လေး ဖေးဖေးမမ ရှိပါတယ်။ တရုတ်နိုင်ငံကပြည် သူတွေ နဲ့ မြန်မာပြည် သူတွေကြားမှာ ပိုပြီးရင်းနှီးမှု ရှိစေချင်လို့ သွားချင်တာပါ။ တရုတ်နိုင်ငံကပဲ ဖြစ်ဖြစ် အမေရိကန်ပြ ည်ထောင် စုကပဲ ဖြစ်ဖြစ် မြန်မာနိုင်ငံက ဟိုဘက်ဒီဘက် သိပ်ပြီးတော့ နီးစပ်သွားမှာ စိုးရိမ်မှုတွေကတော့ ရှိဖို့မလိုဘူးလို့ ထင်ပါတယ်"
From- 7Day News Journal

စစ်တွေ အောင်မင်္ဂလာရပ်ကွက် လုံခြုံရေး တိုးမြှင့်ချထား

စစ်တွေမြို့တွင် ယမန်နေ့က မီးလောင်မှု ဖြစ်ပွားခဲ့သည့် အောင်မင်္ဂလာ ရပ်ကွက် လမ်းအစမှ အဆုံး ပိတ်ထား ကာ လုံခြုံရေးတပ်များ တိုးမြှင့်၍ ချထားကြောင်း ရခိုင်ဒေသခံ တစ်ဦးက ပြောသည်။
“စစ်တပ်ရော ရဲပါ အယောက် ၃၀ လောက် ချထားတာ၊ ရပ်ကွက် တစ်ခုလုံးကို ဖြတ်သန်းခွင့် မပြုတော့ဘူး” ဟု ၄င်းကပြောသည်။ ယမန်နေ့က ဗလီဝင်းအတွင်း နေအိမ်တစ်လုံး မီးလောင်မှုမှာ အဆိုပါရပ်ကွက် အတွင်း၌ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

မျိုးဆက်သစ်ပြဿနာ ဒေါ်အောင်ဆန်းစုကြည် မှတ်ချက်ပြုပြောကြား

"အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကတော့ ရုန်းကန်ခဲ့ရတာ အနှစ် ၂၀ ကျော်ပါပြီ။ အနှစ် ၂၀ ကျော်လို့လည်း အားလုံးသိတာလည်းမဟုတ်ဘူး။ အားလုံးမှန်တာလည်း မဟုတ်ပါဘူး။ အခုမှ အရင်တုန်းကထက်စာရင် ပိုပြီးတော့ လုပ်ပိုင်ခွင့်တွေရလာလို့ နိုင်ငံရေးပါတီတစ်ခုအနေနဲ့ ပီပီပြင်ပြင် ရပ်တည်နိုင်ဖို့ ကြိုးစားနေရတဲ့ အချိန်ပါ။ ဒီကြိုးစားနေတဲ့နေရာမှာ မျိုးဆက်သစ်တွေ အများကြီးလိုပါတယ်။ မျိုးဆက်သစ်တွေ ရှာတဲ့နေရာမှာ အဓိက ပြဿနာ တစ်ခုနဲ့ သွားသွားပြီး တိုးပါတယ်။ အဲဒီပြဿနာက ဘာလဲဆိုတော့ အင်မတန်မှ ညံ့ဖျင်းခဲ့တဲ့ ပညာရေးပြဿနာပါ။ နှစ်ပေါင်း ၅၀ ကျော် ညံ့ဖျင်းခဲ့တဲ့ ပညာရေးပြဿနာကြောင့် မျိုးဆက်သစ်တွေထဲမှာ လုပ်နိုင်ကိုင်နိုင်တဲ့အရည်အချင်းပြည့်ဝတဲ့သူတွေ ရှားသွားပါတယ်။ ကျွန်မတို့ရဲ့ ပြည်သူတွေ မတော်လို့ မဟုတ် ပါဘူး။ ပညာရေးစနစ် ညံ့ဖျင်းလို့ဖြစ်ရတဲ့ ပြဿနာပါ။ ဒီအကျိုးဆက်ကို ကျွန်မတို့ တတ်နိုင် သလောက် ပြုပြင်နိုင် ဖို့၊ ရုန်းထွက်နိုင်ဖို့ ကြိုးစားရမယ်"

From- 7Day News Journal

လာဘ်ပေးလာဘ်ယူ ကိစ္စများကို မီဒီယာများက ဖော်ထုတ် ရေးသားကြရန် ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း

တရားဥပဒေ စိုးမိုးရေးနှင့် လာဘ်ပေးလာဘ်ယူ ကိစ္စရပ်များကို ဖော်ထုတ် ရေးသားကြ ရန် ဒေါ်အောင် ဆန်းစုကြည် က အောက်တိုဘာလ ၈ ရက်နေ့ ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် တိုက်တွန်း ပြောဆို လိုက် သည်။ယင်းကဲ့သို့ ဖော်ထုတ် ရေးသားကြရာတွင် ပုဂ္ဂိုလ်ရေး ပုတ်ခတ် ရေးသားခြင်းမျိုး မဟုတ်ဘဲ တိတိ ကျကျ မှန်မှန် ကန်ကန် ရေးသားပေးကြရန် လိုအပ်ကြောင်း ပြောကြားလိုက်သည်။
From- The Voice Weekly

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ အမေရိကန်ခရီးစဉ်သတင်းစာရှင်းလင်းပွဲ အနှစ်ချုပ်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ ယနေ့ ပြုလုပ်သော အမေရိကန် ခရီးစဉ် သတင်းစာရှင်းလင်းပွဲတွင် ခရီးစဉ်အား သွားရောက်ရခြင်း ရည်ရွယ်ချက်၊ မီဒီယာ၏ အရေးပါမှု၊ မြန် မာနိုင်ငံ ၏ တရားစီ ရင်ရေး၊ ပညာရေးနှင့် ကျန်းမာရေးဆိုင်ရာ ကဏ္ဍများနှင့် ပတ်သက်ပြီး ရှင်းလင်းပြောကြား ခဲ့ပါသည်။

စည်းကမ်းမဲ့အငှားယာဉ်များကိုလည်း မထသ ကိုင်တွယ်တော့မည်

ရန်ကုန်မြို့တွင်းပြေးဆွဲလျှက်ရှိသော အငှားယာဉ်များ စည်းကမ်းဖောက် ဖျက်နေမှုများနှင့်ပတ်သက်၍ အလျှင် အမြန်အရေး ယူဆောင် ရွက်နိုင်ရန် ကြပ်မတ်သွားမည်ဖြစ်ကြောင်း မထသ(ဗဟို) က သိရသည်။ ရန်ကုန်မြို့တော်တွင် တက္ကစီယာဉ်များပြားလာပြီး ယာဉ်စည်းကမ်းဖောက် ဖျက်မှုကြောင့် ယာဉ်ကြော ပိတ် ဆို့ခြင်း၊ ကြပ်တည်းခြင်း များကြောင့် စက်တင်ဘာလ (၂၈)ရက်နေ့ နိုင်ငံရေး နှင့် လုံခြုံရေးညှိနှိုင်း အစည်းအဝေး တွင် ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်ဦးမြင့်ဆွေက မထသ(ဗဟို) အား တာဝန်ပေး အပ်ထား လိုက်ခြင်း ဖြစ်သည်။
From- Shwe Myitmakha Media Group

အစ္စလာမ်ဘာသာသည် အကြမ်းဖက်တဲ့ဘာသာမဟုတ်ပါဘူး ဟု ၈၈ ကျောင်းသား ဦးကံညွန့်ဆို

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ဖြစ် ပေါ်ခဲ့သော ဘာသာရေးစွဲ အစွန်း ရောက် အကြမ်းဖက်မှုများနှင့်ပတ် သက်၍ “၈၈”ကျောင်းသား၊ရွှေဝါ ရောင် သံဃာ့တော်လှန်ရေးတွင်   ဦးဆောင်ပါဝင်ခဲ့သူ ဦးကံညွှန့်မှ  ပြင်းထန်စွာ ရှုတ် ချကြောင်းနှင့် ယနေ့ကမ္ဘာပေါ်တွင် ယဉ်ကျေး သော လူ့အဖွဲ့အစည်း သို့ ဦးတည်   နေပြီဖြစ်သည့်အတွက် လူမျိုးရေး၊  ပုဂ်္ဂိုလ်စွဲ၊ဂိုဏ်းဂဏစွဲများ ဆုပ် ကိုင်မထားသင့်တော့ကြောင်း သူ ၏သဘောထားကို ပြောပြခဲ့  သည်။

သမ္မတ တာဝန် ယူရဲသည်ဟု ဒေါ်အောင်ဆန်းစုကြည် ပြော

ဆယ်ခုနှစ်ရက်ကြာ အမေရိကန် ခရီးစဉ်သို့ သွားရောက်ခဲ့ပြီး ယင်းခရီးစဉ်နှင့် ပတ်သက်သော အောက်တိုဘာ ၈ ရက်နေ့က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံးတွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် က မိမိအနေဖြင့် သမ္မတ တာဝန်ကို ယူရဲကြောင်း သတင်း မီဒီယာများသို့ ရဲဝံ့စွာ ပြောကြားသည်။

စစ်တွေ OIC ရုံးဖွင့်လှစ်ခြင်း ကန့်ကွက်ဆန္ဒပြပွဲ ယခုလ ၁၀ ရက်တွင်ပြုလုပ်ခွင့်ရရှိ

စစ်တွေတွင် OIC ရုံးဖွင့်လှစ်ခြင်းအား ကန့်ကွက်သည့်အနေဖြင့် စစ်တွေမြို့တွင်း အမျိုးသမီးထုသီးသန့် လှည့်လည်လမ်းလျှောက်၍ ဆန္ဒဖော်ထုတ်ခွင့်ကို ယခုလ ( ၁၀ )ရက်နေ့ တွင်ဒေသတွင်း အစိုးရမှ နှုတ်ဂတိဖြင့် ပြုလုပ်ခွင့်ပေးလိုက်ကြောင်း ၄င်းဆန္ဒဖော်ထုတ်ပွဲ တာဝန်ရှိသူတစ်ဦးထံမှသိရသည်။