Thursday, October 18, 2012

"သန့်ရှင်းစွာကြိုးစား ယှဉ်ပြိုင်ဖို့နန်းခင်ဇေယျာတောင်းဆိုကြောင်း အွန်လိုင်းမှာပျံ့နှံ့"

ဂျပန်နိုင်ငံအိုကီနာဝါမြို့မှာ ကျင်းပတဲ့ ၅၂ကြိမ်မြောက် Miss International 2012 Pageant ပြိုင်ပွဲကြီးမှာ ဝင်ရောက်ယှဉ်ပြိုင်နေတဲ့ နန်းခင်ဇေယျာကို အင်တာနက်ဖေ့စ်ဘုတ် စာမျက်နှာတွေဟာလည်း တစ်ခုပြီးတစ်ခု hack ခြင်းများခံ ခဲ့ရပြီး နန်းခင်ဇေယျာရဲ့ ဖေ့စ်ဘုတ်လို့ ယူဆရတဲ့ www.facebook. com/ nangkhin.zayyar.9 ကို ဖေ့စ်ဘုတ်ပေါ်မှာ

နိုင်ငံတော်သမ္မတကြီး ပြည်တွင်း မီဒီယာများနှင့် တွေ့ဆုံ၍ မေးခွန်းများ ဖြေကြားမည့် အစီအစဉ်

(၂၁-၁၀-၂၀၁၂)ရက်နေ့နံနက်(၉)နာရီ၌ နေပြည်တော်တွင် ပြုလုပ် ပါမည်။
လိုက်ပါသတင်းယူလိုသူများ
(၁)ဆရာဦးကိုကို (ရန်ကုန်တိုင်းမ်)၊
(၂) ကိုကျော်မင်းဆွေ (The Voice) ထံသို့ ဆက်သွယ်၍ အမည်စာရင်း ပေးကြရန် ဖြစ်ပါသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ပြည်တွင်း၊ပြည်ပ မီဒီယာများနှင့်တွေ့ဆုံကာ သတင်းစာရှင်းလင်းပွဲပြုလုပ်မည်

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ပြည်တွင်း၊ပြည်ပ မီဒီယာ များနှင့်တွေ့ ဆုံကာ သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို အောက်တိုဘာလ ၂၁ ရက် နံနက် ၉ နာရီတွင် နေပြည်တော်၌ ပြုလုပ်သွားမည်ဟု သိရသည်။

မြန်မာနိုင်ငံမှ ယခုဘဏ္ဍာနှစ်၏ နှစ်ဝက်အတွင်း ဆန်တန်ချိန် ၆၅၀၀၀၀ နီးပါး ပြည်ပတင်ပို့

မြန်မာနိုင်ငံမှ ယခုဘဏ္ဍာနှစ်၏ ဘဏ္ဍာနှစ်ဝက် ကာလအတွင်း၌ ဆန်တန်ချိန် ၆၅၀,၀၀၀ နီးပါး ပြည်ပ တင်ပို့နိုင်ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန တာဝန်ရှိသူများထံမှ သတင်းရရှိပါသည်။

သတ္တုတွင်းဝန်ကြီးဌာနနှင့် The Voice ဂျာနယ် အမှုကို ဒဂုံမြို့နယ်တရားရုံးမှ ရုံးချိန်းခေါ်ယူထားသော်လည်း ခရိုင်ရုံးမှ စစ်ဆေးဆဲဖြစ်သောကြောင့် ကြားနာစစ်ဆေးမှုမပြုခဲ့ဘဲ အောက်တိုဘာ ၂၆ ရက်နေ့တွင် ရုံးချိန်းထပ်မံခေါ်ယူထား


thn-10-18-2

သတ္တုတွင်းဝန်ကြီးဌာနနှင့် The Voice ဂျာနယ်တို့အကြား ဖြစ်ပွားေ နသောအမှုကို ဒဂုံမြို့နယ်တရားရုံးက ယနေ့(အောက်တိုဘာ ၁၈) တွင် ရုံးချိန်းခေါ်ယူထားသော်လည်း  ခရိုင်ရုံးမှ ယင်းအမှုကိုစစ်ဆေးဆဲဖြစ်ေ သာကြောင့် ကြားနာစစ်ဆေးမှုများ  မပြုလုပ်ခဲ့ဘဲ အောက်တိုဘာ ၂၆ ရက်နေ့တွင် ရုံးချိန်းထပ်မံခေါ်ယူခဲ့ကြောင်း သတင်းရရှိသည်။

ဘင်္ဂါလီအရေး လိုလားသူ ကနေဒါ NGO များက CFOB အဖွဲ့ကို အသင်းစုမှ ထုတ်ပယ်

ကနေဒါ မြန်မာမိတ်ဆွေများအသင်း (Canadian Friends of Burma - CFOB) က ကနေဒါမှာရှိတဲ့ မြန်မာ့ရေးရာ NGO အစုအဖွဲ့ အဖွဲ့ဝင်အဖြစ်ကနေ ရပ်ဆိုင်းတာ ခံလိုက် ရပါတယ်။

ဧရာဝတီနှင့် ရန်ကုန်တိုင်း ဒေသကြီးများ၌ လယ်ယာမြေများ သိမ်းဆည်း ခံရမှု အများဆုံးဖြစ်နေ

ဧရာဝတီတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးများ၌ လယ်ယာမြေ များ သိမ်းဆည်းခံရမှု အများဆုံးဖြစ်ပြီး သိမ်းဆည်းသည့် အဖွဲ့အစည်း အများစုမှာ ပုဂ္ဂလိကကုမ္ပဏီများဖြစ်ကြောင်း  ပြည်ထောင်စုလွှတ်တော်၊ လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုကြောင့် ပြည်သူများ နစ်နာမှု မရှိစေရေးအတွက် စုံစမ်းရေးကော်မရှင်မှ တာဝန်ရှိသူ တစ်ဦး

မြတ်စွာဘုရား ပွင့်ထွန်းခဲ့ရာ မဟာဗောဓိ ညောင်ပင် အသက်ဆက်ပြီး ရှင်သန်ဆဲဟု သိပ္ပံပညာရှင်တို့ပြော..

လွန်ခဲ့သည့် နှစ်ပေါင်း ၂၅၀၀ ကျော်က မြတ်စွာဘုရား ပွင့်ထွန်းခဲ့ရာ မဟာေ ဗာဓိ   ညောင်ပင်မှာ      ယနေ့ အချိန်အထိ     ဆက်လက်ရှင်သန်ကြီးထွား
နေဆဲဖြစ်ေ ကြာင်းသိပ္ပံပညာရှင်များမှ       လွန်ခဲ့သည့်ကြာသပတေး နေ့က
ပြောကြားလိုက်ပြီ ဖြစ်သည်။

မြန်မာနိုင်ငံတွင် ရုံးဖွင့်ခွင့်ပြုတောမည့် မဟုတ်ကြောင်း နယ်စပ်ရေးရာဝန်ကြီးဌာနမှ OIC သို့အကြောင်းကြား



မြန်မာ နယ်စပ်ရေးရာ ၀န်ကြီးဌာနမှ အစ္စလာမ်မစ် ပူးပေါင်းရေး အဖွဲ့ (အိုအိုင်စီ) သို့ မြန်မာနိုင်ငံ၌ ရုံးဖွင့် ခွင့်ပြုတော့မည်  မဟုတ်ကြောင်း အကြောင်းကြားလိုက်ပြီ ဖြစ်ကြောင်း သတင်း ရရှိသည်။

ပြည်ပသို့ Viber စနစ်ဖြင့် ဖုန်းခေါ်ဆိုမှုများကို လိုင်းဖြတ်တောက်ရန်နှင့် အရေးယူရန်မရှိကြောင်း ၀န်ကြီးဌာနအင်ဂျင်နီယာချုပ်ပြောကြား



ပြည်ပသို့  Viber စနစ်ဖြင့် ဖုန်းခေါ်ဆိုမှုများကို လိုင်းဖြတ်တောက်ရန်နှင့် အရေးယူမှုများ ပြုလုပ်ရန်မရှိကြောင်း ဆက်သွယ်ရေး စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အင်ဂျင်နီယာချုပ်ဦးဇော်မင်းဦးက  ပြောကြားခဲ့သည်။

ဒေါက်မြင့်ဖိနပ်ကြောင့် ချော်လဲ၊ စတိုင်ပျက်ခဲ့တဲ့ သြစီ ၀န်ကြီးချုပ်



 
သြစတြေးလျနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီးဝန်ကြီးချုပ် မစ္စ Julia Gillard ဟာ အိန္ဒိယနိုင်ငံကို ၃ ရက်တာ အလည်အပတ် ရောက်နေခဲ့ပြီး အိန္ဒိယနိုင်ငံ ၀န်ကြီးချုပ် မန်မိုဟန်ဆင်းမ်းနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ 

Wednesday, October 17, 2012

ဖားကန့် (၅)မိုင်စခန်း၌ မိုင်းဗုံးပေါက်၍ သားအဖနှစ်ဦး ညာခြေထောက်ကိုယ်စီ ပြတ်တောက်

ဖားကန့်မြို့နယ်အတွင်းရှိ ဖားကန့်-ကားမိုင်းလမ်း ငါးမိုင်စခန်း တွင် ထောင်ထားသော မိုင်းဗုံးပေါက်ကွဲ၍ တာမခံရွာမှ န၀မတန်း ကျောင်းသူနှင့် ၄င်း၏ ဖခင်နှစ်ဦးစလုံး ညာဘက်ခြေထောက် ပြတ်သွားကြောင်း သိရှိရသည်။

အကယ်ဒမီဆုပေးပွဲ ရန်ကုန်မှာ ပြန်လုပ်မယ်

နေပြည်တော်မှာ ပြောင်းရွှေ့ကျင်းပနေခဲ့တဲ့ မြန်မာ့ရုပ်ရှင် ထူးချွန်ဆု ချီးမြှင့်ပွဲ အခမ်းအနားကို ယခုနှစ်က   ပြန်လည်စတင်ပြီး ရန်ကုန်မြို့မှာ ကျင်းပတော့မှာပါ။ “၂၀၁၁ ခုနှစ်အတွက်   မြန်မာ့ရုပ်ရှင် ထူးချွန်ဆု ချီးမြှင့်ပွဲအခမ်းအနားကို အနုပညာရှင်များ ပိုမိုစုံညီစွာ တက်ရောက်နိုင် ဖို့အတွက် ဒီဇင်ဘာလ ၃၀ ရက်နေ့ ရန်ကုန်မြို့၊ သုဝဏ္ဏ အားကစားရုံမှာ ကျင်းပမှာ ဖြစ်ပါတယ်” လို့ ပြန်ကြားရေး ၀န်ကြီးဌာန ဒု ၀န်ကြီး ဦးရဲထွဋ်က ဆိုထားပါတယ်။ 

ကိုယ့်ဖေ့စ်ဘွတ်ခ်စာမျက်နှာကို Like လုပ်တိုင်း ကိုယ့်ကို ပွေ့ဖက်သည့် ခံစားမှုပေးမည့် ဂျာကင်အင်္ကျီ ၀တ်ဆင်နိုင်တော့မည်

ဖေ့စ်ဘွတ်ခ်တွင် ကိုယ်တင်လိုက်သည့် စာသား၊ ဓာတ်ပုံ၊ ဗီဒီယို စသည်များကို  မိတ်ဆွေများက Like လုပ်သည့်အခါ ကိုယ့်ကို ချစ်သူခင်သူများရှိသည်ဟူသော ခံစားမှုပေါ်လာကာ လူက ရင်ထဲတွင် နွေးထွေးလာတတ်သည်။

အမေရိကန်စစ်သား ၂ဦးက ဂျပန်အမျိုးသမီး တစ်ဦးအား မုဒိမ်းပြုကျင့်

တရုတ်နှင့် ဂျပန်အကြား လက်ရှိဖြစ်ပွားနေသော အိုကီနာဝါကျွန်းအတွင်း 
အမေရိကန် စစ်သား ၂ဦးက ဂျပန်အမျိုးသမီးငယ် တစ်ဦးကို မုဒိမ်းပြုကျင့်ဂျပန်အာဏာပိုင်မှ ဖမ်းဆီးလိုက်သည်ဟု သိရသည်။

မန္တလေးမှာ လမ်းကြိတ်စက်ဖြင့် ကြိတ်မိသဖြင့် အမျိုးသားတစ်ဦးသေဆုံး

မန္တလေးမှာ လမ်းကြိတ်စက်ဖြင့် ကြိတ်မိသဖြင့် အမျိုးသားတစ်ဦးသေဆုံး

သြစတြေးလျက မြန်မာနှင့် ထိတွေ့ဆက်ဆံမှုကို မြှင့်တင်သွားမည်

သြစတြေးလျနိုင်ငံ ခြားရေးဝန်ကြီး မစ္စတာဘော့ဘ်ကား


သြစတြေးလျနိုင်ငံသည် မြန်မာနိုင်ငံနှင့် ထိတွေ့ဆက်ဆံမှု များကို မြှင့်တင် သွားမည်ဖြစ်ပြီး ရွေးကောက်ပွဲများ၊ အစိုးရဖွဲ့စည်း တည်ဆောက်ပုံများ အတွက် အကြံဥာဏ် ပေးသွားမည်ဖြစ်ကာ ထိရောက်သော နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု စနစ်တစ်ရပ် ထူထောင်ရေးကို အားပေးထောက်ခံ သွားမည်ဖြစ်ကြောင်း သြစတြေးလျနိုင်ငံ ခြားရေးဝန်ကြီး မစ္စတာဘော့ဘ်ကား ကပြောသည်။

မန္တလေး လေဆိပ်မှာလည်း ဆိုက်ရောက်ဗီဇာ ထုတ်ပေးတော့မယ်

မန္တလေးမြို့ အပြည်အပြည်ဆိုင်ရာ   လေဆိပ်ကြီးမှာ   နိုင်ငံခြားသားတွေအတွက်    ဆိုက်ရောက် ဗီဇာ (Visa on Arrival ) ထုတ်ပေးပါတော့မယ်။ 

အကျင့်ပျက်ခြစားသော ယာဉ်ထိန်းရဲများကို တည်ဆဲဥပဒေအပြင် ရဲကျင့် ဝတ်ဖောက်ဖျက်မှုနှင့်ပါ အရေးယူမည်

ရန်ကုန်တိုင်းဒေသကြီးအတွင်း မော်တော်ယာဉ်ပိုင်ရှင်များနှင့် ယာဉ်မောင်း သူများထံမှ ဥပဒေမဲ့ အခကြေးငွေများ တောင်းခံနေသည့် အကျင့်ပျက်ခြ စားနေသော ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များအား တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး၏ အမိန့်အရ စုံစမ်းဖော်ထုတ်အရေးယူသွားရန်ဆောင်ရွက် လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

အမေရိကန်-မြန်မာ လူ့အခွင့်အရေး ပထမအကြိမ် ဆွေးနွေး



မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ် အမေရိ ကန်နဲ့ မြန် မာ လူ့အခွင့်အရေးကိစ္စ အချေအ တင် ဆွေးနွေး မှုတွေ လုပ်ဖို့အတွက် ဒီမိုကရေစီ လူ့အခွင့်အရေး နဲ့ အလုပ်သမားရေးရာ အမေရိကန် လက်ထော
က် နိုင်ငံခြားရေးဝန်ကြီး မိုက်ကယ် ပေါ်စနာ (Michael Posner) ဦးဆောင်တဲ့ အမေရိကန် ကိုယ်စားလှယ်အဖွဲ့ဟာ

Tuesday, October 16, 2012

အင်တာနက်ဆိုင်များ၌ Internet သုံးစွဲသူနည်းလာ

ဖုန်းများတွင် အင်တာနက်ဖွင့်ခွင့် ပေးလိုက်သဖြင့် အင်တာနက်ဆိုင်များ၌ စက်သုံးသူ (အင်တာနက် အသုံးပြုသူ) ယခင်ကလောက် မများေ တာ့ကြောင်း အောက်တိုဘာ ၁၅ ရက်က အင်တာနက်ဆိုင် တာဝန်ခံ တစ်ဦး၏ ပြောကြားချက်များအရ သိရသည်။ “ကျွန်တော်တို့ဆိုင်မှာ စက် ၂၄ လုံး ရှိပါတယ်။ ခါတိုင်းဆိုစက်သုံးသူ၊ နိုင်ငံခြားဖုန်းပြောသူ၊ ဂိမ်းဆော့

ကျောင်းသားခေါင်းဆောင် ကိုသက်ဝင်းအောင် ကျဆုံးခြင်း ၆နှစ်ပြည့် အမှတ်တရနေ့ အခမ်းအနားတွင် မြန်မာနိုင်ငံ နိုင်ငံရေး အကျဉ်းသားများနေ့ ပေါ်ပေါက်ရေး ကြိုးပမ်းမှုပြုလုပ်


16101

ကျောင်းသားခေါင်းဆောင် ကိုသက်ဝင်းအောင် ကျဆုံးခြင်း ၆နှစ် ပြည့် အမှတ်တရနေ့ အခမ်းအနားတွင် မြန်မာနိုင်ငံ နိုင်ငံရေး အကျဉ်း သားများနေ့ ပေါ်ပေါက်လာရေး ကြိုးပမ်းမှုများ ပြုလုပ်ခဲ့ကြောင်း အခြေခံပ ညာ ကျောင်းသားသမဂ္ဂအဖွဲ့ အဖွဲဝင်ဟောင်း ဦးကိုကိုမြင့် ၏ ပြောကြားချက်အရ သိရပါသည်။ 

မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး စိတ်ချရမှ စစ်ရေး ပူးပေါင်းမည်ဟု အမေရိကန်ပင်တဂွန်စစ်ဌာနချုပ်ကပြော



မြန်မာစစ်တပ်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ပတ်သက်ပြီး အမေရိ ကန်ပြည်ထောင်စုက စိုးရိမ်မှုရှိနေတာတွေအ ပေါ် ကိုင်တွယ်ဖြေရှင်းပြီးတဲ့ အချိန်အထိ မြန်မာပြည်နဲ့ ကာကွယ်ရေးဆိုင်ရာ ဆက်စပ်ဆောင်ရွက်မှုတွေ လုံးဝ ပြန်လည် စတင်မှာ မဟုတ်ဘူးလို့ ပင်တဂွန်စစ်ဌာနချုပ်က တနင်္လာေ န့မှာ ပြောကြားလိုက်ပါတယ်။

ယခုနှစ် မြန်မာ့ရုပ်ရှင် ထူးချွန်ဆု(အကယ်ဒမီ) ချီးမြှင့်ခြင်းကို ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် ရန်ကုန်မြို့သုဝဏ္ဏမိုးလုံလေလုံ အားကစားရုံ၌ပြုလုပ်မည်

ယခုနှစ်မြန်မာ့ရုပ်ရှင် ထူးချွန်ဆု(အကယ်ဒမီ)ချီးမြှင့်ခြင်းကို ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် ရန်ကုန်မြို့ သုဝဏ္ဏမိုးလုံလေလုံအား ကစားရုံ ၌ပြုလုပ်သွားမည်ဟု မြန်မာ့ ရုပ်ရှင်လုပ်ငန်းမှ တရားဝင်သတင်း ထုတ်ပြန်ကြေညာ ခဲ့သည်။ မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲကို ၂၀၀၇

တရားသေလွှတ်ပေးရန် NLD ဦးဉာဏ်ဝင်း လျှောက်လဲချက် တရားရုံး ပယ်ချ



ချင်းမိုင်(မဇ္စျိမ) ။          ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ၏ ဗဟိုအောင်နိုင်ရေး အဖွဲ့ မန်နေဂျာ ဦးဉာဏ်ဝင်း ကို မမှန်သတင်းပေးမှုဖြင့် စွဲဆိုထားသည့် အမှုအား တရားသေလွှတ်ပေးရန် ဇမ္ဗူသီရီမြို့နယ် တရားလွှတ်ရုံး၌ အင်္ဂါနေ့ ရုံးချိန်းတွင် လျှောက်လဲခဲ့သော်လည်း ပယ်ချ လိုက်ကြောင်း ဦးဉာဏ်ဝင်း က ပြောသည်။ဧပြီလ ၁ ရက်နေ့က ကျင်းပ ခဲ့သော ကြားဖြတ် ရွေးကောက်ပွဲတွင် ဆန္ဒမဲလက်မှတ် တချို့ပေါ်တွင် ဖယောင်းသုတ် ထားသည်ဟု ဦးဉာဏ်ဝင်း က ရွေးကောက်ပွဲ ကော်

ရခိုင့်အရေးနှင့်ပက်သက်၍ ဒေါက်တာအေးမောင်နှင့် တွေ့ဆုံခြင်း






OIC ရုံး မြန်မာနိုင်ငံတွင် ဖွင့်လှစ်လာမည်အပေါ် ကန့်ကွက်ဆန္ဒပြခြင်းများနှင့် မျက်မှောက်ကာလ ရခိုင်ပြည်နယ်အတွင်း ကြုံတွေ့ခံစားနေကြရသော ပြဿနာ၊ အခက်ခဲများနှင့် ပက်သက်၍ ရခိုင်တိုင်းသားများတိုးတက်ရေးပါတီ(RNDP)မှ ဥက္ကဌ ဒေါက်တာအေးမောင်အား အာရ်ကန်တိုင်းမ်စ် သတင်းဌာနမှ မခိုင်ခိုင်ထွန်းက တွေ့ဆုံမေးမြန်းခဲ့သည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ ဥက္ကဌအဖြစ် ဦသိန်းစိန်ဆက်လက်တာဝန်ထမ်းဆောင်မည်“


Photo: ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ ဥက္ကဌအဖြစ် ဦသိန်းစိန်ဆက်လက်တာဝန်ထမ်းဆောင်မည်“

နေပြည်တော်၊အောက်တိုဘာ၊၁၆

                                     
  
                                        ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီညီလာခံယနေ့ညနေ( ၅း၃၀ )အချိန်တွင်ရွေး
ချယ်တင်မြှောက်ခံရသူတို့၏အမည်စာရင်းများကို ကြေငြာခဲ့ရာ ပြန်လည်ရွေးချယ်ခံရသူသောဥက္ကဌ၊ဒုတိယဥက္ကဌ
၊အထွေထွေအတွင်းရေးမှူးတို့မှာ
ဥက္ကဌအဖြစ်ဦးသိန်းစိန်(နိုင်ငံတော်သမ္မတ) ၊ဒုတိယဥက္ကဌအဖြစ်သူရဦးရွှေမန်း၊သူရဦးအေးမြင့်၊ဦးဌေးဦး  ၊အထွေထွေအတွင်းရေးမှုးအ
ဖ်ြစ်ဦးမောင်မောင်သိမ်း ၊တွဲဖက်အထွေထွေအတွင်းရေးမှူးအဖြစ်ဦးသိန်းဇော် ၊အတွင်းရေးမှူုးများအဖြစ် ဦးခင်အောင်မြင့်၊ဦးသိန်းဆွေသူရဦးအောင်ကို တို့ဖြစ်ကြသည်။
                                        ဒုတိယဥက္ကဌအဖြစ်တာဝန်ယူဆောင်ရွက်မည့်သူရဦးရွှေမန်းမှာဥက္ကဌတာဝန်များကို ပူးတွဲထမ်းဆောင်ရ
မည်ဖြစ်ကြောင်းသတင်းရရှိသည်။
                                         ယင်းပါတီတွင်ယခင်ကတာဝန်ထမ်းဆောင်ခဲ့ကြသူများမှာ ဥက္ကဌ ဦင်္းသိန်းစိန်(ယခုနိုင်ငံတော်သမ္မတ)၊
ဒုတိယဥက္ကဌ သူရဦးရွှေမန်းနှင့်အထွေထွေအတွင်းရေးမှုး ဦးဌေးဦးတို့ဖြစ်ကြကြောင်းသိရသည်။
                                                                                                                           စွမ်းရဲထွဋ်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီညီလာခံယနေ့ညနေ( ၅း၃၀ ) အချိန်တွင်ရွေးချယ်တင်မြှောက်ခံရသူတို့၏အမည်စာရင်းများ

ရွေးချယ်ခံ ဗဟိုကော်မတီဝင် များ၏ ကတိသစ္စာပြုချက် ၆ချက်




ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီ ဗဟိုကော်မတီဝင်သစ်များ ယနေ့ရွေးချယ် တင်မြှောက်မည်ဖြစ်ရာ ရွေးချယ်ခံ ဗဟိုကော်မတီဝင် များက ကတိသစ္စာပြုချက် ၆ချက် ကို လေးနက်တည်ကြည်စွာဖြင့်ကတိသစ္စာပြုရမည်ဟု သိရသည်။

Thursday, October 11, 2012

မုံရွာမြို့ပေါ်ရှိ အနှိပ်ခန်းနှင့်ကေတီဗွီများတွင် အမျိုးသမီးငယ်များဝင်ရောက်လုပ်ကိုင်လျက်ရှိ

ရောင်စုံမီးသီးများ ထွန်းညှိ၍ မော်ဒန်မြင့်ကားသစ်များ တန်းစီထိုးထားရာ မုံရွာမြို့ပေါ်ရှိ ကေတီဗွီများနှင့် အနှိပ်ခန်းများတွင် မြန်မာအမျိုးသမီးငယ်များ ၀င်ရောက်လုပ်ကိုင်လျက်ရှိကြောင်း အနှိပ်ခန်းတွင်ကိုယ်တိုင် သွား ရောက် အနား ယူခဲ့သူတစ်ဦးက ပြောပြသည်။

ဗိုလ်ချုပ်ကြီးမူတူးစေးဖိုး ဦးဆောင်မည့် သတင်းစာရှင်းလင်းပွဲ မြ၀တီတွင် ပြုလုပ်မည်

ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ ဗဟိုဌာနချုပ်၏ ဆုံးဖြတ်ချက်ဖြင့် တာဝန်မှ ရပ်စဲခံထားရသည့် ထိပ်ပိုင်း ခေါင်းဆောင် ဗိုလ်ချုပ်ကြီးမူ တူးစေး ဖိုးက အောက်တိုဘာလ ၁၃ရက်နေ့တွင် ကရင်ပြည်နယ်၊ မြ၀တီမြို့ရှိ KNU ဆက်ဆံရေးရုံး၌ သတင်းစာရှင်းလင်း ပွဲ ပြုလုပ်ကျင်းပသွား မည်ဖြစ် သည်။တာဝန်မှ ရပ်စဲခံထားရသည့် ခေါင်းဆောင်များနှင့် ကေအဲန်ယူ ခရိုင်နှင့် တပ်မဟာခေါင်းဆောင်အချို့က အဖွဲ့အတွင်း ညီညွှတ်ရေး ပြန်လ ည်ရရှိရန် ရည်ရွယ်၍ ထိုင်း-မြန်မာနယ်စပ်တွင် ယမန်နေ့က တွေ့ဆုံဆွေးနွေးကြပြီးနောက် သတင်းစာရှင်း လင်းပွဲ ပြုလုပ်ရန် ယင်းသို့ ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်သည်။

အမေစု ဖွံ့ဖြိုးရေးကိစ္စများဆွေးနွေးရန်သုံးခွမြို့သွားရောက်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌဒေါ်အောင်ဆန်းစုကြည်သည် ၂၀၁၂ခုနှစ် ၊အောက်တိုဘာ (၁၁)ရက်နေ့ နံနက်(၉)နာရီ(၁၅)မိနစ်တွင်အမျိုးသားဒီမို ကရေစီအဖွဲ့ ချုပ်သုံးခွမြို့နယ် ညီလာခံကျင်းပရေးကော်မရှ င်၊ဌာနဆိုင်ရာတာဝန်ရှိသူ များနှင့်တွေ့ဆုံ၍ဒေသဆိုင်ရာဖွံ့ဖြိုးရေး ကိစ္စများဆွေးနွေးရန် အတွက် သုံးခွမြို့သို့ရောက် ရှိခဲ့သည်။ ဥက္ကဌအားအဖွဲ့ချုပ်အဖွဲ့ဝင်များ ၊ပြည်သူများ၊ အမေ့အိမ်ကျောင်းမှေ ကျာင်းသား၊ကျောင်းသူ များကကြိုဆိုနှုတ်ဆက်ကြ သည်။အမေ့အိမ်ေ ကျာင်းမှကျောင်းသား၊ကျောင်း သူများအားဥက္ကဌ ကနှုတ်ဆက

၁၉၈၃ အာဇာနည်ဗိမာန် ဗုံးခွဲဓာတ်ပုံများ တောင်ကိုရီးယား စဖြန့်

နယူးဒေလီ (မဇ္ဈိမ) ။ ။၁၉၈၃ ခုနှစ်က ရန်ကုန်မြို့ရှိ အာဇာနည်ဗိမာန် တွင် တောင်ကိုရီးယား သမ္မတ ချန်ဒူးဝှန် အား ရည်ရွယ်၍ မြောက် ကိုရီးယား အကြမ်းဖက်သမားများက ဗုံးခွဲတိုက်ခိုက်ခဲ့ရာ ပေါက်ကွဲမှုအပြီး ထိခိုက်ဒဏ်ရာရ သေဆုံးနေသူများ၏ မြင်ကွင်းပုံများကို နှစ်ပေါင်း ၃၀ ခန့်အကြာတွင်မှ ပြည်သူလူထုသို့ ပထမဆုံးအကြိမ် ထုတ်ဖော်ပြသ လိုက် သည်။

ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခွင့် ဥပဒေ ပြင်ပေးရန် လွှတ်တော်တင်မည်

နိုင်ငံသား အခွင့်အရေး အပြည့်အ၀ ပေးနိုင်ခြင်းမရှိဘဲ ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွင် ထည့်သွင်းထားသည့် ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်းလှည့် လည်ခွင့် ဆိုင်ရာ ဥပဒေပုဒ်မ ၃၅၄ အား ပြန်လည် ပြင်ဆင်ပေးရန် အဆိုကို တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ် အေးချမ်းရေး ကော်မတီက ဆဋ္ဌမအကြိမ် ကျင်းပမည့် လွှတ်တော်တွင် တင်ပြသွားမည် ဖြစ်ကြောင်း သိရသည်။

ပြောင်ပြောင်တင်းတင်းလူ့အခွင့်အရေးချိုးဖောက်နေမှု

KIA တပ်မဟာ(၅) မှ ဗိုလ်မှူး ခေါင်လွန်းမှ ခေါင်းဆောင်ပြီး KIA တပ်သား (၂၀) ဦးခန့် သည် အောက်တိုဘာ (၉) ရက်နေ့လည်ပိုင်းတွင် မြစ်ဆုံ အရှေ့ဘက် မေခမြစ်ကမ်းဘေးရှိ သဲဝိုင် အနီးတစ်ဝိုက်ရှိ တောင်ယာ လုပ်ကိုင်နေသူများနှင့် ရွှေကျင်နေသူများမှ စုစုပေါင်း(၂၁) ဦး အား လူသစ်အဖြစ်ဖမ်းဆီးသွားပြီး ထိုဖမ်းဆီးသွားသူများတွင် အမျိုးသမီး (၅) ဦးပါဝင်ကြောင်းသိရသည်။

မန္တလေးတွင် တရားဥပဒေစိုးမိုးရေးကို အာဏာပိုင်များ စွက်ဖက်ဟု ဆို

မန္တလေးမြို့တွင် ပြီးခဲ့သည့် ဆန္ဒပြမှုများအပေါ် တရားစွဲမှု၊ ဖမ်းဆီးမှုများ ဖြစ်ပေါ်လာပြီးနောက် မန္တလေးတိုင်းတွင် တရားဥပဒေစိုးမိုးမှု အားနည်းနေ သေးပြီး ဥပဒေပိုင်းတွင် အုပ်ချုပ်သူ အာဏာပိုင်များက ဝင်ရောက်စွက်ဖက် မှုများ ရှိနေသေးကြောင်း ပြည်သူ့လွှတ်တော် တရားစီရင်ရေးနှင့် ဥပဒေရေးရာ ကော်မတီမှ ဦးသိန်းညွန့် က ပြောဆိုလိုက်သည်။

KIA စစ်သားများကြောင့် သေဆုံးသွားတဲ့ အကိုအတွက် အရေးယူးပေးဖို့ သမ္မတကြီး ဦးသိန်းစိန်ထံသို့ တိုင်စာ


သေဆုံးသွားတဲ့ ကျွန်မအကိုအတွက်
အဖြစ်မှန်ပေါ်ပေါက်စေခြင်သည့် ရည်ရွယ်
ချက်ဖြင့် ကျွန်မသည် သမ္မထံတင်ပြ
ထားသော်လည်း ယခုအချိန်ထိ တစ်စုံ
တစ်ရော ပြောဆို ရာခြင်းမရှိသေးပါသဖြင့်
ရွှေမြန်မာမီဒီယာအနေဖြင့် တစ်ဆင့်ပြန်ကြားပေးစေလိုပါတယ်ရှင် ...

တရုတ်ပြည်မရန် ကင်းဝေးရန် ထိုင်ဝမ် စစ်တပ်တည်နေရာကို Apple မြေပုံတွင် မပေါ်စေလို

ထိုင်ဝမ်(တရုတ် တိုင်ပေ)အစိုးရအနေဖြင့် Apple ၏ မြေပုံ Application တွင် ၎င်းတို့ စစ်တပ်တည်နေရာကို မဖော်ပြစေလိုကြောင်း သိရသည်။

ထို့ကြောင့် ထိုင်ဝမ်တို့၏ စစ်တပ်နှင့် ရေဒါစခန်းများကို Apple မြေပုံတွင်
မှုန်ဝါးဝါးဖြင့်သာ ဖော်ပြရန် ဆက်သွယ် ပြောကြားထားကြောင်း သိရ သည်။ ယင်းကဲ့သို့တောင်းဆိုမှုမျိုးကိုလည်း Google မြေပုံ စနစ် က တည်း က ထိုင်ဝမ်တို့ ပြုလုပ်ပြီး မှုန်ဝါးဝါးဖြင့်သာ ဖော်ပြခဲ့သည်။ ယခု လည်း Apple ၏ မြေပုံ (Apple Map app) ပေါ်လာပြီ ဖြစ် သည့်အတွက် ယခင်ကဲ့သို့တောင်းဆိုခြင်း ဖြစ်ကြောင်း သိရသည်။

တနင်္သာရီ အစိုးရ အတွင်းရေးမှူးအား ထားဝယ် ၈၈ ကန့်ကွက်

စံခလပူရီ (မဇ္ဈိမ) ။       ။ တနင်္သာရီတိုင်း အစိုးရအဖွဲ့ အတွင်းရေးမှူးက ၈၈ အဖွဲ့အား ထိပါးပြောဆိုခြင်းနှင့်ပတ် သက်၍ ၈၈ မျိုးဆက် ကျောင်းသားများ (ထားဝယ်) က ကြာသပတေးနေ့တွင် ကြေညာချက် ထုတ်ပြန် ကန့်ကွက် လိုက်သည်။

ငြိမ်းချမ်းရေးနေ့ လမ်းလျှောက်သူများ တရားရုံး ၁၀ ခုတွင် အမှုဖွင့်ခံထားရ

Peace-One-Day-5 ပြည်တွင်းစစ် ရပ်စဲရန် ငြိမ်းချမ်းစွာ ချီတက် လမ်းလျှောက်ပွဲအား ဦးဆောင်ခဲ့သူ လေးဦး ကို ရန်ကုန်တိုင်းအတွင်းရှိ ၁ဝ မြို့နယ်တရားရုံး များက တရားစွဲဆိုခြင်းသည် သမ္မတ၏ ငြိမ်းချမ်းရေး ဖော်ဆောင်မှုနှင့်  မကိုက်ညီကြောင်း တရားစွဲဆိုခြင်းခံထားရသူ ကိုမိုဃ်းသွေး က ပြော သည်။ ၎င်းမှာ အပြောနှင့် အလုပ် မညီသကဲ့ သို့ နိုင်ငံ တကာ တွင် မြန်မာနိုင်ငံကို သိက္ခာကျစေကြောင်း ပြောဆို လိုက်ခြင်းဖြစ်သည်။

NLD အသက်မွေးဝမ်းကျောင်း ပညာ ကျောင်းများ ဖွင့်မည်

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီက လူငယ်များအတွက် အသက်မွေး ၀မ်းကျောင်းပညာသင်ကြားနိုင်ရန် မြို့နယ်၊ ဒေသများအလိုက် သင်တန်းကျောင်းများ ဖွင့်လှစ်သွားမည်ဟု သိရသည်။ထိုကျောင်း ဖွင့်ရသည့် အဓိကရည်ရွယ်ချက် သည် မျှော်လင့်ချက်ပျောက် နေသည့် လူငယ်များ၊ အလုပ်လက်မဲ့ ဖြစ်နေ သည့် လူငယ်များ မဖြစ်စေရန်၊ အသက်မွေးဝမ်းကျောင်း တခုအဖြစ် ရပ်တည်နိုင်စေရန် အတွက် ဖွင့်လှစ် ခြင်းဖြစ်ကြောင်း NLD ဥက္ကဌ ဒေါ်အောင် ဆန်းစုကြည်က ရန်ကုန်တိုင်း သုံးခွ မြို့နယ် ပြည်သူများကို ယနေ့ ပြောကြားသည်။