Saturday, November 3, 2012

လေကြောင်းဦးစီးဌာန လက်အောက်ရှိ ၀န်ထမ်းများအား လစာမဲ့ခွင့်ငါးနှစ်ဖြင့် ပုဂ္ဂလိကကုမ္ပဏီများ၌ အလုပ်လုပ်ခွင့်ပေး

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ပုဂ္ဂလိကအခန်းကဏ္ဍများ ပါဝင်ဆောင်ရွက်လာပါက   လေကြောင်းပို့ဆောင် ညွှန်ကြားမှုဦးစီးဌာန လက်အောက်ရှိ ၀န်ထမ်းများကို လစာမဲ့ခွင့် ငါးနှစ်ပေးကာ ပုဂ္ဂလိက

အတူယှဉ်တွဲ မနေလိုကြသော သူများအဖို့

အမေရိကပြည်ထောင်စု မြန်မာနိုင်ငံဆိုင်ရာသံအမတ်ကြီး (Derrek Michall)နှင့် ဗြိတိန် သံအမတ် Andrew Heyn-  သြစတေးလီယား သံအမတ်-Ms  Bronte Moules-တို့  သုံးဦးသားက ရမ်းဗြဲမြို့  နယ်သို့  ရောက်သည့်နေ့  နာရီပိုင်း အလိုမှာ ရခိုင်လူမျိုးဖြစ်

ယနေ့ မြောက်ဦးမြို့တွင်နယ် ရခိုင်အမျိုးသားနှစ်ဦး၏ အလောင်းထပ်မံတွေ့ရှိ

2012 ခုနှစ် အောက်တိုဘာလ (၂၂ . ၂၃  . ၂၄) ရက်နေ့များက ရခိုင်ပြည်နယ်  မြောက်ဦးမြို့ နယ်တွင် ဖြစ်ပွားသော အဓိကရုဏ်းကြောင့် ဒဏ်ရာရရှိသူ (၃၈) ဦးရှိပြီး သေဆုံးသူ (၁၅) ဦး ရှိခဲ့ရာ (၆) ဦးကိုသာ အောက်တိုဘာလ (၂၂ . ၂၄ . ၂၆) ရက်နေ့များက

ဘ၀နဲ့ တူတဲ့ ချားရဟတ်


တစ်ယောက်လက် တစ်ယောက်ချိတ်ပြီး ပြေးနေရသည်ကိုပင် ကျွန်မ စိတ်ထဲ နှေးနေသည်ဟု ထင်နေမိတယ်။ ဗိုက်ဆာတဲ့ အတွက်ကြောင့်လည်း ပါပါတယ်။ အမေ ပေးလိုက်တဲ့ ဆယ်တန် သုံးရွက်ကို ကျစ်ကျစ် ပါအောင် ဆုပ်ကိုင်ထားမိတယ်။ ကျွန်မက

တာချီလိတ်မြို့ ဆန်ဆိုင်းရပ်ကွက်တွင် အာပီဂျီ ဗုံးသီး နှင့် ကျည် တစ်ချို့ ဖမ်းဆီးသိမ်းဆည်းရမိ

နိုဝင်ဘာ(၂)ရက်နေ့ ည(၉)နာရီခန့်က တာချီလိတ်မြို့ ဆန်ဆိုင်းရပ်ကွက်မှာ အာပီဂျီဗုံးသီးများနဲ့ ကျည်များ  ဖမ်းဆီးသိမ်းဆည်းရမိကြောင်း  သိရပါတယ်။

ရခိုင်အဓိရုဏ်း ချင်းပြည်နယ်အထိ ထိပါးလာ

လက်ရှိ ရခိုင်ပြည်နယ် တွင်ပြန်လည်ဖြစ်ပွားနေသည့် အဓိကရုဏ်းသည် ကုလားတန် ကုန်သွယ်ရေးလမ်းကြောင်းအထိ ထိပါးလာပြီဟု ချင်းလူမျိုး စက်လှေကုန်သည် တဦး က ပြော သည်။

မြောက်ဦးမြို့နယ် အဓိကရုဏ်းအတွင်းသေဆုံးသူ (၁၀) ဦးပျောက်ဆုံးနေပြီး(၂)ဦး ပြန်လည်တွေ့ရှိ

အောက်တိုဘာ(၂၂)ရက်နေ့ မြောက်ဦးမြို့နယ်၊ ပုရိန်နှင့် ယိုင်သည် အဓိကရုဏ်းအတွင်းတွင် သေဆုံးသွားခဲ့သူ (၁၀)ဦးပျောက်ဆုံးနေပြီး ယနေ့(၂)ဦး  ပြန်လည်ရရှိကြောင်း သိရှိရသည်။ ပျောက်ဆုံးနေသော

အမေရိကန် ဗီဇာကတ်ကုမ္ပဏီ နှင့် မြန်မာ ပုဂ္ဂလိက ဘဏ်သုံးဘဏ်ဖြင့် ပူးပေါင်းဆောင်ရွက်ရန် သဘောတူလက်မှတ်ရေးထိုး

မြန်မာနိုင်ငံ၌ ဗီဇာကတ် အသုံးပြုနိုင်ရန်အတွက် အမေရိကန် ဗီဇာကတ် ကုမ္ပဏီ က မြန်မာ ပုဂ္ဂလိကဘဏ် များဖြစ်သော ကမ္ဘာဇဘဏ်၊ မြန်မာ့ အရှေ့တိုင်းဘဏ်၊ သမ၀ါယမဘဏ်တို့နှင့်  ပူးပေါင်းဆောင်ရွက်ရန် ယနေ့တွင် သဘောတူလက် မှတ်ရေးထိုးလိုက်ကြောင်းသိရသည်။

အိုဘားမား မြန်မာပြည်လာမည်

အမေရိကန် သမ္မတ အိုဘားမားဟာ မြန်မာနိုင်ငံကို ယခု နိုဝင်ဘာလ လယ်ပိုင်းမှာ လာရောက်လည်ပတ်မှ ဖြစ်ပါတယ်။ ဒါဟာ ၁၉၅၃ ခုနှစ်က အမေရိကန်သမ္မတတဦးရဲ့ မြန်မာနိုင်ငံခရီးစဉ်ပြီးရင် နှစ်ပေါင်း ၆၀ လောက် အတွင်း ပထမဆုံးလည်းဖြစ်ပါတယ်။

ဦးခင်ညွှန့် အမျိုးသားနိုင်ငံရေး လုပ်မည်

စစ်ထောက်လှမ်းရေး အကြီးအကဲဟောင်း ဦးခင်ညွန့်က လာမည့် အနာဂတ်တွင် ပါတီနိုင်ငံရေး လုပ်ဆောင် ရန် မရှိသော်လည်း တိုင်းပြည် တိုးတက်ရေးနှင့် ပြည်သူများ စားဝတ်နေရေး ချောင်လည်စေရန် အမျိုးသား နိုင်ငံရေး လုပ်ဆောင်သွားမှာဖြစ်တယ်လို့ ပြေဆိုခဲ့ပါတယ်။ 

ကွန်ပျူတာ ဂိမ်းစွဲမှုရဲ့ နောက်ဆက်တွဲ ရင်နင့်ဖွယ်


အသက် ၁၄ နှစ်သား လူငယ်တဦးဟာ ကွန်ပျူတာ ဂိမ်းကစားဖို့ သူ့ကို ခွင့်မပြုတာကြောင့် မိခင်ဖြစ်သူကို သတ်ခဲ့တယ် ဆိုတဲ့အမှုတခု ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ဖြစ်ခဲ့ပါတယ်။ 

လူကြီးမင်းဖုန်းဆိုင်များတွင်ပြုလုပ်မည့် Samsung Galaxy Mini ဟန်းဆက်များအား လုံခြုံရေးအခြေအနေအရ ရပ်ဆိုင်းလိုက်ရ

လူကြီးမင်းဖုန်းဆိုင်များတွင်ပြုလုပ်မည့် SamsungGalaxy Mini ဟန်းဆက်များအား မဲနှိုက်ကာ ၅၀၀၀ကျပ်ဖြင့်ရောင်းချပေးမည့် အစီအစဉ်ကို လုံခြုံရေးအခြေအနေအရရပ်ဆိုင်းလိုက်ရ နိုဝင်ဘာ ၃ ရက်နေ့တွင် လူကြီးမင်းဖုန်းဆိုင်များတွင်ပြုလုပ်မည့် Samsung Galaxy Mini ဟန်းဆက်များအား မဲနှိုက်ကာ ၅၀၀၀ကျပ်ဖြင့်ရောင်းချပေးမည့် အစီ အစဉ်ကို လုံခြုံရေးအခြေအနေအရရပ်ဆိုင်းလိုက်ရကြောင်းသိရသည်။

မြန်မာ ပြည်သူများ Samsung Glaxy Mini ကိုအလုအယက်ဝယ်ယူ

Samsung ၏ version အနိမ့်တစ်ခုဖြစ်သည့် Glaxy Mini ကို 5000 ကျပ်နုန်းဖြင့် လူကြီးမင်း ဖုန်းဆိုင်မှ ယနေ့ မနက်တွင် ဆိုင်ခွဲ တစ်ခုလျှင် 10 လုံးကျ မဲဖောက် ရောင်းချခဲ့ရာ လူကြီးမင်း ဖုန်းဆိုင်များတွင်လူထောင်နှင့်ချီ သွားရောက် စောင့်ဆိုင်းခဲ့သည်။

စုံစမ်းစစ်ဆေးရေးကော်မရှင်မှ အစ္စလာမ်ဘာသာဝင် နှစ်ဦးထုတ်ပယ်ခံရ

ရခိုင်ပြည်နယ်တွင် ဖြစ်ပွါးခဲ့သော  ပဋိပက္ခများကို စုံစမ်းစစ်ဆေးရန် ဖွဲ့စည်းထားသော စုံစမ်းစစ်ရေးကော် မရှင်မှ အစ္စလာမ်ဘာသာရေးရာအဖွဲ့
ချုပ်မှ ဥက္ကဌနှင့် အတွင်းရေးမှူးတို့ကို ကော်မရှင်၏ စည်းမျဉ်း၊ စည်းကမ်းများကို မလိုက်နာသဖြင့် နိုဝင်ဘာလ ၁ရက်နေ့တွင် ထုတ်ပယ်လိုက်ကြောင်း အဆိုပါကော်မရှင်မှ တာဝန်ရှိသူတစ်ဦးက   ပြောကြားသည်။

ရေချိုးနေစဉ် လူငယ်တစ်ဦး ဓာတ်လိုက် သေဆုံး

ရန်ကုန်တိုင်း ဒေသကြီး မြောက်ဒဂုံ မြို့ နယ်တွင် နေထိုင်သူ အသက် ၁၅ နှစ်  အရွယ် လူငယ် တစ်ဦး အများသုံး
အုတ်ရေကန် တွင် ရေချိုး နေစဉ် ရေစက်သို့ သွယ်တန်း ထားသည့် ဝါယာကြိုး နှင့် ထိနေသော သံပိုက်လုံး အား လက်ဖြင့် ကိုင်မိ၍ ဓာတ်လိုက် သေဆုံး သွားကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူး ရုံးမှ သိရသည်။

ရခိုင် ပြည်နယ် အကြမ်းဖက် မှုများတွင် သေနတ် ဒဏ်ရာဖြင့် သေဆုံး သူများ ရှိခဲ့ဟု သိရ

ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင် ကျောက်တော်မြို့နှင့် ရသေ့တောင်မြို့နယ် ကျေးရွာများ၌ အောက်တိုဘာ ၂၅ ရက် တွင် ရခိုင်နှင့် ဘင်္ဂါလီတို့အကြား အပြန်အလှန် မီးရှို့ခြင်း၊ ခိုက်ရန်ဖြစ်ပွား ခြင်းတို့ မှ အဓိကရုဏ်းအသွင်ဆောင်လာသော အကြမ်းဖက်ဖြစ်ရပ်များတွင် ဒေသခံ ရခိုင်လူမျိုးတို့ သေနတ်ဒဏ်ရာဖြင့်   သေဆုံးခြင်း၊ ဒဏ်ရာပြင်းပြီး သက်ဆိုင်ရာ ဆေးရုံများသို့ တက်ရောက်ကုသ လျက်ရှိခြင်းတို့ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

အင်္ဂါဂြိုဟ်လေထု အာကာသယာဉ်ဝင်ရောက်စူးစမ်း

မားစ်ဂြိုလ်(အင်္ဂါဂြိုဟ်) ကို (၂)နှစ်ကြာ  လေ့လာနေခဲ့တဲ့ နာဆာအာကာသ ယာဉ် အဖွဲ့ကဂြိုလ်တစ်ခုအနေနဲ့ ဂြိုလ် တစ်ဝိုက်မှာရှိနေတဲ့ လေထုလွှာ အကြောင်းပိုသိရဖို့ အခြေအနေတွေကိုတွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။

ကမ္ဘာပျက်မယ့်ဘေးကို တားဆီး ပေးနိုင်ခဲ့တဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်ရဲ့အကောင်းဆုံး စွမ်းဆောင်ချက်များ

နှစ်ပေါင်း ၅၀ လောက် ကမ္ဘာ့အလယ် မှာ မြန်မာနိုင်ငံတစ်နိုင်ငံတည်း ရပ်တည် နေခဲ့ရတဲ့အနေအထား ပျက်ပြယ်သွား တဲ့အကြောင်းနဲ့ပတ်သက်လို့ မကြာသေး ခင်လများအတွင်းက သတင်းတွေ ပလူပျံ ခဲ့သလို ၁၉၆၁ ခုနှစ်ကနေ ၁၉၇၁ ခုနှစ် အတွင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အဖြစ် တာဝန်ထမ်းဆောင် ခဲ့တဲ့ မြန်မာ နိုင်ငံသား ထိပ်တန်းသံတမန်ပုဂ္ဂိုလ်ကြီးနဲ့ ပတ်သက်ပြီးတော့လည်း အမှတ်ရစရာ သတင်းတွေ ပေါ်ပေါက်လာပါတယ်။

ကမ္ဘာ့ဘဏ်အကူအညီိထိရောက်ဖို့ ပွင့်လင်းမြင်သာမှုအရေးကြီး

အခြေခံလူတန်းစား မြန်မာပြည်သူများ
ကမ္ဘာ့ဘဏ်အနေနဲ့ မြန်မာနိုင်ငံကို အကူအညီ ပေးရမှာမို့ နှစ်ပေါင်း ၂၀ကျော်အတွင်း မြန်မာနိုင်ငံကို ဖွံ့ဖြိုးရေး အကူအညီ ပြန်ပေးတော့မှာမို့ စီစဉ်ထားတဲ့ အတိုင်း ထင်သာမြင်သာ ရှိဖို့နဲ့ အဆင်းရဲဆုံး သူတွေဆီ ရောက်ဖို့ အရေးကြီးတယ်လို့ ကုလသမဂ္ဂ အဆင့်မြင့်

နယူးယော့ မာရသွန် ပွဲပျက်

မုန်တိုင်းဒဏ် ခံရချိန်မှာ ပွဲ မလုပ်သင့်  
အမေရိကန်အားကစားလောကမှာ ထင်ရှားတဲ့ နယူးယော့ မာရသွန် ပြိုင်ပွဲကို မုန်တိုင်းဒဏ် အလူးအလဲ ခံလိုက်ရတဲ့ အချိန်မျိုးမှာ မလုပ်သင့်ဘူး ဆိုတဲ့ ဝေဖန်မှု တွေကြောင့် ဖျက်သိမ်း လိုက်ရ ပါတယ်။

ချောင်းသာကမ်းခြေ တွင် သိမ်းဆည်းခံ လယ်မြေ ပြန်လည် ရရှိရေး လူအင်အား၂ဝဝကျော် ဆန္ဒထုတ်ဖော်

ဒေသ ဖွံ့ဖြိုးရေး အကြောင်းပြချက်  ဖြင့် သိမ်းဆည်း ထားခဲ့သော  ငွေဆောင်ယံ မြို့နယ်ခွဲ ချောင်းသာ  ကျေးရွာ ရှိ မြေဧက ၆၁၅.၇ ဧက ကို ပြန်လည်ရရှိရေး အတွက် ချောင်းသာကျေးရွာသား ၂ဝဝကျော် နိုဝင်ဘာ လ၂ ရက်  နေ့လည် ၁၂ နာရီခွဲ အချိန်တွင် ဆန္ဒ ထုတ်ဖော် ခဲ့ကြောင်း ၄င်းဆန္ဒ ထုတ်ဖော်ပွဲ  ဦးဆောင်သူ ဦးသိပ္ပံစိုးက The Voice Weekly သို့ ပြောကြားသည်။

ရခိုင် ပဋိပက္ခ ဒုက္ခသည်များကို တိုက်ရိုက်ကူညီမည်ဟု သံတမန်များ ပြောကြား

ရခိုင်ပြည်နယ် အတွင်း တကျော့ပြန် ဖြစ်ပွား ခဲ့သော ပဋိပက္ခများကြာင့်   နေရပ် စွန့်ခွာ ထွက်ပြေး နေရသည့် ဒုက္ခသည် များ အတွက် လူုသားချင်း
စာနာမှု အကူအညီ များကို တိုက်ရိုက် လှူတန်း သွားမည် ဖြစ်ကြောင်း ပဋိပက္ခ ဖြစ်ပွားခဲ့မှုများကို လေ့လာရန် ရခိုင်ပြည်နယ် သို ရောက်ရှိ နေသည့် မြန်မာနိုင်ငံ ဆိုင်ရာ ဗြိတိန်၊ အမေရိကန် နှင့် Australia နိင်ငံ သံအမတ် ကြီးများက နိုဝင်ဘာ ၁ရက် နေ့တွင် ပြောကြား ခဲ့ကြောင်း ယင်းဒေသခံ များထံမှ သိရှိရသည်။

အမျိုးသမီး တစ်ဦးသာ နေထိုင်သော မြို့ 

အမျိုးသမီးတစ်ဦးသာ နေထိုင်သော မြို့ အမေရိကန် ပြည်ထောင်စုမှာ တကယ် ရှိပါတယ်။ ကိုယ်တိုင် မြို့ တော်ဝန်ခန့်၊ ကိုယ်တိုင် တစ်ယောက်
တည်း အုပ်စိုးနေတဲ့ မြို့ ငယ်လေး ဖြစ်ပါတယ်။

မူစယ် ၁၀၅ မိုင်ဇုန်ရှိ ကုန်ထမ်း အလုပ်သမား ၂၅၀ ကျော် အလုပ်ဖြုတ်ခံရ

သျှမ်းပြည် (မြောက်ပိုင်း) မူစယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်၌ ကုန် တင် ကုန်ချ အလုပ်လုပ်နေသော  အလုပ်သမား ၂၅၀ ကျော်ကို သက်ဆိုင်ရာ အလုပ်သမားရုံးမှ လွန်ခဲ့သည့် တစ်ပတ်ခန့်က ရုတ်တရက် အလုပ်ထုတ်လိုက်သဖြင့် အလုပ်သမားမိသားစုဝင်များ စားဝတ်နေရေး အခက်တွေ့နေကြောင်း သိရသည်။

တရားဥပဒေစိုးမိုးရေးကော်မတီ မန္တလေးတိုင်း တရားရုံးများကို လေ့လာ

ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ် ဖွဲ့စည်းထားတဲ့ ပြည်သူ့ လွှတ်တော်တရားဥပဒေ စိုးမိုးရေးနဲ့ တည်ငြိမ်ရေး ကော်မတီ အတွင်းရေးမှူး ဦးဝင်းမြင့်နဲ့ အဖွဲ့ဝင် ၇ ဦး ဒီနေ့ မန္တလေးတိုင်း တရားရုံး၊ ခရိုင်တရားရုံးနဲ့ ချမ်းအေးသာဇံမြို့နယ်တရာရုံးတွေကို ရှောင်တခင်သွားရောက်ခဲ့တယ်လို့ အဖွဲ့ဝင် ဒေါက်တာဇော်မြင့်မောင်က   ပြောပါတယ်။

ASEM9 တက်ဖို့ ဦးသိန်းစိန် လာအို သွားမယ်

၉ ကြိမ်မြောက် အာရှနဲ့ ဥရောပနိုင်ငံများရဲ့  အစည်းအဝေး  တက်ဖို့ တနင်္ဂနွေနေ့မှာ ဦးသိန်းစိန် လာအိုသွားမယ် လို့ သိရပါတယ်။

Friday, November 2, 2012

ရှမ်းပြည်မြောက်ပိုင်း နမ့်ဆန်မြို့ တွင် အိမ်ခြေ ၅၀ ကျော် မီးလောင်

ရှမ်းပြည်နယ် မြောက်ပိုင်း နမ့်ဆန်မြို့ပေါ်မှာ ဒီနေ့ မနက် ၁၀ နာရီကေန မွန်းလွဲ  ၁ နာရီထိ မီးလောင်မှုဖြစ်ပွားခဲ့ပြီး အိမ်ခြေ ၅၀ ကျော် မီးထဲပါသွားခဲ့ပါတယ်။

၂၅နှစ်အတွင်းပထမဆုံးအဖြစ်ကမ္ဘာ့ဘဏ်က မြန်မာနိုင်ငံကို ချေးငွေနှင့် အထောက်အပံ့ငွေဒေါ်လာ ၂၄၅သန်းပေးရန် စီစဉ်

ကမ္ဘာ့ဘဏ်က ၂၅ နှစ်အတွင်း ပထမဆုံးအဖြစ် မြန်မာနိုင်ငံကို ချေးငွေနှင့် အထောက်အပံ့ငွေ အမေရိကန်ဒေါ်လာ၂၄၅ သန်း ထုတ်ပေးသွားရန် စီစဉ်ထား သည်ဟု နိုင်ငံတကာသတင်း ဌာနများတွင် ဖော်ပြချက်အရ သိရသည်။

မြန်မာ- ဘင်္ဂလာနယ်စပ် ပင်လယ်ပြင်နှစ်ဘက်နိုင်ငံ ရေတပ်သင်္ဘောများတိုးချ

ရခိုင်တွင် ပေါ်ပေါက်နေသော ဆူပူ အကြမ်းဖက်မူများကြောင့် မြန်မာ- ဘင်္ဂလာနယ် စပ်  ပင်လယ်ပြင်တွင်  နှစ်ဘက် နိုင်ငံ၏ ရေတပ် သင်္ဘော
များကိုတိုးချကာ လုံခြုံရေးမြှင့်တင်ထားကြောင်း သတင်းရရှိသည်။ ယခုတိုးချထားမူမှာ ၂၀၀၈ ခုနှစ်ကဲ့သို့ တစ် ဘက်နှင့်တစ်ဘက် ရန်စောင် တိုက်ခိုက်ရန် အတွက် မဟုတ်ဘဲ မြန်မာနို်င်ငံမှနေပြီး ဘင်္ဂလားဒေခ်ျ့ဘက်သို့ ထွက်ပြေးသူများကို တားဆီးရန် အတွက် ဖြစ် သည်ဟု သိရသည်။

နန်းခင်ဇေယျာကပရဟိတလုပ်ပြီး ပြည်သူများကို ပြန်ပေး ဆပ်မည်

Miss International 2012 ပြိုင်ပွဲတွင် Miss Internet, People Choice Award နှင့် Ambassador of Beauty ဆုများ ရရှိခဲ့သော Miss Myanmar
 နန်းခင်ဇေယျာက ၎င်းအားမဲပေးခဲ့သော မြန်မာပြည်သူများအတွက် ပရဟိတလုပ်ငန်းများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောသည်။

အမေရိကန် သံအမတ်ကြီးနှင့် အဖွဲ့ ရမ်းဗြဲရောက်စဉ်မှာ ရခိုင်လူမျိုး တစ်ဦး သတ်ဖြတ်ခံရ

အမေရိကန် သံအမတ်ကြီး ဒဲရစ်မက်ချယ် ( Derek Miitcheel) အဖွဲ့  ရမ်းဗြဲမြို့ကို လာရောက်လည်ပတ်ကြည့်ရှု့သည့် နေ့တွင်ပင် အဆိုပါ  မြို့နယ်တွင် ရခိုင်အမျိုးသား တစ်ဦး လည်ပင်းဓါးနှင့်လှီး သတ်ဖြတ် ခံခဲ့ရသည်ဟု သတင်း ရရှိသည်။

ပျားဖွတ်ရန် ပျားအုံလိုက်ရှာရင်း သစ်ပင်တွင် ကြိုးဆွဲချ သေဆုံးနေသော လူသေအလောင်း တစ်လောင်းကိုမြင်တွေ့

စစ်ကိုင်းတိုင်းဒေသကြီး၊မုံရွာ ခရိုင်၊ အရာတော်မြို့နယ်၊ဇရစ် ကျေးရွာ၏ အရှေ့ဘက် နှစ်ဖာ လုံခန့်ရှိ သနပ် ခါးခြံဝင်းတစ်ခုတွင်   ပျားဖွတ်ရန် ပျားအုံလိုက်ရှာသူ တစ်ဦးက သစ်ပင်တွင်ကြိုးချသေ ဆုံးနေသော လူသေအလောင်း တစ်လောင်းအား အောက်တိုဘာ   (၂၇)ရက်၊ညနေ (၅)နာရှိအချိန် ခန့်က  တွေ့ရှိခဲ့ကြောင်း အရာ တော်မြို့ခံတစ်ဦးက ပြောကြားသည်။“

မလေးရှား UNHCR မှ ဘင်္ဂလီများကို အသိအမှတ်ပြုမှတ်ပုံတင် ပြုလုပ်ပေးနေ

 မလေးရှားနိုင်ငံ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR)  မှ နိုဝင်ဘာ ၁ ရက် မနေ့မနက် ၈ နာရီမှစ၍ UNHCR မှတ်ပုံတင်ခြင်းဆိုင်ရာကိစ္စ ရပ် များကို မလေးရှားနိုင်ငံ Cheras Stadium အားကစားကွင်းတွင် စတင်ဆောင်ရွက်ပေးနေရာဘင်္ဂလီ ဒုက္ခသည် ၃၀၀၀ ကျော်ခန့်အား အသိအမှတ်ပြု ဆောင်ရွက်ပေးနေကြောင်းသိရှိရပြီး ဆက်လက်ဆောင် ရွက်ပေးမည်ဖြစ်ကြောင်းလည်းသိရှိရသည်။

မြောက်ဦး ဒုက္ခသည် စခန်းများတွင် ကလေးငယ်များ ဝမ်းရောဂါဖြစ်ပွား

ရခိုင်ပြည်နယ် အတွင်း တကျော့ပြန်  ဖြစ်ပွား ခဲ့သော ပဋိပက္ခ များကြောင့်
 နေရပ်စွန့်ခွာ ထွက်ပြေး ခဲ့ရသည့်  မြောက်ဦး မြို့ပေါ်ရှိ မီးဘေးသင့် ရခိုင် ဒုက္ခသည် စခန်းများ၌ အသက် ၁ဝနှစ် အောက် ကလေးငယ် များ ယခု ရက်ပိုင်းကစပြီး ကာလဝမ်းရောဂါ များဖြစ်ပွါးလျက်ရှိကြောင်း ယင်း ဒုက္ခသည် များကို ကူညီ စောင့်ရှောက် နေသည့် ဘုန်းတော်ကြီး များနှင့် လူမှု ကူညီရေး အဖွဲ့အစည်း များ ထံမှ သိရှိရသည်။

ယခုရက်ပိုင်းအတွင်း ရန်ကုန်တိုင်းဒေသကြီး၌ သုံးလောင်းပြိုင်လူသတ်မှု နှစ်ကြိမ်ဖြစ်ပွားခဲ့

ယခုရက်ပိုင်းအတွင်း ရန်ကုန်တိုင်းဒေသကြီးရှိ ဒဂုံဆိပ်ကမ်းမြို့နယ်နှင့်   မှော်ဘီမြို့နယ်တို့တွင် သုံးလောင်းပြိုင် လူသတ်မှု ဖြစ်စဉ်တစ်ခုစီ ဖြစ်ပွား
ခဲ့ကြောင်း ရန်ကုန်တိုင်း ဒေသကြီးတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက အတည်ပြုပြောကြား ခဲ့သည်။

ကျောက်ဖြူ ဘင်္ဂါလီစခန်းတွင် ကျန်းမာရေးဝန်ထမ်းများ လုံခြုံရေး စိတ်မချရ

ကျောက်ဖြူမြို့ ကျောက်တလုံးဘုရားအနီးရှိ ဘင်္ဂါလီ ဒုက္ခသည် စခန်းတွင် သွားရောက် ဆေးဝါးကုသပေးနေကြသော ကျန်းမာရေးဝန်ထမ်းများ အနေဖြင့် မိမိတို့၏လုံခြုံရေးကို စိတ်ချမှုမရှိကြောင်း Coral Arakan အား ပြောကြားသည်။

Thursday, November 1, 2012

"ဧရာဝတီသတင်းဌာနကို သမ္မတရုံးက ဆော်လိုက်ပြီ "

မိမိရပ်တည်ချက် မည်သို့ဖြစ်သည်ကို  မိမိဘာသာ သိလျှင် ပြီးပါသည်။
=(၁) ဧရာဝတီ အယ်ဒီတာမင်းကြီး များ ဘူးသီးတောင်၊ မောင်တောဒေသ
သို့ သွားရောက်၍ မိသားစု အစုံအလင်ဖြင့် (၂)ပါတ် နေ ကြည့်စေလိုပါသည်။  (အစွန်အဖျား ကျေးရွာများ မဟုတ်သေးပါ။)

"ရွှေကျေးရွာတွင် လူတစ်ယောက် အသတ်ခံရ

.၁၀.၂၀၁၂ ရက် နေ့လည် ၂း ၀၀  နာရီပတ်ဝန်ကျင်လောက်တွင် ရခိုင် ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၊ ပေါက်ကုန်းေ ဘာင်တိုက်နယ်၊ ရွေကျေးရွာတွင် ဦးထွန်းကြည်ဆိုသူကို အမည်မသိသော လူတစုက သတ်ဖြတ်သွားကြောင်း သိရှိရပါတယ်။

သံတွဲမြို့  "ဂျာမေ့ဗလီ "မှ လက်နက်များ သိမ်းဆည်းရမိ

၃၁.၁၀.၂၀၁၂ နေ့ နေ့လည် ၁ နာရီခွဲခန့်တွင် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် စစ်ဗျူဟာမှူးဦးဆောင်သော တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရပ်မိရပ်ဘများပါဝင်သော ပူးပေါင်းအဖွဲ့သည် ရခိုင်ပြည်နယ်သံတွဲမြို့ အမှတ် ၃ ရပ်ကွက်ရှိ ဂျာမေ့ဗလီနှင့် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်း နှစ်ကျောင်းသို့ ရှောင်တခင်  ၀င်ရောက် စစ်ဆေးခဲ့သည်။

သြစတြေးလျရောက် လူမှုရေးလုပ်ငန်း ဆောင်ရွက်သူ ကရင်အမျိုးသမီးတစ်ဦးကို ၀န်ကြီးချုပ်မှ ဆုချီးမြှင့်

သြစတြေးလျားရောက် လူမှုရေးလုပ်ငန်း ဆောင်ရွက်သူ ကရင်အမျိုးသမီးတစ်ဦးကို ၀န်ကြီးချုပ်မှ ဆုချီးမြှင့်။
နိုဝင်ဘာလ ၁ရက်၊ ၂၀၁၂ခုနှစ်။ ဖိုးခွါးလေး (ကေအိုင်စီ)

သြစတြေးလျနိုင်ငံ ဗစ်တိုရီးယားပြည်နယ်တွင် ရောက်ရှိအခြေချနေသော ကရင်အမျိုးသမီးတဦးဖြစ်သည့် နော်စေးထူးအဲ့မိုးရိုကို လူမှုရေးလုပ်ငန်း ဆောင်ရွက်မှုကြောင့် သြစတြေးလျား ဝန်ကြီးချုပ် Hon. Julia Gillard က (Prime Minister’s Above and Beyond Award) ဆု ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

သြစတြေးလျားနိုင်ငံတွင် ရောက်ရှိနေသည့် တိုင်းရင်းသားလူမျိုးများကို အခကြေးငွေမယူဘဲ သြစတြေးလျား လူမှုကွန်ယက်နှင့် ချိတ်ဆက်မိအောင် ကူညီဆောင်ရွက်ပေးသည့်အပြင် သူမ၏ အားလပ်ချိန်အတွင်း၌ လူမှုအသိုင်းဝိုင်းကို ကူညီပေးနေသော ကြောင့် ၀န်ကြီးချုပ်မှ ထိုသို့ ဆုပေးအပ်ခဲ့ခြင်းဖြစ်သည်။

အောက်တိုဘာလ ၂၅ရက်နေ့က Cathy Brunton မြို့ရှိ Italian Social Club of Werribee ခမ်းမဆောင်တွင် နော်စေးထူးအဲ့မိုး ရိုကို သြစတြေးလျား ဝန်ကြီးချုပ် Hon. Julia Gillard က ကိုယ်တိုင် လာရောက်ဂုဏ်ပြုကာ ယင်းဆုကို ဆုချီးမြှင့်ခဲ့ခြင်းလည်း ဖြစ်သည်။

နော်စေးထူးအဲ့က “ကျမ ဒီဆုကို ရမယ်လို့ မမျှော်လင့်ခဲ့ဘူး။ မထင်မှတ်ဘဲ ရသွားတဲ့အတွက်ကြောင့် အရမ်းပျော်လို့မဆုံး ဖြစ်မိ တယ်။ နောက် ဒီဆုကိုရတာ ကရင်တမျိုးသားလုံးရတယ်လို့ ခံစားရတယ်။ အခု ကျမဟာ ကရင်လူမျိုးဖြစ်တယ်ဆိုတာ ဝန်ကြီး ချုပ်သိသွားတော့ အရမ်းကျေနပ်အားရမိတယ်”ဟု ကေအိုင်စီသို့ ပြောသည်။

ဆက်လက်၍ သြစတြေးလျားနိုင်ငံတွင် ရောက်ရှိအခြေချနေသည့် ကရင်လူငယ်များသည် သူမနည်းတူပင် လူမှုရေးလုပ်ငန်း တွင် တတ်စွမ်းသမျှ ကြိုးပမ်းလုပ်ဆောင်ကြပြီး ကရင်လူမျိုးများ၏ ဂုဏ်ကို မြှင့်တင်ကြရန် တိုက်တွန်းလိုကြောင်း သူမက ပြော ဆိုသည်။

Prime Minister’s Above and Beyond Award ဆုသည် သြစတြေးလျနိုင်ငံရှိ လူမှုရေးလုပ်ငန်းအရေးကို စိတ်ရောကိုယ်ပါ စွမ်း စွမ်းတမံ ကူညီလုပ်ကိုင်ဆောင်ရွက်ပေးနေသူများကို တနှစ်တစ်ကြိမ် နှစ်စဉ် ရွေးချယ် ဂုဏ်ပြု ပေးအပ်လျှက်ရှိသည်။

နော်စေးထူးအဲ့မိုးရိုသည် ကရင်အမျိုးသားအစည်းအရုံး-KNU ၏ ဌာနချုပ်ဟောင်း မာနယ်ပလောကျပြီးနောက်ပိုင်း ၁၉၉၉ခုနှစ် တွင် သြစတြေးလျားနိုင်ငံသို့ သွားရောက်အခြေချနေထိုင်ခဲ့ပြီး ခင်ပွန်းသည် စောထူးစောနှင့် သားတစ်ဦး၊ သမီးတစ်ဦး ရှိသည်။

သူမသည် လက်ရှိ သြစတြေးလျား လူမှုကွန်ယက်တွင် အဖွဲ့ဝင်တစ်ဦးအဖြစ် ပါဝင်ကာ ၎င်းကွန်ယက်၏ လုပ်ငန်းများကို ဆက် လက် လုပ်ကိုင်လျှက်ရှိသည်ဟု သိရသည်။

သြစတြေးလျနိုင်ငံ ဗစ်တိုရီးယားပြည်နယ်တွင် ရောက်ရှိအခြေချနေသော ကရင်အမျိုးသမီးတဦးဖြစ်သည့် နော်စေးထူးအဲ့မိုးရိုကို လူမှုရေးလုပ်ငန်း   ဆောင်ရွက်မှုကြောင့် သြစတြေးလျား ဝန်ကြီးချုပ် Hon. Julia Gillard က (Prime Minister’s Above and Beyond Award) ဆု ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။