Edit This Menu
Monday, November 5, 2012
သက်ဆင်အား လုပ်ကြံရန် ကြံစည်နေကြောင်း ကောလပာလများပြန့်နှံ့
(Bangkok Post မှ 5 Nov 2012 ရက်စွဲပါ “Rumours swirl of plot to kill thaksin”သတင်းကိုဘာသာပြန်ဆိုသည်)
ထိုင်းဝန်ကြီးချုပ်ပောာင်း
သက်ဆင်အား လုပ်ကြံသတ်ဖြတ်လိမ့်မည်ပာူသော ကောလပာလများနှင့်ပတ်သက်၍
ရှင်းလင်းပြောဆိုသော ထိုင်း ကာကွယ်ရေးဝန်ကြီးဆူခွန်ပေါဆူဝမ်နာတက်က
ယခုသီတင်းပတ်ခရီးစဉ်တွင် ဝန်ကြီးချုပ်ပောာင်းသက်ဆင်အား မြန်မာအစိုးရက
ကာကွယ်စောင့်ရှောက် နိုင်လိမ့်မည်ပာု ယုံကြည်စိတ်ချကြောင်း
ပြောကြားလိုက်သည်။
မကွေးတိုင်း၊ စကုမြို့နယ်တွင် ဆွမ်းစားကျောင်းပြိုကျပြီး ၈၀ ခန့် ဒဏ်ရာရရှိ
မကွေးတိုင်း၊ စကုမြို့နယ်၊ မန်ကျည်းပင်ရွာ၊ လေးထပ်ကျောင်းတိုက်မှာ နိုဝင်ဘာ ၁ ရက်နေ့ ကထိန်ပွဲ
ပြုလုပ်နေချိန် ဆွမ်းစား ကျောင်းဆောင်ပြိုကျပြီး လူ ၈၀ လောက်
ဒဏ်ရာရရှိခဲ့ပါတယ်။
မြေပုံ တောင်ပေါ် ခံတပ် စစ်တပ်က တက်ရောက် ရှင်းလင်း
ရခိုင်ပြည်နယ်မြေပုံမြို့တွင်
မွတ်ဆလင်များက ခံတပ်သဘောမျိုးတည်ဆောက်နေရာယူ ထားသောတောင်ပေါ်ကို ယနေ့
စစ်တပ်က တက်ရောက်ရှင်းလင်းပြီး မွတ်စလင် မိသားစုများကို တောင်အောက်တွင်
တည်ဆောက် ထားသော ဒုက္ခသည် စခန်းသို့ ပို့ဆောင်သည်ဟု သိရသည်။
သုံးလောင်းပြိုင်လူသတ်မှုဖြစ်ပွား
ရန်ကုန်ဆင်ခြေဖုံး မြို့နယ်တစ်ခုဖြစ်သည့် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် (၆၉) ရပ်ကွက်တွင် အိမ်နီးချင်း စကားများရန်ဖြစ်ရာမှ သုံးနှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် သုံးလောင်းပြိုင်လူသတ်မှု တစ်ခု အောက်တိုဘာလ ၂၉ ရက်နေ့ မွန်းလွဲပိုင်းက ဖြစ်ပွားခဲ့ကြောင်း အဆိုပါ ရပ်ကွက်တွင်း နေထိုင်သူများ ထံမှ စုံစမ်း သိရှိရသည်။ အဆိုပါ ရပ်ကွက် မင်းလှမင်းခေါင် လမ်းတွင် နေထိုင်သူ ကိုကျီးကန်းခေါ် ကိုစိုးစိုးသည် ၄င်း၏ ယောက္ခမ ဖြစ်သူ နှင့် စကားများ နေ သည်ကို မျက်နှာချင်း ဆိုင်တွင် နေထိုင်သူ ကိုပြည့်ဖြိုးအောင်က
ပါကစ္စတန်၏ အိန္ဒိယ ဝိုင်းပတ်ရေးဗျူဟာတွင် မြန်မာ ပါဝင်နေဟုဆို
နယူးဒေလီ (မဇ္ဈိမ) ။ ။ ပါကစ္စတန်နိုင်ငံ၏ အိန္ဒိယနိုင်ငံအား
ဝိုင်းပတ်ထားရေး မဟာဗျူဟာတွင် မြန်မာနိုင်ငံ ၌လည်း သူလျှိုများထားရှိ
လှုပ်ရှားရေး အစီအစဉ် ပါဝင်နေကြောင်း ထိပ်တန်း ထောက်လှမ်းရေး အစီရင်ခံစာ
တစောင်က စွပ်စွဲလိုက်သည်။
လုံခြုံရေး စိတ်မချ၍ တာချီလိတ်ခရီးစဉ် သက်ဆင် ဖျက်သိမ်း
နိုင်ငံသားဖြစ်ခွင့်၊ မဖြစ်ခွင့် များနှင့်ပတ်သက်ပြီး ၁၉၈၂ ဥပဒေအတိုင်း ပထမဆုံးအနေဖြင့် ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ် ရှိရွာ ၅ ရွာအား နိုဝင်ဘာ ၆ ရက်နေ့မှ စတင်စစ်ဆေးသွားမည်
မြန်မာနိုင်ငံသား ဖြစ်ခွင့် မဖြစ်ခွင့် ကိစ္စရပ်များနှင့် ပတ်သက်ပြိး ၁၉၈၂ခုနှစ် နိုင်ငံသားဖြစ်ခွင့် ဥပဒေအတိုင်း ပထမဆုံးအနေဖြင့် ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်မှ ကျေးရွာ ၅ ရွာအား နိုဝင်ဘာလ ၆ ရက်နေ့မှ စတင်ကာ စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
ဟားဗတ်ပါမောက္ခများ တောင်ကြီးကိုသွား
ဟားဗတ်တက္ကသိုလ်မှ ပါမောက္ခ ၂ ဦးသည် ယမန်နေ့ ညနေက တောင်ကြီးမြို့ရှိ အရပ်ဘက် လူ့အဖွဲ့အစည်းများနှင့် တွ့ဆုံ ဆွေးနွေးခဲ့သည်။
၎င်းတို့
၂ ဦးမှာ ဒေါက်တာဒေးဗစ်ဒါပိ(စ်)၊ ဒေါက်တာ သောမတ်(စ်) ဗယ်လီလီတို့
ဖြစ်ပြီး လွန်ခဲ့သည့် ၂၅နှစ်ခန့်က ဗီယက်နမ် နိုင်ငံ၏ စီးပွားရေး
ပြုပြင်ပြောင်းလဲမှုတွင် ပါဝင် ဆောင်ရွက်ပေးခဲ့ကြသူများ ဖြစ်ကြောင်း သိရသည်။
Sandy မုန်တိုင်းသင့်သူတွေ အအေးဒဏ်နဲ့ ထပ်ကြုံ
အမေရိကန် အရှေ့ဘက်ခြမ်း ဒေသက စန္ဒီ
(Sandy) ဟာရီကိန်း မုန်တိုင်းဒဏ် ခံခဲ့ရသူတွေဟာ လျှပ်စစ်မီး ပြတ်တောက်
မှုတွေနဲ့ လောင်စာဆီ မလုံလောက် မှုတွေနဲ့ အတူ နောက်ဆက်တွဲ ရေခဲမတတ်
အအေးဒဏ်ကို ခံနေကြရပါတယ်။ လွန်ခဲ့တဲ့ သီတင်းတပတ် နီးပါးက မုန်တိုင်းကြောင့်
လူပေါင်း ၁၀၀ လောက် သေဆုံးပြီး ဒေါ်လာသန်းပေါင်း ၅ သောင်းလောက်အထိ
ဆုံးရှုံးခဲ့ရတာပါ။
တစ်ကျော့ပြန် ရခိုင်ပဋိပက္ခနှင့်ပတ်သက်၍ ဒဲရစ်မက်ချယ်နှင့်ဒေသခံများ စစ်တွေဟိုတယ်၌ တွေ့ဆုံ
ထိုင်း ၀န်ကြီးချုပ်ဟောင်း သက်ဆင်ကို ရှပ်နီ ၅၀၀၀ ခန့် တွေ့ဆုံမည်
ရှမ်းပြည်နယ် အရှေ့ပိုင်း ထိုင်း-မြန်မာ နယ်စပ် တာချီလိတ်မြို့သို့
လာရောက်မည့် ထိုင်း ၀န်ကြီးချုပ်ဟောင်း သက်ဆင် ကို ရှပ်နီ ၅၀၀၀ ခန့် က
မြန်မာဘက် ကူး၍ တွေ့ဆုံရန် ရှိကြောင်း သတင်းရသည်။ ယင်း ရှပ်နီများသည်
ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှ ဖြစ်ပြီး လာမည့် နိုဝင်ဘာ ၉ ရက်နေ့တွင်
သက်ဆင် ထံသို့ မယ်ဆိုင်ဘက်မှ ဘတ်စ်ကား အစီး ၁၀၀ ခန့်ဖြင့်
သွားရောက်တွေ့ဆုံမည် ဖြစ် ကြောင်း၊ နယ်စပ်ဖြတ်ကျော်ခွင့် လက်မှတ်များအတွက်
စီစဉ်နေကြောင်း ယမန်နေ့ ဘန်ကောက်ပို့စ်၌ ဖော်ပြသည်။
ထိုင်း-မြန်မာ နယ်စပ်တွင် လက်နက်များ ဖမ်းမိ
ထိုင်း-မြန်မာ နယ်စပ် မဲဆောက် တာ့ခ် ခရိုင် အတွင်း တနင်္ဂနွေနေ့က
စက်သေနတ်နှင့် ရိုင်ဖယ် သေနတ်များ အပါအ၀င် လက်နက် ခဲယမ်း အလက် ၁ သိန်းကျော်
ထိုင်း စစ်တပ်က ဖမ်းဆီးရမိကြောင်း သတင်းရသည်။ ယင်း လက်နက်များကို ကရင်
အမျိုးသား တဦး မောင်းလာသော ကားတစီးပေါ်မှ ဖမ်းဆီးရမိခြင်း ဖြစ်ကြောင်း၊
ကရင်ပြည်နယ်အတွင်းရှိ နယ်ခြားစောင့် တပ်ဖွဲ့သို့ ပို့ဆောင် မည့်
လက်နက်များဟု ယူဆရကြောင်း ယမန်နေ့က ဘန်ကောက်ပို့စ် သတင်း၌ ဖော်ပြထားသည်။
From -ဧရာဝတီ
ဦးသိန်းစိန် ထိုင်းကို လာမည်
သမ္မတ ဦးသိန်းစိန် သည် ယခုတပတ်အတွင်း ထိုင်းနိုင်ငံသို့ လာရောက်ရန် ရှိကြောင်း သိရသည်။ ၎င်း၏ ဗုဒ္ဓဟူးနေ့မှ စတင်သည့် ၂ ရက်ကြာ ခရီးစဉ် တွင် ထိုင်းဝန်ကြီးချုပ် မစ္စ ယင့်လပ်ရှင်နာဝပ် နှင့်တွေ့ဆုံ၍ နှစ်နိုင်ငံ လုပ် ကိုင် ရန်ရှိသော အမေရိကန် ဒေါ်လာ ဘီလျံ ၅၀ ခန့်
ရင်းနှီးမြှုပ်နှံမည့် တနင်္သာရီတိုင်း ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းနှင့်ပတ်သက်
ချင်းပြည် မဖွံ့ဖြိုး၍ ရွှေ့ပြောင်းစွန့်ခွာသူ များပြား
မြန်မာနိုင်ငံတွင် လူဦးရေ ၁၂ သိန်းခန့်ရှိသော ချင်းလူမျိုးများ သည်
ပြည်ပနိုင်ငံများသို့ အလုပ်သွားလုပ်ရုံမျှသာမက အပြီးတိုင်
ရွှေ့ပြောင်းသွားသူများ နှစ်စဉ် ပိုမိုများပြားလာနေခြင်းကြောင့်
ချင်းလူမျိုး ၈ သိန်းဝန်းကျင်ခန့်သာ ပြည်တွင်း၌ ကျန်ရှိနေတော့ကြောင်း
ချင်းအမျိုးသားပါတီ (CNP) ၏ ချင်းလူမျိုးစစ်တမ်းအရ သိရသည်။
အစိုးရအဖွဲ့ ပွင့်လင်းမြင်သာမှုရှိစေဖို့အတွက် ၀န်ကြီးဌာန အားလုံး အခုနှစ်မကုန်ခင် အင်တာနက် ၀က်ဘ်ဆိုက် လွှင့်တင်ထားရမည်
အစိုးရအဖွဲ့ ပွင့်လင်းမြင်သာမှုရှိစေဖို့အတွက်
ဝန်ကြီးဌာန အားလုံး အခုနှစ်မကုန်ခင် အင်တာနက် ၀က်ဘ်ဆိုက်
လွှင့်တင်ထားကြဖို့ သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးတင်နိုင်သိန်းက
ပြောတယ်လို့ ဒီနေ့ထုတ် အင်တာနက်ဂျာနယ်မှာ ဖော်ပြထားပါတယ်။
ရခိုင်အရေးက နောက်ပြန်လှည့်သွားစေနိုင်သလား
မင်္ဂလာပါ ကိုအောင်ဇော် (ဧရာဝတီ)။ အကိုရေးသားထားတဲ့ Fresh Arakan Strife Bad
Omen for Reform ဆိုတဲ့ ဆောင်းပါးကို ပြန်ပြီး ဝေဖန်ထားတာပါ။ ဝါရင့်
သုံးသပ်သူ တစ်ယောက် မဟုတ်ပေမယ့် ကျန်ခဲ့တယ်လို့ ထင်တဲ့ အချက်တွေကို
ဖော်ပြထားတာပါ။
ဆီးရီးယား ပဋိပက္ခ အစ္စရေးအထိ ရိုက်ခတ်
ပဋိပက္ခတွေ ဖြစ်ပွားနေတဲ့ ဆီးရီးယား နိုင်ငံက သံချပ်ကာကား ၃ စင်းဟာ
စနေနေ့မှာတုန်းက ဂိုလန်ကုန်းမြင့်က စစ်မဲ့ဇုန်နယ်မြေကို ၀င်ရောက်လာတဲ့
အတွက် အစ္စရေးနိုင်ငံက ကုလသမဂ္ဂ လုံခြုံရေး ထိန်းသိမ်းရေးတပ်ကို
တိုင်ကြားခဲ့ကြောင်း အစ္စရေး စစ်တပ်က ပြောပါတယ်။ နှစ်ပေါင်း ၄၀ အတွင်း
ပထမဆုံးအကြိမ် ဖြစ်ပွားခဲ့တဲ့ ဒီဖြစ်ရပ်ကြောင့်
မြိတ် ကျောက်မီးသွေး စီမံကိန်း နှင့် ငါးမှုန့် စက်ရုံ ကန့်ကွက် ဆန္ဒပြကြ
မြိတ်မြို့တွင် ကျောက်မီးသွေး
စက်ရုံ ဖျက်သိမ်းရေး၊ ငါးအမှုန့်
ကြိတ်စက်ရုံ
အနံ့ဆိုး ပပျောက်ရေး
အတွက် လူထုအင်အား ၂၅၀ နှင့် လိုက်ပါ အားပေးသူ
စုစုပေါင်း ၁၀၀၀ ခန့် ငြိမ်းချမ်းစွာ စီတန်း လှည့်လည် ဆန္ဒဖော်ထုတ်
ခဲ့ပါသည်။
အနောက်နိုင်ငံ သံတမန်များနှင့် ရခိုင် နိုင်ငံရေး ပါတီမှ ခေါင်းဆောင်များ စစ်တွေတွင် တွေ့ဆုံ
နိုဝင်္ဘာလ ၃ ရက်နေ့ နံနက် ၁၁ နာရီတွင် ရခိုင်ပြည်နယ်ရှိ နိုင်ငံရေး ပါတီ
ခေါင်းဆောင်များနှင့် အနောက်နိုင်ငံ သံအမတ်များ ရခိုင်အရေးကို စစ်တွေ
တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။“ နံနက် ၇ နာရီ ၁၅ ခန့်တွင် အမေရိကန်သံအမတ်ရဲ့ ကိုယ်ရေးအရာရှိ
ဒေါ်နန်းခင်လေးငယ်က ဖုန်းဆက်ပြီး လွတ်တော် ကိုယ်စားလှယ် ဦးအောင်မြကျော်နဲ့
နိုင်ငံရေး
ဝါ၀ါဝင်းကုမ္ပဏီရုံးရှေ့တွင် လယ်အသိမ်းခံ တောင်သူများ ဆန္ဒထုတ်ဖော်မှု ၅ရက်မြောက်ကြာသော်လည်း သက်ဆိုင်ရာနှင့် ကုမ္ပဏီမှ ညှိနှိုင်းခြင်းမရှိသဖြင့် ဆက်လက်ပြုလုပ်လျက်ရှိ
ရန်န်ကုန်တိုင်းဒေသကြီး၊ လသာမြို့နယ် အနော်ရထာလမ်းနှင့်
စဥ့်အိုး တန်းလမ်းထောင့်ရှိ ၀ါဝါ၀င်းကုမ္ပဏီရုံးရှေ့တွင် လယ်အသိမ်းခံ
တောင်သူ များ ဆန္ဒထု တ်ဖော် မှု ၅ ရက်မြောက်ကြာသော်လည်း သက်ဆိုင်ရာနှင့်
ကုမ္ပဏီဘက်မှ ညှိနှိုင်းခြင်းမရှိသဖြင့် ဆန္ဒထုတ်ဖော်မှု
ဆက်လက်ပြုလုပ်လျက်ရှိကြောင်း သတင်းရရှိသည်။
Sunday, November 4, 2012
DATA စင်တာလုံခြုံနိုင်ရန် နည်းပညာအများအပြားအသုံးပြုရန် လိုအပ်
မြန်မာ
MICTDC ကုမ္ပဏီနှင့် ဂျပန်နိုင်ငံရှိ Hitachi ကုမ္ပဏီတို့မှလာမည့် ၂၀၁၃
ခုနှစ်တွင် ပူးပေါင်းလုပ်ဆောင်သွားမည့် Data Center လုံခြုံရေး အတွက်
နည်းပညာအများအပြား အသုံးပြုရန်လိုအပ်ကြောင်း ပြည်တွင်းနည်းပညာကုမ္ပဏီတစ်ခုမှ
တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
မိတ်ဟောင်းဆွေဟောင်း ဦးသိန်းစိန်ကို သက်ဆင်တွေ့ဆုံမည်
(Bangkok Post မှ 3 Nov 2012 ရက်စွဲပါ “ Thaksin to meet ‘Pal’ Thein Sein” သတင်းကိုဘာသာပြန်ဆိုသည်)
ထိုင်းဝန်ကြီးချုပ်ဟောင်းသက်ဆင်သည်
၃ ရက်ကြာ မြန်မာခရီးစဉ်၏ တစိတ်တပိုင်းအဖြစ် ကြာသာပတေးနေ့တွင်
နေပြည်တော်သို့သွားရောက်၍ သမ္မတဦးသိန်းစိန်နှင့်တွေ့ဆုံလိမ့်မည်ဟု
၎င်း၏အနီးကပ် လက်ထောက်တစ်ဦးက ဆိုပါသည်။
PopularNews Journal အား PDF File ဖြင့် Download ရယူ ဖတ်ရှုလိုသူ ပရိတ်သတ်များအတွက်
PopularNews Journal အား PDF File ဖြင့်
Download ရယူ ဖတ်ရှုလိုသူ ပရိတ်သတ်များ အတွက်...... နိုဝင်ဘာလ (၁)ရက်နေ့ ထုတ်
PopularNews အတွဲ(၄)၊ အမှတ်(၄၃) ကို download ရယူရန်ခက်ခဲသည့် အတွက် ပရိတ်သတ်များ Download လုပ်ရန် အဆင်ပြေနိုင်မည့် File Size ဖြင့် ရယူနိုင်ပါ သည်။
မိုဘိုင်းဖုန်း အင်တာနက် သုံးစွဲခများ မိနစ်ဖြင့် ကောက်ခံ ခြင်း ဖျက်သိမ်း၍ Data စနစ်ဖြင့် ကောက်ခံခြင်း ယခုလကုန်တွင် ပြုလုပ်တော့မည်
မိုဘိုင်းဖုန်း အင်တာနက် သုံးစွဲခများကို မိနစ်ဖြင့် ကောက်ခံ ခြင်းကို ဖျက်သိမ်း၍ Data စနစ်ဖြင့်ကောက်ခံခြင်းကိုယခုလကုန် တွင် ပြုလုပ်တော့ မည် ဖြစ်ကြောင်းမြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သိရသည်။ Dataသုံးစွဲမှုကောက်ခံသည့် စနစ်တွင် အင်တာနက် သုံးစွဲမည်ဆို ပါက ဒေါင်းလော့ဆွဲခြင်း၊ ဗီဒီယို ကြည့်ခြင်းစသည့် သုံးစွဲထားသည့် ဖိုင်ဆိုက်အပေါ်မူတည်၍ ငွေကြေး ဖြတ်တောက်မှုများ ပြုလုပ်သွား မည် ဖြစ်ပြီး ဒေါင်းလော့
ကြမ်းတမ်းလှသည့် တရုတ်နိုင်ငံမှ မူကြိုကျောင်း
ကမ္ဘာတ၀ှမ်းလုံးကို အကြီးအကျယ်တုန်လှုပ်သွားစေတဲ့
ဖြစ်ရပ်ကတော့ ဒီဓါတ်ပုံတွေပဲဖြစ်ပါတယ် ။ တရုတ်ပြည်
တစ်နိုင်ငံလုံးပြစ်တင်ရှံ့ချမှု အကြီးအကျယ်ရင်ဆိုင်နေရတဲ့အပြင်
တစ်ကမ္ဘာလုံးကပါ စိတ်ဆိုးဒေါသထွက်စေခဲ့တဲ့
အတွက်
အသက် ၂၀ အရွယ် ဆရာမလေး ယန်ယန်ဟုန်ကြောင်းဖြစ်ပါတယ်။
အမေရိကန် သမ္မတရွေးပွဲအတွက် အကြိတ်အနယ် စည်းရုံး
အမေရိကန် ပြည်ထောင်စုမှာ အင်္ဂါနေ့ သမ္မတ ရွေးကောက်ပွဲ မတိုင်မီ
နောက်ဆုံးနေ့တွေ အဖြစ်နဲ့ မဲဆွယ်စည်းရုံး နေကြတဲ့ လက်ရှိသမ္မတ ဘရက်ခ်
အိုဘားမားနဲ့ ပြိုင်ဘက် ရီပက်ဘလစ်ကန် ပါတီ သမ္မတလောင်း မစ်ရွန်မနီ (Mitt
Romney) တို့ဟာ ရွေးကောက်ပွဲ အတွက် အဓိက အဆုံးအဖြတ် ပေးလိမ့်မယ်လို့
ယူဆထားကြတဲ့ ပြည်နယ်တွေမှာ
Subscribe to:
Posts (Atom)







