Tuesday, December 11, 2012

ကမ္ဘာကျော် နည်းပညာ ကုမ္ပဏီ Intel မှ ထုတ်ကုန်များ ကို မြန်မာနိုင်ငံ၌ တရားဝင် ဖြန့်ချိမည်

ကမ္ဘာကျော် နည်းပညာကုမ္ပဏီ Intel မှ ထုတ်ကုန်များကို မြန်မာနိုင်ငံ၌ တရားဝင် ဖြန့်ချိမည်


အဆိုပါ Intel သည် ဆီမီးကွန်ဒတ်တာ (Semiconductor) ထုတ်လုပ်သည့် ကုမ္ပဏီကြီးတစ်ခု အနေဖြင့် မြန်မာနိုင်ငံသို့ ပထမဦးဆုံးအကြိမ် တရားဝင် ၀င်ရောက်လာခြင်းဖြစ်ပြီး ၄င်း၏ထုတ်ကုန်များဖြစ်သည့် CPU, Mother board, Solid-state Drive (SSD) စသည့်ပစ္စည်းများအား စတင်ဖြန့်ချိနေပြီဖြစ်ကြောင်း သိရှိရသည်။ ''မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ချီးကျူးအားရမိပါတယ်။ ပြီးတော့ အမျိုးသား ကြီးပွားတိုးတက်ရေးအတွက် ကျွန်တော်တို့ ရောက်လာတာဟာ အချိန်မှန်ပဲလို့ ထင်မြင်ယူဆမိပါတယ်'' ဟု အရှေ့တောင်အာရှ အင်တဲလ် စီးပွားရေး လုပ်ငန်းများ၏ အုပ်ချုပ်မှုဒါရိုက်တာ Mr Uday Marty က ပြောကြားခဲ့သည်။ ၄င်းက ''မြန်မာနိုင်ငံရဲ့ အကျိုးတူ မိတ်ဖက်ဖြစ်ဖို့အတွက် မျှော်လင့်ပါတယ်။ အများနဲ့မတူ ခြားနားတဲ့ဟာကတော့ အင်တဲလ်အနေနဲ့ နည်းပညာပိုင်း ဆိုင်ရာမှာရော၊ ပညာရေးပိုင်း ဆိုင်ရာမှာရော ထောက်ပံ့ပေးသွားမှာပါ'' ဟု ပြောကြားခဲ့သည်။ ထိုသို့ အကူအညီပေးရာတွင် မြန်မာအစိုးရနှင့် ပညာရေးပိုင်းများနှင့် ဒီဂျစ်တယ် သင်ကြားမှုပိုင်းများတွင် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပြီး လုပ်ငန်းခွင်များတွင် အမှန်တကယ် အသုံးချနိုင်အောင်အထိ ကူညီသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။ Intel မှ စာသင်ခန်းများတွင် နည်းပညာများနှင့် သက်ဆိုင်သည့် သင်ကြားမှုပုံစံ တိုးတက်စေရန် Intel Tech Program အား အသုံးပြု၍ ကမ္ဘာပေါ်ရှိ ဆရာ၊ ဆရာမပေါင်း ၁၀ သန်းကျော်အား လေ့ကျင့်သင်ကြားပေးခဲ့ပြီး ၄င်းဆရာ၊ ဆရာမများထဲမှ ၂ ဒသမ ၆ သန်းကျော်မှာ အာရှပစိဖိတ် ဒေသများမှဖြစ်ကြောင်း သိရသည်။ ထို့ပြင် ၂၀၁၀ ခုနှစ်တွင် စတင်လုပ်ဆောင်ခဲ့သည့် Intel Easy Steps Program (ကွန်ပျူတာ အတွေ့အကြုံ မရှိသူများအား ဒစ်ဂျစ်တယ်နည်းပညာ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ သင်ကြားမှု အစီအစဉ်) ဖြင့်လည်း နိုင်ငံပေါင်း ၂၀ ကျော်ရှိ လူပေါင်းခုနစ်သိန်းကျော်၏ အသက်မွေးဝမ်းကြောင်း ပညာရပ်များအား အဆင့်မြှင့်တင် ပေးနိုင်ခဲ့ကြောင်းလည်း သိရသည်။ '' မြန်မာနိုင်ငံရဲ့ ပညာရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုတွေအတွက် လုပ်ဆောင်သွားမှာတွေက ပထမအဆင့်အနေနဲ့ ဆရာ၊ ဆရာမတွေကို  ဘယ်လိုအသုံးပြုရမလဲ ဆိုတာကို သင်ကြားပေးမယ်။ အခြားနိုင်ငံတွေမှာ ကူညီခဲ့သလိုမျိုးပဲ ကူညီသွားမှာပါ။ လုပ်ငန်းခွင်တွေမှာ တကယ်အသုံးချနိုင်အောင် ကူညီသွားမှာပါ''ဟု  Mr Uday Marty ကပင် ထပ်မံ ပြောကြားခဲ့ကြောင်း ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၁၂ ရက်နေ့ထုတ် Weekly Eleven ဂျာနယ်တွင် ဖော်ပြထားပါသည်။

အဆိုပါ Intel သည် ဆီမီးကွန်ဒတ်တာ (Semiconductor) ထုတ်လုပ်သည့် ကုမ္ပဏီကြီးတစ်ခု အနေဖြင့် မြန်မာနိုင်ငံသို့ ပထမဦးဆုံးအကြိမ် တရားဝင် ၀င်ရောက်လာခြင်းဖြစ်ပြီး ၄င်း၏ထုတ်ကုန်များဖြစ်သည့် CPU, Mother board, Solid-state Drive (SSD) စသည့်ပစ္စည်းများအား စတင်ဖြန့်ချိနေပြီဖြစ်ကြောင်း သိရှိရသည်။ ''မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ချီးကျူးအားရမိပါတယ်။ ပြီးတော့ အမျိုးသား

US Sanction ကို အံတု မြန်မာနဲ့ ပတ်သက်ခဲ့တဲ့ ဘဏ် ဒဏ်တပ်ခံရ


အမေရိကန် ပြည်ထောင်စုရဲ့ စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှု (Sanction) ကို အံတုပြီး မြန်မာနဲ့ပတ်သက်ခဲ့တဲ့ ဗြိတိန် Standard Chartered ဘဏ်ဟာ အခုတော့ ဒဏ်တပ် ခံရလိုက်ရပါတယ်တဲ့။




လမ်းလည်း မလျှောက်နိုင် ထိုင်လည်း မထိုင်နိုင် ၀မ်းလျားမှောက်ကြီးနေ နေရတဲ့ “ဦးတိက္ခဥာဏ

လက်ပန်းတောင်းတောင် သပိတ်စခန်းဖြိုခွင်းခံရတုန်းက အရေပြား   လောင်ဒဏ်ရာ အပြင်းထန်ဆုံးရခဲ့တဲ့ ဦးပဉ္စင်း ဦးတိက္ခဥာဏကို ရန်ကုန်မြို့က အရေပြားအထူးကုဆေးရုံမှာ ပြောင်းရွှေ့ကုသပါတယ်။

Monday, December 10, 2012

ဘင်္ဂလားဒေ့ရှ်နိုင် ငံတွင် အစိုးရဆန့် ကျင်ဆန္ဒပြမှုဖြစ် ပွား အနည်းဆုံး လူလေးဦးသေဆုံးကာ ၆ဝဝ ကျော်ဒ ဏ်ရာရ

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် အစိုးရဆန့်ကျင်ဆန္ဒပြမှုဖြစ်ပွား အနည်းဆုံး လူလေးဦးသေဆုံးကာ ၆ဝဝ ကျော်ဒဏ်ရာရ
Monday, December 10, 2012

ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြို့တော် ဒက်ကာတွင် ဒီဇင်ဘာလ ၉ ရက်နေ့ နံနက်ပိုင်း မှစတင်ကာ အစိုးရအား ဆန့်ကျင် ဆန္ဒပြမှုများ ဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူ လေးဦးသေဆုံးကာ ၆ဝဝ ကျော် ဒဏ်ရာ ရရှိခဲ့သည်။

ယင်းကဲ့သို့ ဆန္ဒပြမှုများအကြား အခြားအတိုက်အခံ ခေါင်းဆောင်များနှင့် တက်ကြွစွာ ပါဝင်လှုပ်ရှားသူများ ရာနှင့်ချီ၍ ဖမ်းဆီးထိန်းသိမ်း ခံခဲ့ရသည်ဟု ဘင်္ဂလား အမျိုးသားပါတီ (BNP) မှ အထွေထွေအတွင်း ရေးမှူးချုပ် မီရ်ဇာဖက်ခ်ရူးလ် အစ္စလာမ်အလမ်ဂီက ပြောကြားခဲ့သည်။

အဆိုပါ ဆန္ဒပြခဲ့မှုများမှာ ဒက်ကာမြို့ အနှံ့ဖြစ်ပွားခဲ့ပြီး လက်လုပ် ဗုံးများအပြင် စစ်သုံး လက်ပစ်ဗုံး ပေါက်ကွဲမှု များလည်းဖြစ်ပွားခဲ့ကာ
မော်တော်ယာဉ် ၁၂ စီးခန့် မီးလောင် ပျက်စီးခဲ့သည်ဟု ဆိုသည်။

ထို့အပြင် BNP ပါတီက လာမည့် အင်္ဂါနေ့တွင် ထပ်မံ၍ ဆန္ဒပြမှု ပြုလုပ်ရန် စီစဉ်ထားပြီး ဝန်ကြီးချုပ် ရှိတ်ဟာစီနာ၏ အစိုးရအဖွဲ့အား ဖိအားပေး သွားမည်ဟု ပါတီခေါင်းဆောင်များက ပြောကြားခဲ့သည်။

ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် မစ္စဟာစီနာက နိုင်ငံရေးကို အသုံးပြုကာ
ပြည်တွင်း ဆူပူအုံကြွမှုဖြစ်အောင် ဖန်တီးခဲ့သည့် BNP ပါတီအား အပြစ်တင် ပြောကြား လိုက်ပြီး ပြည်တွင်းရှိ စစ်အတွင်းက ပြစ်ဒဏ် ကျသင့်သူများကို ကယ်တင်ရန် ပြုလုပ်ခြင်းမှာ နိုင်ငံကို ချောက်ကမ်းပါးသို့ တွန်းပို့ခြင်းသာ ဖြစ်သည်ဟု ဝေဖန်ရှုတ်ချ လိုက်ကြောင်း သိရသည်။

မြ၀တီ


ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြို့တော် ဒက်ကာတွင် ဒီဇင်ဘာလ ၉ ရက်နေ့ နံနက်ပိုင်း မှစတင်ကာ အစိုးရအား ဆန့်ကျင် ဆန္ဒပြမှုများ ဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူ လေးဦးသေဆုံးကာ ၆ဝဝ ကျော် ဒဏ်ရာ ရရှိခဲ့သည်။

ကမ္ဘာပေါ်မှာ ရန်သူအ များဆုံး ချေမှုန်းနိုင်ခဲ့တဲ့ စစ်သား


သမိုင်း တစ်လျှောက် ရန်သူအများဆုံး ချေမှုန်းနိုင်သော စစ်သား သမိုင်း တစ်လျှောက် လူအများဆုံး သတ်နိုင်တဲ့ စစ်သားကတာ့၊ ရာဇဝင်လို လို၊ ဒဏ္ဍာရီလိုလိုနဲ့ နိုင်ငံကိုယ်စီမှာ ရှိကြပါတယ်။ သို့ပေမယ့် တစ်ကမ္ဘာလုံး အသိမှတ်ပြု လက်ခံခဲ့တဲ့ လူအများဆုံး သတ်နိုင်တဲ့ စစ်သား တစ်ဦးကတော့ ဂျာမနီ စစ်သား Fritz Christen ဖြစ်ပြီး ရန်သူ စစ်သားပေါင်း အယောက် ၁၀၀ နဲ့ ရန်သူ တင့်ကား ၃ စီးကို တစ်ယောက်တည်းနဲ့ ပွဲကြမ်း ခဲ့သူ ဖြစ်ပါ တယ်။ ဒုတိယ ကမ္ဘာစစ်ကာလ ဖြစ်ပြီး ဂျာမနီကို ဆိုဗီယက်တို့ ထိုးစစ်ဆင်နေတဲ့ ကာလမှာ ဖြစ်ပါတယ်။ Fritz Christen ဟာ ဂျာမနီနိုင်ငံ အရှေ့ ဘယ်လိုင်း Waffen-SS ခံတပ်မှာ တာဝန်ကျပါတယ်။ ဆိုဗီယက် တပ်တို့ ထိုးစစ် ဆင်မှုကြောင့် Waffen-SS မှာခံတပ်အဖြစ် ထားရှိတဲ့ ဂျာမနီ စစ်သား အားလုံး သေကုန်ပါတယ်။ Christen တစ်ဦးသာ ကျန်ရှိခြင်း ဖြစ်ပါတယ်။ ဂျာမနီ တပ်ကူတို့ ရောက်ဖို့က ၃ ရက်လောက်လိုပါတယ်။ တပ်စုနဲ့အတူ တိုက်ခိုက်အပြီး တစ်ယောက်တည်း ကျန်ချိန်မှာတော့ လက်နက်ချရမယ့် အနေအထားကို ကြုံနေပါတယ်။ အားဖြည့်မယ့် တပ်ကလည်း နောက်ထပ် ၃ ရက်မှ ရောက်မှာ ဖြစ်ပါတယ်။ သို့ပေမယ့် Christen ဟာ လုံးဝ အညံ့မခံပဲ ခုခံ တိုက်ခိုက်ပါတယ်။ လက်နက်ကြီးငယ်ကို တစ်ဦးတည်း အစီအစဉ်ချပြီး တက်လာသမျှ ဆိုဗီယက်ကို တိုက်ခိုက်ပါတယ်။ ကိုယ်တိုင်ကလည်း အနည်းဆုံး လူနှစ်ဦး ထိုင် ပစ်ရမယ့် ၅၀မီလီမီတာ ကန်နွန်း သေနတ်ပစ်စင်ကို တစ်ယောက် တည်း အသုံးပြုလို့ တက်လာသမျှ ပစ်ခတ်ပါတယ်။ သူခုခံ တိုက်ခိုက်တဲ့ သုံးရက်အတွင်း ဆီုဗီယက် စစ်သား အယောက် ၁၀၀ သေလို့ ဆိုဗီယက် တင့်ကား ၃ စီး ကျဆုံးသွားပါတယ်။ နောက်တက်မယ့် ဆိုဗီယက်တွေတောင် အရှေ့ မထွက်ရဲတော့ပါဘူး။ ဂျာမနီ တပ်ကူများ ရောက်လာချိန်မှာ သူတစ်ယောက်တည်း ပစ်ခတ်၊ခုခံ နေ တာကို တွေ့ရတော့ အံ့သြသွားပြီး ရဲစွမ်း သတ္တိကိုလည်း လေးစားခဲ့ကြ ပါတယ်။ ဒါကြောင့် ဟစ်တလာကိုယ်တိုင် စစ်သား Christen ကို သူရဲကောင်းဆု ချီးမြင့်ခဲ့ပါတယ်။ ဆိုဗီယက် တစ်တပ်စာကို တစ်ယောက် တည်းနဲ့ အပြတ်ချေမှုန်းနိုင်ခဲ့တဲ့ Chriten ဟာ ယနေ့တိုင် ဂျာမနီမှာ သူရဲကောင်း အဖြစ် မော်ကွန်းတင် သတ်မှတ်ထားကြောင်း သိရပါတယ်။ --Ref: German-facts

international news of myanmar

post by mobile ACM
သမိုင်း တစ်လျှောက် ရန်သူအများဆုံး ချေမှုန်းနိုင်သော စစ်သား သမိုင်း တစ်လျှောက် လူအများဆုံး သတ်နိုင်တဲ့ စစ်သားကတာ့၊ ရာဇဝင်လို လို၊ ဒဏ္ဍာရီလိုလိုနဲ့ နိုင်ငံကိုယ်စီမှာ ရှိကြပါတယ်။ သို့ပေမယ့် တစ်ကမ္ဘာလုံး

ကိုမင်းကိုနိုင်၏ တရားဝင်ဖွင့်လှစ်ထားသော Page အပါအ၀င် page ၄ ခု hack ခံရ


(၉.၁၂.၂၀၁၂)ရက်နေ့ည၁၀နာရီဝန်းကျင်တွင်၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်၏page hack ခံရကြောင်းသိရသည်။

လူသားသတ်စားခဲ့သည်ဟု သံသယရှိသူ ရုရှားနှစ်ဦး ထွက်ပြေးလွတ်မြောက်နေ

လူသူအရောက်အပေါက် နည်းသော  တောနက်ကြီးတစ်ခုထဲ၌ သုံးလ တာမျှ လမ်းပျောက်ခဲ့ပြီးနောက်  ပြန်လည် ကယ်ဆယ်ခြင်းခံခဲ့ရသူ လူ နှစ်ဦးသည် အသက်ဆက်ရှင်ရေး အတွက် အခြားအဖော်တစ်ဦးကို သတ်ဖြတ်၍ လူသားကို စားသောက်ခဲ့ ပုံရသဖြင့် ရုရှားစုံစမ်းစစ်ဆေးရေး များက လူသတ်မှုတစ်ခုအဖြစ် အမှုဖွင့် စုံစမ်းသွားမည်ဖြစ်ကြောင်း အရာရှိ များက ဒီဇင်ဘာလ ၅ ရက်နေ့တွင် ပြောသည်။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မကွေးတိုင်း ခရီးစဉ်

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ  ဒေါ်အောင်ဆန်း စုကြည်ဟာ ဆတ်
သွားမြို့နယ် ဒေသခံများကို မိန့်ခွန်း  ပြောကြားပြီး ဒေသခံများ၏ မေးမြန်း
မှု များကိုလည်း ပြန်လည် ဖြေကြား လျက် ရှိပါတယ်။

ထိုင်းစက်ရုံက တရားဝင်မြန်မာအလုပ်သမားတွေ အလုပ်ဖြုတ်ခံရ

ထိုင်းနိုင်ငံတောင်ပိုင်း၊ လတ်ဘူရီ ခရိုင်၊ ပဝိုင်မြို့နယ်၊ ကီလိုကောက်  ဒေသမှာရှိတဲ့ V&K နာနတ်သီး  ဖျော်ရည်သွပ်စက်ရုံက တရားဝင်နိုင်ငံကူးလက်မှတ်နဲ့ လာရောက် အလုပ်လုပ်   နေသူ မြန်မာအလုပ်သမား ၁ဝ၂ ဦးဟာ နှစ်နိုင်ငံ သဘောတူစာချုပ် MOU မှာပါရှိတဲ့ အခွင့်အရေးအတိုင်း တောင်းဆိုတာကို စက်ရုံငြင်းပယ်လိုက်ပြီး၊ နိုင်ငံကူးလက်မှတ်တွေ အလုပ်ကနေ ထုတ်ပစ်လိုက်တယ်လို့ သိရပါတယ်။

ပလောင် ဒေသ၌ တိုက်ပွဲ ပြန်ဖြစ်နေ

Pa Laung 0092213ရှမ်းပြည် မြောက်ပိုင်းရှိ တအာင်း  (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်ဖွဲ့ (TNLA ) လှုပ်ရှားရာ ဒေသတွင် ယခုရက်ပိုင်းအတွင်း တိုက်ပွဲ ငယ်လေးများ ပြန်လည်ဖြစ်ပွား လာပြီး တိုက်ပွဲပိုမို ပြင်းထန်လာဖွယ် ရှိကြောင်း TNLA ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးတာဘုန်းကျော်က ပြောသည်။

အီဂျစ်သမ္မတအိမ်တော် အကာအရံ ဆန္ဒပြသမားတွေချိုးဖောက်

အီဂျစ်သမ္မတ မိုဟာမက်မော်စီကို ကန့်ကွက် ဆန္ဒပြနေကြတဲ့ထောင်နဲ့ချီတဲ့   ပြည်သူတွေဟာ ကိုင်ရိုမြို့က  သမ္မတအိမ်တော်ပတ်လည်မှာကာထား တဲ့ သံဆူးကြိုးတွေကို  ဖြတ်ကျော် ၀င်ရောက်သွားကြပြီ ဖြစ်ပါတယ်။

ချောက်သံဃာတွေ ထိုင်သပိတ်ဆန္ဒပြ

လက်ပန်းတောင်းတောင်အရေး အကြမ်းဖက် ဖြိုခွဲခဲ့တာနဲ့ ပတ်သတ်ပြီး ကန့်ကွက်ရှုံ့ချ ဆန္ဒပြတဲ့ ထိုင်သပိတ်ကို ဒီဇင်ဘာလ ၇  ရက် ဒီကနေ့ မွန်းလွဲပိုင်းက မကွေးတိုင်းဒေသကြီး၊ ချောက်မြို့ က အေးစေတီ ဘုရား ရင်ပြင်တော်မှာ ဒေသခံ သံဃာ လေးဆယ်ဝန်းကျင်က ငါးနာရီကြာ ပြုလုပ် ခဲ့ကြပါတယ်။

စစ်တွေမြို့တွင် တူရကီ နိုင်ငံသား (၄)ဦး ပျောက်ဆုံးနေ

လွန်ခဲ့သော ဒီဇင်ဘာလ (၃)ရက်နေ့က စစ်တွေမြို့နယ်တွင် အလည် အပတ် ဗီဇာနဲ့ ရောက်ရှိနေသော တူရကီ နိုင်ငံခြား သား ၄ ဦး ပျောက် ဆုံးနေကြောင်း သတင်းရရှိသည်။

ရခိုင်ပြည်နယ်ထဲ စစ်တပ်ကလယ်သိမ်းထားမှုများ လွှတ်တော်ကော်မရှင် စစ်ဆေး

လွှတ်တော် လယ်ယာမြေပြဿနာ စုံစမ်းစစ်ဆေးရေးအဖွဲ့ဟာ  ရခိုင်ပြည်နယ်ထဲ စစ်တပ်နဲ့  ထောက်လှမ်းရေးတို့ သိမ်းယူထားတဲ့ လယ်မြေတွေကို ဒီနေ့ သွားရောက်စစ်ဆေးကြပါတယ်။

မိုးထိမိုးမိဆန္ဒပြ ခေါင်းဆောင်များကို ရုံးထုတ်

နေပြည်တော်ကို ချီတက်ရင်း ဖမ်းဆီးခံတဲ့ မိုးထိမိုးမိရွှေလုပ်သား ဆန္ဒပြသမားခေါင်ေးဆာင်  ၄ ဦးကို ဒီကနေ့ ရေတာရှည်မြို့နယ် တရားရုံးမှာ ဆက်လက်ရုံးထုတ်ရာမှာ နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မနဲ့ ခွင့်ပြုချက်မရဘဲ ဆန္ဒပြမှုပုဒ်မ ၂ ခုကို စစ်ဆေးတယ်လို့ တရားခွင်တက်နားထောင်တဲ့ တရားစွဲခံရသူ ကိုနေထက်အောင်ရဲ့ ဖခင် ဦးမြင့်သန်းက ပြောပါတယ်။

ကလောမြို့တွင် အမျိုးသားတစ်ဦးရွှေကျင်းထဲပြုတ်ကျသေဆုံး

ရှမ်းပြည်နယ်တောင်ပိုင်း ကလောမြို့နယ် ရွှေမင်းဖုန်းရွာအနီးမှာ ရှိတဲ့  ရွှေလုပ်ကွက်တစ်ခုမှာ ဒီဇင်ဘာလ  (၆)ရက်နေ့မနက်ပိုင်းက အမျိုးသား တစ်ဦး ရွှေတူးသည့်ကျင်းထဲသို့ပြုတ်ကျပြီး သေဆုံးခဲ့ကြောင်းသိရပါသည်။

ခေါင်းလျှော်ရည်ထုပ်များနှင့်အတူမူးယစ်ဆေးဝါးများ သယ်ဆောင်လာသူဖမ်းဆီးရမိ

၅-၁၂-၂ဝ၁၂ ရက်နေ့ ၁၇းဝဝ အချိန် ရှမ်းပြည်နယ် မူဆယ်(မူးယစ်)၊ ကွတ်ခိုင်လှုပ်ရှားအဖွဲ့မှ တပ်ဖွဲ့ဝင် များသည် ပူးပေါင်းအဖွဲ့များနှင့် အတူ သတင်းအရ ကွတ်ခိုင်မြို့ ခိုတင်ရွာသွားလမ်းမပေါ်တွင် ရပ်ထားသော Tigerခဲရောင်လိုင်စင်မဲ့ယာဉ်အမှတ် ၇ခ/×××× အား စစ်ဆေးရှာဖွေရာ

Friday, November 30, 2012

ဒေါ်အောင် ဆန်းစုကြည် လာမယ့်နှစ် ဆန်းမှာ တောင် ကိုရီယား သွားမယ်


ဒေါ်အောင်ဆန်းစုကြည် လာမယ့်နှစ်ဆန်းမှာ တောင်ကိုရီယား သွားမယ်
Friday, November 30, 2012  


မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဟာ
တောင်ကိုရီယားနိုင်ငံကို လာမယ့်နှစ် ဇန်န၀ါရီ လ ၃၀ ရက်နေ့မှာ
သွားဖို့ ရှိပါတယ်။ 

၂၀၀၄ ခုနှစ်က ဒေါ်အောင်ဆန်းစုကြည်ကို လူ့အခွင့်အရေး ကြိုးပမ်း
ဆောင်ရွက်မှုတွေကြောင့်  နေအိမ် အကျယ်ချုပ်ကျခံ နေရစဉ် ဂွမ်ဂျူး လူ့အခွင့်အရေး ( Gwangju Prize) ဆု ချီးမြှင့်ခဲ့တဲ့ ဂွမ်ဂျူးမြို့ကိုလည်း သွားမှာ ဖြစ်ပါတယ်။

တောင်ကိုရီယားနိုင်ငံ ဂွမ်ဂျူးမြို့အခြေစိုက် The May 18 Memorial Foundation က ပြောတာကတော့ ပြုံချန် အိုလံပစ်ပွဲသို့ လာရောက်ရန်
ဒေါ်အောင်ဆန်စုကြည်အား ဖိတ်ကြားမှာဖြစ်ပြီး အဆိုပါ အားကစားပွဲ တက်ရောက်ပြီးနောက် ဂွမ်ဂျူးမြို့သို့ ၂ ရက်တာ အလည်အပတ် ဖိတ်ကြားမှာဖြစ်တယ်လို့ ကိုရီယား ချိုဆမ် မီဒီယာ သတင်းတခု မှာ ဖော်ပြထားပါတယ်။ 

ဂွမ်ဂျူးမြို့ အုပ်ချုပ်ရေးအဖွဲ့နဲ့ အဆိုပါ ဂွမ်ဂျူး ဖောင်ဒေးရှင်းက တည်ခင်း ဧည့်ခံမယ့် ညစာစားပွဲ မှာ ဒေါ်အောင်ဆန်းစုကြည် က မိန့်ခွန်းတခု
ပေးဖို့အစီအစဉ်လည်း ရှိကြောင်း အဆိုပါ သတင်း မှာ ဖော်ပြထားပါတယ်။ 

ဒီအပြင် ဒေါ်အောင်ဆန်းစုကြည်ဟာ the May 18 National Cemetery မှာ ဂါရ၀ ပြုပြီးနောက် ချွန်နမ် အမျိုးသား တက္ကသိုလ် (Chonnam National University) မှာလည်း စကားပြောမှာ ဖြစ်တယ်လို့ အဆို ပါ ဖောင်ဒေးရှင်းက ဆိုပါတယ်။ 

၁၉၈၀ ခုနှစ် မေ ၁၈ က တောင်ကိုရီယား နိုင်ငံ ဂွမ်ဂျူးမြို့ရဲ့ လူထု လှုပ်ရှားမှု တခုမှာ ထိုစဉ်က အစိုးရက အကြမ်းဖက် ဖြိုခွဲ မှု ကြောင့် လူပေါင်း လူပေါင်း ၃၂၅ ဦး ထိခိုက်ဒါဏ်ရာ ရခဲ့ပါတယ်။ 

ဒါကြောင့် မေလ ၂၇ ရက်နေ့မှာ လူထုက မကျေနပ်လို့ စုရုံးပြီး ဆန္ဒပြရာမှာ အစိုးရက မောင်းပြန် ရိုင်ဖယ်တွေနဲ့ ပစ်ခတ်နှိမ်နင်း မှုကြောင့်
တောင်ကိုရီယား ၁၅၄ ဦး အသက်ဆုံးရှုံး ခဲ့တဲ့ လူ့အခွင့်အရေး လှုပ်ရှားမှု ဟာ တောင်ကိုရီယား နိုင်ငံမှာ ထင်ရှားတဲ့ သမိုင်းဖြစ်စဉ်တခုလည်း
ဖြစ်ပါတယ်။ 

ထိုစဉ်က ထိခိုက်ကျဆုံးခဲ့ရသူတွေအတွက် the May 18 National Cemetery ကို နောက်ပိုင်း လုပ်ဆောင် ထားပြီး နှစ်စဉ် ကမ္ဘာတ၀န်းက လူ့အခွင့်အရေး လှုပ်ရှားသူများကိုလည်း ဂွမ်ဂျူး ဖောင်ဒေးရှင်း က နှစ်စဉ် ဆု ပေးလေ့ ရှိပါတယ်။ 

အိမ့်သံစဉ် 
ဧရာဝတီ


မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဟာတောင်ကိုရီယားနိုင်ငံကို လာမယ့်နှစ် ဇန်န၀ါရီ လ ၃၀ ရက်နေ့မှာသွားဖို့ ရှိပါတယ်။ 

သီရိလင်္ကာ နိုင်ငံ၏ ပထမဆုံး ဆက်သွယ်ရေး ဂြိုဟ်တု လွှတ်တင်

Photo:

သီရိလင်္ကာ နိုင်ငံသည် တရုတ် နိုင်ငံရှိ အာကာသ စခန်းတစ်ခုမှ ၎င်းတို့၏ ပထမဆုံး ဆက်သွယ်ရေး ဂြိုဟ်တုကို နိုဝင်ဘာ ၂၇ ရက်က လွှတ်တင် ခဲ့ကြောင်း ဒေသခံ ကုမ္ပဏီ တစ်ခု၏ ကြေညာချက် အရ သိရသည်။

ကျဆုံး ရခိုင် သူရဲကောင်း ၆၁ ဦးအား ရည်စုး၍ ဆံတော်ရှင် စေတီတော်တွင် ဆုတောင်းပွဲပြုလုပ်




ဇွန်လနှင့် အောက်တိုဘာလ ပဋိပက္ခအတွင်း ကျဆုံးသွားခဲ့သူ ရခိုင်အမျိုးသား ၆၁ ဦးကို ရည်စူးပြီး ဆုတောင်း အမျှပေးဝေပွဲ အခမ်းအနား တစ်ခုကို ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်ရှိ ရှေးဟောင်း သမိုင်းဝင် ဆံတော်ရှင် စေတီတော်တွင် ယမန်နေ့က ပြုလုပ်ခဲ့ကြသည်။

နောက်ကြောင်းပြန်မလှည့်စေချင်ပါ

နိုင်ငံတစ်ခု၊ သမိုင်းတစ်ခုဆိုတာကို အားလုံးက လက်ခံမယ်ထင်ပါတယ်။ နိုင်ငံတွေရဲ့ဖြစ်တည်မှု သမိုင်းနဲ့ ဖြတ်သန်းခဲ့ရမှုခရီးလမ်းကြောင်းများဟာ တူသလိုလိုရှိနိုင်ပေမယ့် တစ်ကယ်တမ်းတော့ လုံးဝထပ်တူ ဆိုတာ ဘယ်မှာရှိနိုင်ပါ့မလဲဗျာ။ ကမ္ဘာ့နိုင်ငံများမြေပုံ ကိုလည်းလေ့လာလိုက်ကြပါဦး။ တစ်ချို့နိုင်ငံ မြေပုံက ပြားတယ်။ တစ်ချို့ကျတော့ လုံးတယ်၊ တစ်ချို့ဆိုရင် အရှည်လိုက်၊ တစ်ချို့ကတော့ ဒေါင်လိုက်ပေါ့ဗျာ။ တစ်ချို့ တစ်ချို့တွေကျပြန်တော့ ကျွန်းနိုင်ငံတွေမို့ ဟိုတစ်စု၊ ဒီတစ်စုတွေလည်းရှိရဲ့။ ဒါတွေကို သိနေပါရက်နဲ့ ဝါးလုံးရှည်နဲ့သိမ်းကြုံးရမ်းတဲ့စကားမျိုး “ကျွန်တော်တို့ဆီမှာဆို ဒီလိုရှိတယ်၊ ကျွန်တော်တို့နိုင်ငံမှာဆို ဒီလိုလုပ်တယ်၊ ကျွန်တော်တို့လိုမျိုး ခင်ဗျားတို့လုပ်ကြပါ၊ ကျွန်တော်တို့လိုမျိုး ခင်ဗျားတို့နေကြပါ”လို့ ပြောတယ်ဆိုရင် ဒီစကားဟာ ကိုယ့်ဘက်ကိုယ်ယက်ပြီးပြောတဲ့စကား၊ ကိုယ့်အတွက်ကိုယ်ကြည့်ပြီးပြောတဲ့ စကား၊ ကိုယ်လိုတာ ကိုယ်ဆွဲပြောတဲ့စကားတွေလို့ပဲ သတ်မှတ်ရမှာဖြစ်ပါတယ်။
အမေရိကန်ဆိုတာ လွန်ခဲ့တဲ့နှစ်ပေါင်း ၂၀၀ လောက်ကတည်းက ဒီမိုကရေစီစခဲ့တဲ့နိုင်ငံပါ။ ဒီမိုကရေစီ ခေါက်ရိုးက ကျိုးရုံတင်မကဘူး၊ ကြေတောင်ကြေနေပါပြီ။ မစ္စတာအိုဘားမား မြန်မာပြည်လာသွားတုန်းက ဒီမိုကရေစီနဲ့ တပ်ရဲ့အနေအထားကို ပြောသွားတာကြားလိုက်ရပါတယ်။ ဒါပေမယ့် သူတို့ကျတော့ လုံခြုံရေးကို အကြောင်းပြပြီး ကမ္ဘာ့နိုင်ငံတွေရဲ့ အချုပ်အခြာအာဏာကို ပြောင်ပြောင်တင်းတင်း ဝင်ရောက်စွက်ဖက်ခဲ့တာ ဘာကြောင့်များပါလဲ…? ဥပမာ ဗီယက်နမ်၊ ကျူးဘား၊ ပနားမား ၊အီရတ်၊ ယူဂိုဆလားဗီးယား၊ အာဖဂန်၊ လစ်ဗျား၊ သမိုင်းမှာ အထင်အရှားပါပဲ။ ကျွန်တော် မရှင်းလို့တစ်ခုမေးချင်ပါတယ်၊ ဒီလိုလုပ်ခဲ့တာတွေဟာ သမ္မတရဲ့သဘောလား၊ လွှတ်တော်ရဲ့သဘောလားခင်ဗျာ…? မစ္စတာအိုဘားမားရဲ့စကားနဲ့ နိုင်ငံရဲ့ ပကတိအခြေအနေ အပေါ်မှာ ပြည်သူတစ်ယောက်ရဲ့အမြင်ကို ဖော်ထုတ်ရေးသားလိုပါတယ်။

Thursday, November 29, 2012

ငလျင်ဒဏ်သင့် ပြန်လည် ထူထောင်ရေး ကျပ် သန်း ၁၀၀၀ သမ္မတရုံးမှ အသုံးစရိတ်ချပေး

ငလျင်ဒဏ်သင့် ပြန်လည်ထူထောင်ရေး ကျပ်သန်း ၁၀၀၀ သမ္မတရုံးမှ အသုံးစရိတ်ချပေး
Thursday, 29 November 2012

ငလျင်ဒဏ်သင့် ဒေသများ ပြန်လည်ထူထောင်နိုင်ရန်အတွက် သမ္မတရုံးမှ ကျပ်သန်း ၁၀၀၀ အသုံးစရိတ်များ ချထားပေးလိုက်ကြောင်း သမ္မတရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ပြောသည်။ သဘာဝဘေး အန္တရာယ် ကျရောက်လာပါက အသုံးပြုရန် သီးသန့်ထားရှိသည့် ဘဏ္ဍာငွေထဲမှ ခွဲဝေချထားပေးခြင်းဖြစ်ပြီး ထိုငွေကြေးကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနနှင့် ငလျင်ဒဏ်သင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ နှစ်ခုတို့အား စီမံခန့်ခွဲအသုံးပြုခွင့် ပြုထားသည်ဟု ၎င်းကဆက်ပြောသည်။ 

“ပညာရေး၊ ကျင်းမာရေးဆိုင်ရာ အဆောက်အအုံတွေ၊ ဌာနဆိုင်ရာ အဆောက်အအုံတွေနဲ့ သာသနိက အဆောက်အအုံတွေကို ဦးစားပေး ပြန်လည်ပြင်ဆင်သွားမယ်။ တစ်ဆက်တည်းမှာပဲ ငလျင်ဒဏ်သင့် ပြည်သူတွေ အတွက်ကိုပါ တစ်ပါတည်း ဒီဘဏ္ဍာငွေနဲ့ လုပ်ဆောင်သွားမယ်” ဟု ဦးဇော်ဌေးက ဆက်လက် ပြောသည်။ 

လူမှု/ကယ်ဆယ်ရေးနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ နှစ်ခုတို့က ကျပ်သန်း ၁၀၀၀ အပြင် အလှူရှင်များက လှူဒါန်းသော ငွေကြေးများကို ငလျင်ဒဏ်သင့် ပြန်လည်ထူထောင်ရေး ကိစ္စတွင် စီမံခန့်ခွဲခွင့်
ပေးထားကြောင်းလည်း သမ္မတရုံးဝန်ကြီးဌာနမှ သိရှိရသည်။ 

မန္တလေး စည်ပင်သာယာရေးအဖွဲ့ တွဲဖက်အတွင်းရေးမှူး ဦးသက်နိုင်ထွန်းက မန္တလေးရှိ သာသနိက အဆောက်အအုံများ ပြင်ဆင်နိုင်ရေး အတွက် ယခုအခါ စီစဉ်နေပြီး မူလအလှူရှင်တို့ထံသို့လည်း ဆက်သွယ်နေကြောင်း
ပြောသည်။ မန္တလေး တိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရနှစ်ခုစလုံးက ငလျင်ဒဏ်သင့်ဒေသ ပြန်လည်ထူထောင်ရေး လုပ်ဆောင်မှုတို့ ပြုလုပ်နေကြပြီဟုလည်း အစိုးရအဖွဲ့ တာဝန်ရှိသူ အသီးသီးက ပြောကြားခဲ့ကြောင်း ၂၀၁၂ ခုနှစ် နိုဝင်ဘာ၂၉ ရက်နေ့ထုတ် Popular News ဂျာနယ်တွင် ဖော်ပြထားပါသည်။ 

Khit Lu Nge



ငလျင်ဒဏ်သင့် ဒေသများ ပြန်လည်ထူထောင်နိုင်ရန်အတွက် သမ္မတရုံးမှ ကျပ်သန်း ၁၀၀၀ အသုံးစရိတ်များ ချထားပေးလိုက်ကြောင်း သမ္မတရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ပြောသည်။ သဘာဝဘေး

လက်ပန်းတောင်းေ တာင်ကိစ္စ ဒေါ်အော င်ဆန်းစုကြည် ဒေသခံများနှင့်တွေ့ဆုံ




ဒေါ်အောင်ဆန်းစုကြည်က လက်ပန်းတောင်းတောင်အရေးကို နှစ်ဦးနှစ်ဘက်ကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ပြေလည်အောင် ညှိနှိုင်းပေးမည်ဖြစ်ကြောင်း ဒေသခံများနှင့်တွေ့ဆုံစဉ် ပြောကြားသည်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဆန္ဒပြမှုနှင့် စပ်လျဉ်းသည့် သတင်းထုတ်ပြန်ချက်


အဖွင့်စာမျက်နှာ
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဆန္ဒပြမှုနှင့် စပ်လျဉ်းသည့် သတင်းထုတ်ပြန်ချက်
Thu, 11/29/2012 - 15:43
Printer-friendly versionSend by email

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်

သတင်းထုတ်ပြန်ရေးအဖွဲ့

သတင်းထုတ်ပြန်ချက် ( ၁၁ / ၂၀၁၂ )

၂၀၁၂ ခုနှစ်၊  နိုဝင်ဘာလ   ၂၉      ရက်

၁၃၇၄ ခု၊ တန်ဆောင်မုန်းလပြည့်ကျော်  ၁    ရက်

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဆန္ဒပြမှုနှင့် စပ်လျဉ်းသည့် သတင်းထုတ်ပြန်ချက်

 

၁။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်သည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီ နိုင်ငံတော်သစ် ဖြစ်ပေါ်လာရေးအတွက် နိုင်ငံတော်သမ္မတ ဦးဆောင်၍ ပြည်သူလူထုနှင့် လက်တွဲအကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိသည်။ ထိုသို့ ဆောင်ရွက်ရာတွင် မှန်ကန်သော ဒီမိုကရေစီကျင့်စဉ်များ ထွန်းကားစေရေးအတွက် ဥပဒေနှင့်အညီဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာကဏ္ဍများအလိုက် ဥပဒေနှင့် နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများရေးဆွဲ ပြဋ္ဌာန်းပေးလျက်ရှိသည်။

 

၂။ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၅၄၊ ပုဒ်မခွဲ(ခ)ပါ ပြဋ္ဌာန်းချက်နှင့်အညီ “ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့် ဆိုင်ရာ ဥပဒေ” ကို ၂၀၁၁ ခုနှစ်၊ ပြည်ထောင်စု လွှတ်တော် ဥပဒေအမှတ် ၁၅ ဖြင့် (၂-၁၂-၂၀၁၁)ရက်တွင် အတည်ပြု ပြဋ္ဌာန်းခဲ့သည်။ ဒီမိုကရေစီကျင့်စဉ်အား လေးစားလိုက်နာသော နိုင်ငံသားများ ဖြစ်စေရန်နှင့် ဥပဒေနှင့် အညီ ဆောင်ရွက်နိုင်စေရန် ပြဋ္ဌာန်းပေးခြင်းဖြစ်သည်။ အဆိုပါဥပဒေနှင့် နည်းဥပဒေများအရ နိုင်ငံသားများ အနေဖြင့် မိမိတို့၏ လိုအင် ဆန္ဒနှင့် စပ်လျဉ်း၍ ဆောင်ရွက်ခွင့်ရှိသည့် နည်းလမ်းများဖြင့် ဖော်ထုတ်ခွင့်၊ ဟောပြောခွင့်များကိုစနစ်တကျ ဆောင်ရွက်ခွင့်ပြုထားပြီးဖြစ်သည်။

 

၃။ လက်ပံတောင်းတောင်ကြေးနီစီမံကိန်းသည် ယခင်အစိုးရ လက်ထက်မှစ၍ နိုင်ငံ့စီးပွားဖွံ့ဖြိုး တိုးတက်စေရေးအတွက် သဘာဝသယံဇာတ ထုတ်ယူမှုနည်းလမ်းကို သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှုအနည်းဆုံးဖြင့် နိုင်ငံတကာ ပြဋ္ဌာန်းချက်များ၊ နည်းပညာများ အသုံးပြု၍ ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။ ထိုသို့ ဆောင်ရွက်ရာတွင် နှစ်နိုင်ငံအကြား ချစ်ကြည် ရင်းနှီးမှု အခြေခံ၍ နိုင်ငံတော်အတွက် စီးပွားရေးတွက်ခြေကိုက်မှုနှင့် အလုပ်အကိုင် အခွင့်အလမ်းများရရှိမှု၊ နည်းပညာများ ရရှိမှုနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှုတို့ကို စနစ်တကျ တွက်ချက်ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။ သို့ရာတွင် ကောင်းမွန်သောရည်ရွယ်ချက်များ ရှိနေသည်ကိုမျက်ကွယ်ပြု၍ လူအများအားစည်းရုံးလှုံ့ဆော်ပြီး စီမံကိန်း ပျက်ပြားစေရန် ဆောင်ရွက်လာသည်ကို တွေ့ရှိရသည်။ ကြေးနီစီမံကိန်း အတွင်းပုဒ်မ ၁၄၄ ထုတ်ပြန်ကြေညာထားသည်ကို သိရှိလျက် သပိတ်စခန်းများ ဖွင့်ခြင်း၊ စီမံကိန်း ပျက်ပြားစေရန် ဆောင်ရွက်ခြင်း၊ စီမံကိန်းထောက်ပံ့ရေးစနစ်များကိုဖျက်ဆီးခြင်း၊ ဝန်ထမ်းများကို အနှောက်အယှက်ပေးခြင်းတို့ဖြင့် ဥပဒေနှင့်မညီစွာလူစုလူဝေးနှင့် ဆူပူ ဆန္ဒပြ လာခဲ့သည်။

 

၎။ ထို့ကြောင့် ပြည်ထဲရေးဝန်ကြီးဌာနက စီမံကိန်းနယ်မြေတစ်ဝိုက် ဆန္ဒပြနေသော အဖွဲ့အစည်းအားလုံးသည် ၂၇-၁၁-၂၀၁၂ ရက် ည (၁၂)နာရီတွင် နောက်ဆုံးအချိန် ထားပြီးဖယ်ရှားရှင်းလင်းပေးရန်နှင့် အကယ်၍ ဖယ်ခြားရှင်းလင်းခြင်းမပြုပါကဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီတည်ဆဲဥပဒေများအတိုင်းအဆင့်ဆင့် ဖြေရှင်းဆောင်ရွက် သွားမည် ဖြစ်ကြောင်း ၂၇-၁၁-၂၀၁၂ ရက်တွင် သတိပေးထုတ်ပြန်ကြေညာခဲ့ သည်။ နောက်ဆုံးထွက်ခွါပေးရန် သတ်မှတ်သည့်အချိန် မတိုင်မီလုံခြုံရေး တပ်ဖွဲ့ဝင်များက အသံချဲ့စက်များဖြင့် လူစုခွဲရန် ကြိမ်ဖန်များစွာမေတ္တာရပ်ခံခဲ့သည့်အပြင်၊ သတ်မှတ်အချိန် ကျော်လွန်သွားခဲ့သည့်တိုင် ထွက်ခွာပေးခြင်းမရှိသည်ကိုထပ်မံ၍ အကြိမ်ကြိမ် မေတ္တာရပ်ခံခဲ့သည်။

 

၅။ သို့ရာတွင် ဆန္ဒပြသူများသည် အဆိုပါနေရာများမှ ထွက်ခွာပေးခြင်း၊ လူစုခွဲခြင်းမရှိသဖြင့်၂၈-၁၁-၂၀၁၂ ရက်တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့က အဓိကရုဏ်းနှိမ်နှင်းရေး နည်းစနစ်များ အတိုင်းအဆင့်ဆင့် ရှင်းလင်းဆောင်ရွက်ခဲ့သည်။ ထိုသို့ဆောင်ရွက်ရာတွင် အဓိကရုဏ်းနှိမ်နှင်းရေးအတွက် နိုင်ငံတကာက အသုံးပြုလျက်ရှိသော မီးသတ်ပိုက်များ၊ မျက်ရည်ယို ဗုံးများနှင့် မီးခိုးဗုံးများကိုသာအသုံးပြုခဲ့ပြီးအင်အားအလွန်အကျွံ သုံးစွဲ ဆောင်ရွက်ခဲ့ခြင်းမရှိကြောင်းသိရှိရသည်။ လူအုပ်စုခွဲခြင်းကြောင့် ထိခိုက်ဒဏ်ရာရရှိသူများကို ပြည်သူ့ဆေးရုံ များတွင် ဒေသဆိုင်ရာတာဝန်ရှိသူများ၏ ကြီးကြပ်မှုဖြင့် ဆေးဝါးကုသပေးလျက်ရှိကြောင်းသိရှိရသည်။

 

၆။ ထိုသို့ဆောင်ရွက်ရခြင်းသည်  တရားဥပဒေစိုးမိုးရေးအတွက် နိုင်ငံတော်၏ အကျိုးစီးပွားနှင့် အများပြည်သူတို့၏ အကျိုးစီးပွားအား ဥပဒေနှင့်အညီ အကာအကွယ်ပေးနိုင်ရန် ဒီမိုကရေစီ ကျင့်စဉ်နှင့် အညီဆောင်ရွက်ရခြင်း ဖြစ်ကြောင်း သတင်းထုတ်ပြန်အပ် ပါသည်။

အဖွင့်စာမျက်နှာ
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဆန္ဒပြမှုနှင့် စပ်လျဉ်းသည့် သတင်းထုတ်ပြန်ချက်


ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်

သတင်းထုတ်ပြန်ရေးအဖွဲ့

သတင်းထုတ်ပြန်ချက် ( ၁၁ / ၂၀၁၂ )

၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလ ၂၉ ရက်

၁၃၇၄ ခု၊ တန်ဆောင်မုန်းလပြည့်ကျော် ၁ ရက်

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဆန္ဒပြမှုနှင့် စပ်လျဉ်းသည့် သတင်းထုတ်ပြန်ချက်

ဆန္ဒပြသူများ အပေါ် အစိုးရ၏ ကိုင်တွယ်ဖြေရှင်း ပုံကို ဝေဖန်


 
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းရန် အထိုင်သပိတ်စခန်းဖွင့်၍ ဆန္ဒပြနေသူများအား ယနေ့နံနက် အစောပိုင်းက ရဲတပ်ဖွဲ့ဝင်များ အင်အားသုံးဖြိုခွင်းခဲ့သည့်ပုံစံနှင့် ပတ်သက်၍ နိုင်ငံရေးသမားများ၊ ရှေ့နေနှင့် လွှတ်တော်ကိုယ်စားလှယ်များက ဝေဖန်လျှက်ရှိသည်။

Black List အသွင်းခံရသော ကုမ္ပဏီ ၂၀၄ ခုနှင့် လူပုဂ္ဂိုလ် ၅၈၇ ဦးတို့ကို Black List စာရင်းမှ ပယ်ဖျက်ကြောင်း ကြေညာ


လက်ပံတောင်း သပိတ် အကြမ်း
ဖက် ဖြိုခွင်းမှုအပေါ် ပြည်သူများ
က ဝေဖန်ပြောဆိုနေချိန်
တွင် နိုင်ငံတော်သမ္မတရုံးက

 Black List အသွင်းခံရသော ကုမ္ပဏီ ၂၀၄ ခုနှင့် လူပုဂ္ဂိုလ် ၅၈၇
 ဦးတို့ကို Black List စာရင်းမှ ပယ်ဖျက်ကြောင်း ကြေညာလိုက်သည်။ စာရင်းအသေးစိတ်ကို အောက်ပါလင့်ခ်တွင် ကြည့်ရှုနိုင်ပါသည်။


Click ကြည့်ရှုနိုင်ပါသည်။

လက်ပံတောင်း အရေး ဒေါ်အောင်ဆန်း စုကြည် သွားရောက်ပြီ

 


 လက်ပံတောင်းတောင်အရေး ဒေသခံများနှင့် ပြောဆိုဆွေးနွေးကာ ဟောပြောမည့်ဒေါ်အောင်ဆန်းစုကြည်သည် မုံရွာမြို့သို့ဦးတည်ကာ မော်တော်ယာဉ်များဖြင့်မန္တလေးမြို့မှထွက်ခွာလာရာနံနက်၁၁နာရီတွင် ညောင်ပင်ဝင်းသို့
 ရောက်ရှိလာပြီဖြစ်သည်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှ သပိတ်စခန်းများအား ဖြိုခွင်းရာတွင် ဓါတုလက်နက် ပါဝင်ခြင်းမရှိကြောင်း နိုင်ငံတော် သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးပြောကြား






နိုဝင်ဘာလ (၂၉)ရက်နေ့ နံနက် ၃နာရီ ကျော်မှ စ၍ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှ သပိတ်စခန်းများအား ဖြိုခွင်းရာတွင် ဓါတုလက်နက် ပါဝင်ခြင်းမရှိကြောင်း နိုင်ငံတော် သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက Eleven Media Group သို့ ပြောကြားခဲ့သည်။

၆၇ ကြိမ်မြောက် ကုလ အထွေထွေ ညီလာခံတွင် ရိုဟင်ဂျာ နာမည် သုံးစွဲခြင်းကို မြန်မာဘက်က ပယ်ချ





နိုဝင်္ဘာလ ၂၆ ရက်နေ့တနင်္လာနေ့က  ပြုလုပ်ခဲ့သော(၆ရ) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံကြီး၏ (၄၃) ကြိမ်မြောက် တတိယ ကော်မတီ အစည်းအဝေးတွင်   မြန်မာနိုင်ငံ ရခိုင်ပြည် နယ်တွင် ရှိသော မူဆလင်များကို ရိုဟင်ဂျာ လူမျိုး အဖြစ် ခေါ်ဝေါ် သုံးစွဲခဲ့ခြင်းကို မြန်မာဘက်က ပယ်ချလိုက်သည်ဟု သိရသည်။

ရခိုင်ပြည်သို့ ကုလား ၆၀ဦး ထပ်မံပို့ခံရပြန်ပြီ



ဘင်္ဂလာမှ ရခိုင်ပြည်နယ်ဘက်သို့ ကုလား ၆၀ ဦးအား မှောင်ခိုလမ်းများမှ ယမန်နေ့က ထပ်မံပို့ဆောင်
ခဲ့ကြောင်း သတင်းရရှိသည်။

Monday, November 12, 2012

ယနေ့(၁၂.၁၁.၂၀၁၂)ရက်နေ့၁၀နာရီ ၃၀ အချိန်တွင်"ပျဉ်းမနားမြို့ ကမ္ဘောဇဘဏ်ဘေး မီးလောင်မှုဖြစ်ပွား"

"ပျဉ်းမနားမြို့ ကမ္ဘောဇဘဏ်ဘေး မီးလောင်မှုဖြစ်ပွား"ယနေ့(၁၂.၁၁. ၂၀၁၂) ရက်နေ့ ၁၀နာရီ ၃၀ အချိန်တွင် နေပြည်တော်ကောင်စီ နယ်မြေပျဉ်းမနားမြို့ရှိ ဘိုတောက်ထိန်လမ်းနှင့် ဦးဘွားလမ်းထောင့် ရှိ ငွေစန္ဒာ စတိုးဆိုင်(ကမ္ဘောဇ ဘဏ်)ဘေးတွင် မီးလောင်မှု ဖြစ် ပွားနေကြောင်းသိရသည်။အဆိုပါ မီးလောင်မှုသည် ၀ါယာရှော့ေ

တရားမဝင် ဝင်ရောက်သော ကြက်သားပေါက်များကြောင့် ကြက်ငှက်တုပ်ကွေးရောဂါ စိုးရိမ်ဖွယ်ဖြစ်


http://www.myitmakhamediagroup.com/administratorpanel/image/10-11-12-3.jpg

မြန်မာနိုင်ငံသို့ ဝင်ရောက်နေသော ကြက်ပေါက်နှင့် ကြက်သား တို့သည် တရားမဝင် ဝင်ရောက်မှု ပိုမိုများပြားနေသဖြင့် ကြက်ငှက် တုပ်ကွေး ရောဂါ များပြန့်နှံ့လာမည်ကိုစိုးရိမ်ရပြီး အခြားကြက်ခြံများသို့ကူးစက် သွားနိုင်ေ ကြာင်း မန္တလေးတိုင်းဒေသကြီးတွင် ကျင်းပပြု လုပ်သောစာနယ် ဇင်းတွေ့ဆုံပွဲတွင် မွေးမြူရေးလုပ်ငန်းအသင်းက ပြောသည်။

HTC နဲ့ Apple တို့ကြား သဘောတူညီမှု ရပြီ


ထိုင်ဝမ်ရဲ့ စမတ်ဖုန်းလောကကို ဦးဆောင်နေတဲ့ HTC နဲ့ နည်းပညာ မဟာ အင်အားကြီး Apple နဲ့ကြား အခုတော့ တရားဝင် သဘောတူညီမှု ရပြီလို့ HTC က တနင်္ဂနွေနေ့က ပြောလိုက်ပါတယ်။ အဆိုပါ ကုမ္ပဏီ ၂ ခုကြားမှာ လူသိရှင်ကြား အပြန် အလှန် တရားစွဲဆိုမှုတွေအားလုံးကို အဆုံးသတ်ပြီး အထက်ပါအတိုင်း ပြောလိုက်တာဖြစ်ပါတယ်။ 

ကျန်ရှိနေတဲ့ နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးဖို့ တောင်းဆို



ထောင်ဒဏ်တစ်သက်တစ် ကျွန်း ကျခံနေရဆဲ လူ့အခွင့် အရေးခေါင်းေ ဆာင် ဦးမြင့်အေး  အပါအဝင် ကျန်ရှိနေတဲ့ နိုင် ငံရေးအကျဉ်းသားတွေ အားလုံး   လွက်မြောက်ဖို့အတွက် နိုင်ငံရေးအကျဉ်း သားဟောင်း များအဖွဲ့နဲ့ လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများကွန်ရက်တို့ ပူးပေါင်းပြီး ရန်ကုန်မြို့ရွှေဂုံတိုင်မှာရှိတဲ့ တော်ဝင်နှင်းဆီစားသောက်ဆိုင်မှာ

နောက်ဆက်တွဲ ငလျင်ဒဏ် စိုးရိမ်ရ



တနင်္ဂနွေနေ့ မနက်ပိုင်းက စစ်ကိုင်းတိုင်း ရွှေဘိုမြို့အနီး ဗဟိုပြု တဲ့ ငလျင်ကြီး လှုပ်ခတ်ခဲ့တဲ့ အတွက် သေဆုံးမှုတွေ ထိခိုက်ဒဏ်ရာရမှုတွေ ရှိနေသလို နောက်ဆက်တွဲ ငလျင်လှုပ်ခတ်မှုတွေ ရှိလာနိုင်တာမို့  သတိရှိကြဖို့  ပညာရှင်တွေက သတိပေးနေပါတယ်။ မြန်မာနိုင်ငံတွင်း