Wednesday, January 9, 2013

တရုတ် ဆင်ဆာဖြတ်တောက်မှုပေါ် ဆန္ဒပြမှုပျံ့နှံ့



တရုတ်နိုင်ငံမှာ အစိုးရရဲ့ ဆင်ဆာတည်းဖြတ်မှုတခုကြောင့် ဒေသဆိုင်ရာ အငြင်းပွားမှုတခုကနေ တနိုင်ငံ လုံးအနှံ့ အင်တာနက်အွန်လိုင်းပေါ်မှာ ဆန္ဒပြ ကန့်ကွက်တာတွေ ဖြစ်နေတာနဲ့ အမျှ နိုင်ငံတောင်ပိုင်းမှာ လွတ်လ ပ်ပြောဆိုခွင့်ဆိုင်ရာ ဆန္ဒပြသူတွေနဲ့ ကွန်မြူနစ်ပါတီကိုထောက်ခံသူတွေ အကြား အင်္ဂါနေ့က ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ကြပါတယ်။

ထိုင်း-မြန်မာနယ်စပ် ကလေး ၃ဝဝ ကျော် အာဆီယံ ချစ်ကြည်ရင်းနှီးမှု စခန်းဖွင့်

https://fbcdn-sphotos-c-a.akamaihd.net/hphotos-ak-snc6/196962_209497189175219_773973606_n.jpg

ထိုင်း-မြန်မာနယ်စပ်မဲဆောက်မြို့မယ် ကုဝိထရ ထိုင်းအလယ်တန်းကျောင်း မှာ ရွှေ့ပြောင်းမြန်မာစာသင်ကျောင်းက ကလေးတွေ အပါအဝင်ကျောင်း သားကျောင်းသူ ၃ဝဝကျော်ဟာ We are ready for ASEAN ဆိုတဲ့ ခေါင်းစဉ်နဲ့ စခန်းသွင်းတွေ့ဆုံတဲ့ပွဲကို ဒီကနေ့ မနက်ပိုင်းမှာ တက်ရောက်ခဲ့ကြပါတယ်။

စစ်ကြောရေးတွင် ညှဉ်းပမ်းနှိပ်စက်မှု ပပျောက်ရန် ကြိုးပမ်းမည်



စစ်ကြောရေးတွင်ညှဉ်းပမ်း နှိပ်စက် မှုများကြောင့်အကျဉ်းသားများသေဆုံး လျက်  ရှိနေသော မြန်မာ နိုင်ငံတွင် ရဲစခန်းအတွင်း ဖမ်းဆီးစစ်ဆေးခံရ သူ များညှဉ်းပမ်း နှိပ်စက်ခံရမှုပပျောက်စေရန် နိုင်ငံရေးအကျဉ်းသား ဟာင်း များ အဖွဲ့ချုပ် က ကြိုးပမ်း သွားမည် ဖြစ်ကြောင်း အဆိုပါ အဖွဲ့မှ တာဝန် ရှိသူ ဦးသန်းမြင့်အောင် က The Voice Weekly သို့ ပြောကြား သည်။

KIA တပ်ရင်း (၂၄) ၏ ရှေ့ကာ ကင်းပွိုင့် တခု လက်လွှတ်လိုက်ရ


KIA တပ်ရင်း (၂၄) ၏ ရှေ့ကာ ကင်းပွိုင့် တခု လက်လွှတ်လိုက်ရ

KIA 120 mm 02ဗန်းမော်-လိုင်ဇာလမ်းကြောင်း ဖွန်းပျဉ်ဘွမ်ရှိ ကချင်ပြည်လွတ်လပ်ရေး တပ်မတော် KIA အမှတ် (၂၄) တပ်ရင်း၏ ရှေ့ကာ ကင်းစခန်း တခုယနေ့ ညနေ (၃) နာရီအချိန်ခန့်က လက်လွှတ် လိုက်ရကြောင်း KIA စစ်ရုံးချုပ် အရာရှိ တဦးက ပြောသည်။

သမ္မတ၏ ပြောရေးဆိုခွင့်ရှိ သူအဖြစ် ပြန်ကြားရေး ၀န်ကြီးဌာန ဒုတိယ ၀န်ကြီး ဦးရဲထွဋ်ကို ခန့်အပ်

နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူအဖြစ် ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးရဲထွဋ်ကို ခန့်အပ်လိုက်ကြောင်း ဇန်န၀ါရီ ၉ ရက်တွင် ပြည်ထောင်စုအစိုးရအဖွဲ့ရုံး အမိန့်ကြော်ငြာစာ (အမှတ်၊ ၆/၂၀၁၃) ဖြင့် ထုတ်ပြန်ကြေညာလိုက်သည်။

Ref: 7Day News Journal

နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူအဖြစ် ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးရဲထွဋ်ကို

မြေပုံမြို့မှ ဘင်္ဂါလီများ လူမျိုးအ မည်အ မျိုးမျိုးခံယူ မှုများ ရှိနေသည်ဟုဆို



မြေပုံမြို့ရှိဘင်္ဂါလီများအား၁၉၈၂ဥပဒေအရစစ်ဆေးမှုများပြုလုပ်လျှက်ရှိရာလူမျိုးနေရာတွင်အမည်အမျိုးမျိုးခံယူ
လျက်ရှိနေ ကြောင်းသိရသည်။

မြေပုံမြို့မှ ဘင်္ဂါလီများ လူမျိုးအ မည်အ မျိုးမျိုးခံယူ မှုများ ရှိနေသည်ဟုဆို



မြေပုံမြို့ရှိဘင်္ဂါလီများအား၁၉၈၂ဥပဒေအရစစ်ဆေးမှုများပြုလုပ်လျှက်ရှိရာလူမျိုးနေရာတွင်အမည်အမျိုးမျိုးခံ
ယူလျက်ရှိနေ ကြောင်းသိရသည်။

ကက်ရှ်မီးယားမှာ အိန္ဒိယနဲ့ပါကစ္စတန် တိုက်ခိုက်မှုဖြစ်


 
အိန္ဒိယနဲ့ပါကစ္စတန် နယ်စပ်စစ်ဆေးရေးဂိတ်တခု။

အိန္ဒိယနဲ့ ပါကစ္စတန် နှစ်နိုင်ငံ ပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ ကက်ရှ်မီးယားဒေသ နယ်စပ်တနေရာမှာ ပါကစ္စတန်ဘက်က ပစ်ခတ်မှုကြောင့် အိန္ဒိယတပ်သား နှစ်ဦး ကျဆုံးတယ်လို့ အိန္ဒိယဘက်က ပြောဆိုလိုက်ပါတယ်။

ကာကွယ်ရေးဝန်ကြီးအဖြစ် သမ္မတအမည်တင်တဲ့ မစ္စတာ Hagel


ဒီမိုကရက်သမ္မတ အိုဘားမားက ရီပတ်ဘလီကင်ပါတီ အထက်လွှတ်တော်အမတ်ဟောင်း Chuck Hagel ကို ကာကွယ်ရေးဝန်ကြီးအဖြစ် အမည်စာရင်းတင်သွင်းလိုက်ပါတယ်။

Sunday, January 6, 2013

ကရင်ပြည်နယ်မှာ အမှန်တကယ် ငြိမ်းချမ်းရေးရတော့မည်လား

သမ္မတ ဦးသိန်းစိန်ဟာ နေပြည်တော်မှာ ကရင်အမျိုးသား အစည်းအရုံး KNU ခေါင်းဆောင်သစ် ဗိုလ်ချုပ်ကြီး မူတူးစေးဖိုးနဲ့ ကိုယ်စားလှယ်တွေကို လက်ခံတွေ့ဆုံခဲ့ပါတယ်။ဒါဟာ KNU အဖွဲ့အတွင်း မကြာသေးမီကမှ အသစ်ရွေးချယ် တင်မြှောက်လိုက်တဲ့ ခေါင်းဆောင်ပိုင်း အသစ်ရွေးချယ်မှု အပြီး ငြိမ်းချမ်းရေး ခရီး ဖြောင့်ဖြူးစေဖို့ ဦးသိန်းစိန်က နေပြည်တော် ကို ခေါ် ယူတွေ့ဆုံခဲ့ တာလည်းဖြစ်ပါတယ်။ 

နိုင်ငံရေးပါတီများ လွှတ်တော်၊ အစိုးရတို့နှင့် တိုက်ရိုက်တွေ့ဆုံနိုင်ရန် ကော်မရှင် စီစဉ်ပေးမည်


နိုင်ငံရေးပါတီများ အနေနှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အစိုးရ၊ ပြည်ထောင်စု အစိုးရနှင့် သတ်ဆိုင်ရာ လွှတ်တော်များမှ တာဝန်ရှိသူများတိုက်ရိုက်တွေ့ဆုံ ဆွေးနွေးနိုင်ရန် ပြည်ထောင် စု ရွေးကောက် ပွဲ ကော်မရှင်က တာဝန်ယူ စီစဉ်ပေးမည်ဖြစ်ကြောင်း ယင်းကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက ပြောကြားသည်။ နိုင်ငံရေး

တရားမ၀င်သစ်ခွဲသားများ နှင့် မော်တော်(၁)စီးအား ကသာသစ်တောဦးစီးဌာနမှ ဖမ်းဆီးရမိ



စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ကသာ မြို့တွင် ခရိုင်   သစ်တော ဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူးဦးခင်မောင်ဝင်း ၏ ပွင့်လင်းရာ သီစစ်ကြောင်း လမ်း ညွှန်ချက်အရ မြို့နယ်သစ်တော ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဝင်း ထွန်းခေါင်းဆောင်သော အဖွဲ့သည် တောအုပ်ကြီး ဦးကျော်ဦး၊တော အုပ်ဦးဇော်ဝင်း၊ဦးမျိုးဇော်ညွှန့်၊  ဦးမြင့်အောင်၊

ကော့သောင်းလူကုန်ကူးအထူးအဖွဲ့နှင့်‌ရနောင်းလူကုန်ကူး နယ်စပ်ဆက်ဆံရေးရုံးပူးပေါင်း၍ မြန်မာ အမျိုး သမီး (၆) ဦးအား ကယ်တင်



၂၉-၁၂-၂၀၁၂ ရက်နေ့ ၂၀၁၀ အချိန်တွင် တာဝန်သိပြည် သူတစ်ဦး က မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ် (လူကုန်ကူး) တိုင်တန်း ချက်ဖုန်းသို့ ၎င်း၏တူမဖြစ်သူ မ xxxxxx ပါ ၆ ဦးအား မခင်သီတာနိုင်(ခ) မသံဇဉ်၊ ၃၀ နှစ်၊( ဘ) ဦးကျော်မင်းထွန်း၊ ဥက္ကာ ၂ လမ်း၊ မြောက်ဥက္ကလာပနေသူ အမျိုးသမီးက ထိုင်းနိုင်ငံ၊ ရနောင်းမြို့၊ ဘန်ဒေါရပ်ကွက်၊ အနှိပ်ခန်းသို့ ပို့ဆောင်ရန် ခေါ်ဆောင်သွားကြောင်း တိုင်တန်းခဲ့သဖြင့် စုံစမ်းေ ဖ်ာထုတ်

အိန္ဒိယကျောင်းသူ သေဆုံးမှုအတွက် ဆန္ဒပြပွဲတွေ ထပ်မံဖြစ်ပွား



အိန္ဒိယနိုင်ငံမှာ အုပ်စုဖွဲ့ အဓမ္မကျင့်ခံ လိုက်ရတဲ့ အမျိုးသမီးနဲ့အတူ အဖော်ပါ လာတဲ့ အမျိုးသားက သူကိုယ်တိုင်  ကြုံတွေ့ ခံစားခဲ့ရတဲ့ အခြေအနေတွေကို ပြန်ပြောပြခဲ့ပြီးတဲ့နောက် ဒီအပေါ် လူထုရဲ့ စိတ်ဝင်စားမှု နည်းနေတာနဲ့ ရဲတပ်ဖွဲ့ရဲ့ ကိုင်တွယ်ပုံ ညံ့ဖျင်းမှုတွေအပေါ် မကျေနပ်တာကြောင့် နယူးဒေလီမြို့မှာ စနေနေ့က ကန့်ကွက် ဆန္ဒပြပွဲတွေ

“မြန်မာမိန်းကလေးဟုယူဆရသူပုဇွန်ကန်ဘောင်တွင် သေနတ်ဖြင့်ပစ်သတ်ခံရ”




၂၀၁၃ ဇန်န၀ါရီ ၅ထိုင်းနိုင်ငံအရှေ့ပိုင်း ဘန်ကောက်မြို့ နှင့်၇၅ကီလိုမီတာ
အကွာ တွင်ရှိသော   ချာချင်းစောင်  မြို့အမှတ်(၃) ရပ်ကွက် ဘန်ကေ ရာက် ရွာရှိ  ပုဇွန်ကန်ဘောင်တွင် မြန်မာမိန်းကလေးဟု ယူဆရသူတစ် ဦး သေနတ်ဖြင့် ပြီးခဲ့သည့် ညက ပစ်သတ်ခံခဲ့ ရကြောင်း ထိုင်းဘာသာဖြင့် ထုတ်ဝေသည့် ခေါင်စွတ်နှင့် ထိုင်းရပ် သတင်းစာတွင် ဖေါ်ပြထားသည်။

အိန္ဒိယ အဓမ္မမှု ကျန်ရစ်သူ ပြန်ပြောပြ



အိန္ဒိယနိုင်ငံ ဒေလီမြို့က ဘတ်စကားတစီး  ပေါ်မှာ ပြီးခဲ့တဲ့ လက အုပ်စုနဲ့ အဓမ္မ ပြုကျင့် ခံခဲ့ရပြီး ရိုက်နှက် ခံရလို့ သေဆုံးခဲ့ရတဲ့  ဆေးကျောင်း သူလေး နဲ့ အတူပါလာတဲ့ အမျိုးသားမိတ်ဆွေက သူတို့ရဲ့ ထိတ်လန့် တုန်လှုပ်စရာ အတွေ့အကြုံကို ပထမဆုံး အကြိမ် ပြန်ပြောပြခဲ့ပါတယ်။

Monday, December 31, 2012

KIA ခေါင်းဆောင် များအား အကြမ်း ဖက်သောင်းကျန်း သူများအဖြစ် ပြတ်ပြတ် သားသား အရေးယူသင့်



KIA အဖွဲ့အစည်းအနေဖြင့် ၂၀၁၁ ခုနှစ် ဇွန်လမှစတင်ပြီး အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ချိုးဖျက်ကာ တိုင်းရင်းသားရွာများ အနီးတဝိုက်တွင် မိုင်းထောင်ခြင်း၊ ရထားလမ်း၊ ကားလမ်း၊ တံတားများအား မိုင်းခွဲဖျက်ဆီးခြင်း၊ အပြစ်မဲ့ဒေသခံပြည်သူ လူထုအား အကြောင်းမဲ့ ပစ်ခတ် သတ်ဖြတ်ခြင်း၊ ကချင်ပြည်နယ်အတွင်းရှိ ဒေသခံတိုင်းရင်းသားလူမျိုး (ယောက်ျား/မိန်းမ)များအား အတင်းအဓမ္မ

ဒီဇင်ဘာလ ၂၉/၃၀ ရက်နေ့ တိုက်ပွဲ များတွင် KIA အဖွဲ့ဝင် ၁၅၀ ကျော်ကျဆုံး

Photo: a rare historic photo of KIA fighters praying  before going to battlefield

 
တပ်ချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်မှ KIA အဖွဲ့အား လမ်းကြောင်းရှင်းမည့်အကြောင်း ပေးပို့ခဲ့သည့် ဒီဇင်ဘာလ ၂၃ ရက်နောက်ပိုင်းတွင် KIA အဖွဲ့မှ စစ်ရေးပြင်ဆင်မှုများ ပြုလုပ်ခဲ့ပြီး အစိုးရတပ်များ ရိက္ခာသယ်ယူနေခြင်းအား တိုက်ခိုက်ခဲ့ပါ သည်။ အစိုးရတပ်များမှ ဒီဇင်ဘာလ ၂၅ ရက်နေ့မှ စပြီး ပြန်လည်တိုက်ခိုက်ခဲ့ရာမှ တိုက်ပွဲများပိုမိုပြင်းထန် လာခဲ့သည်။

HIV ပိုးနှင့်မလိုချင်သော ကိုယ်ဝန်အားတားဆီးနိုင်သောဖိုက်ဘာမျှင်


HIV ပိုးနှင့်မလိုချင်သော ကိုယ်ဝန်အားတားဆီးနိုင်သောဖိုက်ဘာမျှင်

မလိုချင်သော ကိုယ်ဝန်တား ခြင်းနှင့် HIV ပိုးကူးစက်ခြင်းမှ တားပေးခြင်းစသောကိစ္စနှစ်ရပ် အား တပြိုင်တည်းပြေလည်စေသော နည်းမှာ ကွန်ဒုံးအသုံးပြုခြင်းပင် ဖြစ် သည်။ သို့သော် ကွန်ဒုံးမှာလည်း အခြေအနေအရပ်ရပ်တွင် အဆင်မ ပြေကဲ့သို့ လူကြိုက်လည်းမများခဲ့ပေ။ ယခုအခါဝါရှင်တန်တက္ကသိုလ်မှယင်း ပြဿနာနှစ်ရပ်လုံးအားတစ်ပြိုင်ထဲ ဖြေရှင်းပေး နိုင်မည့်အခြားနည်းတစ်ခု ကို တီထွင်နိုင်ခဲ့လေသည်။ ယင်းကဲ့ သို့ တီထွင်နိုင်ခဲ့သည့်အတွက် ဝါရှင်တန် တက္ကသိုလ် မှ လေ့လာသူ များအား ဘေလ်နှင့်မီလင်ဒါဂိတ် အဖွဲ့အ စည်းမှ ဒေါ်လာ ၁သန်းဆုချီးမြင့်ခဲ့လေသည်။ ယင်းပစ္စည်းမှာ ဗို့အားမြင့်ချည်ငင်စက် မှထုတ်လုပ်ထားသောအဝတ်ဖြစ်ပြီး ယင်း အဝတ်မှာ နာနိုအရွယ်အစားဖိုက်ဘာ မျှင်များဖြင့် ထုတ်လုပ်ထား၍ ယင်း ဗိုက်ဘာမျှင်များမှာလည်း လူ၏ခန္ဓာ ကိုယ်အပူချိန်တွင် ပျော်ဝင်ကာ သန္ဓေ တားဆေးများ၊HIV တားဆေးများထုတ် ပေးနိုင်သည်။ ယင်း ဖိုက်ဘာမျှင်များ ဖြင့်ရက်လုပ်ထားသောအဝတ်မှာ ဈေး ပေါပြီးသီးခြားဆန်ကာ၊ ကိုယ်ဝန်လို ချင်သောအချိန်တွင် အချိန်မရွေးပြန် ရနိုင်ပေသည်။ ဗို့အားမြင့်ချည်ငင်စက် ဆိုသည်မှာ လျှပ်စစ်လှိုင်းကို အသုံးပြု ၍လျှပ်စစ်မှုန်များ ပါဝင်သောအရည် ကို အရှိန်အဟုန်မြှင့်ညစ်ထုတ်၍ သေးငယ်သော နာနိုဖိုက်ဘာမျှင်များ ထုတ်လုပ်ပေးနိုင်သော စက်ဖြစ်သည်။ ယင်းဖိုက်ဘာမျှင်များသည် ဆေးများ ကို သိုလှောင်ထားနိုင်ရုံသာမက ဆေး များကို ခန္ဓာကိုယ်တွင်းသို့ ပို့ဆောင်ရာ တွင်လည်း အခြားသော ဂျယ်များ၊ ဆေးလုံးများ၊ ဆေးပြား များထက် ပို၍ အကျိုးသက်ရောက်မှု ရှိသည်။ ထို့ပြင် အခြားသောနည်းများဖြင့် ပို့ဆောင် လျှင် လုပ်ဆောင်ရန် ခက်ခဲသောခန္ဓာ ကိုယ်တွင်းမှ မော်လီကျူးကြီးများ ဖြစ် ကြသည်။ ပရိုတင်းများ၊ အန်တီဘော် ဒီ များနှင့်လည်းတစ်သားတည်းပူးပေါင်း လုပ်ဆောင်နိုင်လေသည်။ လေ့လာ သူများက ပထမအနေဖြင့် HIV ကာ ကွယ်ဆေး antiretroviral ဆေးများ အား FDA မှ ခွင့်ပြုထားသောပိုလီမာ ဖြင့် ရောနှော၍ ဆေးထိုးအပ်မှတစ်ဆင့် ထုတ်နိုင်သောပျစ်ချွဲသည် အရည် ဖြစ်သည်အထိ ဖျော်လိုက်သည်။ ထို့ နောက် ယင်းအရည်များကို ဗို့အားမြင့် ချည်ငင်စက် ကို အသုံးပြု၍ဖိုက်ဘာမျှင် များရအောင် ပြုလုပ် လေသည်။ ယင်း ဖိုက်ဘာမျှင်များဖြင့်ပြု လုပ်ထားသော အဝတ်ကို ကိုယ်တွင်းသို့ မိန်းမကိုယ် မှတစ်ဆင့်တိုက်ရိုက်သော်လည်းကောင်း၊ သားအိမ်အား ထိန်းပေးထားသော ကွင်းများတွင်သော်လည်းကောင်းတပ် ဆင်အသုံးပြုနိုင်သည်။ ထိုအဝတ်မှာ ရုပ်ပိုင်းဆိုင်ရာအရ သုက်ပိုးများမဝင် နိုင်အောင် တားဆီးပေးနိုင်သကဲ့ သို့ ပျော်ဝင်သွားပြီးနောက် ဆေးများကို ထုတ်ပေး၍လည်း HIV ပိုးနှင့်သန္ဓေ မရနိုင်ရန် တားပေးနိုင်သည်။ဖိုက် ဘာမျှင်တစ်မျိုးမှာထည့်ပြီး မိနစ်ပိုင်း အတွင်းပျော်ဝင်သွား၍မလိုလားအပ်သော သန္ဓေ နှင့်လိင်မှ တစ်ဆင့် ကူးစက်နိုင် သော ရောဂါများအား တားဆီးနိုင် ၍ နောက်ဖိုက်ဘာတစ်မျိုးမှာတဖြည်းဖြည်း ပျော်ဝင်ပြီး ရက်အနည်း ငယ်ကြာသည် အထိခံကာတဖြည်းဖြည်းဆေးကိုထုတ် လွှတ်ပေးပြီး HIV နှင့်ကိုယ်ဝန်ရခြင်း တို့အား ကာကွယ်ပေးသည်။
မိုင်ကိ 
Ref: MNT
Health Updates Journal


မလိုချင်သော ကိုယ်ဝန်တား ခြင်းနှင့် HIV ပိုးကူးစက်ခြင်းမှ တားပေးခြင်းစသောကိစ္စနှစ်ရပ် အား တပြိုင် တည်းပြေလည်စေသော နည်းမှာ ကွန်ဒုံးအသုံးပြုခြင်းပင် ဖြစ်သည်။ သို့သော် ကွန်ဒုံးမှာလည်း အခြေ အနေအရပ်ရပ်တွင် အဆင်မ ပြေကဲ့သို့

၂၀၁၁ ခုနှစ်မြန်မာ့ ရုပ် ရှင်ထူးချွ ဆုပေးပွဲ အခမ်းအနား ဆုရရှိသူ များစာရင်း


၁။ ၂၀၁၁ ခုနှစ်အတွက် အကောင်းဆုံး မြန်မာ့ရုပ်ရှင် ဓာတ်ပုံဆုကို ဦးတင့်ဆန်းမှ ပန်းကြာဝတ်မှုန် ရုပ်ရှင် ဇာတ်ကားဖြင့်ရရှိခဲ့သည်။

ထာဝရအလင်းတန်း’ ရုပ်ရှင် အကယ်ဒမီ ၈ ဆုရ



 

၂၀၁၁ ခုနှစ်အတွက် အကောင်းအဆုံး အမျိုးသမီး အကယ်ဒမီ ဆုရှင် မယ်လိုဒီ။ (ဒီဇင်ဘာလ ၃၀၊ ၂၀၁၂)။
 
 
လောလောလတ်လတ် ကျင်းပခဲ့တဲ့ ၂၀၁၁ ခုနှစ် အတွက် မြန်မာ့ ရုပ်ရှင် ထူးချွန်ဆု ပေးပွဲမှာတော့ တနှစ်လုံး အတွက် မြန်မာရုပ်ရှင်ကားကြီး ၁၅ ကား ရှိတဲ့ အထဲကနေ အကယ်ဒမီ ဆုတွေ ရွေးချယ် ပေးအပ်ခဲ့ပါပြီ။ ဒီအခြေအနေမှာ မြန်မာ့ ရုပ်ရှင် အဆင့်အတန်း၊ အခြေအနေနဲ့ အကယ်ဒမီ ဆုရွေးချယ်မှုကရော လွတ်လပ်မှု ရှိခဲ့ပါသလား ဆိုတာကို မသိင်္ဂီထိုက်က စုစည်း တင်ပြထားပါတယ်။

Wednesday, December 26, 2012

Chavez 'walking' after cancer surgery






Venezuelan officials have said Chavez might not return in time for his January 10 inauguration [Reuters]

Nicolas Maduro, Venezuela's vice president, has announced that President Hugo Chavez is up and walking two weeks after cancer surgery in Cuba, but the news did little to ease uncertainty surrounding the leader's condition.

Body found in home of US arsonist gunman




The gunfire initially kept firefighters from battling the blazes that burned down several houses [Reuters]

Police have found human remains in the burned-out home of the New York state ex-convict who killed two firefighters and believe the victim is the gunman's sister.

အငြင်းပွား ကျွန်းအနီး ဂျပန် တိုက်လေယာဉ်တွေစေလွှတ်

 

တရုတ်နိုင်ငံက ရေကြောင်းဆိုင်ရာ ထောက်လှမ်းရေး လေယာဉ်တစင်း ပျံသန်းနေတာကို ဂျပန်ကမ်းခြေစောင့်တပ်ဖွဲ့မှ ရိုက်ကူးထားသည့် မှတ်တမ်းပုံ။

ပိုင်ဆိုင်မှုအတွက် အငြင်းပွားနေတဲ့ အရှေ့တရုတ် ပင်လယ်ပြင်တွင်း ဂျပန်နိုင်ငံက တိုက်လေယာဉ်တွေ စေလွှတ်ခဲ့တဲ့နောက် တရုတ်နိုင်ငံက အရေးပေါ်

အိန္ဒိယ ရုန်းရင်းဆန်ခတ်မှုအတွင်း ဒဏ်ရာရ ရဲတပ်ဖွဲ့ဝင် သေဆုံး


 
 
အိန္ဒိယ ဆန္ဒပြပွဲအတွင်း အထိကရုဏ်းနှိမ်နှင်းရေး ရဲတပ်ဖွဲ့ဝင်များကို တွေ့ရစဉ်။

အုပ်စုလိုက် အဓမ္မပြုကျင့်ခံခဲ့ရတဲ့ အသက် ၂၃ နှစ်အရွယ် ကျောင်းသူလေးရဲ့ အမှုနဲ့ ပတ်သက်ပြီး မကျေနပ်ကြတဲ့ လူထုကြီးရဲ့ ဆန္ဒပြပွဲအတွင်း အိန္ဒိယရဲ တဦး ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိခဲ့ပြီးနောက် - နယူးဒေလီဆေးရုံတရုံမှာ သေဆုံးသွားခဲ့ပါတယ်။

Thursday, December 20, 2012

အမျိုးသမီးအိမ်ထဲ ခိုးဝင်ပြီး မတော်တရော်ပြုခဲ့သူအား ထောင်ဒဏ်နှင့် ကြိမ်ဒဏ်ပေး

စင်္ကာပူနိုင်ငံတွင် အသက်(၂၄)နှစ်အရွယ် အမျိုးသားတစ်ဦးဟာ ရှေ့နေသင်တန်းဆင်းနေသူ အမျိုးသမီး တစ်ဦး၏အိမ်ထဲသို့ ခိုးဝင်ခဲ့ပြီး အိမ်ရှိအမျိုးသမီးအား မတော်တရော် ကိုယ်ထိလက်ရောက် ပြုမူ ခဲ့သောကြောင့် ထောင်ဒဏ် နှစ်နှစ်ခွဲနှင့် ကြိမ်ဒဏ်လေးချက် ကျခံစေရန် တရားရုံးက ပြစ်ဒဏ်ချခဲ့ကြောင်း သိရသည်။

ငြိမ်းချမ်းရေးဆွေးနွေးပွဲပြုလုပ်ရန် အစိုးရကမ်းလှမ်းချက်ကို ကေအိုင်အို အကြောင်းပြန်မှု မရှိသေး

Photo: ငြိမ်းချမ်းရေးဆွေးနွေးပွဲပြုလုပ်ရန် အစိုးရကမ်းလှမ်းချက်ကို ကေအိုင်အို အကြောင်းပြန်မှု မရှိသေး  
Thursday, 20 December 2012

၂၀၁၃ခုနှစ် ဇန်န၀ါရီလအတွင်း ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပြုလုပ်ရန် အစိုးရကမ်းလှမ်းမှုကို ကေအိုင်အိုမှ အကြောင်းပြန်မှု မရှိသေးကြောင်း ကချင်ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့မှ ဦးလမိုင်ဂွမ်ဂျာက ဒီဇင်ဘာလ 
၁၉ ရက်နေ့တွင် ပြောကြားခဲ့သည်။

အစိုးရမှ ဖွဲ့စည်းထားသော ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းကော်မတီနှင့် ၂၀၁၃ ခုနှစ်၊ ဇန်န၀ါရီလအတွင်း တွေ့ဆုံ
ဆွေးနွေးနိုင်ရန် ဒီဇင်ဘာလ ၁၃ ရက်နေ့တွင် ကေအိုင်အိုအဖွဲ့ထံ ကမ်းလှမ်းခဲ့ကြောင်း၊ သို့သော် ဒီဇင်ဘာလ ၁၉ ရက်နေ့အထိ
ကေအိုင်အိုဘက်မှ ငြိမ်းချမ်းရေးဆွေးနွေးပွဲနှင့် ပတ်သက်၍ အကြောင်းပြန်ကြားခြင်းမရှိသေးဟု ဦးလမိုင်ဂွမ်းဂျာက ပြောကြားခဲ့ သည်။

''အစိုးရဘက်က အကြောင်းကြားတာက ဒီတစ်ကြိမ်ဆွေးနွေးပွဲကို ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလအတွင်းမှာ ပြုလုပ်လိုပေမယ့် ဒီဇင်ဘာလအတွင်းမှာ
ကေအိုင်အို ဗဟိုမှာ ခရစ်စမတ်ပွဲတွေရှိတာကြောင့် ၂၀၁၃ ခုနှစ် ဇန်န၀ါရီလအတွင်း တွေ့ဆုံဖို့ ကမ်းလှမ်းကြောင်း အကြောင်းကြား
လာပါတယ်။ ဒါပေမယ့် ဒီဇင်ဘာလ ၁၉ ရက်နေ့အထိ ကေအိုင်အိုဘက်က အကြောင်းပြန်ကြားခြင်း မရှိသေးပါဘူး''ဟု ဦးလမိုင်ဂွမ်ဂျာက
ပြောကြားခဲ့သည်။

Eleven Media Group ၂၀၁၃ခုနှစ် ဇန်န၀ါရီလအတွင်း ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပြုလုပ်ရန် အစိုးရကမ်းလှမ်းမှုကို ကေအိုင်အိုမှ အကြောင်းပြန်မှု မရှိသေးကြောင်း ကချင်ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့မှ ဦးလမိုင်ဂွမ်ဂျာက ဒီဇင်ဘာလ

မီဒီယာတွေနှာစေးနေကြတယ် ဒါမျိုး


KIA ကို ဘယ်သူတွေထောက်ပံ့၊ ဘာကြောင့်ထောက်ပံ့၊ တဖြည်းဖြည်း KIA က ဘာအဖွဲ့ပုံ ပေါက်လာပီလဲ၊ KIA ကိုအပြုတ်တိုက်မယ်ဆို KIA ကဘာအော်မလည်း၊ အပြုတ်တိုက်မယ်ဆို ဘာခေါင်းစဉ်နဲ့တိုက်လို့ရ၊

မန်ယူတွင် အသုံးပြုနေသည့် GP Sport စက်ကို ရန်ကုန်ယူနိုက်တက်လည်း အသုံးပြုနေ

Photo: မန်ယူတွင် အသုံးပြုနေသည့် GP Sport စက်ကို ရန်ကုန်ယူနိုက်တက်လည်း အသုံးပြုနေ
Wednesday, 19 December 2012

ဥရောပ ထိပ်သီးဘောလုံးကလပ်အသင်းများတွင်အသုံးပြုနေသည့် ကစားသမား စွမ်းဆောင်ရည် အာရုံခံအဖြေထုတ်စက် GP Sports စက်ကို   Yangon UTD Fc အသင်းမှလည်း အသုံးပြုနေပြီ ဖြစ်သည်။

ကစားနည်းမျိုးစုံမှ ကစားသမားများ အသုံးပြု၍ရသည့် အဆိုပါစက်အား Yangon UTD Fc မှ မလေးရှားလူမျိုးကြံ့ခိုင်ရေးနည်းပြ ဆရာက ယူဆောင်လာခြင်းဖြစ်ပြီး ရန်ကုန်ယူနိုက်တက် ကစားသမားများကို ထိုစက်ဖြင့် စစ်ဆေးလျှက်ရှိကြောင်း သိရသည်။

“လောလောဆယ်တော့ အသင်းမှာ စမ်းသပ် အသုံးပြုနေတုန်းပါ အသင်းအတွက်နဲ့ ကစားသမား တွေ အတွက်ပါ၊ အကျိုးရှိမယ်ဆိုရင် ၀ယ်ယူမှာပါ  ”ဟု Yangon UTD Fc  သတင်းနှင့်ပြန်ကြားရေးမှ ကိုထွန်းထွန်းဝင်းက ပြောသည်။

ကစားသမားတစ်ဦးချင်းစီ၏ နှလုံးခုန်နှုန်း၊ လုပ်အားနှုန်း ၊စွမ်းဆောင်ရည်၊ အားနည်းချက်၊ အားသာချက်များအား  GP Sports မှ အသေးစိတ်
အချက်အလက်ဖြင့် ဖေါ်ပြပေးမည်ဖြစ်ပြီး ဘောလုံး အားကစားနည်း သာမက အခြားအားကစားနည်းများတွင်လည်း အဆိုပါစက်ဖြင့် ကစားသမား၏ စွမ်းဆောင်ရည် များအား စစ်ဆေးနိုင်ကြောင်း သိရသည်။

“ ကစားသမားရဲ့ စွမ်းဆောင်ရည်စစ်ဆေးတဲ့ စက်ပါ၊ ကစားသမားတွေရဲ့
နှလုံးခုန်နှုန်းကအစ ခန္ဓာကိုယ်ကြံ့ခိုင်မှုအဆုံး စစ်ဆေးတဲ့စက်ပါ စက်က တော်တော် ကောင်းတယ်” ဟု ရန်ကုန်ယူနိုက်တက်နှင့် မြန်မာ့
လက်ရွေးစင်ဘောလုံးသမား ကြည်လင်းက အတည်ပြု ပြောကြား သည်။

အဆိုပါစက်မှ ကစားသမားစွမ်းဆောင်ရည်၊လုပ်အားနှုန်းနှင့် ပတ်သက်၍ အဓိကသတ်မှတ်ပေးနိုင်ကြောင်းကိုလည်း သိရသည်။

ကြည်လင်းမှာ Goal.com မှ ချီးမြင့်သည့် အာရှအကောင်းဆုံး
ကစားသမားစာရင်းတွင် တစ်ကြီမ်ပါ ၀င်ခဲ့သူဖြစ်သည်။

၎င်းစက်ပစ္စည်းကို ၀ယ်ယူဖြစ်ပါက Yangon UTD Fc အသင်းအနေဖြင့် Myanmar National League တွင် ပထမဆုံးဝယ်ယူအသုံးပြုမည့်ု
မြန်မာနေရှင်နယ်လိဂ် ဘောလုံးကလပ်အသင်းဖြစ်လာမည်။

အဆိုပါစက်အား လက်ရှိတွင် ဥရောပထိပ်သီးဘောလုံးကလပ်
အသင်းများဖြစ်သည့် မန်ယူ၊ ချယ်ဆီး၊ အာဆင်နယ်၊ ဘာစီလိုနာ၊ ရိးရဲယ်မက်းဒရစ်၊ အေစီမီလန်အစရှိသော အသင်းများတွင် အသုံးပြုလျှက် ရှိသည်။

မင်းဟိန်းထက်(မြစ်မခ)
Myit Makha Mediagroupဥရောပ ထိပ်သီးဘောလုံးကလပ်အသင်းများတွင်အသုံးပြုနေသည့် ကစားသမား စွမ်းဆောင်ရည်အာရုံခံအဖြေထုတ်စက် GP Sports စက်ကို Yangon UTD Fc အသင်းမှလည်း အသုံးပြုနေပြီ ဖြစ်သည်။

မုဒိန်းကျင့်ခွင့် လိုင်စင်’ စာအုပ် တဖတ်သတ် ရေးသားခြင်း မဟုတ်ဟု SWAN ပြော

၂၀ဝ၂ မေလအတွင်း ထုတ်ဝေခဲ့သော ‘မုဒိန်းကျင့်ခွင် လိုင်စင်’ (License to Rape) စာအုပ် သည် ပြည်ထောင်စု ငြိမ်း ချမ်းရေး  ဖော်ဆောင်ရေး လုပ်ငန်းကော်မတီဒု-ဥက္ကဋ္ဌဌ ဦးအောင်မင်း ပြောသကဲ့သို့

Nokia ကိုကျော်လွန်၍ Samsung က ကမ္ဘာ့နံပါတ်တစ် မိုဘိုင်းဖုန်း ကုမ္မဏီ ဖြစ်လာတော့မည်

Photo: Nokia ကိုကျော်လွန်၍ Samsung က ကမ္ဘာ့နံပါတ်တစ် မိုဘိုင်းဖုန်း ကုမ္မဏီ ဖြစ်လာတော့မည်
Wednesday, 19 December 2012

Nokia က ဆယ်စုနှစ် တစ်ခုနဲ့ နောက်ထပ် တစ်ဝက်တိတိကို ယူထားတဲ့ ကမ္ဘာ့ နံပါတ် ၁ မိုဘိုင်းဖုန်း ကုမ္မဏီ သမိုင်း အဆုံးသတ်ပါတော့မယ်။ Samsung က ယခုနှစ်ကုန်မှာပဲ ကမ္ဘာ့နံပါတ် ၁ မိုဘိုင်းဖုန်း ကုမ္မဏီ ဖြစ် လာတော့မှာ ဖြစ်ကြောင်း သိရပါတယ်။ ၂၀၁၂ ခုနှစ်က Samsung ရဲ့  အရှိန်အဟုန်နဲ့ တက်တဲ့ ကာလတစ်ခုဖြစ်ခဲ့ပြီး ဈေးကွက်ရဲ့  ၂၉ ရာခိုင်နှုန်းကို ပိုင်ဆိုင်ခဲ့ပါတယ်။ နိုကီယာကတော့ ၂၄ ရာခိုင်နှုန်းပဲ ရှိပါတယ်။

ယမန်နှစ် ၂၀၁၁ မှာတုန်းကျတော့ နိုကီယာက ၃၀ ရာခိုင်နှုန်း၊ Samsung က ၂၄ ရာခိုင်နှုန်းနဲ့ ကွာခြားနေတာ ဖြစ်ပါတယ်။ ယခုတော့ ပြောင်းလဲ သွားပြီး Samsung က ဗိုလ်ဆွဲတော့မှာ ဖြစ်ပါတယ်။ Apple ကတော့ ဈေး ကွက် ၁၀ ရာခိုင်နှုန်းသာ ပိုင်ဆိုင်ရသေးပြီး တတိယ နေရာ မှာပဲ ရှိနေ ပါသေးတယ်။
မော်ဒယ် Brand နဲ့ အလုံးရေ ထုတ်လုပ်မှုကလည်း Samsung နဲ့ Nokia တို့လောက်မများပြားလို့ ဖြစ်ပါတယ်။

Samsung ကတော့ တစ်နှစ်ထဲမှာကို မော်ဒယ်အမျိုးမျိုး တစ်ခုပြီးတစ်ခု ထုတ်လုပ်ရောင်းချပြီး ဈေးကွက်ကို အသာစီးရယူခဲ့ပါတယ်။ နောက်ထပ် အားသာချက် တစ်ခုကလည်း ဈေးနှုန်းသက်သာခြင်း ဖြစ်ပြီး အရေအတွက် များပေမယ့် အရည်အသွေး အပိုင်းလည်း ကျဆင်းသွားမှု မရှိခြင်း ကလည်း နောက်ထပ် အောင်မြင်ရခြင်း တစ်ခု ဖြစ်ပါတယ်။

၂၀၁၂ နောက်ဆုံး လေးလတာ ကာလ စစ်တမ်းအရ Samsung မှ မိုဘိုင်းဖုန်း အလုံးရေ ၉၈ သန်း ရောင်းချရပြီး ၅၅ သန်းက စမတ်ဖုန်း ဖြစ် ပါတယ်။ Nokia ကျတော့ အလုံးရေ ၈၂ သန်းရောင်း ချရပြီး စမတ်ဖုန်း ကျတော့ ၇.၂ သန်းပဲ ရှိပါတယ်။ ဒါကလည်း အဓိက ကွာခြားသွားခြင်း ဖြစ် ပါတယ်။

သမိုင်းတစ်လျှောက် ယူလာတဲ့ နံပါတ် ၁ နေရာကို ဖယ်ပေးရတော့မယ့် Nokia အနေနဲ့ အနာဂတ်မှာ စိုးရိမ်စရာရှိကြောင်း ဝေဖန်ထားကြပါတယ်။ Lumia စမတ်ဖုန်း ရောင်းအားတက်ပေမယ့် မျော်မှန်းထား သလောက် ဖြစ် မလာသေးပါဘူး။ ဒါကြောင့် အနာဂတ်မှာ နံပါတ် ၂ ကနေတောင် ဆင်းရမယ့် အနေအထားမှာ ရှိနေပါတယ်။

RIM နဲ့ HTC ကတော့ မိုဘိုင်းဈေးကွက် ၅ ရာခိုင်နှုန်းပိုင်ဆိုင်ထားပြီး အတူတူ ရပ်တည်နေကြောင်း သိရပါတယ်။
--
Ref: techrader.
Aung Kham (TSJ team)
TechSpace JournalNokia က ဆယ်စုနှစ်တစ်ခုနဲ့ နောက်ထပ် တစ်ဝက်တိတိကို ယူထားတဲ့ ကမ္ဘာ့နံပါတ် ၁ မိုဘိုင်းဖုန်း ကုမ္မဏီ သမိုင်း အဆုံးသတ်ပါတော့မယ်။

ကျန်းမာရေးအတွက် လမ်းလျှောက်ရန် လိုအပ်ခြင်း

Photo: ကျန်းမာရေးအတွက် လမ်းလျှောက်ရန် လိုအပ်ခြင်း
Wednesday, 19 December 2012

လမ်းလျှောက်ခြင်းကြောင့် ကျန်းမာရေးနဲ့ ပက်သက်ပြီးတော့ ရရှိတဲ့ အကျိုးကျေးဇူးကတော့ ပြောမကုန်အောင်များပြားပါတယ်။ ခန္ဓာကိုယ်အင်္ဂါ အစိတ်အပိုင်းတွေရဲ့ (အာရုံခံ အကြောများ) Sensory touches တွေဟာ ခြေဖဝါးမှာ စုစည်းလို့နေတယ်လို့ ဆိုပါတယ်။

ပုံမှာမြင်တွေ့ရတဲ့အတိုင်း ခြေဖဝါးရဲ့ မျက်နှာပြင်တစ်ခုလုံးမှာ ခန္ဓာကိုယ် အစိတ်အပိုင်းများ၏ ထိတွေ့မှုအာရုံများ ရှိနေပါတယ်။ ခြေဖဝါးနှိပ်နယ်ခြင်း (Foot message) လုပ်တာဟာ ခန္ဓာကိုယ်တစ်ခုလုံး နာကျင်ကိုက်ခဲမှုတွေ ကို ပြေပျောက်စေတဲ့ အကြောင်းအရင်းပဲ ဖြစ်ပါတယ်။

အာရုံကြောတွေဟာ တစ်ခုခြင်းစီရဲ့အင်္ဂါအစိတ်အပိုင်းအားလုံးကို ဆက်သွယ် ထားပါတယ်။ ဒါကြောင့်မို့ လမ်းလျှောက်ခြင်းဟာ ခန္ဓာကိုယ်အစိတ်အပိုင်း အားလုံးနဲ့ တိုက်ရိုက်ဆက်သွယ်ပြီး အကျိုးပေးတယ်လို့ လေ့လာသိရှိနိုင် မှာ ဖြစ်ပါတယ်။ (ဥပမာ-လမ်းလျှောက်ခြင်းဖြင့် သွေးလည်ပတ်မှု အား ကောင်းစေခြင်း၊ နှလုံးအားကောင်းစေခြင်း၊ အဆုတ်အား စသည်ဖြင့်......)

ယင်းနှင့်ပက်သက်ပြီး အကျယ်တစ်ပွင့်ရှင်းလင်းချက်ကို Acupressure studies / textbooks တို့အပြင် အခြားအခြားသော ဆေးပညာစာအုပ်တွေ မှာ ပါ လေ့လာဖတ်ရှုနိုင်ပါ တယ်။

Ref: medic facts
International news for myanmar
လမ်းလျှောက်ခြင်းကြောင့် ကျန်းမာရေးနဲ့ ပက်သက်ပြီးတော့ရရှိတဲ့ အကျိုးကျေးဇူး ကတော့ ပြောမကုန်အောင် များပြားပါတယ်။ ခန္ဓာကိုယ်အင်္ဂါ အစိတ်အပိုင်းတွေရဲ့ (အာရုံခံ အကြောများ) Sensory 

ရာသီစာမုန့်ညှင်းချဉ်ဖောက်ရာ၌ အမျိုးသမီးလုပ်သား အသုံးပြုမှုများနေ

Photo: ရာသီစာမုန့်ညှင်းချဉ်ဖောက်ရာ၌ အမျိုးသမီးလုပ်သား အသုံးပြုမှုများနေ
Wednesday, 19 December 2012

ပွင့်လင်းရာသီရောက်လာပြီဖြစ်သောကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်း
ဒေသများတွင် မုန့်ညှင်းချဉ်နှင့် မုန်လာဥချဉ်တည်ရာ၌ အမျိုးသမီး
လုပ်သားအင်အားကို အထူးအားထားနေရသဖြင့် အမျိုးသမီးများ အနေဖြင့် အလုပ်အကိုင်အခွင့်အလမ်းများရှိလာကြောင်း သိရသည်။

ထိုကဲ့သို့ အချဉ်တည်ရာတွင် အမျိုးသမီးများမှာ မုန်လာဥရေဆေးခြင်း
အတွက် မနက် ၆း၀၀ နာရီမှ ၈း၀၀ ထိ မုန်လာခင်း ပိုင်ရှင်များထံတွင် အလုပ်ဆင်းကြပြီး၊ ၈း၀၀ နာရီမှ ညနေ ၄း၀၀ ထိ အချဉ်တည်သော
အိမ်များတွင် အချဉ်တည်သည့် အလုပ်အား လုပ်ကိုင်ကြရသည်။

ရှမ်းပြည်မြောက်ပိုင်းရှိ အချဉ်တည်သောအိမ်အများစုမှာ တရုတ်လူမျိုးများ၏ နေအိမ်များဖြစ်ကြောင်း နှင့်  တရုတ်လူမျိုးများ၏ အိမ်တိုင်းလိုလို မုန့်ညှင်းချဉ် အပါအ၀င် အချဉ်တည်ကြောင်းသိရသည်။

အချဉ်တည်ရာတွင်အမျိုးသမီးများအားအဓိကအားထားနေရခြင်းမှာ မုန်ညင်းများအား အရွက်ဖျင်ခြင်း၊မုန်လာဥများအား လေးခြမ်းခွဲခြင်း စသည့် လုပ်ငန်းများ၌ အမျိုးသမီးများက ပို၍ ကျွမ်းကျင် သောကြောင့်ဖြစ်သည်ဟု အချဉ်တည်သည့်လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။

“လောဘကြီးတယ်တော့မဟုတ်ပါဘူး၊ ကျွန်မတို့လည်း ရှာနိုင်တဲ့အချိန်လေး ရှာထားရတာ၊ ယောက်ျား လုပ်စာတစ်ခုထဲနဲ့ဆို သိပ်မချောင်လည်ဘူး”ဟု အသက် ၄၀ အရွယ်ခန့်အချဉ်တည် အမျိုးသမီး လုပ်သား တစ်ဦးက
ပြောသည်။

၎င်းတို့၏ တစ်ရက်တာဝင်ငွေမှာ မနက်ပိုင်း နှစ်နာရီအတွက် တစ်ထောင်ကျပ်ရှိကြပြီး အချဉ်တည်သောအိမ်တွင် တစ်နေကုန်   လုပ်ခအတွက် နှစ်ထောင်ကျပ်ရရှိကြောင်းနှင့်  အချိန်ပိုဆင်းနေ့ဖြစ်လျှင် ကျပ်သုံးထောင် အထိရရှိ သောကြောင့် တစ်နေ့လျှင် သုံးထောင်မှ
လေးထောင်အထိ ၀င်ငွေရရှိနေကြောင်း သိရသည်။

အဆိုပါဒေသများ၌ အမျိုးသားများမှာ တစ်ရက်လျှင် မနက် ၈း၀၀ နာရီမှ ညနေ ၄း၀၀ အထိ ခြုံရှင်းမြေပေါက်၊ ရေလောင်းအစရှိသည့် အလုပ်ကြမ်းများကို လုပ်ကိုင်ရပြီး လုပ်အားခမှာ သုံးထောင်မှ သုံးထောင့်ငါးရာကျပ်အထိ ရရှိကြောင်းကိုလည်း သိရသည်။

မုန်ညင်းချဉ်အနီတည်ရာတွင် မုန်ညင်းအား အရွက်ဖျင်ပြီးလျှင် အရိုးများအား နှစ်ရက်ခန့်နေလှန်းရပြီး၊အနည်းငယ် ဖန့်သွားသောအခါ အရိုးအား လှီးဖြတ်ခြင်း ရေဆေးခြင်းနှင့် ဆားအချိုမှုန့်၊ မဆလာ၊
ကြံသကာတို့ဖြင့် နယ်ရကာ တစ်ပါတ်ခန့်အိုးထဲတွင် အချဉ်တည်ထားပြီးလျှင်
ရောင်း၍ရသည့် အခြေအနေသို့ ရောက်ရှိကြောင်း နောင်ချိုမြို့မှ စားသောက်ကုန် ဆိုင်ပိုင်ရှင်တစ်ဦးက ပြောသည်။

မုန်ညင်းချဉ်အဖြူမှာမူ အရွက်ဖျဉ်စရာမလိုပဲ တစ်ခါတည်းလှီး၍၊ ဆားနယ်ကာ၊ ထမင်းအနည်းငယ်ထည့်၍ အချဉ်တည်လျှင် တစ်ပါတ်ခန့်ကြာလျှင် စားး၍ရကြောင်းကိုလည်း သိရသည်။

“မုန့်ညှင်းချဉ်ကတော့ ခေါက်ဆွဲနဲ့ပဲစားစား၊ ဟင်းအနေနဲ့ပဲစားစား ဒီဒေသမှာတော့ ထုတ်လုပ်မှုက လောက်တယ် မရှိဘူး၊ အချဉ်တည်သမျှ ရောင်းရတယ်”ဟု ပြင်ဦးလွင်မှ မုန့်ညှင်းချဉ်
ထုတ်လုပ် ရောင်းချနေသည့် လူမျိုးခြားတစ်ဦးက ပြောသည်။

မုန်ညင်းချဉ်အနီ(ရှမ်းချဉ်)နှင့် မုန်လာဥချဉ်တို့မှာ တစ်ပိဿာ
နှစ်ထောင်ကျပ် ဈေးရှိပြီး၊ မုန်ညင်းချဉ် အဖြူ (ဗမာချဉ်)မှာ တစ်ပိဿာလျှင် တစ်ထောင်ကျပ်ဝန်းကျင်ဈေးရှိကြောင်း ပြင်ဦးလွင် မြို့မဈေး အတွင်းက သိရသည်။

မုန်ညှင်းချဉ်မှာ ရှမ်းပြည်နယ်မြောက်ပိုင်း၌ မပါမဖြစ်စားသုံးလေ့ရှိသည့် အရန်ဟင်းဖြစ်သည်။

ကောင်းမြတ်ဖြိုး ( မြစ်မခ )
Myit Makha Mediagroupပွင့်လင်းရာသီရောက်လာပြီဖြစ်သောကြောင့် ရှမ်းပြည်နယ်မြောက် ပိုင်း ဒေသ များတွင် မုန့်ညှင်းချဉ်နှင့် မုန်လာဥချဉ်တည်ရာ၌ အမျိုးသမီး လုပ်သားအင်အားကို အထူးအားထားနေရသဖြင့် အမျိုးသမီးများ

မြန်မာ ပြည်ဧ။် အရှည်ဆုံး တံတား ဖြစ်သည့် ပခုက္ကူတံတား တစ်နှစ်မပြည့်မီ ပျက်စီးမှုများဖြစ်ပေါ်

` မြန်မာ ပြည်ဧ။် အရှည်ဆုံး တံတား ဖြစ်သည့် ပခုက္ကူတံတား  တစ်နှစ်မပြည့်မီ ပျက်စီးမှုများဖြစ်ပေါ်´

ဧရာဝတီတံတား(ပခုက္ကူ) ပေါ်တွင် ခင်းကျင်းထားသော ကတ္တရာလမ်းပိုင်း အချို့ ပျက်စီးမှုများ

ရှိနေ၍ ပြင်ဆင်မှုများ ပြုလုပ်နေရကြောင်း သတင်းရရှိသည်။

ယင်းတံတားကို ၂၀၁၁ ခုနှစ်၊ဒီဇင်ဘာလ(၃၁)ရက်နေ့တွင် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး

၁ နှစ် မပြည့်မီ ယခုလ လယ်ပိုင်းတွင် ပျက်ဆီးမှု များ ကြုံတွေ့နေရခြင်း

ဖြစ်ကြောင်းသိရ သည် ။

`` အခု ပျက်ဆီးမှု ဖြစ်နေတာ တံတားပေါ်မှာ ရှိ တဲ့ ကတ္တရာလမ်းပိုင်း ပေါက်ပြဲ မှုပါ ၊ ပြင်ဆင်မှုတွေကို

တံတားတာဝန်ရှိသူတွေ က လုပ်နေကြတယ်၊ တစ်နှစ်မပြည့် ခင်မှာ ပင် ဒီလို ပျက်ဆီးမှု တွေ ဖြစ်နေတယ့်အတွက်

အခြားနေရာ တွေ ကို လည်း ပြန်ပြီး စစ်သင့်တယ်၊ တံတားက အသွား တစ်လမ်း၊ အပြန်တစ်လမ်း မဟုတ်တဲ့အတွက်

တံတားပေါ် မှာ ပြင်ဆင်မှု လုပ်ရင် ရှောင်ရ တိမ်းရတာ ခက်တယ် ၊ ဒီတံတားက မန္တလေးတိုင်း နှင့် မကွေးတိုင်းကိုလည်း

ဆက်ထားပေးတယ် ၊ အခု ရာသီဆိုရင် ပုဂံညောင်ဦး ဘုရားဖူး ခရီးစဉ်တွေ များ တဲ့ အတွက် ဖြတ်သန်းသွားလာမှု လည်း

အရမ်းများတယ် ။ ဒါကြောင့် ဒီတံတားကို လုံခြုံ စိတ်ချမှု ရှိအောင် ပြန်ပြီး စစ်ဆေး သင့်ပါတယ်´´ဟု ပခုက္ကူမြို့ခံ တစ်ဦးက ပြောသည်။

ဧရာဝတီတံတား ပခုက္ကူသည် မြန်မာ ပြည်ဧ။် အရှည်ဆုံး တံတား ဖြစ်ပြီး တံတား တည်ဆောက်ချိန် သည် ၂ နှစ် ခန့် ကြာမြင့် ခဲ့ကြောင်း သိရှိရသည်။

သတင်းနှင့်ဓါတ်ပုံ-ကိုကိုဇေ(ပခုက္ကူ)
‎ဧရာဝတီတံတား(ပခုက္ကူ) ပေါ်တွင် ခင်းကျင်းထားသော ကတ္တရာ လမ်းပိုင်း အချို့ ပျက်စီးမှုများ ရှိနေ၍ ပြင်ဆင် မှုများ ပြုလုပ်နေ ရကြောင်း သတင်းရရှိသည်။

ဂျပန်နိုင်ငံ၏ ဒုတိယအကြီးဆုံး ဆက်သွယ်ရေးကုမ္ပဏီ KDDI မှ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမည်၊ ၂၀၁၃ ခုနှစ် ဇန်န၀ါရီလမှစ၍

Photo: ဂျပန်နိုင်ငံ၏ ဒုတိယအကြီးဆုံး ဆက်သွယ်ရေးကုမ္ပဏီ KDDI မှ
မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမည်၊ ၂၀၁၃ ခုနှစ် ဇန်န၀ါရီလမှစ၍
မြန်မာနိုင်ငံတွင် ကုမ္ပဏီရုံး ဖွင့်လှစ်မည်ဟု ထုတ်ပြန်  
Wednesday, 19 December 2012

ဂျပန်နိုင်ငံ၏ ဒုတိယအကြီးဆုံး ဆက်သွယ်ရေးကုမ္ပဏီ KDDI မှ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမည် ဖြစ်ပြီး ၂၀၁၃ ခုနှစ် ဇန်န၀ါရီလမှ
စ၍ မြန်မာနိုင်ငံတွင် ကုမ္ပဏီရုံး ဖွင့်လှစ်မည်ဟု The Japan Daily Press 
က ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

KDDI အနေဖြင့် မြန်မာနိုင်ငံတွင် ၎င်းတို့၏ ရုံးခွဲဖွင့်လှစ်ဖြစ်ပါက
ပြည်ပနိုင်ငံများတွင် KDDI ၏ ၁၀၀ ခုမြောက် ရုံးခွဲဖြစ်လာမည်ဟုလည်း သိရသည်။ မြန်မာနိုင်ငံ၏ အိုင်တီ အခြေခံအဆောက်အအုံနှင့် ထိန်းသိမ်းခြင်း၊ Operation ပိုင်းကို အဓိက ၀န်ဆောင်မှုပေးမည်ဟု သိရသည်။ ရန်ကုန်မြို့အတွင်း၌ KDDI Myanmar Business Center အမည်ဖြင့် ဖွင့်လှစ်ရန် ပြင်ဆင်ထားကြောင်း သိရသည်။ 

ဂျပန်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံတွင် အစိုးရသစ် လက်ထက်၏ ဒုတိယဘဏ္ဍာရေးနှစ်တွင် ဆက်တိုက်မြှုပ်နှံလာခဲ့ပြီး လတ်တလောတွင် လက်ခစားစနစ်ဖြင့် ကုန်ထုတ်လုပ်သည့် စက်ရုံများ အဓိက
ဝင်ရောက် မြှုပ်နှံနေပြီး ကုမ္ပဏီကြီး အများစုမှာမူ နိုင်ငံ၏ အခြေခံ အဆောက်အအုံ တည်ဆောက်ခြင်းနှင့် စီမံကိန်းကြီးများတွင် ၀င်ရောက်ရန်အတွက် အဓိက ပြင်ဆင်နေသည်။

မြန်မာနိုင်ငံ၏ အများပြည်သူ သယ်ယူပို့ဆောင်ရေး ကဏ္ဍတွင် ဂျပန်နိုင်ငံ အနေဖြင့် ကုန်လမ်းပို့ဆောင်ရေး ဌာနနှင့် ပူးပေါင်းကာ စတင်မြှုပ်နှံ လုပ်ကိုင်နေကြောင်း သိရသည်။ ဂျပန်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံထားသည့် ပမာဏမှာ ယခုအချိန်အထိ များစွာနည်းပါးနေပြီး အမေရိကန်ဒေါ်လာ ၂၄၆ သန်းကျော်သာ ရှိနေသည်။

မြန်မာနိုင်ငံတွင် မြှုပ်နှံရန် ပြင်ဆင်မှုများစွာ ပြုလုပ်ခြင်း၊ အကြိမ်ကြိမ် လာရောက်ဆွေးနွေးခြင်းများ ပြုလုပ်နေသော်လည်း ဆွေးနွေးသည့် အဆင့်တွင်သာ ရပ်နေခဲ့ပြီး အမှန်တကယ်မြှုပ်နှံသည့် ပမာဏမှာ အနည်းငယ်သာ ရှိခဲ့သည်။ ယခုနောက်ပိုင်း ဆက်တိုက်မြှုပ်နှံသည့် နိုင်ငံမှာ အမေရိကန်ဖြစ်ပြီး အမေရိကန်၏ နာမည်ကြီး ကုမ္ပဏီကြီးများကိုယ်တိုင် လက်တွေ့မြှုပ်နှံ လာသကဲ့သို့ မြှုပ်နှံမှုမှာလည်း မြန်ဆန်လျက်ရှိကြောင်း သိရသည်။

သို့သော် ဂျပန်နိုင်ငံအနေဖြင့် ယခုလက်ရှိ ဆွေးနွေးခြင်း၊ ၎င်းတို့ ကိုယ်တိုင်လာရောက် လေ့လာခြင်းများ ပြုလုပ်ထားသည့် ကဏ္ဍများတွင်သာ အမှန်တကယ် ဆက်တိုက်မြှုပ်နှံခဲ့မည် ဆိုပါက မြန်မာနိုင်ငံတွင် ဂျပန်နိုင်ငံ၏ မြှုပ်နှံမှုမှာ ပမာဏများစွာ မြင့်တက်လာမည်ဟုလည်း ခန့်မှန်းထားကြသည်။ သီလ၀ါ အထူးစီးပွားရေးဇုန်အား ၂၀၁၃ ခုနှစ်တွင် ဂျပန်ကုမ္ပဏီများ ပူးပေါင်းအဖွဲ့နှင့် မြန်မာကုမ္ပဏီများ ပူးပေါင်းအဖွဲ့တို့မှ စတင်အကောင်အထည်ေ ဖ်ာမည်ဖြစ်ရာ အဆိုပါ ရင်းနှီးမြှုပ်နှံမှုများ ၀င်ရောက်လာပါက မြန်မာနိုင်ငံတွင် ဂျပန်နိုင်ငံ၏ မြှုပ်နှံမှုမှာ အမေရိကန်ဒေါ်လာ ဘီလျံချီကာ တိုးလာနိုင်သည်ဟု သိရသည်။

KDDI မ၀င်ရောက်မီ ဒီဇင်ဘာလ ၅ ရက်နေ့က တရုတ်နိုင်ငံ၏ ပြည်ပမိုဘိုင်း ရင်းနှီးမြှုပ်နှံမှုဌာန (China Mobile Oversea Investment Department) မှ မြန်မာနိုင်ငံ၏ မိုဘိုင်းဖုန်းကဏ္ဍတွင် ရင်းနှီးမြှုပ်နှံကာ မိုဘိုင်းဖုန်း ၀န်ဆောင်မှုပေးရန်အတွက် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနသို့ လာရောက်ဆွေးနွေးခဲ့ကြောင်း၊ လက်ရှိတွင် မြန်မာ့
ဆက်သွယ်ရေး ကဏ္ဍတွင် တရုတ်နိုင်ငံဖြင့် အများဆုံး ဆက်သွယ်
လုပ်ကိုင် နေရသည်။

Eleven Media Groupဂျပန်နိုင်ငံ၏ ဒုတိယအကြီးဆုံး ဆက်သွယ်ရေးကုမ္ပဏီ KDDI မှ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမည် ဖြစ်ပြီး ၂၀၁၃ ခုနှစ် ဇန်န၀ါရီလမှ စ၍ မြန်မာနိုင်ငံတွင် ကုမ္ပဏီရုံး ဖွင့်လှစ်မည်ဟု The Japan Daily Press က ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် ထုတ်ပြန်ထားသည်။