Tuesday, February 12, 2013

၆၆ နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားသို့ ၈၈မျိုးဆက်ကျောင်းသားများမှ ပေးပို့သော သ၀ဏ်လွှာ

News from: 88 Generation Students

၆၆ နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားသို့ ၈၈မျိုးဆက်ကျောင်းသားများမှ ပေးပို့သော သ၀ဏ်လွှာ

Aye Chan Mon Re-post Date : 2013 Feb 12
News from: 88 Generation Students

အေးချမ်းမွန်

ပထမပင်လုံကိုဘဲ ဆက်လက်စွဲကိုင်သွားမည်ဟု RCSS ခေါင်းဆောင်ပြော

ပထမပင်လုံကိုဘဲ ဆက်လက်စွဲကိုင်သွားမည်ဟု RCSS ခေါင်းဆောင်ပြော

အင်္ဂါနေ့၊ ဖေဖေါ်ဝါရီလ 12 ရက် 2013 ခုနှစ်

ဒုတိယပင်လုံညီလာခံကို စိတ်ဝင်စားမှုသိပ်မရှိ ပထမပင်လုံကိုသာ ဆက်လက်စွဲကိုင်သွားမည်ဖြစ်ကြောင်း သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ သျှမ်းပြည်တပ်မတော် ခေါင်းဆောင် ဒု- ဗိုလ်ချုပ်ကြီး ယွက်စစ်ကပြောသည်။

“၁၉၄၇ ပထမ ပင်လုံညီလာခံကြောင့် သျှမ်းပြည်ရဲ့ အချုပ်အခြာအာဏာနဲ့ ရပိုင်ခွင့်တချို့ ဆုံးရှုံးရတယ် ဆိုပေမယ့် ကျနော် ကတော့  ပထမပင်လုံကိုဘဲ ဆက်လက်စွဲကိုင်ပြီးကြိုးစားသွားမယ်။ ဒုတိယပင်လုံ ညီလာခံဆိုတာ အခန့်မသင့်ရင် ကျန်တဲ့ရပိုင်ခွင့်တွေတောင် ထပ်မံဆုံးရှုံးသွားနိုင်ပါတယ်” ဟုမကြာသေး ခင်က ကျင်းပသော အစည်းအဝေး တခု၌ပြောကြားကြောင်း ဆိုသည်။

ယခင်က မလေးရှားနိုင်ငံအား Federated Malay States  ဟုခေါ်ဆိုသကဲ့သို့ ထိုစဉ်က သျှမ်းပြည်နယ်ကို လည်း Federated  Shan States ဟု အမည်တွင်ခဲ့သည်။  ထို့ကြောင့် မလေးရှားနိုင်ငံကဲ့သို့အင်္ဂလိပ် လက်အောက်ဆက်လက်နေ သွားပါက ယခုပင်လျင် လွတ်လပ်သော နိုင်ငံတခု ဖြစ်နေပြီဟူသည်မှာ သျှမ်းခေါင်းဆောင်အချို့၏ယုံကြည်ချက်ဖြစ်သည်။

ထိုစဉ်က ပင်လုံစာချုပ်၌ ၁- ချင်း၊ ကချင်၊ သျှမ်းတို့သည် နယ်စပ်ဒေသရေးရာနှင့်ပတ်သက်၍ ဆုံးဖြတ်ပိုင်ခွင့်အာဏာ အပြည့်အ၀ ရှိ သည်။ ၂- မိမိပြည်နယ်အတွက် ကိုယ့်ကြမ္မာကိုဖန်တီးပိုင်ခွင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရှိရမည်။ ၃- ဒီမိုကရေစီ နိုင်ငံများကဲ့သို့ အခြေခံကျသော ရပိုင်ခွင့်များရှိရမည်။ ၄- ငွေကြေးနှင့်ပတ်သက်၍ လွတ်လပ်စွာ စီရင်ပိုင်ခွင့်ရှိသည်။ အစရှိသည်တို့ ပါဝင်သည်။

၎င်းနှင့်ပတ်သက်၍ အစိုးရကိုယ်စားလှယ်များနှင့်ငြိမ်းချမ်းရေးဆွေးနွေးရာ၌ ဦးဆောင်ဦးရွက်ပြုခဲ့သော RCSS/SSA  ဒု-ဗိုလ်မှူးကြီးပေါင်ခေးက “ဒုတိယပင်လုံမသွားခင်မှာ ပထမ ပင်လုံဆီကိုပြန်လှည့်ရမှာ မလွဲပါဘူး။ ပထမ ပင်လုံတုန်းက အချက်အလက် တွေကိုပြန်လည် ဖော်ထုတ်ရမယ်။ လိုအပ်တာတွေ ဆွေးနွေးရမယ်။ ဒါကြောင့် ကျနော်တို့အတွက် ပထမ ပင်လုံဟာ အလွန်အရေးကြီးပါတယ်” ဟု ပြောဆိုသည်။

ဒုတိယပင်လုံအပေါ် ယုံကြည်စိတ်ချမှုမရှိသည်မှာ RCSS/SSA တခုတည်းမဟုတ်ဘဲ ချင်းအမျိုးသားတပ်ဦး CNF ၏ အဓိပတိကောင်စီ Supreme Council ၌ပါဝင်သူတဦးဖြစ်သော ဆလိုင်းကစ်ခေါ်လျန် ကလည်း - ဒုတိယပင်လုံတို့၊ ပင်လုံကဲ့သို့ လို့ ဘယ်လို ဘဲပြောပြာ ဒုတိယပင်လုံဆိုတာကြီး ရှင်းပြရခက်ကြီး ယုံရခက်ကြီး။ ဘာဘဲဖြစ်ဖြစ် ပထမ ပင်လုံကိုဘဲအာရုံစိုက် စေချင်ပါ တယ်။ ပင်လုံဟာ ကျနော်တို့ ပြည်ထောင်စုကြီးရဲ့ ဒီမိုကရေစီနိုင်ငံတော်သစ်ကြီးရဲ့ တကယ့်ခိုင်မာတဲ့အုဋ်မြစ်ဆိုတာ သေချာ ပေါက်ပါဘဲ အာဏာနဲ့အုဋ်မြစ် လုပ်ယင်မခံနိုင်ပါဘူး။ ပင်လုံကဲ့သို့သော ဆိုတဲ့စကားလုံးသုံးတာထက် ပင်လုံစိတ်ဓါတ် အခြေ ခံတဲ့ ဆိုတာမျိုးက ပိုကောင်းမယ်လို့ထင်ပါတယ်။ ပထမ ပင်လုံဟာ ကောင်းလွန်းအားကြီးလို့ အခြားပြည်နယ်တွေ ပါလာတာဘဲ။” ဟု ၂၀၁၃ ဂျန္နဝါရီလထုတ် ကုမုဒြာသတင်းဂျာနယ် ၌ဖော်ပြထားသည်။

စစ်မှန်သော ပြည်ထောင်စုနိုင်ငံတော်တည်ဆောက်နိုင်ရေးအတွက် မြန်မာအစိုးရနှင့် လက်နက်ကိုင်တိုင်း ရင်းသား တပ်ဖွဲ့များ အပစ်ရပ် လက်နက်ကိုင်တပ်ဖွဲ့များ အားလုံးပါဝင်သည့်  ပင်လုံညီလာခံကဲ့သို့သော ပြည်ထောင်စုသားအား လုံးပါဝင်သည့် ညီလာခံ တရပ်ကို ၂၀၁၄ ခုနှစ်အတွင်း ကျင်းပရန်စီစဉ်နေကြောင်း အစိုးရနှင့်လက်နက်ကိုင်အင်အားစုများကဆိုသည်။

အဆိုပါ ညီလာခံကြီး၌ ဆွေးနွေးရန်အတွက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီ များ၊ အမျိုးသမီး အဖွဲ့အစည်းများနှင့် လူငယ်ထု အပါအဝင် အရပ်သား လူထုအဖွဲ့အစည်းများမှ ကိုယ်စား လှယ်များ တွေ့ဆုံဆွေးနွေးပြီး “နိုင်ငံရေး ဆွေးနွေးပွဲ ဆိုင်ရာမူဘောင်” (Framework for Political Dialogue) တွင် ပါဝင်မည့် အချက်အလက်များကို ရေးဆွဲနေဆဲဖြစ်သည်။

သျှမ်းပြည်တပ်မတော် ခေါင်းဆောင် ဒု- ဗိုလ်ချုပ်ကြီးယွက်စစ်
Aye Chan Mon Re-post Date : 2013 Feb 12
News from:  သျှမ်းသံတော်ဆင့်သတင်း

အေးချမ်းမွန်

ဒုတိယပင်လုံညီလာခံကို စိတ်ဝင်စားမှုသိပ်မရှိ ပထမပင်လုံကိုသာ ဆက်လက်စွဲကိုင် သွားမည်ဖြစ်ကြောင်း သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ သျှမ်းပြည်တပ်မတော် ခေါင်းဆောင် ဒု- ဗိုလ်ချုပ်ကြီး ယွက်စစ်ကပြောသည်။

Monday, February 11, 2013

လွှတ်တော် ဥက္ကဋ္ဌ၏ ကချင်ခရီးစဉ်တွင် ငြိမ်းချမ်းရေး ကိစ္စအဓိကဖြေရှင်းရန် ဒေသခံများမှ တောင်းဆို

ရန်ကုန် (မဇ္ဈိမ) ။       ။ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း၏ ဖေဖော်ဝါရီ ၉ ရက်နေ့  ကချင် ခရီးစဉ် တွင်ဒေသခံ ပြည်သူများက ငြိမ်းချမ်းရေးကိစ္စ အမြန်ဆုံးဖြေရှင်းပေးရန် တောင်းဆိုခဲ့သည်ဟု ဒေသခံ များက ပြောသည်။

မနက် ၆ နာရီထ စာကျက်တဲ့ ၇တန်းကျောင်းသူ ၇နာရီမှာ ဆွဲကြိုးချသေတာတွေ့ရ

ကယားပြည်နယ်၊ လွိုင်ကော် မြို့၊ မိုင်းလုံးရပ်ကွက်တွင် သတ္တမ တန်းကျောင်းသူတစ်ဦးကြိုးဆွဲချ ကာသေ ဆုံးသောဖြစ်ရပ်တစ်ခု ဖေဖော်ဝါရီ ၆ ရက် နံနက်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အီရန်ပိတ်ပင်ထားတဲ့ ရုပ်ရှင် ဗွီအိုအေ က လွှင့်ထုတ်ပြသ

အီရန်ပိတ်ပင်ထားတဲ့ ရုပ်ရှင် ဗွီအိုအေ က လွှင့်ထုတ်ပြသ

ဖေဖော်ဝါရီ ၁၁ ရက်၊ ၂၀၁၃

အီရန်အစိုးရတားမြစ်ထားတဲ့ ရုပ်ရှင် ၁ ကားကို ဗွီအိုအေ ရုပ်မြင်သံကြားကနေ ထုတ်လွှင့်ပြသ ခဲ့ပါတယ်။ နိုင်ငံတကာရုပ်ရှင်ဆုရ Rhino Season ဆိုတဲ့ ရုပ်ရှင်ကို အီရန်နိုင်ငံအတွက် ဂြိုလ်တုကနေထုတ်လွှင့်တဲ့ ဗွီအိုအေ ရုပ်မြင်သံကြားကနေ သောကြာနေ့တုန်းက ပြသခဲ့သလို့ အွန်လိုင်းပေါ်ကနေ ကြည့်လို့ရအောင်လည်း တင်ခဲ့ပါတယ်။

အီရန်အစိုးရက ပိတ်ပင်ထားတဲ့ ရုပ်ရှင်ကို အီရန်ပြည်သူတွေ ကြည့်နိုင်အောင် ဗွီအိုအေက ထုတ်လွှင့်ပြသဖို့ အရေးကြီးတယ်လို့ ဒါရိုက်တာ Bahman Ghobadi ကပြောပါတယ်။ ၁၉၇၉ ခုနှစ် အီရန်တော်လှန်ရေးကာလမှာ အကျဉ်းချခံခဲ့ရတဲ့ ကာ့ နွယ်ဖွား အီရန်ကဗျာဆရာ ဆလဲလ် (Sahel) ရဲ့အကြောင်းကို အခြေခံပြီး Rhino Season ရုပ်ရှင်ကို ရိုက်ကူးထားတာဖြစ်ပါတယ်။ နှစ်ရှည်ထောင်ကျ ခဲ့တဲ့ ဆဟဲလ်က သူ့ရဲ့ ဇနီးနဲ့ သားသမီးတွေကို လိုက်ရှာတဲ့အကြောင်း ဖြစ်ပါတယ်။

ထောင်ထဲမှာ သေဆုံးသွားပြီလို့ မိသားစုက ထင်နေကြတဲ့ ကဗျာဆရာတယောက်ရဲ့ ကဗျာဖန်တီးမှုလို့ သူ့ရုပ်ရှင်ကို တင်စားတဲ့ ဒါရိုက်တာ ဂိုဘာဒီက ရုပ်ရှင်ပြသခွင့် ဗွီအိုအေကို လှူခဲ့တာဖြစ်ပါတယ်။ ၂၀၀၉ ခုနှစ် အီရန်နိုင်ငံကနေ ထွက်ပြေး တိမ်းရှောင်ခဲ့တဲ့ ဂိုဘာဒီရဲ့ ပထမဆုံး အီရန်နိုင်ငံအပြင်ဘက်မှာ ရိုက်ကူးတဲ့ ရုပ်ရှင်လည်း ဖြစ်ပါတယ်။ ဒီရုပ်ရှင်ဟာ နိုင်ငံတကာ ရုပ်ရှင်ဆု ၂ ခုကိုလည်း ရရှိထားပါတယ်။

(VOA)
အီရန်အစိုးရတားမြစ်ထားတဲ့ ရုပ်ရှင် ၁ ကားကို ဗွီအိုအေ ရုပ်မြင် သံကြားကနေ ထုတ်လွှင့်ပြသ ခဲ့ပါတယ်။ နိုင်ငံတကာရုပ်ရှင်ဆုရ Rhino Season ဆိုတဲ့ ရုပ်ရှင်ကို အီရန်နိုင်ငံအတွက် ဂြိုလ်တုကနေ ထုတ်လွှင့်တဲ့ ဗွီအိုအေ ရုပ်မြင်သံကြားကနေ သောကြာနေ့တုန်း က ပြသခဲ့သလို့ အွန်လိုင်းပေါ်ကနေ ကြည့်လို့ရအောင်လည်း တင်ခဲ့ပါတယ်။

“နေရောင်ခြည်စွမ်းအင်ဖြင့် လျှပ်စစ်ဓာတ်အားထုတ်မည်”

မန်းတိုင်းဒေသကြီးအတွင်း နေရောင်ခြည်စွမ်းအင်ဖြင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်ရန် အမေရိကန် ကုမ္မဏီတစ်ခုဖြစ်သည့် ACO Investment Group၊ Great Chance Co Ltd နှင့် ပြီးခဲ့သည့်သောကြာနေ့က မန်းတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် MoU ထိုးခဲ့ပြီးဖြစ်ကြောင်း တိုင်းဒေသကြီးအစိုးရအဖွဲ့ထံမှ သိရသည်။

ဂျပန်နာမည်ကျော် Nissan ကုမ္ပဏီ ဝန်ဆောင်မှုနှင့် ယာဉ်အပိုပစ္စည်းစင်တာ ရန်ကုန်မြို့၌ ဖွင့်လှစ်ခဲ့ပြီး ယာဉ်တပ်ဆင်မှုစက်ရုံ တည်ထောင်ရန် စီစဉ်နေ

ဂျပန်နာမည်ကျော် Nissan ကုမ္ပဏီ ဝန်ဆောင်မှုနှင့် ယာဉ်အပိုပစ္စည်းစင်တာ ရန်ကုန်မြို့၌ ဖွင့်လှစ်ခဲ့ပြီး ယာဉ်တပ်ဆင်မှုစက်ရုံ တည်ထောင်ရန် စီစဉ်နေ
Sunday, 10 February 2013

ကမ္ဘာ့ ဆဋ္ဌမမြောက် အကြီးဆုံး ကားကုမ္ပဏီဖြစ်သော ဂျပန်နာမည်ကျော် Nissan ကားကုမ္ပဏီသည် မြန်မာနိုင်ငံတွင် ၀န်ဆောင်မှုနှင့် ယာဉ်အပိုပစ္စည်း စင်တာကို ဖေဖော်ဝါရီလဆန်းပိုင်းက ဖွင့်လှစ်ခဲ့ပြီးယာဉ်တပ်ဆင်မှု စက်ရုံ
တည်ထောင်ရန် စီစဉ်နေကြောင်း E Garage  Auto Service and Spare Part (Myanmar) မှ သတင်းရရှိသည်။

အဆိုပါ ၀န်ဆောင်မှုစင်တာကို အမှတ် ၄၄၃ ပြည်လမ်း ကမာရွတ်မြို့နယ် ရန်ကုန်မြို့တွင်  ဖွင့်လှစ်ထားပြီး Business Opening အခမ်းအနားကို
ဖေဖော်ဝါရီလ ၂ ရက်နေ့က ပြုလုပ်ခဲ့သည်။

''အခု Business Opening ပွဲပဲ လုပ်သေးတာပါ။ ၀န်ဆောင်မှုတွေကိုတော့ စပေးနေပါပြီ။ Nissan အပြင် တခြားမြန်မာပြည်မှာ လူသုံးများတဲ့ ကားကိုလည်း ၀န်ဆောင်မှုပေးသွားမှာပါ။ အဆင့်မြင့်ကားတွေကို  ကြိုးမဲ့ကွန်ပျူတာစနစ် နည်းပညာသုံးပြီး ပြုပြင်ပေးနေပါတယ်'' ဟု E Garage  Auto Service and Spare Part (Myanmar) မှ Country Manager ဦးအောင်မိုးသန်းက ပြောကြားပါသည်။

E Garage  Auto Service and Spare Part (Myanmar) ကို ၂၀၁၁ ခုနှစ် ဒီဇင်ဘာလတွင် စတင်ဖွင့်လှစ်ခဲ့သည်။ အဆိုပါ လုပ်ငန်းကို မလေးရှား
အခြေစိုက် Tan Chong အုပ်စုက အစုရှယ်ယာ ၉၀ ရာခိုင်နှုန်း ပိုင်ဆိုင်ထားပြီး မြန်မာစီးပွားရေး လုပ်ငန်းရှင် ဦးခင်မောင်လွင်က
၁၀ ရာခိုင်နှုန်း ပိုင်ဆိုင်သည်။

Tan Chong အုပ်စုသည် အရှေ့တောင်အာရှ ဒေသတွင် Nissan အုပ်စု နှင့် အဓိက ချိတ်ဆက်လုပ်ကိုင်နေသည့် မိတ်ဖက်လုပ်ငန်းတစ်ခုဖြစ်ပြီး မလေးရှား၊ ထိုင်း၊ ဗီယက်နမ်၊ လာအို၊ ကမ္ဘောဒီးယား၊ မြန်မာနိုင်ငံတို့တွင် ၀န်ဆောင်မှုစင်တာများ၊ ရောင်းချမှုစင်တာများ၊ မော်တော်ယာဉ် တပ်ဆင်ထုတ်လုပ်ရေး စက်ရုံများ တည်ထောင်လုပ်ကိုင်နေသည့် ကုမ္ပဏီအုပ်စု ဖြစ်သည်။

Nissan ကုမ္ပဏီသည် ဂျပန်နိုင်ငံ၏ ဒုတိယအကြီးဆုံး ကားကုမ္ပဏီဖြစ်ပြီး
မြန်မာနိုင်ငံတွင်လည်း လူကြိုက်များသည့် အမှတ်တံဆိပ်တစ်ခု ဖြစ်ပါသည်။ Nissan Motor ကုမ္ပဏီကို ၁၉၃၄ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ၁၉၉၉ ခုနှစ်တွင် ဘဏ္ဍာရေး အခက်အခဲများကြောင့် ပြင်သစ်ကားကုမ္ပဏီ တစ်ခုဖြစ်သည့် Renault နှင့် ပူးပေါင်းခဲ့သည်။

မြန်မာနိုင်ငံတွင် Toyota ကုမ္ပဏီထုတ် ကားများ လူကြိုက်အများဆုံးဖြစ်ပြီး
မြန်မာနိုင်ငံအတွင်း ထင်ရှားသည့် Nissan ကုမ္ပဏီထုတ် ကားများမှာ Sunny၊ Fairlady Z၊ Skyline၊ Serena၊ Cedric၊ Cefiro၊ Laurel၊ President၊ Bluebird၊ Atlas၊ Primera၊ Avenir၊ Tiida၊ Caravan၊ Civilian၊ Gloria၊ Vanette တို့ဖြစ်သည်။

မြန်မာနိုင်ငံတွင် SPA မှ ဖွင့်လှစ်ထားသော Nissan ၀န်ဆောင်မှုစင်တာ တစ်ခုရှိပြီး အခြား ကားကုမ္ပဏီများဖြစ်သော Toyota၊ Marcede၊ Suzuki တို့ကလည်း ၀န်ဆောင်မှုစင်တာများ ဖွင့်လှစ်ထားသည်။

စင်ကာပူအခြေစိုက် Cycle & Carriage Automobile Myanmar Company Ltd. နှင့် မြန်မာနိုင်ငံမှ Automobile Century Co., Ltd. (Myanmar) တို့ ပူးပေါင်း၍ ကားဆားဗစ်စင်တာ တည်ထောင်ရန် လုပ်ကိုင်ခွင့် ရရှိထားကြောင်း သိရသည်။

ဓာတ်ပုံ - E Garage Auto Service and Spare Part (Myanmar) မှ ဖွင့်လှစ်ထားသော Nissan Service and Parts Center ၏ လုပ်ငန်းခွင်ကို
တွေ့ရစဉ်

Eleven Media Group
ကမ္ဘာ့ ဆဋ္ဌမမြောက်အကြီးဆုံး ကားကုမ္ပဏီဖြစ်သော ဂျပန် နာမည်ကျော် Nissan ကားကုမ္ပဏီသည် မြန်မာနိုင်ငံတွင် ၀န်ဆောင် မှုနှင့် ယာဉ်အပိုပစ္စည်း စင်တာကို ဖေဖော်ဝါရီလဆန်းပိုင်းက ဖွင့်လှစ် ခဲ့ပြီးယာဉ်တပ်ဆင်မှု စက်ရုံတည်ထောင်ရန် စီစဉ်နေကြောင်း E Garage Auto Service and Spare Part (Myanmar) မှ သတင်း

Sunday, February 10, 2013

Online စာမျက်နှာများ တိုက်ခိုက်ခံရမှု နည်းပညာကဏ္ဍကို စိန်ခေါ်

Online စာမျက်နှာများ တိုက်ခိုက်ခံရမှု နည်းပညာကဏ္ဍကို စိန်ခေါ်

ပြည်သူများအတွက် သတင်းအချက်အလက်ဆိုင်ရာ အဓိကအားထားရသည့် သမ္မတရုံး Website နှင့် The Voice Weekly, Eleven Media Group စသော ပြည်သူ့ဝန်ဆောင်မှု Online မီဒီယာ စာမျက်နှာများကို ပြီးခဲ့သည့် သီတင်းပတ်များအတွင်း အဆက်မပြတ် တိုက်ခိုက်မှုများ ကြုံတွေ့ခဲ့ခြင်းကြောင့် အရှိန်ယူ ဖွံ့ဖြိုးစ ပြုလာသော ပြည်တွင်း အိုင်တီကဏ္ဍနှင့် အစိုးရ၏ အဓိက စီမံကိန်းတစ်ရပ်ဖြစ်သော e-Government ဖော်ဆောင်ရေးအတွက် ကြီးစွာသော စိန်ခေါ်မှုတစ်ရပ် ဖြစ်လာပြီး အားလုံးပူးပေါင်း ဆောင်ရွက်ရန် လိုအပ်ကြောင်း နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ပြောကြားသည်။ “အင်စတီကျူးရှင်းပိုင်း အားနည်းတာ၊ ဆိုက်ဘာမှုခင်းတွေနဲ့ ပတ်သက်လို့ နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်မှု အားနည်းတာ တွေ့ရတယ်။ အဲ့ဒါကို အစိုရ၊ ပညာရှင်နဲ့ မီဒီယာတွေ အပါအဝင် အားလုံး စုံစုံညီညီ ဆွေးနွေးအဖြေရှာဖိုပ လိုပါတယ်” ဟု Online လုံခြုံရေးနှင့် ပတ်သက်၍ သုံးသပ်ပြောကြားပြိး အဆိုပါ တိုက်ခိုက်မှုများမှာ စီအိုင်အေနှင့် ပင်တဂွန်ကဲ့သို့သော ကမ္ဘာကျော်ဌာနကြီးများပင် အဆက်မပြတ် ကြုံတွေ့နေရသော နည်းပညာ စိန်ခေါ်မှုတစ်ရပ် ဖြစ်ကြောင်း ၄င်းကထပ်လောင်း ပြောကြားသည်။ ပြည်တွင်း သတင်းမီဒီယာတစ်ခုဖြစ်သည့် Eleven Media Group Website ကို Red-Army-Team အမည်ခံ ဟက်ကာများက ဇန်နဝါရီလအတွင်း တိုက်ခိုက်ခဲ့ပြီး The Voice Weekly၊ Eleven Media Group စသည့် သတင်းမီဒီယာများ၏ Facebook စာမျက်နှာနှင့် သမ္မတရုံး Website များကို ဖေဖော်ဝါရီလ ပထမပတ်အတွင်း ထပ်မံတိုက်ခိုက် ခံခဲ့ရကြောင်း အဆိုပါ Website စာမျက်နှာများကို တာဝန်ယူထားသူများ၏ ပြောကြားချက် အရ သိရသည်။ “မီဒီယာတွေကို ဦးတည်တိုက်ခိုက်တာတော့ မကောင်းဘူးပေါ့။ ဒါပေမယ့် မတိုက်အောင် လုပ်လို့မရဘူး။ အတိုက်မခံရအောင်ဘဲ ကိုယ့်ဘက်က ကာကွယ်ရမှာ” ဟု အိုင်တီပညာရှင် တစ်ဦးလည်းဖြစ်သူ ဘလော့ဂါ ကိုညီညီသံလွင်က ပြောကြားခဲ့သည်။ ပြည်တွင်းမီဒီယာများ၏ Online စာမျက်နှာများကို တိုက်ခိုက်မှုများအတွက် ဆွေးနွေးရန် သတင်းကောင်စီ အစည်းအဝေးကို ဖေဖော်ဝါရီ ၉ ရက်နေ့တွင် ကျင်းပမည်ဖြစ်ကြောင်း ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီ ၁၁ ရက်နေ့ထုတ် The Voice ဂျာနယ်တွင် ဖော်ပြထားပါသည်။
ပြည်သူများအတွက် သတင်းအချက်အလက်ဆိုင်ရာ အဓိက အားထားရသည့် သမ္မတရုံး Website နှင့် The Voice Weekly, Eleven Media Group စသော ပြည်သူ့ဝန်ဆောင်မှု Online မီဒီယာ စာမျက်နှာများကို ပြီးခဲ့သည့် သီတင်းပတ်များအတွင်း အဆက်မပြတ်တိုက်ခိုက်မှုများ ကြုံတွေ့ခဲ့ခြင်းကြောင့် အရှိန်ယူ ဖွံ့ဖြိုးစ ပြုလာသော ပြည်တွင်း အိုင်တီကဏ္ဍနှင့် အစိုးရ၏ အဓိကစီမံကိန်းတစ်ရပ်ဖြစ်သော

နမ့်ဆမ်တွင် အမျိုးသမီး တစ်ယောက်ကို ယွမ်နှစ်သောင်း ပေးဝယ်

နမ့်ဆမ်တွင် အမျိုးသမီး တစ်ယောက်ကို ယွမ်နှစ်သောင်း ပေးဝယ်

Written by Voice Saturday, 09 February 2013 12:34

ရန်ကုန်၊ ဖေဖော်ဝါရီ ၉

ရှမ်းပြည်နယ် မြောက်ပိုင်း၊ နမ့်ဆမ်တွင် တရုတ် မျိုးသားများက အရွယ်ကောင်းအမျိုးသမီးတစ်ယောက်ကို တရုတ်ယွမ် ငွေ နှစ်သောင်း ပေးဝယ်ကြောင်း နမ့်ဆမ် မြို့ခံ ဦးဝင်းကျော် က ပြောကြားသည်။

တရုတ်နိုင်ငံ၏ လူဦးရေထိန်းချုပ်မှု မူဝါဒအရ တရုတ်အမျိုးသားများသည် စီးပွာရေး မဖွံ့ဖြိုးသည့် နမ့်ဆမ်တွင် ပလောင်တိုင်းရင်းသူများကို မြန်မာငွေ ၂၆ သိန်းခန့် ဖြင့် ဝယ်ယူလျက်ရှိရာ ပလောင် တိုင်းရင်းသူများမှာ တရုတ် အမျိုးသားများ၏ သိမ်းပိုက်ခြင်း ခံနေရကြောင်း ၎င်းက ဆိုသည်။

“နမ့်ဆမ်မှာရှိတဲ့ တိုင်းရင်းသူ ကလေးမတွေ တရုတ်နဲ့ ညားတာ အယောက် ၁၀၀ လောက် ရှိတယ်။ ဒါတွေက စီးပွားရေး မဖွံ့ဖြိုးခြင်းရဲ့ အကျိုးဆက်တွေပါ” ဟု ၎င်းက ရှင်းပြသည်။

မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ လူကုန်ကူးမှု အများဆုံးလမ်းကြောင်းမှာ ရန်ကုန်-မန္တလေး-လားရှိုး-မူဆယ် လမ်းကြောင်းဖြစ်ပြီး ကျန်လမ်းကြောင်း များမှာ ဗန်းမော်-လွယ်ဂျယ်၊ ကချင်ပြည်နယ် လိုင်ဇာလမ်းမကြီး၊ လားရှိုး-ကုံလုံ-ချင်းရွှေဟော်လမ်းကြောင်းများ ဖြစ်ကြောင်း လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးအဖွဲ့ထံမှ သိရသည်။

မြန်မာ-တရုတ် နယ်စပ်ဖြစ်သော ရွှေလီ-မူဆယ် နှင့် လွယ်ဂျယ်-ကျန်းဖုန်း တို့တွင် လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးအတွက် Hotline များ တပ်ဆင် ထားသည့် နှစ်နိုင်ငံဆက်ဆံရေး ရုံးခန်းများ ဖွင့်လှစ်ထားကြောင်း လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး အဖွဲ့၊ ဒုတိယရဲမှူးကြီး ညွှန့်လှိုင် က The Voice Weekly သို့ ပြောကြားသည်။

စီးပွားရေးကျပ်တည်းမှုကြောင့် လူကုန်ကူးမှုများဖြစ်ပေါ်ပြီး၊ လက်ဖက်စိုက်ပျိုးပြီး တန်းဖိုးမြင့် ထုတ်ကုန် မထုတ်လုပ်နိုင်သဖြင့် စီးပွားရေး ကျပ်တည်းကာ နမ့်ဆမ်မှ တိုင်းရင်းသူ အမျိုးသမီးများသည် တရုတ်နိုင်ငံသို့ ဝင်ရောက်၍ ဘိန်းခြစ်ခြင်း၊ ဘိန်းစိုက်ခြင်း၊ ကြံခုတ်ခြင်းနှင့် နေ့စား အလုပ်များ လုပ်ကိုင်နေရကြောင်း နမ့်ဆမ်ဒေသခံ လက်ဖက်လုပ်ငန်းရှင် ဦးစိုးမောင်က ပြောကြားသည်။

လက်ဖက်စိုက်ပျိုးထုတ်လုပ်သူများ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှသာ ယခု ကိစ္စများကို ထိန်းချုပ်နိုင်မည်ဖြစ်ကြောင်း ပြည်ထောင်စု မြန်မာနိုင်ငံတော် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် ဥက္ကဋ္ဌ ဦးဝင်းအောင်က ပြောကြားသည်။

မြန်မာနိုင်ငံမှ လူကုန်ကူးမှု အမျိုးအစားများတွင် အဓမ္မထိမ်းမြား လက်ထပ်ခြင်းသည် ၆၀ ရာခိုင်နှုန်း ရှိပြီး မြန်မာအမျိုးသမီးများကို အများဆုံး လူကုန်ကူးသည့် နိုင်ငံမှာ တရုတ်နိုင်ငံဖြစ်ကြောင်း၊ မြန်မာ့လူကုန်ကူးမှု စုစုပေါင်း၏ ၈၄ ရာခိုင်နှုန်းကို တရုတ်နိုင်ငံသို့ ပို့ဆောင်နေကြောင်း မြန်မာနိုင်ငံ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးအဖွဲ့၏ ထုတ်ပြန်ချက်များအရ သိရသည်။

Posted From General Knowledge
ရှမ်းပြည်နယ် မြောက်ပိုင်း၊ နမ့်ဆမ်တွင် တရုတ် မျိုးသားများက အရွယ်ကောင်း အမျိုးသမီးတစ်ယောက်ကို တရုတ် ယွမ် ငွေ  နှစ်သောင်း ပေး ဝယ်ကြောင်း နမ့်ဆမ် မြို့ခံ ဦးဝင်းကျော် က ပြောကြားသည်။
တရုတ်နိုင်ငံ၏ လူဦးရေထိန်းချုပ်မှု မူဝါဒအရ တရုတ်အမျိုးသား များသည် စီးပွာရေးမဖွံ့ဖြိုးသည့် နမ့်ဆမ်တွင် ပလောင်တိုင်းရင်းသူ

Saturday, February 9, 2013

စပါးခွံမှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရန် ဂျပန်နှင့် မြန်မာ ပူးပေါင်း ဆောင်ရွက်မှု စတင်နေပြီ

စပါးခွံမှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရန် ဂျပန်နှင့် မြန်မာ ပူးပေါင်း ဆောင်ရွက်မှု စတင်နေပြီ

Saturday, 09 February 2013 13:15

မြန်မာနိုင်ငံ၏ လယ်ယာ စိုက်ပျိုးရေး ကဏ္ဍမှ ထွက်ရှိလာသော စပါးခွံများကို လျှပ်စစ် ဓာတ်အား ထုတ်လုပ်နိုင်ရန် အတွက် ဂျပန်နိုင်ငံ အကူအညီဖြင့်

ဧရာဝတီတိုင်း ဒေသကြီး၊ ဒေးဒရဲမြို့ နယ်နှင့် ညောင်တုန်း မြို့နယ် တို့တွင် စတင် လုပ်ဆောင်နေပြီ ဖြစ်ကြောင်း ၂-၂-၂၀၁၃ ရက်က လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနမှ သိရသည်။ ယင်းကဲ့သို့ စပါးခွံမှ လျှပ်စစ် ဓာတ်အား ထုတ်လုပ်ရန် ဂျပန်နိုင်ငံ၏ နည်းပညာ အကူအညီနှင့် ငွေယန်းသန်း ၁၃၀ ကို အကူအညီ ရယူမည် ဖြစ်ကြောင်း၊ ဂျပန်နိုင်ငံမှ Bio-Fuel ကုမ္ပဏီနှင့် မြန်မာနိုင်ငံမှ Bio Tech ကုမ္ပဏီ၊ Tokyo Electric Power ကုမ္ပဏီတို့ ပူးပေါင်းကာ လုပ်ဆောင် နေပြီ ဖြစ်ကြောင်း သိရသည်။

ကျွန်တော်တို့ အခုနောက်ပိုင်းမှာ လုပ်နေတာက လယ်ယာ စိုက်ပျိုးရေး ကနေ ရလာတဲ့ ဆန်တစ်မျိုးတည်းကို မကြည့်ဘဲနဲ့ စပါးခွံက နေစပြီး အရိုးထိ အသုံးချလို့ ရအောင်အတွက် စီစဉ် နေပါ တယ်။ နောက်ပြီး စပါးခွံကနေ လျှပ်စစ်ဓာတ်အား ထုတ်ဖို့ကိစ္စတွေ ကိုလည်း ဆောင်ရွက်နေတာ တွေ့ရှိပါတယ် ဟု လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ဦးမြင့်လှိုင်က ပြောကြား သည်။

လက်ရှိ မြန်မာနိုင်ငံ၏ လယ်ယာ စိုက်ပျိုးရေး ကဏ္ဍ ထွက်ရှိ ကုန်ပစ္စည်း အသုံးချမှုတွင် စပါးပင် ရိုးတံများကို နွားစာအဖြစ် လည်းကောင်း၊ မီးရှို့ပြာချ၍ မြေသြဇာ အဖြစ် လည်းကောင်း၊ စပါးခွံ ကြိတ်ခွဲမှုမှ ထွက်ရှိလာသော စပါးခွံများကို စပါးခွံမီးအဖြစ် လည်းကောင်း၊ အုတ်ဖုတ်ရာတွင် အသုံးပြု၍ လည်းကောင်း အခြေအနေ များမှာ သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှုများလည်း ရှိနေကြောင်း သိရသည်။

လယ်ယာ စိုက်ပျိုးရေးမှ ထွက်ရှိလာတဲ့ ထွက်ကုန်တွေကို ဘယ်ဟာမှ ပစ်စရာ မလိုအောင် ပြန်လည် သုံးစွဲနိုင်မယ် ဆိုရင် လယ်သမားတွေလည်း ဝင်ငွေ တိုးစေတာပေါ့ ဟု ၎င်းက ဆက်လက် ပြောကြားသည်။ အဆိုပါ စီမံကိန်းအတွက် ဂျပန်နှင့် မြန်မာ အစိုးရတို့ ဇန်နဝါရီလ ဒုတိယ အပတ်က သဘောတူ လက်မှတ် ရေးထိုး ခဲ့ကြောင်း သိရပြီး ဧရာဝတီတိုင်း ဒေသကြီး၏ စမ်းသပ်မှု အောင်မြင်ပါက ယင်းဒေသကြီး အတွင်း လျှပ်စ်မီး လိုအပ်သော နေရာကို လျှပ်စစ်ဓာတ်အား ပေးသွားမည့် အပြင် နေပြည်တော်၊ ရန်ကုန်၊ ပဲခူးနှင့် အခြားသော ပြည်နယ်၊ တိုင်းဒေသကြီးများ တွင်လည်း စီမံကိန်းများ ချမှတ် ဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံ၏ လယ်ယာစိုက်ပျိုးရေးကဏ္ဍမှ ထွက်ရှိလာသော စပါးခွံများ ကို လျှပ်စစ် ဓာတ်အား ထုတ်လုပ်နိုင်ရန် အတွက် ဂျပန်နိုင်ငံ အကူ အညီဖြင့်ဧရာဝတီတိုင်း ဒေသကြီး၊ ဒေးဒရဲမြို့နယ်နှင့် ညောင်တုန်း မြို့နယ်တို့တွင်စတင်လုပ်ဆောင်နေပြီ ဖြစ်ကြောင်း ၂-၂-၂၀၁၃ ရက်က လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ သိရသည်။

မြန်မာနိုင်ငံတွင် တရားဥပဒေစိုးမိုးရေး နှီးနှောဖလှယ်ပွဲ ကျင်းပ

ဥရောပသမဂ္ဂနှင့် မြန်မာအစိုးရတို့ ပူးတွဲကျင်းပသော မြန်မာနိုင်ငံအတွင်း တရားဥပဒေ စိုးမိုးရေး မျှော်လင့် ချက်များနှင့် အလားအလာများ (The Rule of Law in Myanmar Perspective and Prospects) ဆိုင်ရာ နှီးနှောဖလှယ်ပွဲကို ဖေဖော်ဝါရီလ ၉ ရက်နေ့ နံနက် ၉း၀၀ နာရီက နေပြည်တော်ရှိ သင်္ဂဟဟိုတယ် စည်းဝေးခန်းမတွင်ကျင်းပရာ ရှေ့နေချုပ် ဒေါက်တာထွန်းရှင်၊ ဥရောပသမဂ္ဂကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် သံအမတ်ကြီး မစ္စတာ ဒေးဗစ်လစ်ပ်မင်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌနှင့် ပြည်သူ့

မြန်မာနိုင်ငံ၏ ပိုက်နက်အတွင်း အိန္ဒိယလက်နက်ကိုင်သူပုန် ၁၀ ဖွဲ့ထက်မနည်း ခိုလှုံနေထိုင်လျက်ရှိ

မြန်မာနိုင်ငံပိုင်နက်အတွင်း အိန္ဒိယလက်နက်ကိုင် ၁၀ ဖွဲ့ထက်မနည်း ခိုလှုံနေထိုင်လျက်ရှိကြောင်း မြန်မာ ရဲတပ်ဖွဲ့ စာမျက်နှာ၏ ဖော်ပြချက်အရသိရသည်။

ပယင်းကျောက်တူးနေသူများထံမှ KIA ဆက်ကြေးကောက်နေ

ပယင်းကျောက်တူးနေသူများထံမှ KIA ဆက်ကြေးကောက်နေ

ဖေဖော်ဝါရီ ၉ ရက်၊ ၂၀၁၃

ကချင်ပြည်နယ် တနိုင်းမြို့ ဒိုက်ဖားတိုက်နယ်ရုံးမှ KIA အဖွဲ့များသည် ဖေဖော်ဝါရီလ(၇)ရက်နေ့တွင် ပယင်း ကျောက်တူးဖော်နေသူများထံမှ ၂၀၁၃ ခုနှစ် KIO ဘဏ္ဍာရေးနှစ်အတွက် ခေါင်းစဉ်ဖြင့် ငွေကောက်ခံနေ ကြောင်း သိရသည်။

တနိုင်းမြို့နယ်အတွင်း ပယင်းကျောက်များထွက်ရှိသော ပယင်းရွှေမှော်တွင် ပယင်းကျောက်တူးဖော်နေကြ သော ရွာသူ/ရွာသား စုစုပေါင်း(၂၀၀)ကျော်ခန့် ရှိကြောင်း သိရသည်။ “ဖေဖော်ဝါရီလ(၇)ရက်နေ့တုန်းက တိုက်နယ်မှူးဆိုသူနဲ့ KIA လက်နက်ကိုင်(၅)ဦးရောက်လာပြီး ပယင်းကျောက်တူးနေတဲ့ ရွာသား ဦးရေကို စာရင်းကောက်ပါတယ်။ ၂၀၁၃ ခုနှစ် KIO ဘဏ္ဍာရေးနှစ်အတွက်လို့ပြောပြီး လူတစ်ဦးကို မှော်ဝင် ကြေး(၁)နှစ်စာ (၅၀၀၀)ကျပ်၊ ကျောက်တူးခွင့် လက်မှတ် (၁)လစာ(၅၀၀၀)ကျပ်၊ လူတစ်ဦးနေထိုင်ခွင့်ဧည့် စာရင်း ကြေး(၃)လစာ(၅၀၀၀)ကျပ် ကောက်သွားပါတယ်” ဟု ပယင်းကျောက်တူးနေသည့် ဒေသခံတစ်ဦးက ပြောပြ ပါသည်။

KIA အဖွဲ့သည် နိုင်ငံတော်အစိုးရနှင့် ဖေဖော်ဝါရီလ(၄)ရက်နေ့တွင် တရုတ်နိုင်ငံရွှေလီမြို့တွင် ငြိမ်းချမ်းရေး အတွက် ဆွေးနွေးခဲ့သော်လည်း လက်အောက်ခံအဖွဲ့များမှ ဆက်ကြေးကောက်ခြင်း၊ လူသစ်စုဆောင်းခြင်းများ ဆက်လက် လုပ်ကိုင်နေသေးကြောင်း တွေ့ရသည်။ KIA အဖွဲ့၏ လုပ်ရပ်များအပေါ် ကချင်ပြည်နယ် ပြည်သူ လူထုမှ အယုံအကြည် မရှိကြောင်းနှင့် ယခုကဲ့သို့ ဆက်လက်ပြီး မင်းမဲ့စရိုက်ဆန်ဆန်ပြုလုပ်နေပါက တပ်မတော် စစ်ကြောင်းများနဲ့ KIA အဖွဲ့တို့ တိုက်ပွဲများ ပြန်လည်ဖြစ်ပွားမည်ကို စိုးရိမ်နေကြကြောင်း ဒေသခံများက  ပြောပြပါသည်။

ကချင်ပြည်နယ် တနိုင်းမြို့ ဒိုက်ဖားတိုက်နယ်ရုံးမှ KIA အဖွဲ့များ သည် ဖေဖော်ဝါရီလ(၇)ရက်နေ့တွင် ပယင်း ကျောက်တူးဖော်နေ သူများထံမှ ၂၀၁၃ ခုနှစ် KIO ဘဏ္ဍာရေးနှစ်အတွက် ခေါင်း စဉ်ဖြင့် ငွေကောက်ခံနေ ကြောင်း သိရသည်။

လားရှိုးမြို့အ၀င်၌ မူးယစ်ဆေး ဖမ်းဆီးစဉ် ရဲတပ်ဖွဲ့ဝင်တစ်ဦး သေဆုံး

လားရှိုးမူးယစ်(အထူး)အဖွဲ့မှ ရဲအုပ်သင်းအောင်ဦးစီးအဖွဲ့မှ လားရှိုးမြို့အ၀င်၌ မူးယစ်ဆေးဝါးဖမ်းဆီး ရမိရေးပိတ်ဆို့တားဆီးနေစဉ် ရဲတပ်ဖွဲ့ဝင်တစ်ဦး သေနတ်ကျည်ထိမှန် သေဆုံးခဲ့သည်။

သမ္မတ ဦးသိန်းစိန်၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် လက်တွဲကြရန် ဒု ဗိုလ်ချုပ်ကြီး ယွက်စစ် ပြော

သမ္မတ ဦးသိန်းစိန်၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် လက်တွဲကြရန် ဒု ဗိုလ်ချုပ်ကြီး ယွက်စစ် ပြော

ဖေဖော်ဝါရီ ၉ ရက်၊ ၂၀၁၃

သမ္မတ ဦးသိန်းစိန် အစိုးရအဖွဲ့က ဖော်ဆောင်နေသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို လက်တွဲပူးပေါင်းပြီး စည်းလုံးညီညွတ်စွာဖြင့် စစ်မှန်သည့် ပြည်ထောင်စု စစ်စစ်အား တည်ထောင်သွားကြရန် အားလုံးကြိုးပမ်းသင့်ကြောင်း ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS) ၏ ဥက္ကဋ္ဌ ဒု ဗိုလ်ချုပ်ကြီး ယွက်စစ်က ပြောဆိုလိုက်သည်။

အစိုးရက လက်နက်ကိုင် အဖွဲ့အစည်းတိုင်းနှင့် ပါတီတိုင်းအား နိုင်ငံရေး ဆွေးနွေးရန် ကြိုဆို ကမ်းလှမ်းလာပြီ ဖြစ်သဖြင့် နိုင်ငံရေး ပြဿနာများအား ဝိုင်းဝန်းဖြေရှင်းကာ တိုင်းပြည်တိုးတက်ရေးအတွက် စည်းလုံးညီညွှတ်စွာဖြင့် လုပ်ဆောင်ကြရန် အချိန်အခါကောင်းဖြစ်ကြောင်း ရှမ်းပြည်တပ်မတော် (SSA) တောင်းပိုင်း ဗဟိုဌာနချုပ် လွယ်တိုင်းလျန်၌ ဖေဖော်ဝါရီလ ၇ ရက်နေ့က ကျင်းပသော ၆၆ နှစ်မြောက် ရှမ်းပြည်အမျိုးသားနေ့ အခမ်းအနား မိန့်ခွန်းတွင် ထည့်သွင်း ပြောဆိုသွားသည်။

“သမ္မတ ဦးသိန်းစိန် အစိုးရအဖွဲ့၏ စေတနာများကို ဂုဏ်ယူ အသိအမှတ်ပြုရမည် ဖြစ်သည်။ ဤကဲ့သို့ အခြေအနေတွင် ဝိုင်းဝန်း မလုပ်ဆောင်နိုင်ပါက တိုင်းပြည်အတွက် နစ်နာကာ နိုင်ငံရေးသမားများနှင့် အသိပညာရှင်၊ အတတ်ပညာရှင်တို့၏ အားနည်ချက်ပင် ဖြစ်မည်” ဟု သူ၏ မိန့်ခွန်းတွင် ပါရှိသည်။

သို့သော်လည်း ငြိမ်းချမ်းရေး တည်ဆောက်ရာတွင် အာဏာလွှဲပြောင်းခြင်း မပြုလုပ်လိုဘဲ စစ်အာဏာကို ဆက်လက် ဆုပ်ကိုင်ထားလိုသူများ၊ နိုင်ငံတော်၏ ဥပဒေ စည်းမျဉ်း စည်းကမ်းများအား မလိုက်နာဘဲ ကိုယ်ကျိုးရှာလိုသူများ၊ ဒီမိုကရေစီနည်းဖြင့် တိုင်းပြည် ဖွံ့ဖြိုးတိုးတက်အောင် မလုပ်ဆောင်ဘဲ စစ်အာဏာဖြင့် အုပ်စိုးပြီး ငြိမ်းချမ်းရေးကို ပျက်ပြားအောင် သွေးထိုး နေသူများသည် ငြိမ်းချမ်းရေးကို ပျက်ပြားစေနိုင်သော အချက်များဖြစ်ကြောင်းလည်း ထောက်ပြ ပြောဆိုသွားသည်။

ငြိမ်းချမ်းရေးကို ပျက်ပြားအောင် လုပ်ဆောင်နေသော အဖျက်သမားများအား ဝိုင်းဝန်းဆန့်ကျင် တွန်းလှန်ကာ ပန်းတိုင်ထိ ရောက်အောင် လက်တွဲ ဆောင်ရွက်သွားကြရမည် ဖြစ်ပြီး ဒီမိုကရေစီ လိုလားကာ ပြည်ထောင်စုအား ချစ်မြတ်နိုးသူများ အားလုံး နောက်မဆုတ်ဘဲ ရည်မှန်းချက် ပန်းတိုင်အထိ စည်းလုံးညီညွတ်စွာဖြင့် ကြိုးစားဆောင်ရွက်ကြရန်လည်း တိုက်တွန်း ပြောဆိုသွားသည်။

SSA နှင့် မြန်မာအစိုးရတို့ နှစ်ဘက် ပဏာမ အပစ်ခတ်ရပ်စဲရေး သဘောတူညီမှု ရရှိထားပြီးဖြစ်သည်။ ယင်းသို့ သဘောတူညီမှု ရရှိထားသော်လည်း ၂၀၁၂ ခုနှစ်အတွင်း၌ နှစ်ဘက်တပ်များအကြား တိုက်ပွဲပေါင်း ၄၀ ကျော် ဖြစ်ပွားခဲ့သေးကြောင်း သိရသည်။

မှားခဲ့သော အမှားများကို ပြန်လည်ပြုပြင်ရန်မှာ နိုင်ငံတော်၏ ကြီးလေးသည့် တာဝန်ဖြစ်ကြောင်း၊ တော်လှန်ရေး အချိန်ကာလလ ကြာရှည်လာပါက ပြည်သူလူထု ပိုမို ဆင်းရဲနွမ်းပါးလာခြင်းနှင့် အခြား နောက်ဆက်တွဲ ဆိုးကျိုးများ ဖြစ်ကြောင်း၊ သို့သော်လည်း ဖိနှိပ်မှုရှိနေသမျှ ကာလပတ်လုံး မျိုးချစ်တော်လှန်ရေး ဆိုသည်မှာလည်း ပပျောက်သွားမည် မဟုတ်ဟု ဒု ဗိုလ်ချုပ်ကြီး ယွက်စစ်က ဆိုသည်။

စစ်အာဏာရှင်တို့၏ ဖိနှိပ်ချုပ်ခြယ်မှုကြောင့် တော်လှန်ရေး ပေါ်ပေါက်လာခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေးတွင် အနုနည်း၊ အကြမ်းနည်း ထိုနည်းလမ်း နှစ်သွယ်လုံးကို ပြည်ထောင်စုသားများ အနေဖြင့် အသုံးပြု၍ တော်လှန်ခဲ့ကြကြောင်း၊ သို့သော်လည်း နိုင်ငံတော် အာဏာအား စစ်အင်အားသုံး သိမ်းပိုက်ခဲ့သည့် စစ်အာဏာရှင်များအား ဖြိုလှဲနိုင်မှု မရှိခြင်းကို အားနည်းချက်နှင့် ပျော့ကွက်များရှာ၍ ပြုပြင်သင့်ကြောင်းလည်း ထောက်ပြထားသည်။

စည်းလုံး ညီညွှတ်ရေးကို မျိုးချစ် တော်လှန်ရေးသမားများ သာမက ပြည်သူလူထုကလည်း အမြဲတောင်းဆိုနေကြောင်း၊ ထို့အတူ ပြည်ထောင်စုကြီး၏ အခြေခံအုတ်မြစ်ဖြစ်သော “ပင်လုံ” စာချုပ်ကို မေ့ထား၍ မရသကဲ့သို့ ကျော်လွှားသွား သွား၍လည်း ရမှာမဟုတ်ကြောင်း မိန့်ခွန်းတွင် ထည့်သွင်းပြောဆိုသွားသည်။

(ဧရာဝတီ)

သမ္မတ ဦးသိန်းစိန် အစိုးရအဖွဲ့က ဖော်ဆောင်နေသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို လက်တွဲပူးပေါင်းပြီး စည်းလုံးညီညွတ်စွာဖြင့် စစ်မှန် သည့် ပြည်ထောင်စု စစ်စစ်အား တည်ထောင်သွားကြရန် အားလုံး ကြိုးပမ်းသင့်ကြောင်း ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ

ဘုရားသုံးဆူ နယ်စပ်ဂိတ် ပြန်ဖွင့်ရေး ဒုနိုင်ငံခြားရေးဝန်ကြီး လာရောက်ဆွေးနွေး

မြန်မာအစိုးရ ဒုတိယ-နိုင်ငံခြားရေးဝန်ကြီး ဦးဇင်ယော် ဦးဆောင်ပြီး၊ ကရင်ပြည်နယ် အစိုးရအဖွဲ့ဝင်များ ပါဝင်တဲ့အဖွဲ့ဟာ ထိုင်းမြန်မာနယ်စပ် ကရင်ပြည်နယ် အတွင်းရှိ ဘုရားသုံးဆူမြို့ကို မနေ့ကရောက်ရှိလာပြီး ထိုင်း-မြန်မာနယ်စပ် တိုင်းထွာ ရေး၊ ဘုရားသုံးဆူ နယ်စပ်ဂိတ်ပြန်ဖွင့်ရေး၊ သံဖြူဇရပ်-ဘုရားသုံးဆူကား လမ်း ဖောက်လုပ်ရေးတို့အတွက် ဌာနဆိုင်ရာ များ၊ ရပ်မိရပ်ဖများနဲ့ တွေ့ဆုံညှိနှိုင်းခဲ့တယ်လို့ သိရပါတယ်။

သီလ၀ါ အထူးစီးပွားရေးဇုန် ဖော်ထုတ်ရေး လူမှုရေးအဖွဲ့တွေနဲ့ ညှိနှိုင်းဆောင်ရွက်မည်

သီလ၀ါ အထူးစီးပွားရေးဇုန် ဖော်ထုတ်ရေး လူမှုရေးအဖွဲ့တွေနဲ့ ညှိနှိုင်းဆောင်ရွက်မည်

ဖေဖော်ဝါရီ ၈ ရက်၊ ၂၀၁၃

မြန်မာ-ဂျပန် နှစ်နိုင်ငံအစိုးရ ပူးပေါင်းလုပ်ဆောင်တဲ့ သီလ၀ါ အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီဟာ စီမံကိန်း မစ တင်ခင်နဲ့ အကောင်အထည်ဖော်နေချိန် တစ်လျှောက်မှာ စီမံကိန်းရဲ့ အကျိုးသက်ရောက်မှုတွေ ကို အစိုးရ မဟုတ်တဲ့ အဖွဲ့ တွေ လူမှုရေး အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းညှိနှိုင်းဆောင်ရွက် သွားမယ်လို့ အမျိုးသားစီမံကိန်းနဲ့ စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှု ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ကံဇော် က ပြောကြားခဲ့ပါတယ်။

ဒီကနေ့ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် စည်းဝေးပွဲမှာ ဒေါက်တာကံဇော် က သီလ၀ါ အထူးစီးပွားရေး ဇုန်စီမံကိန်းနဲ့ ပတ်သက်ပြီး အကောင်အထည်ဖော် ဆောင်ရွက်နေတဲ့ အခြေအနေကိုတင်ပြရာမှာ အခုလို ပြောကြားခဲ့တာဖြစ်ပါတယ်။

အထူးစီးပွားရေးဇုန် စီမံကိန်း ဆက်လက်အကောင်အထည်ဖော်ရေးနဲ့ ပတ်သက်ပြီး တင်ပြရာမှာ ပြည်ထောင်စုဝန်ကြီးက စီးပွားရေးဇုန်စီမံကိန်းမှာ မြန်မာလုပ်ငန်းရှင်တွေ ပါဝင်လုပ်ကိုင်နိုင်အောင် မြန်မာနိုင်ငံသားများ ယာယီအကျိုးတူ ပူးပေါင်း ဆောင်ရွက်တဲ့အဖွဲ့ကို ရှေ့ဆက်ဖွဲ့စည်းသွားမယ်လို့ ထည့်သွင်းပြောကြားသွားခဲ့ပါတယ်။

သီလ၀ါ အထူးစီပွားရေးဇုန် စီမံကိန်းကို ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့နယ်နဲ့ ကျောက်တန်းမြို့နယ်တို့မှာ အကောင် အထည်ဖော်မှာဖြစ်ပြီး ၂၀၁၅ ခုနှစ်မှာ လုပ်ငန်းဆောင်ရွက်မှုတွေကို စတင်လုပ်ကိုင်သွားမှာဖြစ်တဲ့အပြင် သီလ၀ါ အထူး စီးပွားရေးဇုန် နယ်နိမိတ်ကို ပြည်ထောင်စုအစိုးရက အမိန့်ကြေညာစာနဲ့ ထုတ်ပြန်သတ်မှတ်ပေးမှာဖြစ်ပြီး စီမံကိန်းအတွက် မြေဧက ၅၇၈၇ ဒသမ ၇၁၈ ဧက အသုံးပြုသွားမယ်လို့လဲ သိရပါတယ်။

(RFA)

မြန်မာ-ဂျပန် နှစ်နိုင်ငံအစိုးရ ပူးပေါင်းလုပ်ဆောင်တဲ့ သီလ၀ါ အထူး စီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီဟာ စီမံကိန်းမစတင်ခင်နဲ့ အကောင် အထည်ဖော်နေချိန် တစ်လျှောက်မှာ စီမံကိန်းရဲ့ အကျိုးသက်ရောက် မှုတွေကို အစိုးရမဟုတ်တဲ့ အဖွဲ့ တွေ လူမှုရေးအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းညှိနှိုင်းဆောင်ရွက် သွားမယ်လို့ အမျိုးသားစီမံကိန်းနဲ့ စီးပွားရေး

ကလေးသူငယ် မဖွယ်မရာပြုမှု အိန္ဒိယတွင် ထူပြော

ကမ္ဘာ့သတင်းများ  09/02/2013

နိုင်ငံတကာသတင်းများ

ကလေးသူငယ် မဖွယ်မရာပြုမှု အိန္ဒိယတွင် ထူပြော

အိန္ဒိယနိုင်ငံမှာ ကလေးငယ်တွေကို လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေဟာ စိုးရိမ် စရာကောင်းလောက်အောင် သာမန် ဖြစ်စဉ်လို ဖြစ်နေတယ်လို့ လူ့အခွင့်အရေးအဖွဲ့တခုက ပြောလိုက်ပါတယ်။

အိန္ဒိယအစိုးရအနေနဲ့ ကလေးငယ်တွေ လိင်ပိုင်းဆိုင်ရာ စော်ကားခံနေရတဲ့ကိစ္စတွေကို ကာကွယ်စောင့်ရှောက်ဖို့ ပျက်ကွက်နေတာနဲ့ အဲဒီလို အစော်ကားခံရတဲ့ ကလေးငယ်တွေ ကို ပြုစုစောင့်ရှောက်ဖို့ ပျက်ကွက်နေတာတွေကို လေ့လာထားတဲ့ “တိတ်ဆိတ်မှုကို ဖြိုခွဲခြင်း၊ အိန္ဒိယ ကလေးငယ်များ လိင်ပိုင်းဆိုင်ရာ စော်ကားခံရခြင်း” ဆိုတဲ့ HRW လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။လိင်ပိုင်းဆိုင်ရာ မတရားပြုကျင့်ခံရတယ်လို့ တိုင်ကြားတဲ့ ကလေးငယ်တွေကို ရဲ၊ ကျန်းမာရေးဆိုင်ရာ ၀န်ထမ်းတွေနဲ့ တခြားအာဏာပိုင် အဖွဲ့အစည်း အသီးသီးက မသိကျိုးကျွန် ပြုနေကြတယ်လို့ HRW ရဲ့ တောင်အာရှဒေသဆိုင်ရာ ညွှန်ကြားရေးမှူး Meenakshi Ganguly က ပြောပါတယ်။

ကလေးငယ်တွေ လိင်ပိုင်းဆိုင်ရာ မတရားပြုကျင့်ခံရကြောင်း တိုင်ကြားချက် ဖွင့်တဲ့အချိန်ကစလို့ အမှုရင်ဆိုင်တဲ့အထိ အစိုးရရဲ့ ရာဇ၀တ်မှုဆိုင်ရာ ကျင့်ထုံးတွေကို အရေးတကြီး ပြင်ဆင်ဖို့ လိုအပ်နေပြီလို့ နယူးယောက်အခြေစိုက် HRW လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့က ပြောပါတယ်။

နိုင်ငံနဲ့အဝှမ်းဆန္ဒပြဖို့ တူနီးရှားအလုပ်သမားသမဂ္ဂ လှုံ့ဆော်

Tunisia နိုင်ငံမှာ လုပ်ကြံခံခဲ့ရတဲ့ အတိုက်အခံခေါင်းဆောင် Chokri Belaid ရဲ့ အသုဘ အခမ်းအနားနဲ့ တိုက်ဆိုင်ပြီး ပြည်လုံးကျွတ် သပိတ်မှောက်ကြဖို့ နိုင်ငံရဲ့ အကြီးဆုံး အလုပ်သမား သမဂ္ဂက ဆော်သြ လိုက်ပါတယ်၊ Tunisia အလုပ်သမားများအတွက် အထွေထွေသမဂ္ဂကြီးက သပိတ်မှောက်ကြဖို့ ကြာသပတေးနေ့နှောင်းပိုင်းမှာ ကြေညာခဲ့တာဖြစ်ပါတယ်။ အစောပိုင်းတုန်းကလဲ နိုင်ငံရေးပါတီ နဲ့ မပါတ်သက်တဲ့ တတ်သိပညာရှင်တွေနဲ့ အစိုးရသစ်ဖွဲ့မယ့် ဝန်ကြီးချုပ်ရဲ့ အစီအစဉ်ကို ညွန့်ပေါင်းအစိုးရထဲမှာ လွှမ်းမိုးတဲ့ ဝန်ကြီးချုပ်ရဲ့ပါတီက ကန့်ကွက်လိုက်ပါတယ်၊ မြို့တော်ထဲမှာလဲ
ဆန္ဒပြသူတွေနဲ့ ရဲတွေကြား ဒုတိယနေ့ဆက်တိုက် ပဋိပက္ခတွေဖြစ်ပွားခဲ့ပါတယ်။

ဘီလစ် လုပ်ကြံခံခဲ့ရပြီးနောက် မြို့တော်ထဲမှာ အစိုးရကို မကျေနပ်တဲ့ ဆန္ဒပြမှုတွေ ဖြစ်ပေါ် လာတဲ့အတွက် လက်ရှိအစိုးရကို ဖျက်ပြီး အစိုးရသစ်ဖွဲ့မယ်လို့ ဝန်ကြီးချုပ် Hamadi Jebali က ဗုဒ္ဓဟူးနေ့ကကြေညာခဲ့ပါတယ်၊ ဒီကြေညာချက်အပေါ် အတိုက်အခံတွေဖက်က ကျယ်ကျယ်ပြန့်ပြန့်
ထောက်ခံမှုရခဲ့ပါတယ်။ ဒါပေမဲ့ သူ့ရဲ့ Ennahda ပါတီ ဒုတိယခေါင်းဆောင်
Abdelhamid Jelassi က ဒီအစီအစဉ် ကို ပါတီက လက်မခံနိုင်ဘူးလို့ ကြာသပတေးနေ့မှာ
ပြောခဲ့ပါတယ်။ ခုလို လူသိရှင်ကြား ကန့်ကွက်လိုက်တဲ့အတွက် ပါတီထဲမှာ
သဘောထားကွဲမှုတွေ ရှိနေတယ် ဆိုတာကို မီးမောင်းထိုးပြလိုက်တာလဲ ဖြစ်ပါတယ်၊

အမေရိကန် အရှေ့မြောက်ပိုင်း နှင်းမုန်တိုင်းတိုက်ခတ်

အမေရိကန်အရှေ့မြောက်ပိုင်းမှာ ပြင်းထန်တဲ့ နှင်းမုန်တိုင်း စတင်ကျရောက်နေပြီဖြစ်တာကြောင့် အရှေ့မြောက်ပိုင်း ပြည်နယ်တွေက နေရာအတော်များများမှာ အရေးပေါ် အခြေအနေ ကြေညာ ထားပါတယ်။ ကွန်နက်တီကပ်ပြည်နယ် နဲ့ မက်ဆားချူးဆက်ပြည်နယ် အုပ်ချုပ်ရေးမှူးတွေက လမ်းပေါ်ကို လုံးဝမထွက်ဖို့ တားမြစ်ထားပါတယ်။

မက်ဆားချူးဆက်ပြည်နယ်မှာတော့ မလိုက်နာတဲ့သူတွေဟာ ဒဏ်ငွေ နဲ့ ထောင်ဒဏ် ၁ နှစ်အထိ ချမှတ် ခံရမှာဖြစ်ပါတယ်။ ဒါ့အပြင် ထောင်နဲ့ချီတဲ့ လေယာဉ်ခရီးစဉ်တွေကိုလည်း ဖျက်လိုက်ပါတယ်။ ဘော့ စတန်မြို့နဲ့ နယူးယောက်မြို့တွေမှာတော့ ရထားတွေ ပေးမထွက်ပါဘူး။Maine ပြည်နယ်ကနေ New York ပြည်နယ်အထိ သောကြာနေ့ညပိုင်းကစပြီး စနေနေ့ နေ့လည် အထိ နှင်းမုန်တိုင်းကျရောက်မှာဖြစ်တယ်လို့ အမျိုးသား မိုးလေ၀သနဲ့ ဇလဗေဒဌာနက သတိပေး ချက်ထုတ်ပြန်ထားပါတယ်။ ခရီးသွားလာဖို့ မဖြစ်နိုင်တဲ့အနေအထားမဟုတ်ရင်တောင်မှ ခရီးသွား လာဖို့အတွက် အလွန်ကို အန္တရာယ်များတယ်လို့ ပြောပါတယ်။

နှင်းမုန်တိုင်းရဲ့ အဆိုးဆုံးအချိန်မှာ အပူချိန်ဟာ ရေခဲမှတ်အောက်ကျရောက်ပြီး ဘာကိုမှလည်း မြင်နိုင် မယ့်အနေအထားမရှိသလို လေတိုက်နှုန်းဟာလည်း ၁ နာရီကို မိုင် ၇၀ လောက်အထိ ဖြစ်လာနိုင် တာကြောင့်  လူတွေသေစေလောက်တဲ့ အခြေအနေတွေအထိ ဖြစ်လာနိုင်တယ်လို့ ပြောပါတယ်။ တချို့နေရာတွေမှာတော့ ဆီးနှင်းထုဟာ ၂၄ လက်မလောက်အထိ ဖြစ်လာနိုင်တယ်လို့ ခန့်မှန်းနေကြပါ တယ်ခင်ဗျာ။

EU ဘတ်ဂျက် အတည်ပြု

ဥရောပသမဂ္ဂသမိုင်းမှာ ပထမဆုံးအကြိမ် အသုံးစရိတ်လျှော့ချမယ့် ရေရှည်အသုံးစရိတ်အစီအစဉ်နဲ့ ပတ်သက်ပြီးတော့ ဥရောပ သမဂ္ဂခေါင်းဆောင်တွေ သဘောတူခဲ့ကြပါတယ်။၂၀၁၄ ကနေ ၂၀၂၀ ခုနှစ်အတွင်း အသုံးစရိတ်ကို ၁.၃ ထရီလီယံ သတ်မှတ်ခဲ့တယ်လို့ EU တာဝန်ရှိသူတွေက ပြောပါတယ်။

ဥရောပခေါင်းဆောင်တွေဟာ ဘယ်လ်ဂျီယမ်နိုင်ငံ ဘရပ်ဆဲလ်မြို့မှာ ၂ ရက်ကြာ အပြင်းအထန် ဆွေးနွေး ခဲ့ပြီးတဲ့နောက် သဘောတူညီမှု ရခဲ့တာဖြစ်ပါတယ်။ အီးယူ ဥရောပသမဂ္ဂရဲ့ ဥက္ကဋ္ဌ Herman Van Rompuy က သဘောတူညီမှုရလိုက်ပြီလို့ သူ့ရဲ့ တွစ်တာ စာမျက်နှာက ပြောခဲ့ပါတယ်။ ဒါ့အပြင် ဒီသဘောတူညီမှု ရဖို့အတွက် စောင့်ရကျိုးနပ်တယ်လို့ သူက ပြောပါတယ်။ဥရောပတိုက်ဟာ ခက်ခဲတဲ့ စီးပွားရေးအချိန်ကာလမှာ ကျရောက်နေတယ်ဆိုတာ ဒီသဘောတူညီချက်က ထင်ဟပ်ပြသနေပါတယ်။ ဒီသဘောတူညီချက်က အခြေခံအဆောက်အအုံနဲ့ သိပ္ပံသုတေသန လုပ်ငန်းတွေ အပါအ၀င် ကဏ္ဍတွေအတော်များများကို အသုံးစရိတ်တွေ ဖြတ်တောက် ပစ်ဖို့ တောင်းဆိုခဲ့တာဖြစ်ပါတယ်။အခုအခါမှာတော့ ဥရောပပါလီမန်က ဒီအသုံးစရိတ်အစီအစဉ်ကို အတည်ပြုပေးရမှာဖြစ်ပါတယ်။

ဘင်္ဂလားဒေ့ရှ် ကူးတို့သင်္ဘောမှောက် အများအပြားသေဆုံး

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ သဲအိတ်တွေ အပြည့်တင်လာတဲ့ သင်္ဘောတစင်းနဲ့တိုက်မိပြီး ခရီးသည် ၁၀၀ လောက် တင်ဆောင်လာတဲ့ သင်္ဘောတစင်း တိမ်းမှောက်သွားတယ်လို့ တာဝန်ရှိသူတွေ က ပြောပါတယ်။ သောကြာနေ့က Munshiganj ဒေသက Meghna မြစ်ထဲမှာ MV Sarash သင်္ဘော တိမ်းမှောက်သွားတဲ့အတွက် လူတချို့ပျောက်ဆုံးနေတယ်လို့ တာဝန်ရှိသူတွေက ပြောဆိုပါတယ်။

ခရီးသည်တချို့က ကမ်းခြေဘက်ကို ကူးခတ်လာနိုင်ပြီး စုစုပေါင်း ၂၅ ယောက်လောက်ကို ကယ်တင်နိုင်ခဲ့ တယ်လို့ သိရပါတယ်။ ရေယာဉ်လုံခြုံရေးအဆင့် သတ်မှတ်ချက်မလိုက်နာမှုနဲ့ မကြာခဏ ၀န်ပိုသယ်ဆောင် မှုတွေကြောင့် Bangladesh နိုင်ငံမှာ မကြာခဏ လှေသဘောင်္တွေ တိမ်းမှောက်လေ့ ရှိပါတယ်။

အလွန်ကြီးမားသော ဂြိုဟ်သိမ်တစ်ခု ဖေဖော်ဝါရီလ ၁၅ ရက်၌ ကမ္ဘာနှင့် အနီးအကပ်ဆုံး အနေအထားဖြင့် ဖြတ်သန်းသွားမည်

လုံးပတ်ပေ ၁၅၀ အရွယ်အစား ခန့်ရှိသော 2012 DA14 အမည်ရ ဂြိုဟ်သိမ်ဂြိုဟ်မွှားက ကျည်ဆန် တစ်ခုထက် လျင်မြန်သောနှုန်းဖြင့် အချို့ဆက်သွယ်ရေး ဂြိုဟ်တုများထက် နီးကပ်စွာ ကမ္ဘာ၏ အနီးမှ လာမည့် ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် ဖြတ်သန်းသွားမည် ဖြစ်ကြောင်း သိရသည်။ယင်းဖြတ်သန်းမှုသည် အလွန်ကြီးမားသော အာကာသ ကျောက်တုံးနှင့် ကြုံဖူးသမျှအနက် အနီးကပ်ဆုံး အနေအထားဖြင့် ကမ္ဘာအနီးမှ ပွတ်ကာသီကာ ဖြတ်သန်းသည့် ဖြစ်ရပ်ဖြစ်လာမည် ဖြစ်ကြောင်း နာဆာမှ သိပ္ပံပညာရှင်များက ဖေဖော်ဝါရီလ ၇ ရက်က ပြောကြားခဲ့သည်။
ကမ္ဘာနှင့် ထိပ်တိုက်ဝင်တိုက် မိနိုင်ခြေ လုံးဝမရှိဘဲ အနီးဆုံး အကွာအဝေးအားဖြင့် ယင်းဂြိုဟ်သိမ် ဂြိုဟ်မွှားသည် ကမ္ဘာမြေ အထက် ၁၇၀၀၀ မိုင်ခန့် အကွာမှ ဖြတ်သန်းသွားမည် ဖြစ်သည်။သို့ရာတွင် ယင်းလမ်းကြောင်း၌ အန္တရာယ် ရှိနိုင်သော အမျိုးအမည်မသိ အခြားဂြိုဟ်သိမ် ဂြိုဟ်မွှား သန်းပေါင်းများစွာလည်း ရှိနေသဖြင့် ယင်းဂြိုဟ်မွှားများနှင့်မူ တိုက်မိနိုင်ခြေ ရှိကြောင်း သိရသည်။
ယင်းဂြိုဟ်သိမ်အား ဂြိုဟ်တု အော်ပရေတာများက စောင့်ကြည့် လျက်ရှိပြီး ဂြိုဟ်တုများ လွှတ်တင်ထားရာ ကမ္ဘာမြေအထက် အမြင့် မိုင်ပေါင်း၂၃၀၀၀ တွင် ရှိသော ဂြိုဟ်တုရပ်ဝန်းကို အန္တရာယ်ကင်းစွာ ဖြတ်သန်းသွားမည်ဟု ခန့်မှန်းထားကြသည်။အဆိုပါ ဖြတ်သန်းမှုသည် ဖေဖော်ဝါရီလ ၁၅ရက် အရှေ့တိုင်း စံတော်ချိန် ည ၂ နာရီ ၂၄ မိနစ်၌ ကမ္ဘာနှင့် အနီးကပ်ဆုံး ဖြစ်မည်ဖြစ်ကာ ယင်းညအချိန်၌ အဓိကအားဖြင့် အာရှနှင့် သြစတြေးလျနိုင်ငံများမှ တွေ့မြင်ရမည် ဖြစ်ကြောင်း သိရသည်။

NLABR
Web-site:    www.nlabr.com
Facebook:    Sa Maung
Facebook:    Miraculous Master For English Language

အိန္ဒိယနိုင်ငံမှာ ကလေးငယ်တွေကို လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေ ဟာ စိုးရိမ်စရာကောင်းလောက်အောင် သာမန် ဖြစ်စဉ်လို ဖြစ်နေ တယ် လို့ လူ့အခွင့်အရေးအဖွဲ့တခုက ပြောလိုက်ပါတယ်။

ပြည်ထောင်စုနေ့ အခမ်းအနား KIO တက်မည်မဟုတ်

ပြည်ထောင်စုနေ့ အခမ်းအနား KIO တက်မည်မဟုတ်

ကိုမိုးဇော်
08.02.2013

မြန်မာအစိုးရနဲ့ KIA ကချင်လွတ်မြောက်ရေးတပ်ကြား အပစ်အခတ်ရပ်စဲရေးအတွက် သဘော တူညီချက် မရသေးတာကြောင့် KIO ကချင်လွတ်လပ်ရေးအဖွဲ့ကတော့ ပြည်ထောင်စုနေ့ အခမ်း အနားကို တက်ရောက်နိုင်မှာ မဟုတ်ဘူးလို့ ဒီကနေ့ ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။  ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာ ကျရောက်မယ့် ၆၆ ကြိမ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကို အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း ၁၆ ဖွဲ့ကို ဖိတ်ကြားထားပြီး အများစုက အခမ်းအနား တက်ရောက်ဖို့ကို လက်ခံထားပေမဲ့ KIA ဘက်တော့ တက်ရောက်ဖို့ ငြင်းပယ်လိုက်တာဖြစ်ပါတယ်။  ဘာကြောင့် KIO အဖွဲ့က တက်ရောက်ဖို့ ငြင်းဆိုထားသလဲ ဆိုတာကိုတော့ ဗွီအိုအေ မြန်မာပိုင်းအစီအစဉ် သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

နေပြည်တော်မှာ ကျင်းပမယ့် ပြည်ထောင်စုနေ့အခမ်းအနားကို အပစ်ခတ်ရပ်စဲထားတဲ့ အဖွဲ့တွေ အပါအ၀င် အပစ်အခတ် မရပ်စဲသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ၁၆ ဖွဲ့ကို ဖိတ်ကြား ထားတာဖြစ်ပါတယ်။

အခုလို ဖိတ်ကြားထားတဲ့အကြောင်းကို အစိုးရရဲ့ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေး ၀န်ကြီးဌာန ဒုဝန်ကြီး ဦးရဲထွဋ် အခုလို အတည်ပြုပြောပါတယ်။

“ မှန်ပါတယ်ခင်ဗျာ။ ကျနော်တို့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေကို ဖိတ်စာ ပို့ထား ပါတယ်။ အပစ်အခတ် ရပ်စဲဖို့ သဘောတူချက်ရထားပြီး ဆက်လက်ဆွေးနွေးနေတဲ့ အဖွဲ့တွေပါသလို KIO အဖွဲ့ကိုလည်း ဖိတ်ကြားထားပါတယ်ခင်ဗျ။ နောက်ပြီး သမ္မတကြီးအနေနဲ့ ကတော့ သူ့ရဲ့ နှစ်သစ် ကူး မိန့်ခွန်းထဲ ပါသလိုပါပဲ - အားလုံး စုံစုံညီညီနဲ့ နိုင်ငံ့ အနာဂတ်ရေးတွေ ဆွေးနွေးနိုင်မယ် ဆိုတဲ့ သဘောမျိုးနဲ့ တွေ့တာ ဖြစ်ပါတယ်။”

ဒီဖိတ်ကြားစာကိုတော့ မြန်မာ့ငြိမ်းချမ်းရေး ဖော်ဆောင်မှု ဗဟိုဌာန (Myanmar Peace Center) က တဆင့် အဓိက တာဝန်ယူ ဖိတ်ကြားထားတာလည်း ဖြစ်ပါတယ်။ ဖိတ်ကြားထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေမှာ အပစ်အခတ်ရပ်စဲထားတဲ့ ကရင်၊ ကရင်နီ၊ မွန်၊ ရခိုင်၊ ချင်း ၊ နာဂ၊ ရှမ်း၊ ပအို့ဝ်၊ ပလောင်၊ ၀၊ လားဟူ အဖွဲ့တွေပါဝင်သလို အပစ်အခတ်မရပ်စဲသေးတဲ့ ကချင် လွတ်လပ်ရေးအဖွဲ့ KIO၊ ပလောင်လွတ်မြောက်ရေးတပ်ဦး စတာတွေလည်း ပါဝင်တာဖြစ်ပါတယ်။

ဖိတ်ကြားထားတဲ့အဖွဲ့တွေထဲမှာတော့ KIOကတော့ ပြည်ထောင်စုနေ့ အခမ်းအနားကို တက်ရောက် နိုင်မှာ မဟုတ်ကြောင်း KIO ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့ခေါင်းဆောင် ဦးဆွမ်လွတ်ဂမ်က အခုလို ပြောပါတယ်။

“ကျနော်တို့က အခုလို အခြေအနေမျိုးမှာ သွားတက်ဖို့ဆိုရင် မသင့်တော်ဘူးထင်တယ်၊ ဒါကြောင့်မို့ ကျနော်တို့ မတက်တော့ဘူးလို့ စာပြန်လိုက်တယ်။ အခုလို အခြေအနေမျိုးဆိုတာက တိုက်ပွဲတွေ ဖြစ်နေတယ်။ တခြား အဖွဲ့အစည်းတွေက cease fire လုပ်ပြီးတော့ သူတို့က လာတက်လို့ ကောင်းတယ် လေ။ ကျနော်တို့က ceasefire လည်း မလုပ်သေးဘူး။ ဒီအတိုင်းသာ သွားတက်မယ်ဆိုရင်တော့ မသင့်တော်ဘူးလို့ ထင်တယ်။ ဒါကြောင့်မို့ ကျနော်တို့က အခုလို အခြေအနေမျိုးမှာ မတက်နိုင်သေးဘူးလို့ စာပြန်လိုက်တာ။”

Myanmar Peace Center က တာဝန်ရှိသူတယောက်ကတော့ ဖိတ်ကြားထားတဲ့ လက်နက်ကိုင် အဖွဲ့အစည်းအတော်များများက တက်ရောက်ဖို့ ပြန်ကြားထားတယ်လို့ ပြောဆိုပေမဲ့ အတိအကျတော့ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

အစိုးရရဲ့ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးဌာန ဒုဝန်ကြီး ဦးရဲထွဋ်ကလည်း သူအနေနဲ့ KIO ရဲ့ ပြန်ကြားချက်ကို တရားဝင် မသိရသေးတာကြောင့် တစုံတရာ မှတ်ချက်ပေးဖို့ မရှိသေးကြောင်း ပြောဆိုပါတယ်။

KIO ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့နဲ့ အစိုးရရဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ် ငန်း ကော်မတီတို့ဟာ ဒီလ ၄ ရက်နေ့က တရုတ်နိုင်ငံ၊ ရွှေလီမြို့မှာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ ဒီဆွေးနွေးပွဲအပြီးမှာ နှစ်ဘက် စစ်ရေးတင်းမာမှုတွေ လျှော့ချနိုင်ဖို့၊ ခိုင်မာတဲ့စစ်ပြေငြိမ်းရေး ကို ဖော်ဆောင်နိုင်ဖို့အတွက် ပဋိပက္ခဖြစ်ပွားတဲ့ နေရာတွေမှာ စောင့်ကြည့်လေ့လာရေးစနစ်တွေ ထားရှိဖို့နဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေကို ဆက်လက် ဆောင်ရွက်သွားဖို့ သဘောတူကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

KIO နဲ့ အစိုးရ ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီတို့ဟာ ဖေဖော်ဝါရီလ နောက်ဆုံး ပတ်လောက်မှာ  ထပ်မံဆွေးနွေးကြဖို့လည်း သဘောတူထားပါတယ်။

အေးချမ်းမွန်မှ VOA တွင် ဖော်ပြထားသည့်သတင်းကို မူရင်းအတိုင်းမျဝေပါသည်။
မူရင်းရေးသားသူကိုလည်း အထူးကျေးဇူးတင်ရှိပါသည်။
https://www.facebook.com/excellencemedia
မြန်မာအစိုးရနဲ့ KIA ကချင်လွတ်မြောက်ရေးတပ်ကြား အပစ် အခတ် ရပ်စဲရေးအတွက် သဘောတူညီချက်မရသေးတာကြောင့် KIO ကချင် လွတ်လပ်ရေးအဖွဲ့ကတော့ ပြည်ထောင်စုနေ့အခမ်းအနားကို တက်ရောက်နိုင် မှာမဟုတ်ဘူးလို့ ဒီကနေ့ထုတ်ဖော် ပြောဆိုလိုက်ပါ တယ်။ ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာကျရောက်မယ့် ၆၆

Friday, February 8, 2013

ပြည်သူအများ ယုံကြည် ကိုးစားသော တရား စီရင်ရေး ဖြစ်ပေါ်စေရန် တရား သူကြီးများ ကျမ်း သစ္စာဆို

ပြည်သူအများ ယုံကြည် ကိုးစားသော တရား စီရင်ရေး ဖြစ်ပေါ်စေရန်
တရား သူကြီးများ ကျမ်း သစ္စာဆို
Friday, February 08, 2013

ပြည်ထောင်စု တရား သူကြီးချုပ် ဦးထွန်းထွန်းဦးသည် ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော် ရှိ ပြည်ထောင်စု တရားလွှတ်တော် ချုပ်ရုံး စုဝေးခန်းမ၌ ကျင်းပသည့် ပြည်ထောင်စု တရား လွှတ်တော် ချုပ်နှင့် တိုင်းဒေသကြီး/ ပြည်နယ် တရား လွှတ်တော်များ၊ ခရိုင် တရားရုံး များ၏ စတုတ္ထ အကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက် လာကြသော ခရိုင်တရား သူကြီးများနှင့် ပြည်ထောင်စု တရားလွှတ်တော် ချုပ်မှ တရားရေး အရာရှိများ၏ ကျမ်းသစ္စာ ဆိုပွဲတွင် တရားသူကြီး များသည် တရား စီရင်ရေး မဏ္ဍိုင် တည့်မတ် ခိုင်မာရေးတွင် အဓိက တာဝန်ရှိ သူများဖြစ်ကြောင်း၊ ပြည်သူအများ ယုံကြည် ကိုးစားသော တရား စီရင်ရေး ဖြစ်ပေါ် စေရန် အတွက် တရား သူကြီးများအား ကျမ်းသစ္စာ ဆိုစေရန် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း၊ ပြည်သူအများ ယုံကြည်
မျှော်လင့်နေသော အကျင့်သိက္ခာ၊ ပညာ၊ သမာဓိနှင့် ပြည့်စုံသော တရားသူကြီး ကောင်းများ ဖြစ်ပေါ် စေရေးအတွက် တရား သူကြီးများ ကျမ်းသစ္စာ ဆိုရန် လိုအပ် ပါ ကြောင်းဖြင့် ပြောကြား ခဲ့သည်။

ပြည်ထောင်စု တရားသူကြီးချုပ်က ဆက်လက် ပြောကြားရာတွင်
၁၉၄၇ခုနှစ် ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေအရ အဆင့် အမြင့်ဆုံး တရား လွှတ်တော်ချုပ်မှာ တာဝန် ထမ်းဆောင် ခဲ့ကြသည့် တရားသူကြီး များသည် ကျမ်းသစ္စာ ဆိုခဲ့ကြ သည်ကို လေ့လာ တွေ့ရှိရကြောင်း၊ ပြည်ထောင်စု တရား လွှတ်တော်ချုပ်တွင် တာဝန် ပေးအပ်ခြင်း ခံရသော ပြည်ထောင်စု တရားသူကြီး ချုပ်နှင့် ပြည်ထောင်စု တရား လွှတ်တော်ချုပ် တရားသူကြီးများ၊ တိုင်းဒေသကြီး တရား လွှတ်တော်နှင့် ပြည်နယ်တရား လွှတ်တော်တို့တွင် တာဝန်ပေးအပ်ခြင်း ခံရသော တရားလွှတ်တော် တရားသူကြီး ချုပ်များနှင့် တရားလွှတ်တော် တရား သူကြီးများ အနေဖြင့် တရားသူကြီးများ အဖြစ် ခန့်အပ် တာဝန်ပေးစဉ်က နိုင်ငံတော် သမ္မတနှင့် သက်ဆိုင် ရာ လွှတ်တော် အသီးသီးတွင် ကျမ်းသစ္စာ ဆိုခဲ့ကြပြီ ဖြစ်ကြောင်း၊ တရားရုံး အဆင့်ဆင့်တွင် တရား စီရင်ရေး ဆောင်ရွက်လျက် ရှိကြသော တရား သူကြီးများသည် ကျမ်းသစ္စာပါ အတိုင်း တစ်သဝေ မတိမ်း လိုက်နာကြပြီး တရားစီရင်ရေး မဏ္ဍိုင် တည့်မတ် ခိုင်မာရေး၊ ပြည်သူအများ ယုံကြည် ကိုးစားသော တရား စီရင်ရေး စနစ် ဖြစ်ပေါ်ရေး တို့အတွက် ကြိုးပမ်း ဆောင်ရွက် သွားကြရန် လိုအပ် ပါကြောင်းဖြင့် ပြောကြားသည်။

ယနေ့ ကျင်းပသည့် ကျမ်းသစ္စာ ဆိုပွဲတွင် ခရိုင် တရားသူကြီး ၆၈ဦး၊
ပြည်ထောင်စု တရား လွှတ်တော် ချုပ်မှ တရားရေး အရာရှိ ၆၃ဦး စုစုပေါင်း ၁၃၁ ဦးတို့က ပြည်ထောင်စု တရား သူကြီးချုပ်၏ ရှေ့မှောက်၌ ကျမ်းသစ္စာ ဆိုကြကြောင်း သိရ သည်။

http://bit.ly/XrZPZG
မြ၀တီ
ပြည်ထောင်စု တရား သူကြီးချုပ် ဦးထွန်းထွန်းဦးသည် ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော် ရှိ ပြည်ထောင်စု တရားလွှတ်တော် ချုပ်ရုံး စုဝေးခန်းမ၌ ကျင်းပသည့် ပြည်ထောင်စုတရားလွှတ်တော် ချုပ်နှင့် တိုင်းဒေသကြီး/ ပြည်နယ် တရားလွှတ်တော်များ၊ ခရိုင်တရားရုံးများ၏

မြောက်ကိုရီးယား နိုင်ငံသည် စစ်အင်အား တိုးမြှင့်ရေးဆိုင်ရာ လမ်းညွှန်ချက် များကို ထုတ်ပြန် ကြေညာ ခဲ့သည်ဟု ဆို

Photo: မြောက်ကိုရီးယား နိုင်ငံသည် စစ်အင်အား တိုးမြှင့်ရေးဆိုင်ရာ လမ်းညွှန်ချက် များကို ထုတ်ပြန် ကြေညာ ခဲ့သည်ဟု ဆို
Friday, February 08, 2013

မြောက်ကိုရီးယား နိုင်ငံသည် စစ်အင်အား တိုးမြှင့်ရေး ဆိုင်ရာ လမ်းညွှန်ချက် များကို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်သည် နိုင်ငံ၏ အချုပ်အခြာ အာဏာကို ကာကွယ်ရေးနှင့် စစ်အင်အား တိုးမြှင့်ရေး ဆိုင်ရာ အရေးပါသည့် လမ်းညွှန်ချက် များအား အာဏာရ အလုပ်သမား ပါတီ အစည်းအဝေး တစ်ရပ်တွင် ထုတ်ပြန်ကြေညာ ခဲ့ကြောင်းနှင့် အဆိုပါ လမ်းညွှန်ချက် များမှာ မြောက်ကိုရီးယား နိုင်ငံ အနေဖြင့် နျူကလီးယား စမ်းသပ်မှု တစ်ရပ်ကို အချိန်မရွေး လုပ်ဆောင်ရန် အသင့် ရှိသည်ဟူသော အရိပ် လက္ခဏာ ပြသလိုက်ခြင်း ဖြစ်ကြောင်း နိုင်ငံပိုင် KCNA သတင်းဌာန က ဖေဖော်ဝါရီလ ၃ ရက် နေ့တွင် ထုတ်ပြန် ခဲ့သည်ဟု Newsnow သတင်း တစ်ရပ်အရ သိရှိ ရပါသည်။

ကင်ဂျုံအွန်သည် အလုပ်သမား ပါတီ၏ ဗဟို စစ်ကော်မရှင် အစည်းအဝေး တစ်ရပ်တွင် အဆိုပါ မိန့်ခွန်းကို ပြောကြား ခဲ့ခြင်း ဖြစ်ကြောင်းနှင့် အဆိုပါ အစည်းအဝေး ကျင်းပခဲ့သည့် နေ့ရက် အချိန်ကိုမူ ၎င်းသတင်း ဌာနက ထုတ်ဖော် ပြောကြားခဲ့ခြင်း မရှိကြောင်း သိရှိ ရပါသည်။

အဆိုပါ အစည်းအဝေးသို့ တက်ရောက်ခဲ့သော ပါတီနှင့် စစ်ဘက် အဆင့်မြင့် ခေါင်းဆောင်များသည် ကင်ဂျုံအွန်က ချမှတ်ပေးသော စစ်ရေး တာဝန်များအား တိတိကျကျ လိုက်နာ အကောင်အထည်ဖော်
ဆောင်ရွက်သွားမည့် ၎င်းတို့၏ ရပ်တည်ချက် သဘောထား များကို ထုတ်ဖော် ပြောကြားခဲ့ကြောင်း KCNA သတင်း ဌာနက ပြောကြား ခဲ့ပါသည်။

ကင်ဂျုံအွန်၏ အဆိုပါ လမ်းညွှန်ချက် များမှာ နျူကလီးယား စမ်းသပ်ရေးကို ရည်ညွှန်းခြင်း ဖြစ်သည်ဟု ယုံကြည်ကြောင်းနှင့် မြောက်ကိုရီးယား အနေဖြင့် မကြာမီ နျူကလီးယား စမ်းသပ်မှု ပြုလုပ်ရေး ပြင်ဆင် ဆောင်ရွက်မှု အဆင့်များ အပြီးသတ် ဆောင်ရွက် သွားနိုင်ဖွယ် ရှိကြောင်း
တောင်ကိုရီးယား နိုင်ငံ ပုဂ္ဂလိကပိုင် Sejong တက္ကသိုလ်မှ သုတေသီ
Hong Hyun-ik က ပြောကြား ခဲ့ပါသည်။

မြောက်ကိုရီးယား အစိုးရ အနေဖြင့် အလုပ်သမား ပါတီ အစည်းအဝေး ကျင်းပခြင်းမှာ အနောက် အုပ်စုကို ဖိအား ပေးရန်နှင့် ၎င်း၏ ပြည်သူများကို စည်းရုံးရန် ရည်ရွယ် လုပ်ဆောင်ခြင်း ဖြစ်ကြောင်းလည်း Hongက ပြောကြား
ခဲ့သည်ဟု သိရှိရ ပါသည်။

http://bit.ly/14WGWoE
မြ၀တီ
မြောက်ကိုရီးယား နိုင်ငံသည် စစ်အင်အား တိုးမြှင့်ရေးဆိုင်ရာ လမ်းညွှန် ချက်များကို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန် သည် နိုင်ငံ၏ အချုပ်အခြာ အာဏာကို ကာကွယ်ရေးနှင့် စစ်အင်အား တိုးမြှင့်ရေး ဆိုင်ရာ အရေးပါသည့် လမ်းညွှန်ချက်များအားအာဏာရ အလုပ်သမား

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးတွင်ဟိန်းသစ္စာအမြန် Express ပေါ်မှ တရားမ၀င်သစ်များဖမ်းဆီးရမိ

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးတွင်ဟိန်းသစ္စာအမြန် Express ပေါ်မှ
တရားမ၀င်သစ်များဖမ်းဆီးရမိ
Friday, February 08, 2013

ပဲခူးတိုင်းဒေသကြီး၊ပဲခူးခရိုင်၊  ကျောက်တံခါးမြို့နယ်၊သစ်တော
ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးညွှန့်ဝင်းမှ တောအုပ်ကြီးဦးလှသန်းတို့သည်
ဖေဖော်ဝါရီ(၄)ရက်၊ နံနက်  (၈)နာရီတွင် ရန်ကုန်-မန္တလေး
အမြန်လမ်းမကြီး(၁၀၅)မိုင် (၂) ဖာလုံအနီးတွင် တရားမ၀င်သစ် များတင်ဆောင်ထားပြီး မောင်းနှင်လာသည်ဟု မသင်္ကာဖွယ်ရာ အမြန်   ယာဉ်(၁)စီး ဖြတ်သွားသည်ကို တွေ့ရှိသောကြောင့် ကားဖြင့်
နောက်ယောက်ခံပြီးလိုက်ခဲ့ကြောင်း သိရသည်။

ဟိန်းသစ္စာExpress သည်  အမြန်ဆုံးမောင်းနှင်သွားလျက်ရှိ ပြီး
နောက်ယောက်ခံလိုက်ခံရသော ကားမှာ ခရီးသွားကားများ ရှုပ်ထွေးလျက်  ရှိသောကြောင့် အဆိုပါကားမှာ ကျောက်တံခါးမြို့နယ်သို့ ကျော် လွန်တော့မည်ဖြစ်သဖြင့် ပဲခူးခရိုင်၊  သစ်တော်ဦးစီးဌာန၊လက်ထောက်  ညွှန်ကြားရေးမှူး၊ဦးစီးအရာရှိနှင့် ဒိုက်ဦးမြို့နယ် သစ်တောဦးစီးဌာန၊   ဦးစီးအရာရှိတို့ထံ လမ်းမှ စောင့် ဖမ်းပေးရန်ဖုန်းဖြင့် ဆက်သွယ်  အကြောင်းကြားခဲ့ကြောင်းသိရသည်။

ဒိုက်ဦးမြို့နယ်၊သစ်တောဦး စီးဌာနမှဦးစီးအရာရှိ ဦးဆောင် သောအဖွဲ့၊
ပဲခူးခရိုင်၊သစ်တောဦး စီးဌာန၊လက်ထောက်ညွှန်ကြားရေး မှူး၊
ဦးစီးအရာရှိတို့ ဦးဆောင်သော   အဖွဲ့တို့သည် သက်ဆိုင်ရာမြို့နယ်   ဧရိယာအတွင်းမှဖမ်းဆီးရမိရန် စောင့်ဆိုင်းလျက်ရှိရာနံနက်(၉း၄၅) အချိန်တွင် အမြန်လမ်းမကြီး မိုင် တိုင်(၅၆)မိုင်တိတိတွင် ယာဉ်အ မှတ် ၁ခ/၇၁၇၉ဟွန်ဒိုင်း၊ ဟိန်း သစ္စာအမြန်ယာဉ်(၆)ဘီးExpress အား ဖမ်းဆီးရမိခဲ့သည်။

ဖမ်းဆီးရမိပြီး (၁၅)မိနစ်ခန့် အကြာတွင် ပဲခူးတိုင်းဒေသကြီး သစ်တောဦးစီးဌာန ညွှန်ကြားရေး  မှူး၊ဦးကျော်ကျော်လွင်ရောက်ရှိ လာပြီး အနီးကပ်စစ်ဆေးမှုများပြု လုပ်ကာ ဆက်လက်ဆောင်ရွက်ရ မည့် လုပ်ငန်းများကို ဒိုက်ဦးမြို့ နယ်၊ဦးစီးအရာရှိ ဦးသိန်းနိုင်ကြွယ် နှင့်
အဖွဲ့အား ညွှန်ကြားခဲ့သည်။

အဆိုပါအဖွဲ့မှ ဖွင့်ဖောက်ချတိုင်းတာ စစ်ဆေးမှုများပြုလုပ်ခဲ့ရာ ကားပေါ်တွင်တရားမ၀င်ကျွန်းခွဲ သား(၉၀)ချောင်း (၆.၂၁၀၈)တန်
အား ရှာဖွေတွေ့ရှိဖမ်းဆီးရမိသော   ကြောင့် ဒိုက်ဦးမြို့နယ်၊အုတ်ရှစ် ကုန်းရဲစခန်းတွင် (ပ)၄/၂၀၁၃၊ ပပက ၆(၁)ဖြင့် အမှုဖွင့်တိုင်ကြား   ထားကြောင်းသိရှိရသည်။

မောင်ဘုန်း(ဥပဒေ)
The Hot News

ပဲခူးတိုင်းဒေသကြီး၊ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်၊သစ်တော ဦးစီး ဌာနမှ ဦးစီးအရာရှိ ဦးညွှန့်ဝင်းမှ တောအုပ်ကြီးဦးလှသန်း တို့သည် ဖေဖော်ဝါရီ(၄)ရက်၊ နံနက် (၈)နာရီတွင် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး(၁၀၅)မိုင် (၂) ဖာလုံအနီးတွင် တရားမ၀င်သစ် များတင်ဆောင်ထားပြီး မောင်းနှင်လာသည်ဟု မသင်္ကာဖွယ်ရာ အမြန် ယာဉ်(၁)စီး ဖြတ်သွားသည်ကို တွေ့ရှိသောကြောင့်

ဆင်ခေါင်းဖြတ် မှောင်ခိုသမားဟု ယူဆရသူ ၄ ဦးအား ဖမ်းဆီးမိ

Photo: ဆင်ခေါင်းဖြတ် မှောင်ခိုသမားဟု ယူဆရသူ ၄ ဦးအား ဖမ်းဆီးမိ
Friday, February 08, 2013

ဆင်ဦးခေါင်း ဖြတ်၍ မှောင်ခိုလုပ်ကိုင်နေသည်ဟု ယူဆရသူ ၄ ဦးအား ရက်ပိုင်းအတွင်း ဖမ်းဆီးမိပြီဟု ပတ်ဝန်းကျင်ထိန်းသိမ်းရေး နှင့် သစ်တောရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးမြင့်မောင်က ပြောသည်။

၂ဝ၁၂ ခုနှစ် ဒီဇင်ဘာလ အတွင်းနှင့် ၂ဝ၁၃ ခုနှစ် ဇန်န ဝါရီလအတွင်း ဆင်ဦးခေါင်းဖြတ် မှုများ ဧရာဝတီတိုင်းဒေသကြီး နှင့် ပဲခူးရိုးမအတွင်း
ဖြစ်ပွားခဲ့ရာ စုံစမ်းဖော် ထုတ်မှုများအရ ဖမ်း ဆီးမိခဲ့ခြင်းဖြစ်သည်ဟု သိရ သည်။

”မလုပ်လို့လည်း မရဘူး။ အခုတလော ဆင်ဦးခေါင်း ဖြတ် ခံရတာတွေ တော်တော်များများ ဖြစ်နေတယ်”ဟု ဒုတိယဝန်ကြီး က ပြောသည်။ဧရာဝတီတိုင်းဒေသကြီး ငပုတောတွင် ၃ ဦးနှင့် ပဲခူးရိုးမ တွင် ၁ ဦးကို ဖမ်းဆီးထားပြီး ရဲတပ်ဖွဲ့မှ စုံစမ်း စစ်ဆေးမှုများ ပြုလုပ်နေသည် ဟု ၄င်းကဆို သည်။

”ကျွန်တော်တို့ကို မျိုးသုဉ်း ပျောက်ကွယ်တော့မယ့်တိရစ္ဆာန် တွေ ထိန်းသိမ်းတဲ့ ကမ္ဘာ့အဖွဲ့ တွေကလည်း ထောက်ပြနေ တယ်။ နောက်ပြီး ကျွန်တော် တို့ နိုင်ငံမှာလည်း ဒီဆင်က ရှားပါး တိရစ္ဆာန်စာရင်းထဲမှာ ပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ ဖိဖိစီးစီးလုပ်နေတယ်။ စာရင်းတွေသာ မထုတ်ပြန်တာ။ ကျွန်တော်တို့ လုပ်နေ တယ်”ဟု ဒုတိယဝန်ကြီး က ဆက်ပြောသည်။

ဆင်များကို ဖမ်းဆီးသတ် ဖြတ်၍ အစွယ် ကို မှောင်ခိုတင်ပို့ နေမှုအား ဝန်ကြီးဌာနအနေဖြင့် တင်းကျပ်စွာ ကိုင်တွယ်သွားမည် ဟု ဒုတိယဝန်ကြီး ဦးအေးမြင့် မောင်က ပြောသည်။ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်
ကိုယ်စားလှယ်တို့က တိုင်းဒေသကြီးအတွင်း ဆင်ဦးခေါင်းဖြတ်
ခံနေရမှုအပေါ် အဖြစ် မှန်စုံစမ်း၍ တိုင်းဒေသကြီးလွှတ် တော်တွင် တင်ပြရန်စီစဉ်နေ သည်ဟုလည်း သိရှိရသည်။

စီးပွား/ကူးသန်း ပြည် ထောင်စုဝန်ကြီး ဦးဝင်းမြင့်က ပြည်တွင်းမီဒီယာ များနှင့် တွေ့ ဆုံရာ တွင် မြန်မာနိုင်ငံ၏မှောင်ခို ဈေးကွက်မှာ ကျယ်ပြန့်နေပြီး ကြီးမားသည့် ဆင်ကိုပင်လျှင် မှောင်ခိုလုပ်နေသည်ဟု ဖွင့်ဟ ပြောဆို
ခဲ့ဖူးသည်။

ပြီးခဲ့သည့် ဇန်န၀ါရီလ ၂၉ ရက်နေ့က အစွယ်ဖြတ် အသတ်ခံ ထားရသည့် တောဆင် (ဓာတ်ပုံ – ဧရာဝတီ)

PN-051
Popular Myanmar News Journal
ဆင်ဦးခေါင်း ဖြတ်၍ မှောင်ခိုလုပ်ကိုင်နေသည်ဟု ယူဆရသူ ၄ ဦးအား ရက်ပိုင်းအတွင်း ဖမ်းဆီးမိပြီဟု ပတ်ဝန်းကျင်ထိန်းသိမ်းရေး နှင့် သစ်တောရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးမြင့်မောင် က ပြော သည်။

ဆက်သွယ်ရေး ၀န်ကြီး အဖြစ် ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မြတ်ဟိန်း နှင့် နယ်စပ်ရေးရာ ၀န်ကြီးအဖြစ် ဒုတိယ ဗိုလ်ချုပ်ကြီးသက်နိုင်ဝင်းဖြင့် အစားထိုး တာဝန်ပေးမည်

ဆက်သွယ်ရေး သတင်း အချက်အလက်နှင့် နည်းပညာ ၀န်ကြီး ဌာန ပြည်ထောင်စု ၀န်ကြီးအဖြစ်ဗိုလ်ချုပ်ကြီး မြတ်ဟိန်း ခန့်အပ် တာဝန်ပေးနိုင် ရန်နှင့် နယ်စပ်ရေးရာ ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီးဖြစ်သည့် ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဌေးကို စစ်ဘက် ရာထူးပြန်လည် ထမ်းဆောင်ရန်နှင့် နယ်စပ်ရေးရာ ပြည်ထောင်စု ၀န်ကြီးနေရာကို ဒုတိယဗိုလ်ချုပ်ကြီး သက်နိုင်ဝင်းဖြင့် အစားထိုး တာဝန်ပေးရန် နိုင်ငံတော်သမ္မတက ဖေဖော်ဝါရီလ

ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့ကို ထိုင်းဘက်က လျှပ်စစ်ဓါတ်အား ရောင်းချ

ထိုင်းနယ်စပ်အနီးက မြဝတီမြို့ကို ထိုင်းနိုင်ငံဘက်က လျှပ်စစ်ဓါတ်အား ရောင်းချပေးတော့မှာ ဖြစ်ပါတယ်။ ထိုင်း မြန်မာနယ်စပ်မဲဆောက်မြို့ကတဆင့် ရရှိမယ့်လျှပ်စစ်ဓါတ်အားကို မြဝတီမြို့ ကုန်သည်ကြီးများ အသင်း ဥက္ကဌ ဒေါ်သင်းသင်းမြတ် ရဲ့ National Grip Line ကုမ္ပဏီ က မြဝတီမြို့ မှာ ဖြန့်ဖြူးရောင်းချ မှာဖြစ်ပါတယ်။

သူရဘွဲ့ ၃ ဦး နှင့် သူရဲကောင်းမှတ်တမ်းဝင် ၂၅ ဦး သမ္မတ ချီးမြှင့်

Photo: သူရဘွဲ့ ၃ ဦး နှင့် သူရဲကောင်းမှတ်တမ်းဝင် ၂၅ ဦး သမ္မတ ချီးမြှင့်
Friday, February 08, 2013

၂၀၁၂ ခုနှစ်အတွက် စစ်ဘက်ဆိုင်ရာ ဘွဲ့တံဆိပ်တွေကို သမ္မတက လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်ကြောင်း ၂၀၁၃ ဖေဖော်ဝါရီပြန်တမ်း
ဖော်ပြချက်အရ သိရပါတယ်။

စစ်ဘက်ဆိုင်ရာ ဘွဲ့တံဆိပ်တွေအနက် အမြင့်ဆုံးဖြစ်တဲ့ အောင်ဆန်းသူရိယ၊ သီဟသူရ ဘွဲ့တံဆိပ်ရသူ မရှိဘဲ သူရဘွဲ့ရသူ ၃ ယောက်နဲ့ သူရဲကောင်း
မှတ်တမ်းဝင် တံဆိပ်ရရှိသူ ၂၅ ယောက် ပါရှိပါတယ်။

ဗိုလ်ချုပ်ကြီးလှဌေးဝင်း၊ ဒု-ဗိုလ်ချုပ်ကြီး ၃ ယောက် အပါအ၀င် ဒုတပ်ကြပ်ကနေ အထက်အဆင့် အရာရှိ၊ အရာခံ အကြပ် စုစုပေါင်း ၁၅၁၇ ယောက်ကိုတော့ စစ်မှုထမ်း သင်္ဂဟတံဆိပ် အပ်နှင်းလိုက်ကြောင်း
ပြန်တမ်းမှာ ဖော်ပြထားပါတယ်။

Opposite Eye
၂၀၁၂ ခုနှစ်အတွက် စစ်ဘက်ဆိုင်ရာ ဘွဲ့တံဆိပ်တွေကို သမ္မတက လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်ကြောင်း ၂၀၁၃ ဖေဖော်ဝါရီပြန် တမ်း ဖော်ပြချက်အရ သိရပါတယ်။
စစ်ဘက်ဆိုင်ရာ ဘွဲ့တံဆိပ်တွေအနက် အမြင့်ဆုံးဖြစ်တဲ့ အောင်ဆန်း သူရိယ၊ သီဟသူရဘွဲ့တံဆိပ်ရသူမရှိဘဲ သူရဘွဲ့ရသူ ၃ ယောက်နဲ့ သူရဲကောင်းမှတ်တမ်းဝင် တံဆိပ်ရရှိသူ ၂၅ ယောက် ပါရှိပါတယ်။

Thursday, February 7, 2013

မလေးရှားနှင့်မြန်မာ သိပ္ပံနှင့် နည်းပညာပူးပေါင်း ဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာတစ်ရပ် ရေးထိုး

Photo: မလေးရှားနှင့်မြန်မာ သိပ္ပံနှင့် နည်းပညာပူးပေါင်း
ဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာတစ်ရပ် ရေးထိုး
Wednesday, February 06, 2013

မလေးရှားနှင့် မြန်မာတို့သည် နှစ်နိုင်ငံ သိပ္ပံနှင့် နည်းပညာ ပူးပေါင်းဆောင်ရွက်ရေးအတွက် နားလည်မှုစာချွန်လွှာတစ်ရပ် လက်မှတ်ရေးထိုးခဲ့ ကြောင်း သိရသည်။

အဆိုပါ စာချုပ် ကို မလေးရှား သိပ္ပံနှင့်နည်းပညာဝန်ကြီး
ဒါတွတ် ဆီရီ မက်ဆီးမတ် ဂျွန်နီတီ အောင်ကီလီနှင့် မြန်မာ့
သိပ္ပံနှင့် နည်းပညာဝန်ကြီး ဒေါက်တာကိုကိုတို့ သဘောတူ လက်မှတ်ရေးဖိုးခဲ့ခြင်းဖြစ်သည်။

နားလည်မှုစာချွန်လွှာတွင် နှစ်နိုင်ငံစလုံး၏ စီးပွားရေး တိုးတက်
စေရေးအတွက် သိပ္ပံနှင့်နည်းပညာဆိုင်ရာ နည်းလမ်းများ ဝေမျှ
သွားရန် ၊ တက္က သိုလ်များ၊အဖွဲ့ အစည်များ၊ အသင်းအဖွဲ့ များ
အပါအဝင် အများပြည်သူဆိုင်ရာနှင့် ပုဂလိကကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများပြုလုပ်ရန် စသည့်အချက်များလည်း
ပါဝင်သည်။

မလေးရှား သိပ္ပံနှင့်နည်းပညာဝန်ကြီး အောင်ကီလီက “ဒီ နားလည်မှုစာချွန်လွှာဟာ နှစ်နိုင်ငံစလုံးရဲ့ သိပ္ပံနဲ့ နည်းပညာ
ဆိုင်ရာ စွမ်းဆောင်ရည် တွေကို ပိုအားကောင်းစေပြီး အပြန်အလှန်အကျိုးဖြစ်ထွန်းနိုင်တဲ့ နယ်ပယ်တွေမှာ ပူးပေါင်းဆောင်ရွက်ကြတဲ့ ဆက်ဆံရေးတွေကို ချဲ့ထွင်
နိုင် မှာပါ”ဟု ပြောကြားသည်။

မြန်မာနှင့် မလေးရှားတို့သည် သိပ္ပံနှင့်နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ပူးတွဲကော်မတီတစ်ရပ်ကိုလည်း တည်ထောင်သွားမည်ဟု သိရသည်။

Ref: New Strait Times
The Myanma Ageမလေးရှားနှင့် မြန်မာတို့သည် နှစ်နိုင်ငံ သိပ္ပံနှင့် နည်းပညာ ပူးပေါင်းဆောင်ရွက်ရေးအတွက် နားလည်မှုစာချွန်လွှာတစ်ရပ် လက် မှတ်ရေးထိုး ခဲ့ ကြောင်း သိရသည်။

မက္ကဆီကိုမှ ရေအောက်ပြတိုက်

Photo: မက္ကဆီကိုမှ ရေအောက်ပြတိုက်
Wednesday, February 06, 2013

အင်္ဂလိပ်လူမျိုး Jason deCAires Taylor အမည်ရ ပန်းပု ဆရာက ထွင်းထု လိုက်တဲ့ ပန်းပုလက်ရာများ ဖြစ်ပါတယ်။

မက္ကဆီကိုနိုင်ငံ အရှေ့ တောင်ပိုင်း Cancun ဆိပ်ကမ်းမြို့ အနီးက ပင်လယ် တစ်နေရာမှာ ထွင်းထုထားတာ ဖြစ်ပါတယ်။ စုစုပေါင်း ရုပ်ထုပေါင်း ၄၀၀ ကျော်ရှိပါတယ်။ အားလုံးကို ရေအောက်က သဘာဝ ကွန်ကရစ်များနဲ့ ထုလုပ်ပြီး သန္တကျောက်တန်းရှင်သန်ရာ နေရာတွေမှာ ထားပါ တယ်။
ရေအောက် ပန်းပု အနုပညာ ပြတိုက်တစ်ခု အနေနဲ့ ထားရှိပြီး ရေငုပ်ရန် လာသော ကမ္ဘာ့လှည့်ခရီးသည် များအတွက် လည်ပတ်စရာ နေရာ တစ်ခုအဖြစ် တည်ရှိစေပါတယ်။

ကမ္ဘာကြီး ပူးနွေးလာမှုကို သတိထားရန်၊ သန္တာကျောက်တန်းများကို ထိန်းသိမ်း စေရန်ရည်ရွယ်ချက်ကနဲ့ ၂၀၀၉ ကစလို့ ဖန်တီးထုတ်လုပ်ခဲ့ တာ ဖြစ်ပါတယ်။ ယနေ့မှာတော့ Cancun Underwater Museum ဟာ အလည်အပတ်များတဲ့ ရေအောက် ကမ္ဘာ့အလှအပ နေရာတစ်ခုအဖြစ် အသတ်မှတ်ခံထား ရကြောင်း သိရပါတယ်။

Ref:wiki
International news for myanmar

http://www.innewsmyanmar.com/2013/02/blog-post_6.html

--အင်္ဂလိပ်လူမျိုး Jason deCAires Taylor အမည်ရ ပန်းပု ဆရာက ထွင်းထု လိုက်တဲ့ ပန်းပုလက်ရာများ ဖြစ်ပါတယ်။

မက္ကဆီကိုနိုင်ငံ အရှေ့ တောင်ပိုင်း Cancun ဆိပ်ကမ်းမြို့ အနီးက ပင်လယ် တစ်နေရာမှာ ထွင်းထုထားတာ ဖြစ်ပါတယ်။ စုစုပေါင်း ရုပ်ထုပေါင်း ၄၀၀ ကျော်ရှိပါတယ်။ အားလုံးကို ရေအောက်က သဘာဝ ကွန်ကရစ်များနဲ့ ထုလုပ်ပြီး သန္တကျောက်တန်းရှင်သန်ရာ နေရာတွေမှာ ထားပါ တယ်။

မကြာမီ ထွက်ရှိမည့် Lexus LF-LC

Photo: မကြာမီ ထွက်ရှိမည့် Lexus LF-LC
Wednesday, February 06, 2013

Lexus LF ဆိုတာ တိုယိုတာ ဂျပန်မှ အနာဂတ်မှာ ထုတ်လုပ်မယ့်
Lexus ဇိမ်ခံ ကားများ ဖြစ်ပါတယ်။

ယင်းကားထဲမှာမှ ဒီဇိုင်းခပ်လန်းလန်း တစ်စီးကတော့ Lexus LF-LC ဖြစ်ပါတယ်။ ၂၀၁၂၊ ဇန်နဝါရီလက ဒတ်ထရွိုက်မော်တော် ယာဉ် ပြပွဲမှာ ဝင်ရောက်ပြသမည့် ကား မဂ္ဂဇင်းတွေထဲမှာလည်း မျက်နှာဖုံးအနေနဲ့ ပါဝင်ခဲ့ပါတယ်။ ယခုထိတော့ ဈေးကွက် မရောက်ရှိ သေးပါဘူး။ သို့ပေမယ့် မကြာမီ ဖြန့်ချိတော့မှာ ဖြစ်ပါတယ်။

ပုံမှာ မြင်တွေ့ရတဲ့အတိုင်း ဒီဇိုင်းကတော့ အသားနားဆုံးပဲ ဖြစ်ပါတယ်။
ရှေ့ အင်ဂျင် နောက်ဘီးမောင်းစနစ်၊ အတွင်းခန်းတွင်၁၂ လက်မ LCD တပ် ထိန်းချုပ်စနစ်၊ တံခါးလက်ကိုင်တွင် စမတ်ဖုန်းအရွယ် Touch screen ထိန်းချုပ် စနစ် ပါဝင်၊ ဟိုင်းဘရစ် ကားအမျိုးအစား ဖြစ်ပါတယ်။

ဒီအတွက် အင်ဂျင်ပါဝါ ဘယ်လောက်ရှိမယ်။ ဟိုင်းဘရစ်ဘက်ထရီ ဘယ်လောက် စွမ်းမယ် ဆိုတာကိုတော့ အတိအကျ မကြေညာသေးပါဘူး။ သို့ပေမယ့် ပါဝါကြီးကြီး ကားတွေထဲမှာ ပါဝင်မှာ ဖြစ်တယ်လို့ ခန့်မှန်း
ထားကြ ကြောင်း သိရပါတယ်။

Ref: autoblog
Aung Kham (TSJ team)

http://blog.techspace.com.mm/2013/02/lexus-lf-lc.html

TechSpace JournalLexus LF ဆိုတာ တိုယိုတာ ဂျပန်မှ အနာဂတ်မှာ ထုတ်လုပ်မယ့်
Lexus ဇိမ်ခံ ကားများ ဖြစ်ပါတယ်။

ဝန်ကြီးသစ် ဂျွန်ကယ်ရီက မြန်မာအမျိုးသမီးခေါင်းဆောင်၎ ဦးနှင့် တွေ့ဆုံ

Photo: ၀န်ကြီးသစ် ဂျွန်ကယ်ရီက မြန်မာအမျိုးသမီးခေါင်းဆောင်၎ ဦးနှင့် တွေ့ဆုံ
Thursday, February 07, 2013

အမေရိကန် ပြည်ထောင်စုမှာ နိုင်ငံခြားရေး ၀န်ကြီးသစ်ဖြစ်လာတဲ့ မစ္စတာ ဂျွန်ကယ်ရီ ဟာ မြန်မာ အမျိုးသမီးခေါင်းဆောင်တွေကို ၀ါရှင်တန် ဒီစီရှိ နိုင်ငံခြားရေးဌာနမှာ ဖေဖော်ဝါရီလ ၆ ရက်နေ့  နံနက်ပိုင်းက လက်ခံတွေ့ဆုံခဲ့ပါတယ်။

မဇင်မာအောင်အပါအ၀င် မြန်မာအမျိုးသမီးခေါင်းဆောင် ၄ ဦးတို့ဟာ အမေရိကန်ပြည်ထောင်စုကို ယခု သတင်းပတ်မှာ
ရောက်နေကြတာဖြစ်ပါတယ်။

ဓာတ်ပုံ- State Department (U.S)
ဧရာဝတီအမေရိကန် ပြည်ထောင်စုမှာ နိုင်ငံခြားရေး ၀န်ကြီးသစ်ဖြစ်လာတဲ့ မစ္စတာ ဂျွန်ကယ်ရီဟာ မြန်မာ အမျိုးသမီးခေါင်းဆောင်တွေကို ၀ါရှင်တန် ဒီစီရှိ နိုင်ငံခြားရေးဌာနမှာ ဖေဖော်ဝါရီလ ၆ ရက်နေ့ နံနက်ပိုင်းက လက်ခံတွေ့ဆုံခဲ့ပါတယ်။

မီးမလာမည်ကိုစိုးရိမ်သလောက် ပုလဲစံပြရွာလေးတွင် လျှပ်မီးမသုံးရဲသလောက်ကြောက်နေ

Photo: မီးမလာမည်ကိုစိုးရိမ်သလောက် ပုလဲစံပြရွာလေးတွင် လျှပ်မီးမသုံးရဲသလောက်ကြောက်နေ
Thursday, February 07, 2013

ရန်ကုန်တိုင်း၊ သုံးခွမြို့နယ်၊ ပုလဲစံပြကျေးရွာတွင် ၂၀၀၈
ခုနှစ်၌ သိန်းတစ်ထောင်ခန့် အကုန်ကျခံ၍ ကိုယ့်အားကိုကိုး မီးရရှိရေး ဆောင်ရွက်ထားသော်လည်း အိမ်သုံးမီတာခနှင့်
လမ်းမီး မီတာခများအပြင် ယခုအခါ လေးနှစ်အတွင်း
လေလွင့်လျှပ်စစ်မီတာခ သိန်းပေါင်းများစွာကို ပေးချေရန်
သုံးခွမြို့နယ် လျှပ်စစ်ရုံးမှ တောင်းခံနေသောကြောင့်
ကျေးရွာသားများ မီးမသုံးရဲသလောက်ပင် ဖြစ်နေကြသည်ဟု
ကျေးရွာမီးလင်းရေးကော်မတီ ဥက္ကဌ ဦးအေးသွင်က
ပြောကြားသည်။

လေလွင့်လျှပ်စစ်မီတာခအား ၂၀၁၀ပြည့်နှစ်တွင် စတင်ပေး
ဆောင်ရန် သုံးခွမြို့နယ် လျှပ်စစ်အုပ်ချုပ်ရေးမှူးက အကြောင်းကြားပြီးနောက် ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အား
ပေးရေးအဖွဲ့ သုံးခွမြို့နယ် အုပ်ချုပ်ရေးမှူး ဦးထက်နိုင်က
၂၀၁၂ခုနှစ် ဇန်နဝါရီလ ၉ရက်နေ့ရက်စွဲဖြင့် ကျေးရွာမီးလင်းရေး
ကော်မတီသို့ စာအမှတ် ၀၃၂/သခမ(ဘ)/၂၀၁၂ဖြင့် ကွာခြားယူနစ်မီတာခ ငွေကျပ် ၆၉သိန်းကျော်အား
လည်းကောင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးခင်မောင်ထွန်းက
သြဂုတ်လ ၁၇ရက်နေ့တွင် ၃၈သိန်းကျော်အား လည်းကောင်း တောင်းခံထားသော အကြောင်းကြား
စာများကိုတွေ့ရသည်။

ကျေးရွာမီးလင်းရေး ကော်မတီဝင်များသည် ကိုယ့်အားကိုကိုး လျှပ်စစ်မီးရရှိရန် ဆောင်ရွက်စဉ်ကပင် အိမ်သုံးမီတာခများ၊
လမ်းမီးအချောင်း (၈၀)အတွက် သီးခြားမီတာခအားနှင့် မီတာထိမ်းသိမ်း စောင့်ရှောက်ခများကို လစဉ်ပေးသွင်းခဲ့ကြရပြီး
စာချုပ်တွင် မပါဝင်သော လေလွင့်မီတာခ (ခြားနားယူနစ်ခ)များအား တစ်ကြိမ်တစ်ခါမျှ ပေးသွင်းခဲ့ခြင်းမရှိကြောင်း ပြောကြားသည်။

မီးလင်းရေးကော်မတီဝင် တစ်ဦးဖြစ်သူ ဦးစိုးပိုင်က"အစိုးရက တိုက်ရိုက်ချပေးတဲ့ရွာတွေက ကွာခြားယူနစ်ဖိုး မပေးရဘဲ
ကျွန်တော်တို့ ရွာသားတွေကို တောင်းနေတော့ ပြည်သူချင်းတူပေမဲ့ ခွဲခြားဆက်ဆံ ခံနေရတယ်လို့ ကျွန်တော်တို့ ခံစားရပါတယ်" ဟုပြောကြားသည်။

အဆိုပါ သုံးခွမြို့နယ်အတွင်းရှိ ကျေးရွာများတွင် လျှပ်စစ်မီးများ ရရှိထားသော်လည်း ကိုယ့်အားကိုကိုး မီးရရှိရေး ကြိုးစားထားသော ရွာများတွင် ယခုကဲ့သို့ အတောင်းခံနေရကြောင်းနှင့် အချို့ရွာများတွင် ပေးဆောင်နေကြရကြောင်း ဆက်လက် သိရသည်။

ယင်းကွာခြားယူနစ်ခနှင့် ပတ်သက်၍ ပုလဲမီးလင်းရေးကော်မတီကို ၈.၂.၂၀၁၃ရက်နေ့တွင် မြို့နယ်လျှပ်စစ်ရုံးသို့ လာရောက်ရန် အကြောင်းကြားထားသော စာကိုလည်း ၎င်းတို့ထံမှ တွေ့ရသည်။ သုံးခွမြို့နယ် တစ်ခုတည်း၌ ကိုယ့်အားကိုကိုး မီးလင်းထားသောရွာ ၁၂ရွာခန့်ရှိကြောင်း သိရသည်။

ထို့ပြင် ယင်းကွာခြားယူနစ်ခများ တောင်းခံသော အကြောင်းကြားစာများတွင် မပေးဆောင်ပါက လျှပ်စစ်မီး ဖြတ်တောက်မည့်အပြင် အရေးယူဆောင်ရွက်မည်ဟု ပါရှိသောကြောင့် ဒေသခံများသည် မီးဖြတ်တောက်မည်နှင့် အရေးယူမည်ကို စိုးရိမ်နေကြကြောင်း သိရသည်။

အောင်သိုက်
The Myanma Ageရန်ကုန်တိုင်း၊ သုံးခွမြို့နယ်၊ ပုလဲစံပြကျေးရွာတွင် ၂၀၀၈ ခုနှစ်၌ သိန်းတစ်ထောင်ခန့် အကုန်ကျခံ၍ ကိုယ့်အားကိုကိုး မီးရရှိရေး ဆောင်ရွက် ထားသော်လည်း အိမ်သုံးမီတာခနှင့် လမ်းမီး မီတာခများအပြင် ယခုအခါ လေးနှစ်အတွင်း လေလွင့်လျှပ်စစ်မီတာခ သိန်းပေါင်းများစွာကို ပေးချေရန် သုံးခွမြို့နယ် လျှပ်စစ်ရုံး မှ တောင်းခံနေသောကြောင့် ကျေးရွာသားများ မီးမသုံးရဲ သလောက်ပင် ဖြစ်နေကြသည်ဟု ကျေးရွာမီးလင်းရေးကော်မတီ ဥက္ကဌ ဦးအေးသွင်က ပြောကြားသည်။

Friday, January 25, 2013

၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ အကြို

Photo: ကရာတေးဒို အဖွဲ့ချုပ် ရန်ပုံငွေဖျော်ဖြေပွဲ Iron Cross တေးဂီတ အဖွဲ့က Kick Rock Show အမည်ဖြင့် မန္တလေးမြို့တွင်ဖျော်ဖြေမည်
Thursday, January 24, 2013

၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ အကြို
မြန်မာနိုင်ငံကရာတေးဒို အဖွဲ့ချုပ် ရန်ပုံငွေဖျော်ဖြေပွဲ အဖြစ် မန္တလေးမြို့
မြို့တော်ဥယျာဉ် အားကစားကွင်း၌ Iron Cross တေးဂီတ အဖွဲ့က Kick Rock Show အမည်ဖြင့် ဇန်နဝါရီလ ၂၆ ရက်နေ့ ညနေ ၄ နာရီတွင်
ဖျော်ဖြေမည်ဖြစ်ကြောင်း မန္တလေးတိုင်း ဒေသကြီး ကရာတေးဒို ဆပ်ကော်မတီ အတွင်းရေးမှူး ဦးဇော်နိုင်က ပြောကြားသည်။

The Voice Weekly မြန်မာနိုင်ငံကရာတေးဒို အဖွဲ့ချုပ် ရန်ပုံငွေဖျော်ဖြေပွဲ အဖြစ် မန္တလေးမြို့ မြို့တော်ဥယျာဉ် အားကစားကွင်း၌ Iron Cross တေးဂီတ အဖွဲ့က Kick

ခါယာ တောင်တန်း ၏ ခံစားချက် မျက်ရည် နှင့် KIA ၏ ကံကြမ္မာ တိုက်ပွဲ

Photo: ခါယာ တောင်တန်း၏ ခံစားချက် မျက်ရည် နှင့် KIA ၏ ကံကြမ္မာ တိုက်ပွဲ

Thursday, January 24, 2013

လက်နက်ကြီးများဖြင့် မြေဆူလောက်အောင် ပစ်ခတ်ချေမှုန်းပြီးမှ ယနေ့ညနေ (၄)နာရီအချိန်မှစပြီး အစိုးရမြေပြင် တပ်ဖွဲ့များသည် လိုင်ဇာအနီးရှိ ခါယာတောင်ကျောကို ပြင်းထန်စွာစတင်စစ်ဆင်ခဲ့သည်ဟု KIA ရှေ့တန်းတာဝန်ရှိသူ တဦးကဆိုပါသည်။

“ ဒီနေ့ (၁) နာရီခွဲ အချိန် ကနေ စပြီးတော့ ခါယာ တောင်ကျောကို လက်နက်ကြီး တွေနဲ့ ပစ်လိုက်တာ နားထောင် သူတွေ အဖို့တောင် ခံစား ရတယ်ဗျ။ တမိနစ်ကို လက်နက်ကြီး (၄)လုံး နှုန်းနဲ့ ပစ်နေတာကို သတိထား မိတယ်။ ဒီတော့ နေ့လည် တနာရီခွဲ ကနေ ပစ်တာ ညနေ (၄ )နာရီ အထိလေ။ ထိခိုက်မှုတော့ သိပ်မစိုးရိမ် ရပါဘူး။ ဒါပေမဲ့ လက်နက်အသံ တွေက ကြာလာရင် နားအူ တယ်ဗျ။ လက်နက် ကြီးလည်း ရပ်ရော မြေပြင် တပ်က အပြင်း ထိုးတက် လာတာ ပါဘဲဗျ” ဟု ဆိုပါသည်။

အစိုးရ လက်နက် ကြီးများသည် ဗန်းမော်-မြစ်ကြီးနား ကားလမ်း အနီးရှိ တာပ်ဘွန် တောင်မှ အလက်ပေါင်း များစွာဖြင့် ပစ်ခတ် နေခဲ့ ပါသည်။ ထို့အပြင် ခါယာတောင် အနီးရှိ ပွိုင့် (၇၇၁) မှလည်း အနီးကပ် ပစ်ခတ် ခဲ့ပါသည်။ အစိုးရ မြေပြင်တပ် များသည်လည်း ယမာန်နေ့ ကတည်းက KIA မြေပြင် တပ်ဖွဲ့နှင့် အနီးကပ် တပ်စွဲ ထားခဲ့ ပါသည်။

(၄) နာရီ ထိုးသည့်အခါ လက်နက်ကြီး ပစ်ခတ်မှုများ ရပ်စဲ သည်နှင့် အစိုးရ မြေပြင် တပ်များသည် အပြင်း အထန် ထိုးစစ် စတင် ခဲ့ခြင်း ဖြစ်ပါသည်။ ထိုင်းစံတော်ချိန် ညနေ (၅) နာရီ အထိ တိုက်ပွဲ ပြင်းထန်ဆဲ ဖြစ်ပါသည်။

အစိုးရ တပ်များသည် တရက် အတွင်း ခါယာ တောင်ကျောကို သိမ်းပိုက်ရန် အစီ အစဉ် ရှိသည်ဟု KIA ဖက်က ဆိုပါသည်။ တချိန် ထဲ၌ အစိုးရ လက်နက်ကြီး များသည် ခါယာတောင်ကျောကို အပစ်ရပ် သွားခဲ့ သော်လည်း KIA ဌာနချုပ်ကို ပွိုင့် (၇၇၁) စခန်းရှိ လက်နက်ကြီး များက ဆက်လက် ပစ်ခတ် နေခဲ့ ပါသည်။

နှစ်ဖက် စလုံး အထိအခိုက် အကျအဆုံး များလိမ့်မည် ဖြစ်သည်။ KIA သည် မဆုတ်တမ်း ခံတိုက်မည် ဖြစ်သလို အစိုးရဖက် မှလည်း အစိုးရ ဂုဏ်သိက္ခာ အရ အပြီးအပြတ် တိုက်ခိုက် ရတော့မည် ဖြစ်သည်။ KIA မှ ခံစစ်သေနှင့် ရင်ဆိုင် နေသဖြင့် အစိုးရ ဖက်ကလည်း အဆပေါင်း များစွာသာသော စစ်အင် အားကို သုံးပြီး တိုက်ခိုက် နေတော့သည်။

KIA ၏ ခံစစ် သေနင်္ဂ စစ်ဗျူဟာသည် အစိုးရ ကြိုက်နှစ် သက်သော ဗျူဟာမျိုး ဖြစ်သည်။ ခံစစ်သေသည် တပ်တည် နေရာ ပေးပြီးသား ဖြစ်သဖြင့် အစိုးရ အတွက် ပစ်မှတ် ရှာစရာ မလိုဘဲ စစ်အင်အား တိုးမြှင့်ပြီး အပြီး တိုက်ရန်သာ စစ်ဆင်ရ တော့မည် ဖြစ်သည်။

အစိုးရ စစ်ဗျူဟာသည် KIA တပ်မဟာ များမှ ဗဟို လိုင်ဇာ ဌာနချုပ်ကို စစ်ကူ မပေး နိုင်ရန် စစ်ကြောင်း များဖြင့် ထိမ်းထား ခဲ့ပြီးမှ လိုင်ဇာကို ချေမှုန်း နေခြင်း ဖြစ်သည်။ ထို့အပြင် KIA သည် ရှိသမျှ အင်အား များကို တနေရာ ထဲ၌ စုပုံပြီး ခံတိုက် နေခြင်းသည် အစိုးရ အတွက် အင်အား သုံးပြီး ၀ိုင်းဝန်း ချေမှုန်း နေခဲ့ခြင်း ဖြစ်ပါသည်။

ဤသို့ကြောင့် အစိုးရသည် ဗန်းမော်-လိုင်ဇာ လမ်းကြောင်းရှိ ဒေါ့ဖုန်ယန်သို့ သံချပ်ကာကား အပါဝင်၊ ရေတပ် အဖွဲ့များပါ ခေါ်ယူ အင်အား ဖြည့်ထား ခဲ့ပါသည်။ အင်အား အနေဖြင့် နှိုင်းယှဉ် ရသော် လိုင်ဇာ ပတ်ဝန်း ကျင်၌ KIA အင်အား ထက် အဆ (၄၀) မျှ ရှိသော အင်အားနှင့် အစိုးရက တိုက်ခိုက် နေခြင်း ဖြစ်ပါသည်။ အစိုးရ တပ်များသည် လိုင်ဇာကို ၀ိုင်းရံ ထားပြီး

အင်အားဖြင့် ချေမှုန်း နေသည့်အသွင် ဆောင်နေ ခဲ့ပါသည်။

ခါယာ တောင်တန်းသည် KIA ဌာနချုပ်ကို ထိမ်းချုပ်ရန် စစ်ရေး အချက်အချာ ကျသည့် စိုးမိုး တောင်ကျော ဖြစ်ပါသည်။ ဤတောင်ကျောကို မရမချင်း စစ်ရပ် စဲရန် အစိုးရဖက်မှ မည်မျှပင် ဂတိပေး သော်လည်း စစ်ဆင်ရေး ရပ်လိမ့်မည် မဟုတ်ဟု စစ်ရေး အကဲခတ် များက ဆိုပါသည်။ သို့သော် KIA သည် ဤတောင်ကုန်းကို ရွံ့ရွံ့ချွန်ချွန် ခံတိုက် သွားမည်ဟု ဆိုထား ပါသည်။ ယနေ့ တိုက်ပွဲတွင် ညနေ (၅) နာရီအထိ လေကြောင်း အသုံးပြုခြင်း မရှိခဲ့ပေ။

အစိုးရ၏ နောက်တန်း စခန်းကို KIA ထိုးဖေါက်ရန် အခြေအနေ နည်းလာ နေပါသည်။ ဤသို့ မလုပ်နိုင် လေလေ အထိနာ လေလေ ဖြစ်တော့ မည်ဟု စစ်ရေး အကဲခတ် များက ဆိုပါသည်။ ဤအချိန်၌ KIA သည် အခြား တပ်မဟာ များ၏ အင်အား များကို အသုံးပြုပြီး စစ်မျက်နှာဖြန့်ကာ အစိုးရ၏ နောက်ကြောင်း များကို စစ်ဆင်လျှင် ရှေ့တန်း တပ်များ ထိမ်းရခက် ပေလိမ့်မည်ဟု စစ်ရေး အကဲခတ် များက ယူဆပါသည်။

အစိုးရ၏ ယခု စစ်ဆင် ရေးသည် KIA အား အပြီးသတ် စစ်ဆင်ရန် တိုက်ပွဲ ဆင်နွှဲ နေခြင်း ဖြစ်ဖွယ် ရှိနေ ပါသည်။ ထို့အပြင် စိတ်ဓါတ် စစ်ဆင်ရေးလည်း များစွာ ပြုလုပ် နေပါသည်။ ကချင် ရွာသား များကို နှိပ်စက်ခြင်း၊ စစ်မြေပြင် ဓါးစားခံ ပြုလုပ်ခြင်း၊ ဒုက္ခသည်များ ဖြစ် စေရန် ဖန်တီးခြင်း၊ ရွာမီး ရှို့ခြင်း၊ လုယူသိမ်းဆည်း ဖျက်စီးခြင်း၊ သတင်း အလိမ် များနှင့် မဟုတ်မမှန် ၀ါဒ ဖြန့်ခြင်းများ အပါဝင် လူမျိုးရေး ခွဲခြား ချိုးနှိမ် မှုများလည်း ပြုလုပ် နေသည်ဟု ဆိုပါသည်။

(ရွှေဟင်္သာ သတင်းဌာန)
လက်နက်ကြီးများဖြင့် မြေဆူလောက်အောင် ပစ်ခတ်ချေမှုန်းပြီးမှ ယနေ့ညနေ (၄)နာရီအချိန်မှစပြီး အစိုးရမြေပြင် တပ်ဖွဲ့များသည် လိုင်ဇာအနီးရှိ ခါယာတောင်ကျောကို ပြင်းထန်စွာ စတင်စစ်ဆင်ခဲ့

KIA အဖွဲ့က တပ်စခန်းတစ်ခုနှင့် တံတားလုံခြုံရေးရဲကင်းအား ပစ်ခတ်တိုက်ခတ်

Thursday, January 24, 2013

ဝယ်သူစိတ်ကြိုက် ဝန်ဆောင်မှုပေးမည့် Dodge Dart 013

Photo: ဝယ်သူစိတ်ကြိုက် ဝန်ဆောင်မှုပေးမည့် Dodge Dart 013
Thursday, January 24, 2013

အမေရိကန် Chrysler ကထုတ်တဲ့ Dodge Dart ဟာ ဟိုးအရင်တွေ ကတည်းက ရှိတာ ဖြစ်ပါတယ်။ သို့ပေမယ့် တစ်ခေတ်ဆန်း ပြန်ထတာ ကတော့ ၂၀၁၂ က ဖြစ်ပြီး ယခု ၂၀၁၃ မှာ ထူးခြားတဲ့ အစီအစဉ် တစ်ခု
ပေးပါတယ်။

ဒါကတော့ ကိုယ်လိုသလို ကားရဲ့  အစိတ်အပိုင်းများကို ဝယ်ယူမှာ အော်ဒါ မှာ နိုင်မှု ဖြစ်ပါတယ်။ ပုံမှာ မြင်တွေ့ရတဲ့အတိုင်း ကားကို ကွန်ပြူတာနဲ့ ကိုယ်တိုင် အစိတ်အပိုင်းတပ် တည်ဆောက်နိုင်ပြီး စိတ်ကြိုက် တွေ့ပြီဆိုမှ မှာယူလို့ ရပါတယ်။ ဒီအတွက် ကန့်သတ်ချက်များ ထားရှိထားပေမယ့်
တော် တော်များများ ရွေးချယ်စရာ ရှိပါတယ်။

အင်ဂျင်ပါဝါ ၁၄၀၀ မှ ၂၄၀၀ စီစီ ကြား တာဘိအင်ဂျင်တပ် ကားများ ဖြစ်ပြီး ဆလွန်း (Sedan) ထဲမှာ Chrysler ရဲ့  ဆီစား အသက်သာဆုံးကား ဖြစ်လာ မည် ဖြစ်ကြောင်း သိရပါတယ်။

Ref: autoblog
http://www.colayonline.com.mm/automobile
ColayOnline:Automobileအမေရိကန် Chrysler ကထုတ်တဲ့ Dodge Dart ဟာ ဟိုးအရင်တွေ ကတည်းက ရှိတာ ဖြစ်ပါတယ်။ သို့ပေမယ့် တစ်ခေတ်ဆန်း ပြန်ထတာ ကတော့ ၂၀၁၂ က ဖြစ်ပြီး ယခု ၂၀၁၃ မှာ ထူးခြားတဲ့ အစီအစဉ် တစ်ခု
ပေးပါတယ်။

၂ဝ၁၂-၂ဝ၁၃ ဘိန်းစိုက်ရာသီအတွင်း ဘိန်းခင်း ၇၂၃၇၆.၇၅ ဧက (၂၉၂၉ဝ.၄၇)ဟက်တာ ဖျက်ဆီးနိုင်ခဲ့

Photo: ၂ဝ၁၂-၂ဝ၁၃ ဘိန်းစိုက်ရာသီအတွင်း ဘိန်းခင်း ၇၂၃၇၆.၇၅ ဧက (၂၉၂၉ဝ.၄၇)ဟက်တာ ဖျက်ဆီးနိုင်ခဲ့
Thursday, January 24, 2013

၂ဝ၁၂-၂ဝ၁၃ ခုနှစ်၊ ဘိန်းစိုက်ရာသီအတွင်း ဘိန်းခင်းများရှာဖွေ
ဖျက်ဆီးလျက်ရှိရာ ၁-၉-၂ဝ၁၂ ရက်နေ့မှ ၁၄-၁-၂ဝ၁၃ ရက်နေ့အထိ တိုင်းဒေသကြီး/ပြည်နယ်များအလိုက် ဘိန်းခင်း ၇၁၅ဝ၉.၈ဝ ဧက (၂၈၉၃၉.၆၂)ဟက်တာ ဖျက်ဆီးနိုင်ခဲ့ပြီးဖြစ်သည်။

ဆက်လက်၍ ၁၅-၁-၂ဝ၁၃ ရက်နေ့မှ ၂၁-၁-၂ဝ၁၃ ရက်နေ့အထိ တိုင်းဒေသကြီး/ပြည်နယ်များအလိုက် ဘိန်းခင်းဖျက်ဆီးမှုများမှာ ရှမ်းပြည်နယ်၊ ပင်လောင်းမြို့နယ်အတွင်းရှိ ဘိန်းခင်း (၄၆၆)ဧက၊ ဆီဆိုင်မြို့နယ်အတွင်းရှိ ဘိန်းခင်း (၁၄၂.၅ဝ)ဧက၊ ဖယ်ခုံမြို့နယ်
အတွင်းရှိ ဘိန်းခင်း (၅၈)ဧက၊ ဟိုပုံးမြို့နယ်အတွင်းရှိ ဘိန်းခင်း (၂၅)ဧက၊ လားရှိုးမြို့နယ် အတွင်းရှိ ဘိန်းခင်း (၂၉.၅ဝ)ဧက၊ တန့်ယန်းမြို့နယ်
အတွင်းရှိ ဘိန်းခင်း (၁၂၂.၅ဝ)ဧက၊ ကွတ်ခိုင်မြို့နယ်အတွင်းရှိဘိန်းခင်း (၁၁.၁၅)ဧကနှင့် နမ့်ခမ်းမြို့နယ်အတွင်းရှိ ဘိန်းခင်း (၁၂.၃ဝ)ဧက ပေါင်း (၈၆၆.၉၅)ဧက ထပ်မံ ဖျက်ဆီးနိုင်ခဲ့ရာ ၁-၉-၂ဝ၁၂  မှ ၂၁-၁-၂ဝ၁၃ ရက်နေ့အထိ စုစုပေါင်း ဘိန်းခင်း ၇၂၃၇၆.၇၅ ဧက (၂၉၂၉ဝ.၄၇)ဟက်တာ ဖျက်ဆီးခဲ့ပြီးဖြစ်ကြောင်း သတင်းရရှိသည်။

Myanmar Police Force၂ဝ၁၂-၂ဝ၁၃ ခုနှစ်၊ ဘိန်းစိုက်ရာသီအတွင်း ဘိန်းခင်းများရှာဖွေ
ဖျက်ဆီးလျက်ရှိရာ ၁-၉-၂ဝ၁၂ ရက်နေ့မှ ၁၄-၁-၂ဝ၁၃ ရက်နေ့အထိ တိုင်းဒေသကြီး/ပြည်နယ်များအလိုက် ဘိန်းခင်း ၇၁၅ဝ၉.၈ဝ ဧက (၂၈၉၃၉.၆၂)ဟက်တာ ဖျက်ဆီးနိုင်ခဲ့ပြီးဖြစ်သည်။

ကေအိုင်အေမှ မရှီကထောင်ရဲကင်းအား မိုင်းပစ်ဖော်ခွဲခဲ့

ကေအိုင်အေမှ မရှီကထောင်ရဲကင်းအား မိုင်းပစ်ဖော်ခွဲခဲ့

ဖားကန့် ဇန်န၀ါရီ ၂၄ရက်
ယနေ့မနက် ၃နာရီခန့်တွင် ဖားကန့်မြို့  ဘေလီတံတား(မရှီကထောင် တံတား) အနီးရဲကင်းအား KIA မှ ဆိုင်ကယ်နှင့် ရောက်လာပြီး မိုင်းပစ်ခွဲခဲ့ ကြောင်းသိရှိရပါသည်။ ၎င်းရဲကင်းတွင် ရဲတပ်ရင်း(၃၀)မှ ၁၀ဦး လုံခြုံရေး ယူလျက်ရှိသည်။ မြို့မရပ်ကွက်နှင့် ငှက်ပျောတောရပ်ကွက်လမ်းမှ ဆိုင်ကယ် ဖြင့် ကေအိုင်အေ၂ဦး ဖြတ်လာပြီး ရဲကင်းကို မိုင်းပစ်ခွဲခဲ့ ၍ လုံခြုံရေး ယူနေသော ရဲတစ်ဦး သေဆုံးခဲ့ကြောင်းသိရှိရသည်။

KIA နှင့် အစိုးရတပ်တို့ တိုက်ပွဲဖြစ်ပွားနေချိန်အတွင်း KIA မှ ထိခိုက် ကျဆုံးမှုရှိ နေချိန်တွင် ရဲစခန်းနှင့် ရဲကင်းများကို လာရောက်ပစ်ခတ်မှု စီးနင်း မှုများရှိလာကြောင်း၊ သူတို့ကိုပြန်လည်တိုက်ခိုက်နိုင်သော အစိုးရတပ် စခန်း ကို မလုပ်ရဲဘဲ ရဲတွေကိုသာ စီးနင်းတိုက်ခိုက်မှုများကို ပြုလုပ် နေကြောင်း ဖားကန့်မြို့ခံ တစ်ဦး၏ အဆိုရသိရှိရသည်။ လုံခြုံရေး ယူထားသော ရဲကင်း ကို KIA မှ တိုက်ခိုက်ခဲ့သောကြောင့် ဖားကန့်မြို့ ဒေသခံ များက မြို့ကိုလာ ရောက်ပစ်ခတ်မှုများ ဖြစ်လာနိုင်၍ စိုးရိမ်မှုများရှိနေကြောင်း ၎င်းဒေသခံမှ ပြောကြား ခဲ့သည်။
ယနေ့မနက် ၃နာရီခန့်တွင် ဖားကန့်မြို့ ဘေလီတံတား(မရှီကထောင် တံတား) အနီးရဲကင်းအား KIA မှ ဆိုင်ကယ်နှင့် ရောက်လာပြီး မိုင်း ပစ်ခွဲခဲ့ ကြောင်းသိရှိရပါသည်။ ၎င်းရဲကင်းတွင် ရဲတပ်ရင်း(၃၀)မှ ၁၀ဦး လုံခြုံရေး ယူလျက်ရှိသည်။ မြို့မရပ်ကွက်နှင့် ငှက်ပျောတော ရပ်ကွက် လမ်းမှ ဆိုင်ကယ်ဖင့် ကေအိုင်အေ၂ဦး ဖြတ်လာပြီး ရဲကင်းကို မိုင်းပစ်ခွဲခဲ့၍ လုံခြုံရေးယူနေသော ရဲ တစ်ဦး သေဆုံးခဲ့ကြောင်းသိရှိရသည်။

ရုရှားနိုင်ငံသည် ဆီးရီးယားနိုင်ငံ အတွင်းရှိ ၎င်းတို့၏ နိုင်ငံသားများ ပြန်လည်ခေါ်ယူနိုင်ရန် အတွက် ရုရှား လေယာဉ် ၂ စီးအား လက်ဘနွန်နိုင်ငံ Beirut မြို့တော်သို့ စေလွှတ်

Photo: ရုရှားနိုင်ငံသည် ဆီးရီးယားနိုင်ငံ အတွင်းရှိ ၎င်းတို့၏ နိုင်ငံသားများ
ပြန်လည်ခေါ်ယူနိုင်ရန် အတွက် ရုရှား လေယာဉ် ၂ စီးအား
လက်ဘနွန်နိုင်ငံ Beirut မြို့တော်သို့ စေလွှတ်
Thursday, January 24, 2013

ရုရှားနိုင်ငံသည် ဆီးရီးယားနိုင်ငံ အတွင်းရှိ ၎င်းတို့၏ နိုင်ငံသားများ
ပြန်လည်ခေါ်ယူနိုင်ရန် အတွက် ဇန်နဝါရီ လ ၂၂ ရက်နေ့တွင် ရုရှားလေယာဉ် ၂ စီးအား လက်ဘနွန်နိုင်ငံ Beirut မြို့တော်သို့
စေလွှတ်ခဲ့ကြောင်း ပြောကြား ခဲ့ပါသည်။

မော်စကိုမြို့ အတွင်းရှိ Domodedovo လေယာဉ်ကွင်းမှ Yak-42
လေယာဉ်သည် မွန်းလွှဲပိုင်း၌ ထွက်ခွာခဲ့ပြီး မိနစ်အနည်းငယ်တွင် Ramenskoye လေယာဉ်ကွင်းမှ II-76 လေယာဉ်သည် လက်ဘနွန်
နိုင်ငံသို့ ထွက်ခွာသွားကြောင်း အရေးပေါ် အခြေအနေဆိုင်ရာ ဝန်ကြီး ဌာန၏ ပြန်ကြားရေး ဌာနမှ Inter Fax သတင်း ဌာနသို့ ပြောကြားခဲ့ပါသည်။ အဆိုပါ လေယာဉ် ၂ စီးသည် ဆီးရီးယား နိုင်ငံမှ ပြန်လည်ထွက်ခွာရန် ဆန္ဒရှိသော ရုရှားလူမျိုး ၁ဝဝ နီးပါးအား ပြန်လည်ခေါ်ယူမည် ဖြစ်ပြီး ၎င်းခေါ်ယူမှုသည် အန္တရာယ်ရှိရာ အရပ်ကို စွန့်ခွာခြင်း မဟုတ်ကြောင်း ၎င်းဌာနက အလေးထား ပြောကြား ခဲ့ပါသည်။

http://www.myawady.net.mm/allnews/global/item/5156-2013-01-23-15-27-42#.UQCVTO72usc

မြ၀တီ ရုရှားနိုင်ငံသည် ဆီးရီးယားနိုင်ငံ အတွင်းရှိ ၎င်းတို့၏ နိုင်ငံသားများ ပြန် လည်ခေါ်ယူနိုင်ရန်အတွက် ဇန်နဝါရီ လ ၂၂ ရက်နေ့တွင် ရုရှားလေယာဉ် ၂ စီးအား လက်ဘနွန်နိုင်ငံ Beirut မြို့တော်သို့ စေလွှတ် ခဲ့ကြောင်း ပြောကြား ခဲ့ပါသည်။

မြ၀တီရုပ်မြင်သံကြား Digital Set Topbox ၄ နေရာ ထပ်မံ တိုးချဲ့ထုတ်လွှင့်

Photo: မြ၀တီရုပ်မြင်သံကြား Digital Set Topbox ၄ နေရာ ထပ်မံ
တိုးချဲ့ထုတ်လွှင့်
Thursday, January 24, 2013

မြ၀တီရုပ်မြင်သံကြား ၏ Digital Set Topbox စနစ်ဖြင့် ထုတ်လွှင့်မှု အစီအစဉ်များအား နေရာ (၄)နေရာ ထပ်မံ တိုးချဲ့ ထုတ်လွှင့်လျက် ရှိကြောင်း သိရသည်။ အဆိုပါ ထပ်မံ တိုးချဲ့ထုတ်လွှင့်သော မြို့များမှာ ပဲခူးမြို့ပေါ် ၊ မိတ္ထီလာ ၊ ပြင်ဦးလွင် နှင့် မုံရွာမြို့နယ်ရှိ ၂၃ ရပ်ကွက် နှင့် မြို့သစ်ရပ်ကွက် ၊ အိုးဖိုတောင် တို့တွင် ဖမ်းယူ ကြည့်ရှု နိုင်ပြီ ဖြစ်သည်။

ယခင် Digital Set Topbox စနစ်ဖြင့် ဖမ်းယူ ကြည့်ရှုနိုင်သော မြို့ကြီးများမှာ နေပြည်တော် ၊ ရန်ကုန် ၊ စစ်ကိုင်း ၊ ချောက် ၊ တောင်ငူ ၊ တောင်ကြီး ၊ ပြည် ၊ ပုသိမ် နှင့် မော်လမြိုင် မြို့ကြီးများ၏ မိုင် ၅၀ ပတ်လည်တွင် ဖမ်းယူ ကြည့်ရှုနိုင်ပြီး မြ၀တီ Digital Set Topbox စနစ်သည် လစဉ်ကြေး ၊ နှစ်စဉ်ကြေး များ ပေးသွင်းရန် မလိုဘဲ Free to Air TV လိုင်း တစ်ခု ဖြစ်ကြောင်း သိရှိရသည်။

မြ၀တီ မြ၀တီရုပ်မြင်သံကြား ၏ Digital Set Topbox စနစ်ဖြင့် ထုတ်လွှင့်မှု အစီအစဉ်များအား နေရာ (၄)နေရာ ထပ်မံ တိုးချဲ့ ထုတ်လွှင့်လျက် ရှိကြောင်း သိရသည်။ အဆိုပါ ထပ်မံ တိုးချဲ့ထုတ်လွှင့်သော မြို့များမှာ ပဲခူးမြို့ပေါ် ၊ မိတ္ထီလာ ၊ ပြင်ဦးလွင် နှင့် မုံရွာမြို့နယ်ရှိ ၂၃ ရပ်ကွက် နှင့် မြို့သစ်ရပ်ကွက် ၊ အိုးဖိုတောင် တို့တွင် ဖမ်းယူ ကြည့်ရှု နိုင်ပြီ ဖြစ်သည်။