Wednesday, March 13, 2013

ရန်ကုန်မှ လိုင်ဇာအထိ မိုင် ၈၀၀ ကျော် နီးပါး ခရီးနှင်လာခဲ့သည့် ငြိမ်းချမ်းရေး လမ်းလျှောက်သူများ မိုင်းအန္တရာယ်ကင်းရှင်းရေး အတွက် မြန်မာ့တပ်မတော် တပ်မ (၁၀၁) က ကူညီပေးခဲ့မှု ပြုလုပ် ခဲ့သည့်အပြင် အားပေးကူညီခြင်းနှင့်လိုက်ပါလာသူ သံဃာတော်များအား ဆွမ်းဆက်ကပ်လှူဒါန်း

ရန်ကုန်မှ လိုင်ဇာအထိ မိုင် ၈၀၀ ကျော် နီးပါး ခရီးနှင်လာခဲ့သည့် ငြိမ်းချမ်းရေး လမ်းလျှောက်သူများ မိုင်းအန္တရာယ်ကင်းရှင်းရေး အတွက် မြန်မာ့တပ်မတော် တပ်မ (၁၀၁) က ကူညီပေးခဲ့မှု ပြုလုပ် ခဲ့သည့်အပြင် အားပေးကူညီခြင်းနှင့်လိုက်ပါလာသူ သံဃာတော်များအား ဆွမ်းဆက်ကပ်လှူဒါန်း


နေပြည်တော်၊မတ်လ ၁၃ ရက်

ရန်ကုန်မှ လိုင်ဇာအထိ မိုင် ၈၀၀ ကျော် နီးပါး ခရီးနှင်လာခဲ့သည့် ငြိမ်းချမ်းရေး လမ်းလျှောက်သူများ မိုင်းအန္တရာယ်ကင်းရှင်းရေး အတွက် မြန်မာ့တပ်မတော် တပ်မ (၁၀၁) က ကူညီပေးခဲ့မှု ပြုလုပ် ခဲ့သည့်အပြင် အားပေးကူညီခြင်းနှင့်လိုက်ပါလာသူ သံဃာတော်များအား ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း အဆိုပါတပ်မှ အရာရှိကြီး တစ်ဦး က ပြောသည်။

KIO နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ကော်မတီတို့၏ နိုင်ငံရေးအရ ငြိမ်းချမ်းရေး ဆွေးနွေးမှုမှာ အရှိန်ကောင်းလာနေပြီး အကျိုးဆက်အနေဖြင့် တပ်ပိုင်းဆိုင်ရာကလည်း အားပေးကူညီခြင်း ဖြစ်သည်ဟု Myanmar Peace Center မှ အကြီးတန်းအရာရှိ တစ်ဦးက သုံးသပ်ထားသည်။

ရန်ကုန်မှ ထွက်ခွာစဉ် ရဲစခန်း ၁၀ ခုကျော်က အမှုဖွင့်ခြင်းခံရပြီး ထွက်ခွာရာလမ်းတစ်လျှောက် ခံဝန်လက်မှတ် ရေးထိုးခဲ့ ရသော် လည်း နောက်ပိုင်းတွင် အတားအဆီးမရှိတော့ဘဲ လမ်းလျှောက် ထွက်ခဲ့ရသည့် အဆိုပါအဖွဲ့တွင် အဖွဲ့ဝင် ၁၀၀ ကျော် ဖြင့် KIO ထိန်းချုပ်နယ်မြေ လိုင်ဇာသို့ ယနေ့ မနက်ပိုင်းက ရောက်ရှိသွားပြီဟု လမ်းလျှောက်အဖွဲ့ဝင်တစ်ဦးကဆိုသည်။

KIO ပြောခွင့်ရ ဦးလနန်က “ငြိမ်းချမ်းရေးအတွက် ကိုယ်ကျိုး စွန့်ပြီး ဆောင်ရွက်တဲ့အဖွဲ့တွေကို ကျွန်တော်တို့က အားပေးအားမြှောက်ပြုပြီး ကြိုဆိုရမှာပဲ၊ တစ်နိုင်ငံလုံး အစစ်အမှန် ငြိမ်းချမ်းရေးရဖို့အတွက် အပင်ပန်းခံ အဆင်းရဲခံပြီး လမ်းလျှောက်လာတဲ့သူတွေလေဗျာ” ဟုပြောသည်။

ref:popular

ရန်ကုန်မှ လိုင်ဇာအထိ မိုင် ၈၀၀ ကျော် နီးပါး ခရီးနှင်လာခဲ့သည့် ငြိမ်းချမ်းရေး လမ်းလျှောက်သူများ မိုင်းအန္တရာယ်ကင်းရှင်းရေး အတွက် မြန်မာ့တပ်မတော် တပ်မ (၁၀၁) က ကူညီပေးခဲ့မှု ပြုလုပ် ခဲ့သည့်အပြင် အားပေးကူညီခြင်းနှင့်လိုက်ပါလာသူ သံဃာတော်များအား ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း အဆိုပါတပ်မှ အရာရှိကြီး တစ်ဦး

အကျိုးအကြောင်းမဲ့ဆန္ဒမပြသင့်ဟု ယနေ့လူထုတွေ့ဆုံပွဲတွင် ဒေါ်အောင်ဆန်းစုကြည်ပြောကြား

Photo: အကျိုးအကြောင်းမဲ့ဆန္ဒမပြသင့်ဟု ယနေ့လူထုတွေ့ဆုံပွဲတွင်
ဒေါ်အောင်ဆန်းစုကြည်ပြောကြား
Wednesday, March 13, 2013

"ဆန္ဒပြမယ်ဆိုရင် သက်ဆိုင်ရာ မှာခွင့်တောင်းသင့်ပါတယ် ခွင့် ပြုချက် မရှိဘဲဆန္ဒပြမယ်ဆိုရင် ဥပဒေအရအရေးယူသင့်ပါတယ် အုပ်ချုပ်ရေး အဖွဲ့အစည်းကလည်း အကျိုးအကြောင်းညီရင် ခွင့်ပြုမိန့်ပေးရပါမယ် ကျွန်မကိုလည်းဆန္ဒပြလို့ရပါတယ် ကျွန်မအိမ်ရှေ့မှာ ဆန္ဒပြမယ်ဆိုရင် ကျွန်မနေထိုင်ရာမြို့နယ်အဖွဲ့အစည်းမှာ ခွင့်ပြုမိန့်ယူရပါမယ် အဓိကကတော့ ကျွနိမတို့နိုင်ငံမှာ တရားဥပဒေစိုးမိုးမှုပါပဲ တရားဥပဒေစိုးမိုးမှုမရှိရင် ကျွန်မတို့နိုင်ငံဘယ်တော့မှ ငြိမ်းချမ်းမှာ မဟုတ်ဘူး"ဟု ဒေါ်အောင်ဆန်း စုကြည်က ပြောသည်။

Messenger News Journal
"ဆန္ဒပြမယ်ဆိုရင် သက်ဆိုင်ရာ မှာခွင့်တောင်းသင့်ပါတယ် ခွင့် ပြုချက် မရှိဘဲဆန္ဒပြမယ်ဆိုရင် ဥပဒေအရအရေးယူသင့်ပါတယ် အုပ်ချုပ်ရေး အဖွဲ့အစည်းကလည်း အကျိုးအကြောင်းညီရင် ခွင့်ပြုမိန့်ပေးရပါမယ် ကျွန်မကိုလည်းဆန္ဒပြလို့ရပါတယ် ကျွန်မအိမ်ရှေ့မှာ ဆန္ဒပြမယ်ဆိုရင် ကျွန်မနေထိုင်ရာမြို့နယ်အဖွဲ့အစည်းမှာ ခွင့်ပြုမိန့်ယူရပါမယ် အဓိက ကတော့ ကျွနိမတို့နိုင်ငံမှာ တရားဥပဒေစိုးမိုးမှုပါပဲ တရားဥပဒေ စိုးမိုးမှု

ဧပြီတွင် အစိုးရနဲ့ ကေအိုင်အေတို့ အပစ်အခတ်ရပ်ဆဲရေး စာချုပ်ချုပ်ဆိုနိုင်တော့မည်

ဧပြီတွင် အစိုးရနဲ့ ကေအိုင်အေတို့ အပစ်အခတ်ရပ်ဆဲရေး
စာချုပ်ချုပ်ဆိုနိုင်တော့မည်
Wednesday, March 13, 2013
    
ဧပြီလ ၁၀ ရက်နေ့ မတိုင်မှီ အစိုးရ၏ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး
အဖွဲ့နှင့် ကေအိုင်အေတို့ ထပ်မံဆွေးနွေးမည်ဖြစ်ရာ နှစ်ဖက်တပ်များ
အနေဖြင့် မတ်လ ၁၁ ရက်၊၁၂ ရက် တွေ့ဆုံ့ ဆွေးနွေးပွဲပါ သဘော
တူညီချက်များကို ယုံကြည်စွာ ထိန်းသိမ်း နိုင်ပါက အပစ်အခတ်ရပ်စဲ
ရေး စာချုပ် ပြန်လည် ချုပ်ဆိုနိုင်မည်ဖြစ်ကြောင်း ငြိမ်းချမ်းရေး
အကျိုးဆောင် ဦးလှမောင်ရွှေက ပြောသည်။

၁၉၉၄ ခုနှစ်တွင် အစိုးရနှင့် တိုင်းရင်းသာ လက်နက်ကိုင် ကေအိုင်အေ
တို့ အပစ်အခတ်ရပ်စဲရေး သဘောတူ စာချုပ် ချုပ်ဆိုခဲ့သော်လည်း
၂၀၁၀ ခုနှစ်တွင် အကြောင်း အမျိုးမျိုးကြောင့် တိုက်ပွဲများ ပြန်လည်
ဖြစ်ပွားလာခဲ့ကြောင်း သိရပြီး ဖေဖော်ဝါရီ ၄ ရက်နေ့ နောက်ပိုင်းမှ
စ၍ တိုက်ပွဲဖြစ်ပွားမှု မရှိသလောက်ရှားပါးသွားခဲ့ကြောင်း သိရသည်။

“နှစ်ဖက်တပ်တွေသာ ယုံကြည်ထိန်းသိမ်းနိုင်မယ်ဆိုရင် ဧပြီ ၁၀ မ
တိုင်မှီ ၉၄ တုန်းကလိုမျိုး အပစ်အခတ်ရပ်စဲရေး စာချုပ် ချုပ်နိုင်မယ်လို့  
ယူဆတယ်။ ခိုင်မာတဲ့ အပစ်အခတ် ရပ်စဲရေး ရသည်အထိလို့ ဆိုလို
တာက အခြေခံ ကျတဲ့ ယုံကြည်မှု မရှိရင် မဖြစ်ဘူးလေ” ဟု ဦးလှမောင်
ရွှေက ပြောကြားသည်။

ယမန်နေ့က ထုတ်ပြန်ကြေညာခဲ့သော ဆွေးနွေးပွဲ အပြီး ထုတ်ပြန်ကြေ
ညာချက်တွင် ဆက်လက်၍ ပြသနာဖြစ်ပွားနိုင်သော ဒေသများရှိ နှစ်
ဖက်တပ်ဖွဲ့များဆိုင်ရာ ကိစ္စများကို ဆက်လက်ညှိနှိုင်းသွားမည် ဖြစ်ပြီး
လိုအပ်သည့် ညွှန်ကြားချက် အမိန့်များကို နှစ်ဖက်တပ်များ၊ သက်ဆိုင်ရာ
အောက်ခြေ တပ်ဖွဲ့များအထိ ရောက်ရှိအောင် ညွှန်ကြားသွားရန် သဘော
တူသည် ဟု တပ်ပိုင်းဆိုင်ရာကိစ္စရပ်များနှင့် ဆက်လျဉ်း၍ ပါရှိသည်။

၂၀၁၂ ခုနှစ် မေလက ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့အား ပြန်လည်
ပြင်ဆင် ဖွဲ့စည်းခဲ့ပြီး အဆိုပါ ပြင်ဆင်သည့်အဖွဲ့သည် KIO/KIA မှ ငြိမ်း
ချမ်းရေး ဆွေးနွေးသူများနှင့် တရားဝင် ၅ ကြိမ်ဆွေးနွေးခဲ့ကြောင်း ငြိမ်း
ချမ်းရေး အကျိုးဆောင်များထံမှ သိရသည်။

အဆိုပါ သဘောတူ ညီချက်များတွင် ဧပြီ ၁၀ ရက်မတိုင်မှီအချိန်၌
နောက်တစ်ကြိမ်ဆွေးနွေးပွဲ ပြုလုပ်သွားမည်ဖြစ်ကြောင်း ထပ်မံ သိရ
သည်။

စူးရှ
The Myanma Age
ဧပြီလ ၁၀ ရက်နေ့ မတိုင်မှီ အစိုးရ၏ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့နှင့် ကေအိုင်အေတို့ ထပ်မံဆွေးနွေး မည်ဖြစ်ရာ နှစ်ဖက် တပ်များ အနေဖြင့် မတ်လ ၁၁ ရက်၊၁၂ ရက် တွေ့ဆုံ့ ဆွေးနွေးပွဲပါ သဘော တူညီချက်များကို ယုံကြည်စွာ ထိန်းသိမ်း နိုင်ပါက အပစ် အခတ်ရပ်စဲရေး

အခွန်ယိုဖိတ်မှု မရှိစေဘဲ နိုင်ငံဘဏ္ဍာအခွန်အကောက် ပြည့်ဝစွာ ရရှိစေရေးအတွက် လာဘ်ပေးလာဘ်ယူမှု ပပျောက်ရန်၊ အခွန်နှုန်းထား ပြင်ဆင်သတ်မှတ်ရန်နှင့် အခွန်ကောက်စနစ် ပြောင်းလဲရန် ပြည်ထောင်စုလွှတ်တော်၌ ဆွေးနွေးမည်

Photo: အခွန်ယိုဖိတ်မှု မရှိစေဘဲ နိုင်ငံဘဏ္ဍာအခွန်အကောက် ပြည့်ဝစွာ ရရှိစေရေးအတွက် လာဘ်ပေးလာဘ်ယူမှု ပပျောက်ရန်၊ အခွန်နှုန်းထား ပြင်ဆင်သတ်မှတ်ရန်နှင့် အခွန်ကောက်စနစ်
ပြောင်းလဲရန် ပြည်ထောင်စုလွှတ်တော်၌ ဆွေးနွေးမည်
Wednesday, March 13, 2013
   
အခွန်ယိုဖိတ်မှု မရှိစေဘဲ နိုင်ငံတော်ဘဏ္ဍာအခွန်အကောက် ပြည့်ဝစွာ ရရှိစေရေးအတွက် လာဘ်ပေးလာဘ်ယူမှု ပပျောက်ရန်၊ အခွန်နှုန်းထား ပြင်ဆင်သတ်မှတ်ရန်နှင့် အခွန်ကောက်စနစ်
ပြောင်းလဲရန် ပြည်ထောင်စုလွှတ်တော်၌ ဆက်လက်ဆွေးနွေးမည်
ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော်က အတည်ပြုခဲ့သည်။

မတ်လ ၁၂ ရက်က ပြုလုပ်သော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ကိုယ်စားလှယ်များက အဆိုတင်သွင်းခဲ့ကြပြီး လွှတ်တော်က ဆက်လက်ဆွေးနွေးရန် အတည်ပြုခဲ့ခြင်းဖြစ်သည်။

လက်ရှိစီးပွားရေးလုပ်ငန်းကြီးများ၊ ဟိုတယ်ကြီးများ၊ ကုမ္ပဏီကြီးများနှင့် အခွင့်အာဏာရပုဂ္ဂိုလ်များမှာ အခွန်ပေးဆောင်လိုခြင်းမရှိဘဲ
ရှောင်တိမ်းမှုများပြုလုပ်နေခြင်းကြောင့် နိုင်ငံတော် ရသင့်ရထိုက်သော အခွန်များ မရရှိခြင်းဖြစ်ကြောင်း လွှတ်တော် ကိုယ်စားလှယ်များက
ဆွေးနွေးခဲ့ကြသည်။

အခွန်ဘဏ္ဍာငွေ ပြည့်ဝစွာရရှိနိုင်ရန်အတွက် ဒေသအလိုက်
လေးစားကြည်ညိုခြင်းခံရသော အငြိမ်းစား အရာရှိကြီးများ၊ မြို့ရွာ အကြီးအကဲများ ဦးဆောင်ပါဝင်သော အခွန်စည်းကြပ်ရေး ကော်မတီများ ဖွဲ့စည်းဆောင်ရွက်ခြင်းဖြင့် နိုင်ငံ၏ အဓိက၀င်ငွေဖြစ်သော အခွန် အကောက်များ မှန်မှန်ကန်ကန် ရရှိ၍ ခိုင်ခံ့သော ဘဏ္ဍာရေးစနစ်
ဖြစ်ပေါ်လာစေမည်ဖြစ်ကြောင်း သူရဦးအောင်ကိုက အဆိုတင်သွင်းခဲ့သည်။

အခွန်ယိုဖိတ်မှု မရှိစေရန် အခွန်ထမ်းဆောင်ရမည့် လူပုဂ္ဂိုလ်၊ ကုမ္ပဏီ၊ အဖွဲ့အစည်းများစာရင်းကို ခြောက်လတစ်ကြိမ် စိစစ်ရန်၊ ၀န်ထမ်းနှင့် အခြားလိုအပ်ချက်များ တိုးချဲ့ဖွဲ့စည်းပြီး အခွန်ကောက်ခံရရှိသော ငွေကို တစ်စုတစ်စည်းတည်း ဖြစ်စေရန် ပြည်ထောင်စုဝန်ကြီးဌာန အားလုံး၏ အခွန်အခ ၀င်ငွေကို ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန တစ်ခုတည်း သို့သာ ပေးသွင်းရန်နှင့် အခွန်ထမ်း ပြည်သူတို့က ပေးဆောင်ရမည့် အခွန်ရာခိုင်နှုန်းများနှင့် စပ်လျဉ်း၍ ပြည်သူတို့၏ သဘောထား ဆန္ဒနှင့်အညီ
ပြည်ထောင်စုအစိုးရ အဖွဲ့၏ အတည်ပြုချက်ရယူပြီး ပြည်ထောင်စု လွှတ်တော်သို့ တင်ပြ၍ ၀င်ငွေခွန်အမိန့်၊ ကြော်ငြာစာများ ထုတ်ပြန်ရန် တိုက်တွန်းကြောင်း ၎င်းက အဆိုတင်သွင်းခဲ့သည်။

နိုင်ငံဘဏ္ဍာ အပြည့်အ၀ ရရှိရေးအတွက် နိုင်ငံတွင် မှတ်ပုံတင်ထားသော ပုဂ္ဂလိက ကုမ္ပဏီတစ်သောင်းကျော် ရှိသည့်အနက် နှစ်ထောင်ကျော်သာ ၀င်ငွေခွန် ပေးဆောင်နေခြင်း၊ ကျန်ကုမ္ပဏီများမှာ အခွန်ရှောင်ခြင်း၊ မူအရ မဆုံးဖြတ်ဘဲ လူ၏ဆုံးဖြတ်ချက်ဖြင့် လိုသလို ဆုံးဖြတ်ကောက်ခံနေသော စနစ် မကျင့်သုံးရေးတို့ ဆောင်ရွက်ရန် အဆိုတင်သွင်းစဉ် ပြောကြားသည်။

"အခွန်ဝန်ထမ်း အရာရှိနဲ့ အခွန်ငွေ ညှိနှိုင်းဆောင်ရွက်နေတာ 
တွေ့ရှိရကြောင်း တင်ပြချက်များအရ သိရပါတယ်" ဟု ဦးဝင်းမြင့်က ပြောကြားသည်။

တိုင်းရင်းသား လုပ်ငန်းရှင်များအား ထိခိုက်နစ်နာစေပြီး ဈေးကွက်စီးပွားရေး စနစ်နှင့် မကိုက်ညီသော စနစ်များကို ပယ်ဖျက်ပေးရန်နှင့် လူ့စွမ်းအား အရင်းအမြစ်ကို ဆုံးရှုံးစေသော ဘီယာ၊ အရက်အပါအ၀င် ယစ်မျိုးခွန်၊ ဓာတ်သတ္တုခွန်နှင့် ပတ်သက်၍ ပြည်ထောင်စုနယ်မြေများအတွက် အခွန်နှုန်းထား တိုးမြှင့်သတ်မှတ်ပေးရန်နှင့် အခွန်တိုးတက်ရရှိရေးအတွက် စီမံချက် ရေးဆွဲဆောင်ရွက်ရန် ပြည်ထောင်စုအစိုးရသို့ တိုက်တွန်းကြောင်း လွှတ်တော်ကိုယ်စားလှယ်များက အဆိုတင်သွင်းခဲ့သည်။

၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ် နိုင်ငံတော် အခွန်အကောက်ဆိုင်ရာများနှင့် ပတ်သက်၍ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က မတ်လ ၅ ရက်က ပြုလုပ်သော ပြည်ထောင်စု လွှတ်တော်အစည်းအဝေး၌ ရှင်းလင်းတင်ပြခဲ့သည်။

Eleven Media Group
အခွန်ယိုဖိတ်မှု မရှိစေဘဲ နိုင်ငံတော်ဘဏ္ဍာအခွန်အကောက် ပြည့်ဝစွာ ရရှိစေရေးအတွက် လာဘ်ပေးလာဘ်ယူမှု ပပျောက်ရန်၊ အခွန်နှုန်း ထား ပြင်ဆင်သတ်မှတ်ရန်နှင့် အခွန်ကောက်စနစ်ပြောင်း လဲရန် ပြည်ထောင်စုလွှတ်တော်၌ ဆက်လက်ဆွေးနွေး မည်ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော်က အတည်ပြုခဲ့သည်။
မတ်လ ၁၂ ရက်က ပြုလုပ်သော ပြည်ထောင်စုလွှတ်တော် အစည်း အဝေးတွင် ကိုယ်စားလှယ်များက အဆိုတင်သွင်းခဲ့ကြပြီး လွှတ်တော်က ဆက်လက်ဆွေးနွေးရန် အတည်ပြုခဲ့ခြင်းဖြစ်သည်။

သုံးလအတွင်း မာစတာကတ် သုံးစွဲသူ ၉၀၀၀ ကျော်ရှိပြီး ကန်ဒေါ်လာ ၁၇ သိန်းခန့် သုံးစွဲ

သုံးလအတွင်း မာစတာကတ် သုံးစွဲသူ ၉၀၀၀ ကျော်ရှိပြီး 
ကန်ဒေါ်လာ ၁၇ သိန်းခန့် သုံးစွဲ
Wednesday, March 13, 2013

သမဝါယမဘဏ် (CB) ၏ ATM စက်တွင် မာစတာကတ်ဖြင့် သုံးသအတွင်း ငွေထုတ်ယူသူဦးရေ ၉၀၀၀ ကျော်ရှိပြီး  ကျပ်သိန်းပေါင်း ၁၄၀၀၀ ခန့် လာရောက်သုံးစွဲကြောင်း စီတီဘဏ် ဦးဆောင်ညွန်ကြားရေးမှူး ဦးဖေမြင့်က ပြောသည်။ ၂၀၁၂ ခုနှစ် နိုင်ဝင်ဘာ ၁၅ ရက်မှစတင်ပြီး မာစတာကတ်ကို ဘဏ်များ၏ ATM စက်တွင် စတင်သုံးစွဲရန် စီစဉ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ 

ဦးဖေမြင့်က "ဒီဇင်ဘာ၊ ဇန်နဝါရီ၊ ဖေဖော်ဝါရီ သုံးလအတွင်း 
မာစတာကတ်နဲ့ စီဘီဘဏ် ATM စက်မှာ ငွေထုတ်ယူသူ ၉၀၀၀ ကျော် ရှိတယ်။ အမေရိကန် ဒေါ်လာ ၁၇ သိန်းလောက်ရှိတယ်။ ဒီမှာလာ သုံးကြတယ်ပေါ့။ မြန်မာကျပ်ငွေနဲ့ သိန်းပေါင်း ၁၄၀၀၀ လောက်ရှိတယ်" 
ဟု ယင်းက ပြောသည်။

နိုင်ငံတကာ ငွေပေးချေကတ်စနစ် သုံးဗီဇာနှင့် မာစတာကတ်သည် အမေရိကန် ငွေလွှဲလုပ်ငန်းဖြစ်၍ ဆန်ရှင်မရှိသည့် ကမ္ဘောဇဘဏ် စီဘီဘဏ်နှင့် မြန်မာအရှေ့တိုင်းဘဏ်တို့၏ ATM စက်နှင့် POS စနစ်များတွင် အသုံးပြုနိုင်ခဲ့ကြောင်း သိရသည်။ 

ဦးဖေမြင့်က "ဒါက သုံးလမှာ တွေ့ရတာဖြစ်တယ်။ နှစ်ကြာလေလေ
ပိုပြီး များလာမှာဖြစ်တယ်။ အခုနောက်ပိုင်း ဆိုင်တွေ၊ ဟိုတယ်တွေမှာ မာစတာကတ်ကိုသုံးလို့ ရလာပြီဖြစ်တယ်" ဟု ယင်းက ဆက်လက်ပြောသည်။ 

ကတ်စနစ်သည် ငွေကိုင်စရာမလိုခြင်း၊ ငွေကိုအတု၊ အစစ်ခွဲစရာ
မလိုခြင်း၊ပြန်အမ်းစရာမလိုခြင်းစသည့် အားသာချက်များရှိကြောင်း ဘဏ်အသိုင်းအဝိုင်းမှ ပြောကြားသည်။ 

၂၀၁၂ ခုနှစ်တွင် မြန်မာနိုင်ငံသို့ နိုင်ငံခြားသားဧည့်သည် တစ်သန်းကျော် ဝင်ရောက်ခဲ့ကြောင်း သိရသည်။

Flower News Journal
သမဝါယမဘဏ် (CB) ၏ ATM စက်တွင် မာစတာကတ်ဖြင့် သုံးသအတွင်း ငွေထုတ်ယူသူဦးရေ ၉၀၀၀ ကျော်ရှိပြီး ကျပ်သိန်းပေါင်း ၁၄၀၀၀ ခန့် လာရောက်သုံးစွဲကြောင်း စီတီဘဏ် ဦးဆောင် ညွန်ကြားရေးမှူး ဦးဖေမြင့်က ပြောသည်။ ၂၀၁၂ ခုနှစ် နိုင်ဝင်ဘာ ၁၅ ရက်မှစတင်ပြီး မာစတာကတ်ကို ဘဏ်များ၏ ATM စက်တွင် စတင်သုံးစွဲရန် စီစဉ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

၂၀၁၅ မှာ ရွေရောင်လွှမ်းတဲ့ မြန်မာပြည်ဖြစ်ဖို့ ပြည်သူတွေဘာလုပ်သင့်သလဲ?





ဒီနေ့ မြို့ထဲရပ်ထဲရွာထဲကို လေ့လာကြည့်လိုက်ရင်လူတွေရဲ့ပါစပ်ဖျားမှာ ပြောနေကြတာက ဒီချုပ် ဒီချုပ် ဒီချုပ် ဆိုတဲ့စကားလုံးပါ၊ဒီစကားလုံးက တော်တော်လေးရေပန်းစားနေတာကို တွေ့ကြရမှာပါ ။ ပြီးတော့ ရပ်တိုင်းရွာတိုင်းမှာ NLD ပါတီဝင်တွေရဲ့ အစည်းဝေးတွေပလူပျံနေအောင် လုပ်နေကြတာပေါ့။ ဒါတွေ ကိုကြည့်ခြင်းအားဖြင့် NLD ပါတီအနေနဲ့ လူထုအပေါ်မှာ စည်းရုံးရေး အတော်လေးရနေပြီလို့ပြောရင် လက်ခံရမှာဖြစ်ပါတယ်။ ဒီအခြေအနေအတိုင်း ဆက်သွားမယ်ဆိုရင် မြန်မာပြည်ရဲ့ ၂၀၁၅ ဟာ အင်မတန် ရင်လေးစရာကောင်းတဲ့ အခြေအနေဖြစ်သွားနိုင်ပါတယ်။ ဒီနေရာမှာ မေးစရာတစ်ခုဖြစ်လာပါတယ်။ NLD ပါတီ အခုလိုစည်းရုံးရေးကောင်းလို့ ပြည်သူတွေထောက်ခံမှုရလို့ ၂၀၁၅ မှာ NLD ပါတီ အနိုင်ရ သွားခဲ့ ရင် မြန်မာပြည်အတွက် အကောင်းဘူးလို့ဆိုလိုတဲ့ အဓိပ္ပါယ်ကို ပြောတာလားလို့ မေးမှာမုချမလွဲ ပါဘဲ။မှန်ပါတယ်။ကျွန်တော့် အမြင်အတွေးအရတော့ ဒီလိုဘဲ ရဲရဲကြီး ပြောချင်ပါတယ်။ ကျွန်တော့်အနေနဲ့ NLD ပါတီကို မုန်းလို့လဲမဟုတ်ဒေါ်အောင်ဆန်းစုကြည်ကို မုန်းလို့လဲမဟုတ်ဘဲ တိုင်းပြည်ကို အုပ်ချုပ်တဲ့ အစိုးရအဖွဲ့အစည်းကို ခေါင်းဆောင်သောLeader များ Decision Maker များဟာ အရည်အချင်းရှိပြီး ထက်မြတ်တဲ့သူများပါဝင် ဖွဲ့စည်းထားတဲ့ အစိုးရအဖွဲ့ဖြစ်မှသာမြန်မာပြည်ရဲ့ လှပတဲ့ ရွေရောင်အနာဂတ်နေ့ ရက်တွေကို ဖန်တီးပေးနိုင်မှာဖြစ်တယ်လို့ ရဲရဲကြီး ယုံကြည်တဲ့အတွက်မှန်ကန်တဲ့ အတွေးသစ် အမြင် သစ်တွေကို ချစ်လှစွာသော မြန်မာပြည်သူ ညီအစ်ကိုမောင်နှမများကို တင်ပြဆွေးနွေးလိုပါတယ်။

နိုင်ငံဝန်ထမ်းများ လစာ တိုးမြှင့်ပေးတော့မည်ဟု သမ္မတပြော

Photo: နိုင်ငံဝန်ထမ်းများ လစာ တိုးမြှင့်ပေးတော့မည်ဟု သမ္မတပြော

Wednesday, March 13, 2013

နိုင်ငံ့ဝန်ထမ်းတွေနဲ့ တပ်မတော်ဝန်ထမ်းတွေရဲ့ လစာတိုးမြှင့်ပေးဖို့တွက် အစိုးရအနေနဲ့ ငွေကြေး တိုးမြှင့်လျာထားပြီးပြီလို့ သမ္မတ ဦးသိန်းစိန်က မနေ့က ပြုလုပ်တဲ့ ဘဏ္ဍာရေးကော်မရှင် အစည်းအဝေးမှာ ပြောကြားလိုက်ပါတယ်။

ဒီလို လစာငွေတွေတွေ တိုးမြှင့်ပေးရာမှာ ၀န်ထမ်းအသုံးစရိတ်တွေကို အရင်နှစ်တွေရဲ့ အသုံးစရိတ်တွေထက် ကျပ်ငွေ ၈၃၅ ဘီလီယံ ပိုမိုကျခံသုံးစွဲသွားရမယ်လို့ ဆိုပါတယ်။

လက်ရှိခံစားခွင့်ပြုထားတဲ့ အပိုထောက်ပံ့ကြေးနဲ့ ဝေးလံခေါင်သီဒေသက ၀န်ထမ်းတွေအတွက် ဒေသစရိတ်တို့ကိုလည်း ဆက်လက်ခံစားခွင့်ပြုနိုင်ရေးအတွက် ထည့်သွင်းလျာထားတယ်လို့ သမ္မတက ပြောပါတယ်။
ဒါနဲ့ပတ်သက်ပြီး ဘဏ္ဍာရေးနဲ့ အခွန်ဝန်ကြီးဌာန၊ ရသုံးမှန်းချေ ငွေစာရင်း ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်ဝင်းက လာမယ့်ဧပြီလမှာစတင်မယ့် ဘဏ္ဍာနှစ်မှာ တိုးပေးဖို့ စီစဉ်ထားတယ်လို့ ပြောပါတယ်။

“၀န်ထမ်းတွေကို လစာတိုးပေးဖို့၊ ပင်စင်စားတွေ တိုးပေးဖို့ အဲဒါတွေအတွက် ရည်ရွယ်ပြီး လျာထားတာဖြစ်ပါတယ်။ လစာနှုန်းထားတိုးပေးဖို့ပါ။ ထောက်ပံ့ကြေး မဟုတ်ပါဘူး။ ခါတိုင်းတိုးပေးတာကတော့ ဧပြီ ၁ ရက်နေ့ကစပြီး တိုးတိုးပေးတယ်။ ဘဏ္ဍာရေးနှစ်သစ်မှာ တိုးပေးဖို့ အစီအစဉ်လုပ်ထားတာရှိတယ်။ ဒါပေမယ့် ကျနော်တို့က ပါလီမန်တင်ပြီးမှ ပါလီမန်က အတည်ပြုမှ အတည်ပြုပြောကြားလို့ရမယ်။”

အစိုးရ အဖွဲ့အနေနဲ့ နိုင်ငံ့ဝန်ထမ်းတွေ အပါအဝင် နိုင်ငံသားအားလုံးရဲ့ တဦးချင်း ဝင်ငွေ တိုးတက်စေရေးကို ရည်မှန်း ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

နိုင်ငံ့ဝန်ထမ်းတွေရဲ့ ခံစားခွင့်တွေကို အခြေအနေ အချိန်အခါနဲ့ လျော်ညီစွာ တိုးမြှင့်ပေးပြီး သန့်ရှင်းသောအစိုးရ ဖြစ်ရေးနှင့် ကောင်းမွန်တဲ့ စီမံအုပ်ချုပ်မှုစနစ် ဖြစ်စေရေး လုပ်ငန်းစဉ်မှာ ဝန်ထမ်းတွေ တက်ကြွစွာ ပါဝင်ဆောင်ရွက်စေရေးအတွက်လည်း ဦးတည် ဆောင်ရွက်နေတယ်လို့ သမ္မတရဲ့ သ၀ဏ်လွှာမှာ ဖော်ပြထားပါတယ်။

ဒီအတွက် ပြည်ထောင်စုဝန်ကြီးဌာနတွေ၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရတွေ အနေနဲ့လည်း နိုင်ငံ့ဝန်ထမ်းတွေရဲ့ ရပိုင်ခွင့်ကို ပြည့်ပြည့်၀၀ခံစားစေဖို ၀န်ထမ်းတွေရဲ့ ကိုယ်ရည်ကိုယ်သွေးနဲ့ အရည်အချင်းတွေ မြှင့်တင်ဖို့နဲ့ အဖွဲ့အစည်းရဲ့ လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားစေဖို့ ကြပ်မတ်ကွပ်ကဲ ဆောင်ရွက်ကြဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။

သမ္မတဦးသိန်းစိန် အစိုးရတက်ပြီးနောက်ပိုင်း ပြီးခဲ့တဲ့နှစ် ဧပြီလကလည်း ၀န်ထမ်းတွေကို ထောက်ပံ့ကြေး ၃ သောင်း တိုးမြှင့်ပေးခဲ့ပါတယ်။

DVB
နိုင်ငံ့ဝန်ထမ်းတွေနဲ့ တပ်မတော်ဝန်ထမ်းတွေရဲ့ လစာတိုးမြှင့်ပေးဖို့တွက် အစိုးရအနေနဲ့ ငွေကြေး တိုးမြှင့်လျာထားပြီးပြီလို့ သမ္မတ ဦးသိန်းစိန်က မနေ့က ပြုလုပ်တဲ့ ဘဏ္ဍာရေးကော်မရှင် အစည်းအဝေး မှာ ပြောကြား လိုက်ပါတယ်။
ဒီလို လစာငွေတွေတွေ တိုးမြှင့်ပေးရာမှာ ၀န်ထမ်းအသုံးစရိတ်တွေကို အရင်နှစ်တွေရဲ့ အသုံးစရိတ်တွေထက် ကျပ်ငွေ ၈၃၅ ဘီလီယံ ပိုမိုကျခံ သုံးစွဲသွားရမယ်လို့ ဆိုပါတယ်။

ဆန္ဒထုတ်ဖော်မှု အချို့တွင် ကြားမှ အားပေးဦးဆောင်သူ အချို့က နာမည်လူသိ များလာသော နိုင်ငံရေး အကျိုးအမြတ်အပြင် ငွေကြေး အကျိုးအမြတ်အတွက် ပါဝင်ပတ်သက်မှုများ ရှိနေ

Photo: ဆန္ဒထုတ်ဖော်မှု အချို့တွင် ကြားမှ အားပေးဦးဆောင်သူ အချို့က နာမည်လူသိ များလာသော နိုင်ငံရေး အကျိုးအမြတ်အပြင် ငွေကြေး အကျိုးအမြတ်အတွက် ပါဝင်ပတ်သက်မှုများ ရှိနေ
Wednesday, March 13, 2013

ဆန္ဒထုတ်ဖော်မှု အချို့တွင် ကြားမှ အားပေးဦးဆောင်သူ အချို့က နာမည်လူသိ များလာသော နိုင်ငံရေး အကျိုးအမြတ်အပြင် ငွေကြေး အကျိုးအမြတ်အတွက် ပါဝင်ပတ်သက်မှုများ ရှိနေကြောင်း ကိုယ်တွေ့ ကြုံတွေ့သူများက ပြောသည်။ ဆန္ဒပြပွဲများအား စီစဉ်ပေးမည်ဟု ဆိုကာ လယ်သမား များထံမှ ငွေကြေး တောင်းခံသူများလည်း ရှိကြောင်း ဆန္ဒပြ ခဲ့ကြသည့် လယ်သမားများက ပြောသည်။ ယင်းအပြင် ငွေကြေး တတ်နိုင်သူ များက ၄င်းတို့အကျိုးအတွက် နေ့စားခပေးကာ ခေါ်ဆောင်လာမှု များလည်း ရှိသည်။

ဆန္ဒပြပွဲများတွင် ထိပ်တိုက်တွေ့ဆုံမှုများ ဖြစ်ပေါ် လာရခြင်းသည် လှုံ့ဆော်သူ များကြောင့် သာမက အစိုးရဘက်မှ စေ့စပ် ညှိနှိုင်းသူများ ကြောင့်လည်း ဖြစ်ကြောင်း ဆန္ဒထုတ်ဖော်သူများက ဆိုသည်။ နစ်နာသူများ၏ တောင်းဆိုမှုများကို ပေါက်ကွဲမှုများ မဖြစ်ပေါ်မီ အထိ ဂရုတစိုက် ပြုလုပ်လေ့ မရှိခြင်း၊ စေ့စပ်ညှိနှိုင်းမှု များတွင်လည်း မောက်မာစွာ ဆက်ဆံခြင်း စသည့် အစိုးရအောက်ခြေ ဝန်ထမ်းများ၏ လုပ်ရပ်များ ကလည်း ပဋိပက္ခအရှိန်ကို မြင့်မားစေခဲ့သည်။

မတ်လ ၇ ရက်နေ့ထုတ် 7 Day သတင်းဂျာနယ်ပါ ဆောင်းပါးရှင် အောင်ခိုင်၊ ရန်မျိုးနိုင်၊ ထွန်းခိုင်တို့ ပူးပေါင်းရေးသားသည့်
“ဆန္ဒထုတ်ဖော်မှု အချို့ နောက်ကွယ်၌ ခေါင်းစဉ်ပေးထားသော” သတင်းဆောင်းပါးမှ ကောက်နုတ်ချက်

The Voice Weekly
 ဆန္ဒထုတ်ဖော်မှု အချို့တွင် ကြားမှ အားပေးဦးဆောင်သူ အချို့က နာမည်လူသိ များလာသော နိုင်ငံရေး အကျိုးအမြတ်အပြင် ငွေကြေး အကျိုးအမြတ်အတွက် ပါဝင်ပတ်သက်မှုများ ရှိနေကြောင်း ကိုယ်တွေ့ ကြုံတွေ့သူများက ပြောသည်။ ဆန္ဒပြပွဲများအား စီစဉ်ပေးမည်ဟု ဆိုကာ လယ်သမား များထံမှ ငွေကြေး တောင်းခံသူများလည်း ရှိကြောင်း ဆန္ဒပြ ခဲ့ကြသည့် လယ်သမားများက ပြောသည်။ ယင်းအပြင် ငွေကြေး တတ်နိုင်သူ များက ၄င်းတို့အကျိုး အတွက် နေ့စားခပေးကာ ခေါ်ဆောင် လာမှု များလည်း ရှိသည်။

ကမ္ဘာ့ အပူချိန်သည် လွန်ခဲ့သည့် ရေခဲခေတ် အကုန်မှ စတင်၍ အမြင့်ဆုံး ပမာဏသို့ ရောက်ရှိ


ကမ္ဘာ မြေကြီးသည် လွန်ခဲ့သည့်နှစ်ပေါင်း အနည်းဆုံး ၁၁၃ဝဝ နှစ်ကာလအတွင်းက ပမာဏထက်ပို၍ ပူနွေး လာခဲ့ပြီး ဆက်လက် မြင့်တက်လျက်ရှိကြောင်း သိပ္ပံ ပညာရှင်များက တွေ့ရှိခဲ့သည်။
ပညာရှင်များသည် လွန်ခဲ့သည့် ရေခဲခေတ်အကုန်မှ စ၍ ကမ္ဘာ့ရာသီဥတုပူနွေးလာမှုကို လေ့လာရန်အတွက် ကမ္ဘာ တစ်ဝန်းရှိနေရာဒေသ ၇၃ ခုမှ တူးဖော် ရရှိခဲ့ သည့် ကျောက်ဖြစ် ရုပ်ကြွင်းများကို သုတေသန ပြုလုပ် ခဲ့ကြရာ ယခုခေတ် လူသားတို့ အသက်ရှင် နေထိုင်သည့်

ဒေါ်လာခြောက်သောင်းခွဲသွင်းရမယ့် လေယာဉ်မောင်းသင်တန်း

ဒေါ်လာခြောက်သောင်းခွဲသွင်းရမယ့် လေယာဉ်မောင်းသင်တန်း

မြန်မာနိုင်ငံအတွင်း လေယာဉ် မောင်းသင်တန်းတက်လိုသူတွေကို လျှောက်လွှာခေါ်ယူတဲ့ကြော်ငြာ ဒီရက်ပိုင်း သတင်းစာများမှာ တွေ့ရမှာပါ။
.
ကြော်ငြာထည့်တဲ့ ရန်ကုန်က Myanmar Aviation Academy ရဲ့ သင်တန်းကျောင်းကို ဒီနေ့ နေ့ခင်းပိုင်းမှာ ဆက်သွယ် မေးမြန်းကြည့်တော့ သင်တန်းကြေးက ဒေါ်လာ ခြောက်သောင်းခွဲ လို့ ဖြေပါတယ်။
အရစ်ကျ ပေးလို့ရတယ်၊ မြန်မာငွေနဲ့လည်း ပေးလို့ရတယ်လို့ ပြောပါတယ်။

ကားမောင်းသင်တန်းမှာ ကားအဟောင်းတွေနဲ့ သင်ရတဲ့အတွက် သင်တန်းခ ဈေးသက်သာပါလိမ့်မယ်။
လေယာဉ်ပျံမောင်း သင်တန်းမှာတော့ လေယာဉ်အသစ်တွေပဲ သုံးဖွယ် ရှိပါတယ်။ 
ဒါကြောင့် ဒေါ်လာ ခြောက်သောင်းခွဲ ယူတာ ဖြစ်ပါလိမ့်မယ်။

သင်တန်းကာလက ၁နှစ်ခွဲကျော်ကျော်ကနေ ၂ နှစ် နီးပါးအထိ သတ်မှတ်ထားကြောင်း ကြော်ငြာမှာ တွေ့ရပါတယ်။

လေယာဉ်မှူးတွေက လစာ ကောင်းတဲ့အတွက် ဒီလောက် သင်တန်းကြေးပမာဏကိုတော့ ရင်းနှီးမြှုပ်နှံလိုသူတွေ အနည်းနဲ့အများ ရှိမှာပါ။
.
ဓာတ်ပုံ - Myanmar Aviation Academy .
ဗီယက်နမ်မှာတော့ ဒေသခံ လေယာဉ်မှူးက လခ ဒေါ်လာ နှစ်ထောင်ရတယ်၊ နိုင်ငံခြားသားလေယာဉ်မှူးဆိုရင် အဲဒီလခထက် ခြောက်ဆ ရတယ်လို့ Vietweek စာစောင်မှာ ရေးထားပါတယ်။

လေကြောင်းနဲ့ ခရီးသွားလာမှု တိုးပွားလာတဲ့အတွက် နိုင်ငံတကာမှာ လေယာဉ်မှူး အများအပြား လိုအပ်နေတယ် လို့ အဲဒီစာစောင်မှာ ရေးထားပါတယ်။

လာမယ့် နှစ် ၂၀ အတွင်း အာရှပစိဖိတ် ဒေသမှာ လေယာဉ်မှူး ငါးသောင်းကျော်၊ လေယာဉ်စက်ပြင်ကျွမ်းကျင်သူ ခြောက်သောင်းကျော် လိုအပ်လာမှာဖြစ်ကြောင်း အဲဒီစာစောင်မှာ ဆက်ရေးထားပါတယ်။

ဒီလိုအပ်ချက်ကို ဖြည့်ဆည်းမယ့်သူများထဲ မြန်မာလေယာဉ်မောင်းတွေ၊ စက်ပြင်ကျွမ်းကျင်သူတွေ ပါပါလိမ့်မယ်။
.
ဓာတ်ပုံ - Myanmar Aviation Academy 

>> ဧရာဝတီ
မြန်မာနိုင်ငံအတွင်း လေယာဉ် မောင်းသင်တန်းတက်လိုသူတွေကို လျှောက်လွှာခေါ်ယူတဲ့ကြော်ငြာ ဒီရက် ပိုင်း သတင်းစာများမှာ တွေ့ရမှာပါ။
.

ရုပ်ရှင်နှင့်ကြော်ငြာသရုပ်ဆောင် ပြိုင်ပွဲ အခမဲ့ လျှောက်ထားနိုင်


မြ၀တီ

ဟန်းဆက်တစ်လုံးဝယ်လျှင် နိုင်ငံခြားခေါ်ဆိုရ ဆင်းကဒ် အခမဲ့ထည့်ပေးမည်

ဟန်းဆက်တစ်လုံးဝယ်လျှင် နိုင်ငံခြားခေါ်ဆိုရ ဆင်းကဒ် အခမဲ့ထည့်ပေးမည် 
Wednesday, March 13, 2013 

မိုဘိုင်းတယ်လီဖုန်းကိစ္စနှင့်ပတ်သက်ပြီး ပတ်သက်ပြီး သမ္မတရဲ့ ပြောရေးဆိုခွင့် ရှိသူ၊ ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ်က သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ရှင်းပြထားသည့်ကိစ္စနှင့် ပတ်သက်ပြီး အများပြည်သူများ သို့လောသို့လော ဖြစ်နေပါတယ်။ 

သတင်းဂျာနယ်အချို့မှာ သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးစိုးသိမ်းက ဆင်းကဒ်များကို နှစ်သောင်း ကျပ်နဲ့ ရောင်းချပေးမယ်လို့ ပြောကြောင်း ကိုးကားရေးသားနေတာကို တွေ့ရပါတယ်။ ၀န်ကြီး ဦးစိုးသိမ်း အနေနဲ့ အဲဒီလို လုံးဝပြောကြားခဲ့ခြင်းမရှိဘဲ ဆင်းကဒ်များကို ဧပြီလ ၁ ရက်နေ့ နောက်ပိုင်း မှာ ပိုမို "သက်သာတဲ့ဈေးနှုန်းနဲ့ ရောင်းချပေးမယ်လို့ သာပြောကြားခဲ့ခြင်း ဖြစ် ကြောင်း အသိပေးအပ် ပါတယ်။" လို့ ဦးရဲထွဋ်က ဆိုထားပါတယ်။

မြန်မာနိုင်ငံအနေနဲ့ ဖုန်းဈေးကို ဘယ်အတိုင်းတာနဲ့ ရောင်းချသည် ဖြစ်စေ အုံးတော့ အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ တရုတ် ရွှေလီနဲ့ ကြယ်ဂေါင်မှာတော့ ဖုန်းဈေးနှုန်းတွေကတော့ တရုတ်ဟန်းဆက် တစ်လုံးဝယ်တယ်ဆိုတာနဲ့
ပြည်တွင်းသာမက နိုင်ငံခြားပါခေါ်ဆိုရသော ဆင်းကဒ်တစ်ကဒ်၊
နောက်ထပ် 4G (SD) ဟန်းဆက်တစ်လုံး၊ ဖုန်းစတေကာတစ်လုံး အပိုလက်ဆောင်ပေးနေတယ်လို့ သိရပါတယ်။ 

တရုတ်ဟန်းဆက်တစ်လုံးလျှင် ယွမ်(၉၀) မြန်မာငွေကျပ် တစ်သောင်း
ကျော်ရှိသည်။ ဟန်းဆက်တန်ဖိုး (၃၆၉)ယွမ် ငွေ၂သောင်းကျပ် တန်ဖိုးရှိသည့် ဟန်းဆက်ဝယ်ယူသူတိုင်းကို ဆင်းကဒ်များ အပြင်
ခေါ်ဆိုခ ယွမ်၅၀ ဖိုး အခမဲ့ လက်ဆောင်ပေးပါသေးတယ်။ 

တခြားသော နိုင်ငံများတွင်မဟုတ်ဘဲ မြန်မာနိုင်ငံနှင့် နီးစပ်လျှက်ရှိသော ကြယ်ဂေါင် ရွှေလီများတွင်ပါ ဆက်သွယ်ရေးလုပ်ငန်းများကို ပြည်သူများ အဆင်ပြေနှင့် တန်ဖိုးနည်း အသုံးချနိုင်ဖို့ ဆောင်ရွက်လျှက်ရှိနေသော်လည်း
မြန်မာပြည်အနေဖြင့် ဆက်သွယ်ရေးပိုင်းတွင် အငြင်းပွားဖွယ်ရာများ ရှိနေသေးတယ်လို့ သိရပါတယ်။

 ဓာတ်ပုံ - တရုတ်နိုင်ငံ ကြယ်ဂေါင်တွင် ဖုန်းနှင့် အပိုပစ္စည်းများ ရောင်းချ လျှက်ရှိသောဆိုင်။ (မန်းသားလေး / ဧရာဝတီ)

ဧရာဝတီ
မိုဘိုင်းတယ်လီဖုန်းကိစ္စနှင့်ပတ်သက်ပြီး ပတ်သက်ပြီး သမ္မတ ရဲ့ ပြောရေး ဆိုခွင့်ရှိသူ၊ ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ်က သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ရှင်းပြထားသည့်ကိစ္စနှင့် ပတ်သက်ပြီး အများပြည်သူများ သို့လောသို့လော ဖြစ်နေပါတယ်။

မက်ဆီ၏ ဂိုး များဖြင့် ဂိုးပြတ် အနိုင်ယူ ခဲ့သည့် ဘာကာ # ဘာစီလိုနာ ၄ – ၀ အေစီ မီလန်

Photo: မက်ဆီ၏ ဂိုး များဖြင့် ဂိုးပြတ် အနိုင်ယူ ခဲ့သည့် ဘာကာ # 
ဘာစီလိုနာ ၄ – ၀ အေစီ မီလန်
Wednesday, March 13, 2013 

ဘာစီလိုနာ အသင်းသည် နောက်တစ်ဆင့် တက်ရောက်ရန် အတွက် လိုအပ်သည့် ဂိုးပြတ် အနိုင်ကို မိမိ၏ အိမ်ကွင်းတွင် ရယူ ပြနိုင် ခဲ့ပြီ ဖြစ်သည်။ ဘာစီလိုနာ အသင်း၏ အဓိက ကစားသမားများဖြစ်သည့် ဇာဗီ၊ အင်နီယေစတာ နှင့် မက်ဆီ တို့၏ ခြေစွမ်းပြမှု များနှင့် အတူ မိမိ၏ အိမ်ကွင်းတွင် အေစီမီလန် အသင်းအား ၄ ဂိုး ဂိုးမရှိဖြင့် အနိုင် ရရှိ ခဲ့ခြင်း ဖြစ်သည်။

ဘာစီလိုနာ အသင်းအတွက် အဖွင့်ဂိုးကို ပွဲချိန် ၅မိနစ် မှာပင် မက်ဆီ မှ စတင် သွင်းယူ ခဲ့ခြင်းဖြစ်သည်။ တိုက်စစ်မှုး မက်ဆီမှပင် ပွဲချိန် ၃၉မိနစ်တွင် ဒုတိယ ဂိုး ထပ်မံ သွင်းယူ သွားခဲ့သဖြင့် ပထမပိုင်းတွင် ဘာစီလိုနာ အသင်းမှ ၂ဂိုး ဂိုး မရှိဖြင့် ဦးဆောင် ထားနိုင် ခဲ့သည်။ ယနေ့ပွဲတွင် ဘာစီလိုနာ အသင်းမှာ ၄င်းတို့၏ ပုံမှန် တိုက်စစ်ဆင်ပုံ အတိုင်း ဘောလုံးကို ကိုင် ကစားကာ ကစားကွက် အသင်းစီးဖြင့် မီလန် အသင်းကို တောက်လျှောက် ထိုးဖောက် တိုက်စစ်ဆင် ကစားနေ ခဲ့သည်။

ဘာစီလိုနာ အသင်း၏ ဇာဗီ+အင်နီယေစတာ+မက်ဆီ တို့၏ ကစားကွက် ပုံဖေါ်မှု ကို မီလန် အလယ်တန်းမှ လုံးဝ ယှဉ်ကစားနိုင်ခြင်း မရှိ သည်ကိုလည်း တွေ့ ရသည်။ ထို့ကြောင့် မီလန် အသင်းမှာ တစ်ပွဲလုံး ခံစစ်ကို အဓိကထား ကစားနေ ခဲ့ပြီး တန်ပြန် တိုက်စစ် ဖြင့်သာ ပြန်လည်ထိုးဖောက်နေခဲ့သည်။ သို့သော် မီလန် ၏ ဒုတိယ အကျော့ အဝေးကွင်း တန်ပြန် တိုက်စစ်မှာ ပထမ အကျော့ အိမ်ကွင်းလောက် မကောင်း ခဲ့ပဲ လူပေး မှား နေသည်မှာ များနေ ခဲ့သည်။ မီလန်၏ တိုက်စစ်ကို အဓိက တာဝန်ယူရသည့် တောင်ပံ ကစားသမား များဖြစ်သည့် ဘိုတန် နှင့် အာရှာဝီ တို့မှာ ယနေ့ပွဲတွင် ခြေစွမ်း မပြနိုင်သည် ကိုလည်းတွေ့ ရသည်။

ဘာစီလိုနာ အသင်း၏ တိုက်စစ်မှုး ဗီလာမှ တတိယ အနိုင်ဂိုးကို ပွဲချိန် ၅၅မိနစ်တွင် သွင်းယူ ခဲ့ပြန်သည်။ အနိုင် အတွက် လိုအပ်သည့် ၃ ဂိုး သွင်းယူ ပြီးချိန်တွင်လည်း ဘာစီလိုနာ အသင်းမှာ တိုက်စစ်ကိုလျှော့ ချခြင်း မရှိပဲ ဆက်လက် ဖိ ကစားနေ ခဲ့သည်။ ထို့ကြောင့် နာကျင် အချိန်ပို အတွင်း တွင် နောက်ခံ ဘယ်အစွန်လူ အယ်လ်ဘာ မှ ပွဲသိမ်းဂိုး သွင်းယူ သွားခဲ့ခြင်း ဖြစ်သည်။ ယခုပွဲ အနိုင်ကြောင့် ပထမ အကျော့ မီလန် ကွင်းတွင် ၂ဂိုး ပြတ် ရှုံးနိမ့် ခဲ့သော်လည်း ဘာစီလိုနာ အသင်းမှာ မိမိ၏ အိမ်ကွင်းတွင် ၄ဂိုး ပြတ် အနိုင် ယူပြခဲ့သည့် အတွက် ၂ကျော့ပေါင်း ရလဒ် ၄ဂိုး – ၂ ဂိုး ဖြင့် ချန်ပီယံလိဂ် ကွာတားဖိုင်နယ် သို့တက်ရောက် သွားခဲ့ ပြီ ဖြစ်ပါသည်။


အခြားပွဲ ရလဒ်  -  ရှော်လ်ကေး ၂ – ၃ ဂါလာတာစရေး 
( ဂါလာတာစရေး ကွာတားဖိုင်နယ် တက်ရောက်)

သူစိမ်း
Myanmar Striker
ဘာစီလိုနာအသင်းသည် နောက်တစ်ဆင့် တက်ရောက်ရန် အတွက် လိုအပ်သည့် ဂိုးပြတ်အနိုင်ကို မိမိ၏အိမ်ကွင်းတွင် ရယူပြနိုင်ခဲ့ပြီ ဖြစ် သည်။ ဘာစီလိုနာအသင်း၏ အဓိကကစားသမားများဖြစ်သည့် ဇာဗီ၊ အင်နီယေစတာ နှင့် မက်ဆီ တို့၏ ခြေစွမ်းပြမှုများနှင့်အတူ မိမိ၏ အိမ်ကွင်းတွင် အေစီမီလန်အသင်းအား ၄ ဂိုး ဂိုးမရှိဖြင့် အနိုင် ရရှိ ခဲ့ခြင်း ဖြစ် သည်။

Tuesday, March 12, 2013

တယ်လီဖုန်းဆင်းကတ်များကို ကျပ်နှစ်သောင်းဖြင့်ရောင်းချမည် ဟုမပြောခဲ့ကြောင်းနှင့် ယင်းထက်ပင်များစွာ ဈေးချိုမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးစိုးသိမ်း ပြောကြား

Photo: တယ်လီဖုန်းဆင်းကတ်များကို ကျပ်နှစ်သောင်းဖြင့်ရောင်းချမည် ဟုမပြောခဲ့ကြောင်းနှင့် ယင်းထက်ပင်များစွာ ဈေးချိုမည်ဖြစ်ကြောင်း
ပြည်ထောင်စုဝန်ကြီး ဦးစိုးသိမ်း ပြောကြား
Tuesday, March 12, 2013

တယ်လီဖုန်းဆင်းကတ်များအား ဧပြီ ၁ရက်မှစ၍ ကျပ်ငွေနှစ်သောင်းဖြင့်
ရောင်းချမည်ဟုမိမိပြောကြားခဲ့သည်ဟု သတင်းဂျာနယ်အချို့တွင်
ဖော်ပြနေခြင်းများမှာ မဟုတ်မှန်ကြောင်း ပြည်ထောင်စုဝန်ကြီး 
ဦးစိုးသိမ်းကပြောသည်။

ရန်ကုန်မီဒီယာက ပြည်ထောင်စုဝန်ကြီးနှင့်ဆက်သွယ်မေးမြန်းရာတွင် ဦးစိုးသိမ်းက အထက်ပါအတိုင်းငြင်းဆိုလိုက်ခြင်းဖြစ်သည်။
`ကျွန်တော်အဲသလိုလုံးဝပြောကြားခြင်းမရှိပါဘူး။ဧပြီ ၁ရက်မှာ စတင် ရောင်းချပေးမှာမှန်ပါတယ်။ဒါပေမယ့် ကျပ်နှစ်သောင်းနဲ့ရောင်း မယ်လို့ ကျွန်တော်မပြောခဲ့ပါဘူး။ဘယ်လောက်နဲ့ရောင်းမယ်ဆိုတာ ကျွန်တော်သိပေမယ့် ပြောခွင့်မရှိပါဘူး။သက်ဆိုင်ရာဝန်ကြီးဌာနကသာ တရားဝင်ကြေညာထုတ်ပြန်ပေးမှာဖြစ်ပါတယ်`ဟု ဦးစိုးသိမ်းကပြောသည်။

`တကယ်ရောင်းတဲ့အခါ အခုပြောနေကြတဲ့ ကျပ်နှစ်သောင်းဆိုတာထက် အများကြီးလျော့နည်းတဲ့ဈေးနဲ့ရောင်းမှာပါ။ထောင်ဂဏန်းမျှသာဖြစ်ပါ လိမ့်မယ်။အဲသလောက်ပဲ ကျွန်တော်ပြောပြပါရစေ`ဟု ပြည်ထောင်စု ၀န်ကြီးက ဆက်လက်ပြောဆိုသည်။

Yangon Media Group
တယ်လီဖုန်းဆင်းကတ်များအား ဧပြီ ၁ရက်မှစ၍ ကျပ်ငွေနှစ်သောင်းဖြင့်
ရောင်းချမည်ဟုမိမိပြောကြားခဲ့သည်ဟု သတင်းဂျာနယ် အချို့ တွင် ဖော်ပြနေခြင်း များမှာ မဟုတ် မှန်ကြောင်း ပြည်ထောင်စု ၀န်ကြီး
ဦးစိုးသိမ်းကပြောသည်။

ပြည်မြို့ NLD နှစ်ခြမ်းကွဲကာ အချင်းချင်းဆန္ဒပြမှု တရားရုံးမှ ကိုင်တွယ်မည်



ပြီးခဲ့သည့် မတ်လ ၇ ရက် ၆ နာရီခွဲအချိန်တွင် ပြည်မြို့နယ်၊ ဖက်တန်းလမ်းရှိ၊ ဆံတော်ရပ် ကွက်ရှိ၊ ရပ်/ကျေး NLD ပါတီ ရုံးရှေ့မှစတင်ပြီး ဗိုလ်ချုပ်လမ်း၊ အမှတ် (၂၅၂)၊ ရွာဘဲရပ်ကွက်ရှိNLDပါတီရုံးရှေ့သို့NLDပါတီ မှ ဦးကျော် သန်းဦးဆောင်၍ကား(၃)စီးဖြင့် သွားရောက်ဆန္ဒ ပြခဲ့ကြောင်း သိရသည်။

စိတ်မနှံ့သည့် သမီးက ဖခင်အား ဓါးဖြင့်ခုတ်သတ်

တောင်ကိုရီးယား နိုင်ငံ အနေဖြင့် အမေရိကန် နိုင်ငံနှင့် အဏုမြူ စွမ်းအင် ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက် တိုးမြှင့်ရေးအား စဉ်းစားလျက်ရှိ

ကွန်ပျူတာနှင့် မောင်းသူမဲ့ လေယာဉ်များကို ထိန်းချုပ်သွားမည့် လက်ပတ်

~ထမင်းစားပြီးလျှင် ရှောင်ကြဉ်သင့်သည့် အချက်များ(REPOST)~


မြန်မာလူမျိုးတို့၏ အဓိကအစားအစာမှာ ထမင်းဖြစ်ပြီး နေ့စဉ်ထမင်းစားနေ ကြသည်ဖြစ်ရာ ထမင်းစားပြီးရှောင်ကြဉ်သင့်သော အချက်(၇)ချက်ကို ကျန်းမာရေးအသိရှိစေရန် ဖော်ပြလိုက်ရပါသည်။

(၁) ဆေးလိပ်မသောက်ပါနှင့်။

ကျွမ်းကျင်သူများ၏ လေ့လာသုတေသနပြုချက်များအရထမင်းစားပြီးစီးကရက်တစ်လိပ်သောက်ခြင်းသည် စီးကရက် ဆယ်လိပ်သောက်ခြင်းနဲ့ ညီမျှပြီး ကင်ဆာရောဂါဖြစ်ပွားရန် အခွင့်လမ်းအများဆုံးဖြစ်ကြောင်း သိရှိရသည်။

(၂) သစ်သီးများကိုချက်ချင်း မစားပါနှင့်။

ထမင်းစားပြီးသစ်သီးများကို ချက်ချင်းစားခြင်းသည် အစာအိမ် လေခံစေ သည်။ ထို့ကြောင့် သစ်သီးများ စားသုံးမည်ဆိုပါက ထမင်းစားပြီး တစ်နာရီ(သို့) နှစ်နာရီအကြာနှင့် ထမင်းမစားမီ တစ်နာရီအလိုတွင်သာ စားသုံးသင့်သည်။

(၃)လက်ဖက်ရည်မသောက်ပါနှင့်။

လက်ဖက်ရွက်တွင် အက်ဆစ်ပါဝင်မှုနှုန်းမြင့်မားပြီး ၄င်းသည် ကျွန်ုပ်တို့စားသုံးလိုက်သော အစာအိမ်ရှိပရိုတိန်းဓာတ်များကို မာကျောစေသည့်အတွတ်အစာချေရန်အခက်အခဲဖြစ်စေသည်။

(၄) သင်၏ခါးပတ်ကို မဖြည်လိုက်ပါနှင့်။

ထမင်းစားပြီးခါးပတ်ကိုဖြည်လိုက်ခြင်း(တစ်နည်းအနည်းငယ်လျှော့လိုက်ခြင်း)သည်ဝမ်းအတွင်းရှိ အူကိုခေါက်စေသည်။

(၅) ရေမချိုးပါနှင့်။

ထမင်းစားပြီးရေချိုးခြင်းသည်လက်များ၊ ခြေထောက်များနှင့်ခန္ဒာကိုယ်များသို့သွားသော သွေးပမာဏကိုတိုးပွားစေပြီးအစာအိမ်တစ်ဝိုက်တွင်မှု သွေးပမာဏလျော့ကျသွားသည့်အတွက်ကျွန်တော်တို့အစာအိမ်ရှိ အစာချေစနစ်ကို အားနည်းသွားစေသည်။

(၆) လမ်းမလျှောက်ပါနှင့်။

လူအများကပြောနေကြသည်မှာ ထမင်းစားပြီးလမ်းလျှောက်ခြင်း သည် ခြေလမ်းပေါင်းတစ်ရာလမ်းလျှောက်ခြင်းနှင့်ညီမျှပြီးအ သက်(၉၉) နှစ်အထိအသက်ရှည်ရှည်နေရမည် ဖြစ်ကြောင်း ပြော ဆိုကြသည်ကို ကြားဖူးပါသည်။တစ်ကယ်တော့ ထိုသို့ပြုလုပ်ခြင်းကြောင့် အစာချေစနစ်သည် ကျွန်ုပ်တို့စားသုံးလိုက်သော အစာအေဟာရများကို စုပ်ယူရန် အခက်ခဲဖြစ် သွားပါသည်။ 

ထို့ကြောင့်ထမင်းစားပြီးလမ်းမလျှောက်ပါနှင့်။

(၇) ချက်ချင်းမအိပ်ပါနှင့်။

ထမင်းစားပြီးချက်ချင်းအိပ်လိုက်ခြင်းကြောင့်ကျွန်ုပ်တို့စားသုံးလိုက်သောအစာများသည် ကောင်းစွာအစာမကျေနိုင်တော့ပေ။
~ထမင်းစားပြီးလျှင် ရှောင်ကြဉ်သင့်သည့် အချက်များ(REPOST)~


မြန်မာလူမျိုးတို့၏ အဓိကအစားအစာမှာ ထမင်းဖြစ်ပြီး နေ့စဉ် ထမင်းစားနေ ကြသည်ဖြစ်ရာ ထမင်းစားပြီးရှောင်ကြဉ်သင့်သော အချက်(၇)ချက်ကို ကျန်းမာရေး အသိရှိစေရန် ဖော်ပြလိုက်ရပါသည်။

ဆံပင်ဆိုးဆေးကြောင့် ဆံသားပျက်စီးရုံမျှမက သွေးကင်ဆာအထိ ဖြစ်နိုင်



ဆံပင်ဆိုးဆေးကို ကာလကြာရှည်စွာ အသုံးပြုခြင်း ၊ မကြာခဏ အရောင် အရင့်ဆံပင်ဆိုးဆေး များ ပြောင်းဆိုးပါက ဆံပင်ပျက်စီးရုံမျှမကသာမက သွေးကင်ဆာအထိ ဖြစ်ပွားနိုင်ကြောင်း ဆရာဝန် အချို့၏ သုံးသပ်ပြောဆိုမှု အရ သိရှိရသည်။

နာဂလူမျိုးများအား ချင်းမျိုးနွယ်စုထဲ သွတ်သွင်းမှုကို ကန့်ကွက်

ရန်ကုန်ဆန်ဈေးကွက်အတွင်း ဆန်ဈေးနှုန်း တည်ငြိမ်နေ

ဆင်းကဒ်များကို ဧပြီလ ၁ ရက်နေ့ နောက်ပိုင်းတွင် ပိုမိုသက်သာ သော ဈေးနှုန်းနှင့် ရောင်းချပေးမယ်


သတင်းဂျာနယ်အချို့တွင်သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးစိုးသိမ်းက ဆင်းကဒ်များကို နှစ်သောင်း ကျပ်နဲ့ ရောင်းချပေးမည်ဟု ပြောကြောင်းကိုးကားရေးသားမှုများသည်မမှန်ကန်ကြောင်း ၊ ပြည်ထောင်စု

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအားဆက်လက်ဆောင်ရွက်စေသင့် ကြောင်းရဲတပ်ဖွဲ့သည် ဖော့စဖောရပ်ဓာတ် ပါဝင်သည့် မီးခိုးဗုံးကို အသုံးပြုခဲ့သည်ဟု အပြီးသတ် အစီရင်ခံစာတွင် ဖော်ပြ



စုံစမ်းစစ်ဆေးရေး ကော်မရှင်၏စုံစမ်းစစ်ဆေးချက်များအရလက်ပံတောင်းတောင် ကြေးနီစီမံကိန်းတွင် အားနည်းချက်များရှိသော်လည်းထိုအားနည်းချက်များသည် ပြင်ဆင်နိုင်သည့် ကိစ္စများဖြစ်သောကြောင့် စီးပွားရေး၊လူမှုရေး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ နိုင်ငံတကာဆက်ဆံရေးရှုထောင့်မျိုးစုံကို ခြုံငုံ စဉ်း စားပြီး ပြုပြင်ရန်အကြံပြုချက်များအားအကောင်အထည် ဖော်ဆောင်ရွက်စေလျက်လက်ပံတောင်းတောင် ကြေး နီစီမံကိန်းကို ဆက်လက် ဆောင်ရွက်စေသင့်ကြောင်း မတ်လ၁၂ရက်နေ့ ထုတ် နိုင်ငံပိုင် သတင်းစာများ၌ ဖော်ပြခဲ့သည့်စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ အပြီးသတ် အစီရင်ခံစာတွင် အကြံပြု ခဲ့သည်။

Monday, March 11, 2013

ပိုမို လှပကျန်းမာစေမည့် ရိုးရှင်းသော နည်းလမ်း ၁၂ သွယ်

Photo: ပိုမို လှပကျန်းမာစေမည့် ရိုးရှင်းသော နည်းလမ်း ၁၂ သွယ်
Monday, March 11, 2013

လေ့ကျင့်ခန်းပြုလုပ်တာကြောင့် အသက်ရှည်ခြင်း၊ ပျော်ရွှင်စေခြင်း၊ အိပ်ပျော်စေခြင်း၊ ဖိစီးမှုလျော့စေခြင်း၊ နှလုံးရောဂါနဲ့ ကင်ဆာရောဂါ ဖြစ်နှုန်းကို လျှော့ချပေးနိုင်ခြင်း၊ အရေပြား ကျန်းမာစေခြင်း စတဲ့ အကျိုးကျေးဇူးတွေ ရရှိနိုင်သလိုပဲ အောက်ပါနည်းလမ်းလေးတွေကို နေ့စဉ် ဘဝထဲ ထည့်ပေါင်းပေးတာက သင့်ကို ပိုမိုကျန်းမာ လှပနေစေမှာပါ။

၁။ ရာသီဥတု အခြေအနေကိုကြည့်ပြီး အဝတ်အစားကို ဝတ်ဆင်ပါ။ သင့်အတွက် မလိုအပ်တော့တဲ့ အဝတ်အစားတွေကို ရွေးချယ်ပြီး သီးသန့်ခွဲလိုက်ပါ။ ဒါမှမဟုတ် လက်ဆောင်ပေးလိုက်ပါ။

၂။ ခန္ဓာကိုယ်နဲ့ အံဝင်ခွင်ကျဖြစ်စေမယ့် အဝတ်အစားမျိုးကို ဝတ်ဆင်ပေးပါ။ ဒါမှ သင့်ခန္ဓာကိုယ်ရဲ့ ပုံစံကို သင်သတိထားမိနိုင်မှာပါ။

၃။ ဈေးဝယ်ထွက်ချိန်မျိုးနဲ့ အလည်အပတ်သွားချိန်မျိုးမှာ ပေါ့ပါးလွတ်လပ်တဲ့ အဝတ်အစားမျိုးတွေကိုသာ ဝတ်ဆင်ပါ။

၎။ ကလေးငယ်တွေနဲ့အတူ နာရီဝက်လောက် ကစားပါ။ စက်ဘီးအတူစီးတာမျိုး၊ ဘောလုံးကစားတာမျိုးပါ။

၅။ အလုပ်အသွားအလုပ်ပြန် ငါးမိနစ်လောက်တော့ လမ်းလျှောက်သွားပါ။ လှေကားထစ်တွေကို လမ်းလျှောက်တက်ပါ။ အလျင်မလိုရင် ဓာတ်လှေကားမသုံးပါနဲ့။

၆။ သုံးလက်မလောက် ဒေါက်မြင့်ကိုသာ စီးပါ။ အရမ်းမြင့်တဲ့ ဖိနပ်ကို ရံဖန်ရံခါမှသာ စီးပါ။

၇။ ကမ်းခြေလို နေရာမျိုးကို ခရီးထွက်ပါ။ ဒါမှမဟုတ် လယ်ကွင်းလို နေရာမျိုးတွေမှာ လေရှူပါ။

၈။ လေးလံတဲ့ပစ္စည်းတွေ ထည့်ထားတဲ့ အိတ်တွေကို လက်နဲ့ ဆွဲမယ့်အစား လက်နှစ်ဖက်နဲ့ ရှေ့မှာပိုက်ပြီးသယ်ပါ။

၉။ ဘာလေ့ကျင့်ခန်းမှ မလုပ်နိုင်ရင်တောင် အလေးမရာမှာ သုံးတဲ့ ဝိတ်တုံးတစ်တုံးလောက် ဝယ်ထားပါ။ အနည်းဆုံးတော့ အလေးမပစ္စည်းသုံး လေ့ကျင့်တာဟာ ကြွက်သားကို အထောက်အကူဖြစ်စေတာကြောင့်ပါ။

၁၀။ အိမ်မွေးတိရစ္ဆာန်လေးတွေ မွေးမြူပေးပါ။ စိတ်ဖိစီးမှုနဲ့ အထီးကျန်ဆန်မှုတွေကို ပြေပျောက်စေပါတယ်။

၁၁။ မိတ်ဆွေ၊ အပေါင်းအသင်းတွေဆီ ဖုန်းဆက်ပြီးဖြစ်စေ၊ တွေ့ဆုံပြီးဖြစ်စေ စကားပြောပါ။ ရယ်စရာဟာသလေးတွေ ပြောတာမျိုး၊ ရင်ဖွင့်ပြောဆိုတာမျိုး ပြုလုပ်ပါ။

၁၂။ တစ်ကိုယ်ရေသန့်ရှင်းမှု ပုံမှန် ပြုလုပ်တာဟာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ပိုစေပါတယ်။ အထူးသဖြင့် လက်သည်း၊ ခြေသည်းတွေကို ပုံမှန်သန့်စင်ပေးပါ။

သဲသဲ
လေ့ကျင့်ခန်းပြုလုပ်တာကြောင့် အသက်ရှည်ခြင်း၊ ပျော်ရွှင်စေခြင်း၊ အိပ်ပျော်စေခြင်း၊ ဖိစီးမှုလျော့စေခြင်း၊ နှလုံးရောဂါနဲ့ ကင်ဆာရော ဂါ ဖြစ်နှုန်းကို လျှော့ချပေးနိုင်ခြင်း၊ အရေပြား ကျန်းမာစေခြင်း စတဲ့ အကျိုးကျေးဇူးတွေ ရရှိနိုင်သလိုပဲ အောက်ပါနည်းလမ်းလေးတွေ ကို နေ့စဉ် ဘဝထဲထည့်ပေါင်းပေးတာက သင့်ကို ပိုမိုကျန်းမာ လှပနေစေ မှာပါ။

ဂျပန်လျှပ်စစ်ပြိုင်ဆိုင်ကယ် ZecOO

ဂျပန်လျှပ်စစ်ပြိုင်ဆိုင်ကယ် ZecOO
Monday, March 11, 2013

ZecOO Electric E-bike လို့အမည်ပေးထားတဲ့ ဆိုင်ကယ်ဖြစ်ပြီး ၂၀၁၂ တိုကျို မော်တော်ဆိုင်ကယ်ပြပွဲမှာ ဝင်ရောက်ပြသသွားတဲ့ ဆိုင်ကယ် ဖြစ် ပါတယ်။

ပုံမှာ မြင်တွေ့ရတဲ့အတိုင်း ဒီဇိုင်းကတော့ ခေတ်ရှေ့ ပြေးပါတယ်။ ထူးခြားချက် အနေနဲ့ လောင်စာဆီ လုံးဝမသုံးပဲ လျှပ်စစ်ဘက်ထရီ
သီးသန့် အသုံးပြုတဲ့ ဆိုင်ကယ် ဖြစ်ပါတယ်။ ၆ နာရီး အားသွင်းပြီး မိုင် ရာကျော်မောင်းနှင်နိုင်တယ်လို့ ဆိုပါတယ်။ ပေါ့ပေါ့ပါးပါးဖြစ်အောင် ကာဘွန်ဖိုက်ဘာနဲ့ အလူမီနီယံသားတို့ ပိုမိုအသုံးပြုလို့ တည်ဆောက်ထား ပါတယ်။ classic retro aspects ပုံစံ low-rider (လမ်းသရဲ) ဆိုင်ကယ် ဖြစ် ပါတယ်။

ZecOO မှ ဂျပန်နိုင်ငံမှာ ဖြန့်ချိနေပြီ ဖြစ်ပြီး ကာလတန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၇ သောင်း ရှိကြောင်း သိရပါတယ်။
--
Ref: techblog
Aung Kham (TSJ team)

--
http://blog.techspace.com.mm/2013/03/zecoo.html

--
TechSpace Journal
ZecOO Electric E-bike လို့အမည်ပေးထားတဲ့ ဆိုင်ကယ်ဖြစ်ပြီး ၂၀၁၂ တိုကျို မော်တော်ဆိုင်ကယ်ပြပွဲမှာ ဝင်ရောက်ပြသသွားတဲ့ ဆိုင်ကယ် ဖြစ် ပါတယ်။

နှစ်ဖက်စလုံးမှ စစ်ဘက်ရေးရာ ခေါင်းဆောင်များ ပါဝင်သော ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကိုယ်စားလှယ်အဖွဲ့နှင့် KIO/KIA အဖွဲ့တို့၏ ဆွေးနွေးမှု ရွှေလီမြို့၌ ကျင်းပနေ၊ ဆွေးနွေးမှု များမှတစ်ဆင့် သဘောတူညီချက် တစ်ရပ်ကို လက်မှတ်ရေးထိုးနိုင်ရန် ကြိုးပမ်းမှုများ လုပ်ဆောင်မည်


နှစ်ဖက်စလုံးမှ စစ်ဘက်ရေးရာ ခေါင်းဆောင်များ ပါဝင်သော ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကိုယ်စားလှယ်အဖွဲ့နှင့် KIO/KIA အဖွဲ့တို့၏ ဆွေးနွေးမှု ရွှေလီမြို့၌ ကျင်းပနေ၊ ဆွေးနွေးမှု များမှတစ်ဆင့် သဘောတူညီချက် တစ်ရပ်ကို လက်မှတ်ရေးထိုးနိုင်ရန် ကြိုးပမ်းမှုများ လုပ်ဆောင်မည်

Created on Monday, 11 March 2013 10:45

နှစ်ဖက်စလုံးမှ စစ်ဘက်ရေးရာ ခေါင်းဆောင်များ ပါဝင်သော ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကိုယ်စားလှယ်အဖွဲ့နှင့် KIO/KIA ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့တို့၏ ဆွေးနွေးပွဲကို မတ်လ ၁၁ ရက်နေ့ နံနက် ၉ နာရီ အချိန်မှ စတင်ပြီး တရုတ်နိုင်ငံ၊ ရွှေလီမြို့ရှိ ကျင်းချိန် (Jind Cheng) ဟိုတယ်၌ ပြုလုပ်နေပြီ ဖြစ်ပါသည်။
တရုတ်အစိုးရ၏ စီစဉ်ပေးမှုဖြင့် ထပ်မံ တွေ့ဆုံခဲ့သော မတ်လ ၁၁ ရက်နေ့ ဆွေးနွေးပွဲတွင် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ ဒုတိယ ဥက္ကဋ္ဌ ဦးအောင်မင်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အပြင် ကာကွယ်ရေး ၀န်ကြီးဌာနမှ အထူးစစ်ဆင်ရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်စိုး၊ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ထွန်းထွန်းနောင်၊ ကချင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ၀န်ကြီးဌာန ပြည်နယ်ဝန်ကြီး ဗိုလ်မှူးကြီး သန်းအောင်တို့လည်း ပါဝင်ခဲ့ကြောင်း သိရသည်။ KIO/KIA ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ကို ဦးဆွမ်လွတ်ဂမ်က ဦးဆောင်ခဲ့ပြီး KIA ၏ ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ် အက်စ် ဂွမ်မော်၊ ဗိုလ်မှူးကြီး ဇော်ရော်၊ ဗိုလ်မှူးကြီး လဖိုင်လ၊ ဗိုလ်မှူးကြီး ခွန်နောင်၊ ဆလန်ကဘာ ခွန်နောင်၊ ဗိုလ်မှူးကြီး ဇော်တောင်၊ ဒုတိယ ဗိုလ်မှူးကြီး နော်ဘူ၊ ဗိုလ်မှူး ဆင်းခေါ၊ နှင့် ဦးနော်ထွဲ တို့ ပါဝင်ခဲ့ကြပါသည်။
"တပ်မတော်ရဲ့ ပါဝင်မှုကိုတော့ ဆွေးနွေးပွဲ ပြီးရင် သိရမှာပါ။ အခုကတော့ အားလုံး သိတဲ့ အတိုင်းပဲ ငြိမ်းချမ်းရေး ရဖို့ဆိုရင် တပ်မတော် မပါဘဲနဲ့ ပြီးမှာ မဟုတ်ဘူး။ တပ်မတော်က မပါလို့ မရတဲ့အတွက်ကြောင့်မလို့ ဒီနေ့ တာဝန်ရှိတဲ့ သူတွေ ပါလာတယ်။ တာဝန်ရှိတဲ့သူတွေ ပါလာတဲ့အတွက် အကောင်းဆုံး ဖြစ်မယ်လို့တော့ ကျွန်တော်တို့ဘက်က မျှော်လင့်တယ်”ဟု ကာကွယ်ရေး ၀န်ကြီးဌာနမှ အထူး စစ်ဆင်ရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်စိုးက ဆွေးနွေးပွဲ မစတင်မီအချိန်က ပြောကြားခဲ့ပါသည်။
"တပ်တွေ ရှုပ်ထွေးနေတယ်ဆိုတဲ့ ကိစ္စမှာတော့ ဒီဆွေးနွေးပွဲမှာ သိရမှာပေါ့။ ဘယ်ဟာကို အရင်လုပ်မလဲ။ အပစ်အခတ် ရပ်စဲရေးကို အရင်လုပ်မလား။ တပ်တွေ နေရာချထားမှုကို ညှိတာ အရင်လုပ်မလား ဆိုတာ ဒါကို ဒီနေ့ ဆွေးနွေးပွဲမှာ ညှိမှာပေါ့"ဟု ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်စိုးက ဆက်လက် ပြောကြားခဲ့သည်။
ဆွေးနွေးပွဲသို့ အသိသက်သေများ အနေဖြင့် တရုတ်အစိုးရမှ တာဝန်ပေးခဲ့သော အစိုးရအဖွဲ့ဝင်များ၊ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) အဖွဲ့၏ ကိုယ်စားလှယ်များအဖြစ် ကရင် အမျိုးသား အစည်းအရုံး (KNU) မှ ဒေးဗစ်သာကပေါ မွန်ပြည်သစ် ပါတီ (MNSP) ၏ ဥက္ကဋ္ဌ နိုင်ထောမွန်၊ ပအိုဝ် အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO) ဥက္ကဋ္ဌ ဦးခွန်ဥက္ကာနှင့် ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ (KNPP) မှ ဦးခူဦးရယ်တို့ တက်ရောက်မည် ဖြစ်ကာ ရှမ်းပြည်တပ်မတော် (SSPP/SSA) မှ ဗိုလ်မှူးကြီး စိုင်းတူးနှင့် ဗိုလ်မှူး ဘထွန်း၊ ရှမ်းပြည် တပ်မတော် (RCSS/SSA) မှ ဗိုလ်မှူးချုပ် စိုင်းလူနှင့် ဗိုလ်မှူး စိုင်းဦး၊ အမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (ရှမ်းပြည်နယ် အရှေ့ပိုင်း) (NDAA/ESS) မှ ဦးအိုက်ရှားလနှင့် ဦးခမ်းမောင်တို့လည်း တက်ရောက်ခဲ့ကြောင်း သိရသည်။ ထို့အပြင် မြစ်ကြီးနား အခြေစိုက် ကချင်ပြည်နယ် ငြိမ်းချမ်းရေး အကျိုးတော်ဆောင်အဖွဲ့ (PCG) မှ ဦးယွပ်ဇော်ခေါင် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့လည်း တက်ရောက်ခဲ့ကြောင်း သိရသည်။

"ဒီနေ့ ဆွေးနွေးပွဲကတစ်ဆင့် ယုံကြည်မှု တည်ဆောက်တာ တိုးမြှင့်နိုင်မယ်လို့ မျှော်လင့်တယ်။ နောက်ပြီး ဒီကနေ တစ်ဆင့် လိုအပ်တဲ့ ညှိနှိုင်းမှုတွေ အဆင့်လိုက် အဆင့်လိုက် ရရှိတဲ့အပေါ်မှာ အဓိပါယ်ပြည့်ဝတဲ့ နိုင်ငံရေး ဆွေးနွေးပွဲက ပေါ်လာမယ်။ ဒီမှာ မပေါ်နိုင်သေးရင်တောင် နောက်တော့ ပေါ်လာလိမ့်မယ်လို့ ယုံကြည်ပါတယ်” ဟု ဆွေးနွေးပွဲတွင် အသိသက်အဖြစ် ပါဝင်ခဲ့သော UNFC အဖွဲ့ဝင် ပအိုဝ် အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO) မှ ဥက္ကဋ္ဌ ဦးခွန်ဥက္ကာက Eleven Media Group သို့ ပြောပါသည်။
ဆွေးနွေးပွဲ မစတင်မီ ရက်ပိုင်းအလိုက “၀” ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် UWSP/UWSA မှ ဒုတိယ စစ်ဦးစီးချုပ် ကျောက်ကျုံးတန်းနှင့် ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ် လီးကျူးလျဲ့(ခေါ်) ဦးအောင်မြင့်တို့ တက်ရောက်မည်ဟု သတင်းထွက် ပေါ်ခဲ့သော်လည်း တရုတ်အစိုးရမှ ပြည်ဝင်ခွင့် မပေးခဲ့သည့်အတွက် ၎င်းတို့နှစ်ဦး တက်ရောက်နိုင်ခဲ့ခြင်း မရှိကြောင်း စုံစမ်း သိရှိရပါသည်။
ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့နှင့် KIO/KIA ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့တို့သည် ဖေဖော်ဝါရီလ ၄ ရက်နေ့က နောက်ဆုံးအကြိမ် တွေ့ဆုံခဲ့ပြီး ထိုသို့ တွေ့ဆုံဆွေးနွေးခဲ့စဉ်က နှစ်ဖက် ခိုင်မာသည့် စစ်ပြေငြိမ်းရေးကို အလျင်အမြန် အကောင်အထည်ဖော်ရန် သဘောတူညီကြကြောင်း ဆွေးနွေးမှုအပြီး ထုတ်ပြန်ခဲ့သော ပူးတွဲ ကြေညာချက်တွင် ဖော်ပြခဲ့ပါသည်။
ဖေဖော်ဝါရီလ အတွင်းက နောက်ဆုံးတွေ့ဆုံခဲ့ပြီး ဖေဖော်ဝါရီလ မတိုင်မီအချိန်တွင် ထပ်မံတွေ့ဆုံရန်အတွက် ကြိုတင် စီစဉ်ခဲ့သော်လည်း အစိုးရဘက်မှ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်း ဒေသများတွင် စစ်အင်အား တိုးချဲ့မှုများ ဆက်လက် ပြုလုပ်နေသဖြင့် ဆွေးနွေးပွဲရက် နောက်ဆုတ်ခဲ့ခြင်း ဖြစ်ပါသည်။
နှစ်ဖက် စစ်ရေး ခေါင်းဆောင်များ ပါဝင်သော မတ်လ ၁၁ ရက်နေ့ ဆွေးနွေးပွဲသည် ဖေဖော်ဝါရီလ ၄ ရက်နေ့ ဆွေးနွေးပွဲ၌ အလွတ်သဘော သဘောတူညီမှု ရရှိခဲ့သည့် နှစ်ဖက် စစ်ပြေငြိမ်းရေး ဆိုင်ရာ ကိစ္စရပ်များကို ပြန်လည် သုံးသပ် ဆွေးနွေးမှုများ ပြုလုပ်မည်ဖြစ်ကာ သဘောတူညီချက် တစ်ရပ်ကို လက်မှတ် ရေးထိုးနိုင်မည် ဆိုသော သတင်းများ ထွက်ပေါ်နေပါသည်။
"သဘော တူညီချက် တစ်ရပ်ကို လက်မှတ်ရေးထိုး လိမ့်မယ်။ သဘောတူညီချက်က ဘာလဲဆိုတာတော့ မသိရသေးဘူး။ အစိုးရတပ်တွေ KIO နယ်မြေထဲ ကျွံဝင်နေတာတွေကိုလည်း ဆွေးနွေးကြလိမ့်မယ်။ အစိုးရတပ်ဘက်က တစိုက်မတ်မတ် တောင်းဆိုနေတဲ့ အပစ်အခတ် ရပ်စဲရေး စာချုပ်ကို လက်မှတ်ထိုးနိုင်တဲ့ အဆင့်အထိ ရောက်ဖို့ ဆိုတာကတော့ ဒီနေ့ ဆွေးနွေးပွဲမှာ ဖြစ်နိုင်မယ် မထင်ဘူး”ဟု အမည်မဖော်လိုသူ ငြိမ်းချမ်းရေး အကျိုးတော်ဆောင် တစ်ဦးက ပြောပါသည်။

"ကျွန်တော်တို့ကတော့ သဘောတူ စာချုပ်တစ်ခု လက်မှတ်ရေးထိုးနိုင်အောင် ကြိုးစားသွားမှာပဲ။ ဒီနေ့ကလည်း ကြိုးစားတဲ့ အဆင့်ပါ"ဟု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကိုယ်စားလှယ်အဖွဲ့ဝင် မွေးမြူရေးနှင့် ရေလုပ်ငန်း ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးအုန်းမြင့်က ပြောသည်။
ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့နှင့် KIO/KIA တို့သည် တရားဝင်နှင့် အလွတ်သဘော (၁၂) ကြိမ်ခန့် တွေ့ဆုံခဲ့ပြီး ထိုသို့ တွေ့ဆုံခဲ့သည့် အကြိမ်တိုင်းတွင် အပစ်အခတ် ရပ်စဲရေးထက် နိုင်ငံရေး ဆွေးနွေးပွဲများ ဖော်ဆောင်ရန် KIO ဘက်မှ အကြိမ်ကြိမ် တောင်းဆိုမှုများ ပြုလုပ်ခဲ့ပါသည်။
၂၀၁၂ ခုနှစ် ဒီဇင်ဘာလမှ စတင်ပြီး ကချင် ပြည်နယ်အတွင်း စစ်ရေး အရှိန်မြင့်တက်မှုများ ဖြစ်ပေါ်ခဲ့ပြီးနောက် ဖေဖော်ဝါရီလ ၄ ရက်နေ့ တွေ့ဆုံမှုသည် တိုးတက်မှု ရှိခဲ့ကာ အစိုးရနှင့် KIO အကြား ခိုင်မာသော စစ်ပြေငြိမ်းရေးကို အလျင်အမြန် အကောင်အထည် ဖော်နိုင်ရန် ပဋိပက္ခ ဖြစ်ပွားရာ နေရာများကို လေ့လာ စောင့်ကြည့် စိစစ်ရေး စနစ် ပေါ်ပေါက်ရန်အတွက် ဆက်လက်ဆွေးနွေးရန် သဘောတူညီခဲ့ကြပါသည်။
၂၀၁၂ ခုနှစ် အောက်တိုဘာလ ၃၀ ရက်နေ့က ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့နှင့် KIO/KIA ကိုယ်စားလှယ်အဖွဲ့တို့ တရုတ်နိုင်ငံ ရွှေလီ မြို့၌ တွေ့ဆုံခဲ့စဉ်က နှစ်ဖက်တပ်များ နေရာ ပြောင်းရွှေ့ရေး ကိစ္စရပ်များကို ဆွေးနွေးရန် စီစဉ်ခဲ့သော်လည်း KIO/KIA ဘက်မှ ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ် အက်စ်ဂွမ်မော် တက်ရောက်ခဲ့ခြင်း မရှိသည့်အတွက် ကာကွယ်ရေး ၀န်ကြီးဌာနမှ အထူးစစ်ဆင်ရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်စိုးလည်း တက်ရောက်ခြင်း မပြုခဲ့သဖြင့် စစ်ရေး အဖြေထွက်ပေါ်ခဲ့ခြင်း မရှိသည့်အပြင် ဒီဇင်ဘာလအတွင်း၌ စစ်ရေးအရှိန်များ မြင့်တက်ခဲ့ပါသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၀ ရက်နေ့က ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီနှင့် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) တို့သည် ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ ဒုတိယ အကြိမ် တွေ့ဆုံခဲ့ပြီး UNFC အဖွဲ့ဝင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း (၁၁) ဖွဲ့နှင့် နိုင်ငံရေး ဆွေးနွေးရန် ခြေလှမ်း စတင်နိုင်ခဲ့ပါသည်။

ကာကွယ်ရေး ၀န်ကြီးဌာနမှ ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်စိုးနှင့် KIO/KIA ၏ ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော်

 Credit to >> eleven
နှစ်ဖက်စလုံးမှ စစ်ဘက်ရေးရာ ခေါင်းဆောင်များ ပါ ၀င်သော ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကိုယ်စားလှယ်အဖွဲ့နှင့် KIO/KIA ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့တို့၏ ဆွေးနွေးပွဲကို မတ်လ ၁၁ ရက်နေ့ နံနက် ၉ နာရီ အချိန်မှ စတင်ပြီး တရုတ်နိုင်ငံ၊ ရွှေလီမြို့ရှိ ကျင်းချိန် (Jind Cheng) ဟိုတယ်၌ ပြုလုပ်နေပြီ ဖြစ်ပါသည်။
~ကျန်းမာရေးအတွက်...အတူတူမအိပ်သင့်တဲ့အရာ (၄) မျိုး~

၁) နာရီဝတ်ပြီးမအိပ်ပါနဲ့...

နာရီဟာရေဒီယိုသတ္တိကြွထုတ်လွှင့်မှုအတော်မြင့်မားပါတယ်…နာရီဟာသေးငယ်တယ်လို့ထင်ရပေမဲ့ဝတ်ဆင်ပြီးအချိန်ကြာကြာအိပ်ခဲ့ရင်သင့်ရဲ့ကျန်းမာရေးကိုဆိုးကျိုးတွေအများကြီး ဖြစ်လာစေနိုင်ပါတယ်တဲ့….ဒါကြောင့်အိပ်တဲ့အခါနာရီကို ချွတ်ပြီးအိပ်ကြပါ..

၂) အမျိုးသမီးများ ဘရာဝတ်ပြီးမအိပ်ပါနဲ့...

အမေရိကားမှ ပညာရှင်များလေ့လာတွေ့ရှိချက်အရအမျိုးသမီးများ ၁၂ နာရီထက်ကျော်လွန်ပြီး အတွင်းခံ(ဘရာ)ကိုဝတ်ဆင်ပါက ရင်သားကင်ဆာဖြစ်နိုင်ချေအလွန်မြင့်မားကြောင်းသိရပါတယ်…ဒါကြောင့် ညအိပ်ရာဝင်ချိန်မှာတော့ ဘရာ ချွတ်ပြီးအိပ်သင့်ပါတယ်။

၃) ဖုန်းနဲ့အတူတူမအိပ်ပါနဲ့...

မိမိလက်ကိုင်ဖုန်းကိုမိမိရဲ့အိပ်ရာဘေးဒါမှမဟုတ်အနီးအနားမှာထားခြင်းကိုအားမပေးပါဘူး..တစ်ချို့ကဖုန်းကို နိုးစက်အနေနဲ့အသုံးပြုတတ်ကြပါတယ်….အဲ့ဒီလိုသုံးရင်လည်းဖုန်းကိုမိမိနဲ့ဝေးနိုင်သမျှဝေးဝေးမှာထားသင့်ပါတယ်.…ပညာရှင်များကလျှပ်စစ်ပစ္စည်းများဖြစ်တဲ့ လက်ကိုင်ဖုန်းအပါအ၀င် တယ်လီဗေးရှင်းစက်များဟာ အသုံးပြုနေတဲ့အခါမှာသံလိုက်လှိုင်းများကိုထုတ်လွှင့်နေကြကြောင်း သက်သေပြခဲ့ကြပါတယ်..အဲဒီသံလိုက်လှိုင်းများဟာ ကျွန်မတိုရဲ့ အာရုံကြောအဖွဲ့အစည်းကိုအနှောက်အယှက်ပေးစေနိုင်ပါတယ်..ဒါကြောင့်ဖုန်းကိုအိပ်ရာဘေးမှာထားအိပ်မယ်ဆိုရင်တောင်ဖုန်းကိုပိတ်ထားသင့်ပါတယ်…..

၎) မိတ်ကပ်လိမ်းပြီးမအိပ်ပါနဲ့...

ညအိပ်ရာဝင်တဲ့အခါလိမ်းထားတဲ့မိတ်ကပ်များကိုမဖျက်ဘဲအိပ်တတ်သူများဟာ ရေရှည်မှာအရေပြားကိုဆိုးကျိုးဖြစ်စေနိုင်ပါတယ်…မိတ်ကပ်လိမ်းပြီး အိပ်ခြင်းအားဖြင့် အရေပြားပေါ်ရှိချွေးပေါက်များကို ပိတ်ဆို့စေပြီးဝက်ခြံတင်းတိပ်အစရှိတဲ့အရေပြားပြသာနာမျိုးစုံကို ဖြစ်ပေါ်စေနိုင်ပါတယ်….အိပ်ချိန်ကို ပြည့်ပြည့်၀၀နဲ့ နှစ်နှစ်ခြိုက်ခြိုက်ရရှိဖို့လဲလိုအပ်ပါတယ်…ဒါကြောင့် ညအိပ်ရာဝင်ရင် မျက်နှာကို သန့်စင်ပြီးမှအိပ်စက်ကြပါ.
 ~ကျန်းမာရေးအတွက်...အတူတူမအိပ်သင့်တဲ့အရာ (၄) မျိုး~
၁) နာရီဝတ်ပြီးမအိပ်ပါနဲ့... နာရီဟာရေဒီယိုသတ္တိကြွထုတ်လွှင့်မ အတော်မြင့်မားပါတယ်…နာရီဟာသေးငယ်တယ် လို့ထင်ရပေမဲ့ဝတ် ဆင်ပြီး အချိန်ကြာကြာအိပ်ခဲ့ရင်သင့်ရဲ့ကျန်းမာရေးကိုဆိုးကျိုးတွေ အများ ကြီး ဖြစ်လာစေနိုင်ပါတယ်တဲ့….ဒါကြောင့်အိပ်တဲ့အခါနာရီကို ချွတ်ပြီး အိပ်ကြပါ..

ပစ်ကပ်ထရပ်ကားများအခွန်သက်သာစွာတင်သွင်းနိုင်ပြီ

Photo: ပစ်ကပ်ထရပ်ကားများအခွန်သက်သာစွာတင်သွင်းနိုင်ပြီ
Monday, March 11, 2013

ပစ်ကပ်ထရပ်ကားများတင်သွင်းရာတွင် လူစီးယာဉ်အုပ်စုမှ လုပ်ငန်း
သုံးယာဉ်အုပ်စုသို့ ပြောင်းလဲတင်သွင်းခွင့်ပြုလိုက်သဖြင့် ပစ်ကပ် ထရပ်ကားများကို သက်သာသောအခွန်နှုန်းထားဖြင့် တင်သွင်းနိုင်ပြီ
ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ အရာရှိတစ်ဦးက မြန်မာ့အလင်းသို့ပြောကြားသည်။

"ပစ်ကပ်ထရပ်ကား (Pick-up truck) ကားများကို ယခင်က လူစီး
ယာဉ်အုပ်စုထဲမှာပါတဲ့အတွက် အခွန်ကို ၈၀ ရာခိုင်နှုန်းသတ်မှတ်ကောက်ခံ
ပါတယ်။ ဒါပေမယ့် အချို့ ပစ်ကပ်တွေက အိမ်သုံးဈေးနှုန်းမြင့် ကားတွေမ
ဟုတ်ဘဲ လုပ်ငန်းသုံး ယာဉ်တွေဖြစ်နေတဲ့အတွက် ကညနနဲ့ ညှိနှိုင်းပြီး လုပ်
ငန်းသုံးယာဉ်အုပ်စုထဲကို ထည့်ပေးလိုက်ပါတယ်။ ဒီလိုအုပ်စုပြောင်းထည့်ပေး လိုက်တဲ့ အတွက်ကြောင့် ပစ်ကပ်ထရပ်ကားတွေ တင်သွင်းရာမှာလည်းလုပ်
ငန်းဆိုင်ရာ ယာဉ်တွေ တင်သွင်းတဲ့ အခွန်နှုန်းထားအတိုင်း ငါးရာခိုင်နှုန်း သာ ကောက်ခံမှာ ဖြစ်ပါတယ် " ဟု စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်မင်းနိုင်က
ပြောကြားသည်။

မတ် ၁ရက်မှစပြီး ပစ်ကပ်ထရပ်ကားများကို တင်သွင်းရာတွင် စီးပွား
ရေးလုပ်ငန်းသုံးယာဉ်များ တင်သွင်းသည့် အခွန်နှုန်းထားအတိုင်း ငါးရာခိုင်နှုန်း သာ ကောက်ခံပေးလျက်ရှိကြောင်း ၄င်းက ဆက်လက်
ပြောကြားသည်။

ပစ်ကပ်ထရပ်ကားများ အခွန်နှုန်းထားများ သက်သာစွာ တင်သွင်းနိုင်
မည်ဖြစ်သော်လည်း တံခါးပေါက်နှစ်ပေါက်ပါ ပစ်ကပ်ကားများ သာ ငါးရာခိုင်နှုန်း ဖြင့်တင်သွင်းခွင့် ပြုလိမ့်မည်ဖြစ်ကြောင်း ၊ တံခါးပေါက်လေး
ပေါက် ပါ ကားများမပါဝင်ကြောင်းသိရသည်။

လက်ရှိ ဂျပန်ထုတ်ပစ်ကပ်ထရပ်ကားအသစ်စက်စက်တစ်စီးလျှင်
ဈေးကွက်တွင် အမေရီကန်ဒေါ်လာ ၁၅၀၀၀ မှ ၁၇၀၀၀ ကြားဈေးရှိကြောင်း
ကားတင်သွင်းရောင်းချသူ တစ်ဦးက ပြောကြားသည်။

ထိုသို့ ပစ်ကပ်ထရပ်ကားများအခွန်နှုန်းသက်သာစွာ တင်သွင်းလာနိုင်
သဖြင့် ပစ်ကပ်ထရပ်ကားများဈေးနှုန်းကျဆင်း လာနိုင်ကြောင်း စီးပွားရေး
ကျွမ်းကျင်သူများက ခန့်မှန်းပြောကြားလျက်ရှိသည်။

တက္ကစီယာဉ်များ၊ ဘတ်စ်ကားများ၊ ကုန်ပစ္စည်းတင်ထရပ်ကားများကို
စီးပွားရေးလုပ်ငန်းသုံးယာဉ်အဖြစ် သတ်မှတ်ပြီး အခွန်ငါးရာခိုင်နှုန်းဖြင့် 
တင်သွင်းခွင့်ပြုထားသည်။ သို့ရာတွင် အိမ်စီးမော်ဒယ်မြင့် ကားများကို တင်သွင်းရာတွင် အခွန် ၈၀ ရာခိုင်နှုန်း ၀န်းကျင်ကောက်ခံကြောင်းသိရသည်။

သတင်း-မောင်နွေသစ်
မြန်မာ့အလင်းသတင်းစာ (မတ်လ-၁၀,၂၀၁၃)
Credit: မြန်မာ့အလင်းသတင်းစာ

TechSpace Journal
ပစ်ကပ်ထရပ်ကားများတင်သွင်းရာတွင် လူစီးယာဉ်အုပ်စုမှ လုပ်ငန်း သုံးယာဉ်အုပ်စုသို့ ပြောင်းလဲတင်သွင်းခွင့်ပြုလိုက်သဖြင့် ပစ်ကပ် ထရပ် ကားများကို သက်သာသောအခွန်နှုန်းထားဖြင့် တင်သွင်းနိုင်ပြီ ဖြစ်ကြောင်းစီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ အရာရှိ တစ်ဦး က မြန်မာ့အလင်းသို့ပြောကြားသည်။

ဂူဂဲလ် ဥက္ကဌ မြန်မာပြည် လာမည်

Photo: ဂူဂဲလ် ဥက္ကဌ မြန်မာပြည် လာမည်
Monday, March 11, 2013

အင်တာနက် အခြေပြု ကမ္ဘာကျော် ကုမ္ပဏီကြီးဖြစ်သည့်  ဂူဂဲလ်၏ ဥက္ကဌ  မစ္စတာ အဲရစ်ရှမစ် မကြာမီ မြန်မာပြည် လာရောက်လည်ပတ်ရန် ရှိကြောင်း ကုမ္ပဏီနှင့် နီးစပ်သူများက ဧရာဝတီသို့ ပြောကြားသည်။

ဂူဂဲလ်၏ ဥက္ကဌသည် ဇန်နဝါရီလအတွင်းက မြန်မာ့နိုင်ငံရေးနှင့် မစိမ်းသည့် ဒီမိုကရက်ပါတီ၏ ထင်ရှားသော နိုင်ငံရေးသမား မစ္စတာ ဘေလ်ရစ် ချတ်ဆန်နှင့်အတူ အင်တာနက်ကို ချုပ်ထိန်းထားသည့် မြောက်ကိုရီးယား
နိုင်ငံ သို့ သွားရောက်လည်ပတ်ခဲ့ပြီး အစိုးရအရာရှိများ၊ ကျောင်းသားများ၊ သိပံ္ပပညာရှင်များ၊ ဆော့ဖ်ဝဲ အင်ဂျင်နီယာများနှင့် တွေ့ဆုံခဲ့သည်။

ယခုလအတွင်း ဖြစ်မြောက်ရန် ရည်မှန်းထားသော မြန်မာပြည် ခရီးစဉ်တွင်လည်း အစိုးရ ထိပ်တန်းအရာရှိများ၊ အတိုက်အခံ
ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် စီးပွားရေးသမားများနှင့်
တွေ့ဆုံမည်ဟု သိရသည်။

ဂူဂဲလ်ကုမ္ပဏီသည် ကမ္ဘာတလွှားရှိ ဒေတာစင်တာများတွင် ဆာဗာပေါင်း တစ်သန်းကျော် ပိုင်ဆိုင်ထားပြီး တနေ့လျှင် ရှာဖွေချက်ပေါင်း တစ်ဘီလီယံကို လက်ခံနေရသည်။ အမေရိကန်အခြေပြု www.google.com သည် အင်တာနက်တွင် လူအများဆုံး ဝင်ရောက်ကြသည့်ဆိုက်ဖြစ်ပြီး ဂူဂဲလ်ပိုင် ယူကျုနှင့် ဘလော့ဂါတို့
သည်လည်း လူအများဆုံး ဝင်ရောက်သည့်ဆိုက်များဖြစ်သည်။

မြန်မာနိုင်ငံမှာမူ ကမ္ဘာပေါ်တွင် အင်တာနက်အသုံးပြုမှု အနည်းဆုံးနိုင်ငံများ တွင် တနိုင်ငံဖြစ်သည်။ လူတရာတွင် တယောက်သာ အင်တာနက်နှင့် လက်လှမ်းမီသည်။

ဂူဂဲလ် ဥက္ကဌ၏ မြန်မာပြည်ခရီးစဉ် ရည်ရွယ်ချက်မှာ မရှင်းလင်း
သေးသော်လည်းသတင်းမီဒီယာကို ပြင်းထန်စွာ နှိပ်ကွပ်သည့်
မြောက်ကိုရီးယားနှင့် မတူမည်မှာ သေချာသည်။ 

သမ္မတ ဦးသိန်းစိန်၏ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တွင်သတင်းနည်းပညာ 
ကဏ္ဍသည်လည်း အရေးတကြီးနေရာက ပါဝင်နေရာ ဂူဂဲလ်အနေဖြင့်
မြန်မာ့ဈေးကွက်ကို စိတ်ဝင်စားနိုင်မည်ဖြစ်သည်။

ဓာတ်ပုံ - ဂူဂဲလ်၏ ဥက္ကဌ မစ္စတာ အဲရစ်ရှမစ် ( Reuters)
ဧရာဝတီ

အင်တာနက် အခြေပြု ကမ္ဘာကျော် ကုမ္ပဏီကြီးဖြစ်သည့် ဂူဂဲလ်၏ ဥက္ကဌ မစ္စတာ အဲရစ်ရှမစ် မကြာမီ မြန်မာပြည် လာရောက်လည်ပတ်ရန် ရှိကြောင်း ကုမ္ပဏီနှင့် နီးစပ်သူများက ဧရာဝတီသို့ ပြောကြားသည်။
ဂူဂဲလ်၏ ဥက္ကဌသည် ဇန်နဝါရီလအတွင်းက မြန်မာ့နိုင်ငံရေးနှင့် မစိမ်းသည့် ဒီမိုကရက်ပါတီ၏ ထင်ရှားသော နိုင်ငံရေးသမား မစ္စတာ ဘေလ်ရစ် ချတ်ဆန်နှင့်အတူ အင်တာနက်ကို ချုပ်ထိန်းထား

တစ်နေ့တခြား ရွှေလိုရှားပါးလာသော “ရေ”

 


ရေ၏တန်ဖိုးကို ရေရှားပါးသောဒေသများ တွင် နေထိုင်ကြသူများက ပို၍သိကြပါ သည်။ အထူးသဖြင့် မိုးနည်း ပူပြင်းသည့် မြန်မာနိုင်ငံအလယ်ပိုင်း ဒေသသည် ရေ၏ လိုအပ်ချက်ကို ပိုသိ၊ ပိုမိုခံစားကြရပြီး “ရွှေကိုမလို၊ ရေကိုလိုသည်”ဆိုသည့် ဆောင်ပုဒ်စာတန်းများ၊ ဆိုင်းဘုတ်ကြီးများကို ရေးသားစိုက်ထူ ထားကြသည်။ လွန်ခဲ့ သောနှစ် ၅၀ ခန့်က မုံရွာခရိုင်၊ အရာတော် မြို့နယ်ရှိ ကျေးရွာများသို့ လှည့်လည်ကွင်းဆင်း၍ စီးပွားရေးစစ်တမ်းကောက်ယူခဲ့ရာ တွင် သွားလေရာကျေးရွာတိုင်း၌ “ရွှေကို မလို ရေကိုလိုသည်” ဆိုင်းဘုတ်များတွေ့ကြရသည်။ တစ်ခါ ချင်းတွင်းမြစ်အနောက်ဘက် ကမ်းဒေသ များရှိ ယင်းမာပင်၊ ပုလဲ၊ ဆားလင်းကြီးမြို့နယ်များသို့ ရောက်ရှိပြန်တော့လည်း “ယနေ့အညာ ရွာသာယာ” ဟု တစ်ချိန်က ရေဒီယို သီချင်း စပ် ဆိုအသံလွှင့်ခဲ့ သော ရေလျှံ တွင်းများ၊ မြေပေါ် သို့ ရေထောင်

ရန်ကုန်-မန္တလေး အမြန် လမ်းမကြီး ပေါ်တွင် သတ်မှတ် အမြန်နှုန်းထက် ပိုမိုမောင်းနှင်သော ယာဉ်များအား ဧပြီ (၁)ရက်မှ စ၍ စစ်ဆေး အရေးယူမည်

Photo: ရန်ကုန်-မန္တလေး အမြန် လမ်းမကြီး ပေါ်တွင် သတ်မှတ် အမြန်နှုန်းထက် ပိုမိုမောင်းနှင်သော ယာဉ်များအား ဧပြီ (၁)ရက်မှ စ၍ စစ်ဆေး အရေးယူမည်
Monday, March 11, 2013

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး ပေါ်တွင် သတ်မှတ်နှုန်းထက် ပို၍ မောင်းနှင်သော ယာဉ်များအား သတ်မှတ် ထားသော အမြန်နှုန်း အတွင်း ထိန်းချုပ် မောင်းနှင်စေရေး အတွက် အရှိန်ထိန်းတိုင်း ကိရိယာ Redflex Traffic Systems (Myanmar Mobile Traffic Radar System) အသုံးပြုပြီး ၂ဝ၁၃ ခုနှစ် ဧပြီ ၁ ရက်မှ စ၍ စစ်ဆေး အရေးယူ ဆောင်ရွက် သွားမည်
ဖြစ်ကြောင်း သိရှိရသည်။


http://bit.ly/YQUoa2

မြ၀တီ
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး ပေါ်တွင် သတ်မှတ်နှုန်းထက် ပို၍ မောင်းနှင်သောယာဉ်များအား သတ်မှတ်ထားသော အမြန်နှုန်း အတွင်း ထိန်းချုပ် မောင်းနှင်စေရေး အတွက် အရှိန်ထိန်းတိုင်း ကိရိယာ Redflex Traffic Systems (Myanmar Mobile Traffic Radar

အီဂျစ်ဘောလုံးပွဲ ခိုက်ရန်ဖြစ်ပွားမှုအတွက် လူ ၂၁ ဦးကို သေဒဏ် ချမှတ်မှုကြောင့် မငြိမ်သက်မှုများ ဖြစ်ပွား

Photo: အီဂျစ်ဘောလုံးပွဲ ခိုက်ရန်ဖြစ်ပွားမှုအတွက် လူ ၂၁ ဦးကို သေဒဏ် 
ချမှတ်မှုကြောင့် မငြိမ်သက်မှုများ ဖြစ်ပွား
Monday, March 11, 2013

အီဂျစ်နိုင်ငံ၊ ပို့ဆက်ဒ်မြို့တွင် လူ ၇၀ ကျော် သေဆုံးစေခဲ့သော ပြိုင်ဘက် 
ဘောလုံးအသင်း နှစ်သင်းပရိသတ်များအကြား ခိုက်ရန်ဖြစ်ပွားမှုနှင့် ပတ်သက်ပြီး ပို့ဆက်ဒ်တရားရုံးက ယခင်ပြစ်ဒဏ်ချမှတ်ထားသော လူ 
၂၁ ဦးကို သေဒဏ်နှင့် အခြားလူ ၂၀ ကျော်ကို တစ်သက်တစ်ကျွန်းနှင့် အခြားထောင်ဒဏ်များအား မတ် ၉ ရက်တွင် အသီးသီး အမိန့်ချမှတ်ခဲ့သည်။

ယင်းစီရင်ချက်အပေါ် မကျေနပ်ရာမှ ကိုင်ရိုတွင် မငြိမ်သက်မှုများ ဖြစ်ပွားခဲ့ပြီး လူနှစ်ဦး သေဆုံးခဲ့ကာ လူ ၁၅ ဦးထက်မနည်း ဒဏ်ရာရခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။

ယင်းစီရင်ချက်များကို ယင်းမြို့နှစ်မြို့မှ ဒေသခံများက မကျေနပ်ခဲ့ကြပေ။ ကိုင်ရိုမြို့ရှိ ကြယ်ငါးပွင့်အဆင့်ရှိ Semiramis Intercontinental ဟိုတယ် အပြင်ဘက်တွင် အကြမ်းဖက်မှုများကြောင့် ဆန္ဒပြသူနှစ်ဦး သေဆုံးခဲ့ပြီး အခြားငါးဦးမှာ ဒဏ်ရာရခဲ့သည်ဟု ကျန်းမာရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် အာမက်အိုစမန်က ပြောကြားခဲ့သည်။ ဆန္ဒပြသူများသည် တဟီရာရင်ပြင် အနီးရှိ အစ္စလာမ္မစ် စီးပွားရေးလုပ်ငန်းရှင်များ ပိုင်ဆိုင်သော စားသောက် ဆိုင်နှစ်ဆိုင်ကိုလည်း မီးရှို့ခဲ့ကြကြောင်း မျက်မြင်များက ဆိုသည်။

ထို့ပြင် ဆန္ဒပြသူများသည် ကိုင်ရိုနှင့် မြေထဲပင်လယ်မြို့ အလက်ဇန္ဒြားမြို့
အကြား ရထားလမ်းများကို ပိတ်ဆို့ခဲ့ခြင်းကြောင့် ရထားခရီးစဉ်များကို ဖျက်သိမ်းခဲ့ရသည်။ ကိုင်ရိုအနီးရှိ အီဂျစ်ဘောလုံးအဖွဲ့ချုပ်၏ သုံးထပ်အဆောက်အအုံတွင် မီးလောင်မှုဖြစ်ပွားခဲ့ပြီး လူ ၁၀ ဦးခန့်မှာ မီးခိုးမွှန်မှု ခံစားခဲ့ရကာ ရဲတပ်ဖွဲ့၏ ကလပ်မှာလည်း မီးရှို့ခံခဲ့ရကြောင်း သိရသည်။  

၂၀၁၂ ခုနှစ်၊ ဖေဖော်ဝါရီလက ပို့ဆက်ဒ်မြို့တွင် အိမ်ကွင်းအသင်းဖြစ်သော al-Masry အသင်းက ဧည့်သည်အသင်းဖြစ်သော ကိုင်ရိုမှ al- Ahly အသင်းကို အနိုင်ရခဲ့ပြီးနောက် နှစ်ဖက်အသင်း ပရိသတ်များအကြား အငြင်းပွားမှုများဖြစ်ပွားခဲ့ပြီး ခဲများ၊ ထိုင်ခုံများ၊ ဓားများဖြင့် အပြန်အလှန် တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ကာ လူ ၇၄ ဦးသေဆုံးခဲ့ပြီး လူ ၁၀၀၀ ခန့် ဒဏ်ရာရခဲ့သည်။ သေဆုံးဒဏ်ရာရသူ အများစုမှာ ကိုင်ရိုပရိသတ်များ
ဖြစ်ကြောင်း သိရသည်။

ယခု စီရင်ချက်ချခံရသူများတွင် ငါးဦးမှာ တစ်သက်တစ်ကျွန်း ပြစ်ဒဏ်နှင့် အခြား ၁၀ ဦးမှာ ထောင်ဒဏ် ၁၅ နှစ် ချမှတ်ခံရခြင်းဖြစ်ကြောင်း နိုင်ငံပိုင် EgyNews အေဂျင်စီက ထုတ်ပြန်ခဲ့သည်။ ထောင်ဒဏ် ၁၅ နှစ် ချမှတ် ခံရသူများထဲတွင် ပို့ဆက်ဒ်မြို့ လုံခြုံရေး အကြီးအကဲဟောင်း ဗိုလ်ချုပ် အက်ဆမ်ဆာမက်၊ အခြား ရဲအရာရှိတစ်ဦးဖြစ်သူ မိုဟာမက်ဆာအိတို့ ပါဝင်ခဲ့ပြီး ရဲခုနစ်ဦး အပါအ၀င် ၂၈ ဦးမှာ ပြစ်ဒဏ်မှ လွတ်မြောက်ခဲ့ကြောင်း သိရသည်။ စွဲချက်တင်ခံရသူ ၇၃ ဦးအတွက် လိုက်ပါဆောင်ရွက်သော
ရှေ့နေများက ယင်းစီရင်ချက်များအတွက် အယူခံဝင်နိုင်ကြောင်း သိရသည်။

ဓာတ်ပုံ - ကိုင်ရိုရှိ တဟီရာရင်ပြင်အနီးတွင် လုံထိန်းရဲများက ဆန္ဒပြသူများကို ထိန်းသိမ်းနိုင်ရန် ကြိုးပမ်းနေကြစဉ် (AFP)

Ref:CNN;AFP
Eleven Media Group
အီဂျစ်နိုင်ငံ၊ ပို့ဆက်ဒ်မြို့တွင် လူ ၇၀ ကျော် သေဆုံးစေခဲ့သော ပြိုင်ဘက်
ဘောလုံးအသင်း နှစ်သင်းပရိသတ်များအကြား ခိုက်ရန်ဖြစ်ပွားမှုနှင့် ပတ်သက်ပြီး ပို့ဆက်ဒ်တရားရုံးက ယခင်ပြစ်ဒဏ်ချမှတ်ထားသော လူ
၂၁ ဦးကို သေဒဏ်နှင့် အခြားလူ ၂၀ ကျော်ကို တစ်သက်တစ်ကျွန်းနှင့် အခြားထောင်ဒဏ်များအား မတ် ၉ ရက်တွင် အသီးသီး အမိန့်ချမှတ် ခဲ့သည်။

ပုသိမ်ကြီး မြို့နယ်အတွင်း လူဦးရေ ရာနှင့်ချီ အစာအဆိပ်သင့်မှုကြောင့် အမျိုးသမီးတစ်ဦး သေဆုံးသည့် သတင်းနှင့် ပတ်သက်ပြီး ရှင်းလင်း


ပုသိမ်ကြီး မြို့နယ်အတွင်း လူဦးရေ ရာနှင့်ချီ အစာအဆိပ်သင့်မှုကြောင့် အမျိုးသမီးတစ်ဦး သေဆုံးသည့် သတင်းနှင့် ပတ်သက်ပြီး ရှင်းလင်း
Monday, 11 March 2013

မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ်တွင် မတ်လ ၉ ရက်နေ့က လူဦးရေ ရာနှင့်ချီ အစာအဆိပ်သင့်မှု ဖြစ်စဉ်တွင် အမျိုးသမီးတစ်ဦး သေဆုံးခဲ့သည်
ဆိုသော သတင်းမှာ မဟုတ်မှန်ကြောင်းနှင့် အဆိုပါ အမျိုးသမီးသည် အလှူရက် မတိုင်မီကတည်းက သေဆုံးခဲ့သူ ဖြစ်သည်ဟု အလှူပွဲကို ဦးဆောင်စီစဉ်ခဲ့သူ သံဃာတော်များက မတ်လ ၁၀ ရက်နေ့က ရှင်းလင်း မိန့်ကြားပါသည်။

“အစာအဆိပ်သင့်တာ ဟုတ်မဟုတ် ဓာတ်ခွဲခန်းကိုပို့ပြီး စစ်ဆေးထား
တယ်။ သေဆုံးတဲ့ အမျိုးသမီးက အလှူရက် မတိုင်ခင် ကတည်းကပါ။ အလှူနဲ့ မဆိုင်ဘူး။ ဒီရွာပတ်ဝန်းကျင်မှာ ၀မ်းပျက်ဝမ်းလျှော ဖြစ်နေတာ အလှူမတိုင်ခင် ကတည်းက၊ အခုအချိန်က ရာသီဥတု အကူးအပြောင်း
လည်းဖြစ်၊ အလှူပေးတဲ့နေ့က နေပူထဲ အလှူလှည့်ပြီး အပြန်မှာ အအေး
တိုက်လိုက် သေးတယ်။ အလှူအိမ်က ထမင်းနဲ့ဟင်းကို ကျောင်းတိုက်မှာရှိတဲ့ သံဃာအပါး ၃၅၀ ကျော်ကို အရုဏ်ဆွမ်း၊ နေ့ဆွမ်းကပ်တာဘာမှမဖြစ်ပါဘူး” 
ဟု အဆိုပါ အလှူကို စီစဉ်ဆောင်ရွက်သူ သံဃာတစ်ပါးက ပုဏ္ဏားကုန်း
ကျေးရွာရှိ အလှူအိမ်တွင် ရှင်းလင်း ပြောကြားပါသည်။

“ဒီဖြစ်စဉ်ကြောင့် ဆေးထိုးရတဲ့ သူတော့ မရှိပါဘူး။ သူတို့ဖြစ်တဲ့ အခြေ
အနေက အစာအဆိပ်သင့်တဲ့အခါ ကြုံတွေ့ရတဲ့ လက္ခဏာတွေပါ။ အစား
အသောက်က မသန့်ရှင်းတာလား၊ ကိုင်တွယ်သူတွေက မသန့်ရှင်းတာလား ဆိုတာကိုတော့ ဓာတ်ခွဲပြီး အဖြေထွက်မှ အတိအကျ ပြောနိုင်ပါမှာ” ဟု ပုသိမ်ကြီးမြို့နယ် ဆရာဝန်မှ ပြောကြားထားသည်။
eleven media group

ZinYawNews
မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ်တွင် မတ်လ ၉ ရက်နေ့က လူဦးရေ ရာနှင့်ချီ အစာ အဆိပ် သင့်မှု ဖြစ်စဉ်တွင် အမျိုးသမီးတစ်ဦး သေဆုံးခဲ့သည်ဆိုသော သတင်းမှာ မဟုတ်မှန်ကြောင်းနှင့် အဆိုပါ အမျိုးသမီးသည် အလှူရက် မတိုင်မီကတည်းက သေဆုံးခဲ့သူ ဖြစ်သည်ဟု အလှူပွဲကို ဦးဆောင်စီစဉ်ခဲ့သူ သံဃာတော်များက မတ်လ ၁၀ ရက်နေ့က ရှင်းလင်း မိန့်ကြားပါသည်။

သတ်သေနိုင်ခြင်းရှိမရှိ ဖော်ပြနိုင်မည့် သွေးစစ်ချက်

သတ်သေနိုင်ခြင်းရှိမရှိ ဖော်ပြနိုင်မည့် သွေးစစ်ချက်



သြစတြေးလျ သိပ္ပံပညာရှင်များ သည် ဆွီဒင်သုတေသီများနှင့် ပူး ပေါင်း၍ လူတစ်ဦးမိမိကိုယ်ကို သတ်သေနိုင်ခြင်းရှိမရှိ (၂၄) နာရီမှ (၄၈) နာရီအတွင်း စစ်ဆေးနိုင်သော သွေးစစ်စမ်းသပ်ချက်တစ်ခု တီထွင်နိုင် ရန်ကြိုးပမ်းလျက်
ရှိကြသည်။
...
နယူးဆော့သ်ဝေးလ်တက္ကသိုလ် မှ ဂေးလစ်ဂီလမင်နှင့်အဖွဲ့သည် ဦးနှောက်ရောဂါများဖြစ်သည့် အယ်လ် ဇိုင်းမားရောဂါ၊ အော့တစ်ဇင်ရောဂါ၊ စိတ်ကစဥ့်ကလျားရောဂါ တို့တွင် အဓိကပါဝင်ပတ်သက်နေသည့် qu-inolinic acid ကိုဖော်ထုတ်ပြသ နိုင်ခဲ့သည့် အဖွဲ့ဖြစ်သည်။
သြစတြေးလျအဖွဲ့သည် မိမိ ကိုယ်ကိုသတ်သေရန် ကြိုးစားသူများ ၌ quinolinic acid မြင့်တက်နေ သည်ဟုတွေ့ရှိထားသော ဆွီဒင် သုတေသနအဖွဲ့နှင့် ပူးပေါင်းလိုက်ပြီ ဖြစ်သည်။

အနာဂတ်တွင် quinolinic acid ထုတ်လုပ်ခြင်းကို ဟန့်တားနိုင်ရန် သီးသန့်အင်ဇိုင်းတစ်ခုဖန်တီး၍ မိမိကိုယ်ကို သတ်သေမှုလျှော့ချနိုင်ရန် ရည်ရွယ်ကြောင်း သုတေသီများကဆိုသည်။

မေ့ဆေးပေးရာတွင် အသုံးပြုသည့် ketamine သည် quinolinic acid နှင့် စိတ်ကျဝေဒနာတွင် ဖြစ်ပေါ် သည့်ဓါတုပစ္စည်းများတွယ်ကပ်ရာ receptor ကိုသွားရောက်ပိတ်ဆို့နိုင် သည်။ သို့သော်အဆိုပါနည်းလမ်းကို လက်တွေ့အသုံးချနိုင်ခြင်းမရှိသေး ပေ။

သုတေသီများ၏ ယခုလေ့လာမှု မှာ သွေးစစ်ချက်အဖြေများကို အ ခြေခံပြီး စိတ်ရောဂါရှာဖွေခြင်း အ တွက် အထောက်အပံ့ဖြစ်စေရန်၊ စိတ်ကျရောဂါကုသဆေးသစ်များ တီထွင်နိုင်ရန် ရည်မှန်းလျက်ရှိကြောင်း သိရသည်။

သီဟ
Health Updates Journal
သြစတြေးလျ သိပ္ပံပညာရှင်များသည် ဆွီဒင်သုတေသီများနှင့် ပူး ပေါင်း၍ လူတစ်ဦးမိမိကိုယ်ကို သတ်သေနိုင်ခြင်းရှိမရှိ (၂၄) နာရီမှ (၄၈) နာရီအတွင်း စစ်ဆေးနိုင်သော သွေးစစ်စမ်းသပ်ချက်တစ်ခု တီထွင်နိုင် ရန်ကြိုးပမ်းလျက်ရှိကြသည်။

သားအိမ်တွင်းထည့်ပစ္စည်းများနှင့် လွဲမှားသောအယူအဆများ

သားအိမ်တွင်းထည့်ပစ္စည်းများနှင့် လွဲမှားသောအယူအဆများ
Sunday, March 10, 2013

အမျိုးသမီးများသည် သန္ဓေတားရန်အသုံးပြုသည့် သားအိမ်တွင်း ထည့်ကိရိယာ intrauterine devices - IUDs) များ၏ ဘေးကင်း လုံခြုံမှုနှင့် ထိရောက်မှုများကိုလွဲမှား စွာသိမြင် နားလည်ထားကြကြောင်း လေ့လာမှု တစ်ခုအရသိရသည်။

သုတေသနပြုစစ်တမ်းကောက် ယူရာတွင် အမျိုးသမီးများစွာမှာ သားအိမ်တွင်းကိရိယာ၏ သန္ဓေတား သောက်ဆေးများထက် ပိုမိုထိရောက် မှုရှိပုံ၊ လိင်မှတစ်ဆင့်ကူးစက်ရော ဂါများ ခံစားရနှုန်းပိုမိုနည်းပါးပုံတို့ကို မသိရှိကြကြောင်း သိပ္ပံပညာရှင်များက ဆိုသည်။

ပလတ်စတစ်(သို့) ပလတ်စတစ် နှင့်ကြေးနီ ပါဝင်သော အဆိုပါ သားအိမ်
တွင်းထည့်သွင်းသည့် သန္ဓေတား ကိရိယာများသည် ၉၉ ရာနှုန်းထိ
ရောက်မှုရှိပြီး နှစ်ပေါင်းများစွာ သား အိမ်တွင်းထည့်သွင်းထားနိုင်သည်။

၎င်းင်းနှင့်စာလျှင် သန္ဓေတားစား ဆေးများသည် ၉၅ ရာနှုန်းသာထိ ရောက်မှု
ရှိသည်။

အမျိုးသမီး ၃၀ ရာနှုန်းတွင် သားအိမ်တွင်းပစ္စည်းနှင့်ပတ်သက်၍ ခေတ်နောက်
ကျသည့် ဗဟုသုတများ ရှိကြပြီး သန္ဓေမတည်ဖူးသည့် အမျိုး သမီးများတွင် အသုံးပြုရန်မသင့် တော်ခြင်း၊ အခြားသန္ဓေတားနည်းများထက် အသုံးပြုရန်
ဘေးကင်း လုံခြုံမှုမရှိခြင်းစသည့် အယူအဆမှား များ ယနေ့ထက်တိုင်
ယုံကြည်လက်ခံကြဆဲဖြစ်သည်ကိုတွေ့ရသည်။

ဇော်ကို
Health Updates Journal
အမျိုးသမီးများသည် သန္ဓေတားရန်အသုံးပြုသည့် သားအိမ်တွင်း ထည့်ကိရိယာ intrauterine devices - IUDs) များ၏ ဘေးကင်း လုံခြုံမှုနှင့် ထိရောက်မှုများကိုလွဲမှား စွာသိမြင်နားလည်ထား ကြကြောင်း လေ့လာမှု တစ်ခုအရသိရသည်။
သုတေ သနပြုစစ်တမ်းကောက် ယူရာတွင် အမျိုးသမီးများစွာမှာ သားအိမ်တွင်းကိရိယာ၏ သန္ဓေတား သောက်ဆေးများထက် ပိုမို

နိုင်ငံတကာတွင် ဖြစ်ပွားခဲ့သော ထူးခြား ဖြစ်စဉ်များ

နိုင်ငံ တကာတွင် ဖြစ်ပွားခဲ့သော ထူးခြား ဖြစ်စဉ်များ

၂ဝ၁၂ ခုနှစ်အတွင်း နိုင်ငံတကာ၌ ဖြစ်ပွားခဲ့သော ထူးခြားဖြစ်စဉ် များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

၁-၁-၂ဝ၁၂ ရက်။ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ အဖွဲ့ဝင် ၁၅ နိုင်ငံအနက် အမြဲတမ်း မဟုတ်သော အဖွဲ့ဝင်သစ် ၅ နိုင်ငံဖြစ်သည့် အဇာဘိုင်ဂျန်၊ ဂွာတီမာလာ၊ မော်ရိုကို၊ ပါကစ္စတန်နှင့် တိုဂိုနိုင်ငံ တို့သည် ၎င်းတို့၏ ၂ နှစ်တာ သက်တမ်းကို စတင်ထမ်းဆောင်သည်။

၁၃-၈-၂ဝ၁၂ ရက်။ အစ္စလာမ္မစ် ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့(Organization of Islamic Cooperation-OIC) ဝင် နိုင်ငံခြားရေး ဝန်ကြီးများသည် ဆီးရီးယား နိုင်ငံအား အဖွဲ့ဝင် အဖြစ် မှဆိုင်းငံ့ထားရန် ဆော်ဒီအာရေဗျ နိုင်ငံ မက္ကာမြို့တွင် ကျင်းပ ပြုလုပ်သည့် ဆွေးနွေးပွဲတွင် အဆိုပြုသည်။

၂၆-၈-၂ဝ၁၂ ရက်။ NATO တပ်ဖွဲ့သည် အာဖဂန် နစ္စတန် နိုင်ငံရှိ ညွန့်ပေါင်း တပ်ဖွဲ့ဝင် များအား လျှော့ချမှု တစ်စိတ် တစ်ဒေသ အဖြစ် အခြေစိုက်စခန်း ၂ဝ၂ ခုအား ပိတ်သိမ်းခဲ့ပြီး အာဖဂန် အစိုးရ ထံသို့ လွှဲပြောင်းပေးသည်။

၂၈-၈-၂ဝ၁၂ ရက်။ ဘက်မလိုက် လှုပ်ရှားမှု အဖွဲ့ (Non-Aligned Movement-NAM) အဖွဲ့ဝင် နိုင်ငံများမှ နိုင်ငံခြားရေး ဝန်ကြီးများသည် အီရန်နိုင်ငံ တီဟီရန် မြို့တော်တွင် ကျင်းပ ပြုလုပ်သော ဝန်ကြီးများ အဆင့် ဆွေးနွေးပွဲသို့ တက်ရောက်သည်။

၁၇-၉-၂ဝ၁၂ ရက်။ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီသည် လိုက်ဘေးရီးယားရှိ ကုလသမဂ္ဂ ငြိမ်းချမ်းမှု ထိန်းသိမ်းရေး မစ်ရှင်အား နောက်ထပ်တစ်နှစ် ထပ်မံသက်တမ်း တိုးမြှင့် သည်။

၁၉-၉-၂ဝ၁၂ ရက်။ စုပေါင်း လုံခြုံရေး စာချုပ်အဖွဲ့ (Collective Security Treaty Organization-CSTO အဖွဲ့ဝင် နိုင်ငံများ ဖြစ်သော အာမေးနီးယား၊ ရုရှား၊ ဘီလာရု၊ ကာဇက်စတန်၊ တာဂျစ် ကစ္စတန်၊ ကာဂျက်စတန် နိုင်ငံတို့သည် ၎င်းတို့၏ အရေးပေါ် အခြေအနေ ပူးပေါင်း တုံ့ပြန်ရေး အဖွဲ့ (Collective Rapid Reaction Force- CRRF) ၏ စွမ်းပကားကို မြှင့်တင်ရန် ရည်ရွယ်၍ "Cooperation-2012" ဟု အမည် ပေးထားသည့် ပူးတွဲစစ်ရေး လေ့ကျင့်ခန်း တစ်ရပ်ကို အာမေးနီးယား နိုင်ငံတွင် ပြုလုပ်သည်။

၉-၁ဝ-၂ဝ၁၂ ရက်။ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီသည် အာဖဂန် နစ္စတန်ရှိ နိုင်ငံတကာ တပ်ဖွဲ့များ၏ တာဝန်ကို တစ်နှစ်ထပ်မံ သက်တမ်းတိုးရေး ဆုံးဖြတ်ချက် တစ်ရပ် ချမှတ်သည်။

၁ဝ-၁၂-၂ဝ၁၂ ရက်။ ကမ္ဘာ့ ကုန်သွယ်ရေး (WTO)၏ အထွေထွေ ကောင်စီ တာဂျစ်ကစ္စတန် နိုင်ငံအား အဖွဲ့ဝင် အဖြစ် အတည်ပြုသည်။

၁၂-၁၂-၂ဝ၁၂ ရက်။ NATO တပ်ဖွဲ့သည် ကာကွယ်ရေး အသုံးစရိတ် လျှော့ချရေးနှင့် အထူး တပ်ဖွဲ့များ ပိုမိုညှိနှိုင်း ဆောင်ရွက် နိုင်စေရေးတို့ အတွက် ပူးပေါင်း စစ်ဆင်ရေး နည်းလမ်းများ ဖွံ့ဖြိုးတိုးတက် စေခြင်းနှင့် ပူးတွဲ လေ့ကျင့်ခြင်း တို့ဖြင့် ၎င်းတို့၏ စွမ်းရည်ကို ဆက်လက် တိုးမြှင့် နိုင်စေရေး စွမ်းဆောင် ပေးနိုင်မည့် ၎င်း၏ အထူး တပ်ဖွဲ့များ ဆိုင်ရာ ဌာနချုပ်သစ် တစ်ရပ်ကို ဘယ်လ်ဂျီယံ နိုင်ငံ Mons မြို့တွင် ထူထောင် ဖွင့်လှစ်သည်။

http://bit.ly/YQMYUo
၂ဝ၁၂ ခုနှစ်အတွင်း နိုင်ငံတကာ၌ ဖြစ်ပွားခဲ့သော ထူးခြားဖြစ်စဉ် များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

၁-၁-၂ဝ၁၂ ရက်။ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ အဖွဲ့ဝင် ၁၅ နိုင်ငံအနက် အမြဲတမ်းမဟုတ်သော အဖွဲ့ဝင်သစ် ၅ နိုင်ငံဖြစ် သည့် အဇာဘိုင်ဂျန်၊ ဂွာတီမာလာ၊ မော်ရိုကို၊ ပါကစ္စတန်နှင့် တိုဂိုနိုင်ငံ