Wednesday, April 3, 2013

Update News – တန်ဖိုး နည်းဖုန်း

-CDMA 800 MHZ ဖုန်းကွန်ရက်မရှိသည့်နေရာများတွင် WCDMA 3G ဖုန်းများ ချထားပေးမည်။

စီး/ကူး ဝန်ကြီးဌာ နအောက်ရှိ ဌာနနှစ်ခု အမည်ပြောင်း ဖွဲ့စည်းလိုက်

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအောက်ရှိ ဌာနသုံးခုအနက် နှစ်ခုကို ဧပြီလ ၁ ရက်နေ့မှ စတင်၍ အမည်ပြောင်းလဲ သတ်မှတ်လိုက်ကြောင်း လက်ထောက် ညွှန်ကြားရေးမှူး တဦးက ဆိုသည်။

နိုင်ငံတော် သမ္မတကြီး နှင့် အမေရိကန် သမ္မတဟောင်း ဂျင်မီကာတာ တို့တွေ့ဆုံ

Photo
နိုင်ငံတော်သမ္မတကြီး ယနေ့နံနက်တွင် အမေရိကန်သမ္မတဟောင်း ဂျင်မီကာတာနှင့် ဇနီးတို့အား လက် ခံတွေ့ ဆုံ၊ ဒီမိုကရေစီပြုပြင် ပြောင်းလဲမှုများအား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေး၊ ချစ်ခင်ရင်းနှီး စွာ နေ့လည်စာဖြင့် တည်ခင်း ဧည့်ခံ ခဲ့သည်။

မြောက်ကိုး ရီးယား ကေဆောင်စက် မှုဇုန်ကို တောင်ကိုးရီးယား လုပ်သားများ အလုပ်လာ လုပ်ခွင့်ပိတ်

Photo: မြောက်ကိုးရီးယား ကေဆောင်စက်မှုဇုန်ကို တောင်ကိုးရီးယားလုပ်သားများ အလုပ်လာလုပ်ခွင့်ပိတ်

Wednesday, April 3, 2013

မြောက်ကိုးရီးယားသည် ကေဆောင်စက်မှုဇုန်သို့ တောင်ကိုးရီးယားလုပ်

သားများ လာရောက်လုပ်ကိုင်ခြင်းကို  စတင်ပိတ်လိုက်ပြီ ဖြစ်၍ နှစ်နိုင်ငံ

ကြား တင်းမာမှုကို ထပ်တိုးလိုက်သော အပြုအမှုတစ်ခုအဖြစ် မြင်ကြသည်။

စက်မှုဇုန်မှ တောင်ကိုးရီးယားလုပ်သားများကို ထွက်ခွာခွင့်သာပေး

၍ ပြန်လည်လာရောက်လုပ်ကိုင်ခွင့်ကို ပိတ်လိုက်ကြောင်း တောင်ကိုးရီး ယားမှ ပေါင်းစည်းရေး ဝန်ကြီးဋ္ဌာနက အတည်ပြုပြောကြားလိုက်သည်။

ကေဆောင်စက်မှုဇုန်သည် မြောက်ကိုးရီးယားနိုင်ငံအတွက် ငွေရပေါက်ဖြစ်ပြီး နှစ်နိုင်ငံဆက်ဆံရေးပြယုဂ်လည်း ဖြစ်ကြောင်း သိရသည်။

ယခုလုပ်ဆောင်ခြင်းသည် အမေရိကန်နိုင်ငံက မြောက်ကိုးရီး

ယားနိုင်ငံလက်မခံနိုင်သည့် လုပ်ဆောင်ချက်များကြောင့်ဖြစ်

လာရခြင်း ဖြစ်သည်။

၎င်းစက်မှုဇုန်တွင် စက်ရုံ၁၀၀ကျော်ရှိပြီး မြောက်ကိုးရီးယား လုပ်သားငါးသောင်းကျော် အလုပ်လုပ်နေကြပြီး  ၎င်းဇုန်တွင် လာရောက်လုပ်ကိုင် ရန် နေ့စဉ် ဝင်ထွက်ခွင့် တောင်းခံနေ

ရသည့် တောင်ကိုးရီးယား မန်နေဂျာရာပေါင်းများစွာလည်း

ရှိနေကြောင်း သိရသည်။

“တောင်ကိုးရီးယားအစိုးရဟာ အဲဒီဇုန်ထဲကို တောင်ကိုးရီးယား အလုပ်သမားတွေ သွားရောက်လုပ်ကိုင်ခွင့် အပိတ်ခံရတဲ့အတွက်

လွန်စွာဝမ်း နည်းရပါတယ်၊ ဝင်ခွင့်ကို မကြာခင်ပြန်လည်ပေးဖို့ တိုက်တွန်းပါတယ်” ဟု ပေါင်းစည်းရေးဝန်ကြီးဌာန ပြောရေးဆို

ခွင့်ရှိသူ ကင်ဟွန်ဆော့ က သတင်းထောက်များကို ပြောကြား

သည်။

ကုလသမဂ္ဂ၏လက်ရှိ ပိတ်ဆို့အရေးယူမှုများနှင့် တောင်ကိုးရီးယား-အမေရိကန် ပူးတွဲစစ်ရေးလေ့ကျင့်မှုများကြောင့် ၎င်းစက်မှုဇုန်ကို

ပိတ်မည် ဟု ယခင်ရက်သတ္တပတ်ကလည်း ခြိမ်းခြောက်ခဲ့သည်။

လွန်ခဲ့သည့် ရက်သတ္တပတ်များကလည်း အာရှနှင့် တောင်ကိုးရီးယား

နယ်စပ်ကျွန်းများအခြေစိုက် အမေရိကန်တပ်များကို ခြိမ်းခြောက်မှုများ လုပ်ခဲ့ပြီး ယခုတစ်ပတ်အင်္ဂါနေ့ ကလည်း ယောင်ပြွန်းရှိ နျူကလီးယား ဓာတ်ပေါင်းဖိုကို ပြန်လည်ဖွင့်လှစ်မည်ဟု ဆိုခဲ့ကြောင်း သိရသည်။

၎င်းအင်္ဂါနေ့တွင်ပင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဂျွန်ကယ်ရီက “အမေရိကန်သည် အမေရိကန်နိုင်ငံ နှင့် ၎င်းတို့၏ မဟာမိတ် တောင်

ကိုးရီးယားနိုင်ငံကိုကာကွယ်မည်ဖြစ်ကြောင်း”  တောင်ကိုးရီးယား နိုင်

ငံခြားရေး ဝန်ကြီး ယွန်ဗြောင်ဆေးနှင့် ဆွေးနွေးပွဲအပြီး ပြောကြားခဲ့

သည်။

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီးမွန်းက မြောက်

ကိုးရီးယားနှင့်ပတ်သက်၍ “နိုင်ငံတကာအသိုင်းအဝိုင်းနှင့် ပဋိပက္ခ ဖြစ်

မယ့် လမ်းကြောင်းကို မရွေးသင့်ကြောင်း၊ နျူကလီးယားခြိမ်းခြောက်မှု

သည် ကစားပွဲတစ်ခုမဟုတ်ကြောင်း” အင်္ဂါနေ့တွင် ပြောကြားခဲ့သည်။

Ref:BBC

The Myanmar Age

http://themyanmaage.com/?p=4461
မြောက်ကိုးရီးယားသည် ကေဆောင်စက်မှုဇုန်သို့ တောင်ကိုးရီးယားလုပ်သားများ လာရောက်လုပ် ကိုင်ခြင်းကို စတင်ပိတ်လိုက်ပြီ ဖြစ်၍ နှစ်နိုင်ငံကြား တင်းမာမှုကို ထပ်တိုးလိုက်သော အပြုအမှုတစ်ခု အဖြစ် မြင်ကြသည်။

အစ္စရေး က ဂါဇာတွင် ဗုံးကြဲတိုက် ခိုက်မှုများ ပြုလုပ်

Photo: အစ္စရေးက ဂါဇာတွင် ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်

Wednesday, April 3, 2013

အင်္ဂါနေ့ နံနက် အစောပိုင်းက ပါလက်စတိုင်း စစ်သွေးကြွတို့ ပစ်ခတ်လိုက်

သည့် ဒုံးကျည်နှင့် မော်တာများ အစ္စရေး တောင်ပိုင်းသို့ ကျရောက် ပေါက်

ကွဲပြီးနောက် အစ္စရေးက ဂါဇာတွင် ညတိုက်ပွဲ ဆင်နွှဲခဲ့ခြင်းဟု မျက်မြင်သက်

သေများနှင့် လုံခြုံရေးဌာန သတင်းရင်းမြစ်များက ပြောကြားခဲ့သည်။

အစ္စရေး လေတပ်သည် ဂါဇာတွင် အင်္ဂါနေ့ ညပိုင်းက တိုက်စစ်ဆင် ဗုံးကြဲမှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။ အင်္ဂါနေ့ နံနက် အစောပိုင်းက ပါလက်စတိုင်း စစ်သွေးကြွတို့ ပစ်ခတ်လိုက်သည့် ဒုံးကျည်နှင့် မော်တာ

များ အစ္စရေး တောင်ပိုင်းသို့ ကျရောက် ပေါက်ကွဲပြီးနောက် အစ္စရေးက ဂါဇာတွင် ညတိုက်ပွဲ ဆင်နွှဲခဲ့ခြင်းဟု မျက်မြင်သက်သေများနှင့် လုံခြုံရေး

ဌာန သတင်းရင်းမြစ်များက ပြောကြားခဲ့သည်။

ပြီးခဲ့သည့်နှစ်၊ နိုဝင်ဘာလက အစ္စရေးသည် ဂါဇာတွင် ကြီးမားသော စစ်ဆင်ရေးတစ်ရပ် ပြုလုပ်ခဲ့ပြီးနောက်ပိုင်း ယခုလို လေကြောင်းမှ ထိုးစစ်ဆင်ခြင်းသည် ပထမဆုံး ပြန်လည် ပြုလုပ်လာခြင်းလည်း ဖြစ်

သည်။

အစ္စရေး လေတပ်၏ မဟာဗျူဟာမြောက် မွမ်းမံထားသည့် F-16 ဂျက်လေယာဥင်္များသည် ဂါဇာစီးတီး အရှေ့ပိုင်းနှင့် ဂါဇာကမ်းမြှောင်

မြောက်ပိုင်း ဒေသများကို ဗုံးကြဲ တိုက်ခိုက်သွားခဲ့သည်။ သန်းခေါင်ယံ မတိုင်မီ အချိန်လေးတွင် အစ္စရေး လေယာဉ်များ ပျံသန်း ရောက်ရှိလာ

ပြီး စစ်သွေးကြွတို့ ခိုအောင်းနေသည်ဟု ယူဆရသော ပစ်မှတ်များကို ဗုံးကြဲခြင်းကြောင့် ဒေသခံများ အနေဖြင့် ဆူညံသော ပေါက်ကွဲသံများ

ကို ကြားရသလို နေအိမ်များ တုန်ခါလှုပ်ရှားနေသည်ကိုလည်း ခံစား

ခဲ့ရကြောင်း ပြောဆိုခဲ့ကြသည်။

ယခုတိုက်ခိုက်ခြင်းကြောင့် အပျက်အစီးနှင့် အသေအပျောက် သတင်း

ကို အတည်ပြုချက် မရယူနိုင်သေးဟု ဆိုသည်။ အစ္စရေး ကာကွယ်ရေး ဝန်ကြီးဌာနကမူ ယင်းကိစ္စအပေါ် တစ်စုံတစ်ရာ မှတ်ချက်ပေးရန် ငြင်း

ဆိုခဲ့ကြောင်း သိရှိရသည်။

Source: Xinhua

Planet Myanmar Network
အင်္ဂါနေ့ နံနက် အစောပိုင်းက ပါလက်စတိုင်း စစ်သွေးကြွတို့ ပစ်ခတ်လိုက်သည့် ဒုံးကျည်နှင့် မော်တာများ အစ္စရေး တောင်ပိုင်းသို့ ကျရောက် ပေါက်ကွဲပြီးနောက် အစ္စရေးက ဂါဇာတွင် ညတိုက်ပွဲ ဆင်နွှဲခဲ့ခြင်းဟု မျက်မြင်သက်သေများနှင့် လုံခြုံရေးဌာန သတင်းရင်းမြစ်များက ပြောကြားခဲ့သည်။

ရှမ်းပြည် ကိုးကန့် ဒီမိုရက် တစ်ပါတီ ၂၀၁၅ ရွေးေ ကာက်ပွဲ ၀င်ပြိုင်မည်

Photo: ရှမ်းပြည်ကိုးကန့် ဒီမိုရက်တစ်ပါတီ ၂၀၁၅ ရွေးကောက်ပွဲ ၀င်ပြိုင်မည်

Wednesday, April 3, 2013

တိုင်းရင်းသားနိုင်ငံရေးပါတီတခုဖြစ်သော ရှမ်းပြည် ကိုးကန့် ဒီမိုကရက်တစ်ပါတီက လာမည့် ၂၀၁၅ ရွေးကောက်ပွဲတွင်

ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မဲဆန္ဒနယ်မြေများ၌

ဝင်ရောက် ယှဉ်ပြိုင်သွား မည်ဖြစ်ကြောင်း ပါတီဥက္ကဋ္ဌ ဦးအန်တိုနီစူက ပြောသည်။

မတ်လ ၂၀ ရက်မှ ၂၂ ရက်နေ့အထိ ရှမ်းပြည်နယ်၊ လားရှိုးမြို့တွင် ကျင်းပသော ရှမ်း၊ ကယားပြည်နယ် ယုံကြည်မှု နှင့် ငြိမ်းချမ်းရေး တည်ဆောက်ခြင်း ဆွေးနွေးပွဲအခမ်းအနားတက်ရောက်လာသော ဦးအန်တိုနီစူက ဧရာဝတီသတင်းဌာနနှင့် တွေ့ဆုံစဉ် ယင်းသို့ ပြောဆိုလိုက်ခြင်းဖြစ်သည်။

၁၉၈၈ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သော ရှမ်းပြည်ကိုးကန့်ဒီမိုကရက်တစ်ပါတီအနေဖြင့် ၂၀၁၁ ခုနှစ်၊ ဇွန်လတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ထံတွင် နိုင်ငံရေးပါတီအဖြစ် ပြန်လည်မှတ်ပုံတင်ခဲ့ပြီး သြဂုတ်လတွင် နိုင်ငံရေးပါတီ အဖြစ် မှတ်ပုံတင်ခွင့်ပြုချက်

ရရှိခဲ့ကြောင်း၊ မဟာမိတ်နိုင်ငံရေးပါတီများဖြစ်သည့်

ရှမ်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(SNLD)၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီတို့ ပြန်လည်

မှတ်ပုံတင်ပြီး ရွေးကောက်ပွဲဝင်နေပြီဖြစ်သည့်အတွက် ရှမ်းပြည်ကိုးကန့်ဒီမိုကရက်တစ်ပါတီအနေဖြင့်လည်း

ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်နိုင်ရေးစီစဉ်နေပြီဖြစ်ကြောင်း ဦးအန်တိုနီစူက ပြောသည်။

“အခုဆိုရင် SNLD ပါတီကလည်း တရားဝင်မှတ်ပုံပြန်တင်တယ်။ NLD ကလည်း ရွေးကောက်ပွဲပြန်ဝင်တယ်။ ကျနော်တို့ မိတ်ဖက်တွေ အားလုံးကပါတီမှတ်ပုံပြန်တင် ရွေးကောက်ပွဲဝင်တော့ ကျနော်တို့လည်း ပြန်လုပ်ရမယ်။ ကိုးကန့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ

ဒေသမှာ စည်းရုံးရေးဆင်းဖို့ ကြိုတင် ပြင်ဆင်နေပါပြီ” ဟု ဦးအန်တိုနီစူက ပြောသည်။

တိုင်းရင်းသား နိုင်ငံရေးပါတီအချို့က ၂၀၁၅ ရွေးကောက်ပွဲ

အတွက် ကြိုတင်ပြင်ဆင်မှုများ စတင်လုပ်ဆောင်နေ ပြီဖြစ်

သော်လညိးုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအများစုမှာ

နိုင်ငံရေးပါတီဖွဲ့စည်းရေးနှင့်၂၀၁၅ ရွေးကောက်ပွဲဝင်ရေးကို လုံးဝ စိတ်ဝင်စားခြင်းမရှိဟု သိရှိရသည်။

ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်အတွင်းရှိ လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့အစည်းသုံးခုဖြစ်သော ရှမ်းပြည် လူမျိုးပေါင်း စုံ ပြည်သူ့လွတ်မြောက်ရေးအဖွဲ့၊ ကရင်နီပြည်လူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့၊ ကယန်းပြည်သူ့သစ်ပါတီတို့ ပါဝင်ဖွဲ့စည်းထားသော လက်နက်ကိုင် တပ်ပေါင်းစုအနေဖြင့်မူ ၂၀၁၅ ခုနှစ် ထွေထွေ ရွေးကောက်ပွဲဝင်မည်မဟုတ်ဘဲ ပါတီ

ဖွဲ့စည်းရန်လည်း အစီအစဉ်မရှိသေးဟု တပ်ပေါင်းစု၏ နိုင်ငံရေးဌာနကိုယ်စားလှယ် ဦးစိုင်းထွန်းအေးက ဆိုသည်။

“ကျနော်အနေနဲ့ ပြောရင်တာ့ လက်နက်ကိုင်တပ်ဖွဲ့တွေဆိုတာ ဘယ်တော့မှ ရွေးကောက်ပွဲဝင်ကြမယ်လို့ မထင်ဘူး။

ပါတီအဖြစ် ပြောင်းကြမယ်မထင်ဘူး ။ဒါသူတို့ ရဲ့ ခံယူချက်ပါ” ဟု စိုင်းထွန်းအေးကပြောသည်။

ရှမ်းပြည်နယ်မှ အင်အားကြီးတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့

တခုဖြစ်သော “၀”သွေးစည်းညီညွတ်ရေးပါတီ ကမူ ၂၀၁၅ခုနစ်တွင် ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မည် မဟုတ်သည့်အပြင် နိုင်ငံရေးပါတီတခုအဖြစ်လည်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ထံတွင် မှတ်ပုံတင်ရန် အကြောင်းမရှိကြောင်း၊ မိမိတို့ပါတီသည် ယခင်ကတည်းက တည်ရှိပြီးသား ပါတီတရပ်ဖြစ်သည့် အတွက် မှတ်ပုံတင်ရန် မလိုအပ်ကြောင်း၊ “၀” သွေးစည်းညီညွတ်ရေး အတွက် “၀”ပြည်သွေးစည်း ညီညွတ်ရေး ပါတီ၊ “ ၀” ပြည် သွေးစည်းညီညွတ်ရေး တပ်မတော်၊ “၀”ပြည်သူ့အစိုးရ ဟူ၍ ဖွဲ့စည်း ထားပြီး ဖြစ်ကြောင်း  အထူးဒေသ ၂  “၀” ပြည်သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA)၏ ပြည်ပ ဆက်ဆံရေး ဌာန၏ ဒုတိယ ဌာနမှူးကြီး ဦးဆမ်ခွန်းက ဧရာဝတီသို့ ပြောသည်။

“ကျနော်တို့မှာ က ပါတီရှိပြီးပြီ။ ထပ်မံလုပ်နေရင် ကမ္ဘာက မျက်စိလည်သွားနိုင်တယ်။ကျနော်တို့ကတော့ အခု ပါတီကိုပဲ အတည်ပြုပါမယ်။၂၀၁၅ ရွေးကောက်ပွဲကတော့ မပြိုင်ဘူး” ဟု ဦးဆမ်ခွန်းက ပြောသည်။

ဧရာဝတီ

လားရှိုးမြို့တွင် ပြုလုပ်သည့် ရှမ်း၊ ကယားပြည်နယ် ယုံကြည်မှုနှင့် ငြိမ်းချမ်းရေး တည်ဆောက်ခြင်း ဆွေးနွေးပွဲ မြင်ကွင်း (ဓာတ်ပုံ – နန်းဆိုင်နွမ် / ဧရာဝတီ)
တိုင်းရင်းသားနိုင်ငံရေးပါတီတခုဖြစ်သော ရှမ်းပြည် ကိုးကန့် ဒီမိုကရက်တစ်ပါတီက လာမည့် ၂၀၁၅ ရွေးကောက်ပွဲတွင် ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မဲဆန္ဒနယ်မြေများ၌ ၀င်ရောက် ယှဉ်ပြိုင်သွား မည်ဖြစ်ကြောင်း ပါတီဥက္ကဋ္ဌ ဦးအန်တိုနီစူက ပြောသည်။

အမေရိ ကန်၏ ဒုံးကျည် ဖျက်သင်္ဘော ပစိဖိတ် ကမ်းခြေတွင် ကင်းလှည့်

Photo: အမေရိကန်၏ ဒုံးကျည်ဖျက်သင်္ဘော ပစိဖိတ်ကမ်းခြေတွင် ကင်းလှည့်

Wednesday, 03 April 2013

မြောက်ကိုရီးယားနှင့် အမေရိကန်၏ မဟာမိတ် တောင်ကိုရီးယားတို့ကြား ဆက်ဆံရေး တင်းမာလာပြီး မြောက်ပိုင်း ကွန်မြူနစ် နိုင်ငံက စစ်ပွဲတစ်ခု စတင်ရန် အသင့်ဟု ခြိမ်းခြောက်လာချိန်တွင် အမေရိကန် ရေတပ်က ပထမဆုံး ဖျက်သင်္ဘော တစ်စင်းကို တောင်ကိုရီးယား ကမ်းလွန်တွင် ကင်းလှည့်စေခဲ့သည်။

အမေရိကန် ရေတပ်၏ ဒုတိယမြောက် ဒုံးကျည်ကာကွယ်ရေး ဖျက်သင်္ဘော တစ်စင်းသည် ယခုအခါ ပစိဖိတ် ကမ်းခြေ အနောက်ပိုင်း ဒေသတွင် စတင် ကင်းလှည့်တာဝန် ယူနေပြီဟု သိရှိရသည်။ မြောက်ကိုရီးယားနှင့် အမေရိကန်၏ မဟာမိတ် တောင်ကိုရီးယားတို့ကြား ဆက်ဆံရေး တင်းမာလာပြီး မြောက်ပိုင်း ကွန်မြူနစ် နိုင်ငံက စစ်ပွဲတစ်ခု စတင်ရန် အသင့်ဟု ခြိမ်းခြောက်လာချိန်တွင် အမေရိကန် ရေတပ်က ပထမဆုံး ဖျက်သင်္ဘော တစ်စင်းကို တောင်ကိုရီးယား ကမ်းလွန်တွင် ကင်းလှည့်စေခဲ့သည်။

ယခုအခါ မြောက်ကိုရီးယားဘက်မှ အမှန်တကယ် စတင်ပစ်ခတ်လာပါက ယင်းဒုံးကျည်များကို တားဆီးဟန့်တားမည့် ဒုတိယမြောက် စစ်သင်္ဘော တစ်စင်းကိုပါ အမေရိကန် ရေတပ်က ကိုရီးယားကျွန်းဆွယ်သို့ ပို့ဆောင်ခဲ့သည်။ ပင်တဂွန် စစ်ဌာနချုပ် ပြောရေးဆိုခွင့်ရ အရာရှိ ဂျော့ဂ်ျလစ်တဲလ်က Aegis ပဲ့ထိန်းဒုံးကျည် တပ်ဆင်ထားသော ဖျက်သင်္ဘော USS McCainသည် အခြား အမျိုးအစားတူ USS Decatur သင်္ဘောနှင့်အတူ ပစိဖိတ် အနောက်ပိုင်း ဒေသတွင် တာဝန်ထမ်းဆောင်နေပြီဟု ပြောကြားသွားခဲ့သည်။

ယင်းဖျက်သင်္ဘောများသည် မိမိတို့ နိုင်ငံ၏ စစ်မဟာမိတ်များအား ခြိမ်းခြောက်လာမည့် မည်သို့သော ဒုံးကျည်ကိုမဆို တားဆီးနိုင်ကြောင်းလည်း လစ်တဲလ်က သတင်းထောက်များကို ဆက်လက် ပြောဆိုသွားသည်။ အမေရိကန်သည် မြောက်ကိုရီးယားနှင့် ဆက်ဆံရေး အလွန်ဆိုးရွားလာချိန်တွင် ၎င်း၏ စစ်အင်အားကို ကိုရီးယား ကျွန်းဆွယ် အနီးတစ်ဝိုက်၌ ပိုမို နက်နက်ရှိုင်းရှိုင်း ပြသလာခဲ့သည်။ ပြီးခဲ့သည့် သီတင်းပတ်များအတွင်းက အမေရိကန်သည် B-52နှင့် B-2 ဗုံးကြဲလေယာဉ်ကြီးများကို ကျွန်းဆွယ်တစ်ဝိုက် ပျံသန်းပြခဲ့သလို ယခုအခါတွင်လည်း တောင်ကိုရီးယားတွင် အမေရိကန်၏ မဟာဗျူဟာမြောက် F-22 ကိုယ်ပျောက် တိုက်လေယာဉ်များကိုပါ ပေးပို့ထားကြောင်း သိရှိရသည်။

planet myanmar
မြောက်ကိုရီးယားနှင့် အမေရိကန်၏ မဟာမိတ် တောင်ကိုရီးယားတို့ကြား ဆက်ဆံရေး တင်းမာလာ ပြီး မြောက်ပိုင်း ကွန်မြူနစ် နိုင်ငံက စစ်ပွဲတစ်ခု စတင်ရန် အသင့်ဟု ခြိမ်းခြောက်လာချိန်တွင် အမေရိကန် ရေ တပ်က ပထမဆုံး ဖျက်သင်္ဘော တစ်စင်းကို တောင်ကိုရီးယား ကမ်းလွန်တွင် ကင်းလှည့်စေခဲ့သည်။

ရေကျော် ဗလီ မီးလောင်မှု ရှို့မီး မဟုတ်ကြောင်း သက်သေရှိသည်ဟု တိုင်းဝန်ကြီးချုပ်ဆို

Photo: ရေကျော်ဗလီ မီးလောင်မှု ရှို့မီး မဟုတ်ကြောင်း သက်သေရှိသည်ဟု တိုင်းဝန်ကြီးချုပ်ဆို

Wednesday, 03 April 2013

ဧပြီ ၂ ရက်နေ့နံနက် ၃ နာရီခန့်က ဖြစ်ပွားခဲ့သည့် ဗိုလ်တထောင်မြို့နယ် အမှတ် ၁၀ ရပ်ကွက်ရှိ ဆော်ဒီကီးယားရေကျော်ဗလီ မီးလောင်မှုသည် ရှို့မီး၊ ပေါ့ဆမီးမဟုတ်ဘဲ သာမန်ဖြစ်ပွားနိုင်သည့် မီးအားမြှင့်စက် အပူလွန်ကဲရာမှ လောင်သော မီးဖြစ်ကြောင်း လူသက်သေ ပစ္စည်းသက်သေများ ရှိထားပြီဟု ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေက ပြောလိုက်သည်။

အဆိုပါ မီးလောင်မှုနှင့် ပတ်သက်၍ ယမန်နေ့ ညနေက ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲ၌ ဝန်ကြီးချုပ်က အထက်ပါအတိုင်း ပြောကြားလိုက်ခြင်း ဖြစ်သည်။

မီးလောင်မှု ဖြစ်ပွားခဲ့သည့် ဗလီ၏ တာဝန်ခံဆရာ ဦးဇေယျာဖြိုးက အဆိုပါ မီးလောင်မှုသည် ရှို့မီး ဖြစ်သည်ဟု ပြောခဲ့ခြင်း ကြောင့် ပြည်သူတချို့ကလည်း ထိုစကားအား လက်ခံ ယုံကြည်နေကြခြင်းကို တိုင်းဒေသကြီးဝန်ကြီးချုပ်က ၎င်းသည် မဟုတ်မှန်ကြောင်း၊ မိမိတို့တွင် သက်သေ အထောက်အထားများ ရှိကြောင်း ပြောခဲ့သည်။

“မီးလောင်မှုဖြစ်တဲ့အချိန်မှာ ဗလီအောက်ထပ်မှာ အိပ်နေတဲ့ ၁၄ နှစ်အရွယ် ဝေယံသူ၊ ဇော်ဇော်ထက်နဲ့ မျိုးအောင်တို့က ဗလီတာဝန်ခံကို နှိုးတယ်၊ နှိုးလို့မရတော့ သူတို့ဘာသာသူတို့ မီးငြှိမ်းဖို့ကြိုးစားရင်း အခုလို အကြီးအကျယ် မီးလောင်မှု ဖြစ်သွားခဲ့တာလို့ ပြောတယ်။ သူတို့ဖြေထားတဲ့ အသံဖိုင်တွေလည်း ကျနော်တို့ဆီမှာ ရှိတယ်” ဟု သတင်းစာ

ရှင်းလင်းပွဲတွင် ဒုရဲမှူး မြင့်အေးက ပြောသွားသည်။

ဗလီတွင် ထားရှိသည့် မီးအားမြှင့်စက်မှာ အပူချိန်လွန်ကဲသောကြောင့် အသံများမြည်လာပြီး မီးတောက် ထတောက်ခြင်းကို ကလေးများက ရေစိုစောင်ဖြင့် ငြှိမ်းသတ်ရာ အနီးရှိ ဒီဇယ်ပုံးအား တိုက်မိ၍ ဒီဇယ်ဆီများ ဖိတ်ကြသွားခြင်းကြောင့် ယခုကဲ့သို့ မီးလောင်မှု ဖြစ်ခဲ့ရကြောင်း၊ မီးလောင်သဖြင့် ထွက်ရှိသည့် မီးခိုးငွေ့များကြောင့် ဗလီအပေါ်ထပ်တွက် အိပ်နေကြသော ကလေး ၁၃ ဦးမှာ သေဆုံးခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

ထိုမီးလောင်မှုအား ဗလီတာဝန်ခံက သူ၏ ပေါ့ဆမှုကြောင့် ဖြစ်သည်ဟု ထင်သွားသောကြောင့် ၎င်းအပြစ် လွတ်ကင်းစေရန် ယခုကဲ့သို့ တခြားသူများအား အပြစ်ပုံချပြီး ရှို့မီးဟု ခေါင်းစဉ်တပ်ခြင်းသာ ဖြစ်သည်ဟု တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေက ဆိုသည်။

ထိုသို့ မိမိအပြစ်လွတ်ကင်းရန် ရှို့မီးဟု လိမ်လည်ပြောဆိုခြင်းကို အစိုးရအဖွဲ့က သက်သေ အထောက်အထားများ၊ သက်သေ ကလေးများ၏ အသံများဖြင့် စစ်ဆေးမှသာ ဦးဇေယျာဖြိုးက အမှန်အတိုင်း ဝန်ခံခဲ့ကြောင်း၊ ဦးခင်မောင်အေးကမူ ယခုထိ ထွက်ပြေး တိမ်းရှောင်နေသေးကြောင်း သိရသည်။

“ဗလီဆရာကို သက်သေ အထောက်အထား အပြည့်အစုံအပြင် ကလေးတွေ ဖြေထားတဲ့ အသံတွေနဲ့ စစ်ဆေးတော့မှ ဦးဇေယျာဖြိုးက ဝန်ခံတယ်။ ဦးခင်မောင်အေးကတော့ အခုအထိ ကျနော်တို့ကို

အတွေ့မခံဘဲ ထွက်ပြေးနေတုန်းပါပဲ” ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့မှူး

ဒုတိယ ရဲမှူးကြီး မြင့်အေးက ဆိုသည်။

အခင်းဖြစ်ပွားစဉ်က ကျန်ရှိခဲ့သည့် မီးလောင်ကျွမ်းထားသော

ဒီဇယ်ဆီပုံးနှင့် ကလေးများ ရေစိုဝတ်ဖြင့် ငြှိမ်းသတ်ထားသည့် ဒီဇယ်ဆီများ ပေကျံနေသော ရေစိုစောင်ကိုလည်း သက်သေ

များအဖြစ် သိမ်းထားကြောင်း ၎င်းက ဆက်ပြောသည်။

ထို့အပြင် မီးလောင်မှု ဖြစ်ပွားချိန်သည် ပုဒ်မ ၁၈၈ ထုတ်ထားချိန် ဖြစ်သောကြောင့် မည်သူမှ အပြင်ထွက်သည့် အချိန် မဟုတ်သောကြောင့် တခြားမြို့နယ်၊ ရပ်ကွက်မှ လာ၍ မီးရှို့ခြင်း မဖြစ်နိုင်သကဲ့သို့၊ ရပ်ကွက်အတွင်း နေထိုင်သူ များသည်လည်း

အဆိုပါ ရပ်ကွက်တွင် နေထိုင်သော တခြားသူများ အတွေ့ခံပြီး

မီးလာရှို့မည် မဟုတ်ကြောင်း၊ လုံခြုံရေးအရ အလှည့်ကျ ကင်းစောင့်သူများ ကြောင့်လည်း အပြင်လူက မီးလာရောက် ရှို့နိုင်မည်မဟုတ်ကြောင်း မိမိတို့အနေဖြင့် စဉ်းစား သိနိုင်သည်ဟု

ဒုတိယ ရဲမှူးကြီး မြင့်အေးက ရှင်းပြသည်။

ရန်ကုန်မြို့တော်သည် မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော်

ဖြစ်သောကြောင့် မိမိတို့ အနေဖြင့် ရန်ကုန်မြို့၌ မိတ္ထီလာမြို့တွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခများကဲ့သို့ အဖြစ်ခံ

သွားမည် မဟုတ်ကြောင်း၊ ထိုကဲ့သို့ မဖြစ်လာရန်လည်း

မိမိတို့က တားဆီး၍ အဆင်ပြေသွားစေရန် ညှိနှိုင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောသည်။

“ပြစ်မှုကျူးလွန်သူတွေ အနေနဲ့ သူတို့အမှားဖြစ်ပြီး

သူတို့အပေါ် အပြစ်ပုံချမှာကို ကြောက်တဲ့အတွက် မဆိုင်တဲ့

ဘေးက လူတွေကိုပါ ဆွဲထည့်တတ်ကြတယ်။ ကိုယ့်အပြစ်ကို တခြားသူအပေါ် ပုံချတတ်ကြတယ်။ ဒါဟာ သဘာဝပဲ ဖြစ်တယ်။

ဒါကြောင့် ကျနော်တို့က နားလည်သင့်တယ်။

အရမ်းကြီး စိတ်ထင်တိုင်း မစွပ်စွဲသင့်ဘူး” ဟု

ဝန်ကြီးချုပ် ဦးမြင့်ဆွေက ဆိုသည်။

မီးလောင်မှု ဖြစ်ပွားခဲ့သည့် ဗလီကျောင်း၏ အပေါ်ထပ်တွင်

ကလေး ၁၃ ဦး အိပ်ကြပြီး ဗလီကျောင်းအောက်ထပ်တွင်

ကလေး ၅၈ ဦးက အိပ်နေကြကြောင်း၊ မီးလောင်မှုကြောင့်

ဗလီအပေါ်ထပ်ရှိ ကလေးများက မီးခိုးမွှန်၍ သေဆုံးခဲ့သော်လည်း ဗလီအောက်ထပ်ရှိ ကလေးများမှာမူ မည်သည့်အနာတရမှ ဖြစ်ပွားခြင်းမရှိကြောင်း သိရသည်။

အဆိုပါ မီးလောင်မှုနှင့် ပတ်သက်၍ ရန်ကုန်မြို့တော် လျှပ်စစ် ဓာတ်အားပေးရေးအဖွဲ့မှ အတွင်းရေးမှူး ဦးတိုးအောင်က

ဦးဆောင်ပြီး ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး သာသနာရေး ဦးစီးဌာန၊ ရဲကုန်တိုင်း

ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်

အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အုပ်ချုပ်ရေးမှူးရုံး၊

ရန်ကုန်မြို့တော် လျှပ်စစ် ဓာတ်အားပေးရေးအဖွဲ့

စသည့် ဌာနများမှ တာဝန်ရှိသူများ ပါဝင်သော

စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ဖွဲ့စည်းကာ ယခုလ

၅ ရက်နေ့ နောက်ဆုံးထား၍ စိစစ် သုံးသပ်ချက်

များပေးရမည် ဖြစ်သည်။

ရေကျော်ဗလီ မီးလောင်ခဲ့ပြီး တွေ့ရသည့် မြင်ကွင်း (ဓာတ်ပုံ – စတိဗ်တက္ကနာ / ဧရာဝတီ)

ဧရာဝတီ
ဧပြီ ၂ ရက်နေ့နံနက် ၃ နာရီခန့်က ဖြစ်ပွားခဲ့သည့် ဗိုလ်တထောင်မြို့နယ် အမှတ် ၁၀ ရပ်ကွက် ရှိ ဆော်ဒီကီးယားရေကျော်ဗလီ မီးလောင်မှုသည် ရှို့မီး၊ ပေါ့ဆမီးမဟုတ်ဘဲ သာမန်ဖြစ်ပွားနိုင်သည့် မီးအားမြှင့်စက် အပူလွန်ကဲရာမှ လောင်သော မီးဖြစ်ကြောင်း လူသက်သေ ပစ္စည်းသက်သေများ ရှိထားပြီ ဟု ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေက ပြောလိုက်သည်။

NLD မှနိုင် ငံလုံး ဆိုင်ရာ ပညာရေး ညီလာခံကြီးပြု လုပ်မည်

Photo: NLD မှနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံကြီးပြုလုပ်မည်

Wednesday, April 3, 2013

မြန်မာနိုင်ငံ၏ ပညာရေးကဏ္ဍမြင့်တက်လာနိုင်စေရေးနှင့် အမျိုးသားပညာရေးဥပဒေ ထွက်ပေါ်လာနိုင်စေရေးအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ၏ ပညာရေး ကွန်ရက်မှ

ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးရှိ ပညာရေးဆိုင်ရာ ပုဂ္ဂိုလ်၊ သံဃာတော်များပါဝင်မည့် နိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံကြီးကို

၂၀၁၃ ခုနှစ် ဇွန်လ ၁၅ ရက်မတိုင်မီကာလတွင်း ရန်ကုန်မြို့၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

NLD ပါတီ၏ပညာရေးကွန်ရက်မှ ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် ပညာရေးဆွေးနွေးပွဲများကို ဧပြီလ နောက်ဆုံးပတ်မှစတင်၍ မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ကရင်ပြည်နယ်၊ ဘားအံမြို့၊ ကယားပြည်နယ် လွိုင်ကော်မြို့များ၌ ပြုလုပ်ကျင်းပနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပြီး အကြိုဆွေးနွေးပွဲများကိုမူ ပဲခူးတိုင်းဒေသကြီးနှင့် မန္တလေးတိုင်း

ဒေသကြီးတို့တွင် ပြုလုပ်ကျင်းပခဲ့ကြောင်း သိရသည်။

Yangon Chronicle
မြန်မာနိုင်ငံ၏ ပညာရေးကဏ္ဍမြင့်တက်လာနိုင်စေရေးနှင့် အမျိုးသားပညာရေးဥပဒေ ထွက်ပေါ် လာနိုင်စေရေး အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ၏ ပညာရေး ကွန်ရက်မှပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးရှိ ပညာရေးဆိုင်ရာ ပုဂ္ဂိုလ်၊ သံဃာတော်များပါဝင်မည့် နိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံကြီးကို၂၀၁၃ ခုနှစ် ဇွန်လ ၁၅ ရက်မတိုင်မီကာလတွင်း ရန်ကုန်မြို့၌ ကျင်းပပြုလုပ် သွားမည်ဖြစ်ကြောင်း သိရသည်။

Tuesday, April 2, 2013

သမ္မတထံတိုင်ကြားခံရသည့် အရာရှိ ၆၀ ကျော်ကို အရေးယူ

Photo: သမ္မတထံတိုင်ကြားခံရသည့် အရာရှိ ၆၀ ကျော်ကို အရေးယူ

Tuesday, April 2, 2013

အစိုးရဌာနဆိုင်ရာများတွင် တာဝန်ထမ်းဆောင်နေသည့် အဆင့်မြင့်အရာရှိ ၆၀ ကျော်ကို ပြည်သူတို့၏ အသနားခံစာနှင့် တိုင်ကြားစာများအရ ပြည်ထောင်စုအစိုးရ အဖွဲ့က စစ်ဆေးအရေးယူလိုက်ပြီ ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ၏ စီးပွားရေးနှင့် လူမှုရေး အကြံပေးကောင်စီအဖွဲ့ဝင် တစ်ဦးက The Voice သို့ ပြောကြားသည်။

ယင်းအရာရှိများ အနက် အရာရှိအချို့ကို အငြိမ်းစားပေးခြင်းဖြင့် အရေးယူပြီး ကျန်အရာရှိများကိုမူ အခြား ဌာနဆိုင်ရာများ သို့ ပြောင်းရွှေ့တာဝန်ပေးအပ်ခြင်းဖြင့် အပြစ်ပေးလိုက်ခြင်းဖြစ်ကြောင်း ၄င်းက ဆိုသည်။

"တချို့က နိုင်ငံတော်သမ္မတရဲ့ Reform Strategy အရ ဌာနပြောင်းတာ ရှိတယ်။ အတော်များများ လာဘ်စားမှု ရှိတယ်လို့ တိုင်ကြားခံရလို့ အရေးယူတာ" ဟု အဆိုပါ နိုင်ငံတော်သမ္မတ၏ စီးပွားရေး

လူမှုရေး အကြံပေးကောင်စီ အဖွဲ့ဝင်က ပြောကြားသည်။

အပြစ်ပေး အရေးယူခံရသည့် အဆင့်မြင့်အရာရှိများတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာန၊ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ယဉ်ကျေးမှု ဝန်ကြီးဌာနနှင့် သမဝါယမဝန်ကြီးဌာန တို့တွင် ညွှန်ကြားရေးမှူးချုပ်နှင့် ဒုတိယ ညွှန်ကြားရေးမှူးချုပ် တာဝန်ထမ်းဆောင် နေသူများပါဝင်ကြောင်း နိုင်ငံတော်သမ္မတ ရုံးနှင့် နီးစပ်သူများက ဆိုသည်။

ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို အဟန့်အတားဖြစ်စေသော နိုင်ငံ့ဝန်ထမ်း များကို အရေးယူသင့်သော်လည်း စည်းမျဉ်း စည်းကမ်းများနှင့် အညီ ပွင့်လင်းမြင်သာစွာ အရေးယူ သင့်ကြောင်း ရန်ကုန်တိုင်းဒေသကြီး မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည်က အကြံပြုသည်။

"အချိန်မီ သတင်းထုတ်ပြန်ပေးဖို့လည်း လိုတယ်" ဟု ၄င်းကဆိုသည်။

နိုင်ငံတော်၏ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးတွင် စနစ်ဟောင်းမှမပြောင်းလို သူများနှင့် အသွင်ကူးပြောင်းရေးကို မလိုက်နိုင်သူများကို ချန်ထားရစ်မည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြောကြားထားသည်။

စီးပွားရေးလုပ်ငန်းရှင်များက သက်သေနှင့်တကွ တိုင်ကြားသောကြောင့် အကောက်ခွန်ဦးစီးဌာနတွင် တာဝန် ထမ်းဆောင်နေသော ညွှန်ကြားရေးမှူး နှစ်ဦးနှင့် အကောက်ခွန်ဝန်ထမ်း ၃၃ ဦးကို ယခုနှစ် ဇန်နဝါရီလ အတွင်း အပြစ်ပေး အရေးယူခဲ့ကြောင်း အကောက်ခွန်ဦးစီး ဌာနမှ ညွှန်ကြားရေးမှူး ဦးကျော်ဝင်းက ပြောကြားထားသည်။

ယခုနှစ် ဇန်နဝါရီလ အတွင်းမှာပင်ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာ ဝန်ကြီးဌာနမှ ပြည်ထောင်စု ဝန်ကြီးဟောင်းအပါအဝင် အဆင့်မြင့်အရာရှိ ခုနစ်ဦးကို နိုင်ငံတော်ပိုင် ပစ္စည်း အလွဲသုံးစားမှုဖြင့် ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ရှိ အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာနနှင့် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း ဦးဆောင်သည့် လာဘ်ပေးလာဘ်ယူမှု

အရေးယူဆောင်ရွက်ရေး ကော်မတီတို့က ခေါ်ယူစစ်ဆေးခဲ့သည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ဦးဆောင်သည့် အရပ်သားအစိုးရသစ် လက်ထက်တွင် နိုင်ငံ့ဝန်ထမ်းများ အကျင့်ပျက်ခြစားခြင်းကို တိုက်ဖျက်ရန် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းနှင့် အဆင့်မြင့်အရာရှိ ကိုးဦးပါဝင်သော လာဘ်ပေးလာဘ် ယူမှု အရေးယူ ဆောင်ရွက်ရေး ကော်မတီကို နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ဇန်နဝါရီလ ၉ ရက်နေ့တွင် ဖွဲ့စည်းလိုက်သည်။

The Voice Weekly
အစိုးရဌာနဆိုင်ရာများတွင် တာဝန်ထမ်းဆောင်နေသည့် အဆင့်မြင့်အရာရှိ ၆၀ ကျော်ကို ပြည်သူတို့၏ အသနားခံစာနှင့် တိုင်ကြားစာများ အရ ပြည်ထောင်စုအစိုးရ အဖွဲ့က စစ်ဆေး အရေးယူ လိုက် ပြီ ဖြစ်ကြောင်း နိုင်ငံတော် သမ္မတ၏ စီးပွားရေးနှင့် လူမှုရေး အကြံပေးကောင်စီအဖွဲ့ဝင် တစ်ဦးက The Voice သို့ ပြောကြားသည်။

မိတ္ထီလာ အကြမ်းဖက် မှုတွင် ပါဝင် သူများကို ဖော်ထုတ်ပြီး သေဒဏ်နှင့် တစ်သက်တစ် ကျွန်းပြစ်ဒဏ် များချမှတ်မည်

Photo: မိတ္ထီလာအကြမ်းဖက်မှုတွင် ပါဝင်သူများကို ဖော်ထုတ်ပြီး သေဒဏ်နှင့် တစ်သက်တစ်ကျွန်းပြစ်ဒဏ်များချမှတ်မည်

Tuesday, April 2, 2013

မိတ္ထီလာ အကြမ်းဖက်မှုတွင်ပါဝင်သူများကို စုံစမ်းဖော်ထုတ်ပြီး ဥပဒေကြောင်းအရ အရေးယူမှုများပြုလုပ်တော့မည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ဥပဒေရေးရာချုပ် ဦးရဲအောင်မြင့်က ပြောကြားသည်။

“နောက်လာမယ့်အပတ်မှာ အကြမ်းဖက်မှုမှာ ပါတဲ့သူတွေကို ဖမ်းဆီးပြီးစစ်ဆေးမှုတွေပြုလုပ်တော့မယ်။ လူသေအောင်လုပ်တဲ့လူတွေကို သေဒဏ်ပေးမယ်။ မီးရှို့ တဲ့သူတွေကို တစ်သက်တစ်ကျွန်း။ အနာတရဖြစ်အောင် ရိုက်နှက်တဲ့သူတွေကိုလည်း တစ်သက်တစ်ကျွန်းပေးမယ်။ အဲ့ဒီ တော့ ထိထိရောက်ရောက်အရေးယူနိုင်အောင် ပြည်သူတွေဘက်ကလည်းပူးပေါင်းဖို့လိုအပ်ပါတယ်။” ဟု မန္တလေးတိုင်းဒေသကြီး ဥပဒေရေး ရာချုပ် ဦးရဲအောင်မြင့်က မိတ္ထီလာမြို့ရှိ ဒုက္ခသည်စခန်းများတွင် ဒုက္ခသည်များကို ထောက်ပံ့ပစ္စည်းများပေးအပ်စဉ်ပြောကြားသည်။

“ဥပဒေအတိုင်း အရေးယူမယ်ဆိုရင်ကောင်းပါတယ်။ ဒါမှ မြို့က အရင်လိုပုံမှန်ပြန်ဖြစ်မှာပါ။ အခုကတော့ နှစ်ဖက်စလုံးက ကြောက်နေကြတာ ဆိုတော့။ ဒီလိုဖော်ထုတ်မှလည်း အသက်ဆုံးရှုံးရတဲ့သူတွေရော ဒုက္ခသည် ဖြစ်သွားရတဲ့သူတွေအားလုံးအတွက်လည်း တရားမျှတမှာပါ” ဟု အစ္စလာမ်ဘာသာဝင်ဒုက္ခသည် ဒေါ်မြင့်ကြည်ကပြောကြားသည်။

“ပုဒ်မ ၁၄၄  ထုတ်ထားတယ်ဆိုတာကလည်း လိုအပ်လို့ထုတ်တာပါ။ အပြစ်မဲ့တဲ့ အသက်အိုးအိမ်စည်းစိမ်တွေထက်ပြီး မပျက်ဆီးရအောင် ထုတ်ထားတာပါ။ လူတွေထုတ်ပြန်တဲ့ ဥပဒေပဲ ဒီနေ့ ဒေသဒေသ အေးချမ်း သွားတာနဲ့ ဒီနေ့ပုဒ်မ ၁၄၄ကို ရုတ်သိမ်းပေးမှာပါ” ဟု မန္တလေးတိုင်း ဒေသကြီး ဥပဒေရေးရာချုပ် ဦးရဲအောင်မြင့်က ရှင်းလင်းပြောကြားသည်။

ယခုအခါ မိတ္ထီလာ အကြမ်းဖက်မှုနှင့်စပ်လျဉ်ပြီး ပြည်ထဲရေးဒုတိယ၀န်ကြိး ဗိုလ်မှုးချုပ်ကျော်ဇံမြင့်၊ မန္တလေးတိုင်းဒေသကြီး ဥပဒေရေးရာချုပ် ဦးရဲအောင်မြင့်၊ ခရိုင်အုပ်ချုပ်ရေးမှုး ဦးခင်မောင်စိုး နှင့် အခြားဌာနဆိုင်ရာများမှ သက်ဆိုင်ရာ အရရှိများဦးဆောင်သော စုံစမ်းစစ်ဆေးရေးကော်မရှင်မှ ပြစ်မှုကျူးလွန်သူများကိုဖော်ထုတ်အရေးယူမည်ဖြစ်ကြောင်းသိရသည်။

ဆုဝေ

မြန်မာ့ခေတ်
မိတ္ထီလာ အကြမ်းဖက်မှုတွင်ပါဝင်သူများကို စုံစမ်းဖော်ထုတ်ပြီး ဥပဒေကြောင်းအရ အရေးယူမှုများပြု လုပ်တော့မည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ဥပဒေရေးရာချုပ် ဦးရဲအောင်မြင့်က ပြောကြားသည်။

တာချီလိ တ်မြို့နယ် တွင် စိုင်းနော်ခမ်း လက်ကျန် အဖွဲ့များ၏ ခဲယမ်းများ သိမ်းဆည်းရမိ

Photo: တာချီလိတ်မြို့နယ်တွင် စိုင်းနော်ခမ်း လက်ကျန်အဖွဲ့များ၏ ခဲယမ်းများ သိမ်းဆည်းရမိ

Tuesday, 02 April 2013

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်၊ မိုင်းဖုန်း ကျေးရွာအုပ်စု၊ ဟွေလှေလန် ကျေးရွာအနီးတွင် မတ်လ(၃၁)ရက်နေ့က စိုင်းနော်ခမ်း လက်ကျန်အဖွဲ့များ၏ ခဲယမ်းများကို အစိုးရနယ်မြေခံတပ်မှ သိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။

မတ်လ(၃၁) ရက်နေ့ မနက်ပိုင်းတွင် ၀ါးခုတ်သွားသော ဟွေလှေလန်ရွာသားတစ်ဦး၏ သတင်းပေးချက် အရ နယ်မြေခံတပ်ရင်းမှ ရွာသားများနှင့်အတူ သွားရောက်ရှာဖွေရာမှ ဟွေလှေလန်ရွာအနီးရှိ ၀ါးတောထဲတွင် ကြွပ်ကြွပ်အိတ်(အမဲရောင်)ဖြင့် ထုပ်ပိုးပြီး မုန့်ပုံးအခွန်များအတွင်း ထည့်ထားသော ထိုင်းနိုင်ငံလုပ် ကျည်ဆံ မျိုးစုံ (၇၀၀)ကျော်နှင့် အသံတိတ်ပြောင်းကိရိယာ(၁)ခုတို့ ရှာဖွေသိမ်းဆည်း ရမိခဲ့ပါသည်။

ကျည်ဆံ မျိုးစုံနှင့် အသံတိတ်ပြောင်းကိရိယာ

ဒေသခံရွာသားများမှ သိမ်းဆည်းရမိသော ကျည်ဆံများမှာ စိုင်းနော်ခမ်း လက်ကျန်အဖွဲ့၏ ပစ္စည်း များဖြစ်ကြောင်းအခိုင်အမာ ပြောဆိုနေကြသည်ဟုသိရသည်။စိုင်းနော်ခမ်းသည်ယခင်က ဟွေလှေလန်

ကျေးရွာအနီး ပတ်ဝန်းကျင်တွင် လှုပ်ရှားသောအဖွဲ့၏ ခေါင်းဆောင်ဖြစ်ကြောင်း၊ ၎င်းအား တရုတ်နိုင်ငံ သား စက်လှေသမား(၁၃)ဦးအား မဲခေါင်မြစ်အတွင်း သတ်ဖြတ်မှုဖြင့် တရုတ်နိုင်ငံက ဆေးထိုးသတ် ခဲ့ကြောင်း၊ စိုင်းနော်ခမ်း၏ လက်အောက်ခံ စိုင်းအောင်မြတ်သည် လက်နက်ချအလင်းဝင်သွား ပြီဖြစ်သော်လည်း အချို့အဖွဲ့ဝင်များမှာ တောထဲ၌ကျန်နေသေးကြောင်း သိရှိရပါသည်။

ယခုသိမ်းဆည်းရမိသော ကျည်ဆံများကဲ့သို့ ဟွေလှေလန်ကျေးရွာ အနီးတ၀ိုက်၌ စိုင်းနော်ခမ်း လက်ကျန် အဖွဲ့ များ၏ လက်နက်ခဲယမ်းများ ကျန်ရှိနေသေးကြောင်းနှင့် လက်ကျန်အဖွဲ့များ အမှန် တကယ်ရှိနေပါက ယခင်ကဲ့သို့ မူးယစ်ဆေးဝါးလုပ်ငန်းများ လုပ်ကိုင်နေကြမည် ကို ဒေသခံများ က ကြောက်ရွံ့ထိတ်လန့်နေကြ ကြောင်း ဟွေလှေလန်ရွာသားတစ်ဦး၏ ပြောပြချက်အရ သိရှိရပါသည်။

Shan News
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်၊ မိုင်းဖုန်း ကျေးရွာအုပ်စု၊ ဟွေလှေလန် ကျေးရွာအနီးတွင် မတ်လ(၃၁)ရက်နေ့က စိုင်းနော်ခမ်း လက်ကျန်အဖွဲ့များ၏ ခဲယမ်းများကို အစိုးရနယ်မြေခံတပ်မှ သိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။မတ်လ(၃၁) ရက်နေ့ မနက်ပိုင်းတွင် ၀ါးခုတ်သွားသော ဟွေလှေလန်ရွာသား တစ်ဦး၏ သတင်းပေးချက် အရ နယ်မြေခံတပ်ရင်းမှ ရွာသားများနှင့်အတူ သွားရောက်ရှာဖွေရာ မှ ဟွေလှေ လန်ရွာအနီးရှိ ၀ါးတောထဲတွင် ကြွပ်ကြွပ်အိတ်(အမဲရောင်)ဖြင့် ထုပ်ပိုးပြီး မုန့်ပုံးအခွန်များအတွင်း ထည့်ထားေ သာ ထိုင်းနိုင်ငံလုပ် ကျည်ဆံ မျိုးစုံ (၇၀၀)ကျော်နှင့် အသံတိတ်ပြောင်းကိရိယာ(၁)ခုတို့ ရှာဖွေသိမ်းဆည်း ရမိခဲ့ပါသည်။

တရားထိုင်ေ နသော ရဟန်း ကို ကိုယ်ထိ လက်ရောက် တိုက်ခိုက်ခဲ့ သူများဟု သံသယ ရှိသူ နှစ်ဦးကို ဘူးသီးေ တာင်တွင် ရဲက ဖမ်းဆီး

Photo: တရားထိုင်နေသော ရဟန်းကို ကိုယ်ထိလက်ရောက် တိုက်ခိုက်ခဲ့သူများဟု သံသယ ရှိသူ နှစ်ဦးကို ဘူးသီးတောင်တွင် ရဲက ဖမ်းဆီး

Tuesday, 02 April 2013

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့မှ လူ (၂) ဦးကို တရားထိုင်နေသော ရဟန်းတော် တစ်ပါးအား ကိုယ်ထိ လက်ရောက် တိုက်ခိုက်သူများ အဖြစ် သံသယ ရှိရာမှ ရဲက ဖမ်းဆီးလိုက်သည်ဟု သတင်း ရရှိသည်။

ဖမ်းဆီးခံရသူများမှာ ဘူးသီးတောင်မြို့နယ် လက်ဝဲတက် ပုဇွန်ချောင်းကျေးရွာမှ မာမတ် အီနုနှင့် ဇူဘိုင် ဆိုသူတို့ ဖြစ်ကြသည်ဟု သိရသည်။

လွန်ခဲ့သော မတ်လ ၂၈ ရက်နေ့ ညနေ ၇ နာရီ ၃၀ မိနစ်ခန့်တွင် ဘူးသီးတောင်ထောင် အနီးရှိ ဓမ္မဏ္ဍိုင် ဘုန်းတော်ကြီးကျောင်း အနောက်ဘက် တောင်ကုန်း တစ်ခုပေါ်ရှိ ၀ါးတဲ ကျောင်းဆောင် တစ်ခုတွင် တစ်ပါးတည်း တရားထိုင်နေသော ဦးပညာသီရိအား အမည်မသိသူ ဘင်္ဂလီ အမျိုးသား  နှစ်ဦးက တိုက်ခိုက်ခဲ့သည်ဟု အဆိုပါ ကျောင်းမှ ရဟန်းတော် တစ်ပါးက ဆိုသည်။

အမည်မသိသူ နှစ်ဦးသည် တရားထိုင်နေသော တဲအနီးသို့ ချဉ်းကပ်လာပြီး  အရှင်ပညာသီရိထံမှ ဆေးလိပ် တောင်းကြောင်း၊ ဆေးလိပ် မရှိကြောင်း ပြန်လည် ဖြေကြားစဉ် တဲပေါ်သို့ တက်လာပြီး မြေကြီးသို့  ဒရွှတ်တိုက် ဆွဲချကာ ရိုက်ပုတ် ထိုးကြိတ်ခဲ့သည်ဟု ပြောသည်။

၎င်းနောက်ပိုင်း အရှင် ပညာသီရိမှ တောင်ပေါ်မှ ဆင်းလာပြီး ၎င်းဖြစ်စဉ်အား ဓမ္မဏ္ဍိုင် ဆရာတော်အား တိုင်ကြားခဲ့သည်ဟု ဆိုသည်။

ဓမ္မဏ္ဍိုင် ဆရာတော် ဦးနာရပတိမှ ဘူးသီးတောင်ထောင် အာဏာပိုင်များအား အဆိုပါ ဖြစ်ရပ်အား သွားရောက် တိုင်ကြားရာ အခင်းဖြစ်ပြီး နောက်တစ်နေ့တွင် လက်ဝဲတက် ပုဇွန်ချောင်းကျေးရွာမှ မာမတ် အီနုနှင့် ဇူဘိုင်တို့အား ပြစ်မူ ကျူးလွန်သူများ ဖြစ်သည်ဟု သံသယဖြင့် ရဲက ဖမ်းဆီးခဲ့သည်ဟု သိရသည်။

သူတို့ နှစ်ဦးအား  ယခုအခါ ပြစ်မူအမှတ်  ၄၅/၁၃၊ ပုဒ်မ ၄၅၂/၂၉၅ တို့ဖြင့် ဘူးသီးတောင် ရဲစခန်းတွင် အမှုဖွင့် စစ်ဆေးနေကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့် ဆက်စပ်ပြီး ဘူးသီးတောင်တွင် ဘုန်းကြီး တစ်ပါး အသတ်ခံရသည်ဆိုသော  ကောလဟလ သတင်း မြန်မာ-ဘင်္ဂလာနယ်စပ်တွင် ပျံ့နှံ့ သွားခဲ့သဖြင့် လူထု အကြား အထူး စိုးရိမ်မူ တိုးပွားခဲ့သည်ဟု သိရသည်။

narinjara
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့မှ လူ (၂) ဦးကို တရားထိုင်နေသော ရဟန်းတော် တစ်ပါးအား ကိုယ်ထိ လက်ရောက် တိုက်ခိုက်သူများ အဖြစ် သံသယ ရှိရာမှ ရဲက ဖမ်းဆီးလိုက်သည်ဟု သတင်း ရရှိသည်။

ရဲတပ်ဖွဲ့ ၀င်အယော င်ဆောင်သူ အား ဖမ်းဆီး အရေးယူ

၃၁-၃-၂၀၁၃ ရက်နေ့ ၁၂၃၅ အချိန် မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့၊ အမှတ်(၂) ရပ်ကွက်၊ မျက်သွယ် ခေါင်ရည်ဆိုင်တွင် ရဲတပ်ကြပ် အဆင့်ယူနီဖောင်းဝတ်ထားသည့် မသင်္ကာဖွယ် လူတစ်ဦးရောက် ရှိနေကြောင်းသတင်း အရ မတ္တရာရဲစခန်းမှတပ်ဖွဲ့ဝင်များ သွားရောက်စုံစမ်းရာ အဆိုပါလူသည် အမှတ်(၂) ရပ်ကွက် လမ်းမပေါ်ရှိဆိုင်ကယ် ကယ်ရီ မောင်းသူများအား““မင်းတို့ဆိုင်ကယ်တွေ လိုင်စင်မရှိရင် ဖမ်းပစ်မယ်””ဟု ခြိမ်းခြောက်ပြောဆို၍ အနီးရှိဆိုင် တွင် ခေါင်ရည်သောက်ပြီးပြန်ထွက်သွားကြောင်းသိရှိရသဖြင့်လိုက်လံရှာဖွေခဲ့သည်။

မူဆယ်ေ ဈးကြီး အတွင်းရှိ ရွှေဆိုင် ဓါးပြ တိုက်ခံရ

Photo: မူဆယ်ဈေးကြီးအတွင်းရှိ ရွှေဆိုင် ဓါးပြတိုက်ခံရ

Tuesday, April 2, 2013

သျှမ်းပြည် (မြောက်ပိုင်း) မူဆယ်ဈေးကြီးအတွင်းရှိ ရွှေဆိုင်တစ်ဆိုင်အား ဧပြီလ ၁ ရက်နေ့ မွန်းတည့် ၁၂ နာရီခွဲခန့်က လက်နက်ကိုင် လူတစ်စုက ဓါးပြဝင်တိုက်ခဲ့ပြီး ရွှေထည်ပစ္စည်းများ လုယူထွက်ပြေး သွားကြောင်း သိရသည် ။ စိုင်းရီမွန်းရွှေဆိုင် ဓါးပြတိုက်ခံခဲ့ရခြင်း ဖြစ်ပြီး ရွှေထည်ပစ္စည်း အမြောက်အများ ဆုံးရှုံးကြောင်း မူဆယ်မြို့ခံများက သျှမ်းသံတော်ဆင့် သို့ ပြောသည်။ “ရွှေဆိုင်နာမည်က ဦးစိုင်းရီမွန်း ။ လက်နက်ကိုင်ထားတဲ့ ဓါးပြ ၃ ယောက်က ၀င်တိုက်တာ။ ပစ္စည်းတွေလည်းပါသွားတယ်။ လက်ကောက်တွေ ပါသွားတယ်လို့ သိရတယ်။ ခန့်မှန်းတန်ဖိုးတော့ မသိရဘူးပေါ့နော်။ အဲဒီဓါးပြတွေကိုလည်း မမိဘူး ” ဟု မြို့ခံတစ်ဦးက ဆိုသည်။ ၄င်းဓါးပြတိုက်ခံရသည့် ရွှေဆိုင်အနီးတွင် ရဲကင်းတစ်ခုရှိပြီး ဓါးပြများက သေနတ်ပစ်ဖေါက်၍ ပစ္စည်းများလုယူ ထွက်ပြေး သွား ကြောင်း လူထိခိုက်မှု မရှိကြောင်း အခြားမြို့ခံများ၏ အဆိုအရ သိရသည် ။

သျှမ်းသံတော်ဆင့်
သျှမ်းပြည် (မြောက်ပိုင်း) မူဆယ်ဈေးကြီးအတွင်းရှိ ရွှေဆိုင်တစ်ဆိုင်အား ဧပြီလ ၁ ရက်နေ့ မွန်းတည့် ၁၂ နာရီခွဲခန့်က လက်နက်ကိုင် လူတစ်စုက ဓါးပြဝင်တိုက်ခဲ့ပြီး ရွှေထည်ပစ္စည်းများ လုယူထွက်ပြေး သွားကြောင်း သိရသည် ။

ရေကျော် ဗလီ မီးလောင် မှု စုံစမ်းစ စ်ဆေးရေး အဖွဲ့ ဖွဲ့စည်း

Photo: ရေကျော်ဗလီ မီးလောင်မှု စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်း

Tuesday, April 2, 2013

ယနေ့ နံနက် ၂ နာရီခွဲဝန်းကျင်က ဖြစ်ပွားခဲ့သော ဗိုလ်တထောင်မြို့နယ်၊ ၄၈ လမ်း ရေကျော်ဗလီမီးလောင်မှုအား စုံစမ်းစစ်ဆေးရန် အစ္စလာမ်ဘာသာရေးအဖွဲ့အစည်းများမှ ဘာသာရေးခေါင်းဆောင်များ အပါအ၀င် မီးသတ်ဦးစီးဌာန၊ ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ တာဝန်ရှိသူများဖြင့် စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

လူ ၁၃ ဦး သေဆုံးမှုရှိခဲ့သောကြောင့် ယခုကဲ့သို့ စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းရခြင်းဖြစ်ကြောင်း ၎င်းကပြောသည်။ ယင်းစုံစမ်းစစ်ဆေးရေးအဖွဲ့တွင် မီးသတ်ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးကြည်ဝင်း၊ ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့မှ တွဲဖက်အတွင်းရေးမှူး ဦးတိုးအောင်၊ အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့မှ ရဲမှူးကြီးသက်လွင်တို့ ပါဝင်ကြောင်း သတင်းရရှိသည်။

အဆိုပါမီးလောင်မှုမှာ ဗလီအပေါ်ထပ်သို့ တက်သည့် လှေကားခွင်အောက်ရှိ မီးအားမြှင့်စက် အပူလွန်ကဲရာမှ လောင်ကျွမ်းခဲ့ပြီး လှေကားတစ်လျှောက် မီးကူးစက်ပြန့်ပွားနေသည့်အတွက် အပေါ်ထပ်ပိတ်မိကာ အသက် ၁၂ နှစ်အရွယ် စာသင်ကျောင်းသား ၁၃ ဦး မီးခိုးမွှန် မီးလောင်ဒဏ်ရာဖြင့် သေဆုံးခဲ့သည်။ မီးလောင်မှုကြောင့် ဗလီထပ်ခိုး၊ မီးအားမြှင့်စက်နှင့် ၀ိုင်ယာကြိုး အပါအ၀င် စုစုပေါင်းကျပ်ငွေ ရှစ်သိန်းခွဲဖိုး ပျက်စီးဆုံးရှုံးခဲ့ကြောင်း မီးသတ်ဦးစီးဌာနက သတင်းထုတ်ပြန်သည်။

မီးလောင်ကျွမ်းသည့် ဗလီမှာ စာသင်ကျောင်းနှင့် တွဲဖက်ထားပြီး စာသင်ကျောင်းတွင် နွေရာသီသင်တန်းတက်ရောက်နေသော ကလေးငယ်ဦးရေ ၇၀ ကျော်ရှိကြောင်း အသက်မသေဘဲ ကျန်ရစ်ကြသည့် ကလေးငယ်များကို ညောင်တန်းဗလီသို့ ပို့ဆောင်ထားကြောင်း သတင်းရရှိသည်။

7DaysNewsJournal
ယနေ့ နံနက် ၂ နာရီခွဲဝန်းကျင်က ဖြစ်ပွားခဲ့သော ဗိုလ်တထောင်မြို့နယ်၊ ၄၈ လမ်း ရေကျော်ဗလီ မီးလောင်မှု အား စုံစမ်းစစ်ဆေးရန် အစ္စလာမ်ဘာသာရေး အဖွဲ့အစည်းများမှ ဘာသာရေးခေါင်းဆောင်များ အပါအ၀င် မီးသတ်ဦးစီးဌာန၊ ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ တာဝန်ရှိသူများဖြင့် စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

SSA (၀မ်ဟိုင်း) အဖွဲ့ မူးယ စ်ဆေး ၀ါးရောင်းဝယ်ေ ဖာက်ကား ပြီး လက်နက် အင်အား တိုးချဲ့နေ သည်. . .

Photo: SSA (၀မ်ဟိုင်း)အဖွဲ့ မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားပြီး လက်နက်အင်အားတိုးချဲ့နေသည်. . .

Tuesday, April 2, 2013

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျေးသီးမြို့နယ်၊ ၀မ်ဟိုင်းကျေးရွာနှင့် ပတ်ဝန်းကျင် တစ်ဝိုက်မှာ SSA (၀မ်ဟိုင်း) အဖွဲ့ကို အခွန်ပေးပြီး ဘိန်းစိုက် ပျိုးရန်မြေပြင်ထားသောတောင်ယာများကို တောင်ကြီး-လာရှိုးသွား ကားလမ်း ၀ဲ၊ ယာ၌ မျက်စိ တစ်ဆုံးတွေ့နိုင်ပါသည်။

SSA (၀မ်ဟိုင်း) သည်နိုင်ငံတော်အစိုးရနှင့် ပြည်ထောင်စု အဆင့်ငြိမ်း ချမ်းရေးဆွေးနွေးထားသော အဖွဲ့ဖြစ် ပါသည်။ သို့သော်များမကြာမီ ရက်ပိုင်း က SSPP/SSA အထင်ကရခေါင်းဆောင် ဗိုလ်ချုပ်ဆေထင်က လက်နက်ကို လုံးဝ မစွန့်လွှတ်ဘူးလို့ လူသိရှင်ကြားပြောချလိုက်ခြင်း၏ နောက်ကွယ်မှာ SSA (၀မ်ဟိုင်း) အခိုင်အမာရပ်တည်ပေးနေသည်ဟု သိရှိရသည်။

SSA (၀မ်ဟိုင်း)သည် ငြိမ်းချမ်းရေးသဘောတူညီမှုကို ဖောက်ဖျက်ကာ တပ်အင်အားတိုးချဲ့ခြင်းနှင့် လက်နက်ဝယ်ယူ ခြင်းတို့ကို ပြုလုပ်နေသည်ဟု သတင်းများထွက်ပေါ်နေသည်။ SSA (၀မ်ဟိုင်း)၏ အုပ်ချုပ် မှုနယ်မြေထဲ တွင် ကျေးသီး၊ မိုင်းနောင်၊ မိုးရှုးမြို့နယ်များပါရှိပြီး ၎င်းမြို့နယ်များတွင် ပါဝင်သော ကျေးရွာအုပ်စုများမှ နှစ်စဉ်ဘိန်းခွန်ကြေးပေးဆောင် နေကြ ရသည်ဟု သိရ၏။

“ ယခု ၂၀၁၃ ခုနှစ်အတွက် ရွာတစ်ရွာကို ဘိန်းခွန်သိန်း ၃၀၀ ပေးရ မယ်လို့ ပြောထားတယ်၊ လေးလကို ၁ ကြိမ်သွင်းခိုင်းပါတယ်၊ အိမ်ထောင်တိုင်းမှာ ဘိန်းစိုက်ရုံကလွဲပြီး ကျန်တာလည်း စိုက်ပျိုးစားဖို့ အဆင်မပြေ ဘူး၊ သူတို့ဘိန်းခင်းတွေကို အစိုးရစစ်တပ်နဲ့ ဌာနဆိုင်ရာတွေ လာပြီး မဖျက်အောင် SSA (၀မ်ဟိုင်း)က ကာကွယ်ပေးထား တယ်လို့ပြော တယ်၊ မိသားစုစားဝတ်နေရေးအတွက် SSA (၀မ်ဟိုင်း) အဖွဲ့ကို ဘိန်းခွန်ပေး ပြီး စိုက်ပျိုးစားနေရတာပေါ့ ” ဟုမိုင်းရှုးမြို့ခံကျောင်းဆရာမ တစ်ဦးကပြော .ပြသည်။

SSA (၀မ်ဟိုင်း) ဌာနချုပ်တွင် ဘိန်းချက်စက်ရုံများရှိပြီး မူးယစ်ဆေးဝါးများကို ထုတ်လုပ်လျက်ရှိသည်ဟု သိရှိရ၏။ မူးယစ်ဆေးဝါးများ ကို တောလမ်း အတိုင်း လား၊ မြင်းများဖြင့် သယ်သလို၊ ရွာသားများကို ပေါ်တာ ဆွဲ၍ သယ်သည်။ သံလွင်ကမ်းခြေသို့ရောက်သောအခါ တရုတ်နှင့် ထိုင်းနိုင်ငံများ သို့ မူးယစ်ဆေးဝါးများ တင်ပို့သည်။ ထို့နောက်လက်နက်၊ ခဲယမ်း များ ပြန် လည် တင်သွင်းသည်ဟု ပေါ်တာပါသူ ရွာသားတစ်ဦး က ပြောပြ သည်။

SSA (၀မ်ဟိုင်း) အဖွဲ့သည် မူးယစ်ဆေးဝါးများကို ထုတ်လုပ်ရောင်းချပြီး လက်နက်၊ ခဲယမ်းများထပ်မံ ၀ယ်ယူနေခြင်းမှာ နိုင်ငံတော်အစိုးရနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို မထီမဲ့မြင်သဘောထားပြီး ပြောင်ပြောင် တင်းတင်း ကျူးလွန်နေခြင်း ဖြစ်ပါသည်။

သို့ဖြစ်၍ တစ်ကမ္ဘာလုံးနှင့် မြန်မာတစ်မျိုးသားလုံးအား လူညွန့်တုံးစေမည့် မူးယစ်ဆေးဝါးကို စီးပွားဖြစ် စိုက်ပျိုး ထုတ်လုပ် ရောင်းချ အခွန်ကောက် .နေသော၊ လက်နက်အင်အား တိုးချဲ့နေသော SSA (၀မ်ဟိုင်း) အနေဖြင့် တရားမ၀င်ဥပဒေမဲ့ ဆန့်ကျင်ဘက်လုပ်ရပ်များကို ရပ်တန့်သင့်ပြီဖြစ်ကြောင်း တိုက်ပွဲများဖြစ်ပွား မည်ကို မလိုလားသော ဒေသခံတစ်ဦး အနေဖြင့် အသိပေးပြောပြလိုက်ပါသည်။

မိုင်းရှုးသား

shannews
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျေးသီးမြို့နယ်၊ ၀မ်ဟိုင်းကျေးရွာနှင့် ပတ်ဝန်းကျင် တစ်ဝိုက်မှာ SSA (၀မ်ဟိုင်း) အဖွဲ့ကို အခွန်ပေးပြီး ဘိန်းစိုက် ပျိုးရန်မြေပြင်ထားသောတောင်ယာများကို တောင်ကြီး-လာရှိုးသွား ကားလမ်း ၀ဲ၊ ယာ၌ မျက်စိ တစ်ဆုံးတွေ့နိုင်ပါသည်။

လယ်သမား အခွင့်အရေး ဥပဒေ မကြာမီ ပြဌာန်းမည်

Photo: လယ်သမားအခွင့်အရေး ဥပဒေ မကြာမီ ပြဌာန်းမည်
Monday, April 2, 2013

တောင်သူတွေရဲ့ ကြွေးမြီပြဿနာကို ဖြေရှင်းပေးနိုင်ဖို့အတွက် အစိုးရ
ဘက်က အတိုးနှုန်းသက်သက်သာသာနဲ့ နှစ်ရှည်ချေးပေးနိုင်ဖို့ ဥပဒေပြ
ဌာန်းဆောင်ရွက်သွားမယ့်အပြင် တခြားအကာအကွယ်ပေးနိုင်မယ့် ဥပ
ဒေပြဌာန်းနိုင်ဖို့အတွက် ဆွေးနွေးပွဲတစ်ရပ်ကို ဒီကနေ့က နေပြည်တော်
မှာ ကျင်းပခဲ့ပါတယ်။

အဲဒီဆွေးနွေးပွဲမှာ လွတ်လပ်စွာစိုက်ပျိုးပိုင်ခွင့်၊ လွတ်လပ်စွာ ဖြန့်ဖြူးရောင်း
ချနိုင်ခွင့် စတဲ့အခွင့်အရေးတွေအပြင် တခြားဥပဒေအရ ပြဌာန်းသင့်တဲ့
အချက်တွေကို ဆွေးနွေးကြကြောင်း အစည်းအဝေး တက်ရောက်ခဲ့
တဲ့ မြန်မာနိုင်ငံ တောင်သူလယ်သမားအသင်း ဥက္ကဌ ဒေါက်တာ စိုးထွန်း
က RFA ကို ပြောပါတယ်။

အဲဒီဆွေးနွေးပွဲကို ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်း၊ ပြည်သူ့
လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်၊ ရေးရာကော်မတီ
ဝင်တွေနဲ့ တောင်သူလယ်သမားအသင်း အဖွဲ့အစည်းတွေက ကိုယ်စား
လှယ်တွေ တက်ရောက်ခဲ့ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဥက္ကဌ ဦးချစ်ခိုင်၊ မြန်မာနိုင်
ငံ တောင်သူလယ်သမားအသင်း တာဝန်ရှိသူတွေ၊ မြန်မာနိုင်ငံ ကုန်
သည်များနဲ့ စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဌ ဦးဝင်း
အောင် စတဲ့ပုဂ္ဂိုလ်တွေလည်း တက်ရောက်ခဲ့ပါတယ်။

RFA
တောင်သူတွေရဲ့ ကြွေးမြီပြဿနာကို ဖြေရှင်းပေးနိုင်ဖို့အတွက် အစိုးရ ဘက်က အတိုးနှုန်းသက်သက် သာသာနဲ့ နှစ်ရှည်ချေးပေးနိုင်ဖို့ ဥပဒေပြ ဌာန်းဆောင်ရွက်သွားမယ့်အပြင် တခြားအကာအကွယ်ပေးနိုင် မယ့် ဥပဒေပြဌာန်းနိုင်ဖို့အတွက် ဆွေးနွေးပွဲတစ်ရပ်ကို ဒီကနေ့က နေပြည်တော်မှာ ကျင်းပခဲ့ပါတယ်။

နိုင်ငံတော် သမ္မတ ဦးသိန်းစိန် တရုတ် နိုင်ငံသို့ ချစ်ကြည်ရေး ခရီးသွားရောက်မည်

ပည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် တရုတ်ပြည်သူ့

Monday, April 1, 2013

ရခိုင်စုံစမ်းရေး အစီရင်ခံစာ ထုတ်ပြန်ရက်ရွှေ့ဆိုင်း

Photo: ရခိုင်စုံစမ်းရေး အစီရင်ခံစာ ထုတ်ပြန်ရက်ရွှေ့ဆိုင်း
Monday, April 1, 2013

ရခိုင်ပြည်နယ်တွင်းက အကြမ်းဖက် ပဋိပက္ခတွေနဲ့ ပတ်သက်ပြီး နိုင်ငံတော် သမ္မတဆီကို မတ်လ နောက်ဆုံးရက်မှာ အပြီးသတ် တင်သွင်းရမယ့် အစီရင်ခံစာကို ဧပြီလလယ်ပိုင်းအထိ ရက်ရွှေ့ဆိုင်းလိုက်တယ်လို့ ရခိုင်စုံစမ်းစစ်ဆေးရေးကော်မ ရှင်က ကြေညာလိုက်ပါတယ်။ နိုင်ငံတကာကပါ စောင့်ကြည့်လေ့လာမယ့် အစီရင်ခံစာအပေါ် နောက်ဆုံးအကြိမ် ပြန်လည်စိစစ်သုံးသပ်ဖို့ အချိန်ယူတာနဲ့အမျှ  အချက်အလက် မှန်ကန်တဲ့ ဒီအစီရင်ခံစာ ထွက်ပေါ်လာမယ့်လို့ မျှော်လင့်တဲ့ အကြောင်း ဒေသခံ ပြည်သူ့လွှတ်တော် အမတ်တွေက ပြောပါတယ်။ အပြည့်အစုံကို မဆုမွန်က တင်ပြပေးထားပါတယ်။

မတ်လ ၃၁ ရက်နေ့ နောက်ဆုံးထားပြီး နိုင်ငံတော်သမ္မတဆီ အပြီးသတ် တင်သွင်းရမယ့် ရခိုင်ပြည်နယ်တွင်း ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှု ပဋိပက္ခတွေနဲ့ ပတ်သက်တဲ့ နောက်ဆုံး အစီရင်ခံစာထဲမှာပါတဲ့ သတင်းမှတ်တမ်း အချက်အလက်တွေနဲ့ ပတ်သက်ပြီး  ပြန်လည် စိစစ်သုံးသပ်ဖို့ လိုသေးတဲ့အတွက် ဖြစ်တယ်ဆိုပြီး ဧပြီလ ၂၄ ရက်နေ့ကို ရက် ရွှေ့ဆိုင်းလိုက်တယ်လို့ ကော်မရှင်က ကြေညာလိုက်ပါတယ်။

နိုင်ငံတော်သမ္မတနဲ့ ပြည်သူတွေတင်မကဘဲ နိုင်ငံတကာကပါ စောင့်ကြည့်လေ့လာမယ့် အစီရင်ခံစာ ဖြစ်တဲ့အတွက် အငြင်းပွားဖွယ်ရာ အချက်အလက်တွေ မပါဝင်အောင် စနစ်တကျ လုပ်ဆောင်ဖို့ ကြိုးစားနေကြတယ်လို့ စုံစမ်းစစ်ဆေးရေး ကော်မရှင်ရဲ့ အဖွဲ့ဝင်လည်းဖြစ်၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီရဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လည်း ဖြစ်တဲ့ ဒေါက်တာအေးမောင် က ပြောပါတယ်။

“ဒါနဲ့ပတ်သက်လို့ ထပ်ဖြည့်နိုင်တာလေးတွေပေါ့နော်၊ နောက် ဘယ်လိုဆောင်ရွက်ရင်
ကောင်းမလဲဆိုတာလေးတွေ သူတို့ ဒီဘက်မှာရှိတဲ့ အသွင်အပြင် မတူတဲ့ မျိုးနွယ်စု နှစ်ခု ဟာ တဦးကိုတဦး ယုံကြည်မှုထက် ဖြစ်လာနိုင်တဲ့ တခြားအကြမ်းဖက်မှုလေးတွေကို စိုးရိမ်တဲ့အခါကျတော့ အတူယှဉ်တွဲနေထိုင်ရေးထက်လေ ယုံကြည်မှု တည်ဆောက်ရေး ကာလရှည်တခုကို ဖြတ်ဖို့ လိုမယ်ဆိုတဲ့ သဘော ရှိနေကြတယ်လို့ သုံးသပ်ပါတယ်။”

အခုလမှာ ထွက်ရှိမယ့် အပြီးသတ် အစီရင်ခံစာနဲ့ ပတ်သက်ပြီးလည်း ကော်မတီ၊
ကော်မရှင်ပါ အဖွဲ့ဝင်တွေအနေနဲ့လည်း အစီရင်ခံစာ တင်ပြနိုင်အောင် အချိန်နဲ့တပြေးညီ တွေ့ဆုံဆွေးနွေးမှုတွေ လုပ်ဖို့သင့်တယ်လို့လည်း ဒေါက်တာ
အေးမောင်က ပြောပါတယ်။

“အမှန် အချိန်က တော်တော်နည်းပါတယ်။ အကုန်လုံး စုစည်းဖို့ကလည်း လိုချင်မှ လိုမယ်လေ။ ဒါပေမဲ့လည်း ကော်မတီ သို့မဟုတ် ကော်မရှင်ရဲ့ ပုံမှန်လုပ်ငန်း လုပ်ဖို့အတွက်တော့ သူ့မှာ ခိုင်မာတဲ့ report တခု မပြီးခင်မှာ ကျနော်တို့ကို ပြန်ပြီး ဥပမာ final report မထွက်ခင် ၃ ပတ်လောက် ကြိုပြီး တွေ့ဆုံညှိနှိုင်းဖို့ သင့်တယ်။ တွေ့ရှိချက် အပေါ်မှာလည်းပဲ အပြန်အလှန် သုံးသပ် ဝေဖန် ဆွေးနွေးကြတဲ့ အဆင့်လည်း ရှိသင့်တာပေါ့လေ။”

နိုင်ငံတော်သမ္မတထံ တင်သွင်းမယ့် အပြီးသတ် အစီရင်ခံစာထဲမှာ ပဋိပက္ခ ဖြစ်ပွားခဲ့တဲ့ အခြေခံအကြောင်းအရင်း၊ အဓိကအကြောင်းအရင်း၊ ပဋိပက္ခ ဖြစ်ပွားမှုကြောင့် သေဆုံး ထိခိုက်ဒဏ်ရာရမှုတွေ၊ ပျက်စီးဆုံးရှုံးမှုတွေ အပါအဝင် နယ်မြေ တည်ငြိမ်အေးချမ်းမှု ရရှိရေးအတွက် တရားဥပဒေစိုးမိုးရေး ဆောင်ရွက်မှုတွေ အပါအဝင်၊ ဒုက္ခသည်တွေကို ကယ်ဆယ်ရေး လုပ်ငန်းတွေနဲ့  ပြန်လည် ထူထောင်ရေးလုပ်ငန်းတွေ ဆောင်ရွက်ပေးနိုင် ဖို့နဲ့ ပဋိပက္ခ ချုပ်ငြိမ်းရေးအတွက် ရေတို၊ ရေရှည် ဆောင်ရွက်သင့်တဲ့ အချက်များ၊ မတူကွဲပြားတဲ့ လူအုပ်စုတွေအကြား ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်နိုင်မည့် နည်းလမ်းတွေနဲ့ နယ်မြေတွင်း ပြန်လည် ထူထောင်ရမယ့် စီးပွားရေးနှင့် လူမှုရေး ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အကြံပြုချက်တွေ ပါဝင်မှာဖြစ်ပါတယ်။

အခုလို သမ္မတ ဦးသိန်းစိန်ဆီကို အပြီးသတ် အစီရင်ခံစာတင်သွင်းဖို့ ရက်ရွှေ့ဆိုင်းလိုက်ပြီး  ဧပြီလကုန်ပိုင်းလောက်မှာ ထွက်လာမယ့် အစီရင်ခံစာပါ မှတ်တမ်း အချက်အလက်တွေဟာ မှန်ကန်မှုရှိဖို့ လိုအပ်ပြီး၊ အငြင်းပွားဖွယ်ရာ အချက်အလက်တွေနဲ့ပတ်သက်ပြီး သမိုင်းမှတ်တမ်းတွေ၊ ဘက်ပေါင်းစုံက လေ့လာ စုံစမ်းမှု စုံစုံလင်လင်နဲ့ ထွက်ရှိသင့်ပြီး ပွင့်လင်းမြင်သာမှု ရှိသင့်တယ်လို့လည်း အချက်အလက် စုဆောင်းရေးမှာ ပါဝင်ကူညီခဲ့တဲ့ ရခိုင်ပြည်နယ် ဘူးသီးတောင်အမတ် ဦးရွှေမောင်း က ထောက်ပြ ပြောဆိုလိုက်ပါတယ်။

“ဒီလကုန်မတိုင်ခင် ထွက်ရမယ်လို့၊ တင်မယ်လို့ အဲ့လို ကြားခဲ့တာ။ အဲ့ဒါက နိုင်ငံတော် သမ္မတဆီကို တင်မှာပေါ့နော်။ တင်ပြီးလို့ရှိရင် နိုင်ငံတော် သမ္မတကနေ ဒါကို လူသိရှင်ကြားဖြစ်အောင် ကြေ ညာမယ်။ အဲ့လိုမျိုး အကြမ်းဖျင်းသိရတယ်။ ကျနော်တို့ကလည်း တောက်လျှောက် သူတို့ကို လိုအပ်တဲ့ အချက်အလက်တွေ၊ ကျနော်တို့ ပေးထားတာရှိတယ်။ ဒီရခိုင်စုံစမ်းရေးကော်မရှင်အနေနဲ့ နိုင်ငံတော် သမ္မတဆီကို တင်သွင်းတဲ့အခါမှာ သူတို့အနေနဲ့ ဘယ်လို စုံစမ်းလို့ ရခဲ့တယ်ဆိုတာကို အလေးအနက် ထားပြီးမှ ပါစေချင်တယ်ခင်ဗျ။”

ကော်မရှင်အနေနဲ့ အပြီးသတ် အစီရင်ခံစာ တင်သွင်းမယ့်ရက်ကို အချိန်ယူပြီး ပြန် သုံးသပ်ဖို့ လုပ်ဆောင်နေတဲ့အချိန်မှာပဲ ရခိုင်ပြည်နယ်တွင်း ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှု ပဋိပက္ခအတွင်း အိုးအိမ်ဆုံးရှုံးခဲ့ရသူတွေအတွက်လည်း မိုးရာသီအမှီ နေစရာ အခက်အခဲ ဖြစ်နေတဲ့အပေါ် အရေးတကြီး ဆောင်ရွက်သင့်တယ်လို့  ဘူးသီးတောင်အမတ် ဦးရွှေမောင်း က တိုက်တွန်း ပြောဆိုလိုက်ပါတယ်။

“အခုက မိုးရာသီက လာတော့မယ်။ ဇွန်လဆိုရင်ပေါ့နော်။ တချို့ဆိုရင် မေလ အလယ်လောက်မှာ မိုးရွာတာပဲ။ ဆိုတော့ အခုအချိန်ထိ အိမ်တွေ ဆောက်ဖို့အတွက်ကို အဆင်မပြေသေးဘူး။ လိုအပ်တဲ့ အစီအမံတွေကိုလည်း ဆောင်ရွက်ပေးရမယ်။ လုံခြုံရေးကိစ္စတွေကိုလည်း သူတို့က ၀င်ပြီး လုပ်ပေးလိမ့်မယ်။”

ရခိုင် စုံစမ်းစစ်ဆေးရေး ကော်မတီရဲ့ ကြားဖြတ် အစီရင်ခံစာကို နိုဝင်ဘာလ နောက်ဆုံး ပတ်တွင် နိုင်ငံတော် သမ္မတဆီကို တင်သွင်းခဲ့ပြီး၊ အပြီးသတ် အစီရင်ခံစာ တင်သွင်း မယ့်ရက်ကို ၂၀၁၃ မတ်လ ၃၁ ရက်နေ့ကို သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။ စုံစမ်းစစ်ဆေးမှု အစီရင်ခံစာကို နိုင်ငံတော် သမ္မတထံကို တိုက်ရိုက်အစီရင်ခံ တင်ပြရမယ်လို့ သမ္မတက အမိန့်ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။

ရခိုင်မှာဖြစ်ခဲ့တဲ့ အဓိကရုဏ်းအတွင်း လုံထိန်းရဲက လုံခြုံရေး ယူထားစဉ် (၂၇ အောက်တိုဘာ ၂၀၁၂)ရခိုင်မှာဖြစ်ခဲ့တဲ့ အဓိကရုဏ်းအတွင်း လုံထိန်းရဲက လုံခြုံရေး ယူထားစဉ် (၂၇ အောက်တိုဘာ ၂၀၁၂)
ရခိုင်ပြည်နယ်တွင်းက အကြမ်းဖက် ပဋိပက္ခတွေနဲ့ ပတ်သက်ပြီး နိုင်ငံတော် သမ္မတဆီကို မတ်လ နောက် ဆုံးရက်မှာ အပြီးသတ် တင်သွင်းရမယ့် အစီရင်ခံစာကို ဧပြီလလယ်ပိုင်းအထိ ရက်ရွှေ့ဆိုင်းလိုက်တယ်လို့ ရခိုင်စုံစမ်းစစ်ဆေးရေးကော်မ ရှင်က ကြေညာလိုက်ပါတယ်။

ညွှန်ချုပ် ၅ ဦးနှင့် ပါမောက္ခချုပ် ၁ ဦး အငြိမ်းစားပေးခံရ

Photo: ညွှန်ချုပ် ၅ ဦးနှင့် ပါမောက္ခချုပ် ၁ ဦး အငြိမ်းစားပေးခံရ
Monday, April 1, 2013

သမ္မတ ဦးသိန်းစိန်က ကောင်းမွန်သော အုပ်ချုပ်ရေးနှင့် သန့်ရှင်းသော အစိုးရဖြစ်ပေါ်ရေးအတွက် ညွှန်ကြား ရေးမှူးချုပ် ၅ ဦးနှင့် ပါမောက္ခချုပ်
၁ ဦးကို မယူမနေရ အငြိမ်းစားပေးလိုက်ပြီး အစိုးရအရာရှိ ၄၀ ကို ဌာ
နပြောင်း ရွှေ့လိုက်ကြောင်း သတင်းရရှိသည်။

ယင်းသို့ အငြိမ်းစားပေးခြင်းနှင့် ဌာနပြောင်း အရေးယူမှုများကို ပြုလုပ်ခံ
ရသော အစိုးရအရာရှိများသည် လာဘ်ပေး လာဘ်ယူမှုဖြင့် အတိုင်ကြားခံ
ရခြင်း၊ ဌာနဆိုင်ရာ လုပ်ငန်းစဉ်များတွင် ပြုပြင်ပြောင်းလဲရေး မလုပ်လိုဘဲ
နောက်ကြောင်း ပြန်ဆွဲသော အလေ့အထများ ရှိနေခြင်းကြောင့် ထိုသို့ အရေးယူခံရခြင်း ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးနှင့် နီးစပ်သော သ
တင်းရပ်ကွက် ထံမှ သိရှိရသည်။

အငြိမ်းစား ပေးခံလိုက်ရသော အစိုးရ၀န်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ၅ ဦးတွင် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး ဌာနမှ မြန်မာ့ စီးပွားရေးဘဏ် ဦးဆောင်ညွှန်ကြားရေးမှူး ဦးစံသောင်း၊ ပြည်တွင်း အခွန်များ ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမြတ်မော်၊ စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ ကုန်သွယ်မှု ညွှန်ကြားမှုဦးစီး ဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ထူး၊ ကုန်သွယ်မှုမြှင့်တင်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်မင်း၊ အမျိုးသားစီမံကိန်း နှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီး
ဌာန စီမံကိန်းစိစစ်ရေးနှင့် တိုးတက်မှု အစီရင်ခံရေးဦးစီးဌာန ညွှန်ကြားရေး
မှူးချုပ် ဦးအေးကို၊ သိပ္ပံနှင့်နည်းပညာ ၀န်ကြီးဌာန အဆင့်မြင့်သိပ္ပံဦးစီးဌာန လက်အောက်ရှိ ရန်ကုန်ကွန်ပျူတာ တက္ကသိုလ်မှ ပါမောက္ခချုပ် ဒေါက်တာ နီလာသိန်း တို့ဖြစ်ကြောင်း သိရှိရသည်။

“ဦးဆောင် ညွှန်ကြားရေးမှူးနဲ့ တက္ကသိုလ် ပါမောက္ခချုပ်ရာထူး တာဝန်က ညွှန်ကြားရေးမှူးချုပ်နဲ့ အဆင့်တူညီတယ်။ အခု အငြိမ်းစား ပေးခံလိုက်ရ
တဲ့ ညွှန်ကြားရေးမှူးချုပ်တွေမှာ ဦးစံသောင်း၊ ဦးမြတ်မော်၊ ဦးကျော်ထူးနဲ့ ဦးအောင်မင်းတို့က အရင် တပ်က လာတဲ့ အငြိမ်းစား ဗိုလ်မှူးကြီးတွေ။

သူတို့ကို အဓိက အရေးယူတာကတော့ တိုင်စာတွေကို စိစစ်ရာက တ
ကယ် လာဘ်ပေးလာဘ်ယူမှု တွေရှိတာ၊ စီမံခန့်ခွဲမှု ညံ့ဖျင်းတာတွေကြောင့်၊ ရန်ကုန်ကွန်ပျူတာ တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ နီလာသိန်း ကလည်း
တိုင်စာ ကြောင့်ပဲလို့ သိရပါတယ်။

ခြုံငုံပြောရရင်တော့ တိုင်စာတွေ စိစစ်တဲ့အခါမှာ တကယ်ကျူးလွန်
ကြောင်းတွေ့ရတာ၊ စီမံခန့်ခွဲမှုညံ့ဖျင်းတာ၊ နောက်ကြောင်း ပြန်လှည့်
ချင်တာ” ဟု သမ္မတရုံးနှင့် နီးစပ်သူ တဦးက အတည်ပြုပြောသည်။

အစိုးရထိပ်တန်း အရာရှိကြီး ၆ ဦး ကို မတ်လ ၂၉ ရက်နေ့တွင် မယူမနေရ အငြိမ်းစား ပေးလိုက်ခြင်း ဖြစ်သည်ဟု သိရှိရသည်။

ထို့ပြင် ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ အပါအ၀င် အစိုးရအရာရှိများ ၄၀ ကိုလည်း ဌာနပြောင်း အရေးယူမှုများ ပြုလုပ်ကြောင်း သိရှိရသည်။

ပြည်ထဲရေး ၀န်ကြီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာနမှ ဒု
တိယ ညွှန်ကြားရေးမှူးချုပ် ဦးရဲမြင့်ကို ယဉ်ကျေးမှု ၀န်ကြီးဌာန၊ မန္တလေးယဉ်ကျေးမှု တက္ကသိုလ် ဒုတိယ ပါမောက္ခချုပ် အဖြစ်
လည်းကောင်း၊ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၊ အကောက်ခွန်
ဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးအေးကို ကို ပညာရေး
ဝန်ကြီးဌာန၊ ပညာရေးစီမံကိန်း နှင့် လေ့ကျင့်ရေးဦးစီး ဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ်အဖြစ် လည်းကောင်း၊ ညွှန်ကြားရေးမှူးအဆင့်
အရာရှိ အများအပြား ကိုလည်း ဌာနပြောင်းရွှေ့ခြင်း များလုပ်ဆောင်
ကြောင်း သိရှိရသည်။

“စီးပွားကူးသန်း ၀န်ကြီးဌာန၊ နယ်စပ်ကုန်သွယ်ရေး ဦးစီးဌာနက ညွှန်ကြားရေး
မှူး ခြောက်ဦးဆိုရင် သမ၀ါယမ ၀န်ကြီးဌာန၊ နယ်စပ် ရေးရာဝန်ကြီးဌာန၊ အ
လုပ်သမား နဲ့ လူမှုဖူလုံရေးဝန်ကြီးဌာန၊ ယဉ်ကျေးမှုဝန်ကြီးဌာန တွေကို ပို့ပစ်တယ်။ မြန်မာ့အသံနဲ့ ရုပ်မြင်သံကြားက ညွှန်ကြားရေးမှူးတွေလည်း ဌာနပြောင်းခံရတယ်။ တော်တော် များတယ်။ တက္ကသိုလ် ဆရာ၊ ဆရာမ
တွေလည်းပါတယ်။ အားလုံးပေါင်း ၄၀ ရှိတယ်” ဟု နိုင်ငံတော်သမ္မတရုံး အရာရှိတဦးက ပြောသည်။

သမ္မတ ဦးသိန်းစိန်၏ အမျိုးသားစီးပွားရေးနှင့် လူမှုရေးအကြံပေး ကောင်စီမှ အဖွဲ့ဝင်တဦးကမူ “ကျနော် သိထား သလောက်တော့ သမ္မတက Reform Process ရဲ့ အစိတ်အပိုင်းတခုအဖြစ် ဒါကို လုပ်တယ်။ နောက်ပြီး သမ္မတရုံး ၂ ကလည်း ပြည်သူတွေဆီကလာတဲ့ တိုင်စာတွေအပေါ်မှာ စိစစ်အရေးယူ
မှု တွေလုပ်တယ်။ ဒီအရေးယူမှုက သမ္မတ လက်ထက်မှာ ကြီးမားတဲ့အရေး
ယူမှုတခုပါပဲ” ဟု သုံးသပ်သည်။

အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က အစိုးရအနေဖြင့် အစိုးရအရာရှိကြီးများကို ဖယ်ရှား ရှင်းလင်း ရာတွင် ပွင့်လင်းမြင်သာမှု အလွန်အရေးကြီး ကြောင်း ဆိုသည်။

“ဆက်သွယ်ရေးအရာရှိတွေ ဖမ်းတယ်၊ စစ်ဆေးတယ်။ ပြန်လွှတ်တယ်။ ၀န်ကြီးကို ဖြုတ်ပစ်တယ်။ ဘာကြောင့် ဘယ်လို အရေးယူမလဲ ဘာမှ
သေသေချာချာ ရေရေရာရာ မရှိဘူး။ အခုလည်း ညွှန်ချုပ်တွေ ဖြုတ်တယ်၊ အငြိမ်းစား ပေးခံရတယ် ဆိုတာ သတင်းသမား တွေက လိုက်စုံစမ်းလို့သာ သိရတာ။ တကယ်တမ်းက အစိုးရက ဒါမျိုးတွေ ထုတ်ပြန်ပေးရမှာ။

ဒါမှ နောက်ဖြစ် လာမယ့် အစိုးရအရာရှိတွေ မလုပ်ရဲဖြစ်မှာ။ ပွင့်လင်းမြင်သာမှုမရှိဘူး” ဟု ဦးဖုန်းမြင့်အောင်က ရှင်းပြသည်။

၂၀၁၃ ခုနှစ် ဇန်န၀ါရီလဆန်းပိုင်းကလည်း ဆက်သွယ်ရေးဝန်ကြီး ဦးသိန်းထွန်းအပါအ၀င် ဆက်သွယ်ရေး အရာရှိအချို့ကို လာဘ်ပေးလာဘ်ယူဖြင့် ရာထူးမှ ဖယ်ရှားခြင်း၊ အရေးယူခြင်းများ လုပ်ဆောင်ခဲ့သည်။

သမ္မတ ဦးသိန်းစိန်၊ ၀န်ကြီးများနှင့် ဌာနဆိုင်ရာ အရာရှိကြီးများကို တွေ့ရစဉ် (ဓာတ်ပုံ – သမ္မတရုံး)
ဧရာဝတီ
သမ္မတ ဦးသိန်းစိန်က ကောင်းမွန်သော အုပ်ချုပ်ရေးနှင့် သန့်ရှင်းသော အစိုးရဖြစ်ပေါ်ရေးအတွက် ညွှန်ကြား ရေးမှူးချုပ် ၅ ဦးနှင့် ပါမောက္ခချုပ် ၁ ဦးကို မယူမနေရ အငြိမ်းစားပေးလိုက်ပြီး အစိုးရအရာရှိ ၄၀ ကို ဌာနပြောင်း ရွှေ့လိုက်ကြောင်း သတင်းရရှိသည်။

ဂျပန်ရှိ အမေရိကန်စစ်စခန်းများကို ပစ်မှတ်ထားဟု မြောက်ကိုရီးယား ခြိမ်းခြောက်

Photo: ဂျပန်ရှိ အမေရိကန်စစ်စခန်းများကို ပစ်မှတ်ထားဟု မြောက်ကိုရီးယား ခြိမ်းခြောက်
Monday, April 1, 2013

မြောက်ကိုရီးယား အာဏာရ ပါတီ၏ ဝါဒဖြန့် ဝက်ဘ်ဆိုက် တစ်ခုဖြစ်သည့် ရိုဒွန်ဆင်မွန်းတွင် ဂျပန်ရှိ မြို့ပြ (၃)ခုကိုလည်း တောင်ကိုရီးယားနှင့် အမေ
ရိကန် ပြည်ထောင်စုတို့ နည်းတူ မိမိတို့၏ ပစ်မှတ်စာရင်း သွင်းထားကြောင်း
ဖော်ပြထားသည်။

အမေရိကန် စစ်အခြေစိုက် စခန်းများ တည်ရှိနေသည့် ဂျပန်မြို့ (၃)ခုကိုပါ ပစ်မှတ်အဖြစ် သတ်မှတ်ပြီး ဖြစ်ကြောင်း မြောက်ကိုရီးယားက ခြိမ်းခြောက်
လိုက်သည်။ မြောက်ကိုရီးယား အာဏာရ ပါတီ၏ ဝါဒဖြန့် ဝက်ဘ်ဆိုက် တစ်ခုဖြစ်သည့် ရိုဒွန်ဆင်မွန်းတွင် ဂျပန်ရှိ မြို့ပြ (၃)ခုကိုလည်း တောင်ကိုရီး
ယားနှင့် အမေရိကန် ပြည်ထောင်စုတို့ နည်းတူ မိမိတို့၏ ပစ်မှတ်စာရင်း သွင်းထားကြောင်း ဖော်ပြထားသည်။

"ယိုကိုဆူကာ၊ မီဆာဝါနဲ့ အိုကီနာဝါတို့ဟာ ကျွန်ုပ်တို့ ပစ်ခတ်တိုက်ခိုက်နိုင်
တဲ့ အကွာအဝေး အတွင်းမှာပဲ တည်ရှိတယ်။ ဂူအမ်နိုင်ငံလည်း တူတူပဲ"ဟု ယင်းဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။ ဂူအမ်ရော၊ ယင်းဂျပန်မြို့များပါ အမေရိကန် စစ်အခြေစိုက် စခန်းများကို ဖွင့်လှစ်ခွင့် ပြုထားသည်။

ရိုဒွန်ဆင်မွန်းက "အမေရိကန်ဟာလည်း ထိခိုက်အောင် ပစ်ခတ်နိုင်တဲ့ အကွာအဝေး အတွင်းမှာ ရှိနေတယ်။ နားလည်ထားရမှာက မြောက်
ကိုရီးယားနဲ့ တောင်ကိုရီးယားရဲ့ ဆက်ဆံရေးဟာ ခုကတည်းက စစ်ပွဲဖြစ်နိုင်တဲ့ အဆင့်မှာ ရှိနေပြီ ဆိုတာပဲ"ဟုလည်း ဆက်လက် ခြိမ်းခြောက်ခဲ့သည်။

မြောက်ကိုရီးယား ဝါဒဖြန့် ဝက်ဘ်ဆိုက်က "ကျွန်ုပ်တို့ဟာ ဂျပန်ကနေ ပစ်လွှတ်လိုက်တဲ့ ခရုစ်ဒုံးကျည်နဲ့ တိုက်လေယာဉ်တွေ အားလုံးကိုလည်း ကြားဖြတ် ပစ်ချနိုင်တယ်"ဟုပါ ပြောကြားခဲ့သည်။

ဂျပန်ကို မြောက်ကိုရီးယားက ယခင်ကတည်းက ရန်ဘက်နိုင်ငံအဖြစ် စာရင်းသွင်းခဲ့သော်လည်း အဓိက ပစ်မှတ်အဖြစ် အလားအလာ သတ်မှတ်မှုမှာ ယခင်က အလွန်နည်းပါးခဲ့ကြောင်း သိရှိရသည်။

http://www.planet.com.mm/news/read.cfm/id/21319
Planet Myanmar Network
မြောက်ကိုရီးယား အာဏာရ ပါတီ၏ ဝါဒဖြန့် ဝက်ဘ်ဆိုက် တစ်ခုဖြစ်သည့် ရိုဒွန်ဆင်မွန်းတွင် ဂျပန်ရှိ မြို့ပြ (၃)ခုကိုလည်း တောင်ကိုရီးယားနှင့် အမေ ရိကန် ပြည်ထောင်စုတို့ နည်းတူ မိမိတို့၏ ပစ်မှတ်စာရင်း သွင်းထားကြောင်းဖော်ပြထားသည်။

ကြက်ငှက်တုပ်ကွေးမျိုးနွယ်ဝင် H7N9 ကြောင့် တရုတ်တွင် လူ ၂ ဦးသေဆုံး

Photo: ကြက်ငှက်တုပ်ကွေးမျိုးနွယ်ဝင် H7N9 ကြောင့် တရုတ်တွင် လူ ၂ ဦးသေဆုံး
Monday, April 1, 2013

ကြက်ငှက်တုပ်ကွေးမျိုးနွယ်ဝင် H7N9 အမျိုးအစား တုပ်ကွေးကြောင့် အသက်(၂၇)နှစ်နှင့် (၈၇)နှစ်ရှိ အမျိုးသားနှစ်ဦး မတ်လအတွင်းက သေ
ဆုံးခဲ့ကြောင်း တာဝန်ရှိသူများက ဆိုသည်။

ကြက်ငှက်တုပ်ကွေးကြောင့် တရုတ်နိုင်ငံတွင် လူ(၂)ဦး သေဆုံးခဲ့ကြောင်း
နိုင်ငံ၏ အာဏာပိုင်များက အတည်ပြု ပြောကြားခဲ့သည်။ အဆိုပါ တုပ်ကွေး
မျိုးကွဲသည် ယခင်က လူများတွင် ဖြစ်ပေါ်သည်ကို မတွေ့ရှိရသေးဟုလည်း ကျန်းမာရေး ဝန်ထမ်းများက ဆိုသည်။

ကြက်ငှက်တုပ်ကွေးမျိုးနွယ်ဝင် H7N9 အမျိုးအစား တုပ်ကွေးကြောင့် အသက်(၂၇)နှစ်နှင့် (၈၇)နှစ်ရှိ အမျိုးသားနှစ်ဦး မတ်လအတွင်းက သေ
ဆုံးခဲ့ကြောင်း တာဝန်ရှိသူများက ဆိုသည်။ ၎င်းတို့သည် ဖေဖော်ဝါရီလက စတင်နာမကျန်း ဖြစ်လာပြီးနောက် သီတင်းပတ် အနည်းငယ်မျှအကြာတွင် ကွယ်လွန်ခဲ့ကြကြောင်း Xinhua သတင်းဌာနက ဖော်ပြခဲ့သည်။

အသက်(၃၅)နှစ်ရှိ အမျိုးသမီး တစ်ဦးမှာလည်း ထိုဗိုင်းရပ်စ်ကြောင့် အပြင်းအ
ထန် နာမကျန်း ဖြစ်နေကြောင်း သိရသည်။ သေဆုံးသူ အမျိုးသား နှစ်ဦးလုံး
မှာ ရှန်ဟိုင်းမှဖြစ်ပြီး နာမကျန်းဖြစ်နေသော အမျိုးသမီးမှာမူ အရှေ့ပိုင်းဒေသ အန်ဟွိုင်ရှိ ချန်ဇူးမှဟု သတင်းများက ဆိုသည်။

တရုတ် အမျိုးသား ကျန်းမာရေးနှင့် မိသားစု စီမံရေးရာ ကော်မရှင်က
အဆိုပါ လူနာ(၃)ဦးလုံးသည် ဖျားနာလာပြီးနောက် ကိုယ်အပူချိန် မြင့်
တက်လာကာ ချောင်းလည်း ဆိုးလာခဲ့ကြောင်း၊ ထို့နောက်တွင် နမိုးနီး
ယား ဝေဒနာကို ဆိုးရွားစွာ ခံစားလာရကြောင်း ပြောကြားခဲ့ကြသည်။

နောက်ဆုံး ဖော်ထုတ် တွေ့ရှိချက်အရ အဆိုပါ တုပ်ကွေးသည် ယခင်က လူတွင် ကူးစက်ခြင်း မရှိသည့် ကြက်ငှက်တုပ်ကွေး အနွယ် H7N9 ဗိုင်း
ရပ်စ်ကြောင့်ဟု ဖော်ထုတ်နိုင်ခဲ့သည်။ ယင်းတုပ်ကွေး အနွယ်အတွက် တိကျသော ကာကွယ်ဆေး မရှိသေးဟုလည်း ကော်မရှင်က ဆိုသည်။

ကမ္ဘာပေါ်တွင် လူကို ကူးစက်မှု အများဆုံး ကြက်ငှက်တုပ်ကွေး ဗိုင်းရပ်စ်
မှာ H5N1 မျိုးနွယ်ဖြစ်ပြီး (၂၀၀၃)ခုနှစ်နောက်ပိုင်း ကမ္ဘာပေါ်တွင် ယင်း
ဗိုင်းရပ်စ်ကြောင့် လူပေါင်း (၃၆၀)ကျော်နှင့် သန်းပေါင်းများစွာသော ကြက်ငှက်များ သေကြေပျက်စီးခဲ့ပြီး ဖြစ်သည်။

Source: BBC
Planet Myanmar Network
ကြက်ငှက်တုပ်ကွေးမျိုးနွယ်ဝင် H7N9 အမျိုးအစား တုပ်ကွေးကြောင့် အသက်(၂၇)နှစ်နှင့် (၈၇)နှစ်ရှိ အမျိုးသားနှစ်ဦး မတ်လအတွင်းက သေ ဆုံးခဲ့ကြောင်း တာဝန်ရှိသူများက ဆိုသည်။

အဝေးပြေးကားများရဲ့ ပြည်သူအပေါ်အမြတ်ထုတ်လိုမှုကို ဘယ်သူတွေက ဖြေရှင်းပေးမှာလဲ

Photo: အဝေးပြေးကားများရဲ့ ပြည်သူအပေါ်အမြတ်ထုတ်လိုမှုကို ဘယ်သူတွေက ဖြေရှင်းပေးမှာလဲ
Monday, April 1, 2013

အိမ်နဲ့၊ မိဘနဲ့ အဝေးမှာ နေထိုင်လုပ်ကိုင်နေရတဲ့ သူတွေအများစုကမျှော်လင့်နေတဲ့ ဧပြီလကို ရောက်လာပါပြီ။

မိဘနဲ့ အိမ်နဲ့ အဝေးမှာ အလုပ်လုပ်ကိုင်နေကြရတဲ့ သူတွေက သင်္ကြန်ပိတ်ရက် ၁၀ ရက်မှာမိဘ ဆီကို ပြန်ဖို့ အိမ်ပြန်ဖို့ ကြိုးစားကြပါတယ်။ သင်္ကြန်ပိတ်ရက်တွေမှာ အဝေးပြေးကားလိုင်းတွေလည်း ပိတ်တတ်တဲ့အတွက် သင်္ကြန်မတိုင်ခင်ရက်တွေမှာ ကားလက်မှတ်ကို အပြေးအလွှားဝယ်ယူကြတာပါ။

ဒီနှစ်မှာလည်း April လ ၁ ရက်နေ့ပဲ ရှိပါသေးတယ်။ ဧပြီလ ၁၂ ရက်နေ့ထိ ကားလက်မှတ်တွေက မရှိတော့ဘူးလို့ အဝေးပြေး ကားဂိတ်တွေက ပြိုင်တူ တညီတညွှတ်ထဲ ဇာတ်တိုက်ထားသလို ပြောလာကြပါတယ်။

တကယ်လက်မှတ်ကုန်သွားတာမျိုး မဟုတ်ဘဲနဲ့ မှောင်ခိုဈေးကွက်တစ်ခု ဖြစ်လာအောင် အဝေးပြေးလိုင်းကားတွေ ဖန်တီးကြခြင်းသာ ဖြစ်တယ်လို့ အိမ်ပြန်နေကျ ပြည်သူတွေက ပြောပြကြတယ်။

`အဝေးပြေးကားတွေက အဲလိုပဲ ဒီရက်မှာ မေးတဲ့ သူတိုင်းကို လက်မှတ်တွေကုန်ပြီ မရှိတော့ဘူးလို့ ပြောတယ်၊ ပြီးတော့ မဖြစ်မနေ ပြန်ချင်တဲ့ သူတွေကို လက်မှတ်ခတွေ ၅ ဆလောက် တက်ပြီး ရောင်းတယ်၊ အိမ်ပြန်ချင်တော့ ပေးရတာပဲ၊ ကျနော် ဆိုရင် လစာ ၅ ငါးသောင်းကျော်ပဲ ရတယ်၊ မနှစ်ကလည်း အမေနဲ့ တွေ့ချင်လို့ အိမ်ပြန်တာ ကားခနဲ့တင် လစာ ကုန်လို့ အမေ့အတွက် မုန့်တစ်ထုပ်တောင် မ၀ယ်နိုင်ခဲ့ဘူး `လို့ လှိုင်သာယာ စက်မှု ဇုံ ၂ ရှိ စက်ရုံတွင် အလုပ်လုပ်ကိုင်နေတဲ့ စက်ရုံဝန်ထမ်းလေးတစ်ဦးက ပြောပြခဲ့တယ်။

သူ့လိုပဲ အစိုးရ၀န်ထမ်းတဦးကလည်း ခုလေးတင် မြတ်မန္တလာထွန်း၊ ရွှေမန္တလာထွန်း၊ ရွှေမျှား ၊ အောင်စင်္ကြာ စတဲ့ အဝေးပြေးကားတွေကလည်း ဧပြီလ ၁ ရက်နေ့ကနေ ၁၂ ရက်နေ့ထိ ကားလက်မှတ်တွေ ကုန်ပြီလို့ ပြောပါတယ်။

`ကျမက လွန်ခဲ့တဲ့ မတ်လ ၂၅ ရက်နေ့လောက်ကတည်းက ကားလက်မှတ်မှာတော့ ဧပြီလ ၁ ရက်နေ့မှ စမှာပါလို့ ပြောတယ်၊ ဒီမနက် အစောကြီးကတည်းကပဲ ကားလက်မှတ် ၀ယ်တော့ ကုန်ပြီလို့ ပြောတယ်၊ ၁ ရက်နေ့ကနေ ၁၂ ရက်နေ့ထိ ကားလက်မှတ်တွေ ကုန်တယ်ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး သူတို့တွေ ကားလက်မှတ်ခတွေ တက်ချင်လို့ လုပ်နေကြတာ ၊ မနှစ်ကလည်း အဲလိုပဲ ကျမတို့ လက်မှတ်လိုချင်လို့ တစောင်ကို ကျပ် ၄ သောင်း ဈေးနဲ့ ပေးဝယ်ခဲ့ရတယ်`ဟု သူမက ပြောပါတယ်။

ခုလိုပဲ အဝေးပြေးလိုင်းကားတွေက လုပ်နေကြလို့ ပြည်သူတွေက ပြောကြတယ်။ထုံးစံအတိုင်း သင်္ကြန်မတိုင်ခင်မှာကတည်းက အဝေးပြေးကားတွေက ပုံမှန်ယူနေကြ ဈေးနှုန်းတွေထက် ၃ ဆ လောက်ထိ မြှင့်တင်ပြီး ကားလက်မှတ်တွေ ရောင်းချကြပါတယ်။ ပုံမှန် ၁၂၀၀၀ကျပ် တစ်သောင်း နှစ်ထောင်း ကားလက်မှတ်ခ ပေးရတာက ဒီလို သင်္ကြန်မတိုင်ခင်ရက်တွေမှာတော့ ကျပ် သုံးသောင်းကနေ ကျပ် ၅ သောင်းအထိ ဈေးမြှင့်ရောင်းချနေကြတာကိုလည်း နှစ်တိုင်း တွေ့မြင်ခဲ့ရတာပါပဲ။

အိမ်ပြန်ချင်ရှာတဲ့သူတွေ မိဘနဲ့ တွေ့ချင်ရှာတဲ့ သူတွေကတော့ သူတို့ရဲ့ ချွေးနည်းစားနဲ့ ဘယ်လောက်တောင်းတောင်း မျက်စိမှိတ်လို့ ပေးကြရ တာပါပဲ။

မြတ်မန္တလာထွန်းကားဂိတ်ရဲ့ အရောင်းကိုယ်စားလှယ်တဦးဖြစ်တဲ့ မထက်ထက်က `ဟုတ်တယ်၊ ဒီနေ့မနက်မှာပဲ လာဝယ်တဲ့သူများလွန်းလို့ ကုန်သွားပြီ၊ ဧပြီ ၁၂ ရက်နေ့ထိ ကုန်ပြီ၊ မကျေနပ်လို့ တိုင်ချင်လည်း တိုင်ပေါ့ အဲလို ဟိုတိုင်မယ် ဒီတိုင်မယ် ပြောကြတာပဲ ဘာမှလည်း တတ်နိုင်ကြတာ မဟုတ်ဘူး`လို့ ပြောဆိုခဲ့ကြောင်း သိရပါတယ်။

ဒီလို သင်္ကြန်ရက်မှ အိမ်ပြန်နိုင်သူတွေကို ခုလိုမျိုး အဝေးပြေးကားဂိတ်တွေက ပြည်သူတွေအပေါ် အမြတ်ထုတ်နေတာ နှစ်တိုင်း လိုလိုဖြစ်နေပါပြီ။

အဝေးပြေးကားလိုင်းတွေက ပြည်သူအပေါ် ခုလို အနိုင်ကျင့် အမြတ်ထုတ်လိုမှုတွေကို ပြည်သူတွေက အမြဲသည်းခံခဲ့ကြရတာပဲလား။

ဒီလို ပြည်သူနဲ့ သက်ဆိုင်တဲ့ ကိစ္စတွေကို တာဝန်ရှိသူတွေ ဘယ်သူတွေကမှ ဘာမှ လုပ်မပေးနိုင်ခဲ့ကြဘူးလား။

ဒီအဝေးပြေးလိုင်းကားတွေ မှန်မှန်ကန်ကန်ဖြစ်ရေးအတွက် ဘယ်သူ့မှာ တာဝန်အရှိဆုံးလဲ။

လမ်းပန်းဆက်သွယ်ရေး ၀န်ကြီးဌာနမှာ တာဝန်ရှိသလား။
မထသ မှာ တာဝန်ရှိသလား။ အရင်တုန်းကတော့ ကုန်လမ်းပို့ဆောင်ရေးမှာ တာဝန်ရှိတယ်။

ခုလို လက်မှတ်တွေကို မှောင်ခိုဈေးဖြစ်အောင် ဖန်တီးနေတဲ ကိစ္စတွေကို စီစစ်ဖို့ ဘယ်သူတွေမှာ တာဝန်ရှိသလဲ။

ခုလို ပြည်သူတွေအပေါ် သတ်မှတ်ထားတဲ့ လက်မှတ်ဈေးနှုန်းတွေထက် ပိုရောင်းတဲ့ လိုင်းကားတွေကို ဘယ်လို အရေးယူကြမလဲ။

ဘာပဲဖြစ်ဖြစ် ဒီလို အဝေးပြေးကားတွေ ပြည်သူကို အနိုင်ကျင့်ခွင့်ပေးထားတဲ့ တာဝန်ရှိသူတွေ ဘယ်သူတွေ ဖြစ်မလဲ ဆိုတာလည်း စိတ်ဝင်စားစရာကောင်းပါတယ်။

ကဲ….လက်ရှိတာဝန်ရှိသူတွေ အနေနဲ့ အဝေးပြေးလိုင်းကားတွေရဲ့အမြတ်ထုတ်လိုမှုနဲ့ စိန်ခေါ်ချက်ကို ပြည်သူတွေဘက် ရပ်တည်ဖြေရှင်းမလား၊
အဝေးပြေးလိုင်းကားတွေဘက်ကနေ ရပ်တည်နေမလား
ဆိုတာကလည်း စိတ်ဝင်စားစရာကောင်းလှပါတယ်။

မေသင်္ကြန်ဟိန်(မြစ်မခ)

အိမ်နဲ့၊ မိဘနဲ့ အဝေးမှာ နေထိုင်လုပ်ကိုင်နေရတဲ့ သူတွေအများစုကမျှော်လင့်နေတဲ့ ဧပြီလကို ရောက် လာပါပြီ။

နွမ်းပါးသက်ကြီးရွယ်အိုများကို နေအိမ်အရောက်ကူညီစောင့်ရှောက်ခြင်း(၃) နှစ်ပြည့် အထိမ်းအမှတ် စာပေဟောပြောပွဲကျင်းပမည်

Photo: နွမ်းပါးသက်ကြီးရွယ်အိုများကို နေအိမ်အရောက်ကူညီစောင့်ရှောက်ခြင်း(၃)
နှစ်ပြည့် အထိမ်းအမှတ် စာပေဟောပြောပွဲကျင်းပမည်
Monday, April 1, 2013

ကလေးမြို့၊ ” ကာယကံမေတ္တာ လူမှုကူညီသူများ “က ဆင်းရဲနွမ်းပါးသက်ကြီး
ရွယ်အိုများကို နေအိမ်အရောက် ကူညီစောင့်ရှောက်ခြင်း (၃) နှစ်ပြည့် အထိမ်း
အမှတ်အဖြစ် ဧပြီလ ၄ရက်နေ့နှင် ၅ရက်နေ့များတွင် စာပေဟောပြောပွဲ ကျင်း
ပမည်ဟု ကာယကံမေတ္တာ လူမှုကူညီသူများ ရုံးမှ မသန်းသန်းက ပြောကြား
သည်။

ဟောပြောမည့် စာရေးဆရာများမှာ ဦးဘုန်း(ဓါတု)နှင့် ဆရာဦးလှသောင်း
(သဘာဝပတ်ဝန်းကျင်) တို့ဖြစ်ပြီး ကလေးမြို့၊ အောင်မင်္ဂလာဇာတ်ရုံ ရှေ့
တွင် ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

မှီခိုရာကင်းမဲ့ပြီး ဆင်းရဲနွမ်းပါးလွန်းလှသည့် သက်ကြီးရွယ်အိုများကို နေအိမ်
အရောက် ကူညီစောင့်ရှောက်ခြင်းအား “ကာယကံမေတ္တာ လူမှု ကူညီသူများ “က ၂၀၁၁ခုနှစ် မတ်လ ၈ရက် မှစပြီးဆောင်ရွက်ခဲ့ရာ ယခု  ၂၀၁၃၊မတ်လ
တွင် (၃)နှစ်ပြည့်ခဲ့ပြီ ဖြစ်ကြောင်း၊ စောင့်ရှောက်ထား သည့် နွမ်းပါးသက်ကြီး
ရွယ်အို အယောက်(၂၀)ရှိကြောင်း၊ မျက်စိခွဲစိတ်ကုသမှုများ ပေးခဲ့ကြောင်း၊

လစဉ် ဆန်(၅)ပြည်၊ ဆီ(၅၀)သား၊ ဆား၊ ကြက်သွန် စသည့် မီးဖိုချောင်သုံးအ
စားအစာများ၊ ဆေးဝါးများ၊မှုန့်များကို လစဉ်လှူဒါန်းပေးခြင်း၊ အဖိုးအဖွားများ
၏ နေအိမ်အရောက် ကျန်း မာ ရေးစောင့်ရှောက်မှုများကို (၁၅)ရက်တစ်ကြိမ် သွားရောက် စစ်ဆေး ကုသပေးခြင်း၊ ရာသီဥတုနှင့် လုံခြုံမှုအရ နေထိုင်ရန် မသင့်တော့သည့် အဖိုးအဖွားတို့၏ နေအိမ်များကို အသစ်ပြုပြင်ဆောက်
လုပ်ပေးခြင်း၊ တစ်ကိုယ်ရေသန့်ရှင်းမှုနှင့် အိမ်တွင်းအိမ်ပြင်သန့်ရှင်းရေးများ
ကို ကာယ ကံမေတ္တာမှ အကျိုးဆောင်လူငယ်များက တစ်ပတ်တစ်ကြိမ် သွားရောက်ကုသိုလ်ယူပေးကြခြင်းတို့ဖြင့် (၃)နှစ်ပြည့်ခဲ့ပြီ ဖြစ်ကြောင်း သိ
ရသည်။

” လူဆိုတာ အသက်အရွယ်အိုမင်းလာရင် ကိုယ်ကျင်လည်နေထိုင်ခဲ့တဲ့
နေရာ၊ ပတ်ဝန်းကျင်မှာပဲ အသားကျပြီး နေထိုင်ချင်ကြတာ။ ဘိုးဘွား ရိပ်သာမှာထားတဲ့ သက်ကြီးတွေမှာ စိတ်အနာတရ ဖြစ်စေတတ်မှုတွေ ရှိတယ်လို့ လေ့လာသူတွေက ပြောတယ်။ ဒါကြောင့် သူတို့ အသားကျ ပြီးသား နေအိမ်လေးတွေမှာပဲ စိတ်ချမ်းသာအောင်နေနိုင်ဖို့ ကူညီစောင့်
ရှောက်နေတာပါ “ဟု ကာယကံမေတ္တာ လူမှုကူညီသူများ၏ ဦးဆောင် ဆရာတော်က မိန့်ကြားသည်။

အဖိုးအဖွားများကို လစဉ်အလှူရှင်များက မိမိတို့တတ်နိုင်သည့်ဖက်မှ ပါဝင်လှူဒါန်းလျက်ရှိသောကြောင့် ဆက်သွယ်လှူဒါန်းလိုပါက ကလေး
မြို့၊ ကာယကံမေတ္တာ လူမှုကူညီသူများရုံး၊ (ဖုန်း-၀၇၃-၂၁၀၉၄/ ၀၉- ၄၇၀၇၃၄၆၆/ ၀၉၄၀၀၄၅၈၁၉၉)သို့ ဆက်သွယ်လှူဒါန်း နိုင်ကြောင်း သိရသည်။

ကျော်သူစိုး(ကလေးမြို့)
The Myanma Age
http://themyanmaage.com
ကလေးမြို့၊ ” ကာယကံမေတ္တာ လူမှုကူညီသူများ “က ဆင်းရဲနွမ်းပါးသက်ကြီး ရွယ်အိုများကို နေအိမ် အရောက် ကူညီစောင့်ရှောက်ခြင်း (၃) နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဧပြီလ ၄ရက်နေ့နှင် ၅ရက်နေ့များတွင် စာပေဟောပြောပွဲ ကျင်းပမည်ဟု ကာယကံမေတ္တာ လူမှုကူညီသူများ ရုံးမှ မသန်းသန်းက ပြောကြားသည်။

ယခုလမှစတင်၍ ဗီဇာကတ်များ CB ဘဏ် ၏ POS ( ငွေချေစက် )များတွင် အသုံးပြုနိုင်ပြီ

Photo: ယခုလမှစတင်၍ ဗီဇာကတ်များ CB ဘဏ် ၏ POS ( ငွေချေစက် )များတွင် အသုံးပြုနိုင်ပြီ
Monday, April 1, 2013

ယခုလမှစတင်၍ CB ဘဏ် ၏ POS ( ငွေချေစက် )များတွင် ဗီဇာကတ်များပါ အသုံးပြုနိုင်ပြီဖြစ်ကြောင်း သိရသည်။

CB ဘဏ်၏ POS ( ငွေချေစက် )နေရာ ၃၈ ခုတွင် အသုံးပြုနိုင်ပြီဖြစ်
ကာ အဆိုပါ POS များတွင် ဗီဇာကတ်အပြင် မာစကာ ကတ်များကိုပါ အသုံးပြုနိုင်နေပြီဖြစ်သည်။

CB ဘဏ်သည် နိုင်ငံတကာ ငွေချေကတ်များဖြစ်သာ မာစတာကတ် ၊ ဗီဇာကတ် ၊ချိုင်းနားယူနီကတ် နှင့် ပြည်တွင်းသုံး MPU ( ဈေးဝယ်ကတ် )များနှင့် ချိတ်ဆက်ဆောင်ရွက်နေပြီး မကြာမီ ချိုင်းနားယူနီယမ် ပေး ကတ်များ ကိုလည်း POS တွင် အသုံးပြုနိုင်ရန် ဆောင်ရွက်သွား မည်
ဖြစ်ကြောင်း သိရသည်။

PN - 029
Popular Myanmar News Journal

ယခုလမှစတင်၍ CB ဘဏ် ၏ POS ( ငွေချေစက် )များတွင် ဗီဇာကတ်များပါ အသုံးပြုနိုင်ပြီဖြစ်ကြောင်း သိရသည်။

စာနာမှု အကူအညီရရေး UNFC ကိုယ်စားလှယ်အဖွဲ့ ဂျပန်ဝန်ကြီးချူပ်သစ် အား သွားတွေ့မည်

ဂျပန်ဝန်ကြီးချူပ် အသစ် ရှင်ဇိုအာဘေးနှင့် တွေ့ဆုံ၍ ဒုတိယအကြိမ် လူသားချင်း စာနာမှု အကူအညီများ ရရှိနိုင်ဖို့ ဆွေးနွေးတင်ပြနိုင်ရန် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီမှ ကိုယ်စားလှယ် အဖွဲ့သည် ဂျပန်နိုင်ငံသို့ ထွက်ခွာသွားပြီဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ ကူးလက်မှတ် လျှောက်ထား မှုများကို ၁ဝ ရက်အတွင်း ထုတ်ပေး မည်

နိုင်ငံကူး လက်မှတ် (ပတ်စ်ပို့) လျှောက်ထားရာ၌ ဧပြီလမှ စတင်ကာ ၁ဝ ရက်အတွင်း ထုတ်ပေးမည် ဖြစ်ကြောင်းနှင့် ငွေကျပ် ၂၃၂ဝဝ သာ ကုန်ကျ မည် ဖြစ်ကြာင်း နိုင်ငံကူး လက်မှတ် ထုတ်ပေးရေး ရုံးမှ ထုတ်ပြန်ချက် အရ သိရသည်။