ရန်ကုန်တိုင်းဒေသကြီးအတွင်းက မြို့နယ်အတော်များများမှာ ဒီကနေ့ ကျပ် ၁,၅၀၀
တန် မိုဘိုင်းဖုန်း ဆင်းကဒ်တွေကို မဲဖောက်ပေးတာမှာ အိမ်ထောင်စု ၁၀ စုမှာ
တစုလောက် မဲပေါက်တယ်လို့ မဲနှိုက်သူတွေက
ပြောကြပါတယ်။ လူထုစိတ်ဝင်စားတဲ့ ၁,၅၀၀ တန် မိုဘိုင်းဖုန်း ကဒ်တွေကို မနေ့က
ရန်ကုန်မြို့လယ် တော်တော်များများက ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွေမှာ
မဲဖောက်ကြေညာခဲ့တာပါ။
Edit This Menu
Sunday, April 21, 2013
ရထားနှင့်ထော်လာဂျီတိုက်
၂၀-၄-၂၀၁၃ ရက်နေ့ ၁၁၀၅ အချိန် မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊
ရွှေကြက်ယက်ကျေးရွာ၊ စစ်ကိုင်း-မန္တလေးမီးရထားလမ်း၊ မိုင်တိုင်အမှတ်(၃၈၇/ ၁၈-၁၉)ကြား
လှည်းလမ်းနှင့်သံလမ်းဆုံတွင်
အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးကြေညာစာတမ်း
(၁၉၄၈)ခုနှစ်၊ ဒီဇင်ဘာလ(၁ဝ)ရက်နေ့တွင် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ညီလာခံ
အစည်းအဝေးကြီးက လူ့အခွင့်အရေး ကြေညာစာတမ်းကြီးကို အတည်ပြု၍ ကြေ ညာလိုက်ရာ
ထိုကြေညာစာတမ်းကြီး၏စာသားသည် နောက်စာမျက်နှာ များတွင်
အပြည့်အစုံပါရှိသည်။ ဤကဲ့သို့ရာဇဝင်တင်မည့် ကြေညာချက် ကိုပြုလုပ် ပြီးနောက်
ဤညီလာခံအစည်းအဝေးကြီးက ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့ဝင် နိုင်ငံအားလုံးအား
ထိုကြေညာစာတမ်းကြီး၏ စာသားကို အများပြည်သူတို့ ကြားသိစေရန်ကြေညာ ပါမည့်
အကြောင်းကိုလည်းကောင်း၊ ထို့ပြင်နိုင်ငံများ၊ သို့တည်းမဟုတ် နယ်မြေများ၏
နိုင်ငံရေးအဆင့်အတန်းကို လိုက်၍ ခွဲခြားခြင်းမပြုဘဲ အဓိကအားဖြင့်
စာသင်ကျောင်းများနှင့် အခြားပညာရေးအဖွဲ့အစည်းများတွင်
ထိုကြေညာ စာတမ်းကြီးကို ဖြန့်ချိဝေငှ စေရန်၊ မြင်သာအောင်ပြသ ထားစေရန်၊
ဖတ်ကြားစေရန်နှင့် အဓိပ္ပာယ်ရှင်းလင်းဖော်ပြစေ ရန် ဆောင်ရွက်ပါမည့် အကြောင်းဖြင့် လည်းကောင်း ဆင့်ဆိုလိုက်သည်။
သင်သေဆုံးသွားပြီးတဲ့နောက် ဘ၀ဟောင်းက သင့်ရဲ့ အီးမေးလ်
အနိစ္စသဘောကတော့ အမြဲမရှိတဲ့ဗျ။ အချိန်တိုင်းမှာ ကိစ္စက ရှောနေကြ တာ။
ဘာဘဲဖြစ်ဖြစ်၊ ဘယ်သူဘဲဖြစ်ဖြစ် တချိန်ချိန်မှာတော့ သွားရမှာပဲဗျနော့..။
နီးနီးလေးလား…။ ဝေးဝေးကြီး မှာလား… ။
သိဝူးကွဲ့…။ ခေတ်ကာလကလည်း အင်း….။ နေ့လား… ညလား ဆိုသဟာလိုမျိုး။
ကျုပ်တို့မှာက မြောက်ကိုရီးယား က ဆော် ထည့်လိုက်လည်း သိပ်တော့ မထူးဘူးလို့ပဲ
ပြောချင်ပါတယ်။
အကျဈေးဖြင့် ရွှေဝယ်စုသူ များပြား၍ ရွှေဈေးမငြိမ်ဖြစ်နေ မိနစ်ပိုင်းအတွင်း၌ပင် ဈေးအတက်အကျ ဖြစ်လျက်ရှိပြီး ပျမ်းမျှဈေးဖြင့် ရောင်းဝယ်နေရ
အကျဈေးဖြင့်ရွှေဝယ်စုသူများ၍
ဧပြီလ ၁၉ ရက်နေ့ မြန်မာ့ရွှေဈေးမှာတည်ငြိမ်မှုမရှိပဲ အတက် အကျ
မြန်ဆန်လျက်ရှိကြောင်း၊ မိနစ်ပိုင်း အတွင်း၌ပင်
ဈေးအပြောင်းအလဲ မြန်ဆန်နေသည်ဟု သိရသည်။
Park Royal ဟိုတယ် ရှစ်လွှာမှ ဟိုတယ်ဝန်ထမ်းတစ်ဦး ပြုတ်ကျသေဆုံး ရဲတပ်ဖွဲ့ဝင်များက ပြုတ်ကျသေဆုံးရသည့် အကြောင်းအရင်းကို သိရှိနိုင်ရေးအတွက် ဟိုတယ်၏ CCTV ကင်မရာများကို ပြန်လည်ကြည့်ရှု စစ်ဆေး
ဧပြီ ၁၉ ရက် နံနက်က ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ် အလံပြဘုရားလမ်းရှိ
Park Royal ဟိုတယ်၏ ရှစ်လွှာအမြင့်မှ ဟိုတယ်ဝန်ထမ်းတစ်ဦး
ပြုတ်ကျသေဆုံးမှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
သန္ဓေတားဆေး ဆိုးကျိုးကောင်းကျိုး .....
သန္ဓေတားဆေး ဆိုးကျိုးကောင်းကျိုးစိတ်ချရတဲ့
သားဆက်ခြားနည်းတွေထဲမှာ နေ့စဉ် သောက် သန္ဓေတား ဆေးကဒ်ကို
သုံးစွဲခြင်းလည်း ပါဝင်ပါတယ်။ အဆိုပါဆေး သောက်သုံးခြင်းရဲ့
အကျိုးကျေးဇူးတွေကတော့ လစဉ်ရာသီပုံမှန်လာခြင်း၊
ရာသီလာစဉ်နာကျင်ကိုက်ခဲမှုကို သက်သာစေ
ခြင်း၊ ကလေးယူ တော့မည်ဆိုလျှင် ဆေးသောက်ရပ် လိုက်သည်နှင့်
ကလေးရနိုင်ခြင်း၊ သားအိမ်ကင်ဆာ၊ သားဥအိမ်ကင် ဆာဖြစ်နိုင်ခြေနည်း သွားခြင်းတို့ပဲ ဖြစ် ပါတယ်။
မူးယစ်နေသော တူဖြစ်သူက ဓားကိုင် စိန်ခေါ်သဖြင့် ဦးလေးဖြစ်သူ ဓားချင်း ယှဉ်ခုတ်စဉ် သေဆုံး
ဧရာဝတီ တိုင်းဒေသကြီး ငပုတော မြို့နယ် ဟိုင်းကြီးကျွန်း မြို့နယ်ခွဲ
အထက်စု ရွာ၌ ဧပြီ ၁၈ ရက် ညနေပိုင်းက မူးယစ် ရမ်းကား၍ စိန်ခေါ်ပြီး ဓားချင်း
ယှဉ်ခုတ်ရာမှ သေဆုံး မှု ဖြစ်ပွား ကြောင်း သိရသည်။
ကော်ဖီသည် အသည်းရောဂါဖြစ်ပွားမှုကို ကာကွယ်နိုင်ကြောင်း လေ့လာတွေ့ရှိ

ကော်ဖီသည် အရက် သောက်သုံးသူ များအား
အသည်းရောဂါ ဖြစ်ပွားခြင်းမှ ကာကွယ် နိုင်ကြောင်း ဖင်လန်နိုင်ငံ သုတေသန ပညာရှင် များက
အရက်သေစာ နှင့် အရက်စွဲခြင်း ဆိုင်ရာ ဂျာနယ်တွင် ဖော်ပြထားသော လေ့လာ မှု တစ်ရပ်တွင် ပြောကြား
ထားသည်။ သုတေသီ များသည် အသက် ၂၅ နှစ်မှ ၇၄ နှစ် အကြားရှိ ဖင်လန် အမျိုးသား နှင့် အမျိုးသမီး
၁၉၀၀၀ ဦးခန့်အား ကော်ဖီ သောက်သုံးခြင်း နှင့် စပ်လျဉ်း၍ မေးမြန်း ခဲ့ပြီး လေ့လာမှု
တွင် ပါဝင် သူများ၏ သွေးအတွင်း အသည်းအင်ဇိုင်း ( GGT ) ပါဝင်မှု ပမာဏကို လည်း တိုင်းတာ
ခဲ့ကြသည်။
ကျပ် ၅၀၀၀ တန်မြန်မာငွေစက္ကူအတု သိန်း ၂၇၀ ဖမ်းဆီးရမိ
ကချင်ပြည်နယ် ၊ မြစ်ကြီးနား မြို့နယ် ၊ မြို့နယ် ရဲတပ်ဖွဲမှူး ယာယီ ရဲမှူး
လှရီ ၏ လမ်းညွှန်မှု အရ မြို့ပေါ် ရပ်ကွက်များ အတွင်း လုံခြုံရေး အတွက်
ရှောင်တခင် ဧည့်စာရင်း စစ်ဆေးခြင်း ဆောင်ရွက်ရာ မှ မြန်မာ ငွေ စက္ကူ ကျပ်
၅၀၀၀ တန် အတု ငွေကျပ်သိန်း ၂၇၀ နှင့် တရားမ၀င် ၀င်ရောက် လာသည့် တရုတ်
နိုင်ငံ သား ၂ ဦးနှင့် မြစ်ကြီးနားမြို့ နေသူ ၂ ဦးတို့အား ဧပြီလ ၁၂ ရက်က
ဖော်ထုတ် ဖမ်းဆီး ရမိခဲ့ကြောင်း သိရ သည်။
ရွှေဂတ်စ်ပိုက်လိုင်း လမ်းကြောင်းရှိ တိုင်းရင်းသားပါတီနှင့် ကိုယ်စားလှယ်များအား တရုတ်အစိုးရဖိတ်ခေါ်
ရန်ကုန်(မဇ္ဈိမ)။
။ ရွှေဂတ်စ်ပိုက်လိုင်း လမ်းကြောင်းပေါ်ရှိ ဒေသတွင်း
တိုင်းရင်းသားပါတီအချို့နှင့် လွှတ်တော်တွင် ကိုယ်စားလှယ်အဖြစ် အများအပြား
တက်ရောက်နေကြသော ပါတီများအား တရုတ်
ကွန်မြူနစ်ပါတီနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ဖိတ်ခေါ်ထားကြောင်း
ဖိတ်ကြားခံရသည့် ရခိုင်တိုင်းရင်း သားများ တိုးတက်ရေးပါတီ (RNDP) မှ ဥက္ကဌ ဒေါက်တာအေးမောင် ကပြောသည်။
ဝါရှင်တန်မြန်မာသံရုံး သင်္ကြန်ပွဲ
နိုင်ငံရပ်ခြားမှာရောက်ရှိနေတဲ့
မြန်မာတွေအချင်းချင်း ရင်းနှီးမှုပိုရှိလာစေဖို့နဲ့ တဦးအပေါ်တဦး
နားလည် မှုတွေ ရှိလာစေဖို့ ရည်ရွယ်ချက်နဲ့ ၀ါရှင်တန်ဒီစီ မြန်မာသံရုံးမှာ
နှစ်သစ်ကူး အတာသင်္ကြန်ပွဲကို လုပ်ခဲ့တာ ဖြစ်တယ်လို့ မြန်မာသံအမတ်ကြီး
ဦးသန်းဆွေက ပြောဆိုလိုက်ပါတယ်။ အမေရိကန် ပြည်ထောင်စု
အရှေ့ဘက်ခြမ်းမှာရှိတဲ့ ၀ါရှင်တန်ဒီစီ မြန်မာသံရုံးမှာ ဧပြီလ ၂၀ ရက် စနေနေ့က အတာသင်္ကြန်ပွဲကို ပြုလုပ်ခဲ့တာဖြစ်ပြီး၊ ၀ါရှင်တန်ဒီစီမှာရှိတဲ့ မြန်မာအသိုင်းအ၀ိုင်းအားလုံးကို ရော၊
အမေရိကန်ပြည်ထောင်စုက ဧည့်သည်တွေရော၊ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေက
သံရုံးတွေကိုပါ ဖိတ်ကြားခဲ့ပါတယ်။ ဒါနဲ့ပတ်သက်ပြီး သံအမတ်ကြီး ဦးသန်းဆွေက
အခုလို ပြောပြပါတယ်။
Boston မာရသွန် ဗုံးဖောက်ခွဲခဲ့သော ညီအစ်ကို နှစ်ယောက်၏ ဖြစ်စဉ် (အပြည့်အစုံ)
မိပြီ" မာရသွန်ဗုံးဖောက်ခွဲမှု တရားခံကို ဖမ်းဆီး ထိန်းသိမ်းထားပြီဟု ဘော်စတွန် ရဲတပ်ဖွဲ့ ကြေငြာ
CNN
ဘော်စတွန် မာရသွန်ဗုံးဖောက်ခွဲမှုမှ ဒုတိယမြောက် သင်္ကာမကင်း ဖြစ်ခံရသူကို သောကြာနေ့ညက ဖမ်းဆီးရမိလိုက်ပြီ ဖြစ်သောကြောင့် မက်ဆာချူးဆက် ပြည်နယ် မြို့တော် တွင်ပြုလုပ်ခဲ့သော လူဖမ်းပွဲကြီး အဆုံးသတ် သွားပြီ ဖြစ်ကာ ထိုသူသည် လက်နက်နှင့် ပေါက်ကွဲ စေတတ်သော ပစ္စည်းများ ပါဝင်နိုင်သည်ဟု သတိပေးထားမှုကြောင့် စိုးရိမ်ထိတ်လန့်နေရမှု များလည်း ကင်းစင် သွားပြီဖြစ်သည်။
CNN
ဘော်စတွန် မာရသွန်ဗုံးဖောက်ခွဲမှုမှ ဒုတိယမြောက် သင်္ကာမကင်း ဖြစ်ခံရသူကို သောကြာနေ့ညက ဖမ်းဆီးရမိလိုက်ပြီ ဖြစ်သောကြောင့် မက်ဆာချူးဆက် ပြည်နယ် မြို့တော် တွင်ပြုလုပ်ခဲ့သော လူဖမ်းပွဲကြီး အဆုံးသတ် သွားပြီ ဖြစ်ကာ ထိုသူသည် လက်နက်နှင့် ပေါက်ကွဲ စေတတ်သော ပစ္စည်းများ ပါဝင်နိုင်သည်ဟု သတိပေးထားမှုကြောင့် စိုးရိမ်ထိတ်လန့်နေရမှု များလည်း ကင်းစင် သွားပြီဖြစ်သည်။
ကလောမြို့နယ် အတွင်း ပြည်သူများ CDMA 800-MHz မိုဘိုင်းလ်ဖုန်းများ ဝယ်ယူခွင့် ရရှိရေး လျှောက်ထားလျက်ရှိ
ရှမ်းပြည်နယ် (တောင်ပိုင်း) ကလော မြို့နယ်အတွင်း ယနေ့မှ စတင်၍ ပြည်သူများက
CDMA 800-MHz မိုဘိုင်းလ်ဖုန်းများအား ဝယ်ယူခွင့်ရရှိရေး ကလောမြို့နယ်
အထွေထွေအုပ်ချုပ်ရေး ဦးစီး ဌာနရုံး၌ လျှောက် ထားလျက် ရှိကြောင်း သိရသည်။
Saturday, April 20, 2013
ဆိုရှယ်မီဒီယာများနှင့် ပတ်သက်၍ အလုပ်ရုံဆွေးနွေးပွဲ
မီဒီယာများ
အရေးကိစ္စနှင့် ပတ်သက်၍ အလုပ်ရုံ ဆွေးနွေးပွဲတစ်ရပ်ကို ၈၈မျိုးဆက်
ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း၏ လူထုဆက်ဆံရေး ဌာနမှ ဦးစီး၍
ပြုလုပ်ခဲ့သည်။ ထိုဆွေးနွေးပွဲသို့ စာနယ်ဇင်းကောင်စီ၊ စာနယ်ဇင်း သမဂ္ဂ၊ MIDO
၊ MJN၊ ရုပ်ရှင်အစည်းအရုံး၊ ဂီတအစည်းအရုံး၊ သဘင်အစည်းအရုံး၊
တက္ကသိုလ်အသီးသီးမှ ကျောင်းသားအဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များနှင့်
မီဒီယာ များ တက်ရောက်ခဲ့ကြသည်။
မြန်မာ့လူ့အခွင့်အရေး အမေရိကန်ချီးကျူး
မြန်မာနိုင်ငံမှာ
လူ့အခွင့်အရေးအခြေအနေ တိုးတက်လာခဲ့ပြီး ပြုပြင်ပြောင်းလဲရေး
ဆက်ပြီးလုပ်သွားမဲ့ပုံ ရပေမဲ့ စိန်ခေါ်မှုတွေ အများကြီး
ရှိနေသေးတယ်လို့ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး John Kerry က
ပြောလိုက်ပါတယ်။ သောကြာနေ့က အမေရိကန်နိုင်ငံခြားရေး ဌာနမှာ ပြုလုပ်တဲ့
နှစ်ပတ်လည်
လူ့အခွင့်အရေးအစီရင်ခံစာထုတ်ပြန်ပွဲမှာ ဝန်ကြီး Kerry ကခုလို ပြောကြားခဲ့
တာဖြစ်ပါတယ်။ အထီး ကျန် နိုင်ငံတခု ဖြစ်နေခဲ့တဲ့ မြန်မာနိုင်ငံဟာ
တိုးတက်မှုတွေ ရှိလာပေမဲ့ အမေရိန်ကန်က ဖြစ်စေချင်တဲ့ အခြေအနေ
မရောက်သေးဘူးလို့လည်း သူကပြောကြားခဲ့ပါတယ်။ အပြည့်အစုံကို မစုမြတ်မွန်က
တင်ပြ ပေးထား ပါတယ်။
စက်မှုဇုန်အသီးသီးမှ အလုပ်သမားများကို အသေးစားချေးငွေများ ထုတ်ချေးပေးရန် စီမံနေကြောင်း သမ၀ါယမ၀န်ကြီးဌာနမှ သတင်းရရှိသည်
တစ်ကိုယ်တော် စစ်ဘီးစီး အဘိုးအို ဦးပြူး
၂၀၁၃ ခုနှစ် ၊ ဒီဇင်ဘာလ တွင် မြန်မာနိုင်ငံ က အိမ်ရှင်နိုင်ငံ အဖြစ် ကျင်းပ ပြုလုပ်မည့် ၂၇ ကြိမ်မြောက် အရှေ့တောင် အာရှ အားကစား
ပွဲတော်ကြီးကို ဂုဏ်ပြု ကြိုဆိုသော အားဖြင့် ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၁၆
ရက်နေ့ နံနက် ၇ နာရီမှ စ၍ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ မှ ပြည်နယ် နှင့်
တိုင်းဒေသကြီး ၁၀ ခုရှိ မြို့နယ် အသီးသီး ကို ဖြတ်ကျော်၍ စက်ဘီးစီး ခရီးစဉ်
မိုင်ပေါင်း ၃၈၀၀ ခန့်အား အချိန်ကာလ အားဖြင့် ၃ လ နှင့် ၃ ရက်ကြာ မြင့်စွာ
စက်ဘီးဖြင့် စီးနင်း သွားရောက် ခဲ့သည့် စစ်တွေမြို့ ၊ မောလိပ် ရပ်ကွက်နေ
အသက် ၈၆ နှစ် အရွယ်ရှိ တစ်ကိုယ်တော် စက်ဘီးစီး အဘိုးအို ဦးပြူး သည် ၄င်း၏
ခရီးစဉ်များ အဆုံးသတ် မည့် ဧရာဝတီတိုင်း ဒေသကြီး ၊ ကြံ့ခင်းမြို့သို့
ယခုနှစ် မတ်လ ၁၉ ရက် နံနက်ပိုင်း တွင် ရောက်ရှိ အဆုံသတ် ခဲ့ကြောင်း သိရသည်။
ရခိုင်ရှိ မဟာမုနိ ဘုရားကြီး ရွှေထီးတော်မြတ် လေပြင်း တိုက်ခိုက်၍ တိမ်းစောင်းသွား
ရခိုင်ပြည်နယ် ၊ ကျောက်တော်မြို့ ရှိ မဟာမုနိ ဘုရားကြီး သိမ်တော်သည် ဧပြီလ
၁၆ ရက် ညနေပိုင်း က လေပြင်း တိုက်ခတ်မှု ကြောင့် ရွှေထီးတော်မြတ်
တိမ်းစောင်းသွားကြောင်းသိရသည်။ အဆိုပါ မဟာမုနိ ဘုရားကြီး ထီးတော် သည်
ဧပြီလ ၁၆ ရက် ညနေ လေပြင်း တိုက်ခတ် မှုကြောင့်
အနောက် တောင်ထောင့်
သံတောင်မြို့ ပသိချောင်း အပန်းဖြေစခန်းသို့ လာရောက်သူ များပြား
တောင်ငူမြို့ မှ ၁၃ မိုင်သာ ကွာဝေးသော သံတောင်မြို့ အနီး ပသိချောင်း အပန်းဖြေ စခန်းသို့ ယခုနှစ် သင်္ကြန်
ကာလ နှင့် နှစ်ဆန်း တစ်ရက် ၊ နှစ်ရက်နေ့ များတွင် ဒေသတွင်း အပန်းဖြေ
သူများ အပြင် ရန်ကုန်မြို့မှ အပန်းဖြေ သူများပါ ကိုယ်ပိုင် ယာဉ်များ ၊
ခရီးသည်တင် မှန်လုံ စင်းလုံးငှား ယာဉ်များဖြင့် လာရောက် လည်ပတ် အပန်းဖြေ
ကြကြောင်း သိရသည်။
Wednesday, April 17, 2013
Tuesday, April 9, 2013
ရွေးကောက်ပွဲစနစ် ပြင်ဆင်နိုင်ရန် လွှတ်တော်သို့ တင်သွင်းမည်ဖြစ်ပြီး ၂၀၁၃ ခုနှစ်အတွင်း အတည်မပြုနိုင်ပါက လက်ရှိစနစ်အတိုင်းသာ ကျင့်သုံးမည် ဟု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ပြောကြား
ရွေးကောက်ပွဲစနစ် ပြင်ဆင်လိုပါက
ပြင်ဆင်နိုင်ရန်အတွက် လွှတ်တော်ပြန်စသည့် အချိန်တွင် လွှတ်တော်သို့
တင်သွင်းမည်ဖြစ်ပြီး ၂၀၁၃ ခုနှစ်အတွင်း အတည်မပြုနိုင်ပါက လက်ရှိစနစ်
အတိုင်းသာ ကျင့်သုံးသွားမည် ဖြစ်ကြောင်းပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်
ဥက္ကဋ္ဌ ဦးတင်အေးက ဧပြီ ၈ ရက်ကနီုင်ငံရေး ပါတီများနှင့် တွေ့ဆုံရာတွင်
ပြောကြားခဲ့သည်။
www. myanmar spectrum. net Website စတင်ထုတ်လွှင့်
မြန်မာ့လင်းရောင်ခြည် အမည်ဖြင့်
Internet Website တစ်ခုအား ယခုလ (၁) ရက်နေ့မှ စတင်
စမ်းသပ်ထုတ် လွှင့်လျက်ရှိကြောင်း သိရှိရသည်။ ၎င်း Website တွင် နေ့စဉ်သတင်း၊
နည်းပညာ ကဏ္ဍ၊ ဖျော်ဖြေရေးကဏ္ဍ၊ အားကစားကဏ္ဍ၊ ကျန်းမာရေးကဏ္ဍ ဟူ၍ ကဏ္ဍ(၅)မျိုး
ခွဲခြားထားပြီး သတင်းနှင့် ဆောင်းပါးများအား အချိန်နှင့်တစ်ပြေးညီ
ပြည်သူလူထုထံ တင်ပြသွားမည်ဖြစ်ကြောင်း Website တာဝန်ခံ ကွန်ပျူတာတက္ကသိုလ်မှ
M.Sc Thesis ကျောင်းသားတစ်ဦးဖြစ်သူ ကိုသန့်ဇင် မှ ပြောကြားခဲ့သည်။
Subscribe to:
Posts (Atom)


