ထိုသို့သော အခြေအနေများကြောင့် နာနီ၏ အသင်းနှင့် စာချုပ်သစ် ချုပ်ဆိုရေးမှာ
ပျက်ပြယ်သွားနိုင်သလို အသင်းမှလျှော့ဈေးဖြင့် ထွက်ခွာရဖွယ်လည်းရှိနေသည်။
မန်ယူအသင်းသည် ပြီးခဲ့သောရာသီကုန်က ၎င်း၏အနေ အထားကို စဉ်းစား ခဲ့ခြင်းမရှိဘဲ ၎င်းအား ကြေးနှုန်းမြင့်မားစွာဖြင့် စာချုပ်သစ် ချုပ်ဆိုရန် မျှော်မှန်း ထားခဲ့သော်လည်း အဲဗာတန်နှင့် ပွဲစဉ်၌ ၎င်း၏ စွမ်းဆောင်ချက်သည် အခြေအနေ အားလုံးကို ခက်ခဲစေခဲ့ကြောင်း မန်ယူအသင်း၏ သတင်းထုတ် ပြန်ချက် တစ်ရပ်တွင် ပြောကြား ထားသည်။
မန်ယူအသင်းသည် သြဂုတ် ၂၅ ရက်တွင် ဖူဟမ်နှင့်ကစားမည့်ပွဲစဉ်၌ နာနီ၏ နေရာတွင် အက်ရှလေယန်းကို အစားထိုးရန်စီစဉ်ထားကြောင်း သိရသည်။

No comments:
Post a Comment