အဆိုပါ စစ်ဘက်သုံးယာဉ်များကို ဒေသတွင်းရှိ အမေရိကန်စစ်အခြေစိုက် စခန်းများတွင် ထိန်းသိမ်း ထားကြောင်းနှင့် ၎င်းယာဉ်များကို အစ္စရေးတပ်ဖွဲ့သို့ အမေရိကန်အစိုးရက ဈေးလျှော့ရောင်းခဲ့ကြောင်း သိရသည်။
၎င်းယာဉ်များ ဝယ်ယူမှုအတွက် ကုန်ကျစရိတ်ကို သုံးနှစ်အတွင်း အရစ်ကျပေးချေရမည် ဖြစ်ကြောင်း သိရသည်။ ၎င်းယာဉ်များကို အစ္စရေးနိုင်ငံအတွင်းသို့ သယ်ဆောင်မှုမပြုမီ ပြင်ဆင်မှုများ ကို ပြုလုပ်သွားမည် ဖြစ်ကြောင်းနှင့် အစ္စရေးနိုင်ငံအတွင်းသို့ ရောက်ရှိလာပါက တိုက်ပွဲဝင်နိုင်ရန်အတွက် လိုအပ်သည့် ပြင်ဆင်မှုများကို ပြုလုပ်သွား မည်ဖြစ်ကြောင်း သိရသည်။ အစ္စရေးတပ်ဖွဲ့သည် ထရပ်ကားများ၊ ယာယီတဲများ အပါအဝင် အခြားစစ်ဘက်သုံး အသုံးပြုပြီးပစ္စည်းများကိုလည်း ဝယ်ယူရန် စဉ်းစားလျက်ရှိကြောင်း အစ္စရေးစစ်ဘက်မှ အရာရှိကြီး တစ်ဦးက မကြာသေးမီက ပြောကြားခဲ့ကြောင်း သိရသည်။
No comments:
Post a Comment